SlideShare a Scribd company logo
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမှာ လောကလုံးသဘော
မင်းသေ့
ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်
သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏
တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော
အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး
အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ
တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမှာ လောကလုံးသဘော
မင်းသေ့
ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်
သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏
တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော
အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး
အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ
တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ဒီမိုကရေစီမှာ လောကလုံးသဘော
မင်းသေ့
ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်
သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏
တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော
အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး
အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ
တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
2
“ ဒီမိုကရေစီမှာ “ လောကလုံးသဘော ”
ဤဆောင်းပါးသည် Journal of Democracy တွင်ပါရှိသော အိန္ဒိယနိုင်ငံသား အမတ္တာဆင်း၏
Democracy as a Universal Value ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။
စာရေးသူ
လွန်ခဲ့သော ၁၉ ရာစုတစ်ခုလုံးသည် ဥရောပအင်ပါယာကြီးစိုးသည့် ကာလဖြစ်သည်။ အထူးသဖြင့် ဗြိတိသျှ
အင်ပါယာနှင့် ပြင်သစ်အင်ပါယာကြီးစိုးရာကာလများဖြစ်ခဲ့သည်။ ကမ္ဘာစစ်ကြီး (၂)ခုနှင့် ကြုံတွေ့ရသောအခါ
ဗြိတိသျှနှင့် ပြင်သစ်အင်ပါယာတို့ ဆုံးခန်းတိုင်သွားခဲ့ပြီး ကမ္ဘာစစ်အတွင်း ဖက်ဆစ်စနစ်နှင့် နာဇီဝါဒတို့
ပေါက်ဖွား ရှင်သန်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် ဖက်ဆစ်တို့အရေးနိမ့်ပြီးနောက်ပိုင်း ကွန်မြူနစ်စနစ်
ခေါင်းထောင်လာသည်။ အထူးသဖြင့် ဆိုဗီယက်အုပ်စုနှင့် တရုတ်တို့သည် ကွန်မြူနစ်ဝါဒကို စွဲကိုင်သည့်
အရှေ့အုပ်စုဖြစ်ခဲ့သည်။
၂၀ ရာစုအတွင်း ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်
အပျံ့ကျယ်လာခြင်းသည် ကြီးစွာသော တိုးတက်မှုတစ်ခုဖြစ်ခဲ့သည်။ တကယ်တော့ ဒီမိုကရေစီ
သဘောတရားတို့သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက ရှေးဂရိမြို့ပြနိုင်ငံများတွင်
စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အိန္ဒိယအပါအဝင် အခြားနိုင်ငံများတွင်လည်း ဒီမိုကရက်တစ်
အသွင်ကူးပြောင်းရေးအတွက် တဖြည်းဖြည်းချင်း အားထုတ်ကြိုးပမ်းခဲ့မှုများလည်း ရှိခဲ့သည်။ သို့သော်
အာဏာရှင်စနစ်ကို လုံးလုံးလျားလျား အစားမထိုးနိုင်သေး သည့်ကာလများ မတိုင်မီအထိ ဒီမိုကရေစီကျင့်စဉ်
များကို ရှေးဂရိမြို့ပြနိုင်ငံများတွင်သာ အသုံးပြုခဲ့ဖူးသည်။
ထို့နောက် ဒီမိုကရေစီပေါ်ထွန်းလာစေရန် အချိန်ကာလကြာညောင်းစွာ အားထုတ်ခဲ့ရသည်။ ဒီမိုကရေစီစနစ်ကို
အုပ်ချုပ်မှုစနစ်အသွင်ဖြင့် အုပ်ချုပ်လာနိုင်စေရန် အခြေအနေအကြောင်းအချက်ပေါင်းစုံက အထောက်အပံ့ပြုခဲ့
သည်။ အဆိုပါ အခြေအနေအကြောင်းအချက်များတွင် ၁၂၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မဂ္ဂနာစာချုပ်
(Magna Carta) မှသည် ၁၈ ရာစု အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးအထိ ပါဝင်သည်။ ထို့အခြေအနေဖြင့်
ဆက်စပ်၍ ၁၉ ရာစုတွင် မြောက်အမေရိကနှင့် ဥရောပအထိ ဒီမိုကရက်တစ် ကျင့်စဉ်များ ပြန့်ပွားလာသည်
အထိ ဖြစ်လာခဲ့သည်။ ၂၀ ရာစုသို့ရောက်လာသောအခါ၊ ဒီမိုကရက်တစ် အတွေးအခေါ်များကို
မည်သည့်နိုင်ငံအတွက် မဆို ကျင့်သုံးနိုင်သည့်၊ “ပုံမှန်” အစိုးရအုပ်ချုပ်ရေးပုံစံ၊ အနေအထားအထိ
အုတ်မြစ်ချနိုင်ခဲ့သည်။ ဤသို့ဖြင့် ဒီမိုကရက်တစ် အတွေးအခေါ်များသည် ၂၀ ရာစု၏ ထုတ်ကုန်တစ်ခုကဲ့သို့
မင်းသေ့
3
ဖြစ်လာသည်။ ထို့အတူ ဒီမိုကရေစီသည်လည်း “ လောကလုံးသဘော ” အဖြစ် အလျင်အမြန်
ရောက်လာခဲ့သည်။
၁၉ ရာစု တစ်လျောက်လုံး၊ ဒီမိုကရေစီသဘောတရားရေးသမားတို့သည် “ ဒီမိုကရေစီသည် နိုင်ငံအားလုံးနှင့်
သင့်တော်ခြင်း ရှိ/ မရှိ ” ဆိုသည့်အချက်အပေါ် ဆွေးနွေးငြင်းခုံခဲ့ကြသည်။ ၂၀ ရာစုရောက်သောအခါမှပင်
ထိုဆွေးနွေးချက်သည်ပင် မှားယွင်းနေကြောင်း လက်ခံခဲ့သည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံအား
ဒီမိုကရေစီနှင့် သင့်တော်သည်၊ မသင့်တော်သည်ကို အဆုံးအဖြတ်ပေးရန် မလိုအပ်ချေ။ ဒီမိုကရေစီမှတစ်ဆင့်
တည့်မတ်ကောင်း မွန်လာစေရမည်ဆိုသည့် အချက်ကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ ဤကဲ့သို့တွေးခေါ်ခြင်း
သည် အရေးကြီးသည့် အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ သမိုင်းနောက်ခံနှင့် ယဉ်ကျေးမှုတို့ကွဲပြား
ခြားနားနေပြီး ချမ်းသာမှုမညီမျှသည့် လူသန်းပေါင်းများစွာတို့သည် ဒီမိုကရေစီ၏ အနှစ်သာရအောက်တွင်
ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။
ယခု ၂၁ ရာစုတွင် “ အရွယ်ရောက်သူအားလုံး၊ အရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်ရှိခြင်း” သည် ယောက်ျား၊
မိန်းမ မခွဲခြားပဲ အားလုံးသောလူသားများကို ညွှန်းဆိုကြောင်း လက်ခံခဲ့ကြရသည်။ ယနေ့ကာလတွင် မိန်းမများ
မဲပေးပိုင် ခွင့် ရရှိလာသည်။ ထိုအချက်သည် အမှန်တကယ်အရေးကြီးသည့် အစစ်အမှန်သဘောဖြစ်သည်။
ဒီမိုကရေစီသည် လောကလုံးသဘောဆောင်သော နိုင်ငံရေးစနစ်တစ်ခု ဖြစ်လာသည်ဆိုသည့် အချက်အပေါ်
စိန်ခေါ်မှုများ ရှိနေသည်ကို ကျွန်ုပ်မငြင်းနိုင်ပါ။ ထိုစိန်ခေါ်မှုများသည် အခြေအနေအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊
ရည်ရွယ် ချက်အမျိုးမျိုးဖြင့် ဘက်ပေါင်းစုံမှထွက်ပေါ်လာခဲ့သည်။ ဒီမိုကရေစီသည် လောကလုံးသဘော ဆိုသည့်
အချက် နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများကို ဆန်းစစ်ရန် လိုအပ်သည်။ ထိုသို့ မဆန်းစစ်မီ “ ယနေ့ကမ္ဘာတွင်
ဒီမိုကရေစီသည် ဩဇာကြီးစိုးနေသည့် ယုံကြည်ချက်တစ်ခုဖြစ်လာသည် ” ကို ရှင်းရှင်းလင်းလင်း သဘော
ပေါက်ထားရန် လိုအပ်သည်။
ဒီမိုကရေစီကို ကမ္ဘာကြီးတစ်ခုလုံးက လက်ခံကျင့်သုံးနေသည့်ဟု မဆိုနိုင်သော်လည်း၊ ဒီမိုကရေစီနည်းကျ
အုပ်ချုပ် မှုသည် ကောင်းမွန်သည်ဆိုသည့် အချက်ကို၊ အားလုံးက တစ်ညီတစ်ညွှတ်တည်း လက်ခံရမည့်
အဆင့်သို့၊ ရောက်ရှိ လာပြီဖြစ်သည်။ ထိုအချက်သည်ပင် မကြာသေးမီက ပေါ်ထွက်လာသော သမိုင်းဝင်
အကြောင်းအလဲ တစ်ခုဖြစ် သည်။ အာရှ (သို့) အာဖရိကနိုင်ငံများအတွက် ဒီမိုကရေစီကို
ထောက်ခံအားပေးနေသည့် အချိန်တွင်ပင် ဒီမိုကရေစီ အတွက် ငြင်းဆိုချက်များ ရှိခဲ့သည်။
ဒီမိုကရက်တစ်လိုအပ်ချက်များကို ဆန့်ကျင်နေသည့် သူများအတွက် ကျွန်ုပ်တွင် အကြောင်းပြချက်
လုံလုံလောက်လောက်ရှိပါသည်။ သို့သော် တောင်အာဖရိက၊ ကမ္ဘောဒီးယားနှင့် ချီလီကဲ့သို့သော တစ်နိုင်ငံချင်း
အပေါ် ဒီမိုကရေစီ နှင့် ကိုက်ညီမှုရှိ/မရှိဆိုသည်ကို အမြဲတမ်း အကြောင်းပြချက်ပေးနေရန် မလိုအပ်ချေ။ ၂၀
ရာစု၏ ဒီမိုကရက်တစ် ပျံ့ပွားမှုများသည် ဒီမိုကရေစီစနစ်ကို ကမ္ဘာလုံးချီစနစ်ကြီးတစ်ခုဖြစ်ကြောင်း
သက်သေပြနေသည်။ ထို့အတူ ကမ္ဘာကြီးသည်လည်း “ဒီမိုကရေစီသည် လောကလုံးသဘော” ဆိုသည်ကို
မင်းသေ့
4
လက်ခံလာကြသည်။ ကျွန်ုပ်တို့သည် “ဒီမိုကရေစီသည် လောကလုံးသဘောဖြစ်သလော” ဆိုသည့်
မေးခွန်းအပေါ် အလေးအနက် တွေးဆကြည့်ရန် လိုသည်။ ထိုသို့တွေးဆနိုင်ရန် ကျွန်ုပ်ထပ်မံတင်ပြပါမည်။
အိန္ဒိယအတွေ့အကြုံ
ဒီမိုကရေစီသည် ဘယ်လောက် အလုပ်ဖြစ်နေပါသနည်း? အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများကို မည်သူမျှ
ထိုသို့မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာမှာ ဆင်းရဲသည့်နိုင်ငံများအတွက် ထိုမေးခွန်းနှင့်ပက်သက်၍
အငြင်းပွားစရာ အမြောက်အမြားရှိပါသည်။ သို့သော် ကျွန်ုပ်အနေဖြင့် ဒီမိုကရေစီသည် အမှန်တကယ်
အလုပ်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါမည်။
ထိုအငြင်းပွားမှု၏ အကောင်ဆုံး သာဓကသည် အိန္ဒိယပင်ဖြစ်လိမ့်မည်။ အိန္ဒိယကို ဗြိတိသျှတို့ လွတ်လပ်ရေး
ပေးပြီး ပြီးချင်း ဗြိတိန်အနေဖြင့် အိန္ဒိယသည် မိမိနိုင်ငံကို မိမိအုပ်ချုပ်နိုင်စွမ်းရှိမှ ရှိပါ့မလားဟု
စိုးရိမ်မကင်းဖြစ်ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် တရားဝင်ပေါ်ထွက်
လာခဲ့သည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် အိန္ဒိယသည် အုပ်ချုပ်ရေးအတွေ့အကြုံမရှိသည့်
အစိုးရဖြင့် နှစ်ပါးသွားခဲ့ရသည်။ ထို့အပြင် မရှင်းလင်း၊ မပြတ်သားသည့် နိုင်ငံရေးစုဖွဲ့မှုများ၊
လူမှုရေးမတည်ငြိမ်မှုများ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့် နယ်နိမိတ်ရေးရာပြဿနာများဖြင့် ကြုံတွေ့ခဲ့ရ
ပြန်သည်။ ထိုအခြေအနေများကြောင့် အနာဂတ်တွင် စည်းလုံး ညီညွှတ်သည့် ဒီမိုကရက်တစ် အိန္ဒိယဖြစ်ရန်
ယုံကြည်ဖို့ အလွန်ပင် ခက်ခဲခဲ့သည်။ သို့သော် ရာစုနှစ် တစ်ဝက်ခန့် ကြာသောအခါ အိန္ဒိယတွင်
ဒီမိုကရေစီစနစ်ဖြင့် နေသားတကျ၊ အလုပ်ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံရေးအသွင်ကွဲပြားမှုများသည် တက်လိုက်ကျလိုက်
ဖြစ်နေခဲ့သည်။ ပါလီမန်စည်းမျဉ်းများနှင့် ရွေးကောက်ပွဲစည်းမျဉ်းများအရ အစိုးရများ တက်လိုက်၊ ကျလိုက်ဖြင့်
နိုင်ငံအုပ်ချုပ်ရေးကို လုပ်ဆောင်ခဲ့ရသည်။ ဒီမိုကရေစီကျင့်စဉ်များသည်ပင် ထိုကဲ့သို့အခြေအနေမျိုးမှ အိန္ဒိယကို
စုစည်းပေးလိုက်သည်။
အိန္ဒိယသည် စိန်ခေါ်မှုများအကြားမှ ရုန်းထလာခဲ့ရသည်။ အိန္ဒိယတွင် ဘာသာစကားပေါင်းစုံရှိသည်။ ကိုးကွယ်
ယုံကြည့်သည့် ဘာသာပေါင်းစုံရှိသည်။ တကယ်တော့ ထိုကဲ့သို့ဘာသာစကားပေါင်းစုံ၊ ဘာသာရေးပေါင်းစုံရှိနေ
သည့် အခြေအနေများသည်ပင် ဂိုဏ်းဂဏအစွဲကြီးသော နိုင်ငံရေးသမားများအတွက် အမြတ်ထုတ်စရာ အချက်
အဖြစ် အသုံးချခံဖြစ်ခဲ့သည်။ မကြာမီလအနည်းငယ်ခန့်ကာပင် ထိုအားနည်းချက်ကို အသုံးချ၍
အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လုပ်ခဲ့ကြသည်။ ထိုအကြမ်းဖက်မှုအား အိန္ဒိယမှ အစုအဖွဲ့အားလုံးက
ဝေဖန်ရှုတ်ချခဲ့ကြသည်။
ထို့ကြောင့်ပင် သဘောထားကျဉ်းမြောင်းသည့် အုပ်စုလိုက်အကျိုးစီးပွားရှာခြင်းကို ချုပ်ငြိမ်းရန် ဒီမိုကရေစီက
အာမခံပေးနိုင်ခဲ့သည်။ အသွင်ပေါင်းစုံကွဲပြားနေသည့် အရောင်စုံ အိန္ဒိယ အနေဖြင့် ချမ်းသာကြွယ်ဝမှုနှင့်
မင်းသေ့
5
ရှင်သန် ရပ်တည်နိုင်မှုအတွက် ဒီမိုကရေစီ၏ အာမခံနိုင်မှုသည်ပင် အဓိကဖြစ်လာသည်။ ထို့အပြင် အိန္ဒိယသည်
ဟိန္ဒူဘာသာဝင်အများဆုံးရှိသည့်နိုင်ငံဖြစ်နေရုံသာမက မူဆလင်လူမျိုး တတိယမြောက်အများဆုံးနိုင်ငံလည်း
ဖြစ်နေသည်။ ထိုမျှမက သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များနေထိုင်သည့်
အပြင် ကမ္ဘာတွင် ဆစ်ခ်၊ ဖာရစီနှင့် ဂျိန်း(စ) ဘာသာဝင်များ အများဆုံးနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။
ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
တခါတရံ ဒီမိုကရေစီစနစ်မဟုတ်သောစနစ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ထွန်းစေသည်
ဆိုသည့် စောဒကတက်မှုများလည်းရှိသည်။ ထိုယုံကြည်မှုကို စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု
ကတင်ပြခဲ့သောကြောင့် “လီ၏ အနုမာနယူဆချက်” (the Lee hypothesis) ဟု ခေါ်ဆိုသည်။ လီက
