မင်းသေ့
1
ဝေဖန် ဥာဉ်၊ ပိုင်းခြား ဥာဉ်၊ စိစစ် ဥာဉ်
ဝေဖန် ပိုင်းခြား စိစစ် စဉ်းစားနည်း
ဝေဖန် ပိုင်းခြား စိစစ်တာကို အနောက်တိုင်း ပညာရေးမှာ ဦးစားပေးပြီး သင်တယ်။ အရာရာကို
သံသယနဲ့ ကြည့်တတ်မှ၊ ပညာဆိုတာ ဖြစ်တယ်။ ဘာကိုပဲဖြစ်ဖြစ် မျက်စိပိတ်၊ နားပိတ်နဲ့ ပစ်ပြီး ယုံ
လိုက်ရင်၊ ပညာမဖြစ်ဘူး။ ပညာရဲ့အစက သံသယဖြစ်ပါတယ်။ သံသယဆိုတာ ထင်ယောင်ထင်မှား၊
ဖြစ်တယ်၊ ဒွိဟဖြစ်တယ်၊ ဝေဝါးတယ်လို့ ဒီနေရာမှာ မသုံးချင်ပါဘူး။ ဘာကိုမှ ပစ်မယုံဘဲနဲ့ ဝေဖန် ပိုင်း
ခြား စိစစ်ပြီး စဉ်းစားတတ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ လူဆိုတာက သံသယမရှိရင်၊ မစိစစ်တော့ဘူး။
မရွေးချယ်တော့ဘူး။ မဝေဖန်တော့ဘူး။ သံသယရှိမှ ဝေဖန်မယ်။ စိစစ်မယ်။ ပိုင်းခြား သုံးသပ်ပြီး စဉ်း
စားမယ်။ ယုံကြည်သင့်သလား၊ မသင့်သလားဆိုတာကို စဉ်းစားမယ်။ ဒါ့ကြောင့် သံသယဆိုတာကို
ပညာရဲ့ အစလို့ ဆိုတာ ဖြစ်တယ်။
ဝိဘဇ္ဇဝါဒ
ကျွန်တော်ကတော့၊ critical thinking ဆိုတာကို ဝိဘဇ္ဇ နည်းလို့ ပြောချင်တယ်။ ဘာကိုမှ တရားသေ
ကိုင်ထားတာ မရှိဘူး။ ကိုယ့်ဥာဏ်နဲ့ကိုယ် စိစစ်သုံးသပ်ပြီး ယူတယ်။ ဆင်ခြင်တယ်။ ဒါဟာ ဗုဒ္ဓ
ဂေါတမက ဟိုး နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက စသုံးခဲ့တာပါ။ အနောက်တိုင်းပညာရေးမှာ၊ သိပ်
အရေးပါတဲ့ ပိုင်းခြား စိစစ် စဉ်းစားနည်းဟာ အရှေ့တိုင်း နည်းနာရဲ့ ရေခံမြေခံကနေလာပါတယ်။
ဂေါတမ ဟာ ကာလမသုတ်မှာ ဝိဘဇ္ဇဝါဒကို အတိအလင်း ပြထားတယ်။ ငါပြောလို့လည်း မယုံနဲ့။
ကျမ်းဂန်အဆိုအရမို့လည်း မယုံနဲ့။ ရှေးထုံးဆိုလိုလည်း မယုံနဲ့။ စသည်ဖြင့် စသည်ဖြင့် အများကြီး
ဟောထားတယ်။
ဝိဘဇ္ဇဝါဒဟာ ဧကဝါဒ မဟုတ်။ ဧကဝါဒဆိုတာ တရားသေဝါဒ။ အယူအဆ တစ်ခု၊ ရှုထောင့်တစ်ခု၊
အမြင်တစ်ခုတည်းကိုသာ တစ်သက်လုံး၊ အမြဲတမ်း ဆုပ်ကိုင်ပြီး၊ ငြင်းဆန်တဲ့ ဝါဒဖြစ်တယ်။ အယူ ဖြစ်
တယ်။ ဝိဘဇ္ဇဝါဒက ဝေဖန်ပိုင်းခြားသုံးသပ်တဲ့ ဝါဒဖြစ်တယ်။ ဝေဖန်ပိုင်းခြား သုံးသပ်တာကလည်း
ဧကဝါဒမှာမရှိ။ ဧကဝါဒက ခေါင်းကို မသုံး။ ဧကဝါဒက အင်မတန်သက်သာတဲ့ ဝါဒဖြစ်ပါတယ်။ ကိုယ့်
ဥာဏ်ကို ကိုယ် သုံးစရာမလိုဘူး။ သူများပြောထားတာကို ယုံပြီး ဆုပ်ကိုင်လိုက်ရုံပဲ။ မပင်ပန်းဘူး။
ဥာဏ်လည်း သိပ်မသုံးရတော့၊ ဥာဏ်များများဖြစ်ဖို့ မကြိုးစားရတော့ဘူး။ သိပ်သက်သာတယ်။
မင်းသေ့
2
ဝိဘဇ္ဇဝါဒကတော့ အဲသလို မဟုတ်ဘူး။ စဉ်းစားရတယ်။ ကြံစည်ရတယ်။ ဝေဖန်ပိုင်းခြားရတယ်။ စိစစ်
ရတယ်။ မှားလား၊ မှန်လား၊ သင့်လား၊ မသင့်လားဆိုတာကို သူများက မပြဌာန်းရဘူး။ ကိုယ့်ဘာသာ
ကိုယ်ပြဌာန်းရတယ်။ ဒါ့ကြောင့် အားထုတ်ရတယ်။ ရေသာမခိုရဘူး။ နို့သက်ခံမစို့ရဘူး။ ကိုယ်ကိုယ်
တိုင် ကြိုးစားအားထုတ်ရတော့ ပင်ပန်းတယ်။ လူတော်တော်များများက ပင်ပန်းတဲ့ အလုပ်ကို မလုပ်
ချင်ကြဘူး။ ရေသာခိုချင်တယ်။ အချောင်လိုက်ချင်တယ်။ စကား တစ်ခုရှိတယ်လေ။ တွေးမလား၊ သေ
မလား ဆိုရင်၊ လူတော်တော်များများက သေပဲ သေလိုက်ကြတော့တယ်တဲ့။ ဘယ်သူမှ မတွေးရဲကြ
ဘူး။ ကမ္ဘာမှာ တွေးရတာကို အင်မတန် ကြောက်တဲ့သူတွေ အများကြီးရှိတယ်။
သတ္တိရှိမှ ဝေဖန်ရဲတယ်
ဝေဖန်ပိုင်းခြား စိစစ်တတ်ဖို့အတွက်၊ သတ္တိလည်း လိုတယ်။ သတ္တိရှိမှ လူက စဉ်းစားနိုင်တယ်။ စဉ်း
စားတတ်တယ်။ စဉ်းစားရဲတယ်။ သတ္တိမရှိတဲ့သူက၊ မစဉ်းစားရဲဘူး။ မတွေးရဲဘူး။ သူ့မှာ ကိုယ်ပိုင်
အယူအဆမရှိဘူး။ ကိုယ်ပိုင် နည်းနာမရှိဘူး။ ကိုယ်ပိုင် အမြင်မရှိဘူး။
ဝေဖန်ပိုင်းခြားတယ်ဆိုတာ တခါတရံ သူများအမြင်၊ အယူအဆ၊ အတွေးတွေကို တိုက်ခိုက်ရတာဖြစ်
တယ်။ မတိုက်ခိုက်ရရင်တောင်၊ သူများအမြင်၊ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ကြရတယ်။ ကိုယ့်
ကိုယ်တိုင်ကမှ သတ္တိမရှိရင်၊ ဘယ်လိုလုပ် ဝေဖန်ပိုင်းခြားတော့မှာလဲ။ သူများနဲ့ ထိပ်တိုက်တွေ့ရမှာ
ကြောက်နေတဲ့ စိတ်၊ သူများအယူအဆကို ချေဖျက် နင်းဖျက်ရမှာကို ကြောက်တဲ့ စိတ်က ဝေဖန်မှု၊
ပိုင်းခြားမှု စိစစ်မှုကို မလုပ်နိုင်အောင် တားဆီးထားတယ်။ ဒီတော့ မလုပ်တော့ဘူးပေါ့။
အရူးချီးပန်း ဥာဉ်
သို့ပေမယ့်၊ တစ်ခု သတိထားဖို့က၊ ဝေဖန်ပိုင်းခြားတယ်ဆိုတာ၊ ကိုယ့်ဆီမှာ လာသမျှ ကိစ္စရပ်တိုင်း၊
အယူအဆတိုင်းကို ဂွတိုက်၊ ဘဲ့တိုက်နေတာ မဟုတ်ဘူး ဆိုတာ သိထားရမယ်။ ဝေဖန်ပိုင်းခြား စိစစ်
တဲ့သူက သိပ်မွေ့ရမယ်။ ယဉ်ကျေးရမယ်။ ထက်မြက်ရမယ်။ စကားပြောတာကို ကောင်းကောင်း နား
ထောင်ပြီး စဉ်းစားမနေဘဲ၊ ဘာမှ တောင် သိပ်မပြောရသေးဘူး၊ ဝေဖန်လိုက်မယ်၊ ငြင်းလိုက်မယ်၊ ဘဲ့
တိုက်လိုက်မယ်ဆိုတဲ့ ဥာဉ်က အရူးချီးပန်း ဥာဉ်လို့ ပြောလို့ရတယ်။ ဒါက ဝေဖန်ပိုင်းခြားမှုရဲ့ တကယ့်
နည်းနာ မဟုတ်သေးဘူး။ ဒါကို သတိထားဖို့ လိုတယ်။ ကျွန်တော့်ဘဝမှ ဒီလို လူမျိုးတွေ တွေ့ဖူး
တယ်။ အရူးချီးပန်း လှိမ့်ငြင်းတဲ့သူတွေ။ ဘာကိုဖြစ်ဖြစ် ငြင်းလိုက်ရမှ၊ ဝေဖန်ပိုင်းခြား သုံးသပ်တယ်လို့
ထင်နေတဲ့ သူတွေ။ သူတို့လို မဖြစ်အောင် သတိထားသင့်တယ်။
မင်းသေ့
3
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ စိန်ခေါ်ရဲတယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူက ကြောက်နေတယ်။ ယုံကြည်မှုရှိတယ်ဆိုတာ၊ ခွေးရူးလို
ကမူးရှုးထိုး လိုက်ကိုက်ရဲ့တဲ့ မိုက်ရူးရဲဥာဉ်ကို ပြောတာ မဟုတ်ဘူး။ ကိုယ့်ဆီမှာ ခိုင်မာတဲ့ သဘော
ထား၊ အယူအဆမရှိရင် ကိုယ့်ကိုယ်ကို မယုံတော့ဘူး။ ကိုယ့်ကိုယ်ကို မယုံတော့ သတ္တိမရှိဘူး။ စိန်
မခေါ်ရဲဘူး။ ဝေဖန်ပိုင်းခြားတယ်ဆိုတာ သူများအယူအဆကို ကိုယ်က စိန်ခေါ်လိုက်တာနော်။ ကိုယ့်
မှာ ရေရေရာရာ ဘာတစ်ခုမှ ဆုပ်ကိုင်မထားနိုင်ရင်၊ သိမထားနိုင်ရင်၊ ဘယ်သူကို စိန်ခေါ်ရဲတော့မှာလဲ။
ဘယ်သူ့ကို ဝေဖန်ဆန်းစစ်ရဲတော့မှာလဲ။ ကိုယ့်မှာ ကိုယ်ပိုင် အယူအဆ၊ အမြင်၊ သဘောထား ရှိရင်
တောင်၊ ငြိမ်ငြိမ်ကလေး ကိုင်ထားပြီး ချောင်ကုတ်နေတော့မှာပေါ့။ ဒါဟာ မဖြစ်သင့်ဘူး။ ကိုယ့်အမြင်၊
ကိုယ့်အယူအဆကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး၊ လူတွေရှေ့မှာ အစမ်းသပ်ခံရဲရမှာပေါ့။
လူတွေရှေ့မှာ ချပြရဲရမှာပေါ့။ ဒီလိုလုပ်ဖို့အတွက် သတ္တိလိုတယ်။ ယုံကြည်မှု လိုတယ်။
ကိုယ့်ကိုယ်ကို မယုံကြည်တဲ့သူက ကိုယ့်အယူအဆ၊ ကိုယ့်အမြင်ကို ထုတ်ဖော်မပြောရဲဘူး။ ကိုယ့်
ကိုယ်ကို မယုံကြည်တဲ့သူက သတ္တိမရှိဘူး။ သတ္တိမရှိတဲ့သူက၊ ဘာကိုမှလည်း ဖြစ်အောင် ကိုယ်တိုင်
အားမထုတ်တော့သလို၊ သူ့မှာ ကိုယ်ပိုင် အမြင်၊ ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် နည်းနာ၊ ကိုယ်ပိုင်
ရှုထောင့်ဆိုလည်း မရှိဘူး။ ဒီလိုမှ မရှိတဲ့သူက သူ့ကိုယ်သူ ဘယ်လိုလုပ် ယုံကြည်မှု ရှိနိုင်တော့ မလဲ။
အစမ်းသပ်ခံရဲမှ
ဝေဖန်ပိုင်းခြားတယ်ဆိုတာ တကယ်တော့ စိန်ခေါ်တဲ့ အလုပ်ပဲ။
ဗုဒ္ဓ ဂေါတမက ဟောထားတယ်။ ဘုရားဂုဏ်တော် ၉ ပါး။ တရား ဂုဏ်တော် ၆ ပါး။ သံဃာ ဂုဏ်တော်
၉ ပါး ဆိုပြီးတော့။ တရားဂုဏ်တော် ၆ ပါးထဲမှာ၊ ဧဟိပသိကော ဆိုတဲ့ ဂုဏ်တော်ရှိတယ်။ အဓိပ္ပာယ်
က လာပါ၊ ရှုပါ၊ ကြည့်လှည့်ပါ။ သုံးကြည့်လိုက်၊ လုပ်ကြည့်လိုက်၊ လို့ ပြောထားတယ်။ ဒါက ဘာ
သဘောလဲ၊ စဉ်းစားကြည့်လိုက်။ တရားဂုဏ်တော်မှာ ဘာကို ပြထားသလဲ ဆိုတော့၊ အစမ်းသပ်ခံနိုင်
တယ်။ စိန်ခေါ်ရဲတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား။ ဘာကိုမှ တွေးကြောက်မနေဘူး။ ငါ ဘုရားတွေ့
ရှိထားတဲ့ တရားဟာ၊ အစမ်းသပ်ခံရဲတယ်။ စိန်ခေါ်ရဲတယ်ဆိုတဲ့ သဘောပဲ။
မခိုင်မာတဲ့ သဘောရှိရင် ဘယ်လို လုပ် အစမ်းသပ်ခံရဲမလဲ။ ကိုယ်တွေ့ရှိထားတဲ့ အရာကို အမှန်
တရားပါလို့ ယုံကြည်မထားရင်၊ ဘယ်လိုလုပ် စိန်ခေါ်ရဲတော့ မလဲ။ စိန်ခေါ်ရဲတာ၊ အစမ်းသပ်ခံနိုင်လို့။
အစမ်းသပ်ခံရဲတာလည်း ယုံကြည်မှု ရှိလို့ပေါ့။
မင်းသေ့
4
သမိုင်း သက်သေ
စိန်ခေါ်ရဲပြီး၊ သတ္တိရှိတဲ့သူတွေကသာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့တယ်။ ကမ္ဘာ့သမိုင်းကိုကြည့်လိုက်။
ဆိုကရေးတီးနဲ့ ဂယ်လီလီယို။ နောက် ချား(စ)ဒါဝင်။ ဆိုကရေးတီးကို ကြည့်ကြဦးစို့။ ဆိုကရေးတီး
ဘယ်လို သေသွားသလဲ။ သူ့အယူအဆတွေက၊ အဲ့တုန်းက လူ့အသိုက်အဝန်းကို ဖောက်ထွက်ပြီး၊
ပြခဲ့တယ်။ သူ့အယူအဆတွေကို လူတွေအကြားမှာ ရဲရဲဝံ့ဝံ့ ဖြန့်ချိခဲ့တယ်။ နောက်ဆုံး လူတွေက
ဆိုကရေးတီးကို ဒဏ်ခတ်တယ်။ သူ့ကို အဆိပ်သောက်သေစေတယ်။ ဆိုကရေးတီးက ရဲရဲဝံ့ဝံ့ သေပြ
သွားတယ်။ အခု သူ့အယူအဆတွေက၊ အတွေးအခေါ်ရဲ့ ယုတ္တိ၊ နည်းနာကောင်းတွေ ဖြစ်ခဲ့တယ်။
ဘုရားကျောင်းတော်ရဲ့ ပညတ်ချက်က၊ ကမ္ဘာကြီးက ပြားတယ်။ စကြဝဠာကြီးရဲ့ အလည်ဗဟိုတည့်
တည့်မှာ ရှိတယ်။ ကမ္ဘာကြီးရဲ့ အစွန်ဘက်မှာ အင်မတန် နက်တဲ့ ချောက်ကမ်းပါးကြီးရှိတယ်လို့
ကျောင်းတော်ရဲ့ ပညတ်ချက်တွေက ဟောတယ်။ ဒါကို ဂယ်လီလီယိုက ဖောက်ထွက်ပြီး၊ သက်သေ
ပြတယ်။ ကမ္ဘာကြီးဆိုတာ လုံးတယ်။ ကမ္ဘာကြီးဆိုတာ၊ စကြဝဠာမှာရှိတဲ့ နေကို လှည့်ပတ်နေတဲ့ ဂြိုလ်
တစ်လုံးမျှသာဖြစ်တယ်။ ကမ္ဘာကြီးကို လှည့်ပတ်နေတဲ့ ဂြိုလ်က လ ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ အစွန်ဆုံး
မှာ ချောက်ကမ်းပါးကြီး ရှိတယ်ဆိုတာ မဟုတ်ဘူး ဆိုတာတွေကို ငြင်းသွားတယ်။ သက်သေပြသွား
တယ်။ ဂယ်လီလီယိုက သက်သေပြပြီး ငြင်းတာဖြစ်တယ်။ အရှုးချီးပန်း၊ ထင်ရာ စွတ်ပြောသွားတာ
မဟုတ်ဘူး။
ဂေါ့ (ထ) က ဘာပြောသလဲ။ ဂေါ့ (ထ) က လူတွေကို ဘုရားသခင်က ဖန်ဆင်းတယ်လို့ ပြောတယ်
မလား။ ဒီပညတ်ချက် အမြင်ကို၊ မျက်စိမှိတ်ပြီး ပစ်ယုံထားတဲ့ သူတွေကတော့ ဘုရားသခင်နဲ့ ထိပ်
တိုက်တွေ့စရာ မလိုဘူး။ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ကို လည်း ရောက်စရာ အကြောင်းမရှိဘူး။
