SlideShare a Scribd company logo
1 of 12
Download to read offline
ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမိတ်ဆက်
ငြိမ်းချမ်းဝေ
ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည်
အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို
တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု
ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား
ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော
ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အယ်ဒီတာ
ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမိတ်ဆက်
ငြိမ်းချမ်းဝေ
ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည်
အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို
တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု
ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား
ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော
ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အယ်ဒီတာ
ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမိတ်ဆက်
ငြိမ်းချမ်းဝေ
ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည်
အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို
တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု
ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား
ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော
ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
အယ်ဒီတာ
1
ဒီမိုကရေစီမိတ်ဆက်
နိဒါန်း
နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအားစိတ်ပါဝင်စားသူများအကြားတွင် ဒီမိုကရေစီအရေးကိစ္စများမှာ သိသာ
ထင်ရှားစွာသရုပ်ပေါ်လာသော ဖြစ်ရပ်များဖြစ်လာသည်။ ၁၉ ရာစုထဲသို့ ဝင်လာသော အချိန်အထိ
ဒီမိုကရေစီကို “လူတစ်စု၏စိုးမိုးမှု”(mob rule) စနစ်တစ်ခုအဖြစ် ရှုံ့ချကြသော်လည်း ယခုမူ တော်တော်
များများ ဒီမိုကရက် (Democrats) များဖြစ်လာကြလေသည်။ စင်စစ် ၂ဝ ရာစုနောက်ပိုင်းတွင် အဓိက
အိုင်ဒီအိုလိုဂျီကြီးများ (major ideologies) အခြေအနေ ယိမ်းယိုင်ကာ ပြိုလဲသွားပြီး နောက်ပိုင်းတွင်
ဒီမိုကရေစီမီးလျှံသည် ပိုမိုတောက်ပစွာ ထွန်းတောက် လာပေသည်။
ဒီမိုကရေစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
“ဒီမိုကရေစီ”ဆိုသော ဝေါဟာရသည် ဂရိဘာသာစကား ‘dēmokratia’ မှ ဆင်းသက်လာခြင်းဖြစ်သည်။
‘dēmo’ ဆိုသည်မှာ ပြည်သူလူထု(the people) ဖြစ်ပြီး “-kratia” ဆိုသည်မှာ “အာဏာ” (power or rule)
ဖြစ်သည်။
မြန်မာပြန်လျှင် “ပြည့်သူ့အာဏာ” သို့မဟုတ် “နိုင်ငံ၏အမြင့်ဆုံး အာဏာသည် ပြည့်သူ့လက်ထဲ တွင်ရှိသည့်
အစိုးရစနစ်” ဖြစ်သည်။ အာဏာကို လူတစ်ဦး (သို့မဟုတ်) လူတစ်စုက ရယူထားခြင်းမျိုး မဟုတ်ဘဲ
ပြည်သူလူထုထံ အာဏာအပ်နှင်းခြင်းဖြစ်သည်။ အတွင်ကျယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ပြည်သူလူထု၏
အုပ်ချုပ်မှုစနစ်” (Rule by the people) ဖြစ်သည်။
အမေရိကန်သမ္မတ အေဘရာဟင် လင်ကွန်းက ဒီမိုကရေစီကို “လူအများအကျိုးငှာ လူအများ၏
အလိုဆန္ဒအတိုင်း လူအများက အုပ်ချုပ်ခြင်း” ဟုပြောခဲ့သည်။
“Of the people, By the people, For the people”
Abraham Lincoln
ဒီမိုကရေစီ အမျိုးအစားများ
ဒီမိုကရေစီကို ယေဘုယျအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။
ယင်းတို့မှာ - (၁) တိုက်ရိုက်ဒီမိုကရေစီ
(၂) ကိုယ်စားပြု ဒီမိုကရေစီ (တဆင့်ခံ ဒီမိုကရေစီ) တို့ဖြစ်သည်။
2
(၁) တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy)
တိုက်ရိုက်ဒီမိုကရေစီကို ရှေးခေတ်က အေသင်မြို့၌ ဂရိလူမျိုးများ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
ယင်းစနစ်တွင် ပြည်သူလူထု ကိုယ်တိုင် ပါဝင်အုပ်ချုပ်ရလေသည်။ အေဒီ ၅ ရာစုလောက်တွင် တည်ရှိသော
အေသင်မြို့(ဂရိ) နိုင်ငံသားများသည် နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိသည်။ ထိုသို့ပါဝင်ရန်လည်း တာဝန်ရှိသည်။
တနှစ်တာနိုင်ငံရေးရာများကို ထမ်းဆောင်ရန် နှစ်စဉ် အေသင်နိုင်ငံသားအားလုံးထဲမှ လူ ၅ဝဝ ကို
ရွေးထုတ်သည်။ ထိုလူ ၅ဝဝ သည် တစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးပါက နောက်တနှစ်တာအတွက်
နောက်ထပ် ၅ဝဝ ဦးကို ရွေးချယ်ကာ အစိုးရအဖွဲ့ကောင်စီကို အသစ် ထပ်မံဖွဲ့ပေးရသည်။ ဤသို့ဖြင့်
နိုင်ငံတော်တွင်း နေထိုင်ကြသော နိုင်ငံသားများ တစ်ယောက်မကျန် အစိုးရအဖွဲ့အတွင်း လုပ်ငန်းများ
ဆောင်ရွက်ဖူးကြလေသည်။ အေသင်နိုင်ငံသားအားလုံးသည် ဤ လူ ၅ဝဝ ပါဝင်သော ကောင်စီမှ
ချမှတ်သည့် ဥပဒေများကို အတည်ပြုရေးအတွက် မဲပေးကြရသည်။ ခြွင်းချက်အနေဖြင့် ဤစနစ်တွင်
မိန်မများ၊ ကျေးကျွန်များ နှင့် နိုင်ငံခြားသားများကို နိုင်ငံသားများအဖြစ် သဘောမထားချေ။
တိုက်ရိုက်ဒီမိုကရေစီသည် လူဦးရေအနည်းငယ်မျှသာရှိသော ပြည်နယ်ကလေးများ၊ ရှေးခေတ်
မြို့ပြနိုင်ငံငယ်ကလေးများ (ဥပမာ အေသင်မြို့ပြ)မှာသာလျှင် ကျင့်သုံး၍ ရနိုင်သည်။ ယနေ့ခေတ်၌
တိုင်းပြည်များတွင် လူဦးရည် သန်းနှင့်ချီ၍ ရှိကြသဖြင့် တတိုင်းပြည်လုံးအဆင့်တွင် တိုက်ရိုက်ဒီမိုကရေစီကို
ကျင့်သုံး၍ မရနိုင်ပေ။
(၂) ကိုယ်စားပြု ဒီမိုကရေစီ (တဆင့်ခံ ဒီမိုကရေစီ) (Representative Democracy)
ကိုယ်စားပြု ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ
တိုင်းပြည်ကို အုပ်ချုပ်စေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်စားပြု ဒီမိုကရေစီဖြင့် ရွေးကောက်ထားသော
အစိုးရကို ပြည်သူ့အစိုးရဟု ခေါ်နိုင်သည်။ လက်ရှိ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများ ကျင့်သုံးနေသော ပုံစံ
ဖြစ်သည်။ ကိုယ်စားပြုဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီ၏ အဂါင်္ရပ်အချို့ကို ကျင့်သုံးသည်။ တိုင်းပြည်၏
အရေးအကြီးဆုံး ဆုံးဖြတ်ချက်များချရာတွင် ဆန္ဒခံယူပွဲများ ပြုလုပ်၍ ပြည်သူများ၏ ဆန္ဒကို
တိုက်ရိုက်ရယူသည်။
ကိုယ်စားပြု ဒီမိုကရေစီကို အဓိကအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။ အာဏာခွဲဝေမှုပုံစံ ကွဲပြားခြားနားခြင်း
ဖြစ်သည်။
ယင်းတို့မှာ- (၁) လွှတ်တော်ဗဟိုပြု ဒီမိုကရေစီစနစ်
(၂) သမ္မတဗဟိုပြု ဒီမိုကရေစီ တို့ဖြစ်သည်။
3
လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ (ပါလီမန်ဒီမိုကရေစီ)
လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ (ပါလီမန်ဒီမိုကရေစီ) တွင် ဝန်ကြီးချုပ်မှစ၍ ဝန်ကြီးအဖွဲ့အားလုံးကို
ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် (ပါလီမန်အမတ်) များမှ
ပြန်လည် ရွေးကောက်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် (ပါလီမန်အမတ်) များမှ ပြန်လည်
ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ လွှတ်တော်ဗဟိုပြု ဒီမိုကရေစီတွင်
ဝန်ကြီးချုပ်သည် အာဏာအမြင့်ဆုံးကို ရရှိသည်။ ဤစနစ်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးသည်
ရောထွေးစွာ တည်ရှိနေတတ်ပြီး သီးခြားခွဲခြားမှု အားနည်းသည်။
ဥပမာ-ဂရိတ်ဗြိတိန်။
လွှတ်တော်ဗဟိုပြုဒီမိုကရေစီ၏ အားသာချက်သည် ပြည်သူလူထု၏ သဘောထားကို လျင်လျင်မြန်မြန်
ထင်ဟပ်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို ပြည်သူလူထုက အယုံအကြည်မရှိ တော့လျှင်