“စည်းကမ်းတင်းကျပ်၍ အာဏာသက်ရောက်မှု ပြင်းထန်သည့် နိုင်ငံများသည် စည်းကမ်းနှင့် အာဏာ
လျော့ပါးသည့် နိုင်ငံများထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်သည်” ဟု ဆိုသည်။ လီက ထိုဥပမာကို
“တောင်ကိုရီးယား၊ စင်္ကာပူ၊ တရုတ်နိုင်ငံ တို့နှင့် အိန္ဒိယ၊ ဂျာမေကာ၊ ကိုစတာရီကာနိုင်ငံများ” ကို ယှဉ်ပြ၍
သာဓကတင်သည်။
တကယ်တော့ လီ၏ ယူဆချက်သည် အဖြစ်အပျက်များကို ရွေးချယ်၍ အခြေပြုတင်ပြခြင်းသာဖြစ်သည်။
မည်သည့် စာရင်းဇယားကိုမျှ အခြေပြုထားခြင်းမရှိဘဲ အဖြစ်အပျက်များကို ထိုသို့ တစ်သီးတစ်သန့်ရွေးချယ်၍
ကောက်ချက်စွဲ ခြင်းသည် အနုမာနယူဆချက်တို့၏ ယေဘုယ အတွေးအခေါ်မျိုး မဟုတ်ချေ။
ဥပမာ၊ တရုတ်နှင့် စင်္ကာပူနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်၍ အာဏာရှင်စနစ်သည်
စီးပွားရေးဖွံ့ဖြိုးမှု ကို လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သည်ဟု တစ်ထစ်ချ ကောက်ချက်ဆွဲ၍ မရနိုင်ပါ။
ကျွန်ုပ်တို့သည် ထိုသို့ ဆန့်ကျင်ဘက် အယူအဆများကို ချေဖျက်ရန် ပို၍ စနစ်ကျသော လက်တွေ့
လေ့လာဆန်းစစ်ချက်များဖြင့် သုံးသပ် ဆင်ခြင်ရန် လိုအပ်သည်။
ဤနေရာတွင် အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေး လျော့နည်းမှု
များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် အကျိုးပြုကြောင်း ခိုင်မာသည့် သာဓက မရှိပါ။
အကယ်၍ ကျွန်ုပ်တို့သည် အခြေအနေကို နှိုင်းယှဉ်လေ့လာသုံးသပ်နည်း (comparative studies) ဖြင့်
ကြည့်လျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအကြား ဆက်နွယ်မှုသည် အလုံးစုံ ဆက်စပ်နေသည်
မဟုတ်ဆိုသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထိုသို့လေ့လာခြင်းဖြင့် ခိုင်လုံတိကျသော အကြောင်းပြချက်ကို
စီးပွားရေးနှင့် ဒီမိုကရေစီရေးဆိုသည့် မျက်နှာနှစ်ဖက်လုံးမှ ရရှိမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ကိန်းဂဏန်းအချက်အလက်များ၏ ဆက်စပ်မှုကိုသာ ချည်းကပ်ရန် မသင့်။ စီးပွားရေး
တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု၏ အဖြစ်အပျက်များကိုလည်း လေ့လာဆန်းစစ်ရန် လိုအပ်သည်။ အရှေ့အာရှ၏
စီးပွားရေး အောင်မြင်မှုများ သည် စီးပွားရေးပေါ်လစီနှင့် အခြေအနေအချိန်အခါ အပ်စပ်မှုများကြောင့်ဟု
မင်းသေ့
6
ကောင်းစွာ နားလည်ရမည်။ အရှေ့အာရှတွင် “ကူညီ မ,စရေး မူဝါဒများ” (helpful policies) ကို ကျွန်ုပ်တို့
သိရန်လိုသည်။
ထိုမူဝါဒတွင်
- ပွင့်လင်းသည့် ယှဉ်ပြိုင်မှု (openness to competition)
- နိုင်ငံတကာဈေးကွက်အသုံးပြုမှု (the use of international market)
- ရင်းနှီးမြုပ်နှံမှုနှင့် ပို့ကုန်အတွက် မက်လုံးပေး စွဲဆောင်နိုင်မှု (public provision of incentives for
investment and export)
- စာတတ်မြောက်မှုနှင့် ကျောင်းတက်နိုင်မှု မြင့်မားခြင်း (a high level of literacy & schooling)
- အောင်မြင်သော မြေယာပြုပြင်မှုများ (successful land reforms)
- စီးပွားရေး ပျံ့ပွားမှုတွင် ကျယ်ပြန့်စွာပါဝင်နိုင်သည့် လူမှုအခွင့်အရေးများ
(other social opportunities that widen participation in the process of economic
expansion)
စသည့် အချက်များပါဝင်သည်။
အဆိုပါ စီးပွားရေးမူဝါဒများကို အဆက်မပြတ်အကောင်အထည်ဖော်နိုင်စေရန်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့်
တရုတ်နိုင်ငံတို့ကဲ့သို့၊ အာဏာရှင်စနစ်ဖြင့် တွန်းအားပေးနိုင်သည်ဟု ယူဆခြင်းသည်၊ အကြောင်းပြချက်ကောင်း
မဟုတ်ချေ။ ဤနေရာတွင် စီးပွားရေးလျင်မြန်စွာတိုးတက်လာခြင်းသည် အာဏာစက်ပြင်းထန်သော
နိုင်ငံရေးစနစ် ထက် အဆိုပါနိုင်ငံများ၏ မဟာဗျူဟာမိတ်ဘက် စီးပွားရေး အခြေအနေများဖန်တီးနိုင်မှုကို
သုံးသပ်လေ့လာရမည်။
ကျွန်ုပ်တို့၏ လေ့လာဆန်းစစ်ချက်များ ပြည့်စုံစေရန် စီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကလိုလားချက်များဖြစ်သော
စီးပွားရေးနှင့် လူမှုလုံခြုံမှု လိုအင်များကို ထည့်သွင်းလေ့လာရန် လိုအပ်သည်။ ကျွန်ုပ်တို့သည်
နိုင်ငံရေးလွတ်လပ်ခွင့်၊ နိုင်ငံသားအခွင့်အရေးများ နှင့် အဓိကစီးပွားပျက်ကပ်များကို တားဆီးမှု အကြား
ဆက်စပ်မှုကို လေ့လာရမည်။ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးများသည် ပြည်သူတို့ လိုအပ်
နေသော အထွေထွေလိုအပ်ချက်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးကို ရရှိစေသည်။ အခြေခံ နိုင်ငံရေး
အခွင့်အရေးများဖြစ်သော မဲပေးပိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်နှင့် ဆန္ဒထုတ်ဖော်ပိုင်ခွင့်များသည် အစိုးရကပေးသော
နိုင်ငံရေးမက်လုံးများနှင့် များစွာ ကွာခြားသည်။
ကျွန်ုပ်တို့သည် စိုက်ပျိုးမွေးမြူရေး မထွန်းကားသည့် ဖိနှိပ်မှုကင်းစင်သော လွတ်လပ်သည့် ဒီမိုကရက်တစ်
နိုင်ငံများ အကြောင်းကို ထည့်သွင်းဆွေးနွေးရန်လိုအပ်သည်။ ဤနေရာတွင် စိုက်ပျိုးမွေးမြူရေးလည်း
မဖြစ်ထွန်း အာဏာရှင် အစိုးရများလည်း ကြီးစိုးနေသည် အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် အခြား
အာဏာရှင်နိုင်ငံများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပေ။
မင်းသေ့
7
၁၉၃၀ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံ စိုက်ပျိုးမွေးမြူရေးသမားများနှင့် ၁၉၅၈-၆၁ ခုနှစ် တရုတ်နိုင်ငံတွင်
ကျင့်သုံးခဲ့သော “မဟာခုံပျံကျော်လွှားရေးစီမံကိန်း” (Great Leap Forward) ကာလတစ်လျှောက် တရုတ်
စိုက်ပျိုး မွေးမြူရေးသမားများ၏ အခြေအနေကို နှိုင်းယှဉ်စဉ်းစားကြည့်ရမည်။ ထို့အတူ အစောင့်ရှောက်ခံ
အခြေအနေ၏ အစောပိုင်း ကာလတွင်ရှိသော အိုင်ယာလန်နှင့်အိန္ဒိယနိုင်ငံတို့ကိုလည်း နှိုင်းယှဉ်စဉ်းစား
ကြည့်ရန်လိုအပ်သည်။
တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံထက် စီးပွားရေးဖွံ့ဖြိုးမှုပိုမိုကောင်းမွန်စေသည့် နည်းလမ်းများကို အသုံးပြုခဲ့
သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးမှတ်တမ်းဝင်သွားသည့် စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။
တရုတ်ကဲ့သို့ မဟာခုံပျံကျော်လွှားရေးကို အိန္ဒိယတွင် မလုပ်ခဲ့။
ထိုစီမံကိန်းကာလ (၃) နှစ်အတွင်း အစိုးရ၏ မူဝါဒများ အမှားကြီးမှားခဲ့သည်။ ထိုအမှားကြောင့်ပင် (၃)
နှစ်အတွင်း တရုတ်တွင် လူပေါင်း သန်း ၃၀ နီးပါး သေဆုံးခဲ့ရသည်။ ထိုအချိန်က တရုတ်တွင်
ထိုမဟာစီမံကိန်းကြီးအား ဝေဖန် ထောက်ပြရန်၊ သတင်းစာလွတ်လပ်ခွင့်မရှိ။ ပါတီစုံရွေးကောက်ပွဲမရှိ။
လွှတ်တော်အတွင်း အတိုက်အခံ ပါတီမရှိ။ လွှတ်တော်ပင် မရှိချေ။ ထိုကဲ့သို့ ဆန့်ကျင်ဘက် မူဝါဒရှိမှုကို
လက်မခံနိုင်စွမ်းအားနည်းသည့်အတွက် တစ်နှစ်အတွင်း လူသန်းပေါင်းများစွာကို အဆက်မပြတ် သတ်ဖြတ်
သကဲ့သို့ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် မြောက်ကိုရီးယားနှင့် ဆူဒန် နိုင်ငံတို့တွင်ရှိသော အခြေအနေများကို
ကမ္ဘာ့ခေတ်ပြိုင် တောင်သူ၊ မွေးမြူရေးသမားများ၏ အခြေအနေနှင့် တူညီနေကြောင်း ပြောနိုင်သည်။
စိုက်ပျိုးမွေးမြူရေးသည် သဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်နေကြောင်း မီဒီယာသတင်းစဉ်တွင် မိုးလေဝသ
ကြေညာချက်များက ရှင်းပြသည်နေသည်ဖြစ်၍ ရှင်းလင်းစွာပင် သိမြင်နိုင်သည်။ တရုတ်တွင်
မဟာခုန်ပျံကျော်လွှား ရေးစီမံကိန်း ကျဆုံးခြင်း၊ အီသီယိုးပီးယားတွင် မီုးခေါင်ခြင်း၊ (သို့) မြောက်ကိုရီးယား
နိုင်ငံတွင် ကောက်ပဲသီးနှံများ ပျက်စီးခြင်း စသည့် အဖြစ်အပျက်များကို သဘာဝဘေးအန္တရာယ်
ကျရောက်နေသည့် အခြေအနေနှင့် ဆက်စပ် စဉ်းစားရန်လိုအပ်သည်။ ကမ္ဘာတွင် သဘာဝပြဿနာများ
အလားတူ ကြုံတွေ့ရသော နိုင်ငံအမြောက်အမြားရှိသည်။
ဤသို့သော အခြေအနေများတွင် အစိုးရသည် စားနပ်ရိက္ခာထောက်ပံ့မှုများအား တာဝန်ယူဖြေရှင်းပေးခြင်း
ကြောင့် ထိုသဘာဝဘေးအန္တရာယ်များမှ ပြည်သူများကို ကောင်းစွာ ကယ်မနိုင်ခဲ့ကြသည်။
၁၉၇၃ ခုနှစ်၌ အိန္ဒိယ၊ ၁၉၈၀ ခုနှစ်အစောပိုင်းတွင် ဇင်ဘာဘွေနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် ဖြစ်ပွားသော
သဘာဝ ကပ်ဘေးဆိုးများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့ ဆင်းရဲမှုအနိမ့်ဆုံးသော ဒီမိုကရက်တစ်
နိုင်ငံများသည်ပင် ပြည်သူ များအား သဘာဝကပ်ဘေးမှ ကယ်ဆယ်နိုင်၍ ငတ်မွတ်ခေါင်းပါးမှုကကြုံစေပဲ
ကောင်းစွာကျွေးမွေးစောင့်ရှောက်နိုင်ခဲ့သည်။ အဆိုပါ ကပ်ဘေးဒုက္ခသည်များအတွက် အလုပ်အကိုင်
ပံ့ပိုးပေးရေးအစီအစဉ်များနှင့်လည်း ကူညီပေးနိုင် ခဲ့နိုင်သေးသည်။
ဒီမိုကရက်တစ်အစိုးရရှိပြီး ရွေးကောက်ပွဲများရှိသော တိုင်းပြည်တွင်းရှိ ပြည်သူများသည် ထိုကဲ့သို့သော
ကပ်ဘေး ဆိုးများနှင့် ကြုံတွေ့လျှင် ထိုဒုက္ခများကို ကာကွယ်နိုင်ရန်လွယ်ကူသည်။ အကြောင်းမှာ
မင်းသေ့
8
လွတ်လပ်သော သတင်းမီဒီ ယာများရှိပြီး ကောင်းမွန်သော အတိုက်အခံပါတီများလည်း တည်ရှိနေခြင်းကြောင့်
ဖြစ်သည်။ ဗြိတိသျှအုပ်ချုပ်ရေး စည်းမျဉ်းအောက်ရောက်ရှိနေစဉ်ကတည်းက အခြေအနေများအတိုင်း
အိန္ဒိယတွင် ပြည်သူများအား လွတ်လပ်ခွင့် ဆက်လက်ပေးထားခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်နှင့်
ပါတီစုံဒီမိုကရေစီကို အုတ်မြစ်ချနိုင်လျှင် ယခင်က တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်သူများ၏
အဖြစ်မျိုးကဲ့သို့သော ကိစ္စများသည် အလိုအလျောက်ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဒီမိုကရေစီသို့အရောက်သွားရန် နည်းလမ်းပေါင်းစုံကို ဖြတ်သန်းရမည်။ နိုင်ငံရေးအရ ကောင်းမွန်သည့်
အနေအထား ရှိခြင်း၊ နိုင်ငံသား အခွင့်အရေးများသည် အထွေထွေ လူမှုကပ်ဘေးများမှလည်းကောင်း၊
စီးပွားရေးကပ်ဆိုက်ခြင်း များမှလည်းကောင်း ကာကွယ်ရာတွင် အထောင့်အပံဖြစ်စေသည်။ အရာရာတိုင်း
ပုံမှန်နေသားတကျအတိုင်း ကောင်းမွန်နေရန် ဒီမိုကရက်တစ် ကရိယာများ၏ အခန်းကဏ္ဍက
အချိန်သင့်အခါသင့်ရှာဖွေထားရန် လိုအပ်သည်။ အခြားမထင်မှတ်ဖွယ် ပြဿနာများနှင့် ကြုံတွေ့စဉ်
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်က ပေးထားသော နိုင်ငံရေးမက်လုံး များက ကြီးမားသည့် လက်တွေ့တန်ဖိုး
ဖြစ်လာပါသည်။
ဤနေရာတွင် အရေးကြီးသည့် သင်ခန်းစာတစ်ခုရှိသည်။ စီးပွားရေးပညာရှင်အများစုသည် ဒီမိုကရေစီစနစ်က
အာမခံထားသော နိုင်ငံရေးမက်လုံးများကို လျစ်လျှူရှု၍ စီးပွားရေး မက်လုံးများအပေါ် ဗဟိုပြုစဉ်းစား
လေ့ရှိကြသည်။ ထိုတွေးဆချက်သည် မမျှတသောအခြေခံဘောင်ကို နက်နက်နဲနဲ ရွေးချယ်ထားသော
အဓိပ္ပာယ်သက်ရောက်သည်။
သဘာဝအန္တရာယ်များ ကျရောက်ခြင်း မရှိသော အခြေအနေတွင် ဒီမိုကရေစီ၏ ပါဝါဖြင့် နိုင်ငံများ၏ အကျိုး
စီးပွားကို ကာကွယ်ထားသည်ကို မေ့မထားသင့်ချေ။ ထိုသို့ဆိုပါက စီးပွားရေးအပြောင်းအလဲ မြင့်မားနေ
သည့်အချိန်ကာလနှင့် လုံခြုံရေး အန္တရာယ်ရှိနေသည့် အခြေအနေမျိုးတွင် အကောင်း ပကတိ သာယာ
နေသည့် နိုင်ငံကဲ့သို့ နေနိုင်မည်ဟု ယူဆ၍ မရနိုင်တော့ချေ။
မကြာသေးမီက အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဖြစ်ပွားသော ပြဿနာများသည်
ဒီမိုကရက်တစ် မဟုတ်သော အုပ်ချုပ်ရေးကြောင့် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ကြောင်း ပြသနေသည်။
ဤနေရာတွင် နည်းနာ (၂) မျိုးဖြင့် ရှင်းပြလိုသည်။ ပထမအချက်မှာ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှား
အပါအဝင် နိုင်ငံတော်တော် များများတွင် ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့သည့် သာဓကကို
တင်ကြည့်ရန်လိုသည်။ ထိုဘဏ္ဍာရေးအကျပ် အတည်း ဖြစ်ပေါ်လာခြင်းသည် စီးပွားရေးတွင်
ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် များစွာ ဆက်စပ်နေ သည်။
ဒုတိယအချက်မှာ၊ ဘဏ္ဍာရေးအကျပ်အတည်းက အထွေထွေစီးပွားရေးပျက်ကပ်ဆီသို့ အင်ဒိုနီးရှားနိုင်ငံကို ခေါ်
ဆောင်သွားသည်။ အင်ဒိုနီးရှားသည် ဒီမိုကရေစီပါဝါ၏ အကာအကွယ်များကို ဝမ်းနည်းစွာပင်
လက်လွှတ်ဆုံးရှုံးခံခဲ့ ရသည်။ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် အခြားနိုင်ငံများလည်း ဤသို့ လွဲချော်မှုမျိုးဖြင့်
ကြုံတွေ့ခဲ့ရသည်များ ရှိခဲ့သည်။ အကြောင်းမှာ စီးပွားရေးတွင် ငွေကြေးဆုံးရှုံးနစ်နာသူများသည် ၎င်းတို့၏
လိုအပ်ချက်များကို လွတ်လပ်စွာ ဖော်ထုတ် ပြနိုင်ခြင်း မရှိခဲ့၍ သာဖြစ်သည်။
မင်းသေ့
9
ဒီမိုကရက်တစ်အုပ်ချုပ်ရေး မရှိခြင်းသည် ဆင်းရဲသားများအပေါ် စီးပွားရေးပျက်ကပ်၏ ဝန်ထုပ်ကြီးကို အလုံးစုံ
ထမ်း ပိုးစေသလိုဖြစ်သွားသည်။ အားလုံး ဝိုင်းဝန်း၍ တာဝန်ခံမှုမရှိခြင်းကြောင့်ပင်ဖြစ်သည်။ အင်ဒိုနီးရှားတွင်
စီးပွားရေး ဆိုးဝါးမှုများက ဒီမိုကရေစီနှင့် လွဲချော်စေသည့် အကြောင်းများ ဖြစ်နိုင်သည်။
စီးပွားပျက်ကပ်အခြေအနေများကြောင့် ဒီမိုကရေစီကို အလိုအပ်ဆုံးအခြေအနေရောက်နေသည့်တိုင်
ဒီမိုကရေစီ၏ အပြည့်အဝအကာအကွယ်ပေးနိုင်မှု များကို မေ့လျော့နေကြသည်။
ဒီမိုကရေစီ၏ တာဝန်
ယခု ဒီမိုကရေစီသည် လောကလုံးသဘောဆောင်သည်ကို အခိုင်အမာပြောနိုင်ခြင်းအပေါ် ပိုင်းခြားသုံးသပ်ရန်
အချိန်ကျပါပြီ။ မည်သည့်အရာက ဒီမိုကရေစီကို အသေအချာဖြစ်စေသနည်း။
တကယ်တော့ ဒီမိုကရေစီသည် အများစုကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်မဟုတ်ပေ။ ဒီမိုကရေစီတွင်
များပြားရှုပ်ထွေး သည့် တောင်းဆိုချက်များရှိသည်။ ၎င်းတို့တွင် ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအား
အသိအမှတ်ပြုခြင်း စသည့် စံများပါဝင်သည်။ ထို့အပြင် လွတ်လပ်ရေးနှင့် လွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း၊
ဥပဒေအရ ရပိုင်ခွင့်များကို လေးစားလိုက်နာခြင်း၊ လွတ်လပ်စွာဆွေးနွေးငြင်းခုန်မှုများကို အာမခံချက်
ပေးခြင်းနှင့် သတင်းများကို ဆင်ဆာ ကင်းလွတ်ခွင့်ပေး၍ လွတ်လပ်စွာဖြန့်ချိနိုင်ခြင်း စသည့်
တောင်းဆိုချက်များပါဝင်သည်။
ရွေးကောက်ပွဲများတွင် ပြည်သူများက အရွေးကောက်ခံ ကိုယ်စားလှယ်များအား မှန်ကန်စွာရွေးချယ်နိုင်စေရန်
အခွင့် အရေးများပေးထားရမည်။ ထိုအခွင့်အရေးများတွင် နိုင်ငံသားများက သတင်းများကို လွတ်လပ်စွာ
ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဝေပိုင်ခွင့်များ ပါဝင်သည်။
ဒီမိုကရေစီ၏ အားသာချက်များသည် လောကလုံးသဘောဆောင်နိုင်သည်ဆိုသည့် အဆိုပြုချက်ပေါ်
မတူညီသည့် နည်းလမ်း ၃ သွယ်ဖြင့် ချဉ်းကပ်ကြည့်နိုင်သည်။ ထိုနေရာတွင် ဒီမိုကရေစီသည် နိုင်ငံသားများ၏
လူနေမှုဘဝကို တိုးတက်စေနိုင်သည် ဆိုသည့် ဒီမိုကရေစီ၏ အားသက်ချက်တစ်ခုဖြင့် ချည်းကပ်မည်။
ပထမအချက်မှာ၊ နိုင်ငံရေးလွတ်လပ်ခွင့်သည့် လူသားလွတ်လပ်ခွင့်၏ အစိတ်အပိုင်းဖြစ်သည်။ နိုင်ငံသားအခွင့်
အရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့် များသည် တစ်ဦးချင်းအလိုက် လူမှုရှင်သန်မှုအတွက် ကောင်းမွန်သည့် အစိတ်
အပိုင်းများဖြစ်သည် ဆိုသည့် အချက်များပင်ဖြစ်သည်။
ဒုတိယအချက်မှာ၊ ဒီမိုကရေစီတွင် အရေးကြီးသည့် ကရိယာတန်ဖိုးတစ်ခုရှိသည်။ လွတ်လပ်စွာ
ဆန္ဒထုတ်ဖော်၍ အစိုးရက တာဝန်ယူမှုရှိအောင် တွန်းအားပေးနိုင်ခွင့် များပြားစွာရရှိခြင်းပင်ဖြစ်သည်။
တတိယအချက်အနေဖြင့်၊ ဒီမိုကရေစီကျင့်စဉ်များသည် နိုင်ငံသားများအား အခြားတစ်ဦးထံမှ လေ့လာ
သင်ယူနိုင်သည့် အခွင့်အရေးကို ပေးထားသည်။ ထို့အပြင် မိမိ၏ အသိုက်အဝန်းအား မိမိတန်ဖိုး များဖြင့်
တည်ဆောက်နိုင် အောင် ဦးစားပေးထားသည်။
စီးပွားရေးအရ၊ လူမှုလိုအင်များကို သိရှိနိုင်ရန် လွတ်လပ်သော သတင်းစီးဆင်းခွင့် ရှိရန် လိုအပ်သည်။ အသိ၊
အတတ်နှင့် သတင်းများကို အပြန်အလှန်ဖလှယ်ခွင့်၊ ဆွေးနွေးတိုင်ပင်ခွင့်များသည် လူမှုလိုအပ်ချက်များပင်
ဖြစ်သည်။ ဒီမိုကရေစီကို လောကလုံးသဘောဟု ဆိုရာတွင် အထက်ပါ ကွဲပြားသည့် အချက်များဖြင့်
သုံးသပ်ရှုမြင် ရန် အလေးထား ဂရုပြုရမည်။
မင်းသေ့
10
အသင့်လျော်ဆုံးသော လိုအပ်ချက်များကို နားလည်နိုင်စေရန် အသိဖလှယ်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်
ရှိရန်လိုသည်။ ထိုသို့သော အခြေအနေများရရှိခြင်းသည် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသာအခွင့်အရေး
အပြည့်အဝရခြင်း၊ မရခြင်း အပေါ်မူတည်နေပါသည်။
ဤနေရာတွင်၊ နိုင်ငံရေးနှင့် လူမှုရေးပြဿနာများကို ဆုံးဖြတ်နိုင်ရန် ထိရောက်၍ုပွင့်လင်းသော ဆွေးနွေးမှုများ
အထိ ရောက်ရှိရန် လိုသည်။ ဥပမာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက္ခဏာတစ်ရပ်ဖြစ်သော မွေးဖွားနှုန်းမြင့်မားမှု
လျော့ချရာတွင် အများပြည်သူများ၏ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုသည် အခရာကျသည်။
ပြည်သူများအနေဖြင့် ကလေးမွေးဖွားနှုန်းမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းတွင် မကောင်းသောရလဒ်များ
ရှိစေနိုင်သည်။ အထူးသဖြင့် အသက်ငယ်ရွယ်သော အမျိုးသမီးများတွင် ကျန်းမာရေးအရ ထိခိုက်နိုင်သည့်
ရလဒ် များ ဖြစ်ပွားစေကြောင်းကို ပြည်သူများ ဆွေးနွေးငြင်းခုံခြင်းဖြင့် အသိရစေနိုင်သည့် ပုံစံမျိုးဖြစ်သည်။
ထိုသို့ ဆွေးနွေးခြင်းက၊ အိန္ဒိယ၏ စာတတ်မြောက်မှုနှုန်းမြင့်မားသော ပြည်နယ်များတွင် မွေးဖွားနှုန်း
သိသိသာသာ ကျဆင်းသွားသည့် သက်သောအထောက်အထားများရှိသည်။ ထိုကဲ့သို့ မွေးဖွားနှုန်းကျဆင်း
ရခြင်းမှာ အတင်းအကျပ် စေခိုင်းခြင်းကြောင့် မဟုတ်ပဲ ဆွေးနွေးခြင်းကြောင့် ရရှိလာသော အကျိုး
ဆက်များဖြစ်သည်။
နိုင်ငံရေးဆိုင်ရာ၊ လူမှုဆိုင်ရာ ဒိုင်ယာလော့အများအပြားကြောင့် တန်ဖိုးအသစ်များ ထွက်ပေါ်လာသည်။
ဤဖြစ်စဉ် တွင် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အငြင်းအခုံ၊ ဆွေးနွေးချက်များသည် ဒီမိုကရက်တစ်စံများတွင်
အဓိက ပါဝင်သည့် အစိတ်အပိုင်းများဖြစ်သည်။
လောကလုံးတန်ဖိုး
အထက်ပါကောက်ချက်များသည် မှန်ကန်သည်ဟု ယူဆလျှင် ဒီမိုကရေစီသည် သီးခြား ထိုက်တန်မှု မဟုတ်၊
ဧကန် ဖြစ်သင့်ဖြစ်ထိုက်သော အရှိတရားပင်ဖြစ်သည်။ ဤနေရာတွင် အချက် (၃) ချက်ပါဝင်သည်။
ပထမအချက်မှာ၊ လူ့ဘဝတွင် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံရေး၌ ပါဝင်လှုပ်ရှားပိုင်ခွင့်တို့သည် မရှိမဖြစ်
လိုအပ်ချက်ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာ၊ အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ထိန်းကွပ်ရန်၊ နိုင်ငံရေးမက်လုံးများ၏
အရေးပါမှုသည် အခွန်အရေးကြီးသည်ဆိုသည့် အချက်ဖြစ်ပြီး၊
တတိယအချက်မှာ၊ ဒီမိုကရေစီကို တည်ဆောက်ရာတွင် အခြေခံစံတန်ဖိုးများဖြစ်သော အခွင့်အရေးနှင့် တာဝန်
အပြင် အခြေခံလိုအပ်ချက်များကို နားလည်မှုရှိရန် ဆိုသည့် အချက်များပင်ဖြစ်သည်။
ထိုတွေ့ရှိချက်များကြောင့် ကျွန်ုပ်အနေဖြင့် ဤဆောင်းပါး၏ အရင်းခံအကြောင်းတရားကို ကိုင်တွယ်ရန် အချိန်
ရောက်ပြီဟု ယူဆပါသည်။ အတိအကျအမည်နာမတပ်၍ ဆိုရသော် “ဒီမိုကရေစီကို လောကလုံးသဘော”
အဖြစ် ရှုမြင်သည့် ရပ်တည်ချက်ပင် ဖြစ်ပါသည်။
ဤယူဆချက်ကို အငြင်းပွားကြရာတွင် ဒီမိုကရေစီ၏ အရေးကြီးမှုအပေါ်အားလုံးသဘောမတူသည့်
အချက်သည်ပင် တကယ့် အဖြစ်တရားဟုဆိုသည်။ ဤသို့ ညီညွှတ်စွာသဘောတူညီမှုမရခြင်းသည်ပင်
ဒီမိုကရေစီသည် လောကလုံး သဘောမဆောင်နိုင်တော့ဟုဆိုသည်။
မင်းသေ့
11
သို့သော် ပထမဆုံး၊ ကျွန်ုပ်တို့သည် အောက်ပါမေးခွန်းကို စဉ်းစားရမည်။ “လောကလုံးသဘော (Universal
value) ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။” “လောကသဘောဆောင်နိုင်သောတန်ဖိုးများကို စဉ်းစားရာ
တွင် လူသား အားလုံး၏ သဘောတူညီချက်ကို ရရှိနိုင်ပါ့မလား” ထိုသို့သဘောတူညီချက် ရယူရန်
လိုအပ်သည်ဆိုပါက လောကတန်ဖိုးများဟူသည်ပင် မရှိနိုင်တော့ပါ။ မည်သူကမှ မကန့်ကွက်ဖူးသော
တန်ဖိုးစံဟူ၍ လောကတွင် မရှိပါ။
ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာသည့်အချက်ကိုအတည်ပြုရန် ကျွန်ုပ်အနေဖြင့် အားလုံး၏
သဘော တူညီမှုရှိရန် မလိုအပ်ဟု ယူဆသည်။ လောကလုံးသဘောဆောင်ခြင်းဟူသည်၊ နေရာတိုင်းတွင်
လူတို့က ထိုတန်ဖိုး များသည် အဖိုးတန်သည်ဟု နားလည်နိုင်စွမ်းရှိခြင်း ၊တစ်ခုတည်းသာဖြစ်သည်။
မဟတ္တမဂန္ဒီသည် “အဝိဟိံသ တရား” ဖြစ်သည့် အကြမ်းမဖက်ရေးမူကို ထောက်ခံပြောဆိုနေသည့် အချိန်တွင်
နေရာတိုင်းတွင် လူသားအားလုံးက အကြမ်းမဖက်ရေးမူများအတိုင်း နေထိုင်နေကြသည်ဟု ရည်ညွှန်းနေခြင်း
မဟုတ်ပေ။ တကယ်တော့ အကြမ်းမဖက်ရေးမူသည် လောကတန်ဖိုးတစ်ရပ်ဖြစ်ကြောင်း နားလည်နိုင်ရန်
ကြောင်း ကျိုးသင့် စဉ်းစားနိုင်ခြင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်ပါသည်။
ဤနေရာတွင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ခွင့်မရှိသော လူသားများ၏ အခြေအနေတစ်ရပ်ကို
ထည့်သွင်း စဉ်းစားရမည်။ ဒီမိုကရေစီသည် တကယ့်ဘဝတွင် မရှိမဖြစ်၊ အလိုအပ်ဆုံးဟုဖြစ်နေသည်ကို
သိမြင်လာလျှင် ထိုလူများသည် ဒီမိုကရေကို သဘောကျနှစ်ခြိုက်လာကြမည်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏
သဘောသည် ကျယ်ပြန့် သွားသည်နှင့်အမျှ၊ နောက်တွန့်သွားခြင်းမရှိဘဲ၊ ဆက်တိုက်
ပြန့်ပွားကြီးထွားလာတတ်သည့်၊ သဘောရှိသည်။
ဒီမိုကရေစီကို အမေရိကနှင့် ဥရောပမှ စတင်ခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့်
ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဒီမိုကရေစီကို ရောက်လေရာနေရာတိုင်းတွင် လက်ခံကြိုဆိုမှုများဖြင့်
ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည်။ ဒီမိုကရေစီရောက်ရှိလာပြီး အာဏာရှင်အသွင်ဆောင်လာသော
နိုင်ငံများလည်းရှိသည်။ ထိုအခြေအနေ ရောက်သည့်တိုင် ရက်ရက်စက်စက် ဖိနှိပ်မှုများအကြားမှာပင်
အာဏာရှင်ကို ဆန့်ကျင်ဖီဆန်သည့် ဒီမိုကရေစီ လှုပ်ရှားမှုများ အကြီးအကျယ် ဖြစ်လာခဲ့သည်။
အချို့သောလူများသည် ဒေသကွာခြားမှု၊ ဆင်းရဲမွဲတေမှုမတူညီချက်များကို ထောက်ပြ၍ ဒီမိုကရေစီသည်
လောကလုံးသဘောဆောင်နေခြင်းကို ကန့်ကွက်ကြသည်။ ထိုယူဆချက်သည် ဆင်းရဲသောလူများသည်
ဒီမိုကရေစီ ထက် မိမိတို့ဝမ်းစာဖူလုံရေးဖြစ်သည့် စား၊ ဝတ်၊ နေရေးကိုသာ ပိုမိုအလိုရှိသည်ဆိုသည့် အချက်ကို
ထောက်ပြသည်။ စား၊ ဝတ်၊ နေရေး ပြေလည်ပါက ဒီမိုကရေစီမလိုအပ်ဟုလည်း ပြောသည်။
မတူညီသည့် အဆင့်နှစ်ခုကို ထပ်ခါထပ်ခါ ငြင်းဆိုနေခြင်းသည် အလွန်မှားယွင်းသည့် အချက်ဖြစ်သည်။
အထက်ပါအချက်ကို ပထမဆုံးဆွေးနွေးရမည်။ ဆင်းရဲမွဲတေသည့်ပြည်သူများအတွက် ဒီမိုကရေစီ၏
အကာအကွယ် ပေးမှုသည် အလွန်အရေးကြီးသည်။ ဒုက္ခသည်ပြည်သူများကို ဒီမိုကရေစီ၏ အကျိုးဖြင့်
သက်သာရာ ရစေသည်။
မင်းသေ့
12
ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားမှုကို ပံ့ပိုးပေးနေသည့် စီးပွားရေးဒေါက်တိုင်များကို ဒီမိုကရေစီဖြင့်
ပြည်သူများက ဖယ်ရှားနိုင်သည်။ ပြည်သူတို့၏ စီးပွားရေးလိုအင်များအတွက် နိုင်ငံရေးအသံကို
ကျယ်ကျယ်လောင်လောင် အော်နိုင် ရန် လိုအပ်သည်။ ဒီမိုကရေစီသည် ပြီးပြည့်စုံသည့် ချမ်းသာကြွယ်ဝမှုဖြင့်
ထိုင်စောင့်နေသော ဇိမ်ခံပစ္စည်းတစ်ခု မဟုတ်ကြောင်းကို သတိချပ်ရမည်။
ဒုတိယအချက်အနေဖြင့်၊ အကြောင်းပြချက်အနည်းငယ်ဖြင့် ပြည်သူများသည် ဒီမိုကရေစီကို ငြင်းပယ်ရန်
လုံလောက် သော အထာက်အထားမရှိချေ။ တောင်ကိုရီးယား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊
အင်ဒိုနီးရှားနှင့် အခြားသော အာရှနိုင်ငံများရှိ အဖိနှိပ်ခံပြည်သူများသည် ဒီမိုကရေစီအုံကြွလှုပ်ရှားများကို
