SlideShare a Scribd company logo
1 of 90
Download to read offline
ကိုထူးဆန်းမှတ်တမ်းများ Page: 1
ကိုထူးဆန်း မှတ်တမ်းများ
Saturday, 06 August 2011 23:59 မုရန်
လှမင်းသူရေးသားခဲ့သော ဆောင်းပါးအချို့မှ ခရစ်ယာန်ယုံကြည်ခြင်းမှတ်တမ်းအဖြစ် စုစည်းထားပါသည်။
စာရေးသူ၏ ယုံကြည်မှုကို မှတ်ကျောက်တင်ပြီး၊ သိပ္ပံပညာအားဖြင့် နားလည်အောင် ရှင်းလင်း ရေးသား
ထားခြင်းဖြစ်ပါသည်။ ထာဝရဘုရားသည် အင်မတန်ဆန်းကြယ်လှပါသည်။ သဘာဝ လောကကြီးနှင့်စင်္ကြာဝဌှာ၊
သက်ရှိလောကကြီးမှာလည်း ဆန်းကြယ်လှပါသည်။
ကျွန်တော်နှင့်ကိုထူးဆန်း 01 Feb 2010
ကိုထူးဆန်းဆီသို့ အလည်သွားခြင်း 19 Jan 2010
ကိုထူးဆန်း နှင့် ဒုက္ခဆင်းရဲများအကြောင်း 13 May 2010
ကိုထူးဆန်းနှင့် ကော်ဖီစကားဝိုင်း 27 Feb 2010 Murann.com
ဘုရားကိုဘယ်သူဖန်ဆင်းသလဲ 14 Aug 2010
ဖန်ဆင်းခြင်းသက်သေများ(၂) 09 Nov 2009 BornAgain
ဖန်ဆင်းခြင်းသက်သေများ(၃) 09 Nov 2009 BornAgain
ဖန် ဆင်း ခြင်း သက် သေ များ (၄) 09 Nov 2009 BornAgain
ဖန်ဆင်းခြင်း သက်သေများ(၅) 07 Dec 2010
မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၁) 12 Jul 2009 JBCS
မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၂) 12 Jul 2009 JBCS
မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၃)အဆုံးသတ် 12 Jul 2009 JBCS
ကြယ်ကလေးများမှတဆင့် 12 Jul 2009 JBCS
'God Delusion' စကားရည်လုပွဲကြီး 12 Jul 2009 JBCS
.To be continued..မုရန်
ကိုထူးဆန်းမှတ်တမ်းများ Page: 2
ကျွန်တော်နှင့်ကိုထူးဆန်း
Thursday, 07 January 2010 11:32 လှမင်းသူ
တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သို့  အ လည် သွား နေ သ
ဖြင့် တ ယောက် တည်း အိမ် ၌ ကျန် ခဲ့ လေ ရာ ပျင်း ရိ ခြင်း ရှိ လှ သ ဖြင့် စိတ် ပြေ လက် ပျောက် အ လို့ ငှာ စ
ကာင်္ ပူ ရှိ မြန် မာ အ များ စု ဝေး ရာ အ ရပ် ဖြစ် သော စီး တီး ဟော်(လ်) သို့ ရ ထား ဖြင့် ထွက် ခဲ့ လေ သည်။
Ang Mo Kio ဘူ တာ ရုံ မှ ရ ထား မ ထွက် မှီ စာ ရေး သူ အ ရွယ် နှင့် မ တိမ်း မ ယိမ်း ရှိ မည် ဟု ခန့်  မှန်း ရ
သော လူ တ ယောက် သည် ရ ထား တံ ခါး မ ပိတ် မှီ က လေး တွင် ၀င် ရောက် လာ ပြီး စာ ရေး သူ ၏ ဘယ်
ဘက် ဘေး ရှိ ထိုင် ခုံ လွတ် သို့  အ လျင် စ လို ၀င် ထိုင် လိုက် လေ သည်။
ထို သူ သည် ဆွဲ အိတ် က လေး တစ် ခု ကို လက် မှ ကိုင် ဆွဲ ထား ပြီး အ ထဲ ၌ လေး လံ သော ပ စ္စည်း များ ကို
ထည့် ထား ပုံ ရ သည်။ ထို ဆွဲ အိတ် က လေး ကို လက် နှင့် ကိုင် ထား ရာ မှ လေး လာ သည် ထင် သည်။ ရ
ထား ၏ ခုံ အောက် ထဲ သို့  ခေ တ္တ ထိုး ၍ ထည့် လိုက် လေသည်။ စာ ရေး သူ သည် ထို သို့ ထည့် ထား လိုက်
သည့် အ ချိန် ၌ ဆွဲ အိတ် ထဲ မှ အ ရာ များ ကို လျှပ် တစ် ပြက် အ ချိန် အ တွင်း တွေ့ မြင် လိုက် ရ သည်။ ဆွဲ
အိတ် ထဲ ရှိ အ ရာ များ မှာ စာ အုပ် များ ဖြစ် ပြီး စ င်္ကာ ပူ စာ ကြည့် တိုက် တံ ဆိပ် အ မှတ် အ သား များ ပါ ရှိ
သ ဖြင့် စာ ကြည့် တိုက် မှ ငှား လာ သော စာ အုပ် များ ဖြစ် ပုံ ရ လေ သည်။
ထို သူ သည် မေး ရိုး ကား ပြီး မျက် ခုံး များ မှာ ထူ ထဲ စွာ ရှိ သည်။ မျက် လုံး မျက် ဖန် များ ကောင်း မွန် ပြီး
ယောက်ျား ပီ သ သော ရုပ် ရည် မျိုး ရှိ သည်။ မည် သည့် လူ မျိုး ဖြစ် သည် ဟူ ၍ ခန့် မှန်း ၍ မ ရ ပေ။ စ ကာၤ
ပူ ၌ လူ မျိုး ပေါင်း စုံ နေ ထိုင် လေ ရာ မ လေး လား၊ ဗ မာ လား၊ အင် ဒို နီ ရှား လား ဝေ ခွဲ ရန် ခဲ ယဉ်း လှ ပေ
သည်။ ငှား ယူ လာ သော စာ အုပ် များ ကို ကြည့် ရုံ မျှ နှင့် ပ ညာ တတ် တစ် ယောက် ဖြစ် မှန်း ခန့် မှန်း ၍ ရ
လေ သည်။ ထို သို့ စာ ရေး သူ က မ သိ မ သာ အ ကဲ ခတ် နေ စဉ်
ကိုထူးဆန်းမှတ်တမ်းများ Page: 3
” အစ် ကို က ခ ရစ် ယာန် ဘာ သာ ၀င် လား”
ဟု စာ ရေး သူ အား ရုတ် တ ရက် ဗ မာ လို ပီ ပီ သ သ ကြီး မေး လိုက် လေ သည်။ မျှော် လင့် ထား ခြင်း မ ရှိ
သ ဖြင့် စာ ရေး သူ မှာ ကြောင် အမ်း အမ်း ဖြစ် သွား ပြီး မှ
”ဟုတ် ပါ တယ် ငါ့ ညီ။ ငါ့ ညီ က ကော ခ ရစ် ယာန် ပဲ လား”
ဟု မေး လိုက် သည်။
” ကျွန် တော် က ဘယ် ဘာ သာ ၀င် မှ မ ဟုတ် ပါ ဘူး ”
”သြော်... ဘာ သာ တ ရား တစ် ခု ခု ရှိ ရင် တော့ ပို ကောင်း တာ ပေါ့။ ဒါ နဲ့ ငါ့ ညီ က အစ် ကို ခ ရစ် ယာ န်
ဖြစ် မှန်း ဘယ် လို လုပ် သိ တာ လဲ။”
” အစ် ကို့  လည် ပင်း မှာ ဆွဲ ထား တဲ့ ဆွဲ ကြိုး ကြောင့် သိ တာ ပါ။”
ထို သို့  ဆို လိုက် တော့ မှ စာ ရေး သူ ၏ လက် ၀ါး ကပ် တိုင် ပုံ ပါ သော ဆွဲ ကြိုး ကို သ တိ ရ မိ သည်။ ထို သူ
က ပင် ဆက် လက် ၍
” ဒါ ပေ မဲ့ အစ် ကို ငယ် ငယ် တုံး က ခ ရစ် ယာန် တ ယောက် ဖြစ် ပုံ မ ရ ဘူး။ တ ခြား ဘာ သာ ၀င် ဖြစ် ပုံ ရ
တယ်။ ကြီး လာ မှ ပြောင်း သွား တဲ့ ”ကြီး ပြောင်း” ဖြစ် ပုံ ရ တယ် ”
ဟု စာ ရေး သူ ကို အား မ နာ တမ်း ပြော လေ တော့ သည်။ စာ ရေး သူ မှာ စိတ် ထဲ ၌ မ ကျေ မ နပ် အ နည်း
ငယ် ဖြစ် သွား သော် လည်း စိတ် ကို အ နည်း ငယ် ထိန်း ချုပ် လိုက် ပြီး
”ဟုတ် ပါ တယ် ငါ့ ညီ။ အစ် ကို ဘာ သာ ပြောင်း တာ နှစ် သိပ် မ ကြာ သေး ဘူး။ ဒါ နဲ့  ငါ့ ညီ က ဘယ် လို
လုပ် သိ တာ လဲ။”
”ဒီ လို ရှိ တယ် အစ် ကို ရ။ လူ တွေ မှာ Body Language ဆို တာ ရှိ တယ်။ ဒီ ပ ညာ ကို အ သေ အ ချာ တတ်
ရင် လူ တ ယောက် ရဲ့ ကိုယ် နေ ဟန် ထား၊ အ ပြု အ မူ ကို ကြည့် ရုံ နဲ့  ဒီ လူ ရဲ့ အ ကြောင်း တင် မ က ဘူး၊ ဒီ
လူ ရဲ့ စိတ် နေ စိတ် ထား ကို တောင် သိ နိုင် တယ်။ ငယ် ငယ် က တည်း ခ ရစ် ယာန် ဖြစ် ခဲ့ တဲ့ လူ တွေ ဟာ ခ
ရစ် ယာန် ဘာ သာ အ သုံး အ နူန်း တွေ ကို အ သား ကျ နေ တယ်။ ပြီး တော့ ကိုယ် ခ န္ဓာ အ ပြု အ မူ ကို
ကြည့် ရုံ နဲ့ Body Language တတ် ထား တဲ့ လူ ရဲ့ မျက် စိ ထဲ မှာ ခ ရစ် ယာန် တ ယောက် မှန်း အ လို လို သိ
တယ်။ အစ် ကို့ ကို Body Language နည်း နဲ့  ဖတ် လိုက် တော့ အစ် ကို့ ရဲ့ အ ပြု အ မူ အ နေ အ ထိုင် အ
ပြော အ ဆို တွေ ဟာ အ သား ကျ နေ တဲ့ ခ ရစ် ယာန် တ ယောက် နဲ့  မ တူ ဘူး။ တစ် ဖက် က လည်း အစ်
ကို ဆွဲ ထား တဲ့ ဆွဲ ကြိုး က နေ ခ ရစ် ယာန် တ ယောက် ဖြစ် နေ တယ် လို့ ပြော လို့  ရ တယ်။ ဒီ နှစ် ချက် ကို
အ ခြေ ခံ ပြီး ကောက် ချက် ဆွဲ လိုက် ရင် အ သက် ကြီး မှ ဘာ သာ ပြောင်း လာ တဲ့ သူ ဆို တဲ့ အ ဖြေ ကို ရ
တာ ပေါ့။”
ဟု ဆို ကာ မိ မိ စ ကား မိ မိ သ ဘော ကျ သွား သည့် အ လား ပြုံး ၍ နေ လေ သည်။ စာ ရေး သူ မှာ ထို သူ
ကို မည် သို့  စ ကား ဆက် ၍ ဆို ရ မည် ကို ပင် စဉ်း စား ၍ မ ရ နိုင် အောင် ဖြစ် သွား သည်။ အ ခန့် မ
ကိုထူးဆန်းမှတ်တမ်းများ Page: 4
သင့် လျင် မိ မိ ပြော သော စ ကား မှ နောက် ထပ် ကောက် ချက် များ ဆွဲ လျင် ဖုံး ဖိ ထား သည် များ ပင် ပေါ်
သွား နိုင် ပေ သည်။ ငယ် စဉ် က ဖတ် ခဲ့ ရ သော ၀တ္တု များ ထဲ မှ ဆား ပု လင်း နှင်း မောင် နှင့် အ မျိုး များ
တော် စပ် နေ သ လား ဟု ပင် မ ဆီ မ ဆိုင် တွေး မိ လေ တော့ သည်။ သူ ကောင့် သား အား ဘာ မှ ဆက် မ
ပြော ပဲ နေ မည် ဟု ဆုံး ဖြတ် ချက် ချ လိုက် လေ တော့ သည်။ အ တန် ငယ် ကြာ သော အ ခါ မှ ဘာ သာ မဲ့
ဖြစ် နေ သော ထို သူ အား ခ ရစ် တော် ၏ ကယ် တင် ခြင်း အ ကြောင်း ကို ပြော ရန် စိတ် ကူး ရ လာ သ ဖြင့်
ဆုံး ဖြတ် ချက် ကို ပြင် ကာ စ ကား ကို ပြန် ဆက် လိုက် သည်။
”ငါ့ ညီ ကြည့် ရ တာ စာ ဖတ် ၀ါ သ နာ ပါ ပုံ ရ တယ်။ အစ် ကို တို့  ဆီ မှာ ကျမ်း စာ ရှိ တယ်။ ငါ့ ညီ ဖတ်
ကြည့် ပါ လား။ မ ရှိ ရင် အစ် ကို ပေး မယ် လေ။”
”အစ် ကို့ ရဲ့ Observation က မ ဆိုး ပါ ဘူး။ ကျွန် တော် အစ် ကို့ ဘေး နား ကို လာ ထိုင် က တည်း က ကျွန်
တော့် ကို အ ကဲ ခတ် နေ တာ ကျွန် တော် သိ ပါ တယ်။ စာ အုပ် တွေ ငှား လာ တာ ရယ်၊ ငှား တဲ့ စာ အုပ် တွေ
ကို ကြည့် ပြီး စာ ဖတ် ၀ါ သ နာ ပါ တယ် လို့  အစ် ကို ပြော တာ မ ဟုတ် လား။ အစ် ကို လည်း ခေ သူ တ
ယောက် တော့ မ ဟုတ် ဘူး ဆို တာ သိ တာ ပေါ့။ ကျမ်း စာ ကို ကျွန် တော် အ များ ကြီး လေ့ လာ ဘူး ပါ
တယ်။ ကျမ်း စာ စာ အုပ် က စာ အုပ် ငယ် ပေါင်း ၆၆ အုပ် နဲ့  ဖွဲ့  စည်း ထား တာ မ ဟုတ် လား။ အဲ့ ဒီ ၆၆ အုပ်
ရဲ့ အ မည် တွေ ကို အစ် ကို အ စ က နေ အ ဆုံး ပြော ပြ နိုင် မ လား။”
ဂွ ကျ ချေ ပြီ။ ထို ကျမ်း စာ အုပ် ၆၆ အုပ် ၏ အ မည် များ ကို ဘယ် တုန်း က မှ အ လွတ် မ ရ ခဲ့။ ယ ခု တော့
သူ ကောင့် သား က မေး နေ လေ ပြီ။ မ တတ် နိုင် တော့။ မိ မိ မှတ် ဥာ ဏ် ကို ဖြစ် ညှစ် ၍ ထုတ် ခါ အောက် ပါ
အ တိုင်း ဆက် ၍ ဖြေ လိုက် သည်။
” ပ ထ မ ဆုံး ကျမ်း က .. က မ္ဘာ ဦး ကျမ်း၊ပြီး တော့ ထွက် မြောက် ရာ ကျမ်း ၊ နောက် တော့ ၀တ် ပြု ရာ ကျမ်း၊
တော လည် ရာ ကျမ်း၊ တ ရား ဟော ရာ ကျမ်း၊ ယော ရှု မှတ် စာ၊ ပြီး တော့ ...အင်း.. အဲ.............။ အစ် ကို
လည်း သိပ် မ မှတ် မိ တော့ ဘူး။ ငါ့ ညီ ရ ”
ထို သူ သည် စာ ရေး သူ အ ထစ် ထစ် အ ငေါ့ အ ငေါ့ ဖြေ ဆို သည် ကို ကြည့် ၍ ပြုံး လေ သည်။ စာ ရေး သူ
၏ စိတ် ထဲ ၌ မူ လှောင် ပြုံး ဟူ ၍ အ ဓိ ပ္ပါယ် ပြန် မိ လေ သည်။ ရှက် က လည်း ရှက် သ ဖြင့် ခပ် မ ဆိတ်
ပင် နေ လိုက် သည်။ ထို သို့ နေ စဉ် မှာ ပင်
”အစ် ကို။ ကျွန် တော် ဒီ ကျမ်း ၆၆ ခု ရဲ့ အ မည် အား လုံး ကို ကျွန် တော် အ လွတ် ရ ပါ တယ်။ ”
ဟု ဆို ကာ အောက် ပါ ၆၆ ကျမ်း လုံး ၏ အ မည် များ ကို အ ထစ် အ ငေါ့ မ ရှိ ရှည် လျား စွာ ရွတ် ဆို လေ
သည်။
၁။ ကမ္ဘာဦးကျမ်း ၂။ ထွက်မြောက်ရာကျမ်း ၃။ ၀တ်ပြုရာကျမ်း ၄။ တောလည်ရာကျမ်း ၅။ တရားဟောရာကျမ်း
၆။ ယောရှုမှတ်စာ ရ။ တရားသူကြီးမှတ်စာ ၈။ ရုသ၀တ္တု ၉။ ဓမ္မရာဇ၀င် ၁ ၁၀။ ဓမ္မရာဇ၀င် ၂ ၁၁။ ဓမ္မရာဇ၀င် ၃
၁၂။ ဓမ္မရာဇ၀င် ၄ ၁၃။ရာဇ၀င်ချုပ် ၁ ၁၄။ ရာဇ၀င်ချုပ် ၂ ၁၅။ ဧဇရမှတ်စာ ၁၆။ နေဟမိမှတ်စာ ၁၇။
ဧသတာဝတ္တု ၁၈။ ယောဘ၀တ္တု ၁၉။ ဆာလံကျမ်း ၂၀။ သုတ္တံကျမ်း ၂၁။ ဒေသနာကျမ်း ၂၂။ ရှောလမုန်သီချင်း
ကိုထူးဆန်းမှတ်တမ်းများ Page: 5
၂၃။ ဟေရှာယအနာဂတ္တိ ၂၄။ ယေရမိအနာဂတ္တိ ၂၅။ ယေရမိမြည်တမ်း ၂၆။ ယေဇကျေလအနာဂတ္တိ ၂၇။
ဒံယေလအနာဂတ္တိ ၂၈။ ဟောရှေအနာဂတ္တိ ၂၉။ ယောလအနာဂတ္တိ ၃၀။ အာမုတ်အနာဂတ္တိ ၃၁။
သြဗဒိအနာဂတ္တိ ၃၂။ ယောန၀တ္တု ၃၃။ မိက္ခာအနာဂတ္တိ ၃၄။ နာဟုံအနာဂတ္တိ ၃၅။ ဟဗက္ကုတ်အနာဂတ္တိ ၃၆။
ဇေဖနိအနာဂတ္တိ ၃၇။ ဟဂ္ဂဲအနာဂတ္တိ ၃၈။ ဇာခရိအနာဂတ္တိ ၃၉။ မာလခိအနာဂတ္တိ ၄၀။ ရှင်မဿဲခရစ်ဝင် ၄၁။
ရှင်မာကုခရစ်ဝင် ၄၂။ ရှင်လုကာခရစ်ဝင် ၄၃။ ရှင်ယောဟန်ခရစ်ဝင် ၄၄။ တမန်တော်ဝတ္တု ၄၅။ ရောမသြ၀ါဒစာ
၄၆။ ကောရိန္တုသြ၀ါဒစာ ၁ ၄၇။ ကောရိန္တုသြ၀ါဒစာ ၂ ၄၈။ ဂလာတိသြ၀ါဒစာ ၄၉။ ဧဖက်သြ၀ါဒစာ ၅၀။
ဖိလိပ္ပိသြ၀ါဒစာ ၅၁။ ကောလောသဲသြ၀ါဒစာ ၅၂။ သက်သာလောနိတ် ၁ ၅၃။ သက်သာလောနိတ် ၂ ၅၄။
တိမောသေ ၁ ၅၅။ တိမောသေ ၁ ၅၆။ တိတုသြ၀ါဒစာ ၅၇။ ဖိလေမုန် ၅၈။ ဟေဗြဲသြ၀ါဒစာ ၅၉။
ရှင်ယာကုပ်သြ၀ါဒစာ ၆၀။ ရှင်ပေတရု ၁ ၆၁။ ရှင်ပေတရု ၂ ၆၂။ ရှင်ယောဟန် ၁ ၆၃။ ရှင်ယောဟန် ၁ ၆၄။
ရှင်ယောဟန် ၁ ၆၅။ ရှင်ယုဒသြ၀ါဒစာ ၆၆။ ဗျာဒိတ်ကျမ်း
ထို သူ သည် ကျမ်း ပေါင်း ၆၆ ကျမ်း ၏ အ မည် များ ကို မ စဉ်း စား ပဲ ပေါ့ ပေါ့ ပါး ပါး ရွတ် ဆို သွား ရာ စာ ရေး
သူ မှာ လွန် စွာ မှ ပင် အံ့ သြ ရ လေ သည်။ သို့  သော် ဟန် ကိုယ့် ဖို့  ဆို သည့် အ တိုင်း အံ့ သြ ခြင်းကို မြို
သိပ် လျက် စ ကား ဆက် လိုက် သည်။
” ငါ့ ညီ က တော် တော် မှတ် ဥာ ဏ် ကောင်း တာ ပဲ ။ အ သက် ငယ် သေး တုံး ဆို တော့ ရ တာ ပေါ့ လေ။
အစ် ကို က အ သက် ကြီး ပြီ ဆို တော့ သိပ် မ မှတ် နိုင် တော့ ဘူး။”
”ကျွန် တော် ရဲ့ မှတ် ဥာဏ် က အစ် ကို့ ထက် ပို မ ကောင်း ပါ ဘူး။ ဒါ ပေ မဲ့ ကျွန် တော် က ဘယ် လို မှတ် ရ မ
လဲ ဆို တာ ကို လေ့ လာ ထား တယ်။ ပြီး တော့ အ ပျင်း လဲ မ ကြီး ဘူး။ ရ အောင် မှတ် တတ် တယ်။ လူ တွေ
အ တော် များ များ က ” အ ချမ်း ပြင်း ၀ှမ်၊ အ လွန် ပူ နိုး၊ မိုး ချုပ် လှ မော၊ စော လွန်း လှ ယောင်၊ ဆာ လောင်
ပြင်း ထွေ၊ ၀မ်း ၀ နေ ၍” ဆို တဲ့ အ ပျင်း ခြောက် ပါး ကြီး က တား ဆီး နေ တာ ကြောင့် ရ သင့် တာ မ ရ၊ ဖြစ်
သင့် တာ မ ဖြစ် ဖြစ် နေ ကြ တာ ပါ။”
ဟူ ၍ လူ အ များ အား ခြုံ ၍ ပြော သ လို လို နှင့် စာ ရေး သူ အား နှိပ် ကွပ် လေ သည်။ စာ ရေး သူ မှာ မ ယုံ
ကြည် သူ တ ယောက် က မိ မိ ထက် ကျမ်း စာ အ ကြောင်း ကို ပို ၍ သိ နေ ခြင်း အ ပြင်၊ ပျင်း ရိ သည် ဟု
