SlideShare a Scribd company logo
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံသားဖြစ်မှု
မင်းသေ့
ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။
နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို
ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော
အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ
ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံသားဖြစ်မှု
မင်းသေ့
ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။
နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို
ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော
အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ
ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံသားဖြစ်မှု
မင်းသေ့
ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။
နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို
ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော
အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ
ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။
အယ်ဒီတာ
မင်းသေ့
2
နိုင်ငံသားဖြစ်မှု
၁။ နိုင်ငံသားဖြစ်မှု (CITIZENSHIP)
နိုင်ငံသားဖြစ်မှုဆိုသည့်ဝေါဟာရကို အကြမ်းဖျင်းအားဖြင့် အခြေအနေ (၂) ရပ်ပေါ်မူတည်၍
အဓိပ္ပာယ် ခွဲဆိုနိုင်သည်။ ၎င်း အခြေအနေ(၂) ရပ်မှာ- City State နှင့် Nation State ဆိုသည့် ဒေသ
ပုံစံ ကွဲပြားမှုပင် ဖြစ် သည်။
နိုင်ငံသားဖြစ်မှုကို နိုင်ငံရေးသဘောတရား၏ ဖခင်ကြီး အရစ္စတိုတယ်က ဤသို့ အဓိပ္ပာယ်
ဖွင့်ဆိုခဲ့သည်။
City State တွင် --- နိုင်ငံသားဟူသည် အစိုးရတာဝန်ကို မျှဝေရယူပိုင်ခွင့် နှင့် ဂုဏ်ထူးဝိသေသ၊ အခွင့်
အရေးများကို တိုက်ရိုက် ခံစားပိုင်ခွင့် ရှိသောသူဖြစ်သည်။
Nation State တွင် - - - နိုင်ငံသားဟူသည် အစိုးရတာဝန်ကို ဥပဒေအကြောင်းအရ ကိုယ်စားပြု၍
နိုင်ငံတော် အစိုးရ၏တာဝန်ကို သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ခွင့်ရသောသူ ဖြစ်သည်။
အကြောင်းမှာ City State တွင် လူအနည်းစုသော လူဦးရေသာရှိသော တိုင်းနိုင်ငံအမျိုးအစားဖြစ်
သဖြင့်နိုင်ငံသားအားလုံး သည် တစ်နေရာတည်းတွင် အလွယ်တကူ အတူတကွ စုဝေးနိုင်သည်။ ထိုသို့
စုဝေး၍ အုပ်ချုပ်ရေးတာဝန်များကို အများသဘောညီ ရွေးချယ်တာဝန်ခန့်အပ်နိုင်သော အခြေအနေကို
ရရှိစေသည်။ ထို့ကြောင့် ၎င်းနိုင်ငံအမျိုးအစားတွင် နိုင်ငံသား များသည် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့
များတွင် တိုက်ရိုက်ပါဝင်ပက်သက်ပိုင်ခွင့်ရှိကြသည်။ ထို့အတူ နိုင်ငံအတွင်း မိမိ၏စွမ်းရည်ကို အသိ
အမှတ်ပြုသော ဂုဏ်ထူး၊ အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိကြသည်။ ထိုသို့သော ပါဝင်ခွင့်၊ ပိုင်ဆိုင်ခွင့်
နှစ်ရပ်ကို ရရှိထားသူကို နိုင်ငံသားဖြစ်သည် ဟု ဆိုနိုင်သည်။
Nation State တွင် နိုင်ငံအတွင်း ပြည်သူလူထုအရေအတွက်သည် များပြားလာသည့် အခြေအနေ
တွင်ရှိနေသောကြောင့် အများ၏ ဆန္ဒသဘောထားကို ရရှိစေရန် တစ်နေရာတည်းတွင် အားလုံး
အတူတကွစုဝေးနိုင်ခြင်း မရှိတော့ချေ။ ထိုသို့သော အခြေအနေများကြောင့် ပြည်သူများသည်
မိမိတို့ကို ကိုယ်စားပြုသော ကိုယ်စားပြုခံလူတစ်ဦး (သို့မဟုတ်) ကိုယ်စားပြုသည့်လူတစ်စုအား
ရွေးချယ်၍ နိုင်ငံအတွင်း အစိုးရ၏ တာဝန်ဝတ္တရားများကို သွယ်ဝိုက်၍ ပါဝင်ခွင့်ရကြသည်။ ထိုကိုယ်
စားပြုခံလူတို့အား ဥပဒေအရ စည်းမျဉ်းများ ရေးဆွဲ၍ ဥပဒေအတိုင်း အရည်အချင်းပြည့်မှီသူတို့အား
ရွေးချယ် ကိုယ်စားပြုစေသည်။ ထိုသို့ ကိုယ်စားပြုရွေးကောက်သည့် နည်းစနစ်တရားဝင်ပေါ်ပေါက်
လာသောအခါ မဲပေးပိုင်ခွင့်သည် နိုင်ငံသားတစ်ဦး၏ တရားဝင်အခွင့်အရေးဖြစ်လာသည်။
City State နှင့် Nation State ဆိုသည့် နိုင်ငံမျိုးကွဲ နှစ်ရပ်ပေါ်မူတည်၍ အဓိကကွဲပြားသွားသော
အချက်သည် City State တွင် အစိုရအစိတ်အပိုင်းများမှာ တိုက်ရိုက်ပါဝင်ပက်သက်ပိုင်ခွင့်နှင့် Nation
မင်းသေ့
3
State တွင် မဲပေးပိုင်ခွင့် ဆိုသည့် အခွင့်နှစ်ရပ်သည် အသွင်ပြောင်း၍ ကွဲပြားလာသည်။ ထိုအခွင့်
အရေး ရရှိသူကို ထိုနိုင်ငံ၏ နိုင်ငံသားဟု သတ်မှတ်နိုင်ပြီး ထိုနိုင်ငံသားဖြစ်လျှင်လည်း ထိုအခွင့်အရေး
ရရှိရမည် ဖြစ်သည်။ ထိုအခွင့်အရေးမရရှိသောနိုင်ငံသားကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးသူဟု
သတ်မှတ်နိုင်ပြီး ထိုအခွင့်အရေးရရှိမှလည်း ထိုနိုင်ငံသားဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
၁.၁။ နိုင်ငံသားဟူသည်
နိုင်ငံသားဟူသည် နိုင်ငံရေးအသိုက်အဝန်း၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုလူများသည် နိုင်ငံကို ပုံဖော်
တည်ဆောက်သည့် သူများဖြစ်သည်။ ထိုလူများ၏ တစ်ဦးချင်းအခွင့်အရေးများကို အခြေခံ
ဘုံအခွင့်အရေးများအဖြစ် အများစုဆန္ဒအရ အတည်ပြု သတ်မှတ်ပြီး အကာအကွယ်ပေးခြင်း ခံရသူကို
နိုင်ငံသားဟု ခေါ်သည်။
နိုင်ငံသားဖြစ်မှု
နိုင်ငံသားတစ်ဦးသည် နိုင်ငံတစ်နိုင်ငံ၏ အဖွဲ့သားပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးသည်
နိုင်ငံအတွင်း နေထိုင်သူဟု အဓိပ္ပာယ်သက်ရောက်သည်။ ၎င်းအပြင် နိုင်ငံသားတစ်ဦးသည်
ထိုနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားတစ်ဦး ရသင့်ရထိုက်သော အခွင့်အရေးများကို
ရရှိထားသူလည်း ဖြစ်သည်။
ရှေးယခင်ကာလက ဂရိနှင့် ရောမတို့တွင် နေထိုင်သည့်နိုင်ငံသားများသည် ကန့်သတ်ခံရသည့်
အကြောင်း အချက်များရှိသည်။ ၎င်းတို့မှာ - နိုင်ငံ၏တာဝန်ဝတ္တရားများတွင် တက်တက်ကြွကြွပါဝင်
ထမ်းဆောင်နိုင်စွမ်းရှိသောသူများ ကိုသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဥပမာ -
မိန်းမများ၊ ကျေးကျွန်များ၊ ဆွံ့အနားမကြား၊ ဒုက္ခိတများ ကလေးသူငယ်များကို နိုင်ငံသားအဖြစ်
အသိအမှတ်ပြုခြင်း မရှိချေ။
ဂရိတို့၏ နိုင်ငံသားဖြစ်မှုဆိုသော အဓိပ္ပာယ်သည် နိုင်ငံ၏အဖွဲ့သားတစ်ဦးအဖြစ်ထက်များစွာ
ပိုမိုသည်။ နိုင်ငံသားဖြစ်မှု ဟူသည် တာဝန်တစ်ရပ်ပင်ဖြစ်သည်ဟု ဆိုသည်။ ၎င်းတာဝန်သည် နိုင်ငံ
အတွင်းရှိသည် လူဦးရေ ကြီးမားလျှင် ကြီးမားသလောက် ထိုလူဦးရေအချိုးအစားနှင့် ညီမျှသော
တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နိုင်သည့် အတတ်၊ အသိရှိသောသူကို ဆိုလိုသည်။ ထိုသို့သော
စွမ်းရည်ရှိသူသာ ဂရိတို့သည် နိုင်ငံသားအဖြစ်အသိအမှတ်ပြုသည်။
ဂရိတို့၏ နိုင်ငံသားဖြစ်မှုကို အချုပ်ဆိုရသော်
နိုင်ငံသားဖြစ်မှုဆိုသည်မှာ နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နိုင်သည့်စွမ်းရည်ရှိသူကိုသာ
နိုင်ငံသားဖြစ်နိုင်သည် ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
မင်းသေ့
4
Citizen ဆိုသည့် နိုင်ငံသား ဟူသော စကားလုံးတွင် အောက်ပါအချက်အလက်များပါဝင်နေသည်။
- နိုင်ငံသားသည် နိုင်ငံတစ်နိုင်ငံအတွင်း အမြဲတမ်းနေထိုင်သူ ဖြစ်သည်။
- နိုင်ငံသားသည် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို လျစ်လျူမရှုပဲ နိုင်ငံတော်၏ကျေးဇူးသစ္စာ
ကိုစောင့်သိရမည်။
တဖန် နိုင်ငံသား ဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သေးသည်။
နိုင်ငံသားဟူသည် နိုင်ငံတစ်ခုအတွင်း အမြဲတမ်းအဖွဲ့သားတစ်ဦးဖြစ်ပြီး ဥပဒေအရ တာဝန်နှင့်
အခွင့်အရေးများ ပေါင်းစည်း၍ ရရှိထားသောသူပင် ဖြစ်သည်။
၁.၂။ နိုင်ငံသားအမျိုးအစားများ
နိုင်ငံသားအမျိုးအစားကိုအကြမ်းဖျင်းအားဖြင့် အမျိုးအစား (၂)မျိုးခွဲခြား၍ ရနိုင်သည်။
(၁) မွေးရာပါ နိုင်ငံသား နှင့်
(၂) နိုင်ငံသားအဖြစ်ခံယူထားသည့်နိုင်ငံသား ဟူ၍ (၂) မျိုးရှိသည်။
မွေးရာပါနိုင်ငံသားကို Natural Citizen ဟု ခေါ်၍ နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသားကို
Naturalized Citizen ဟု ခေါ်သည်။
နိုင်ငံသားအဖြစ်ခံယူထားသည့်နိုင်ငံသား
နိုင်ငံသားအဖြစ်ခံယူထားသည့် နိုင်ငံသားသည် အခြားသောနိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားအဖြစ်
သို့ ကူးပြောင်းလာ သောသူ ဖြစ်သည်။
မွေးရာပါနိုင်ငံသား
မွေးရာပါနိုင်ငံသားသည် နိုင်ငံသားအဖြစ်ခံယူထားသောနိုင်ငံသားနှင့် မတူညီသော အခွင့်
အရေးများရရှိသည်။ ဥပမာ- အမေရိကန် မွေးဖွားသောနိုင်ငံသားသာလျှင် အမေရိကန်သမ္မတ
ဖြစ်ခွင့်ရှိသည်ဆိုသည့် အခွင့်အရေးမျိုး။
၁.၃။ Citize & Subject
