More Related Content
More from aungkokotoe (20)
Jss (letter 2)
- 1. 1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး ဓလေ့
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးဓလေ့ကို သုံးသပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး
အသွင်ကူးပြောင်းရေးတွင် လူမှုဓလေ့၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးကြောင်း
ရေးသားထားသည်။ လူမှုဓလေ့သည် နိုင်ငံရေးအကူးအပြောင်းကို တွန်းအားပေးနိုင်သလို အဟန့်အတားလည်း
ဖြစ်စေနိုင်သည်။ မည်သည့်အချက်များသည် ဒီမိုကရေစီကို တန့်စေသနည်းဆိုသည့် အမေးကို ဖြေပြထားခြင်း
လည်းဖြစ်သည်။ နိုင်ငံရေးဓလေ့ဖြစ်ပေါ်လာပုံနှင့် ၎င်း၏ သက်ရောက်ပုံကို ရေးသားထားခြင်းဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး ဓလေ့
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးဓလေ့ကို သုံးသပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး
အသွင်ကူးပြောင်းရေးတွင် လူမှုဓလေ့၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးကြောင်း
ရေးသားထားသည်။ လူမှုဓလေ့သည် နိုင်ငံရေးအကူးအပြောင်းကို တွန်းအားပေးနိုင်သလို အဟန့်အတားလည်း
ဖြစ်စေနိုင်သည်။ မည်သည့်အချက်များသည် ဒီမိုကရေစီကို တန့်စေသနည်းဆိုသည့် အမေးကို ဖြေပြထားခြင်း
လည်းဖြစ်သည်။ နိုင်ငံရေးဓလေ့ဖြစ်ပေါ်လာပုံနှင့် ၎င်း၏ သက်ရောက်ပုံကို ရေးသားထားခြင်းဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
မြန်မာ့နိုင်ငံရေး ဓလေ့
မင်းသေ့
ဤဆောင်းပါးသည် မြန်မာ့နိုင်ငံရေးဓလေ့ကို သုံးသပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး
အသွင်ကူးပြောင်းရေးတွင် လူမှုဓလေ့၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးကြောင်း
ရေးသားထားသည်။ လူမှုဓလေ့သည် နိုင်ငံရေးအကူးအပြောင်းကို တွန်းအားပေးနိုင်သလို အဟန့်အတားလည်း
ဖြစ်စေနိုင်သည်။ မည်သည့်အချက်များသည် ဒီမိုကရေစီကို တန့်စေသနည်းဆိုသည့် အမေးကို ဖြေပြထားခြင်း
လည်းဖြစ်သည်။ နိုင်ငံရေးဓလေ့ဖြစ်ပေါ်လာပုံနှင့် ၎င်း၏ သက်ရောက်ပုံကို ရေးသားထားခြင်းဖြစ်သည်။
အယ်ဒီတာ
- 2. 2
မြန်မာ့နိုင်ငံရေးဓလေ့
နိုင်ငံရေးဓလေ့၏ သဘောသဘာဝ
မြန်မာ့နိုင်ငံရေးဓလေ့သည် မည်သို့သောအရာနည်း။ နိုင်ငံရေးဓလေ့ကိုဆန်းစစ်ရန် မည်သို့လေ့လာဆန်းစစ်ရမည်
