SlideShare a Scribd company logo
1 of 17
Download to read offline
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံတော် နှင့် အစိုးရ
မင်းသေ့
ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး
လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း
ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော
သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။
နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား
ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ
သည်။
အယ်ဒီတာ
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံတော် နှင့် အစိုးရ
မင်းသေ့
ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး
လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း
ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော
သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။
နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား
ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ
သည်။
အယ်ဒီတာ
မင်းသေ့
1
ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
နိုင်ငံတော် နှင့် အစိုးရ
မင်းသေ့
ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး
လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း
ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော
သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။
နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား
ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ
သည်။
အယ်ဒီတာ
မင်းသေ့
2
နိုင်ငံတော်
နိုင်ငံရေးကို လေ့လာရာတွင် အခြေခံယူနစ်မှ စ၍ လေ့လာမှုပြုရသည်။ နိုင်ငံရေးဆိုင်ရာနယ်ပယ်များကို
လေ့လာရာ၌ အခြေခံကျသော ယူနစ်မှာ နိုင်ငံတော်ဟုခေါ်သည့် State ပင်ဖြစ်သည်။ နိုင်ငံရေးလေ့လာမှုတွင်
အခြေခံမကျေလျှင် ဖောင်ဒေးရှင်းမခိုင်ဟု ဆိုနိုင်သည်။ ဖောင်ဒေးရှင်းမခိုင်လျှင် အောက်သက်မကျေဟု
ဆိုသည်။ အောက်သက်မကျေလျှင် နိုင်ငံရေးနယ်ပယ်၌ သူကျေ ကိုယ်ကျေ လုပ်ရချိန်တွင် နဖူးကွဲ ဒူးပြဲဖြင့်
အရေးမလှဖြစ်တတ်သည်။ ထို့ကြောင့် နိုင်ငံတော်ဟူသည့် အခြေခံယူနစ်လည်းဖြစ်၊ ယေဘုယျအချက်လည်း
ဖြစ်သည့် ဝေါဟာရတစ်ခုကို လေ့လာခြင်းဖြင့် စတင်အပ်သည်။
နိုင်ငံတော်ဆိုသည်မှာ
မတ်ဝီဘာ၏ အလိုအရ၊
နိုင်ငံတော်ဆိုသည်မှာ တိကျသောနယ်နိမိတ်ရှိပြီး တရားဝင်အာဏာကို ကျင့်သုံးနိုင်သည့် အစိုးရတစ်ရပ်ရှိသည့်
နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဟု ဆိုသည်။
အောက်(စ)ဖို့အဘိဓာန်အရ၊
နိုင်ငံတော်ဆိုသည်မှာ အစိုးရတစ်ခုလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံရေး အသိုက်အဝန်းဟု ဖွင့်ဆိုသည်။
(a state is "an organized political community under one government".)
နိုင်ငံတော် (State)
နိုင်ငံသည် ပထဝီနယ်နိမိတ် သတ်မှတ်ထားသောနယ်မြေဒေသအဝန်းအဝိုင်းတစ်ခုကိုခေါ်ဆိုခြင်းဖြစ်သည်။
State
State can be defined as a political association of people that establishes sovereign
jurisdiction with defined territorial borders and exercise authority through a set of
permanent institutions.
နိုင်ငံတော်ဆိုသည်မှာ အတိအကျသတ်မှတ်ထားသည့်နယ်မြေဒေသတစ်ခုတွင် အတည်တကျ နေထိုင်ပြီး
ပြင်ပချုပ်ကိုင်မှု ကင်းသည့်အစိုးရတစ်ရပ်ကို ထူထောင်ထားသော လူပေါင်းစုကိုခေါ်ဆိုခြင်းဖြစ်သည်။
နိုင်ငံတော်ဟူသည် နိုင်ငံရေး၏ အခြေခံယူနစ်ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တရုတ်
နိုင်ငံ အစရှိသဖြင့် နိုင်ငံများ မတူညီကြဟု ထင်ရသော်လည်း နိုင်ငံဟူသည့် စကားလုံးသည် အားလုံး အတူတူပင်
ဖြစ်သည်။ နိုင်ငံဟု သတ်မှတ်ခြင်း ခံရသည့် မည်သည့် နိုင်ငံမျိုးမဆို အခြေခံတူညီချက်များ ရှိသည်။ အဆိုပါ အခြေခံ
တူညီချက်များကို ဆက်လက်ဖော်ပြထားပါသည်။
မင်းသေ့
3
နိုင်ငံတော် (State) ဆိုသည့် ဝေါဟာရကို Nation ဆိုသည့် လူမျိုးနှင့် ခွဲခြားနားလည်ရန်လိုသည်။ Nation
ဆိုသည်မှာ ဘုံစရိုက်လက္ခဏာ (Common identity) ရှိသည့် လူ့အသိုက်အဝန်းကြီးကို ဆိုလိုသည်။ လူမျိုးဆိုသည်
မှာ နယ်မြေဧရိယာအနှံ့အပြားတွင် တည်ရှိနေသည်။ အထူးသဖြင့် လူမျိုးကိုသတ်မှတ်ရာတွင် အခြေခံစံ သတ်မှတ်
ချက်တော့ ရှိသည်။
 ဘာသာစကားတူညီခြင်း
 ကိုးကွယ်သည့် ဘာသာတူညီခြင်း
 နယ်မြေတစ်ခုတွင် တစ်စုတစ်စည်းတည်း ဖြစ်ခြင်း
 ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များတူညီခြင်း
 လူမျိုး(ဗီဇစရိုက်) တူညီခြင်း စသည့် ယေဘုယျ သတ်မှတ်ထားခြင်းတော့ ရှိသည်။
စာရေးဆရာ အောင်ထွဋ်သည် နိုင်ငံဟူသည့် Nation နှင့် နိုင်ငံတော်ဟူသည့် State ဟူသည့် စကားလုံးများ၏
အဓိပ္ပာယ်ဆောင်ပုံနှင့် သက်ရောက်ပုံကို ဤသို့ ဖွင့်သည်။
[နိုင်ငံ(Nation) ဆိုသည်မှာ ဖြစ်တည်မှုသဘောဖြစ်ပြီး၊ နိုင်ငံတော် (State) ဟု ဆိုလျှင် တာဝန် သို့မဟုတ်
Accountability ပါဝင်လာပြီဟု ဆိုနိုင်ပါသည်။ Nation ခေါ်နိုင်ငံသည် State ဆိုသော နိုင်ငံတော်သည်
Software ဖြစ်သည်ဟု ပြောရမည် ထင်ပါသည်။
ပို၍ ရှင်းအောင်ပြောရလျှင် Nation ခေါ် နိုင်ငံဆိုသည်မှာ အမျိုးသားရေး၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားစည်း
လုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့အတွက် အရေးကြီးပြီး State ခေါ် နိုင်ငံတော်မှာ
ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ထိုဥပဒေအရ ဖွဲ့စည်းထူထောင်ထားသော အဖွဲ့အစည်းများ၊
တာဝန်ပေးထားသော လူပုဂ္ဂိုလ်များ၊ နိုင်ငံသားများပါဝင်သည့် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီး
သည်ဟု ဆိုရမည် ဖြစ်ပေသည်။ (Collective Institution)]1
နိုင်ငံတစ်ခု၏အင်္ဂါရပ်များ (Attributes of State)
နိုင်ငံတစ်နိုင်ငံဟု သတ်မှတ်နိုင်ရန်သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့်ပြည့်စုံရန်လိုအပ်သည်။ ထိုအင်္ဂါရပ်
များ အားလုံးပြည့်စုံမှသာ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများအကြားတွင် အသိအမှတ်ပြုခံရပြီး နိုင်ငံအချင်းချင်း
ဆက်ဆံရေးကို တန်းတူညီတူဆက်ဆံနိုင်သည်။ ထို့အပြင်နိုင်ငံအားလုံးရရှိသည့် အခွင့်အရေးများကို အပြည့်အဝ
ရရှိပေသည်။ ထိုအင်္ဂါရပ်ထဲမှ တစ်ခုခုချို့ယွင်းနေပါက နိုင်ငံတစ်နိုင်ငံအဖြစ် ခေါ်ဆိုရန်မပြည့်စုံနိုင်ချေ။
နိုင်ငံတစ်ခုဖြစ်လာရန်ပြည့်စုံထားရမည့်အင်္ဂါရပ် (၅) ရပ်ရှိသည်။ ၎င်းတို့မှာ -
1. Population လူဦးရေ
2. Territory နယ်မြေ
3. Government အစိုးရ
1
(အောင်ထွဋ် ရေး) စာ - ၅၇/ နိုင်ငံ(Nation)နှင့် နိုင်ငံတော်(State)၊ နိုင်ငံတော်(State) နှင့် အစိုးရ (Government)
နိုင်ငံရေး၊ နိုင်ငံအရေးနှင့် သန်း ၅၀ ကိုအနိုင်ပေးပါ (The voice weekly) ဆောင်းပါးများ စာအုပ်မှ ---
မင်းသေ့
4
4. Sovereignty အချုပ်အခြာအာဏာ
5. International Recognition နိုင်ငံတကာအသိအမှတ်ပြုမှု
နိုင်ငံတော်သည်အာဏာရှိသည်။ နိုင်ငံတော်သည်စနစ်တကျ ဖွဲ့စည်းထားသော အမြဲတမ်းအင်စတီကျူးရှင်း
များဖြင့် အချုပ်အချာအာဏာကိုထိန်းသိမ်းထားသည်။ သို့ဖြင့်နိုင်ငံတော်သည် ပုံသေနိုင်ငံရေးစနစ်တစ်စုံလုံးကို
ဆိုလိုခြင်းဖြစ်သည်။
နိုင်ငံတော်ဟုခေါ်ဆိုသော သင်းပင်းအစုတွင် ပါဝင်သည့် အင်တီကျူးရှင်းများမှာ ပါလီမန်၊ဒေသဆိုင်ရာ
အာဏာပိုင်အဖွဲ့များ၊ တရားရုံးများ၊လက်နက်ကိုင်တပ်များ၊ ရဲအဖွဲ့နှင့်ပြည်သူ့ဝန်ထမ်းများဖြစ်သည်။
အချုပ်အခြာအာဏာ
အချုပ်အခြာအာဏာ (Sovereignty) ဆိုသည့် ဝေါဟာရသည် အလယ်ခေတ်မှစတင် သုံးနှုန်းလာခဲ့ကြ
သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားသော နယ်မြေဒေသတစ်ခု ကို ကောင်းစွာ
ထိန်းချုပ်နိုင်သောဩဇာအာဏာဖြစ်သည်။ နိုင်ငံတစ်ခုတွင် အချုပ်အခြာအာဏာ (၂) မျိုးရှိသည်။ ၎င်းတို့မှာ -
- Internal Sovereignty ပြည်တွင်းအချုပ်အခြာအာဏာ
- External Sovereignty ပြည်ပအချုပ်အခြာအာဏာ
ပြည်တွင်းအချုပ်အချာအာဏာ
နိုင်ငံတော်သည် ပြည်တွင်းမှာ အမြင့်ဆုံးအထွဋ်အထိပ်အာဏာပိုင်ဖြစ်ပြီး ၎င်း၏နယ်မြေအတွင်းမှာရှိသော
လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်အသင်းအဖွဲ့များအပေါ်မှာ ဥပေဒပြုခွင့်နှင့်ဥပဒေကို လိုက်နာစေခြင်း ဩဇာအာဏာ
သက်ရောက်နိုင်သည့် ပြည်တွင်းအချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်။
ပြည်ပအချုပ်အချာအာဏာ
ပြည်ပထိန်းချုပ်မှုများမှ ကင်းလွတ်ပြီးအမျိုးသားရေးနှင့် နိုင်ငံတကာအရေးကိစ္စတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်
ချက်ချနိုင်သော အခွင့်အာဏာနှင့် အခွင့်အရေးဆိုသည့် ပြည်ပအချုပ်အခြာအာဏာကိုပိုင်ဆိုင်သည်။
နိုင်ငံတကာအသိအမှတ်ပြုမှု (International Recognition)
အချုပ်အခြာအာဏာ အပြည့်အဝပိုင်ဆိုင်မှုသည် နိုင်ငံတကာအသိအမှတ်ပြုမှု (International
Recognition) နှင့်တိုက်ရိုက်ဆက်စပ်ပက်သက် နေသည်။ နိုင်ငံတကာအသိအမှတ်ပြုမှုရခြင်း၊မရခြင်းသည်
အချုပ်အခြာအာဏာ အပြည့်အဝရခြင်း၊မရခြင်းနှင့် အဓိကဆက်စပ်ပက်သက်နေသည်။ နိုင်ငံတကာအသိအမှတ်ပြုမှု
အပြည့်အဝမရလျှင်ပြည်ပအချုပ်အခြာအာဏာ (External Sovereignty) ရရှိမှုသည် နိုင်ငံတကာနှင့်
တန်းတူရရှိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်ပြည်တွင်းအချုပ်အခြာအာဏာသည် နိုင်ငံတော်အစိုးရ၏ သန်စွမ်း
ကြံ့ခိုင်မှုပေါ်မူတည်၍ ပြည်ပအချုပ်အခြာအာဏာသည် နိုင်ငံတကာအသိအမှတ်ပြုမှုအပေါ်တွင် လုံးဝတည်မှီနေ
ပေသည်။
မင်းသေ့
5
နိုင်ငံ၏လက္ခဏာ (၅)ရပ်
( Five key Features of the State)
1. The State is Sovereign.
2. State institutions are recognizably public.
3. The State is an exercise in legitimating.
4. The State is an instrument of domination.
5. The State is a territorial association.
၁။ နိုင်ငံတော်တွင် အချုပ်အခြာအာဏာရှိသည်။
၂။ နိုင်ငံတော်အင်စတီကျူးရှင်းများသည် ပြည်သူ့အသိအမှတ်ပြုမှုကို ခံယူရသည်။
၃။ နိုင်ငံတော်သည် တရားဝင်သည့် နိုင်ငံရေးအာဏာကို ကျင့်သုံးသည်။
၎။ နိုင်ငံတော်သည် လွှမ်းမိုးချုပ်ကိုင်သည့် ကိရိယာတစ်ခုဖြစ်သည်။
၅။ နိုင်ငံတော်သည် နယ်မြေအစုအစည်းတစ်ခုဖြစ်သည်။
State institutions
State Institution ဟု ခေါ်သည့် နိုင်ငံတော်တွင် ပါဝင်သော အဖွဲ့အစည်းများကို မည့်သည့် နိုင်ငံတွင် မဆို
အောက်ပါသဘောအတိုင်း တွေ့ရသည်ချည်းဖြစ်သည်။
 အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရား administrative bureaucracies,
 ဥပဒေပြုခြင်း စနစ် legal systems,
 ဥပဒေ အသက်ဝင်စေသည့် ယန္တရား law enforcement apparatus,
 တပ်မတော် (စစ်တပ်) military.
နိုင်ငံတော်၏ကိရိယာများ (State Apparatus;)
- Political Executive or Government အစိုးရ
- Parliament လွှတ်တော်
- Judiciary တရားစီရင်ရေး
- Bureaucracy ပြည်သူ့ဝန်ထမ်း
- Military စစ်တပ်
- Police ရဲအဖွဲ့
- Local and Regional Institution ဒေသဆိုင်ရာအဖွဲ့အစည်းများ
နိုင်ငံတစ်ခုအတွင်း အထက်ပါကရိယာများဖြင့် နိုင်ငံတော်၏ယန္တရားကြီး လည်ပတ်စေရန်အသုံးပြုသည်။
နိုင်ငံဟူ၍ဖြစ်လာလျှင် အထက်ပါအဖွဲ့အစည်းများသည် မရှိမဖြစ်အရေးကြီးသော အချက်များဖြစ်သည်။
မင်းသေ့
6
နိုင်ငံအမျိုးအစားများ (Types of State)
ကမ္ဘာ့နိုင်ငံများတွင်အကြမ်းဖျင်းအားဖြင့် နိုင်ငံအမျိုးအစား (၃) မျိုးသာရှိသည်။
၁။ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံ (တနည်း) ဒီမိုကရေစီနိုင်ငံ
၂။ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံ (စည်းမျဉ်းခံဘုရင်စနစ်နှင့် အကြွင်းမဲ့ဘုရင်စနစ်ဟူ၍ နှစ်ပိုင်းကြည့်
နိုင်သည်။)
၃။ ကွန်မြူနစ်နိုင်ငံ ဟူ၍နိုင်ငံများကိုအမျိုးအစား (၃) မျိုးခွဲခြားနိုင်သည်။
အစိုးရများ၏ အုပ်ချုပ်မှုစနစ်အပေါ်မူတည်၍ နိုင်ငံအမျိုးအစား (၂) မျိုးထပ်မံခွဲခြားနိုင်သည်။ ကွန်မြူနစ်စနစ်
ဖြင့်အုပ်ချုပ်သော အစိုးရများရှိသည့်နိုင်ငံကို ကွန်မြူနစ်နိုင်ငံဟုခေါ်၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော
အစိုးရများရှိသည့် နိုင်ငံကိုဒီမိုကရေစီနိုင်ငံဟုခေါ်သည်။ ထို့ကြောင့်အစိုးရစနစ်အပေါ်မူတည်၍ နိုင်ငံအမျိုးအစား
ခွဲခြားလျှင် (၁) ကွန်မြူနစ် နိုင်ငံနှင့် (၂) ဒီမိုကရေစီနိုင်ငံဟူ၍ အကြမ်းဖျင်း ထပ်မံခွဲခြားနိုင်သည်။
မှတ်ချက်။ ။ ခေတ်သစ်ကမ္ဘာတွင် နိုင်ငံများကို အုပ်ချုပ်သည့် အစိုးရတစ်ရပ်၏ အာဏာကျင့်သုံးပုံစနစ်ကို
လိုက်၍ အစိုးရပုံစံအမျိုးမျိုးပေါ်ထွက်လာကြသည်။ စပ်ကြားအစိုးရ/ကပြားအစိုးရ၊ အီလစ်ဘရယ်အစိုးရ အစရှိသဖြင့်
ဖြစ်သည်။ အချို့သော အစိုးရများကို အာဏာရှင်အစိုးရဟုလည်း မဆိုနိုင်၊ ဒီမိုကရေစီအစိုးရဟုလည်း မဆိုနိုင်ချေ။
ဥပမာ - စင်္ကာပူနှင့် ရုရှားကဲ့သို့သောနိုင်ငံများဖြစ်သည်။ ဤလေ့လာချက်များသည် ပညာရှင်ဆန်ဆန်လေ့လာမှုများ
ဖြစ်သည့်အတွက် အသေးစိတ်လေ့လာမှုပြုရမည့်အချက်များဖြစ်သည်။ ယေဘုယျသဘောကိုမူ အထက်ပါအတိုင်း
သာ သိမှတ်လျှင် လုံလောက်ပြီဖြစ်ပါသည်။
နိုင်ငံမျိုးကွဲ (၂) မျိုး
နိုင်ငံအတွင်းအစိုးရ၏အာဏာခွဲဝေပုံ (Power Sharing Form) ကိုမူတည်၍နိုင်ငံမျိုးကွဲ (၂) မျိုးတွေ့ရသည်။
ထိုနိုင်ငံမျိုးကွဲ(၂)မျိုးမှာ -
(၁) တစ်ပြည်ထောင်နိုင်ငံ Unitary State
(၂) ပြည်ထောင်စုနိုင်ငံ Federal State ဟူ၍ဖြစ်သည်။
(၁) တစ်ပြည်ထောင်နိုင်ငံ
တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံကိုတစ်ပြည်ထောင်နိုင်ငံဟုခေါ်သည်။ တစ်ပြည်ထောင်စနစ်တွင်
ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဟူ၍ ခွဲခြားသတ်မှတ်မထားချေ။ နိုင်ငံတော်အစိုးရတစ်ရပ်သာရှိသည်။ ထို့အပြင်
နိုင်ငံတော် အစိုးရတစ်ရပ်တည်းရှိသည်ကို ဗဟိုအစိုးရတစ်ရပ်ဟူပင်ခေါ်ဝေါ်သုံးစွဲနိုင်သည်။ တစ်ပြည်ထောင်
နိုင်ငံတွင် နိုင်ငံတော် အာဏာကိုနိုင်ငံတော်အစိုးရ (သို့) ဗဟိုအစိုးရကသာ အလုံးစုံသုံးစွဲသည်။ တစ်ပြည်ထောင်စနစ်
တွင် အုပ်ချုပ်ရေး အာဏာခွဲဝေပေးခြင်းလည်းမရှိ။ အုပ်ချုပ်ရေးအာဏာခွဲဝေပေးရန်လည်း ပြည်နယ်အစိုးရမရှိ။
(၂) ပြည်ထောင်စုနိုင်ငံ
ပြည်ထောင်စုစနစ် (ဖက်ဒရယ်စနစ်) ကျင့်သုံးသည့်နိုင်ငံကို ပြည်ထောင်စုနိုင်ငံဟုခေါ်သည်။ ဖက်ဒရယ်
စနစ်တွင်ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကို ခွဲခြားသတ်မှတ်ထားသည်။ နိုင်ငံတော်၏ အာဏာကို ဗဟိုအစိုးရက
မင်းသေ့
7
ပြည်နယ်အစိုးရသို့ခွဲဝေပေးထားသည်။ နိုင်ငံတော်၏အာဏာခွဲဝေသုံးစွဲပုံကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
ထဲတွင် ပြဌာန်းသတ်မှတ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဗဟိုအစိုးရကျင့်သုံးနိုင်သော အာဏာ
နှင့်ပြည်နယ်အစိုးရများ ကျင့်သုံးနိုင်သည့် အာဏာများကိုပြဌာန်းသတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်
သည် Power Sharing ပင်ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံတွင် ဗဟိုအစိုးရရှိသည်။ ပြည်နယ်အစိုးရရှိသည်။ နိုင်ငံတော်အာဏာကို ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရတို့ခွဲဝေပိုင်ဆိုင်ထားသည်။ ပြည်နယ်များကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးထားလေ့ရှိသည်။ ပြည်နယ်