ချား(စ) ဒါဝင်က လူကို ဘုရားသခင်က ဖန်ဆင်းတာ မဟုတ်ဘူး။ လူက မျောက်ကနေ ဆင့်ကဲဖြစ်စဉ်
သဘော ဖြစ်တည်လာတာလို့ သက်သေပြသွားတယ်။
ဆိုကရေးတီးတို့၊ ဂယ်လီလီယိုတို့၊ ချား(စ) ဒါဝင်တို့က ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ အယူအဆ၊
အမြင်တွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့တယ်။ သူတို့ကသာ လူ့အသိုင်းအဝိုင်းမှာ ရှိထားပြီးသား
ယူဆချက်တွေကို တရားသေဆုပ်ကိုင်ပြီး ယုံကြည်ထားလိုက်ရင်၊ ကမ္ဘာကြီးက အခုလိုဖြစ်လာပါ့မလား
လို့တောင် သံသယရှိလို့ ရတယ်။ သူတို့တွေက အကြောင်း၊ အကျိုး ကို သက်သေပြပြီး၊ ဝေဖန်
ပိုင်းခြား စိစစ်ရဲတဲ့ ဥာဉ်ကြောင့်၊ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့တယ်။
ချုပ်လိုက်ရင်၊ သတ္တိရှိသူမှ၊ စိန်ခေါ်ရဲတဲ့သူမှ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ ယူလို့ ရတယ်။
မင်းသေ့
5
အဆင့်များ
ဝေဖန် ပိုင်းခြား စိစစ်မှု လုပ်တဲ့ နေရာမှာ အဆင့် (၆) ဆင့် ရှိတယ်လို့ ခွဲပြထားတယ်။
(၁) သိမှု အဆင့်
(၂) နားလည်မှု အဆင့်
(၃) အသုံးချမှု အဆင့်
(၄) ခွဲခြမ်း စိတ်ဖြာမှု အဆင့်
(၅) ဆက်စပ်ကြည့်မြင်မှု အဆင့်
(၆) သုံးသပ် ဆင်ခြင်မှု အဆင့်
ဆိုပြီး အဆင့် (၆) ဆင့်နဲ့ ပြထားတယ်။
Key Words
knowledge အသိ / သိခြင်း arrange စီစဉ် သတ်မှတ်သည်
comprehension နားလည်ခြင်း divide ခွဲခြားသည်
application အသုံးချခြင်း justify ညှိသည်
analysis ခွဲခြမ်း စိတ်ဖြာခြင်း integrate ပေါင်းစည်းသည်
synthesis ဆက်စပ် ကြည့်မြင်ခြင်း modify အဆင့် မြှင့်သည်
evaluation သုံးသပ် ဆင်ခြင်ခြင်း rearrange ပြန်လည်အစီအစဉ်ချသည်
define အဓိပ္ပာယ် သတ်မှတ် substitute အစားထိုးသည်
list စာရင်း ပြုစု plan အစီအစဉ်
describe ဖော်ပြချက် create ဖန်တီးသည်
identify သရုပ်ခွဲခြင်း၊ အမျိုးအစားခွဲခြင်း design ပုံစံ ချသည်၊ ဒီဇိုင်းချသည်
name အမည် သတ်မှတ်ခြင်း invent တီထွင်သည်
explain ရှင်းလင်းပြသည် incorporate ပြန်လည် စုစည်းသည်
summarize အနှစ်ချုပ်သည် decide ဆုံးဖြတ်သည်
discuss ဆွေးနွေးသည် rank အဆင့် သတ်မှတ်သည်
interpret အနက်ဖော်သည် test စမ်းသပ်သည်
demonstrate သရုပ်ပြ သည် measure တိုင်းတာသည်
solve ဖြေရှင်းသည် compare နှိုင်းယှဉ်သည်
classify အတန်းအစား သတ်မှတ်သည်။ support ထောက်ပံ့ သည်
discover ရှာဖွေ တွေ့ရှိသည် conclude နိဂုံးချုပ် ၊ အနှစ်ချုပ်သည်
မင်းသေ့
6
Breakdown ငြင်းသည်၊ ဖြိုသည်၊ ဖျက်သည်
Distinguish ပိုင်းခြား-သိမြင်သည်
Prioritize အလျင်ကျမှုကို
သတ်မှတ်သည်
သိမှု
ဘာကိုပဲ ဝေဖန်ချင်၊ ပိုင်းခြားချင်၊ စိစစ်ချင်ပါစေ။ သိတဲ့အရာကိုပဲ ဝေဖန်လို့ရတယ်။ သိတဲ့အရာကိုပဲ
ပိုင်းခြားစိစစ်လို့ရတယ်။ သိမထားတဲ့ အရာကို ဝေဖန် ပိုင်းခြားလို့ မရဘူး။ သိမထားတဲ့အရာကို ဝေဖန်
ပိုင်းခြားရင်၊ တတ်ယောင်ကား၊ ရမ်းရွှီး ဖြစ်တတ်တယ်။ ဒါ့ကြောင့် ဘာကိုပဲ ဝေဖန်ချင်ချင် သုံးသပ်ချင်
ချင်၊ သိအောင် ပထမဆုံး လုပ်ရမယ်။ သိတဲ့ အရာကိုမှ ဝေဖန်နိုင်တယ်။ ပိုင်းခြား စိစစ်နိုင်တယ်။ မသိ
ပဲ ဝေဖန်တယ်ဆိုရင် ရမ်းကြိတ်ပဲဖြစ်မယ်။
နားလည်မှု အဆင့်
သိထားတဲ့အရာကို ခြေခြေမြစ်မြစ် နားလည်အောင် လုပ်ထားရမယ်။ အပေါ်ယံအသိ၊ မှတ်သားထားတဲ့
အသိအချို့ဟာ နားလည်မှု မဟုတ်သေးဘူး။ နေ့တိုင်း ဘုရားရှိခိုးရင်၊ ဘုရားဂုဏ်တော် ရွတ်တယ်
မလား။ အရဟံ ဂုဏ်တော်၊ ဘဂဝါ ဂုဏ်တော် စသဖြင့် ရှိတယ်။ ရွတ်သာ ရွတ်တတ်ပြီး အဓိပ္ပာယ်
အနက်ကို နားမလည်ရင်၊ ဘယ်လိုလုပ် အကျိုးများမလဲ။ ဝေဖန်ပိုင်းခြား မယ်ဆိုရင် နားလည်ဖို့ ဒုတိယ
လိုအပ်တယ်။ နားလည်တဲ့ အရာကိုမှ ကောင်းကောင်း စိစစ်နိုင်မယ်။ သုံးသပ်နိုင်မယ်။ အပေါ်ယံ
ဟိုစပ်စပ် ဒီစပ်စပ် အသိဟာ ဝေဖန်ပိုင်းခြားမှုကို ကောင်းကောင်း လုပ်လို့ မရနိုင်ဘူး။ လုပ်တယ်ဆိုရင်
လည်း၊ လွဲနိုင်တယ်။ မှားနိုင်တယ်။
အသုံးချမှု အဆင့်
ရည်ရည်လည်လည် နားလည်မှ၊ ကိုယ့်ရဲ့ လက်တွေ့ဘဝမှာ အသုံးချတဲ့ အခါ ပိုသင့်တော်မှန်ကန်နိုင်
တယ်။ သိထားတဲ့ အရာဟာ၊ သူ့ချည်းနေရင် ဘာတန်ဖိုးမှ ဖြစ်မလာဘူး။ အသိကို အသုံးချရမယ်။
အသုံးပြုရမယ်။ အသုံးချမှ အသုံးကျတယ်။ အသုံးကျမှ တန်ဖိုးရှိတယ်။
တချို့အသိတွေက၊ လက်တွေ့အသုံးချမကြည့်ပဲ ရည်ရည်လည်လည် နားမလည်နိုင်ဘူး။ ဂေါတမက၊
သစ္စာတရားကို တွေ့ပြီး ဖြန့်ချိတဲ့ သာဓကကိုပဲ ကြည့်ကြည့်ပါ။ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း
ကို မဂ္ဂင်ရှစ်ပါး တရားကို ရှာဖွေတယ်။ တွေ့တော့ ကျင့်ကြည့်တယ်။ ကျင့်တော့ သိတယ်။ နားလည်
မင်းသေ့
7
တယ်။ သိတော့ နားလည်တော့ ပေါက်မြောက်သွားတယ်။ ပြီးတော့ မဂ္ဂ လမ်းစဉ်ကို ဟောကြားဖြန့်ချိ
တယ်။ ဂေါတမဟာ သူကိုယ်တိုင် ကျင့်ပြီး၊ သိပြီး၊ ပယ်သင့်တာကို ပယ်ပြီးတော့မှ တရားဦး ဓမ္မ စကြာ
ကို လှည့်တယ်လေ။
ခွဲခြမ်း စိတ်ဖြာမှု အဆင့်
ရှုပ်ထွေးတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို ခွဲခြမ်း စိတ်ဖြာပြီး ကြည့်မြင်နိုင်မှု အားနည်းရင်၊ အမြင်
နုပ်တယ်။ ဂေါတမ ဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကို၊ ပထမသံဃာယနာတင်တော့၊ ခြင်း
တောင်း သုံး တောင်း ခွဲပြီး စီစဉ်လိုက်တယ်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုပြီး ခွဲခြားတယ်။
နောက်တော့ ထပ်ခွဲပြန်တယ်။ သုတ်မှာ သုံးကျမ်း၊ ဝိနည်းမှာ ငါး ကျမ်း၊ အဘိဓမ္မာမှာ ခုနှစ်ကျမ်း ဆိုပြီး
ထပ်ခွဲတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် အမျိုးအစားခွဲတယ်။ တူရာ တူရာ အစုတွေ ခွဲတယ်။ နောက်
ထပ် အပိုင်းလိုက် အပိုင်းလိုက် ထပ်ခွဲပြီး၊ ရှင်းလင်း ပြတယ်ဆိုတဲ့ သဘောကို ပြောတာ။
အတွေးအစဉ်တွေကို အစီအစဉ်ချတာ၊ ဘယ်ဟာ အရှေ့ ဘယ်ဟာ အနောက် သတ်မှတ်တာဟာ
ခွဲခြမ်း စိတ်ဖြာတာဖြစ်ပါတယ်။ တစ်ခုနဲ့ တစ်ခု ညှိတာ၊ ပြန်ဆင်တာ၊ အစီအစဉ်ချတာ တွေက ခွဲခြမ်း
စိတ်ဖြာတဲ့ ကိရိယာတွေ ဖြစ်တယ်။ အတွေးတွေက ရှုပ်ထွေးနေရင်၊ အဖြေမထွက်ဘူး။ အသိတွေက
ရှင်းလင်းနေမှ ဖြစ်မယ်။ အသိတွေ၊ အချက်အလက်တွေကို အစီအစဉ်ကျနအောင်၊ သူ့အပိုင်းလိုက်
အပိုင်းလိုက်၊ ကဏ္ဍအလိုက်၊ အမျိုးအစားအလိုက် ခွဲခြမ်း စိတ်ဖြာတတ်ရတယ်။ ဒါဟာ စဉ်းစားနည်းမှာ
သိပ်အရေးပါတယ်။
ဆက်စပ်ကြည့်မြင်မှု အဆင့်
ဆက်စပ်ကြည့်တတ်ဖို့ ခက်တယ်။ အသိတစ်လုံးရဖို့က ခက်တယ်။ အသိနှစ်လုံးရဖို့ ပိုခက်တယ်။ အသိ
များများရဖို့ ပိုခက်တယ်။ ဒါပေမယ့် အခက်ဆုံးရှိတယ်။ အသိတွေကို ဆက်စပ်ကြည့်တတ်ဖို့ခက်တယ်။
အသိတစ်လုံးနဲ့တစ်လုံး ဘယ်လို ဆက်စပ်နေတယ်။ ဘယ်လို အပြန်အလှန်ကျေးဇူးပြုနေတယ်ဆိုတာ
ကို နက်နက်နဲနဲ နားလည်ဖို့ ခက်တယ်။ အသိတွေက ပြန့်ကျဲနေရင် ဘာမှ သုံးလို့ မရဘူး။ အသိတွေ
က ဟိုတစ်စ၊ ဒီတစ်စ ဖရိုဖရဲဖြစ်နေရင်လည်း လက်တလော ထုတ်သုံးဖို့ ခက်တယ်။ အသိဆိုတာကို
စုစုစည်းစည်း ထားဖို့ အရေးကြီး။ ဟိုနေရာ စပ်စပ် စပ်စပ်၊ ဒီနေရာ စပ်စပ် စပ်စပ်နဲ့ ဘာမှ သုံးလို့ မရ
ဘူး။
ခြေခြေမြစ်မြစ် သိထား၊ နားလည်ထားဖို့လိုတယ်။ ခေတ်သစ်မှာ သတင်းနဲ့ နည်းပညာတွေ တိုးတက်
လာတယ်။ လူမှုကွန်ယက်တွေ များပြားလာတယ်။ ဖွံ့ဖြိုးလာတယ်။ သတင်းတစ်ခုရဖို့ သိပ်မခက်ဘူး။
မင်းသေ့
8
ကမ္ဘာ့အနောက်ဖက်အခြမ်းက အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းအတွင်းမှာ၊ တစ်ကမ္ဘာလုံးက သိနိုင်နေ
ပြီ။ သတင်းတွေ၊ အချက်အလက်တွေ၊ အသိတွေက ရှုပ်ထွေးလာတယ်။ အပြန့်ကျယ်လာတယ်။
သတင်းတွေ၊ အချက်အလက်တွေကို လူတိုင်း အလျှံအပယ် ရနိုင်နေပြီ။ ဒါကို သူလည်းသိ၊ ကိုယ်
လည်း သိတာဖြစ်တဲ့ အတွက် ထူးခြားတဲ့ အသိရှိတယ်လို့ ပြောလို့ ရနိုင်သလား။
ကွန်ဖြူးရှပ်က ပြောဖူးတယ်။ ပန်းရနံ့ကို ရှုရှိုက်နိုင်တာ၊ အနံ့ခံအာရုံကောင်းတာ မဟုတ်။ တောင်တန်း
ကြီးကို မြင်နိုင်စွမ်းရှိတာ၊ အမြင်စူးရှတာ မဟုတ်တဲ့။ ခေတ်မှီတဲ့ နည်းပညာခေတ်မှာ သတင်းတွေ၊
အချက်အလက်တွေကို လူတိုင်းရနိုင်နေပြီ။ ဒါကို ငါ သိလှပြီ။ တတ်လှပြီလို့ မခံယူသင့်တော့။ သူများ
ထက် ထူးပြီး သိထား၊ နားလည်ထားတဲ့ အရာတွေရှိမှ သူများထက် ခေါင်းတစ်လုံးသာတယ်လို့ ဆိုလို့
ရမယ်။
သတင်းတွေ၊ အချက်အလက်တွေ၊ အသိတွေကို ဆက်စပ် ကြည့်မြင်တတ်ခြင်းက၊ သိမှုအဆင့်၊ နား
လည်မှု အဆင့်တွေထက် ပိုပြီး နက်နဲတယ်။ ပိုပြီး သိမ်မွေ့တယ်။ ပိုပြီး နားလည်ရခက်တယ်။ အသိ
တစ်ခုချင်း စီ ဆက်စပ်ဖြစ်တည်နေပုံ၊ အချက်အလက်တွေ တစ်ခုခုကို တစ်ခု အပြန်အလှန် ထောင့်ပံ့
တည်မှီနေပုံ၊ ကျေးဇူးပြုနေပုံတွေကို ဆက်စပ်ပြီး သိတာ တကယ့် ပညာအဆင့်ကို ရောက်လာပြီလို့ ဆို
နိုင်ပါတယ်။
သုံးသပ် ဆင်ခြင်မှု အဆင့်
သုံးသပ်တယ်၊ ဆင်ခြင်တယ်လို့ ပြောတဲ့ နေရာမှာ၊ ဆုံးဖြတ်ချက်ချတယ်။ အတည်ပြုတယ်။ အဆင့်
သတ်မှတ်တယ်။ စမ်းသပ် စစ်ဆေးပြီး ကောက်ချက်ချတယ်၊ တိုင်းတာတယ်။ အနှစ်ချုပ်တယ်။
နှိုင်းယှဉ်သုံးသပ်တယ်။ ထောက်ခံတယ်။ ကန့်ကွက်တယ်။ ကာကွယ်တယ်။ ငြင်းတယ် စတဲ့ စကားလုံး
တွေ နဲ့ တွဲဆက်လာတယ်။ သုံးသပ်ဆင်ခြင်မှုဟာ ဝေဖန်ပိုင်းခြား စိစစ်မှုရဲ့ နောက်ဆုံး အဆင့်ဖြစ်
တယ်။ သူက အဖြေတစ်ခုကို ထုတ်ရတော့မယ်။ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ်။ သူ့မှာ တိကျ
တဲ့ ပြဌာန်းချက်တွေ၊ အကိုးအကားတွေ၊ အထောက်အထားတွေ သက်သေပြချက်တွေ ပါလာရတော့
မယ်။ ရှေးအစဉ်က လုပ်ခဲ့တဲ့ သိမှု၊ နားလည်မှု၊ ဆက်စပ်မှုတွေဟာ နောက်ဆုံး ကောက်ချက်တွေ
အတွက် အထောက်အပံ့တွေဖြစ်ပါတယ်။ သိမှု ချို့ရင် သုံးသပ်ဆင်ခြင်မှုမှာ ချို့မယ်။ နားလည်မှု ချို့