စောင်း မြောင်း ပြော ဆို ခြင်း ပါ ခံ ရ လေ ရာ မိ မိ ဘေး ကို ပိ သာ လေး နှင့် ထု သ ကဲ့ သို့ နာ ကျင် လှ ပေ
သည်။ သို့  ပါ သော် လည်း ကျမ်း ၆၆ ကျမ်း ၏ အ မည် များ အား မှတ် သည့် နည်း ကို သိ ချင် စိတ် က ပို မို ၍
ပြင်း ပြ နေ လေ ရာ၊ သူ ကောင့် သား အား ခံ ရ ခက် ခက် နှင့် ပင် မှတ် နည်း ကို မေး မြန်း လိုက် သည်။
” ငါ့ ညီ ပြော လည်း အစ် ကို က ခံ ရ မှာ ပဲ၊ ဒါ ပေ မယ့် အဲ ဒီ မှတ် နည်း လေး ကို အစ် ကို့ ကို ပြော ပြ လို့ မ ရ
ဘူး လား။”
” ရ တာ ပေါ့ အစ် ကို ရာ။ ကျမ်း စာ ကို ပ ထ မ ဦး ဆုံး ဓမ္မ ဟောင်း နှင့် ဓ မ္မ သစ် ဆို ပြီး အ ပိုင်း ကြီး နှစ် ပိုင်း ၊
ပိုင်း ရ တယ်။ ပြီး တော့ ဒီ အ ပိုင်း ကြီး နှစ် ပိုင်း ကို မှ ဒီ လို အ ပိုင်း ငယ် လေး တွေ ပိုင်း ရ တယ်။”
ဟု ဆို ကာ ဘော လ် ပင် တ ချောင်း နှင့် စာ ရွက် ပိုင်း တ ခု ပေါ် တွင် အောက် ပါ အ တိုင်း ရေး ပြ လေ တော့
သည်။
ကိုထူးဆန်းမှတ်တမ်းများ Page: 6
ဓ မ္မ ဟောင်း
အ ပိုင်း (၁)။ မော ရှေ ၏ စာ များ
အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း
အ ပိုင်း (၃)။ ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ
အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ
အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ
ဓ မ္မ သစ်
အ ပိုင်း(၁)။ ခ ရစ် ၀င် နှင့် က န ဦး အ သင်း တော် များ
အ ပိုင်း(၂)။ ရှင် ပေါ လု ၏ စာ များ
အ ပိုင်း(၃)။ တ မန် တော် တို့ နှင့် ပတ် သက် သည့် စာ များ
အ ပိုင်း(၄)။ ဗျာ ဒိတ်
” ဒီ လို အ ပိုင်း ငယ် လေး တွေ ပိုင်း ပြီး ရင်၊ အ ပိုင်း ငယ် လေး တ ခု စီ နဲ့  ဆိုင် တဲ့ ကျမ်း တွေ ကို ဒီ လို ပြန်
ပြီး စီ ရ တယ်”
ဟု ဆို ပြန် ကာ အောက် ပါ အ တိုင်း သေ ချာ စွာ စာ ရင်း ပြု စု ပြန် လေ သည်။
အ ပိုင်း (၁)။ မော ရှေ ၏ စာ များ - ကမ္ဘာဦးကျမ်း ၊ ထွက်မြောက်ရာကျမ်း ၊ ၀တ်ပြုရာကျမ်း ၊ တောလည်ရာကျမ်း
၊ တရားဟောရာကျမ်း
အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း - ယောရှုမှတ်စာ ၊ တရားသူကြီးမှတ်စာ ၊ ရုသ၀တ္တု ၊ ဓမ္မရာဇ၀င် ၁-၂-၃-၄၊
ရာဇ၀င်ချုပ် ၁-၂ ၊ ဧဇရမှတ်စာ ၊ နေဟမိမှတ်စာ ၊ ဧသတာဝတ္တု
အ ပိုင်း (၃)။ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ - ယောဘ၀တ္တု ၊ ဆာလံကျမ်း ၊ သုတ္တံကျမ်း ၊
ဒေသနာကျမ်း ၊ ရှောလမုန်သီချင်း
အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ - ဟေရှာယအနာဂတ္တိ ၊ ယေရမိအနာဂတ္တိ ၊ ယေရမိမြည်တမ်း
၊ ယေဇကျေလအနာဂတ္တိ ၊ ဒံယေလအနာဂတ္တိ
အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ - ဟောရှေအနာဂတ္တိ ၊ ယောလအနာဂတ္တိ ၊
အာမုတ်အနာဂတ္တိ ၊ သြဗဒိအနာဂတ္တိ ၊ ယောန၀တ္တု ၊ မိက္ခာအနာဂတ္တိ ၊ နာဟုံအနာဂတ္တိ ၊ ဟဗက္ကုတ်အနာဂတ္တိ ၊
ဇေဖနိအနာဂတ္တိ ၊ ဟဂ္ဂဲအနာဂတ္တိ ၊ ဇာခရိအနာဂတ္တိ ၊ မာလခိအနာဂတ္တိ
ကိုထူးဆန်းမှတ်တမ်းများ Page: 7
အ ပိုင်း (၆)။ ခ ရစ် ၀င် နှင့် က န ဦး အ သင်း တော် များ - ရှင်မဿဲခရစ်ဝင်၊ ရှင်မာကုခရစ်ဝင်၊ ရှင်လုကာခရစ်ဝင်
၊ ရှင်ယောဟန်ခရစ်ဝင် ၊ တမန်တော်ဝတ္တု
အ ပိုင်း (၇)။ ရှင် ပေါ လု ၏ စာ များ - ရောမသြ၀ါဒစာ ၊ ကောရိန္တုသြ၀ါဒစာ ၁-၂ ၊ ဂလာတိသြ၀ါဒစာ ၊
ဧဖက်သြ၀ါဒစာ ၊ ဖိလိပ္ပိသြ၀ါဒစာ ၊ ကောလောသဲသြ၀ါ ဒစာ ၊ သက်သာလောနိတ် ၁ - ၂ ၊ တိမောသေ ၁-၂ ၊
တိတုသြ၀ါဒစာ ၊ ဖိလေမုန်
အ ပိုင်း (၈)။ တ မန် တော် တို့ နှင့် ပတ် သက် သည့် စာ များ - ဟေဗြဲသြ၀ါဒစာ ၊ ရှင်ယာကုပ်သြ၀ါဒစာ ၊
ရှင်ပေတရု ၁-၂ ၊ ရှင်ယောဟန် ၁-၂-၃၊ ရှင်ယုဒသြ၀ါဒစာ
အ ပိုင်း(၉)။ ဗျာ ဒိတ် - ဗျာ ဒိတ် ကျမ်း
ထို သို့  ရေး သား ပြီး နောက်
” ဒီ အ ပိုင်း ငယ် တ ခု မှာ ပါ တဲ့ ကျမ်း တွေ ကို တ နေ့ တ ပိုင်း စီ မှတ် သွား ရုံ ပါ ပဲ။ ဥ ပ မာ - မော ရှေ ရဲ့ စာ
များ ဆို တဲ့ အ ပိုင်း ငယ် မှာ ပါ တဲ့ ကျမ်း ငါး ကျမ်း ကို တ နေ့ နဲ့ ပြီး အောင် မှတ် ။ ပြီး တော့ နောက် တ နေ့ မှာ
နောက် အ ပိုင်း ငယ် နဲ့ ဆိုင် တဲ့ ကျမ်း တွေ ကို မှတ်။ ဒီ လို မှတ် သွား လို့ ရှိ ရင် ၉ ရက် တိ တိ မှာ ၆၆ ကျမ်း
လုံး ကို မှတ် မိ သွား လိမ့် မယ်။ ကျွန် တော် ကိုယ် တိုင် ဒီ နည်း နဲ့ မှတ် တာ ခု ထက် ထိ မ မေ့ သေး ဘူး အစ်
ကို ရ။ အဲ... အ ပျင်း ခြောက် ပါး တော့ မ ၀င် လာ နဲ့ နော်။ ဒါ ဆို ရင် ရ မှာ မ ဟုတ် ဘူး”
ဟု ဆို ကာ အ ဆုံး သတ် လိုက် လေ သည်။
ထို အ ခိုက် ရ ထား သည် စီး တီး ဟော်(လဲ) ဘူ တာ ထဲ သို့  ၀င် ရောက် ဆိုက် နား လေ တော့ သည်။ စာ ရေး
သူ လည်း ကျေး ဇူး တင် စ ကား ဆို ရင်း၊ နူတ် လည်း နူတ် ဆက် ရင်း ဖြင့်
” ငါ့ ညီ ကို ကျေး ဇူး တင် ပါ တယ်။ ဒါ နဲ့ ငါ့ ညီ ရဲ့ နာ မည် ဘယ် လို ခေါ် သ လဲ။ ဘယ် မှာ နေ သ လဲ။”
” ကျွန် တော့် နာ မည် ထူး ဆန်း လို့ ခေါ် ပါ တယ်။ နေ တာ က တော့ .....” ဟု ဆို ကာ ၄င်း ၏ လိပ် စာ ကို
အောက် ပါ အ တိုင်း ရေး ချ လေ တော့ သည်။
Htoo San
Blk ---, #-----
Jurong West Ave ---
စာ ရေး သူ သည် ထို လိပ် စာ ၊ စာ ရွက် ဖြတ် ပိုင်း လေး အား ပိုက် ဆံ အိတ် ထဲ သို့ ထည့် လိုက် ကာ၊ မ ကြုံ စ
ဘူး ဤ လူ ထူး ကို ထပ် မံ နှုတ် ဆက် စ ကား ဆို လိုက် ပြီး ရ ထား မှ ဆင်း သက် လိုက် လေ သည်။ စာ ရေး
သူ ၏ စိတ် ထဲ ၌ မူ မိ မိ ကိုယ် ကို ခ ရစ် ယာန် တ ယောက် အ ဖြစ် ခံ ယူ ထား ပြီး ကျမ်း စာ ကို အ ချိန် ပေး မ
ဖတ် ရှု ခြင်း အ ပေါ် ၌ နောင် တ ရ မိ လေ သည်။ ကျမ်း စာ ပါ စာ အုပ် ၆၆ အုပ် ၏ အ မည် များ ကို လည်း မ
ကိုထူးဆန်းမှတ်တမ်းများ Page: 8
ရ ရ အောင် ကျက် မှတ် မည် ဟု ဆုံး ဖြတ် ချက် ပါ ချ မှတ် လိုက် လေ တော့ သည်။ ဤ သည် မှာ ကို ထူး ဆန်း
နှင့် စာ ရေး သူ တို့ ပ ထ မ ဦး ဆုံး အ ကြိမ် တွေ့  ဆုံ ခြင်း ပင် ဖြစ် လေ သ တည်း။
နာ မ တော် မြတ် ၌
လှ မင်း သူ
ကိုထူးဆန်းဆီသို့ အလည်သွားခြင်း
Tuesday, 19 January 2010 11:17 လှမင်းသူ
ဤလောကကြီးတွင် လုပ်ဆောင်စရာ ကိစ္စများ အလွန်ပင် များပြားလှပေသည်။ စာရေးသူသည် နိစ္စဓူဝ
စားဝတ်နေရေးအတွက် လုံးပန်းခြင်း၊ မိသားစုအရေး အတွက်ဆောင်ရွက်ခြင်း၊ အသင်းတော် ကိစ္စများအတွက်
ဆောင်ရွက်ခြင်းများဖြင့် မအားမလပ် နိုင်အောင်ဖြစ်ရသည်။ မရပ်မနား တသွားတည်းသွားနေရသော ရထားကြီး
တစီးပမာ တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ
အချိန်များဘယ်လိုကုန်ဆုံးသွားသည်ကိုပင် မသိပဲ ဘ၀ခရီးကို ခုတ်မောင်းနေရသည်။ ထိုသို့သွားရင်း
လုပ်ကိုင်ရင်းဖြင့် စနေနေ့ တစ်ရက်၌ မည်သည့်အလုပ်အကိုင်မျှမရှိပဲ အားလပ်ခြင်းအခွင့်ကို ရှားရှားပါးပါး
ရလေသည်။
ဇယ်ဆက်အောင် လုပ်ကိုင်နေရစဉ်တုန်းက ညည်းညည်းညူညူနှင့် အားလပ်ချိန်ကို တောင့်တမိသော်လည်း
တကယ်တမ်း အားလပ်၍ နားရသောအခါ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိပဲ တောင်လုပ်ရမလို၊
မြောက်လုပ်ရမလိုလိုနှင့် နေမထိ၊ ထိုင်မသာ ဖြစ်ရသည်။ ဘယ်သွားပြီး၊ ဘာလုပ်ရမည်နည်းဟု ကြံစည်နေခိုက်
လွန်ခဲ့သော လအနည်းငယ်ခန့်က ရထားပေါ်တွင် မထင်မှတ်ပဲ ဆုံတွေ့ခဲ့သော လူထူး လူဆန်းကြီး
”ကိုထူးဆန်း”ကို ပြေး၍ သတိရလိုက်မိလေသည်။ ထိုစဉ်အခါက ကိုထူဆန်း၏ အပြောကြောင့် စာရေးသူမှာ
အရှက်ကြီးစွာရခဲ့သော်လည်း၊ ၄င်းကြောင့် ကျမ်းစာများကို ဖတ်ဖြစ်သည့်အပြင်၊ ကျမ်းစာများ၏ အမည်များကိုပါ
အာဂုဏ်ဆောင် အလွတ်ကျက်မှတ် ရရှိခဲ့သဖြင့် ၀မ်းထဲမှ ကျေးဇူးအထူးပင်တင်မိလေသည်။
စာရေးသူ၏ အတွေးမမှားလျင် ကိုထူးဆန်းသည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်ပြီး ဥာဏ်အမြော်အမြင်လည်း
ကြီးမားမည်မှာ မလွဲဧကန်ပင် ဖြစ်လိမ့်မည်။ မိမိအနေဖြင့် အိမ်၌ ထိုင်၍နေခြင်းထက် ၄င်းထံသို့ အလည်သွားပြီး
စကားစမည် ပြောလျင် မှတ်သားစရာများကို ရကောင်းရနိုင်မည်ဟု တွေးဆလိုက်မိသည်။ ထိုသို့တွေးလိုက်မိပြီး
ကိုထူးဆန်းပေးခဲ့သော လိပ်စာ စာရွက် ဖြတ်ပိုင်းလေးအား ပြန်လည်ရှာဖွေ ရာ မိမိ၏ ပိုက်ဆံအိတ်ထဲ၌
၎င်း၏လိပ်စာကို အခန့်သင့်ပင်တွေ့ရှိသဖြင့် ရေးချိုးခြင်း၊ ၀တ် ကောင်းစား လှဝတ်ဆင်ခြင်း အမှုတို့ကို
ပြုပြီးသောအခါ ကိုထူးဆန်း၏ နေရပ်သို့ ဦးတည်ထွက်ခွာခဲ့သည်။ Ang Mo Kio ဘူတာမှ ခရီးစထွက်ခဲ့လာရာ
တစ်နာရီခန့် ရထားဖြင့် ခရီးနှင်အပြီး Boon Lay ဘူတာသို့ ဆိုက်ရောက်လေသည်။ Boon Lay ဘူတာမှ တဖန်
ဘတ်(စ်) ကားအမှတ် (--) ကို စီးနင်းပြီး N.T.U ဟု အတိုကောက် ခေါ်ဝေါ်သုံးနူန်းနေကြဖြစ်သော စကာင်္ပူ ရှိ
နာမည်ကြီး တက္ကသိုလ်၏ ၀င်းအတွင်းသို့ စီးနင်းလိုက်ပါခဲ့သည်။
ကိုထူးဆန်းမှတ်တမ်းများ Page: 9
ဤကျောင်းတော်ကြီးသည် စာရေးသူ၏ ဒုတိယ အမိတက္ကသိုလ်ဟု ဆိုလျင် မမှားပေ။ လွန်ခဲ့သော
ဆယ်နှစ်ခန့်က စာရေးသူသည် ဤကျောင်းတော်ကြီး၌ ဘွဲ့လွန် ပညာရပ်များအတွက် အပတ်တကုတ်
လေ့လာအားထုတ်ဆည်းပူးခဲ့ခြင်း များကို ပြန်ပြောင်းအောက်မေ့သတိရမိသည်။
ရှေးဟောင်းနှောင်းဖြစ်များကိုလည်း ပြန်ပြောင်းအောက်မေ့ရင်း အတိတ်၏ပုံရိပ်များဖြင့် အတွေးများထဲ၌
နှစ်မြောနေမိသည်။ ရုတ်တရက် ဘတ်(စ်)ကားသည် တုန့်ကနဲရပ်သွားမှ အတွေးယာဉ်ကြောထဲမှ လန့်နိုးလာပြီး၊
ပတ်ဝန်းကျင်ဘေးဘီ ၀ဲယာကို အကဲခတ်လိုက်ရာ N.T.U ၏ အမှတ်သင်္ကေတ ဖြစ်သော တရုတ်
ဘုံကျောင်းကြီးကို တွေ့လိုက်ရ၍ ဘတ်(စ်)ကားပေါ်မှ ကမန်းကတန်း အပြေးအလွှား ဆင်းသက်လိုက်သည်။
ထိုတရုတ်ဘုံကျောင်းသည် N.T.U ၏ အမြုတေ ဖြစ်ပြီး ကျောင်းတော်၏ အစဖြစ်သည်။ ဘုံကျောင်းပညာရပ်မှ
ယခုကဲ့သို့ ကျော်ကြားသော ခေတ်မှီပညာသင် တက္ကသိုလ် ကျောင်းတော်ကြီးသို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
စာဖတ်သူတို့ ဗဟုသုတ အလို့ငှါ ဤကျောင်းတော်၏ ပုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။
Chinese Heritage Centre ဟု ယခုအခါ ခေါ်ဝေါ်သော တရုတ်ရိုးရာ ကျောင်း
ထိုဘုံကျောင်းရှေ့ ရှိ ပန်းခြံငယ်ကလေးမှတဆင့် ကုန်းကျော်တံတား ကို ဖြတ်ကျော်လျှောက်ကူးပြီး တဖက်ရှိ
တိုက်ခန်းများဆီသို့ ခရီးဆက်ခဲ့သည်။ ကိုထူးဆန်း၏ တိုက်နံပါတ်နှင့် အခန်းနံပါတ်ကို တကူးတက
ရှာစရာပင်မလိုပဲ အလွယ်တကူတွေ့ရှိသဖြင့် တိုက်ခန်းရှေ့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိတော့သည်။
ထိုအခိုက် တိုက်ခန်းထဲမှ လွန်စွာမှ နားဝင်ချိုဖွယ်ကောင်းလှသော တယောသံသည် တိတ်ဆိတ်သော
ပတ်ဝန်းကျင်ကို ထိုးဖောက်ကာ ထွက်ပေါ်လာသည်။ သီချင်းသံစဉ်မှာ စာရေးသူ အလွန်ပင်နှစ်သက်သော
ဘုရား၏ဂုဏ်တော်ကို သီဆိုချီးမွမ်းထားသည့် ”ကြီးမြတ်တော်မူ“ (How Great Thou Art) သီချင်း
သံစဉ်ဖြစ်သည်။ တယောပညာရပ်၌ ဘိုးရင်း(Bowing) ၊ ဖင်းဂါးရင်း(Fingering) တို့ ရှိလေရာ
ထိုနှစ်ရပ်စလုံးသည် အလွန်ပင်ကောင်းမွန်၍ အတိုင်အဖောက်ညီကာ သဟဇာတရှိလှသည်။ ဘိုးရင်း
ပညာရပ်၌လည်း လွန်စွာမှပင် ညက်ညောလေရာ နားထောင်ရသော စာရေးသူမှာ ကြက်သီးမွှေးညှင်းများပင်
ထမိသည်။ အိမ်တံခါးကို ခေါက်လိုက်လျှင် တယော တီးခတ်ခြင်း ရပ်သွားမည်စိုးသောကြောင့် မခေါက်သေးပဲ
အိမ်အပြင်မှ နေ၍ ပတ်ဝန်းကျင်လောကကြီးအား ဘုရား၏ ဖန်ဆင်းသော လက်ရာတော်များအဖြစ် ကြည့်ရှု့ ရင်း
ကိုထူးဆန်းမှတ်တမ်းများ Page: 10
သီချင်းနှင့် အတူခံစား နှစ်မြောမိသည်။ ငါးမိနစ်ခန့်မျှ သီချင်းကို ခံစားရင်း တယောသံ ဆုံးသွားမှ တံခါးကို
ခေါက်လိုက်သည်။
ကိုထူးဆန်းအိမ်သို့ အလည်သွားစဉ် အမှတ်တရ ရိုက်ကူးခဲ့သော လမ်းပုံ
( တယောတီးခတ်သူမှာ ကိုထူးဆန်းကိုယ်တိုင်ပင် ဖြစ်သည်။ ထိုတယောသံကို စာရေးသူ၏ စိတ်တွင်
ယခုထက်တိုင်ပင် စွဲမက်လျက်ရှိသည်။ စာရေးသူသည် ထိုစဉ်အခါက အသံသွင်းကရိယာ တစ်ခုခု ပါမသွား၍
တယောသံကို ကူးယူလိုက်ရခြင်း မရှိပါလေ။ သို့သော် ထိုတယောတီးခတ်သံမျိုးနှင့် ဆင်တူသော တီးခတ်မှုမျိုးကို
ရှာဖွေရာ ၇၀% နှုန်းသာတူသော တီးခတ်သံကိုသာ ရှာဖွေရရှိလေသည်။ စာဖတ်သူတို့အား
ကိုထူးဆန်းတီးခတ်သော တယောသံနှင့် အလားတူ တီးခတ်သံကို ခံစားနိုင်ရန် ရှာဖွေရရှိသော သံစဉ်ကိုသာ
တင်ဆက်လိုက်ပါသည်။ နားစဉ်ကြည့်ကြပါကုန်။)
Adobe Flash Player not installed or older than 9.0.115!
“ဒေါက် .. ဒေါက်... ဒေါက်“
တံခါးခေါက်သံအဆုံးတွင် အထဲမှနေ၍ ကိုထူးဆန်းကိုယ်တိုင် ဖွင့်ပေးသည်ကို တွေ့ရသည်။ ကိုထူးဆန်းသည်
ကျွန်တော့်ကို တွေ့လျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကြောင်းကို ၄င်း၏မျက်နှာ၌ အထင်အရှား တွေ့ရလေသည်။