ရုတ်တရက်ချက်ချင်း အပြောင်းအလဲရှိနိုင်သည်။
အားနည်းချက်သည် အုပ်ချုပ်သူ အစိုးရ အပြောင်းအလဲကြောင့် နိုင်ငံအကျိုးစီးပွားကို အကောင်အထည်
ဖော်ရာတွင် နှောင့်နှေးကာ အနှောင့်အယှက် ဖြစ်လာနိုင်သည်။ အီတလီနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း
တစ်နှစ်တည်းနှင့် အစိုးအရအပြောင်းအလဲ ၁၅ ကြိမ်ပြောင်းလဲခဲ့သော သာဓကရှိသည်။
သမ္မတဗဟိုပြု ဒီမိုကရေစီ
သမ္မတဗဟိုပြုဒီမိုကရေစီတွင် လွှတ်တော်အမတ်များအပြင် သမ္မတကိုပါ ပြည်သူလူထုက တိုက်ရိုက်
ရွေးချယ် သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲကို ကျင်းပပေးရသည်။ သမ္မတက သူ၏အစိုးရအဖွဲ့တွင်
တာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီးအဖွဲ့များကို သူ့စိတ်တိုင်းကျရွေးချယ်ပြီး တာဝန်ပေးအပ်နိုင်သည်။
သို့သော် ဝန်ကြီးအဖြစ် အဆိုပြု ထားသော ပုဂ္ဂိုလ်များကို အောက်လွှတ်တော် နှင့် အထက်လွှတ်တော်
နှစ်ရပ်လုံးက အတည်ပြုပေးရသည်။ ထို့ကြောင့် မည်သည့်ဝန်ကြီး တဦးတယောက်ကိုမျှ
အောက်လွှတ်တော်၏ အတည်ပြု ထောက်ခံခြင်းမရှိပဲ ခန့်အပ်ပိုင်ခွင့် မရှိပေ။ ဤစနစ်တွင် ဥပဒေပြုရေးနှင့်
အုပ်ချုပ်ရေးသည် သီးခြားစွာတည်ရှိသည်။
ဥပမာ-အမေရိကန်ပြည်ထောင်စု။
သမ္မတဗဟိုပြုဒီမိုကရေစီ၏ အားသာချက်သည် ဥပဒေပြုအစိုးရတစ်ရပ်သည် တည်ငြိမ်ပြီး နိုင်ငံအကျိုးကို
ဆောင်ရွက်နိုင်သည်။
အားနည်းချက်မှာ ပြည်သူလူထု၏ သဘောထားသည် အစိုးရအပေါ် သက်ရောက်မှုနှေးကွေးပြီး သမ္မတနှင့်
လွှတ်တော် ကြီးကျယ်စွာသဘောထားကွဲလွှဲသော ကိစ္စမျိုးတွင် ဆုံးဖြတ်ချက်ချရန် အချိန်နှောင့်နှေး
တတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution)
လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော တိုင်းပြည်တစ်ခု၏ အမြင့်ဆုံးသော ဥပဒေမှာ
“ဖွဲ့စည်းပုံအခြေခံဥပဒေ” ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏
4
မူလ ပိုင်ရှင်ဖြစ်သာ ပြည်သူလူထုတစ်ရပ်လုံးနှင့် ယင်းအချုပ်အခြာအာဏာကို ပြည်သူလူထုကိုယ်စား
ကျင့်သုံးခွင့်ရှိသော အစိုးရတို့ မည်သို့မည်ပုံ အာဏာခွဲဝေသုံးစွဲ၍ နိုင်ငံတော်ကို စီမံအုပ်ချုပ်ကြမည်ဟု
ပြဋ္ဌာန်းထားသော တိုင်းပြည်၏ “အမြင့်ဆုံး ဥပဒေ”ဖြစ်သည်။ တနည်းအားဖြင့် လူထုကိုယ်စား တိုင်းပြည်ကို
စီမံအုပ်ချုပ်နေသော အစိုးရအား အာဏာအလွဲသုံးစားမှု မရှိရအောင် ထိန်းကွတ်ထားသော
ဘောင်တစ်ခုပင်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်:
(၁) နိုင်ငံတော်၏ အာဏာကိုပြည်သူများပိုင်ဆိုင်ကြောင်း တိကျရှင်းလင်းစွာ ပြဋ္ဌာန်းပေးရမည်။
(၂) နိုင်ငံသားတို့၏ မွေးရာပါအခွင့်အရေးများဖြစ်သည့် အခြေခံလွတ်လပ်ခွင့်နှင့်
အခြေခံလူ့အခွင့်အရေးများကို တိကျရှင်းလင်းစွာ ကာကွယ်ပေးရမည်။
(၃) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊
အုပ်ချုပ်ရေးအာဏာ နှင့်တရားစီရင်ရေးအာဏာများအား ခွဲခြားကျင့်သုံးရေး (Separation of Power) ကို
တိကျစွာပြဋ္ဌာန်း၍ထိုနိုင်ငံရေးအဆောက်အဦး (Political Institution) များ၏ လုပ်ဆောင်ပုံများနှင့်
အာဏာကိုင်တွယ်မည့်လူပုဂ္ဂိုလ်များ ရွေးချယ်ပုံတို့ကို ပြဋ္ဌာန်းလမ်းညွှန်ပေးရမည်။
(၄) လွတ်လပ်သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၏
လုပ်ပိုင်ခွင့်အာဏာများ၊ အစိုးရဖွဲ့စည်းပုံစနစ် (Form of Government) တို့ကို ပြဋ္ဌာန်း၍ အစိုးရကို
ဥပဒေဖြင့် ထိန်းကျောင်းလမ်းညွှန်ပေးရမည်။
ဒီမိုကရေစီကိုကျင့်သုံးသော နိုင်ငံအများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာပြဋ္ဌာန်းကြသည်။
သို့သော်ခြွင်းချက်အနေဖြင့် ရေးဆွဲထားခြင်းမရှိသော နိုင်ငံအနည်းငယ်ရှိသည်။ ထိုနိုင်ငံများမှာ ဗြိတိန်၊
နယူးဇီလန် နှင့် အစ္စရေးလ် တို့ဖြစ်သည်။
ဗြိတိန်မှာ နိုင်ငံရေးနှင့်ပတ်သတ်သော အခြေခံမူဝါဒနှင့် စည်းကမ်းများကို အများက သဘောတူလက်ခံပြီး
ဖြစ်ရာ ရေးဆွဲပြဋ္ဌာန်းရန် မလိုဟု ယူဆခြင်းဖြစ်သည်။ နယူးဇီလန်ကား ဗြိတိန်နှင့် ဓနသဟာယ မိတ်ဆွေ
နိုင်ငံဖြစ်ရာ ဗြိတိန်စနစ်ကို ယူသုံးသဖြင့် ဗြိတိန်ကဲ့သို့ ကျင့်သုံးခြင်းဖြစ်သည်။
အစ္စရေးလ်မှာ သဘောတူလက်ခံထားခြင်း မရှိပေ။ အခြေခံဥပဒေရေးဆွဲရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်
ဘာသာရေးနှင့် နိုင်ငံရေးတို့တွင် သဘောထားကွဲလွှဲမှု ပြင်းထန်ကြသည်။ ထို့ကြောင့် စေ့စပ်မနေတော့ဘဲ
ချန်လှပ်ကာ အခြားနိုင်ငံရေးကိစ္စများတွင် အခြေခံသဘောတူညီမှု ကောင်းစွာရှိနေသောကြောင့် မရေးဆွဲ
တော့ဘဲ ဗြိတိန်နှင့် နယူးဇီလန်ကဲ့သို့ပင် နားလည်မှုဖြင့် အုပ်ချုပ်သည်။
တရားဥပဒေစိုးမိုးရေး (Rule of Law)
တရားဥပဒေစိုးမိုးရေး (Rule of Law) သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း နှင့် တရားမျှတခြင်း ဟူသော
အချက်များပေါ်တွင် မှီတည်သည်။ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူရည်တူ
အခွင့်အရေး ရရှိကြခြင်းသည် တရားဥပဒေစိုးမိုးမှု၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ရာထူးဂုဏ်၊ လူမျိုး၊
5
ဘာသာစကား၊ ကိုးကွယ်မှု နှင့် အသားအရောင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ခြင်းမရှိစေဘဲ
နိုင်ငံသားတိုင်း၏ တန်းတူညီမျှခွင့်ကို လေးစားအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ရန် တရားဥပဒေ
စိုးမိုးမှု လိုအပ်သည်။
အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်ခုအကြား မတူကွဲပြားမှုများစွာရှိသည့်အနက် အရေးကြီးဆုံး ခြားနား
ချက်တစ်ခုမှာ တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။ အာဏာရှင်စနစ်တွင် တရားဥပဒေဆိုသောအရာသည်
အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသုံးချသည့် နိုင်ငံရေးကရိယာ တစ်ခုမျှသာဖြစ်သည်။
ယင်းတွင်တရားဥပဒေသည် လူထုအကျိုးစီးပွားကို ကာကွယ်ပြဋ္ဌာန်းပေးခြင်းမရှိဘဲ အာဏာရှင်များ
အကျိုးစီးပွားကိုသာ ကာကွယ်ပေးလေ့ရှိသည်။ ထိုကြောင့် အာဏာရှင်စနစ်တွင် အာဏာရှင်များသည်
တရားဥပဒေ၏အထက် (Above the Law) တွင်ရှိနေကြပြီး ၄င်းတို့အာဏာတည်မြဲရေးအတွက် လူထုကို
ဥပဒေများဖြင့်ဖိနှိပ်ချုပ်ချယ်ကာ တရားဥပဒေဖြင့် အုပ်ချုပ်(Ruled by Law) ကြသည်။ အာဏာရှင်စနစ်တွင်
တရားဥပဒေစိုးမိုးမှု၏အနှစ်သာရကို မတရားသော ဥပဒေများပြဋ္ဌာန်းပြီး အဓိပ္ပါယ်ဖွင့်ကြသည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူရည်တူ အခွင့်အရေးရရှိကြသည်။
မည်သူမျှ ဥပဒေ၏ အပေါ်တွင်မရှိသကဲ့သို့ တရားဥပဒေ၏ အပြင်ဘက်တွင်လည်း မည်သူမျှမရှိပေ။ မည်သူ
မဆို တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တန်းတူရည်တူ ရရှိနိုင်သကဲ့သို့ ပြစ်မှုကျူးလွန်ပါကလည်း
တန်းတူရည်တူ ပြစ်ဒဏ်စီရင်ခြင်းခံရမည်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တရားဥပဒေ စိုးမိုးရေး
(Rlue of Law) သည် အရေးပါသော အခန်းကဏန်းမှ ရပ်တည်သည်။
နိုင်ငံတော်အချုပ်အခြာအာဏာ ခက်မသုံးဖြာ
နိုင်ငံတော်၏အချုပ်အခြာအာဏာ (Sovereign Power) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း အတိုင်းအဆ
အကန့်အသတ်မရှိသော အကြွင်းမဲ့အာဏာ (Absolute Power) ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင်
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌
တည်သည်။ ထို့နောက် ဒီမိုကရေစီတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အလွဲသုံးစားမှု မရှိစေရန်