ရင် အဖြေရှာတဲ့ နေရာမှာ ချို့မယ်။ ဆက်စပ်တွေးခေါ် ကြည့်မြင်တတ်မှု ညံ့ရင် နိဂုံးကောက်ချက်မှာ
မှားနိုင်တယ်။
မင်းသေ့
9
စဉ်းစားနည်း
စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော် သိသလောက် တင်ပြရရင်၊
- Critical Thinking
- Lateral Thinking
- Clear Thinking
- Analytical Thinking
- Creative Thinking
- Logical Thinking
စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊
ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။
တွေးတာနဲ့ စဉ်းစားတာ
စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့
ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ်
တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ
မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ်
တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး
တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။
မင်းသေ့
9
စဉ်းစားနည်း
စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော် သိသလောက် တင်ပြရရင်၊
- Critical Thinking
- Lateral Thinking
- Clear Thinking
- Analytical Thinking
- Creative Thinking
- Logical Thinking
စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊
ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။
တွေးတာနဲ့ စဉ်းစားတာ
စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့
ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ်
တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ
မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ်
တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး
တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။
မင်းသေ့
9
စဉ်းစားနည်း
စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော် သိသလောက် တင်ပြရရင်၊
- Critical Thinking
- Lateral Thinking
- Clear Thinking
- Analytical Thinking
- Creative Thinking
- Logical Thinking
စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊
ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။
တွေးတာနဲ့ စဉ်းစားတာ
စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့
ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ်
တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ
မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ်
တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး
တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။
မင်းသေ့
10
ပြဿနာ ရှင်းနည်း / ဆုံဖြတ်ချက် ချနည်း
ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ နေရာမှာ၊ အတွေးထောင့် (၂) ခုနဲ့ ယှဉ်ဆက်ရတယ်။ (၁) ဝေဖန်ပိုင်း
ခြား တွေးတာနဲ့ (၂) ဖန်တီးတီထွင်ပြီး တွေးတာ။ ဒီနှစ်ခုရဲ့ ဆုံတဲ့ အမှတ်မှာ ပြဿနာတွေ၊ ဆုံးဖြတ်
ချက်တွေ ပီပြင်လာတတ်တယ်။ ဝေဖန်ပိုင်းခြားမှုက၊ ပြဿနာရဲ့ အရင်းအမြစ်နဲ့ အကြောင်းကို ခွဲခြမ်း
စိတ်ဖြာပြီး ကြည့်လိမ့်မယ်။ တီထွင်ဖန်တီးတတ်တဲ့ ဥာဏ်က၊ အိုင်ဒီယာ အသစ်တွေကို ပေးလိမ့်မယ်။
ဒါဟာ နည်းလမ်းအသစ်တွေနဲ့ ပြဿနာ ဖြေရှင်းနည်းတွေ ရလာတတ်တယ်။
အတွေးထောင့် နှစ်ခုစလုံးရဲ့ ဆုံချက်က၊ ကိုယ့်ရဲ့ စဉ်းစားနည်းမှာ ရှိတယ်။ အတွေးပုံစံတွေကို
ပြဿနာချည်းကပ်တဲ့နေရာတွေမှာ ပိုပြီး အံဝင်ခွင်ကျအောင် တွေးလာနိုင်လေလေ၊ ပြဿနာဖြေရှင်း
နည်းတွေက ပီပြင်ထိရောက်လာလေလေလို့ ပြောလို့ရတယ်။
ပိုင်းခြား ဝေဖန်ဖို့ အတွက် လိုအပ်ချက်
အတ္တကို ကျော်ပြီး ကြည့်နိုင်စေ
ထိထိရောက်ရောက် သရုပ်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ သုံးသပ်ဖို့၊ အနှစ်ချုပ်တတ်ဖို့ ဆိုတဲ့ စွမ်းရည်တွေ
က ဝေဖန် ပိုင်းခြား စိစစ်နိုင်စွမ်းကို အထောက်အကူပြုတယ်။ ကိုယ့်ကိုယ်တွင်းမှာ၊ အစွဲတွေရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ဆိုရင် ဖော့တွေးတယ်။ သူများတွေဆိုရင် ဖိတွေးတယ်။ ချစ်တဲ့သူကို ဖော့တွေး၊
မုန်းတဲ့သူကို ဖိတွေးတာဟာ လူ့အတ္တပါပဲ။ ဝေဖန်ပိုင်းခြား တတ်ဖို့အတွက် မိမိအတ္တကို ကျော်လွန်ပြီး
ကြည့်နိုင်ရမယ်။ ကြည့်တတ်ရမယ်။ လူတွေ စကားပြောကြရင်၊ သူများ မကောင်းကြောင်း၊ ကိုယ်
ကောင်းကြောင်း ပြောတတ်ကြတယ်။ ဒါတွေဟာ အတ္တအပေါ်မှာ အရင်းခံတဲ့ အပြုအမူတွေဖြစ်တယ်။
အချက်အလက်ကို စုံအောင်စု၊ ပေးထားချက်ကို စုံအောင် စု
စဉ်းစား ဝေဖန်တဲ့ နေရာမှာ၊ အကြောင်းအကျိုး အခိုင်အလုံ ရှိရမယ်။ ဂျွန်မေးနတ်ကိန်း ပြောဖူးတဲ့
စကားတစ်ခုရှိတယ်။ အချက်အလက်တွေ မစုံသေးရင်၊ ဆုံးဖြတ်ချက်ချဖို့ နောက်ဆုတ်ထားပါတယ် ဆို
တဲ့ စကားဖြစ်ပါတယ်။ အဖြေထုတ်တဲ့ နေရာမှာ၊ ပေးထားချက်တွေ မစုံလင်ရင်၊ ကိုယ်ထုတ်တဲ့ အဖြေ
တွေက မသိကိန်းတွေနဲ့ ထွက်လာမှာဖြစ်ပါတယ်။ မသိကိန်းတွေ (x factor) တွေပါနေတဲ့ အဖြေဟာ
ဘယ်လိုလုပ် အသုံးတည့်ပါတော့မလဲ။ ကိန်းဂဏန်းတိတိကျကျ မထွက်တဲ့ အဖြေဟာ ပြဿနာကို
ဖြေရှင်းတဲ့ နေရာမှာ၊ အသုံးဝင်ပါ့မလား။ ထိရောက်ပါ့မလား။ ဒါကို စဉ်းစားသင့်ပါတယ်။ အချက်အ
မင်းသေ့
11
လက်တွေ စုံပြီးတော့၊ ဖော်မြူလာ ကောင်းကောင်း မဆုပ်ကိုင်ထားရင်လည်း၊ အဖြေတွေ ထွက်လာမှာ
မဟုတ်ပါဘူး။ ကောက်ချက်တွေဟာ ပြဿနာဖြေရှင်းတဲ့ နေရာမှာ ထိရောက်ဖို့
နံပါတ် (၁) အချက်အလက် စုံရမယ်။ ပေးထားချက်ကို စုံစုံလင်လင် ဖြည့်ထားနိုင်ရမယ်။
နံပါတ် (၂) ဖော်မြူလာကောင်းရှိရမယ်။ သဘောတရားတွေ ရှိထားရမယ်။
သဘောတရားတွေနဲ့ အချက်အလက်တွေ စုပေါင်းပြီး၊ အဖြေကို တွက်ထုတ်တတ်ရမယ်။ ဒါဟာ
ပြဿနာတစ်ခုအတွက် အဖြေထုတ်နည်းပါပဲ။
- How to learn?
- How to think?
- How to do?
ဘယ်လို လေ့လာရမလဲ သိတဲ့ သူက၊ ဘယ်လို တွေးရမလဲ ဆိုတာကို သိတယ်။ ဘယ်လို တွေးရမယ်
ဆိုတဲ့ စဉ်းစားနည်း သိတဲ့ သူက ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိ
တယ်။
ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ၊ အချက်အလက်တွေကို ခေါင်းထဲ စုပြုံမှတ်သားထားတာကို ရှောင်
ကြဉ်ရမယ်။ ဒါဟာ ဦးနှောက်ကို လေးပင်စေလို့ ဖြစ်ပါတယ်။ မှတ်ဥာဏ်ကို အားကိုးလွန်းတဲ့ သူတွေ
ဟာ၊ ပတ်ဝန်းကျင်မှာ သိပ်တော်လိုက်တာလို့ ချီးကျူးခံရပေမယ့်၊ တကယ့် ပြဿနာတွေကို ဆုံးဖြတ်
ဖြေရှင်းတဲ့ နေရာမှာ အစွမ်းအစ အားနည်းပါတယ်။ မှတ်ဥာဏ်ကို လိုအပ်တာထက် ပိုပြီး အားမကိုးပါနဲ့
မှတ်ဥာဏ်ကို လိုအပ်တာထက် ပိုပြီး မမှီခိုပါနဲ့။ မှတ်ထားတာတွေ များလွန်းရင်၊ စဉ်းစားတဲ့ နေရာမှာ
ခေါင်းက ဂျမ့် ဖြစ်သွားတတ်ပါတယ်။ လိုအပ်တာတွေအတွက် ရည်ညွှန်းမှတ်ဥာဏ်တွေပဲ ထားပါ။
စံနှုန်း
ဝေဖန်ပိုင်းခြားမှု လုပ်နိုင်ဖို့ စံနှုန်းတွေရှိတယ်။ ဒီစံနှုန်းတွေ ရှိတယ်ဆိုရင် ဝေဖန်ပိုင်းခြား စိစစ်မှုကို
ကောင်းကောင်း လုပ်နိုင်တယ်လို့ ဆိုနိုင်မယ်။
- ရှင်းလင်းမှု၊ တိကျမှု၊ ဘက်မလိုက်/ အစွဲကင်းမှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ နက်နက်နဲနဲတွေးမှု၊
ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တတ်မှု၊ အကြောင်းအကျိုး ညီညီညွှတ်ညွှတ် စဉ်းစားတတ်မှုနဲ့ မျှမျှ
တတ ကြည့်မြင်တတ်မှုတွေက ဝေဖန်ပိုင်းခြား စိစစ်တတ်မှုကို ကျေးဇူးပြုထောက်ပံ့ပါလိမ့်မယ်။
မင်းသေ့
12
အခုအခံများ
ဝေဖန်ပိုင်းခြားတာကို ဟန့်တားတဲ့ အချက်တွေရှိတယ်။ ပြင်ပ ကနေ တားဆီးတဲ့ အရာတွေနဲ့၊ ကိုယ်
တွင်းကနေ ဟန့်တား ခုခံနေတဲ့ အရာတွေဆိုပြီး အကြမ်းဖျင်း (၂) မျိုးခွဲပြီးကြည့်နိုင်တယ်။ အဓိက ခုခံ
နေတဲ့ အတားအဆီး (၅) ချက် ရှိတယ်။ ဒါကို စက်ဝန်းနဲ့ ဖော်ပြတယ်။ စက်ဝန်းတွေကို ဖောက်ထွက်
ပြီး တွေးခေါ်နိုင်မှ၊ ဝေဖန်ပိုင်းခြား စိစစ်ခြင်း အစစ်ကို ရမယ်လို့ ယူဆရတယ်။
(၁) အတ္တစက်ဝန်း
(၂) အသိုင်းအဝိုင်း စက်ဝန်း
(၃) ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက် စက်ဝန်း
(၄) ဆန္ဒစွဲ စက်ဝန်း
(၅) သမာရိုးကျ စက်ဝန်း
(၁) အတ္တ စက်ဝန်း
အတ္တစက်ဝန်းမှာ၊ အဓိက ပါနေတဲ့ အရာက ကိုယ်ကျိုးစီးပွား အခြေခံ စဉ်းစားနည်းနဲ့၊ အစွဲ ဂတိတွေနဲ့
စဉ်းစားခြင်း တွေ ဖြစ်တယ်။ ဂတိမှာ (၄) မျိုးခွဲထားတယ်။ ချစ်ရင်၊ မုန်းရင်၊ ကြောက်ရင်၊ မသိရင် ဘက်
လိုက်တတ်တယ်။ ဒါဟာ အတ္တ စက်ဝန်းမှာ၊ အဓိကကျတယ်။ အတ္တ စက်ဝန်းကနေ ဖောက်ထွက်ပြီး
စိစစ် တွေးခေါ်မှု မလုပ်နိုင်ရင်၊ အစစ်အမှန်ကို မြင်အောင်မကြည့်နိုင်တော့ဘူး။
(၂) အသိုင်းအဝိုင်း စက်ဝန်း
အများမိုးခါးရေသောက်တာကို၊ လိုက်မသောက်တဲ့သူဟာ အင်မတန် နည်းတယ်။ ရှားတယ်။ ပညာ
တတ်ပါတယ်လို့ ပြောတဲ့ လူတွေတော်တော်များများတောင်၊ အသိုင်းအဝိုင်းရဲ့ ဆွဲငင်မှုဒဏ်ကို လွတ်
အောင် မရုန်းနိုင်ဘူး။ အုပ်စုတွေးကနေ ကျော်အောင် ကြည့်နိုင်ဖို့ဆိုတာ လေ့လာမှု၊ လေ့ကျင့်မှုနဲ့
သတိတရားကို မပြတ်ပေးနိုင်မှသာ၊ ဖြစ်နိုင်လိမ့်မယ်။ လူအုပ်စုကြီး၊ ကြီးရင် ကြီးမားသလောက် အုပ်စု
တွေးဟာ ပိုပြီး ဩဇာ လွှမ်းမိုးနိုင်လေလေဖြစ်တယ်။ အမှားကို ကြာကြာ ပြောရင်၊ အမှန်ဖြစ်လာတတ်
သလို၊ အမှားကို လူတော်တော်များများက ယုံကြည်စွဲမှတ်နေရင်လည်း၊ အမှားဟာ အမှန်လို့ မြင်လာ
တတ်တယ်။ ဒါဟာ ဝေဖန်ပိုင်းခြား စိစစ်တဲ့ ဥာဏ်ကို အဓိက သတ်နေတဲ့ စက်ဝန်းဖြစ်ပါတယ်။
အသိုင်းအဝိုင်းရဲ့ စက်ဝန်းက၊ ဩဇာသိပ်ကြီးတယ်။ ဖောက်ထွက်ရခက်တယ်။ အမြစ်တွယ်မှုလည်း