နည်။ ထိုမေးခွန်းများကိုဖြေရန် ရှုမြင်ချက်တစ်ခုတည်းဖြင့် မလုံလောက်။ ရှုထောင့်တစ်ခုတည်းဖြင့် ကြည့်က မပြည့်
စုံနိုင်။ နိုင်ငံရေးဓလေ့ကိုလေ့လာရာတွင် ဘက်ပေါင်းစုံ၊ အခြေအနေပေါင်းစုံမှ လေ့လာရသည်။ သမိုင်းနောက်ခံ
အခြေအနေနှင့် ဖြတ်သန်းခဲ့သည့် သမိုင်းအတွေ့အကြုံကိုလေ့လာ၍ နိုင်ငံရေးဓလေ့ကိုကောက်ချက်ချလေ့ရှိသည်။
မြန်မာတို့ဖြတ်သန်းခဲ့သည့် သမိုင်းစဉ်သည်ပင် မြန်မာ့နိုင်ငံရေးဓလေ့၏ဖော်ညွှန်းချက်ဖြစ်သည်။ နိုင်ငံရေးဓလေ့
ဟူသည် သီအိုရီသက်သက်မဟုတ်။ သီအိုရီအခံဖြင့် ဘောင်တည်လေ့လာ၍ မရ။ ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့်
လူမှုသမိုင်းစဉ်တို့ဖြင့် ပေါင်းစပ်ဖြစ်တည်လာသောပုံစံဖြစ်သည်။ အထူးသဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏
သမိုင်းစဉ်နှင့် တွေးခေါ်ပုံ၊ ဓလေ့စရိုက်များကိုရောကျိုထားသော နိုင်ငံရေးဖြစ်စဉ်သည်ပင် နိုင်ငံရေးဓလေ့ကို
လေ့လာရာအရင်းအမြစ်ဖြစ်သည်။
ကွင်းဆင်းလေ့လာမှ
လက်ရှိမြန်မာ့နိုင်ငံရေးဓလေ့ကိုသိလိုလျှင် စာအုပ်ထဲတွင် ရှာဖွေ၍ မရချေ။ လက်တွေ့နိုင်ငံရေးနယ်ပယ်၊ လူမှုနယ်
ပယ်အတွင်းဆင်း၍ လေ့လာမှရမည်။ နိုင်ငံရေးဓလေ့ကိုလေ့လာရာတွင် နိုင်ငံရေးနယ်ပယ်အတွင်းရှိ နိုင်ငံရေးသမား
တို့နှင့် တို့ထိဖို့ လိုသည်။ တကယ့်နိုင်ငံရေးဓလေ့သည် ဘယ်လိုအခြေအနေမျိုးဖြစ်နေသည်ကိုလေ့လာရန်လိုသည်။
လေ့လာတွေ့ရှိချက်သည် တရားသေမဟုတ်။ အခြေအနေအချိန်အခါအလိုက် ပြောင်းလဲနိုင်သည်။ အချိန်အလိုက်
ပြောင်းလဲနိုင်သည်ဖြစ်သော်လည်း လုံးလုံးလျားလျားပြောင်းလဲသွားသည်ကားမဟုတ်။
မိမိလေ့လာတွေ့ရှိထားသော နိုင်ငံရေးဓလေ့၏ အခြေခံဘောင်အတွင်းမှ ရွေ့လျားပြောင်းရွေ့သွားသည့်
သဘောသာဖြစ်သည်။ နိုင်ငံရေးဓလေ့တို့သည် ကာလအပိုင်းအခြားကြီးများဖြင့် တဖြည်းဖြည်းရွေ့သွားသော
သဘောရှိ သည်။ နိုင်ငံရေးဓလေ့သည် တော်လှန်ရေးသဘောလိုအချိန်တို အတွင်းလုံးဝဆန့်ကျင်ဘက်ကို
ပြောင်းလဲသွားရိုးထုံးစံမရှိ။ ဤအချက်များသည်ပင် နိုင်ငံရေးဓလေ့၏ သဘောသဘာဝများ ဖြစ်သည်။
စစ်ဘက်ကြောင့်ဖြစ်သော နိုင်ငံရေးဓလေ့
နိုင်ငံရေးဓလေ့ကို case study ပုံစံဖြင့် လေ့လာရန်လိုသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးပြီးချင်း
ပြည်တွင်းစစ်အခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည်။ ပြည်တွင်းစစ်ပြင်းထန်သည့်ကာလများရှိခဲ့သလို ပြည်တွင်းစစ်အေး
အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီတောတွင်းကျဆုံးမှု ဖြစ်ပေါ်ခဲ့ပြီးသည့်
- 3. 3
နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်အစိုးရတို့၏ စစ်ပူ၊ စစ်အေးကာလများကို ဖြတ်သန်း
ခဲ့ရသည်။ အထူးသဖြင့် ၈၈ တွင်တောခိုသွားသောဗမာတောတွင်းလက်နက်ကိုင်အုပ်စုနှင့် တိုင်းရင်းသားလက်နက်
ကိုင် အသီးသီးတို့၏ အခြေအနေကို ကြည့်မြင်သုံးသပ်လျှင် စစ်ဘက်နှင့်သက်ဆိုင်သော နိုင်ငံရေးဓလေ့ ပေါက်ဖွား
လာပုံကိုသိနိုင်သည်။
ဗဟုသဘော စုဆုံခြင်း
နိုင်ငံရေးဓလေ့စီးဆင်းလာပုံသည် အကြောင်းအချက်တစ်ခုတည်းကြောင့် မဟုတ်။ အကြောင်းအချက်ပေါင်းစုံတို့
စုပေါင်းကျေးဇူးပြု၍ ဖြစ်ပေါ်လာသောအကျိုးတရားတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ထိုကဲ့သို့သောသဘောအတိုင်းပင်
နိုင်ငံရေးဓလေ့သည် အကြောင်းတစ်ခုတည်းကြောင့် ပေါ်ပေါက်လာရိုးထုံးစံမရှိ။ အကြောင်းအချက်များလိုသလို
ပေါင်းစုံသွား၍သာ နိုင်ငံရေးဓလေ့ထုံးစံတစ်ခု ဖြစ်လာနိုင်စရာအကြောင်းရှိသည်။
အထူးပြုလေ့လာရန် အချက်ကား မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းကာလတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စပင်ဖြစ်
သည်။ ပြည်တွင်းငြိမ်းချမ်းရေးဟုဆိုရာတွင် တိုင်းရင်းသားနှင့် ဗမာငြိမ်းချမ်းရေးဟုပြောလျှင်မရ။ ဗမာသည်ပင်
တိုင်းရင်းသားအစုတစ်ခုပင်ဖြစ်၍ တိုင်ရင်းသားစည်းလုံးညီညွှတ်မှုဟုပင် ခြုံငုံပြောနိုင်မည်။ အမျိုးသားရင်ကြားစေ့
ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးစသည့် ကိစ္စများသည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပင်ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးတွင် တိုင်းရင်းသားစည်လုံးညီညွှတ်ရေးသည်အခရာကျသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်
မှုရရှိရန် အမျိုးသားပြန်လည်သင့်မြတ်ရေးလိုအပ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်မြင်စေရန်
အမျိုးသားပြန်လည် ရင်ကြာစေ့ရေးကိုအကောင်အထည်ဖော်ရမည်။
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနည်းစဉ်
ပြည်တွင်းငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်လျှင် Peace Building မှစတင်ရမည်။ Peace Building တွင်