အစိုးရများသည် အခြေခံဥပဒေက ခွင့်ပြုထားသောဒေသဆိုင်ရာ ဥပဒေများကိုပြဌာန်းခွင့်ရှိသည်။
ထိုသို့အာဏာခွဲဝေကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များအပေါ် ဗဟိုအစိုးရ နှင့်ပြည်နယ်
အစိုးရတို့ အဓိပ္ပာယ်ဖွင့်ဆိုပုံနှင့်ပက်သက်၍ အငြင်းပွားမှုများ၊ပဋိပက္ခများဖြစ်လာလျှင် ဗဟိုတရားရုံးချုပ် (Supreme
Court) ၏ အဆုံးအဖြတ်ကိုရယူရသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသီးသီး၏ အဓိက ကွဲပြားခြားနားချက်နှစ်ခုသာရှိပြီး
ယင်းတို့မှာ တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စုစနစ်များဖြစ်ပါသည်။
အဓိကအားဖြင့်
ပြည်ထောင်စုစနစ်ကို ကျင့်သုံးသောနိုင်ငံများသည် လူများရေးအရ၊ ဘာသာရေးအရ၊ ဘာသာစကားအရ ကွဲပြားခြား
နားသော မျိုးနွယ်များ ပေါင်းစည်းနေထိုင်ကြသော နိုင်ငံများဖြစ်သည်ကို တွေ့ရပါသည်။ တစ်ပြည်ထောင်စနစ်ကို
ထိုသို့ ကွဲပြားခြားနားမှုမရှိသော၊ မထင်ရှားသော နိုင်ငံများက ကျင့်သုံးကြသည်ကို တွေ့ရပါသည်။ တစ်ပြည်ထောင်
စနစ်ကို အထက်တွင် ဖော်ပြခဲ့သကဲ့သို့ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ဘာသာစကားအရ၊ ကွဲပြားခြားနားမှု မရှိ
သော သို့မဟုတ် ကွဲပြား ခြားနားမှု မထင်ရှားသော နိုင်ငံများက ကျင့်သုံးကြသည်ဖြစ်ရာ အချုပ်အခြာအာဏာ သုံးရပ်
ဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနှင့် တရားစီရင်ရေးအာဏာများကို ကွဲပြားခြားနားသော မျိုးနွယ်များ
နေထိုင်ရာ ဒေသများသို့ ပိုင်းခြားလွှဲပြောင်းပေးရန် လိုအပ်ချက် မရှိပေ။
ပြည်ထောင်စုစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် ကွဲပြားခြားနားသော မျိုးနွယ်များ နေထိုင်ရာ ဒေသကြီးများ၊ ပြည်
နယ်များသို့ အချုပ်အခြာအာဏာ သုံးရပ်၏ မည်သည့်အပိုင်းများကို ပိုင်းခြားလွှဲအပ်ပေးသည်ဆိုသော အချက်ကို
အခြေခံဥပဒေတွင် ထည့်သွင်းရေးသားဖော်ပြ၍ အတိအလင်း လွှဲပြောင်းပေးအပ်သော သဘောတရား မဖြစ်မနေ
ပါရှိရသည်။
အတိအကျပြောရလျှင် အချုပ်အခြာအာဏာ သုံးရပ်သာမက ထိုဒေသများက ရရှိနိုင်ခွင့်ရှိသော ဝင်ငွေကိုလည်း
အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းပေးရသည်။ မည်မျှအတိုင်းအဆအထိ လွှဲပြောင်းပေးအပ်သည်ဆိုသော စံ
သတ်မှတ်ချက် မရှိရာ နှစ်ဖက်အပေးအယူမျှရေးသည် အဓိကကျသည်ဟု ဆိုရမည်ဖြစ်ပေသည်။
အောင်ထွဋ်
တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စု စနစ် ဆောင်းပါးမှ
(၁၆ - ၃ - ၂၀၀၉)
မင်းသေ့
8
မှတ်ချက်။ ။ Confederation ကွန်ဖက်ဒရေးရှင်းဟုခေါ်သည့် နိုင်ငံများကို စုပေါင်းထားပြီး နိုင်ငံတစ်ခုအသွင်
ထူထောင်ထားသည့် နိုင်ငံမျိုးလည်း ရှိပေသည်။ ဤအခန်းတွင် သမိုင်းဆိုင်ရာအချက်အလက်များကို မှီး၍ရေးသား
ပြုစုခြင်း မဟုတ်ဘဲ လိုရင်းအချက်များကိုသာ ရေးသားထားသောကြောင့် ကွန်ဖက်ဒရေးရှင်းနိုင်ငံအမျိုးအစားကို
အသေးစိတ်ရေးသားခြင်း မပြုတော့ချေ။ (ပြုစုသူ)
အာဏာခွဲဝေပုံကွာခြားချက် (Differences of Power Sharing)
တစ်ပြည်ထောင်နိုင်ငံ (Unitary State) ပြည်ထောင်စုနိုင်ငံ (Federal State)
နိုင်ငံတော်အစိုးရသာရှိ (သို့) ဗဟိုအစိုးရတစ်ခု
တည်းသာရှိ
ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဟုခွဲခြားထား
ပြည်နယ်၊ဒေသများသည် ဗဟိုအစိုးရက လွှဲအပ်သည့်
အာဏာကိုသာကျင့်သုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်
အစိုးရများ၏ အာဏာကိုခွဲဝေထားရှိ၍ ကျင့်သုံး
ဗဟို အစိုးရက ဒေသဆိုင်ရာ အုပ်ချုပ်သူများ ၏
အာဏာကို တိုးနိုင်၊ လျော့နိုင်
ပြည်နယ်များ၏ တည်ရှိမှုနှင့် အာဏာကျင့်သုံးမှုကို
ဗဟိုအစိုးရက တစ်ဖက်သတ် ပြောင်းလဲခြင်း မပြုလုပ် နိုင်
Statute ဥပဒေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်သူများကို
အာဏာလွှဲအပ်နိုင်
ဗဟိုအစိုးရကပြည်နယ်အစိုးရနှင့်အာဏာခွဲဝေကျင့်သုံး
နိုင်ငံရေးအာဏာကို ဒေသဆိုင်ရာ အုပ်ချုပ်သူများကို
မျှဝေ မသုံးစွဲချေ။ အကယ်၍ မျှဝေပေးစေကာမူ လုပ်
ပိုင်ခွင့်ကို ခွဲဝေပေးခြင်းသာဖြစ်ပြီး အဆိုပါ ခွဲဝေမှု
သည် အာမခံချက်မရှိပေ။ လိုချင်သည့် အချိန်တွင်
ခွဲဝေပေးထားသည့် အာဏာကို ပြန်လည်ရုပ်သိမ်း
နိုင်သည်။
နိုင်ငံရေးအာဏာကို ဒေသဆိုင်ရာ အုပ်ချုပ်သူများကို ခွဲဝေ
ပေးထားသည်။ ထိုသို့ ခွဲဝေပေးခြင်းခြင်းသည် အခြေခံဥပဒေ
ဖြင့် အာမခံချက်ပေးထားပြီး လိုသလို နုတ်ပယ် ဖျက်သိမ်း
နိုင်ခြင်း မပြုနိုင်ချေ။ အစိုးရနှစ်ရပ်ဖြစ်သည့် ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရတို့ နိုင်ငံရေးအာဏာကို မျှဝေသုံးစွဲသည့်
အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်သည်။
နိုင်ငံ အမျိုးအစားများ (Types of States)
နိုင်ငံများကို အမျိုးအစားခွဲခြားရာတွင် စနစ်ပိုင်းဖြင့် ခွဲခြားသကဲ့သို့ အနှစ်သာရပိုင်းဖြင့်လည်း ခွဲခြားနိုင်သေးသည်။
နိုင်ငံများကို အခြေခံအားဖြင့် အချုပ်အခြာ အာဏာရှိခြင်း မရှိခြင်းအပေါ် မူတည်၍ ခွဲခြားနိုင်သည်။ နိုင်ငံတစ်နိုင်ငံ
သည် လွတ်လပ်သောနိုင်ငံမဟုတ်ပဲ အခြားနိုင်ငံတစ်နိုင်ငံ၏ ဩဇာသက်ရောက်ခြင်းကို ခံရလျှင် နိုင်ငံဟု မဆိုနိုင်။
နိုင်ငံများတွင် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးစနစ်ကို တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စု စနစ်ဟူ၍ အကြမ်း ဖျင်း
ခွဲခြားနိုင်သည်။ သို့သော် နိုင်ငံတိုင်းသည် ထိုပုံစံနှစ်မျိုးမှ တစ်မျိုးမျိုးဖြစ်သည်ဟု မဆိုပါ။ အခြေခံသဘောအရ ခွဲခြား
သတ်မှတ်ခြင်းသာ ဖြစ်သည်။
များသောအားဖြင့် ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်သည် နယ်မြေများကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ခွဲခြား
အုပ်ချုပ်ခြင်းဖြစ်သည်။ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရနှစ်ရပ်ရှိသည်။ ဗဟိုအစိုးရ
နှင့် ပြည်နယ် အစိုးရဟူ၍ ဖြစ်သည်။ တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်ကျင့်သုံးသည့် နိုင်ငံများတွင်မူ ဗဟိုအစိုးရ
မင်းသေ့
9
တစ်ရပ်သာ ရှိသည်။ ဤနေရာတွင် ဗဟိုချုပ်ကိုင်မှုရှိခြင်း၊ မရှိခြင်းသည် တပိုင်းတစ်ဘာသာဖြစ်သည်။ အချုပ်ဆိုရ
သော် ဖက်ဒရယ်နှင့် ယူနီယံ အမျိုးအစား နှစ်မျိုးကို ယေဘုယျသဘော နားလည်ထားရမည်။
 လူမျိုးနှင့် နယ်မြေကို ကာကွယ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းရှိအောင် တပ်မတော်တစ်ရပ် တည်ထောင်ရသည်။
 ဥပဒေများကို အသက်ဝင်စေခြင်း၊ အမိန့်အာဏာများဖြင့် ဖြည့်စွက်ခြင်းဖြင့် နိုင်ငံတော်အတွင်း တရားဥပဒေ
စိုးမိုးမှုစေရသည်။
 ဆုံးဖြတ်ချက်များ၊ ညွှန်ကြားမှုများကို တရားဝင်ဖြစ်စေရမည်။ လိုအပ်လျှင် ဥပဒေအသစ်များ ပြဌာန်း၍
နိုင်ငံ၏ အင်စတီကျူးရှင်းများကို ဖွံ့ဖြိုးစေရသည်။
 ပဋိပက္ခများ၊ အငြင်းပွားမှုများကို တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းရသည်။
 နိုင်ငံတော်ဟူသည့် ယန္တရားကြီးလည်ပတ်နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊
လုပ်ထုံးလုပ်နည်းများဖြင့် ငွေကြေးကို ပြည်သူ့ထံမှ စုဆောင်းယူရသည်။
 အခွန်ငွေများကို စုဆောင်းအသုံးချရသည်။
 စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံမှန်လည်ပတ်နိုင်ရန် အခြေခံအဆောက်အအုံများကို မပြတ်ဖြည့်တင်းပေး
နေရသည်။
 ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများဖြစ်သော ဆက်သွယ်ရေး၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး၊(လမ်း၊တံတား)၊
သောက်သုံးရေသန့်ရရှိရေးနှင့် အညစ်အကြေး စွန့်ပစ်ရေး စသည်တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ပေး
ရသည်။
 နိုင်ငံတကာအသိုက်အဝန်းတွင် အခြားနိုင်ငံများနှင့် နိုင်ငံတကာဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်ရ
သည်။ နိုင်ငံတကာတွင် နိုင်ငံအချင်းချင်း တန်းတူညီမျှ တည်ရှိနေအောင် လုပ်ဆောင်ရသည်။ ထို့ထက်ပို၍
တာဝန်ရှိသည်မှာ မိမိနိုင်ငံကို နိုင်ငံများအကြား ဩဇာတစ်ရပ်ထူထောင်နိုင်အောင် လုပ်ဆောင်ရသည်။
နိုင်ငံတော်၏တာဝန်များ (Function Of State)
- Essential Function အရေးကြီးတာဝန်များ
- Service Function ဝန်ဆောင်မှုတာဝန်များ
- Economic Function စီးပွားရေးတာဝန်များ
နိုင်ငံတော်က ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ
နိုင်ငံတော်၏ အခြေခံတာဝန်မှာ ပြည်သူနှင့် ပြည်သူ့ဥစ္စာကို လုံခြုံမှုပေးရန် တာဝန်ရှိသည်။ ပြည်သူသာမက ပြည်သူ
နေထိုင်သည့် နယ်မြေ၊ နယ်နိမိတ်ကိုပါ ကာကွယ်ရန် တာဝန်ရှိသည်။ ထို့အပြင် ပြည်သူလူထု ကြီးပွားချမ်းသာ
အောင် စီးပွားဖွံ့ဖြိုးစေသည့် တာဝန်ကိုပါ ယူရသည်။ ၎င်းအချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုသည့် အစိုးရ
ထမ်းဆောင်ရမည့် အခြေခံအချက်ပင်ဖြစ်သည်။
နိုင်ငံတော်ဆိုသည်မှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ရသည်။ အစိုးရသည် နိုင်ငံတော်မှ တာဝန်ရှိသည့်
အရာများကို ပြည်သူအား အကောင်အထည်ဖော်ပေးရသည်။ ထို့ကြောင့် အစိုးရသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း
များကို လုပ်သူဖြစ်သည်။
အစိုးရသည် ပြည်သူအား အခြေခံကျသော ဝန်ဆောင်မှုများ ပေးရသည်။
- (က) လုံခြုံရေးနှင့် ကာကွယ်ရေး
- (ခ) ဥပဒေရေးရာ
မင်းသေ့
10
- (ဂ) ကျန်းမာရေး
- (ဃ) ပညာရေး
- (င) သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။
အစိုးရသည် ပြည်သူကို အဆိုပါ အခြေခံဖြည့်တင်းမှုများ လုပ်ဆောင်ပေးရမည်။ ထိုအချက်များမှ ယုတ်လျော့စေလျှင်
အစိုးရမည်။ အစိုးရမဖြစ်ထိုက်။ အစိုးရအရည်အချင်းနှင့် မညီဟု သတ်မှတ်ရမည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အပြောကျယ်သည့် သဘောရှိသည်။ အထူးသဖြင့် နိုင်ငံတော်သည် ပြည်သူအား
အောက်ပါ ကဏ္ဍများကို ဖြည့်တင်းပေးရသည်။
• Security of persons and property,
• Institutions of dispute resolution,
• Institutions of political participation,
• Central banking,
• Methods of regulating the use of common resources,
• Health care,
• Education,
• Physical infrastructure.
 လူတစ်ဦးချင်းစီးနှင့် ၎င်း၏ ဥစ္စာဓနကို လုံခြုံမှုပေးရသည်။
 ပဋိပက္ခများကို ဖြေရှင်းပေးသည့် အဖွဲ့အစည်းများရှိရသည်။
 နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားနိုင်သည့် အဖွဲ့အစည်းများတည်ထောင်ခွင့်ပြုရသည်။
 ဗဟိုဘဏ်တစ်ခု ရှိရသည်။
 သဘာဝသယံဇာတများကို အသုံးပြုနိုင်ရန် ဥပဒေ၊ စည်းမျဉ်းများ ပြဌာန်းပေးရသည်။
 ကျန်းမာရေး စောင့်ရှောက်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများပေးရသည်။
 ပညာရေးထောက်ပံ့မှု၊ မြှင့်တင်မှုများ လုပ်ဆောင်ရသည်။
 နိုင်ငံအတွင်း အခြေခံအဆောက်အအုံများကို ဖြည့်တင်းပေးရသည်။ (ဥပမာ- ရေ၊လမ်း၊လျှပ်စစ် စသည်ဖြင့်)
အစိုးရကို ပြည်သူက ယုံကြည်မှု လျော့စေသည့် အကြောင်းများရှိသည်။ အထက်ပါကိစ္စများကို ဝန်ဆောင်ပေးမှု၊
ဖြည့်တင်းပေးမှု ညံ့ဖျင်းလျှင် အဆိုပါအစိုးရ ညံ့ဖျင်းသည်ဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် အစိုးရတစ်ရပ်
သည် စီးပွားရေးဆုတ်ကပ်များကို ဖြစ်စေလျှင် အစိုးရညံ့ဖျင်းသည်ဟု ပြည်သူက ယူဆသည်။ ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ
ရှိစေခြင်းသည် နိုင်ငံရေးအခွင့်အရေး အပြည့်အဝ မရခြင်း အပေါ် ပြည်သူက အငြင်းပွားမှုကို လျော့စေသည်။
အထူးသဖြင့် ပုဂ္ဂလိကဝန်ဆောင်မှုများဖြစ်သည့် ပညာရေး၊ ကျန်မာရေးနှင့် အခြေခံအဆောက်အအုံများကို
ဖြည့်တင်း ပေးနိုင်လျှင် ပြည်သူ့ရေးရာတည်ငြိမ်မှုကို အစိုးရတစ်ရပ်က ရရှိသည်။
တဖန် အစိုးရဆီမှ ပြည်သူလိုချင်သည့် အချက်များရှိသည်။ အဆိုပါအချက်များကို ပြည်သူရရှိလျှင် နိုင်ငံရေး
တည်ငြိမ်မှု အတော်အတန်ရသည်။ ပြည်သူနှင့် အစိုးရ ဘက်မျှမျှ သဘောကြည်ဖြူ အတူတူ နိုင်ငံတည်ဆောက်ရေး
နှင့် နိုင်ငံဖွံ့ဖြိုးရေးကို လုပ်ဆောင်လေ့ရှိသည်။
 လုံခြုံမှု ( စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ)
 တရားဥပဒေစိုးမိုးမှုနှင့် ပွင့်လင်းမြင်သာမှု
မင်းသေ့
11
 နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်နှင့် လူ့အခွင့်အရေး ရရှိမှု
 စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးမှု
 လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု
အစိုးရသည် ပြည်သူကို အထပ်ပါအချက်များတွင် ဒွိဟမဖြစ်အောင် ပြသလုပ်ဆောင်ပေးနိုင်ရသည်။
နိုင်ငံ၏ပုံသဏ္ဍာန်များ (Shape of State)
နိုင်ငံများကို ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်၍ အမျိုးအစားများ ခွဲခြားနိုင်သေးသည်။ နိုင်ငံများ၏
နယ်နိမိတ်တည်ရှိမှု ပုံသဏ္ဍာန်ကို လိုက်၍အကြမ်းအားဖြင့် အမျိုးအစား (၅) မျိုးတွေ့ရသည်။
၎င်းတို့မှာ -
(၁) Elongated State ရှည်မျောပုံသဏ္ဍာန်ရှိနိုင်ငံ
(၂) Compact State ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိနိုင်ငံ
(၃) Prorupted State အစွန်းထွက်ပုံသဏ္ဍာန်ရှိနိုင်ငံ
(၄) Fragmented State အပိုင်းပိုင်းကွဲပြတ်ပုံသဏ္ဍာန်ရှိနိုင်ငံ
(၅) Perforated State အပေါက်ပါပုံသဏ္ဍာန်ရှိနိုင်ငံ
စသည်နိုင်ငံအမျိုးအစားများပင်ဖြစ်သည်။
မင်းသေ့
12
Elongated State (ရှည်မျောပုံသဏ္ဍာန်ရှိနိုင်ငံ)
ဤပုံသဏ္ဍာန်ရှိနိုင်ငံများ၏ အထင်ရှားဆုံးသာဓကမှာ တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံဖြစ်သည်။
ချီလီနိုင်ငံသည်တောင်၊ မြောက်မိုင်ပေါင်း၂၅၀၀ (၄၀၀၀ကီလိုမီတာ) ခန့်ရှည်လျားပြီးအရှေ့အနောက်မှာမိုင်ပေါင်း၉၀
(၁၅၀ကီလိုမိတာ) ခန့်သာကျယ်သည်။ ရှည်မျောပုံသဏ္ဍာန်ရှိသည့် နိုင်ငံများတွင် အမျိုးသားစည်းလုံးရေး
အားနည်းတတ်သဖြင့် ခွဲထွက်ရန်ကြိုးပမ်းမှုများ ဖြစ်နိုင်ခြေရှိသည်။ နော်ဝေနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း
ထိုသို့သောနိုင်ငံအသွင်မျိုးရှိသည်။
Compact State (ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိနိုင်ငံ)
နိုင်ငံပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် အနက်ကျစ်လစ်သိပ်သည်း ပုံသဏ္ဍာန်သည် ပထဝီသဘောအရ
အကောင်းဆုံးဖြစ်သည်။ ကျန်သောအချက်အလက်များ တူညီပါကအမျိုးသား စည်းလုံးရေးနှင့် နိုင်ငံကာကွယ်ရေး
အတွက် အထိရောက်ဆုံး အကျိုးပြုသောကြောင့်ဖြစ်သည်။ သီအိုရီအရစက်ဝိုင်းပုံသဏ္ဍာန်ရှိ၍ အလယ်ဗဟိုတွင်
မြို့တော်ရှိလျှင် အကောင်းဆုံးဖြစ်သည်။စင်ကာပူကဲ့သို့သောကျွန်းနိုင်ငံ (ကျွန်းစုနိုင်ငံမဟုတ်) ငယ်များတွင်
ဤပုံသဏ္ဍာန်မျိုးရှိတတ်သည်။ အာဖရိကတိုက်ပေါ်ရှိနိုင်ငံအချို့ (ဥပမာ-ဇင်ဘာဘွေ)သည် ကျစ်လစ်သိပ်သည်း
ပုံသဏ္ဍာန်ရှိနိုင်ငံဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ မာဒါဂတ်စကားနှင့်ဩစတေးလျနိုင်ငံတို့သည် ထိုသို့သော
ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိ နိုင်ငံအမျိုးအစားများဖြစ်ကြသည်။
Prorupted State (အစွန်းထွက်ပုံသဏ္ဍာန်ရှိနိုင်ငံ)
ပင်မနယ်မြေမှ ကျဉ်းမြောင်း၊ရှည်လျားသောနယ်မြေတစ်ခု ထိုးထွက်လျက်ရှိသည့်နိုင်ငံ၏ပုံသဏ္ဍာန်
ဖြစ်သည်။ ထိုးထွက်နေသာနယ်မြေကိုဒက်လက်ကိုင်နယ်မြေ Panhandle ဟုခေါ်သည်။ အစွန်းထွက်ပုံသဏ္ဍာန်ရှိ
နိုင်ငံတစ်ခုလုံးကို Prorupted State ဟုခေါ်၍ထိုစွန်းထွက်နေသောနယ်မြေအပိုင်းကို Panhandle ဟုခေါ်ခြင်း