သိပ်အားကောင်းတယ်။ ပညာတတ်ပါတယ် ဆိုရုံလောက်နဲ့၊ ဖောက်ထွက်လို့ မရနိုင်ဘူး။
မင်းသေ့
13
(၃) ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက် စက်ဝန်း
ကိုယ့်စိတ်ထဲမှာ၊ ကိုယ်ကိုယ်တိုင် ဘာမှန်းမသိပဲ၊ ထင်မြင်ယူထားတဲ့ အထင်တွေ၊ အမြင်တွေ၊ ယူဆ
ချက်တွေ ရှိနေတယ်။ တခါတရံ ကိုယ့် ဆန္ဒအစွဲတွေကပဲ ကြောင်းကျိုး ညီညွှတ်ခြင်း၊ မညီညွှတ်ခြင်း
တွေကို၊ ကြည့်မနေဘဲ ယူဆလိုက်တဲ့ ထင်မြင်ချက်တွေ ရှိတယ်။ ဒါက ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ စိတ်
အစဉ်ကို မပြတ် သတိနဲ့ ချည်းကပ်ပြီး ကြည့်နေ၊ သိနေမှ ဖြစ်မယ်။ သတိမှ မကပ်ရင်၊ ကြောင်းကျိုး
မညီတဲ့ ထင်မြင်ချက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်အတွေးတွေ ရုန်းမထွက်နိုင်ဘူးဖြစ်နေမယ်။
ဘယ်လောက်သတိရှိရှိ၊ အသိချို့ရင်လည်း၊ ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက်တွေ ဖြစ်လာနိုင်တယ်။
သတိနဲ့ အသိကို ယှဉ်ပြီး ကြည့်နိုင်မှ၊ ထင်မြင်ချက် စက်ဝန်းကနေ ဖောက်ထွက်နိုင်မှာ ဖြစ်တယ်။
(၄) ဆန္ဒစွဲ စက်ဝန်း
ယုံကြည်စွဲမှတ်ထားတဲ့ ဝါဒ၊ ကိုးကွယ်ရာ ဘာသာတရား၊ စတဲ့ အယူအစွဲတွေက ကိုယ့်ရဲ့ အတွေးပုံစံ
ကို လွှမ်းမိုးတယ်။ အယူစွဲ၊ ဝါဒစွဲ၊ ကိုးကွယ် ယုံကြည်မှု အစွဲတွေက ချေချွတ်ရခက်တယ်။ ကိုယ့်ကိုယ်
ကို ကိုယ် တော်လှန်ရေး လုပ်နိုင်မှ၊ ကိုယ့် အတ္တ၊ ဆန္ဒစွဲတွေကနေ ဖောက်ထွက်နိုင်လိမ့်မယ်။ အယူဝါဒ
အစွဲတွေက၊ နိုင်ငံရေး ဝါဒဖြန့်မှုတွေကနေတစ်ဆင့် ကိုယ့်စိတ်ထဲမှာ စီးဆင်းလာတယ်။ ကိုးကွယ်ရာ
အယူဝါဒတွေက၊ မွေးဖွားလာစဉ်ကတည်းက အမေ့ရင်ခွင်ထဲမှာသွတ်သွင်းခံထားရတယ်။ လူမှုအသိုင်း
ကိုယ်တိုင်က၊ လူမှုဓလေ့၊ လူမှုအကျင့်စရိုက်တွေကို ငယ်ရွယ်စဉ်ကတည်းက မသိမသာ သွတ်သွင်းခံ
ထားရတာတွေက၊ အသက်ကြီးတဲ့ အထိ မသိမသာ အစွဲကြီးအဖြစ် ကပ်ပါလာတယ်။
လူတွေဟာ၊ နိုင်ငံရေးပြဌာန်းချက်တွေ၊ ဘာသာရေး ပြဌာန်းချက်တွေ၊ လူမှုပြဌာန်းချက်တွေရဲ့ သွတ်
သွင်း သိမ်းသွင်းမှုကို မသိမသာရော၊ သိသိသာသာရော အမြဲခံနေရတယ်။ ဒါကိုလည်း သူတို့ကိုယ်
တိုင် သတိမထားမိဘူး။ တခါတရံလည်း ဒီသွတ်သွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူနေတဲ့ သူတွေ
တောင် ရှိသေးရဲ့။ ကိုယ့်ဥာဏ်နဲ့ ကိုယ် စဉ်းစားတတ်မှုကို ခုခံတားဆီးတဲ့ စတုတ္ထမြောက် အားကြီးတဲ့
ဆန္ဒစွဲ စက်ဝန်းဖြစ်ပါတယ်။
(၅) သမာရိုးကျ စက်ဝန်း
အစဉ်အလာ၊ သမာရိုးကျ ဘောင်ထဲမနေရုန်းထွက်ဖို့ မကြိုးစားသူတိုင်း၊ သမာရိုးကျ စက်ဝန်းအတွင်း
မှာ သေတဲ့ အထိ နေထိုင်သွားရတယ်။ ရှေးထုံးက လုပ်ခဲ့လို့ အခုလည်း၊ ရှေးထုံးကို မပယ်ဘဲ လုပ်ရ
မယ်ဆိုတဲ့ အကျင့်က၊ သမာရိုးကျ စက်ဝန်းမှာ ပေါက်ဖွားတဲ့ အကျင့်ဖြစ်တယ်။ သမာရိုးကျ စက်ဝန်းက
ရှေးကဆိုတဲ့ အကြောင်းပြချက်နဲ့ ချုပ်ကိုင်ထားတယ်။ ကိုယ်လေးစားယုံကြည်ရတဲ့ သူတွေက လုပ်လို့
မင်းသေ့
14
ဆိုပြီး ကိုယ်ကိုယ်တိုင်လည်း သူတို့လို လိုက်လုပ်အောင်၊ စီရင်ထားတယ်။ ကြောင်းကျိုး မညီညွှတ်စေ
ကာမူ၊ သူများတွေလည်း ဒီလိုပဲ လုပ်ကြတာပဲ ဆိုတဲ့ အကြောင်းပြချက်နဲ့၊ လိုက်လုပ်တာလည်း
ရှိတယ်။ သမာရိုးကျဘောင်ထဲမှာ နေထိုင်ရတာ အန္တရာယ်ကင်းတယ်၊ လုံခြုံတယ်လို့ လူ့မသိစိတ်က
ယူဆထားတယ်။ မသိစိတ်ကိုယ်တိုင်က၊ လုံခြုံမှုကင်းမှာကို မလိုလားဘူး။ စိန်ခေါ်မှုကို ကြောက်တယ်။
စွန့်စားမှုကို ကြောက်တယ်။ ဒါ့ကြောင့် ဖောက်မထွက်ရဲဘူး။ စိန်မခေါ်ရဲဘူး။ သမာရိုးကျ အတွေး
ဘောင်ထဲကနေ ဖောက်ထွက်လိုက်တဲ့ အခါ သက်သောင့်သက်သာ မရှိတဲ့ ဇုံထဲ ရောက်သွားသလို ခံ
စားရတယ်။ မလုံခြုံတော့သလိုခံစားရတယ်။ ဒါ့ကြောင့်လည်း၊ ကိုယ်နေနေကျ နေရာထဲမှာပဲ ကျောက်
ချပြီး နေတယ်။ ဒါဟာ သမာရိုးကျ စက်ဝန်းရဲ့ အတုပ်အနှောင်ပဲ ဖြစ်ပါတယ်။
သမာရိုးကျ စက်ဝန်းရဲ့ အတုပ်အနှောင်ကနေ ရုန်းမထွက်နိုင်သရွေ့ ဝေဖန်မှုလည်း မလုပ်နိုင်ဘူး။ ပိုင်း
ခြား စိစစ်တဲ့ အလုပ်ကိုလည်း မလုပ်နိုင်တော့ဘူး။ သမာရိုးကျ စက်ဝန်းဟာ၊ နေ့စဉ်နေတိုင်း၊ အချိန်
တိုင်း၊ နေရာတိုင်း၊ လူ့အသိုင်းအဝိုင်းထဲမှာ နေတဲ့လူတိုင်းကို အမြဲတမ်း ခုခံ တားဆီးနေတဲ့ အတွေး
ကန့်သတ်မှု အစဉ် ဖြစ်တယ်။ ဒါကို သတိမထားမိတဲ့ သူတိုင်းကတော့၊ လူအုပ်ကြီးနောက် လိုက်ရလိမ့်
မယ်။ လူအုပ်ကြီးနောက်ကို ယောင်ခြာခြာ လိုက်နေတဲ့ သူတိုင်းက သမာရိုးကျ စက်ဝန်းထဲမှာ အကျဉ်း
ကျနေတဲ့ သူတွေပဲ ဖြစ်တယ်။
အထွေထွေ အတားအဆီးများ
- အချက်အလက် စုံစုံလင်လင်မရရင်၊
- စာဖတ်အားနည်းရင်၊ လေ့လာစူးစမ်းမှု အားနည်းရင်၊
- နားထောင်နိုင်စွမ်းနိမ့်ရင်
- ဘက်လိုက်ရင်
- အစွဲအလမ်းကြီးရင်
- အတ္တစွဲ ပြင်းထန်ရင်
- အုပ်စုတွေးကနေ ဖောက် မထွက်နိုင်ရင်
- (ဂါရဝ) “ ဂါ ” တာ သာယာ မှိန်းမောနေရင်၊
- အကြောင်းမဲ့ တုပနေရင်
- အကြောင်းမဲ့ ကွဲထွက်နေရင်၊
- ဒေသစွဲစိတ် အားကြီးနေရင်
- သဘောထား သေးသိမ်ရင်၊
မင်းသေ့
15
- အမြဲ ပိတ်ထားတဲ့ စိတ်အမူအကျင့်ရှိနေရင်၊
- မယုံကြည်ရတဲ့ အကြောင်းတွေရှိနေရင်
- ကြောင်းကျိုးမညီတဲ့ ထင်မြင်၊ ယူဆချက်တွေ ရှိနေရင်၊
- သမာရိုးကျ ဘောင်ထဲက မထွက်နိုင်ရင်၊
- လက်တွေ့ကိုချည်း ချည်းကပ်လွန်းနေရင်၊
- အစွဲစိတ် အားကြီးရင်၊
- ရေတိုကိုပဲ ကြည့်ပြီး တွေးရင်၊
- မြင်ချင်တာကိုပဲ ရွေးပြီး ကြည့်တတ်တဲ့ အကျင့်ရှိနေရင်၊
- မှတ်ချင်တာကိုပဲ ရွေးမှတ်တတ်တဲ့ အကျင့်ရှိရင်၊
- စိတ်ခံစားမှု ပြင်းထန်လွန်းရင်၊
- ကိုယ့်ကိုယ်ကို လိမ်ရင်၊ ညာရင်၊ လှည့်စားရင်၊
- ပြောင်းရမှာကို ကြောက်နေရင်၊
စတဲ့ အရာတွေက၊ ဝေဖန်ပိုင်းခြား စိစစ်မှုကို ဟန့်တားတဲ့ စရိုက် အကျင့်တွေ ဖြစ်တယ်။ ကိုယ့်မှာ ဒီ
အကျင့်တွေ ရှိသလားဆိုတာကို၊ သတိနဲ့ မေးကြည့်စေချင်တယ်။
ဝိဘဇ္ဇဝါဒီရဲ့ သွင်ပြင် လက္ခဏာ
 ဖွင့်ထားတဲ့ စိတ်
 ရိုးသားမှု ဓာတ်ခံ
 သတ္တိ နဲ့ စိတ်ဇောထက်သန်မှု
 သတိအမြဲ ကပ်နေတဲ့ အကျင့်
 ဝေဖန် ဆန်းစစ်မှုကို ကြိုဆိုကမ်းလင့်တဲ့ စိတ်ထား
 လွတ်လပ်သူ၊ အမှီအခို ကင်းသူ
အခြားသူတွေရဲ့ အမြင်၊ ယူဆချက်၊ ထင်မြင်ချက်တွေကို အမြဲတမ်း ဖွင့်ထားတဲ့ စိတ်နဲ့ ချည်းကပ်လေ့
ရှိသူရဲ့ လက္ခဏာဟာ ဝိဘဇ္ဇဝါဒီ တစ်ယောက်ရဲ့ သွင်ပြင် ဖြစ်တယ်။ ငါလည်း မှားတတ်တယ်၊ ငါလည်း
မှားနိုင်ချေရှိတယ်လို့ အမြဲ နှလုံးသွင်း ရှုမြင်တတ်တဲ့သူရဲ့ ရိုးသားတဲ့ အတွင်းဓာတ်ခံဟာ ဝိဘဇ္ဇဝါဒီ ရဲ့
သွင်ပြင်ဖြစ်တယ်။ ပြဿနာတွေ၊ ရှုပ်ထွေးမှုတွေ၊ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်တတ်တဲ့ သူရဲ့
စိတ်က ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင်ဖြစ်တယ်။ သူ့မှာ အခက်အခဲတွေကို ကျော်လွှားဖို့ ထက်သန်တဲ့ စိတ်
ဇော အမြဲ ကိန်းအောင်းနေတတ်တယ်။ ကိုယ့်ကိုယ်တွင်းက ဆန္ဒစွဲ၊ အတ္တစွဲတွေကို သတိတရားနဲ့ အမြဲ
မင်းသေ့
16
ကြည့်ရှု ထိန်းသိမ်းတတ်သူဟာ ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင်ဖြစ်တယ်။ အခြားသူတွေက၊ ဝေဖန် ဆန်းစစ်နေ
တာကို အမြဲ လက်ကမ်းကြိုဆိုနေသူဟာ ဝိဘဇ္ဇဝါဒီ ရဲ့ လက္ခဏာဖြစ်တယ်။ သဘောထား၊ အမြင် မတူ
တာတွေကို ကြောက်ရွံ့ ငြင်းဆန်မနေဘဲ၊ လွတ်လပ်တဲ့ သဘောထား၊ အမြင်တွေကို နားလည်လက်ခံ
တတ်တဲ့ စိတ်၊ ဩဇာလွှမ်းမိုးမှု၊ ဝါဒသွတ်သွင်းခံရမှုတွေကနေ အမြဲ လွတ်မြောက်အောင် ကြိုးစားနေ
တဲ့ လွတ်လပ်သူတစ်ယောက်ဟာ ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင် ဖြစ်တယ်။
အကျိုး ရလဒ်
ဝေဖန် ပိုင်းခြား စိစစ်ရင် ဘာရမှာလဲ၊ ဘာဖြစ်မှာလဲ ဆိုတဲ့ မေးခွန်းရှိရင်၊ ဖြေကြည့်ရအောင်။
နံပါတ် (၁) ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ သူများခေါင်းနဲ့ အသက်ရှင်စရာမလိုတော့ဘူး။ ကိုယ့်အားကိုယ်ကိုး၊
ကိုယ့်ဥာဏ်နဲ့ ကိုယ် ရပ်တည် ရှင်သန်နိုင်တဲ့ သူတစ်ယောက်ဖြစ်လာမယ်။ လွတ်လပ်တဲ့သူတစ်
ယောက်ဖြစ်လာမယ်။ တစ်ခုခုကို မှီခို ကပ်ရပ်ရှင်သန်နေတဲ့ ကပ်ပါးကောင်အဖြစ်ကနေ လွတ်မြောက်
လာမယ်။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှင်တဲ့ သူ မဖြစ်တော့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်
တည်နိုင်တဲ့သူဖြစ်လာမယ်။ သူ.များတကာထက် ခေါင်းတစ်လုံးသာတဲ့ သူဖြစ်လာမယ်။ ကိုယ့်အယူ
အဆ၊ ကိုယ့်ဘဝခံယူချက်၊ ကိုယ့် ယုံကြည်ချက်တွေ ခိုင်မာ အသက်ဝင်လာမယ်။
နံပါတ် (၂) လုပ်ငန်းခွင်မှာ၊ ထိရောက်တဲ့ စွမ်းရည်တွေ ရလာမယ်။ အမြဲ သူများခိုင်းတာကိုလုပ်နေရ
မယ့်သူ မဟုတ်တော့ဘူး။ ဦးဆောင်တဲ့သူအဖြစ်၊ အများက လက်ခံလာမယ်။ ခေါင်းဆောင်အဖြစ်၊ နေ
ရာပေးလာကြလိမ့်မယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေ ပိုထိရောက်လာလိမ့်မယ်။ ကိုယ့်ဟာ ဝေးဝေးကို
မြင်နိုင်တဲ့သူ၊ အမြော်အမြင်ရှိတဲ့သူအဖြစ်၊ ဖြစ်လာပြီး အခွင့်အလမ်းတွေက၊ ကိုယ့်ဆီကို ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်လာလိမ့်မယ်။
နံပါတ် (၃) တကယ် ပညာတတ်တဲ့သူဖြစ်လာမယ်။ သာမန် ဘွဲ့ရပညာတတ်တဲ့ မည်ကာမတ္တ ပညာ
တတ်အဆင့်ကနေ တစ်ဆင့်မြင့်လာတဲ့သူဖြစ်မယ်။ ယထာဘူတကျကျ၊ သုံးသပ်ဆင်ခြင်နိုင်တဲ့ အသိ
ဥာဏ်မျိုးရလာလိမ့်မယ်။ လူ့ဘဝကိုရလာတာ ကိုယ့်ပိုင်အသိကို အတတ်နိုင်ဆုံး အမြင့်ဆုံးရောက်
အောင် ရှာဖွေဖို့ မဟုတ်လား။ ဘဝမှာရော၊ အသိဥာဏ်မှာရော၊ သူများနောက်လိုက် မဖြစ်တော့ဘူး။
လူအုပ်ကြီးနောက် ယောင်ဝါးလိုက်နေရတဲ့ လူအဖြစ်ကနေ ကင်းလွတ်လာလိမ့်မယ်။
ဒါတွေက၊ ဝေဖန် ပိုင်းခြား စိစစ်ခြင်းရဲ့ ရလဒ်တွေ ဖြစ်ကောင်းဖြစ်မှာပေါ့။
စာပြီးချိန် - ည ၁၀း ၀၆ (၂၀၊ အောက်တိုဘာ၊ ၂၀၁၆ / ဝန်းသိုမြို့်)

Critical thinking (burmese)

  • 1.
