မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံရေးသိပ္ပံနိဒါန်း
မင်းသေ့
ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့်
စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက
ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး
ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံရေးသိပ္ပံနိဒါန်း
မင်းသေ့
ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့်
စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက
ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး
ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံရေးသိပ္ပံနိဒါန်း
မင်းသေ့
ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့်
စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက
ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး
ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။
အယ်ဒီတာ
မင်းသေ့
2
နိုင်ငံရေးသိပ္ပံနိဒါန်း
နိုင်ငံရေးသိပ္ပံ
နိုင်ငံရေးသိပ္ပံသည် နိုင်ငံရေးကိုစနစ်တကျလေ့လာရသောပညာရပ်ဖြစ်သည်။ တနည်းအားဖြင့်
အစိုးရ၏ ဆုံးဖြတ်ချက် ချမှတ်သည့်နည်းစဉ်ကို လေ့လာခြင်းလည်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံရေးသိပ္ပံ
ကို အောက်ပါအတိုင်း အဓိပ္ပာယ် သတ်မှတ်ထားသည်။ “Political Science is the systematic study
of Politics, or the process by which governmental decisions are made.”
ထို့အတူ နိုင်ငံရေးကို အဓိပ္ပာယ်သတ်မှတ်ပုံလည်း ရှိနေသေးသည်။
“ Politics is determining who gets what, where, when, and how. ”
နိုင်ငံရေးဟူသည် ဘယ်နေရာမှာ ဘာကို ဘယ်အချိန်မှာ ဘယ်လိုရဖို့ဆိုတာကို ဆုံးဖြတ်ခြင်း
ဟုဖွင့်ဆိုခြင်းလည်း ရှိသည်။
နိုင်ငံရေးသိပ္ပံပညာရှင်များသည် အစိုးရစနစ်များ၏ တည်ဆောက်ပုံကွဲပြားသောကြောင့်
မည်ကဲ့သို့အကျိုးသက် ရောက်မှုများဖြစ်ပေါ်သည်ကို လေ့လာသည်။
နိုင်ငံရေးသိပ္ပံသည် နိုင်ငံ၊ အစိုးရ နှင့် အာဏာစသော အကြောင်းချင်းရာများကို လေ့လာသော
ပညာရပ်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာသည် နိုင်ငံ၏အဓိက အချင်းအရာနှစ်ခုဖြစ်သော အာဏာ
ရရှိရေးနှင့် အာဏာကျင့်သုံးရေးတို့ကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးအာဏာကို အကြောင်းပြု၍
လက်ဝဲနိုင်ငံရေးနှင့် လက်ယာနိုင်ငံရေးဟူ၍ ကွဲပြားလာခဲ့ကြသည် နိုင်ငံရေးသိပ္ပံသည် လူမှုရေးသိပံ္ပ
နယ်ပယ်တွင် ပါဝင်သည်။ နိုင်ငံရေးသဘောတရားနှင့် လက်တွေ့ဆိုင်ရာများကို လေ့လာသည်။
နိုင်ငံရေးစနစ်များနှင့် နိုင်ငံရေးအပြုအမူများကို ဆန်းစစ်သုံးသပ်သည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်များ
တွင် နိုင်ငံရေး သဘောတရား၊ ပြည်သူ့ရေးရာမူဝါဒ၊ အမျိုးသားနိုင်ငံရေး၊ နှိုင်းယှဉ်နိုင်ငံရေးစသော
ကဏ္ဍများပါဝင်သည်။ သဘောတရား များနှင့် ဂန္တဝင်နိုင်ငံရေးဒဿနများကိုလည်းလေ့လာကြရသည်။
နိုင်ငံရေးသိပ္ပံသင်ကြားရာတွင် ဆက်နွှယ်ဘာသာရပ်များ အဖြစ် ဥပဒေ၊ ဘောဂဗေဒ၊ သမိုင်း၊
ပထဝီဝင်နှင့် ဒဿနဗေဒတို့ကိုပါ သင်ကြားလေ့ရှိသည်။
နိုင်ငံရေးသိပ္ပံ၏ သမိုင်းအကျဉ်း
နိုင်ငံရေးသိပ္ပံကို ရှေးဂရိလူမျိုးများက အစပြုခဲ့သည်။ ထိုအချိန်တွင် ဂရိအတွေးအခေါ်ပညာရှင်
ပလေတိုသည် နိုင်ငံရေးအဆိုအမိန့်များ၊ တရားမျှတခြင်း/မမျှတခြင်းဆိုတဘာလဲ၊ ကောင်းမွန်တဲ့
အစိုးရ၏ စည်းမျဉ်းတွေက ဘာတွေလဲ၊ လူသားမျိုးနွယ်အတွက် အကောင်းဆုံးအမှန်တရားဆိုတာ
ဘာလဲ ဆိုသည့် အကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားလာခဲ့သည်။ အရစ္စတိုတယ်သည်
မင်းသေ့
3
သိပ္ပံနည်းကျ အစိုးရအမျိုးအစားများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် အစိုးရအမျိုးအစားများ
(Types of Government) ကို စနစ်တကျဖော်ထုတ်ခဲ့သည်။
အစိုးရ ပုံစံ (၆) မျိုးရှိသည်။
- Monarch သက်ဦးဆံပိုင် ဘုရင်တစ်ဦးတည်းက အုပ်ချုပ်ခြင်း
- Aristocracy သူကောင်းမျိုး၊ အထက်တန်းလွှာတစ်စုက အုပ်ချုပ်ခြင်း
- Polity အကောင်းဆုံးအုပ်ချုပ်ရေးစနစ်
- Tyranny အာဏာရှင်၊ မင်းဆိုး မင်းညစ် တစ်ဦးတည်းက အုပ်ချုပ်ခြင်း
- Oligarchy အကျင့်ပျက် လူနည်းစု အုပ်စိုးသောစနစ်
- Democracy ပြည်သူကိုယ်စားပြုအုပ်ချုပ်ရေးပုံစံ
၁၇ရာစုအစပိုင်းကစတင်၍ ပြည်သူလူထုသည် နိုင်ငံရေးကို သိပ္ပံနည်းကျတော်လှန်ရေး အဖြစ် စတင်
အသုံးချခဲ့ကြသည်။ သောမတ်ဟုပ်(စ)သည် အလုပ်သမား၏သဘောကို အခြေခံအစိတ်အပိုင်းအဖြစ်
နားလည်လျှင် အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်စွမ်းရှိသည်ဆိုသည့် သဘောကို ဖော်ထုတ်ခဲ့သည်။
၁၉ရာစုတွင် အတွေးအခေါ်ရှင်ကားမတ်(စ)နှင့် မတ်ဝီဘာ တို့သည် လူမှုလှုပ်ရှားမှုနည်းနာများ
အသုံးပြု၍ နိုင်ငံရေးကို ပုံဖော်ခဲ့သည်။
ယနေ့နိုင်ငံရေးသိပ္ပံ
နိုင်ငံရေးသိပ္ပံသည် စနစ်တကျအခြေတည်လာခဲ့သည်။ နိုင်ငံရေးသိပ္ပံပညာရှင်များသည်
မဲပေးခြင်း၊ လွှတ်တော်၊ သမ္မတစွမ်းရည် စသည့်ရေးရာများအပေါ် အရည်အသွေးစံနှုံးများသတ်မှတ်၍
တွက်ချက်လေ့လာကြသည်။ နိုင်ငံရေးကျွမ်းကျင်သူများသည် မဲဆွယ်ပွဲများတွင် မဲအနိုင်ရရှိရေး
အတွက် မူဝါဒများကို ဖော်ထုတ်ပြသရန် နိုင်ငံရေးသမားများနှင့်ပူးပေါင်း အလုပ်လုပ်ကိုင်ကြသည်။
Legitimate Forms: Corrupt Forms:
Who governs Rule in the interest of all Rule in the interest of selves
One Monarch Tyranny
Few Aristocracy Oligarchy
Many Polity Democracy
မင်းသေ့
4
အဓိကဝေါဟာရများ
နိုင်ငံရေးသိပ္ပံပညာရှင်များသည် အောက်ပါသဘောတရားများကို အဓိကအခြေခံထားကြ
သည်။
- (Power) ပါဝါ၊ လိုချင်တာ ရအောင် လုပ်နိုင်စွမ်းသည် ပါဝါဖြစ်သည်။ ပါဝါကျင့်သုံးသူအပေါ်
မူတည်၍ ပါဝါပုံစံများ ကွဲပြားလာပြီး အမျိုးအစားများများပြားလာသည်။
- (Government) အစိုးရ၊ လူမှုအသိုက်အဝန်းကြီး၏ ပါဝါအစုအဝေးသည် အစိုးရတွင်ရှိသည်။
အထူးသဖြင့် ဘယ်လိုပါဝါမျိုးကို အသုံးပြုမည်ဆိုသည်ကို ပြဌာန်းသတ်မှတ်ထားသည့်
ယန္တရားကြီး ဖြစ်သည်။ ဥပမာ-အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပေဖြင့် အမေရိကန်
အစိုးရကို ဒီမိုကရေစီဖြစ်စေသည်။
- (Regime) အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း၊ အစိုးရ၏အုပ်ချုပ်ပုံ၊ အုပ်ချုပ်သည့်နည်းစနစ်ကို Regime
ဟုခေါ်သည်။
- (Legitimacy) တရားဝင်မှု၊ အုပ်ချုပ်ရေးယန္တရားသည် နိုင်ငံသားကို နိုင်ငံရေးအဆုံးအဖြတ်တွင်
ပါဝင်ခြင်းကို လက်ခံမှု၊ လက်မခံမှုဖြင့် တရားဝင်မှုကို တိုင်းတာသည်။ နိုင်ငံသားများသည်
ဥပဒေကိုလိုက်နာသည်၊ နိုင်ငံသားအဖြစ် မှန်ကန်စွာလုပ်ကိုင်နေသည်ဆိုလျှင် အာဏာကိုင်
ထားသောအစိုးရသည် အဆိုပါနိုင်ငံသား၏ လုပ်ရပ်များကို တရားဝင်သည်ဟု သတ်မှတ်
သည်။
- (Authority) အာဏာ၊ အစိုးရ၏အာဏာကျင့်သုံးနိုင်စွမ်းကို အာဏာဟုခေါ်သည်။ အာဏာတွင်
ခြိမ်းခြောက်မှုများ ကင်းလွတ်ရမည်။ အမြင့်ဆုံးသောတရားဝင်မှုသည် အစိုးရကို အာဏာ
အမြင့်ဆုံးဖြစ်စေသည်။ နိုင်ငံသားတစ်ဦးသည် ဥပဒေကို လေးစားလိုက်နာခြင်းသည် မှန်ကန်
သောအရာကို ပြဌာန်းထားသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ဥပဒေကိုလေးစား
လိုက်နာခြင်းသည် ပြစ်ဒဏ်ကိုကြောက်ရွံ့၍ လိုက်နာခြင်းတော့မဟုတ်ပေ။
- (Sovereignty) အချုပ်အခြာအာဏာ၊ ပထဝီနယ်နိမိတ်ဧရိယာအတွင်း နိုင်ငံရေးအာဏာ
သက်ရောက်နိုင်မှုကို အချုပ်အခြာအာဏာဟုခေါ်သည်။ ပြည်သူလူထုနှင့်နိုင်ငံသားများက
နိုင်ငံ၏အစိုးရကို အယုံအကြည်မရှိတော့လျှင် အစိုးရတွင်အချုပ်အခြာအာဏာမရှိတော့ပေ။
ဥပမာ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတော်အစိုးရသည် အာဏာအမြင့်ဆုံးဖြစ်သည်။