အတွက် လူတစ်ဦး (သို့မဟုတ်) လူတစ်စုထံသို့ စုပုံအပ်နှံထားခြင်းမရှိပေ။ နိုင်ငံတော်၏ အချုပ်အခြာ
အာဏာကို အာဏာသုံးရပ်ခွဲကာ အပ်နှင်းသည်။ ထို့ပြင် အာဏာတစ်ရပ်နှင့် တစ်ရပ် စောင့်ကြည့်ကာ
အပြန်အလှန် ထိန်းကျောင်း (Check and Balance) စေသည်။
ယင်းအာဏာသုံးရပ်မှာ (၁) ဥပဒေပြုရေးအာဏာ (Legislative Power)
(၂) အုပ်ချုပ်ရေးအာဏာ (Executive Power)
(၃) တရားစီရင်ရေးအာဏာ (Judicial Power) တို့ဖြစ်သည်။
ဥပဒေပြုရေးအာဏာ (Legislative Power)
နိုင်ငံတော်အာဏာအလွဲသုံးစားမှု မရှိစေရန် အာဏာခွဲခြားမျှဝေမှု သုံးရပ်ရှိသည့်အနက် ဥပဒေပြုရေး
အာဏာသည် အရေးကြီးဆုံးအာဏာဖြစ်ပေသည်။ ကောင်းမွန်မှန်ကန်၍ တရားမျှတသော ဥပဒေများကို
6
ရေးဆွဲ ပြဋ္ဌာန်းနိုင်မှသာလျှင် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းစွာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။ လွတ်လပ်ခြင်း၊
တန်းတူညီမျှခြင်း နှင့် တရားမျှတခြင်းဟူသော ဒီမိုကရေစီတရားများကို အထောက်အကူပြုရန် တရားမျှတ
သည့် “တရားဥပဒေများ”ကို ဥပဒေပြုရေးမဏ္ဍိုင် ဥပဒေများပြဋ္ဌာန်းရသည်။ နိုင်ငံတော်တွင်ကျင့်သုံးမည့်
ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက
ဥပဒေပြုလွှတ်တော်တွင် ဆောင်ရွက်ကြရသည်။ လွှတ်တော်တရပ်သာကျင့်သုံးသော နိုင်ငံများရှိသကဲ့သို့
လွှတ်တော်(၂)ရပ်ရှိသော နိုင်ငံများလည်းရှိသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးအာဏာ
သည် အုပ်ချုပ်ရေးအာဏာကို ထိန်းကျောင်းထားသည်။
ဥပဒေပြုအဖွဲ့
ဥပဒေပြုအဖွဲ့ကို ဖွဲ့စည်းထားပုံ
ဥပဒေပြုအဖွဲ့ကို ဖွဲ့စည်းရာတွင် လွှတ်တော် တစ်ရပ် သို့မဟုတ် မိမိတို့နိုင်ငံအလိုက် အဆင်ပြေသော
နည်းများဖြင့် ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်နှစ်ရပ် ဟူ၍ နှစ်မျိုးရှိသည်။
အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) ကို ပြည်သူများကို ကိုယ်စားပြုသည်။ ပြည်သူများဟု ဆိုရာတွင်
ပြည်သူများက မဲအများဆုံးရသူနိုင်သောစနစ် (First Past the Post-FPTP) ဖြင့်ဖြစ်စေ အချိုးကျ
ကိုယ်စားလှယ်စနစ် (Proportional representation) ဖြင့်ဖြစ်စေ ရွေးချယ်တင်မြှောက်လိုက်သော
ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များကို ဆိုလိုခြင်းဖြစ်သည်။
အထက်လွှတ်တော်(အမျိုးသားလွှတ်တော်)သည် ပြည်နယ်များကို ကိုယ်စားပြုသည်။ တပြည်ထောင်
နိုင်ငံများတွင် အောက်လွှတ်တော်မှ အကောင်းဆုံး အကြံပေးနိုင်သော ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းထားသည်။
ဥပဒေပြုရေးအဖွဲ့၏ တာဝန်များ
ဥပဒေပြုရေးအဖွဲ့သည် အောက်ပါတာဝန်များကို မဖြစ်မနေ ထမ်းဆောင်ရသည်။
(၁) ဥပဒေများကို အကြံပြုတင်သွင်ခြင်းနှင့် ချမှတ်ခြင်း
(၂) ဝန်ကြီးများအဖွဲ့ကို အတည်ပြုပေးခြင်း
(၃) အစိုးရရသုံး ခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်)ကို အတည်ပြုပေးခြင်း
(၄) အုပ်ချုပ်ရေးအဖွဲ့ကို ကြီးကြပ်ကွပ်ကဲခြင်း
ဥပဒေပြုခြင်း ဖြစ်စဉ်
ဥပဒေပြုရေးအဖွဲ့(လွှတ်တော်)သည် ဥပဒေတစ်ခုပြုမည်ဆိုလျှင် ယင်းဥပဒေသည် ပြည်သူလူထု၏
အကျိုးစီးပွားကို အမှန်တကယ်ရှေ့ရှုစေရန် အောက်ပါဖြစ်ရပ်များကို ဖြတ်သန်းရသည်။
(၁) အစိုးရအဖွဲ့ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်းများ တင်သွင်းရသည်။
(၂) ဥပဒေကြမ်းကို မူကြမ်းရေးဆွဲရန် သင့်လျော်သော ကော်မီတီများသို့ ပေးပို့ရသည်
7
(ဥပမာ- ဘတ်ဂျက်ရေးရာကော်မီတီ၊ မိသားစုရေးရာကော်မီတီ)
(၃) ငြင်းခုန်ဆွေးနွေးရန်နှင့် မဲခွဲဆုံးဖြတ်ရန်အတွက် ဥပဒေကြမ်းကို အောက်လွှတ်တော်သို့ ပေးပို့သည်။
မူကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ရလေ့ရှိသည်။
(၄) ငြင်းခုန်ဆွေးနွေးရန် နှင့် မဲခွဲဆုံးဖြတ်ရန် အထက်လွှတ်တော်သို့ ပေးပို့သည်။
(၅) လွှတ်တော် ၂ ရပ်လုံးမှ အတည်ပြုပြီးလျှင် သမ္မတ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က
ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုပေးရသည်။ သမ္မတက ဥပဒေနှင့်ပတ်သတ်၍ ဗီတိုအာဏာ
သုံးခွင့်ရှိသည်။
(၆) ဥပဒေကို တရားဝင် ထုတ်ပြန်ရသည်။
မဲအပေးအယူ လုပ်ခြင်း
မဲ အပေးအယူ လုပ်ခြင်းဆိုသည်မှာ မိမိ၏ အကြံပြုတင်ပြချက်ကို အခြားသူက ထောက်ခံပေးရန်အတွက်
အပေးအယူသဘောဖြင့် ထိုသူ၏ အကြံပြုတင်ပြချက်ကို ထောက်ခံပေးခြင်းဖြစ်သည်။ ဤအဖြစ်မျိုးသည်
ဥပဒေပြုအဖွဲ့များတွင် အဖြစ်များသည်။
သာဓကအားဖြင့် လွှတ်တော်အမတ် ဦးဖြူက လွှတ်တော်အမတ် ဦးနီ၏ မြို့နယ်ထဲမှ လမ်းဖောက်လုပ်ရေး
ကိစ္စအတွက် ထောက်ခံမဲပေးပြီး အပြန်အလှန်အားဖြင့် ဦးနီက ဦးဖြူ၏ မြို့နယ်ထဲမှ တံတားဆောက်လုပ်ခွင့်
အတွက် ထောက်ခံမဲပေးခြင်းမျိုးဖြစ်သည်။
အုပ်ချုပ်ရေးအာဏာ (Executive Power)
နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို စီမံခန့်ခွဲသည့် “အစိုးရ”ကို
ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲသည်
လွှတ်တော်ဗဟိုပြုစနစ်တွင် ဝန်ကြီးချုပ်ဖြစ်ပြီး သမ္မတဗဟိုပြုစနစ်တွင် သမ္မတဖြစ်သည်။ နိုင်ငံတော်၏
အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးခွင့်ရှိသော နိုင်ငံတော်အစိုးရသည် တိုင်းပြည်ကို
စီမံအုပ်ချုပ်ရာ၌ တာဝန်အရှိဆုံးအဖွဲ့ဖြစ်သည်။
အုပ်ချုပ်ရေးအဖွဲ့
အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပုံ
အုပ်ချုပ်ရေးအဖွဲ့ကို သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ဝန်ကြီးများအဖွဲ့ဖြင့်
ပူးပေါင်းဖွဲ့စည်းသည်။
ဝန်ကြီးများအဖွဲ့ ဖွဲ့စည်းပုံ
သမ္မတဗဟိုပြုစနစ်တွင် ဝန်ကြီများကို သမ္မတက ရွေးချယ်ခန့်အပ်သည်။ ဤတွင် ဝန်ကြီးများသည် မိမိတို့
ဌာနနှင့်ဆိုင်သော နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များဖြစ်ဖွယ်ရှိသည်ဟု ယူဆနိုင်သည်။ ၎င်းတို့သည်
ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခံထားရသူများ မဟုတ်ချေ။
8
လွှတ်တော်ဗဟိုပြုစနစ်တွင် ဝန်ကြီးများသည် ပြည်သူလူထု တင်မြှောက်ထားသော လွှတ်တော်ကိုယ်စား
လှယ်များဖြစ်ကြသည်။ ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်သော်လည်း ကျွမ်းကျင်ပညာရှင်များ
မဟုတ်ချေ။
ဝန်ကြီးဌာနများ
 ဝန်ကြီးဌာနများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူပေသကဲ့သို့ အစိုးရအသစ်တက်တိုင်းလည်း
ဝန်ကြီးဌာနများကို လိုအပ်သလို အတိုး အလျှော့လုပ်ခြင်းများလည်း ရှိသည်။ အဓိကအားဖြင့်
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည်တို့ရှိကြသည်။
 အရပ်သားဖြစ်သော ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကိုချုပ်ကိုင်ထားသည်။
 ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့နှင့် နယ်မြေဒေသဆိုင်ရာအစိုးရအဖွဲ့များကို ချုပ်ကိုင်ထားသည်။
ဤဝန်ကြီးဌာနသည် အလွန်အာဏာရှိသော ဝန်ကြီးဌာနဖြစ်သည်။
 အစိုးရအဖွဲ့ပြောင်းလဲသွားသောအခါ ထိပ်တန်းရာထူးများပြောင်းလဲသွားသည်။ ရွေးကောက်ပွဲတစ်ခု
ပြီးလျှင် ဝန်ကြီးများပြောင်းလဲသွားသည်။ သို့သော် ပြည်သူ့ဝန်ထမ်းများကမူ တသက်တာလုံး
ဝန်ထမ်းအဖွဲ့မှာ မြဲနေနိုင်သည်။
အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်များ
အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေများ အကြံပြုတင်သွင်းခြင်း၊ အကောင်အထည်ဖော်ခြင်း နှင့် မူဝါဒရေးဆွဲခြင်း
တို့ကိုလုပ်ဆောင်ရသည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေတွင် ပါဝင်ရမည့် အသေးစိတ် စည်းမျဉ်းစည်းကမ်း