Citizen သည် နိုင်ငံသားအခွင့်အရေး (Civil Right) နှင့် နိုင်ငံရေးအခွင့်အရေး (Political
Right) (၂) မျိုးစလုံး ရရှိထားသူဖြစ်သည်။
Subject သည် နိုင်ငံသားအခွင့်အရေး (Civil Right) (၁) မျိုးတည်းသာရရှိပြီး နိုင်ငံရေး
အခွင့်အရေး (Political Right) မရရှိသော နိုင်ငံသားအမျိုးအစားဖြစ်သည်။
၁.၄။ Citizen & Elector
Elector ဆိုသည်မှာ မဲပေးပိုင်ခွင့်ရှိသူဖြစ်သည်။ သို့သော် နိုင်ငံသားတိုင်း (Citizen) သည်
မဲပေးပိုင်ခွင့်ရှိသူများဖြစ်သည်ဟု မှတ်ယူ၍ မရ။ မဲပေးပိုင်ခွင့်ရှိသူတိုင်းလည်း နိုင်ငံသားများ မဟုတ်
ကြချေ။
မင်းသေ့
5
နိုင်ငံသားတစ်ဦး၏သား(သို့မဟုတ်)ဇနီးသည် နိုင်ငံသားတစ်ဦးဖြစ်သည်။ သို့သော် ၎င်းသည်
မဲပေးပိုင်ခွင့်ရှိသူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ဥပမာ - အမေရိကန်တွင် မဲပေးသူပေါင်းများစွာ ရှိသည်။
သို့သော် ၎င်းတို့အားလုံးသည် နိုင်ငံသားများ မဟုတ်ကြချေ။ ဆိုလိုရင်းအဓိပ္ပာယ်ကား - နိုင်ငံသား
ဖြစ်မှု/မဖြစ်မှုကို မဲပေးပိုင်ခွင့် ရှိမှု/မရှိမှုဖြင့် ဆုံးဖြတ်ရန်မသင့် ဆိုသည့် အချက်ကို သတိပြုရန်ပင်
ဖြစ်သည်။
၁.၅။ Citizen & Alien
Alien ဆိုသည်မှာ နိုင်ငံခြားသားဖြစ်သည်။ နိုင်ငံတစ်ခုအတွင်း ယာယီအားဖြင့် နေထိုင်သော
သူသည် နိုင်ငံခြားသားဖြစ်သည်။ ၎င်းသည် ယင်းနိုင်ငံသားမဟုတ်ချေ။ Citizen သည် နိုင်ငံ
အတွင်း အမြဲနေထိုင်သူဖြစ်သည်။ နိုင်ငံသား(Citizen) နှင့် နိုင်ငံခြားသား(Alien) နှစ်ဦးစလုံး
သည် မိမိတို့၏အသက်နှင့် ပစ္စည်းဥစ္စာများအား ၎င်းတို့၏ ဆိုင်ရာနိုင်ငံများထံမှ ဥပဒေအရ
အကာအကွယ်ပေးထားခြင်း ခံရသူများဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဆိုင်ရာ နိုင်ငံများတွင်
ပြဌာန်းထားသောဥပဒေကိုလေးစားလိုက်နာကြရသည်။ပြဌာန်းသတ်မှတ်ထားသော အခွန်အခ
များကို ပေးဆောင်ရမည်။
နိုင်ငံခြားသားများသည် မိမိနိုင်ငံမှ ထွက်ခွာ၍ အခြားနိုင်ငံသို့ ယာယီအားဖြင့်နေထိုင်သူများ
ဖြစ်သည့်အတွက် မိမိ နိုင်ငံ၏တိုက်ရိုက်အကာအကွယ်ပေးမှုကို မမျှော်လင့်နိုင်ပေ။ သို့သော်
နိုင်ငံပြင်ပသို့ရောက်ရှိနေသော မိမိနိုင်ငံသားများ၏ အကျိုးစီးပွားထိခိုက်မှုမရှိအောင် စောင့်
ကြည့် အကာအကွယ်ပေးမှုသဘောမျိုးကား ရရှိပေသည်။
နိုင်ငံသားသည် နိုင်ငံ၏ဥပဒေပြဌာန်းချက်အောက်တွင် နေထိုင်ကြရသည်။ နိုင်ငံခြားသားသည်
မိမိယာယီနေထိုင်သည့် နိုင်ငံ၏ ဥပဒေပြဌာန်းချက်အောက်တွင် မရှိချေ။ စစ်မှုမထမ်းမနေရ
ဆိုသည့် ဥပဒေမျိုးကို နိုင်ငံခြားသားသည် လိုက်နာရန် မလိုချေ။ ထို့အတူ နိုင်ငံအတွင်း
ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လျှင်လည်း နိုင်ငံသားသည် ပြစ်မှုအလျှောက် ထိုက်သင့်သော
ပြစ်ဒဏ်ကို ကျခံစေရသော်လည်း နိုင်ငံခြားသားသည် ထိုပြစ်မှုမျိုးကျူးလွန်ပါက ထိုပြစ်ဒဏ်ကို
ကျူးလွန်စေသောနိုင်ငံတွင် ပြစ်ဒဏ်ခံစေမှ ခံနိုင်သည်။ ပြစ်ဒဏ်မှ ကင်းကွာခြင်းမျိုးလည်း
ရှိနေနိုင်သည်။
သို့သော် အထူးသတိပြုရန် အချက်ကား နိုင်ငံခြားသားသည် နိုင်ငံသားတစ်ဦးကဲ့သို့ နိုင်ငံရေး
အခွင့်အရေးမျိုး ရရှိမည် မဟုတ်ချေ။ ဥပမာ - အင်္ဂလန်တွင် နိုင်ငံခြားသားတစ်ဦးသည်
ပစ္စည်းဥစ္စာ များကို ဝယ်ယူပိုင်ဆိုင်ခွင့်ရှိသည်။ တရားစွဲဆိုပိုင်ခွင့်ရှိသည်။ တရားစွဲဆိုခြင်း ခံရ
နိုင်သည်။ သို့သော် မြူနီစီပယ်ရုံးများ၊ ပါလီမန်များတွင် မဲပေးပိုင်ခွင့် မရှိချေ။ တရားရုံးများတွင်
လည်း ဂျူရီလူကြီးမင်းများနေရာတွင် အရွေးခံပိုင်ခွင့်မရှိချေ။
မင်းသေ့
6
၁.၆။ Citizen & Nationals
နိုင်ငံသားသည် နိုင်ငံသားအခွင့်အရေး (Civil Right)နှင့် နိုင်ငံရေးအခွင့်ရေး(Political Right)
အပြည့်အဝရရှိ သောသူဖြစ်သည်။ Nationals သည် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိ
သော်လည်း နိုင်ငံရေးအခွင့်အရေး အပြည့်အဝမရရှိသောသူဖြစ်သည်။ နိုင်ငံရေးအခွင့်အရေး
လုံးဝ မရရှိဟု ဆိုလိုခြင်း မဟုတ်ကြောင်း သတိချပ်ရန် လိုအပ်သည်။ Citizen တစ်ဦးထက်
နိုင်ငံရေးအခွင့်အရေး အပြည့်အဝမရရှိသောသူသည် Nationals ဖြစ်သည်။
National သည် နိုင်ငံသားပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးအခွင့်အရေးတွင် အပြည့်အဝ
မရရှိခြင်းကြောင့် Nationals ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ Nationals သည် နိုင်ငံသား
ကဲ့သို့ပင် နိုင်ငံတော်၏ သစ္စာကို စောင့်သိရန် တာဝန်ရှိပေသည်။ Nationals တစ်ဦးသည်
ပြည်ပသို့ရောက်ရှိနေခိုက်တွင် မဲပေးပိုင်ခွင့် မရှိတော့ချေ။ သို့သော်နိုင်ငံတော်၏ထိန်းချုပ်မှု
အောက်တွင်ရှိနေသေးသည်။
၂။ နိုင်ငံသားဖြစ်မှု အမျိုးအစားများ (Types of Citizenship)
နိုင်ငံသားဖြစ်မှုကို အမျိုးအစားခွဲခြားရာတွင် နည်းလမ်း (၃) မျိုးဖြင့် ခွဲခြားသတ်မှတ်ကြသည်။ ၎င်းတို့မှာ
(၁) မွေးဖွားခြင်းဖြင့်ဖြစ်လာသော နိုင်ငံသား အမျိုးအစား
(၂) နိုင်ငံသားအဖြင့်ခံယူခြင်းဖြင့် ဖြစ်လာသောနိုင်ငံသားအမျိုးအစား နှင့်
(၃) လက်အောက်ခံနိုင်ငံအဖြစ်သိမ်းပိုက်ခြင်းမှ ဖြစ်လာသော နိုင်ငံသားအမျိုးအစား ဟူ၍
နည်းလမ်း(၃) မျိုးဖြင့် ခွဲခြားသတ်မှတ်ကြသည်။
ထိုနည်းလမ်းများဖြင့် ဖြစ်လာသောနိုင်ငံသားများသည် အောက်ပါနိုင်ငံသားများအဖြစ် အသီးသီး
အသိအမှတ်ပြု ကြသည်။
(၁) Natural Citizen မွေးရာပါနိုင်ငံသား
(၂) Naturalized Citizen နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသား နှင့်
(၃) Annexation Citizen လက်အောက်ခံနိုင်ငံသား
- မွေးရာပါနိုင်ငံသားဟူသည် သွေးသားတော်စပ်မှုအရလည်းကောင်း၊ မွေးဖွားသည့်ဒေသကို
မူတည်၍ လည်းကောင်း နိုင်ငံသားဖြစ်လာသော သဘောဖြစ်သည်။
- နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသားဟူသည် နိုင်ငံသားဖြစ်ခွင့်ကိုခံယူခြင်းအရ နိုင်ငံသား
ဖြစ်လာသော သဘောဖြစ်သည်။
- လက်အောက်ခံနိုင်ငံသားဟူသည်အသိမ်းပိုက်ခံနယ်မြေမှပြည်သူများက သိမ်းပိုက်ထားသော
နိုင်ငံ၏ နိုင်ငံသား အဖြစ် အလိုအလျောက် ကျရောက်သွားသော သဘောဖြစ်သည်။
မင်းသေ့
7
၂.၁။ မွေးရာပါနိုင်ငံသား (Natural Citizen)
မွေးရာပါနိုင်ငံသားတွင် ပုံစံ (၂) မျိုးဖြင့် မွေးရာပါနိုင်ငံသားဖြစ်လာခြင်းဖြစ်သည်။ မွေးရာပါ
နိုင်ငံသားဖြစ်လာခြင်း ပုံစံ (၂) မျိုးမှာ -
(၁) သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်း
(Jus Sanguinis – Rule of Blood Relation) နှင့်
(၂) မွေးဖွားသည့် နိုင်ငံ/ဒေသကို မူတည်၍ နိုင်ငံသားဖြစ်လာခြင်း
(Jus Soli or Jus Loci – Rule of Place of Birth) ဟူ၍ ပုံစံ (၂) မျိုးရှိသည်။
(၁) သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်း - Jus Sanguinis
သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်းဟူသည် နိုင်ငံသားတစ်ဦး၏ သား၊သမီးသည်
ဖခင်ဖြစ်သူ (သို့မဟုတ်) မိခင်ဖြစ်သူ၏ နိုင်ငံမှ နိုင်ငံသားအဖြစ် အလိုအလျောက် ရောက်ရှိသွားခြင်းကို
ဆိုလိုသည်။ ဥပမာ - အမေရိကန်နိုင်ငံသားတစ်ဦး မွေးဖွားခဲ့သော သားသမီးသည် အလိုအလျောက်
အမေရိကန်နိုင်ငံသားဖြစ်သွားသည်။ ပြင်သစ်နှင့် အီတလီနိုင်ငံများသည် ၎င်းနည်းလမ်းအတိုင်း
နိုင်ငံသားဖြစ်ခြင်းကို သတ်မှတ်ထားသည်။
(၂) မွေးဖွားသည့်နိုင်ငံကိုမူတည်၍ နိုင်ငံသားဖြစ်လာခြင်း - Jus Soli
မွေးဖွားသည့်နိုင်ငံကို မူတည်၍ နိုင်ငံသားဖြစ်လာခြင်းဟူသည် မိမိမွေးဖွားရာဇာတိဖြစ်သော
နိုင်ငံကိုလိုက်၍ ၎င်းနိုင်ငံ၏နိုင်ငံသားအဖြစ် အလိုအလျောက် ရောက်ရှိသွားခြင်းကို ဆိုလိုသည်။ ဥပမာ
- အမေရိကန်နိုင်ငံတွင် မွေးဖွားသောသူသည် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ မိဘသည်
အမေရိကန်နိုင်ငံသားဖြစ်စရာ မလိုချေ။ အမေရိကန်နိုင်ငံတွင် မွေးဖွားသည့် မည်သည့်နိုင်ငံသား၏
သားသမီးမဆို အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ အာဂျင်တီးနားနိုင်ငံသည် ၎င်းနည်းလမ်းအတိုင်း
နိုင်ငံသားဖြစ်ခြင်းကို သတ်မှတ်ထားသည်။
အထက်ပါ နိယာမ(၂)သွယ်ကြောင့် နိုင်ငံသားမိဘ၏ သားသမီးသည် နိုင်ငံခြားသားဖြစ်နိုင်သကဲ့သို့
နိုင်ငံခြားသားမိဘ၏ သားမမီးသည်လည်း နိုင်ငံသားဖြစ်နေနိုင်သည် ဟူသော အချက်များကို သတိချပ်
ရန်လိုအပ်သည်။
အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့တွင် အထက်ပါ နည်းလမ်း(၂)မျိုးလုံးကို ပြဌာန်းထားသည်။
၎င်းတို့သည် မိမိနိုင်ငံသားဖြစ်သူတို့အတွက် Jus Sanguinis နည်းလမ်းကို အသုံးပြု၍ နိုင်ငံခြားသား