သို့သော် ပြည်နယ်အစိုးရများ၏ စုပေါင်းထောက်ခံမှုဖြင့် အစိုးရကို ဖြုတ်ချနိုင်သည်။
မင်းသေ့
5
အုပ်ချုပ်ပုံနည်းစနစ် နှင့် အာဏာကိုချုပ်ကိုင်ထားသောလူအရေအတွက်
အုပ်ချုပ်မှုအမျိုးအစား အာဏာချုပ်ကိုင်ထားသော
လူအရေအတွက်
ဥပမာ
သက်ဦးဆံပိုင်ဘုရင်စနစ် တစ်ဦးတည်း နီပေါ၊ဆော်ဒီအာရေဗျ၊ဂျော်ဒန်၊ဘရုနိုင်း၊
အလယ်ခေတ်အင်္ဂလန်နိုင်ငံ
အာဏာရှင်စနစ် တစ်ဦးတည်း လစ်ဗျား၊ကျူးဘား၊ မြောက်ကိုရီးယား၊
နာဇီဂျာမနီ
အီလစ်အုပ်ချုပ်ရေးစနစ် လူနည်းစု ရှေးစပါတာမြို့ပြနိုင်ငံ
စုပေါင်းအာဏာရှင်စနစ် လူနည်းစု
(သူကြွယ်များအုပ်စုဖွဲ့လေ့ရှိ)
ရီနေးဆန့်ခေတ် ဗင်းနစ်မြို့ပြနိုင်ငံ
ဒီမိုကရေစီစနစ် လူအများစု (ပြည်သူ့ကိုယ်စားပြု) အမေရိကန်နိုင်ငံ၊ ရှေးအေသင်မြို့ပြနိုင်ငံ
အုပ်ချုပ်ပုံနည်းစနစ် နှင့် အစိုးရအာဏာ၏ အတိုင်းအတာ
အုပ်ချုပ်မှုအမျိုးအစား အစိုးရအာဏာ၏အတိုင်းအတာ ဥပမာ
အလုံးစုံအာဏာရှင် အလုံးစုံအာဏာကိုပိုင်ဆိုထား၊
ပြည်သူအားလုံး၏ဘဝကို ချုပ်ကိုင်ထား။
ဆိုဗီယက်ပြည်ထောင်စု၊
မြောက်ကိုရီးယား၊
နာဇီဂျာမနီ
အာဏာရှင် အလုံးစုံအာဏာရှင်ထက်အာဏာနည်းပါး၊
သို့သော် ပြည်သူ့ဘဝအစိတ်အပိုင်းကြီး
များကို လွှမ်းမိုးချုပ်ကိုင်ထား၊
တစ်ဦးတည်းသာ ဥပဒေကို ပြဌာန်းတတ်။
အမေရိကန်မကျူးကျော်မီ
၂၀၀၃ ခုနှစ်မတိုင်မီ
အီရတ်နိုင်ငံ
အာဏာရှင်လူတစ်စု အလုံးစုံအာဏာရှင်ထက်အာဏာနည်းပါး၊
သို့သော် နိုင်ငံသားများ၏လူနေမှုဘဝများ
ကိုထိန်းချုပ်ထား၊ တစ်ခါတရံ ဥပဒေ
ပြဌာန်းသူတစ်ဦးတည်းသာရှိတတ်၊
တရားရေးခုံသမာဓိခန့်ထားလေ့ရှိ။
တရုတ်၊ အီဂျစ်
ဖွဲ့စည်းပုံအခြေခံအရ
အစိုးရသူ
အခြေခံဥပဒေအရကန့်သတ်၊ ပြဌာန်း ထား။
နိုင်ငံသားများ လွတ်လပ်စွာ
ပြောဆိုရေးသားခွင့်၊ ကိုးကွယ်ခွင့်ရှိ
အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊
ဂျပန်
မင်းမဲ့စရိုက်ဆန်ဆန် အာဏာမရှိ၊ အစိုးရမရှိ၊ အစိုးရဩဇာ
အာဏာသက်ရောက်မှုနည်းပါးစဉ်
တွေ့ရတတ်။
ဆိုမာလီယာ
မင်းသေ့
6
အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်းအမျိုးအစားများသည် များစွာရှိနေသည်။ ဥပမာ ဗြိတိန်တွင် စည်းမျဉ်းခံ ဘုရင်
စနစ်ရှိသည်။ ထိုနေရာတွင် အယ်လိဇဘက်ဘုရင်မကြီးသည် ကန့်သတ်ခံထားရသောအာဏာကို
ဆုပ်ကိုင်ထားသည်။ သီအိုရီအရ ဘုရင်မသည် အင်္ဂလန်၏နိုင်ငံဥသျှောင်ဖြစ်သည်။ သို့သော်
အင်္ဂလိပ်တို့၏ ဘုရင်စနစ်သည် အခမ်းအနားများတွင်သာ ကြီးကျယ်မြင့်မားသည်။ တကယ်အုပ်ချုပ်မှု
အစိုးရအာဏာသည် လွှတ်တော်တွင်သာရှိသည်။ ပါလီမန်သည် ဥပဒေပြုရာဌာနဖြစ်သည်။ ဒုတိယ
ကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံသည် အလုံးစုံအာဏာရှင်စနစ်ကိုကျင့်သုံးခဲ့သည်။ ထိုအချိန်က
ဟစ်တလာသည် နာဇီပါတီဖြင့် အစိုးရတစ်ရပ်လုံးနှင့် ဂျာမန်နိုင်ငံသားအားလုံးကို ထိန်းချုပ်ထားသည်။
ဒီမိုကရေစီ
ဒီမိုကရေစီဟူသည့်ဝေါဟာရသည် ဂရိဘာသာစကား “ ဒီမို့ ” ဆိုသည့်စကားလုံးမှဆင်းသက်
လာပြီး “ ပြည်သူ ” ဆိုသည့် အဓိပ္ပာယ်ကိုဆောင်သည်။ “ ကရေစီ” ဆိုသည့်ဝေါဟာရသည်
“ အစိုးရခြင်း ” ဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်
များဖြင့် နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးသို့ ဝင်ရောက်လာသော အစိုးရနှင့် လွှတ်တော်ကို ဒီမိုကရေစီ
အုပ်ချုပ်နည်းဖြင့် အုပ်ချုပ်သောနိုင်ငံဟု ခေါ်ဆိုကြသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ပြည်သူ့
မှာ နိုင်ငံရေးအာဏာရှိသည်။ ဒီမိုကရေစီကို အမျိုးအစား(၂) မျိုးခွဲခြားထားသည်။
(၁) တိုက်ရိုက်ဒီမိုကရေစီ Direct Democracy
(၂) ကိုယ်စားပြု ဒီမိုကရေစီ Representative Democracy စသည့်
ဒီမိုကရေစီ မျိုးကွဲ (၂) မျိုးဖြစ်သည်။
(၁) တိုက်ရိုက်ဒီမိုကရေစီ; နိုင်ငံသားအားလုံး ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိသောသဘောရှိသည်။
ဥပဒေပြုခြင်း၊ စည်းမျဉ်း စည်းကမ်းများသတ်မှတ်ခြင်းနှင့် ရာထူးခန့်ထားခြင်းတို့ကို တစ်နေရာ
တည်းတွင် စုပေါင်းမဲခွဲ၍ ဆုံးဖြတ်သောနည်းစနစ်ကို တိုက်ရိုက်ဒီမိုကရေစီဟု ခေါ်သည်။
အထူးသဖြင့် ရှေးခေတ်ဂရိမြို့ပြနိုင်ငံများတွင် ကျင့်သုံးခဲ့သည်။ တိုက်ရိုက်ဒီမိုကရေစီတွင်
ရွေးကောက်ထားသော ကိုယ်စားလှယ်မှာ မရှိပေ။ ရွေးကောက်ခံကိုယ်စားလှယ်များလည်း
မလိုအပ်ပေ။ ယနေ့ခေတ်တွင် လူထုဆန္ဒခံယူပွဲများများသည် တိုက်ရိုက်ဒီမိုကရေစီအသွင်မျိုးကို
ဆောင်သည်။
(၂) ကိုယ်စားပြု ဒီမိုကရေစီ; နိုင်ငံသားများက တရားဝင်ရွေးကောက်ထားသော ကိုယ်စားလှယ်ဖြင့်
အုပ်ချုပ်သူကို ရွေးကောက်တင်မြှောက်သောစနစ်ကို ကိုယ်စားပြုဒီမိုကရေစီဟုခေါ်သည်။ ပြည်သူ
များက ကိုယ်စားလှယ်ကို ကြိုက်နှစ်သက်ခြင်းမရှိတော့လျှင် နောက်ထပ်ရွေးကောက်ပွဲတစ်ခုတွင်
မင်းသေ့
7
ကန့်ကွက်၍ အခြားကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ခန့်အပ်ခြင်းပြုနိုင်သည်။ ကိုယ်စားပြု
ဒီမိုကရေစီဖြင့် ရွေးကောက်ထားသောအစိုးရကို ပြည်သူ့အစိုးရဟု ခေါ်နိုင်သည်။ ပြည်သူ့အစိုးရ
အုပ်ချုပ်နည်းစနစ်တွင် နိုင်ငံသားများက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသည်။ ကိုယ်စားပြု
ဒီမိုကရေစီစနစ်တွင် အဓိကအမျိုးအစား (၂) မျိုးရှိသည်။
(က) လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ Parliamentary Democracy (ပါလီမန်ဒီမိုကရေစီ)
(ခ) သမ္မတဗဟိုပြု ဒီမိုကရေစီ Presidential Democracy ဟူ၍
ကိုယ်စားပြုဒီမိုကရေစီ စနစ် (၂) မျိုးရှိသည်။
ဒီမိုကရေစီနိုင်ငံများတွင် ပါလီမန်ဒီမိုကရေစီကို ပါလီမန်စနစ်ဟုခေါ်ဆို၍ သမ္မတဗဟိုပြု
ဒီမိုကရေစီကို သမ္မတစနစ်ဟု အတိုကောက်ခေါ်ဆိုကြသည်။
(က) လွှတ်တော်ဗဟိုပြု ဒီမိုက်ရေစီ (ပါလီမန်ဒီမိုကရေစီ); ပါလီမန်ဒီမိုကရေစီစနစ်တွင်
နိုင်ငံသားများက ဥပဒေပြုမည့်ကိုယ်စားလှယ်များကို တရားဝင်ရွေးကောက်တင်မြှောက်ထား
သည်။ ထိုသူများသည် ဥပဒေပြုလွှတ်တော်တွင် လွှတ်တော်အမတ်များဖြစ်လာကြပြီး ထိုဥပဒေပြု
လွှတ်တော်အတွင်းရှိ အမတ်များထဲမှ အုပ်ချုပ်သူကို အရွေးကောက်ခံလွှတ်တော်အမတ်များကပင်
ထပ်မံရွေးကောက်တင်မြှောက်သည်။ ထိုရွေးကောက်တင်မြှောက်သူသည် ဝန်ကြီးချုပ်ဖြစ်လာ
သည်။ ထို့ကြောင့် ပါလီမန်ဒီမိုကရေစီစနစ်တွင် ဝန်ကြီးချုပ်သည် နိုင်ငံရေးဩဇာအာဏာ
အမြင့်မားဆုံးဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် ဥပဒေပြုသူနှင့် အုပ်ချုပ်သူကို ပေါင်းစပ်ထား
သည်။
ဥပမာ- ဥရောပတွင်ရှိသောဒီမိုကရေစီနိုင်ငံအများစုသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြ
သည်။ ပါလီမန် ဒီမိုကရေစီစနစ်၏ အားသာချက်တစ်ခုသည် ပြည်သူလူထု၏ သဘောထားကို
လျင်လျင်မြန်မြန်ထင်ဟပ်စေနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် ဝန်ကြီးချုပ်
သည် ပြည်သူ၏ ယုံကြည်မှုကို ဆုံးရှုံးသွားလျှင် ရွေးကောက်ပွဲအသစ်ကို ရုတ်တရက်ချက်ချင်း
ပြုလုပ်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ လွှတ်တော်အတွင်း ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို
တင်သွင်းနိုင်သည်။ ထိုအခါ လွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်ကြသည်။ အဆိုပါမဲကို အနိုင်ရ
ရှိသွားလျှင် ဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်နိုင်သည်။ သို့သော် ပါလီမန်အစိုးရ
စနစ်၏ အားနည်းချက်တစ်ခုကား အစိုးရတစ်ရပ် တည်ငြိမ်ရန် ခက်ခဲခြင်းပင်ဖြစ်သည်။ တိုင်းပြည်
သည် အုပ်ချုပ်သူအစိုးရအပြောင်းအလဲကြောင့် နိုင်ငံအကျိုးစီးပွားကို အကောင်အထည်ဖော်သည့်
နေရာများတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာနိုင်သည်။ အီတလီနိုင်ငံသည် ဒုတိယကမ္ဘာစစ်
မင်းသေ့
8