ဖြစ်သည်။ ထင်ရှားသောအစွန်းထွက်ပုံသဏ္ဍာန်ရှိ နိုင်ငံများမှာမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်အာဖရိကတိုက်ရှိ
နမီးဘီးယားနိုင်ငံတို့ဖြစ်သည်။ Panhandle ဆိုသည်မျာအခြားနိုင်ငံနှစ်ခုအကြား (သို့) အခြားနိုင်ငံနယ်မြေနှင့်
ပင်လယ်ကြားကျဉ်းမြောင်းရှည်လျားစွာ ထိုးထွက်နေသောနိုင်ငံတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ
တနင်္သလာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အစိတ်အပိုင်းတို့ပါရှိသောမြန်မာနိုင်ငံ၏ တောင်ဘက်ဆုံး
အပိုင်းသည် ထင်ရှားသောဒလက်ကိုင်နယ်မြေဖြစ်သည်။ ထိုင်းနိုင်ငံ၏ကျွန်းဆွယ်ပိုင်းသည်လည်း ဒလက်ကိုင်
နယ်မြေပင်ဖြစ်သည်။
နမီးဘီးယားနိုင်ငံတွင် နိုင်ငံ၏ အရှေ့မြောက်ထောင့်မှ အရှေ့ဘက်သို့ထိုးထွက်နေသော ဒက်လက်ကိုင်
နယ်မြေမှာဇမ်ဘီဇီမြစ်သို့ ထွက်ပေါက်ရစေရန် ဖန်တီးထားခြင်းဖြစ်သည်။ အချို့မှာစီးပွားရေးနှင့် မဟာဗျူဟာ
အတွက်ရယူထားသည်။ အချို့မှာကြားခံဇုန် (Buffer Zone) အဖြစ်ထားရှိသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှာ
ကျွန်းဆွယ်ပေါ်တွင်တည်ရှိခြင်းကြောင့် ဤပုံသဏ္ဍာန်ရှိခြင်းဖြစ်သည်။
ဤကဲ့သို့သောနယ်မြေမျိုးသည် တစ်ခါတစ်ရံအမျိုးသားစည်းလုံးရေးကို အားလျော့စေသည်။ ထိုင်းနိုင်ငံ၏
ကျွန်းဆွယ်ပိုင်းတွင် ခွဲထွက်လိုသည့်သဘောဖြင့် ဆူပူလှုပ်ရှားမှုများ မကြာခဏဖြစ်တတ်သည်။ ဤကဲ့သို့
မင်းသေ့
13
ဖြစ်ရသည်မှာ ပင်မနိုင်ငံအစိတ်အပိုင်းနှင့် အလှမ်းကွာဝေးသည့်အပြင် ထိုနယ်မြေနှင့်ဆက်စပ်လျက်ရှိသော
တစ်ဖက်နိုင်ငံ(မလေးရှား)ရှိ လူမျိုးစုများနှင့် အယူဝါဒ၊ ယဉ်ကျေးမှုစသည်တို့တွင် တူညီသောကြောင့်ဖြစ်သည်။
Fragmented State (အပိုင်းပိုင်းကွဲပြတ်ပုံသဏ္ဍာန်ရှိနိုင်ငံ)
အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစသည့်ကျွန်းစုနိုင်ငံများသည် ဤအမျိုးအစားတွင်ပါဝင်သည်။ ပင်လယ်ခြား
နေခြင်းသည် တောတောင်ထူထပ်သည့် ဒေသခြားနေခြင်းထက် ဆက်သွယ်ရန်လွယ်ကူသော်လည်း စိတ်ဝမ်းကွဲမှုကို
လည်း ဖြစ်ပေါ်စေသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်း၁၃၀၀၀ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကျွန်းများသည်
အရှေ့အနောက်မိုင်၃၀၀၀ (ကီလိုမီတာ၅၀၀၀) ကျော်အတွင်းပျံ့နှံ့တည်ရှိ နေသည်။ ဤပုံသဏ္ဍာန်မျိုးသည်
အမျိုးသားစည်းလုံးရေးကိုအားနည်းစေသည်။
Perforated State (အပေါက်ပါပုံသဏ္ဍာန်ရှိနိုင်ငံ)
မိမိနိုင်ငံအတွင်းအခြားနိုင်ငံ (သို့) အခြားနိုင်ငံပိုင်နယ်မြေရှိနေသောနိုင်ငံကို Perforated State ဟုခေါ်
သည်။ အထင်ရှားဆုံးသာဓကမှာ တောင်အာဖရိကနိုင်ငံဖြစ်သည်။ လီဆိုသိုနိုင်ငံသည် တောင်အာဖရိက နိုင်ငံ၏
အလယ်တွင် ရှိနေသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် နှစ်နိုင်ငံလုံး၏နိုင်ငံခြားရေးမူဝါဒတူညီရန် လိုအပ်သည်။
မဟာမိတ်နိုင်ငံများဖြစ်ရန်လည်း လိုအပ်သည်။ ထိုသို့မဟုတ်ပါကပြဿနာဖြစ်နိုင်မှုနှင့် ပဋိပက္ခဖြစ်နိုင်ချေ များပြား
သည်။
အစိုးရ (Government)
အစိုးရသည် နိုင်ငံတော်၏မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ဦးနှောက်ဖြစ်ပြီး
နိုင်ငံတော်၏ တည်ရှိမှုကို ရေရှည်တည်တံ့စေသည်။
(အစိုးရဆိုသည်မှာ State ဟုခေါ်သော နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး State ခေါ် နိုင်ငံတော်
များက ထမ်းဆောင်ရမည့် တာဝန်ကို ထမ်းဆောင်ပေးသည့် Functioning Unit တစ်ခုသာ ဖြစ်ပေသည်။
Nation သည် Hardware၊ State သည် Software ဖြစ်ခဲ့လျှင် Government သည် Operator ဖြစ်ပါလိမ့်
မည်။)
အောင်ထွဋ်
စာ-၅၇/နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ စာအုပ်မှ
နိုင်ငံတော် (State)
နိုင်ငံတော်သည်ပုဂ္ဂိုလ်စွဲကင်းသည့်အာဏာကိုကျင့်သုံးသည်။
မင်းသေ့
14
နိုင်ငံတော်နှင့်အစိုးရအကြားအဓိကခြားနားချက်
နိုင်ငံတော်နှင့်အစိုးရသည် ကွဲပြားနေသည်။ အချို့ကအစိုးရကိုနိုင်ငံတော်ဟု မှတ်ယူ၍နိုင်ငံတော်ကိုလည်း
အစိုးရဟုမှတ်ထင်နေသည်။ ထို့ကြောင့်နိုင်ငံတော်နှင့် အစိုးရကွဲပြားခြားနားချက်ကို ရှင်းလင်းစွာသိရန်လိုအပ်သည်။
နိုင်ငံတော် (State) အစိုးရ (Government)
နိုင်ငံတော်သည် Institutions များနှင့်နိုင်ငံသားအားလုံး
ပါဝင်သည့် Inclusive Association ဖြစ်သည်။
အစိုးရသည်နိုင်ငံတော်၏အစိတ်အပိုင်းတစ်ရပ်
သာဖြစ်
နိုင်ငံတော်သည် အမြဲတည်ရှိနေသည့်အရာ။ အစိုးရသည်ယာယီတည်ရှိနေသောအရာ။
နိုင်ငံတော်သည် လူ့အဖွဲ့အစည်းနှင့် အမြဲတမ်းအကျိုး
စီးပွားကို ကိုယ်စားပြု။
အစိုးရသည်တစ်ချိန်တွင်အာဏာရရှိလာသည့်သူတို့
အား ထောက်ခံသူများကိုကိုယ်စားပြု။
နိုင်ငံတော်သည်အစိုးရစနစ်များကိုပြုပြင်ပြောင်းလဲနိုင်ပြီးပုံစံ
အသစ် ပြန်ပြောင်းနိုင်။
အစိုးရသည် နိုင်ငံတော်၏အာဏာကို အကောင်
အထည် ဖော်သည့်ယန္တရား။
နိုင်ငံတော်နှင့် အစိုးရဆိုသော အသုံးအနှုန်းများတွင် အဓိကကျသော ကွဲပြားခြားနားမှု ငါးခုရှိသည်ဟု ဆိုနိုင်ပါသည်။
(၁) နိုင်ငံတော်ဆိုသည်မှာ အစိုးရသက်သက် သာမက ပြည်သူလူထု သို့မဟုတ် နိုင်ငံသားများပါ ပါဝင်သောကြောင့်
ပို၍ ကျယ်ပြန့်သော သဘောကို ဆောင်သည်ဟု ဆိုရမည်ဖြစ်သည်။
(၂) နိုင်ငံတော်သည် နိုင်ငံတည်သရွေ့တည်ရှိမည်ဖြစ်သောကြောင့် ခိုင်မာသော သဘောကို ဆောင်ပြီး အစိုးရဆို
သည်မှာ ယာယီသဘောသာဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
(၃) အစိုးရဆိုသည်မှာ နိုင်ငံတော်များက ၎င်း၏တာဝန်ကို ထမ်းဆောင်သော Means ခေါ် နည်းလမ်းတစ်ရပ်သာ
ဖြစ်သည်ဟု ဆိုနိုင်သည်။
(၄) နိုင်ငံတော်ဆိုသည်မှာ လူပုဂ္ဂိုလ်သဘောမပါသကဲ့သို့ လူပုဂ္ဂိုလ်များနှင့် မပက်သက်သော်လည်း အစိုးရဆိုသည်
မှာ လူပုဂ္ဂိုလ်အရောင် အသွေးများ ပါရှိတတ်သည်။ တနည်းအားဖြင့် State ခေါ် နိုင်ငံတော်သည် Neutral သဘော
ကို ဆောင်သော်လည်း Government သည် Neutral မဟုတ်ဟု ဆိုလိုပေသည်။
(၅) နိုင်ငံတော်ဆိုသည်မှာ အနည်းဆုံး သီအိုရီသဘောအရ လူ့အဖွဲ့အစည်း ကောင်းကျိုးကို အမြဲရည်ရွယ်သော
သဘောရှိသော်လည်း အစိုးရများသည် ပါတီ အုပ်စုအစွဲများ ပါရှိတတ်သည်ကို တွေ့နိုင်သည်။
အောင်ထွဋ်
စာ-၅၇/နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ စာအုပ်မှ
အုပ်ချုပ်မှု (Governance)
အုပ်ချုပ်မှုဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်ဖြစ်သည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ထိုဆုံးဖြတ်ချက်များ
ကို အကောင်အထည်ဖော်သည့် ဖြစ်စဉ် ဖြစ်သည်။
ထို့ကြောင့် အုပ်ချုပ်မှု (Governance)သည် ဖြစ်စဉ် (Process) နှစ်ခုဖြင့် လုပ်ဆောင်သည်။
- ပထမ ဆုံးဖြတ်ချက်ပေးသည်။ (Process of Decision-making)
- နောက်ဆုံး အဆိုပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ (Process of implementation)
မင်းသေ့
15
အုပ်ချုပ်မှု ဆိုသည့် အနက်ကို နိုင်ငံတော်နှင့် တွဲဆက်၍ ဖွင့်ဆိုသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း အုပ်
ချုပ်ရေးရှိသည်။ ထို့ကြောင့် အဖွဲ့အစည်းများကို ကိုယ်စားပြု၍ ဖွင့်ဆိုသည့် အနက်များလည်းရှိသည်။ ကမ္ဘာ့ဘဏ်
က ဤသို့ ဖွင့်သည်။
- ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း ကဏ္ဍတွင် ပါဝါ
ကျင့်သုံးခြင်း။
- နိုင်ငံအတွင်း အာဏာကျင့်သုံးခြင်း။
အုပ်ချုပ်မှု (Governance)သည် အင်စတီကျူးရှင်းများကို အသုံးပြုခြင်းဖြစ်သည်။ တနည်း အာဏာ၏ တည်ဆောက်
ပုံလည်းဖြစ်သည်။ စီးပွားရေးနှင့် လူမှုဆိုင်ရာ ရေးရာများကို ထိန်းချုပ်ကွပ်ကဲခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည်
တို့ဖြစ်သည်။
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ဟူသည် ပြည်သူ့ရေးရာကိစ္စရပ်များကို ပြည်သူ့ဝန်ဆောင်
မှုကောင်းများဖြင့် ပြည်သူ့လိုအင်ကို ဖြည့်တင်းပေးနိုင်ခြင်းဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးကို အာမခံချက်
အပြည့်အဝပေး၍ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်နိုင်ခြင်းကို Good Governance ဖြစ်သည်ဟု သတ်
မှတ်သည်။
ကုလသမဂ္ဂမှ မှတ်ချက်ပြုသည့် ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည့် လက္ခဏာ (၈) ရပ်ရှိသည်။
 အများဆန္ဒအခြေပြု
 ပါဝင်ဆောင်ရွက်ခွင့်ပြု
 တရားဥပဒေစိုးမိုးရေး ကောင်းမွန်
 ထိရောက်/ စွမ်းရည်ပြည့်
 တာဝန်ခံမှုရှိ
 ပွင့်လင်းမြင်သာမှုရှိ
 တာဝန်ယူမှုရှိ
 မျှတ / အများပါဝင်ခွင့်ရ, ပြု
Weak State (ချိနဲ့နိုင်ငံ)
နိုင်ငံအတွင်း ပြဌာန်းထားသော ဥပဒေမျာကို အသက်ဝင်အောင် မလုပ်နိုင်လျှင် နိုင်ငံမတိုးတက်ချေ။
မတည်ငြိမ်မှုများ၊ ဆူပူမှုများ၊ ခြစားမှုများဖြင့် နိုင်ငံဆင်းရဲတတ်သည်။ ထို့အတူ နိုင်ငံတော် အစိုးရက ၎င်းတို့ ချမှတ်
သည့် မူဝါဒများကို အကောင်အထည် မဖော်နိုင်လျှင်လည်း နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု မရှိတတ်။ အထူးသဖြင့်
အင်စတီကျူးရှင်းများ အားနည်းသည့် နိုင်ငံနှင့် မူဝါဒများကို အကောင်အထည်ဖော်ရန် စွမ်းရည် မရှိသည့်နိုင်ငံများ
တွင် တွေ့ရတတ်သည်။ ဤနေရာတွင် အစိုးရချမှတ်သည့် မူဝါဒများသည် တရားဝင်မှု အခိုင်အမာ ရရှိမှု နည်းပါး
ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ De facto အစိုးရများတွင် ဤသို့ အနေအထားများ ကြုံတွေ့ရတတ်သည်။
ချိနဲ့နိုင်ငံများသည် ဆင်းရဲသည့် နိုင်ငံအဆင့်ကို တဖြည်းဖြည်း ရောက်ရှိလာတတ်သည်။ ဥပဒေများ၊ အင်စတီကျူး
ရှင်းများ၊ မူဝါဒများ အားနည်းသည့် အခါ ဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် နယ်စပ်ဒေသများတွင်
မင်းသေ့
16
ဒုက္ခသည်များ များပြားလာခြင်း၊ လူခိုးဝင်မှုများ များလာခြင်း၊ ဒုစရိုက်မှုများ ထူပြောလာခြင်း၊ လူ့အခွင့်အရေး
ချိုးဖောက်မှုများ၊ အကြမ်းဖျက်မှုများ၊ ရာဇဝတ်မှုများ စသည့် အကျိုးဆက်များ ဆက်တိုက်ဖြစ်ပွားလာတတ်သည်။
ထိုအခါ အဆိုပါနိုင်ငံသည် ဆင်းရဲခြင်း နွံမှာနှစ်သော နိုင်ငံဖြစ်သည်။ ပြည်တွင်းပဋိပက္ခများနှင့် ပြည်တွင်းစစ်ဖြစ်ပွား
သည့် နိုင်ငံများတွင် ပို၍ပင် ဆိုးဝါးနိုင်ချေများသည်။
Fail State (ဆင်းရဲနိုင်ငံ)
ဆင်းရဲနိုင်ငံ၏ လက္ခဏာမှာ ဗဟိုအစိုးရ ညံ့ဖျင်းခြင်း ပင်ဖြစ်သည်။ အစိုးရသည် အုပ်ချုပ်ရေးစွမ်းရည်နည်းလျှင် နိုင်ငံ
ဆင်းရဲသည်။ အစိုးရ ညံ့ခြင်း၊ မညံ့ခြင်းကို အောက်ပါ လက္ခဏာရပ်ဖြင့် တိုင်းတာနိုင်သည်။
- နိုင်ငံ၏ နယ်စပ်ဒေသများကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်း
- ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများတွင် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
- ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ထူပြောခြင်း
- ဒုက္ခသည်နှင့် ရွေ့ပြောင်း လုပ်သားများ များပြားခြင်း
- စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျခြင်း
မက်ဝီဘာ၏ အယူအဆ
မက်ဝီဘာက နိုင်ငံတစ်နိုင်ငံသည် အောင်မြင်မှု ရရှိရန် လုပ်ဆောင်ရမည့် အခြေခံအချက်ကို ထောက်ပြထားသည်။
နိုင်ငံတစ်နိုင်ငံသည် မိမိ၏ နယ်နိမိတ်စည်းကို စစ်ဘက်အင်အားအသုံးပြု၍ တရားဝင်လွှမ်းမိုးထိန်းချုပ်ထား နိုင်ရမည်။
အထူးသဖြင့် စစ်ဘုရင်များ၊ စစ်သွေးကြွအုပ်စုများနှင့် အကြမ်းဖက်မှုများ များပြားသည့် ဒေသများတွင် နယ်မြေစိုးမိုး
ရေးသည် ပထမဦးစားပေး လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် နယ်မြေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံတိုးတက်ရေး အတွက်
အခြေခံကျသော အချက်ဖြစ်သည်။
ဆင်းရဲသည့်နိုင်ငံသည် ဥပဒေများ အသက်မဝင်ခြင်း၊ (သို့) တရားဥပဒေမစိုးမိုးခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း (ဝါ)
အုပ်ချုပ်ရေးစွမ်းရည် ညံ့ဖျင်းခြင်း ဖြစ်လာသောကြောင့် အောက်ပါ အကျိုးဆက်များ တောက်လျှောက်ဖြစ်ပွားလာ နိုင်
သည်။
- ရာဇဝတ်မှု မြင့်တက်ခြင်း
- နိုင်ငံရေး ခြစားမှု လွန်ကဲခြင်း
- ညံ့ဖျင်းသည့် ဗြူရိုကရေစီ ယန္တရားဖြစ်လာခြင်း
- တရားရေးမဏ္ဍိုင် ချိနဲ့ခြင်း/ သမာသမတ်ကျသော တရားရုံးများ အားနည်းခြင်း
- နိုင်ငံရေးတွင် စစ်တပ် ဩဇာလွှမ်းမိုးခြင်း
- မိုးကျရွှေကိုယ် ခေါင်းဆောင်များ ဒေသအနှံ့အပြားတွင် ကြီးစိုးခြင်း
အဆိုပါ အချက်များသည် နိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်စီးသည့် အကြောင်းများဖြစ်
သည်။ အဆိုပါနိုင်ငံများတွင် အခြားနိုင်ငံ၏ကျူးကျော်နိုင်မှု အခွင့်အလမ်း ပိုမိုရှိသ်ည။
မင်းသေ့
17
နိုင်ငံများ ဆင်းရဲခြင်း အကြောင်း
(CAUSES OF STATE FAILURE)
- ပြည်တွင်းပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် နိုင်ငံများ ဆင်းရဲရသည်။ ပြည်တွင်းစစ်များနှင့် ပြည့်နှက်
နေ၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြင့် နပန်းလုံးနေရသောနိုင်ငံများသည် ဆင်းရဲရသည်။
- တိုင်းပြည်ရှိ ဗြူရိုကရေစီယန္တရား ချိနဲ့ အားပျော့ခြင်းကြောင့် နိုင်ငံများ ဆင်းရဲရသည်။ နိုင်ငံကို အုပ်ချုပ်
သည့် အစိုးရနှင့် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရသည့် ဗြူရိုကရေစီယန္တရားသည် စွမ်းရည်
မပြည့်၊ ခြစားမှုများဖြင့် နှစ်ပါးသွားနေရသော နိုင်ငံရေးစနစ်တွင် နိုင်ငံများ ဆင်းရဲရသည်။
- အာဏာရှင်အစိုးရများကြောင့် နိုင်ငံများဆင်းရဲရသည်။ ငါတကော, ကောသည့် တကိုယ်တော်ကျိတ်ဝါဒ
ဆုပ်ကိုင်ထားသည့် အစိုးရများ အုပ်ချုပ်သည့်နိုင်ငံများတွင် နိုင်ငံများဆင်းရဲရသည်။
- နိုင်ငံတစ်နိုင်ငံဆင်းရဲရခြင်းတွင် ပြည်ပ၊ နိုင်ငံတကာသက်ရောက်မှု တစ်ခုခုကြောင့်ထက် ပြည်တွင်းအခြေ
အနေများကြောင့် ပို၍ ဖြစ်နိုင်ပေသည်။
နိုင်ငံတကာသက်ရောက်မှုများ
 ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းကြောင့်လည်းကောင်း
 သဘာဝကပ်ဘေးကြောင့်လည်းကောင်း
 တိုင်းတစ်ပါး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံရခြင်းကြောင့်လည်းကောင်း
 ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့်လည်းကောင်း
စသည့် အချက်များကြောင့်လည်း နိုင်ငံဆင်းရဲစေနိုင်သည်။
ပြည်တွင်းရေးသက်ရောက်မှုများ
 အစိုးရတစ်ရပ် ဖြုတ်ချခံရခြင်း (အာဏာသိမ်းခံရခြင်း)
 နိုင်ငံစီးပွားရေးတွင် ခရိုနီကြီးစိုးလွန်းနေခြင်း
 အာဏာရှင် အစိုးရတစ်ရပ် ရှိနေခြင်း
 ပြည်တွင်းစီးပွား ပျက်ကပ်ဖြစ်ခြင်း (ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် လည်းဖြစ်နိုင်သည်။)
စီးပွားပျက်ကပ်ကြောင့် အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာခြင်း
 နိုင်ငံ၏ ရပ်တည်မှုသည် ပို့ကုန်၊ သွင်းကုန်တွင် မှီခိုလွန်းနေခြင်း
နိုင်ငံဟူ၍ ဖြစ်လာလျှင် အခြေအနေ အမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်သည်။ ဖွံ့ဖြိုးမှုလွန်၊ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနှင့်
ဆင်းရဲသည့်နိုင်ငံ ဟူ၍ နိုင်ငံ များကို သတ်မှတ်သည်။ နိုင်ငံတစ်နိုင်ငံကြောင်းကို လေ့လာသုံးသပ်ရာတွင် နိုင်ငံတစ်
နိုင်ငံ၏ သဘောသဘာဝကို အတော်အတန်သိထားမှသာ ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်မည်ဖြစ်သည်။
ကိုးကားစာအုပ်များ စာရင်း
Weak and Failed States (Educational initiative)
အောင်ထွဋ် - နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ ဆောင်းပါးများ
မကြင်ဌေး - လူမှုရေးပထဝီဝင် အဘိဓာန်