များအတွက် Jus Soli နည်းကို အသုံးပြုကြသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် အမေရိကန်
မိဘနှစ်ပါးမှ မွေးဖွားလာသောသားသမီးများသည် အမေရိကန်နိုင်ငံသားများဖြစ်လာကြသည်။ ထို့အတူ
အမေရိကန်တွင်မွေးဖွားသော နိုင်ငံခြားသားမိဘများ၏သားသမီးများသည်လည်း အမေရိကန်နိုင်ငံ
သားများ ဖြစ်လာကြသည်။ ဤနည်းဖြင့် ကမ္ဘာအနှံ့အပြားတွင် အမေရိကန်နိုင်ငံသားများ ပိုမိုများပြား
လာပေသည်။
မင်းသေ့
8
ထိုသို့သော နည်းလမ်းများကို အမေရိကန်နိုင်ငံကဲ့သို့ အခြားသောနိုင်ငံများကလည်း ကျင့်သုံးကြသည်
ဖြစ်၍ Double Nationality ဆိုသည့် နှစ်ထပ်ကွမ်းနိုင်ငံသားဖြစ်မှုသည် မြင့်တက်လာခဲ့သည်။
ဥပမာ အနေအားဖြင့် အမေရိကန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကို ဥပမာပြ၍ တင်ပြပါမည်။
အမေရိကန်နိုင်ငံတွင် ပြင်သစ်မိဘနှစ်ပါး၏သားသမီးဖြစ်လျှင် ပြင်သစ်နိုင်ငံသားအဖြစ်လည်းကောင်း၊
အမေရိကန်နိုင်ငံသားအဖြစ်လည်းကောင်း တိတိကျကျသတ်မှတ်ရန် လိုလာသည်။ အကယ်၍
နှစ်နိုင်ငံသားအဖြစ်ရှိနေလျှင် ပြဿနာတစ်ခုမက ရှိနေနိုင်သည်။ ဥပမာ ပြင်သစ်နိုင်ငံနှင့် အမေရိကန်
နိုင်ငံတို့ စစ်ဖြစ်ပွားခဲ့လျှင် မိမိတို့ဆိုင်ရာနိုင်ငံအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတစ်ဦးတွင်
တာဝန်ရှိလာသည်။ ထိုတာဝန်ကို နှစ်နိုင်ငံသားခံယူထားသော နိုင်ငံသားသည် မည်သည့်နိုင်ငံ၏
စစ်မှုထမ်းအဖြစ်ဆောင်ရွက်ပါမည်နည်း။ ၎င်းပြဿနာသည် နှစ်နိုင်ငံစစ်ဖြစ်ပွားသောအချိန်တွင်
ဖြစ်လာနိုင်သော နိုင်ငံသားရေးရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။
ထို့ကြောင့်နိုင်ငံသားတို့၏ အခွင့်အရေးနှင့်တာဝန်တို့ကို ပြဌာန်းသတ်မှတ်ရာတွင် ရှင်းလင်းပြတ်သား
တိကျစွာ ပြဌာန်းသတ်မှတ်ရန်လိုအပ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံသားဖြစ်သူသည်
မည်သည့်နိုင်ငံ၏နိုင်ငံသားဖြစ်လိုသည် ဆိုသည်ကို ရွေးချယ်ခွင့်ပြုရန်လိုအပ်သည်။ နိုင်ငံသားဖြစ်မှု
နှင့်ပက်သက်၍ မည်သည့်နိုင်ငံသားဖြစ်သည်ဆိုသည်ကို နိုင်ငံတော်က အသိအမှတ်ပြုသည်ဆိုလျှင်
နိုင်ငံအချင်းချင်း ပြဿနာများသည် ပိုမိုများပြားကျယ်ပြန့်လာနိုင်သော အခြေအနေတွင် ရှိသည်။
၂.၂။ နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသား (Naturalized Citizen)
နိုင်ငံခြားသားမှ နိုင်ငံသားအဖြစ်ခံယူထားသောနိုင်ငံသားဖြစ်လာပုံသည် ပြဌာန်းချက်အမျိုးမျိုး
ရှိနေသည်။ ပြဌာန်းချက်အမျိုးမျိုးဆိုသည်မှာ ပြဌာန်းချက်ပုံစံ၊ ပုံသဏ္ဍာန်အမျိုးမျိုးကို ဆိုလိုသည်။
၎င်းပုံစံ၊ ပုံသဏ္ဍာန်အမျိုးမျိုးကို အောက်ပါအတိုင်းတွေ့နိုင်သည်။
 လက်ထပ်ထိမ်းမြှားခြင်းဖြင့်သော်လည်းကောင်း
 ဥပဒေပြဌာန်းချက်အရ တရားဝင်ဖြစ်လာခြင်းဖြင့်သော်လည်းကောင်း
 နိုင်ငံသားအဖြစ်ခံယူခြင်းဖြင့်သော်လည်းကောင်း
 နိုင်ငံအတွင်း ဓနဥစ္စာပိုင်ဆိုင်မှုဖြင့်သော်လည်းကောင်း
 နိုင်ငံအတွင်း ကာလရှည်ကြာနေထိုင်ခြင်းဖြင့်သော်လည်းကောင်း
 ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းဖြင့်သော်လည်းကောင်း
 အသိမ်းပိုက်ခံနိုင်ငံမှ နိုင်ငံသားဖြစ်လာခြင်းဖြင့်သော်လည်းကောင်း
ပုံစံ အမျိုးမျိုးဖြင့် နိုင်ငံခြားသားမှ နိုင်ငံသားဖြစ်လာသောပုံသဏ္ဍာန်များ များစွာရှိနေနိုင်သည်။ အသိမ်း
ပိုက်ခံနိုင်ငံမှ နိုင်ငံသားဖြစ်လာခြင်းကို ဥပမာပြရလျှင် အင်္ဂလိပ်တို့သိမ်းပိုက်ထားသော ကိုလိုနီနိုင်ငံ
မင်းသေ့
9
တစ်ခုဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားများသည် အင်္ဂလိပ်လက်အောက်ကျရောက်သော
ကာလအတွင်း ဗြိတိသျှနိုင်ငံသားများ အလိုအလျောက် ဖြစ်သွားကြသည် ဆိုသည့်ဥပမာပင်ဖြစ်သည်။
နိုင်ငံသားအပြည့်အဝဖြစ်ခွင့်၊ မဖြစ်ခွင့်သည် နိုင်ငံတစ်ခုနှင့် တစ်ခု ကွဲပြားကြသည်။ နိုင်ငံတစ်နိုင်ငံ
နှင့်တစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့် ဥပဒေပြဌာန်းချက်များသည် မတူညီခြင်းကြောင့်ဖြစ်သည်။ ထိုသို့ကွဲပြား
ကြရခြင်း၏ အကြောင်းအရင်းသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြစ်တည်မှု အခြေအနေများ မတူညီ
ခြင်းကြောင့်ဖြစ်သည်။
နိုင်ငံသားဖြစ်ခွင့်နှင့် ပက်သက်၍ ပြဌာန်းချက် အမျိုးမျိုးရှိသည့်အနက် ပြဌာန်းချက် (၅) မျိုးကို တွေ့နိုင်
သည်။ ၎င်းပြဌာန်း ချက် (၅) မျိုးမှာ -
ပြဌာန်းချက် (၁) နိုင်ငံတစ်နိုင်ငံတွင် ဥပဒေအရ တိကျသောကာလအတိုင်းအတာတစ်ခုအထိ
နေထိုင်ပြီးပါက နိုင်ငံသား ဖြစ်ခွင့် ရှိသည်။
( ဥပမာ - အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံတို့တွင် အနည်း
ဆုံး ၎င်းနိုင်ငံတွင် (၅) နှစ်နေထိုင်ပြီးပါက ၎င်းနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ ဂျပန်
နိုင်ငံတွင်ဂျပန်အမျိုးသမီးတစ်ဦးအား လက်ထပ်ထိမ်းမြားခြင်းဖြင့်လည်း နိုင်ငံသား
ဖြစ်ခွင့်ရှိသည်။ ပြင်သစ်နိုင်ငံတွင် ပြင်သစ်နိုင်ငံသားဖြစ်ရန် ပြင်သစ်နိုင်ငံအတွင်း
အနည်းဆုံး (၁၀) နှစ် နေထိုင်ပြီးသူဖြစ်ရမည်။ အာဂျင်တီးနား၊ ဆွစ်ဇာလန်နှင့်
မက္ကစီကို နိုင်ငံတို့တွင် နိုင်ငံသားဖြစ်ရန် အနည်းဆုံး (၂) နှစ်နေထိုင်ပြီးရန် လိုအပ်
သည်။)
ပြဌာန်းချက် (၂) နိုင်ငံအားလုံးနီးပါးသတ်မှတ်ထားသောပြဌာန်းချက်တစ်ရပ်သည် နိုင်ငံသား အဖြစ်ခံယူ
ကြောင်း အတိအလင်းကြေညာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း။
ပြဌာန်းချက် (၃) နိုင်ငံသားဖြစ်လာသောအခါ နိုင်ငံတော်မှပေးအပ်လာသောတာဝန်နှင့် အခွင့်အရေးများ
၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပပါမည်ဆိုသည့် ကျမ်းသစ္စာကျိန်ဆိုခြင်း။
ပြဌာန်းချက် (၄) နိုင်ငံသားဖြစ်ရန် မိမိ၏ ကိုယ်ကျင့်သိက္ခာ၊ ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း
သက်သေပြသခြင်း။
ပြဌာန်းချက် (၅) နိုင်ငံများ၏ လုံခြုံရေးလိုအပ်ချက်အရ မူလနိုင်ငံမှ ပြည်သူများ၏စွပ်စွဲချက်များမှ
ကင်းလွတ်ကြောင်း ပြသနိုင်ခြင်း။
မက္ကဆီကိုနိုင်ငံနှင့် ပီရူးနိုင်ငံတို့တွင် နိုင်ငံခြားသားဖြစ်သူသည် နိုင်ငံအတွင်းတည်ရှိသော
ပစ္စည်း ဥစ္စာကို ဝယ်ယူခြင်းဖြင့် ၎င်းနိုင်ငံ၏နိုင်ငံသားဖြစ်ခွင့်ရှိကြသည်။ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုသို့
နယ်မြေတစ်ခုကိုသိမ်းပိုက်လိုက်ပါကလည်း အဆိုပါအသိမ်းပိုက်ခံနယ်မြေအတွင်းရှိသောပြည်သူလူထု
မင်းသေ့
10
သည် သိမ်းပိုက်လိုက်သောနိုင်ငံ၏နိုင်ငံသားအဖြစ်သို့ အလိုအလျောက်ရောက်ရှိသွားခြင်းမျိုးလည်းရှိ
သည်။
၂.၃။ နိုင်ငံသားအဖြစ်မှ ဆုံးရှုံးခြင်း
နိုင်ငံသားအဖြစ်မှအကြောင်းအမျိုးမျိုးကြောင့်ဆုံးရှုံးနိုင်သည်။
နိုင်ငံသားအဖြစ်ဆုံးရှုံးရသောအကြောင်းအရင်းကြီး (၅) ချက်ရှိသည်။
ပထမအချက်မှာ
- အခြားနိုင်ငံသားအဖြစ် ဆန္ဒအလျောက် နိုင်ငံသားခံယူလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ
ဆုံးရှုံးသည်။
- မိမိနိုင်ငံမှ စွန့်ပစ်လိုက်လျှင်၊ နိုင်ငံအတွင်းသို့ နေထိုင်ရန်တားဆီးလိုက်လျှင် နိုင်ငံသားအဖြစ်မှ
ဆုံရှုံးသည်။
- အမေရိကန်နိုင်ငံနှင့်အင်္ဂလန်တို့တွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖာက်ဖျက်လျှင်နိုင်ငံသား
အဖြစ်မှဆုံးရှုံးသည်။
- ၁၈၇၀ ခုနှစ်တွင် ဗြိတိသျှပါလီမန်က နိုင်ငံသားများကို အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်
လွတ်လပ်စွာ နိုင်ငံသားခံယူခွင့်ပေးအပ်ခဲ့သည်။
- သို့သော် အမေရိကန် ကွန်ဂရက်သည် ၁၈၆၈ ခုနှစ်တွင် အောက်ပါအက်ဥပဒေကို ပြဌာန်း
သတ်မှတ်ခဲ့သည်။{ အစိုးရက ချမှတ်သည့် ပြဌာန်းချက်၊ ကြေညာချက်၊ ဆုံးဖြတ်ချက်နှင့်
အမိန့်တို့သည် နိုင်ငံသားအဖြစ် လွတ်လပ်စွာ နုတ်ထွက်ပိုင်ခွင့်ကို ကန့်သတ်ခြင်းဖြစ်စေ၊
ငြင်းဆိုခြင်းဖြစ်စေ၊ ယုတ်လျော့အောင်ပြုလုပ်ခြင်းဖြစ်စေ ပေါ်ပေါက်လာပါက ၎င်းသည်
အစိုးရ၏ အခြေခံစည်းမျဉ်းများနှင့် ဆန့်ကျင်သည် }
ဒုတိယအချက်မှာ
- အမျိုးသမီးတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးအား လက်ထပ်လိုက်လျှင် ၎င်းအမျိုးသမီးသည်
မူလနိုင်ငံသား အဖြစ်မှ ဆုံးရှုံးသည်။
တတိယအချက်မှာ
- အခြားသောနိုင်ငံ၏ နိုင်ငံခြားအစိုးရလက်အောက်သို့ အမှုထမ်းခြင်း၊ လက်အောက်ခံ
ဝန်ထမ်းအဖြစ်လက်ခံလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။
စတုတ္ထအချက်မှာ
- မိမိနိုင်ငံ၏တပ်မတော်မှ ထွက်ပြေးပြီး အခြားသောနိုင်ငံ၏ သစ္စာတော်ခံတပ်သား၊
သစ္စာတော်ခံနိုင်ငံသား အဖြစ်ခံယူလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။
မင်းသေ့
11
ပဉ္စမအချက်မှာ