”ဟာ .. အစ်ကို၊ လာ.. လာ၊ အစ်ကို တစ်နေ့နေ့တော့ ကျွန်တော့်ဆီ လာလည်မယ်လို့ ထင်သားပဲ။ အထဲကို
ဝင်ခဲ့ပါ။” ဟု ဖိတ်မန္တက ပြုလေသည်။
အိမ်ထဲသို့ ၀င်ပြီးသည်နှင့် စာရေးသူအား နေရာထိုင်ခင်း ချပေးပြီး ၄င်းကိုယ်တိုင်လည်း ခုံအလွတ်တစ်ခုကိုယူ၍
ထိုင်လိုက်သည်။
ကိုထူးဆန်းမှတ်တမ်းများ Page: 11
”ရထားပေါ်မှာ တုံးက ကျွန်တော်ပြောမှား ဆိုမှားရှိရင် ခွင့်လွှတ်ပါ အစ်ကိုရာ။ ကျွန်တော်က ဒီလိုပဲ
ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပဲ ပြောတတ်တယ်။ စကားပရိယာယ် သိပ်မပါဘူး။ ကျွန်တော် အစ်ကို့ကို
ပြောခဲ့တာတွေ ပြန်တွေးမိပြီး အားနာလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော့်ကိုလဲ စိတ်ဆိုးတော့မှာပဲ
ဆိုပြီးတွေးပူနေတာ။ အခုလို အစ်ကို လာလည်တော့ ကျွန်တော့ကို စိတ်မဆိုးတော့ဘူး ဆိုတာ သိလိုက်ရလို့
တကယ့်ကို ၀မ်းသာသွားတာပဲ အစ်ကိုရ။”
ထိုကဲ့သို့ ဆိုလိုက်တော့မှ ကိုထူးဆန်းသည် မာန်မာနကင်းသော ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း စာရေးသူ
သဘောပေါက်မိသည်။
”ပထမတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားတာပေါ့ ငါ့ညီရာ။ နောက်ကျမှ သေချာပြန်စဉ်းစားကြည့်တော့
ဟုတ်နေတာပဲ။ အစ်ကိုက ခရစ်ယာန် တစ်ယောက်ဖြစ်ပြီး ကျမ်းစာတောင် ကောင်းကောင်း မဖတ်ဖြစ်ဘူး။
ငါ့ညီနဲ့တွေ့မှပဲ အစ်ကိုလည်း အကျွတ်တရား ရတော့တာပဲ။ ကျမ်းစာကိုလဲ ဖတ်ဖြစ်လာတယ်။ ကျမ်းစာပါ အမည်
၆၆ ခုကိုလည်း အခုဆို အစအဆုံး ရနေပြီ။ ငါ့ညီကိုတောင် အစ်ကိုက ကြိတ်ပြီး ကျေးဇူးတင်နေတာ။
အိမ်ကမိန်းမကဆိုရင် ကျမ်းစာတစ်ခါမှ မဖတ်တဲ့ အစ်ကို့ကို ကျမ်းစာနဲ့ ဘာနဲ့ ဖြစ်နေတော့ ဘာပြောတယ်
မှတ်သလဲ။
”အမလေး... ကျားသားမိုးကြိုး၊ အခုတလော မိုးမရွာပဲ နေချည်း ဆက်တိုက်ပူနေတာ ဒါကြောင့်ကိုး။
ကိုရွှေလှမင်းသူကြီး တစ်ယောက်တော့ တစ်သက်နဲ့ တစ်ကိုယ် မလုပ်ဘူးတာတွေ လုပ်နေပြီဟေ့။
ကျမ်းစာတွေဘာတွေ ဖတ်နေလိုက်တာ သဲသဲမဲမဲပဲ။ မကြုံစဘူး၊မြင်ဖူးမှ ယုံစဖွယ် ဖြစ်နေပြီ အရပ်ကတို့ရေ”
တဲ့ ။
”ဟား...ဟား...ဟား.....”
”ဟား...ဟား...ဟား...”
စာရေးသူတို့ နှစ်ယောက် အူလှိုက်သည်းလှိုက် ရီမောလိုက်ရ၍ စိတ်လက်ပေါ့ပါးသွားကြသည်။
”ဒါနဲ့ ခုလေးတင်က တစ်ယောတီးတာ ငါ့ညီ ကိုယ်တိုင်လား။”
”ဟုတ်တယ် အစ်ကိုရ။ ကျွန်တော် ဒီသီချင်း ကို တီးလိုက်ရရင် ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ။
တကယ့်ကို စိတ်ချမ်းသာသွားတယ်။ အမောလဲ ပြေသွားတယ်။ လောကကြီးမှာ နေရတာလဲ အရမ်းကို
အားရကျေနပ်သွားသလို ခံစားရတယ်။”
ကိုထူးဆန်းသည် ခရစ်ယာန်တစ်ယောက် မဟုတ်။ သို့သော် ခရစ်ယာန်သီချင်းကို ကောင်းမွန်စွာ
တီးခတ်နိုင်သည့်အပြင်၊ ကျမ်းစာကိုလည်း တတ်ကျွမ်းပုံရလေသည်။ ယင်းအဖြစ်မှာ
အတန်ငယ်ထူးခြားသောကြောင့် မေးမြန်းလိုက်သည်။
”ငါ့ညီက ခရစ်ယာန်သာ မဟုတ်တယ်။ ကျမ်းစာကို ကောင်းကောင်းသိတဲ့အပြင်၊ ခရစ်ယာန်သီချင်းလဲ
ကောင်းကောင်းတီးတတ်တယ်နော်။ ငါ့ညီခရစ်ယာန်မဟုတ်တာ ဟုတ်ကောဟုတ်ရဲ့လား”
ကိုထူးဆန်းမှတ်တမ်းများ Page: 12
”အစ်ကို ကျွန်တော့်ကို ခရစ်ယာန်လားလို့ မေးတာ အလွယ်တကူ ဖြစ်ပေမယ့်၊ ကျွန်တော့်အတွက်တော့
အတော်ဖြေရခက်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်လည်သုံးသပ်နေတာ ကြာပါပြီ။ လူတစ်ယောက်
ခရစ်ယာန် ဟုတ်မဟုတ်ဆိုတာ အပြင်လူက အဆုံးအဖြတ် ပေးတာထက် မိမိကိုယ်တိုင် အဆုံးအဖြတ်
ပေးတာဟာ ပိုမှန်ကန်တယ်လို့ထင်တယ်။ ကိုယ့်ကိုကိုယ်သာအသိဆုံးလေ။ ဒီမေးခွန်းလေးကို ကျွန်တော်
နောက်များမှပဲ အစ်ကို့ကို ဖြေပါ့မယ်။ အခုနေဖြေလည်း အစ်ကို သိပ်သဘောပေါက်အုံးမှာ မဟုတ်ပါဘူး။
စိတ်တော့ မရှိနဲ့နော်။”
”ရပါတယ် ငါ့ညီရာ။ အစ်ကို နားလည်ပါတယ်”
”အစ်ကို တစ်ခုခုစားအုံးလေ။ ကျွန်တော် လက်ဖက်သုပ်သွားပြင်လိုက်အုံးမယ်။ ရေနွေးကြမ်းလေးပါပေါ့။”
”ကောင်းတာပေါ့ ငါ့ညီရာ”
ကိုထူးဆန်း မီးဖိုချောင်သို့ ၀င်သွားနေခိုက် စာရေးသူသည် ဧည့်ခန်းအား လှည့်ပတ် ကြည့်ရှု၍ စပ်စုခြင်းအမှုကို
ပြုလေသည်။ ဧည့်ခန်းတစ်ခုလုံးသည် စာအုပ်ထားရာ ဗီဒိုများနှင့် ပြည့်နှက်နေပေသည်။ ထိုဗီဒိုများတွင်
စာအုပ်များကို စနစ်တကျ အစီအရီ တင်ထားသည်။ မည်သည့်စာအုပ်များနည်းဟု အနီးကပ် ကြည့်ရှုလေရာ
Bible Commentary စာအုပ်များ၊ Bible Exegesis များ၊ ရှေးဟောင်းသုတေသန ဆိုင်ရာ စာအုပ်စာတမ်းများ၊
သမိုင်းနှင့်ဆိုင်သော စာအုပ်များ၊ သိပ္ပံ ဆိုင်ရာ စာအုပ်များ၊ သုတေသန စာတမ်းများကို တွေ့ရှိရလေသည်။
စာအုပ်များမှာ အလှပြထားသည် မဟုတ်ပဲ အမှန်တစ်ကယ် ဖတ်ရှု ထားကြောင်းကိုလည်း စာအုပ်များထဲ၌
မျည်းသားထားချက်များ၊ အမှတ်အသားပြုထားချက်များ၊ မှတ်စုကလေးများ ရေးသားထားချက်များက
သက်သေခံလျက် ရှိပေသည်။
စာရေးသူသည် ထိုသို့ လှည့်ပတ်ကြည့်ရှုနေရင်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မခံစားရဘူးသော
သိမ်ငယ်ခြင်းမျိုးကို ခံစားမိသည်။ပါမောက္ခကြီးတစ်ဦး၏ အိမ်သို့ ရောက်ရှိသွားသော ဆယ်တန်းကျောင်းသား
တစ်ဦးပမာ သိမ်ငယ်ခြင်းမျိုး ဖြစ်ပေသည်။ မိမိကိုယ်မိမိ သိလှချည်ရဲ့၊ တတ်လှချည်ရဲ့ လို့
တဖက်သတ်ထင်မြင်ထားသည်မှာ ကိုထူးဆန်းနှင့်တွေ့မှ ထိုအမြင်များ ကွာကုန်လေတော့သည်။
ရထားပေါ်မှာတုန်းက ဆရာကြီးလုပ်ကာ ကျမ်းစာဖတ်ခိုင်းတုန်းက ပြောခဲ့သည်များကို တွေးမိပြီး ရှက်ခြင်းလည်း
ဖြစ်မိသည်။ သို့ပါသော်လည်း အတတ်နိုင်ဆုံး စိတ်ကို ချုပ်ထိမ်းလိုက်ပြီး မိမိနေရာသို့ ပြန်ထိုင်လေခိုက်
စားပွဲပေါ်တွင် ဖတ်လျက်သား စာအုပ်တစ်အုပ်ကို တွေ့သဖြင့် ကောက်ယူလိုက်ရာ မျက်နှာဖုံး၌ အောက်ပါအတိုင်း
ရေးသားထားသည်ကို တွေ့လိုက်ရသည်။
ကိုထူးဆန်းမှတ်တမ်းများ Page: 13
The Genesis Question: Scientific Advances and the Accuracy of Genesis
by Hugh Ross
စာရေးသူသည် ထိုစာအုပ်ကို စိတ်ဝင်းစားခြင်းရှိလှသဖြင့် လှန်လှောကြည့်ရှုနေခိုက် ကိုထူးဆန်းသည်
မီးဖိုချောင်မှ လက်ဖက်သုပ်ပန်းကန်၊ ရေးနွေးကြမ်းခရား များနှင့် ထွက်လာပြီး စားပွဲပေါ်တွင် ခင်းကျင်း
ပြင်ဆင်လိုက်သည်။ ထို့နောက် စာရေးသူအား
”အစ်ကို။ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလေး လာပြီး စားလိုက်ပါဦး။ အဲ့ဒီ စာအုပ်ကို ခဏဘေးဖယ်ထားစမ်းပါ။”
ကိုထူးဆန်း ပြောသည့်အတိုင်း စာအုပ်ကို ခေတ္တဘေးချထားပြီး၊ လဘက်သုပ်ကို မြည်းလိုက်ရာ
အရသာလွန်စွာမှ ရှိလှသည်။ လက်ဘက်ပေါင်းသုပ်ပေါင်း များစွာကို စာရေးသူ စားဘူးသည်။ သို့သော်
ယခုလောက် အရသာနှင့် ပြည့်စုံပြီး အစပ်အဟပ် တည့်လှသည့် လက်ဘက်သုပ် မျိုးကိုမူ တစ်ခါမျှမစားဘူးပါချေ။
ကောင်းလွန်းလှ၍ ဆွေမျိုးပင်မေ့လောက်ပေသည်။ လက်ဘက်သုပ်သာမက ရေနွေးကြမ်းမှာလည်း
မွှေးကြိုင်လှပြီး အနံ့အရသာ နှင့် ပြည့်စုံကောင်းမွန်လှသည်။ ထိုသို့ အရသာခံကာ စားသောက်နေခိုက်
”အစ်ကို။ ခုလေးတင်က ဖတ်တဲ့ စာအုပ်က အနောက်နိုင်ငံက သိပ္ပံအကျော်အမော် တစ်ယောက်က
ရေးထားတာ။ ကမ္ဘာဦးကျမ်း မှာပါတဲ့ ဖန်ဆင်းခြင်း နေ့ရက်တွေကို သိပ္ပံရှုထောင့်နဲ့ အသေးစိတ်
ဆန်းစစ်ထားတယ်။ ကမ္ဘာဦးကျမ်းမှာ ဖန်းဆင်းခြင်းအကြောင်းကို နှစ်ပိုင်းခွဲပြီး ဖော်ပြထားတယ်။ အခန်းကြီး
(၁)မှာ တစ်ပိုင်းနဲ့ အခန်းကြီး(၂)မှာ တစ်ပိုင်း ဖော်ပြထားတယ်။ Two Creation Accounts လို့ အများက
ခေါ်ကြတယ်။ အဲဒီ ဖော်ပြထားချက်တွေကို အခုခေတ် တိုးတက်လာတဲ့ သိပ္ပံ အမြင် နဲ့ ပြန်လည်
ရုပ်လုံးဖော်ထားတာပါ။ Big Bang ကနေ ကမ္ဘာကြီးမှာ သက်ရှိတွေ ဖြစ်လာတဲ့ အထိကို အခု ကျွန်တော်တို့လို
သိပ္ပံခေတ်လူသား တွေ နားလည် သဘောပေါက်အောင် ပီပီပြင်ပြင် သရုပ်ဖော်ထားတယ်။ ကျမ်းစာက သိပ္ပံ
စာအုပ် မဟုတ်ပါဘူး။ ဒါကြောင့် သိပ္ပံနဲ့ မဆိုင်ဘူးလို့ ပြောလို့ရပါတယ်။ ”
”ဒါပေမဲ့ သိပ္ပံနဲ့ ကင်းလို့ မရခဲ့တာမျိုးလည်း ရှိခဲ့တယ်။ ကမ္ဘာကြီးကို ပြားတယ်လို့ ရှေးက လူတွေက ကျမ်းစာကို
ညွှန်းပြီး ပြောကြတယ်။ အဲဒီအခါမှာ သိပ္ပံက ကမ္ဘာကြီးဟာ လုံးပါတယ်လို့ ဆိုလိုက်ရော
ပြဿနာတွေဖြစ်ကြရောဗျ အစ်ကိုရ။ အမှန်က ကျမ်းစာမှာ ကမ္ဘာကြီးက ပြားတယ်လို့ ဘယ်နေရာမှ မဆိုဘူးဗျ။
ဒီလို မဆိုတဲ့အပြင် လုံးတယ်လို့တောင် ပြောထားသေးသဗျာ။(ဟေရှာရ ၄၀း၂၂) ကြည့်ရင် လုံးတယ်လို့
ကိုထူးဆန်းမှတ်တမ်းများ Page: 14
ဆိုထားကြောင်း သိနိုင်ပါသေးတယ်။ ဒါ့အပြင်၊ နေက ကမ္ဘာကို ပတ်တာတို့၊ ကမ္ဘာက စကြာဝဠာ ရဲ့
ဗဟိုဖြစ်တာတို့ ဆိုတဲ့ အချက်တွေဟာ ရှေးရှေးတုန်းက ကျမ်းစာဟာ သိပ္ပံနဲ့ မပတ်သက်လို့ကို မရပဲ ဖြစ်ခဲ့တယ်။
ဒီစာရေးဆရာက ကျမ်းစာပါ အချက်အလက်များကို သိပ္ပံနည်းကျ ပြန်လည် သုတေသနပြု ဖော်ပြထားတာပါ။”
(မှတ်ချက်။ ထိုစာအုပ်ကို ကိုထူးဆန်းဆီမှ စာရေးသူ ငှါးယူလာခဲ့ပါသည်။ သိပ္ပံ ၀ါသနာပါသူများ စာရေးသူထံ
ဆက်သွယ်၍ လာရောက် ဖတ်ရှု နိုင်ပါကြောင်း ပြောကြားလိုပါသည်။)
”အင်း..ကျမ်းစာကလဲ တော်တော်ထူးဆန်းတာပဲနော် ။ ခုထက်ထိကို လူတွေ ပစ်ပယ်လို့ မရသေးဘူး။ တစ်ချို
့စာအုပ်များဆို ဒီလောက်အထိ ဘယ်ခံပါ့မလဲ။ ဒါနဲ့ ငါ့ညီ။ အစ်ကို ကျမ်းစာကို ကြိုးစားဖတ်တာ
သိပ်နားမလည်ဘူး။ ငါ့ညီ အကြံလေးဘာလေး ရှိရင်ပေးပါဦး။”
”ဒီလိုရှိတယ် အစ်ကိုရ။ ပန်းချီဆရာ တစ်ယောက်ဟာ ပန်းချီစဆွဲတော့မယ် ဆိုရင် ဘယ်တော့မှ ဆွဲမယ့်ပုံထဲက
အပိုင်း တစ်ခုခုကို အသေးစိတ် စမဆွဲဘူး။ အရင်ဆုံး ဆွဲချင်တဲ့ပုံကို ကောက်ကြောင်းလေးနဲ့ ပုံဖော်တယ်။
ခွေးပုံဆွဲရင် ခွေးလေးရဲ့ ကောက်ကြောင်းပုံ၊ ကြောင်ပုံဆွဲရင် ကြောင်လေးရဲ့ ကောက်ကြောင်းပုံ ပေါ့အစ်ကိုရာ။
ဘေးလူတစ်ယောက်က ပန်းချီဆရာ ဘာပုံဆွဲနေလဲ ဆိုတာ ကောက်ကြောင်းကို ကြည့်ပြီးသိတယ်။
ခွေးပုံလေးပါလား၊ ကြောင်ပုံလေးပါလေးပါလား ပေါ့။ ပြီးတော့မှ ပန်းချီဆရာက အသေးစိတ်တစ်ခုခြင်းဆီကို
ပြန်လည်ချယ်မှုန်းပြီး အရောင်တင်တော့တာပဲ။ နားရွက်ကလေးတွေ၊ အမြီးကလေးတွေ၊ အမွှေးလေးတွေက အစ
အသေးစိတ်ပေါ့ဗျာ။ အသေးစိတ်တွေကို စီချယ်ပြီးမှ ပြီးပြည်စုံတဲ့ ပန်းချီကားကို ပြည့်ပြည့်စုံစုံ
ခံစားနိုင်တော့တာပါပဲ။ ကျမ်းစာ လေ့လာတဲ့နေရာမှာလဲ ကျွန်တော်ဒီလိုပဲ ကျင့်သုံးတယ်။ ကျမ်းစာရဲ့ အကြမ်းဖျင်း
ကောက်ကြောင်းလေးတွေကို အရင်ရအောင်စုတယ်။ ရထားပေါ်မှာတုန်းက ကျမ်းစာကို အပိုင်းငယ်လေးတွေ
ခွဲတာ ကောက်ကြောင်းလေးတစ်ခုပေါ့ဗျာ။ ”
ထိုသို့ ဆိုပြီး ကိုထူးဆန်းသည် ရေနွေးကြမ်းနှင့် လက်ဘက်ကို စားလိုက်လေသည်။ ပြီးမှ
”ကျန်တဲ့ ကောက်ကြောင်းလေးတွေကိုပြောရရင် ကျမ်းစာဟာ အခန်းကြီးပေါင်း ၁၁၈၉ ခုနဲ့ ဖွဲ့စည်းထားတယ်။
ဓမ္မဟောင်းမှာ အခန်းကြီးအရေအတွက် ၉၂၉ ခုနဲ့၊ ဓမ္မသစ်မှာ အခန်းကြီးအရေအတွက် ၂၆၀ ပေါ့အစ်ကိုရာ။
ဒီအထဲမှာ ဆာလံ ၁၁၉ ကတော့ အရှည်ဆုံးပဲ အစ်ကိုရေ။ အတိုဆုံးကတော့ ဆာလံ ၁၁၇ ၊ အဲဒီ ဆာလံ(၁၁၇)မှာ
အခန်းငယ် တစ်ခုပဲ ပါသဗျ။ ကျမ်းစာကို ရေးခဲ့တဲ့ စာရေးသူပေါင်း ၄၀ ကျော်ရှိတယ်။ ရေးတဲ့သူတွေကလဲ
သက်မွေးဝမ်းကြောင်း အမျိုးမျိုးပြုတဲ့ လူတွေ အစ်ကိုရ။ ဒီရေးတဲ့လူတွေကလဲ အများအားဖြင့် တစ်ယောက်နဲ့
တစ်ယောက် မသိကြတဲ့အပြင် ခေတ်တစ်ခုတည်းမှာ ရေးကြတာမဟုတ်ပဲ ခေတ်အဆက်ဆက် (Generations
၄၀ အတွင်း) ရေးခဲ့ကြတာ။ နှစ်နဲ့တွက်မယ်ဆိုရင် ဘီစီ ၁၄၀၀ ကနေ အေဒီ ၁၀၀ ဆိုတော့ နှစ်ပေါင်း ၁၅၀၀
လောက် ကြာတယ်အစ်ကိုရ။ စာရေးတဲ့ သူတွေ သုံးတဲ့ မူရင်း ဘာသာရပ် ကတော့ အများအားဖြင့်
ဟီဘရူး(Hebrew) နဲ့ ဂရိ(Greek) ဘာသာတွေ ပေါ့။ ဓမ္မဟောင်းကို ဟီဘရူး(Hebrew) နဲ့ ရေးခဲ့ပြီး၊ ဓမ္မသစ်ကို
ဂရိ(Greek) နဲ့ ရေးခဲ့တယ်လို့ အကြမ်းဖြင်းမှတ်ယူလို့ ရတယ်။ နောက်ပိုင်းမှ အစ်ကိုတို့ ကျွန်တော်တို့ သုံးတဲ့
ဘာသာတွေကို ဖြည်းဖြည်းချင်း ပြန်ယူခဲ့ကြတာ။ မြန်မာကျမ်းစာကိုတော့ ဆရာကြီး ယုဒဿန်က ပြန်ဆိုခဲ့တာပေါ့
အစ်ကိုရာ။”
ခေတ္တခန့်မျှ ကိုထူးဆန်းသည် အနားယူပြီး စားသောက်လိုက်ပြန်သည်။ ပြီးမှ ဆက်၍
ကိုထူးဆန်းမှတ်တမ်းများ Page: 15
” အခုပြောတဲ့ကောက်ကြောင်းတွေကတော့ နည်းနည်းပဲရှိသေးတယ် အစ်ကိုရ။ ကောက်ကြောင်းများများ
လိုချင်ရင်တော့ အစ်ကို့ကို စာအုပ်တအုပ်ဖတ်ဖို့ ကျွန်တော်ညွှန်းလိုက်ပါမယ်။ အစ်ကို
စိတ်ဝင်စားမယ်ဆိုရင်ပေါ့လေ။”
”ဟာ စိတ်ဝင်စားတာပေါ့ ငါ့ညီရာ။ လုပ်စမ်းပါဦး ဘယ်စာအုပ်ကို ဖတ်ရမှာလဲ”
ကိုထူးဆန်းသည် ဘော(လ်)ပင်နှင့် စာရွက်ဖြတ်ပိုင်းလေးတစ်ခုကို ရှာဖွေလာပြီး အောက်ပါအတိုင်း စာအုပ်
အမည်နှင့် စာရေးဆရာအမည်ကို ရေးခြစ်လိုက်လေသည်။
The Bible by Karen Armstrong