ယုံကြည်မှုတည်ဆောက်ရေး Trust Building ပါဝင်သည်။ ယုံကြည်မှုတည်ဆောက်ရေးအောင်မြင်စေရန် စေ့စပ်
ညှိနှိုင်းမှုအောင်မြင်ရမည်။ စေ့စပ်ညှိနှိုင်းမှုများတွင် ကတိကဝတ်များပါဝင်မည်။ စာချုပ်များ၊ သဘောတူညီချက်
များပါဝင်သည်။ အထူးသဖြင့် သဘောတူညီချက်များ Agreement အများစုပါဝင်တတ်သည်။
ဤနေရာတွင် သဘောတူညီချက် Agreement နှင့် စာချုပ် Treaty တို့၏ သဘောနှင့် အနှစ်သာရကို ခွဲခွဲခြားခြား
သိမြင်ထားရန် လိုအပ်သည်။ သဘောတူညီချက်ဟူသည် စေ့စပ်ညှိနှိုင်းသူက တိုက်ရိုက်တာဝန်ခံရသောသဘောရှိ
သည်။ တာဝန်ခံမှုနှင့် တာဝန်ယူမှုသည် စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်နှစ်ဦး (သို့) စေ့စပ်ညှိနှိုင်းရေးအဖွဲ့နှစ်ဖွဲ့၏
ဩဇာတိက္ကမအပေါ်တွင် များစွာတည်သည်။ သဘောတူညီထားသည့် ခေါင်းဆောင်တစ်ဦးဦးသည် စေ့စပ်ညှိနှိုင်း
သည့်လုပ်ငန်းစဉ်နှင့် လုံးဝသက်ဆိုင်မှုမရှိသောအနေအထားသို့ ရောက်သွားသောအခါ သဘောတူညီချက်
(agreement) ပျက်ပြယ်တတ်သောသဘောရှိသည်။
- 4. 4
Treaty ဆိုသည့် စာချုပ်သည် ထိုသို့ မဟုတ်။ စာချုပ်ပါအချက်အလက်များနှင့်သာသက်ဆိုင်သည်။ စာချုပ်သည်
စာချုပ်အပေါ်လက်မှတ်ရေးထိုးသည့် ခေါင်းဆောင်နှင့်လုံးဝသက်ဆိုင်သည်မဟုတ်။ ထိုခေါင်းဆောင်တာဝန်ယူ
ထားသည့် အဖွဲ့အစည်း (သို့) နိုင်ငံအပေါ်တွင် လုံးလုံးလျားလျားတည်မှီသည်။ စာချုပ်သည် လူပုဂ္ဂိုလ်သဘောထက်
အဖွဲ့အစည်းသဘောကိုပိုဆောင်သည်။ ထိုခေါင်းဆောင်တာဝန်ယူမှုမရှိတော့လျှင်လည်းစာချုပ်၏ ဩဇာသည်
မပျက်ပြယ်။ အဖွဲ့အစည်းရှိသရွေ့ အသက်ဝင်နေသည်သဘော၊ တရားဝင်နေသည့်သဘောရှိသည်။
Agreement နှင့် Treaty တို့၏ ကွဲပြားခြားနားချက်
သဘောတူညီချက် စာချုပ်
ခေါင်းဆောင်နှင့်များစွာသက်ဆိုင် အဖွဲ့အစည်းနှင့်သာသက်ဆိုင်သည်
သဘောတူညီချက်ယူထား သည့်
ခေါင်းဆောင်တရားမဝင်တော့လျှင်
သဘောတူညီချက်လည်းတရားဝင်မှု
မရှိ ဖြစ်တတ်
ခေါင်းဆောင်မရှိတော့လျှင်လည်းစာချုပ်ပါအချက်အလက်များအ
တွက် နှစ်ဖက်စလုံးတွင် တာဝန်အပြည့်အဝရှိသည်။
စာချုပ်ထက်ခိုင်မာမှု အားနည်း ခိုင်မာမှုရှိ တာဝန်ယူမှုရှိ။
ခေါင်းဆောင်၏ ဩဇာတိက္ကမ အပေါ်
များစွာမူတည်
အဖွဲ့အစည်း၏ ခိုင်မာမှုအပေါ်တွင် မူတည်
အကြမ်းထည်သဘောသာရှိ။
ကတိကဝတ်များထားရှိသည့် အဆင့်
အခိုင်အမာသဘောရှိ၊ ကတိကဝတ် များကိုတိကျစွာလိုက်နာ
ကျင့်သုံး သည့် အဆင့်
ငြိမ်းချမ်းရေး သဘောတူညီချက်လော…. သို့တည်း မဟုတ် စာချုပ်လော….
ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် သဘောတူညီချက်ဖြင့် လက်မှတ်ရေးထိုးခြင်းလော။ သို့တည်းမဟုတ်
ငြိမ်းချမ်းရေးစာချုပ်လော သုံးသပ်ရန်လိုသည်။ တစ်ခုနှင့် တစ်ခု ဝေါဟာရချင်း မတူညီသည့် တိုင် သဘောသဘာဝ
ချင်း လည်း မတူညီပေ။ ထို့ကြောင့် ခိုင်မြဲမှု၊ ခိုင်မာမှုတွင် စကားပြောစရာဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးဟူသည်
ကား စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းထက် ရေရှည်လုပ်ရသော လုပ်ငန်းဖြစ်သည်။ အစိုးရကို ဗဟိုပြု တည်
ဆောက်ခြင်းထက် ပြည်သူလူထုကို ဗဟိုပြုရှေးရှုခြင်းက အာမခံချက်ရှိသော ငြိမ်းချမ်းရေးဖြစ်ပေလိမ့်မည်။
တည်ဆောက်ပြီးလျှင် ထိန်းသိမ်း
နိုင်ငံတော်တည်ငြိမ်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်သည့်နေရာတွင် ယုံကြည်မှုတည်ဆောက်
မှုသည် အစပထမဖြစ်သည်။ ယုံကြည်မှုတည်ဆောက် Trust Building ပြီးသည့်နောက်ပိုင်းတွင် ယုံကြည်မှုကို
ထိန်းသိမ်းရန် (to trust keeping) လိုအပ်သည်။ ယုံကြည်မှုကိုမထိန်းသိမ်းလျှင် Trust Building မအောင်မြင်
တတ်ချေ။
- 5. 5
ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ယုံကြည်မှု ထိန်းသိမ်းခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်မှု၏ အုတ်မြစ်ဖြစ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်မှု အုတ်မြစ်ခိုင်မာလျှင် ငြိမ်းချမ်းရေးရရှိတတ်သည်။
အညမညသဘော
ငြိမ်းချမ်းလျှင် နိုင်ငံတည်ငြိမ်မှုရရှိ သည်။ နိုင်ငံတည်ငြိမ်အေးချမ်းသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာ
တွင် ထိရောက်စွာအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်သည်။ နိုင်ငံတည်ငြိမ်မှုရှိသောအကြောင့် လွတ်လပ်စွာ
ရောင်းဝယ်ဖောက်ကားမှု၊ ဖြစ်ထွန်းသည်။ ဓနပိုင်ဆိုင်မှုသည် အာမခံချက်ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည်။
ဖွံ့ဖြိုးတိုးတက်မှု ကိုဆွဲဆန့်နိုင်ရန် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် လိုအပ်သည်။ ငြိမ်းချမ်းရေးသည် အပြောင်းအလဲမရှိ
တသတ်မတ်တည်းရှိလေလေ၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်ရန် အခြေအနေကောင်းဖြစ်လေလေပင် ဖြစ် သည်။
ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းအဖြေရှာကြသည့်နေရာတွင် သဘောတူညီချက်များ၊ စာချုပ်ပေါ်လက်မှတ်
ရေးထိုးမှုများပါရှိလာနိုင်သည်။ ထို့ကြောင့် သဘောတူညီချက်နှင့် စာချုပ်တို့၏ သဘောသဘာဝကို
ကွဲကွဲပြားပြားနားလည် ရန်လိုအပ်သည်။ စေ့စပ်ညှိနှိုင်းရေးသမားများ၏ စွမ်းရည်ကိုအကဲဖြတ်ရန် နောက်ခံသမိုင်းနှင့်
အမူအကျင့် စိတ်ဓာတ် စရိုက်တို့ကိုလေ့လာရန်လိုသည်။ ညှိနှိုင်းမှုနောက်ကွယ်မှ ပဲ့ကိုင်သူတို့၏ သဘာဝနှင့် အန္တိမ
ရည်မှန်းချက်ကို နှိုက်ထုတ်နိုင်ရန်လိုသည်။ နှစ်ဖက်စလုံး၏ ရေရှည်အကျိုးစီးပွားအပေါ် ရှုမြင်ပုံကို လေ့လာသုံးသပ်
ရန်လိုသည်။
ရှုထောင့်သုံးရပ်
စစ်ဘက်၊ အရပ်ဘက်နှင့် တိုင်းရင်းသားဟူသည့် ဘက် (၃) ဘက်မှ တစ်မျိုးစီကြည့်ရန်လိုသည်။ တိုင်းရင်းသားများ
၏ စိတ်ထဲတွင် ဗမာမုန်းတီးရေးအစွဲများကျန်ရှိနေသေးသည်။ ထိုအစွဲကိုပယ်ဖျက်၍ အချိန်တစ်ခုကိုယူရမည်။
မဟာဗျူဟာကျကျ စည်းလုံးရေးနည်းစဉ်ကိုချမှတ်အကောင်အထည်ဖော်ရမည်။ လူမျိုးရေးအစွဲများနည်းနိုင်သမျှ
နည်းစေရန် Hardware, Software နှင့် Smart ware များကိုလိုသလိုသုံးစွဲရမည်။
လူမျိုးရေးအစွဲများတွင် လူမျိုးစုများအကြားစွဲဝင်နေသည့် အရာတစ်ခုဖြစ်သည်။ စစ်တပ်ကိုဗမာဟုမြင်သည်။
ဗမာကိုလည်းစစ်တပ်ကို မြင်သကဲ့သို့မြင်သည်။ ဗမာနှင့် စစ်တပ်သည် တွဲနေသည့် အမြင်သည်
တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် များစွာကြီးစိုးနေသည်။ ထိုအမြင်ဖြင့်တွဲနေသည့်အစွဲသည် အခြေအနေ
အကြောင်းအချက်များပေါင်းစုံ၍ ဖြစ်တည်လာသည်။ ထိုအကြောင်းအချက်များသည် မြန်မာပြည် ပြည်တွင်းစစ်
ကာလတစ်လျှောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စစ်တပ်ဘက်မှာနယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးနှင့်
ကာကွယ်ရေးကို မြှင့်တင်သည်။ စစ်ဘက်အုပ်ချုပ်ရေး အခြေအနေများကြောင့် တိုင်းရင်းသားများ၏ စိတ်အစွဲသည်
ခါးသီးသည့်အစွဲများအမြစ်တွယ်လာသည်။
- 6. 6
နိုင်ငံရေးဓလေ့နှင့် နိုင်ငံရေးသမား
နိုင်ငံရေးဓလေ့၏ သဘောသည် နက်နဲ၏။ ကျယ်ဝန်း၏။ အချိန်နှင့် သမိုင်းအတွေ့အကြုံများပေါင်းစပ်၍
ပုံပေါ်လာသောသဘောရှိသည်။ နိုင်ငံရေးဓလေ့ကို နိုင်ငံရေးသမားတို့ ချိန်ညှိ၍ မရ။ ချိန်ညှိနိုင်စွမ်းလည်းမရှိ။