- လူတစ်ယောက်သည် မိမိဇာတိနိုင်ငံတွင် ကာလရှည်ကြာစွာဆက်လက် နေထိုင်ခြင်းမရှိလျှင်
လည်း မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။
၃။ နိုင်ငံသားဖြစ်မှု ( အခွင့်အရေးနှင့် တာဝန်) – Citizenship ; Rights and Duties
ခေတ်သစ် ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများသည် ပိုမိုကျယ်ပြန့်
လာသည်။ ပိုမိုနက်နဲလာသည်။ ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားတစ်ဦး၏အခွင့်အရေး
နှင့်တာဝန်များကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုသို့
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဖော်ပြထားလျှင် နိုင်ငံသားအခွင့်အရေးဥပဒေသတ်မှတ်၍ နိုင်ငံသားများ၏
အခွင့်အရေးများကို ကာကွယ်ပေးထားသည်။ နိုင်ငံသားများအတွက် အခွင့်အရေးများစွာရှိသည်။
နိုင်ငံသားအခွင့်အရေးဆိုသည်မှာ နိုင်ငံသားစစ်စစ်များသာပါဝင်ပေသည်။ နိုင်ငံခြားသားများတွင်
နိုင်ငံသားအခွင့်အရေးများ ရပိုင်ခွင့်မရှိချေ။
၃.၁။ နိုင်ငံသားအခွင့်အရေးများ
နိုင်ငံသားတစ်ဦးရရှိထားသည် အခြေခံနိုင်ငံသားအခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) နိုင်ငံအတွင်းအမြဲတမ်းနေထိုင်နိုင်ခွင့်
(ခ) ပြည်ပသို့ရောက်နေခိုက် နိုင်ငံတော်၏ကာကွယ်ပေးမှုကို ခံစားပိုင်ခွင့်
(ဂ) မဲပေးပိုင်ခွင့်
(ဃ) ပြည်သူ့အမှုထမ်းဖြစ်ပိုင်ခွင့်
(င) အထွေထွေနိုင်ငံရေးအခွင့်အရေးများရရှိပိုင်ခွင့်
( အထွေထွေနိုင်ငံရေးအခွင့်အရေးများတွင် အသနားခံစာတင်ပိုင်ခွင့်၊ အသင်းအဖွဲ့
ဖွဲ့စည်းပိုင်ခွင့်၊ ပုံနှိပ်ခွင့်၊ လွတ်ငြိမ်းချမ်းသာမှုခံစားပိုင်ခွင့်…. အစရှိသဖြင့် )
အစိုးရသည် နိုင်ငံတော်၏ယန္တရားတစ်ခုပင်ဖြစ်သည်။ အစိုးရတွင် နိုင်ငံသားများ၏အကျိုးစီးပွား
အတွက် တာဝန်ရှိသည်။ အစိုးရ၏တာဝန်သည် နေ့တိုင်းအချိန်တိုင်း နိုင်ငံသားများအတွက်သာ ဖြစ်
သည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်တာဝန်၊ ဝတ္တရားများကို လက်ခံခြင်းမပြုလျှင် အစိုးရသည်
လည်း ၎င်း၏တာဝန်ကို ကျေပွန်မည်မဟုတ်ချေ။ အစိုးရသည် နိုင်ငံသားများ၏ ထမ်းဆောင်မှုများ
မပါဝင်ပဲ ပြည့်သူအကျိုးစီးပွားကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတစ်ဦးချင်းစီ၊
နိုင်ငံသားတိုင်းဖြစ်သူတိုင်းတွင် များပြားသောတာဝန်များရှိသည်။
မင်းသေ့
12
ဥပဒေကို လေးစားလိုက်နာရသည့်တာဝန်
နိုင်ငံသားတစ်ဦး၏ အဓိကတာဝန်မှာ ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦး
သည် ဥပဒေကိုမလိုက်နာလျှင်(သို့မဟုတ်) မိမိ၏ပြစ်မှုအတွက် ပြစ်ဒဏ်ခတ်ခြင်း မခံရလျှင်
အခြားသောနိုင်ငံသားများသည် ဥပဒေကို လိုက်နာကြမည် မဟုတ်ပေ။ နိုင်ငံသားတစ်ဦးသည်
ဥပဒေကို မလိုက်နာလျှင် လူမှုအကျိုးစီးပွား၊ လွတ်လပ်မှု၊ ချမ်းသာကြွယ်ဝမှုများကို ဆောင်ရွက်နိုင်မည်
မဟုတ်ဘဲ လူမှုဝန်းကျင်ကြီးတစ်ခုလုံးသည် မင်းမဲ့စရိုက်ဆန်သော လူ့အသိုက်အဝန်းကြီးဖြစ်လာ
ပေမည်။ နိုင်ငံတော်ကို ကိုယ်စားပြုသောအစိုးရတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်
နိုင်ငံတော်၏ဥပဒေ၊ အမိန့်ကို ထိန်းသိမ်းရန်အတွက် အရေးပေါ်ဥပဒေများ ထုတ်ပြန်ပြီး အုပ်ချုပ်ပိုင်ခွင့်
ရှိသည်။
ကျေးဇူးသစ္စာစောင့်သိရန် နှင့် အမှုထမ်းဆောင်ရန် တာဝန်
နိုင်ငံသားတစ်ဦး၏ နောက်ထပ်တာဝန်တစ်ခုမှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန်နှင့်
နိုင်ငံတော်၏အမှုကို ထမ်းဆောင်ရန်ပင်ဖြစ်သည်။ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိခြင်း
ဆိုသည်မှာ အထူးသဖြင့် စစ်ဖြစ်ပွားသော အချိန်တွင် နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၌ အန္တရာယ်
ကျရောက်ခြင်းကို ကာကွယ်ရန်တာဝန်ရှိသည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၏အတွက်ဆိုလျှင်
မိမိ၏အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်အနစ်နာခံရမည်။ ( တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်
နိုင်ငံတို့တွင် စစ်မှုမထမ်းမနေရ စနစ်ထားရှိသည်။ ) နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှပေးအပ်လာ
သော စစ်မှုထမ်းခြင်းကို ငြင်းပယ်ပါက (သို့မဟုတ်) စစ်မှုထမ်းနေစဉ် တပ်မတော်မှ ထွက်ပြေးလျှင်
၎င်းနိုင်ငံသားအား ပြစ်ဒဏ်အဖြစ်ထောင်သွင်းအကျဉ်းချနိုင်သည်။ နိုင်ငံသားတိုင်းသည် သင့်တော်
သည့်နည်းလမ်းအတိုင်း နိုင်ငံတော်ကို ကယ်တင်၊ စောင့်ရှောက်ရန် တာဝန်ရှိသည်။
မဲပေးရန် တာဝန်
နိုင်ငံသားတစ်ဦးသည် အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒခံယူပွဲများတွင်
ဆန္ဒမဲပေးရန် တာဝန်ရှိသည်။ ပြည်သူ့၏ ဆန္ဒ၊ သဘောထားသည် ပြည်သူအကျိုးစီးပွားကို
ကိုယ်စားပြုသည်ဖြစ်၍ ပြည်သူ့သဘောထား ကို ပြသသည့် ရွေးကောက်ပွဲများ၊ ဆန္ဒခံယူပွဲများတွင်
မဲမပေးလျှင် ပြည်သူ့အကျိုးကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် ပြည်သူ့အကျိုး
စီးပွားအတွက် နိုင်ငံရေးပြဿနာများကို လေ့လာသင့်သည်။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရန်
နိုင်ငံရေးပြဿနာများလေ့လာသုံးသပ်ကာ ပြည်သူ့ဆန္ဒကို မီဒီယာမှလည်းကောင်း၊ ရွေးကောက်ပွဲနှင့်
ဆန္ဒခံယူပွဲများမှလည်းကောင်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို ပြသခြင်းသည် မဲပေးခြင်းပင်
ဖြစ်သည်။ သို့မှသာ တာဝန်ကျေပွန်သောနိုင်ငံသားကောင်းတစ်ဦးဖြစ်လာပေမည်။ ထို့ကြောင့်နိုင်ငံ
သားတစ်ဦးတွင် မဲပေးခြင်းသည် နိုင်ငံသားတစ်ဦးအတွက် တာဝန်တစ်ရပ်ပင်ဖြစ်သည်။
မင်းသေ့
13
အခွန်ဆောင်ရန်တာဝန်
နိုင်ငံသားတစ်ဦး၏ နောက်ထပ်တာဝန်တစ်ရပ်ကား အခွန်ပေးဆောင်ရန်ပင်ဖြစ်သည်။ အစိုးရတွင်
အခွန်ကို ပုံစံအမျိုးမျိုးဖြင့် စုဆောင်းသည်။ ၎င်းအခွန်ကောက်ခံသည့် ပုံစံအမျိုးမျိုးမှာ - ဝင်ငွေခွန်၊
ဝန်ဆောင်ခ၊ ဖြတ်သန်းခ၊ ရေခွန်၊ မီးခွန်၊ မြေခွန် စသည့် အခွန်များဖြစ်သည်။ နိုင်ငံသားတစ်ဦးသည်
နိုင်ငံတော်ယန္တရားကြီးလည်ပတ်နိုင်ရန်အတွက်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်ရန်
အတွက် လူမှုအသိုက်အဝန်းကြီးတစ်ခုလုံးအတွက် အခွန်ပေးဆောင်ရန် တာဝန်ရှိသည်။
အမှုထမ်းရန် တာဝန်
နိုင်ငံသားတစ်ဦးသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထမ်းဆောင်ရန်တာဝန်ရှိသည်။ ပြည်သူ့
ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ပြည်သူ့ရေးရာရုံးဌာနများတွင်တာဝန်ထမ်းဆောင်ခြင်းနှင့် ၎င်းရုံးဌာန
များအား ကူညီထောက်ပံ့၊ ပံ့ပိုးပေးခြင်းပင်ဖြစ်သည်။ ရဲဌာနများ၊ ပြည်သူ့တရားရုံးများသည် နိုင်ငံတော်
၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု၊ ဥပဒေနှင့် အမိန့်ကို ထိန်းသိမ်းသော ရုံးဌာနများဖြစ်သည်။ ထိုသို့သော
ဌာနများနှင့် အလားသဏ္ဍာန်တူရုံးဌာနများတွင်လည်း နိုင်ငံတော်မှအလိုရှိလျှင် အမှုထမ်းဆောင်ရန်
တာဝန်ရှိသည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တာဝန်
လူသားတို့သည် ကမ္ဘာဂြိုလ်ကို အမှီသဟဲပြု၍ အသက်ရှင်နေထိုင်နေရသည်ဖြစ်သောကြောင့် လူသား
အားလုံးသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်တာဝန်ရှိသည်။ ကမ္ဘာကြီးသည် နိုင်ငံများဖြင့်
စုပေါင်းဖြစ်တည်နေသည်ဖြစ်သောကြောင့် နိုင်ငံအတွင်း၌ရှိသော နိုင်ငံသားများသည်လည်း နိုင်ငံ
အတွင်းရှိ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။ တစ်ဦးတစ်ယောက်
ချင်းစီမှ လူမှုဝန်းကျင်ကြီးတစ်ခုလုံးအထိ၊ လူမှုဝန်းကျင်ကြီးတစ်ခုလုံးမှ နိုင်ငံတစ်ဝန်းလုံးအထိ၊ နိုင်ငံ
တစ်ဝန်းလုံးမှ ကမ္ဘာကြီးတစ်ခုလုံးအထိသဘာဝပတ်ဝန်းကျင်၏ သက်ရောက်မှုသည် အလွန်ကြီးမား
သည်ဖြစ်၍ နိုင်ငံတော်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ကို နိုင်ငံသားများ ကာကွယ်ရန်မှာ အရေးကြီး
သည့်တာဝန်တစ်ရပ်ဖြစ်သည်။
အချို့သောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် နိုင်ငံသားများအား သဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းကို အထောက်အကူပြုစေသည့် အပိုဒ်များထည့်သွင်း
ရေးဆွဲထားကြသည်။ နိုင်ငံသားများသည် နိုင်ငံတော်အပေါ်တွင် အခွင့်အရေးများ ပိုင်ဆိုင်ခွင့်ရှိ
သကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များလည်း ရှိထားသည်။ ခေတ်သစ်နိုင်ငံရေးသည် ပိုမို ကျယ်ပြန့်
လာလေလေ နိုင်ငံသားများ၏အခွင့်အရေးနှင့် တာဝန်ပြဌာန်းချက်များသည် ပိုမိုရှုပ်ထွေး ကျယ်ပြန့်လာ
မည် ဖြစ်ပါသည်။