” ဒီစာအုပ်ကို ၀ယ်ရင် ပိုက်ဆံကုန်ပါတယ်။ စင်္ကာပူ စာကြည့်တိုက်မှ ငှါးလို့ရပါတယ်။ အစ်ကို ငှါးဖတ်ပေါ့။”
”ကျေးဇူးကြီးလှပါတယ် မောင်မင်းကြီးရယ်။ ကဲ ဆက်ပါဦး။ ကောက်ကြောင်းလေးတွေ ရပြီဆိုပါတော့ အစ်ကို
ဘာဆက်လုပ်ရမတုန်း။”
”အဲ.. ဒီလို ရပြီဆိုရင်တော့ ကျမ်းစာကို အသေးစိတ် ဖတ်ရမှာပေါ့ အစ်ကိုရာ။ ကျမ်းစာမဖတ်ခင် အရေးကြီးဆုံး
အလုပ်တစ်ခုကို အစ်ကို လုပ်ရမယ်။ အဲဒါက ဘာလဲဆိုတော့ မာနကို ချပြီး၊ နားလည်နိုင်တဲ့ အခွင့်ကို ဘုရားထံမှာ
ဆုတောင်းရမယ်။ ဒီအချက်ဟာ အရေးကြီးတယ်။ ဒီအချက်ဟာ ဘယ်လောက်အရေးကြီးသလဲဆိုရင်
ဒီအချက်ကို မလုပ်ရင် ကျမ်းစာကို ဖတ်ကိုမဖတ်နဲ့လို ကျွန်တော်ပြောချင်တယ်။ အိမ်ခန်းတစ်ခုထဲဝင်ချင်ရင်
တံခါးကိုဖွင့်ရတယ် အစ်ကိုရ။ တံခါးမဖွင့်ရင် အိမ်ခန်းထဲကို ဘယ်လိုမှဝင်လို့မရဘူး။ ကျမ်းစာမဖတ်ခင်
ဆုတောင်းချင်းဟာ လဲ တံခါးဖွင့်တာပါပဲ။ တံခါးပွင့်မှ နက်နဲတဲ့ကျမ်းစာကို နားလည်နိုင်တာ။
နောက်တစ်ခုရှိသေးတယ်။ ကျမ်းစာဖတ်နေစဉ်မှာ ကျမ်းစာပါ အကြောင်းအရာတွေကို Facts တွေမှ
ဟုတ်ရဲ့လားလို့ မဆန်းစစ်နဲ့ဗျ။ ကျွန်တော်ဆိုလိုတာက ကျမ်းစာမဖတ်တဲ့ တခြားအချိန်တွေမှာ ကျမ်းစာပါ
အချက်အလက်တွေကို သမိုင်းအရ၊ ရှေးဟောင်း သုတေသနပညာအရ လေ့လာနိုင်ပါတယ်။ ဒါပေမယ့်
ကျမ်းစာဖတ်နေစဉ်အတွင်းမှာတော့ ဒါတွေကို မေ့ထားရမယ်။ ပြီးမှ ကျမ်းစာပါ အနက်တွေကိုပဲ အနုလုံ ပဋ္ဋိလုံ
စိတ်ထဲမှာ စဉ်းစားရမယ်။”
ကိုထူးဆန်းမှတ်တမ်းများ Page: 16
ကိုထူးဆန်းသည် ခေတ္တ ခန့် ပြောဆိုခြင်းကို ရပ်နားလိုက်သည်။ အတန်ငယ်ကြာအောင် စဉ်းစားခြင်း အမှုကို
ပြုပြီးမှ
” St. Augustine အကြောင်းကို အစ်ကို ကြားဖူးလား မသိဘူး။”
”မကြားဘူးပါဘူး ငါ့ညီရာ။ သူက ဘယ်သူတုန်း”
ကိုထူးဆန်းသည် အနည်းငယ်ပြုံးလေသည်။ ဘာမှ မသိသည့် ကလေးသူငယ်တစ်ယောက်အား
ဂရုဏာသက်သည့် အပြုံးမျိုး ဖြစ်သည်။
”St. Augustine ဆိုတာ ရောမလူမျိုး၊ ကျမ်းတတ် ဖီလိုဆိုဖာ တစ်ယောက် အစ်ကိုရေ။ သူငယ်ငယ်တုံးက
ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ မယုံကြည်သူ တစ်ယောက်ပေါ့ဗျာ။ အဖေဖြစ်သူက pagan ဘာသာဝင်။
အမေ ကတော့ ခရစ်ယာန်ပေါ့ဗျာ။ အမေဖြစ်သူက သားကို ခရစ်ယာန် ဖြစ်စေချင်တယ်။ နားကောက်တဲ့
Augustine ဟာ အမေရဲ့ ဆန္ဒကို မလိုက်နာဘူး အစ်ကိုရ။ တခြားဘာသာတွေနောက်ကို လိုက်တယ်။ ပညာ
လည်း ပညာတတ်။ အဲ တစ်နေ့တော့ ပန်းခြံတစ်ခုမှာထိုင်နေတုန်း မနီးမဝေး အိမ်ကနေ
ကလေးလေးတစ်ယောက်ရဲ့ သီချင်းဆိုသံကို ကြားတယ်။ tolle, lege ဆိုပြီး သီချင်းလိုလို ဆိုသံကို ကြားရတယ်။
အဓိပ္ပါယ် ကတော့ ”ဖွင့်ပါ၊ ဖတ်ပါ” ပေါ့ဗျာ။ ဒီကလေးက ဒီသီချင်း နဲ့ ဒီစာသားကို ဘာကြောင့် ဆိုရသလဲ
တစ်ခုခုတော့ တစ်ခုခုပဲလို့ စဉ်းစားမိပြီး၊ ပန်းခြံကနေ ချက်ချင်း အိမ်ကို ပြန်တော့ တာပါပဲ။ အိမ်ရောက် တော့
ရှင်ပေါလု ရေးတဲ့ ရောမသြ၀ါဒ စာကို တွေ့ တာ နဲ့ ဖွင့်ဖတ်လိုက်တာ အခုလို ရေးထားတာကို တွေ့တော့တာပဲဗျို့ ။
”ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊
ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အ ချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။
၁၄သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်းအလို့ငှါ မကြံစည်ကြနှင့်။”
ရောမသြ၀ါဒစာ ၁၃း၁၃-၁၄
ကိုထူးဆန်းမှတ်တမ်းများ Page: 17
”အဲဒီစာသားက ဒီပုဂ္ဂိုလ်ကြီးကို တိုက်ရိုက်ထိမှန်တော့တာပဲ ဗျို့ ။ ဘာကြောင့်လဲဆိုတော့ သူဟာ လက်မထပ်ပဲ
မိန်းမ ယူဘူးတယ်ဗျ။ မတရားသောမေထုန်ပေါ့ အစ်ကိုရာ။ အမှောင်ထဲမှာလည်း ကျင်လည် ခဲ့ဘူးတယ်။
ဒီစာကြောင်းလေးကို ဖတ်လိုက်တာနဲ့ သတိတရားနဲ့ အလင်းကို ချက်ချင်းရသွားတော့တာပဲ။ အဲဒီ နောက်ပိုင်းမှာ
ခရစ်ယာန်တစ်ယောက် ဖြစ်သွားပြီး ကြီးကြီးကျယ်ကျယ်ဖြစ်သွားလိုက်တာ ခုထက်ထိ လူသိနေသေးတဲ့
နာမည်ကျော် ဘုန်းကြီး တစ်ပါး ဖြစ်သွားတာပေါ့ဗျာ။ အစ်ကို သိအောင်လို့သာ သူ့ အကြောင်းကို ပြောပြတာပါ။
ကျွန်တော်ပြောချင်တာက သူ့အကြောင်းမဟုတ်ဘူး။ သူရဲ့ ကျမ်းစာ ဖတ်နည်း အကြောင်းပဲ။ သူက
ဘာပြောသလဲဆိုတော့ ကျမ်းစာဟာ ယုံကြည်မှုနဲ့သာ ဆိုင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်
အချက်အလက်တွေဟာ မှန်တယ်၊မှားတယ်ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘုရားက
ကျွန်တော်တို့ လူသားတွေကို ကယ်တင်ခြင်းအကြောင်းကိုသာ သိစေချင်တဲ့ အချက်ပဲ။ ဒီအချက်နဲ့ ပတ်သက်ပြီး
သူအင်္ဂလိပ်နဲ့ ရေးထားတဲ့ အချက်ကို ကျွန်တော်ပြမယ်။”
ကိုထူးဆန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ၄င်း၏ စာအုပ်ဗီရိုများဆီသို့ သွားကာ စာအုပ်တအုပ်ကို
ထုတ်ယူလိုက်လေသည်။ စာအုပ်မှာ St.Augustine ၏ de genesi ad litteram ဖြစ်ပေသည်။ ကိုထူဆန်းသည်
စာအုပ်ကို လှန်လှောရှာဖွေလိုက်ပြီး အောက်ပါ အင်္ဂလိပ်ဘာသာဖြင့် စာပိုဒ်ကို ပြလေသည်။
With the scriptures it is a matter of treating about the faith. For that reason, as I have noted
repeatedly, if anyone, not understanding the mode of divine eloquence, should find something
about these matters [about the physical universe] in our books, or hear of the same from those
books, of such a kind that it seems to be at variance with the perceptions of his own rational
faculties, let him believe that these other things are in no way necessary to the admonitions or
accounts or predictions of the scriptures. In short, it must be said that our authors knew the
truth about the nature of the skies, but it was not the intention of the Spirit of God, who spoke
through them, to teach men anything that would not be of use to them for their salvation.
– De Genesi ad literam, 2:9
"ဒီလို အင်္ဂလိုဖတ်လိုက်တော့ အစ်ကို ပိုနားလည် သွားမယ်လို့ ထင်တယ်”
”အင်း အခုမှပဲ သဘောပေါက်တော့တယ် ငါညီ။ အစ်ကို ငါ့ညီဆီ အလည် မလာခင်တုန်းက ဗဟုသုတ
သက်သက်အတွက်ပဲ လာခဲ့တာပါ။ အခုတော့ ၀ိညာဉ် ခွန်အားပါ အများကြီးရတယ်။ ငါ့ညီနဲ့ စကားပြောရ တာ
တစ်ခေါက်ဆို တစ်ခေါက်အတိုင်း တန်ဖိုး ရှိလှပါပေတယ်။ မောင်မင်းကြီးသားကို ဘုရား ဆထက်တန်ဖိုး
ကောင်းချီးပေးပါစေ”
ကိုထူးဆန်းသည် စာရေးသူ၏ ရင်ထဲမှ လာသော ဆုတောင်းကောင်းချီးပေးခြင်းကို ငြိမ်သက်စွာ ခံယူလေသည်။
တဒင်္ဂမျှ တိတ်ဆိတ်မှုသည် လွှမ်းမိုးသွားတော့သည်။ ထိုအခိုက်မှာပင် စာရေးသူ၏ လက်ကိုင်ဖုန်းသည်
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဇနီးသည်ထံမှ ဖြစ်ပြီး အကြောင်းမကြားဘာမကြား ပျောက်နေသောကြောင့်
ဆူပူခြင်းအမှုကို ပြုလေသောကြောင့် သည်းခံကာ နားထောင်ရလေသည်။ ပြီးမှ အိမ်သို့ ပြန်လာရန် ရာဇသံ
ပေးတော့လေရာ အရေးကောင်းချိန်မှ ဒိန်းဒေါင်း ဖျက်ချေပြီ။ ကိုထူးဆန်းသည် ကျွန်ုပ် နှင့် ဇနီးသည်တို့ အချီအချ
ပြောနေသည်ကို နားထောင်ပြီး
ကိုထူးဆန်းမှတ်တမ်းများ Page: 18
”အစ်ကိုရဲ့ ဇနီးသည်က အိမ်ပြန်လာဖို့ ပြောပြီနဲ့တူတယ်။ ဇနီးမယားက ပိုပြီး ဦးစားပေးရတယ် အစ်ကိုရေ။”
”အေးကွာ ငါ့ညီရာ။ စကားကောင်းတုံး အဖျက်က လာတော့တာပဲ။ ကဲ အစ်ကို့ကို ခွင့်ပြုပါဦး။ မိန်းမနား
ပြန်ကပ်ရဦးမယ်။”
”ပြန်သာ ပြန်ပါ အစ်ကိုရာ။ နောက်လဲလာလယ်လို့ ရတာပဲ။ အစ်ကို ကျွန်တော်နဲ့ ဆွေးနွေးချင်ရင်
ကျွန်တော့်ကိုသာ ဖုန်းခေါ်လိုက်။ ကျွန်တော့ လက်ကိုင်ဖုန်းနံပါတ်ကတော့ -------- ။”
စာရေးသူသည် ကိုထူးဆန်း၏ ဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီး ၄င်းကို နူတ်ဆက်ကာ လာလမ်းအတိုင်း
ပြန်ခဲ့လေသည်။ စိတ်ထဲမှာတော့ ၀မ်းမြောက်ခြင်းနှင့် ကျေနပ်ခြင်းတို့သည် ဒွန်တွဲ ဖြစ်ပေါ်နေသည်။
အိမ်ရောက်လျှင် အိမ်သူသက်ထား ဇနီး မယားအား ပြန်လည် ဝေငှပြောကြားရန် စိတ်ကူးရင်း......
(ဤဆောင်းပါး၌ ဖေါ်ပြထားသော အတွေးအမြင်တို့သည် ကိုထူးဆန်း၏ အတွေးအမြင်များသာ ဖြစ်ပါသည်။
စာရေးသူ၏ အတွေးအမြင်များ မဟုတ်ပါ။ မေးခွန်းများရှိပါက ကိုထူးဆန်းကိုသာ ဆက်သွယ်မေးမြန်းကြပါကုန်)
နာမတော်မြတ်၌
လှမင်းသူ
ကိုထူးဆန်း နှင့် ဒုက္ခဆင်းရဲများအကြောင်း
Thursday, 13 May 2010 08:50 လှမင်းသူ
ဂေါက်ရောဂါ .... Gout ဟု အင်္ဂလိပ်လို အမည်တွင်လေသော အနှီရောဂါသည် စာရေးသူ၏ ဘ၀ထဲသို့
မမျှော်လင့်ပဲ တိတ်ဆိတ်စွာ အစပြု ၀င်ရောက်ခဲ့သည်။ အစဦးပိုင်း၌ စာရေးသူထံသို့ တစ်လှမ်း၊ နှစ်လမ်း
အစမ်းသဘောဖြင့် မသိမသာ ခြေဖျားထောက်ဝင်ရောက်ခဲ့ပြီး အခြေခိုင်မည်ဟု ထင်သောအခါ ခြေစုံပစ်၍
ဝင်လာတော့သည်။ ဖြစ်စက စစ်ကနဲ့ စစ်ကနဲ နာကျင်မှု ဖြစ်ရုံမျှသာဖြစ်ပြီး ဖြစ်သည့် နှုန်းမှာလည်း နှစ်ချီ၍
ခြားတတ်ပေသည်။ တစတစ နှင့် ၄င်းရောဂါသည် အရှိန်ရလာပြီး တစ်နှစ်လျှင် နှစ်ခါ သုံးခါ ဖြစ်ရာမှ ယခုတလော
နှစ်များအတွင်း ၆ ကြိမ်ထက် မနည်း အတင့်ရဲကာ ကျူးကျော်တိုက်ခိုက်လာတော့သည်။ ထိုမျှသာမက
နာကျင်မှုဝေဒနာ ပြင်းအားသည်လည်း တိုး၍ တိုး၍ ပြင်းထန်လာသည်။ ရောဂါအစပိုင်းတုန်းက ထော့နဲ့ထောနဲ့
နှင့် သွားလာနိုင်သော်လည်း၊ ပိုမိုပြင်းထန်လာချိန်၌ ကားယားကားယားနှင့် ခြေကို ဒရွတ်တိုက်ဆွဲ သွားလာရပြီး၊
အပြင်းထန်ဆုံး အချိန်၌မူ လမ်းလျှောက်၍ မရအောင်ပင် နာကျင်လှသဖြင့် အိပ်ရာထဲမှာပင်
ဘုံးဘုံးလဲရသည်အထိ ဖြစ်ရလေသည်။
၎င်းရောဂါ ဖြစ်ရခြင်းအကြောင်း အရင်းမှန်မှာ ခန္ဓာကိုယ်အတွင်းတွင် ယူရစ်ဟုခေါ်သော အက်စစ်တစ်မျိုးသည်
လွန်ကျူးစွာ များပြားနေခြင်းကြောင့် ဖြစ်သည်။ များပြားလှသော ထိုအက်စစ်သည် သွေးများအတွင်း
လှည့်ပတ်နေရာမှ ပြစ်လွန်းလှသဖြင့် ပုံဆောင်ခဲလေးများ အသွင်ဆောင်ကာ ခန္ဓာကိုယ်၏ အဆစ်လေးများတွင်
အနယ်ကျ စုပုံလေတော့သည်။ ခန္ဓာကိုယ်က ထိုပုံဆောင်ခဲလေးများကို ကျူးကျော်ဝင်ရောက်လာသော
ကိုထူးဆန်းမှတ်တမ်းများ Page: 19
ရန်သူများအထင်ဖြင့် တိုက်ခိုက်ကြလေရာ ထိုသို့တိုက်ခိုက်ခြင်း၏ အကျိုးဆက် အနေဖြင့် ရောင်ရမ်းခြင်းသည်
ဖြစ်ပေါ်လာရသည်။ ထိုရောဂါကိုကာကွယ်ရန် ယူရစ်အက်စစ်များသော အစာများဖြစ်သည့် နီသောအသားများ၊
ပဲအမျိုးမျိုး၊ မျစ်ချဉ်၊ စသည့် အစာများကို ရှောင်ကျဉ်ရပေသည်။ အစားမရှောင်နိုင်၍ ဖြစ်ပြီဟေ့ဆိုလျင်
ယူရစ်အက်စစ်ပုံဆောင်ခဲလေးများကို တတ်နိုင်သမျှ ပြန်၍ ဖျော်ပစ်ရသည်။ ရေများများသောက်၍
ဆီးများများသွားခြင်း အမှုကို ပြုနိုင်လျှင် ပုံဆောင်ခဲလေးများ ပျော်ဝင်သွားကြပြီး ဆီးနှင့်အတူပါသွားနိုင်သဖြင့်
သက်သာပျောက်ကင်း နိုင်ပေသည်။
စာဖတ်သူတို့အတွက် ဗဟုသုတ အလို့ငှာ ဂေါက်ဖြစ်စေသည့် ပုံဆောင်ခဲကလေးများကို ဖော်ပြလိုက်ပါသည်။
အပ်ကလေးများသဏ္ဍာန် ယူရစ်အက်စစ် ပုံဆောင်ခဲလေးများ
တစ်ညသ၌ အနှီဂေါက်သည် အကြောင်းကြားခြင်းမရှိပဲ ကောက်ခါငင်ကာ ဖြင့် စာရေးသူအား
တိုက်ခိုက်လေတော့သည်။ နံနက်လင်း၍ ထသောအခါ ခြေကျင်းဝတ်မှာ ယောင်ကိုင်းနေပြီး လမ်းလျှောက်၍
မရတော့။ တခါတရံ၌ အပ်အစင်းပေါင်းများစွာ ခြေကျင်းဝတ်ကို စူးဝင်နေသကဲ့သို့သော နာကျင်မှုဒဏ်ကို
ခံစားရပြီး တခါတရံ၌မူ အရိုးများ အက်ကွဲသကဲ့သို့ နာကျင်မှုမျိုးကို ခံရ၏။ ”အစ်မလေး၊အဘလေး”
ညည်းညူအော်ဟစ်နေရကာ နာကျင်မှုကြောင့် ယောက်ျားတန်မဲ့ မျက်ရည်ကျရသည်။ မိမိအိပ်သည့် အိပ်ရာမှ
ဘယ်မှ မထနိုင်သဖြင့် ဇနီးသည်မှ စာရေးသူအတွက် ၀တ်ကြီးဝတ်ငယ် အဖွယ်ဖွယ်ကို ပြုရသည်။
ဒင်း(ဂေါက်ရောဂါ) ပြုသမျှကို နှစ်ရက်ဆက်တိုက်လည်စင်း၍ ခံပြီးသောအခါမှ စာရေးသူမှာ သက်သာခြင်းသို့
ရောက်ရတော့သည်။
သက်သာသည်ဟုဆိုသော်လည်း အရှင်းပျောက်ခြင်းကား မရှိသေးပေ။ နာလန်ထလာခါစအချိန်မှာပင်
အိမ်သူသက်ထား ဇနီးမယားမှ ဟင်းချက်ရင်းတန်းလန်း ဆီပြတ်သွားသဖြင့် ဆီအ၀ယ်ထွက်ပါဦးဟု
မညှာမတာခိုင်းတော့လေရာ မည်သို့မှ ခွန်းတုံ့ မပြန်တော့ပဲ အနီးအနားရှိ Ang Mo Kio Hub ဈေးသစ်ကြီးဆီသို့
ဆီအ၀ယ်တော် ထွက်ရလေတော့သည်။ နာကျင်ခြင်းကို ကျိတ်မှိတ်ပြီး ထော့နဲ့ ထော့နဲ့နှင့်
အချိန်အတော်ကြာအောင် ကြိုးစားသွားလာတော့မှ ဈေးဆီသို့ ရောက်တော့သည်။ ဆီကို ၀ယ်အပြီး ဆိုင်မှ
အထွက်တွင်မူ အကင်းမသေသေးပဲ လမ်းလျှောက်ခြင်းကြောင့်၎င်း၊ သယ်ယူရသော ဆီပုံးအလေးကြောင့်၎င်း(
သာမန် အခြေအနေ၌ ဆီပုံးအလေးသည် ဘာမှ မပြောပါလောက်သော်လည်း ခြေထောက်မှ ဒဏ်ကြောင့်
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record
Htoosan.record

