SlideShare a Scribd company logo
1 of 5
Download to read offline
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
လိုက်ဘေးရီးယား
မင်းသေ့
ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ
သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု
အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော
အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
လိုက်ဘေးရီးယား
မင်းသေ့
ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ
သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု
အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော
အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
လိုက်ဘေးရီးယား
မင်းသေ့
ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ
သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု
အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော
အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။
အယ်ဒီတာ
မင်းသေ့
2
လိုက်ဘေးရီးယား (Liberia)
တည်နေရာ (Location)
လိုက်ဘေးရီးယားသည် အနောက်အာဖရိကတိုက်တွင် တည်ရှိ၍
ဆာဟာရဒေသ (သဲကန္တာရဒေသ)၏ တစ်စိတ်တစ်ပိုင်း နယ်မြေ
ဖြစ်သည်။ မြောက်အတ္တန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေပြီး နယ်နိ
မိတ်ထိစပ်နိုင်ငံ (၃) နိုင်ငံရှိသည်။ အိမ်နီးချင်းနိုင်ငံများမှာ -
- ဆီရာလီယွန်
- ဂီနီ နှင့်
- အိုင်ဗရီကို့(စ်) နိုင်ငံများဖြစ်သည်။
လိုက်ဘေးရီးယား၏ ဧရိယာသည် စတုရန်းမိုင် (၄၃,၀၀၀) မိုင်ရှိသည်။
သယံဇာတ (Natural resources)
လိုက်ဘေးရီးယားတွင် သံ၊ သတ္ထုရိုင်း၊ သစ်၊ စိန်နှင့် ရွှေ စသည့် သယံဇာတများထွက်ရှိသည်။
သမိုင်း
၁၈၄၇ လိုက်ဘေးရီးယား လွတ်လပ်ရေးရရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ (အမေရိကိုလိုက်ဘေးရီး
ယမ်း ဥပဒေ ဟု လူသိများ - Americo-Liberian Rule)
၁၉၇၁ William Tolbert (Junior) သမ္မတဖြစ်လာ
၁၉၈၀ Tolbert ကို လုပ်ကြံ၍ Samuel K. Doe အာဏာသိမ်း
၁၉၉၀ NPFL သူပုန်အဖွဲ့ဝင် ဂျွန်ဆင်က Samuel K. Doe ကို ထိန်းချုပ်
၁၉၉၀ - ၁၉၉၇ သူပုန်များနှင့် အာဏာရအစိုးရ ပြည်တွင်းစစ်ဖြစ်ပွားသော ကာလ၊ ECOWAS က ငြိမ်းချမ်း
ရေး သဘောတူညီမှုများရရှိအောင် ကူညီဆောင်ရွက်၊ လက်နက်ဖျက်သိမ်း၍ ငြိမ်းချမ်းရေး
လက်မှတ်ထိုးရန် ကြိုးစား…..
၁၉၉၇ ကုလသမဂ္ဂအကူအညီဖြင့် ရွေးကောက်ပွဲကျင်းပ၊ ချား(စ)တေလာ အနိုင်ရ၍ သမ္မတဖြစ်လာ
၂၀၀၂ ချား(စ)တေလာက အရေးပေါ်အခြေအနေ ကြေငြာ၊ အိမ်နီးချင်းနိုင်ငံများရှိ သူပုန်များနှင့်
စစ်ပွဲများဖြစ်ပွား
၂၀၀၃
ချား(စ)တေလာကို စစ်ရာဇဝတ်ကောင်အဖြစ် စွဲချက်တင်၊ ဩဂုတ်တွင် ပြည်နှင်ဒဏ်ပေး၊
ကုလသမဂ္ဂအကူအညီဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်၊
အောက်တိုဘာတွင် Gyude Bryant သမ္မတဖြစ်လာ
မင်းသေ့
3
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းကာလများ
၁၉၄၂ တွင် လိုက်ဘေးရီးယားသည် အမေရိကန်နှင့် ကာကွယ်ရေးပဋိညာဉ်စာချုပ် ချုပ်ဆိုသည်။ စာချုပ်တွင်