More Related Content

Viewers also liked

Jss (letter 8) - copy
Jss (letter 8) - copyJss (letter 8) - copy
Jss (letter 8) - copyaungkokotoe
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your lifeaungkokotoe
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copyaungkokotoe
 
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
MYO AUNG Myanmar
 
Jss (letter 4) - copy
Jss (letter 4) - copyJss (letter 4) - copy
Jss (letter 4) - copyaungkokotoe
 
Jss (letter 10) - copy
Jss (letter 10) - copyJss (letter 10) - copy
Jss (letter 10) - copyaungkokotoe
 
What is Responsible Business?
What is Responsible Business?What is Responsible Business?
What is Responsible Business?
Ethical Sector
 

Viewers also liked (20)

Jss (letter 8)
Jss (letter 8)Jss (letter 8)
Jss (letter 8)
 
Jss (letter 17)
Jss (letter 17)Jss (letter 17)
Jss (letter 17)
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)
 
Jss (letter 5)
Jss (letter 5)Jss (letter 5)
Jss (letter 5)
 
Jss (letter 9)
Jss (letter 9)Jss (letter 9)
Jss (letter 9)
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)
 
Jss (letter 8) - copy
Jss (letter 8) - copyJss (letter 8) - copy
Jss (letter 8) - copy
 
Jss (letter 7)
Jss (letter 7)Jss (letter 7)
Jss (letter 7)
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
 
Jss (letter 12) - copy
Jss (letter   12) - copyJss (letter   12) - copy
Jss (letter 12) - copy
 
Jss (letter 10)
Jss (letter 10)Jss (letter 10)
Jss (letter 10)
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)
 
Jss (letter 17)
Jss (letter 17)Jss (letter 17)
Jss (letter 17)
 
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
Principles of Democracy by Dr. Lian H. Sakhong (Myanmar Version)
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)
 
Jss (letter 4) - copy
Jss (letter 4) - copyJss (letter 4) - copy
Jss (letter 4) - copy
 
Politics
PoliticsPolitics
Politics
 
Jss (letter 10) - copy
Jss (letter 10) - copyJss (letter 10) - copy
Jss (letter 10) - copy
 
What is Responsible Business?
What is Responsible Business?What is Responsible Business?
What is Responsible Business?
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
aungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
aungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
aungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
aungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
aungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
aungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
aungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
aungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
aungkokotoe
 
How nationalism
How nationalism How nationalism
How nationalism
aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
aungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number three
aungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number two
aungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number one
aungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
aungkokotoe
 
Nationalism
NationalismNationalism
Nationalism
aungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politics
aungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

Jss (letter 16)

