More Related Content
More from aungkokotoe (20)
Jss (letter 1) - copy
- 1. 1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး အကူးအပြောင်း
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို တစ်စိတ်တစ်ပိုင်း ပုံဖော် ဖွင့်လှစ်ပြသည့် ဆောင်းပါး ဖြစ်
သည်။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် သတိထားစရာ အချက်များနှင့် အခြေခံအုတ်မြစ်အမြစ်အဖြစ်
တည်ဆောက်ရမည့် အရာများကို အကြံပေးတင်ပြထားသည်။
စာရေးသူ၏ အတ္တနောမတိများဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဆင်ခြင်စဉ်းစားနိုင်ရန် သဘောတရားများ
ကို ရဲဝံ့စွာတင်ပြထားသည်ကိုလည်း တွေ့ရသည်။ အတိတ်ကို တို့ထိထားသလို အနာဂတ်ကို ရှုမျှော်ရန် အထူး
အရေးကြီးကြောင်းကို ရေးသားတင်ပြထားသည့် နိုင်ငံရေးဆောင်းပါး တစ်ပုဒ်ဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး အကူးအပြောင်း
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို တစ်စိတ်တစ်ပိုင်း ပုံဖော် ဖွင့်လှစ်ပြသည့် ဆောင်းပါး ဖြစ်
သည်။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် သတိထားစရာ အချက်များနှင့် အခြေခံအုတ်မြစ်အမြစ်အဖြစ်
တည်ဆောက်ရမည့် အရာများကို အကြံပေးတင်ပြထားသည်။
စာရေးသူ၏ အတ္တနောမတိများဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဆင်ခြင်စဉ်းစားနိုင်ရန် သဘောတရားများ
ကို ရဲဝံ့စွာတင်ပြထားသည်ကိုလည်း တွေ့ရသည်။ အတိတ်ကို တို့ထိထားသလို အနာဂတ်ကို ရှုမျှော်ရန် အထူး
အရေးကြီးကြောင်းကို ရေးသားတင်ပြထားသည့် နိုင်ငံရေးဆောင်းပါး တစ်ပုဒ်ဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး အကူးအပြောင်း
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို တစ်စိတ်တစ်ပိုင်း ပုံဖော် ဖွင့်လှစ်ပြသည့် ဆောင်းပါး ဖြစ်
သည်။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် သတိထားစရာ အချက်များနှင့် အခြေခံအုတ်မြစ်အမြစ်အဖြစ်
တည်ဆောက်ရမည့် အရာများကို အကြံပေးတင်ပြထားသည်။
စာရေးသူ၏ အတ္တနောမတိများဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဆင်ခြင်စဉ်းစားနိုင်ရန် သဘောတရားများ
ကို ရဲဝံ့စွာတင်ပြထားသည်ကိုလည်း တွေ့ရသည်။ အတိတ်ကို တို့ထိထားသလို အနာဂတ်ကို ရှုမျှော်ရန် အထူး
အရေးကြီးကြောင်းကို ရေးသားတင်ပြထားသည့် နိုင်ငံရေးဆောင်းပါး တစ်ပုဒ်ဖြစ်သည်။
အယ်ဒီတာ
- 2. 2
မြန်မာ့နိုင်ငံရေးအကူးအပြောင်း
ကူးလိုက် ပြောင်းလိုက်