လေ့လာပါက အကောင်း ဆုံးသာဓက ဖြစ်ဖွယ်ရှိသည်။
ယဉ်ကျေးမှုစုံအတွက် ငြင်းချက်
ယဉ်ကျေးမှုစုံအတွက် အငြင်းပွားချက်မှာ ပထဝီကွာခြားချက်ကို ဗဟိုပြုသည်။ ထိုအချက်သည် ဆင်းရဲချမ်းသာ
ကွာခြားချက်ကြောင့်မဟုတ် ယဉ်ကျေးမှု ပဒေသာစုံလင်ခြင်းကြောင့်ဖြစ်သည်။ ဤတွင်၊ “အာရှတန်ဖိုး” ဆိုသည့်
ယူဆချက်သည် ပဒေသာစုံမှုနှင့် ဆက်နွှယ်ဟန်ရှိသည်။ အာရှသည် စည်းမျဉ်းဘောင်အတွင်းတွင် နေထိုင်မှု
အသား ကျနေသော ဝန်းကျင်ဖြစ်နေသည်။ ထိုစည်းဘောင်များကြောင့်ပင် နိုင်ငံရေးလွတ်လပ်ခွင့်နှင့်
ကင်းကွာခဲ့ဟန်တူ သည်။ ထို့ကြောင့် ဒီမိုကရေစီကို သံသယကြည့် ကြည့်သည်ဟု ယူဆရသည်။
အာရှယဉ်ကျေးမှုသမိုင်းတွင် ထိုသို့သောအသိအမြင်မျိုးအတွက် စစ်မှန်သောအခြေခံအကြောင်းအရင်းကို
ရှာဖွေရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ အီရန်နှင့် အခြားအာရှဒေသများ၏
ဂန္တဝင် အစဉ် အလာတို့ကို ကြည့်လျှင် ပို၍ပင် ခက်ခဲနိုင်သည်။
ဥပမာအားဖြင့် ဘီစီ ၃ရာစုခန့်က အိန္ဒိယဧကရာဇ် အာသောက၏ ကျောက်စာများပါ အချက်အလက်များကို
ထောက်ပြနိုင်သည်။ ဤတွင် “ဗဟုဝါဒအပေါ် သည်းခံနားလည်ပေးရန်နှင့် လူနည်းစုကိုကာကွယ်ရန်
နိုင်ငံတော်၏ တာဝန်” ဆိုသည့် အချက်များကို အလွန်ရှေးကျသော ရှင်းလင်းသည့် ဝေါဟာရများဖြင့်
ရေးထိုးထားသည်ကို တွေ့ရ သည်။
တကယ်တော့၊ အာရှသည် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနေထိုင်သည့် အလွန်ကျယ်ပြန့်သည့်
ဧရိယကြီးရှိသည်။ ဤသို့သော ပဒေသာစုံသည့် လူဦးရေကြီးကို ခြုံငုံနိုင်မည့် ယေဘုယျ ကောက်ချက်
တစ်ခုချနိုင်ရန် လွယ်ကူသောအရာ မဟုတ်ပေ။ ယေဘုကျကောက်ချက်တစ်ခုအရ၊ အရှေ့တောင်အာရှနှင့်
အရှေ့အာရှရှိ နိုင်ငံများသည် ဒီမိုကရေစီကို အနောက် ကမ္ဘာတွင်လက်ခံထားသလို တိုက်ရိုက်လက်ခံသုံးစွဲရန်
ဝန်လေးနေဟန်ရှိသည်။ ဤသည်ပင် အာရှနှင့် အနောက်ကမ္ဘာ၏ အခုအခံတစ်ခုဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့်
ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသည် အနောက်နှင့် ယဉ်ကျေးမှုအရာတွင်
ကွာခြားနေခြင်းကြောင့် ပုံတူကူးချဒီမိုကရေစီပုံစံကို မနှစ်မြို့ဟန်ရှိသည်။
ထိုသို့ဆိုရသော်လည်း ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အခြားအာရှနိုင်ငံများတွင်လည်း ကွဲပြားသော ယဉ်ကျေးမှု
ပေါင်းစုံ ရှိနေပြန်သည်။ များသောအားဖြင့် အရှေ့အာရှတွင် ပို၍ ကွဲပြားသော ပဒေသာစုံမှုကို တွေ့ရသည်။
အာရှတွင်ပင် တစ်နိုင်ငံချင်းစီ မတူညီနေသောသဘောရှိနေသည်။ ဂျပန်၊ တရုတ်နှင့် ကိုရီးယားတွင်
ဗုဒ္ဓဘာသာအစဉ်အလာ ပျံ့ပွား နေခြင်းသည် သက်တမ်းကြာညောင်းနေပြီဖြစ်သည်။ သို့သော်
မင်းသေ့
13
ထိုဒေသများတွင်ပင် ခရစ်ယာန်ဓလေ့ထုံးများ အပါ အဝင် အခြားသောဘာသာများ၏ လွှမ်းမိုးမှုများ
ရှိနေသည်ကို တွေ့နိုင်သည်။ ထိုယဉ်ကျေးမှုများတွင် အလုံးစုံတူညီ သော ကိုးကွယ်ယုံကြည်မှုမျိုး မရှိခဲ့ပေ။
(မှတ်ချက် - ဆိုလိုသည်မှာ ဗုဒ္ဓဘာသာချင်းတူလျှင်သော်မှ ကိုးကွယ်ယုံကြည်ပုံ မတူညီသည့်သဘောကို
ဆိုလိုဟန် တူသည်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာစသည့် နိုင်ငံများ ဗုဒ္ဓဘာသာအပေါ်
ကိုးကွယ်သည့် ပုံစံကွာခြား သလို၊ ထေရဝါဒ၊ မဟာယာနဖြင့် အကြမ်းဖျင်း ခွဲမြင်နိုင်သည်။ ဘာသာပြန်သူ)
အာရှအတွေးအခေါ်ကို ကြီးစွာလွှမ်းမိုးထားနိုင်သည့် ကွန်ဖြူးရှပ်ကိုယ်တိုင်က “အစိုးရအပေါ်ကို
မျက်ကန်းယုံကြည့်မှု မျိုး မပြုသင့်ကြောင်း” မိန့်ဆိုခဲ့သည်။ ဇီလူးက ကွန်ဖြူးရှပ်အားမေး၏။ “မင်းသားတစ်ပါးထံ
မည်သို့ အမှုထမ်းရမည် နည်း” ဟုမေးသည်။ “အကယ်၍ မင်းသားက အမှားလုပ်ထားလျှင်သော်မှ
သူ့ကိုအမှန်အတိုင်းပြောပါ” ဟု ပြန်ဖြေသည်။ ကွန်ဖြူးရှပ်သည် “မင်းဆိုးမင်းညစ်ဖြင့် တွေ့ရသည်ဖြစ်စေ၊
လောက၏ အမှန်တရားကို မစွန့်လွှတ်ခဲ့ ပေ။ သို့သော် လိမ္မာပါးနပ်စွာဖြင့် အကြံပြုထောက်ပြသင့်ကြောင်းကို
မိန့်ဆိုခဲ့သည်။ “တိုင်းပြည်တွင် တရားမှုများ ကြီး စိုးနေလျှင် အမှန်ကို တွင်တွင်ကျယ်ကျယ် လုပ်ပါ။
ကျယ်ကျယ်လောင်လောင်ပြောပါ။ အကယ်၍ တိုင်းပြည်တွင် တရားမှုများ ကျဆုံးနေလျှင် တွင်တွင်ကျယ်ကျယ်
လုပ်၍ ညင်ညင်သာသာပြောပါ။” ဟု ကွန်ဖြူးရှပ်က မိန့်ဆိုခဲ့သည်။
ကွန်ဖြူးရှပ်သည် အာရှတန်ဖိုး၏ အခြေအမြစ်ဆုံးအချက်ကို ထုတ်ပြခဲ့သည်။ အာရှတန်ဖိုး၏ ပင်မဒေါက်တိုင်
နှစ်ခု ဖြစ်သော “မိသားစုအပေါ်သစ္စာရှိမှုနှင့် တိုင်းပြည်အပေါ် ရိုသေလေးစားမှု”သည်ပင် တစ်ခုနှစ် တစ်ခု
ဝိရောဓိဖြစ်နေ သောသဘောရှိသည်ဟု ထောက်ပြခဲ့သည်။ အာရှတန်ဖိုးအမြင်ကို အားကြီးစေရန်
ကောက်ချက်ဆွဲသူများက “နိုင်ငံတော်ဟူသည် မိသားစုစနစ်ကို ချဲ့ထွင်ထားခြင်းသာဖြစ်သည်၊ နိုင်ငံတော်သည်
မိသားစုအကြီးစားပင်ဖြစ်သည်” ဟု ပြောကြသည်။ သို့သော် ကွန်ဖြူးရှပ်၏ မှတ်ချက်များသည်ပင် အဆိုပါ
အချက်နှစ်ချက်အကြား လွန်ဆွဲမှုများ ဖြစ်နေ ကြောင်း သက်သေခံပြီး ဖြစ်နေသည်။
ဤနေရာတွင် “အာရှတန်ဖိုး” ဟူသည်ကို ကောက်ချက်ဖွင့်သောသူများသည် ပညာရှင်များမဟုတ်ဘဲ
နိုင်ငံရေးခေါင်း ဆောင်များဖြစ်နေသည်ကို သိထားရန် အရေးကြီးသည်။ တခါတရံ အာဏာရှင်အစိုးရများ၏
တရားဝင်ပြောရေးဆိုခွင့် ရှိသူများအပြင်၊ တရားမဝင်ပြောရေးဆိုခွင့်ရှိသူများလည်း ပါဝင်သည်ကို
သတိချပ်ရမည်။
အခြားသောအရေးကြီးသည့် အချက်လည်းရှိသည်။ ထိုအချက်မှာ အာရှယဉ်ကျေးမှုတွင် အာဏာရှင်ဆန်သော
အရေးအသားများကို ရှာဖွေရန် မခက်ခဲသလို အနောက်တိုင်းအတွေးအခေါ်များတွင်လည်း အာဏာရှင်
ဆန်သော ရေးသားချက်များကို တွေ့ရှိရန် မခက်ခဲပေ။ အနောက်တိုင်း အတွေးအခေါ် ပညာရှင်များဖြစ်သော
ပလေတိုနှင့် အကွီနပ်တို့၏ စာပေတို့တွင် စည်းမျဉ်းဥပဒေသများအသွင် မြုပ်နှံထားသည်ကို တွေ့နိုင်သည်။
ပလေတို၏ စာပေ တွင် စည်းမျဉ်းဘောင်တို့ကို ဗဟိုပြုထားသည်။
ခေတ်ပြိုင်နိုင်ငံရေးဖြတ်သန်းမှုများအရ၊ အရှေ့အလယ်ပိုင်းမှ အစ္စလာမ်တို့သည် တစ်ဦးချင်းလွတ်လပ်ခွင့်များကို
ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ ထို့အချက်သည် အခွင့်အရေးကို အခြေမှစ၍ ကန့်သတ်ချုပ်ချယ်သည့်
သဘောပင် ဖြစ်သည်။ သို့သော် အစ္စလာမ်အစဉ်အလာအတွင်း၌ “ပဒေသာစုံ” ကွဲပြားမှုသည်ပင်
ကောင်းစွာသော ကျေးဇူးပြုမှု ဖြစ်နေသည်။ အိန္ဒိယ၌ မဂိုအင်ပါယာပြည့်ရှင် ဧကရာဇ်လက်ထက်တွင်
မင်းသေ့
14
နိုင်ငံရေးအရ၊ ဘာသာရေးအရ ကွဲပြားနေခဲ့သည်။ ထိုပဒေသာစုံမှုကို မဂိုပြည့်ရှင်သည် “မတူကွဲပြားမှုကို
နားလည်လက်ခံပေးနိုင်သည့်စိတ်ဓာတ်”ကို လက်တွေ့ ပျိုးထောင်ပေးနိုင်ခဲ့သည်။ ထိုလုပ်ရပ်သည်
လက်တွေ့နှင့် သဘောတရားကောင်းစွာ ပေါင်းစပ်နိုင်ခြင်း၏ ဥပမာကောင်းဖြစ်သည်။
ဥရောပနှင့်ခေတ်ပြိုင် Turkis အင်ပါယာတို့လက်ထက်တွင် မတူကွဲပြားမှုကို ပို၍ပင် လက်ခံပေးနိုင်ခဲ့
သေးသည်။ ကိုင်ရိုနှင့် ဘဂ္ဂဒက်တွင် အုပ်ချုပ်ခဲ့သော အစိုးရတို့လက်ထက်တွင် ထိုဥပမာကို တွေ့နိုင်သည်။ ၁၂
ရာစုသို့ရောက်သောအခါ ဂျူးလူမျိုး မေမွန်နိုက်သည် မတူကွဲပြားမှုကို လက်မခံခဲ့။ မေမွန်နိုက်
အယူအဆကြီးစိုးလာသောကြောင့် ဥရောပဇာတိဖွား ဂျူးများသည် နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်။
နေရပ်စွန့်ခွာဂျူးလူမျိုးတို့သည် မတူ ကွဲပြားမှုကို လက်ခံသော ကိုင်ရိုအုပ်ချုပ်သူများထံ ခိုလှုံခဲ့သည်။ စူလတန်
ဆာလာဒင်တို့၏ ခိုလှုံခွင့်ပေးမှုကို ခံခဲ့ရသည်။
မတူကွဲပြားမှုသည် ကမ္ဘာကြီးတွင်ရှိသော ယဉ်ကျေးမှုများ၏ သရုပ်သဏ္ဍာန်တစ်ခုပင်ဖြစ်သည်။ ထိုအချက်သည်
အနောက်ယဉ်ကျေး မှုတွင် ခြွင်းချက်မရှိမှန်ကန်သောအချက်ဖြစ်သည်။ ခေတ်သစ်အနောက်ကမ္ဘာတွင်
စက်မှုတော် လှန်ရေး၊ ရီနေးဆန့်ခေတ်ကတည်းက ဒီမိုကရေစီ ကျင့်စဉ်များ ကျယ်ပြန့်လာသည်ဟု
ယူဆရသည်။
သမိုင်းမှတ်ချက်များကို ပြန်ကောက်သော် အနောက်တွင် ဒီမိုကရေစီအနှံ့ကျယ်လာလေလေ၊ အနောက်
မဟုတ်သော အခြမ်းတွင် ဒီမိုကရေစီချင်ခြင်းတက်မှု မြင့်မားလာလေလေဟု တွေ့နိုင်သည်။ အကြောင်းမှာ
အနောက်မဟုတ်သော ကမ္ဘာတွင် တစ်ဦးတည်းအာဏာချုပ်ကိုင်အုပ်စိုးမှုကို ခံစားနေရသောကြောင့်ဖြစ်သည်။
ထိုအချင်းအရာတို့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်ဟု အာရှအစိုးရတို့၏ ပြောရေးဆိုခွင့်ရှိသူများက
ရေးသားသလို နှောက်ခေတ် အနောက်တိုင်းပညာရှင်များကလည်း ရေးသားခဲ့ကြသည်။ ဥပမာ - ဆင်မြူရယ်
ဟန်တင်တန်၏ “ယဉ်ကျေးမှုများတွန်းတိုက်ခြင်း” (Clash of Civilization) စာတမ်းကို ကိုးကားဖော်ပြရန်
လိုသည်။ ဟန်တင်တန်သည် ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခုအကြား မတူညီသည့် အသိအမှတ်ပြုမှု
သဘောများကို လေ့လာသည်။ ထိုသို့လေ့လာ၍ ရှင်းလင်းသော ကောက်ချက်တစ်ခုကို ချသည်။
“Individualism နှင့် အစဉ်အလာလွတ်လပ်ခွင့်/ ရပိုင်ခွင့်” ကို အနောက်တိုင်းတွင် တွေ့ရသည်။
အကြောင်းမှာ အနောက်သည် ယဉ်ကျေးမှုစုံအကြားတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ဟန်တင်တန်သည်
“အနောက်၏ အဓိကလက္ခဏာ” များကို ငြင်းချက်ထုတ်သည်။ အနောက်ယဉ် ကျေးမှုသည်
အခြားယဉ်ကျေးမှုများနှင့် ကွဲပြားသည်။ ဟန်တင်တန်အလိုအရ၊ အနောက်သည် ခေတ်သစ်ကမ္ဘာ
မတိုင်မီအချိန်တွင် “အနောက်” သာဖြစ်ခဲ့သည် ဟု ဆိုသည်။ ဤကောက်ချက်ကို ကျွန်ုပ်ငြင်းဆိုသည်။
အကြောင်းမှာ ထိုကောက်ချက်သည် သမိုင်းဆိုင်ရာစေ့စပ်၊ စစ်ဆေးမှုမျိုး မရှိခဲ့ဟု ကျွန်ုပ် ယူဆသည်။
အာရှအစိုးရများ၏ ပြောရေးဆိုခွင့်ရှိသူများက အာရှအမြင်နှင့် အနောက်၏အမြင်ကို ခွဲခြား၍
ပြောဆိုရေးသားတိုင်း၊ အနောက်တိုင်းပညာရှင်များကလည်း အခြားတစ်ဖက်မှ နှိုင်းယှဉ်ထောက်ပြမှုများကို
ထုတ်ဖော်ပြသခဲ့သည်။ သို့သော် အနောက်ကမ္ဘာ၏ တွန်းအား နှင့် အာရှ၏ လိုရာကောက်ချက်စွဲမှုများကို
နှိုင်းယှဉ်လိုက်တိုင်း ရှုထောင့် နှစ်မျိုးစလုံး သည် “ဒီမိုကရေစီသည် လောကသဘော” (University Value)
ဟူသည့် အချက်ကို မတွန်းလှန်နိုင်ခဲ့ပေ။
မင်းသေ့
15
အငြင်းအခုံတို့၏ ဆုံချက်
ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာသည် ဟူသည့် ယူဆချက်ကို ခြုံငုံမိစေရန် တင်ပြပါမည်။
ဒီမိုကရေစီတန်ဖိုး
ဒီမိုကရေစီတန်ဖိုးတွင်၊ လူ့ဘဝတွင် လူမှုဘဝရှင်သန်မှုအတွက် အရေးကြီးသည် ဆိုသည့်အချက်ပါဝင်သည်။
အထွေထွေနိုင်ငံရေးမက်လုံးများသည် ဒီမိုကရေစီ၏ ကိရိယာတစ်ခုဖြစ်သည်ဆိုသည့် အချက်ပါဝင်သည်။
နောက်ဆုံး ဒီမိုကရက်တစ်တန်ဖိုးတစ်ခုမှာ၊ အခြေခံရပိုင်ခွင့်များ၊ အခြေခံလိုအပ်ချက်များနှင့် တာဝန်များသည်
ဒီမိုကရေစီ တန်ဖိုး ဖြစ်ပေါ်လာအောင် တည်ဆောက်ပေးသည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ထိုဝိသေသများသည် ပထဝီကို ကိုယ်စားပြုခြင်းမဟုတ်သလို၊ စည်းမျဉ်းနှင့် အမိန့်အာဏာများလည်း
မဟုတ်ချေ။ လူသားဘဝအတွက် အရှိသင့်ဆုံး တန်ဖိုးလက္ခဏာများဖြစ်သည်။ ရွေးချယ်မှုကို ယဉ်ကျေးမှုက
ဩဇာလွှမ်းမိုးမှုမရှိ သင့်ချေ။
ရွေးချယ်မှုကို ယခုဤနေရာမှာပင် လုပ်ဆောင်နိုင်သည်။ ဒီမိုကရေစီ၏ တာဝန်များကို စဉ်းစားဤ ကမ္ဘာကြီး၏
ရပ်တည်မှုသည် ဒီမိုကရေစီပေါ်တွင် မူတည်မှု ရှိ၊ မရှိကို ရွေးချယ်ရမည်။ ထိုအချက်များသည်
အမှန်တကယ်အား ကောင်းခိုင်မာကြောင်း သက်သေ၊ အထောက်အထားများဖြင့် ပြခဲ့သည်။ ထို့အပြင်
ဒီမိုကရေစီသည် ပထဝီအပေါ် မမှီခို။ တန်ဖိုး၊ ကျင့်စဉ်များသာဖြစ်သည်။
ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာခြင်း ဒီမိုကရေစီ၏ တန်ဖိုးများကြောင့်ပင်ဖြစ်သည်။ လောက
သဘောသည် ဒီမိုကရေစီ တန်ဖိုးများ၏ အားသာချက်တွင် ရှိနေသည်။ ထိုအချက်သည်ပင် အငြင်းပွားစရာ
ဆုံချက် ဖြစ်လာသည်။ အတိတ်ဖြတ်သန်းမှုများက ပေးအပ်လာသည့် အစဉ်အလာ၏ ထင်မှတ်မှားစရာ
တားမြစ်ချက်များ အပေါ် ဗဟိုပြု၍ “ဒီမိုကရေစီသဘောဆောင်မှု” ကို မျက်ကန်း ဆင်ခြင်ချက်ဖြင့်
မဆွေးနွေးသင့်ပေ။