  • 1. မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံသားဖြစ်မှု မင်းသေ့ ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။ နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံသားဖြစ်မှု မင်းသေ့ ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။ နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံသားဖြစ်မှု မင်းသေ့ ဤစာတမ်းသည် နိုင်ငံသားဖြစ်မှုကို ဖွင့်ဆိုထားသည့် စာတမ်းဖြစ်သည်။ နိုင်ငံသား ဟူသည်မှာ အဘယ်နည်း။ နိုင်ငံသားတစ်ယောက်တွင် မည်သည့် အခွင့်အရေးနှင့် တာဝန်များရှိသနည်း စသည့် မေးခွန်းများကို ဖြေပြထားသည်။ ထို့အပြင် နိုင်ငံသားဟူသည့် ဖြစ်တည်မှု၊ နိုင်ငံသားအဖြစ်ခံယူနိုင်မှုနှင့်ပက်သက်သော အကြောင်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံသားဖြစ်တည်မှုများ မတူညီ ပုံကို နှိုင်းယှဉ်တင်ပြထားသည်ကို တွေ့ရသည်။ အယ်ဒီတာ
  • 2. မင်းသေ့ 2 နိုင်ငံသားဖြစ်မှု ၁။ နိုင်ငံသားဖြစ်မှု (CITIZENSHIP) နိုင်ငံသားဖြစ်မှုဆိုသည့်ဝေါဟာရကို အကြမ်းဖျင်းအားဖြင့် အခြေအနေ (၂) ရပ်ပေါ်မူတည်၍ အဓိပ္ပာယ် ခွဲဆိုနိုင်သည်။ ၎င်း အခြေအနေ(၂) ရပ်မှာ- City State နှင့် Nation State ဆိုသည့် ဒေသ ပုံစံ ကွဲပြားမှုပင် ဖြစ် သည်။ နိုင်ငံသားဖြစ်မှုကို နိုင်ငံရေးသဘောတရား၏ ဖခင်ကြီး အရစ္စတိုတယ်က ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ City State တွင် --- နိုင်ငံသားဟူသည် အစိုးရတာဝန်ကို မျှဝေရယူပိုင်ခွင့် နှင့် ဂုဏ်ထူးဝိသေသ၊ အခွင့် အရေးများကို တိုက်ရိုက် ခံစားပိုင်ခွင့် ရှိသောသူဖြစ်သည်။ Nation State တွင် - - - နိုင်ငံသားဟူသည် အစိုးရတာဝန်ကို ဥပဒေအကြောင်းအရ ကိုယ်စားပြု၍ နိုင်ငံတော် အစိုးရ၏တာဝန်ကို သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ခွင့်ရသောသူ ဖြစ်သည်။ အကြောင်းမှာ City State တွင် လူအနည်းစုသော လူဦးရေသာရှိသော တိုင်းနိုင်ငံအမျိုးအစားဖြစ် သဖြင့်နိုင်ငံသားအားလုံး သည် တစ်နေရာတည်းတွင် အလွယ်တကူ အတူတကွ စုဝေးနိုင်သည်။ ထိုသို့ စုဝေး၍ အုပ်ချုပ်ရေးတာဝန်များကို အများသဘောညီ ရွေးချယ်တာဝန်ခန့်အပ်နိုင်သော အခြေအနေကို ရရှိစေသည်။ ထို့ကြောင့် ၎င်းနိုင်ငံအမျိုးအစားတွင် နိုင်ငံသား များသည် အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ များတွင် တိုက်ရိုက်ပါဝင်ပက်သက်ပိုင်ခွင့်ရှိကြသည်။ ထို့အတူ နိုင်ငံအတွင်း မိမိ၏စွမ်းရည်ကို အသိ အမှတ်ပြုသော ဂုဏ်ထူး၊ အခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိကြသည်။ ထိုသို့သော ပါဝင်ခွင့်၊ ပိုင်ဆိုင်ခွင့် နှစ်ရပ်ကို ရရှိထားသူကို နိုင်ငံသားဖြစ်သည် ဟု ဆိုနိုင်သည်။ Nation State တွင် နိုင်ငံအတွင်း ပြည်သူလူထုအရေအတွက်သည် များပြားလာသည့် အခြေအနေ တွင်ရှိနေသောကြောင့် အများ၏ ဆန္ဒသဘောထားကို ရရှိစေရန် တစ်နေရာတည်းတွင် အားလုံး အတူတကွစုဝေးနိုင်ခြင်း မရှိတော့ချေ။ ထိုသို့သော အခြေအနေများကြောင့် ပြည်သူများသည် မိမိတို့ကို ကိုယ်စားပြုသော ကိုယ်စားပြုခံလူတစ်ဦး (သို့မဟုတ်) ကိုယ်စားပြုသည့်လူတစ်စုအား ရွေးချယ်၍ နိုင်ငံအတွင်း အစိုးရ၏ တာဝန်ဝတ္တရားများကို သွယ်ဝိုက်၍ ပါဝင်ခွင့်ရကြသည်။ ထိုကိုယ် စားပြုခံလူတို့အား ဥပဒေအရ စည်းမျဉ်းများ ရေးဆွဲ၍ ဥပဒေအတိုင်း အရည်အချင်းပြည့်မှီသူတို့အား ရွေးချယ် ကိုယ်စားပြုစေသည်။ ထိုသို့ ကိုယ်စားပြုရွေးကောက်သည့် နည်းစနစ်တရားဝင်ပေါ်ပေါက် လာသောအခါ မဲပေးပိုင်ခွင့်သည် နိုင်ငံသားတစ်ဦး၏ တရားဝင်အခွင့်အရေးဖြစ်လာသည်။ City State နှင့် Nation State ဆိုသည့် နိုင်ငံမျိုးကွဲ နှစ်ရပ်ပေါ်မူတည်၍ အဓိကကွဲပြားသွားသော အချက်သည် City State တွင် အစိုရအစိတ်အပိုင်းများမှာ တိုက်ရိုက်ပါဝင်ပက်သက်ပိုင်ခွင့်နှင့် Nation
  • 3. မင်းသေ့ 3 State တွင် မဲပေးပိုင်ခွင့် ဆိုသည့် အခွင့်နှစ်ရပ်သည် အသွင်ပြောင်း၍ ကွဲပြားလာသည်။ ထိုအခွင့် အရေး ရရှိသူကို ထိုနိုင်ငံ၏ နိုင်ငံသားဟု သတ်မှတ်နိုင်ပြီး ထိုနိုင်ငံသားဖြစ်လျှင်လည်း ထိုအခွင့်အရေး ရရှိရမည် ဖြစ်သည်။ ထိုအခွင့်အရေးမရရှိသောနိုင်ငံသားကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးသူဟု သတ်မှတ်နိုင်ပြီး ထိုအခွင့်အရေးရရှိမှလည်း ထိုနိုင်ငံသားဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ၁.၁။ နိုင်ငံသားဟူသည် နိုင်ငံသားဟူသည် နိုင်ငံရေးအသိုက်အဝန်း၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုလူများသည် နိုင်ငံကို ပုံဖော် တည်ဆောက်သည့် သူများဖြစ်သည်။ ထိုလူများ၏ တစ်ဦးချင်းအခွင့်အရေးများကို အခြေခံ ဘုံအခွင့်အရေးများအဖြစ် အများစုဆန္ဒအရ အတည်ပြု သတ်မှတ်ပြီး အကာအကွယ်ပေးခြင်း ခံရသူကို နိုင်ငံသားဟု ခေါ်သည်။ နိုင်ငံသားဖြစ်မှု နိုင်ငံသားတစ်ဦးသည် နိုင်ငံတစ်နိုင်ငံ၏ အဖွဲ့သားပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံအတွင်း နေထိုင်သူဟု အဓိပ္ပာယ်သက်ရောက်သည်။ ၎င်းအပြင် နိုင်ငံသားတစ်ဦးသည် ထိုနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားတစ်ဦး ရသင့်ရထိုက်သော အခွင့်အရေးများကို ရရှိထားသူလည်း ဖြစ်သည်။ ရှေးယခင်ကာလက ဂရိနှင့် ရောမတို့တွင် နေထိုင်သည့်နိုင်ငံသားများသည် ကန့်သတ်ခံရသည့် အကြောင်း အချက်များရှိသည်။ ၎င်းတို့မှာ - နိုင်ငံ၏တာဝန်ဝတ္တရားများတွင် တက်တက်ကြွကြွပါဝင် ထမ်းဆောင်နိုင်စွမ်းရှိသောသူများ ကိုသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဥပမာ - မိန်းမများ၊ ကျေးကျွန်များ၊ ဆွံ့အနားမကြား၊ ဒုက္ခိတများ ကလေးသူငယ်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မရှိချေ။ ဂရိတို့၏ နိုင်ငံသားဖြစ်မှုဆိုသော အဓိပ္ပာယ်သည် နိုင်ငံ၏အဖွဲ့သားတစ်ဦးအဖြစ်ထက်များစွာ ပိုမိုသည်။ နိုင်ငံသားဖြစ်မှု ဟူသည် တာဝန်တစ်ရပ်ပင်ဖြစ်သည်ဟု ဆိုသည်။ ၎င်းတာဝန်သည် နိုင်ငံ အတွင်းရှိသည် လူဦးရေ ကြီးမားလျှင် ကြီးမားသလောက် ထိုလူဦးရေအချိုးအစားနှင့် ညီမျှသော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်နိုင်သည့် အတတ်၊ အသိရှိသောသူကို ဆိုလိုသည်။ ထိုသို့သော စွမ်းရည်ရှိသူသာ ဂရိတို့သည် နိုင်ငံသားအဖြစ်အသိအမှတ်ပြုသည်။ ဂရိတို့၏ နိုင်ငံသားဖြစ်မှုကို အချုပ်ဆိုရသော် နိုင်ငံသားဖြစ်မှုဆိုသည်မှာ နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နိုင်သည့်စွမ်းရည်ရှိသူကိုသာ နိုင်ငံသားဖြစ်နိုင်သည် ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
  • 4. မင်းသေ့ 4 Citizen ဆိုသည့် နိုင်ငံသား ဟူသော စကားလုံးတွင် အောက်ပါအချက်အလက်များပါဝင်နေသည်။ - နိုင်ငံသားသည် နိုင်ငံတစ်နိုင်ငံအတွင်း အမြဲတမ်းနေထိုင်သူ ဖြစ်သည်။ - နိုင်ငံသားသည် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို လျစ်လျူမရှုပဲ နိုင်ငံတော်၏ကျေးဇူးသစ္စာ ကိုစောင့်သိရမည်။ တဖန် နိုင်ငံသား ဟူသည်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သေးသည်။ နိုင်ငံသားဟူသည် နိုင်ငံတစ်ခုအတွင်း အမြဲတမ်းအဖွဲ့သားတစ်ဦးဖြစ်ပြီး ဥပဒေအရ တာဝန်နှင့် အခွင့်အရေးများ ပေါင်းစည်း၍ ရရှိထားသောသူပင် ဖြစ်သည်။ ၁.၂။ နိုင်ငံသားအမျိုးအစားများ နိုင်ငံသားအမျိုးအစားကိုအကြမ်းဖျင်းအားဖြင့် အမျိုးအစား (၂)မျိုးခွဲခြား၍ ရနိုင်သည်။ (၁) မွေးရာပါ နိုင်ငံသား နှင့် (၂) နိုင်ငံသားအဖြစ်ခံယူထားသည့်နိုင်ငံသား ဟူ၍ (၂) မျိုးရှိသည်။ မွေးရာပါနိုင်ငံသားကို Natural Citizen ဟု ခေါ်၍ နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသားကို Naturalized Citizen ဟု ခေါ်သည်။ နိုင်ငံသားအဖြစ်ခံယူထားသည့်နိုင်ငံသား နိုင်ငံသားအဖြစ်ခံယူထားသည့် နိုင်ငံသားသည် အခြားသောနိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားအဖြစ် သို့ ကူးပြောင်းလာ သောသူ ဖြစ်သည်။ မွေးရာပါနိုင်ငံသား မွေးရာပါနိုင်ငံသားသည် နိုင်ငံသားအဖြစ်ခံယူထားသောနိုင်ငံသားနှင့် မတူညီသော အခွင့် အရေးများရရှိသည်။ ဥပမာ- အမေရိကန် မွေးဖွားသောနိုင်ငံသားသာလျှင် အမေရိကန်သမ္မတ ဖြစ်ခွင့်ရှိသည်ဆိုသည့် အခွင့်အရေးမျိုး။ ၁.၃။ Citize & Subject Citizen သည် နိုင်ငံသားအခွင့်အရေး (Civil Right) နှင့် နိုင်ငံရေးအခွင့်အရေး (Political Right) (၂) မျိုးစလုံး ရရှိထားသူဖြစ်သည်။ Subject သည် နိုင်ငံသားအခွင့်အရေး (Civil Right) (၁) မျိုးတည်းသာရရှိပြီး နိုင်ငံရေး အခွင့်အရေး (Political Right) မရရှိသော နိုင်ငံသားအမျိုးအစားဖြစ်သည်။ ၁.၄။ Citizen & Elector Elector ဆိုသည်မှာ မဲပေးပိုင်ခွင့်ရှိသူဖြစ်သည်။ သို့သော် နိုင်ငံသားတိုင်း (Citizen) သည် မဲပေးပိုင်ခွင့်ရှိသူများဖြစ်သည်ဟု မှတ်ယူ၍ မရ။ မဲပေးပိုင်ခွင့်ရှိသူတိုင်းလည်း နိုင်ငံသားများ မဟုတ် ကြချေ။
  • 5. မင်းသေ့ 5 နိုင်ငံသားတစ်ဦး၏သား(သို့မဟုတ်)ဇနီးသည် နိုင်ငံသားတစ်ဦးဖြစ်သည်။ သို့သော် ၎င်းသည် မဲပေးပိုင်ခွင့်ရှိသူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ဥပမာ - အမေရိကန်တွင် မဲပေးသူပေါင်းများစွာ ရှိသည်။ သို့သော် ၎င်းတို့အားလုံးသည် နိုင်ငံသားများ မဟုတ်ကြချေ။ ဆိုလိုရင်းအဓိပ္ပာယ်ကား - နိုင်ငံသား ဖြစ်မှု/မဖြစ်မှုကို မဲပေးပိုင်ခွင့် ရှိမှု/မရှိမှုဖြင့် ဆုံးဖြတ်ရန်မသင့် ဆိုသည့် အချက်ကို သတိပြုရန်ပင် ဖြစ်သည်။ ၁.၅။ Citizen & Alien Alien ဆိုသည်မှာ နိုင်ငံခြားသားဖြစ်သည်။ နိုင်ငံတစ်ခုအတွင်း ယာယီအားဖြင့် နေထိုင်သော သူသည် နိုင်ငံခြားသားဖြစ်သည်။ ၎င်းသည် ယင်းနိုင်ငံသားမဟုတ်ချေ။ Citizen သည် နိုင်ငံ အတွင်း အမြဲနေထိုင်သူဖြစ်သည်။ နိုင်ငံသား(Citizen) နှင့် နိုင်ငံခြားသား(Alien) နှစ်ဦးစလုံး သည် မိမိတို့၏အသက်နှင့် ပစ္စည်းဥစ္စာများအား ၎င်းတို့၏ ဆိုင်ရာနိုင်ငံများထံမှ ဥပဒေအရ အကာအကွယ်ပေးထားခြင်း ခံရသူများဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဆိုင်ရာ နိုင်ငံများတွင် ပြဌာန်းထားသောဥပဒေကိုလေးစားလိုက်နာကြရသည်။ပြဌာန်းသတ်မှတ်ထားသော အခွန်အခ များကို ပေးဆောင်ရမည်။ နိုင်ငံခြားသားများသည် မိမိနိုင်ငံမှ ထွက်ခွာ၍ အခြားနိုင်ငံသို့ ယာယီအားဖြင့်နေထိုင်သူများ ဖြစ်သည့်အတွက် မိမိ နိုင်ငံ၏တိုက်ရိုက်အကာအကွယ်ပေးမှုကို မမျှော်လင့်နိုင်ပေ။ သို့သော် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မိမိနိုင်ငံသားများ၏ အကျိုးစီးပွားထိခိုက်မှုမရှိအောင် စောင့် ကြည့် အကာအကွယ်ပေးမှုသဘောမျိုးကား ရရှိပေသည်။ နိုင်ငံသားသည် နိုင်ငံ၏ဥပဒေပြဌာန်းချက်အောက်တွင် နေထိုင်ကြရသည်။ နိုင်ငံခြားသားသည် မိမိယာယီနေထိုင်သည့် နိုင်ငံ၏ ဥပဒေပြဌာန်းချက်အောက်တွင် မရှိချေ။ စစ်မှုမထမ်းမနေရ ဆိုသည့် ဥပဒေမျိုးကို နိုင်ငံခြားသားသည် လိုက်နာရန် မလိုချေ။ ထို့အတူ နိုင်ငံအတွင်း ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လျှင်လည်း နိုင်ငံသားသည် ပြစ်မှုအလျှောက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံစေရသော်လည်း နိုင်ငံခြားသားသည် ထိုပြစ်မှုမျိုးကျူးလွန်ပါက ထိုပြစ်ဒဏ်ကို ကျူးလွန်စေသောနိုင်ငံတွင် ပြစ်ဒဏ်ခံစေမှ ခံနိုင်သည်။ ပြစ်ဒဏ်မှ ကင်းကွာခြင်းမျိုးလည်း ရှိနေနိုင်သည်။ သို့သော် အထူးသတိပြုရန် အချက်ကား နိုင်ငံခြားသားသည် နိုင်ငံသားတစ်ဦးကဲ့သို့ နိုင်ငံရေး အခွင့်အရေးမျိုး ရရှိမည် မဟုတ်ချေ။ ဥပမာ - အင်္ဂလန်တွင် နိုင်ငံခြားသားတစ်ဦးသည် ပစ္စည်းဥစ္စာ များကို ဝယ်ယူပိုင်ဆိုင်ခွင့်ရှိသည်။ တရားစွဲဆိုပိုင်ခွင့်ရှိသည်။ တရားစွဲဆိုခြင်း ခံရ နိုင်သည်။ သို့သော် မြူနီစီပယ်ရုံးများ၊ ပါလီမန်များတွင် မဲပေးပိုင်ခွင့် မရှိချေ။ တရားရုံးများတွင် လည်း ဂျူရီလူကြီးမင်းများနေရာတွင် အရွေးခံပိုင်ခွင့်မရှိချေ။