မြန်မာ့နိုင်ငံရေးသည် အကူးအပြောင်းများသည်။ ၁၉၄၈ ကာလမှစ၍ ပြောင်းလိုက်သော အကူးအပြောင်းတို့သည်
ယနေ့အထိပင်ဖြစ်သည်။ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၁၀ စသည့် ခုနှစ်များအလိုက် အသွင်အမျိုးမျိုး ကူးကြ
ပြောင်းကြသည်။ မြန်မာအဖို့ အပြောင်းအလဲနှင့် ယဉ်ပါးနေသည်ဟုပင် ထင်နိုင်စရာရှိသည်။ သို့သော် ထိုသို့ မဟုတ်။
အသွင်ကူးပြောင်းရေးသည် သိမ်မွေ့သည်။ နက်နဲသည်။ အထူးသဖြင့် နိုင်ငံရေးအကူးအပြောင်းတို့သည် ပိုမိုနက်နဲ
သိမ်မွေ့တတ်သော သဘောရှိသည်။
ဆင့်ကဲအပြောင်းအလဲ
အသွင်ကူးပြောင်းရေးကို အဖက်ဖက်မှ ပြုပြင်ပြောင်းလဲရသော သဘောရှိသည်။ ဘက်ပေါင်းစုံမှ ပြုပြင်ခြင်းသည်
ဆင့်ကဲပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် အလုံးစုံ အသွင်ကူးပြောင်းရေးအဆင့်သို့ ရောက်ရှိနိုင်သည်။ မြန်မာတွင်
အကူးအပြောင်းအကြား တည်ငြိမ်မှုဖြင့် ဖြတ်သန်းနိုင်ရန် အထူးလိုအပ်သည်။ တည်တည်ငြိမ်ငြိမ်ဖြင့် မပြောင်းနိုင်က
ပြည်သူတို့ကို ခံစားမှု ကြမ်းကြမ်းရစေနိုင်သည်။ အသွင်ကူးပြောင်းရေးကာလတွင် အများအားဖြင့် ပဋိပက္ခအမျိုးမျိုး
ဖြင့် ကြုံရတတ်သည်။ လူအုပ်ချုပ်သော နိုင်ငံရေးစနစ်မှ ဥပဒေအုပ်ချုပ်သော နိုင်ငံရေးစနစ်သို့ အသွင်ကူးပြောင်းရာ
တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ဆင့်ကဲအသွင်ပြောင်းနိုင်မှသာ များစွာကောင်းမွန်နိုင်သည်။
ဘယ်မူသို့ပြောင်း
လူမှ မူသို့ အသွင်ကူးပြောင်းခြင်းကို ဒီမိုကရက်တိုက်ဇေးရှင်းဟု ခေါ်သည်။ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ကို အဓိက
ပြောင်းလဲခြင်းဖြင့် နိုင်ငံ၏ စနစ်ကို ပြောင်းသည်။ ဒီမိုကရက်တိုက်ဇေးရှင်၌ နိုင်ငံရေးတွင် ဒီမိုကရေစီဖြစ်၍ စီးပွားရေး
တွင် ဈေးကွက်ဖြစ်သည်။ ဒီမိုကရက်တိုက်ဇေးရှင်းကို လေ့လာရန်ကား ဘယ်လိုဒီမိုကရေစီနှင့် ဘယ်လိုဈေးကွက်
ဟူသည်ကို အထူးပြုလေ့လာရန်ပင်ဖြစ်သည်။
ဒီမိုကရေစီတွင် မျိုးကွဲပေါင်းများစွာရှိသည်။ ခေတ်သစ်ကာလတွင် ဒီမိုကရေစီသည် ပုံပြောင်းလာသည်။ အထူးသဖြင့်
စစ်ဘက်အာဏာရှင်နိုင်ငံများမှတစ်ဆင့် အသွင်ပြောင်းလာသည့် ဒီမိုကရေစီစနစ်များကို သတိထား၍ လေ့လာသင့်
သည်။ ဤအချက်သည် စပ်ကြား ဒီမိုကရေစီများ ပေါ်ထွက်လာခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ စပ်ကြား
အစိုးရစနစ်များတွင် အမျိုးမျိုးအစားစားရှိသည်။
- Illiberal Democracy
- Semi-authoritarianism
- Competitive authoritarianism
- 3. 3
- Electoral Democracy
အစရှိသဖြင့် စပ်ကြားဒီမိုကရေစီများ ပေါ်ထွက်လာခဲ့သည်။ ဤသို့ပေါ်ထွက်လာရခြင်းသည်ပင် ဒီမိုကရေစီ