More Related Content

What's hot

Local government 101
Local government 101Local government 101
Local government 101ICMAorg
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
NOTE ON INTRODUCTION TO POLITICAL SCIENCE
NOTE ON INTRODUCTION TO POLITICAL SCIENCENOTE ON INTRODUCTION TO POLITICAL SCIENCE
NOTE ON INTRODUCTION TO POLITICAL SCIENCEIsmael Buchanan
 
International cooperation and development: a conceptual overview
International cooperation and development: a conceptual overviewInternational cooperation and development: a conceptual overview
International cooperation and development: a conceptual overviewIra Tobing
 
Look act east policy
Look act east policyLook act east policy
Look act east policyRakesh Bhaskar
 
Sir221 2016 ft unit 1 - actors in ir + realism theory(1)
Sir221 2016 ft   unit 1 - actors in ir + realism theory(1)Sir221 2016 ft   unit 1 - actors in ir + realism theory(1)
Sir221 2016 ft unit 1 - actors in ir + realism theory(1)Raymond Masambo Mulenga
 
Theories of I.R-2
Theories of I.R-2Theories of I.R-2
Theories of I.R-2Omarashraf87
 
Three Stages of Political Development.pdf
Three Stages of Political Development.pdfThree Stages of Political Development.pdf
Three Stages of Political Development.pdfWajid Khan MP
 
International Relations Theory
International Relations TheoryInternational Relations Theory
International Relations TheoryClement Abugbe
 
China's Political System
China's Political SystemChina's Political System
China's Political SystemSHEIKHRIAD4
 
Governance of USA
Governance of USAGovernance of USA
Governance of USAAsra Qadeer
 
Constitutional and economic reform Process
Constitutional and economic reform ProcessConstitutional and economic reform Process
Constitutional and economic reform ProcessKhaing Sape Saw
 
Political system
Political systemPolitical system
Political systemCherry Renae
 
Senate and its purpose
Senate and its purposeSenate and its purpose
Senate and its purposeNitashaMaqsood
 
An Assignment on AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA, ASEAN
An Assignment on  AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA,  ASEANAn Assignment on  AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA,  ASEAN
An Assignment on AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA, ASEANRobin Bepary
 
INTERNATIONAL AFFAIRS / COOPERATION
INTERNATIONAL AFFAIRS / COOPERATIONINTERNATIONAL AFFAIRS / COOPERATION
INTERNATIONAL AFFAIRS / COOPERATIONshahzadebaujiti
 

What's hot (20)

Local government 101
Local government 101Local government 101
Local government 101
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
NOTE ON INTRODUCTION TO POLITICAL SCIENCE
NOTE ON INTRODUCTION TO POLITICAL SCIENCENOTE ON INTRODUCTION TO POLITICAL SCIENCE
NOTE ON INTRODUCTION TO POLITICAL SCIENCE
 
Politics of China
Politics of ChinaPolitics of China
Politics of China
 
International cooperation and development: a conceptual overview
International cooperation and development: a conceptual overviewInternational cooperation and development: a conceptual overview
International cooperation and development: a conceptual overview
 
Look act east policy
Look act east policyLook act east policy
Look act east policy
 
Sir221 2016 ft unit 1 - actors in ir + realism theory(1)
Sir221 2016 ft   unit 1 - actors in ir + realism theory(1)Sir221 2016 ft   unit 1 - actors in ir + realism theory(1)
Sir221 2016 ft unit 1 - actors in ir + realism theory(1)
 
Theories of I.R-2
Theories of I.R-2Theories of I.R-2
Theories of I.R-2
 
The Status of Taiwan
The Status of TaiwanThe Status of Taiwan
The Status of Taiwan
 
Three Stages of Political Development.pdf
Three Stages of Political Development.pdfThree Stages of Political Development.pdf
Three Stages of Political Development.pdf
 
International Relations Theory
International Relations TheoryInternational Relations Theory
International Relations Theory
 
China's Political System
China's Political SystemChina's Political System
China's Political System
 