More Related Content

Viewers also liked

Jss (letter 10)
Jss (letter 10)Jss (letter 10)
Jss (letter 10)aungkokotoe
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)aungkokotoe
 
Jss (letter 8)
Jss (letter 8)Jss (letter 8)
Jss (letter 8)aungkokotoe
 
Jss (letter 18) - copy
Jss (letter   18) - copyJss (letter   18) - copy
Jss (letter 18) - copyaungkokotoe
 
Jss (letter 5)
Jss (letter 5)Jss (letter 5)
Jss (letter 5)aungkokotoe
 
Jss (letter 7)
Jss (letter 7)Jss (letter 7)
Jss (letter 7)aungkokotoe
 
Jss (letter 12)
Jss (letter   12)Jss (letter   12)
Jss (letter 12)aungkokotoe
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)aungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
aungkokotoe
 
Jss (letter 6)
Jss (letter 6)Jss (letter 6)
Jss (letter 6)aungkokotoe
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)aungkokotoe
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)aungkokotoe
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copyaungkokotoe
 
Electronics law
Electronics lawElectronics law
Electronics law
YoYam Hnine
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)
aungkokotoe
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)aungkokotoe
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)
aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
aungkokotoe
 

Viewers also liked (18)

Jss (letter 10)
Jss (letter 10)Jss (letter 10)
Jss (letter 10)
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)
 
Jss (letter 8)
Jss (letter 8)Jss (letter 8)
Jss (letter 8)
 
Jss (letter 18) - copy
Jss (letter   18) - copyJss (letter   18) - copy
Jss (letter 18) - copy
 
Jss (letter 5)
Jss (letter 5)Jss (letter 5)
Jss (letter 5)
 
Jss (letter 7)
Jss (letter 7)Jss (letter 7)
Jss (letter 7)
 
Jss (letter 12)
Jss (letter   12)Jss (letter   12)
Jss (letter 12)
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Jss (letter 6)
Jss (letter 6)Jss (letter 6)
Jss (letter 6)
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copy
 
Electronics law
Electronics lawElectronics law
Electronics law
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
aungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
aungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
aungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
aungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
aungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
aungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
aungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
aungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
aungkokotoe
 
How nationalism
How nationalism How nationalism
How nationalism
aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
aungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number three
aungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number two
aungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number one
aungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
aungkokotoe
 
Nationalism
NationalismNationalism
Nationalism
aungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politics
aungkokotoe
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
aungkokotoe
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmar
aungkokotoe
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmar
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
 

Jss (letter 9)