More Related Content

What's hot

ခံစားကြည့်ပါ...မမူ
ခံစားကြည့်ပါ...မမူခံစားကြည့်ပါ...မမူ
ခံစားကြည့်ပါ...မမူkoluzoe
 
Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsMurann Ezine
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiZaw Aung
 
စိမ့်
စိမ့်စိမ့်
စိမ့်koluzoe
 
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေး
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေးအချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေး
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေးkoluzoe
 
Jbc.ezine.2010.all
Jbc.ezine.2010.allJbc.ezine.2010.all
Jbc.ezine.2010.allMurann Ezine
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်babycandy007
 
ပိုက်ဆံချေးခြင်း
ပိုက်ဆံချေးခြင်းပိုက်ဆံချေးခြင်း
ပိုက်ဆံချေးခြင်းkoluzoe
 
ကာမပေါ်လစီ
ကာမပေါ်လစီကာမပေါ်လစီ
ကာမပေါ်လစီkoluzoe
 
အသက်နှင့်ရမ္မက်
အသက်နှင့်ရမ္မက်အသက်နှင့်ရမ္မက်
အသက်နှင့်ရမ္မက်koluzoe
 
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်san aye
 
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)Burma Democratic Concern (BDC)
 
Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)KyawThein12
 

What's hot (13)

ခံစားကြည့်ပါ...မမူ
ခံစားကြည့်ပါ...မမူခံစားကြည့်ပါ...မမူ
ခံစားကြည့်ပါ...မမူ
 
Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
Nld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewaiNld.uwintin.by.hlasoewai
Nld.uwintin.by.hlasoewai
 
စိမ့်
စိမ့်စိမ့်
စိမ့်
 
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေး
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေးအချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေး
အချစ်တွေနဲ့ပြည့်နေတဲံအိမ်ကလေး
 
Jbc.ezine.2010.all
Jbc.ezine.2010.allJbc.ezine.2010.all
Jbc.ezine.2010.all
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်
 
ပိုက်ဆံချေးခြင်း
ပိုက်ဆံချေးခြင်းပိုက်ဆံချေးခြင်း
ပိုက်ဆံချေးခြင်း
 
ကာမပေါ်လစီ
ကာမပေါ်လစီကာမပေါ်လစီ
ကာမပေါ်လစီ
 
အသက်နှင့်ရမ္မက်
အသက်နှင့်ရမ္မက်အသက်နှင့်ရမ္မက်
အသက်နှင့်ရမ္မက်
 
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်
အတိတ် နိမိတ် စနည်း တဘောင် ဘဝေါ - ဟံသာဝတီဦးဘရင်
 
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
သားနှင့်အခြားဝတ္ထုတိုများ (ခင်မမမျိုး)
 
Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)Sunnet part 2 (in Burmese)
Sunnet part 2 (in Burmese)
 

Similar to Htoosan.record

Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsZaw Aung
 
Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsMurann Ezine
 
U nu-s-solution-of-religion-riots
U nu-s-solution-of-religion-riotsU nu-s-solution-of-religion-riots
U nu-s-solution-of-religion-riotsZaw Aung
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်babycandy007
 

Similar to Htoosan.record (6)

Burmese (Myanmar) - The Epistle of Ignatius to Polycarp.pdf
Burmese (Myanmar) - The Epistle of Ignatius to Polycarp.pdfBurmese (Myanmar) - The Epistle of Ignatius to Polycarp.pdf
Burmese (Myanmar) - The Epistle of Ignatius to Polycarp.pdf
 
Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
U nu-s-solution-of-religion-riots
U nu-s-solution-of-religion-riotsU nu-s-solution-of-religion-riots
U nu-s-solution-of-religion-riots
 
Burmese-Testament of Joseph.pdf
Burmese-Testament of Joseph.pdfBurmese-Testament of Joseph.pdf
Burmese-Testament of Joseph.pdf
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်
 

More from Murann Ezine

Murann.2017.03.46pages
Murann.2017.03.46pagesMurann.2017.03.46pages
Murann.2017.03.46pagesMurann Ezine
 
U tim-mg-tun-pdf
U tim-mg-tun-pdfU tim-mg-tun-pdf
U tim-mg-tun-pdfMurann Ezine
 
Bobokyawnyein.constitution
Bobokyawnyein.constitutionBobokyawnyein.constitution
Bobokyawnyein.constitutionMurann Ezine
 
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismRev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismMurann Ezine
 
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)Murann Ezine
 
Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.Murann Ezine
 
Dead.in.human.history
Dead.in.human.historyDead.in.human.history
Dead.in.human.historyMurann Ezine
 
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...Murann Ezine
 
Tithe.secular.and.god.principle.rev2
Tithe.secular.and.god.principle.rev2Tithe.secular.and.god.principle.rev2
Tithe.secular.and.god.principle.rev2Murann Ezine
 
Myanmar godly attitude to reform country 2015.rev1
Myanmar godly attitude   to reform country 2015.rev1Myanmar godly attitude   to reform country 2015.rev1
Myanmar godly attitude to reform country 2015.rev1Murann Ezine
 
Beliver@heart1
Beliver@heart1Beliver@heart1
Beliver@heart1Murann Ezine
 
Rogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverRogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverMurann Ezine
 
Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Murann Ezine
 
Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Murann Ezine
 
Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Murann Ezine
 

More from Murann Ezine (20)

Murann.2017.03.46pages
Murann.2017.03.46pagesMurann.2017.03.46pages
Murann.2017.03.46pages
 
U tim-mg-tun-pdf
U tim-mg-tun-pdfU tim-mg-tun-pdf
U tim-mg-tun-pdf
 
Bobokyawnyein.constitution
Bobokyawnyein.constitutionBobokyawnyein.constitution
Bobokyawnyein.constitution
 
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismRev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
 
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
 
Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.
 