လိုက်ဘေးရီးယား၏ မဟာမိတ်များကို သဘာဝရာဘာကုန်ကြမ်းထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်။ ကမ္ဘာ
စစ်အတွင်း ရာဘာသည် မဟာဗျူဟာ ကုန်စည်တစ်ခုဖြစ်ခဲ့သည်။ အမေရိကန်အပါအဝင် ၎င်း၏ မဟာမိတ်များ
ကို ရာဘာကုန်ကြမ်းများ ပံ့ပိုးပေးရန် လိုက်ဘေးရီးယားက တာဝန်ယူခဲ့သည်။ ထို့အပြင် အမေရိကန်အတွက်
ထောက်ပို့ရေးလမ်းကြောင်းအသုံးပြုရန်နှင့် စစ်ဘက်သွားလာရေးလမ်းကြောင်းများလွယ်ကူစေရန် ဖြတ်သန်းခွင့်
ပြုခဲ့ရသည်။ စစ်အခြေစိုက်စခန်းများ တည်ဆောက်၍ အာဖရိကတိုက်ပွဲများကို အမေရိကန်များ အသာစီးရ
အောင် ကူညီပေးခဲ့ရသည်။ လိုက်ဘေးရီးယားသည် ပင်လယ်ကမ်းရိုးတန်းရှိနိုင်ငံဖြစ်သည့်အတွက် ရေလမ်း
အားသာချက်များကို အခြားသော အလယ်အာဖရိကနိုင်ငံများထက် ပိုမိုရရှိခဲ့သည်။ စာချုပ်ပါ
ကာကွယ်ရေးဧရိယာများတွင် အမေရိကန်က စစ်သုံးလေယာဉ်ကွင်းများတည်ဆောက်ရန်လည်း သဘောတူညီ
ခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် လိုက်ဘေးရီးယားတွင် အမေရိကန်တပ်သား ၅၀၀၀ ခန့် ထားရှိခဲ့သည်။ ထိုတပ်
သားများကို လိုက်ဘေးရီးယားရှိ အခြေခံအဆောက်အအုံများတည်ဆောက်ရေးတွင် အကူအညီပေးရန်
ရည်ရွယ်၍ ထားရှိခဲ့သည်။ အကြောင်းမှာ စစ်ကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို နိုင်ငံ့ဖွံ့
ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် အားဖြည့်ပေးရန် ဟုယူဆရသည်။ ဒုတိယကမ္ဘာစစ်အပြီး
အမေရိကိုလိုက်ဘေးရီးယမ် များသည် လိုက်ဘေးရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြု၍ စီးပွား
ရေးအကျိုးအမြတ်များနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လက်ဝါးကြီးအုပ်ကြီးစိုးခဲ့သည်။
Cold War (စစ်အေးကာလ)
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအတွင်း အမေရိကန်က အာဖရိကတွင် ဆိုဗီယက်ဩဇာလွှမ်းမိုးမှုကို
ခုခံနိုင်ရန် မူဝါဒများချမှတ်ခဲ့သည်။ လိုက်ဘေးရီးယား သမ္မတ Tubman က အဆိုပါ မူဝါဒကို သဘောတူညီခဲ့
သည်။ ထိုမူဝါဒကို အကောင်အထည်ဖော်ရန် လိုက်ဘေးရီးယားသည် အမေရိကန်ထံမှ ၁၉၄၆ မှ ၁၉၆၀ ခုနှစ်
အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့သည်။ ၁၉၆၂ မှ ၁၉၈၀ အတွင်း လိုက်ဘေးရီးယားကို
အမေရိကန်က ဒေါ်လာ သန်း ၂၈၀ ထောက်ပံ့ခဲ့သည်။
၁၉၇၀ ခုနှစ်၊ သမ္မတ Tolbert တက်လာ၍ အရှေ့အုပ်စုဖြစ်သော ဆိုဗီယက်ယူနီယံ၊ တရုတ်၊ ကျူးဘား စသည့်
ကွန်မြူနစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးလမ်းများ ခင်းခဲ့သည်။ ထိုမှစ၍ လိုက်ဘေးရီးယားသည် ပြည်တွင်း
စစ်အတွင်းသို့ တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။
မင်းသေ့
4
ပထမ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၈၉- ၁၉၉၆)
၁၉၈၀ နောက်ပိုင်း ဒူးအစိုးရအာဏာသိမ်းပြီးကာလများတွင် လိုက်ဘေးရီးယား၏ စီးပွားရေး အခြေအနေ
ကျဆင်းခဲ့သည်။ ထို့အတူ ဒူးအစိုးရကို ဆန့်ကျင်သည့် အုပ်စုများလည်း များသထက် များလာခဲ့သည်။ ဒူးသည်
ပြည်တွင်းဆန့်ကျင်ဘက်အုပ်စုများကို အမြဲတမ်းဖိနှိပ်ခဲ့သည်။ ဒူးသည် သူ၏ ဆန့်ကျင်ဘက်အုပ်စုများဖြစ်သည့်
ဂိုင်အိုနှင့် မန်နိုအုပ်စုများကို ဖိနှိပ်မှုပိုမို ပြင်းထန်ခဲ့သည်။
ချား(စ)တေလာနှင့် NPFL (၁၉၈၀ - ၁၉၈၉)