  • 1. မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမှာ လောကလုံးသဘော မင်းသေ့ ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင် သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏ တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမှာ လောကလုံးသဘော မင်းသေ့ ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင် သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏ တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ မင်းသေ့ 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ဒီမိုကရေစီမှာ လောကလုံးသဘော မင်းသေ့ ဤဆောင်းပါးသည် ဘာသာပြန် ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်သည်။ ဒီမိုကရေစီသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင် သည့် သဘောသို့ ရောက်ပြီလော ဆိုသည့် အမေးကို ပြသဖြေရှင်းထားသည်ကို တွေ့ရသည်။ အမတ္တာဆင်း၏ တင်ပြချက်များကို တိုက်ရိုက်ပြန်ဆိုထားသည့် အတွက် သမာရိုးကျရေးနည်းရေးဟန်ကနေ ခွဲထွက်နေသော အရေးအသားပုံစံကို တွေ့ရသည်။ ပညာရှင်တစ်ယောက်၏ မူရင်း အရေးအသားကို ဘာသာပြန် မြန်မာအရေး အသားဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီကို တန့်စေသော အကြောင်းအချက်များသည် အာရှ တန်ဖိုးကို အခြေပြု၍ စိန်ခေါ်မှု ပြုလာနိုင်သည့် အချက်များကိုလည်း တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ
  • 2. မင်းသေ့ 2 “ ဒီမိုကရေစီမှာ “ လောကလုံးသဘော ” ဤဆောင်းပါးသည် Journal of Democracy တွင်ပါရှိသော အိန္ဒိယနိုင်ငံသား အမတ္တာဆင်း၏ Democracy as a Universal Value ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ စာရေးသူ လွန်ခဲ့သော ၁၉ ရာစုတစ်ခုလုံးသည် ဥရောပအင်ပါယာကြီးစိုးသည့် ကာလဖြစ်သည်။ အထူးသဖြင့် ဗြိတိသျှ အင်ပါယာနှင့် ပြင်သစ်အင်ပါယာကြီးစိုးရာကာလများဖြစ်ခဲ့သည်။ ကမ္ဘာစစ်ကြီး (၂)ခုနှင့် ကြုံတွေ့ရသောအခါ ဗြိတိသျှနှင့် ပြင်သစ်အင်ပါယာတို့ ဆုံးခန်းတိုင်သွားခဲ့ပြီး ကမ္ဘာစစ်အတွင်း ဖက်ဆစ်စနစ်နှင့် နာဇီဝါဒတို့ ပေါက်ဖွား ရှင်သန်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် ဖက်ဆစ်တို့အရေးနိမ့်ပြီးနောက်ပိုင်း ကွန်မြူနစ်စနစ် ခေါင်းထောင်လာသည်။ အထူးသဖြင့် ဆိုဗီယက်အုပ်စုနှင့် တရုတ်တို့သည် ကွန်မြူနစ်ဝါဒကို စွဲကိုင်သည့် အရှေ့အုပ်စုဖြစ်ခဲ့သည်။ ၂၀ ရာစုအတွင်း ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ် အပျံ့ကျယ်လာခြင်းသည် ကြီးစွာသော တိုးတက်မှုတစ်ခုဖြစ်ခဲ့သည်။ တကယ်တော့ ဒီမိုကရေစီ သဘောတရားတို့သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက ရှေးဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အိန္ဒိယအပါအဝင် အခြားနိုင်ငံများတွင်လည်း ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် တဖြည်းဖြည်းချင်း အားထုတ်ကြိုးပမ်းခဲ့မှုများလည်း ရှိခဲ့သည်။ သို့သော် အာဏာရှင်စနစ်ကို လုံးလုံးလျားလျား အစားမထိုးနိုင်သေး သည့်ကာလများ မတိုင်မီအထိ ဒီမိုကရေစီကျင့်စဉ် များကို ရှေးဂရိမြို့ပြနိုင်ငံများတွင်သာ အသုံးပြုခဲ့ဖူးသည်။ ထို့နောက် ဒီမိုကရေစီပေါ်ထွန်းလာစေရန် အချိန်ကာလကြာညောင်းစွာ အားထုတ်ခဲ့ရသည်။ ဒီမိုကရေစီစနစ်ကို အုပ်ချုပ်မှုစနစ်အသွင်ဖြင့် အုပ်ချုပ်လာနိုင်စေရန် အခြေအနေအကြောင်းအချက်ပေါင်းစုံက အထောက်အပံ့ပြုခဲ့ သည်။ အဆိုပါ အခြေအနေအကြောင်းအချက်များတွင် ၁၂၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မဂ္ဂနာစာချုပ် (Magna Carta) မှသည် ၁၈ ရာစု အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးအထိ ပါဝင်သည်။ ထို့အခြေအနေဖြင့် ဆက်စပ်၍ ၁၉ ရာစုတွင် မြောက်အမေရိကနှင့် ဥရောပအထိ ဒီမိုကရက်တစ် ကျင့်စဉ်များ ပြန့်ပွားလာသည် အထိ ဖြစ်လာခဲ့သည်။ ၂၀ ရာစုသို့ရောက်လာသောအခါ၊ ဒီမိုကရက်တစ် အတွေးအခေါ်များကို မည်သည့်နိုင်ငံအတွက် မဆို ကျင့်သုံးနိုင်သည့်၊ “ပုံမှန်” အစိုးရအုပ်ချုပ်ရေးပုံစံ၊ အနေအထားအထိ အုတ်မြစ်ချနိုင်ခဲ့သည်။ ဤသို့ဖြင့် ဒီမိုကရက်တစ် အတွေးအခေါ်များသည် ၂၀ ရာစု၏ ထုတ်ကုန်တစ်ခုကဲ့သို့
  • 3. မင်းသေ့ 3 ဖြစ်လာသည်။ ထို့အတူ ဒီမိုကရေစီသည်လည်း “ လောကလုံးသဘော ” အဖြစ် အလျင်အမြန် ရောက်လာခဲ့သည်။ ၁၉ ရာစု တစ်လျောက်လုံး၊ ဒီမိုကရေစီသဘောတရားရေးသမားတို့သည် “ ဒီမိုကရေစီသည် နိုင်ငံအားလုံးနှင့် သင့်တော်ခြင်း ရှိ/ မရှိ ” ဆိုသည့်အချက်အပေါ် ဆွေးနွေးငြင်းခုံခဲ့ကြသည်။ ၂၀ ရာစုရောက်သောအခါမှပင် ထိုဆွေးနွေးချက်သည်ပင် မှားယွင်းနေကြောင်း လက်ခံခဲ့သည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံအား ဒီမိုကရေစီနှင့် သင့်တော်သည်၊ မသင့်တော်သည်ကို အဆုံးအဖြတ်ပေးရန် မလိုအပ်ချေ။ ဒီမိုကရေစီမှတစ်ဆင့် တည့်မတ်ကောင်း မွန်လာစေရမည်ဆိုသည့် အချက်ကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ ဤကဲ့သို့တွေးခေါ်ခြင်း သည် အရေးကြီးသည့် အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ သမိုင်းနောက်ခံနှင့် ယဉ်ကျေးမှုတို့ကွဲပြား ခြားနားနေပြီး ချမ်းသာမှုမညီမျှသည့် လူသန်းပေါင်းများစွာတို့သည် ဒီမိုကရေစီ၏ အနှစ်သာရအောက်တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ယခု ၂၁ ရာစုတွင် “ အရွယ်ရောက်သူအားလုံး၊ အရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးပိုင်ခွင့်ရှိခြင်း” သည် ယောက်ျား၊ မိန်းမ မခွဲခြားပဲ အားလုံးသောလူသားများကို ညွှန်းဆိုကြောင်း လက်ခံခဲ့ကြရသည်။ ယနေ့ကာလတွင် မိန်းမများ မဲပေးပိုင် ခွင့် ရရှိလာသည်။ ထိုအချက်သည် အမှန်တကယ်အရေးကြီးသည့် အစစ်အမှန်သဘောဖြစ်သည်။ ဒီမိုကရေစီသည် လောကလုံးသဘောဆောင်သော နိုင်ငံရေးစနစ်တစ်ခု ဖြစ်လာသည်ဆိုသည့် အချက်အပေါ် စိန်ခေါ်မှုများ ရှိနေသည်ကို ကျွန်ုပ်မငြင်းနိုင်ပါ။ ထိုစိန်ခေါ်မှုများသည် အခြေအနေအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ ရည်ရွယ် ချက်အမျိုးမျိုးဖြင့် ဘက်ပေါင်းစုံမှထွက်ပေါ်လာခဲ့သည်။ ဒီမိုကရေစီသည် လောကလုံးသဘော ဆိုသည့် အချက် နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများကို ဆန်းစစ်ရန် လိုအပ်သည်။ ထိုသို့ မဆန်းစစ်မီ “ ယနေ့ကမ္ဘာတွင် ဒီမိုကရေစီသည် ဩဇာကြီးစိုးနေသည့် ယုံကြည်ချက်တစ်ခုဖြစ်လာသည် ” ကို ရှင်းရှင်းလင်းလင်း သဘော ပေါက်ထားရန် လိုအပ်သည်။ ဒီမိုကရေစီကို ကမ္ဘာကြီးတစ်ခုလုံးက လက်ခံကျင့်သုံးနေသည့်ဟု မဆိုနိုင်သော်လည်း၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ် မှုသည် ကောင်းမွန်သည်ဆိုသည့် အချက်ကို၊ အားလုံးက တစ်ညီတစ်ညွှတ်တည်း လက်ခံရမည့် အဆင့်သို့၊ ရောက်ရှိ လာပြီဖြစ်သည်။ ထိုအချက်သည်ပင် မကြာသေးမီက ပေါ်ထွက်လာသော သမိုင်းဝင် အကြောင်းအလဲ တစ်ခုဖြစ် သည်။ အာရှ (သို့) အာဖရိကနိုင်ငံများအတွက် ဒီမိုကရေစီကို ထောက်ခံအားပေးနေသည့် အချိန်တွင်ပင် ဒီမိုကရေစီ အတွက် ငြင်းဆိုချက်များ ရှိခဲ့သည်။ ဒီမိုကရက်တစ်လိုအပ်ချက်များကို ဆန့်ကျင်နေသည့် သူများအတွက် ကျွန်ုပ်တွင် အကြောင်းပြချက် လုံလုံလောက်လောက်ရှိပါသည်။ သို့သော် တောင်အာဖရိက၊ ကမ္ဘောဒီးယားနှင့် ချီလီကဲ့သို့သော တစ်နိုင်ငံချင်း အပေါ် ဒီမိုကရေစီ နှင့် ကိုက်ညီမှုရှိ/မရှိဆိုသည်ကို အမြဲတမ်း အကြောင်းပြချက်ပေးနေရန် မလိုအပ်ချေ။ ၂၀ ရာစု၏ ဒီမိုကရက်တစ် ပျံ့ပွားမှုများသည် ဒီမိုကရေစီစနစ်ကို ကမ္ဘာလုံးချီစနစ်ကြီးတစ်ခုဖြစ်ကြောင်း သက်သေပြနေသည်။ ထို့အတူ ကမ္ဘာကြီးသည်လည်း “ဒီမိုကရေစီသည် လောကလုံးသဘော” ဆိုသည်ကို
  • 4. မင်းသေ့ 4 လက်ခံလာကြသည်။ ကျွန်ုပ်တို့သည် “ဒီမိုကရေစီသည် လောကလုံးသဘောဖြစ်သလော” ဆိုသည့် မေးခွန်းအပေါ် အလေးအနက် တွေးဆကြည့်ရန် လိုသည်။ ထိုသို့တွေးဆနိုင်ရန် ကျွန်ုပ်ထပ်မံတင်ပြပါမည်။ အိန္ဒိယအတွေ့အကြုံ ဒီမိုကရေစီသည် ဘယ်လောက် အလုပ်ဖြစ်နေပါသနည်း? အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများကို မည်သူမျှ ထိုသို့မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာမှာ ဆင်းရဲသည့်နိုင်ငံများအတွက် ထိုမေးခွန်းနှင့်ပက်သက်၍ အငြင်းပွားစရာ အမြောက်အမြားရှိပါသည်။ သို့သော် ကျွန်ုပ်အနေဖြင့် ဒီမိုကရေစီသည် အမှန်တကယ် အလုပ်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါမည်။ ထိုအငြင်းပွားမှု၏ အကောင်ဆုံး သာဓကသည် အိန္ဒိယပင်ဖြစ်လိမ့်မည်။ အိန္ဒိယကို ဗြိတိသျှတို့ လွတ်လပ်ရေး ပေးပြီး ပြီးချင်း ဗြိတိန်အနေဖြင့် အိန္ဒိယသည် မိမိနိုင်ငံကို မိမိအုပ်ချုပ်နိုင်စွမ်းရှိမှ ရှိပါ့မလားဟု စိုးရိမ်မကင်းဖြစ်ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် တရားဝင်ပေါ်ထွက် လာခဲ့သည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် အိန္ဒိယသည် အုပ်ချုပ်ရေးအတွေ့အကြုံမရှိသည့် အစိုးရဖြင့် နှစ်ပါးသွားခဲ့ရသည်။ ထို့အပြင် မရှင်းလင်း၊ မပြတ်သားသည့် နိုင်ငံရေးစုဖွဲ့မှုများ၊ လူမှုရေးမတည်ငြိမ်မှုများ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများနှင့် နယ်နိမိတ်ရေးရာပြဿနာများဖြင့် ကြုံတွေ့ခဲ့ရ ပြန်သည်။ ထိုအခြေအနေများကြောင့် အနာဂတ်တွင် စည်းလုံး ညီညွှတ်သည့် ဒီမိုကရက်တစ် အိန္ဒိယဖြစ်ရန် ယုံကြည်ဖို့ အလွန်ပင် ခက်ခဲခဲ့သည်။ သို့သော် ရာစုနှစ် တစ်ဝက်ခန့် ကြာသောအခါ အိန္ဒိယတွင် ဒီမိုကရေစီစနစ်ဖြင့် နေသားတကျ၊ အလုပ်ဖြစ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံရေးအသွင်ကွဲပြားမှုများသည် တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်။ ပါလီမန်စည်းမျဉ်းများနှင့် ရွေးကောက်ပွဲစည်းမျဉ်းများအရ အစိုးရများ တက်လိုက်၊ ကျလိုက်ဖြင့် နိုင်ငံအုပ်ချုပ်ရေးကို လုပ်ဆောင်ခဲ့ရသည်။ ဒီမိုကရေစီကျင့်စဉ်များသည်ပင် ထိုကဲ့သို့အခြေအနေမျိုးမှ အိန္ဒိယကို စုစည်းပေးလိုက်သည်။ အိန္ဒိယသည် စိန်ခေါ်မှုများအကြားမှ ရုန်းထလာခဲ့ရသည်။ အိန္ဒိယတွင် ဘာသာစကားပေါင်းစုံရှိသည်။ ကိုးကွယ် ယုံကြည့်သည့် ဘာသာပေါင်းစုံရှိသည်။ တကယ်တော့ ထိုကဲ့သို့ဘာသာစကားပေါင်းစုံ၊ ဘာသာရေးပေါင်းစုံရှိနေ သည့် အခြေအနေများသည်ပင် ဂိုဏ်းဂဏအစွဲကြီးသော နိုင်ငံရေးသမားများအတွက် အမြတ်ထုတ်စရာ အချက် အဖြစ် အသုံးချခံဖြစ်ခဲ့သည်။ မကြာမီလအနည်းငယ်ခန့်ကာပင် ထိုအားနည်းချက်ကို အသုံးချ၍ အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လုပ်ခဲ့ကြသည်။ ထိုအကြမ်းဖက်မှုအား အိန္ဒိယမှ အစုအဖွဲ့အားလုံးက ဝေဖန်ရှုတ်ချခဲ့ကြသည်။ ထို့ကြောင့်ပင် သဘောထားကျဉ်းမြောင်းသည့် အုပ်စုလိုက်အကျိုးစီးပွားရှာခြင်းကို ချုပ်ငြိမ်းရန် ဒီမိုကရေစီက အာမခံပေးနိုင်ခဲ့သည်။ အသွင်ပေါင်းစုံကွဲပြားနေသည့် အရောင်စုံ အိန္ဒိယ အနေဖြင့် ချမ်းသာကြွယ်ဝမှုနှင့်
  • 5. မင်းသေ့ 5 ရှင်သန် ရပ်တည်နိုင်မှုအတွက် ဒီမိုကရေစီ၏ အာမခံနိုင်မှုသည်ပင် အဓိကဖြစ်လာသည်။ ထို့အပြင် အိန္ဒိယသည် ဟိန္ဒူဘာသာဝင်အများဆုံးရှိသည့်နိုင်ငံဖြစ်နေရုံသာမက မူဆလင်လူမျိုး တတိယမြောက်အများဆုံးနိုင်ငံလည်း ဖြစ်နေသည်။ ထိုမျှမက သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်များနေထိုင်သည့် အပြင် ကမ္ဘာတွင် ဆစ်ခ်၊ ဖာရစီနှင့် ဂျိန်း(စ) ဘာသာဝင်များ အများဆုံးနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တခါတရံ ဒီမိုကရေစီစနစ်မဟုတ်သောစနစ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ထွန်းစေသည် ဆိုသည့် စောဒကတက်မှုများလည်းရှိသည်။ ထိုယုံကြည်မှုကို စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကတင်ပြခဲ့သောကြောင့် “လီ၏ အနုမာနယူဆချက်” (the Lee hypothesis) ဟု ခေါ်ဆိုသည်။ လီက “စည်းကမ်းတင်းကျပ်၍ အာဏာသက်ရောက်မှု ပြင်းထန်သည့် နိုင်ငံများသည် စည်းကမ်းနှင့် အာဏာ လျော့ပါးသည့် နိုင်ငံများထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်သည်” ဟု ဆိုသည်။ လီက ထိုဥပမာကို “တောင်ကိုရီးယား၊ စင်္ကာပူ၊ တရုတ်နိုင်ငံ တို့နှင့် အိန္ဒိယ၊ ဂျာမေကာ၊ ကိုစတာရီကာနိုင်ငံများ” ကို ယှဉ်ပြ၍ သာဓကတင်သည်။ တကယ်တော့ လီ၏ ယူဆချက်သည် အဖြစ်အပျက်များကို ရွေးချယ်၍ အခြေပြုတင်ပြခြင်းသာဖြစ်သည်။ မည်သည့် စာရင်းဇယားကိုမျှ အခြေပြုထားခြင်းမရှိဘဲ အဖြစ်အပျက်များကို ထိုသို့ တစ်သီးတစ်သန့်ရွေးချယ်၍ ကောက်ချက်စွဲ ခြင်းသည် အနုမာနယူဆချက်တို့၏ ယေဘုယ အတွေးအခေါ်မျိုး မဟုတ်ချေ။ ဥပမာ၊ တရုတ်နှင့် စင်္ကာပူနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်၍ အာဏာရှင်စနစ်သည် စီးပွားရေးဖွံ့ဖြိုးမှု ကို လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သည်ဟု တစ်ထစ်ချ ကောက်ချက်ဆွဲ၍ မရနိုင်ပါ။ ကျွန်ုပ်တို့သည် ထိုသို့ ဆန့်ကျင်ဘက် အယူအဆများကို ချေဖျက်ရန် ပို၍ စနစ်ကျသော လက်တွေ့ လေ့လာဆန်းစစ်ချက်များဖြင့် သုံးသပ် ဆင်ခြင်ရန် လိုအပ်သည်။ ဤနေရာတွင် အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေး လျော့နည်းမှု များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် အကျိုးပြုကြောင်း ခိုင်မာသည့် သာဓက မရှိပါ။ အကယ်၍ ကျွန်ုပ်တို့သည် အခြေအနေကို နှိုင်းယှဉ်လေ့လာသုံးသပ်နည်း (comparative studies) ဖြင့် ကြည့်လျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအကြား ဆက်နွယ်မှုသည် အလုံးစုံ ဆက်စပ်နေသည် မဟုတ်ဆိုသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထိုသို့လေ့လာခြင်းဖြင့် ခိုင်လုံတိကျသော အကြောင်းပြချက်ကို စီးပွားရေးနှင့် ဒီမိုကရေစီရေးဆိုသည့် မျက်နှာနှစ်ဖက်လုံးမှ ရရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိန်းဂဏန်းအချက်အလက်များ၏ ဆက်စပ်မှုကိုသာ ချည်းကပ်ရန် မသင့်။ စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု၏ အဖြစ်အပျက်များကိုလည်း လေ့လာဆန်းစစ်ရန် လိုအပ်သည်။ အရှေ့အာရှ၏ စီးပွားရေး အောင်မြင်မှုများ သည် စီးပွားရေးပေါ်လစီနှင့် အခြေအနေအချိန်အခါ အပ်စပ်မှုများကြောင့်ဟု
  • 6. မင်းသေ့ 6 ကောင်းစွာ နားလည်ရမည်။ အရှေ့အာရှတွင် “ကူညီ မ,စရေး မူဝါဒများ” (helpful policies) ကို ကျွန်ုပ်တို့ သိရန်လိုသည်။ ထိုမူဝါဒတွင် - ပွင့်လင်းသည့် ယှဉ်ပြိုင်မှု (openness to competition) - နိုင်ငံတကာဈေးကွက်အသုံးပြုမှု (the use of international market) - ရင်းနှီးမြုပ်နှံမှုနှင့် ပို့ကုန်အတွက် မက်လုံးပေး စွဲဆောင်နိုင်မှု (public provision of incentives for investment and export) - စာတတ်မြောက်မှုနှင့် ကျောင်းတက်နိုင်မှု မြင့်မားခြင်း (a high level of literacy & schooling) - အောင်မြင်သော မြေယာပြုပြင်မှုများ (successful land reforms) - စီးပွားရေး ပျံ့ပွားမှုတွင် ကျယ်ပြန့်စွာပါဝင်နိုင်သည့် လူမှုအခွင့်အရေးများ (other social opportunities that widen participation in the process of economic expansion) စသည့် အချက်များပါဝင်သည်။ အဆိုပါ စီးပွားရေးမူဝါဒများကို အဆက်မပြတ်အကောင်အထည်ဖော်နိုင်စေရန်၊ တောင်ကိုရီးယား၊ စင်္ကာပူနှင့် တရုတ်နိုင်ငံတို့ကဲ့သို့၊ အာဏာရှင်စနစ်ဖြင့် တွန်းအားပေးနိုင်သည်ဟု ယူဆခြင်းသည်၊ အကြောင်းပြချက်ကောင်း မဟုတ်ချေ။ ဤနေရာတွင် စီးပွားရေးလျင်မြန်စွာတိုးတက်လာခြင်းသည် အာဏာစက်ပြင်းထန်သော နိုင်ငံရေးစနစ် ထက် အဆိုပါနိုင်ငံများ၏ မဟာဗျူဟာမိတ်ဘက် စီးပွားရေး အခြေအနေများဖန်တီးနိုင်မှုကို သုံးသပ်လေ့လာရမည်။ ကျွန်ုပ်တို့၏ လေ့လာဆန်းစစ်ချက်များ ပြည့်စုံစေရန် စီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကလိုလားချက်များဖြစ်သော စီးပွားရေးနှင့် လူမှုလုံခြုံမှု လိုအင်များကို ထည့်သွင်းလေ့လာရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးလွတ်လပ်ခွင့်၊ နိုင်ငံသားအခွင့်အရေးများ နှင့် အဓိကစီးပွားပျက်ကပ်များကို တားဆီးမှု အကြား ဆက်စပ်မှုကို လေ့လာရမည်။ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးများသည် ပြည်သူတို့ လိုအပ် နေသော အထွေထွေလိုအပ်ချက်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးကို ရရှိစေသည်။ အခြေခံ နိုင်ငံရေး အခွင့်အရေးများဖြစ်သော မဲပေးပိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်နှင့် ဆန္ဒထုတ်ဖော်ပိုင်ခွင့်များသည် အစိုးရကပေးသော နိုင်ငံရေးမက်လုံးများနှင့် များစွာ ကွာခြားသည်။ ကျွန်ုပ်တို့သည် စိုက်ပျိုးမွေးမြူရေး မထွန်းကားသည့် ဖိနှိပ်မှုကင်းစင်သော လွတ်လပ်သည့် ဒီမိုကရက်တစ် နိုင်ငံများ အကြောင်းကို ထည့်သွင်းဆွေးနွေးရန်လိုအပ်သည်။ ဤနေရာတွင် စိုက်ပျိုးမွေးမြူရေးလည်း မဖြစ်ထွန်း အာဏာရှင် အစိုးရများလည်း ကြီးစိုးနေသည် အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် အခြား အာဏာရှင်နိုင်ငံများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပေ။