အတွင်း တစ်နှစ်တည်းနှင့် အစိုးရအပြောင်းအလဲကို (၁၅)ကြိမ်ပြောင်းလဲခဲ့သော သာဓကရှိခဲ့
သည်။
(ခ) သမ္မတဗဟိုပြု ဒီမိုကရေစီ (သမ္မတစနစ်); သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများတွင်
နိုင်ငံသားများသည် ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်သူအစိုးရကို ခွဲခြားရွေးချယ်သည်။ သမ္မတ
စနစ်တွင် ဥပဒေပြုသူသည် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် အုပ်ချုပ်သူဖြစ်မလာနိုင်ပေ။
ဥပမာ - အမေရိကန်သည် သမ္မတစနစ်ကျင့်သုံးသောဒီမိုကရေစီနိုင်ငံဖြစ်သည်။ သမ္မတစနစ်တွင်
ပြည်သူလူထု၏ သဘောထားသည် အစိုးရအပေါ် သက်ရောက်မှုနှေးကွေးသော်လည်း သမ္မတ
စနစ်သည် ပါလီမန်စနစ်ထက် အစိုးရ တစ်ရပ်ကို တည်ငြိမ်မှု ပိုမိုပေးစွမ်းနိုင်သည်။
ဒီမိုကရေစီ၏ အားသာချက်၊ အားနည်းချက်များ
ဒီမိုကရေစီ တိုက်ရိုက်ဒီမိုကရေစီ ကိုယ်စားပြုဒီမိုကရေစီ
အားသာချက်များ အသန့်စင်ဆုံးသောဒီမိုကရေစီအစိုးရစနစ်၊ နိုင်ငံကြီးများတွင် သုံးနိုင်၊ နိုင်ငံသား
တိုင်းသည်တစ်ဦးချင်းအကျိုးစီးပွားကို
လုပ်ဆောင်ရန် အချိန်ပိုမိုရရှိ။
အားနည်းချက်များ မြို့ပြနိုင်ငံအဆင့်မှာသာသုံးနိုင်၊
လှုမှုအသိုင်းအဝန်းကြီးတစ်ခုလုံးထက်
နိုင်ငံသားများ၏ လိုအင်အပေါ်တွင်သာ
တစ်သတ်မတ်တည်းအာရုံစိုက်နေရ။
ပြည်သူလူထုသဘောထားတိုင်းကို
တုံပြန်မှု နှေးနိုင်၊ တစ်ခါတစ်ရံ လူထု
သဘောထားကို လျစ်လျူရှုခြင်းခံရ။
ဒီမိုကရေစီ၏ အဓိကလက္ခဏာများ
သီအိုရီအရ၊ ဒီမိုကရေစီတိုင်းတွင် အခြေခံအင်္ဂါရပ်ကြီး(၄) ရပ်နှင့် ပြည့်စုံရမည်။
 လုံခြုံရေး - နိုင်ငံသားတိုင်းကို ခြိမ်းခြောက်မှုပြုခြင်း၊ အန္တရာယ်ပြုခြင်းမှကာကွယ်ရန် ဆိုသည့်
အချက်သည် ဒီမိုကရေစီအစိုးရတိုင်း၏ အဓိကတာဝန်ဖြစ်သည်။ နိုင်ငံသားများဟုဆိုရတွင်
ပြည်တွင်းမှာ မှီတင်းနေထိုင်ကြသောလူမျိုးစုများအပါအဝင်၊ ပြည်ပရောက်မိမိနိုင်ငံသားများကို
လည်း အကာအကွယ်ပေးနိုင်ရမည်ဖြစ်သည်။
 လွတ်လပ်မှု - လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ
ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းပိုင်ခွင့်သည်
လွတ်လပ်မှု၏ဘုံအနှစ်သာရပင်ဖြစ်သည်။ နိုင်ငံသားများသည် မှန်သည့်အရာကို လုပ်ကိုင်နေ
သည်ဆိုလျှင် အစိုးရသည်နိုင်ငံသားများဆီမှ အခြေခံလွတ်လပ်ခွင့်များကို ဝင်ရောက်
စွက်ဖက်ပိုင်ခွင့်မရှိချေ။ ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားများထံမှ ဒီမိုကရေစီစံနှုန်း
မင်းသေ့
9
အရသတ်မှတ်ထားသော အခြေခံအခွင့်အရေးများကို အစိုးရက မရယူနိုင်အောင် ကန့်သတ်
ထားသည်။
 နိုင်ငံရေးညီမျှမှု - နိုင်ငံသားအားလုံးတူညီသောအခွင့်အရေးများရရှိသင့်သည်။ ရွေးကောက်ပွဲ
တွင် နိုင်ငံသားတစ်ဦးလျှင် ဆန္ဒမဲတစ်မဲသာပေးခွင့်ရှိရမည်။ ဥပဒေ၏အောက်တွင် နိုင်ငံသား
အားလုံးသည် တန်းတူညီမျှသော အခွင့်အရေးနှင့် တာဝန်ယူမှုရှိစေရမည်။
 ပြည်သူ့အာဏာ - ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အထွတ်အထိပ်သောအချုပ်အခြာ အာဏာ
သည် ပြည်သူလူထုမှာသာရှိနေရမည်။ ပြည်သူသည် အစိုးရကို ရွေးချယ်ရမည်။ ပြည်သူသည်
အစိုးရကို ဖြုတ်ချနိုင်ရမည်။ ထို့နောက် မိမိလိုလားလက်ခံနှစ်သက်သောအစိုးရကို ပြန်လည်
ရွေးချယ်နိုင်စွမ်းရှိရမည်။ ပြည်သူသည်အစိုးရကို ပြောင်းလဲနိုင်စွမ်းရှိရမည်။
အမှန်တကယ်တွင် ဒီမိုကရေစီ၏အဓိကလက္ခဏာတိုင်းသည် အားလုံးတူညီစွာ အမြဲလိုလိုရရှိသည်
တော့ မဟုတ်ပေ။ ဒီမိုကရေစီ၏အလုပ်သည် မျှတမှုကို ဖန်တီးရန်ပင်ဖြစ်သည်။ သို့သော် မျှတမှု
သည်ပင် မမျှတမှုကို အထောက်အပံ့ပြုနေနိုင်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီစံနှုန်းများသည်
တစ်ခုအားကောင်းလာလျှင် အခြားတစ်ခုသည် အားပျော့ ယုတ်လျော့လာနိုင်သော သဘောရှိ
သည်။
လွတ်လပ်မှု နှင့် လုံခြုံရေး
လွတ်လပ်မှုဟုဆိုရာတွင် အမေရိကန်နိုင်ငံ၏လွတ်လပ်မှုသည် အခြားနိုင်ငံများထက်ပိုမိုရရှိ
သည်။ သို့သော် စက်တင်ဘာ ၁၁ တွင် အမေရိကန်နိုင်ငံအတွက် လုံခြုံရေးသည် လွတ်လပ်မှု
ထက်ပိုမိုအရေးကြီးလာသည်။ ပိုမို အခရာကျလာသည်။ အစိုးရသည် လုံခြုံရေးကို တိုးမြှင့်လိုက်
သည့်အတွက် လွတ်လပ်မှုကို ကန့်သတ်လိုက်သလိုဖြစ်သွားသည်။ ထိုဥပမာသည်ပင် ဒီမိုကရေစီ
စံနှုန်းအချင်းချင်း အပြန်အလှန် ပြောင်းပြန်အထောက်အကူပြုနေခြင်း ဖြစ်သည်။ စံနှုန်းတစ်ခု
အားကောင်းလာလျှင် အခြားသောစံနှုန်းတစ်ခုကို အကျိုးယုတ်လျော့စေသည်။ လုံခြုံရေးကို တိုးမြှင့်
လိုက်ခြင်းအားဖြင့် လွတ်လပ်မှုလျော့ပါးသွားစေသောသဘောပင်ဖြစ်သည်။
နိုင်ငံရေးပါဝါအရင်းအမြစ်
နိုင်ငံရေးပါဝါသည် ဘယ်ကလာသနည်း။ ပညာရှင်များသည် နိုင်ငံရေးပါဝါအရင်းအမြစ်သည်
ပုံစံနှစ်မျိုးဖြင့် ဖွံ့ဖြိုး လာသည်ဟု ဆိုသည်။
(၁) အောက်မှအထက်သို့ (Percolation-up Model) - ပြည်သူလူထုဆီမှ လာသော နိုင်ငံရေး
ပါဝါ ဖြစ်သည်။ ပြည်သူများသည် နိုင်ငံရေးပါဝါကို စုစည်းထားသည်။ နိုင်ငံသားများသည်
မင်းသေ့
10
နိုင်ငံရေးပါဝါကို ရွေးကောက်ပွဲများ ကျင်းပ၍ သူတို့၏ခေါင်းဆောင်ဖြစ်သူထံပေးအပ် ကြ
သည်။ ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်ပွဲများဖြင့် ခေါင်းဆောင် ဖြစ်သူထံသို့ နိုင်ငံရေး
အာဏာအပ်နှင်းသည်။ ထိုကဲ့သို့ ပြည်သူလူထုဆီမှရွေးကောက်ခံ၍ နိုင်ငံရေးအာဏာရရှိ
လာ သော ပုံစံကို Percolation-up Model ဟုခေါ်သည်။
(၂) အထက်မှအောက်သို့ (Drip-down Model) - ခေါင်းဆောင်တစ်ဦးထံမှလာသော
နိုင်ငံရေးပါဝါအဖြစ်သည်။ထိုခေါင်းဆောင်သည် လူ့မှုအသိုက်အဝန်းကြီးတစ်ခုလုံးကို အမိန့်ပေး
စေစားသည်။ ထိုပုံစံသည် နိုင်ငံသားများကို ရွေးကောက်ပွဲဖြင့် ခေါင်းဆောင်အသစ် ရွေးချယ်
ခန့်အပ်ခြင်းကို ပြစ်ပယ်ထားသည်။ ထိုကဲ့သို့ ခေါင်းဆောက်တစ်ဦး တစ်ယောက်ထံမှ သော်
လည်းကောင်း၊ စုပေါင်းခေါင်းဆောင်မှုပြုသော လူတစ်စုထံမှသော်လည်းကောင်းလာသော
နိုင်ငံရေး အာဏာကို Drip-down Model ဟုခေါ်သည်။
လက်တွေ့ပုံစံ
အမေရိကန်၏အာဏာဆင်းသက်လာပုံတွင် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုနှင့်ပက်သက်၍
Percolation-up Model နှင့် Drip-down Model ပါ (၂) မျိုးစလုံးတွေ့ရသည်။ အထူးသဖြင့်
အာဖရိကန်-အမေရိကန်တို့၏ လှုပ်ရှားမှု ဖြစ်သည်။ အာဖရိကန်-အမေရိကန်နိုင်ငံသားများသည်
အမေရိကန်နိုင်ငံတွင် ဒုတိယတန်းစားနိုင်ငံသားဖြစ်ခြင်း (Second-class Citizen) ကို ဆန့်ကျင်သည်။
ထိုသာဓကတွင် Percolation-up Model ဖြစ်သော အောက်မှအထက်သို့ အာဏာ ပြောင်းလဲလာပုံကို
တွေ့ရသည်။ အမေရိကန်သမ္မတလင်ကွန်းလက်ထက်တွင် အမေရိကန်လူမည်းကျွန်များနှင့်ပက်သက်
၍ တောင်ခြမ်းနှင့် မြောက်ခြမ်း ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ လူထုလှုပ်ရှားမှုများကြောင့်
အမေရိကန်၏ပြည်နယ် အစိုးရနှင့် ဗဟိုအစိုးရပါပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရသည်။ အောက်မှ
လာသောလူမည်းလှုပ်ရှားမှုများကြောင့် အမေရိကန် ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများကို လူမည်း
များနှင့် ပက်သက်သော ဥပဒေများ၊ တရားရေးဆိုင်ရာ စီရင်ထုံးများကို ပြင်ဆင်ပြောင်းလဲရန် အမိန့်ပေး
သည်။ အာဖရိကန်-အမေရိကန်တို့ကို အမေရိကန်လူဖြူများနည်းတူ တန်းတူအခွင့်အရေးပေးသည်။
ပြည်နယ်အစိုးရများတွင် လူမည်းများနှင့်ပက်သက်သောဥပဒေများနှင့် တရားစီရင်ထုံးများကို ပြန်လည်
ပြင်ဆင်ရေးဆွဲခဲ့ရသည်။ ထိုသာဓကတွင် အာဏာသက်ရောက်မှု ပုံစံများကို နှစ်မျိုးစလုံးတွေ့ရသည်။
မင်းသေ့
11
နိုင်ငံရေးဆိုင်ရာတရားဝင်မှုအရင်းအမြစ်
အစိုးရတိုင်းသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုအပြည့်အဝလုပ်နိုင်ရန် တရားဝင်မှုအပြည့်အဝ