များကိုလည်း ရေးဆွဲရန် တာဝန်ရှိသည်။
သာဓကအားဖြင့် ပြည်သူအားလုံး ကားမောင်းလိုင်စင်ရှိ ရမည်ဟူသော ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်
သည် ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ကားမောင်လိုင်စင်ရရှိရန် လိုအပ်သော
အချက်အလက်များ နှင့် ငွေမည်မျှပေးဆောင်ရမည်ကို သတ်မှတ်ပေးရမည်။
တရားစီရင်ရေးအာဏာ (Legislative Power)
တရားဥပဒေစိုးမိုးပြီး ဒီမိုကရေစီကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက် လွတ်လပ်စွာ
တရားစီရင်နိုင်ရေးသည် မရှိမဖြစ်လိုအပ်သည်။ လွပ်လပ်စွာ တရားစီရင်နိုင်ရန်အတွက် အခြားနိုင်ငံတော်
အာဏာရပ်များဖြစ်သော ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာမှ သြဇာလွှမ်းမိုးခြင်း မရှိအောင်
ကာကွယ်ရပေမည်။ လွတ်လပ်စွာ တရားစီရင်ရေးနိုင်ရေးကို ကြီးမားစွာ စိန်ခေါ်နိုင်သူတို့မှာ
နိုင်ငံရေးအာဏာကြီးများသူများ၊ ပစ္စည်းဥစ္စာနှင့် ငွေကြေးသြဇာ ကြီးမားသူများ၊ ဘာသာရေးနှင့်
လူမှုရေးအခြေအနေကြောင့် သြဇာကြီးမားသူများဖြစ်သည်။ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း
တန်းတူအခွင့်အရေး ရရှိနိုင်ရမည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ အခြားပြဋ္ဌာန်းထားသော
ဥပဒေများနှင့် အညီ တူတန်းညီမျှ၍ လွတ်လပ်စွာ တရားစီရင်ရမည်။ မည်သူမျှ ဥပဒေအပေါ် (Above the
Law) မရှိဟူသော အချက်သည် ဒီမိုကရေစီစနစ်၏ တရားစီရင်ရေးအာဏာတွင် ရှိသော
အနှစ်သာရဖြစ်သည်။
9
တရားစီရင်ရေးအဖွဲ့
တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းပုံ နှင့် တာဝန်များ
တရားစီရင်ရေးအဖွဲ့ကို တရားရုံးများဖြင့် ဖွဲ့စည်းထားသည်။ တရားစီရင်ရေးအဖွဲ့သည် နိုင်ငံတော်အစိုးရ၏
အမည်ဖြင့် ဥပဒေများကို အဓိပ္ပါယ်ပြန်ဆိုခြင်း၊ ကျင့်သုံးခြင်းပြုသသည်။ တရားစီရင်ရေး အဖွဲ့၏ အခြေခံ
အကျဆုံး တာဝန်မှာ စည်းမျဉ်းဥပဒေများ အသက်ဝင်ပြီး လိုက်နာကျင့်သုံးမှုရှိစေရန် ထိန်းသိမ်း
အကောင်အထည်ဖော်ခြင်းနှင့် လူတစ်ဦးချင်း၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။
ထို့ပြင် တရားစီရင်ရေးအဖွဲ့သည် အခြား နိုင်ငံတော်အာဏာ နှစ်ရပ်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်
ရသည်။ ယင်းတို့မှာ ဥပဒေပြုရေးအဖွဲ့မှ ရေးဆွဲပြဋ္ဌာန်းသော တရားဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ
နှင့် ကိုက်ညီခြင်း ရှိ၊ မရှိ အဆုံးအဖြတ်ပေးရသည်။
အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်များသည် တရားဥပဒေနှင့် ကိုက်ညီခြင်းရှိ၊မရှိ အဆုံးအဖြတ်ပေးရ
သည်။
မရှိလျှင် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ဥပဒေဆိုင်ရာ အဆုံးအဖြတ်များကို ချမှတ်ရသည်။
တရားစီရင်ရေးအဖွဲ့၏ သီခြားလွပ်လွတ်မှုရှိနိုင်ရန် နည်းလမ်များ
တရားစီရင်ရေးအဖွဲ့သည် သီးခြားလွတ်လပ်မှုရှိစေရန် အောက်ပါနည်းလမ်းများ (အခွင့်အရေးများ) ဖြင့်
ဆောင်ရွက်နိုင်သည်။
 တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းကို ဥပဒေပြုရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့၏
ကိုယ်စားလှယ်များက ဆောင်ရွက်ရမည်။
 တရားသူကြီးတစ်ဦးကို ရာထူးမှ ဖယ်ရှားလိုလျှင်သော်လည်းကောင်း အခြားလုပ်ငန်း တာဝန်
တစ်ခုခုသို့ ပြောင်းရွေ့ပေးလိုလျှင်သော်လည်းကောင်း မည့်သည့် အဖွဲ့အစည်းမှ မပြုနိုင်ချေ။
အခြားသော တရားသူကြီးများကသာလျှင် ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ကြားနာစစ်ဆေးမှုဖြင့်သာ
ရာထူးမှ ဖယ်ရှားပစ်နိုင်သည်။
 တရားသူကြီးတစ်ဦးတစ်ယောက်ကို ရုပ်ဝတ္တုပစ္စည်းအရနှင့် ဘဏ္ဍာရေးအရ လုံလောက်စွာ
ထောက်ပံရမည်။
 တရားသူကြီးများသည် အများ လက်မခံသည့်တိုင် သို့မဟုတ် အာဏာရှိသူများ၏ အကျိုးစီးပွားနှင့်
ဆန့်ကျင်နေသည့်တိုင် အမှုများကို တရားဥပဒေပြဋ္ဌာန်းချက်နှင့် အညီ စီရင်ဆုံးဖြတ်ရမည်။
 တရားသူကြီးတစ်ယောက်၏ ဆုံးဖြတ်ခွင့်နှင့်ပတ်သတ်၍ အထက်တရားရုံများ၏ အမိန့်မှ တစ်ပါး
မည့်သည့်ညွှန်ကြားချက်ကိုမှ လက်မခံဘဲနေနိုင်သည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများ ကျင့်သုံပုံ ကျင့်သုံးနည်း
ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများကို ပြည်သူလူထုက တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးခွင့်ရှိသည်။
နိုင်ငံရေးအာဏာများဟုဆိုရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော
ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာကိုဆိုလိုသည်။ ပြည်သူလူထု
10
တစ်ရပ်လုံးက မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာကို လွတ်လပ်စွာ ကျင့်သုံးရာတွင်
လက်တွေ့အကျဆုံးနည်းလမ်းမှာ အခါအားလျော်စွာ ကျင်းပသော လွတ်လပ်ပြီးတရားမျှတသည့်
ရွေးကောက်ပွဲများဖြင့် မိမိတို့၏ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ
စနစ်တွင် ရွေးကောက်ပွဲသည် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တစ်ခုဖြစ်သည်။
ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲ
ဒီမိုကရေစီသည် နိုင်ငံရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးရာ တွင် အသုံးပြုသော ကျင့်စဉ် တစ်ခုဖြစ်
သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အာဏာများကို ပြည်သူ လူထုက အများဆန္ဒနှင့်အညီ
ကိုင်တွယ်ကျင့်သုံးနိုင်ရေးအတွက် မိမိတို့ဆန္ဒအမှန်ကို ဖော်ထုတ် နိုင်ရန် လွတ်လပ်ပြီး တရားမျှတကာ
သန့်ရှင်းသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပရသည်။ ယင်းသည် ဒီမိုကရေစီ၏ လေးနက်ထူးခြားသော
အင်္ဂါရပ်ဖြစ်သည်။ ထိုသို့ ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် ပြည်သူလူထုသည် မိမိတို့လိုလားသော
နိုင်ငံရေးစနစ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိပြီး မိမိတို့၏ နိုင်ငံရေး ကံကြမ္မာကို ဖန်တီးပြဋ္ဌာန်းခွင့်ရှိသည်။
သို့သော် ရွေးကောက်ပွဲတစ်ခုတည်းဖြင့် ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက် ကာကွယ် နိုင်ရန်
မဖြစ်နိုင်ပေ။ အာဏာရှင်များကလည်း မိမိတို့ပိုင်ဆိုင်ထားသော အာဏာများ၊ စည်းစိမ်များ၊
လက်နက်အင်အားများကို အသုံးပြုပြီး ရွေးကောက်ပွဲများကို အနိုင်ရရှိအောင် လုပ်နိုင်သည်။ သမိုင်းတွင်
အဆိုးဝါးဆုံးသော အာဏာရှင်ကြီးဖြစ်သည့် ဟစ်တလာသည် ရွေးကောက်ပွဲဖြင့် အာဏာရရှိခဲ့သည်ကို
မမေ့သင့်ပေ။
နိဂုံး
အချုပ်အားဖြင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်သူလူထုထံ
အပြည့်အဝ အပ်နှံထားခြင်းဖြစ်သည်။ လူအများ၏ ဆန္ဒအတိုင်း အုပ်ချုပ်သည့်ပုံစံဖြစ်သော်လည်း
လူနည်းစု၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းသည် ဒီမိုကရေစီစနစ်၏ အားသာချက်ပင်ဖြစ်သည်။
မတူညီသော အယူအဆ အမူအကျင့်များအား နားလည်လက်ခံခြင်း၊ မတူညီသော ရပ်တည်ချက်များ
အပေါ်တွင် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း ဟူသော အချက်များသည်ပင် ဒီမိုကရေစီ၏
ဓလေ့စရိုက် အဖြစ်ရှုမြင်ကြသည်။
11
အကိုးအကား (Reference)
Politics, third edition (Andrew Heywood)
How Denocracy Works Units, ဒီမိုကရေစီ ကျင့်သုံးပုံယူနစ် (ပညာ့ရှေ့ဆောင်)
နိုင်ငံရေးသိပ္ပံနိဒါန်း (မင်းသေ့)
ဒီမိုကရေစီ ကျင့်စဉ်တရားများ (ဆလိုင်းလျန်မှုန်းဆာခေါင်း)
ဒီမိုကရေစီ စနစ်အမျိုးမျိုး (ရွှေကူမေနှင်း)