ပရိုမိုးရှင်းကို တစ်စုံတစ်ရာ ပုံပျက်စေခြင်း အကြောင်းဖြစ်တန်ရာသည်။
ဒီမိုကရေစီနှင့် ယှဉ်ဘက် စီးပွားရေး စနစ်ကား ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်။ ဈေးကွက်စီးပွားရေးတွင်လည်း
ဒီမိုကရေစီကဲ့သို့ မျိုးကွဲများ ပေါ်ထွက်လာသည်။ ဈေးကွက်စီးပွားရေးစစ်စစ် ကျင့်သုံးသည့် စနစ်သည် လွန်စွာရှား
သည်။ ဈေးကွက်ကို တိုင်းတာရာတွင် ဓနရှာဖွေမှုနယ်ပယ်၌ အစိုးရ၏ ပါဝင်မှု (တနည်း) အစိုးရ၏ စွက်ဖက်မှုဟူ
သည့် ပေတံဖြင့် တိုင်းတာသည်။
ဥပမာအားဖြင့် - တရုတ်သည် တစ်နိုင်ငံ စနစ်နှစ်နှစ်မျိုးဖြင့် သွားသည်။ နိုင်ငံရေးစနစ်တွင် ကွန်မြူနစ်
အိုင်ဒီယော်လိုဂျီကို ဆုပ်ကိုင်၍ စီးပွားရေးတွင် ဈေးကွက်ကို ပီပြင်အောင် အကောင်အထည်ဖော်သည်။ ဗီယက်နမ်
သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံ၏ စီးပွာရေးစနစ်သည် ကိန်း၏ စီးပွားရေး
စနစ်ဖြင့် ပို၍ နီးသည်။ ထို့ကြောင့် ဗီယက်နမ်ကို State Capitalism ကျင့်သုံးသည်ဟု မှတ်ချက်ပြုကြသည်။
စစ်ဘက်ကဏ္ဍ
ဒီမိုကရက်တိုက်ဇေးရှင်းသို့ အသွင်ကူးပြောင်းရေးတွင် စစ်ဘက်အရပ်ဘက် အနေအထားကို ဂရုတစိုကလေ့လာရန်
လိုသည်။ စစ်ဘက် အရပ်ဘက်သဘောကို ကောင်းစွာ မကြေညက်ပါက တည်ငြိမ်စွာ အသွင်ကူးပြောင်းရန် များစွာ
ခက်ခဲတတ်သည်။ များသောအားဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းတွင် စစ်ဘက်၊ အရပ်ဘက် နှင့် ပါတီ ဟူသည့် ထောင့်
သုံးထောင့်မှ ကြည့်ရန်လိုသည်။ အရပ်ဘက်တွင် လူထုပါဝင်သလို အရပ်သားအစိုးရ၏ အခန်းကဏ္ဍသည် များစွာ
ပါဝင်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ အနေအထားတွင် နိုင်ငံရေးရှုထောင့်မှ ကြည့်လျှင် စစ်ဘက်၊
အရပ်ဘက်နှင့် ပါတီ ဟူ၍ ကဏ္ဍသုံးခု ခွဲ၍ ကြည့်ရန်လိုသည်။ စီးပွားရေးတွင် ဈေးကွက်သရုပ်ကို မည့်သည့် အတိုင်း
အတာအထိ အဖော်ဆောင်နိုင်ခြင်း အပေါ်မူတည်သည်။
မြန်မာ့ဒီမိုကရေစီရေးတွင် စစ်ဘက်၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမှ ပြည့်စုံမှန်ကန်မည်။ စစ်ဘက်ကို ကြဉ်၍
စဉ်းစားလို့ မရ။ ခဏအသာဖယ်ထား၍ စဉ်းစားလျှင်လည်း မရချေ။ စစ်ဘက်သည် နိုင်ငံအတွက် အရေးကြီးသလို
နိုင်ငံရေးကို များစွာ လှုပ်ခါနိုင်သော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ စစ်ဘက်အခန်းကဏ္ဍသည် ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးတွင် မည်ကဲ့သို့သော အနေအထားတွင် ပါဝင်နေသနည်း။ အဆိုပါမေးခွန်းကို ဖြေရန် လေ့လာ
ချက် အချို့ ပြုရမည်။
လွှတ်တော်တွင်းအခြေအနေ