Dead.in.human.history
Dead.in.human.historyDead.in.human.history
Dead.in.human.history
 
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
 
Tithe.secular.and.god.principle.rev2
Tithe.secular.and.god.principle.rev2Tithe.secular.and.god.principle.rev2
Tithe.secular.and.god.principle.rev2
 
Myanmar godly attitude to reform country 2015.rev1
Myanmar godly attitude   to reform country 2015.rev1Myanmar godly attitude   to reform country 2015.rev1
Myanmar godly attitude to reform country 2015.rev1
 
U kyaw win
U kyaw winU kyaw win
U kyaw win
 
Beliver@heart1
Beliver@heart1Beliver@heart1
Beliver@heart1
 
Rogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverRogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.cover
 
Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Little.myanmar.fellowship.2015
Little.myanmar.fellowship.2015
 
Murann.4
Murann.4Murann.4
Murann.4
 
Murann.3
Murann.3Murann.3
Murann.3
 
Murann.2
Murann.2Murann.2
Murann.2
 
Murann.1
Murann.1Murann.1
Murann.1
 
Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2
 
Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014
 

Htoosan.record

  • 1. ကိုထူးဆန်းမှတ်တမ်းများ Page: 1 ကိုထူးဆန်း မှတ်တမ်းများ Saturday, 06 August 2011 23:59 မုရန် လှမင်းသူရေးသားခဲ့သော ဆောင်းပါးအချို့မှ ခရစ်ယာန်ယုံကြည်ခြင်းမှတ်တမ်းအဖြစ် စုစည်းထားပါသည်။ စာရေးသူ၏ ယုံကြည်မှုကို မှတ်ကျောက်တင်ပြီး၊ သိပ္ပံပညာအားဖြင့် နားလည်အောင် ရှင်းလင်း ရေးသား ထားခြင်းဖြစ်ပါသည်။ ထာဝရဘုရားသည် အင်မတန်ဆန်းကြယ်လှပါသည်။ သဘာဝ လောကကြီးနှင့်စင်္ကြာဝဌှာ၊ သက်ရှိလောကကြီးမှာလည်း ဆန်းကြယ်လှပါသည်။ ကျွန်တော်နှင့်ကိုထူးဆန်း 01 Feb 2010 ကိုထူးဆန်းဆီသို့ အလည်သွားခြင်း 19 Jan 2010 ကိုထူးဆန်း နှင့် ဒုက္ခဆင်းရဲများအကြောင်း 13 May 2010 ကိုထူးဆန်းနှင့် ကော်ဖီစကားဝိုင်း 27 Feb 2010 Murann.com ဘုရားကိုဘယ်သူဖန်ဆင်းသလဲ 14 Aug 2010 ဖန်ဆင်းခြင်းသက်သေများ(၂) 09 Nov 2009 BornAgain ဖန်ဆင်းခြင်းသက်သေများ(၃) 09 Nov 2009 BornAgain ဖန် ဆင်း ခြင်း သက် သေ များ (၄) 09 Nov 2009 BornAgain ဖန်ဆင်းခြင်း သက်သေများ(၅) 07 Dec 2010 မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၁) 12 Jul 2009 JBCS မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၂) 12 Jul 2009 JBCS မြင့်မြတ်သောနေရာသို့ အလည်တစ်ခေါက်(၃)အဆုံးသတ် 12 Jul 2009 JBCS ကြယ်ကလေးများမှတဆင့် 12 Jul 2009 JBCS 'God Delusion' စကားရည်လုပွဲကြီး 12 Jul 2009 JBCS .To be continued..မုရန်
  • 2. ကိုထူးဆန်းမှတ်တမ်းများ Page: 2 ကျွန်တော်နှင့်ကိုထူးဆန်း Thursday, 07 January 2010 11:32 လှမင်းသူ တ နေ့ သ ၌ စာ ရေး သူ သည် ဇ နီး နှင့် သ မီး ဖြစ် သူ တို့ က ဆွေ မျိုး များ ရှိ ရာ သို့  အ လည် သွား နေ သ ဖြင့် တ ယောက် တည်း အိမ် ၌ ကျန် ခဲ့ လေ ရာ ပျင်း ရိ ခြင်း ရှိ လှ သ ဖြင့် စိတ် ပြေ လက် ပျောက် အ လို့ ငှာ စ ကာင်္ ပူ ရှိ မြန် မာ အ များ စု ဝေး ရာ အ ရပ် ဖြစ် သော စီး တီး ဟော်(လ်) သို့ ရ ထား ဖြင့် ထွက် ခဲ့ လေ သည်။ Ang Mo Kio ဘူ တာ ရုံ မှ ရ ထား မ ထွက် မှီ စာ ရေး သူ အ ရွယ် နှင့် မ တိမ်း မ ယိမ်း ရှိ မည် ဟု ခန့်  မှန်း ရ သော လူ တ ယောက် သည် ရ ထား တံ ခါး မ ပိတ် မှီ က လေး တွင် ၀င် ရောက် လာ ပြီး စာ ရေး သူ ၏ ဘယ် ဘက် ဘေး ရှိ ထိုင် ခုံ လွတ် သို့  အ လျင် စ လို ၀င် ထိုင် လိုက် လေ သည်။ ထို သူ သည် ဆွဲ အိတ် က လေး တစ် ခု ကို လက် မှ ကိုင် ဆွဲ ထား ပြီး အ ထဲ ၌ လေး လံ သော ပ စ္စည်း များ ကို ထည့် ထား ပုံ ရ သည်။ ထို ဆွဲ အိတ် က လေး ကို လက် နှင့် ကိုင် ထား ရာ မှ လေး လာ သည် ထင် သည်။ ရ ထား ၏ ခုံ အောက် ထဲ သို့  ခေ တ္တ ထိုး ၍ ထည့် လိုက် လေသည်။ စာ ရေး သူ သည် ထို သို့ ထည့် ထား လိုက် သည့် အ ချိန် ၌ ဆွဲ အိတ် ထဲ မှ အ ရာ များ ကို လျှပ် တစ် ပြက် အ ချိန် အ တွင်း တွေ့ မြင် လိုက် ရ သည်။ ဆွဲ အိတ် ထဲ ရှိ အ ရာ များ မှာ စာ အုပ် များ ဖြစ် ပြီး စ င်္ကာ ပူ စာ ကြည့် တိုက် တံ ဆိပ် အ မှတ် အ သား များ ပါ ရှိ သ ဖြင့် စာ ကြည့် တိုက် မှ ငှား လာ သော စာ အုပ် များ ဖြစ် ပုံ ရ လေ သည်။ ထို သူ သည် မေး ရိုး ကား ပြီး မျက် ခုံး များ မှာ ထူ ထဲ စွာ ရှိ သည်။ မျက် လုံး မျက် ဖန် များ ကောင်း မွန် ပြီး ယောက်ျား ပီ သ သော ရုပ် ရည် မျိုး ရှိ သည်။ မည် သည့် လူ မျိုး ဖြစ် သည် ဟူ ၍ ခန့် မှန်း ၍ မ ရ ပေ။ စ ကာင်္ ပူ ၌ လူ မျိုး ပေါင်း စုံ နေ ထိုင် လေ ရာ မ လေး လား၊ ဗ မာ လား၊ အင် ဒို နီ ရှား လား ဝေ ခွဲ ရန် ခဲ ယဉ်း လှ ပေ သည်။ ငှား ယူ လာ သော စာ အုပ် များ ကို ကြည့် ရုံ မျှ နှင့် ပ ညာ တတ် တစ် ယောက် ဖြစ် မှန်း ခန့် မှန်း ၍ ရ လေ သည်။ ထို သို့ စာ ရေး သူ က မ သိ မ သာ အ ကဲ ခတ် နေ စဉ်
  • 3. ကိုထူးဆန်းမှတ်တမ်းများ Page: 3 ” အစ် ကို က ခ ရစ် ယာန် ဘာ သာ ၀င် လား” ဟု စာ ရေး သူ အား ရုတ် တ ရက် ဗ မာ လို ပီ ပီ သ သ ကြီး မေး လိုက် လေ သည်။ မျှော် လင့် ထား ခြင်း မ ရှိ သ ဖြင့် စာ ရေး သူ မှာ ကြောင် အမ်း အမ်း ဖြစ် သွား ပြီး မှ ”ဟုတ် ပါ တယ် ငါ့ ညီ။ ငါ့ ညီ က ကော ခ ရစ် ယာန် ပဲ လား” ဟု မေး လိုက် သည်။ ” ကျွန် တော် က ဘယ် ဘာ သာ ၀င် မှ မ ဟုတ် ပါ ဘူး ” ”သြော်... ဘာ သာ တ ရား တစ် ခု ခု ရှိ ရင် တော့ ပို ကောင်း တာ ပေါ့။ ဒါ နဲ့ ငါ့ ညီ က အစ် ကို ခ ရစ် ယာ န် ဖြစ် မှန်း ဘယ် လို လုပ် သိ တာ လဲ။” ” အစ် ကို့  လည် ပင်း မှာ ဆွဲ ထား တဲ့ ဆွဲ ကြိုး ကြောင့် သိ တာ ပါ။” ထို သို့  ဆို လိုက် တော့ မှ စာ ရေး သူ ၏ လက် ၀ါး ကပ် တိုင် ပုံ ပါ သော ဆွဲ ကြိုး ကို သ တိ ရ မိ သည်။ ထို သူ က ပင် ဆက် လက် ၍ ” ဒါ ပေ မဲ့ အစ် ကို ငယ် ငယ် တုံး က ခ ရစ် ယာန် တ ယောက် ဖြစ် ပုံ မ ရ ဘူး။ တ ခြား ဘာ သာ ၀င် ဖြစ် ပုံ ရ တယ်။ ကြီး လာ မှ ပြောင်း သွား တဲ့ ”ကြီး ပြောင်း” ဖြစ် ပုံ ရ တယ် ” ဟု စာ ရေး သူ ကို အား မ နာ တမ်း ပြော လေ တော့ သည်။ စာ ရေး သူ မှာ စိတ် ထဲ ၌ မ ကျေ မ နပ် အ နည်း ငယ် ဖြစ် သွား သော် လည်း စိတ် ကို အ နည်း ငယ် ထိန်း ချုပ် လိုက် ပြီး ”ဟုတ် ပါ တယ် ငါ့ ညီ။ အစ် ကို ဘာ သာ ပြောင်း တာ နှစ် သိပ် မ ကြာ သေး ဘူး။ ဒါ နဲ့  ငါ့ ညီ က ဘယ် လို လုပ် သိ တာ လဲ။” ”ဒီ လို ရှိ တယ် အစ် ကို ရ။ လူ တွေ မှာ Body Language ဆို တာ ရှိ တယ်။ ဒီ ပ ညာ ကို အ သေ အ ချာ တတ် ရင် လူ တ ယောက် ရဲ့ ကိုယ် နေ ဟန် ထား၊ အ ပြု အ မူ ကို ကြည့် ရုံ နဲ့  ဒီ လူ ရဲ့ အ ကြောင်း တင် မ က ဘူး၊ ဒီ လူ ရဲ့ စိတ် နေ စိတ် ထား ကို တောင် သိ နိုင် တယ်။ ငယ် ငယ် က တည်း ခ ရစ် ယာန် ဖြစ် ခဲ့ တဲ့ လူ တွေ ဟာ ခ ရစ် ယာန် ဘာ သာ အ သုံး အ နူန်း တွေ ကို အ သား ကျ နေ တယ်။ ပြီး တော့ ကိုယ် ခ န္ဓာ အ ပြု အ မူ ကို ကြည့် ရုံ နဲ့ Body Language တတ် ထား တဲ့ လူ ရဲ့ မျက် စိ ထဲ မှာ ခ ရစ် ယာန် တ ယောက် မှန်း အ လို လို သိ တယ်။ အစ် ကို့ ကို Body Language နည်း နဲ့  ဖတ် လိုက် တော့ အစ် ကို့ ရဲ့ အ ပြု အ မူ အ နေ အ ထိုင် အ ပြော အ ဆို တွေ ဟာ အ သား ကျ နေ တဲ့ ခ ရစ် ယာန် တ ယောက် နဲ့  မ တူ ဘူး။ တစ် ဖက် က လည်း အစ် ကို ဆွဲ ထား တဲ့ ဆွဲ ကြိုး က နေ ခ ရစ် ယာန် တ ယောက် ဖြစ် နေ တယ် လို့ ပြော လို့  ရ တယ်။ ဒီ နှစ် ချက် ကို အ ခြေ ခံ ပြီး ကောက် ချက် ဆွဲ လိုက် ရင် အ သက် ကြီး မှ ဘာ သာ ပြောင်း လာ တဲ့ သူ ဆို တဲ့ အ ဖြေ ကို ရ တာ ပေါ့။” ဟု ဆို ကာ မိ မိ စ ကား မိ မိ သ ဘော ကျ သွား သည့် အ လား ပြုံး ၍ နေ လေ သည်။ စာ ရေး သူ မှာ ထို သူ ကို မည် သို့  စ ကား ဆက် ၍ ဆို ရ မည် ကို ပင် စဉ်း စား ၍ မ ရ နိုင် အောင် ဖြစ် သွား သည်။ အ ခန့် မ
  • 4. ကိုထူးဆန်းမှတ်တမ်းများ Page: 4 သင့် လျင် မိ မိ ပြော သော စ ကား မှ နောက် ထပ် ကောက် ချက် များ ဆွဲ လျင် ဖုံး ဖိ ထား သည် များ ပင် ပေါ် သွား နိုင် ပေ သည်။ ငယ် စဉ် က ဖတ် ခဲ့ ရ သော ၀တ္တု များ ထဲ မှ ဆား ပု လင်း နှင်း မောင် နှင့် အ မျိုး များ တော် စပ် နေ သ လား ဟု ပင် မ ဆီ မ ဆိုင် တွေး မိ လေ တော့ သည်။ သူ ကောင့် သား အား ဘာ မှ ဆက် မ ပြော ပဲ နေ မည် ဟု ဆုံး ဖြတ် ချက် ချ လိုက် လေ တော့ သည်။ အ တန် ငယ် ကြာ သော အ ခါ မှ ဘာ သာ မဲ့ ဖြစ် နေ သော ထို သူ အား ခ ရစ် တော် ၏ ကယ် တင် ခြင်း အ ကြောင်း ကို ပြော ရန် စိတ် ကူး ရ လာ သ ဖြင့် ဆုံး ဖြတ် ချက် ကို ပြင် ကာ စ ကား ကို ပြန် ဆက် လိုက် သည်။ ”ငါ့ ညီ ကြည့် ရ တာ စာ ဖတ် ၀ါ သ နာ ပါ ပုံ ရ တယ်။ အစ် ကို တို့  ဆီ မှာ ကျမ်း စာ ရှိ တယ်။ ငါ့ ညီ ဖတ် ကြည့် ပါ လား။ မ ရှိ ရင် အစ် ကို ပေး မယ် လေ။” ”အစ် ကို့ ရဲ့ Observation က မ ဆိုး ပါ ဘူး။ ကျွန် တော် အစ် ကို့ ဘေး နား ကို လာ ထိုင် က တည်း က ကျွန် တော့် ကို အ ကဲ ခတ် နေ တာ ကျွန် တော် သိ ပါ တယ်။ စာ အုပ် တွေ ငှား လာ တာ ရယ်၊ ငှား တဲ့ စာ အုပ် တွေ ကို ကြည့် ပြီး စာ ဖတ် ၀ါ သ နာ ပါ တယ် လို့  အစ် ကို ပြော တာ မ ဟုတ် လား။ အစ် ကို လည်း ခေ သူ တ ယောက် တော့ မ ဟုတ် ဘူး ဆို တာ သိ တာ ပေါ့။ ကျမ်း စာ ကို ကျွန် တော် အ များ ကြီး လေ့ လာ ဘူး ပါ တယ်။ ကျမ်း စာ စာ အုပ် က စာ အုပ် ငယ် ပေါင်း ၆၆ အုပ် နဲ့  ဖွဲ့  စည်း ထား တာ မ ဟုတ် လား။ အဲ့ ဒီ ၆၆ အုပ် ရဲ့ အ မည် တွေ ကို အစ် ကို အ စ က နေ အ ဆုံး ပြော ပြ နိုင် မ လား။” ဂွ ကျ ချေ ပြီ။ ထို ကျမ်း စာ အုပ် ၆၆ အုပ် ၏ အ မည် များ ကို ဘယ် တုန်း က မှ အ လွတ် မ ရ ခဲ့။ ယ ခု တော့ သူ ကောင့် သား က မေး နေ လေ ပြီ။ မ တတ် နိုင် တော့။ မိ မိ မှတ် ဥာ ဏ် ကို ဖြစ် ညှစ် ၍ ထုတ် ခါ အောက် ပါ အ တိုင်း ဆက် ၍ ဖြေ လိုက် သည်။ ” ပ ထ မ ဆုံး ကျမ်း က .. က မ္ဘာ ဦး ကျမ်း၊ပြီး တော့ ထွက် မြောက် ရာ ကျမ်း ၊ နောက် တော့ ၀တ် ပြု ရာ ကျမ်း၊ တော လည် ရာ ကျမ်း၊ တ ရား ဟော ရာ ကျမ်း၊ ယော ရှု မှတ် စာ၊ ပြီး တော့ ...အင်း.. အဲ.............။ အစ် ကို လည်း သိပ် မ မှတ် မိ တော့ ဘူး။ ငါ့ ညီ ရ ” ထို သူ သည် စာ ရေး သူ အ ထစ် ထစ် အ ငေါ့ အ ငေါ့ ဖြေ ဆို သည် ကို ကြည့် ၍ ပြုံး လေ သည်။ စာ ရေး သူ ၏ စိတ် ထဲ ၌ မူ လှောင် ပြုံး ဟူ ၍ အ ဓိ ပ္ပါယ် ပြန် မိ လေ သည်။ ရှက် က လည်း ရှက် သ ဖြင့် ခပ် မ ဆိတ် ပင် နေ လိုက် သည်။ ထို သို့ နေ စဉ် မှာ ပင် ”အစ် ကို။ ကျွန် တော် ဒီ ကျမ်း ၆၆ ခု ရဲ့ အ မည် အား လုံး ကို ကျွန် တော် အ လွတ် ရ ပါ တယ်။ ” ဟု ဆို ကာ အောက် ပါ ၆၆ ကျမ်း လုံး ၏ အ မည် များ ကို အ ထစ် အ ငေါ့ မ ရှိ ရှည် လျား စွာ ရွတ် ဆို လေ သည်။ ၁။ ကမ္ဘာဦးကျမ်း ၂။ ထွက်မြောက်ရာကျမ်း ၃။ ၀တ်ပြုရာကျမ်း ၄။ တောလည်ရာကျမ်း ၅။ တရားဟောရာကျမ်း ၆။ ယောရှုမှတ်စာ ရ။ တရားသူကြီးမှတ်စာ ၈။ ရုသ၀တ္တု ၉။ ဓမ္မရာဇ၀င် ၁ ၁၀။ ဓမ္မရာဇ၀င် ၂ ၁၁။ ဓမ္မရာဇ၀င် ၃ ၁၂။ ဓမ္မရာဇ၀င် ၄ ၁၃။ရာဇ၀င်ချုပ် ၁ ၁၄။ ရာဇ၀င်ချုပ် ၂ ၁၅။ ဧဇရမှတ်စာ ၁၆။ နေဟမိမှတ်စာ ၁၇။ ဧသတာဝတ္တု ၁၈။ ယောဘ၀တ္တု ၁၉။ ဆာလံကျမ်း ၂၀။ သုတ္တံကျမ်း ၂၁။ ဒေသနာကျမ်း ၂၂။ ရှောလမုန်သီချင်း