ရထားရန် လိုအပ်သည်။ အစိုးရသည် အာဏာကိုအပြည့်အဝအသုံးချရန်ဘယ်လိုလုပ်သနည်း။
နိုင်ငံသားများအား အစိုးရ၏ဥပဒေများကို လေးစားလိုက်နာရန်မည်သို့ပြုလုပ်သနည်း။ ထိုမေးခွန်းများ
အတွက် ပညာရှင်များမှာ အဖြေရှိသည်။ ပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ တရားဝင်မှု အရင်း
အမြစ်သည် များစွာသောအရင်းအမြစ်များမှ ဆင်းသက်လာသည်ဟု ကောက်ချက်ချကြသည်။
- ရိုးရာ - နိုင်ငံသားများတွင် ရှေးအစဉ်အဆက်ကတည်းက အစိုးရ၏အာဏာကို လေးစား
လိုက်နာခဲ့သည့် အစဉ်အလာရိုးရာကြောင့် အစိုးရတွင် အာဏာရှိသည်။ ထိုကဲ့သို့ ရှေးအချိန်
ကာလများစွာကတည်းကရှိနေပြီးသော ရိုးရာအစဉ်အလာကြောင့် အစိုးရ၏အာဏာသည်
တရားဝင်သည်ဟု အသိအမှတ်ပြုကြသည်။
- အမူအကျင့် - လူအများစုသည် ဥပဒေကိုလေးစားလိုက်နာမှု မြင့်တက်လာခြင်းနှင့် လူတို့၏
ပင်ကိုယ်ဗီဇစိတ်အရ လေးစားလိုက်နာတတ်မှုဗီဇရှိခြင်း စသည့်အမူအကျင့်များကြောင့်
အစိုးရ၏အာဏာသည် လူ့အမူအကျင့်မှလာသည်ဟု ဆိုနိုင်သည်။
- သမိုင်းကြောင်းအရ - လူများသည် နိုင်ငံ့သမိုင်းအဖြစ်အပျက်များကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ
စူးဝင်နေခြင်းကြောင့်လည်း အစိုးရ၏အာဏာသည်စွဲခိုင်နေသည်ဟုဆိုနိုင်သည်။ အစိုးရ၏
အမိန့်များကို လိုက်နာခဲ့သည်ဆိုခဲ့သည့် သမိုင်းကြောင်းအဖြစ်အပျက်များအရ အစိုးရ၏
အာဏာသည် သမိုင်းအဖြစ်အပျက်များမှလာသည်ဟုဆိုနိုင်သည်။ ထို့ကြောင့် သမိုင်းသည်
အစိုးရတစ်ရပ်အာဏာရခြင်းကို တရားဝင်ဖြစ်အောင် အထောက်အကူပြုသည့်အရာများ
ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
- ဘာသာရေး - တခါတရံ အစိုးရကို လေးစားလိုက်နာခြင်းသည် ဘာသာရေးကိုးကွယ်မှုတစ်ခု
သဏ္ဍာန်ထင်ရသော ပုံစံမျိုးကိုလည်းတွေ့ရသည်။ ထို့ကြောင့် ဘာသာရေးအရကိုးကွယ်သည့်
စရိုက်သည် အစိုးရတစ်ရပ်ဆီသို့ အာဏာစီဆင်းသွားခြင်းနှင့်လည်း ဆက်စပ်သည်ဟု ယူဆရ
သည်။ ဘာသာရေးအရ အစိုးရ၏အာဏာသည် တရားဝင်သည်ဟု သတ်မှတ်ကြသည်လည်း
ရှိသည်။
ဥပမာ
အီရန်သည် ဖွဲ့စည်းပုံအခြေခံအရဖြစ်လာသည့် အစ္စလာမ်မစ်သမ္မတနိုင်ငံဖြစ်သည်။ အီရန်၏
အုပ်ချုပ်ရေးယန္တရား တွင် ဘာသာရေးကို အကြောင်းပြု၍ အုပ်ချုပ်ရေးရာထူး တာဝန်များ
ခန့်ထားခြင်းများရှိသည်။
မင်းသေ့
12
- လူမျိုးစုလက္ခဏာ - လူမျိုးစုတစ်ခုသည် နိုင်ငံတစ်ခုကိုဖြစ်စေသည်။ ထို့ကြောင့် အစိုးရတစ်ရပ်
တည်ရှိနေခြင်းသည်လည်း လူမျိုးစုတစ်ရပ်ရှင်သန်ရပ်တည်နိုင်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်။
နိုင်ငံအတွင်း အင်အားကြီး လူမျိုးစုကကြီးစိုးထားသောအစိုးရတစ်ရပ်သည် အခြားသော
လူမျိုးစုနွယ်များကို နိုင်ငံအတွင်း လူမျိုးစုအဖွဲ့ဝင်များ အဖြစ် အသိအမှတ်ခြင်းအားဖြင့်
ထိုလူမျိုးစုကိုအုပ်ချုပ်ခွင့်ရစေသည်။ နိုင်ငံအတွင်းလူမျိုးစုများကို အကာအကွယ် ပေးနိုင်သော
အစိုးရတစ်ရပ်အားကောင်းခြင်းသည် လူမျိုးစုလက္ခဏာများ တည်တံစေသော အကြောင်း
အချက် ဖြစ်ခြင်းကြောင့် အစိုးရနှင့် လူမျိုးစုသည် အပြန်အလှန်အထောက်အကူပြုနေပေသည်။
အစိုးရသည် လူမျိုးစု တစ်ရပ်ကလက်ခံနေခြင်းကြောင့် တည်မြဲနေသလို လူမျိုးစုတစ်ရပ်သည်
လည်း အစိုးရတည်ရှိနေခြင်းကြောင့် ရှင်သန်ရပ်တည်နေနိုင်ခြင်းမျိုးဖြစ်သည်။ အစိုးရသည်
လူမျိုးရေးလက္ခဏာများကို လေးစားသကဲ့သို့ လူမျိုးစုများသည်လည်း အစိုးရ၏အာဏာကို
လိုက်နာခြင်းသည် အညမညသဘောဆက်စပ်လျက်ရှိနေသည်။ လူမျိုးစုများ တည်တံ့နေခြင်း
သည် အစိုးရကြောင့်… ဟူသည့် အသိမျိုးကိန်းအောင်းခြင်းကြောင့် အစိုးရတွင် အာဏာရှိခြင်း
သည် တရားဝင်သည်ဟု သတ်မှတ်ကြသည်။
ဥပမာ အာရပ်ကမ္ဘာတွင် အီရတ်နိုင်ငံသည် ဥပမာကောင်းဖြစ်သည်။ အီရတ်တွင် ဆဒမ်ဟူစိန်
၏ ဆွမ်နီအစိုးရတည်ရှိနေခြင်း အာရပ်ကမ္ဘာတွင် ဆွမ်နီအာရပ်များတည်ရှိမှုကို အသိအမှတ်
ပြုသကဲ့သို့ပင်ဖြစ်သည်။
- ရလဒ် - အစိုးရတစ်ရပ်သည် စစ်ပွဲတစ်ခုကို အနိုင်ရရှိခြင်းဖြင့်သော်လည်းကောင်း၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ခြင်းဖြင့်သော်လည်းကောင်း နိုင်ငံသားများ၏ယုံကြည်မှုကို
ရရှိ၍ အစိုးရ၏အာဏာကို ခိုင်မြဲလာစေသည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်သောအစိုးရတွင်
အာဏာကိုယုံယုံကြည်ကြည်ပေးအပ်ထားခြင်းသည် မှန်ကန်သည်ဆိုသည့် လက်ခံယုံကြည်မှု
မျိုးကလည်း အစိုးရ၏အာဏာကို တရားဝင်ဖြစ်လာစေသည်။
- ရွေးကောက်ပွဲ - အစိုးရတစ်ရပ်သည် တရားဝင်ရွေးကောက်ပွဲဖြင့် အရွေးချယ်ခံ၍ အာဏာ
ရရှိလာနိုင်သည်။ ရွေးကောက်ပွဲသည် အာဏာရလာသောအစိုးရကို နိုင်ငံသားများက မိမိတို့ကို
ကိုယ်စားပြုသည်၊ မိမိတို့က ရွေးကောက်လိုက်သည် ဟု ယုံကြည်လာစေသည်။ ထို့ကြောင့်
ရွေးကောက်ပွဲသည်လည်း အစိုးရ၏အာဏာ တရားဝင်ဖြစ်စေသောအကြောင်းများထဲမှ တစ်ခု
ဖြစ်သည်။
- နိုင်ငံတကာအသိအမှတ်ပြုမှု - အခြားသောအစိုးရများက အသိအမှတ်ပြုခြင်းကြောင့် အစိုးရ
တစ်ရပ်သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာတွင် တရားဝင်အစိုးရဖြစ်လာသည်။ တရားဝင်
မင်းသေ့
13
အစိုးရများကို နိုင်ငံတကာအသိုင်းအဝန်းက လက်ကမ်းကြိုဆိုသည်။ ထို့ကြောင့် နိုင်ငံတကာ
အသိအမှတ်ပြုမှုဖြင့် အစိုးရ၏အာဏာသည် တရားဝင် ဖြစ်လာသည်။ အခြားသောနိုင်ငံများ၏
အစိုးရများက နိုင်ငံတစ်နိုင်ငံအား နိုင်ငံဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကို နိုင်ငံတကာ
အသိအမှတ်ပြုမှုရရှိထားသောနိုင်ငံဟု ခေါ်သည်။ သို့မှသာ တရားဝင်နိုင်ငံဟု ကမ္ဘာက
အသိအမှတ် ပြုသည်။
ဥပမာ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံအများစု၏အသိအမှတ်ပြုထောက်ခံမှုဖြင့် အာရပ်ကမ္ဘာ
တွင် အစ္စရေးနိုင်ငံ သစ်ထွက်ပေါ်လာသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံအဖြစ် တရားဝင်
ဖြစ်လာသည်။ နိုင်ငံအများစုသည် အစ္စရေးလူမျိုးနှင့် အစ္စရေးအစိုးရကို အသိအမှတ်ပြု သော်
လည်း အီရန်နိုင်ငံနှင့် အာရပ်နိုင်ငံအများစုက အရှေ့အလယ်ပိုင်းတွင် အစ္စရေးနိုင်ငံတည်ရှိမှုကို
အသိအမှတ်မပြုသေးချေ။ အရှေ့အလယ်ပိုင်းသည် ကမ္ဘာအတွက် Global Hot Spot တစ်ခု
ဖြစ်သည်ဟု ထင်မြင်ကြသည်။
- ဒုတိယ ဥပမာမှာ ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာသို့ ကြေညာသောအခါ အမေရိကန်နိုင်ငံသည်
၎င်းတရုတ်ပြည်မကြီးအား နိုင်ငံအဖြစ် သတ်မှတ်ခြင်း မပြုခဲ့ချေ။ ၁၉၇၁ခုနှစ်မှသာ အမေရိကန်
သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အသိအမှတ် ပြုခဲ့ပြီး ၎င်းတရုတ်နိုင်ငံသည်လည်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၇၁ ခုနှစ်မတိုင်မီ
က တရုတ်နိုင်ငံဟုပြောလျှင် ဖော်မိုဆာကျွန်းဟုခေါ်သော တရုတ်ထိုင်ဝမ်ကိုသာ တရုတ်နိုင်ငံ
ဟု နိုင်ငံတကာက အသိအမှတ်ပြုကြသည်။ ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂတွင် တရုတ်ထိုင်ဝမ်
နေရာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစားထိုး အသိအမှတ်ပြုလိုက်သည်။ ဒုတိယ
ကမ္ဘာစစ် အပြီးတွင် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး၏လက်အောက်တွင် တည်ရှိနေမှုကို
ရပ်စဲလိုက် ရသည်။ ယနေ့အချိန်အထိ ထိုင်ဝမ်ကျွန်းကို Nation-state အဖြစ်တည်ရှိ နေမှုကို
အသိအမှတ်မပြုတော့ချေ။ အမေရိကန်သည် ထိုင်ဝမ်နိုင်ငံကိုအသိအမှတ် ပြုလျှင် တရုတ်
ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ဆက်ဆံရေးကို ထိခိုက်ဆုံးရှုံးသွားစေနိုင်၍ဖြစ်သည်။
ထိုင်ဝမ်ကျွန်းသည် အငြင်းပွားနိုင်စရာ အများဆုံးဖြစ်သည်။ သို့သော် လက်တွေ့အရ ထိုင်ဝမ်
အစိုးရနှင့် ထိုင်ဝမ်လူထုသည် ထိုင်ဝမ်ကျွန်းတွင် နေထိုင်ရပ်တည်လျက်ရှိသည်။ တရုတ်သည်
ထိုင်ဝမ်ကျွန်းကို စစ်ရေးအင်အားသုံး၍ ထိန်းချုပ်လျှင် မည်သည့်နိုင်ငံမှ အကူအညီပေးနိုင်မည်
မဟုတ်ပေ။

Jss (letter 12)

  • 1.