ချား(စ)တေလာကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဂိုလာလူမျိုးမိခင်နှင့် အမေရိကိုလိုက်ဘေးရီးယမ်းဖခင်
တို့မှ မွေးဖွားသည်။ တေလာသည် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်၊ ဝက်ဟမ်ရှိ Bentley College ၌
၁၉၇၂ မှ ၁၉၇၇ ခုနှစ်အထိ (၆) နှစ်ကြာ ပညာသင်ကြားခဲ့ပြီး စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ “ဒူးအစိုးရ”
အာဏာသိမ်းပြီးကာလနောက်ပိုင်း ၁၉၈၃ ခုနှစ်တွင် လိုက်ဘေးရီးယားအစိုးရက ဝရမ်းထုတ်၍ အစိုးရ၏
သံတမန်ရေးရာရန်ပုံငွေများ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရပြီး ၁၉၈၄ တွင် မန်ဆာချူးဆက်၌
ထောင်ကျခဲ့သည်။ ၁၉၈၅ တွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး လစ်ဗျားသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဂိုင်အိုနှင့်
မန်နိုမျိုးနွယ်စုများကို စုစည်းပြီး National Patriotic Front of Liberia (NPFL) ဆိုသည့် သူပုန်တပ်ဖွဲ့ကို
ဖွဲ့စည်းခဲ့သည်။
NPFL
NPFL ၏ ခေါင်းဆောင် ဂျွန်ဆင်သည် ဒူးအစိုးရကို အာဏာသိမ်းမှု ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်ရောက်မှ NPFL မှ
ချား(စ)တေလာသည် သမ္မတအဖြစ်ကို ရောက်ရှိခဲ့သည်။
ဒုတိယ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၉၇ - ၂၀၀၃)
၁၉၉၇ ရွေးကောက်ပွဲတွင် ချား(စ)တေလာသည် ၇၅.၃၃ %ဖြင့် သမ္မတဖြစ်လာခဲ့သည်။ ယူနတီပါတီ၏
ခေါင်းဆောင် အယ်လင် ဂျွန်ဆင်ဆာလိ(ဖ)သည် စုစုပေါင်းမဲ၏ ၉.၅၈ % သာရရှိခဲ့သည်။ တေလာ၏ National
Patriotic Party သည်အထက်လွှတ်တော်၏ နေရာ ၂၆ နေရာတွင် ၂၁ နေရာ အထိရရျှိခဲ့ပြီး၊ အောက်လွှတ်
တော်၏ ၆၄ နေရာတွင် ၄၉ နေရာရရှိခဲ့သည်။ ၁၉၉၇ ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတသော ရွေးကောက်
ပွဲဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း သမ္မတ ချား(စ)တောလာသည် ၎င်း၏ အာဏာစက်ကို ဖြန့်ကျက်နိုင်
သမျှ ဖြန့်ကျက်၍ အာဏာရှင်ရာထူးကို ကျင့်သုံးခဲ့သည်။ ချား(စ)တေလာ သမ္မတဖြစ်လာသောအခါ တေလာကို
ဆန့်ကျင်သည့် အစိုးရအရှိများသည် ရာထူးများမှ နှုတ်ထွက်၍ သူပုန်အဖွဲ့များထူထောင်ကာ ပြည်တွင်း
လက်နက်ကိုင်အဖွဲ့များအဖြစ် တေလာအစိုးရနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ အဆိုပါ အစိုးရအရာရှိဟောင်းများ
ဖွဲ့စည်းထားသည့် သူပုန်တပ်များသည်လည်း မိမိတို့လုပ်ပိုင်ခွင့်နှင့် အာဏာရရှိမှုကို တေလာက လက်ဝါးကြီး
အုပ်ခြင်းကြောင့်ဖြစ်သည်။ ထိုသူပုန်တပ်များရှိခေါင်းဆောင်များကို စစ်ခေါင်းဆောင်များဟု သတ်မှတ်သည်။
အစိုးရနှင့် သူပုန်တို့သည် မိမိ အကျိုးစီးပွားရရှိမှုကို လုယူရင်းဖြစ်ပွားသည့် စစ်ပွဲများပင် ဖြစ်သည်။
မင်းသေ့
5
လိုက်ဘေးရီးယားအမျိုးသမီးများ / Women of Liberia (2002)
၂၀၀၂ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ထိခိုက်နစ်နာရသော လိုက်ဘေးရီးယားပြည်သူများထဲမှ အမျိုးသမီး
တစ်စုသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ အဆိုပါ အမျိုးသမီးများသည် ပြည်တွင်းစစ်
ဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးသော ပြည်သူများ၊ စစ်ဒဏ်ကြောင့် ဒုက္ခိတဖြစ်သွားသော ပြည်သူများနှင့်