    မင်းသေ့ 1 ဝေဖန် ဥာဉ်၊ ပိုင်းခြားဥာဉ်၊ စိစစ် ဥာဉ် ဝေဖန် ပိုင်းခြား စိစစ် စဉ်းစားနည်း ဝေဖန် ပိုင်းခြား စိစစ်တာကို အနောက်တိုင်း ပညာရေးမှာ ဦးစားပေးပြီး သင်တယ်။ အရာရာကို သံသယနဲ့ ကြည့်တတ်မှ၊ ပညာဆိုတာ ဖြစ်တယ်။ ဘာကိုပဲဖြစ်ဖြစ် မျက်စိပိတ်၊ နားပိတ်နဲ့ ပစ်ပြီး ယုံ လိုက်ရင်၊ ပညာမဖြစ်ဘူး။ ပညာရဲ့အစက သံသယဖြစ်ပါတယ်။ သံသယဆိုတာ ထင်ယောင်ထင်မှား၊ ဖြစ်တယ်၊ ဒွိဟဖြစ်တယ်၊ ဝေဝါးတယ်လို့ ဒီနေရာမှာ မသုံးချင်ပါဘူး။ ဘာကိုမှ ပစ်မယုံဘဲနဲ့ ဝေဖန် ပိုင်း ခြား စိစစ်ပြီး စဉ်းစားတတ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ လူဆိုတာက သံသယမရှိရင်၊ မစိစစ်တော့ဘူး။ မရွေးချယ်တော့ဘူး။ မဝေဖန်တော့ဘူး။ သံသယရှိမှ ဝေဖန်မယ်။ စိစစ်မယ်။ ပိုင်းခြား သုံးသပ်ပြီး စဉ်း စားမယ်။ ယုံကြည်သင့်သလား၊ မသင့်သလားဆိုတာကို စဉ်းစားမယ်။ ဒါ့ကြောင့် သံသယဆိုတာကို ပညာရဲ့ အစလို့ ဆိုတာ ဖြစ်တယ်။ ဝိဘဇ္ဇဝါဒ ကျွန်တော်ကတော့၊ critical thinking ဆိုတာကို ဝိဘဇ္ဇ နည်းလို့ ပြောချင်တယ်။ ဘာကိုမှ တရားသေ ကိုင်ထားတာ မရှိဘူး။ ကိုယ့်ဥာဏ်နဲ့ကိုယ် စိစစ်သုံးသပ်ပြီး ယူတယ်။ ဆင်ခြင်တယ်။ ဒါဟာ ဗုဒ္ဓ ဂေါတမက ဟိုး နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက စသုံးခဲ့တာပါ။ အနောက်တိုင်းပညာရေးမှာ၊ သိပ် အရေးပါတဲ့ ပိုင်းခြား စိစစ် စဉ်းစားနည်းဟာ အရှေ့တိုင်း နည်းနာရဲ့ ရေခံမြေခံကနေလာပါတယ်။ ဂေါတမ ဟာ ကာလမသုတ်မှာ ဝိဘဇ္ဇဝါဒကို အတိအလင်း ပြထားတယ်။ ငါပြောလို့လည်း မယုံနဲ့။ ကျမ်းဂန်အဆိုအရမို့လည်း မယုံနဲ့။ ရှေးထုံးဆိုလိုလည်း မယုံနဲ့။ စသည်ဖြင့် စသည်ဖြင့် အများကြီး ဟောထားတယ်။ ဝိဘဇ္ဇဝါဒဟာ ဧကဝါဒ မဟုတ်။ ဧကဝါဒဆိုတာ တရားသေဝါဒ။ အယူအဆ တစ်ခု၊ ရှုထောင့်တစ်ခု၊ အမြင်တစ်ခုတည်းကိုသာ တစ်သက်လုံး၊ အမြဲတမ်း ဆုပ်ကိုင်ပြီး၊ ငြင်းဆန်တဲ့ ဝါဒဖြစ်တယ်။ အယူ ဖြစ် တယ်။ ဝိဘဇ္ဇဝါဒက ဝေဖန်ပိုင်းခြားသုံးသပ်တဲ့ ဝါဒဖြစ်တယ်။ ဝေဖန်ပိုင်းခြား သုံးသပ်တာကလည်း ဧကဝါဒမှာမရှိ။ ဧကဝါဒက ခေါင်းကို မသုံး။ ဧကဝါဒက အင်မတန်သက်သာတဲ့ ဝါဒဖြစ်ပါတယ်။ ကိုယ့် ဥာဏ်ကို ကိုယ် သုံးစရာမလိုဘူး။ သူများပြောထားတာကို ယုံပြီး ဆုပ်ကိုင်လိုက်ရုံပဲ။ မပင်ပန်းဘူး။ ဥာဏ်လည်း သိပ်မသုံးရတော့၊ ဥာဏ်များများဖြစ်ဖို့ မကြိုးစားရတော့ဘူး။ သိပ်သက်သာတယ်။
  • 2.
    မင်းသေ့ 2 ဝိဘဇ္ဇဝါဒကတော့ အဲသလို မဟုတ်ဘူး။စဉ်းစားရတယ်။ ကြံစည်ရတယ်။ ဝေဖန်ပိုင်းခြားရတယ်။ စိစစ် ရတယ်။ မှားလား၊ မှန်လား၊ သင့်လား၊ မသင့်လားဆိုတာကို သူများက မပြဌာန်းရဘူး။ ကိုယ့်ဘာသာ ကိုယ်ပြဌာန်းရတယ်။ ဒါ့ကြောင့် အားထုတ်ရတယ်။ ရေသာမခိုရဘူး။ နို့သက်ခံမစို့ရဘူး။ ကိုယ်ကိုယ် တိုင် ကြိုးစားအားထုတ်ရတော့ ပင်ပန်းတယ်။ လူတော်တော်များများက ပင်ပန်းတဲ့ အလုပ်ကို မလုပ် ချင်ကြဘူး။ ရေသာခိုချင်တယ်။ အချောင်လိုက်ချင်တယ်။ စကား တစ်ခုရှိတယ်လေ။ တွေးမလား၊ သေ မလား ဆိုရင်၊ လူတော်တော်များများက သေပဲ သေလိုက်ကြတော့တယ်တဲ့။ ဘယ်သူမှ မတွေးရဲကြ ဘူး။ ကမ္ဘာမှာ တွေးရတာကို အင်မတန် ကြောက်တဲ့သူတွေ အများကြီးရှိတယ်။ သတ္တိရှိမှ ဝေဖန်ရဲတယ် ဝေဖန်ပိုင်းခြား စိစစ်တတ်ဖို့အတွက်၊ သတ္တိလည်း လိုတယ်။ သတ္တိရှိမှ လူက စဉ်းစားနိုင်တယ်။ စဉ်း စားတတ်တယ်။ စဉ်းစားရဲတယ်။ သတ္တိမရှိတဲ့သူက၊ မစဉ်းစားရဲဘူး။ မတွေးရဲဘူး။ သူ့မှာ ကိုယ်ပိုင် အယူအဆမရှိဘူး။ ကိုယ်ပိုင် နည်းနာမရှိဘူး။ ကိုယ်ပိုင် အမြင်မရှိဘူး။ ဝေဖန်ပိုင်းခြားတယ်ဆိုတာ တခါတရံ သူများအမြင်၊ အယူအဆ၊ အတွေးတွေကို တိုက်ခိုက်ရတာဖြစ် တယ်။ မတိုက်ခိုက်ရရင်တောင်၊ သူများအမြင်၊ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ကြရတယ်။ ကိုယ့် ကိုယ်တိုင်ကမှ သတ္တိမရှိရင်၊ ဘယ်လိုလုပ် ဝေဖန်ပိုင်းခြားတော့မှာလဲ။ သူများနဲ့ ထိပ်တိုက်တွေ့ရမှာ ကြောက်နေတဲ့ စိတ်၊ သူများအယူအဆကို ချေဖျက် နင်းဖျက်ရမှာကို ကြောက်တဲ့ စိတ်က ဝေဖန်မှု၊ ပိုင်းခြားမှု စိစစ်မှုကို မလုပ်နိုင်အောင် တားဆီးထားတယ်။ ဒီတော့ မလုပ်တော့ဘူးပေါ့။ အရူးချီးပန်း ဥာဉ် သို့ပေမယ့်၊ တစ်ခု သတိထားဖို့က၊ ဝေဖန်ပိုင်းခြားတယ်ဆိုတာ၊ ကိုယ့်ဆီမှာ လာသမျှ ကိစ္စရပ်တိုင်း၊ အယူအဆတိုင်းကို ဂွတိုက်၊ ဘဲ့တိုက်နေတာ မဟုတ်ဘူး ဆိုတာ သိထားရမယ်။ ဝေဖန်ပိုင်းခြား စိစစ် တဲ့သူက သိပ်မွေ့ရမယ်။ ယဉ်ကျေးရမယ်။ ထက်မြက်ရမယ်။ စကားပြောတာကို ကောင်းကောင်း နား ထောင်ပြီး စဉ်းစားမနေဘဲ၊ ဘာမှ တောင် သိပ်မပြောရသေးဘူး၊ ဝေဖန်လိုက်မယ်၊ ငြင်းလိုက်မယ်၊ ဘဲ့ တိုက်လိုက်မယ်ဆိုတဲ့ ဥာဉ်က အရူးချီးပန်း ဥာဉ်လို့ ပြောလို့ရတယ်။ ဒါက ဝေဖန်ပိုင်းခြားမှုရဲ့ တကယ့် နည်းနာ မဟုတ်သေးဘူး။ ဒါကို သတိထားဖို့ လိုတယ်။ ကျွန်တော့်ဘဝမှ ဒီလို လူမျိုးတွေ တွေ့ဖူး တယ်။ အရူးချီးပန်း လှိမ့်ငြင်းတဲ့သူတွေ။ ဘာကိုဖြစ်ဖြစ် ငြင်းလိုက်ရမှ၊ ဝေဖန်ပိုင်းခြား သုံးသပ်တယ်လို့ ထင်နေတဲ့ သူတွေ။ သူတို့လို မဖြစ်အောင် သတိထားသင့်တယ်။
  • 3.
    မင်းသေ့ 3 ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ စိန်ခေါ်ရဲတယ် ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိတဲ့သူက ကြောက်နေတယ်။ ယုံကြည်မှုရှိတယ်ဆိုတာ၊ ခွေးရူးလို ကမူးရှုးထိုး လိုက်ကိုက်ရဲ့တဲ့ မိုက်ရူးရဲဥာဉ်ကို ပြောတာ မဟုတ်ဘူး။ ကိုယ့်ဆီမှာ ခိုင်မာတဲ့ သဘော ထား၊ အယူအဆမရှိရင် ကိုယ့်ကိုယ်ကို မယုံတော့ဘူး။ ကိုယ့်ကိုယ်ကို မယုံတော့ သတ္တိမရှိဘူး။ စိန် မခေါ်ရဲဘူး။ ဝေဖန်ပိုင်းခြားတယ်ဆိုတာ သူများအယူအဆကို ကိုယ်က စိန်ခေါ်လိုက်တာနော်။ ကိုယ့် မှာ ရေရေရာရာ ဘာတစ်ခုမှ ဆုပ်ကိုင်မထားနိုင်ရင်၊ သိမထားနိုင်ရင်၊ ဘယ်သူကို စိန်ခေါ်ရဲတော့မှာလဲ။ ဘယ်သူ့ကို ဝေဖန်ဆန်းစစ်ရဲတော့မှာလဲ။ ကိုယ့်မှာ ကိုယ်ပိုင် အယူအဆ၊ အမြင်၊ သဘောထား ရှိရင် တောင်၊ ငြိမ်ငြိမ်ကလေး ကိုင်ထားပြီး ချောင်ကုတ်နေတော့မှာပေါ့။ ဒါဟာ မဖြစ်သင့်ဘူး။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး၊ လူတွေရှေ့မှာ အစမ်းသပ်ခံရဲရမှာပေါ့။ လူတွေရှေ့မှာ ချပြရဲရမှာပေါ့။ ဒီလိုလုပ်ဖို့အတွက် သတ္တိလိုတယ်။ ယုံကြည်မှု လိုတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်တဲ့သူက ကိုယ့်အယူအဆ၊ ကိုယ့်အမြင်ကို ထုတ်ဖော်မပြောရဲဘူး။ ကိုယ့် ကိုယ်ကို မယုံကြည်တဲ့သူက သတ္တိမရှိဘူး။ သတ္တိမရှိတဲ့သူက၊ ဘာကိုမှလည်း ဖြစ်အောင် ကိုယ်တိုင် အားမထုတ်တော့သလို၊ သူ့မှာ ကိုယ်ပိုင် အမြင်၊ ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် နည်းနာ၊ ကိုယ်ပိုင် ရှုထောင့်ဆိုလည်း မရှိဘူး။ ဒီလိုမှ မရှိတဲ့သူက သူ့ကိုယ်သူ ဘယ်လိုလုပ် ယုံကြည်မှု ရှိနိုင်တော့ မလဲ။ အစမ်းသပ်ခံရဲမှ ဝေဖန်ပိုင်းခြားတယ်ဆိုတာ တကယ်တော့ စိန်ခေါ်တဲ့ အလုပ်ပဲ။ ဗုဒ္ဓ ဂေါတမက ဟောထားတယ်။ ဘုရားဂုဏ်တော် ၉ ပါး။ တရား ဂုဏ်တော် ၆ ပါး။ သံဃာ ဂုဏ်တော် ၉ ပါး ဆိုပြီးတော့။ တရားဂုဏ်တော် ၆ ပါးထဲမှာ၊ ဧဟိပသိကော ဆိုတဲ့ ဂုဏ်တော်ရှိတယ်။ အဓိပ္ပာယ် က လာပါ၊ ရှုပါ၊ ကြည့်လှည့်ပါ။ သုံးကြည့်လိုက်၊ လုပ်ကြည့်လိုက်၊ လို့ ပြောထားတယ်။ ဒါက ဘာ သဘောလဲ၊ စဉ်းစားကြည့်လိုက်။ တရားဂုဏ်တော်မှာ ဘာကို ပြထားသလဲ ဆိုတော့၊ အစမ်းသပ်ခံနိုင် တယ်။ စိန်ခေါ်ရဲတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား။ ဘာကိုမှ တွေးကြောက်မနေဘူး။ ငါ ဘုရားတွေ့ ရှိထားတဲ့ တရားဟာ၊ အစမ်းသပ်ခံရဲတယ်။ စိန်ခေါ်ရဲတယ်ဆိုတဲ့ သဘောပဲ။ မခိုင်မာတဲ့ သဘောရှိရင် ဘယ်လို လုပ် အစမ်းသပ်ခံရဲမလဲ။ ကိုယ်တွေ့ရှိထားတဲ့ အရာကို အမှန် တရားပါလို့ ယုံကြည်မထားရင်၊ ဘယ်လိုလုပ် စိန်ခေါ်ရဲတော့ မလဲ။ စိန်ခေါ်ရဲတာ၊ အစမ်းသပ်ခံနိုင်လို့။ အစမ်းသပ်ခံရဲတာလည်း ယုံကြည်မှု ရှိလို့ပေါ့။
  • 4.
    မင်းသေ့ 4 သမိုင်း သက်သေ စိန်ခေါ်ရဲပြီး၊ သတ္တိရှိတဲ့သူတွေကသာကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့တယ်။ ကမ္ဘာ့သမိုင်းကိုကြည့်လိုက်။ ဆိုကရေးတီးနဲ့ ဂယ်လီလီယို။ နောက် ချား(စ)ဒါဝင်။ ဆိုကရေးတီးကို ကြည့်ကြဦးစို့။ ဆိုကရေးတီး ဘယ်လို သေသွားသလဲ။ သူ့အယူအဆတွေက၊ အဲ့တုန်းက လူ့အသိုက်အဝန်းကို ဖောက်ထွက်ပြီး၊ ပြခဲ့တယ်။ သူ့အယူအဆတွေကို လူတွေအကြားမှာ ရဲရဲဝံ့ဝံ့ ဖြန့်ချိခဲ့တယ်။ နောက်ဆုံး လူတွေက ဆိုကရေးတီးကို ဒဏ်ခတ်တယ်။ သူ့ကို အဆိပ်သောက်သေစေတယ်။ ဆိုကရေးတီးက ရဲရဲဝံ့ဝံ့ သေပြ သွားတယ်။ အခု သူ့အယူအဆတွေက၊ အတွေးအခေါ်ရဲ့ ယုတ္တိ၊ နည်းနာကောင်းတွေ ဖြစ်ခဲ့တယ်။ ဘုရားကျောင်းတော်ရဲ့ ပညတ်ချက်က၊ ကမ္ဘာကြီးက ပြားတယ်။ စကြဝဠာကြီးရဲ့ အလည်ဗဟိုတည့် တည့်မှာ ရှိတယ်။ ကမ္ဘာကြီးရဲ့ အစွန်ဘက်မှာ အင်မတန် နက်တဲ့ ချောက်ကမ်းပါးကြီးရှိတယ်လို့ ကျောင်းတော်ရဲ့ ပညတ်ချက်တွေက ဟောတယ်။ ဒါကို ဂယ်လီလီယိုက ဖောက်ထွက်ပြီး၊ သက်သေ ပြတယ်။ ကမ္ဘာကြီးဆိုတာ လုံးတယ်။ ကမ္ဘာကြီးဆိုတာ၊ စကြဝဠာမှာရှိတဲ့ နေကို လှည့်ပတ်နေတဲ့ ဂြိုလ် တစ်လုံးမျှသာဖြစ်တယ်။ ကမ္ဘာကြီးကို လှည့်ပတ်နေတဲ့ ဂြိုလ်က လ ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ အစွန်ဆုံး မှာ ချောက်ကမ်းပါးကြီး ရှိတယ်ဆိုတာ မဟုတ်ဘူး ဆိုတာတွေကို ငြင်းသွားတယ်။ သက်သေပြသွား တယ်။ ဂယ်လီလီယိုက သက်သေပြပြီး ငြင်းတာဖြစ်တယ်။ အရှုးချီးပန်း၊ ထင်ရာ စွတ်ပြောသွားတာ မဟုတ်ဘူး။ ဂေါ့ (ထ) က ဘာပြောသလဲ။ ဂေါ့ (ထ) က လူတွေကို ဘုရားသခင်က ဖန်ဆင်းတယ်လို့ ပြောတယ် မလား။ ဒီပညတ်ချက် အမြင်ကို၊ မျက်စိမှိတ်ပြီး ပစ်ယုံထားတဲ့ သူတွေကတော့ ဘုရားသခင်နဲ့ ထိပ် တိုက်တွေ့စရာ မလိုဘူး။ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ကို လည်း ရောက်စရာ အကြောင်းမရှိဘူး။ ချား(စ) ဒါဝင်က လူကို ဘုရားသခင်က ဖန်ဆင်းတာ မဟုတ်ဘူး။ လူက မျောက်ကနေ ဆင့်ကဲဖြစ်စဉ် သဘော ဖြစ်တည်လာတာလို့ သက်သေပြသွားတယ်။ ဆိုကရေးတီးတို့၊ ဂယ်လီလီယိုတို့၊ ချား(စ) ဒါဝင်တို့က ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ အယူအဆ၊ အမြင်တွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့တယ်။ သူတို့ကသာ လူ့အသိုင်းအဝိုင်းမှာ ရှိထားပြီးသား ယူဆချက်တွေကို တရားသေဆုပ်ကိုင်ပြီး ယုံကြည်ထားလိုက်ရင်၊ ကမ္ဘာကြီးက အခုလိုဖြစ်လာပါ့မလား လို့တောင် သံသယရှိလို့ ရတယ်။ သူတို့တွေက အကြောင်း၊ အကျိုး ကို သက်သေပြပြီး၊ ဝေဖန် ပိုင်းခြား စိစစ်ရဲတဲ့ ဥာဉ်ကြောင့်၊ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့တယ်။ ချုပ်လိုက်ရင်၊ သတ္တိရှိသူမှ၊ စိန်ခေါ်ရဲတဲ့သူမှ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ ယူလို့ ရတယ်။
  • 5.