  • 6. မင်းသေ့ 6 ၁.၆။ Citizen & Nationals နိုင်ငံသားသည် နိုင်ငံသားအခွင့်အရေး (Civil Right)နှင့် နိုင်ငံရေးအခွင့်ရေး(Political Right) အပြည့်အဝရရှိ သောသူဖြစ်သည်။ Nationals သည် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိ သော်လည်း နိုင်ငံရေးအခွင့်အရေး အပြည့်အဝမရရှိသောသူဖြစ်သည်။ နိုင်ငံရေးအခွင့်အရေး လုံးဝ မရရှိဟု ဆိုလိုခြင်း မဟုတ်ကြောင်း သတိချပ်ရန် လိုအပ်သည်။ Citizen တစ်ဦးထက် နိုင်ငံရေးအခွင့်အရေး အပြည့်အဝမရရှိသောသူသည် Nationals ဖြစ်သည်။ National သည် နိုင်ငံသားပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးအခွင့်အရေးတွင် အပြည့်အဝ မရရှိခြင်းကြောင့် Nationals ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ Nationals သည် နိုင်ငံသား ကဲ့သို့ပင် နိုင်ငံတော်၏ သစ္စာကို စောင့်သိရန် တာဝန်ရှိပေသည်။ Nationals တစ်ဦးသည် ပြည်ပသို့ရောက်ရှိနေခိုက်တွင် မဲပေးပိုင်ခွင့် မရှိတော့ချေ။ သို့သော်နိုင်ငံတော်၏ထိန်းချုပ်မှု အောက်တွင်ရှိနေသေးသည်။ ၂။ နိုင်ငံသားဖြစ်မှု အမျိုးအစားများ (Types of Citizenship) နိုင်ငံသားဖြစ်မှုကို အမျိုးအစားခွဲခြားရာတွင် နည်းလမ်း (၃) မျိုးဖြင့် ခွဲခြားသတ်မှတ်ကြသည်။ ၎င်းတို့မှာ (၁) မွေးဖွားခြင်းဖြင့်ဖြစ်လာသော နိုင်ငံသား အမျိုးအစား (၂) နိုင်ငံသားအဖြင့်ခံယူခြင်းဖြင့် ဖြစ်လာသောနိုင်ငံသားအမျိုးအစား နှင့် (၃) လက်အောက်ခံနိုင်ငံအဖြစ်သိမ်းပိုက်ခြင်းမှ ဖြစ်လာသော နိုင်ငံသားအမျိုးအစား ဟူ၍ နည်းလမ်း(၃) မျိုးဖြင့် ခွဲခြားသတ်မှတ်ကြသည်။ ထိုနည်းလမ်းများဖြင့် ဖြစ်လာသောနိုင်ငံသားများသည် အောက်ပါနိုင်ငံသားများအဖြစ် အသီးသီး အသိအမှတ်ပြု ကြသည်။ (၁) Natural Citizen မွေးရာပါနိုင်ငံသား (၂) Naturalized Citizen နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသား နှင့် (၃) Annexation Citizen လက်အောက်ခံနိုင်ငံသား - မွေးရာပါနိုင်ငံသားဟူသည် သွေးသားတော်စပ်မှုအရလည်းကောင်း၊ မွေးဖွားသည့်ဒေသကို မူတည်၍ လည်းကောင်း နိုင်ငံသားဖြစ်လာသော သဘောဖြစ်သည်။ - နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသားဟူသည် နိုင်ငံသားဖြစ်ခွင့်ကိုခံယူခြင်းအရ နိုင်ငံသား ဖြစ်လာသော သဘောဖြစ်သည်။ - လက်အောက်ခံနိုင်ငံသားဟူသည်အသိမ်းပိုက်ခံနယ်မြေမှပြည်သူများက သိမ်းပိုက်ထားသော နိုင်ငံ၏ နိုင်ငံသား အဖြစ် အလိုအလျောက် ကျရောက်သွားသော သဘောဖြစ်သည်။
  • 7. မင်းသေ့ 7 ၂.၁။ မွေးရာပါနိုင်ငံသား (Natural Citizen) မွေးရာပါနိုင်ငံသားတွင် ပုံစံ (၂) မျိုးဖြင့် မွေးရာပါနိုင်ငံသားဖြစ်လာခြင်းဖြစ်သည်။ မွေးရာပါ နိုင်ငံသားဖြစ်လာခြင်း ပုံစံ (၂) မျိုးမှာ - (၁) သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်း (Jus Sanguinis – Rule of Blood Relation) နှင့် (၂) မွေးဖွားသည့် နိုင်ငံ/ဒေသကို မူတည်၍ နိုင်ငံသားဖြစ်လာခြင်း (Jus Soli or Jus Loci – Rule of Place of Birth) ဟူ၍ ပုံစံ (၂) မျိုးရှိသည်။ (၁) သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်း - Jus Sanguinis သွေးသားတော်စပ်မှုအရ နိုင်ငံသားဖြစ်လာခြင်းဟူသည် နိုင်ငံသားတစ်ဦး၏ သား၊သမီးသည် ဖခင်ဖြစ်သူ (သို့မဟုတ်) မိခင်ဖြစ်သူ၏ နိုင်ငံမှ နိုင်ငံသားအဖြစ် အလိုအလျောက် ရောက်ရှိသွားခြင်းကို ဆိုလိုသည်။ ဥပမာ - အမေရိကန်နိုင်ငံသားတစ်ဦး မွေးဖွားခဲ့သော သားသမီးသည် အလိုအလျောက် အမေရိကန်နိုင်ငံသားဖြစ်သွားသည်။ ပြင်သစ်နှင့် အီတလီနိုင်ငံများသည် ၎င်းနည်းလမ်းအတိုင်း နိုင်ငံသားဖြစ်ခြင်းကို သတ်မှတ်ထားသည်။ (၂) မွေးဖွားသည့်နိုင်ငံကိုမူတည်၍ နိုင်ငံသားဖြစ်လာခြင်း - Jus Soli မွေးဖွားသည့်နိုင်ငံကို မူတည်၍ နိုင်ငံသားဖြစ်လာခြင်းဟူသည် မိမိမွေးဖွားရာဇာတိဖြစ်သော နိုင်ငံကိုလိုက်၍ ၎င်းနိုင်ငံ၏နိုင်ငံသားအဖြစ် အလိုအလျောက် ရောက်ရှိသွားခြင်းကို ဆိုလိုသည်။ ဥပမာ - အမေရိကန်နိုင်ငံတွင် မွေးဖွားသောသူသည် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ မိဘသည် အမေရိကန်နိုင်ငံသားဖြစ်စရာ မလိုချေ။ အမေရိကန်နိုင်ငံတွင် မွေးဖွားသည့် မည်သည့်နိုင်ငံသား၏ သားသမီးမဆို အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ အာဂျင်တီးနားနိုင်ငံသည် ၎င်းနည်းလမ်းအတိုင်း နိုင်ငံသားဖြစ်ခြင်းကို သတ်မှတ်ထားသည်။ အထက်ပါ နိယာမ(၂)သွယ်ကြောင့် နိုင်ငံသားမိဘ၏ သားသမီးသည် နိုင်ငံခြားသားဖြစ်နိုင်သကဲ့သို့ နိုင်ငံခြားသားမိဘ၏ သားမမီးသည်လည်း နိုင်ငံသားဖြစ်နေနိုင်သည် ဟူသော အချက်များကို သတိချပ် ရန်လိုအပ်သည်။ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့တွင် အထက်ပါ နည်းလမ်း(၂)မျိုးလုံးကို ပြဌာန်းထားသည်။ ၎င်းတို့သည် မိမိနိုင်ငံသားဖြစ်သူတို့အတွက် Jus Sanguinis နည်းလမ်းကို အသုံးပြု၍ နိုင်ငံခြားသား များအတွက် Jus Soli နည်းကို အသုံးပြုကြသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် အမေရိကန် မိဘနှစ်ပါးမှ မွေးဖွားလာသောသားသမီးများသည် အမေရိကန်နိုင်ငံသားများဖြစ်လာကြသည်။ ထို့အတူ အမေရိကန်တွင်မွေးဖွားသော နိုင်ငံခြားသားမိဘများ၏သားသမီးများသည်လည်း အမေရိကန်နိုင်ငံ သားများ ဖြစ်လာကြသည်။ ဤနည်းဖြင့် ကမ္ဘာအနှံ့အပြားတွင် အမေရိကန်နိုင်ငံသားများ ပိုမိုများပြား လာပေသည်။
  • 8. မင်းသေ့ 8 ထိုသို့သော နည်းလမ်းများကို အမေရိကန်နိုင်ငံကဲ့သို့ အခြားသောနိုင်ငံများကလည်း ကျင့်သုံးကြသည် ဖြစ်၍ Double Nationality ဆိုသည့် နှစ်ထပ်ကွမ်းနိုင်ငံသားဖြစ်မှုသည် မြင့်တက်လာခဲ့သည်။ ဥပမာ အနေအားဖြင့် အမေရိကန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကို ဥပမာပြ၍ တင်ပြပါမည်။ အမေရိကန်နိုင်ငံတွင် ပြင်သစ်မိဘနှစ်ပါး၏သားသမီးဖြစ်လျှင် ပြင်သစ်နိုင်ငံသားအဖြစ်လည်းကောင်း၊ အမေရိကန်နိုင်ငံသားအဖြစ်လည်းကောင်း တိတိကျကျသတ်မှတ်ရန် လိုလာသည်။ အကယ်၍ နှစ်နိုင်ငံသားအဖြစ်ရှိနေလျှင် ပြဿနာတစ်ခုမက ရှိနေနိုင်သည်။ ဥပမာ ပြင်သစ်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ စစ်ဖြစ်ပွားခဲ့လျှင် မိမိတို့ဆိုင်ရာနိုင်ငံအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတစ်ဦးတွင် တာဝန်ရှိလာသည်။ ထိုတာဝန်ကို နှစ်နိုင်ငံသားခံယူထားသော နိုင်ငံသားသည် မည်သည့်နိုင်ငံ၏ စစ်မှုထမ်းအဖြစ်ဆောင်ရွက်ပါမည်နည်း။ ၎င်းပြဿနာသည် နှစ်နိုင်ငံစစ်ဖြစ်ပွားသောအချိန်တွင် ဖြစ်လာနိုင်သော နိုင်ငံသားရေးရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့်နိုင်ငံသားတို့၏ အခွင့်အရေးနှင့်တာဝန်တို့ကို ပြဌာန်းသတ်မှတ်ရာတွင် ရှင်းလင်းပြတ်သား တိကျစွာ ပြဌာန်းသတ်မှတ်ရန်လိုအပ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံသားဖြစ်သူသည် မည်သည့်နိုင်ငံ၏နိုင်ငံသားဖြစ်လိုသည် ဆိုသည်ကို ရွေးချယ်ခွင့်ပြုရန်လိုအပ်သည်။ နိုင်ငံသားဖြစ်မှု နှင့်ပက်သက်၍ မည်သည့်နိုင်ငံသားဖြစ်သည်ဆိုသည်ကို နိုင်ငံတော်က အသိအမှတ်ပြုသည်ဆိုလျှင် နိုင်ငံအချင်းချင်း ပြဿနာများသည် ပိုမိုများပြားကျယ်ပြန့်လာနိုင်သော အခြေအနေတွင် ရှိသည်။ ၂.၂။ နိုင်ငံသားအဖြစ်ခံယူသည့်နိုင်ငံသား (Naturalized Citizen) နိုင်ငံခြားသားမှ နိုင်ငံသားအဖြစ်ခံယူထားသောနိုင်ငံသားဖြစ်လာပုံသည် ပြဌာန်းချက်အမျိုးမျိုး ရှိနေသည်။ ပြဌာန်းချက်အမျိုးမျိုးဆိုသည်မှာ ပြဌာန်းချက်ပုံစံ၊ ပုံသဏ္ဍာန်အမျိုးမျိုးကို ဆိုလိုသည်။ ၎င်းပုံစံ၊ ပုံသဏ္ဍာန်အမျိုးမျိုးကို အောက်ပါအတိုင်းတွေ့နိုင်သည်။  လက်ထပ်ထိမ်းမြှားခြင်းဖြင့်သော်လည်းကောင်း  ဥပဒေပြဌာန်းချက်အရ တရားဝင်ဖြစ်လာခြင်းဖြင့်သော်လည်းကောင်း  နိုင်ငံသားအဖြစ်ခံယူခြင်းဖြင့်သော်လည်းကောင်း  နိုင်ငံအတွင်း ဓနဥစ္စာပိုင်ဆိုင်မှုဖြင့်သော်လည်းကောင်း  နိုင်ငံအတွင်း ကာလရှည်ကြာနေထိုင်ခြင်းဖြင့်သော်လည်းကောင်း  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းဖြင့်သော်လည်းကောင်း  အသိမ်းပိုက်ခံနိုင်ငံမှ နိုင်ငံသားဖြစ်လာခြင်းဖြင့်သော်လည်းကောင်း ပုံစံ အမျိုးမျိုးဖြင့် နိုင်ငံခြားသားမှ နိုင်ငံသားဖြစ်လာသောပုံသဏ္ဍာန်များ များစွာရှိနေနိုင်သည်။ အသိမ်း ပိုက်ခံနိုင်ငံမှ နိုင်ငံသားဖြစ်လာခြင်းကို ဥပမာပြရလျှင် အင်္ဂလိပ်တို့သိမ်းပိုက်ထားသော ကိုလိုနီနိုင်ငံ
  • 9. မင်းသေ့ 9 တစ်ခုဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားများသည် အင်္ဂလိပ်လက်အောက်ကျရောက်သော ကာလအတွင်း ဗြိတိသျှနိုင်ငံသားများ အလိုအလျောက် ဖြစ်သွားကြသည် ဆိုသည့်ဥပမာပင်ဖြစ်သည်။ နိုင်ငံသားအပြည့်အဝဖြစ်ခွင့်၊ မဖြစ်ခွင့်သည် နိုင်ငံတစ်ခုနှင့် တစ်ခု ကွဲပြားကြသည်။ နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့် ဥပဒေပြဌာန်းချက်များသည် မတူညီခြင်းကြောင့်ဖြစ်သည်။ ထိုသို့ကွဲပြား ကြရခြင်း၏ အကြောင်းအရင်းသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြစ်တည်မှု အခြေအနေများ မတူညီ ခြင်းကြောင့်ဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့်နှင့် ပက်သက်၍ ပြဌာန်းချက် အမျိုးမျိုးရှိသည့်အနက် ပြဌာန်းချက် (၅) မျိုးကို တွေ့နိုင် သည်။ ၎င်းပြဌာန်း ချက် (၅) မျိုးမှာ - ပြဌာန်းချက် (၁) နိုင်ငံတစ်နိုင်ငံတွင် ဥပဒေအရ တိကျသောကာလအတိုင်းအတာတစ်ခုအထိ နေထိုင်ပြီးပါက နိုင်ငံသား ဖြစ်ခွင့် ရှိသည်။ ( ဥပမာ - အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံတို့တွင် အနည်း ဆုံး ၎င်းနိုင်ငံတွင် (၅) နှစ်နေထိုင်ပြီးပါက ၎င်းနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ ဂျပန် နိုင်ငံတွင်ဂျပန်အမျိုးသမီးတစ်ဦးအား လက်ထပ်ထိမ်းမြားခြင်းဖြင့်လည်း နိုင်ငံသား ဖြစ်ခွင့်ရှိသည်။ ပြင်သစ်နိုင်ငံတွင် ပြင်သစ်နိုင်ငံသားဖြစ်ရန် ပြင်သစ်နိုင်ငံအတွင်း အနည်းဆုံး (၁၀) နှစ် နေထိုင်ပြီးသူဖြစ်ရမည်။ အာဂျင်တီးနား၊ ဆွစ်ဇာလန်နှင့် မက္ကစီကို နိုင်ငံတို့တွင် နိုင်ငံသားဖြစ်ရန် အနည်းဆုံး (၂) နှစ်နေထိုင်ပြီးရန် လိုအပ် သည်။) ပြဌာန်းချက် (၂) နိုင်ငံအားလုံးနီးပါးသတ်မှတ်ထားသောပြဌာန်းချက်တစ်ရပ်သည် နိုင်ငံသား အဖြစ်ခံယူ ကြောင်း အတိအလင်းကြေညာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း။ ပြဌာန်းချက် (၃) နိုင်ငံသားဖြစ်လာသောအခါ နိုင်ငံတော်မှပေးအပ်လာသောတာဝန်နှင့် အခွင့်အရေးများ ၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပပါမည်ဆိုသည့် ကျမ်းသစ္စာကျိန်ဆိုခြင်း။ ပြဌာန်းချက် (၄) နိုင်ငံသားဖြစ်ရန် မိမိ၏ ကိုယ်ကျင့်သိက္ခာ၊ ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း သက်သေပြသခြင်း။ ပြဌာန်းချက် (၅) နိုင်ငံများ၏ လုံခြုံရေးလိုအပ်ချက်အရ မူလနိုင်ငံမှ ပြည်သူများ၏စွပ်စွဲချက်များမှ ကင်းလွတ်ကြောင်း ပြသနိုင်ခြင်း။ မက္ကဆီကိုနိုင်ငံနှင့် ပီရူးနိုင်ငံတို့တွင် နိုင်ငံခြားသားဖြစ်သူသည် နိုင်ငံအတွင်းတည်ရှိသော ပစ္စည်း ဥစ္စာကို ဝယ်ယူခြင်းဖြင့် ၎င်းနိုင်ငံ၏နိုင်ငံသားဖြစ်ခွင့်ရှိကြသည်။ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုသို့ နယ်မြေတစ်ခုကိုသိမ်းပိုက်လိုက်ပါကလည်း အဆိုပါအသိမ်းပိုက်ခံနယ်မြေအတွင်းရှိသောပြည်သူလူထု