  • 7. မင်းသေ့ 7 ၁၉၃၀ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံ စိုက်ပျိုးမွေးမြူရေးသမားများနှင့် ၁၉၅၈-၆၁ ခုနှစ် တရုတ်နိုင်ငံတွင် ကျင့်သုံးခဲ့သော “မဟာခုံပျံကျော်လွှားရေးစီမံကိန်း” (Great Leap Forward) ကာလတစ်လျှောက် တရုတ် စိုက်ပျိုး မွေးမြူရေးသမားများ၏ အခြေအနေကို နှိုင်းယှဉ်စဉ်းစားကြည့်ရမည်။ ထို့အတူ အစောင့်ရှောက်ခံ အခြေအနေ၏ အစောပိုင်း ကာလတွင်ရှိသော အိုင်ယာလန်နှင့်အိန္ဒိယနိုင်ငံတို့ကိုလည်း နှိုင်းယှဉ်စဉ်းစား ကြည့်ရန်လိုအပ်သည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံထက် စီးပွားရေးဖွံ့ဖြိုးမှုပိုမိုကောင်းမွန်စေသည့် နည်းလမ်းများကို အသုံးပြုခဲ့ သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးမှတ်တမ်းဝင်သွားသည့် စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ တရုတ်ကဲ့သို့ မဟာခုံပျံကျော်လွှားရေးကို အိန္ဒိယတွင် မလုပ်ခဲ့။ ထိုစီမံကိန်းကာလ (၃) နှစ်အတွင်း အစိုးရ၏ မူဝါဒများ အမှားကြီးမှားခဲ့သည်။ ထိုအမှားကြောင့်ပင် (၃) နှစ်အတွင်း တရုတ်တွင် လူပေါင်း သန်း ၃၀ နီးပါး သေဆုံးခဲ့ရသည်။ ထိုအချိန်က တရုတ်တွင် ထိုမဟာစီမံကိန်းကြီးအား ဝေဖန် ထောက်ပြရန်၊ သတင်းစာလွတ်လပ်ခွင့်မရှိ။ ပါတီစုံရွေးကောက်ပွဲမရှိ။ လွှတ်တော်အတွင်း အတိုက်အခံ ပါတီမရှိ။ လွှတ်တော်ပင် မရှိချေ။ ထိုကဲ့သို့ ဆန့်ကျင်ဘက် မူဝါဒရှိမှုကို လက်မခံနိုင်စွမ်းအားနည်းသည့်အတွက် တစ်နှစ်အတွင်း လူသန်းပေါင်းများစွာကို အဆက်မပြတ် သတ်ဖြတ် သကဲ့သို့ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် မြောက်ကိုရီးယားနှင့် ဆူဒန် နိုင်ငံတို့တွင်ရှိသော အခြေအနေများကို ကမ္ဘာ့ခေတ်ပြိုင် တောင်သူ၊ မွေးမြူရေးသမားများ၏ အခြေအနေနှင့် တူညီနေကြောင်း ပြောနိုင်သည်။ စိုက်ပျိုးမွေးမြူရေးသည် သဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်နေကြောင်း မီဒီယာသတင်းစဉ်တွင် မိုးလေဝသ ကြေညာချက်များက ရှင်းပြသည်နေသည်ဖြစ်၍ ရှင်းလင်းစွာပင် သိမြင်နိုင်သည်။ တရုတ်တွင် မဟာခုန်ပျံကျော်လွှား ရေးစီမံကိန်း ကျဆုံးခြင်း၊ အီသီယိုးပီးယားတွင် မီုးခေါင်ခြင်း၊ (သို့) မြောက်ကိုရီးယား နိုင်ငံတွင် ကောက်ပဲသီးနှံများ ပျက်စီးခြင်း စသည့် အဖြစ်အပျက်များကို သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် အခြေအနေနှင့် ဆက်စပ် စဉ်းစားရန်လိုအပ်သည်။ ကမ္ဘာတွင် သဘာဝပြဿနာများ အလားတူ ကြုံတွေ့ရသော နိုင်ငံအမြောက်အမြားရှိသည်။ ဤသို့သော အခြေအနေများတွင် အစိုးရသည် စားနပ်ရိက္ခာထောက်ပံ့မှုများအား တာဝန်ယူဖြေရှင်းပေးခြင်း ကြောင့် ထိုသဘာဝဘေးအန္တရာယ်များမှ ပြည်သူများကို ကောင်းစွာ ကယ်မနိုင်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ်၌ အိန္ဒိယ၊ ၁၉၈၀ ခုနှစ်အစောပိုင်းတွင် ဇင်ဘာဘွေနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် ဖြစ်ပွားသော သဘာဝ ကပ်ဘေးဆိုးများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့ ဆင်းရဲမှုအနိမ့်ဆုံးသော ဒီမိုကရက်တစ် နိုင်ငံများသည်ပင် ပြည်သူ များအား သဘာဝကပ်ဘေးမှ ကယ်ဆယ်နိုင်၍ ငတ်မွတ်ခေါင်းပါးမှုကကြုံစေပဲ ကောင်းစွာကျွေးမွေးစောင့်ရှောက်နိုင်ခဲ့သည်။ အဆိုပါ ကပ်ဘေးဒုက္ခသည်များအတွက် အလုပ်အကိုင် ပံ့ပိုးပေးရေးအစီအစဉ်များနှင့်လည်း ကူညီပေးနိုင် ခဲ့နိုင်သေးသည်။ ဒီမိုကရက်တစ်အစိုးရရှိပြီး ရွေးကောက်ပွဲများရှိသော တိုင်းပြည်တွင်းရှိ ပြည်သူများသည် ထိုကဲ့သို့သော ကပ်ဘေး ဆိုးများနှင့် ကြုံတွေ့လျှင် ထိုဒုက္ခများကို ကာကွယ်နိုင်ရန်လွယ်ကူသည်။ အကြောင်းမှာ
  • 8. မင်းသေ့ 8 လွတ်လပ်သော သတင်းမီဒီ ယာများရှိပြီး ကောင်းမွန်သော အတိုက်အခံပါတီများလည်း တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှအုပ်ချုပ်ရေး စည်းမျဉ်းအောက်ရောက်ရှိနေစဉ်ကတည်းက အခြေအနေများအတိုင်း အိန္ဒိယတွင် ပြည်သူများအား လွတ်လပ်ခွင့် ဆက်လက်ပေးထားခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်နှင့် ပါတီစုံဒီမိုကရေစီကို အုတ်မြစ်ချနိုင်လျှင် ယခင်က တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်သူများ၏ အဖြစ်မျိုးကဲ့သို့သော ကိစ္စများသည် အလိုအလျောက်ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဒီမိုကရေစီသို့အရောက်သွားရန် နည်းလမ်းပေါင်းစုံကို ဖြတ်သန်းရမည်။ နိုင်ငံရေးအရ ကောင်းမွန်သည့် အနေအထား ရှိခြင်း၊ နိုင်ငံသား အခွင့်အရေးများသည် အထွေထွေ လူမှုကပ်ဘေးများမှလည်းကောင်း၊ စီးပွားရေးကပ်ဆိုက်ခြင်း များမှလည်းကောင်း ကာကွယ်ရာတွင် အထောင့်အပံဖြစ်စေသည်။ အရာရာတိုင်း ပုံမှန်နေသားတကျအတိုင်း ကောင်းမွန်နေရန် ဒီမိုကရက်တစ် ကရိယာများ၏ အခန်းကဏ္ဍက အချိန်သင့်အခါသင့်ရှာဖွေထားရန် လိုအပ်သည်။ အခြားမထင်မှတ်ဖွယ် ပြဿနာများနှင့် ကြုံတွေ့စဉ် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်က ပေးထားသော နိုင်ငံရေးမက်လုံး များက ကြီးမားသည့် လက်တွေ့တန်ဖိုး ဖြစ်လာပါသည်။ ဤနေရာတွင် အရေးကြီးသည့် သင်ခန်းစာတစ်ခုရှိသည်။ စီးပွားရေးပညာရှင်အများစုသည် ဒီမိုကရေစီစနစ်က အာမခံထားသော နိုင်ငံရေးမက်လုံးများကို လျစ်လျှူရှု၍ စီးပွားရေး မက်လုံးများအပေါ် ဗဟိုပြုစဉ်းစား လေ့ရှိကြသည်။ ထိုတွေးဆချက်သည် မမျှတသောအခြေခံဘောင်ကို နက်နက်နဲနဲ ရွေးချယ်ထားသော အဓိပ္ပာယ်သက်ရောက်သည်။ သဘာဝအန္တရာယ်များ ကျရောက်ခြင်း မရှိသော အခြေအနေတွင် ဒီမိုကရေစီ၏ ပါဝါဖြင့် နိုင်ငံများ၏ အကျိုး စီးပွားကို ကာကွယ်ထားသည်ကို မေ့မထားသင့်ချေ။ ထိုသို့ဆိုပါက စီးပွားရေးအပြောင်းအလဲ မြင့်မားနေ သည့်အချိန်ကာလနှင့် လုံခြုံရေး အန္တရာယ်ရှိနေသည့် အခြေအနေမျိုးတွင် အကောင်း ပကတိ သာယာ နေသည့် နိုင်ငံကဲ့သို့ နေနိုင်မည်ဟု ယူဆ၍ မရနိုင်တော့ချေ။ မကြာသေးမီက အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဖြစ်ပွားသော ပြဿနာများသည် ဒီမိုကရက်တစ် မဟုတ်သော အုပ်ချုပ်ရေးကြောင့် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ကြောင်း ပြသနေသည်။ ဤနေရာတွင် နည်းနာ (၂) မျိုးဖြင့် ရှင်းပြလိုသည်။ ပထမအချက်မှာ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံတော်တော် များများတွင် ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့သည့် သာဓကကို တင်ကြည့်ရန်လိုသည်။ ထိုဘဏ္ဍာရေးအကျပ် အတည်း ဖြစ်ပေါ်လာခြင်းသည် စီးပွားရေးတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် များစွာ ဆက်စပ်နေ သည်။ ဒုတိယအချက်မှာ၊ ဘဏ္ဍာရေးအကျပ်အတည်းက အထွေထွေစီးပွားရေးပျက်ကပ်ဆီသို့ အင်ဒိုနီးရှားနိုင်ငံကို ခေါ် ဆောင်သွားသည်။ အင်ဒိုနီးရှားသည် ဒီမိုကရေစီပါဝါ၏ အကာအကွယ်များကို ဝမ်းနည်းစွာပင် လက်လွှတ်ဆုံးရှုံးခံခဲ့ ရသည်။ အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် အခြားနိုင်ငံများလည်း ဤသို့ လွဲချော်မှုမျိုးဖြင့် ကြုံတွေ့ခဲ့ရသည်များ ရှိခဲ့သည်။ အကြောင်းမှာ စီးပွားရေးတွင် ငွေကြေးဆုံးရှုံးနစ်နာသူများသည် ၎င်းတို့၏ လိုအပ်ချက်များကို လွတ်လပ်စွာ ဖော်ထုတ် ပြနိုင်ခြင်း မရှိခဲ့၍ သာဖြစ်သည်။
  • 9. မင်းသေ့ 9 ဒီမိုကရက်တစ်အုပ်ချုပ်ရေး မရှိခြင်းသည် ဆင်းရဲသားများအပေါ် စီးပွားရေးပျက်ကပ်၏ ဝန်ထုပ်ကြီးကို အလုံးစုံ ထမ်း ပိုးစေသလိုဖြစ်သွားသည်။ အားလုံး ဝိုင်းဝန်း၍ တာဝန်ခံမှုမရှိခြင်းကြောင့်ပင်ဖြစ်သည်။ အင်ဒိုနီးရှားတွင် စီးပွားရေး ဆိုးဝါးမှုများက ဒီမိုကရေစီနှင့် လွဲချော်စေသည့် အကြောင်းများ ဖြစ်နိုင်သည်။ စီးပွားပျက်ကပ်အခြေအနေများကြောင့် ဒီမိုကရေစီကို အလိုအပ်ဆုံးအခြေအနေရောက်နေသည့်တိုင် ဒီမိုကရေစီ၏ အပြည့်အဝအကာအကွယ်ပေးနိုင်မှု များကို မေ့လျော့နေကြသည်။ ဒီမိုကရေစီ၏ တာဝန် ယခု ဒီမိုကရေစီသည် လောကလုံးသဘောဆောင်သည်ကို အခိုင်အမာပြောနိုင်ခြင်းအပေါ် ပိုင်းခြားသုံးသပ်ရန် အချိန်ကျပါပြီ။ မည်သည့်အရာက ဒီမိုကရေစီကို အသေအချာဖြစ်စေသနည်း။ တကယ်တော့ ဒီမိုကရေစီသည် အများစုကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်မဟုတ်ပေ။ ဒီမိုကရေစီတွင် များပြားရှုပ်ထွေး သည့် တောင်းဆိုချက်များရှိသည်။ ၎င်းတို့တွင် ဆန္ဒမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအား အသိအမှတ်ပြုခြင်း စသည့် စံများပါဝင်သည်။ ထို့အပြင် လွတ်လပ်ရေးနှင့် လွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း၊ ဥပဒေအရ ရပိုင်ခွင့်များကို လေးစားလိုက်နာခြင်း၊ လွတ်လပ်စွာဆွေးနွေးငြင်းခုန်မှုများကို အာမခံချက် ပေးခြင်းနှင့် သတင်းများကို ဆင်ဆာ ကင်းလွတ်ခွင့်ပေး၍ လွတ်လပ်စွာဖြန့်ချိနိုင်ခြင်း စသည့် တောင်းဆိုချက်များပါဝင်သည်။ ရွေးကောက်ပွဲများတွင် ပြည်သူများက အရွေးကောက်ခံ ကိုယ်စားလှယ်များအား မှန်ကန်စွာရွေးချယ်နိုင်စေရန် အခွင့် အရေးများပေးထားရမည်။ ထိုအခွင့်အရေးများတွင် နိုင်ငံသားများက သတင်းများကို လွတ်လပ်စွာ ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖြန့်ဝေပိုင်ခွင့်များ ပါဝင်သည်။ ဒီမိုကရေစီ၏ အားသာချက်များသည် လောကလုံးသဘောဆောင်နိုင်သည်ဆိုသည့် အဆိုပြုချက်ပေါ် မတူညီသည့် နည်းလမ်း ၃ သွယ်ဖြင့် ချဉ်းကပ်ကြည့်နိုင်သည်။ ထိုနေရာတွင် ဒီမိုကရေစီသည် နိုင်ငံသားများ၏ လူနေမှုဘဝကို တိုးတက်စေနိုင်သည် ဆိုသည့် ဒီမိုကရေစီ၏ အားသက်ချက်တစ်ခုဖြင့် ချည်းကပ်မည်။ ပထမအချက်မှာ၊ နိုင်ငံရေးလွတ်လပ်ခွင့်သည့် လူသားလွတ်လပ်ခွင့်၏ အစိတ်အပိုင်းဖြစ်သည်။ နိုင်ငံသားအခွင့် အရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့် များသည် တစ်ဦးချင်းအလိုက် လူမှုရှင်သန်မှုအတွက် ကောင်းမွန်သည့် အစိတ် အပိုင်းများဖြစ်သည် ဆိုသည့် အချက်များပင်ဖြစ်သည်။ ဒုတိယအချက်မှာ၊ ဒီမိုကရေစီတွင် အရေးကြီးသည့် ကရိယာတန်ဖိုးတစ်ခုရှိသည်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်၍ အစိုးရက တာဝန်ယူမှုရှိအောင် တွန်းအားပေးနိုင်ခွင့် များပြားစွာရရှိခြင်းပင်ဖြစ်သည်။ တတိယအချက်အနေဖြင့်၊ ဒီမိုကရေစီကျင့်စဉ်များသည် နိုင်ငံသားများအား အခြားတစ်ဦးထံမှ လေ့လာ သင်ယူနိုင်သည့် အခွင့်အရေးကို ပေးထားသည်။ ထို့အပြင် မိမိ၏ အသိုက်အဝန်းအား မိမိတန်ဖိုး များဖြင့် တည်ဆောက်နိုင် အောင် ဦးစားပေးထားသည်။ စီးပွားရေးအရ၊ လူမှုလိုအင်များကို သိရှိနိုင်ရန် လွတ်လပ်သော သတင်းစီးဆင်းခွင့် ရှိရန် လိုအပ်သည်။ အသိ၊ အတတ်နှင့် သတင်းများကို အပြန်အလှန်ဖလှယ်ခွင့်၊ ဆွေးနွေးတိုင်ပင်ခွင့်များသည် လူမှုလိုအပ်ချက်များပင် ဖြစ်သည်။ ဒီမိုကရေစီကို လောကလုံးသဘောဟု ဆိုရာတွင် အထက်ပါ ကွဲပြားသည့် အချက်များဖြင့် သုံးသပ်ရှုမြင် ရန် အလေးထား ဂရုပြုရမည်။
  • 10. မင်းသေ့ 10 အသင့်လျော်ဆုံးသော လိုအပ်ချက်များကို နားလည်နိုင်စေရန် အသိဖလှယ်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့် ရှိရန်လိုသည်။ ထိုသို့သော အခြေအနေများရရှိခြင်းသည် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသာအခွင့်အရေး အပြည့်အဝရခြင်း၊ မရခြင်း အပေါ်မူတည်နေပါသည်။ ဤနေရာတွင်၊ နိုင်ငံရေးနှင့် လူမှုရေးပြဿနာများကို ဆုံးဖြတ်နိုင်ရန် ထိရောက်၍ုပွင့်လင်းသော ဆွေးနွေးမှုများ အထိ ရောက်ရှိရန် လိုသည်။ ဥပမာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက္ခဏာတစ်ရပ်ဖြစ်သော မွေးဖွားနှုန်းမြင့်မားမှု လျော့ချရာတွင် အများပြည်သူများ၏ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှုသည် အခရာကျသည်။ ပြည်သူများအနေဖြင့် ကလေးမွေးဖွားနှုန်းမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းတွင် မကောင်းသောရလဒ်များ ရှိစေနိုင်သည်။ အထူးသဖြင့် အသက်ငယ်ရွယ်သော အမျိုးသမီးများတွင် ကျန်းမာရေးအရ ထိခိုက်နိုင်သည့် ရလဒ် များ ဖြစ်ပွားစေကြောင်းကို ပြည်သူများ ဆွေးနွေးငြင်းခုံခြင်းဖြင့် အသိရစေနိုင်သည့် ပုံစံမျိုးဖြစ်သည်။ ထိုသို့ ဆွေးနွေးခြင်းက၊ အိန္ဒိယ၏ စာတတ်မြောက်မှုနှုန်းမြင့်မားသော ပြည်နယ်များတွင် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းသွားသည့် သက်သောအထောက်အထားများရှိသည်။ ထိုကဲ့သို့ မွေးဖွားနှုန်းကျဆင်း ရခြင်းမှာ အတင်းအကျပ် စေခိုင်းခြင်းကြောင့် မဟုတ်ပဲ ဆွေးနွေးခြင်းကြောင့် ရရှိလာသော အကျိုး ဆက်များဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ၊ လူမှုဆိုင်ရာ ဒိုင်ယာလော့အများအပြားကြောင့် တန်ဖိုးအသစ်များ ထွက်ပေါ်လာသည်။ ဤဖြစ်စဉ် တွင် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အငြင်းအခုံ၊ ဆွေးနွေးချက်များသည် ဒီမိုကရက်တစ်စံများတွင် အဓိက ပါဝင်သည့် အစိတ်အပိုင်းများဖြစ်သည်။ လောကလုံးတန်ဖိုး အထက်ပါကောက်ချက်များသည် မှန်ကန်သည်ဟု ယူဆလျှင် ဒီမိုကရေစီသည် သီးခြား ထိုက်တန်မှု မဟုတ်၊ ဧကန် ဖြစ်သင့်ဖြစ်ထိုက်သော အရှိတရားပင်ဖြစ်သည်။ ဤနေရာတွင် အချက် (၃) ချက်ပါဝင်သည်။ ပထမအချက်မှာ၊ လူ့ဘဝတွင် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံရေး၌ ပါဝင်လှုပ်ရှားပိုင်ခွင့်တို့သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ ဒုတိယအချက်မှာ၊ အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ထိန်းကွပ်ရန်၊ နိုင်ငံရေးမက်လုံးများ၏ အရေးပါမှုသည် အခွန်အရေးကြီးသည်ဆိုသည့် အချက်ဖြစ်ပြီး၊ တတိယအချက်မှာ၊ ဒီမိုကရေစီကို တည်ဆောက်ရာတွင် အခြေခံစံတန်ဖိုးများဖြစ်သော အခွင့်အရေးနှင့် တာဝန် အပြင် အခြေခံလိုအပ်ချက်များကို နားလည်မှုရှိရန် ဆိုသည့် အချက်များပင်ဖြစ်သည်။ ထိုတွေ့ရှိချက်များကြောင့် ကျွန်ုပ်အနေဖြင့် ဤဆောင်းပါး၏ အရင်းခံအကြောင်းတရားကို ကိုင်တွယ်ရန် အချိန် ရောက်ပြီဟု ယူဆပါသည်။ အတိအကျအမည်နာမတပ်၍ ဆိုရသော် “ဒီမိုကရေစီကို လောကလုံးသဘော” အဖြစ် ရှုမြင်သည့် ရပ်တည်ချက်ပင် ဖြစ်ပါသည်။ ဤယူဆချက်ကို အငြင်းပွားကြရာတွင် ဒီမိုကရေစီ၏ အရေးကြီးမှုအပေါ်အားလုံးသဘောမတူသည့် အချက်သည်ပင် တကယ့် အဖြစ်တရားဟုဆိုသည်။ ဤသို့ ညီညွှတ်စွာသဘောတူညီမှုမရခြင်းသည်ပင် ဒီမိုကရေစီသည် လောကလုံး သဘောမဆောင်နိုင်တော့ဟုဆိုသည်။