    မင်းသေ့ 5 အဆင့်များ ဝေဖန် ပိုင်းခြား စိစစ်မှုလုပ်တဲ့ နေရာမှာ အဆင့် (၆) ဆင့် ရှိတယ်လို့ ခွဲပြထားတယ်။ (၁) သိမှု အဆင့် (၂) နားလည်မှု အဆင့် (၃) အသုံးချမှု အဆင့် (၄) ခွဲခြမ်း စိတ်ဖြာမှု အဆင့် (၅) ဆက်စပ်ကြည့်မြင်မှု အဆင့် (၆) သုံးသပ် ဆင်ခြင်မှု အဆင့် ဆိုပြီး အဆင့် (၆) ဆင့်နဲ့ ပြထားတယ်။ Key Words knowledge အသိ / သိခြင်း arrange စီစဉ် သတ်မှတ်သည် comprehension နားလည်ခြင်း divide ခွဲခြားသည် application အသုံးချခြင်း justify ညှိသည် analysis ခွဲခြမ်း စိတ်ဖြာခြင်း integrate ပေါင်းစည်းသည် synthesis ဆက်စပ် ကြည့်မြင်ခြင်း modify အဆင့် မြှင့်သည် evaluation သုံးသပ် ဆင်ခြင်ခြင်း rearrange ပြန်လည်အစီအစဉ်ချသည် define အဓိပ္ပာယ် သတ်မှတ် substitute အစားထိုးသည် list စာရင်း ပြုစု plan အစီအစဉ် describe ဖော်ပြချက် create ဖန်တီးသည် identify သရုပ်ခွဲခြင်း၊ အမျိုးအစားခွဲခြင်း design ပုံစံ ချသည်၊ ဒီဇိုင်းချသည် name အမည် သတ်မှတ်ခြင်း invent တီထွင်သည် explain ရှင်းလင်းပြသည် incorporate ပြန်လည် စုစည်းသည် summarize အနှစ်ချုပ်သည် decide ဆုံးဖြတ်သည် discuss ဆွေးနွေးသည် rank အဆင့် သတ်မှတ်သည် interpret အနက်ဖော်သည် test စမ်းသပ်သည် demonstrate သရုပ်ပြ သည် measure တိုင်းတာသည် solve ဖြေရှင်းသည် compare နှိုင်းယှဉ်သည် classify အတန်းအစား သတ်မှတ်သည်။ support ထောက်ပံ့ သည် discover ရှာဖွေ တွေ့ရှိသည် conclude နိဂုံးချုပ် ၊ အနှစ်ချုပ်သည်
  • 6.
    မင်းသေ့ 6 Breakdown ငြင်းသည်၊ ဖြိုသည်၊ဖျက်သည် Distinguish ပိုင်းခြား-သိမြင်သည် Prioritize အလျင်ကျမှုကို သတ်မှတ်သည် သိမှု ဘာကိုပဲ ဝေဖန်ချင်၊ ပိုင်းခြားချင်၊ စိစစ်ချင်ပါစေ။ သိတဲ့အရာကိုပဲ ဝေဖန်လို့ရတယ်။ သိတဲ့အရာကိုပဲ ပိုင်းခြားစိစစ်လို့ရတယ်။ သိမထားတဲ့ အရာကို ဝေဖန် ပိုင်းခြားလို့ မရဘူး။ သိမထားတဲ့အရာကို ဝေဖန် ပိုင်းခြားရင်၊ တတ်ယောင်ကား၊ ရမ်းရွှီး ဖြစ်တတ်တယ်။ ဒါ့ကြောင့် ဘာကိုပဲ ဝေဖန်ချင်ချင် သုံးသပ်ချင် ချင်၊ သိအောင် ပထမဆုံး လုပ်ရမယ်။ သိတဲ့ အရာကိုမှ ဝေဖန်နိုင်တယ်။ ပိုင်းခြား စိစစ်နိုင်တယ်။ မသိ ပဲ ဝေဖန်တယ်ဆိုရင် ရမ်းကြိတ်ပဲဖြစ်မယ်။ နားလည်မှု အဆင့် သိထားတဲ့အရာကို ခြေခြေမြစ်မြစ် နားလည်အောင် လုပ်ထားရမယ်။ အပေါ်ယံအသိ၊ မှတ်သားထားတဲ့ အသိအချို့ဟာ နားလည်မှု မဟုတ်သေးဘူး။ နေ့တိုင်း ဘုရားရှိခိုးရင်၊ ဘုရားဂုဏ်တော် ရွတ်တယ် မလား။ အရဟံ ဂုဏ်တော်၊ ဘဂဝါ ဂုဏ်တော် စသဖြင့် ရှိတယ်။ ရွတ်သာ ရွတ်တတ်ပြီး အဓိပ္ပာယ် အနက်ကို နားမလည်ရင်၊ ဘယ်လိုလုပ် အကျိုးများမလဲ။ ဝေဖန်ပိုင်းခြား မယ်ဆိုရင် နားလည်ဖို့ ဒုတိယ လိုအပ်တယ်။ နားလည်တဲ့ အရာကိုမှ ကောင်းကောင်း စိစစ်နိုင်မယ်။ သုံးသပ်နိုင်မယ်။ အပေါ်ယံ ဟိုစပ်စပ် ဒီစပ်စပ် အသိဟာ ဝေဖန်ပိုင်းခြားမှုကို ကောင်းကောင်း လုပ်လို့ မရနိုင်ဘူး။ လုပ်တယ်ဆိုရင် လည်း၊ လွဲနိုင်တယ်။ မှားနိုင်တယ်။ အသုံးချမှု အဆင့် ရည်ရည်လည်လည် နားလည်မှ၊ ကိုယ့်ရဲ့ လက်တွေ့ဘဝမှာ အသုံးချတဲ့ အခါ ပိုသင့်တော်မှန်ကန်နိုင် တယ်။ သိထားတဲ့ အရာဟာ၊ သူ့ချည်းနေရင် ဘာတန်ဖိုးမှ ဖြစ်မလာဘူး။ အသိကို အသုံးချရမယ်။ အသုံးပြုရမယ်။ အသုံးချမှ အသုံးကျတယ်။ အသုံးကျမှ တန်ဖိုးရှိတယ်။ တချို့အသိတွေက၊ လက်တွေ့အသုံးချမကြည့်ပဲ ရည်ရည်လည်လည် နားမလည်နိုင်ဘူး။ ဂေါတမက၊ သစ္စာတရားကို တွေ့ပြီး ဖြန့်ချိတဲ့ သာဓကကိုပဲ ကြည့်ကြည့်ပါ။ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း ကို မဂ္ဂင်ရှစ်ပါး တရားကို ရှာဖွေတယ်။ တွေ့တော့ ကျင့်ကြည့်တယ်။ ကျင့်တော့ သိတယ်။ နားလည်
  • 7.
    မင်းသေ့ 7 တယ်။ သိတော့ နားလည်တော့ပေါက်မြောက်သွားတယ်။ ပြီးတော့ မဂ္ဂ လမ်းစဉ်ကို ဟောကြားဖြန့်ချိ တယ်။ ဂေါတမဟာ သူကိုယ်တိုင် ကျင့်ပြီး၊ သိပြီး၊ ပယ်သင့်တာကို ပယ်ပြီးတော့မှ တရားဦး ဓမ္မ စကြာ ကို လှည့်တယ်လေ။ ခွဲခြမ်း စိတ်ဖြာမှု အဆင့် ရှုပ်ထွေးတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို ခွဲခြမ်း စိတ်ဖြာပြီး ကြည့်မြင်နိုင်မှု အားနည်းရင်၊ အမြင် နုပ်တယ်။ ဂေါတမ ဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကို၊ ပထမသံဃာယနာတင်တော့၊ ခြင်း တောင်း သုံး တောင်း ခွဲပြီး စီစဉ်လိုက်တယ်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုပြီး ခွဲခြားတယ်။ နောက်တော့ ထပ်ခွဲပြန်တယ်။ သုတ်မှာ သုံးကျမ်း၊ ဝိနည်းမှာ ငါး ကျမ်း၊ အဘိဓမ္မာမှာ ခုနှစ်ကျမ်း ဆိုပြီး ထပ်ခွဲတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် အမျိုးအစားခွဲတယ်။ တူရာ တူရာ အစုတွေ ခွဲတယ်။ နောက် ထပ် အပိုင်းလိုက် အပိုင်းလိုက် ထပ်ခွဲပြီး၊ ရှင်းလင်း ပြတယ်ဆိုတဲ့ သဘောကို ပြောတာ။ အတွေးအစဉ်တွေကို အစီအစဉ်ချတာ၊ ဘယ်ဟာ အရှေ့ ဘယ်ဟာ အနောက် သတ်မှတ်တာဟာ ခွဲခြမ်း စိတ်ဖြာတာဖြစ်ပါတယ်။ တစ်ခုနဲ့ တစ်ခု ညှိတာ၊ ပြန်ဆင်တာ၊ အစီအစဉ်ချတာ တွေက ခွဲခြမ်း စိတ်ဖြာတဲ့ ကိရိယာတွေ ဖြစ်တယ်။ အတွေးတွေက ရှုပ်ထွေးနေရင်၊ အဖြေမထွက်ဘူး။ အသိတွေက ရှင်းလင်းနေမှ ဖြစ်မယ်။ အသိတွေ၊ အချက်အလက်တွေကို အစီအစဉ်ကျနအောင်၊ သူ့အပိုင်းလိုက် အပိုင်းလိုက်၊ ကဏ္ဍအလိုက်၊ အမျိုးအစားအလိုက် ခွဲခြမ်း စိတ်ဖြာတတ်ရတယ်။ ဒါဟာ စဉ်းစားနည်းမှာ သိပ်အရေးပါတယ်။ ဆက်စပ်ကြည့်မြင်မှု အဆင့် ဆက်စပ်ကြည့်တတ်ဖို့ ခက်တယ်။ အသိတစ်လုံးရဖို့က ခက်တယ်။ အသိနှစ်လုံးရဖို့ ပိုခက်တယ်။ အသိ များများရဖို့ ပိုခက်တယ်။ ဒါပေမယ့် အခက်ဆုံးရှိတယ်။ အသိတွေကို ဆက်စပ်ကြည့်တတ်ဖို့ခက်တယ်။ အသိတစ်လုံးနဲ့တစ်လုံး ဘယ်လို ဆက်စပ်နေတယ်။ ဘယ်လို အပြန်အလှန်ကျေးဇူးပြုနေတယ်ဆိုတာ ကို နက်နက်နဲနဲ နားလည်ဖို့ ခက်တယ်။ အသိတွေက ပြန့်ကျဲနေရင် ဘာမှ သုံးလို့ မရဘူး။ အသိတွေ က ဟိုတစ်စ၊ ဒီတစ်စ ဖရိုဖရဲဖြစ်နေရင်လည်း လက်တလော ထုတ်သုံးဖို့ ခက်တယ်။ အသိဆိုတာကို စုစုစည်းစည်း ထားဖို့ အရေးကြီး။ ဟိုနေရာ စပ်စပ် စပ်စပ်၊ ဒီနေရာ စပ်စပ် စပ်စပ်နဲ့ ဘာမှ သုံးလို့ မရ ဘူး။ ခြေခြေမြစ်မြစ် သိထား၊ နားလည်ထားဖို့လိုတယ်။ ခေတ်သစ်မှာ သတင်းနဲ့ နည်းပညာတွေ တိုးတက် လာတယ်။ လူမှုကွန်ယက်တွေ များပြားလာတယ်။ ဖွံ့ဖြိုးလာတယ်။ သတင်းတစ်ခုရဖို့ သိပ်မခက်ဘူး။
  • 8.
    မင်းသေ့ 8 ကမ္ဘာ့အနောက်ဖက်အခြမ်းက အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းအတွင်းမှာ၊တစ်ကမ္ဘာလုံးက သိနိုင်နေ ပြီ။ သတင်းတွေ၊ အချက်အလက်တွေ၊ အသိတွေက ရှုပ်ထွေးလာတယ်။ အပြန့်ကျယ်လာတယ်။ သတင်းတွေ၊ အချက်အလက်တွေကို လူတိုင်း အလျှံအပယ် ရနိုင်နေပြီ။ ဒါကို သူလည်းသိ၊ ကိုယ် လည်း သိတာဖြစ်တဲ့ အတွက် ထူးခြားတဲ့ အသိရှိတယ်လို့ ပြောလို့ ရနိုင်သလား။ ကွန်ဖြူးရှပ်က ပြောဖူးတယ်။ ပန်းရနံ့ကို ရှုရှိုက်နိုင်တာ၊ အနံ့ခံအာရုံကောင်းတာ မဟုတ်။ တောင်တန်း ကြီးကို မြင်နိုင်စွမ်းရှိတာ၊ အမြင်စူးရှတာ မဟုတ်တဲ့။ ခေတ်မှီတဲ့ နည်းပညာခေတ်မှာ သတင်းတွေ၊ အချက်အလက်တွေကို လူတိုင်းရနိုင်နေပြီ။ ဒါကို ငါ သိလှပြီ။ တတ်လှပြီလို့ မခံယူသင့်တော့။ သူများ ထက် ထူးပြီး သိထား၊ နားလည်ထားတဲ့ အရာတွေရှိမှ သူများထက် ခေါင်းတစ်လုံးသာတယ်လို့ ဆိုလို့ ရမယ်။ သတင်းတွေ၊ အချက်အလက်တွေ၊ အသိတွေကို ဆက်စပ် ကြည့်မြင်တတ်ခြင်းက၊ သိမှုအဆင့်၊ နား လည်မှု အဆင့်တွေထက် ပိုပြီး နက်နဲတယ်။ ပိုပြီး သိမ်မွေ့တယ်။ ပိုပြီး နားလည်ရခက်တယ်။ အသိ တစ်ခုချင်း စီ ဆက်စပ်ဖြစ်တည်နေပုံ၊ အချက်အလက်တွေ တစ်ခုခုကို တစ်ခု အပြန်အလှန် ထောင့်ပံ့ တည်မှီနေပုံ၊ ကျေးဇူးပြုနေပုံတွေကို ဆက်စပ်ပြီး သိတာ တကယ့် ပညာအဆင့်ကို ရောက်လာပြီလို့ ဆို နိုင်ပါတယ်။ သုံးသပ် ဆင်ခြင်မှု အဆင့် သုံးသပ်တယ်၊ ဆင်ခြင်တယ်လို့ ပြောတဲ့ နေရာမှာ၊ ဆုံးဖြတ်ချက်ချတယ်။ အတည်ပြုတယ်။ အဆင့် သတ်မှတ်တယ်။ စမ်းသပ် စစ်ဆေးပြီး ကောက်ချက်ချတယ်၊ တိုင်းတာတယ်။ အနှစ်ချုပ်တယ်။ နှိုင်းယှဉ်သုံးသပ်တယ်။ ထောက်ခံတယ်။ ကန့်ကွက်တယ်။ ကာကွယ်တယ်။ ငြင်းတယ် စတဲ့ စကားလုံး တွေ နဲ့ တွဲဆက်လာတယ်။ သုံးသပ်ဆင်ခြင်မှုဟာ ဝေဖန်ပိုင်းခြား စိစစ်မှုရဲ့ နောက်ဆုံး အဆင့်ဖြစ် တယ်။ သူက အဖြေတစ်ခုကို ထုတ်ရတော့မယ်။ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ်။ သူ့မှာ တိကျ တဲ့ ပြဌာန်းချက်တွေ၊ အကိုးအကားတွေ၊ အထောက်အထားတွေ သက်သေပြချက်တွေ ပါလာရတော့ မယ်။ ရှေးအစဉ်က လုပ်ခဲ့တဲ့ သိမှု၊ နားလည်မှု၊ ဆက်စပ်မှုတွေဟာ နောက်ဆုံး ကောက်ချက်တွေ အတွက် အထောက်အပံ့တွေဖြစ်ပါတယ်။ သိမှု ချို့ရင် သုံးသပ်ဆင်ခြင်မှုမှာ ချို့မယ်။ နားလည်မှု ချို့ ရင် အဖြေရှာတဲ့ နေရာမှာ ချို့မယ်။ ဆက်စပ်တွေးခေါ် ကြည့်မြင်တတ်မှု ညံ့ရင် နိဂုံးကောက်ချက်မှာ မှားနိုင်တယ်။
  • 9.