    မင်းသေ့ 1 မေ ၂၀၁၅ /အတွဲ(၁) အမှတ် (၂) နိုင်ငံရေးသိပ္ပံနိဒါန်း မင်းသေ့ ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့် စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံရေးသိပ္ပံနိဒါန်း မင်းသေ့ ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့် စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံရေးသိပ္ပံနိဒါန်း မင်းသေ့ ဤစာတမ်းသည် နိုင်ငံရေးသိပ္ပံနိဒါန်းဆိုသည်ထက် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံရှုထောင့်မှ ချည်းကပ်ထားသည့် စာများဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်ဒီမိုကရေစီ၏ သဘောကို နားလည်သဘောပေါက်စေရန် အဓိက ဝေါဟာရစုများကို ဗဟိုပြု ရှင်းလင်းထားသည်။ ဒီမိုကရေစီနှင့် တွင်ကျယ်စွာ အသုံးပြုထားသည့် နိုင်ငံရေး ဝေါဟာရစုများကို ဖွင့်ပြထားသည့် စာတမ်းငယ်ဖြစ်ကြောင်း ယူဆပါသည်။ အယ်ဒီတာ
  • 2.
    မင်းသေ့ 2 နိုင်ငံရေးသိပ္ပံနိဒါန်း နိုင်ငံရေးသိပ္ပံ နိုင်ငံရေးသိပ္ပံသည် နိုင်ငံရေးကိုစနစ်တကျလေ့လာရသောပညာရပ်ဖြစ်သည်။ တနည်းအားဖြင့် အစိုးရ၏ဆုံးဖြတ်ချက် ချမှတ်သည့်နည်းစဉ်ကို လေ့လာခြင်းလည်းဖြစ်သည်။ ထို့ကြောင့်နိုင်ငံရေးသိပ္ပံ ကို အောက်ပါအတိုင်း အဓိပ္ပာယ် သတ်မှတ်ထားသည်။ “Political Science is the systematic study of Politics, or the process by which governmental decisions are made.” ထို့အတူ နိုင်ငံရေးကို အဓိပ္ပာယ်သတ်မှတ်ပုံလည်း ရှိနေသေးသည်။ “ Politics is determining who gets what, where, when, and how. ” နိုင်ငံရေးဟူသည် ဘယ်နေရာမှာ ဘာကို ဘယ်အချိန်မှာ ဘယ်လိုရဖို့ဆိုတာကို ဆုံးဖြတ်ခြင်း ဟုဖွင့်ဆိုခြင်းလည်း ရှိသည်။ နိုင်ငံရေးသိပ္ပံပညာရှင်များသည် အစိုးရစနစ်များ၏ တည်ဆောက်ပုံကွဲပြားသောကြောင့် မည်ကဲ့သို့အကျိုးသက် ရောက်မှုများဖြစ်ပေါ်သည်ကို လေ့လာသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံ၊ အစိုးရ နှင့် အာဏာစသော အကြောင်းချင်းရာများကို လေ့လာသော ပညာရပ်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာသည် နိုင်ငံ၏အဓိက အချင်းအရာနှစ်ခုဖြစ်သော အာဏာ ရရှိရေးနှင့် အာဏာကျင့်သုံးရေးတို့ကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးအာဏာကို အကြောင်းပြု၍ လက်ဝဲနိုင်ငံရေးနှင့် လက်ယာနိုင်ငံရေးဟူ၍ ကွဲပြားလာခဲ့ကြသည် နိုင်ငံရေးသိပ္ပံသည် လူမှုရေးသိပံ္ပ နယ်ပယ်တွင် ပါဝင်သည်။ နိုင်ငံရေးသဘောတရားနှင့် လက်တွေ့ဆိုင်ရာများကို လေ့လာသည်။ နိုင်ငံရေးစနစ်များနှင့် နိုင်ငံရေးအပြုအမူများကို ဆန်းစစ်သုံးသပ်သည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်များ တွင် နိုင်ငံရေး သဘောတရား၊ ပြည်သူ့ရေးရာမူဝါဒ၊ အမျိုးသားနိုင်ငံရေး၊ နှိုင်းယှဉ်နိုင်ငံရေးစသော ကဏ္ဍများပါဝင်သည်။ သဘောတရား များနှင့် ဂန္တဝင်နိုင်ငံရေးဒဿနများကိုလည်းလေ့လာကြရသည်။ နိုင်ငံရေးသိပ္ပံသင်ကြားရာတွင် ဆက်နွှယ်ဘာသာရပ်များ အဖြစ် ဥပဒေ၊ ဘောဂဗေဒ၊ သမိုင်း၊ ပထဝီဝင်နှင့် ဒဿနဗေဒတို့ကိုပါ သင်ကြားလေ့ရှိသည်။ နိုင်ငံရေးသိပ္ပံ၏ သမိုင်းအကျဉ်း နိုင်ငံရေးသိပ္ပံကို ရှေးဂရိလူမျိုးများက အစပြုခဲ့သည်။ ထိုအချိန်တွင် ဂရိအတွေးအခေါ်ပညာရှင် ပလေတိုသည် နိုင်ငံရေးအဆိုအမိန့်များ၊ တရားမျှတခြင်း/မမျှတခြင်းဆိုတဘာလဲ၊ ကောင်းမွန်တဲ့ အစိုးရ၏ စည်းမျဉ်းတွေက ဘာတွေလဲ၊ လူသားမျိုးနွယ်အတွက် အကောင်းဆုံးအမှန်တရားဆိုတာ ဘာလဲ ဆိုသည့် အကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားလာခဲ့သည်။ အရစ္စတိုတယ်သည်
  • 3.
    မင်းသေ့ 3 သိပ္ပံနည်းကျ အစိုးရအမျိုးအစားများကို ရှာဖွေတွေ့ရှိခဲ့သည်။ထို့နောက် အစိုးရအမျိုးအစားများ (Types of Government) ကို စနစ်တကျဖော်ထုတ်ခဲ့သည်။ အစိုးရ ပုံစံ (၆) မျိုးရှိသည်။ - Monarch သက်ဦးဆံပိုင် ဘုရင်တစ်ဦးတည်းက အုပ်ချုပ်ခြင်း - Aristocracy သူကောင်းမျိုး၊ အထက်တန်းလွှာတစ်စုက အုပ်ချုပ်ခြင်း - Polity အကောင်းဆုံးအုပ်ချုပ်ရေးစနစ် - Tyranny အာဏာရှင်၊ မင်းဆိုး မင်းညစ် တစ်ဦးတည်းက အုပ်ချုပ်ခြင်း - Oligarchy အကျင့်ပျက် လူနည်းစု အုပ်စိုးသောစနစ် - Democracy ပြည်သူကိုယ်စားပြုအုပ်ချုပ်ရေးပုံစံ ၁၇ရာစုအစပိုင်းကစတင်၍ ပြည်သူလူထုသည် နိုင်ငံရေးကို သိပ္ပံနည်းကျတော်လှန်ရေး အဖြစ် စတင် အသုံးချခဲ့ကြသည်။ သောမတ်ဟုပ်(စ)သည် အလုပ်သမား၏သဘောကို အခြေခံအစိတ်အပိုင်းအဖြစ် နားလည်လျှင် အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်စွမ်းရှိသည်ဆိုသည့် သဘောကို ဖော်ထုတ်ခဲ့သည်။ ၁၉ရာစုတွင် အတွေးအခေါ်ရှင်ကားမတ်(စ)နှင့် မတ်ဝီဘာ တို့သည် လူမှုလှုပ်ရှားမှုနည်းနာများ အသုံးပြု၍ နိုင်ငံရေးကို ပုံဖော်ခဲ့သည်။ ယနေ့နိုင်ငံရေးသိပ္ပံ နိုင်ငံရေးသိပ္ပံသည် စနစ်တကျအခြေတည်လာခဲ့သည်။ နိုင်ငံရေးသိပ္ပံပညာရှင်များသည် မဲပေးခြင်း၊ လွှတ်တော်၊ သမ္မတစွမ်းရည် စသည့်ရေးရာများအပေါ် အရည်အသွေးစံနှုံးများသတ်မှတ်၍ တွက်ချက်လေ့လာကြသည်။ နိုင်ငံရေးကျွမ်းကျင်သူများသည် မဲဆွယ်ပွဲများတွင် မဲအနိုင်ရရှိရေး အတွက် မူဝါဒများကို ဖော်ထုတ်ပြသရန် နိုင်ငံရေးသမားများနှင့်ပူးပေါင်း အလုပ်လုပ်ကိုင်ကြသည်။ Legitimate Forms: Corrupt Forms: Who governs Rule in the interest of all Rule in the interest of selves One Monarch Tyranny Few Aristocracy Oligarchy Many Polity Democracy
  • 4.
    မင်းသေ့ 4 အဓိကဝေါဟာရများ နိုင်ငံရေးသိပ္ပံပညာရှင်များသည် အောက်ပါသဘောတရားများကို အဓိကအခြေခံထားကြ သည်။ -(Power) ပါဝါ၊ လိုချင်တာ ရအောင် လုပ်နိုင်စွမ်းသည် ပါဝါဖြစ်သည်။ ပါဝါကျင့်သုံးသူအပေါ် မူတည်၍ ပါဝါပုံစံများ ကွဲပြားလာပြီး အမျိုးအစားများများပြားလာသည်။ - (Government) အစိုးရ၊ လူမှုအသိုက်အဝန်းကြီး၏ ပါဝါအစုအဝေးသည် အစိုးရတွင်ရှိသည်။ အထူးသဖြင့် ဘယ်လိုပါဝါမျိုးကို အသုံးပြုမည်ဆိုသည်ကို ပြဌာန်းသတ်မှတ်ထားသည့် ယန္တရားကြီး ဖြစ်သည်။ ဥပမာ-အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပေဖြင့် အမေရိကန် အစိုးရကို ဒီမိုကရေစီဖြစ်စေသည်။ - (Regime) အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း၊ အစိုးရ၏အုပ်ချုပ်ပုံ၊ အုပ်ချုပ်သည့်နည်းစနစ်ကို Regime ဟုခေါ်သည်။ - (Legitimacy) တရားဝင်မှု၊ အုပ်ချုပ်ရေးယန္တရားသည် နိုင်ငံသားကို နိုင်ငံရေးအဆုံးအဖြတ်တွင် ပါဝင်ခြင်းကို လက်ခံမှု၊ လက်မခံမှုဖြင့် တရားဝင်မှုကို တိုင်းတာသည်။ နိုင်ငံသားများသည် ဥပဒေကိုလိုက်နာသည်၊ နိုင်ငံသားအဖြစ် မှန်ကန်စွာလုပ်ကိုင်နေသည်ဆိုလျှင် အာဏာကိုင် ထားသောအစိုးရသည် အဆိုပါနိုင်ငံသား၏ လုပ်ရပ်များကို တရားဝင်သည်ဟု သတ်မှတ် သည်။ - (Authority) အာဏာ၊ အစိုးရ၏အာဏာကျင့်သုံးနိုင်စွမ်းကို အာဏာဟုခေါ်သည်။ အာဏာတွင် ခြိမ်းခြောက်မှုများ ကင်းလွတ်ရမည်။ အမြင့်ဆုံးသောတရားဝင်မှုသည် အစိုးရကို အာဏာ အမြင့်ဆုံးဖြစ်စေသည်။ နိုင်ငံသားတစ်ဦးသည် ဥပဒေကို လေးစားလိုက်နာခြင်းသည် မှန်ကန် သောအရာကို ပြဌာန်းထားသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ဥပဒေကိုလေးစား လိုက်နာခြင်းသည် ပြစ်ဒဏ်ကိုကြောက်ရွံ့၍ လိုက်နာခြင်းတော့မဟုတ်ပေ။ - (Sovereignty) အချုပ်အခြာအာဏာ၊ ပထဝီနယ်နိမိတ်ဧရိယာအတွင်း နိုင်ငံရေးအာဏာ သက်ရောက်နိုင်မှုကို အချုပ်အခြာအာဏာဟုခေါ်သည်။ ပြည်သူလူထုနှင့်နိုင်ငံသားများက နိုင်ငံ၏အစိုးရကို အယုံအကြည်မရှိတော့လျှင် အစိုးရတွင်အချုပ်အခြာအာဏာမရှိတော့ပေ။ ဥပမာ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတော်အစိုးရသည် အာဏာအမြင့်ဆုံးဖြစ်သည်။ သို့သော် ပြည်နယ်အစိုးရများ၏ စုပေါင်းထောက်ခံမှုဖြင့် အစိုးရကို ဖြုတ်ချနိုင်သည်။
  • 5.
    မင်းသေ့ 5 အုပ်ချုပ်ပုံနည်းစနစ် နှင့် အာဏာကိုချုပ်ကိုင်ထားသောလူအရေအတွက် အုပ်ချုပ်မှုအမျိုးအစားအာဏာချုပ်ကိုင်ထားသော လူအရေအတွက် ဥပမာ သက်ဦးဆံပိုင်ဘုရင်စနစ် တစ်ဦးတည်း နီပေါ၊ဆော်ဒီအာရေဗျ၊ဂျော်ဒန်၊ဘရုနိုင်း၊ အလယ်ခေတ်အင်္ဂလန်နိုင်ငံ အာဏာရှင်စနစ် တစ်ဦးတည်း လစ်ဗျား၊ကျူးဘား၊ မြောက်ကိုရီးယား၊ နာဇီဂျာမနီ အီလစ်အုပ်ချုပ်ရေးစနစ် လူနည်းစု ရှေးစပါတာမြို့ပြနိုင်ငံ စုပေါင်းအာဏာရှင်စနစ် လူနည်းစု (သူကြွယ်များအုပ်စုဖွဲ့လေ့ရှိ) ရီနေးဆန့်ခေတ် ဗင်းနစ်မြို့ပြနိုင်ငံ ဒီမိုကရေစီစနစ် လူအများစု (ပြည်သူ့ကိုယ်စားပြု) အမေရိကန်နိုင်ငံ၊ ရှေးအေသင်မြို့ပြနိုင်ငံ အုပ်ချုပ်ပုံနည်းစနစ် နှင့် အစိုးရအာဏာ၏ အတိုင်းအတာ အုပ်ချုပ်မှုအမျိုးအစား အစိုးရအာဏာ၏အတိုင်းအတာ ဥပမာ အလုံးစုံအာဏာရှင် အလုံးစုံအာဏာကိုပိုင်ဆိုထား၊ ပြည်သူအားလုံး၏ဘဝကို ချုပ်ကိုင်ထား။ ဆိုဗီယက်ပြည်ထောင်စု၊ မြောက်ကိုရီးယား၊ နာဇီဂျာမနီ အာဏာရှင် အလုံးစုံအာဏာရှင်ထက်အာဏာနည်းပါး၊ သို့သော် ပြည်သူ့ဘဝအစိတ်အပိုင်းကြီး များကို လွှမ်းမိုးချုပ်ကိုင်ထား၊ တစ်ဦးတည်းသာ ဥပဒေကို ပြဌာန်းတတ်။ အမေရိကန်မကျူးကျော်မီ ၂၀၀၃ ခုနှစ်မတိုင်မီ အီရတ်နိုင်ငံ အာဏာရှင်လူတစ်စု အလုံးစုံအာဏာရှင်ထက်အာဏာနည်းပါး၊ သို့သော် နိုင်ငံသားများ၏လူနေမှုဘဝများ ကိုထိန်းချုပ်ထား၊ တစ်ခါတရံ ဥပဒေ ပြဌာန်းသူတစ်ဦးတည်းသာရှိတတ်၊ တရားရေးခုံသမာဓိခန့်ထားလေ့ရှိ။ တရုတ်၊ အီဂျစ် ဖွဲ့စည်းပုံအခြေခံအရ အစိုးရသူ အခြေခံဥပဒေအရကန့်သတ်၊ ပြဌာန်း ထား။ နိုင်ငံသားများ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ ကိုးကွယ်ခွင့်ရှိ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန် မင်းမဲ့စရိုက်ဆန်ဆန် အာဏာမရှိ၊ အစိုးရမရှိ၊ အစိုးရဩဇာ အာဏာသက်ရောက်မှုနည်းပါးစဉ် တွေ့ရတတ်။ ဆိုမာလီယာ
  • 6.
    မင်းသေ့ 6 အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်းအမျိုးအစားများသည် များစွာရှိနေသည်။ဥပမာ ဗြိတိန်တွင် စည်းမျဉ်းခံ ဘုရင် စနစ်ရှိသည်။ ထိုနေရာတွင် အယ်လိဇဘက်ဘုရင်မကြီးသည် ကန့်သတ်ခံထားရသောအာဏာကို ဆုပ်ကိုင်ထားသည်။ သီအိုရီအရ ဘုရင်မသည် အင်္ဂလန်၏နိုင်ငံဥသျှောင်ဖြစ်သည်။ သို့သော် အင်္ဂလိပ်တို့၏ ဘုရင်စနစ်သည် အခမ်းအနားများတွင်သာ ကြီးကျယ်မြင့်မားသည်။ တကယ်အုပ်ချုပ်မှု အစိုးရအာဏာသည် လွှတ်တော်တွင်သာရှိသည်။ ပါလီမန်သည် ဥပဒေပြုရာဌာနဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံသည် အလုံးစုံအာဏာရှင်စနစ်ကိုကျင့်သုံးခဲ့သည်။ ထိုအချိန်က ဟစ်တလာသည် နာဇီပါတီဖြင့် အစိုးရတစ်ရပ်လုံးနှင့် ဂျာမန်နိုင်ငံသားအားလုံးကို ထိန်းချုပ်ထားသည်။ ဒီမိုကရေစီ ဒီမိုကရေစီဟူသည့်ဝေါဟာရသည် ဂရိဘာသာစကား “ ဒီမို့ ” ဆိုသည့်စကားလုံးမှဆင်းသက် လာပြီး “ ပြည်သူ ” ဆိုသည့် အဓိပ္ပာယ်ကိုဆောင်သည်။ “ ကရေစီ” ဆိုသည့်ဝေါဟာရသည် “ အစိုးရခြင်း ” ဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ် များဖြင့် နိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးသို့ ဝင်ရောက်လာသော အစိုးရနှင့် လွှတ်တော်ကို ဒီမိုကရေစီ အုပ်ချုပ်နည်းဖြင့် အုပ်ချုပ်သောနိုင်ငံဟု ခေါ်ဆိုကြသည်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ပြည်သူ့ မှာ နိုင်ငံရေးအာဏာရှိသည်။ ဒီမိုကရေစီကို အမျိုးအစား(၂) မျိုးခွဲခြားထားသည်။ (၁) တိုက်ရိုက်ဒီမိုကရေစီ Direct Democracy (၂) ကိုယ်စားပြု ဒီမိုကရေစီ Representative Democracy စသည့် ဒီမိုကရေစီ မျိုးကွဲ (၂) မျိုးဖြစ်သည်။ (၁) တိုက်ရိုက်ဒီမိုကရေစီ; နိုင်ငံသားအားလုံး ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိသောသဘောရှိသည်။ ဥပဒေပြုခြင်း၊ စည်းမျဉ်း စည်းကမ်းများသတ်မှတ်ခြင်းနှင့် ရာထူးခန့်ထားခြင်းတို့ကို တစ်နေရာ တည်းတွင် စုပေါင်းမဲခွဲ၍ ဆုံးဖြတ်သောနည်းစနစ်ကို တိုက်ရိုက်ဒီမိုကရေစီဟု ခေါ်သည်။ အထူးသဖြင့် ရှေးခေတ်ဂရိမြို့ပြနိုင်ငံများတွင် ကျင့်သုံးခဲ့သည်။ တိုက်ရိုက်ဒီမိုကရေစီတွင် ရွေးကောက်ထားသော ကိုယ်စားလှယ်မှာ မရှိပေ။ ရွေးကောက်ခံကိုယ်စားလှယ်များလည်း မလိုအပ်ပေ။ ယနေ့ခေတ်တွင် လူထုဆန္ဒခံယူပွဲများများသည် တိုက်ရိုက်ဒီမိုကရေစီအသွင်မျိုးကို ဆောင်သည်။ (၂) ကိုယ်စားပြု ဒီမိုကရေစီ; နိုင်ငံသားများက တရားဝင်ရွေးကောက်ထားသော ကိုယ်စားလှယ်ဖြင့် အုပ်ချုပ်သူကို ရွေးကောက်တင်မြှောက်သောစနစ်ကို ကိုယ်စားပြုဒီမိုကရေစီဟုခေါ်သည်။ ပြည်သူ များက ကိုယ်စားလှယ်ကို ကြိုက်နှစ်သက်ခြင်းမရှိတော့လျှင် နောက်ထပ်ရွေးကောက်ပွဲတစ်ခုတွင်
  • 7.
    မင်းသေ့ 7 ကန့်ကွက်၍ အခြားကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ခန့်အပ်ခြင်းပြုနိုင်သည်။ကိုယ်စားပြု ဒီမိုကရေစီဖြင့် ရွေးကောက်ထားသောအစိုးရကို ပြည်သူ့အစိုးရဟု ခေါ်နိုင်သည်။ ပြည်သူ့အစိုးရ အုပ်ချုပ်နည်းစနစ်တွင် နိုင်ငံသားများက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားသည်။ ကိုယ်စားပြု ဒီမိုကရေစီစနစ်တွင် အဓိကအမျိုးအစား (၂) မျိုးရှိသည်။ (က) လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ Parliamentary Democracy (ပါလီမန်ဒီမိုကရေစီ) (ခ) သမ္မတဗဟိုပြု ဒီမိုကရေစီ Presidential Democracy ဟူ၍ ကိုယ်စားပြုဒီမိုကရေစီ စနစ် (၂) မျိုးရှိသည်။ ဒီမိုကရေစီနိုင်ငံများတွင် ပါလီမန်ဒီမိုကရေစီကို ပါလီမန်စနစ်ဟုခေါ်ဆို၍ သမ္မတဗဟိုပြု ဒီမိုကရေစီကို သမ္မတစနစ်ဟု အတိုကောက်ခေါ်ဆိုကြသည်။ (က) လွှတ်တော်ဗဟိုပြု ဒီမိုက်ရေစီ (ပါလီမန်ဒီမိုကရေစီ); ပါလီမန်ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများက ဥပဒေပြုမည့်ကိုယ်စားလှယ်များကို တရားဝင်ရွေးကောက်တင်မြှောက်ထား သည်။ ထိုသူများသည် ဥပဒေပြုလွှတ်တော်တွင် လွှတ်တော်အမတ်များဖြစ်လာကြပြီး ထိုဥပဒေပြု လွှတ်တော်အတွင်းရှိ အမတ်များထဲမှ အုပ်ချုပ်သူကို အရွေးကောက်ခံလွှတ်တော်အမတ်များကပင် ထပ်မံရွေးကောက်တင်မြှောက်သည်။ ထိုရွေးကောက်တင်မြှောက်သူသည် ဝန်ကြီးချုပ်ဖြစ်လာ သည်။ ထို့ကြောင့် ပါလီမန်ဒီမိုကရေစီစနစ်တွင် ဝန်ကြီးချုပ်သည် နိုင်ငံရေးဩဇာအာဏာ အမြင့်မားဆုံးဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် ဥပဒေပြုသူနှင့် အုပ်ချုပ်သူကို ပေါင်းစပ်ထား သည်။ ဥပမာ- ဥရောပတွင်ရှိသောဒီမိုကရေစီနိုင်ငံအများစုသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြ သည်။ ပါလီမန် ဒီမိုကရေစီစနစ်၏ အားသာချက်တစ်ခုသည် ပြည်သူလူထု၏ သဘောထားကို လျင်လျင်မြန်မြန်ထင်ဟပ်စေနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင် ဝန်ကြီးချုပ် သည် ပြည်သူ၏ ယုံကြည်မှုကို ဆုံးရှုံးသွားလျှင် ရွေးကောက်ပွဲအသစ်ကို ရုတ်တရက်ချက်ချင်း ပြုလုပ်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ လွှတ်တော်အတွင်း ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းနိုင်သည်။ ထိုအခါ လွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်ကြသည်။ အဆိုပါမဲကို အနိုင်ရ ရှိသွားလျှင် ဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်နိုင်သည်။ သို့သော် ပါလီမန်အစိုးရ စနစ်၏ အားနည်းချက်တစ်ခုကား အစိုးရတစ်ရပ် တည်ငြိမ်ရန် ခက်ခဲခြင်းပင်ဖြစ်သည်။ တိုင်းပြည် သည် အုပ်ချုပ်သူအစိုးရအပြောင်းအလဲကြောင့် နိုင်ငံအကျိုးစီးပွားကို အကောင်အထည်ဖော်သည့် နေရာများတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာနိုင်သည်။ အီတလီနိုင်ငံသည် ဒုတိယကမ္ဘာစစ်
  • 8.