သေဆုံးသွားကြသည့် ပြည်သူများအပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများစသည့် အထွေထွေထိခိုက်
နာကျင်မှုများကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို ဆင်နွှဲခြင်းဖြစ်သည်။
ထိုအမျိုးသမီးများသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး
ကို မရောထွေးစေရန် အထူးသတိထားကြသည်။ လိုက်ဘေးရီးယားအမျိုးသမီးများက ဦးဆောင်ပြီး ပြည်တွင်း
ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် လက်နက်ဖျက်သိမ်းရေး စသည့် အရေးကိစ္စများကို
ဦးတည်လုပ်ဆောင်ရန် အစိုးရနှင့် စစ်သူပုန်အဖွဲ့များကို အကြမ်းမဖက်သောနည်းဖြင့် ဖိအားပေးခဲ့ကြသည်။
အမျိုးသမီးများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ခရစ်ယာန်အမျိုးသမီးများနှင့် မူဆလင်အမျိုးသမီးများ၏
ပေါင်းစည်းအင်အားကို ပြသခဲ့သည်။ ထို့အပြင် ဘာသာရေးဖြင့် အစိုးရကို ဖိအားပေးခဲ့သည်။ အစိုးရနှင့်
စစ်သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီချက်များ လုပ်ဆောင်ရန် လိုက်ဘေးရီးယားအမျိုးသမီးတစ်ရပ်လုံး
လိင်မှုဆိုင်ရာငြင်းဆန်မှုများကိုပင် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည်။ လိုက်ဘေးရီးယားအမျိုးသမီးများ
သည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အကြမ်းမဖက်သော နည်းနာပေါင်းစုံကို အသုံးပြု၍ လူထုဖိအားတစ်
ရပ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။
ငြိမ်းချမ်းရေးလှုပ်ရှားမှု အစမှာ အမျိုးသမီးခေါင်းဆောင် Leymah Gbowee ဦးဆောင်၍ ငါးဈေးတွင် အမျိုးသမီး
များစုဝေးကာ သမ္မတတေလာ အာရုံစိုက်လာအောင် လုပ်ဆောင်သည့် ဆန္ဒပြမှုမျိုးဖြင့် စတင်ခဲ့သည်။ ထိုမှ
အစပြု၍ လိုက်ဘေးရီးယားအမျိုးသမီးများ၏ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့သည်။
နိဂုံး
၂၀၀၃ ခုနှစ်တွင် ချား(စ)တေလာကို နိုင်ငံရေးခိုလှုံခွင့်ပေး၍ သမ္မတရာထူးမှ ဖြုတ်ချနိုင်ခဲ့သည်။ နိုင်ငံတကာ
အဖွဲ့အစည်းများ၏ အကူအညီဖြင့် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို ထူထောင်ပေးခဲ့ပြီး အဆိုပါ
အောင်မြင်မှုသည် လိုက်ဘေးရီးယားအမျိုးသမီးများ၏ အောင်ပွဲဖြစ်ခဲ့သည်။ ၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သော
ပြည်တွင်းစစ်ကို အမျိုးသမီးများ၏ ဦးဆောင်လှုပ်ရှားမှုဖြင့် ချုပ်ငြိမ်းစေခဲ့ပြီး နိုင်ငံ့၏ ပထမဆုံးအမျိုးသမီး သမ္မတ
ကို ရွေးကောက်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသမီးသမ္မတမှာ - အယ်လင်ဂျွန်ဆင်ဆာလိ(ဖ) ဖြစ်သည်။

More Related Content

Viewers also liked

Jss (letter 1) - copy
Jss (letter 1) - copyJss (letter 1) - copy
Jss (letter 1) - copyaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copyaungkokotoe
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copyaungkokotoe
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copyaungkokotoe
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 

Viewers also liked (16)

Jss (letter 12)