ဒီမိုကရေစီ ဖတ်စာ (ဖေမြင့်)
ဒီမိုကရေစီလူ့အခွင့်အရေး နှင့် ပြည်သူ့အာဏာ (မြင့်ထွန်း)
ဒီမိုကရေစီ ပါရာဒိုင်း (တင်ညွန့်)
ဤဆောင်းပါးသည် ၂၀၁၄ - ၂၀၁၅ နည်းပညာတက္ကသိုလ် (မန္တလေး)
နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး တစ်ပုဒ် ဖြစ်သည်။
စာရေးသူ

More Related Content

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Nationalism
NationalismNationalism
Nationalismaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
 

Jss (letter 7) - copy

  • 1. ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမိတ်ဆက် ငြိမ်းချမ်းဝေ ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည် အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမိတ်ဆက် ငြိမ်းချမ်းဝေ ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည် အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ ဧပြီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမိတ်ဆက် ငြိမ်းချမ်းဝေ ဤဆောင်းပါးသည် ဒီမိုကရေစီ၏ အစကို ဆွဲထုတ်ဆောင်းပါးတစ်ဆောင်ဖြစ်သည်။ ဒီမိုကရေစီသည် အလွန်ကျယ်ပြန့်သော နယ်ပယ်ဖြစ်သော်လည်း ဤဆောင်းပါးသည် ဒီမိုကရေစီအနှစ်အသားများကို တို့ထိထားသည့် သဘောကိုတွေ့ရသည်။ ဆောင်းပါးသည် ဒီမိုကရေစီ သဘော၊ အကြောင်းများကို ပြုစု ရေးသားထားခြင်းဖြစ်သည်။ ဒီမိုကရေစီဆိုသည့် သဘောကို တစ်စုတစ်စီတည်း ကျစ်လစ်စွာ ကြိုးစား ပုံဖော်ထားသည်ကို တွေ့ရသည်။ မိတ်ဆက် စာစဉ်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပြည့်စုံသော ဆောင်းပါးတစ်ပုဒ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ
  • 2. 1 ဒီမိုကရေစီမိတ်ဆက် နိဒါန်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအားစိတ်ပါဝင်စားသူများအကြားတွင် ဒီမိုကရေစီအရေးကိစ္စများမှာ သိသာ ထင်ရှားစွာသရုပ်ပေါ်လာသော ဖြစ်ရပ်များဖြစ်လာသည်။ ၁၉ ရာစုထဲသို့ ဝင်လာသော အချိန်အထိ ဒီမိုကရေစီကို “လူတစ်စု၏စိုးမိုးမှု”(mob rule) စနစ်တစ်ခုအဖြစ် ရှုံ့ချကြသော်လည်း ယခုမူ တော်တော် များများ ဒီမိုကရက် (Democrats) များဖြစ်လာကြလေသည်။ စင်စစ် ၂ဝ ရာစုနောက်ပိုင်းတွင် အဓိက အိုင်ဒီအိုလိုဂျီကြီးများ (major ideologies) အခြေအနေ ယိမ်းယိုင်ကာ ပြိုလဲသွားပြီး နောက်ပိုင်းတွင် ဒီမိုကရေစီမီးလျှံသည် ပိုမိုတောက်ပစွာ ထွန်းတောက် လာပေသည်။ ဒီမိုကရေစီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် “ဒီမိုကရေစီ”ဆိုသော ဝေါဟာရသည် ဂရိဘာသာစကား ‘dēmokratia’ မှ ဆင်းသက်လာခြင်းဖြစ်သည်။ ‘dēmo’ ဆိုသည်မှာ ပြည်သူလူထု(the people) ဖြစ်ပြီး “-kratia” ဆိုသည်မှာ “အာဏာ” (power or rule) ဖြစ်သည်။ မြန်မာပြန်လျှင် “ပြည့်သူ့အာဏာ” သို့မဟုတ် “နိုင်ငံ၏အမြင့်ဆုံး အာဏာသည် ပြည့်သူ့လက်ထဲ တွင်ရှိသည့် အစိုးရစနစ်” ဖြစ်သည်။ အာဏာကို လူတစ်ဦး (သို့မဟုတ်) လူတစ်စုက ရယူထားခြင်းမျိုး မဟုတ်ဘဲ ပြည်သူလူထုထံ အာဏာအပ်နှင်းခြင်းဖြစ်သည်။ အတွင်ကျယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ပြည်သူလူထု၏ အုပ်ချုပ်မှုစနစ်” (Rule by the people) ဖြစ်သည်။ အမေရိကန်သမ္မတ အေဘရာဟင် လင်ကွန်းက ဒီမိုကရေစီကို “လူအများအကျိုးငှာ လူအများ၏ အလိုဆန္ဒအတိုင်း လူအများက အုပ်ချုပ်ခြင်း” ဟုပြောခဲ့သည်။ “Of the people, By the people, For the people” Abraham Lincoln ဒီမိုကရေစီ အမျိုးအစားများ ဒီမိုကရေစီကို ယေဘုယျအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ - (၁) တိုက်ရိုက်ဒီမိုကရေစီ (၂) ကိုယ်စားပြု ဒီမိုကရေစီ (တဆင့်ခံ ဒီမိုကရေစီ) တို့ဖြစ်သည်။
  • 3. 2 (၁) တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) တိုက်ရိုက်ဒီမိုကရေစီကို ရှေးခေတ်က အေသင်မြို့၌ ဂရိလူမျိုးများ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်တွင် ပြည်သူလူထု ကိုယ်တိုင် ပါဝင်အုပ်ချုပ်ရလေသည်။ အေဒီ ၅ ရာစုလောက်တွင် တည်ရှိသော အေသင်မြို့(ဂရိ) နိုင်ငံသားများသည် နိုင်ငံရေးတွင် ပါဝင်ခွင့်ရှိသည်။ ထိုသို့ပါဝင်ရန်လည်း တာဝန်ရှိသည်။ တနှစ်တာနိုင်ငံရေးရာများကို ထမ်းဆောင်ရန် နှစ်စဉ် အေသင်နိုင်ငံသားအားလုံးထဲမှ လူ ၅ဝဝ ကို ရွေးထုတ်သည်။ ထိုလူ ၅ဝဝ သည် တစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးပါက နောက်တနှစ်တာအတွက် နောက်ထပ် ၅ဝဝ ဦးကို ရွေးချယ်ကာ အစိုးရအဖွဲ့ကောင်စီကို အသစ် ထပ်မံဖွဲ့ပေးရသည်။ ဤသို့ဖြင့် နိုင်ငံတော်တွင်း နေထိုင်ကြသော နိုင်ငံသားများ တစ်ယောက်မကျန် အစိုးရအဖွဲ့အတွင်း လုပ်ငန်းများ ဆောင်ရွက်ဖူးကြလေသည်။ အေသင်နိုင်ငံသားအားလုံးသည် ဤ လူ ၅ဝဝ ပါဝင်သော ကောင်စီမှ ချမှတ်သည့် ဥပဒေများကို အတည်ပြုရေးအတွက် မဲပေးကြရသည်။ ခြွင်းချက်အနေဖြင့် ဤစနစ်တွင် မိန်မများ၊ ကျေးကျွန်များ နှင့် နိုင်ငံခြားသားများကို နိုင်ငံသားများအဖြစ် သဘောမထားချေ။ တိုက်ရိုက်ဒီမိုကရေစီသည် လူဦးရေအနည်းငယ်မျှသာရှိသော ပြည်နယ်ကလေးများ၊ ရှေးခေတ် မြို့ပြနိုင်ငံငယ်ကလေးများ (ဥပမာ အေသင်မြို့ပြ)မှာသာလျှင် ကျင့်သုံး၍ ရနိုင်သည်။ ယနေ့ခေတ်၌ တိုင်းပြည်များတွင် လူဦးရည် သန်းနှင့်ချီ၍ ရှိကြသဖြင့် တတိုင်းပြည်လုံးအဆင့်တွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံး၍ မရနိုင်ပေ။ (၂) ကိုယ်စားပြု ဒီမိုကရေစီ (တဆင့်ခံ ဒီမိုကရေစီ) (Representative Democracy) ကိုယ်စားပြု ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တိုင်းပြည်ကို အုပ်ချုပ်စေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်စားပြု ဒီမိုကရေစီဖြင့် ရွေးကောက်ထားသော အစိုးရကို ပြည်သူ့အစိုးရဟု ခေါ်နိုင်သည်။ လက်ရှိ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများ ကျင့်သုံးနေသော ပုံစံ ဖြစ်သည်။ ကိုယ်စားပြုဒီမိုကရေစီတွင် တိုက်ရိုက်ဒီမိုကရေစီ၏ အဂါင်္ရပ်အချို့ကို ကျင့်သုံးသည်။ တိုင်းပြည်၏ အရေးအကြီးဆုံး ဆုံးဖြတ်ချက်များချရာတွင် ဆန္ဒခံယူပွဲများ ပြုလုပ်၍ ပြည်သူများ၏ ဆန္ဒကို တိုက်ရိုက်ရယူသည်။ ကိုယ်စားပြု ဒီမိုကရေစီကို အဓိကအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။ အာဏာခွဲဝေမှုပုံစံ ကွဲပြားခြားနားခြင်း ဖြစ်သည်။ ယင်းတို့မှာ- (၁) လွှတ်တော်ဗဟိုပြု ဒီမိုကရေစီစနစ် (၂) သမ္မတဗဟိုပြု ဒီမိုကရေစီ တို့ဖြစ်သည်။