လွှတ်တော်အတွင် စစ်ဘက်မှ အရယူထားသော အနေအထားကို သုံးသပ်ရန်လိုသည်။ မည်သို့သော အရေးကိစ္စမျိုး
တွင် ဝင်ရောက်စွက်ဖက်တတ်သနည်း။ မည်သည့်ရှုထောင့်တွင် အများအားဖြင့် အာရုံရနေသနည်းဆိုသည့် မေးခွန်း
မျိုးဖြင့် ချဉ်းကပ်လေ့လာရန်လိုသည်။ ဘယ်လိုအရေးအရာမျိုးတွင် ငြင်းဆန်တတ်ခြင်းသည် မည်သည့် သဘော
ထားရှိကြောင်း သိသာနိုင်သည်။
- 4. 4
အသွင်ကူးပြောင်းမှု အစတွင် နိုင်ငံရေးတည်ငြိမ်မှုရစေရန် လွှတ်တော်တွင် စစ်ဘက်၏ ပါဝင်မှုကို ခွင့်ပြုလျှင် ရနိုင်
သော်လည်း ရေရှည်တွင် စစ်ဘက်ပါဝင်မှုကို လျော့ချရန်လိုအပ်သည်။ မြန်မာ့လွှတ်တော်အတွင်း စစ်ဘက်ပါဝင်မှု ကို
အလျင်စလို လျော့ချခြင်းသည် မြန်မာအတွက် ကောင်းသော အခြေအနေကို ဖြစ်ပေါ်စေမည် မဟုတ်။ အရပ်ဘက်
တွင် ဒီမိုကရေစီ ရင့်ကျက်လာသည်နှင့်အမျှ လွှတ်တော်အတွင်း စစ်ဘက်ပါဝင်မှုကို လျော့ပါးစေမှသာ နိုင်ငံရေး
အခြေအနေကောင်းကို ရလာစေနိုင်မည်။ ဤကား မြန်မာ့လွှတ်တော်နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အခြေအနေကို
မည်ကဲ့သို့သော အနေအထားတွင် ရှိစေရန်လိုအပ်သည် ဟူသည့် တင်ပြချက်ပင်ဖြစ်သည်။
စစ်ဘက် အရပ်ဘက် ဆက်ဆံရေး
စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကောင်းမွန်လျှင် ဒီမိုကရေစီ ရင့်ကျက်မှုအချိန်ကို တိုတိုဖြင့် ရလာနိုင်စရာရှိသည်။
ထိုသို့ဆိုလျှင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် ယုံကြည်မှုတည်ဆောက်ရေးအဆင့်များ လိုအပ်
လာသည်။ ယုံကြည်မှုတည်ဆောက်ရေး၏ အစကား စစ်ဘက် အရပ်ဘက်ခေါင်းဆောင်များ “နိုင်ငံတော်” ဟူသည့်
အဓိပ္ပာယ်ကို ဗဟိုပြုထားသော သဘောထားရှိမှသာ အကောင်းဆုံးဖြစ်မည်။ သဘောထားကြီး၍ ခံစားချက်ကင်းစင်
သော ဆွေးနွေးတွေ့ဆုံမှုများဖြင့် ယုံကြည့်မှုတည်ဆောက်ခြင်းကို ဖြည်းဖြည်းချင်း ဝက်အူရစ်တင်းရန် လိုအပ်သည်။
စစ်ဘက် နှင့် ရင်းနှီးစွာ ဆက်ဆံနိုင်ရန် ပါတီများ အနေဖြင့် အခွင့်အခါ မပေးသေးချေ။ သံသယဖြင့် အမြဲကြည့်တတ်
သော စစ်ဘက်၏ သဘာဝကို ကျော်လွန်နိုင်ရန် မလွယ်ကူပေ။ ထို့အပြင် အရာရာကို လုံခြုံရေးနှင့် ကာကွယ်ရေး
အတွက် အသားပေးလွန်းခြင်းသည့် စစ်ဘက်တို့၏ ပင်ကိုယ်သဘာဝဖြစ်သည်။ စစ်ဘက်၏ မူလပင်ကိုယ်သဘာဝ
အား အပြစ်ဆိုရန် မဟုတ်။ စစ်ဘက်၏ တာဝန်ကိုက ထိုနည်း အတိုင်းပင်ဖြစ်သည်။
သဘာဝချင်းမတူညီသည့် အဖွဲ့အစည်းနှစ်ခု တစ်သားတည်း ဖြစ်တည်ရန် မမျှော်လင့်သင့်။ နိုင်ငံအတွက် ဆိုင်ရာ
ကဏ္ဍအလိုက် အသီးသီး တာဝန်ထမ်းဆောင်ရခြင်း သဘောရှိသည်။ ကိုယ့်တာဝန်ကို ကိုယ်သိရန်လိုအပ်သကဲ့သို့