Jss (letter   12)Jss (letter   12)
Jss (letter 12)
 
Jss (letter 1) - copy
Jss (letter 1) - copyJss (letter 1) - copy
Jss (letter 1) - copy
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Jss (letter 6)
Jss (letter 6)Jss (letter 6)
Jss (letter 6)
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copy
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copy
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copy
 
Electronics law
Electronics lawElectronics law
Electronics law
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)aungkokotoe
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmaraungkokotoe
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your lifeaungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmar
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
 

Jss (letter 11)

  • 1. မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) လိုက်ဘေးရီးယား မင်းသေ့ ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) လိုက်ဘေးရီးယား မင်းသေ့ ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) လိုက်ဘေးရီးယား မင်းသေ့ ဤစာတမ်းငယ်သည် လိုက်ဘေးရီးယားနိုင်ငံအကြောင်းကို ရေးသားထားသော စာတမ်းငယ်တစ်စောင်ဖြစ်ပါ သည်။ စာတမ်းတွင် လိုက်ဘေးရီးယားနိုင်ငံ၏ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှု အဖြစ်အပျက်ကိုလည်း လေ့လာတင်ပြထားသည်ကိုတွေ့ရသည်။ လိုက်ဘေးရီးယားနိုင်ငံ အကြောင်းကို သဘော အကျဉ်းမျှ ရေးသား ပြုစုထားသည့် စာတမ်းငယ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။ အယ်ဒီတာ
  • 2. မင်းသေ့ 2 လိုက်ဘေးရီးယား (Liberia) တည်နေရာ (Location) လိုက်ဘေးရီးယားသည် အနောက်အာဖရိကတိုက်တွင် တည်ရှိ၍ ဆာဟာရဒေသ (သဲကန္တာရဒေသ)၏ တစ်စိတ်တစ်ပိုင်း နယ်မြေ ဖြစ်သည်။ မြောက်အတ္တန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေပြီး နယ်နိ မိတ်ထိစပ်နိုင်ငံ (၃) နိုင်ငံရှိသည်။ အိမ်နီးချင်းနိုင်ငံများမှာ - - ဆီရာလီယွန် - ဂီနီ နှင့် - အိုင်ဗရီကို့(စ်) နိုင်ငံများဖြစ်သည်။ လိုက်ဘေးရီးယား၏ ဧရိယာသည် စတုရန်းမိုင် (၄၃,၀၀၀) မိုင်ရှိသည်။ သယံဇာတ (Natural resources) လိုက်ဘေးရီးယားတွင် သံ၊ သတ္ထုရိုင်း၊ သစ်၊ စိန်နှင့် ရွှေ စသည့် သယံဇာတများထွက်ရှိသည်။ သမိုင်း ၁၈၄၇ လိုက်ဘေးရီးယား လွတ်လပ်ရေးရရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ (အမေရိကိုလိုက်ဘေးရီး ယမ်း ဥပဒေ ဟု လူသိများ - Americo-Liberian Rule) ၁၉၇၁ William Tolbert (Junior) သမ္မတဖြစ်လာ ၁၉၈၀ Tolbert ကို လုပ်ကြံ၍ Samuel K. Doe အာဏာသိမ်း ၁၉၉၀ NPFL သူပုန်အဖွဲ့ဝင် ဂျွန်ဆင်က Samuel K. Doe ကို ထိန်းချုပ် ၁၉၉၀ - ၁၉၉၇ သူပုန်များနှင့် အာဏာရအစိုးရ ပြည်တွင်းစစ်ဖြစ်ပွားသော ကာလ၊ ECOWAS က ငြိမ်းချမ်း ရေး သဘောတူညီမှုများရရှိအောင် ကူညီဆောင်ရွက်၊ လက်နက်ဖျက်သိမ်း၍ ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် ကြိုးစား….. ၁၉၉၇ ကုလသမဂ္ဂအကူအညီဖြင့် ရွေးကောက်ပွဲကျင်းပ၊ ချား(စ)တေလာ အနိုင်ရ၍ သမ္မတဖြစ်လာ ၂၀၀၂ ချား(စ)တေလာက အရေးပေါ်အခြေအနေ ကြေငြာ၊ အိမ်နီးချင်းနိုင်ငံများရှိ သူပုန်များနှင့် စစ်ပွဲများဖြစ်ပွား ၂၀၀၃ ချား(စ)တေလာကို စစ်ရာဇဝတ်ကောင်အဖြစ် စွဲချက်တင်၊ ဩဂုတ်တွင် ပြည်နှင်ဒဏ်ပေး၊ ကုလသမဂ္ဂအကူအညီဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်၊ အောက်တိုဘာတွင် Gyude Bryant သမ္မတဖြစ်လာ
  • 3. မင်းသေ့ 3 ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းကာလများ ၁၉၄၂ တွင် လိုက်ဘေးရီးယားသည် အမေရိကန်နှင့် ကာကွယ်ရေးပဋိညာဉ်စာချုပ် ချုပ်ဆိုသည်။ စာချုပ်တွင် လိုက်ဘေးရီးယား၏ မဟာမိတ်များကို သဘာဝရာဘာကုန်ကြမ်းထောက်ပံ့ပေးရန် သဘောတူညီခဲ့သည်။ ကမ္ဘာ စစ်အတွင်း ရာဘာသည် မဟာဗျူဟာ ကုန်စည်တစ်ခုဖြစ်ခဲ့သည်။ အမေရိကန်အပါအဝင် ၎င်း၏ မဟာမိတ်များ ကို ရာဘာကုန်ကြမ်းများ ပံ့ပိုးပေးရန် လိုက်ဘေးရီးယားက တာဝန်ယူခဲ့သည်။ ထို့အပြင် အမေရိကန်အတွက် ထောက်ပို့ရေးလမ်းကြောင်းအသုံးပြုရန်နှင့် စစ်ဘက်သွားလာရေးလမ်းကြောင်းများလွယ်ကူစေရန် ဖြတ်သန်းခွင့် ပြုခဲ့ရသည်။ စစ်အခြေစိုက်စခန်းများ တည်ဆောက်၍ အာဖရိကတိုက်ပွဲများကို အမေရိကန်များ အသာစီးရ အောင် ကူညီပေးခဲ့ရသည်။ လိုက်ဘေးရီးယားသည် ပင်လယ်ကမ်းရိုးတန်းရှိနိုင်ငံဖြစ်သည့်အတွက် ရေလမ်း အားသာချက်များကို အခြားသော အလယ်အာဖရိကနိုင်ငံများထက် ပိုမိုရရှိခဲ့သည်။ စာချုပ်ပါ ကာကွယ်ရေးဧရိယာများတွင် အမေရိကန်က စစ်သုံးလေယာဉ်ကွင်းများတည်ဆောက်ရန်လည်း သဘောတူညီ ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် လိုက်ဘေးရီးယားတွင် အမေရိကန်တပ်သား ၅၀၀၀ ခန့် ထားရှိခဲ့သည်။ ထိုတပ် သားများကို လိုက်ဘေးရီးယားရှိ အခြေခံအဆောက်အအုံများတည်ဆောက်ရေးတွင် အကူအညီပေးရန် ရည်ရွယ်၍ ထားရှိခဲ့သည်။ အကြောင်းမှာ စစ်ကြောင့် ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို နိုင်ငံ့ဖွံ့ ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေးအတွက် အားဖြည့်ပေးရန် ဟုယူဆရသည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကိုလိုက်ဘေးရီးယမ် များသည် လိုက်ဘေးရီးယား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အကြောင်းပြု၍ စီးပွား ရေးအကျိုးအမြတ်များနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လက်ဝါးကြီးအုပ်ကြီးစိုးခဲ့သည်။ Cold War (စစ်အေးကာလ) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအတွင်း အမေရိကန်က အာဖရိကတွင် ဆိုဗီယက်ဩဇာလွှမ်းမိုးမှုကို ခုခံနိုင်ရန် မူဝါဒများချမှတ်ခဲ့သည်။ လိုက်ဘေးရီးယား သမ္မတ Tubman က အဆိုပါ မူဝါဒကို သဘောတူညီခဲ့ သည်။ ထိုမူဝါဒကို အကောင်အထည်ဖော်ရန် လိုက်ဘေးရီးယားသည် အမေရိကန်ထံမှ ၁၉၄၆ မှ ၁၉၆၀ ခုနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့သည်။ ၁၉၆၂ မှ ၁၉၈၀ အတွင်း လိုက်ဘေးရီးယားကို အမေရိကန်က ဒေါ်လာ သန်း ၂၈၀ ထောက်ပံ့ခဲ့သည်။ ၁၉၇၀ ခုနှစ်၊ သမ္မတ Tolbert တက်လာ၍ အရှေ့အုပ်စုဖြစ်သော ဆိုဗီယက်ယူနီယံ၊ တရုတ်၊ ကျူးဘား စသည့် ကွန်မြူနစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးလမ်းများ ခင်းခဲ့သည်။ ထိုမှစ၍ လိုက်ဘေးရီးယားသည် ပြည်တွင်း စစ်အတွင်းသို့ တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။