  • 4. 3 လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ (ပါလီမန်ဒီမိုကရေစီ) လွှတ်တော်ဗဟိုပြု ဒီမိုကရေစီ (ပါလီမန်ဒီမိုကရေစီ) တွင် ဝန်ကြီးချုပ်မှစ၍ ဝန်ကြီးအဖွဲ့အားလုံးကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် (ပါလီမန်အမတ်) များမှ ပြန်လည် ရွေးကောက်သည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် (ပါလီမန်အမတ်) များမှ ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ လွှတ်တော်ဗဟိုပြု ဒီမိုကရေစီတွင် ဝန်ကြီးချုပ်သည် အာဏာအမြင့်ဆုံးကို ရရှိသည်။ ဤစနစ်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးသည် ရောထွေးစွာ တည်ရှိနေတတ်ပြီး သီးခြားခွဲခြားမှု အားနည်းသည်။ ဥပမာ-ဂရိတ်ဗြိတိန်။ လွှတ်တော်ဗဟိုပြုဒီမိုကရေစီ၏ အားသာချက်သည် ပြည်သူလူထု၏ သဘောထားကို လျင်လျင်မြန်မြန် ထင်ဟပ်နိုင်စွမ်း ရှိခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို ပြည်သူလူထုက အယုံအကြည်မရှိ တော့လျှင် ရုတ်တရက်ချက်ချင်း အပြောင်းအလဲရှိနိုင်သည်။ အားနည်းချက်သည် အုပ်ချုပ်သူ အစိုးရ အပြောင်းအလဲကြောင့် နိုင်ငံအကျိုးစီးပွားကို အကောင်အထည် ဖော်ရာတွင် နှောင့်နှေးကာ အနှောင့်အယှက် ဖြစ်လာနိုင်သည်။ အီတလီနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း တစ်နှစ်တည်းနှင့် အစိုးအရအပြောင်းအလဲ ၁၅ ကြိမ်ပြောင်းလဲခဲ့သော သာဓကရှိသည်။ သမ္မတဗဟိုပြု ဒီမိုကရေစီ သမ္မတဗဟိုပြုဒီမိုကရေစီတွင် လွှတ်တော်အမတ်များအပြင် သမ္မတကိုပါ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ် သည်။ ထို့ကြောင့် သမ္မတ ရွေးကောက်ပွဲကို ကျင်းပပေးရသည်။ သမ္မတက သူ၏အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ကြီးအဖွဲ့များကို သူ့စိတ်တိုင်းကျရွေးချယ်ပြီး တာဝန်ပေးအပ်နိုင်သည်။ သို့သော် ဝန်ကြီးအဖြစ် အဆိုပြု ထားသော ပုဂ္ဂိုလ်များကို အောက်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပေးရသည်။ ထို့ကြောင့် မည်သည့်ဝန်ကြီး တဦးတယောက်ကိုမျှ အောက်လွှတ်တော်၏ အတည်ပြု ထောက်ခံခြင်းမရှိပဲ ခန့်အပ်ပိုင်ခွင့် မရှိပေ။ ဤစနစ်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးသည် သီးခြားစွာတည်ရှိသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စု။ သမ္မတဗဟိုပြုဒီမိုကရေစီ၏ အားသာချက်သည် ဥပဒေပြုအစိုးရတစ်ရပ်သည် တည်ငြိမ်ပြီး နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်သည်။ အားနည်းချက်မှာ ပြည်သူလူထု၏ သဘောထားသည် အစိုးရအပေါ် သက်ရောက်မှုနှေးကွေးပြီး သမ္မတနှင့် လွှတ်တော် ကြီးကျယ်စွာသဘောထားကွဲလွှဲသော ကိစ္စမျိုးတွင် ဆုံးဖြတ်ချက်ချရန် အချိန်နှောင့်နှေး တတ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်ထားသော တိုင်းပြည်တစ်ခု၏ အမြင့်ဆုံးသော ဥပဒေမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ” ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏
  • 5. 4 မူလ ပိုင်ရှင်ဖြစ်သာ ပြည်သူလူထုတစ်ရပ်လုံးနှင့် ယင်းအချုပ်အခြာအာဏာကို ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့်ရှိသော အစိုးရတို့ မည်သို့မည်ပုံ အာဏာခွဲဝေသုံးစွဲ၍ နိုင်ငံတော်ကို စီမံအုပ်ချုပ်ကြမည်ဟု ပြဋ္ဌာန်းထားသော တိုင်းပြည်၏ “အမြင့်ဆုံး ဥပဒေ”ဖြစ်သည်။ တနည်းအားဖြင့် လူထုကိုယ်စား တိုင်းပြည်ကို စီမံအုပ်ချုပ်နေသော အစိုးရအား အာဏာအလွဲသုံးစားမှု မရှိရအောင် ထိန်းကွတ်ထားသော ဘောင်တစ်ခုပင်ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်: (၁) နိုင်ငံတော်၏ အာဏာကိုပြည်သူများပိုင်ဆိုင်ကြောင်း တိကျရှင်းလင်းစွာ ပြဋ္ဌာန်းပေးရမည်။ (၂) နိုင်ငံသားတို့၏ မွေးရာပါအခွင့်အရေးများဖြစ်သည့် အခြေခံလွတ်လပ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို တိကျရှင်းလင်းစွာ ကာကွယ်ပေးရမည်။ (၃) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့်တရားစီရင်ရေးအာဏာများအား ခွဲခြားကျင့်သုံးရေး (Separation of Power) ကို တိကျစွာပြဋ္ဌာန်း၍ထိုနိုင်ငံရေးအဆောက်အဦး (Political Institution) များ၏ လုပ်ဆောင်ပုံများနှင့် အာဏာကိုင်တွယ်မည့်လူပုဂ္ဂိုလ်များ ရွေးချယ်ပုံတို့ကို ပြဋ္ဌာန်းလမ်းညွှန်ပေးရမည်။ (၄) လွတ်လပ်သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများ၊ အစိုးရဖွဲ့စည်းပုံစနစ် (Form of Government) တို့ကို ပြဋ္ဌာန်း၍ အစိုးရကို ဥပဒေဖြင့် ထိန်းကျောင်းလမ်းညွှန်ပေးရမည်။ ဒီမိုကရေစီကိုကျင့်သုံးသော နိုင်ငံအများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာပြဋ္ဌာန်းကြသည်။ သို့သော်ခြွင်းချက်အနေဖြင့် ရေးဆွဲထားခြင်းမရှိသော နိုင်ငံအနည်းငယ်ရှိသည်။ ထိုနိုင်ငံများမှာ ဗြိတိန်၊ နယူးဇီလန် နှင့် အစ္စရေးလ် တို့ဖြစ်သည်။ ဗြိတိန်မှာ နိုင်ငံရေးနှင့်ပတ်သတ်သော အခြေခံမူဝါဒနှင့် စည်းကမ်းများကို အများက သဘောတူလက်ခံပြီး ဖြစ်ရာ ရေးဆွဲပြဋ္ဌာန်းရန် မလိုဟု ယူဆခြင်းဖြစ်သည်။ နယူးဇီလန်ကား ဗြိတိန်နှင့် ဓနသဟာယ မိတ်ဆွေ နိုင်ငံဖြစ်ရာ ဗြိတိန်စနစ်ကို ယူသုံးသဖြင့် ဗြိတိန်ကဲ့သို့ ကျင့်သုံးခြင်းဖြစ်သည်။ အစ္စရေးလ်မှာ သဘောတူလက်ခံထားခြင်း မရှိပေ။ အခြေခံဥပဒေရေးဆွဲရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဘာသာရေးနှင့် နိုင်ငံရေးတို့တွင် သဘောထားကွဲလွှဲမှု ပြင်းထန်ကြသည်။ ထို့ကြောင့် စေ့စပ်မနေတော့ဘဲ ချန်လှပ်ကာ အခြားနိုင်ငံရေးကိစ္စများတွင် အခြေခံသဘောတူညီမှု ကောင်းစွာရှိနေသောကြောင့် မရေးဆွဲ တော့ဘဲ ဗြိတိန်နှင့် နယူးဇီလန်ကဲ့သို့ပင် နားလည်မှုဖြင့် အုပ်ချုပ်သည်။ တရားဥပဒေစိုးမိုးရေး (Rule of Law) တရားဥပဒေစိုးမိုးရေး (Rule of Law) သည် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း နှင့် တရားမျှတခြင်း ဟူသော အချက်များပေါ်တွင် မှီတည်သည်။ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေး ရရှိကြခြင်းသည် တရားဥပဒေစိုးမိုးမှု၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ရာထူးဂုဏ်၊ လူမျိုး၊
  • 6. 5 ဘာသာစကား၊ ကိုးကွယ်မှု နှင့် အသားအရောင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ခြင်းမရှိစေဘဲ နိုင်ငံသားတိုင်း၏ တန်းတူညီမျှခွင့်ကို လေးစားအသိအမှတ်ပြု ကာကွယ်စောင့်ရှောက်ရန် တရားဥပဒေ စိုးမိုးမှု လိုအပ်သည်။ အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်ခုအကြား မတူကွဲပြားမှုများစွာရှိသည့်အနက် အရေးကြီးဆုံး ခြားနား ချက်တစ်ခုမှာ တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။ အာဏာရှင်စနစ်တွင် တရားဥပဒေဆိုသောအရာသည် အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသုံးချသည့် နိုင်ငံရေးကရိယာ တစ်ခုမျှသာဖြစ်သည်။ ယင်းတွင်တရားဥပဒေသည် လူထုအကျိုးစီးပွားကို ကာကွယ်ပြဋ္ဌာန်းပေးခြင်းမရှိဘဲ အာဏာရှင်များ အကျိုးစီးပွားကိုသာ ကာကွယ်ပေးလေ့ရှိသည်။ ထိုကြောင့် အာဏာရှင်စနစ်တွင် အာဏာရှင်များသည် တရားဥပဒေ၏အထက် (Above the Law) တွင်ရှိနေကြပြီး ၄င်းတို့အာဏာတည်မြဲရေးအတွက် လူထုကို ဥပဒေများဖြင့်ဖိနှိပ်ချုပ်ချယ်ကာ တရားဥပဒေဖြင့် အုပ်ချုပ်(Ruled by Law) ကြသည်။ အာဏာရှင်စနစ်တွင် တရားဥပဒေစိုးမိုးမှု၏အနှစ်သာရကို မတရားသော ဥပဒေများပြဋ္ဌာန်းပြီး အဓိပ္ပါယ်ဖွင့်ကြသည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူရည်တူ အခွင့်အရေးရရှိကြသည်။ မည်သူမျှ ဥပဒေ၏ အပေါ်တွင်မရှိသကဲ့သို့ တရားဥပဒေ၏ အပြင်ဘက်တွင်လည်း မည်သူမျှမရှိပေ။ မည်သူ မဆို တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တန်းတူရည်တူ ရရှိနိုင်သကဲ့သို့ ပြစ်မှုကျူးလွန်ပါကလည်း တန်းတူရည်တူ ပြစ်ဒဏ်စီရင်ခြင်းခံရမည်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တရားဥပဒေ စိုးမိုးရေး (Rlue of Law) သည် အရေးပါသော အခန်းကဏန်းမှ ရပ်တည်သည်။ နိုင်ငံတော်အချုပ်အခြာအာဏာ ခက်မသုံးဖြာ နိုင်ငံတော်၏အချုပ်အခြာအာဏာ (Sovereign Power) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း အတိုင်းအဆ အကန့်အသတ်မရှိသော အကြွင်းမဲ့အာဏာ (Absolute Power) ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။ ထို့နောက် ဒီမိုကရေစီတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အလွဲသုံးစားမှု မရှိစေရန် အတွက် လူတစ်ဦး (သို့မဟုတ်) လူတစ်စုထံသို့ စုပုံအပ်နှံထားခြင်းမရှိပေ။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အာဏာသုံးရပ်ခွဲကာ အပ်နှင်းသည်။ ထို့ပြင် အာဏာတစ်ရပ်နှင့် တစ်ရပ် စောင့်ကြည့်ကာ အပြန်အလှန် ထိန်းကျောင်း (Check and Balance) စေသည်။ ယင်းအာဏာသုံးရပ်မှာ (၁) ဥပဒေပြုရေးအာဏာ (Legislative Power) (၂) အုပ်ချုပ်ရေးအာဏာ (Executive Power) (၃) တရားစီရင်ရေးအာဏာ (Judicial Power) တို့ဖြစ်သည်။ ဥပဒေပြုရေးအာဏာ (Legislative Power) နိုင်ငံတော်အာဏာအလွဲသုံးစားမှု မရှိစေရန် အာဏာခွဲခြားမျှဝေမှု သုံးရပ်ရှိသည့်အနက် ဥပဒေပြုရေး အာဏာသည် အရေးကြီးဆုံးအာဏာဖြစ်ပေသည်။ ကောင်းမွန်မှန်ကန်၍ တရားမျှတသော ဥပဒေများကို