ကိုယ့်စည်းကိုယ် သတိရှိရန်လည်း လိုအပ်သည်။ စစ်ဘက်လုပ်နိုင်စွမ်းသည့် အရာသည် နေရာတိုင်းတွင် မရှိချေ။
အရာရာ စစ်ဘက်ဦးဆောင်မှုတွင် ရှိနေသာ အနေအထားတို့ ပယ်ဖျက်သင့်ချေပြီ။ ထို့အတူ အရပ်ဘက်ကလည်း
အရာအားလုံးကို တတ်စွမ်းသည်ဟု မမှတ်ယူသင့်။
စစ်ဘက်အား သဘာဝကျသော အဖွဲ့အစည်းအနေဖြင့် ရှုမြင်သင့်သည်။ အထူးသတိချပ်ရန်ကား စစ်ဘက်ကို
ကျွန်သဖွယ် သဘောမထားသင့်။ ပြည်သူကျွန်ဟု သုံးနှုံန်းချင်သူတွေအတွက် သတိထားစရာဖြစ်သည်။ မိမိက
သူတပါးကို လေးစားမှသာ သူတပါးက မိမိကို ပြန်လည် လေးစားမှုပေးမည်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတွင်
သတိထားဖွယ်အခြေအနေတွင် မြန်မာက ရှိနေသေးသည်။ ယေဘုယျအားဖြင့် စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်
အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းနေသည့် ကာလတွင် အလွန်သတိထားရမည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ခံမှု
ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ တာဝန်သည် များစွာအရေးပါသည်။
အရေးလည်းကြီးသည်။ အကြောင်းမှာ ဒီမိုကရက်တစ်အစိုးရတို့ မလုပ်နိုင်သော လုပ်ငန်းများကို အရပ်ဘက်အဖွဲ့
- 5. 5
အစည်းများမှ ကောင်းစွာ လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ ဒီမိုကရေစီကို အသက်ဝင်စေသည်မှာလည်း CSO
များပင်ဖြစ်သည်။ ဒီမိုကရေစီပီပြင်စေခြင်းသည်လည်း CSO များ၏ အပံ့အပိုးကြောင့်ပင်ဖြစ်သည်။
အထူးသဖြင့် အစိုးရလက်တံတိုနေသော လုပ်ငန်းများကို CSO များ လုပ်နိုင်သည်။ အစိုးရအနေဖြင့် CSO များအား
တာဝန်အတော်များများ ပေးလိုက်ခြင်းအားဖြင့် လူမှုရေးဝန်ထုပ်ဝန်ပိုးများ ပေါ့သွားနိုင်စရာရှိသည်။ ထိုသို့ဆိုလျှင်
နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် အာရုံစိုက်နိုင်စေရန် အခြေအနေကောင်းများ ပို၍ ဖြစ်လာနိုင်သည်။
ဒီမိုကရက်တိုက်ဇေးရှင်းကာလကို ဖြတ်သန်းနေသော နိုင်ငံများအနေဖြင့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကို အမြော်
အမြင်ရှိရှိ ပြဌာန်းနိုင်ရန်လိုသည်။ လုပ်ပိုင်ခွင့်များ များပြားသွားလျှင် အစိုးရ၏ ခရီးလမ်းတွင် အလေးအဖင့်ဖြစ်နေ
နိုင်သလို နည်းသွားလျှင်လည်း မိမိတို့၏ တိုင်းပြည်လျှောက်လှမ်းရာ ခရီးကြမ်းသည် ရှေ့ရောက်နိုင်မည် မဟုတ်ချေ။
ဝန်ဆောင်မှုထက် ပညာကို ပို၍ အခြေပြုစေ
အရပ်ဘက်အဖွဲ့အစည်းများဟု ဆိုလျှင်လည်း ဘာလာလာ ပြီးရော ဖြစ်နေစရာ မလို။ ဝန်ဆောင်မှုအခြေပြု