  • 4. မင်းသေ့ 4 ပထမ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၈၉- ၁၉၉၆) ၁၉၈၀ နောက်ပိုင်း ဒူးအစိုးရအာဏာသိမ်းပြီးကာလများတွင် လိုက်ဘေးရီးယား၏ စီးပွားရေး အခြေအနေ ကျဆင်းခဲ့သည်။ ထို့အတူ ဒူးအစိုးရကို ဆန့်ကျင်သည့် အုပ်စုများလည်း များသထက် များလာခဲ့သည်။ ဒူးသည် ပြည်တွင်းဆန့်ကျင်ဘက်အုပ်စုများကို အမြဲတမ်းဖိနှိပ်ခဲ့သည်။ ဒူးသည် သူ၏ ဆန့်ကျင်ဘက်အုပ်စုများဖြစ်သည့် ဂိုင်အိုနှင့် မန်နိုအုပ်စုများကို ဖိနှိပ်မှုပိုမို ပြင်းထန်ခဲ့သည်။ ချား(စ)တေလာနှင့် NPFL (၁၉၈၀ - ၁၉၈၉) ချား(စ)တေလာကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဂိုလာလူမျိုးမိခင်နှင့် အမေရိကိုလိုက်ဘေးရီးယမ်းဖခင် တို့မှ မွေးဖွားသည်။ တေလာသည် အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်၊ ဝက်ဟမ်ရှိ Bentley College ၌ ၁၉၇၂ မှ ၁၉၇၇ ခုနှစ်အထိ (၆) နှစ်ကြာ ပညာသင်ကြားခဲ့ပြီး စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ “ဒူးအစိုးရ” အာဏာသိမ်းပြီးကာလနောက်ပိုင်း ၁၉၈၃ ခုနှစ်တွင် လိုက်ဘေးရီးယားအစိုးရက ဝရမ်းထုတ်၍ အစိုးရ၏ သံတမန်ရေးရာရန်ပုံငွေများ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရပြီး ၁၉၈၄ တွင် မန်ဆာချူးဆက်၌ ထောင်ကျခဲ့သည်။ ၁၉၈၅ တွင် ထောင်မှ လွတ်မြောက်ခဲ့ပြီး လစ်ဗျားသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဂိုင်အိုနှင့် မန်နိုမျိုးနွယ်စုများကို စုစည်းပြီး National Patriotic Front of Liberia (NPFL) ဆိုသည့် သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ NPFL NPFL ၏ ခေါင်းဆောင် ဂျွန်ဆင်သည် ဒူးအစိုးရကို အာဏာသိမ်းမှု ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်ရောက်မှ NPFL မှ ချား(စ)တေလာသည် သမ္မတအဖြစ်ကို ရောက်ရှိခဲ့သည်။ ဒုတိယ လိုက်ဘေးရီးယား ပြည်တွင်းစစ် (၁၉၉၇ - ၂၀၀၃) ၁၉၉၇ ရွေးကောက်ပွဲတွင် ချား(စ)တေလာသည် ၇၅.၃၃ %ဖြင့် သမ္မတဖြစ်လာခဲ့သည်။ ယူနတီပါတီ၏ ခေါင်းဆောင် အယ်လင် ဂျွန်ဆင်ဆာလိ(ဖ)သည် စုစုပေါင်းမဲ၏ ၉.၅၈ % သာရရှိခဲ့သည်။ တေလာ၏ National Patriotic Party သည်အထက်လွှတ်တော်၏ နေရာ ၂၆ နေရာတွင် ၂၁ နေရာ အထိရရျှိခဲ့ပြီး၊ အောက်လွှတ် တော်၏ ၆၄ နေရာတွင် ၄၉ နေရာရရှိခဲ့သည်။ ၁၉၉၇ ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတသော ရွေးကောက် ပွဲဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း သမ္မတ ချား(စ)တောလာသည် ၎င်း၏ အာဏာစက်ကို ဖြန့်ကျက်နိုင် သမျှ ဖြန့်ကျက်၍ အာဏာရှင်ရာထူးကို ကျင့်သုံးခဲ့သည်။ ချား(စ)တေလာ သမ္မတဖြစ်လာသောအခါ တေလာကို ဆန့်ကျင်သည့် အစိုးရအရှိများသည် ရာထူးများမှ နှုတ်ထွက်၍ သူပုန်အဖွဲ့များထူထောင်ကာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့များအဖြစ် တေလာအစိုးရနှင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ အဆိုပါ အစိုးရအရာရှိဟောင်းများ ဖွဲ့စည်းထားသည့် သူပုန်တပ်များသည်လည်း မိမိတို့လုပ်ပိုင်ခွင့်နှင့် အာဏာရရှိမှုကို တေလာက လက်ဝါးကြီး အုပ်ခြင်းကြောင့်ဖြစ်သည်။ ထိုသူပုန်တပ်များရှိခေါင်းဆောင်များကို စစ်ခေါင်းဆောင်များဟု သတ်မှတ်သည်။ အစိုးရနှင့် သူပုန်တို့သည် မိမိ အကျိုးစီးပွားရရှိမှုကို လုယူရင်းဖြစ်ပွားသည့် စစ်ပွဲများပင် ဖြစ်သည်။