    မင်းသေ့ 8 အတွင်း တစ်နှစ်တည်းနှင့် အစိုးရအပြောင်းအလဲကို(၁၅)ကြိမ်ပြောင်းလဲခဲ့သော သာဓကရှိခဲ့ သည်။ (ခ) သမ္မတဗဟိုပြု ဒီမိုကရေစီ (သမ္မတစနစ်); သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများသည် ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်သူအစိုးရကို ခွဲခြားရွေးချယ်သည်။ သမ္မတ စနစ်တွင် ဥပဒေပြုသူသည် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် အုပ်ချုပ်သူဖြစ်မလာနိုင်ပေ။ ဥပမာ - အမေရိကန်သည် သမ္မတစနစ်ကျင့်သုံးသောဒီမိုကရေစီနိုင်ငံဖြစ်သည်။ သမ္မတစနစ်တွင် ပြည်သူလူထု၏ သဘောထားသည် အစိုးရအပေါ် သက်ရောက်မှုနှေးကွေးသော်လည်း သမ္မတ စနစ်သည် ပါလီမန်စနစ်ထက် အစိုးရ တစ်ရပ်ကို တည်ငြိမ်မှု ပိုမိုပေးစွမ်းနိုင်သည်။ ဒီမိုကရေစီ၏ အားသာချက်၊ အားနည်းချက်များ ဒီမိုကရေစီ တိုက်ရိုက်ဒီမိုကရေစီ ကိုယ်စားပြုဒီမိုကရေစီ အားသာချက်များ အသန့်စင်ဆုံးသောဒီမိုကရေစီအစိုးရစနစ်၊ နိုင်ငံကြီးများတွင် သုံးနိုင်၊ နိုင်ငံသား တိုင်းသည်တစ်ဦးချင်းအကျိုးစီးပွားကို လုပ်ဆောင်ရန် အချိန်ပိုမိုရရှိ။ အားနည်းချက်များ မြို့ပြနိုင်ငံအဆင့်မှာသာသုံးနိုင်၊ လှုမှုအသိုင်းအဝန်းကြီးတစ်ခုလုံးထက် နိုင်ငံသားများ၏ လိုအင်အပေါ်တွင်သာ တစ်သတ်မတ်တည်းအာရုံစိုက်နေရ။ ပြည်သူလူထုသဘောထားတိုင်းကို တုံပြန်မှု နှေးနိုင်၊ တစ်ခါတစ်ရံ လူထု သဘောထားကို လျစ်လျူရှုခြင်းခံရ။ ဒီမိုကရေစီ၏ အဓိကလက္ခဏာများ သီအိုရီအရ၊ ဒီမိုကရေစီတိုင်းတွင် အခြေခံအင်္ဂါရပ်ကြီး(၄) ရပ်နှင့် ပြည့်စုံရမည်။  လုံခြုံရေး - နိုင်ငံသားတိုင်းကို ခြိမ်းခြောက်မှုပြုခြင်း၊ အန္တရာယ်ပြုခြင်းမှကာကွယ်ရန် ဆိုသည့် အချက်သည် ဒီမိုကရေစီအစိုးရတိုင်း၏ အဓိကတာဝန်ဖြစ်သည်။ နိုင်ငံသားများဟုဆိုရတွင် ပြည်တွင်းမှာ မှီတင်းနေထိုင်ကြသောလူမျိုးစုများအပါအဝင်၊ ပြည်ပရောက်မိမိနိုင်ငံသားများကို လည်း အကာအကွယ်ပေးနိုင်ရမည်ဖြစ်သည်။  လွတ်လပ်မှု - လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းပိုင်ခွင့်သည် လွတ်လပ်မှု၏ဘုံအနှစ်သာရပင်ဖြစ်သည်။ နိုင်ငံသားများသည် မှန်သည့်အရာကို လုပ်ကိုင်နေ သည်ဆိုလျှင် အစိုးရသည်နိုင်ငံသားများဆီမှ အခြေခံလွတ်လပ်ခွင့်များကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိချေ။ ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားများထံမှ ဒီမိုကရေစီစံနှုန်း
  • 9.
    မင်းသေ့ 9 အရသတ်မှတ်ထားသော အခြေခံအခွင့်အရေးများကို အစိုးရကမရယူနိုင်အောင် ကန့်သတ် ထားသည်။  နိုင်ငံရေးညီမျှမှု - နိုင်ငံသားအားလုံးတူညီသောအခွင့်အရေးများရရှိသင့်သည်။ ရွေးကောက်ပွဲ တွင် နိုင်ငံသားတစ်ဦးလျှင် ဆန္ဒမဲတစ်မဲသာပေးခွင့်ရှိရမည်။ ဥပဒေ၏အောက်တွင် နိုင်ငံသား အားလုံးသည် တန်းတူညီမျှသော အခွင့်အရေးနှင့် တာဝန်ယူမှုရှိစေရမည်။  ပြည်သူ့အာဏာ - ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အထွတ်အထိပ်သောအချုပ်အခြာ အာဏာ သည် ပြည်သူလူထုမှာသာရှိနေရမည်။ ပြည်သူသည် အစိုးရကို ရွေးချယ်ရမည်။ ပြည်သူသည် အစိုးရကို ဖြုတ်ချနိုင်ရမည်။ ထို့နောက် မိမိလိုလားလက်ခံနှစ်သက်သောအစိုးရကို ပြန်လည် ရွေးချယ်နိုင်စွမ်းရှိရမည်။ ပြည်သူသည်အစိုးရကို ပြောင်းလဲနိုင်စွမ်းရှိရမည်။ အမှန်တကယ်တွင် ဒီမိုကရေစီ၏အဓိကလက္ခဏာတိုင်းသည် အားလုံးတူညီစွာ အမြဲလိုလိုရရှိသည် တော့ မဟုတ်ပေ။ ဒီမိုကရေစီ၏အလုပ်သည် မျှတမှုကို ဖန်တီးရန်ပင်ဖြစ်သည်။ သို့သော် မျှတမှု သည်ပင် မမျှတမှုကို အထောက်အပံ့ပြုနေနိုင်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီစံနှုန်းများသည် တစ်ခုအားကောင်းလာလျှင် အခြားတစ်ခုသည် အားပျော့ ယုတ်လျော့လာနိုင်သော သဘောရှိ သည်။ လွတ်လပ်မှု နှင့် လုံခြုံရေး လွတ်လပ်မှုဟုဆိုရာတွင် အမေရိကန်နိုင်ငံ၏လွတ်လပ်မှုသည် အခြားနိုင်ငံများထက်ပိုမိုရရှိ သည်။ သို့သော် စက်တင်ဘာ ၁၁ တွင် အမေရိကန်နိုင်ငံအတွက် လုံခြုံရေးသည် လွတ်လပ်မှု ထက်ပိုမိုအရေးကြီးလာသည်။ ပိုမို အခရာကျလာသည်။ အစိုးရသည် လုံခြုံရေးကို တိုးမြှင့်လိုက် သည့်အတွက် လွတ်လပ်မှုကို ကန့်သတ်လိုက်သလိုဖြစ်သွားသည်။ ထိုဥပမာသည်ပင် ဒီမိုကရေစီ စံနှုန်းအချင်းချင်း အပြန်အလှန် ပြောင်းပြန်အထောက်အကူပြုနေခြင်း ဖြစ်သည်။ စံနှုန်းတစ်ခု အားကောင်းလာလျှင် အခြားသောစံနှုန်းတစ်ခုကို အကျိုးယုတ်လျော့စေသည်။ လုံခြုံရေးကို တိုးမြှင့် လိုက်ခြင်းအားဖြင့် လွတ်လပ်မှုလျော့ပါးသွားစေသောသဘောပင်ဖြစ်သည်။ နိုင်ငံရေးပါဝါအရင်းအမြစ် နိုင်ငံရေးပါဝါသည် ဘယ်ကလာသနည်း။ ပညာရှင်များသည် နိုင်ငံရေးပါဝါအရင်းအမြစ်သည် ပုံစံနှစ်မျိုးဖြင့် ဖွံ့ဖြိုး လာသည်ဟု ဆိုသည်။ (၁) အောက်မှအထက်သို့ (Percolation-up Model) - ပြည်သူလူထုဆီမှ လာသော နိုင်ငံရေး ပါဝါ ဖြစ်သည်။ ပြည်သူများသည် နိုင်ငံရေးပါဝါကို စုစည်းထားသည်။ နိုင်ငံသားများသည်
  • 10.
    မင်းသေ့ 10 နိုင်ငံရေးပါဝါကို ရွေးကောက်ပွဲများ ကျင်းပ၍သူတို့၏ခေါင်းဆောင်ဖြစ်သူထံပေးအပ် ကြ သည်။ ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်ပွဲများဖြင့် ခေါင်းဆောင် ဖြစ်သူထံသို့ နိုင်ငံရေး အာဏာအပ်နှင်းသည်။ ထိုကဲ့သို့ ပြည်သူလူထုဆီမှရွေးကောက်ခံ၍ နိုင်ငံရေးအာဏာရရှိ လာ သော ပုံစံကို Percolation-up Model ဟုခေါ်သည်။ (၂) အထက်မှအောက်သို့ (Drip-down Model) - ခေါင်းဆောင်တစ်ဦးထံမှလာသော နိုင်ငံရေးပါဝါအဖြစ်သည်။ထိုခေါင်းဆောင်သည် လူ့မှုအသိုက်အဝန်းကြီးတစ်ခုလုံးကို အမိန့်ပေး စေစားသည်။ ထိုပုံစံသည် နိုင်ငံသားများကို ရွေးကောက်ပွဲဖြင့် ခေါင်းဆောင်အသစ် ရွေးချယ် ခန့်အပ်ခြင်းကို ပြစ်ပယ်ထားသည်။ ထိုကဲ့သို့ ခေါင်းဆောက်တစ်ဦး တစ်ယောက်ထံမှ သော် လည်းကောင်း၊ စုပေါင်းခေါင်းဆောင်မှုပြုသော လူတစ်စုထံမှသော်လည်းကောင်းလာသော နိုင်ငံရေး အာဏာကို Drip-down Model ဟုခေါ်သည်။ လက်တွေ့ပုံစံ အမေရိကန်၏အာဏာဆင်းသက်လာပုံတွင် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုနှင့်ပက်သက်၍ Percolation-up Model နှင့် Drip-down Model ပါ (၂) မျိုးစလုံးတွေ့ရသည်။ အထူးသဖြင့် အာဖရိကန်-အမေရိကန်တို့၏ လှုပ်ရှားမှု ဖြစ်သည်။ အာဖရိကန်-အမေရိကန်နိုင်ငံသားများသည် အမေရိကန်နိုင်ငံတွင် ဒုတိယတန်းစားနိုင်ငံသားဖြစ်ခြင်း (Second-class Citizen) ကို ဆန့်ကျင်သည်။ ထိုသာဓကတွင် Percolation-up Model ဖြစ်သော အောက်မှအထက်သို့ အာဏာ ပြောင်းလဲလာပုံကို တွေ့ရသည်။ အမေရိကန်သမ္မတလင်ကွန်းလက်ထက်တွင် အမေရိကန်လူမည်းကျွန်များနှင့်ပက်သက် ၍ တောင်ခြမ်းနှင့် မြောက်ခြမ်း ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ လူထုလှုပ်ရှားမှုများကြောင့် အမေရိကန်၏ပြည်နယ် အစိုးရနှင့် ဗဟိုအစိုးရပါပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့ရသည်။ အောက်မှ လာသောလူမည်းလှုပ်ရှားမှုများကြောင့် အမေရိကန် ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများကို လူမည်း များနှင့် ပက်သက်သော ဥပဒေများ၊ တရားရေးဆိုင်ရာ စီရင်ထုံးများကို ပြင်ဆင်ပြောင်းလဲရန် အမိန့်ပေး သည်။ အာဖရိကန်-အမေရိကန်တို့ကို အမေရိကန်လူဖြူများနည်းတူ တန်းတူအခွင့်အရေးပေးသည်။ ပြည်နယ်အစိုးရများတွင် လူမည်းများနှင့်ပက်သက်သောဥပဒေများနှင့် တရားစီရင်ထုံးများကို ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ရသည်။ ထိုသာဓကတွင် အာဏာသက်ရောက်မှု ပုံစံများကို နှစ်မျိုးစလုံးတွေ့ရသည်။
  • 11.