  • 5. ကိုထူးဆန်းမှတ်တမ်းများ Page: 5 ၂၃။ ဟေရှာယအနာဂတ္တိ ၂၄။ ယေရမိအနာဂတ္တိ ၂၅။ ယေရမိမြည်တမ်း ၂၆။ ယေဇကျေလအနာဂတ္တိ ၂၇။ ဒံယေလအနာဂတ္တိ ၂၈။ ဟောရှေအနာဂတ္တိ ၂၉။ ယောလအနာဂတ္တိ ၃၀။ အာမုတ်အနာဂတ္တိ ၃၁။ သြဗဒိအနာဂတ္တိ ၃၂။ ယောန၀တ္တု ၃၃။ မိက္ခာအနာဂတ္တိ ၃၄။ နာဟုံအနာဂတ္တိ ၃၅။ ဟဗက္ကုတ်အနာဂတ္တိ ၃၆။ ဇေဖနိအနာဂတ္တိ ၃၇။ ဟဂ္ဂဲအနာဂတ္တိ ၃၈။ ဇာခရိအနာဂတ္တိ ၃၉။ မာလခိအနာဂတ္တိ ၄၀။ ရှင်မဿဲခရစ်ဝင် ၄၁။ ရှင်မာကုခရစ်ဝင် ၄၂။ ရှင်လုကာခရစ်ဝင် ၄၃။ ရှင်ယောဟန်ခရစ်ဝင် ၄၄။ တမန်တော်ဝတ္တု ၄၅။ ရောမသြ၀ါဒစာ ၄၆။ ကောရိန္တုသြ၀ါဒစာ ၁ ၄၇။ ကောရိန္တုသြ၀ါဒစာ ၂ ၄၈။ ဂလာတိသြ၀ါဒစာ ၄၉။ ဧဖက်သြ၀ါဒစာ ၅၀။ ဖိလိပ္ပိသြ၀ါဒစာ ၅၁။ ကောလောသဲသြ၀ါဒစာ ၅၂။ သက်သာလောနိတ် ၁ ၅၃။ သက်သာလောနိတ် ၂ ၅၄။ တိမောသေ ၁ ၅၅။ တိမောသေ ၁ ၅၆။ တိတုသြ၀ါဒစာ ၅၇။ ဖိလေမုန် ၅၈။ ဟေဗြဲသြ၀ါဒစာ ၅၉။ ရှင်ယာကုပ်သြ၀ါဒစာ ၆၀။ ရှင်ပေတရု ၁ ၆၁။ ရှင်ပေတရု ၂ ၆၂။ ရှင်ယောဟန် ၁ ၆၃။ ရှင်ယောဟန် ၁ ၆၄။ ရှင်ယောဟန် ၁ ၆၅။ ရှင်ယုဒသြ၀ါဒစာ ၆၆။ ဗျာဒိတ်ကျမ်း ထို သူ သည် ကျမ်း ပေါင်း ၆၆ ကျမ်း ၏ အ မည် များ ကို မ စဉ်း စား ပဲ ပေါ့ ပေါ့ ပါး ပါး ရွတ် ဆို သွား ရာ စာ ရေး သူ မှာ လွန် စွာ မှ ပင် အံ့ သြ ရ လေ သည်။ သို့  သော် ဟန် ကိုယ့် ဖို့  ဆို သည့် အ တိုင်း အံ့ သြ ခြင်းကို မြို သိပ် လျက် စ ကား ဆက် လိုက် သည်။ ” ငါ့ ညီ က တော် တော် မှတ် ဥာ ဏ် ကောင်း တာ ပဲ ။ အ သက် ငယ် သေး တုံး ဆို တော့ ရ တာ ပေါ့ လေ။ အစ် ကို က အ သက် ကြီး ပြီ ဆို တော့ သိပ် မ မှတ် နိုင် တော့ ဘူး။” ”ကျွန် တော် ရဲ့ မှတ် ဥာဏ် က အစ် ကို့ ထက် ပို မ ကောင်း ပါ ဘူး။ ဒါ ပေ မဲ့ ကျွန် တော် က ဘယ် လို မှတ် ရ မ လဲ ဆို တာ ကို လေ့ လာ ထား တယ်။ ပြီး တော့ အ ပျင်း လဲ မ ကြီး ဘူး။ ရ အောင် မှတ် တတ် တယ်။ လူ တွေ အ တော် များ များ က ” အ ချမ်း ပြင်း ၀ှမ်၊ အ လွန် ပူ နိုး၊ မိုး ချုပ် လှ မော၊ စော လွန်း လှ ယောင်၊ ဆာ လောင် ပြင်း ထွေ၊ ၀မ်း ၀ နေ ၍” ဆို တဲ့ အ ပျင်း ခြောက် ပါး ကြီး က တား ဆီး နေ တာ ကြောင့် ရ သင့် တာ မ ရ၊ ဖြစ် သင့် တာ မ ဖြစ် ဖြစ် နေ ကြ တာ ပါ။” ဟူ ၍ လူ အ များ အား ခြုံ ၍ ပြော သ လို လို နှင့် စာ ရေး သူ အား နှိပ် ကွပ် လေ သည်။ စာ ရေး သူ မှာ မ ယုံ ကြည် သူ တ ယောက် က မိ မိ ထက် ကျမ်း စာ အ ကြောင်း ကို ပို ၍ သိ နေ ခြင်း အ ပြင်၊ ပျင်း ရိ သည် ဟု စောင်း မြောင်း ပြော ဆို ခြင်း ပါ ခံ ရ လေ ရာ မိ မိ ဘေး ကို ပိ သာ လေး နှင့် ထု သ ကဲ့ သို့ နာ ကျင် လှ ပေ သည်။ သို့  ပါ သော် လည်း ကျမ်း ၆၆ ကျမ်း ၏ အ မည် များ အား မှတ် သည့် နည်း ကို သိ ချင် စိတ် က ပို မို ၍ ပြင်း ပြ နေ လေ ရာ၊ သူ ကောင့် သား အား ခံ ရ ခက် ခက် နှင့် ပင် မှတ် နည်း ကို မေး မြန်း လိုက် သည်။ ” ငါ့ ညီ ပြော လည်း အစ် ကို က ခံ ရ မှာ ပဲ၊ ဒါ ပေ မယ့် အဲ ဒီ မှတ် နည်း လေး ကို အစ် ကို့ ကို ပြော ပြ လို့ မ ရ ဘူး လား။” ” ရ တာ ပေါ့ အစ် ကို ရာ။ ကျမ်း စာ ကို ပ ထ မ ဦး ဆုံး ဓမ္မ ဟောင်း နှင့် ဓ မ္မ သစ် ဆို ပြီး အ ပိုင်း ကြီး နှစ် ပိုင်း ၊ ပိုင်း ရ တယ်။ ပြီး တော့ ဒီ အ ပိုင်း ကြီး နှစ် ပိုင်း ကို မှ ဒီ လို အ ပိုင်း ငယ် လေး တွေ ပိုင်း ရ တယ်။” ဟု ဆို ကာ ဘော လ် ပင် တ ချောင်း နှင့် စာ ရွက် ပိုင်း တ ခု ပေါ် တွင် အောက် ပါ အ တိုင်း ရေး ပြ လေ တော့ သည်။
  • 6. ကိုထူးဆန်းမှတ်တမ်းများ Page: 6 ဓ မ္မ ဟောင်း အ ပိုင်း (၁)။ မော ရှေ ၏ စာ များ အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း အ ပိုင်း (၃)။ ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ ဓ မ္မ သစ် အ ပိုင်း(၁)။ ခ ရစ် ၀င် နှင့် က န ဦး အ သင်း တော် များ အ ပိုင်း(၂)။ ရှင် ပေါ လု ၏ စာ များ အ ပိုင်း(၃)။ တ မန် တော် တို့ နှင့် ပတ် သက် သည့် စာ များ အ ပိုင်း(၄)။ ဗျာ ဒိတ် ” ဒီ လို အ ပိုင်း ငယ် လေး တွေ ပိုင်း ပြီး ရင်၊ အ ပိုင်း ငယ် လေး တ ခု စီ နဲ့  ဆိုင် တဲ့ ကျမ်း တွေ ကို ဒီ လို ပြန် ပြီး စီ ရ တယ်” ဟု ဆို ပြန် ကာ အောက် ပါ အ တိုင်း သေ ချာ စွာ စာ ရင်း ပြု စု ပြန် လေ သည်။ အ ပိုင်း (၁)။ မော ရှေ ၏ စာ များ - ကမ္ဘာဦးကျမ်း ၊ ထွက်မြောက်ရာကျမ်း ၊ ၀တ်ပြုရာကျမ်း ၊ တောလည်ရာကျမ်း ၊ တရားဟောရာကျမ်း အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း - ယောရှုမှတ်စာ ၊ တရားသူကြီးမှတ်စာ ၊ ရုသ၀တ္တု ၊ ဓမ္မရာဇ၀င် ၁-၂-၃-၄၊ ရာဇ၀င်ချုပ် ၁-၂ ၊ ဧဇရမှတ်စာ ၊ နေဟမိမှတ်စာ ၊ ဧသတာဝတ္တု အ ပိုင်း (၃)။ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ - ယောဘ၀တ္တု ၊ ဆာလံကျမ်း ၊ သုတ္တံကျမ်း ၊ ဒေသနာကျမ်း ၊ ရှောလမုန်သီချင်း အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ - ဟေရှာယအနာဂတ္တိ ၊ ယေရမိအနာဂတ္တိ ၊ ယေရမိမြည်တမ်း ၊ ယေဇကျေလအနာဂတ္တိ ၊ ဒံယေလအနာဂတ္တိ အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ - ဟောရှေအနာဂတ္တိ ၊ ယောလအနာဂတ္တိ ၊ အာမုတ်အနာဂတ္တိ ၊ သြဗဒိအနာဂတ္တိ ၊ ယောန၀တ္တု ၊ မိက္ခာအနာဂတ္တိ ၊ နာဟုံအနာဂတ္တိ ၊ ဟဗက္ကုတ်အနာဂတ္တိ ၊ ဇေဖနိအနာဂတ္တိ ၊ ဟဂ္ဂဲအနာဂတ္တိ ၊ ဇာခရိအနာဂတ္တိ ၊ မာလခိအနာဂတ္တိ
  • 7. ကိုထူးဆန်းမှတ်တမ်းများ Page: 7 အ ပိုင်း (၆)။ ခ ရစ် ၀င် နှင့် က န ဦး အ သင်း တော် များ - ရှင်မဿဲခရစ်ဝင်၊ ရှင်မာကုခရစ်ဝင်၊ ရှင်လုကာခရစ်ဝင် ၊ ရှင်ယောဟန်ခရစ်ဝင် ၊ တမန်တော်ဝတ္တု အ ပိုင်း (၇)။ ရှင် ပေါ လု ၏ စာ များ - ရောမသြ၀ါဒစာ ၊ ကောရိန္တုသြ၀ါဒစာ ၁-၂ ၊ ဂလာတိသြ၀ါဒစာ ၊ ဧဖက်သြ၀ါဒစာ ၊ ဖိလိပ္ပိသြ၀ါဒစာ ၊ ကောလောသဲသြ၀ါ ဒစာ ၊ သက်သာလောနိတ် ၁ - ၂ ၊ တိမောသေ ၁-၂ ၊ တိတုသြ၀ါဒစာ ၊ ဖိလေမုန် အ ပိုင်း (၈)။ တ မန် တော် တို့ နှင့် ပတ် သက် သည့် စာ များ - ဟေဗြဲသြ၀ါဒစာ ၊ ရှင်ယာကုပ်သြ၀ါဒစာ ၊ ရှင်ပေတရု ၁-၂ ၊ ရှင်ယောဟန် ၁-၂-၃၊ ရှင်ယုဒသြ၀ါဒစာ အ ပိုင်း(၉)။ ဗျာ ဒိတ် - ဗျာ ဒိတ် ကျမ်း ထို သို့  ရေး သား ပြီး နောက် ” ဒီ အ ပိုင်း ငယ် တ ခု မှာ ပါ တဲ့ ကျမ်း တွေ ကို တ နေ့ တ ပိုင်း စီ မှတ် သွား ရုံ ပါ ပဲ။ ဥ ပ မာ - မော ရှေ ရဲ့ စာ များ ဆို တဲ့ အ ပိုင်း ငယ် မှာ ပါ တဲ့ ကျမ်း ငါး ကျမ်း ကို တ နေ့ နဲ့ ပြီး အောင် မှတ် ။ ပြီး တော့ နောက် တ နေ့ မှာ နောက် အ ပိုင်း ငယ် နဲ့ ဆိုင် တဲ့ ကျမ်း တွေ ကို မှတ်။ ဒီ လို မှတ် သွား လို့ ရှိ ရင် ၉ ရက် တိ တိ မှာ ၆၆ ကျမ်း လုံး ကို မှတ် မိ သွား လိမ့် မယ်။ ကျွန် တော် ကိုယ် တိုင် ဒီ နည်း နဲ့ မှတ် တာ ခု ထက် ထိ မ မေ့ သေး ဘူး အစ် ကို ရ။ အဲ... အ ပျင်း ခြောက် ပါး တော့ မ ၀င် လာ နဲ့ နော်။ ဒါ ဆို ရင် ရ မှာ မ ဟုတ် ဘူး” ဟု ဆို ကာ အ ဆုံး သတ် လိုက် လေ သည်။ ထို အ ခိုက် ရ ထား သည် စီး တီး ဟော်(လဲ) ဘူ တာ ထဲ သို့  ၀င် ရောက် ဆိုက် နား လေ တော့ သည်။ စာ ရေး သူ လည်း ကျေး ဇူး တင် စ ကား ဆို ရင်း၊ နူတ် လည်း နူတ် ဆက် ရင်း ဖြင့် ” ငါ့ ညီ ကို ကျေး ဇူး တင် ပါ တယ်။ ဒါ နဲ့ ငါ့ ညီ ရဲ့ နာ မည် ဘယ် လို ခေါ် သ လဲ။ ဘယ် မှာ နေ သ လဲ။” ” ကျွန် တော့် နာ မည် ထူး ဆန်း လို့ ခေါ် ပါ တယ်။ နေ တာ က တော့ .....” ဟု ဆို ကာ ၄င်း ၏ လိပ် စာ ကို အောက် ပါ အ တိုင်း ရေး ချ လေ တော့ သည်။ Htoo San Blk ---, #----- Jurong West Ave --- စာ ရေး သူ သည် ထို လိပ် စာ ၊ စာ ရွက် ဖြတ် ပိုင်း လေး အား ပိုက် ဆံ အိတ် ထဲ သို့ ထည့် လိုက် ကာ၊ မ ကြုံ စ ဘူး ဤ လူ ထူး ကို ထပ် မံ နှုတ် ဆက် စ ကား ဆို လိုက် ပြီး ရ ထား မှ ဆင်း သက် လိုက် လေ သည်။ စာ ရေး သူ ၏ စိတ် ထဲ ၌ မူ မိ မိ ကိုယ် ကို ခ ရစ် ယာန် တ ယောက် အ ဖြစ် ခံ ယူ ထား ပြီး ကျမ်း စာ ကို အ ချိန် ပေး မ ဖတ် ရှု ခြင်း အ ပေါ် ၌ နောင် တ ရ မိ လေ သည်။ ကျမ်း စာ ပါ စာ အုပ် ၆၆ အုပ် ၏ အ မည် များ ကို လည်း မ
  • 8. ကိုထူးဆန်းမှတ်တမ်းများ Page: 8 ရ ရ အောင် ကျက် မှတ် မည် ဟု ဆုံး ဖြတ် ချက် ပါ ချ မှတ် လိုက် လေ တော့ သည်။ ဤ သည် မှာ ကို ထူး ဆန်း နှင့် စာ ရေး သူ တို့ ပ ထ မ ဦး ဆုံး အ ကြိမ် တွေ့  ဆုံ ခြင်း ပင် ဖြစ် လေ သ တည်း။ နာ မ တော် မြတ် ၌ လှ မင်း သူ ကိုထူးဆန်းဆီသို့ အလည်သွားခြင်း Tuesday, 19 January 2010 11:17 လှမင်းသူ ဤလောကကြီးတွင် လုပ်ဆောင်စရာ ကိစ္စများ အလွန်ပင် များပြားလှပေသည်။ စာရေးသူသည် နိစ္စဓူဝ စားဝတ်နေရေးအတွက် လုံးပန်းခြင်း၊ မိသားစုအရေး အတွက်ဆောင်ရွက်ခြင်း၊ အသင်းတော် ကိစ္စများအတွက် ဆောင်ရွက်ခြင်းများဖြင့် မအားမလပ် နိုင်အောင်ဖြစ်ရသည်။ မရပ်မနား တသွားတည်းသွားနေရသော ရထားကြီး တစီးပမာ တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ အချိန်များဘယ်လိုကုန်ဆုံးသွားသည်ကိုပင် မသိပဲ ဘ၀ခရီးကို ခုတ်မောင်းနေရသည်။ ထိုသို့သွားရင်း လုပ်ကိုင်ရင်းဖြင့် စနေနေ့ တစ်ရက်၌ မည်သည့်အလုပ်အကိုင်မျှမရှိပဲ အားလပ်ခြင်းအခွင့်ကို ရှားရှားပါးပါး ရလေသည်။ ဇယ်ဆက်အောင် လုပ်ကိုင်နေရစဉ်တုန်းက ညည်းညည်းညူညူနှင့် အားလပ်ချိန်ကို တောင့်တမိသော်လည်း တကယ်တမ်း အားလပ်၍ နားရသောအခါ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိပဲ တောင်လုပ်ရမလို၊ မြောက်လုပ်ရမလိုလိုနှင့် နေမထိ၊ ထိုင်မသာ ဖြစ်ရသည်။ ဘယ်သွားပြီး၊ ဘာလုပ်ရမည်နည်းဟု ကြံစည်နေခိုက် လွန်ခဲ့သော လအနည်းငယ်ခန့်က ရထားပေါ်တွင် မထင်မှတ်ပဲ ဆုံတွေ့ခဲ့သော လူထူး လူဆန်းကြီး ”ကိုထူးဆန်း”ကို ပြေး၍ သတိရလိုက်မိလေသည်။ ထိုစဉ်အခါက ကိုထူဆန်း၏ အပြောကြောင့် စာရေးသူမှာ အရှက်ကြီးစွာရခဲ့သော်လည်း၊ ၄င်းကြောင့် ကျမ်းစာများကို ဖတ်ဖြစ်သည့်အပြင်၊ ကျမ်းစာများ၏ အမည်များကိုပါ အာဂုဏ်ဆောင် အလွတ်ကျက်မှတ် ရရှိခဲ့သဖြင့် ၀မ်းထဲမှ ကျေးဇူးအထူးပင်တင်မိလေသည်။ စာရေးသူ၏ အတွေးမမှားလျင် ကိုထူးဆန်းသည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်ပြီး ဥာဏ်အမြော်အမြင်လည်း ကြီးမားမည်မှာ မလွဲဧကန်ပင် ဖြစ်လိမ့်မည်။ မိမိအနေဖြင့် အိမ်၌ ထိုင်၍နေခြင်းထက် ၄င်းထံသို့ အလည်သွားပြီး စကားစမည် ပြောလျင် မှတ်သားစရာများကို ရကောင်းရနိုင်မည်ဟု တွေးဆလိုက်မိသည်။ ထိုသို့တွေးလိုက်မိပြီး ကိုထူးဆန်းပေးခဲ့သော လိပ်စာ စာရွက် ဖြတ်ပိုင်းလေးအား ပြန်လည်ရှာဖွေ ရာ မိမိ၏ ပိုက်ဆံအိတ်ထဲ၌ ၄င်း၏လိပ်စာကို အခန့်သင့်ပင်တွေ့ရှိသဖြင့် ရေးချိုးခြင်း၊ ၀တ် ကောင်းစား လှဝတ်ဆင်ခြင်း အမှုတို့ကို ပြုပြီးသောအခါ ကိုထူးဆန်း၏ နေရပ်သို့ ဦးတည်ထွက်ခွာခဲ့သည်။ Ang Mo Kio ဘူတာမှ ခရီးစထွက်ခဲ့လာရာ တစ်နာရီခန့် ရထားဖြင့် ခရီးနှင်အပြီး Boon Lay ဘူတာသို့ ဆိုက်ရောက်လေသည်။ Boon Lay ဘူတာမှ တဖန် ဘတ်(စ်) ကားအမှတ် (--) ကို စီးနင်းပြီး N.T.U ဟု အတိုကောက် ခေါ်ဝေါ်သုံးနူန်းနေကြဖြစ်သော စကာင်္ပူ ရှိ နာမည်ကြီး တက္ကသိုလ်၏ ၀င်းအတွင်းသို့ စီးနင်းလိုက်ပါခဲ့သည်။