  • 5. မင်းသေ့ 5 လိုက်ဘေးရီးယားအမျိုးသမီးများ / Women of Liberia (2002) ၂၀၀၂ ခုနှစ်တွင် ပြည်တွင်းစစ်ဒဏ်ကြောင့် ထိခိုက်နစ်နာရသော လိုက်ဘေးရီးယားပြည်သူများထဲမှ အမျိုးသမီး တစ်စုသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ အဆိုပါ အမျိုးသမီးများသည် ပြည်တွင်းစစ် ဒဏ်ကြောင့် ငတ်မွတ်ခေါင်းပါးသော ပြည်သူများ၊ စစ်ဒဏ်ကြောင့် ဒုက္ခိတဖြစ်သွားသော ပြည်သူများနှင့် သေဆုံးသွားကြသည့် ပြည်သူများအပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများစသည့် အထွေထွေထိခိုက် နာကျင်မှုများကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ရပ်ကို ဆင်နွှဲခြင်းဖြစ်သည်။ ထိုအမျိုးသမီးများသည် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကို မရောထွေးစေရန် အထူးသတိထားကြသည်။ လိုက်ဘေးရီးယားအမျိုးသမီးများက ဦးဆောင်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် လက်နက်ဖျက်သိမ်းရေး စသည့် အရေးကိစ္စများကို ဦးတည်လုပ်ဆောင်ရန် အစိုးရနှင့် စစ်သူပုန်အဖွဲ့များကို အကြမ်းမဖက်သောနည်းဖြင့် ဖိအားပေးခဲ့ကြသည်။ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ခရစ်ယာန်အမျိုးသမီးများနှင့် မူဆလင်အမျိုးသမီးများ၏ ပေါင်းစည်းအင်အားကို ပြသခဲ့သည်။ ထို့အပြင် ဘာသာရေးဖြင့် အစိုးရကို ဖိအားပေးခဲ့သည်။ အစိုးရနှင့် စစ်သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီချက်များ လုပ်ဆောင်ရန် လိုက်ဘေးရီးယားအမျိုးသမီးတစ်ရပ်လုံး လိင်မှုဆိုင်ရာငြင်းဆန်မှုများကိုပင် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည်။ လိုက်ဘေးရီးယားအမျိုးသမီးများ သည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အကြမ်းမဖက်သော နည်းနာပေါင်းစုံကို အသုံးပြု၍ လူထုဖိအားတစ် ရပ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှု အစမှာ အမျိုးသမီးခေါင်းဆောင် Leymah Gbowee ဦးဆောင်၍ ငါးဈေးတွင် အမျိုးသမီး များစုဝေးကာ သမ္မတတေလာ အာရုံစိုက်လာအောင် လုပ်ဆောင်သည့် ဆန္ဒပြမှုမျိုးဖြင့် စတင်ခဲ့သည်။ ထိုမှ အစပြု၍ လိုက်ဘေးရီးယားအမျိုးသမီးများ၏ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ နိဂုံး ၂၀၀၃ ခုနှစ်တွင် ချား(စ)တေလာကို နိုင်ငံရေးခိုလှုံခွင့်ပေး၍ သမ္မတရာထူးမှ ဖြုတ်ချနိုင်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ်ကို ထူထောင်ပေးခဲ့ပြီး အဆိုပါ အောင်မြင်မှုသည် လိုက်ဘေးရီးယားအမျိုးသမီးများ၏ အောင်ပွဲဖြစ်ခဲ့သည်။ ၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အမျိုးသမီးများ၏ ဦးဆောင်လှုပ်ရှားမှုဖြင့် ချုပ်ငြိမ်းစေခဲ့ပြီး နိုင်ငံ့၏ ပထမဆုံးအမျိုးသမီး သမ္မတ ကို ရွေးကောက်နိုင်ခဲ့သည်။ အဆိုပါ အမျိုးသမီးသမ္မတမှာ - အယ်လင်ဂျွန်ဆင်ဆာလိ(ဖ) ဖြစ်သည်။