    မင်းသေ့ 9 စဉ်းစားနည်း စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော်သိသလောက် တင်ပြရရင်၊ - Critical Thinking - Lateral Thinking - Clear Thinking - Analytical Thinking - Creative Thinking - Logical Thinking စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊ ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။ တွေးတာနဲ့ စဉ်းစားတာ စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့ ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ် တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ် တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။ မင်းသေ့ 9 စဉ်းစားနည်း စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော် သိသလောက် တင်ပြရရင်၊ - Critical Thinking - Lateral Thinking - Clear Thinking - Analytical Thinking - Creative Thinking - Logical Thinking စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊ ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။ တွေးတာနဲ့ စဉ်းစားတာ စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့ ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ် တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ် တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။ မင်းသေ့ 9 စဉ်းစားနည်း စဉ်းစားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော် သိသလောက် တင်ပြရရင်၊ - Critical Thinking - Lateral Thinking - Clear Thinking - Analytical Thinking - Creative Thinking - Logical Thinking စသည်ဖြင့် ရှိပါတယ်။ ဝေဖန် ပိုင်းခြား တွေးနည်း၊ ဖြန့်ထွက်တွေးနည်း၊ ရှင်းလင်းလင်း တွေးနည်း၊ ခွဲခြမ်းစိတ်ဖြာတွေးနည်း၊ တီထွင်ဖန်တီးပြီး တွေးနည်း၊ ယုတ္တိကျ တွေးနည်း စသည်ဖြင့်ရှိပါတယ်။ တွေးတာနဲ့ စဉ်းစားတာ စိတ်ရဲ့ ဦးတည်ရာအတိုင်း၊ ဘာရည်ရွယ်ချက်မှ မရှိဘဲ ရုတ်တရက် စိတ်ကူးလိုက်တာကို တွေးတာလို့ ယူဆတယ်။ စဉ်းစားတယ်ဆိုတာကတော့ ရည်ရွယ်ချက်ရှိတယ်။ အားထုတ်ပြီး၊ အစီအစဉ်ချပြီး ရလဒ် တစ်ခုကို ရအောင် စိတ်အလုပ်ပေးတာကို စဉ်းစားတာလို့ ကျွန်တော်ယူဆပါတယ်။ ဘာရလဒ်မှ မထွက် ပဲ စိတ်ကူးတဲ့ရာ တွေးတာဟာ ပျံ့လွှင့်တဲ့သဘောဖြစ်တယ်။ စိတ်ကူးယဉ်တဲ့ သဘောဖြစ် တယ်။ ဒါဟာ စိတ်ကူးတဲ့ အဆင့်မှာ ရှိနေပါတယ်။ စဉ်းစားတာ မဟုတ်သေးပါဘူး။ စဉ်းစားတာနဲ့ တွေး တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကို သတိချပ်ပြီး ကြည့်သင့်တယ်။
  • 10.
    မင်းသေ့ 10 ပြဿနာ ရှင်းနည်း /ဆုံဖြတ်ချက် ချနည်း ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ နေရာမှာ၊ အတွေးထောင့် (၂) ခုနဲ့ ယှဉ်ဆက်ရတယ်။ (၁) ဝေဖန်ပိုင်း ခြား တွေးတာနဲ့ (၂) ဖန်တီးတီထွင်ပြီး တွေးတာ။ ဒီနှစ်ခုရဲ့ ဆုံတဲ့ အမှတ်မှာ ပြဿနာတွေ၊ ဆုံးဖြတ် ချက်တွေ ပီပြင်လာတတ်တယ်။ ဝေဖန်ပိုင်းခြားမှုက၊ ပြဿနာရဲ့ အရင်းအမြစ်နဲ့ အကြောင်းကို ခွဲခြမ်း စိတ်ဖြာပြီး ကြည့်လိမ့်မယ်။ တီထွင်ဖန်တီးတတ်တဲ့ ဥာဏ်က၊ အိုင်ဒီယာ အသစ်တွေကို ပေးလိမ့်မယ်။ ဒါဟာ နည်းလမ်းအသစ်တွေနဲ့ ပြဿနာ ဖြေရှင်းနည်းတွေ ရလာတတ်တယ်။ အတွေးထောင့် နှစ်ခုစလုံးရဲ့ ဆုံချက်က၊ ကိုယ့်ရဲ့ စဉ်းစားနည်းမှာ ရှိတယ်။ အတွေးပုံစံတွေကို ပြဿနာချည်းကပ်တဲ့နေရာတွေမှာ ပိုပြီး အံဝင်ခွင်ကျအောင် တွေးလာနိုင်လေလေ၊ ပြဿနာဖြေရှင်း နည်းတွေက ပီပြင်ထိရောက်လာလေလေလို့ ပြောလို့ရတယ်။ ပိုင်းခြား ဝေဖန်ဖို့ အတွက် လိုအပ်ချက် အတ္တကို ကျော်ပြီး ကြည့်နိုင်စေ ထိထိရောက်ရောက် သရုပ်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ သုံးသပ်ဖို့၊ အနှစ်ချုပ်တတ်ဖို့ ဆိုတဲ့ စွမ်းရည်တွေ က ဝေဖန် ပိုင်းခြား စိစစ်နိုင်စွမ်းကို အထောက်အကူပြုတယ်။ ကိုယ့်ကိုယ်တွင်းမှာ၊ အစွဲတွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ဆိုရင် ဖော့တွေးတယ်။ သူများတွေဆိုရင် ဖိတွေးတယ်။ ချစ်တဲ့သူကို ဖော့တွေး၊ မုန်းတဲ့သူကို ဖိတွေးတာဟာ လူ့အတ္တပါပဲ။ ဝေဖန်ပိုင်းခြား တတ်ဖို့အတွက် မိမိအတ္တကို ကျော်လွန်ပြီး ကြည့်နိုင်ရမယ်။ ကြည့်တတ်ရမယ်။ လူတွေ စကားပြောကြရင်၊ သူများ မကောင်းကြောင်း၊ ကိုယ် ကောင်းကြောင်း ပြောတတ်ကြတယ်။ ဒါတွေဟာ အတ္တအပေါ်မှာ အရင်းခံတဲ့ အပြုအမူတွေဖြစ်တယ်။ အချက်အလက်ကို စုံအောင်စု၊ ပေးထားချက်ကို စုံအောင် စု စဉ်းစား ဝေဖန်တဲ့ နေရာမှာ၊ အကြောင်းအကျိုး အခိုင်အလုံ ရှိရမယ်။ ဂျွန်မေးနတ်ကိန်း ပြောဖူးတဲ့ စကားတစ်ခုရှိတယ်။ အချက်အလက်တွေ မစုံသေးရင်၊ ဆုံးဖြတ်ချက်ချဖို့ နောက်ဆုတ်ထားပါတယ် ဆို တဲ့ စကားဖြစ်ပါတယ်။ အဖြေထုတ်တဲ့ နေရာမှာ၊ ပေးထားချက်တွေ မစုံလင်ရင်၊ ကိုယ်ထုတ်တဲ့ အဖြေ တွေက မသိကိန်းတွေနဲ့ ထွက်လာမှာဖြစ်ပါတယ်။ မသိကိန်းတွေ (x factor) တွေပါနေတဲ့ အဖြေဟာ ဘယ်လိုလုပ် အသုံးတည့်ပါတော့မလဲ။ ကိန်းဂဏန်းတိတိကျကျ မထွက်တဲ့ အဖြေဟာ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ၊ အသုံးဝင်ပါ့မလား။ ထိရောက်ပါ့မလား။ ဒါကို စဉ်းစားသင့်ပါတယ်။ အချက်အ
  • 11.
    မင်းသေ့ 11 လက်တွေ စုံပြီးတော့၊ ဖော်မြူလာကောင်းကောင်း မဆုပ်ကိုင်ထားရင်လည်း၊ အဖြေတွေ ထွက်လာမှာ မဟုတ်ပါဘူး။ ကောက်ချက်တွေဟာ ပြဿနာဖြေရှင်းတဲ့ နေရာမှာ ထိရောက်ဖို့ နံပါတ် (၁) အချက်အလက် စုံရမယ်။ ပေးထားချက်ကို စုံစုံလင်လင် ဖြည့်ထားနိုင်ရမယ်။ နံပါတ် (၂) ဖော်မြူလာကောင်းရှိရမယ်။ သဘောတရားတွေ ရှိထားရမယ်။ သဘောတရားတွေနဲ့ အချက်အလက်တွေ စုပေါင်းပြီး၊ အဖြေကို တွက်ထုတ်တတ်ရမယ်။ ဒါဟာ ပြဿနာတစ်ခုအတွက် အဖြေထုတ်နည်းပါပဲ။ - How to learn? - How to think? - How to do? ဘယ်လို လေ့လာရမလဲ သိတဲ့ သူက၊ ဘယ်လို တွေးရမလဲ ဆိုတာကို သိတယ်။ ဘယ်လို တွေးရမယ် ဆိုတဲ့ စဉ်းစားနည်း သိတဲ့ သူက ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိ တယ်။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ၊ အချက်အလက်တွေကို ခေါင်းထဲ စုပြုံမှတ်သားထားတာကို ရှောင် ကြဉ်ရမယ်။ ဒါဟာ ဦးနှောက်ကို လေးပင်စေလို့ ဖြစ်ပါတယ်။ မှတ်ဥာဏ်ကို အားကိုးလွန်းတဲ့ သူတွေ ဟာ၊ ပတ်ဝန်းကျင်မှာ သိပ်တော်လိုက်တာလို့ ချီးကျူးခံရပေမယ့်၊ တကယ့် ပြဿနာတွေကို ဆုံးဖြတ် ဖြေရှင်းတဲ့ နေရာမှာ အစွမ်းအစ အားနည်းပါတယ်။ မှတ်ဥာဏ်ကို လိုအပ်တာထက် ပိုပြီး အားမကိုးပါနဲ့ မှတ်ဥာဏ်ကို လိုအပ်တာထက် ပိုပြီး မမှီခိုပါနဲ့။ မှတ်ထားတာတွေ များလွန်းရင်၊ စဉ်းစားတဲ့ နေရာမှာ ခေါင်းက ဂျမ့် ဖြစ်သွားတတ်ပါတယ်။ လိုအပ်တာတွေအတွက် ရည်ညွှန်းမှတ်ဥာဏ်တွေပဲ ထားပါ။ စံနှုန်း ဝေဖန်ပိုင်းခြားမှု လုပ်နိုင်ဖို့ စံနှုန်းတွေရှိတယ်။ ဒီစံနှုန်းတွေ ရှိတယ်ဆိုရင် ဝေဖန်ပိုင်းခြား စိစစ်မှုကို ကောင်းကောင်း လုပ်နိုင်တယ်လို့ ဆိုနိုင်မယ်။ - ရှင်းလင်းမှု၊ တိကျမှု၊ ဘက်မလိုက်/ အစွဲကင်းမှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ နက်နက်နဲနဲတွေးမှု၊ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တတ်မှု၊ အကြောင်းအကျိုး ညီညီညွှတ်ညွှတ် စဉ်းစားတတ်မှုနဲ့ မျှမျှ တတ ကြည့်မြင်တတ်မှုတွေက ဝေဖန်ပိုင်းခြား စိစစ်တတ်မှုကို ကျေးဇူးပြုထောက်ပံ့ပါလိမ့်မယ်။
  • 12.
    မင်းသေ့ 12 အခုအခံများ ဝေဖန်ပိုင်းခြားတာကို ဟန့်တားတဲ့ အချက်တွေရှိတယ်။ပြင်ပ ကနေ တားဆီးတဲ့ အရာတွေနဲ့၊ ကိုယ် တွင်းကနေ ဟန့်တား ခုခံနေတဲ့ အရာတွေဆိုပြီး အကြမ်းဖျင်း (၂) မျိုးခွဲပြီးကြည့်နိုင်တယ်။ အဓိက ခုခံ နေတဲ့ အတားအဆီး (၅) ချက် ရှိတယ်။ ဒါကို စက်ဝန်းနဲ့ ဖော်ပြတယ်။ စက်ဝန်းတွေကို ဖောက်ထွက် ပြီး တွေးခေါ်နိုင်မှ၊ ဝေဖန်ပိုင်းခြား စိစစ်ခြင်း အစစ်ကို ရမယ်လို့ ယူဆရတယ်။ (၁) အတ္တစက်ဝန်း (၂) အသိုင်းအဝိုင်း စက်ဝန်း (၃) ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက် စက်ဝန်း (၄) ဆန္ဒစွဲ စက်ဝန်း (၅) သမာရိုးကျ စက်ဝန်း (၁) အတ္တ စက်ဝန်း အတ္တစက်ဝန်းမှာ၊ အဓိက ပါနေတဲ့ အရာက ကိုယ်ကျိုးစီးပွား အခြေခံ စဉ်းစားနည်းနဲ့၊ အစွဲ ဂတိတွေနဲ့ စဉ်းစားခြင်း တွေ ဖြစ်တယ်။ ဂတိမှာ (၄) မျိုးခွဲထားတယ်။ ချစ်ရင်၊ မုန်းရင်၊ ကြောက်ရင်၊ မသိရင် ဘက် လိုက်တတ်တယ်။ ဒါဟာ အတ္တ စက်ဝန်းမှာ၊ အဓိကကျတယ်။ အတ္တ စက်ဝန်းကနေ ဖောက်ထွက်ပြီး စိစစ် တွေးခေါ်မှု မလုပ်နိုင်ရင်၊ အစစ်အမှန်ကို မြင်အောင်မကြည့်နိုင်တော့ဘူး။ (၂) အသိုင်းအဝိုင်း စက်ဝန်း အများမိုးခါးရေသောက်တာကို၊ လိုက်မသောက်တဲ့သူဟာ အင်မတန် နည်းတယ်။ ရှားတယ်။ ပညာ တတ်ပါတယ်လို့ ပြောတဲ့ လူတွေတော်တော်များများတောင်၊ အသိုင်းအဝိုင်းရဲ့ ဆွဲငင်မှုဒဏ်ကို လွတ် အောင် မရုန်းနိုင်ဘူး။ အုပ်စုတွေးကနေ ကျော်အောင် ကြည့်နိုင်ဖို့ဆိုတာ လေ့လာမှု၊ လေ့ကျင့်မှုနဲ့ သတိတရားကို မပြတ်ပေးနိုင်မှသာ၊ ဖြစ်နိုင်လိမ့်မယ်။ လူအုပ်စုကြီး၊ ကြီးရင် ကြီးမားသလောက် အုပ်စု တွေးဟာ ပိုပြီး ဩဇာ လွှမ်းမိုးနိုင်လေလေဖြစ်တယ်။ အမှားကို ကြာကြာ ပြောရင်၊ အမှန်ဖြစ်လာတတ် သလို၊ အမှားကို လူတော်တော်များများက ယုံကြည်စွဲမှတ်နေရင်လည်း၊ အမှားဟာ အမှန်လို့ မြင်လာ တတ်တယ်။ ဒါဟာ ဝေဖန်ပိုင်းခြား စိစစ်တဲ့ ဥာဏ်ကို အဓိက သတ်နေတဲ့ စက်ဝန်းဖြစ်ပါတယ်။ အသိုင်းအဝိုင်းရဲ့ စက်ဝန်းက၊ ဩဇာသိပ်ကြီးတယ်။ ဖောက်ထွက်ရခက်တယ်။ အမြစ်တွယ်မှုလည်း သိပ်အားကောင်းတယ်။ ပညာတတ်ပါတယ် ဆိုရုံလောက်နဲ့၊ ဖောက်ထွက်လို့ မရနိုင်ဘူး။
  • 13.