အဖွဲ့အစည်းများရှိသင့်သည်။ များရမည်။ ထို့အတူပင် ပညာကို အခြေပြု၍ လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့
အစည်းများ ရှိရမည်။ များရမည်ပင်ဖြစ်သည်။ Service ထက် Advocacy ကိုအခြေပြုရန်လိုသည်။
ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အကောင်းမှ ဒီမိုကရေစီ ခိုင်မာကျစ်လစ်မည်။ ဒီမိုကရေစီ ခိုင်မာကျစ်လစ်ရန်
ပညာအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရမည်။ ဒီမိုကရေစီကို ရောက်အောင်တွန်းနိုင်သော နေရာ
တွင် ပညာအခြေပြု အရပ်ဘက်အဖွဲ့အစည်းများဖြင့် ရွှေ့ရမည်။ ပညာဖြင့်သာ ဒီမိုကရေစီကို တည်တည်ငြိမ်ငြိမ်
ရွှေ့စေနိုင်သည်။ ဝန်ဆောင်မှုအခြေပြုခြင်းသည် မြန်မာအတွက် ရှေးအစဉ်အလာကတည်းက ရှိနေခြင်းကြောင့် သိပ်
အထွေအထူး ရေးသားနေစရာ မလိုအပ်။ သာမှု၊ နာမှုတွင် အတွေ့အကြုံရှိပြီးဖြစ်သော အရပ်ဘက် အဖွဲ့အစည်း
များသည် အားကောင်းနေပြီးသားပင်ဖြစ်သည်။
တိုင်းပြုပြည်ပြု လွှတ်တော် ပီပြင်လာစေရေး
ဒီမိုကရေစီအားကောင်းစေရေးသည် အစိုးရတွင် အရေးကြီးသည့်တာဝန်ရှိသည်။ အစိုးရဆိုရာတွင် ဥပဒေပြု
လွှတ်တော်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် တရားစီရင်ရေးအဖွဲ့တွင် များစွာအရေးကြီးသည်။ ကိုယ့်တာဝန်ကိုယ်ကျေပွန်မှ
သာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောင်းမည်။ အဓိက အားဖြင့် မြန်မာနိုင်ငံတွင် အရေးကြီးသည် အချက်
တစ်ချက်ရှိသည်။ ၎င်းမှာ လွှတ်တော်အတွင်း ပညာတတ်လူထုကိုယ်စားလှယ်များ များများဝင်ရောက်စေရန်ဖြစ်
သည်။ နယ်ပယ်အရပ်ရပ်မှ ပညာရှင်များ လွှတ်တော်အတွင်း ရောက်ရှိလာလျှင် မြန်မာနိုင်ငံ၏ ခရီးသွားမြေပုံသည်
အလုပ်ဖြစ်နိုင်သည်။ အရေးကြီးသည်ကား ပညာရှင်များ အရွေးကောက်ခံရန်လိုသည်။
ပညာရှင်များအရွေးကောက်ခံလျှင် လူထုကရွေးချယ်စိစစ်၍ ရွေးကောက်ရန်လိုသည်။ ပညာရှင်အပိုင်းတွင် လူကြီး
လူငယ် များစွာပါဝင်ရန်လိုသည်။ ခေတ်ကာလကြောင့် လူကြီးပိုင်း ပညာရှင်များ ရှားပါးနိုင်သော်လည်း အလား
အလာရှိသော လူငယ်ပညာရှင်များ လွှတ်တော်အတွင်း ဝင်ရောက်နိုင်ရန် အရေးတကြီးလိုသည်။
- 6. 6
ပြည်သူနှင့် လူငယ်ပညာရှင်များအဖို့ကား နိုင်ငံရေးကို စိတ်ဝင်စားရန်လိုအပ်ပြီး နိုင်ငံအတွက် အမျိုးသားနိုင်ငံရေး နှင့်
ပါတီနိုင်ငံရေးကို လုပ်ဆောင်ရန် ရွေးချယ်သင့်သည်။ ပညာရှင်ဆန်လေလေ နိုင်ငံရေး စိတ်ဝင်စားမှု နည်းသွားလေ
လေ မဖြစ်စေရန် သတိထားရမည်။ အသိသည် နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်စေရမည်။ နိုင်ငံတည်ဆောက်