  • 11. မင်းသေ့ 11 သို့သော် ပထမဆုံး၊ ကျွန်ုပ်တို့သည် အောက်ပါမေးခွန်းကို စဉ်းစားရမည်။ “လောကလုံးသဘော (Universal value) ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။” “လောကသဘောဆောင်နိုင်သောတန်ဖိုးများကို စဉ်းစားရာ တွင် လူသား အားလုံး၏ သဘောတူညီချက်ကို ရရှိနိုင်ပါ့မလား” ထိုသို့သဘောတူညီချက် ရယူရန် လိုအပ်သည်ဆိုပါက လောကတန်ဖိုးများဟူသည်ပင် မရှိနိုင်တော့ပါ။ မည်သူကမှ မကန့်ကွက်ဖူးသော တန်ဖိုးစံဟူ၍ လောကတွင် မရှိပါ။ ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာသည့်အချက်ကိုအတည်ပြုရန် ကျွန်ုပ်အနေဖြင့် အားလုံး၏ သဘော တူညီမှုရှိရန် မလိုအပ်ဟု ယူဆသည်။ လောကလုံးသဘောဆောင်ခြင်းဟူသည်၊ နေရာတိုင်းတွင် လူတို့က ထိုတန်ဖိုး များသည် အဖိုးတန်သည်ဟု နားလည်နိုင်စွမ်းရှိခြင်း ၊တစ်ခုတည်းသာဖြစ်သည်။ မဟတ္တမဂန္ဒီသည် “အဝိဟိံသ တရား” ဖြစ်သည့် အကြမ်းမဖက်ရေးမူကို ထောက်ခံပြောဆိုနေသည့် အချိန်တွင် နေရာတိုင်းတွင် လူသားအားလုံးက အကြမ်းမဖက်ရေးမူများအတိုင်း နေထိုင်နေကြသည်ဟု ရည်ညွှန်းနေခြင်း မဟုတ်ပေ။ တကယ်တော့ အကြမ်းမဖက်ရေးမူသည် လောကတန်ဖိုးတစ်ရပ်ဖြစ်ကြောင်း နားလည်နိုင်ရန် ကြောင်း ကျိုးသင့် စဉ်းစားနိုင်ခြင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးနိုင်ခွင့်မရှိသော လူသားများ၏ အခြေအနေတစ်ရပ်ကို ထည့်သွင်း စဉ်းစားရမည်။ ဒီမိုကရေစီသည် တကယ့်ဘဝတွင် မရှိမဖြစ်၊ အလိုအပ်ဆုံးဟုဖြစ်နေသည်ကို သိမြင်လာလျှင် ထိုလူများသည် ဒီမိုကရေကို သဘောကျနှစ်ခြိုက်လာကြမည်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏ သဘောသည် ကျယ်ပြန့် သွားသည်နှင့်အမျှ၊ နောက်တွန့်သွားခြင်းမရှိဘဲ၊ ဆက်တိုက် ပြန့်ပွားကြီးထွားလာတတ်သည့်၊ သဘောရှိသည်။ ဒီမိုကရေစီကို အမေရိကနှင့် ဥရောပမှ စတင်ခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဒီမိုကရေစီကို ရောက်လေရာနေရာတိုင်းတွင် လက်ခံကြိုဆိုမှုများဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည်။ ဒီမိုကရေစီရောက်ရှိလာပြီး အာဏာရှင်အသွင်ဆောင်လာသော နိုင်ငံများလည်းရှိသည်။ ထိုအခြေအနေ ရောက်သည့်တိုင် ရက်ရက်စက်စက် ဖိနှိပ်မှုများအကြားမှာပင် အာဏာရှင်ကို ဆန့်ကျင်ဖီဆန်သည့် ဒီမိုကရေစီ လှုပ်ရှားမှုများ အကြီးအကျယ် ဖြစ်လာခဲ့သည်။ အချို့သောလူများသည် ဒေသကွာခြားမှု၊ ဆင်းရဲမွဲတေမှုမတူညီချက်များကို ထောက်ပြ၍ ဒီမိုကရေစီသည် လောကလုံးသဘောဆောင်နေခြင်းကို ကန့်ကွက်ကြသည်။ ထိုယူဆချက်သည် ဆင်းရဲသောလူများသည် ဒီမိုကရေစီ ထက် မိမိတို့ဝမ်းစာဖူလုံရေးဖြစ်သည့် စား၊ ဝတ်၊ နေရေးကိုသာ ပိုမိုအလိုရှိသည်ဆိုသည့် အချက်ကို ထောက်ပြသည်။ စား၊ ဝတ်၊ နေရေး ပြေလည်ပါက ဒီမိုကရေစီမလိုအပ်ဟုလည်း ပြောသည်။ မတူညီသည့် အဆင့်နှစ်ခုကို ထပ်ခါထပ်ခါ ငြင်းဆိုနေခြင်းသည် အလွန်မှားယွင်းသည့် အချက်ဖြစ်သည်။ အထက်ပါအချက်ကို ပထမဆုံးဆွေးနွေးရမည်။ ဆင်းရဲမွဲတေသည့်ပြည်သူများအတွက် ဒီမိုကရေစီ၏ အကာအကွယ် ပေးမှုသည် အလွန်အရေးကြီးသည်။ ဒုက္ခသည်ပြည်သူများကို ဒီမိုကရေစီ၏ အကျိုးဖြင့် သက်သာရာ ရစေသည်။
  • 12. မင်းသေ့ 12 ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားမှုကို ပံ့ပိုးပေးနေသည့် စီးပွားရေးဒေါက်တိုင်များကို ဒီမိုကရေစီဖြင့် ပြည်သူများက ဖယ်ရှားနိုင်သည်။ ပြည်သူတို့၏ စီးပွားရေးလိုအင်များအတွက် နိုင်ငံရေးအသံကို ကျယ်ကျယ်လောင်လောင် အော်နိုင် ရန် လိုအပ်သည်။ ဒီမိုကရေစီသည် ပြီးပြည့်စုံသည့် ချမ်းသာကြွယ်ဝမှုဖြင့် ထိုင်စောင့်နေသော ဇိမ်ခံပစ္စည်းတစ်ခု မဟုတ်ကြောင်းကို သတိချပ်ရမည်။ ဒုတိယအချက်အနေဖြင့်၊ အကြောင်းပြချက်အနည်းငယ်ဖြင့် ပြည်သူများသည် ဒီမိုကရေစီကို ငြင်းပယ်ရန် လုံလောက် သော အထာက်အထားမရှိချေ။ တောင်ကိုရီးယား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် အခြားသော အာရှနိုင်ငံများရှိ အဖိနှိပ်ခံပြည်သူများသည် ဒီမိုကရေစီအုံကြွလှုပ်ရှားများကို လေ့လာပါက အကောင်း ဆုံးသာဓက ဖြစ်ဖွယ်ရှိသည်။ ယဉ်ကျေးမှုစုံအတွက် ငြင်းချက် ယဉ်ကျေးမှုစုံအတွက် အငြင်းပွားချက်မှာ ပထဝီကွာခြားချက်ကို ဗဟိုပြုသည်။ ထိုအချက်သည် ဆင်းရဲချမ်းသာ ကွာခြားချက်ကြောင့်မဟုတ် ယဉ်ကျေးမှု ပဒေသာစုံလင်ခြင်းကြောင့်ဖြစ်သည်။ ဤတွင်၊ “အာရှတန်ဖိုး” ဆိုသည့် ယူဆချက်သည် ပဒေသာစုံမှုနှင့် ဆက်နွှယ်ဟန်ရှိသည်။ အာရှသည် စည်းမျဉ်းဘောင်အတွင်းတွင် နေထိုင်မှု အသား ကျနေသော ဝန်းကျင်ဖြစ်နေသည်။ ထိုစည်းဘောင်များကြောင့်ပင် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် ကင်းကွာခဲ့ဟန်တူ သည်။ ထို့ကြောင့် ဒီမိုကရေစီကို သံသယကြည့် ကြည့်သည်ဟု ယူဆရသည်။ အာရှယဉ်ကျေးမှုသမိုင်းတွင် ထိုသို့သောအသိအမြင်မျိုးအတွက် စစ်မှန်သောအခြေခံအကြောင်းအရင်းကို ရှာဖွေရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ အီရန်နှင့် အခြားအာရှဒေသများ၏ ဂန္တဝင် အစဉ် အလာတို့ကို ကြည့်လျှင် ပို၍ပင် ခက်ခဲနိုင်သည်။ ဥပမာအားဖြင့် ဘီစီ ၃ရာစုခန့်က အိန္ဒိယဧကရာဇ် အာသောက၏ ကျောက်စာများပါ အချက်အလက်များကို ထောက်ပြနိုင်သည်။ ဤတွင် “ဗဟုဝါဒအပေါ် သည်းခံနားလည်ပေးရန်နှင့် လူနည်းစုကိုကာကွယ်ရန် နိုင်ငံတော်၏ တာဝန်” ဆိုသည့် အချက်များကို အလွန်ရှေးကျသော ရှင်းလင်းသည့် ဝေါဟာရများဖြင့် ရေးထိုးထားသည်ကို တွေ့ရ သည်။ တကယ်တော့၊ အာရှသည် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနေထိုင်သည့် အလွန်ကျယ်ပြန့်သည့် ဧရိယကြီးရှိသည်။ ဤသို့သော ပဒေသာစုံသည့် လူဦးရေကြီးကို ခြုံငုံနိုင်မည့် ယေဘုယျ ကောက်ချက် တစ်ခုချနိုင်ရန် လွယ်ကူသောအရာ မဟုတ်ပေ။ ယေဘုကျကောက်ချက်တစ်ခုအရ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှရှိ နိုင်ငံများသည် ဒီမိုကရေစီကို အနောက် ကမ္ဘာတွင်လက်ခံထားသလို တိုက်ရိုက်လက်ခံသုံးစွဲရန် ဝန်လေးနေဟန်ရှိသည်။ ဤသည်ပင် အာရှနှင့် အနောက်ကမ္ဘာ၏ အခုအခံတစ်ခုဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့် ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသည် အနောက်နှင့် ယဉ်ကျေးမှုအရာတွင် ကွာခြားနေခြင်းကြောင့် ပုံတူကူးချဒီမိုကရေစီပုံစံကို မနှစ်မြို့ဟန်ရှိသည်။ ထိုသို့ဆိုရသော်လည်း ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အခြားအာရှနိုင်ငံများတွင်လည်း ကွဲပြားသော ယဉ်ကျေးမှု ပေါင်းစုံ ရှိနေပြန်သည်။ များသောအားဖြင့် အရှေ့အာရှတွင် ပို၍ ကွဲပြားသော ပဒေသာစုံမှုကို တွေ့ရသည်။ အာရှတွင်ပင် တစ်နိုင်ငံချင်းစီ မတူညီနေသောသဘောရှိနေသည်။ ဂျပန်၊ တရုတ်နှင့် ကိုရီးယားတွင် ဗုဒ္ဓဘာသာအစဉ်အလာ ပျံ့ပွား နေခြင်းသည် သက်တမ်းကြာညောင်းနေပြီဖြစ်သည်။ သို့သော်
  • 13. မင်းသေ့ 13 ထိုဒေသများတွင်ပင် ခရစ်ယာန်ဓလေ့ထုံးများ အပါ အဝင် အခြားသောဘာသာများ၏ လွှမ်းမိုးမှုများ ရှိနေသည်ကို တွေ့နိုင်သည်။ ထိုယဉ်ကျေးမှုများတွင် အလုံးစုံတူညီ သော ကိုးကွယ်ယုံကြည်မှုမျိုး မရှိခဲ့ပေ။ (မှတ်ချက် - ဆိုလိုသည်မှာ ဗုဒ္ဓဘာသာချင်းတူလျှင်သော်မှ ကိုးကွယ်ယုံကြည်ပုံ မတူညီသည့်သဘောကို ဆိုလိုဟန် တူသည်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာစသည့် နိုင်ငံများ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်သည့် ပုံစံကွာခြား သလို၊ ထေရဝါဒ၊ မဟာယာနဖြင့် အကြမ်းဖျင်း ခွဲမြင်နိုင်သည်။ ဘာသာပြန်သူ) အာရှအတွေးအခေါ်ကို ကြီးစွာလွှမ်းမိုးထားနိုင်သည့် ကွန်ဖြူးရှပ်ကိုယ်တိုင်က “အစိုးရအပေါ်ကို မျက်ကန်းယုံကြည့်မှု မျိုး မပြုသင့်ကြောင်း” မိန့်ဆိုခဲ့သည်။ ဇီလူးက ကွန်ဖြူးရှပ်အားမေး၏။ “မင်းသားတစ်ပါးထံ မည်သို့ အမှုထမ်းရမည် နည်း” ဟုမေးသည်။ “အကယ်၍ မင်းသားက အမှားလုပ်ထားလျှင်သော်မှ သူ့ကိုအမှန်အတိုင်းပြောပါ” ဟု ပြန်ဖြေသည်။ ကွန်ဖြူးရှပ်သည် “မင်းဆိုးမင်းညစ်ဖြင့် တွေ့ရသည်ဖြစ်စေ၊ လောက၏ အမှန်တရားကို မစွန့်လွှတ်ခဲ့ ပေ။ သို့သော် လိမ္မာပါးနပ်စွာဖြင့် အကြံပြုထောက်ပြသင့်ကြောင်းကို မိန့်ဆိုခဲ့သည်။ “တိုင်းပြည်တွင် တရားမှုများ ကြီး စိုးနေလျှင် အမှန်ကို တွင်တွင်ကျယ်ကျယ် လုပ်ပါ။ ကျယ်ကျယ်လောင်လောင်ပြောပါ။ အကယ်၍ တိုင်းပြည်တွင် တရားမှုများ ကျဆုံးနေလျှင် တွင်တွင်ကျယ်ကျယ် လုပ်၍ ညင်ညင်သာသာပြောပါ။” ဟု ကွန်ဖြူးရှပ်က မိန့်ဆိုခဲ့သည်။ ကွန်ဖြူးရှပ်သည် အာရှတန်ဖိုး၏ အခြေအမြစ်ဆုံးအချက်ကို ထုတ်ပြခဲ့သည်။ အာရှတန်ဖိုး၏ ပင်မဒေါက်တိုင် နှစ်ခု ဖြစ်သော “မိသားစုအပေါ်သစ္စာရှိမှုနှင့် တိုင်းပြည်အပေါ် ရိုသေလေးစားမှု”သည်ပင် တစ်ခုနှစ် တစ်ခု ဝိရောဓိဖြစ်နေ သောသဘောရှိသည်ဟု ထောက်ပြခဲ့သည်။ အာရှတန်ဖိုးအမြင်ကို အားကြီးစေရန် ကောက်ချက်ဆွဲသူများက “နိုင်ငံတော်ဟူသည် မိသားစုစနစ်ကို ချဲ့ထွင်ထားခြင်းသာဖြစ်သည်၊ နိုင်ငံတော်သည် မိသားစုအကြီးစားပင်ဖြစ်သည်” ဟု ပြောကြသည်။ သို့သော် ကွန်ဖြူးရှပ်၏ မှတ်ချက်များသည်ပင် အဆိုပါ အချက်နှစ်ချက်အကြား လွန်ဆွဲမှုများ ဖြစ်နေ ကြောင်း သက်သေခံပြီး ဖြစ်နေသည်။ ဤနေရာတွင် “အာရှတန်ဖိုး” ဟူသည်ကို ကောက်ချက်ဖွင့်သောသူများသည် ပညာရှင်များမဟုတ်ဘဲ နိုင်ငံရေးခေါင်း ဆောင်များဖြစ်နေသည်ကို သိထားရန် အရေးကြီးသည်။ တခါတရံ အာဏာရှင်အစိုးရများ၏ တရားဝင်ပြောရေးဆိုခွင့် ရှိသူများအပြင်၊ တရားမဝင်ပြောရေးဆိုခွင့်ရှိသူများလည်း ပါဝင်သည်ကို သတိချပ်ရမည်။ အခြားသောအရေးကြီးသည့် အချက်လည်းရှိသည်။ ထိုအချက်မှာ အာရှယဉ်ကျေးမှုတွင် အာဏာရှင်ဆန်သော အရေးအသားများကို ရှာဖွေရန် မခက်ခဲသလို အနောက်တိုင်းအတွေးအခေါ်များတွင်လည်း အာဏာရှင် ဆန်သော ရေးသားချက်များကို တွေ့ရှိရန် မခက်ခဲပေ။ အနောက်တိုင်း အတွေးအခေါ် ပညာရှင်များဖြစ်သော ပလေတိုနှင့် အကွီနပ်တို့၏ စာပေတို့တွင် စည်းမျဉ်းဥပဒေသများအသွင် မြုပ်နှံထားသည်ကို တွေ့နိုင်သည်။ ပလေတို၏ စာပေ တွင် စည်းမျဉ်းဘောင်တို့ကို ဗဟိုပြုထားသည်။ ခေတ်ပြိုင်နိုင်ငံရေးဖြတ်သန်းမှုများအရ၊ အရှေ့အလယ်ပိုင်းမှ အစ္စလာမ်တို့သည် တစ်ဦးချင်းလွတ်လပ်ခွင့်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။ ထို့အချက်သည် အခွင့်အရေးကို အခြေမှစ၍ ကန့်သတ်ချုပ်ချယ်သည့် သဘောပင် ဖြစ်သည်။ သို့သော် အစ္စလာမ်အစဉ်အလာအတွင်း၌ “ပဒေသာစုံ” ကွဲပြားမှုသည်ပင် ကောင်းစွာသော ကျေးဇူးပြုမှု ဖြစ်နေသည်။ အိန္ဒိယ၌ မဂိုအင်ပါယာပြည့်ရှင် ဧကရာဇ်လက်ထက်တွင်
  • 14. မင်းသေ့ 14 နိုင်ငံရေးအရ၊ ဘာသာရေးအရ ကွဲပြားနေခဲ့သည်။ ထိုပဒေသာစုံမှုကို မဂိုပြည့်ရှင်သည် “မတူကွဲပြားမှုကို နားလည်လက်ခံပေးနိုင်သည့်စိတ်ဓာတ်”ကို လက်တွေ့ ပျိုးထောင်ပေးနိုင်ခဲ့သည်။ ထိုလုပ်ရပ်သည် လက်တွေ့နှင့် သဘောတရားကောင်းစွာ ပေါင်းစပ်နိုင်ခြင်း၏ ဥပမာကောင်းဖြစ်သည်။ ဥရောပနှင့်ခေတ်ပြိုင် Turkis အင်ပါယာတို့လက်ထက်တွင် မတူကွဲပြားမှုကို ပို၍ပင် လက်ခံပေးနိုင်ခဲ့ သေးသည်။ ကိုင်ရိုနှင့် ဘဂ္ဂဒက်တွင် အုပ်ချုပ်ခဲ့သော အစိုးရတို့လက်ထက်တွင် ထိုဥပမာကို တွေ့နိုင်သည်။ ၁၂ ရာစုသို့ရောက်သောအခါ ဂျူးလူမျိုး မေမွန်နိုက်သည် မတူကွဲပြားမှုကို လက်မခံခဲ့။ မေမွန်နိုက် အယူအဆကြီးစိုးလာသောကြောင့် ဥရောပဇာတိဖွား ဂျူးများသည် နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ နေရပ်စွန့်ခွာဂျူးလူမျိုးတို့သည် မတူ ကွဲပြားမှုကို လက်ခံသော ကိုင်ရိုအုပ်ချုပ်သူများထံ ခိုလှုံခဲ့သည်။ စူလတန် ဆာလာဒင်တို့၏ ခိုလှုံခွင့်ပေးမှုကို ခံခဲ့ရသည်။ မတူကွဲပြားမှုသည် ကမ္ဘာကြီးတွင်ရှိသော ယဉ်ကျေးမှုများ၏ သရုပ်သဏ္ဍာန်တစ်ခုပင်ဖြစ်သည်။ ထိုအချက်သည် အနောက်ယဉ်ကျေး မှုတွင် ခြွင်းချက်မရှိမှန်ကန်သောအချက်ဖြစ်သည်။ ခေတ်သစ်အနောက်ကမ္ဘာတွင် စက်မှုတော် လှန်ရေး၊ ရီနေးဆန့်ခေတ်ကတည်းက ဒီမိုကရေစီ ကျင့်စဉ်များ ကျယ်ပြန့်လာသည်ဟု ယူဆရသည်။ သမိုင်းမှတ်ချက်များကို ပြန်ကောက်သော် အနောက်တွင် ဒီမိုကရေစီအနှံ့ကျယ်လာလေလေ၊ အနောက် မဟုတ်သော အခြမ်းတွင် ဒီမိုကရေစီချင်ခြင်းတက်မှု မြင့်မားလာလေလေဟု တွေ့နိုင်သည်။ အကြောင်းမှာ အနောက်မဟုတ်သော ကမ္ဘာတွင် တစ်ဦးတည်းအာဏာချုပ်ကိုင်အုပ်စိုးမှုကို ခံစားနေရသောကြောင့်ဖြစ်သည်။ ထိုအချင်းအရာတို့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်ဟု အာရှအစိုးရတို့၏ ပြောရေးဆိုခွင့်ရှိသူများက ရေးသားသလို နှောက်ခေတ် အနောက်တိုင်းပညာရှင်များကလည်း ရေးသားခဲ့ကြသည်။ ဥပမာ - ဆင်မြူရယ် ဟန်တင်တန်၏ “ယဉ်ကျေးမှုများတွန်းတိုက်ခြင်း” (Clash of Civilization) စာတမ်းကို ကိုးကားဖော်ပြရန် လိုသည်။ ဟန်တင်တန်သည် ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခုအကြား မတူညီသည့် အသိအမှတ်ပြုမှု သဘောများကို လေ့လာသည်။ ထိုသို့လေ့လာ၍ ရှင်းလင်းသော ကောက်ချက်တစ်ခုကို ချသည်။ “Individualism နှင့် အစဉ်အလာလွတ်လပ်ခွင့်/ ရပိုင်ခွင့်” ကို အနောက်တိုင်းတွင် တွေ့ရသည်။ အကြောင်းမှာ အနောက်သည် ယဉ်ကျေးမှုစုံအကြားတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ ဟန်တင်တန်သည် “အနောက်၏ အဓိကလက္ခဏာ” များကို ငြင်းချက်ထုတ်သည်။ အနောက်ယဉ် ကျေးမှုသည် အခြားယဉ်ကျေးမှုများနှင့် ကွဲပြားသည်။ ဟန်တင်တန်အလိုအရ၊ အနောက်သည် ခေတ်သစ်ကမ္ဘာ မတိုင်မီအချိန်တွင် “အနောက်” သာဖြစ်ခဲ့သည် ဟု ဆိုသည်။ ဤကောက်ချက်ကို ကျွန်ုပ်ငြင်းဆိုသည်။ အကြောင်းမှာ ထိုကောက်ချက်သည် သမိုင်းဆိုင်ရာစေ့စပ်၊ စစ်ဆေးမှုမျိုး မရှိခဲ့ဟု ကျွန်ုပ် ယူဆသည်။ အာရှအစိုးရများ၏ ပြောရေးဆိုခွင့်ရှိသူများက အာရှအမြင်နှင့် အနောက်၏အမြင်ကို ခွဲခြား၍ ပြောဆိုရေးသားတိုင်း၊ အနောက်တိုင်းပညာရှင်များကလည်း အခြားတစ်ဖက်မှ နှိုင်းယှဉ်ထောက်ပြမှုများကို ထုတ်ဖော်ပြသခဲ့သည်။ သို့သော် အနောက်ကမ္ဘာ၏ တွန်းအား နှင့် အာရှ၏ လိုရာကောက်ချက်စွဲမှုများကို နှိုင်းယှဉ်လိုက်တိုင်း ရှုထောင့် နှစ်မျိုးစလုံး သည် “ဒီမိုကရေစီသည် လောကသဘော” (University Value) ဟူသည့် အချက်ကို မတွန်းလှန်နိုင်ခဲ့ပေ။
  • 15. မင်းသေ့ 15 အငြင်းအခုံတို့၏ ဆုံချက် ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာသည် ဟူသည့် ယူဆချက်ကို ခြုံငုံမိစေရန် တင်ပြပါမည်။ ဒီမိုကရေစီတန်ဖိုး ဒီမိုကရေစီတန်ဖိုးတွင်၊ လူ့ဘဝတွင် လူမှုဘဝရှင်သန်မှုအတွက် အရေးကြီးသည် ဆိုသည့်အချက်ပါဝင်သည်။ အထွေထွေနိုင်ငံရေးမက်လုံးများသည် ဒီမိုကရေစီ၏ ကိရိယာတစ်ခုဖြစ်သည်ဆိုသည့် အချက်ပါဝင်သည်။ နောက်ဆုံး ဒီမိုကရက်တစ်တန်ဖိုးတစ်ခုမှာ၊ အခြေခံရပိုင်ခွင့်များ၊ အခြေခံလိုအပ်ချက်များနှင့် တာဝန်များသည် ဒီမိုကရေစီ တန်ဖိုး ဖြစ်ပေါ်လာအောင် တည်ဆောက်ပေးသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုဝိသေသများသည် ပထဝီကို ကိုယ်စားပြုခြင်းမဟုတ်သလို၊ စည်းမျဉ်းနှင့် အမိန့်အာဏာများလည်း မဟုတ်ချေ။ လူသားဘဝအတွက် အရှိသင့်ဆုံး တန်ဖိုးလက္ခဏာများဖြစ်သည်။ ရွေးချယ်မှုကို ယဉ်ကျေးမှုက ဩဇာလွှမ်းမိုးမှုမရှိ သင့်ချေ။ ရွေးချယ်မှုကို ယခုဤနေရာမှာပင် လုပ်ဆောင်နိုင်သည်။ ဒီမိုကရေစီ၏ တာဝန်များကို စဉ်းစားဤ ကမ္ဘာကြီး၏ ရပ်တည်မှုသည် ဒီမိုကရေစီပေါ်တွင် မူတည်မှု ရှိ၊ မရှိကို ရွေးချယ်ရမည်။ ထိုအချက်များသည် အမှန်တကယ်အား ကောင်းခိုင်မာကြောင်း သက်သေ၊ အထောက်အထားများဖြင့် ပြခဲ့သည်။ ထို့အပြင် ဒီမိုကရေစီသည် ပထဝီအပေါ် မမှီခို။ တန်ဖိုး၊ ကျင့်စဉ်များသာဖြစ်သည်။ ဒီမိုကရေစီသည် လောကလုံးသဘောဆောင်လာခြင်း ဒီမိုကရေစီ၏ တန်ဖိုးများကြောင့်ပင်ဖြစ်သည်။ လောက သဘောသည် ဒီမိုကရေစီ တန်ဖိုးများ၏ အားသာချက်တွင် ရှိနေသည်။ ထိုအချက်သည်ပင် အငြင်းပွားစရာ ဆုံချက် ဖြစ်လာသည်။ အတိတ်ဖြတ်သန်းမှုများက ပေးအပ်လာသည့် အစဉ်အလာ၏ ထင်မှတ်မှားစရာ တားမြစ်ချက်များ အပေါ် ဗဟိုပြု၍ “ဒီမိုကရေစီသဘောဆောင်မှု” ကို မျက်ကန်း ဆင်ခြင်ချက်ဖြင့် မဆွေးနွေးသင့်ပေ။