    မင်းသေ့ 11 နိုင်ငံရေးဆိုင်ရာတရားဝင်မှုအရင်းအမြစ် အစိုးရတိုင်းသည် အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကိုအပြည့်အဝလုပ်နိုင်ရန် တရားဝင်မှုအပြည့်အဝ ရထားရန်လိုအပ်သည်။ အစိုးရသည် အာဏာကိုအပြည့်အဝအသုံးချရန်ဘယ်လိုလုပ်သနည်း။ နိုင်ငံသားများအား အစိုးရ၏ဥပဒေများကို လေးစားလိုက်နာရန်မည်သို့ပြုလုပ်သနည်း။ ထိုမေးခွန်းများ အတွက် ပညာရှင်များမှာ အဖြေရှိသည်။ ပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ တရားဝင်မှု အရင်း အမြစ်သည် များစွာသောအရင်းအမြစ်များမှ ဆင်းသက်လာသည်ဟု ကောက်ချက်ချကြသည်။ - ရိုးရာ - နိုင်ငံသားများတွင် ရှေးအစဉ်အဆက်ကတည်းက အစိုးရ၏အာဏာကို လေးစား လိုက်နာခဲ့သည့် အစဉ်အလာရိုးရာကြောင့် အစိုးရတွင် အာဏာရှိသည်။ ထိုကဲ့သို့ ရှေးအချိန် ကာလများစွာကတည်းကရှိနေပြီးသော ရိုးရာအစဉ်အလာကြောင့် အစိုးရ၏အာဏာသည် တရားဝင်သည်ဟု အသိအမှတ်ပြုကြသည်။ - အမူအကျင့် - လူအများစုသည် ဥပဒေကိုလေးစားလိုက်နာမှု မြင့်တက်လာခြင်းနှင့် လူတို့၏ ပင်ကိုယ်ဗီဇစိတ်အရ လေးစားလိုက်နာတတ်မှုဗီဇရှိခြင်း စသည့်အမူအကျင့်များကြောင့် အစိုးရ၏အာဏာသည် လူ့အမူအကျင့်မှလာသည်ဟု ဆိုနိုင်သည်။ - သမိုင်းကြောင်းအရ - လူများသည် နိုင်ငံ့သမိုင်းအဖြစ်အပျက်များကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ စူးဝင်နေခြင်းကြောင့်လည်း အစိုးရ၏အာဏာသည်စွဲခိုင်နေသည်ဟုဆိုနိုင်သည်။ အစိုးရ၏ အမိန့်များကို လိုက်နာခဲ့သည်ဆိုခဲ့သည့် သမိုင်းကြောင်းအဖြစ်အပျက်များအရ အစိုးရ၏ အာဏာသည် သမိုင်းအဖြစ်အပျက်များမှလာသည်ဟုဆိုနိုင်သည်။ ထို့ကြောင့် သမိုင်းသည် အစိုးရတစ်ရပ်အာဏာရခြင်းကို တရားဝင်ဖြစ်အောင် အထောက်အကူပြုသည့်အရာများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ - ဘာသာရေး - တခါတရံ အစိုးရကို လေးစားလိုက်နာခြင်းသည် ဘာသာရေးကိုးကွယ်မှုတစ်ခု သဏ္ဍာန်ထင်ရသော ပုံစံမျိုးကိုလည်းတွေ့ရသည်။ ထို့ကြောင့် ဘာသာရေးအရကိုးကွယ်သည့် စရိုက်သည် အစိုးရတစ်ရပ်ဆီသို့ အာဏာစီဆင်းသွားခြင်းနှင့်လည်း ဆက်စပ်သည်ဟု ယူဆရ သည်။ ဘာသာရေးအရ အစိုးရ၏အာဏာသည် တရားဝင်သည်ဟု သတ်မှတ်ကြသည်လည်း ရှိသည်။ ဥပမာ အီရန်သည် ဖွဲ့စည်းပုံအခြေခံအရဖြစ်လာသည့် အစ္စလာမ်မစ်သမ္မတနိုင်ငံဖြစ်သည်။ အီရန်၏ အုပ်ချုပ်ရေးယန္တရား တွင် ဘာသာရေးကို အကြောင်းပြု၍ အုပ်ချုပ်ရေးရာထူး တာဝန်များ ခန့်ထားခြင်းများရှိသည်။
  • 12.
    မင်းသေ့ 12 - လူမျိုးစုလက္ခဏာ -လူမျိုးစုတစ်ခုသည် နိုင်ငံတစ်ခုကိုဖြစ်စေသည်။ ထို့ကြောင့် အစိုးရတစ်ရပ် တည်ရှိနေခြင်းသည်လည်း လူမျိုးစုတစ်ရပ်ရှင်သန်ရပ်တည်နိုင်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ နိုင်ငံအတွင်း အင်အားကြီး လူမျိုးစုကကြီးစိုးထားသောအစိုးရတစ်ရပ်သည် အခြားသော လူမျိုးစုနွယ်များကို နိုင်ငံအတွင်း လူမျိုးစုအဖွဲ့ဝင်များ အဖြစ် အသိအမှတ်ခြင်းအားဖြင့် ထိုလူမျိုးစုကိုအုပ်ချုပ်ခွင့်ရစေသည်။ နိုင်ငံအတွင်းလူမျိုးစုများကို အကာအကွယ် ပေးနိုင်သော အစိုးရတစ်ရပ်အားကောင်းခြင်းသည် လူမျိုးစုလက္ခဏာများ တည်တံစေသော အကြောင်း အချက် ဖြစ်ခြင်းကြောင့် အစိုးရနှင့် လူမျိုးစုသည် အပြန်အလှန်အထောက်အကူပြုနေပေသည်။ အစိုးရသည် လူမျိုးစု တစ်ရပ်ကလက်ခံနေခြင်းကြောင့် တည်မြဲနေသလို လူမျိုးစုတစ်ရပ်သည် လည်း အစိုးရတည်ရှိနေခြင်းကြောင့် ရှင်သန်ရပ်တည်နေနိုင်ခြင်းမျိုးဖြစ်သည်။ အစိုးရသည် လူမျိုးရေးလက္ခဏာများကို လေးစားသကဲ့သို့ လူမျိုးစုများသည်လည်း အစိုးရ၏အာဏာကို လိုက်နာခြင်းသည် အညမညသဘောဆက်စပ်လျက်ရှိနေသည်။ လူမျိုးစုများ တည်တံ့နေခြင်း သည် အစိုးရကြောင့်… ဟူသည့် အသိမျိုးကိန်းအောင်းခြင်းကြောင့် အစိုးရတွင် အာဏာရှိခြင်း သည် တရားဝင်သည်ဟု သတ်မှတ်ကြသည်။ ဥပမာ အာရပ်ကမ္ဘာတွင် အီရတ်နိုင်ငံသည် ဥပမာကောင်းဖြစ်သည်။ အီရတ်တွင် ဆဒမ်ဟူစိန် ၏ ဆွမ်နီအစိုးရတည်ရှိနေခြင်း အာရပ်ကမ္ဘာတွင် ဆွမ်နီအာရပ်များတည်ရှိမှုကို အသိအမှတ် ပြုသကဲ့သို့ပင်ဖြစ်သည်။ - ရလဒ် - အစိုးရတစ်ရပ်သည် စစ်ပွဲတစ်ခုကို အနိုင်ရရှိခြင်းဖြင့်သော်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ခြင်းဖြင့်သော်လည်းကောင်း နိုင်ငံသားများ၏ယုံကြည်မှုကို ရရှိ၍ အစိုးရ၏အာဏာကို ခိုင်မြဲလာစေသည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်သောအစိုးရတွင် အာဏာကိုယုံယုံကြည်ကြည်ပေးအပ်ထားခြင်းသည် မှန်ကန်သည်ဆိုသည့် လက်ခံယုံကြည်မှု မျိုးကလည်း အစိုးရ၏အာဏာကို တရားဝင်ဖြစ်လာစေသည်။ - ရွေးကောက်ပွဲ - အစိုးရတစ်ရပ်သည် တရားဝင်ရွေးကောက်ပွဲဖြင့် အရွေးချယ်ခံ၍ အာဏာ ရရှိလာနိုင်သည်။ ရွေးကောက်ပွဲသည် အာဏာရလာသောအစိုးရကို နိုင်ငံသားများက မိမိတို့ကို ကိုယ်စားပြုသည်၊ မိမိတို့က ရွေးကောက်လိုက်သည် ဟု ယုံကြည်လာစေသည်။ ထို့ကြောင့် ရွေးကောက်ပွဲသည်လည်း အစိုးရ၏အာဏာ တရားဝင်ဖြစ်စေသောအကြောင်းများထဲမှ တစ်ခု ဖြစ်သည်။ - နိုင်ငံတကာအသိအမှတ်ပြုမှု - အခြားသောအစိုးရများက အသိအမှတ်ပြုခြင်းကြောင့် အစိုးရ တစ်ရပ်သည် နိုင်ငံအတွင်းနှင့် နိုင်ငံတကာတွင် တရားဝင်အစိုးရဖြစ်လာသည်။ တရားဝင်
  • 13.
    မင်းသေ့ 13 အစိုးရများကို နိုင်ငံတကာအသိုင်းအဝန်းက လက်ကမ်းကြိုဆိုသည်။ထို့ကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှုဖြင့် အစိုးရ၏အာဏာသည် တရားဝင် ဖြစ်လာသည်။ အခြားသောနိုင်ငံများ၏ အစိုးရများက နိုင်ငံတစ်နိုင်ငံအား နိုင်ငံဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကို နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိထားသောနိုင်ငံဟု ခေါ်သည်။ သို့မှသာ တရားဝင်နိုင်ငံဟု ကမ္ဘာက အသိအမှတ် ပြုသည်။ ဥပမာ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံအများစု၏အသိအမှတ်ပြုထောက်ခံမှုဖြင့် အာရပ်ကမ္ဘာ တွင် အစ္စရေးနိုင်ငံ သစ်ထွက်ပေါ်လာသည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံအဖြစ် တရားဝင် ဖြစ်လာသည်။ နိုင်ငံအများစုသည် အစ္စရေးလူမျိုးနှင့် အစ္စရေးအစိုးရကို အသိအမှတ်ပြု သော် လည်း အီရန်နိုင်ငံနှင့် အာရပ်နိုင်ငံအများစုက အရှေ့အလယ်ပိုင်းတွင် အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုသေးချေ။ အရှေ့အလယ်ပိုင်းသည် ကမ္ဘာအတွက် Global Hot Spot တစ်ခု ဖြစ်သည်ဟု ထင်မြင်ကြသည်။ - ဒုတိယ ဥပမာမှာ ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာသို့ ကြေညာသောအခါ အမေရိကန်နိုင်ငံသည် ၎င်းတရုတ်ပြည်မကြီးအား နိုင်ငံအဖြစ် သတ်မှတ်ခြင်း မပြုခဲ့ချေ။ ၁၉၇၁ခုနှစ်မှသာ အမေရိကန် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အသိအမှတ် ပြုခဲ့ပြီး ၎င်းတရုတ်နိုင်ငံသည်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၇၁ ခုနှစ်မတိုင်မီ က တရုတ်နိုင်ငံဟုပြောလျှင် ဖော်မိုဆာကျွန်းဟုခေါ်သော တရုတ်ထိုင်ဝမ်ကိုသာ တရုတ်နိုင်ငံ ဟု နိုင်ငံတကာက အသိအမှတ်ပြုကြသည်။ ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂတွင် တရုတ်ထိုင်ဝမ် နေရာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစားထိုး အသိအမှတ်ပြုလိုက်သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး၏လက်အောက်တွင် တည်ရှိနေမှုကို ရပ်စဲလိုက် ရသည်။ ယနေ့အချိန်အထိ ထိုင်ဝမ်ကျွန်းကို Nation-state အဖြစ်တည်ရှိ နေမှုကို အသိအမှတ်မပြုတော့ချေ။ အမေရိကန်သည် ထိုင်ဝမ်နိုင်ငံကိုအသိအမှတ် ပြုလျှင် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ဆက်ဆံရေးကို ထိခိုက်ဆုံးရှုံးသွားစေနိုင်၍ဖြစ်သည်။ ထိုင်ဝမ်ကျွန်းသည် အငြင်းပွားနိုင်စရာ အများဆုံးဖြစ်သည်။ သို့သော် လက်တွေ့အရ ထိုင်ဝမ် အစိုးရနှင့် ထိုင်ဝမ်လူထုသည် ထိုင်ဝမ်ကျွန်းတွင် နေထိုင်ရပ်တည်လျက်ရှိသည်။ တရုတ်သည် ထိုင်ဝမ်ကျွန်းကို စစ်ရေးအင်အားသုံး၍ ထိန်းချုပ်လျှင် မည်သည့်နိုင်ငံမှ အကူအညီပေးနိုင်မည် မဟုတ်ပေ။