  • 10. မင်းသေ့ 10 သည် သိမ်းပိုက်လိုက်သောနိုင်ငံ၏နိုင်ငံသားအဖြစ်သို့ အလိုအလျောက်ရောက်ရှိသွားခြင်းမျိုးလည်းရှိ သည်။ ၂.၃။ နိုင်ငံသားအဖြစ်မှ ဆုံးရှုံးခြင်း နိုင်ငံသားအဖြစ်မှအကြောင်းအမျိုးမျိုးကြောင့်ဆုံးရှုံးနိုင်သည်။ နိုင်ငံသားအဖြစ်ဆုံးရှုံးရသောအကြောင်းအရင်းကြီး (၅) ချက်ရှိသည်။ ပထမအချက်မှာ - အခြားနိုင်ငံသားအဖြစ် ဆန္ဒအလျောက် နိုင်ငံသားခံယူလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။ - မိမိနိုင်ငံမှ စွန့်ပစ်လိုက်လျှင်၊ နိုင်ငံအတွင်းသို့ နေထိုင်ရန်တားဆီးလိုက်လျှင် နိုင်ငံသားအဖြစ်မှ ဆုံရှုံးသည်။ - အမေရိကန်နိုင်ငံနှင့်အင်္ဂလန်တို့တွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖာက်ဖျက်လျှင်နိုင်ငံသား အဖြစ်မှဆုံးရှုံးသည်။ - ၁၈၇၀ ခုနှစ်တွင် ဗြိတိသျှပါလီမန်က နိုင်ငံသားများကို အခြားနိုင်ငံ၏နိုင်ငံသားအဖြစ် လွတ်လပ်စွာ နိုင်ငံသားခံယူခွင့်ပေးအပ်ခဲ့သည်။ - သို့သော် အမေရိကန် ကွန်ဂရက်သည် ၁၈၆၈ ခုနှစ်တွင် အောက်ပါအက်ဥပဒေကို ပြဌာန်း သတ်မှတ်ခဲ့သည်။{ အစိုးရက ချမှတ်သည့် ပြဌာန်းချက်၊ ကြေညာချက်၊ ဆုံးဖြတ်ချက်နှင့် အမိန့်တို့သည် နိုင်ငံသားအဖြစ် လွတ်လပ်စွာ နုတ်ထွက်ပိုင်ခွင့်ကို ကန့်သတ်ခြင်းဖြစ်စေ၊ ငြင်းဆိုခြင်းဖြစ်စေ၊ ယုတ်လျော့အောင်ပြုလုပ်ခြင်းဖြစ်စေ ပေါ်ပေါက်လာပါက ၎င်းသည် အစိုးရ၏ အခြေခံစည်းမျဉ်းများနှင့် ဆန့်ကျင်သည် } ဒုတိယအချက်မှာ - အမျိုးသမီးတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးအား လက်ထပ်လိုက်လျှင် ၎င်းအမျိုးသမီးသည် မူလနိုင်ငံသား အဖြစ်မှ ဆုံးရှုံးသည်။ တတိယအချက်မှာ - အခြားသောနိုင်ငံ၏ နိုင်ငံခြားအစိုးရလက်အောက်သို့ အမှုထမ်းခြင်း၊ လက်အောက်ခံ ဝန်ထမ်းအဖြစ်လက်ခံလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။ စတုတ္ထအချက်မှာ - မိမိနိုင်ငံ၏တပ်မတော်မှ ထွက်ပြေးပြီး အခြားသောနိုင်ငံ၏ သစ္စာတော်ခံတပ်သား၊ သစ္စာတော်ခံနိုင်ငံသား အဖြစ်ခံယူလိုက်လျှင် မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။
  • 11. မင်းသေ့ 11 ပဉ္စမအချက်မှာ - လူတစ်ယောက်သည် မိမိဇာတိနိုင်ငံတွင် ကာလရှည်ကြာစွာဆက်လက် နေထိုင်ခြင်းမရှိလျှင် လည်း မူလနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသည်။ ၃။ နိုင်ငံသားဖြစ်မှု ( အခွင့်အရေးနှင့် တာဝန်) – Citizenship ; Rights and Duties ခေတ်သစ် ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများသည် ပိုမိုကျယ်ပြန့် လာသည်။ ပိုမိုနက်နဲလာသည်။ ဒီမိုကရက်တစ်နိုင်ငံများတွင် နိုင်ငံသားတစ်ဦး၏အခွင့်အရေး နှင့်တာဝန်များကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဖော်ပြထားလျှင် နိုင်ငံသားအခွင့်အရေးဥပဒေသတ်မှတ်၍ နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးထားသည်။ နိုင်ငံသားများအတွက် အခွင့်အရေးများစွာရှိသည်။ နိုင်ငံသားအခွင့်အရေးဆိုသည်မှာ နိုင်ငံသားစစ်စစ်များသာပါဝင်ပေသည်။ နိုင်ငံခြားသားများတွင် နိုင်ငံသားအခွင့်အရေးများ ရပိုင်ခွင့်မရှိချေ။ ၃.၁။ နိုင်ငံသားအခွင့်အရေးများ နိုင်ငံသားတစ်ဦးရရှိထားသည် အခြေခံနိုင်ငံသားအခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) နိုင်ငံအတွင်းအမြဲတမ်းနေထိုင်နိုင်ခွင့် (ခ) ပြည်ပသို့ရောက်နေခိုက် နိုင်ငံတော်၏ကာကွယ်ပေးမှုကို ခံစားပိုင်ခွင့် (ဂ) မဲပေးပိုင်ခွင့် (ဃ) ပြည်သူ့အမှုထမ်းဖြစ်ပိုင်ခွင့် (င) အထွေထွေနိုင်ငံရေးအခွင့်အရေးများရရှိပိုင်ခွင့် ( အထွေထွေနိုင်ငံရေးအခွင့်အရေးများတွင် အသနားခံစာတင်ပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ ပုံနှိပ်ခွင့်၊ လွတ်ငြိမ်းချမ်းသာမှုခံစားပိုင်ခွင့်…. အစရှိသဖြင့် ) အစိုးရသည် နိုင်ငံတော်၏ယန္တရားတစ်ခုပင်ဖြစ်သည်။ အစိုးရတွင် နိုင်ငံသားများ၏အကျိုးစီးပွား အတွက် တာဝန်ရှိသည်။ အစိုးရ၏တာဝန်သည် နေ့တိုင်းအချိန်တိုင်း နိုင်ငံသားများအတွက်သာ ဖြစ် သည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်တာဝန်၊ ဝတ္တရားများကို လက်ခံခြင်းမပြုလျှင် အစိုးရသည် လည်း ၎င်း၏တာဝန်ကို ကျေပွန်မည်မဟုတ်ချေ။ အစိုးရသည် နိုင်ငံသားများ၏ ထမ်းဆောင်မှုများ မပါဝင်ပဲ ပြည့်သူအကျိုးစီးပွားကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတစ်ဦးချင်းစီ၊ နိုင်ငံသားတိုင်းဖြစ်သူတိုင်းတွင် များပြားသောတာဝန်များရှိသည်။
  • 12. မင်းသေ့ 12 ဥပဒေကို လေးစားလိုက်နာရသည့်တာဝန် နိုင်ငံသားတစ်ဦး၏ အဓိကတာဝန်မှာ ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦး သည် ဥပဒေကိုမလိုက်နာလျှင်(သို့မဟုတ်) မိမိ၏ပြစ်မှုအတွက် ပြစ်ဒဏ်ခတ်ခြင်း မခံရလျှင် အခြားသောနိုင်ငံသားများသည် ဥပဒေကို လိုက်နာကြမည် မဟုတ်ပေ။ နိုင်ငံသားတစ်ဦးသည် ဥပဒေကို မလိုက်နာလျှင် လူမှုအကျိုးစီးပွား၊ လွတ်လပ်မှု၊ ချမ်းသာကြွယ်ဝမှုများကို ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ လူမှုဝန်းကျင်ကြီးတစ်ခုလုံးသည် မင်းမဲ့စရိုက်ဆန်သော လူ့အသိုက်အဝန်းကြီးဖြစ်လာ ပေမည်။ နိုင်ငံတော်ကို ကိုယ်စားပြုသောအစိုးရတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံတော်၏ဥပဒေ၊ အမိန့်ကို ထိန်းသိမ်းရန်အတွက် အရေးပေါ်ဥပဒေများ ထုတ်ပြန်ပြီး အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ကျေးဇူးသစ္စာစောင့်သိရန် နှင့် အမှုထမ်းဆောင်ရန် တာဝန် နိုင်ငံသားတစ်ဦး၏ နောက်ထပ်တာဝန်တစ်ခုမှာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန်နှင့် နိုင်ငံတော်၏အမှုကို ထမ်းဆောင်ရန်ပင်ဖြစ်သည်။ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိခြင်း ဆိုသည်မှာ အထူးသဖြင့် စစ်ဖြစ်ပွားသော အချိန်တွင် နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၌ အန္တရာယ် ကျရောက်ခြင်းကို ကာကွယ်ရန်တာဝန်ရှိသည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၏အတွက်ဆိုလျှင် မိမိ၏အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်အနစ်နာခံရမည်။ ( တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့တွင် စစ်မှုမထမ်းမနေရ စနစ်ထားရှိသည်။ ) နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှပေးအပ်လာ သော စစ်မှုထမ်းခြင်းကို ငြင်းပယ်ပါက (သို့မဟုတ်) စစ်မှုထမ်းနေစဉ် တပ်မတော်မှ ထွက်ပြေးလျှင် ၎င်းနိုင်ငံသားအား ပြစ်ဒဏ်အဖြစ်ထောင်သွင်းအကျဉ်းချနိုင်သည်။ နိုင်ငံသားတိုင်းသည် သင့်တော် သည့်နည်းလမ်းအတိုင်း နိုင်ငံတော်ကို ကယ်တင်၊ စောင့်ရှောက်ရန် တာဝန်ရှိသည်။ မဲပေးရန် တာဝန် နိုင်ငံသားတစ်ဦးသည် အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒခံယူပွဲများတွင် ဆန္ဒမဲပေးရန် တာဝန်ရှိသည်။ ပြည်သူ့၏ ဆန္ဒ၊ သဘောထားသည် ပြည်သူအကျိုးစီးပွားကို ကိုယ်စားပြုသည်ဖြစ်၍ ပြည်သူ့သဘောထား ကို ပြသသည့် ရွေးကောက်ပွဲများ၊ ဆန္ဒခံယူပွဲများတွင် မဲမပေးလျှင် ပြည်သူ့အကျိုးကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် ပြည်သူ့အကျိုး စီးပွားအတွက် နိုင်ငံရေးပြဿနာများကို လေ့လာသင့်သည်။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရန် နိုင်ငံရေးပြဿနာများလေ့လာသုံးသပ်ကာ ပြည်သူ့ဆန္ဒကို မီဒီယာမှလည်းကောင်း၊ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲများမှလည်းကောင်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို ပြသခြင်းသည် မဲပေးခြင်းပင် ဖြစ်သည်။ သို့မှသာ တာဝန်ကျေပွန်သောနိုင်ငံသားကောင်းတစ်ဦးဖြစ်လာပေမည်။ ထို့ကြောင့်နိုင်ငံ သားတစ်ဦးတွင် မဲပေးခြင်းသည် နိုင်ငံသားတစ်ဦးအတွက် တာဝန်တစ်ရပ်ပင်ဖြစ်သည်။
  • 13. မင်းသေ့ 13 အခွန်ဆောင်ရန်တာဝန် နိုင်ငံသားတစ်ဦး၏ နောက်ထပ်တာဝန်တစ်ရပ်ကား အခွန်ပေးဆောင်ရန်ပင်ဖြစ်သည်။ အစိုးရတွင် အခွန်ကို ပုံစံအမျိုးမျိုးဖြင့် စုဆောင်းသည်။ ၎င်းအခွန်ကောက်ခံသည့် ပုံစံအမျိုးမျိုးမှာ - ဝင်ငွေခွန်၊ ဝန်ဆောင်ခ၊ ဖြတ်သန်းခ၊ ရေခွန်၊ မီးခွန်၊ မြေခွန် စသည့် အခွန်များဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ယန္တရားကြီးလည်ပတ်နိုင်ရန်အတွက်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်ရန် အတွက် လူမှုအသိုက်အဝန်းကြီးတစ်ခုလုံးအတွက် အခွန်ပေးဆောင်ရန် တာဝန်ရှိသည်။ အမှုထမ်းရန် တာဝန် နိုင်ငံသားတစ်ဦးသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထမ်းဆောင်ရန်တာဝန်ရှိသည်။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ ပြည်သူ့ရေးရာရုံးဌာနများတွင်တာဝန်ထမ်းဆောင်ခြင်းနှင့် ၎င်းရုံးဌာန များအား ကူညီထောက်ပံ့၊ ပံ့ပိုးပေးခြင်းပင်ဖြစ်သည်။ ရဲဌာနများ၊ ပြည်သူ့တရားရုံးများသည် နိုင်ငံတော် ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု၊ ဥပဒေနှင့် အမိန့်ကို ထိန်းသိမ်းသော ရုံးဌာနများဖြစ်သည်။ ထိုသို့သော ဌာနများနှင့် အလားသဏ္ဍာန်တူရုံးဌာနများတွင်လည်း နိုင်ငံတော်မှအလိုရှိလျှင် အမှုထမ်းဆောင်ရန် တာဝန်ရှိသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တာဝန် လူသားတို့သည် ကမ္ဘာဂြိုလ်ကို အမှီသဟဲပြု၍ အသက်ရှင်နေထိုင်နေရသည်ဖြစ်သောကြောင့် လူသား အားလုံးသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်တာဝန်ရှိသည်။ ကမ္ဘာကြီးသည် နိုင်ငံများဖြင့် စုပေါင်းဖြစ်တည်နေသည်ဖြစ်သောကြောင့် နိုင်ငံအတွင်း၌ရှိသော နိုင်ငံသားများသည်လည်း နိုင်ငံ အတွင်းရှိ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသည်။ တစ်ဦးတစ်ယောက် ချင်းစီမှ လူမှုဝန်းကျင်ကြီးတစ်ခုလုံးအထိ၊ လူမှုဝန်းကျင်ကြီးတစ်ခုလုံးမှ နိုင်ငံတစ်ဝန်းလုံးအထိ၊ နိုင်ငံ တစ်ဝန်းလုံးမှ ကမ္ဘာကြီးတစ်ခုလုံးအထိသဘာဝပတ်ဝန်းကျင်၏ သက်ရောက်မှုသည် အလွန်ကြီးမား သည်ဖြစ်၍ နိုင်ငံတော်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ကို နိုင်ငံသားများ ကာကွယ်ရန်မှာ အရေးကြီး သည့်တာဝန်တစ်ရပ်ဖြစ်သည်။ အချို့သောနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် နိုင်ငံသားများအား သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းကို အထောက်အကူပြုစေသည့် အပိုဒ်များထည့်သွင်း ရေးဆွဲထားကြသည်။ နိုင်ငံသားများသည် နိုင်ငံတော်အပေါ်တွင် အခွင့်အရေးများ ပိုင်ဆိုင်ခွင့်ရှိ သကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များလည်း ရှိထားသည်။ ခေတ်သစ်နိုင်ငံရေးသည် ပိုမို ကျယ်ပြန့် လာလေလေ နိုင်ငံသားများ၏အခွင့်အရေးနှင့် တာဝန်ပြဌာန်းချက်များသည် ပိုမိုရှုပ်ထွေး ကျယ်ပြန့်လာ မည် ဖြစ်ပါသည်။