Governance of USA
Governance of USAGovernance of USA
Governance of USA
 
Constitutional and economic reform Process
Constitutional and economic reform ProcessConstitutional and economic reform Process
Constitutional and economic reform Process
 
Political system
Political systemPolitical system
Political system
 
Act East Policy
Act East PolicyAct East Policy
Act East Policy
 
Senate and its purpose
Senate and its purposeSenate and its purpose
Senate and its purpose
 
An Assignment on AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA, ASEAN
An Assignment on  AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA,  ASEANAn Assignment on  AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA,  ASEAN
An Assignment on AU, EU, APEC, NAFTA, AFTA, SAPTA, LAFTA, ASEAN
 
INTERNATIONAL AFFAIRS / COOPERATION
INTERNATIONAL AFFAIRS / COOPERATIONINTERNATIONAL AFFAIRS / COOPERATION
INTERNATIONAL AFFAIRS / COOPERATION
 

Viewers also liked

Jss (letter 5)
Jss (letter 5)Jss (letter 5)
Jss (letter 5)aungkokotoe
 
Jss (letter 10)
Jss (letter 10)Jss (letter 10)
Jss (letter 10)aungkokotoe
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)aungkokotoe
 
Jss (letter 9)
Jss (letter 9)Jss (letter 9)
Jss (letter 9)aungkokotoe
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copyaungkokotoe
 
Jss (letter 6)
Jss (letter 6)Jss (letter 6)
Jss (letter 6)aungkokotoe
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copyaungkokotoe
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)aungkokotoe
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)aungkokotoe
 
Jss (letter 8)
Jss (letter 8)Jss (letter 8)
Jss (letter 8)aungkokotoe
 
Jss (letter 7)
Jss (letter 7)Jss (letter 7)
Jss (letter 7)aungkokotoe
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)aungkokotoe
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)aungkokotoe
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)aungkokotoe
 

Viewers also liked (14)

Jss (letter 5)
Jss (letter 5)Jss (letter 5)
Jss (letter 5)
 
Jss (letter 10)
Jss (letter 10)Jss (letter 10)
Jss (letter 10)
 
Jss (letter 11)
Jss (letter 11)Jss (letter 11)
Jss (letter 11)
 
Jss (letter 9)
Jss (letter 9)Jss (letter 9)
Jss (letter 9)
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copy
 
Jss (letter 6)
Jss (letter 6)Jss (letter 6)
Jss (letter 6)
 
Jss (letter 13) - copy
Jss (letter   13) - copyJss (letter   13) - copy
Jss (letter 13) - copy
 
Jss (letter 3)
Jss (letter 3)Jss (letter 3)
Jss (letter 3)
 
Jss (letter 2)
Jss (letter 2)Jss (letter 2)
Jss (letter 2)
 
Jss (letter 8)
Jss (letter 8)Jss (letter 8)
Jss (letter 8)
 
Jss (letter 7)
Jss (letter 7)Jss (letter 7)
Jss (letter 7)
 
Jss (letter 4)
Jss (letter 4)Jss (letter 4)
Jss (letter 4)
 
Political science (introduction)
Political science (introduction)Political science (introduction)
Political science (introduction)
 
Jss (letter 16)
Jss (letter 16)Jss (letter 16)
Jss (letter 16)
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Nationalism
NationalismNationalism
Nationalismaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)aungkokotoe
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmaraungkokotoe
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)aungkokotoe
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your lifeaungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
 
Education Reform for Technological Universities in Myanmar
Education Reform for Technological Universities in MyanmarEducation Reform for Technological Universities in Myanmar
Education Reform for Technological Universities in Myanmar
 
Quotation for Motivation (Burmese)
Quotation for Motivation (Burmese)Quotation for Motivation (Burmese)
Quotation for Motivation (Burmese)
 