ရေးကို လုပ်ဆောင်ရာတွင်လည်း အသိဖြန့်ဝေ၍ ထိထိရောက်ရောက်လုပ်နိုင်မည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးအသိကြွယ်စေရန်ကား မလုပ်နိုင်။ လုပ်နိုင်လျှင်လည်း ရေရှည်အလုပ်သာ
ဖြစ်၍ လတ်တလော သက်ရောက်မှု နည်းစေနိုင်သည်။ အထူးသဖြင့် လွှတ်တော်နိုင်ငံရေးတွင် ဝင်ရောက်ကစား မည့်
ပညာတတ်လူငယ်များ မြင့်မားသောနိုင်ငံရေးအသိကို ပေါင်းစပ်ရန်သာ အရေးကြီးသည်။ ထို့နောက် ဗျူရိုကရေစီ
ယန္တရားထဲက လူငယ်များ နိုင်ငံတည်ဆောက်ရေးအသိ မြင့်စေရန် အရေးကြီးသည်။
သတိချပ်ဖွယ်
လွှတ်တော်နိုင်ငံရေးသည် ဒီမိုကရေစီကို အပီအပြင်အကောင်အထည်ဖော်သော ပင်မယန္တရားဖြစ်သည်။ လွှတ်တော်
တွင် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ဖွံ့ဖြိုးစေရမည်။ နိုင်ငံရေး အမြော်အမြင်ရှိသော လူငယ်ပညာတတ်များကို
ပြည်သူများ ရွေးချယ်ရမည်။ ပြည်သူရွေးချယ်မှု မှန်ကန်စေရန်အတွက် နိုင်ငံရေးပါတီများသည် စွမ်းရည်မြင့်လူငယ်
များကို ပျိုးထောင်၍ နေရာပေးသင့်သည်။ စီနီယာ၊ ဂျူနီယာ ပုံစံဖြင့် နိုင်ငံရေးပါတီတွင် မသွားသင့်။ မသွားအပ်။
ဤသဘောသည် ဗဟိုချုပ်ကိုင်ခြင်းဖြစ်သည်။ ဗဟိုချုပ်ကိုင်ခြင်းသည် ဒီမိုကရေစီနှင့် မလျှော်ကန်၊ မသင့်မြတ်ချေ။
ဒီမိုကရေစီကို ကြွေးကြော်နေသော နိုင်ငံရေး ဝါရင့်သမားများ သတိချပ်သင့်သည်။
တစ္ဆေကို နှိမ်နင်းသောသူသည် မိမိကိုယ်တိုင် တစ္ဆေမဖြစ်စေသင့်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် နိုင်ငံရေးသမား
များ ရှိပါသည်။ ဒီမိုကရက်တစ်ဆိုသည့်နေရာတွင်ပင် ပဒေသာစုံစွာတည်ရှိနေသည်။ ပဒေသာစုံခြင်းသည် ဒီမိုကရေစီ
၏ သဘောဝပင်ဖြစ်လင့်ကစား၊ ဒီမိုကရက်တစ် အရေခြုံ ဗဟိုချုပ်ကိုင်မှုကဲသော ဒီမိုကရက်တစ်များ မဖြစ်စေသည်။
ကြိုးနီစနစ်၏ အရိပ်ကို အန်တုဖက်ပြိုင်ခဲ့သည်ကား ရှိ၏။ နိုင်ငံရေးပါတီတွင်းမှာပင် ဒီမိုကရက်တစ်ဆန်ဆန် လုပ်နိုင်
ကိုင်နိုင်မှ နိုင်ငံတော်အဆင့်ကို တာဝန်ယူ အကောင်အထည်ဖော်သည့်အခါ အောက်သက်ကျေမည်ဖြစ်ပါသည်။
ဗဟိုချုပ်ကိုင်မှု(ဝါ) ကြိုးနီစနစ်သည် ဒီမိုကရေစီနှင့် မအပ်စပ်။ ထိုအမူအကျင့်ကို မိမိပါတီအတွင်းမှာပင် ဖြေလျော့နိုင်
မှ နိုင်ငံရေးပါဝါရလျှင် ဒီမိုကရက်တစ်ဖြင့် ယဉ်ပါးမည်ဖြစ်သည်။ လွှတ်တော်နိုင်ငံရေးတွင် ဒီမိုကရေစီကို အခိုင်အမာ
တည်ဆောက်နိုင်ရန် ပါတီအဆင့်ကပင် စတင်ရမည်ဖြစ်သည်။
ဤဆောင်းပါးကို စာရေးသူသည် ၈/ ၃/ ၂၀၁၄ တွင် ရေးသားခဲ့ခြင်း
ဖြစ်သည်။ ယနေ့ နိုင်ငံရေးအခြေအနေဖြင့် စပ်ဟပ်သော် မသိုးသေးသော
အိုင်ဒီယာများကို တွေ့ရှိရသည်။ ထို့ကြောင့် ဤလူမှုသိပ္ပံဂျာနယ်၌ ပုံနှိပ်ရ
ခြင်းဖြစ်ပါသည်။
အယ်ဒီတာ