နိုင်ငံရေးဓလေ့ကို အမျိုးသားခေါင်းဆောင်များသာ ပုံဖော်နိုင်စွမ်းရှိသည်။ အမျိုးသားခေါင်းဆောင်များသည်လည်း
လတ်တလော ပြုပြင်နိုင်စွမ်းနည်းသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင် မူရင်းအရှိတရားကို လမ်းကြောင်း
ပြောင်း၍ ခေါ်ဆောင်ကာ လွတ်လပ်ရေးတိုက်ပွဲဝင်ခြင်းကားရှိ၏။ သို့သော် ထိုအရာကား ရှိခဲ့ပြီးသော နိုင်ငံရေးဓလေ့
ကို အသုံးချခြင်းသားဖြစ်သည်။ နိုင်ငံရေး ဓလေ့သစ်တစ်ခုကို ပုံဖော်တည်ဆောက်ခြင်း မဟုတ်။
နိုင်ငံရေးဓလေ့ဖြစ်ပေါ်စေရန် အချိန်ကာလတစ်ခု ကြာသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာလျှင်လည်း ကြာနိုင်သည်။
ဆယ်စုနှစ်တစ်ခု၊ နှစ်ခု ကြာလျှင်လည်း အတိုတောင်းဆုံး ကာလဟု ဆိုရမည်။ မြန်မာ့လွတ်လပ်ရေးကို နေရှင်နယ်
လစ်ဇင်နှင့် ဘာသာရေးစိတ်ဓာတ် ပေါင်းစပ်၍ တိုက်ယူခဲ့သည်။ မြန်မာအတွက် အမျိုးသားရေးစိတ်ဓာတ်သည်ပင်
နိုင်ငံရေးဓလေ့တစ်ခုဖြစ်လာသည်။ ဘာသာရေး (တနည်း) ဗုဒ္ဓဘာသာသည်ပင် မြန်မာ့နိုင်ငံရေးဓလေ့ကို ပုံဖော်သည့်
အရာဖြစ်သည်။
အထူးသဖြင့် ဗမာလူမျိုးတို့၏ စိတ်အခံတွင် နေရှင်နယ်လစ်ဇင်နှင့် ဗုဒ္ဓဘာသာသည်ပင် ရေခံမြေခံဖြစ်နေသည်။
ထိုရေ မြေပေါ်မှီတည်၍ ပေါက်ဖွားလာသော နိုင်ငံရေးဓလေ့သည်ပင် ထိုအရာနှစ်ပါးဖြင့် မကင်းနိုင်ချေ။ နောက်ထပ်
ကင်းမည်လည်း မဟုတ်။ ယနေ့ကစ၍ နှစ်အတော်အတန်ကြာအထိ မြန်မာ့နိုင်ငံရေးတွင် သက်ဝင်နေအုံးမည်လည်း
ဖြစ်သည်။ သို့သော် သတိချပ်ရန် တစ်ခုရှိသည်။ ဒီမိုကရေစီနှင့် အမျိုးသားဝါဒီတို့ ထိပ်တိုက်မတွေ့ရန်လိုသည်။
အကယ်၍ အမျိုးသားရေးနှင့် ဒီမိုကရက်တစ်ဓလေ့များကို အချိုးကျကျ ရောစပ်နိုင်လျှင် ကောင်းသည်။ ထိုသို့ မဟုတ်
ပါက မြန်မာ့နိုင်ငံရေးဓလေ့အခံနှင့် အသစ်ဖြစ်တည်လာသော ဒီမိုကရက်တစ်အခံ အတိုကအခံဖြစ်လာနိုင်သည်။
ဤနေရာတွင် နေရှင်နယ်လစ်ဇင်တွင် ဘာသာရေးပေါင်းလိုက်လျှင်ကားအတော်သတိထားစရာပင် ဖြစ်လာနိုင်သည်။
ဤဆောင်းပါးကို စာရေးသူသည် ၃/၂/ ၂၀၁၄ ခုနှစ်တွင် ရေးသားထား
ခြင်း ဖြစ်သည်။ သို့သော် ယနေ့နိုင်ငံရေးအခြေအနေနှင့် နှိုင်းယှဉ်စဉ်းစား
စရာများသည် အသုံးဝင်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်နေခြင်းကြောင့်
၂၀၁၅ ဖေဖော်ဝါရီလထုတ် လူမှုသိပ္ပံဂျာနယ်တွင် ပုံနှိပ်ရခြင်းဖြစ်ပါသည်။
အယ်ဒီတာ