Zoom in your life
Zoom in your lifeZoom in your life
Zoom in your life
 

Jss (letter 18) - copy

  • 1. မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံတော် နှင့် အစိုးရ မင်းသေ့ ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။ နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ သည်။ အယ်ဒီတာ မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံတော် နှင့် အစိုးရ မင်းသေ့ ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။ နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ သည်။ အယ်ဒီတာ မင်းသေ့ 1 ဇွန် ၂၀၁၅ / အတွဲ(၁) အမှတ် (၂) နိုင်ငံတော် နှင့် အစိုးရ မင်းသေ့ ဤစာတမ်းသည် “STATE” ဟုခေါ်သော “နိုင်ငံတော်“ အကြောင်းကို ရေးသားတင်ပြထားသည်။ နိုင်ငံရေး လေ့လာသူတော်တော်များများသည် အစိုးရနှင့် နိုင်ငံတော် ဆိုသည့် ဝေါဟာရတို့၏ ကွဲပြားခြားနားချက်ကို ရှင်း ရှင်းလင်းလင်း သဘောပေါက် နားလည်မှု အားနည်းကြသည်။ ထို့အပြင် နိုင်ငံတော်ဆိုသည်မှာ မည်သို့သော သွင်ပြင်လက္ခဏာများ ရှိနေသည်ကို မသိ။ အစိုးရဆိုသည်မှာ မည်သည့် တာဝန်ကို ထမ်းဆောင်မှန်း မသိချေ။ နိုင်ငံရေး လေ့လာနေသူအဖို့ “နိုင်ငံတော်”နှင့် “အစိုးရ” ဟူသည့် ဝေါဟာရကို ပြတ်ပြတ်သားသား နားလည်ထား ခြင်းအားဖြင့် နိုင်ငံရေးလေ့လာနေသူ အချင်းချင်းအကြား ခေါင်းတစ်လုံးသာသောသူ ဖြစ်လာနိုင်သည်ဟု ယူဆမိ သည်။ အယ်ဒီတာ
  • 2. မင်းသေ့ 2 နိုင်ငံတော် နိုင်ငံရေးကို လေ့လာရာတွင် အခြေခံယူနစ်မှ စ၍ လေ့လာမှုပြုရသည်။ နိုင်ငံရေးဆိုင်ရာနယ်ပယ်များကို လေ့လာရာ၌ အခြေခံကျသော ယူနစ်မှာ နိုင်ငံတော်ဟုခေါ်သည့် State ပင်ဖြစ်သည်။ နိုင်ငံရေးလေ့လာမှုတွင် အခြေခံမကျေလျှင် ဖောင်ဒေးရှင်းမခိုင်ဟု ဆိုနိုင်သည်။ ဖောင်ဒေးရှင်းမခိုင်လျှင် အောက်သက်မကျေဟု ဆိုသည်။ အောက်သက်မကျေလျှင် နိုင်ငံရေးနယ်ပယ်၌ သူကျေ ကိုယ်ကျေ လုပ်ရချိန်တွင် နဖူးကွဲ ဒူးပြဲဖြင့် အရေးမလှဖြစ်တတ်သည်။ ထို့ကြောင့် နိုင်ငံတော်ဟူသည့် အခြေခံယူနစ်လည်းဖြစ်၊ ယေဘုယျအချက်လည်း ဖြစ်သည့် ဝေါဟာရတစ်ခုကို လေ့လာခြင်းဖြင့် စတင်အပ်သည်။ နိုင်ငံတော်ဆိုသည်မှာ မတ်ဝီဘာ၏ အလိုအရ၊ နိုင်ငံတော်ဆိုသည်မှာ တိကျသောနယ်နိမိတ်ရှိပြီး တရားဝင်အာဏာကို ကျင့်သုံးနိုင်သည့် အစိုးရတစ်ရပ်ရှိသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဟု ဆိုသည်။ အောက်(စ)ဖို့အဘိဓာန်အရ၊ နိုင်ငံတော်ဆိုသည်မှာ အစိုးရတစ်ခုလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံရေး အသိုက်အဝန်းဟု ဖွင့်ဆိုသည်။ (a state is "an organized political community under one government".) နိုင်ငံတော် (State) နိုင်ငံသည် ပထဝီနယ်နိမိတ် သတ်မှတ်ထားသောနယ်မြေဒေသအဝန်းအဝိုင်းတစ်ခုကိုခေါ်ဆိုခြင်းဖြစ်သည်။ State State can be defined as a political association of people that establishes sovereign jurisdiction with defined territorial borders and exercise authority through a set of permanent institutions. နိုင်ငံတော်ဆိုသည်မှာ အတိအကျသတ်မှတ်ထားသည့်နယ်မြေဒေသတစ်ခုတွင် အတည်တကျ နေထိုင်ပြီး ပြင်ပချုပ်ကိုင်မှု ကင်းသည့်အစိုးရတစ်ရပ်ကို ထူထောင်ထားသော လူပေါင်းစုကိုခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံတော်ဟူသည် နိုင်ငံရေး၏ အခြေခံယူနစ်ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တရုတ် နိုင်ငံ အစရှိသဖြင့် နိုင်ငံများ မတူညီကြဟု ထင်ရသော်လည်း နိုင်ငံဟူသည့် စကားလုံးသည် အားလုံး အတူတူပင် ဖြစ်သည်။ နိုင်ငံဟု သတ်မှတ်ခြင်း ခံရသည့် မည်သည့် နိုင်ငံမျိုးမဆို အခြေခံတူညီချက်များ ရှိသည်။ အဆိုပါ အခြေခံ တူညီချက်များကို ဆက်လက်ဖော်ပြထားပါသည်။
  • 3. မင်းသေ့ 3 နိုင်ငံတော် (State) ဆိုသည့် ဝေါဟာရကို Nation ဆိုသည့် လူမျိုးနှင့် ခွဲခြားနားလည်ရန်လိုသည်။ Nation ဆိုသည်မှာ ဘုံစရိုက်လက္ခဏာ (Common identity) ရှိသည့် လူ့အသိုက်အဝန်းကြီးကို ဆိုလိုသည်။ လူမျိုးဆိုသည် မှာ နယ်မြေဧရိယာအနှံ့အပြားတွင် တည်ရှိနေသည်။ အထူးသဖြင့် လူမျိုးကိုသတ်မှတ်ရာတွင် အခြေခံစံ သတ်မှတ် ချက်တော့ ရှိသည်။  ဘာသာစကားတူညီခြင်း  ကိုးကွယ်သည့် ဘာသာတူညီခြင်း  နယ်မြေတစ်ခုတွင် တစ်စုတစ်စည်းတည်း ဖြစ်ခြင်း  ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များတူညီခြင်း  လူမျိုး(ဗီဇစရိုက်) တူညီခြင်း စသည့် ယေဘုယျ သတ်မှတ်ထားခြင်းတော့ ရှိသည်။ စာရေးဆရာ အောင်ထွဋ်သည် နိုင်ငံဟူသည့် Nation နှင့် နိုင်ငံတော်ဟူသည့် State ဟူသည့် စကားလုံးများ၏ အဓိပ္ပာယ်ဆောင်ပုံနှင့် သက်ရောက်ပုံကို ဤသို့ ဖွင့်သည်။ [နိုင်ငံ(Nation) ဆိုသည်မှာ ဖြစ်တည်မှုသဘောဖြစ်ပြီး၊ နိုင်ငံတော် (State) ဟု ဆိုလျှင် တာဝန် သို့မဟုတ် Accountability ပါဝင်လာပြီဟု ဆိုနိုင်ပါသည်။ Nation ခေါ်နိုင်ငံသည် State ဆိုသော နိုင်ငံတော်သည် Software ဖြစ်သည်ဟု ပြောရမည် ထင်ပါသည်။ ပို၍ ရှင်းအောင်ပြောရလျှင် Nation ခေါ် နိုင်ငံဆိုသည်မှာ အမျိုးသားရေး၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားစည်း လုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့အတွက် အရေးကြီးပြီး State ခေါ် နိုင်ငံတော်မှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ထိုဥပဒေအရ ဖွဲ့စည်းထူထောင်ထားသော အဖွဲ့အစည်းများ၊ တာဝန်ပေးထားသော လူပုဂ္ဂိုလ်များ၊ နိုင်ငံသားများပါဝင်သည့် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီး သည်ဟု ဆိုရမည် ဖြစ်ပေသည်။ (Collective Institution)]1 နိုင်ငံတစ်ခု၏အင်္ဂါရပ်များ (Attributes of State) နိုင်ငံတစ်နိုင်ငံဟု သတ်မှတ်နိုင်ရန်သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့်ပြည့်စုံရန်လိုအပ်သည်။ ထိုအင်္ဂါရပ် များ အားလုံးပြည့်စုံမှသာ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများအကြားတွင် အသိအမှတ်ပြုခံရပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးကို တန်းတူညီတူဆက်ဆံနိုင်သည်။ ထို့အပြင်နိုင်ငံအားလုံးရရှိသည့် အခွင့်အရေးများကို အပြည့်အဝ ရရှိပေသည်။ ထိုအင်္ဂါရပ်ထဲမှ တစ်ခုခုချို့ယွင်းနေပါက နိုင်ငံတစ်နိုင်ငံအဖြစ် ခေါ်ဆိုရန်မပြည့်စုံနိုင်ချေ။ နိုင်ငံတစ်ခုဖြစ်လာရန်ပြည့်စုံထားရမည့်အင်္ဂါရပ် (၅) ရပ်ရှိသည်။ ၎င်းတို့မှာ - 1. Population လူဦးရေ 2. Territory နယ်မြေ 3. Government အစိုးရ 1 (အောင်ထွဋ် ရေး) စာ - ၅၇/ နိုင်ငံ(Nation)နှင့် နိုင်ငံတော်(State)၊ နိုင်ငံတော်(State) နှင့် အစိုးရ (Government) နိုင်ငံရေး၊ နိုင်ငံအရေးနှင့် သန်း ၅၀ ကိုအနိုင်ပေးပါ (The voice weekly) ဆောင်းပါးများ စာအုပ်မှ ---
  • 4. မင်းသေ့ 4 4. Sovereignty အချုပ်အခြာအာဏာ 5. International Recognition နိုင်ငံတကာအသိအမှတ်ပြုမှု နိုင်ငံတော်သည်အာဏာရှိသည်။ နိုင်ငံတော်သည်စနစ်တကျ ဖွဲ့စည်းထားသော အမြဲတမ်းအင်စတီကျူးရှင်း များဖြင့် အချုပ်အချာအာဏာကိုထိန်းသိမ်းထားသည်။ သို့ဖြင့်နိုင်ငံတော်သည် ပုံသေနိုင်ငံရေးစနစ်တစ်စုံလုံးကို ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံတော်ဟုခေါ်ဆိုသော သင်းပင်းအစုတွင် ပါဝင်သည့် အင်တီကျူးရှင်းများမှာ ပါလီမန်၊ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ တရားရုံးများ၊လက်နက်ကိုင်တပ်များ၊ ရဲအဖွဲ့နှင့်ပြည်သူ့ဝန်ထမ်းများဖြစ်သည်။ အချုပ်အခြာအာဏာ အချုပ်အခြာအာဏာ (Sovereignty) ဆိုသည့် ဝေါဟာရသည် အလယ်ခေတ်မှစတင် သုံးနှုန်းလာခဲ့ကြ သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားသော နယ်မြေဒေသတစ်ခု ကို ကောင်းစွာ ထိန်းချုပ်နိုင်သောဩဇာအာဏာဖြစ်သည်။ နိုင်ငံတစ်ခုတွင် အချုပ်အခြာအာဏာ (၂) မျိုးရှိသည်။ ၎င်းတို့မှာ - - Internal Sovereignty ပြည်တွင်းအချုပ်အခြာအာဏာ - External Sovereignty ပြည်ပအချုပ်အခြာအာဏာ ပြည်တွင်းအချုပ်အချာအာဏာ နိုင်ငံတော်သည် ပြည်တွင်းမှာ အမြင့်ဆုံးအထွဋ်အထိပ်အာဏာပိုင်ဖြစ်ပြီး ၎င်း၏နယ်မြေအတွင်းမှာရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်အသင်းအဖွဲ့များအပေါ်မှာ ဥပေဒပြုခွင့်နှင့်ဥပဒေကို လိုက်နာစေခြင်း ဩဇာအာဏာ သက်ရောက်နိုင်သည့် ပြည်တွင်းအချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်။ ပြည်ပအချုပ်အချာအာဏာ ပြည်ပထိန်းချုပ်မှုများမှ ကင်းလွတ်ပြီးအမျိုးသားရေးနှင့် နိုင်ငံတကာအရေးကိစ္စတွေမှာ ကိုယ်ပိုင် ဆုံးဖြတ် ချက်ချနိုင်သော အခွင့်အာဏာနှင့် အခွင့်အရေးဆိုသည့် ပြည်ပအချုပ်အခြာအာဏာကိုပိုင်ဆိုင်သည်။ နိုင်ငံတကာအသိအမှတ်ပြုမှု (International Recognition) အချုပ်အခြာအာဏာ အပြည့်အဝပိုင်ဆိုင်မှုသည် နိုင်ငံတကာအသိအမှတ်ပြုမှု (International Recognition) နှင့်တိုက်ရိုက်ဆက်စပ်ပက်သက် နေသည်။ နိုင်ငံတကာအသိအမှတ်ပြုမှုရခြင်း၊မရခြင်းသည် အချုပ်အခြာအာဏာ အပြည့်အဝရခြင်း၊မရခြင်းနှင့် အဓိကဆက်စပ်ပက်သက်နေသည်။ နိုင်ငံတကာအသိအမှတ်ပြုမှု အပြည့်အဝမရလျှင်ပြည်ပအချုပ်အခြာအာဏာ (External Sovereignty) ရရှိမှုသည် နိုင်ငံတကာနှင့် တန်းတူရရှိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်ပြည်တွင်းအချုပ်အခြာအာဏာသည် နိုင်ငံတော်အစိုးရ၏ သန်စွမ်း ကြံ့ခိုင်မှုပေါ်မူတည်၍ ပြည်ပအချုပ်အခြာအာဏာသည် နိုင်ငံတကာအသိအမှတ်ပြုမှုအပေါ်တွင် လုံးဝတည်မှီနေ ပေသည်။
  • 5. မင်းသေ့ 5 နိုင်ငံ၏လက္ခဏာ (၅)ရပ် ( Five key Features of the State) 1. The State is Sovereign. 2. State institutions are recognizably public. 3. The State is an exercise in legitimating. 4. The State is an instrument of domination. 5. The State is a territorial association. ၁။ နိုင်ငံတော်တွင် အချုပ်အခြာအာဏာရှိသည်။ ၂။ နိုင်ငံတော်အင်စတီကျူးရှင်းများသည် ပြည်သူ့အသိအမှတ်ပြုမှုကို ခံယူရသည်။ ၃။ နိုင်ငံတော်သည် တရားဝင်သည့် နိုင်ငံရေးအာဏာကို ကျင့်သုံးသည်။ ၄။ နိုင်ငံတော်သည် လွှမ်းမိုးချုပ်ကိုင်သည့် ကိရိယာတစ်ခုဖြစ်သည်။ ၅။ နိုင်ငံတော်သည် နယ်မြေအစုအစည်းတစ်ခုဖြစ်သည်။ State institutions State Institution ဟု ခေါ်သည့် နိုင်ငံတော်တွင် ပါဝင်သော အဖွဲ့အစည်းများကို မည့်သည့် နိုင်ငံတွင် မဆို အောက်ပါသဘောအတိုင်း တွေ့ရသည်ချည်းဖြစ်သည်။  အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရား administrative bureaucracies,  ဥပဒေပြုခြင်း စနစ် legal systems,  ဥပဒေ အသက်ဝင်စေသည့် ယန္တရား law enforcement apparatus,  တပ်မတော် (စစ်တပ်) military. နိုင်ငံတော်၏ကိရိယာများ (State Apparatus;) - Political Executive or Government အစိုးရ - Parliament လွှတ်တော် - Judiciary တရားစီရင်ရေး - Bureaucracy ပြည်သူ့ဝန်ထမ်း - Military စစ်တပ် - Police ရဲအဖွဲ့ - Local and Regional Institution ဒေသဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံတစ်ခုအတွင်း အထက်ပါကရိယာများဖြင့် နိုင်ငံတော်၏ယန္တရားကြီး လည်ပတ်စေရန်အသုံးပြုသည်။ နိုင်ငံဟူ၍ဖြစ်လာလျှင် အထက်ပါအဖွဲ့အစည်းများသည် မရှိမဖြစ်အရေးကြီးသော အချက်များဖြစ်သည်။
  • 6. မင်းသေ့ 6 နိုင်ငံအမျိုးအစားများ (Types of State) ကမ္ဘာ့နိုင်ငံများတွင်အကြမ်းဖျင်းအားဖြင့် နိုင်ငံအမျိုးအစား (၃) မျိုးသာရှိသည်။ ၁။ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံ (တနည်း) ဒီမိုကရေစီနိုင်ငံ ၂။ ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံ (စည်းမျဉ်းခံဘုရင်စနစ်နှင့် အကြွင်းမဲ့ဘုရင်စနစ်ဟူ၍ နှစ်ပိုင်းကြည့် နိုင်သည်။) ၃။ ကွန်မြူနစ်နိုင်ငံ ဟူ၍နိုင်ငံများကိုအမျိုးအစား (၃) မျိုးခွဲခြားနိုင်သည်။ အစိုးရများ၏ အုပ်ချုပ်မှုစနစ်အပေါ်မူတည်၍ နိုင်ငံအမျိုးအစား (၂) မျိုးထပ်မံခွဲခြားနိုင်သည်။ ကွန်မြူနစ်စနစ် ဖြင့်အုပ်ချုပ်သော အစိုးရများရှိသည့်နိုင်ငံကို ကွန်မြူနစ်နိုင်ငံဟုခေါ်၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော အစိုးရများရှိသည့် နိုင်ငံကိုဒီမိုကရေစီနိုင်ငံဟုခေါ်သည်။ ထို့ကြောင့်အစိုးရစနစ်အပေါ်မူတည်၍ နိုင်ငံအမျိုးအစား ခွဲခြားလျှင် (၁) ကွန်မြူနစ် နိုင်ငံနှင့် (၂) ဒီမိုကရေစီနိုင်ငံဟူ၍ အကြမ်းဖျင်း ထပ်မံခွဲခြားနိုင်သည်။ မှတ်ချက်။ ။ ခေတ်သစ်ကမ္ဘာတွင် နိုင်ငံများကို အုပ်ချုပ်သည့် အစိုးရတစ်ရပ်၏ အာဏာကျင့်သုံးပုံစနစ်ကို လိုက်၍ အစိုးရပုံစံအမျိုးမျိုးပေါ်ထွက်လာကြသည်။ စပ်ကြားအစိုးရ/ကပြားအစိုးရ၊ အီလစ်ဘရယ်အစိုးရ အစရှိသဖြင့် ဖြစ်သည်။ အချို့သော အစိုးရများကို အာဏာရှင်အစိုးရဟုလည်း မဆိုနိုင်၊ ဒီမိုကရေစီအစိုးရဟုလည်း မဆိုနိုင်ချေ။ ဥပမာ - စင်္ကာပူနှင့် ရုရှားကဲ့သို့သောနိုင်ငံများဖြစ်သည်။ ဤလေ့လာချက်များသည် ပညာရှင်ဆန်ဆန်လေ့လာမှုများ ဖြစ်သည့်အတွက် အသေးစိတ်လေ့လာမှုပြုရမည့်အချက်များဖြစ်သည်။ ယေဘုယျသဘောကိုမူ အထက်ပါအတိုင်း သာ သိမှတ်လျှင် လုံလောက်ပြီဖြစ်ပါသည်။ နိုင်ငံမျိုးကွဲ (၂) မျိုး နိုင်ငံအတွင်းအစိုးရ၏အာဏာခွဲဝေပုံ (Power Sharing Form) ကိုမူတည်၍နိုင်ငံမျိုးကွဲ (၂) မျိုးတွေ့ရသည်။ ထိုနိုင်ငံမျိုးကွဲ(၂)မျိုးမှာ - (၁) တစ်ပြည်ထောင်နိုင်ငံ Unitary State (၂) ပြည်ထောင်စုနိုင်ငံ Federal State ဟူ၍ဖြစ်သည်။ (၁) တစ်ပြည်ထောင်နိုင်ငံ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံကိုတစ်ပြည်ထောင်နိုင်ငံဟုခေါ်သည်။ တစ်ပြည်ထောင်စနစ်တွင် ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဟူ၍ ခွဲခြားသတ်မှတ်မထားချေ။ နိုင်ငံတော်အစိုးရတစ်ရပ်သာရှိသည်။ ထို့အပြင် နိုင်ငံတော် အစိုးရတစ်ရပ်တည်းရှိသည်ကို ဗဟိုအစိုးရတစ်ရပ်ဟူပင်ခေါ်ဝေါ်သုံးစွဲနိုင်သည်။ တစ်ပြည်ထောင် နိုင်ငံတွင် နိုင်ငံတော် အာဏာကိုနိုင်ငံတော်အစိုးရ (သို့) ဗဟိုအစိုးရကသာ အလုံးစုံသုံးစွဲသည်။ တစ်ပြည်ထောင်စနစ် တွင် အုပ်ချုပ်ရေး အာဏာခွဲဝေပေးခြင်းလည်းမရှိ။ အုပ်ချုပ်ရေးအာဏာခွဲဝေပေးရန်လည်း ပြည်နယ်အစိုးရမရှိ။ (၂) ပြည်ထောင်စုနိုင်ငံ ပြည်ထောင်စုစနစ် (ဖက်ဒရယ်စနစ်) ကျင့်သုံးသည့်နိုင်ငံကို ပြည်ထောင်စုနိုင်ငံဟုခေါ်သည်။ ဖက်ဒရယ် စနစ်တွင်ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကို ခွဲခြားသတ်မှတ်ထားသည်။ နိုင်ငံတော်၏ အာဏာကို ဗဟိုအစိုးရက