  • 7. 6 ရေးဆွဲ ပြဋ္ဌာန်းနိုင်မှသာလျှင် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းစွာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း နှင့် တရားမျှတခြင်းဟူသော ဒီမိုကရေစီတရားများကို အထောက်အကူပြုရန် တရားမျှတ သည့် “တရားဥပဒေများ”ကို ဥပဒေပြုရေးမဏ္ဍိုင် ဥပဒေများပြဋ္ဌာန်းရသည်။ နိုင်ငံတော်တွင်ကျင့်သုံးမည့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုလွှတ်တော်တွင် ဆောင်ရွက်ကြရသည်။ လွှတ်တော်တရပ်သာကျင့်သုံးသော နိုင်ငံများရှိသကဲ့သို့ လွှတ်တော်(၂)ရပ်ရှိသော နိုင်ငံများလည်းရှိသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်တွင် ဥပဒေပြုရေးအာဏာ သည် အုပ်ချုပ်ရေးအာဏာကို ထိန်းကျောင်းထားသည်။ ဥပဒေပြုအဖွဲ့ ဥပဒေပြုအဖွဲ့ကို ဖွဲ့စည်းထားပုံ ဥပဒေပြုအဖွဲ့ကို ဖွဲ့စည်းရာတွင် လွှတ်တော် တစ်ရပ် သို့မဟုတ် မိမိတို့နိုင်ငံအလိုက် အဆင်ပြေသော နည်းများဖြင့် ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်နှစ်ရပ် ဟူ၍ နှစ်မျိုးရှိသည်။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) ကို ပြည်သူများကို ကိုယ်စားပြုသည်။ ပြည်သူများဟု ဆိုရာတွင် ပြည်သူများက မဲအများဆုံးရသူနိုင်သောစနစ် (First Past the Post-FPTP) ဖြင့်ဖြစ်စေ အချိုးကျ ကိုယ်စားလှယ်စနစ် (Proportional representation) ဖြင့်ဖြစ်စေ ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များကို ဆိုလိုခြင်းဖြစ်သည်။ အထက်လွှတ်တော်(အမျိုးသားလွှတ်တော်)သည် ပြည်နယ်များကို ကိုယ်စားပြုသည်။ တပြည်ထောင် နိုင်ငံများတွင် အောက်လွှတ်တော်မှ အကောင်းဆုံး အကြံပေးနိုင်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ ဥပဒေပြုရေးအဖွဲ့၏ တာဝန်များ ဥပဒေပြုရေးအဖွဲ့သည် အောက်ပါတာဝန်များကို မဖြစ်မနေ ထမ်းဆောင်ရသည်။ (၁) ဥပဒေများကို အကြံပြုတင်သွင်ခြင်းနှင့် ချမှတ်ခြင်း (၂) ဝန်ကြီးများအဖွဲ့ကို အတည်ပြုပေးခြင်း (၃) အစိုးရရသုံး ခန့်မှန်းခြေငွေစာရင်း (ဘတ်ဂျက်)ကို အတည်ပြုပေးခြင်း (၄) အုပ်ချုပ်ရေးအဖွဲ့ကို ကြီးကြပ်ကွပ်ကဲခြင်း ဥပဒေပြုခြင်း ဖြစ်စဉ် ဥပဒေပြုရေးအဖွဲ့(လွှတ်တော်)သည် ဥပဒေတစ်ခုပြုမည်ဆိုလျှင် ယင်းဥပဒေသည် ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ်ရှေ့ရှုစေရန် အောက်ပါဖြစ်ရပ်များကို ဖြတ်သန်းရသည်။ (၁) အစိုးရအဖွဲ့ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်းများ တင်သွင်းရသည်။ (၂) ဥပဒေကြမ်းကို မူကြမ်းရေးဆွဲရန် သင့်လျော်သော ကော်မီတီများသို့ ပေးပို့ရသည်
  • 8. 7 (ဥပမာ- ဘတ်ဂျက်ရေးရာကော်မီတီ၊ မိသားစုရေးရာကော်မီတီ) (၃) ငြင်းခုန်ဆွေးနွေးရန်နှင့် မဲခွဲဆုံးဖြတ်ရန်အတွက် ဥပဒေကြမ်းကို အောက်လွှတ်တော်သို့ ပေးပို့သည်။ မူကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ လုပ်ရလေ့ရှိသည်။ (၄) ငြင်းခုန်ဆွေးနွေးရန် နှင့် မဲခွဲဆုံးဖြတ်ရန် အထက်လွှတ်တော်သို့ ပေးပို့သည်။ (၅) လွှတ်တော် ၂ ရပ်လုံးမှ အတည်ပြုပြီးလျှင် သမ္မတ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်က ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုပေးရသည်။ သမ္မတက ဥပဒေနှင့်ပတ်သတ်၍ ဗီတိုအာဏာ သုံးခွင့်ရှိသည်။ (၆) ဥပဒေကို တရားဝင် ထုတ်ပြန်ရသည်။ မဲအပေးအယူ လုပ်ခြင်း မဲ အပေးအယူ လုပ်ခြင်းဆိုသည်မှာ မိမိ၏ အကြံပြုတင်ပြချက်ကို အခြားသူက ထောက်ခံပေးရန်အတွက် အပေးအယူသဘောဖြင့် ထိုသူ၏ အကြံပြုတင်ပြချက်ကို ထောက်ခံပေးခြင်းဖြစ်သည်။ ဤအဖြစ်မျိုးသည် ဥပဒေပြုအဖွဲ့များတွင် အဖြစ်များသည်။ သာဓကအားဖြင့် လွှတ်တော်အမတ် ဦးဖြူက လွှတ်တော်အမတ် ဦးနီ၏ မြို့နယ်ထဲမှ လမ်းဖောက်လုပ်ရေး ကိစ္စအတွက် ထောက်ခံမဲပေးပြီး အပြန်အလှန်အားဖြင့် ဦးနီက ဦးဖြူ၏ မြို့နယ်ထဲမှ တံတားဆောက်လုပ်ခွင့် အတွက် ထောက်ခံမဲပေးခြင်းမျိုးဖြစ်သည်။ အုပ်ချုပ်ရေးအာဏာ (Executive Power) နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို စီမံခန့်ခွဲသည့် “အစိုးရ”ကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲသည် လွှတ်တော်ဗဟိုပြုစနစ်တွင် ဝန်ကြီးချုပ်ဖြစ်ပြီး သမ္မတဗဟိုပြုစနစ်တွင် သမ္မတဖြစ်သည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးခွင့်ရှိသော နိုင်ငံတော်အစိုးရသည် တိုင်းပြည်ကို စီမံအုပ်ချုပ်ရာ၌ တာဝန်အရှိဆုံးအဖွဲ့ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပုံ အုပ်ချုပ်ရေးအဖွဲ့ကို သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ဝန်ကြီးများအဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းသည်။ ဝန်ကြီးများအဖွဲ့ ဖွဲ့စည်းပုံ သမ္မတဗဟိုပြုစနစ်တွင် ဝန်ကြီများကို သမ္မတက ရွေးချယ်ခန့်အပ်သည်။ ဤတွင် ဝန်ကြီးများသည် မိမိတို့ ဌာနနှင့်ဆိုင်သော နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များဖြစ်ဖွယ်ရှိသည်ဟု ယူဆနိုင်သည်။ ၎င်းတို့သည် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခံထားရသူများ မဟုတ်ချေ။
  • 9. 8 လွှတ်တော်ဗဟိုပြုစနစ်တွင် ဝန်ကြီးများသည် ပြည်သူလူထု တင်မြှောက်ထားသော လွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည်။ ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်သော်လည်း ကျွမ်းကျင်ပညာရှင်များ မဟုတ်ချေ။ ဝန်ကြီးဌာနများ  ဝန်ကြီးဌာနများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူပေသကဲ့သို့ အစိုးရအသစ်တက်တိုင်းလည်း ဝန်ကြီးဌာနများကို လိုအပ်သလို အတိုး အလျှော့လုပ်ခြင်းများလည်း ရှိသည်။ အဓိကအားဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည်တို့ရှိကြသည်။  အရပ်သားဖြစ်သော ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကိုချုပ်ကိုင်ထားသည်။  ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့နှင့် နယ်မြေဒေသဆိုင်ရာအစိုးရအဖွဲ့များကို ချုပ်ကိုင်ထားသည်။ ဤဝန်ကြီးဌာနသည် အလွန်အာဏာရှိသော ဝန်ကြီးဌာနဖြစ်သည်။  အစိုးရအဖွဲ့ပြောင်းလဲသွားသောအခါ ထိပ်တန်းရာထူးများပြောင်းလဲသွားသည်။ ရွေးကောက်ပွဲတစ်ခု ပြီးလျှင် ဝန်ကြီးများပြောင်းလဲသွားသည်။ သို့သော် ပြည်သူ့ဝန်ထမ်းများကမူ တသက်တာလုံး ဝန်ထမ်းအဖွဲ့မှာ မြဲနေနိုင်သည်။ အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်များ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေများ အကြံပြုတင်သွင်းခြင်း၊ အကောင်အထည်ဖော်ခြင်း နှင့် မူဝါဒရေးဆွဲခြင်း တို့ကိုလုပ်ဆောင်ရသည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေတွင် ပါဝင်ရမည့် အသေးစိတ် စည်းမျဉ်းစည်းကမ်း များကိုလည်း ရေးဆွဲရန် တာဝန်ရှိသည်။ သာဓကအားဖြင့် ပြည်သူအားလုံး ကားမောင်းလိုင်စင်ရှိ ရမည်ဟူသော ဥပဒေတစ်ရပ်ကို အတည်ပြုလိုက် သည် ဆိုလျှင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ကားမောင်လိုင်စင်ရရှိရန် လိုအပ်သော အချက်အလက်များ နှင့် ငွေမည်မျှပေးဆောင်ရမည်ကို သတ်မှတ်ပေးရမည်။ တရားစီရင်ရေးအာဏာ (Legislative Power) တရားဥပဒေစိုးမိုးပြီး ဒီမိုကရေစီကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက် လွတ်လပ်စွာ တရားစီရင်နိုင်ရေးသည် မရှိမဖြစ်လိုအပ်သည်။ လွပ်လပ်စွာ တရားစီရင်နိုင်ရန်အတွက် အခြားနိုင်ငံတော် အာဏာရပ်များဖြစ်သော ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေးအာဏာမှ သြဇာလွှမ်းမိုးခြင်း မရှိအောင် ကာကွယ်ရပေမည်။ လွတ်လပ်စွာ တရားစီရင်ရေးနိုင်ရေးကို ကြီးမားစွာ စိန်ခေါ်နိုင်သူတို့မှာ နိုင်ငံရေးအာဏာကြီးများသူများ၊ ပစ္စည်းဥစ္စာနှင့် ငွေကြေးသြဇာ ကြီးမားသူများ၊ ဘာသာရေးနှင့် လူမှုရေးအခြေအနေကြောင့် သြဇာကြီးမားသူများဖြစ်သည်။ တရားဥပဒေရှေ့မှောက်တွင် နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိနိုင်ရမည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တကွ အခြားပြဋ္ဌာန်းထားသော ဥပဒေများနှင့် အညီ တူတန်းညီမျှ၍ လွတ်လပ်စွာ တရားစီရင်ရမည်။ မည်သူမျှ ဥပဒေအပေါ် (Above the Law) မရှိဟူသော အချက်သည် ဒီမိုကရေစီစနစ်၏ တရားစီရင်ရေးအာဏာတွင် ရှိသော အနှစ်သာရဖြစ်သည်။
  • 10. 9 တရားစီရင်ရေးအဖွဲ့ တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းပုံ နှင့် တာဝန်များ တရားစီရင်ရေးအဖွဲ့ကို တရားရုံးများဖြင့် ဖွဲ့စည်းထားသည်။ တရားစီရင်ရေးအဖွဲ့သည် နိုင်ငံတော်အစိုးရ၏ အမည်ဖြင့် ဥပဒေများကို အဓိပ္ပါယ်ပြန်ဆိုခြင်း၊ ကျင့်သုံးခြင်းပြုသသည်။ တရားစီရင်ရေး အဖွဲ့၏ အခြေခံ အကျဆုံး တာဝန်မှာ စည်းမျဉ်းဥပဒေများ အသက်ဝင်ပြီး လိုက်နာကျင့်သုံးမှုရှိစေရန် ထိန်းသိမ်း အကောင်အထည်ဖော်ခြင်းနှင့် လူတစ်ဦးချင်း၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။ ထို့ပြင် တရားစီရင်ရေးအဖွဲ့သည် အခြား နိုင်ငံတော်အာဏာ နှစ်ရပ်ကိုလည်း ထိန်းသိမ်း စောင့်ရှောက် ရသည်။ ယင်းတို့မှာ ဥပဒေပြုရေးအဖွဲ့မှ ရေးဆွဲပြဋ္ဌာန်းသော တရားဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကိုက်ညီခြင်း ရှိ၊ မရှိ အဆုံးအဖြတ်ပေးရသည်။ အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်များသည် တရားဥပဒေနှင့် ကိုက်ညီခြင်းရှိ၊မရှိ အဆုံးအဖြတ်ပေးရ သည်။ မရှိလျှင် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ဥပဒေဆိုင်ရာ အဆုံးအဖြတ်များကို ချမှတ်ရသည်။ တရားစီရင်ရေးအဖွဲ့၏ သီခြားလွပ်လွတ်မှုရှိနိုင်ရန် နည်းလမ်များ တရားစီရင်ရေးအဖွဲ့သည် သီးခြားလွတ်လပ်မှုရှိစေရန် အောက်ပါနည်းလမ်းများ (အခွင့်အရေးများ) ဖြင့် ဆောင်ရွက်နိုင်သည်။  တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းကို ဥပဒေပြုရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့၏ ကိုယ်စားလှယ်များက ဆောင်ရွက်ရမည်။  တရားသူကြီးတစ်ဦးကို ရာထူးမှ ဖယ်ရှားလိုလျှင်သော်လည်းကောင်း အခြားလုပ်ငန်း တာဝန် တစ်ခုခုသို့ ပြောင်းရွေ့ပေးလိုလျှင်သော်လည်းကောင်း မည့်သည့် အဖွဲ့အစည်းမှ မပြုနိုင်ချေ။ အခြားသော တရားသူကြီးများကသာလျှင် ကျင့်ဝတ်စည်းကမ်းဆိုင်ရာ ကြားနာစစ်ဆေးမှုဖြင့်သာ ရာထူးမှ ဖယ်ရှားပစ်နိုင်သည်။  တရားသူကြီးတစ်ဦးတစ်ယောက်ကို ရုပ်ဝတ္တုပစ္စည်းအရနှင့် ဘဏ္ဍာရေးအရ လုံလောက်စွာ ထောက်ပံရမည်။  တရားသူကြီးများသည် အများ လက်မခံသည့်တိုင် သို့မဟုတ် အာဏာရှိသူများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည့်တိုင် အမှုများကို တရားဥပဒေပြဋ္ဌာန်းချက်နှင့် အညီ စီရင်ဆုံးဖြတ်ရမည်။  တရားသူကြီးတစ်ယောက်၏ ဆုံးဖြတ်ခွင့်နှင့်ပတ်သတ်၍ အထက်တရားရုံများ၏ အမိန့်မှ တစ်ပါး မည့်သည့်ညွှန်ကြားချက်ကိုမှ လက်မခံဘဲနေနိုင်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများ ကျင့်သုံပုံ ကျင့်သုံးနည်း ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအာဏာများကို ပြည်သူလူထုက တိုက်ရိုက်ကိုင်တွယ်ကျင့်သုံးခွင့်ရှိသည်။ နိုင်ငံရေးအာဏာများဟုဆိုရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာကိုဆိုလိုသည်။ ပြည်သူလူထု
  • 11. 10 တစ်ရပ်လုံးက မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာကို လွတ်လပ်စွာ ကျင့်သုံးရာတွင် လက်တွေ့အကျဆုံးနည်းလမ်းမှာ အခါအားလျော်စွာ ကျင်းပသော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြင့် မိမိတို့၏ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲသည် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တစ်ခုဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ရွေးကောက်ပွဲ ဒီမိုကရေစီသည် နိုင်ငံရေးအာဏာများကို ကိုင်တွယ်ကျင့်သုံးရာ တွင် အသုံးပြုသော ကျင့်စဉ် တစ်ခုဖြစ် သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အာဏာများကို ပြည်သူ လူထုက အများဆန္ဒနှင့်အညီ ကိုင်တွယ်ကျင့်သုံးနိုင်ရေးအတွက် မိမိတို့ဆန္ဒအမှန်ကို ဖော်ထုတ် နိုင်ရန် လွတ်လပ်ပြီး တရားမျှတကာ သန့်ရှင်းသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပရသည်။ ယင်းသည် ဒီမိုကရေစီ၏ လေးနက်ထူးခြားသော အင်္ဂါရပ်ဖြစ်သည်။ ထိုသို့ ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် ပြည်သူလူထုသည် မိမိတို့လိုလားသော နိုင်ငံရေးစနစ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရရှိပြီး မိမိတို့၏ နိုင်ငံရေး ကံကြမ္မာကို ဖန်တီးပြဋ္ဌာန်းခွင့်ရှိသည်။ သို့သော် ရွေးကောက်ပွဲတစ်ခုတည်းဖြင့် ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက် ကာကွယ် နိုင်ရန် မဖြစ်နိုင်ပေ။ အာဏာရှင်များကလည်း မိမိတို့ပိုင်ဆိုင်ထားသော အာဏာများ၊ စည်းစိမ်များ၊ လက်နက်အင်အားများကို အသုံးပြုပြီး ရွေးကောက်ပွဲများကို အနိုင်ရရှိအောင် လုပ်နိုင်သည်။ သမိုင်းတွင် အဆိုးဝါးဆုံးသော အာဏာရှင်ကြီးဖြစ်သည့် ဟစ်တလာသည် ရွေးကောက်ပွဲဖြင့် အာဏာရရှိခဲ့သည်ကို မမေ့သင့်ပေ။ နိဂုံး အချုပ်အားဖြင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်သူလူထုထံ အပြည့်အဝ အပ်နှံထားခြင်းဖြစ်သည်။ လူအများ၏ ဆန္ဒအတိုင်း အုပ်ချုပ်သည့်ပုံစံဖြစ်သော်လည်း လူနည်းစု၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းသည် ဒီမိုကရေစီစနစ်၏ အားသာချက်ပင်ဖြစ်သည်။ မတူညီသော အယူအဆ အမူအကျင့်များအား နားလည်လက်ခံခြင်း၊ မတူညီသော ရပ်တည်ချက်များ အပေါ်တွင် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း ဟူသော အချက်များသည်ပင် ဒီမိုကရေစီ၏ ဓလေ့စရိုက် အဖြစ်ရှုမြင်ကြသည်။
  • 12. 11 အကိုးအကား (Reference) Politics, third edition (Andrew Heywood) How Denocracy Works Units, ဒီမိုကရေစီ ကျင့်သုံးပုံယူနစ် (ပညာ့ရှေ့ဆောင်) နိုင်ငံရေးသိပ္ပံနိဒါန်း (မင်းသေ့) ဒီမိုကရေစီ ကျင့်စဉ်တရားများ (ဆလိုင်းလျန်မှုန်းဆာခေါင်း) ဒီမိုကရေစီ စနစ်အမျိုးမျိုး (ရွှေကူမေနှင်း) ဒီမိုကရေစီ ဖတ်စာ (ဖေမြင့်) ဒီမိုကရေစီလူ့အခွင့်အရေး နှင့် ပြည်သူ့အာဏာ (မြင့်ထွန်း) ဒီမိုကရေစီ ပါရာဒိုင်း (တင်ညွန့်) ဤဆောင်းပါးသည် ၂၀၁၄ - ၂၀၁၅ နည်းပညာတက္ကသိုလ် (မန္တလေး) နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး တစ်ပုဒ် ဖြစ်သည်။ စာရေးသူ