    မင်းသေ့ 13 (၃) ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက်စက်ဝန်း ကိုယ့်စိတ်ထဲမှာ၊ ကိုယ်ကိုယ်တိုင် ဘာမှန်းမသိပဲ၊ ထင်မြင်ယူထားတဲ့ အထင်တွေ၊ အမြင်တွေ၊ ယူဆ ချက်တွေ ရှိနေတယ်။ တခါတရံ ကိုယ့် ဆန္ဒအစွဲတွေကပဲ ကြောင်းကျိုး ညီညွှတ်ခြင်း၊ မညီညွှတ်ခြင်း တွေကို၊ ကြည့်မနေဘဲ ယူဆလိုက်တဲ့ ထင်မြင်ချက်တွေ ရှိတယ်။ ဒါက ကိုယ့်စိတ်မှာ ဖြစ်နေတဲ့ စိတ် အစဉ်ကို မပြတ် သတိနဲ့ ချည်းကပ်ပြီး ကြည့်နေ၊ သိနေမှ ဖြစ်မယ်။ သတိမှ မကပ်ရင်၊ ကြောင်းကျိုး မညီတဲ့ ထင်မြင်ချက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်အတွေးတွေ ရုန်းမထွက်နိုင်ဘူးဖြစ်နေမယ်။ ဘယ်လောက်သတိရှိရှိ၊ အသိချို့ရင်လည်း၊ ကြောင်းကျိုးမညီတဲ့ ထင်မြင်ချက်တွေ ဖြစ်လာနိုင်တယ်။ သတိနဲ့ အသိကို ယှဉ်ပြီး ကြည့်နိုင်မှ၊ ထင်မြင်ချက် စက်ဝန်းကနေ ဖောက်ထွက်နိုင်မှာ ဖြစ်တယ်။ (၄) ဆန္ဒစွဲ စက်ဝန်း ယုံကြည်စွဲမှတ်ထားတဲ့ ဝါဒ၊ ကိုးကွယ်ရာ ဘာသာတရား၊ စတဲ့ အယူအစွဲတွေက ကိုယ့်ရဲ့ အတွေးပုံစံ ကို လွှမ်းမိုးတယ်။ အယူစွဲ၊ ဝါဒစွဲ၊ ကိုးကွယ် ယုံကြည်မှု အစွဲတွေက ချေချွတ်ရခက်တယ်။ ကိုယ့်ကိုယ် ကို ကိုယ် တော်လှန်ရေး လုပ်နိုင်မှ၊ ကိုယ့် အတ္တ၊ ဆန္ဒစွဲတွေကနေ ဖောက်ထွက်နိုင်လိမ့်မယ်။ အယူဝါဒ အစွဲတွေက၊ နိုင်ငံရေး ဝါဒဖြန့်မှုတွေကနေတစ်ဆင့် ကိုယ့်စိတ်ထဲမှာ စီးဆင်းလာတယ်။ ကိုးကွယ်ရာ အယူဝါဒတွေက၊ မွေးဖွားလာစဉ်ကတည်းက အမေ့ရင်ခွင်ထဲမှာသွတ်သွင်းခံထားရတယ်။ လူမှုအသိုင်း ကိုယ်တိုင်က၊ လူမှုဓလေ့၊ လူမှုအကျင့်စရိုက်တွေကို ငယ်ရွယ်စဉ်ကတည်းက မသိမသာ သွတ်သွင်းခံ ထားရတာတွေက၊ အသက်ကြီးတဲ့ အထိ မသိမသာ အစွဲကြီးအဖြစ် ကပ်ပါလာတယ်။ လူတွေဟာ၊ နိုင်ငံရေးပြဌာန်းချက်တွေ၊ ဘာသာရေး ပြဌာန်းချက်တွေ၊ လူမှုပြဌာန်းချက်တွေရဲ့ သွတ် သွင်း သိမ်းသွင်းမှုကို မသိမသာရော၊ သိသိသာသာရော အမြဲခံနေရတယ်။ ဒါကိုလည်း သူတို့ကိုယ် တိုင် သတိမထားမိဘူး။ တခါတရံလည်း ဒီသွတ်သွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူနေတဲ့ သူတွေ တောင် ရှိသေးရဲ့။ ကိုယ့်ဥာဏ်နဲ့ ကိုယ် စဉ်းစားတတ်မှုကို ခုခံတားဆီးတဲ့ စတုတ္ထမြောက် အားကြီးတဲ့ ဆန္ဒစွဲ စက်ဝန်းဖြစ်ပါတယ်။ (၅) သမာရိုးကျ စက်ဝန်း အစဉ်အလာ၊ သမာရိုးကျ ဘောင်ထဲမနေရုန်းထွက်ဖို့ မကြိုးစားသူတိုင်း၊ သမာရိုးကျ စက်ဝန်းအတွင်း မှာ သေတဲ့ အထိ နေထိုင်သွားရတယ်။ ရှေးထုံးက လုပ်ခဲ့လို့ အခုလည်း၊ ရှေးထုံးကို မပယ်ဘဲ လုပ်ရ မယ်ဆိုတဲ့ အကျင့်က၊ သမာရိုးကျ စက်ဝန်းမှာ ပေါက်ဖွားတဲ့ အကျင့်ဖြစ်တယ်။ သမာရိုးကျ စက်ဝန်းက ရှေးကဆိုတဲ့ အကြောင်းပြချက်နဲ့ ချုပ်ကိုင်ထားတယ်။ ကိုယ်လေးစားယုံကြည်ရတဲ့ သူတွေက လုပ်လို့
  • 14.
    မင်းသေ့ 14 ဆိုပြီး ကိုယ်ကိုယ်တိုင်လည်း သူတို့လိုလိုက်လုပ်အောင်၊ စီရင်ထားတယ်။ ကြောင်းကျိုး မညီညွှတ်စေ ကာမူ၊ သူများတွေလည်း ဒီလိုပဲ လုပ်ကြတာပဲ ဆိုတဲ့ အကြောင်းပြချက်နဲ့၊ လိုက်လုပ်တာလည်း ရှိတယ်။ သမာရိုးကျဘောင်ထဲမှာ နေထိုင်ရတာ အန္တရာယ်ကင်းတယ်၊ လုံခြုံတယ်လို့ လူ့မသိစိတ်က ယူဆထားတယ်။ မသိစိတ်ကိုယ်တိုင်က၊ လုံခြုံမှုကင်းမှာကို မလိုလားဘူး။ စိန်ခေါ်မှုကို ကြောက်တယ်။ စွန့်စားမှုကို ကြောက်တယ်။ ဒါ့ကြောင့် ဖောက်မထွက်ရဲဘူး။ စိန်မခေါ်ရဲဘူး။ သမာရိုးကျ အတွေး ဘောင်ထဲကနေ ဖောက်ထွက်လိုက်တဲ့ အခါ သက်သောင့်သက်သာ မရှိတဲ့ ဇုံထဲ ရောက်သွားသလို ခံ စားရတယ်။ မလုံခြုံတော့သလိုခံစားရတယ်။ ဒါ့ကြောင့်လည်း၊ ကိုယ်နေနေကျ နေရာထဲမှာပဲ ကျောက် ချပြီး နေတယ်။ ဒါဟာ သမာရိုးကျ စက်ဝန်းရဲ့ အတုပ်အနှောင်ပဲ ဖြစ်ပါတယ်။ သမာရိုးကျ စက်ဝန်းရဲ့ အတုပ်အနှောင်ကနေ ရုန်းမထွက်နိုင်သရွေ့ ဝေဖန်မှုလည်း မလုပ်နိုင်ဘူး။ ပိုင်း ခြား စိစစ်တဲ့ အလုပ်ကိုလည်း မလုပ်နိုင်တော့ဘူး။ သမာရိုးကျ စက်ဝန်းဟာ၊ နေ့စဉ်နေတိုင်း၊ အချိန် တိုင်း၊ နေရာတိုင်း၊ လူ့အသိုင်းအဝိုင်းထဲမှာ နေတဲ့လူတိုင်းကို အမြဲတမ်း ခုခံ တားဆီးနေတဲ့ အတွေး ကန့်သတ်မှု အစဉ် ဖြစ်တယ်။ ဒါကို သတိမထားမိတဲ့ သူတိုင်းကတော့၊ လူအုပ်ကြီးနောက် လိုက်ရလိမ့် မယ်။ လူအုပ်ကြီးနောက်ကို ယောင်ခြာခြာ လိုက်နေတဲ့ သူတိုင်းက သမာရိုးကျ စက်ဝန်းထဲမှာ အကျဉ်း ကျနေတဲ့ သူတွေပဲ ဖြစ်တယ်။ အထွေထွေ အတားအဆီးများ - အချက်အလက် စုံစုံလင်လင်မရရင်၊ - စာဖတ်အားနည်းရင်၊ လေ့လာစူးစမ်းမှု အားနည်းရင်၊ - နားထောင်နိုင်စွမ်းနိမ့်ရင် - ဘက်လိုက်ရင် - အစွဲအလမ်းကြီးရင် - အတ္တစွဲ ပြင်းထန်ရင် - အုပ်စုတွေးကနေ ဖောက် မထွက်နိုင်ရင် - (ဂါရဝ) “ ဂါ ” တာ သာယာ မှိန်းမောနေရင်၊ - အကြောင်းမဲ့ တုပနေရင် - အကြောင်းမဲ့ ကွဲထွက်နေရင်၊ - ဒေသစွဲစိတ် အားကြီးနေရင် - သဘောထား သေးသိမ်ရင်၊
  • 15.
    မင်းသေ့ 15 - အမြဲ ပိတ်ထားတဲ့စိတ်အမူအကျင့်ရှိနေရင်၊ - မယုံကြည်ရတဲ့ အကြောင်းတွေရှိနေရင် - ကြောင်းကျိုးမညီတဲ့ ထင်မြင်၊ ယူဆချက်တွေ ရှိနေရင်၊ - သမာရိုးကျ ဘောင်ထဲက မထွက်နိုင်ရင်၊ - လက်တွေ့ကိုချည်း ချည်းကပ်လွန်းနေရင်၊ - အစွဲစိတ် အားကြီးရင်၊ - ရေတိုကိုပဲ ကြည့်ပြီး တွေးရင်၊ - မြင်ချင်တာကိုပဲ ရွေးပြီး ကြည့်တတ်တဲ့ အကျင့်ရှိနေရင်၊ - မှတ်ချင်တာကိုပဲ ရွေးမှတ်တတ်တဲ့ အကျင့်ရှိရင်၊ - စိတ်ခံစားမှု ပြင်းထန်လွန်းရင်၊ - ကိုယ့်ကိုယ်ကို လိမ်ရင်၊ ညာရင်၊ လှည့်စားရင်၊ - ပြောင်းရမှာကို ကြောက်နေရင်၊ စတဲ့ အရာတွေက၊ ဝေဖန်ပိုင်းခြား စိစစ်မှုကို ဟန့်တားတဲ့ စရိုက် အကျင့်တွေ ဖြစ်တယ်။ ကိုယ့်မှာ ဒီ အကျင့်တွေ ရှိသလားဆိုတာကို၊ သတိနဲ့ မေးကြည့်စေချင်တယ်။ ဝိဘဇ္ဇဝါဒီရဲ့ သွင်ပြင် လက္ခဏာ  ဖွင့်ထားတဲ့ စိတ်  ရိုးသားမှု ဓာတ်ခံ  သတ္တိ နဲ့ စိတ်ဇောထက်သန်မှု  သတိအမြဲ ကပ်နေတဲ့ အကျင့်  ဝေဖန် ဆန်းစစ်မှုကို ကြိုဆိုကမ်းလင့်တဲ့ စိတ်ထား  လွတ်လပ်သူ၊ အမှီအခို ကင်းသူ အခြားသူတွေရဲ့ အမြင်၊ ယူဆချက်၊ ထင်မြင်ချက်တွေကို အမြဲတမ်း ဖွင့်ထားတဲ့ စိတ်နဲ့ ချည်းကပ်လေ့ ရှိသူရဲ့ လက္ခဏာဟာ ဝိဘဇ္ဇဝါဒီ တစ်ယောက်ရဲ့ သွင်ပြင် ဖြစ်တယ်။ ငါလည်း မှားတတ်တယ်၊ ငါလည်း မှားနိုင်ချေရှိတယ်လို့ အမြဲ နှလုံးသွင်း ရှုမြင်တတ်တဲ့သူရဲ့ ရိုးသားတဲ့ အတွင်းဓာတ်ခံဟာ ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင်ဖြစ်တယ်။ ပြဿနာတွေ၊ ရှုပ်ထွေးမှုတွေ၊ စိန်ခေါ်မှုတွေကို သတ္တိရှိရှိ ရင်ဆိုင်တတ်တဲ့ သူရဲ့ စိတ်က ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင်ဖြစ်တယ်။ သူ့မှာ အခက်အခဲတွေကို ကျော်လွှားဖို့ ထက်သန်တဲ့ စိတ် ဇော အမြဲ ကိန်းအောင်းနေတတ်တယ်။ ကိုယ့်ကိုယ်တွင်းက ဆန္ဒစွဲ၊ အတ္တစွဲတွေကို သတိတရားနဲ့ အမြဲ
  • 16.
    မင်းသေ့ 16 ကြည့်ရှု ထိန်းသိမ်းတတ်သူဟာ ဝိဘဇ္ဇဝါဒီရဲ့ သွင်ပြင်ဖြစ်တယ်။ အခြားသူတွေက၊ ဝေဖန် ဆန်းစစ်နေ တာကို အမြဲ လက်ကမ်းကြိုဆိုနေသူဟာ ဝိဘဇ္ဇဝါဒီ ရဲ့ လက္ခဏာဖြစ်တယ်။ သဘောထား၊ အမြင် မတူ တာတွေကို ကြောက်ရွံ့ ငြင်းဆန်မနေဘဲ၊ လွတ်လပ်တဲ့ သဘောထား၊ အမြင်တွေကို နားလည်လက်ခံ တတ်တဲ့ စိတ်၊ ဩဇာလွှမ်းမိုးမှု၊ ဝါဒသွတ်သွင်းခံရမှုတွေကနေ အမြဲ လွတ်မြောက်အောင် ကြိုးစားနေ တဲ့ လွတ်လပ်သူတစ်ယောက်ဟာ ဝိဘဇ္ဇဝါဒီ ရဲ့ သွင်ပြင် ဖြစ်တယ်။ အကျိုး ရလဒ် ဝေဖန် ပိုင်းခြား စိစစ်ရင် ဘာရမှာလဲ၊ ဘာဖြစ်မှာလဲ ဆိုတဲ့ မေးခွန်းရှိရင်၊ ဖြေကြည့်ရအောင်။ နံပါတ် (၁) ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ သူများခေါင်းနဲ့ အသက်ရှင်စရာမလိုတော့ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဥာဏ်နဲ့ ကိုယ် ရပ်တည် ရှင်သန်နိုင်တဲ့ သူတစ်ယောက်ဖြစ်လာမယ်။ လွတ်လပ်တဲ့သူတစ် ယောက်ဖြစ်လာမယ်။ တစ်ခုခုကို မှီခို ကပ်ရပ်ရှင်သန်နေတဲ့ ကပ်ပါးကောင်အဖြစ်ကနေ လွတ်မြောက် လာမယ်။ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှင်တဲ့ သူ မဖြစ်တော့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ် တည်နိုင်တဲ့သူဖြစ်လာမယ်။ သူ.များတကာထက် ခေါင်းတစ်လုံးသာတဲ့ သူဖြစ်လာမယ်။ ကိုယ့်အယူ အဆ၊ ကိုယ့်ဘဝခံယူချက်၊ ကိုယ့် ယုံကြည်ချက်တွေ ခိုင်မာ အသက်ဝင်လာမယ်။ နံပါတ် (၂) လုပ်ငန်းခွင်မှာ၊ ထိရောက်တဲ့ စွမ်းရည်တွေ ရလာမယ်။ အမြဲ သူများခိုင်းတာကိုလုပ်နေရ မယ့်သူ မဟုတ်တော့ဘူး။ ဦးဆောင်တဲ့သူအဖြစ်၊ အများက လက်ခံလာမယ်။ ခေါင်းဆောင်အဖြစ်၊ နေ ရာပေးလာကြလိမ့်မယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေ ပိုထိရောက်လာလိမ့်မယ်။ ကိုယ့်ဟာ ဝေးဝေးကို မြင်နိုင်တဲ့သူ၊ အမြော်အမြင်ရှိတဲ့သူအဖြစ်၊ ဖြစ်လာပြီး အခွင့်အလမ်းတွေက၊ ကိုယ့်ဆီကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလိမ့်မယ်။ နံပါတ် (၃) တကယ် ပညာတတ်တဲ့သူဖြစ်လာမယ်။ သာမန် ဘွဲ့ရပညာတတ်တဲ့ မည်ကာမတ္တ ပညာ တတ်အဆင့်ကနေ တစ်ဆင့်မြင့်လာတဲ့သူဖြစ်မယ်။ ယထာဘူတကျကျ၊ သုံးသပ်ဆင်ခြင်နိုင်တဲ့ အသိ ဥာဏ်မျိုးရလာလိမ့်မယ်။ လူ့ဘဝကိုရလာတာ ကိုယ့်ပိုင်အသိကို အတတ်နိုင်ဆုံး အမြင့်ဆုံးရောက် အောင် ရှာဖွေဖို့ မဟုတ်လား။ ဘဝမှာရော၊ အသိဥာဏ်မှာရော၊ သူများနောက်လိုက် မဖြစ်တော့ဘူး။ လူအုပ်ကြီးနောက် ယောင်ဝါးလိုက်နေရတဲ့ လူအဖြစ်ကနေ ကင်းလွတ်လာလိမ့်မယ်။ ဒါတွေက၊ ဝေဖန် ပိုင်းခြား စိစစ်ခြင်းရဲ့ ရလဒ်တွေ ဖြစ်ကောင်းဖြစ်မှာပေါ့။ စာပြီးချိန် - ည ၁၀း ၀၆ (၂၀၊ အောက်တိုဘာ၊ ၂၀၁၆ / ဝန်းသိုမြို့်)