  • 7. မင်းသေ့ 7 ပြည်နယ်အစိုးရသို့ခွဲဝေပေးထားသည်။ နိုင်ငံတော်၏အာဏာခွဲဝေသုံးစွဲပုံကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲတွင် ပြဌာန်းသတ်မှတ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဗဟိုအစိုးရကျင့်သုံးနိုင်သော အာဏာ နှင့်ပြည်နယ်အစိုးရများ ကျင့်သုံးနိုင်သည့် အာဏာများကိုပြဌာန်းသတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ် သည် Power Sharing ပင်ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတွင် ဗဟိုအစိုးရရှိသည်။ ပြည်နယ်အစိုးရရှိသည်။ နိုင်ငံတော်အာဏာကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ခွဲဝေပိုင်ဆိုင်ထားသည်။ ပြည်နယ်များကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးထားလေ့ရှိသည်။ ပြည်နယ် အစိုးရများသည် အခြေခံဥပဒေက ခွင့်ပြုထားသောဒေသဆိုင်ရာ ဥပဒေများကိုပြဌာန်းခွင့်ရှိသည်။ ထိုသို့အာဏာခွဲဝေကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များအပေါ် ဗဟိုအစိုးရ နှင့်ပြည်နယ် အစိုးရတို့ အဓိပ္ပာယ်ဖွင့်ဆိုပုံနှင့်ပက်သက်၍ အငြင်းပွားမှုများ၊ပဋိပက္ခများဖြစ်လာလျှင် ဗဟိုတရားရုံးချုပ် (Supreme Court) ၏ အဆုံးအဖြတ်ကိုရယူရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသီးသီး၏ အဓိက ကွဲပြားခြားနားချက်နှစ်ခုသာရှိပြီး ယင်းတို့မှာ တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စုစနစ်များဖြစ်ပါသည်။ အဓိကအားဖြင့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးသောနိုင်ငံများသည် လူများရေးအရ၊ ဘာသာရေးအရ၊ ဘာသာစကားအရ ကွဲပြားခြား နားသော မျိုးနွယ်များ ပေါင်းစည်းနေထိုင်ကြသော နိုင်ငံများဖြစ်သည်ကို တွေ့ရပါသည်။ တစ်ပြည်ထောင်စနစ်ကို ထိုသို့ ကွဲပြားခြားနားမှုမရှိသော၊ မထင်ရှားသော နိုင်ငံများက ကျင့်သုံးကြသည်ကို တွေ့ရပါသည်။ တစ်ပြည်ထောင် စနစ်ကို အထက်တွင် ဖော်ပြခဲ့သကဲ့သို့ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ဘာသာစကားအရ၊ ကွဲပြားခြားနားမှု မရှိ သော သို့မဟုတ် ကွဲပြား ခြားနားမှု မထင်ရှားသော နိုင်ငံများက ကျင့်သုံးကြသည်ဖြစ်ရာ အချုပ်အခြာအာဏာ သုံးရပ် ဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနှင့် တရားစီရင်ရေးအာဏာများကို ကွဲပြားခြားနားသော မျိုးနွယ်များ နေထိုင်ရာ ဒေသများသို့ ပိုင်းခြားလွှဲပြောင်းပေးရန် လိုအပ်ချက် မရှိပေ။ ပြည်ထောင်စုစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် ကွဲပြားခြားနားသော မျိုးနွယ်များ နေထိုင်ရာ ဒေသကြီးများ၊ ပြည် နယ်များသို့ အချုပ်အခြာအာဏာ သုံးရပ်၏ မည်သည့်အပိုင်းများကို ပိုင်းခြားလွှဲအပ်ပေးသည်ဆိုသော အချက်ကို အခြေခံဥပဒေတွင် ထည့်သွင်းရေးသားဖော်ပြ၍ အတိအလင်း လွှဲပြောင်းပေးအပ်သော သဘောတရား မဖြစ်မနေ ပါရှိရသည်။ အတိအကျပြောရလျှင် အချုပ်အခြာအာဏာ သုံးရပ်သာမက ထိုဒေသများက ရရှိနိုင်ခွင့်ရှိသော ဝင်ငွေကိုလည်း အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းပေးရသည်။ မည်မျှအတိုင်းအဆအထိ လွှဲပြောင်းပေးအပ်သည်ဆိုသော စံ သတ်မှတ်ချက် မရှိရာ နှစ်ဖက်အပေးအယူမျှရေးသည် အဓိကကျသည်ဟု ဆိုရမည်ဖြစ်ပေသည်။ အောင်ထွဋ် တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စု စနစ် ဆောင်းပါးမှ (၁၆ - ၃ - ၂၀၀၉)
  • 8. မင်းသေ့ 8 မှတ်ချက်။ ။ Confederation ကွန်ဖက်ဒရေးရှင်းဟုခေါ်သည့် နိုင်ငံများကို စုပေါင်းထားပြီး နိုင်ငံတစ်ခုအသွင် ထူထောင်ထားသည့် နိုင်ငံမျိုးလည်း ရှိပေသည်။ ဤအခန်းတွင် သမိုင်းဆိုင်ရာအချက်အလက်များကို မှီး၍ရေးသား ပြုစုခြင်း မဟုတ်ဘဲ လိုရင်းအချက်များကိုသာ ရေးသားထားသောကြောင့် ကွန်ဖက်ဒရေးရှင်းနိုင်ငံအမျိုးအစားကို အသေးစိတ်ရေးသားခြင်း မပြုတော့ချေ။ (ပြုစုသူ) အာဏာခွဲဝေပုံကွာခြားချက် (Differences of Power Sharing) တစ်ပြည်ထောင်နိုင်ငံ (Unitary State) ပြည်ထောင်စုနိုင်ငံ (Federal State) နိုင်ငံတော်အစိုးရသာရှိ (သို့) ဗဟိုအစိုးရတစ်ခု တည်းသာရှိ ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရဟုခွဲခြားထား ပြည်နယ်၊ဒေသများသည် ဗဟိုအစိုးရက လွှဲအပ်သည့် အာဏာကိုသာကျင့်သုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများ၏ အာဏာကိုခွဲဝေထားရှိ၍ ကျင့်သုံး ဗဟို အစိုးရက ဒေသဆိုင်ရာ အုပ်ချုပ်သူများ ၏ အာဏာကို တိုးနိုင်၊ လျော့နိုင် ပြည်နယ်များ၏ တည်ရှိမှုနှင့် အာဏာကျင့်သုံးမှုကို ဗဟိုအစိုးရက တစ်ဖက်သတ် ပြောင်းလဲခြင်း မပြုလုပ် နိုင် Statute ဥပဒေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်သူများကို အာဏာလွှဲအပ်နိုင် ဗဟိုအစိုးရကပြည်နယ်အစိုးရနှင့်အာဏာခွဲဝေကျင့်သုံး နိုင်ငံရေးအာဏာကို ဒေသဆိုင်ရာ အုပ်ချုပ်သူများကို မျှဝေ မသုံးစွဲချေ။ အကယ်၍ မျှဝေပေးစေကာမူ လုပ် ပိုင်ခွင့်ကို ခွဲဝေပေးခြင်းသာဖြစ်ပြီး အဆိုပါ ခွဲဝေမှု သည် အာမခံချက်မရှိပေ။ လိုချင်သည့် အချိန်တွင် ခွဲဝေပေးထားသည့် အာဏာကို ပြန်လည်ရုပ်သိမ်း နိုင်သည်။ နိုင်ငံရေးအာဏာကို ဒေသဆိုင်ရာ အုပ်ချုပ်သူများကို ခွဲဝေ ပေးထားသည်။ ထိုသို့ ခွဲဝေပေးခြင်းခြင်းသည် အခြေခံဥပဒေ ဖြင့် အာမခံချက်ပေးထားပြီး လိုသလို နုတ်ပယ် ဖျက်သိမ်း နိုင်ခြင်း မပြုနိုင်ချေ။ အစိုးရနှစ်ရပ်ဖြစ်သည့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ နိုင်ငံရေးအာဏာကို မျှဝေသုံးစွဲသည့် အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်သည်။ နိုင်ငံ အမျိုးအစားများ (Types of States) နိုင်ငံများကို အမျိုးအစားခွဲခြားရာတွင် စနစ်ပိုင်းဖြင့် ခွဲခြားသကဲ့သို့ အနှစ်သာရပိုင်းဖြင့်လည်း ခွဲခြားနိုင်သေးသည်။ နိုင်ငံများကို အခြေခံအားဖြင့် အချုပ်အခြာ အာဏာရှိခြင်း မရှိခြင်းအပေါ် မူတည်၍ ခွဲခြားနိုင်သည်။ နိုင်ငံတစ်နိုင်ငံ သည် လွတ်လပ်သောနိုင်ငံမဟုတ်ပဲ အခြားနိုင်ငံတစ်နိုင်ငံ၏ ဩဇာသက်ရောက်ခြင်းကို ခံရလျှင် နိုင်ငံဟု မဆိုနိုင်။ နိုင်ငံများတွင် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးစနစ်ကို တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စု စနစ်ဟူ၍ အကြမ်း ဖျင်း ခွဲခြားနိုင်သည်။ သို့သော် နိုင်ငံတိုင်းသည် ထိုပုံစံနှစ်မျိုးမှ တစ်မျိုးမျိုးဖြစ်သည်ဟု မဆိုပါ။ အခြေခံသဘောအရ ခွဲခြား သတ်မှတ်ခြင်းသာ ဖြစ်သည်။ များသောအားဖြင့် ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်သည် နယ်မြေများကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ခွဲခြား အုပ်ချုပ်ခြင်းဖြစ်သည်။ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရနှစ်ရပ်ရှိသည်။ ဗဟိုအစိုးရ နှင့် ပြည်နယ် အစိုးရဟူ၍ ဖြစ်သည်။ တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်ကျင့်သုံးသည့် နိုင်ငံများတွင်မူ ဗဟိုအစိုးရ
  • 9. မင်းသေ့ 9 တစ်ရပ်သာ ရှိသည်။ ဤနေရာတွင် ဗဟိုချုပ်ကိုင်မှုရှိခြင်း၊ မရှိခြင်းသည် တပိုင်းတစ်ဘာသာဖြစ်သည်။ အချုပ်ဆိုရ သော် ဖက်ဒရယ်နှင့် ယူနီယံ အမျိုးအစား နှစ်မျိုးကို ယေဘုယျသဘော နားလည်ထားရမည်။  လူမျိုးနှင့် နယ်မြေကို ကာကွယ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းရှိအောင် တပ်မတော်တစ်ရပ် တည်ထောင်ရသည်။  ဥပဒေများကို အသက်ဝင်စေခြင်း၊ အမိန့်အာဏာများဖြင့် ဖြည့်စွက်ခြင်းဖြင့် နိုင်ငံတော်အတွင်း တရားဥပဒေ စိုးမိုးမှုစေရသည်။  ဆုံးဖြတ်ချက်များ၊ ညွှန်ကြားမှုများကို တရားဝင်ဖြစ်စေရမည်။ လိုအပ်လျှင် ဥပဒေအသစ်များ ပြဌာန်း၍ နိုင်ငံ၏ အင်စတီကျူးရှင်းများကို ဖွံ့ဖြိုးစေရသည်။  ပဋိပက္ခများ၊ အငြင်းပွားမှုများကို တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းရသည်။  နိုင်ငံတော်ဟူသည့် ယန္တရားကြီးလည်ပတ်နိုင်ရန် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများဖြင့် ငွေကြေးကို ပြည်သူ့ထံမှ စုဆောင်းယူရသည်။  အခွန်ငွေများကို စုဆောင်းအသုံးချရသည်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံမှန်လည်ပတ်နိုင်ရန် အခြေခံအဆောက်အအုံများကို မပြတ်ဖြည့်တင်းပေး နေရသည်။  ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများဖြစ်သော ဆက်သွယ်ရေး၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး၊(လမ်း၊တံတား)၊ သောက်သုံးရေသန့်ရရှိရေးနှင့် အညစ်အကြေး စွန့်ပစ်ရေး စသည်တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ပေး ရသည်။  နိုင်ငံတကာအသိုက်အဝန်းတွင် အခြားနိုင်ငံများနှင့် နိုင်ငံတကာဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်ရ သည်။ နိုင်ငံတကာတွင် နိုင်ငံအချင်းချင်း တန်းတူညီမျှ တည်ရှိနေအောင် လုပ်ဆောင်ရသည်။ ထို့ထက်ပို၍ တာဝန်ရှိသည်မှာ မိမိနိုင်ငံကို နိုင်ငံများအကြား ဩဇာတစ်ရပ်ထူထောင်နိုင်အောင် လုပ်ဆောင်ရသည်။ နိုင်ငံတော်၏တာဝန်များ (Function Of State) - Essential Function အရေးကြီးတာဝန်များ - Service Function ဝန်ဆောင်မှုတာဝန်များ - Economic Function စီးပွားရေးတာဝန်များ နိုင်ငံတော်က ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ နိုင်ငံတော်၏ အခြေခံတာဝန်မှာ ပြည်သူနှင့် ပြည်သူ့ဥစ္စာကို လုံခြုံမှုပေးရန် တာဝန်ရှိသည်။ ပြည်သူသာမက ပြည်သူ နေထိုင်သည့် နယ်မြေ၊ နယ်နိမိတ်ကိုပါ ကာကွယ်ရန် တာဝန်ရှိသည်။ ထို့အပြင် ပြည်သူလူထု ကြီးပွားချမ်းသာ အောင် စီးပွားဖွံ့ဖြိုးစေသည့် တာဝန်ကိုပါ ယူရသည်။ ၎င်းအချက်များသည် နိုင်ငံတော်ကို ကိုယ်စားပြုသည့် အစိုးရ ထမ်းဆောင်ရမည့် အခြေခံအချက်ပင်ဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ရသည်။ အစိုးရသည် နိုင်ငံတော်မှ တာဝန်ရှိသည့် အရာများကို ပြည်သူအား အကောင်အထည်ဖော်ပေးရသည်။ ထို့ကြောင့် အစိုးရသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များကို လုပ်သူဖြစ်သည်။ အစိုးရသည် ပြည်သူအား အခြေခံကျသော ဝန်ဆောင်မှုများ ပေးရသည်။ - (က) လုံခြုံရေးနှင့် ကာကွယ်ရေး - (ခ) ဥပဒေရေးရာ
  • 10. မင်းသေ့ 10 - (ဂ) ကျန်းမာရေး - (ဃ) ပညာရေး - (င) သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။ အစိုးရသည် ပြည်သူကို အဆိုပါ အခြေခံဖြည့်တင်းမှုများ လုပ်ဆောင်ပေးရမည်။ ထိုအချက်များမှ ယုတ်လျော့စေလျှင် အစိုးရမည်။ အစိုးရမဖြစ်ထိုက်။ အစိုးရအရည်အချင်းနှင့် မညီဟု သတ်မှတ်ရမည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အပြောကျယ်သည့် သဘောရှိသည်။ အထူးသဖြင့် နိုင်ငံတော်သည် ပြည်သူအား အောက်ပါ ကဏ္ဍများကို ဖြည့်တင်းပေးရသည်။ • Security of persons and property, • Institutions of dispute resolution, • Institutions of political participation, • Central banking, • Methods of regulating the use of common resources, • Health care, • Education, • Physical infrastructure.  လူတစ်ဦးချင်းစီးနှင့် ၎င်း၏ ဥစ္စာဓနကို လုံခြုံမှုပေးရသည်။  ပဋိပက္ခများကို ဖြေရှင်းပေးသည့် အဖွဲ့အစည်းများရှိရသည်။  နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားနိုင်သည့် အဖွဲ့အစည်းများတည်ထောင်ခွင့်ပြုရသည်။  ဗဟိုဘဏ်တစ်ခု ရှိရသည်။  သဘာဝသယံဇာတများကို အသုံးပြုနိုင်ရန် ဥပဒေ၊ စည်းမျဉ်းများ ပြဌာန်းပေးရသည်။  ကျန်းမာရေး စောင့်ရှောက်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများပေးရသည်။  ပညာရေးထောက်ပံ့မှု၊ မြှင့်တင်မှုများ လုပ်ဆောင်ရသည်။  နိုင်ငံအတွင်း အခြေခံအဆောက်အအုံများကို ဖြည့်တင်းပေးရသည်။ (ဥပမာ- ရေ၊လမ်း၊လျှပ်စစ် စသည်ဖြင့်) အစိုးရကို ပြည်သူက ယုံကြည်မှု လျော့စေသည့် အကြောင်းများရှိသည်။ အထက်ပါကိစ္စများကို ဝန်ဆောင်ပေးမှု၊ ဖြည့်တင်းပေးမှု ညံ့ဖျင်းလျှင် အဆိုပါအစိုးရ ညံ့ဖျင်းသည်ဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် အစိုးရတစ်ရပ် သည် စီးပွားရေးဆုတ်ကပ်များကို ဖြစ်စေလျှင် အစိုးရညံ့ဖျင်းသည်ဟု ပြည်သူက ယူဆသည်။ ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ ရှိစေခြင်းသည် နိုင်ငံရေးအခွင့်အရေး အပြည့်အဝ မရခြင်း အပေါ် ပြည်သူက အငြင်းပွားမှုကို လျော့စေသည်။ အထူးသဖြင့် ပုဂ္ဂလိကဝန်ဆောင်မှုများဖြစ်သည့် ပညာရေး၊ ကျန်မာရေးနှင့် အခြေခံအဆောက်အအုံများကို ဖြည့်တင်း ပေးနိုင်လျှင် ပြည်သူ့ရေးရာတည်ငြိမ်မှုကို အစိုးရတစ်ရပ်က ရရှိသည်။ တဖန် အစိုးရဆီမှ ပြည်သူလိုချင်သည့် အချက်များရှိသည်။ အဆိုပါအချက်များကို ပြည်သူရရှိလျှင် နိုင်ငံရေး တည်ငြိမ်မှု အတော်အတန်ရသည်။ ပြည်သူနှင့် အစိုးရ ဘက်မျှမျှ သဘောကြည်ဖြူ အတူတူ နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံဖွံ့ဖြိုးရေးကို လုပ်ဆောင်လေ့ရှိသည်။  လုံခြုံမှု ( စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ)  တရားဥပဒေစိုးမိုးမှုနှင့် ပွင့်လင်းမြင်သာမှု
  • 11. မင်းသေ့ 11  နိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်နှင့် လူ့အခွင့်အရေး ရရှိမှု  စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးမှု  လူ့အရင်းအမြစ် ဖွံ့ဖြိုးမှု အစိုးရသည် ပြည်သူကို အထပ်ပါအချက်များတွင် ဒွိဟမဖြစ်အောင် ပြသလုပ်ဆောင်ပေးနိုင်ရသည်။ နိုင်ငံ၏ပုံသဏ္ဍာန်များ (Shape of State) နိုင်ငံများကို ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်၍ အမျိုးအစားများ ခွဲခြားနိုင်သေးသည်။ နိုင်ငံများ၏ နယ်နိမိတ်တည်ရှိမှု ပုံသဏ္ဍာန်ကို လိုက်၍အကြမ်းအားဖြင့် အမျိုးအစား (၅) မျိုးတွေ့ရသည်။ ၎င်းတို့မှာ - (၁) Elongated State ရှည်မျောပုံသဏ္ဍာန်ရှိနိုင်ငံ (၂) Compact State ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိနိုင်ငံ (၃) Prorupted State အစွန်းထွက်ပုံသဏ္ဍာန်ရှိနိုင်ငံ (၄) Fragmented State အပိုင်းပိုင်းကွဲပြတ်ပုံသဏ္ဍာန်ရှိနိုင်ငံ (၅) Perforated State အပေါက်ပါပုံသဏ္ဍာန်ရှိနိုင်ငံ စသည်နိုင်ငံအမျိုးအစားများပင်ဖြစ်သည်။
  • 12. မင်းသေ့ 12 Elongated State (ရှည်မျောပုံသဏ္ဍာန်ရှိနိုင်ငံ) ဤပုံသဏ္ဍာန်ရှိနိုင်ငံများ၏ အထင်ရှားဆုံးသာဓကမှာ တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံဖြစ်သည်။ ချီလီနိုင်ငံသည်တောင်၊ မြောက်မိုင်ပေါင်း၂၅၀၀ (၄၀၀၀ကီလိုမီတာ) ခန့်ရှည်လျားပြီးအရှေ့အနောက်မှာမိုင်ပေါင်း၉၀ (၁၅၀ကီလိုမိတာ) ခန့်သာကျယ်သည်။ ရှည်မျောပုံသဏ္ဍာန်ရှိသည့် နိုင်ငံများတွင် အမျိုးသားစည်းလုံးရေး အားနည်းတတ်သဖြင့် ခွဲထွက်ရန်ကြိုးပမ်းမှုများ ဖြစ်နိုင်ခြေရှိသည်။ နော်ဝေနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်လည်း ထိုသို့သောနိုင်ငံအသွင်မျိုးရှိသည်။ Compact State (ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိနိုင်ငံ) နိုင်ငံပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် အနက်ကျစ်လစ်သိပ်သည်း ပုံသဏ္ဍာန်သည် ပထဝီသဘောအရ အကောင်းဆုံးဖြစ်သည်။ ကျန်သောအချက်အလက်များ တူညီပါကအမျိုးသား စည်းလုံးရေးနှင့် နိုင်ငံကာကွယ်ရေး အတွက် အထိရောက်ဆုံး အကျိုးပြုသောကြောင့်ဖြစ်သည်။ သီအိုရီအရစက်ဝိုင်းပုံသဏ္ဍာန်ရှိ၍ အလယ်ဗဟိုတွင် မြို့တော်ရှိလျှင် အကောင်းဆုံးဖြစ်သည်။စင်ကာပူကဲ့သို့သောကျွန်းနိုင်ငံ (ကျွန်းစုနိုင်ငံမဟုတ်) ငယ်များတွင် ဤပုံသဏ္ဍာန်မျိုးရှိတတ်သည်။ အာဖရိကတိုက်ပေါ်ရှိနိုင်ငံအချို့ (ဥပမာ-ဇင်ဘာဘွေ)သည် ကျစ်လစ်သိပ်သည်း ပုံသဏ္ဍာန်ရှိနိုင်ငံဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ မာဒါဂတ်စကားနှင့်ဩစတေးလျနိုင်ငံတို့သည် ထိုသို့သော ကျစ်လစ်သိပ်သည်းပုံသဏ္ဍာန်ရှိ နိုင်ငံအမျိုးအစားများဖြစ်ကြသည်။ Prorupted State (အစွန်းထွက်ပုံသဏ္ဍာန်ရှိနိုင်ငံ) ပင်မနယ်မြေမှ ကျဉ်းမြောင်း၊ရှည်လျားသောနယ်မြေတစ်ခု ထိုးထွက်လျက်ရှိသည့်နိုင်ငံ၏ပုံသဏ္ဍာန် ဖြစ်သည်။ ထိုးထွက်နေသာနယ်မြေကိုဒက်လက်ကိုင်နယ်မြေ Panhandle ဟုခေါ်သည်။ အစွန်းထွက်ပုံသဏ္ဍာန်ရှိ နိုင်ငံတစ်ခုလုံးကို Prorupted State ဟုခေါ်၍ထိုစွန်းထွက်နေသောနယ်မြေအပိုင်းကို Panhandle ဟုခေါ်ခြင်း ဖြစ်သည်။ ထင်ရှားသောအစွန်းထွက်ပုံသဏ္ဍာန်ရှိ နိုင်ငံများမှာမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်အာဖရိကတိုက်ရှိ နမီးဘီးယားနိုင်ငံတို့ဖြစ်သည်။ Panhandle ဆိုသည်မျာအခြားနိုင်ငံနှစ်ခုအကြား (သို့) အခြားနိုင်ငံနယ်မြေနှင့် ပင်လယ်ကြားကျဉ်းမြောင်းရှည်လျားစွာ ထိုးထွက်နေသောနိုင်ငံတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ တနင်္သလာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အစိတ်အပိုင်းတို့ပါရှိသောမြန်မာနိုင်ငံ၏ တောင်ဘက်ဆုံး အပိုင်းသည် ထင်ရှားသောဒလက်ကိုင်နယ်မြေဖြစ်သည်။ ထိုင်းနိုင်ငံ၏ကျွန်းဆွယ်ပိုင်းသည်လည်း ဒလက်ကိုင် နယ်မြေပင်ဖြစ်သည်။ နမီးဘီးယားနိုင်ငံတွင် နိုင်ငံ၏ အရှေ့မြောက်ထောင့်မှ အရှေ့ဘက်သို့ထိုးထွက်နေသော ဒက်လက်ကိုင် နယ်မြေမှာဇမ်ဘီဇီမြစ်သို့ ထွက်ပေါက်ရစေရန် ဖန်တီးထားခြင်းဖြစ်သည်။ အချို့မှာစီးပွားရေးနှင့် မဟာဗျူဟာ အတွက်ရယူထားသည်။ အချို့မှာကြားခံဇုန် (Buffer Zone) အဖြစ်ထားရှိသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှာ ကျွန်းဆွယ်ပေါ်တွင်တည်ရှိခြင်းကြောင့် ဤပုံသဏ္ဍာန်ရှိခြင်းဖြစ်သည်။ ဤကဲ့သို့သောနယ်မြေမျိုးသည် တစ်ခါတစ်ရံအမျိုးသားစည်းလုံးရေးကို အားလျော့စေသည်။ ထိုင်းနိုင်ငံ၏ ကျွန်းဆွယ်ပိုင်းတွင် ခွဲထွက်လိုသည့်သဘောဖြင့် ဆူပူလှုပ်ရှားမှုများ မကြာခဏဖြစ်တတ်သည်။ ဤကဲ့သို့
  • 13. မင်းသေ့ 13 ဖြစ်ရသည်မှာ ပင်မနိုင်ငံအစိတ်အပိုင်းနှင့် အလှမ်းကွာဝေးသည့်အပြင် ထိုနယ်မြေနှင့်ဆက်စပ်လျက်ရှိသော တစ်ဖက်နိုင်ငံ(မလေးရှား)ရှိ လူမျိုးစုများနှင့် အယူဝါဒ၊ ယဉ်ကျေးမှုစသည်တို့တွင် တူညီသောကြောင့်ဖြစ်သည်။ Fragmented State (အပိုင်းပိုင်းကွဲပြတ်ပုံသဏ္ဍာန်ရှိနိုင်ငံ) အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစသည့်ကျွန်းစုနိုင်ငံများသည် ဤအမျိုးအစားတွင်ပါဝင်သည်။ ပင်လယ်ခြား နေခြင်းသည် တောတောင်ထူထပ်သည့် ဒေသခြားနေခြင်းထက် ဆက်သွယ်ရန်လွယ်ကူသော်လည်း စိတ်ဝမ်းကွဲမှုကို လည်း ဖြစ်ပေါ်စေသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းပေါင်း၁၃၀၀၀ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကျွန်းများသည် အရှေ့အနောက်မိုင်၃၀၀၀ (ကီလိုမီတာ၅၀၀၀) ကျော်အတွင်းပျံ့နှံ့တည်ရှိ နေသည်။ ဤပုံသဏ္ဍာန်မျိုးသည် အမျိုးသားစည်းလုံးရေးကိုအားနည်းစေသည်။ Perforated State (အပေါက်ပါပုံသဏ္ဍာန်ရှိနိုင်ငံ) မိမိနိုင်ငံအတွင်းအခြားနိုင်ငံ (သို့) အခြားနိုင်ငံပိုင်နယ်မြေရှိနေသောနိုင်ငံကို Perforated State ဟုခေါ် သည်။ အထင်ရှားဆုံးသာဓကမှာ တောင်အာဖရိကနိုင်ငံဖြစ်သည်။ လီဆိုသိုနိုင်ငံသည် တောင်အာဖရိက နိုင်ငံ၏ အလယ်တွင် ရှိနေသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် နှစ်နိုင်ငံလုံး၏နိုင်ငံခြားရေးမူဝါဒတူညီရန် လိုအပ်သည်။ မဟာမိတ်နိုင်ငံများဖြစ်ရန်လည်း လိုအပ်သည်။ ထိုသို့မဟုတ်ပါကပြဿနာဖြစ်နိုင်မှုနှင့် ပဋိပက္ခဖြစ်နိုင်ချေ များပြား သည်။ အစိုးရ (Government) အစိုးရသည် နိုင်ငံတော်၏မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ဦးနှောက်ဖြစ်ပြီး နိုင်ငံတော်၏ တည်ရှိမှုကို ရေရှည်တည်တံ့စေသည်။ (အစိုးရဆိုသည်မှာ State ဟုခေါ်သော နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး State ခေါ် နိုင်ငံတော် များက ထမ်းဆောင်ရမည့် တာဝန်ကို ထမ်းဆောင်ပေးသည့် Functioning Unit တစ်ခုသာ ဖြစ်ပေသည်။ Nation သည် Hardware၊ State သည် Software ဖြစ်ခဲ့လျှင် Government သည် Operator ဖြစ်ပါလိမ့် မည်။) အောင်ထွဋ် စာ-၅၇/နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ စာအုပ်မှ နိုင်ငံတော် (State) နိုင်ငံတော်သည်ပုဂ္ဂိုလ်စွဲကင်းသည့်အာဏာကိုကျင့်သုံးသည်။
  • 14. မင်းသေ့ 14 နိုင်ငံတော်နှင့်အစိုးရအကြားအဓိကခြားနားချက် နိုင်ငံတော်နှင့်အစိုးရသည် ကွဲပြားနေသည်။ အချို့ကအစိုးရကိုနိုင်ငံတော်ဟု မှတ်ယူ၍နိုင်ငံတော်ကိုလည်း အစိုးရဟုမှတ်ထင်နေသည်။ ထို့ကြောင့်နိုင်ငံတော်နှင့် အစိုးရကွဲပြားခြားနားချက်ကို ရှင်းလင်းစွာသိရန်လိုအပ်သည်။ နိုင်ငံတော် (State) အစိုးရ (Government) နိုင်ငံတော်သည် Institutions များနှင့်နိုင်ငံသားအားလုံး ပါဝင်သည့် Inclusive Association ဖြစ်သည်။ အစိုးရသည်နိုင်ငံတော်၏အစိတ်အပိုင်းတစ်ရပ် သာဖြစ် နိုင်ငံတော်သည် အမြဲတည်ရှိနေသည့်အရာ။ အစိုးရသည်ယာယီတည်ရှိနေသောအရာ။ နိုင်ငံတော်သည် လူ့အဖွဲ့အစည်းနှင့် အမြဲတမ်းအကျိုး စီးပွားကို ကိုယ်စားပြု။ အစိုးရသည်တစ်ချိန်တွင်အာဏာရရှိလာသည့်သူတို့ အား ထောက်ခံသူများကိုကိုယ်စားပြု။ နိုင်ငံတော်သည်အစိုးရစနစ်များကိုပြုပြင်ပြောင်းလဲနိုင်ပြီးပုံစံ အသစ် ပြန်ပြောင်းနိုင်။ အစိုးရသည် နိုင်ငံတော်၏အာဏာကို အကောင် အထည် ဖော်သည့်ယန္တရား။ နိုင်ငံတော်နှင့် အစိုးရဆိုသော အသုံးအနှုန်းများတွင် အဓိကကျသော ကွဲပြားခြားနားမှု ငါးခုရှိသည်ဟု ဆိုနိုင်ပါသည်။ (၁) နိုင်ငံတော်ဆိုသည်မှာ အစိုးရသက်သက် သာမက ပြည်သူလူထု သို့မဟုတ် နိုင်ငံသားများပါ ပါဝင်သောကြောင့် ပို၍ ကျယ်ပြန့်သော သဘောကို ဆောင်သည်ဟု ဆိုရမည်ဖြစ်သည်။ (၂) နိုင်ငံတော်သည် နိုင်ငံတည်သရွေ့တည်ရှိမည်ဖြစ်သောကြောင့် ခိုင်မာသော သဘောကို ဆောင်ပြီး အစိုးရဆို သည်မှာ ယာယီသဘောသာဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ (၃) အစိုးရဆိုသည်မှာ နိုင်ငံတော်များက ၎င်း၏တာဝန်ကို ထမ်းဆောင်သော Means ခေါ် နည်းလမ်းတစ်ရပ်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။ (၄) နိုင်ငံတော်ဆိုသည်မှာ လူပုဂ္ဂိုလ်သဘောမပါသကဲ့သို့ လူပုဂ္ဂိုလ်များနှင့် မပက်သက်သော်လည်း အစိုးရဆိုသည် မှာ လူပုဂ္ဂိုလ်အရောင် အသွေးများ ပါရှိတတ်သည်။ တနည်းအားဖြင့် State ခေါ် နိုင်ငံတော်သည် Neutral သဘော ကို ဆောင်သော်လည်း Government သည် Neutral မဟုတ်ဟု ဆိုလိုပေသည်။ (၅) နိုင်ငံတော်ဆိုသည်မှာ အနည်းဆုံး သီအိုရီသဘောအရ လူ့အဖွဲ့အစည်း ကောင်းကျိုးကို အမြဲရည်ရွယ်သော သဘောရှိသော်လည်း အစိုးရများသည် ပါတီ အုပ်စုအစွဲများ ပါရှိတတ်သည်ကို တွေ့နိုင်သည်။ အောင်ထွဋ် စာ-၅၇/နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ စာအုပ်မှ အုပ်ချုပ်မှု (Governance) အုပ်ချုပ်မှုဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်ဖြစ်သည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ထိုဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်သည့် ဖြစ်စဉ် ဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်မှု (Governance)သည် ဖြစ်စဉ် (Process) နှစ်ခုဖြင့် လုပ်ဆောင်သည်။ - ပထမ ဆုံးဖြတ်ချက်ပေးသည်။ (Process of Decision-making) - နောက်ဆုံး အဆိုပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ (Process of implementation)
  • 15. မင်းသေ့ 15 အုပ်ချုပ်မှု ဆိုသည့် အနက်ကို နိုင်ငံတော်နှင့် တွဲဆက်၍ ဖွင့်ဆိုသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း အုပ် ချုပ်ရေးရှိသည်။ ထို့ကြောင့် အဖွဲ့အစည်းများကို ကိုယ်စားပြု၍ ဖွင့်ဆိုသည့် အနက်များလည်းရှိသည်။ ကမ္ဘာ့ဘဏ် က ဤသို့ ဖွင့်သည်။ - ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း ကဏ္ဍတွင် ပါဝါ ကျင့်သုံးခြင်း။ - နိုင်ငံအတွင်း အာဏာကျင့်သုံးခြင်း။ အုပ်ချုပ်မှု (Governance)သည် အင်စတီကျူးရှင်းများကို အသုံးပြုခြင်းဖြစ်သည်။ တနည်း အာဏာ၏ တည်ဆောက် ပုံလည်းဖြစ်သည်။ စီးပွားရေးနှင့် လူမှုဆိုင်ရာ ရေးရာများကို ထိန်းချုပ်ကွပ်ကဲခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည် တို့ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ဟူသည် ပြည်သူ့ရေးရာကိစ္စရပ်များကို ပြည်သူ့ဝန်ဆောင် မှုကောင်းများဖြင့် ပြည်သူ့လိုအင်ကို ဖြည့်တင်းပေးနိုင်ခြင်းဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးကို အာမခံချက် အပြည့်အဝပေး၍ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်နိုင်ခြင်းကို Good Governance ဖြစ်သည်ဟု သတ် မှတ်သည်။ ကုလသမဂ္ဂမှ မှတ်ချက်ပြုသည့် ကောင်းမွန်သော အုပ်ချုပ်မှု ဆိုသည့် လက္ခဏာ (၈) ရပ်ရှိသည်။  အများဆန္ဒအခြေပြု  ပါဝင်ဆောင်ရွက်ခွင့်ပြု  တရားဥပဒေစိုးမိုးရေး ကောင်းမွန်  ထိရောက်/ စွမ်းရည်ပြည့်  တာဝန်ခံမှုရှိ  ပွင့်လင်းမြင်သာမှုရှိ  တာဝန်ယူမှုရှိ  မျှတ / အများပါဝင်ခွင့်ရ, ပြု Weak State (ချိနဲ့နိုင်ငံ) နိုင်ငံအတွင်း ပြဌာန်းထားသော ဥပဒေမျာကို အသက်ဝင်အောင် မလုပ်နိုင်လျှင် နိုင်ငံမတိုးတက်ချေ။ မတည်ငြိမ်မှုများ၊ ဆူပူမှုများ၊ ခြစားမှုများဖြင့် နိုင်ငံဆင်းရဲတတ်သည်။ ထို့အတူ နိုင်ငံတော် အစိုးရက ၎င်းတို့ ချမှတ် သည့် မူဝါဒများကို အကောင်အထည် မဖော်နိုင်လျှင်လည်း နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု မရှိတတ်။ အထူးသဖြင့် အင်စတီကျူးရှင်းများ အားနည်းသည့် နိုင်ငံနှင့် မူဝါဒများကို အကောင်အထည်ဖော်ရန် စွမ်းရည် မရှိသည့်နိုင်ငံများ တွင် တွေ့ရတတ်သည်။ ဤနေရာတွင် အစိုးရချမှတ်သည့် မူဝါဒများသည် တရားဝင်မှု အခိုင်အမာ ရရှိမှု နည်းပါး ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ De facto အစိုးရများတွင် ဤသို့ အနေအထားများ ကြုံတွေ့ရတတ်သည်။ ချိနဲ့နိုင်ငံများသည် ဆင်းရဲသည့် နိုင်ငံအဆင့်ကို တဖြည်းဖြည်း ရောက်ရှိလာတတ်သည်။ ဥပဒေများ၊ အင်စတီကျူး ရှင်းများ၊ မူဝါဒများ အားနည်းသည့် အခါ ဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်။ ထို့အပြင် နယ်စပ်ဒေသများတွင်
  • 16. မင်းသေ့ 16 ဒုက္ခသည်များ များပြားလာခြင်း၊ လူခိုးဝင်မှုများ များလာခြင်း၊ ဒုစရိုက်မှုများ ထူပြောလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖျက်မှုများ၊ ရာဇဝတ်မှုများ စသည့် အကျိုးဆက်များ ဆက်တိုက်ဖြစ်ပွားလာတတ်သည်။ ထိုအခါ အဆိုပါနိုင်ငံသည် ဆင်းရဲခြင်း နွံမှာနှစ်သော နိုင်ငံဖြစ်သည်။ ပြည်တွင်းပဋိပက္ခများနှင့် ပြည်တွင်းစစ်ဖြစ်ပွား သည့် နိုင်ငံများတွင် ပို၍ပင် ဆိုးဝါးနိုင်ချေများသည်။ Fail State (ဆင်းရဲနိုင်ငံ) ဆင်းရဲနိုင်ငံ၏ လက္ခဏာမှာ ဗဟိုအစိုးရ ညံ့ဖျင်းခြင်း ပင်ဖြစ်သည်။ အစိုးရသည် အုပ်ချုပ်ရေးစွမ်းရည်နည်းလျှင် နိုင်ငံ ဆင်းရဲသည်။ အစိုးရ ညံ့ခြင်း၊ မညံ့ခြင်းကို အောက်ပါ လက္ခဏာရပ်ဖြင့် တိုင်းတာနိုင်သည်။ - နိုင်ငံ၏ နယ်စပ်ဒေသများကို ကောင်းစွာ မထိန်းချုပ်နိုင်ခြင်း - ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများတွင် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း - ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ထူပြောခြင်း - ဒုက္ခသည်နှင့် ရွေ့ပြောင်း လုပ်သားများ များပြားခြင်း - စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျခြင်း မက်ဝီဘာ၏ အယူအဆ မက်ဝီဘာက နိုင်ငံတစ်နိုင်ငံသည် အောင်မြင်မှု ရရှိရန် လုပ်ဆောင်ရမည့် အခြေခံအချက်ကို ထောက်ပြထားသည်။ နိုင်ငံတစ်နိုင်ငံသည် မိမိ၏ နယ်နိမိတ်စည်းကို စစ်ဘက်အင်အားအသုံးပြု၍ တရားဝင်လွှမ်းမိုးထိန်းချုပ်ထား နိုင်ရမည်။ အထူးသဖြင့် စစ်ဘုရင်များ၊ စစ်သွေးကြွအုပ်စုများနှင့် အကြမ်းဖက်မှုများ များပြားသည့် ဒေသများတွင် နယ်မြေစိုးမိုး ရေးသည် ပထမဦးစားပေး လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် နယ်မြေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံတိုးတက်ရေး အတွက် အခြေခံကျသော အချက်ဖြစ်သည်။ ဆင်းရဲသည့်နိုင်ငံသည် ဥပဒေများ အသက်မဝင်ခြင်း၊ (သို့) တရားဥပဒေမစိုးမိုးခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း (ဝါ) အုပ်ချုပ်ရေးစွမ်းရည် ညံ့ဖျင်းခြင်း ဖြစ်လာသောကြောင့် အောက်ပါ အကျိုးဆက်များ တောက်လျှောက်ဖြစ်ပွားလာ နိုင် သည်။ - ရာဇဝတ်မှု မြင့်တက်ခြင်း - နိုင်ငံရေး ခြစားမှု လွန်ကဲခြင်း - ညံ့ဖျင်းသည့် ဗြူရိုကရေစီ ယန္တရားဖြစ်လာခြင်း - တရားရေးမဏ္ဍိုင် ချိနဲ့ခြင်း/ သမာသမတ်ကျသော တရားရုံးများ အားနည်းခြင်း - နိုင်ငံရေးတွင် စစ်တပ် ဩဇာလွှမ်းမိုးခြင်း - မိုးကျရွှေကိုယ် ခေါင်းဆောင်များ ဒေသအနှံ့အပြားတွင် ကြီးစိုးခြင်း အဆိုပါ အချက်များသည် နိုင်ငံ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်စီးသည့် အကြောင်းများဖြစ် သည်။ အဆိုပါနိုင်ငံများတွင် အခြားနိုင်ငံ၏ကျူးကျော်နိုင်မှု အခွင့်အလမ်း ပိုမိုရှိသ်ည။
  • 17. မင်းသေ့ 17 နိုင်ငံများ ဆင်းရဲခြင်း အကြောင်း (CAUSES OF STATE FAILURE) - ပြည်တွင်းပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် နိုင်ငံများ ဆင်းရဲရသည်။ ပြည်တွင်းစစ်များနှင့် ပြည့်နှက် နေ၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြင့် နပန်းလုံးနေရသောနိုင်ငံများသည် ဆင်းရဲရသည်။ - တိုင်းပြည်ရှိ ဗြူရိုကရေစီယန္တရား ချိနဲ့ အားပျော့ခြင်းကြောင့် နိုင်ငံများ ဆင်းရဲရသည်။ နိုင်ငံကို အုပ်ချုပ် သည့် အစိုးရနှင့် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရသည့် ဗြူရိုကရေစီယန္တရားသည် စွမ်းရည် မပြည့်၊ ခြစားမှုများဖြင့် နှစ်ပါးသွားနေရသော နိုင်ငံရေးစနစ်တွင် နိုင်ငံများ ဆင်းရဲရသည်။ - အာဏာရှင်အစိုးရများကြောင့် နိုင်ငံများဆင်းရဲရသည်။ ငါတကော, ကောသည့် တကိုယ်တော်ကျိတ်ဝါဒ ဆုပ်ကိုင်ထားသည့် အစိုးရများ အုပ်ချုပ်သည့်နိုင်ငံများတွင် နိုင်ငံများဆင်းရဲရသည်။ - နိုင်ငံတစ်နိုင်ငံဆင်းရဲရခြင်းတွင် ပြည်ပ၊ နိုင်ငံတကာသက်ရောက်မှု တစ်ခုခုကြောင့်ထက် ပြည်တွင်းအခြေ အနေများကြောင့် ပို၍ ဖြစ်နိုင်ပေသည်။ နိုင်ငံတကာသက်ရောက်မှုများ  ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းခြင်းကြောင့်လည်းကောင်း  သဘာဝကပ်ဘေးကြောင့်လည်းကောင်း  တိုင်းတစ်ပါး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံရခြင်းကြောင့်လည်းကောင်း  ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့်လည်းကောင်း စသည့် အချက်များကြောင့်လည်း နိုင်ငံဆင်းရဲစေနိုင်သည်။ ပြည်တွင်းရေးသက်ရောက်မှုများ  အစိုးရတစ်ရပ် ဖြုတ်ချခံရခြင်း (အာဏာသိမ်းခံရခြင်း)  နိုင်ငံစီးပွားရေးတွင် ခရိုနီကြီးစိုးလွန်းနေခြင်း  အာဏာရှင် အစိုးရတစ်ရပ် ရှိနေခြင်း  ပြည်တွင်းစီးပွား ပျက်ကပ်ဖြစ်ခြင်း (ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် လည်းဖြစ်နိုင်သည်။) စီးပွားပျက်ကပ်ကြောင့် အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာခြင်း  နိုင်ငံ၏ ရပ်တည်မှုသည် ပို့ကုန်၊ သွင်းကုန်တွင် မှီခိုလွန်းနေခြင်း နိုင်ငံဟူ၍ ဖြစ်လာလျှင် အခြေအနေ အမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်သည်။ ဖွံ့ဖြိုးမှုလွန်၊ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသည့်နိုင်ငံ ဟူ၍ နိုင်ငံ များကို သတ်မှတ်သည်။ နိုင်ငံတစ်နိုင်ငံကြောင်းကို လေ့လာသုံးသပ်ရာတွင် နိုင်ငံတစ် နိုင်ငံ၏ သဘောသဘာဝကို အတော်အတန်သိထားမှသာ ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်မည်ဖြစ်သည်။ ကိုးကားစာအုပ်များ စာရင်း Weak and Failed States (Educational initiative) အောင်ထွဋ် - နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ ဆောင်းပါးများ မကြင်ဌေး - လူမှုရေးပထဝီဝင် အဘိဓာန်