  • 9. ကိုထူးဆန်းမှတ်တမ်းများ Page: 9 ဤကျောင်းတော်ကြီးသည် စာရေးသူ၏ ဒုတိယ အမိတက္ကသိုလ်ဟု ဆိုလျင် မမှားပေ။ လွန်ခဲ့သော ဆယ်နှစ်ခန့်က စာရေးသူသည် ဤကျောင်းတော်ကြီး၌ ဘွဲ့လွန် ပညာရပ်များအတွက် အပတ်တကုတ် လေ့လာအားထုတ်ဆည်းပူးခဲ့ခြင်း များကို ပြန်ပြောင်းအောက်မေ့သတိရမိသည်။ ရှေးဟောင်းနှောင်းဖြစ်များကိုလည်း ပြန်ပြောင်းအောက်မေ့ရင်း အတိတ်၏ပုံရိပ်များဖြင့် အတွေးများထဲ၌ နှစ်မြောနေမိသည်။ ရုတ်တရက် ဘတ်(စ်)ကားသည် တုန့်ကနဲရပ်သွားမှ အတွေးယာဉ်ကြောထဲမှ လန့်နိုးလာပြီး၊ ပတ်ဝန်းကျင်ဘေးဘီ ၀ဲယာကို အကဲခတ်လိုက်ရာ N.T.U ၏ အမှတ်သင်္ကေတ ဖြစ်သော တရုတ် ဘုံကျောင်းကြီးကို တွေ့လိုက်ရ၍ ဘတ်(စ်)ကားပေါ်မှ ကမန်းကတန်း အပြေးအလွှား ဆင်းသက်လိုက်သည်။ ထိုတရုတ်ဘုံကျောင်းသည် N.T.U ၏ အမြုတေ ဖြစ်ပြီး ကျောင်းတော်၏ အစဖြစ်သည်။ ဘုံကျောင်းပညာရပ်မှ ယခုကဲ့သို့ ကျော်ကြားသော ခေတ်မှီပညာသင် တက္ကသိုလ် ကျောင်းတော်ကြီးသို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ စာဖတ်သူတို့ ဗဟုသုတ အလို့ငှါ ဤကျောင်းတော်၏ ပုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။ Chinese Heritage Centre ဟု ယခုအခါ ခေါ်ဝေါ်သော တရုတ်ရိုးရာ ကျောင်း ထိုဘုံကျောင်းရှေ့ ရှိ ပန်းခြံငယ်ကလေးမှတဆင့် ကုန်းကျော်တံတား ကို ဖြတ်ကျော်လျှောက်ကူးပြီး တဖက်ရှိ တိုက်ခန်းများဆီသို့ ခရီးဆက်ခဲ့သည်။ ကိုထူးဆန်း၏ တိုက်နံပါတ်နှင့် အခန်းနံပါတ်ကို တကူးတက ရှာစရာပင်မလိုပဲ အလွယ်တကူတွေ့ရှိသဖြင့် တိုက်ခန်းရှေ့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိတော့သည်။ ထိုအခိုက် တိုက်ခန်းထဲမှ လွန်စွာမှ နားဝင်ချိုဖွယ်ကောင်းလှသော တယောသံသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ထိုးဖောက်ကာ ထွက်ပေါ်လာသည်။ သီချင်းသံစဉ်မှာ စာရေးသူ အလွန်ပင်နှစ်သက်သော ဘုရား၏ဂုဏ်တော်ကို သီဆိုချီးမွမ်းထားသည့် ”ကြီးမြတ်တော်မူ“ (How Great Thou Art) သီချင်း သံစဉ်ဖြစ်သည်။ တယောပညာရပ်၌ ဘိုးရင်း(Bowing) ၊ ဖင်းဂါးရင်း(Fingering) တို့ ရှိလေရာ ထိုနှစ်ရပ်စလုံးသည် အလွန်ပင်ကောင်းမွန်၍ အတိုင်အဖောက်ညီကာ သဟဇာတရှိလှသည်။ ဘိုးရင်း ပညာရပ်၌လည်း လွန်စွာမှပင် ညက်ညောလေရာ နားထောင်ရသော စာရေးသူမှာ ကြက်သီးမွှေးညှင်းများပင် ထမိသည်။ အိမ်တံခါးကို ခေါက်လိုက်လျှင် တယော တီးခတ်ခြင်း ရပ်သွားမည်စိုးသောကြောင့် မခေါက်သေးပဲ အိမ်အပြင်မှ နေ၍ ပတ်ဝန်းကျင်လောကကြီးအား ဘုရား၏ ဖန်ဆင်းသော လက်ရာတော်များအဖြစ် ကြည့်ရှု့ ရင်း
  • 10. ကိုထူးဆန်းမှတ်တမ်းများ Page: 10 သီချင်းနှင့် အတူခံစား နှစ်မြောမိသည်။ ငါးမိနစ်ခန့်မျှ သီချင်းကို ခံစားရင်း တယောသံ ဆုံးသွားမှ တံခါးကို ခေါက်လိုက်သည်။ ကိုထူးဆန်းအိမ်သို့ အလည်သွားစဉ် အမှတ်တရ ရိုက်ကူးခဲ့သော လမ်းပုံ ( တယောတီးခတ်သူမှာ ကိုထူးဆန်းကိုယ်တိုင်ပင် ဖြစ်သည်။ ထိုတယောသံကို စာရေးသူ၏ စိတ်တွင် ယခုထက်တိုင်ပင် စွဲမက်လျက်ရှိသည်။ စာရေးသူသည် ထိုစဉ်အခါက အသံသွင်းကရိယာ တစ်ခုခု ပါမသွား၍ တယောသံကို ကူးယူလိုက်ရခြင်း မရှိပါလေ။ သို့သော် ထိုတယောတီးခတ်သံမျိုးနှင့် ဆင်တူသော တီးခတ်မှုမျိုးကို ရှာဖွေရာ ၇၀% နှုန်းသာတူသော တီးခတ်သံကိုသာ ရှာဖွေရရှိလေသည်။ စာဖတ်သူတို့အား ကိုထူးဆန်းတီးခတ်သော တယောသံနှင့် အလားတူ တီးခတ်သံကို ခံစားနိုင်ရန် ရှာဖွေရရှိသော သံစဉ်ကိုသာ တင်ဆက်လိုက်ပါသည်။ နားစဉ်ကြည့်ကြပါကုန်။) Adobe Flash Player not installed or older than 9.0.115! “ဒေါက် .. ဒေါက်... ဒေါက်“ တံခါးခေါက်သံအဆုံးတွင် အထဲမှနေ၍ ကိုထူးဆန်းကိုယ်တိုင် ဖွင့်ပေးသည်ကို တွေ့ရသည်။ ကိုထူးဆန်းသည် ကျွန်တော့်ကို တွေ့လျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကြောင်းကို ၄င်း၏မျက်နှာ၌ အထင်အရှား တွေ့ရလေသည်။ ”ဟာ .. အစ်ကို၊ လာ.. လာ၊ အစ်ကို တစ်နေ့နေ့တော့ ကျွန်တော့်ဆီ လာလည်မယ်လို့ ထင်သားပဲ။ အထဲကို ၀င်ခဲ့ပါ။” ဟု ဖိတ်မန္တက ပြုလေသည်။ အိမ်ထဲသို့ ၀င်ပြီးသည်နှင့် စာရေးသူအား နေရာထိုင်ခင်း ချပေးပြီး ၄င်းကိုယ်တိုင်လည်း ခုံအလွတ်တစ်ခုကိုယူ၍ ထိုင်လိုက်သည်။
  • 11. ကိုထူးဆန်းမှတ်တမ်းများ Page: 11 ”ရထားပေါ်မှာ တုံးက ကျွန်တော်ပြောမှား ဆိုမှားရှိရင် ခွင့်လွှတ်ပါ အစ်ကိုရာ။ ကျွန်တော်က ဒီလိုပဲ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပဲ ပြောတတ်တယ်။ စကားပရိယာယ် သိပ်မပါဘူး။ ကျွန်တော် အစ်ကို့ကို ပြောခဲ့တာတွေ ပြန်တွေးမိပြီး အားနာလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော့်ကိုလဲ စိတ်ဆိုးတော့မှာပဲ ဆိုပြီးတွေးပူနေတာ။ အခုလို အစ်ကို လာလည်တော့ ကျွန်တော့ကို စိတ်မဆိုးတော့ဘူး ဆိုတာ သိလိုက်ရလို့ တကယ့်ကို ၀မ်းသာသွားတာပဲ အစ်ကိုရ။” ထိုကဲ့သို့ ဆိုလိုက်တော့မှ ကိုထူးဆန်းသည် မာန်မာနကင်းသော ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း စာရေးသူ သဘောပေါက်မိသည်။ ”ပထမတော့ စိတ်ထဲတစ်မျိုး ဖြစ်သွားတာပေါ့ ငါ့ညီရာ။ နောက်ကျမှ သေချာပြန်စဉ်းစားကြည့်တော့ ဟုတ်နေတာပဲ။ အစ်ကိုက ခရစ်ယာန် တစ်ယောက်ဖြစ်ပြီး ကျမ်းစာတောင် ကောင်းကောင်း မဖတ်ဖြစ်ဘူး။ ငါ့ညီနဲ့တွေ့မှပဲ အစ်ကိုလည်း အကျွတ်တရား ရတော့တာပဲ။ ကျမ်းစာကိုလဲ ဖတ်ဖြစ်လာတယ်။ ကျမ်းစာပါ အမည် ၆၆ ခုကိုလည်း အခုဆို အစအဆုံး ရနေပြီ။ ငါ့ညီကိုတောင် အစ်ကိုက ကြိတ်ပြီး ကျေးဇူးတင်နေတာ။ အိမ်ကမိန်းမကဆိုရင် ကျမ်းစာတစ်ခါမှ မဖတ်တဲ့ အစ်ကို့ကို ကျမ်းစာနဲ့ ဘာနဲ့ ဖြစ်နေတော့ ဘာပြောတယ် မှတ်သလဲ။ ”အမလေး... ကျားသားမိုးကြိုး၊ အခုတလော မိုးမရွာပဲ နေချည်း ဆက်တိုက်ပူနေတာ ဒါကြောင့်ကိုး။ ကိုရွှေလှမင်းသူကြီး တစ်ယောက်တော့ တစ်သက်နဲ့ တစ်ကိုယ် မလုပ်ဘူးတာတွေ လုပ်နေပြီဟေ့။ ကျမ်းစာတွေဘာတွေ ဖတ်နေလိုက်တာ သဲသဲမဲမဲပဲ။ မကြုံစဘူး၊မြင်ဖူးမှ ယုံစဖွယ် ဖြစ်နေပြီ အရပ်ကတို့ရေ” တဲ့ ။ ”ဟား...ဟား...ဟား.....” ”ဟား...ဟား...ဟား...” စာရေးသူတို့ နှစ်ယောက် အူလှိုက်သည်းလှိုက် ရီမောလိုက်ရ၍ စိတ်လက်ပေါ့ပါးသွားကြသည်။ ”ဒါနဲ့ ခုလေးတင်က တစ်ယောတီးတာ ငါ့ညီ ကိုယ်တိုင်လား။” ”ဟုတ်တယ် အစ်ကိုရ။ ကျွန်တော် ဒီသီချင်း ကို တီးလိုက်ရရင် ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ။ တကယ့်ကို စိတ်ချမ်းသာသွားတယ်။ အမောလဲ ပြေသွားတယ်။ လောကကြီးမှာ နေရတာလဲ အရမ်းကို အားရကျေနပ်သွားသလို ခံစားရတယ်။” ကိုထူးဆန်းသည် ခရစ်ယာန်တစ်ယောက် မဟုတ်။ သို့သော် ခရစ်ယာန်သီချင်းကို ကောင်းမွန်စွာ တီးခတ်နိုင်သည့်အပြင်၊ ကျမ်းစာကိုလည်း တတ်ကျွမ်းပုံရလေသည်။ ယင်းအဖြစ်မှာ အတန်ငယ်ထူးခြားသောကြောင့် မေးမြန်းလိုက်သည်။ ”ငါ့ညီက ခရစ်ယာန်သာ မဟုတ်တယ်။ ကျမ်းစာကို ကောင်းကောင်းသိတဲ့အပြင်၊ ခရစ်ယာန်သီချင်းလဲ ကောင်းကောင်းတီးတတ်တယ်နော်။ ငါ့ညီခရစ်ယာန်မဟုတ်တာ ဟုတ်ကောဟုတ်ရဲ့လား”
  • 12. ကိုထူးဆန်းမှတ်တမ်းများ Page: 12 ”အစ်ကို ကျွန်တော့်ကို ခရစ်ယာန်လားလို့ မေးတာ အလွယ်တကူ ဖြစ်ပေမယ့်၊ ကျွန်တော့်အတွက်တော့ အတော်ဖြေရခက်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်လည်သုံးသပ်နေတာ ကြာပါပြီ။ လူတစ်ယောက် ခရစ်ယာန် ဟုတ်မဟုတ်ဆိုတာ အပြင်လူက အဆုံးအဖြတ် ပေးတာထက် မိမိကိုယ်တိုင် အဆုံးအဖြတ် ပေးတာဟာ ပိုမှန်ကန်တယ်လို့ထင်တယ်။ ကိုယ့်ကိုကိုယ်သာအသိဆုံးလေ။ ဒီမေးခွန်းလေးကို ကျွန်တော် နောက်များမှပဲ အစ်ကို့ကို ဖြေပါ့မယ်။ အခုနေဖြေလည်း အစ်ကို သိပ်သဘောပေါက်အုံးမှာ မဟုတ်ပါဘူး။ စိတ်တော့ မရှိနဲ့နော်။” ”ရပါတယ် ငါ့ညီရာ။ အစ်ကို နားလည်ပါတယ်” ”အစ်ကို တစ်ခုခုစားအုံးလေ။ ကျွန်တော် လက်ဖက်သုပ်သွားပြင်လိုက်အုံးမယ်။ ရေနွေးကြမ်းလေးပါပေါ့။” ”ကောင်းတာပေါ့ ငါ့ညီရာ” ကိုထူးဆန်း မီးဖိုချောင်သို့ ၀င်သွားနေခိုက် စာရေးသူသည် ဧည့်ခန်းအား လှည့်ပတ် ကြည့်ရှု၍ စပ်စုခြင်းအမှုကို ပြုလေသည်။ ဧည့်ခန်းတစ်ခုလုံးသည် စာအုပ်ထားရာ ဗီဒိုများနှင့် ပြည့်နှက်နေပေသည်။ ထိုဗီဒိုများတွင် စာအုပ်များကို စနစ်တကျ အစီအရီ တင်ထားသည်။ မည်သည့်စာအုပ်များနည်းဟု အနီးကပ် ကြည့်ရှုလေရာ Bible Commentary စာအုပ်များ၊ Bible Exegesis များ၊ ရှေးဟောင်းသုတေသန ဆိုင်ရာ စာအုပ်စာတမ်းများ၊ သမိုင်းနှင့်ဆိုင်သော စာအုပ်များ၊ သိပ္ပံ ဆိုင်ရာ စာအုပ်များ၊ သုတေသန စာတမ်းများကို တွေ့ရှိရလေသည်။ စာအုပ်များမှာ အလှပြထားသည် မဟုတ်ပဲ အမှန်တစ်ကယ် ဖတ်ရှု ထားကြောင်းကိုလည်း စာအုပ်များထဲ၌ မျည်းသားထားချက်များ၊ အမှတ်အသားပြုထားချက်များ၊ မှတ်စုကလေးများ ရေးသားထားချက်များက သက်သေခံလျက် ရှိပေသည်။ စာရေးသူသည် ထိုသို့ လှည့်ပတ်ကြည့်ရှုနေရင်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မခံစားရဘူးသော သိမ်ငယ်ခြင်းမျိုးကို ခံစားမိသည်။ပါမောက္ခကြီးတစ်ဦး၏ အိမ်သို့ ရောက်ရှိသွားသော ဆယ်တန်းကျောင်းသား တစ်ဦးပမာ သိမ်ငယ်ခြင်းမျိုး ဖြစ်ပေသည်။ မိမိကိုယ်မိမိ သိလှချည်ရဲ့၊ တတ်လှချည်ရဲ့ လို့ တဖက်သတ်ထင်မြင်ထားသည်မှာ ကိုထူးဆန်းနှင့်တွေ့မှ ထိုအမြင်များ ကွာကုန်လေတော့သည်။ ရထားပေါ်မှာတုန်းက ဆရာကြီးလုပ်ကာ ကျမ်းစာဖတ်ခိုင်းတုန်းက ပြောခဲ့သည်များကို တွေးမိပြီး ရှက်ခြင်းလည်း ဖြစ်မိသည်။ သို့ပါသော်လည်း အတတ်နိုင်ဆုံး စိတ်ကို ချုပ်ထိမ်းလိုက်ပြီး မိမိနေရာသို့ ပြန်ထိုင်လေခိုက် စားပွဲပေါ်တွင် ဖတ်လျက်သား စာအုပ်တစ်အုပ်ကို တွေ့သဖြင့် ကောက်ယူလိုက်ရာ မျက်နှာဖုံး၌ အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။
  • 13. ကိုထူးဆန်းမှတ်တမ်းများ Page: 13 The Genesis Question: Scientific Advances and the Accuracy of Genesis by Hugh Ross စာရေးသူသည် ထိုစာအုပ်ကို စိတ်ဝင်းစားခြင်းရှိလှသဖြင့် လှန်လှောကြည့်ရှုနေခိုက် ကိုထူးဆန်းသည် မီးဖိုချောင်မှ လက်ဖက်သုပ်ပန်းကန်၊ ရေးနွေးကြမ်းခရား များနှင့် ထွက်လာပြီး စားပွဲပေါ်တွင် ခင်းကျင်း ပြင်ဆင်လိုက်သည်။ ထို့နောက် စာရေးသူအား ”အစ်ကို။ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလေး လာပြီး စားလိုက်ပါဦး။ အဲ့ဒီ စာအုပ်ကို ခဏဘေးဖယ်ထားစမ်းပါ။” ကိုထူးဆန်း ပြောသည့်အတိုင်း စာအုပ်ကို ခေတ္တဘေးချထားပြီး၊ လဘက်သုပ်ကို မြည်းလိုက်ရာ အရသာလွန်စွာမှ ရှိလှသည်။ လက်ဘက်ပေါင်းသုပ်ပေါင်း များစွာကို စာရေးသူ စားဘူးသည်။ သို့သော် ယခုလောက် အရသာနှင့် ပြည့်စုံပြီး အစပ်အဟပ် တည့်လှသည့် လက်ဘက်သုပ် မျိုးကိုမူ တစ်ခါမျှမစားဘူးပါချေ။ ကောင်းလွန်းလှ၍ ဆွေမျိုးပင်မေ့လောက်ပေသည်။ လက်ဘက်သုပ်သာမက ရေနွေးကြမ်းမှာလည်း မွှေးကြိုင်လှပြီး အနံ့အရသာ နှင့် ပြည့်စုံကောင်းမွန်လှသည်။ ထိုသို့ အရသာခံကာ စားသောက်နေခိုက် ”အစ်ကို။ ခုလေးတင်က ဖတ်တဲ့ စာအုပ်က အနောက်နိုင်ငံက သိပ္ပံအကျော်အမော် တစ်ယောက်က ရေးထားတာ။ ကမ္ဘာဦးကျမ်း မှာပါတဲ့ ဖန်ဆင်းခြင်း နေ့ရက်တွေကို သိပ္ပံရှုထောင့်နဲ့ အသေးစိတ် ဆန်းစစ်ထားတယ်။ ကမ္ဘာဦးကျမ်းမှာ ဖန်းဆင်းခြင်းအကြောင်းကို နှစ်ပိုင်းခွဲပြီး ဖော်ပြထားတယ်။ အခန်းကြီး (၁)မှာ တစ်ပိုင်းနဲ့ အခန်းကြီး(၂)မှာ တစ်ပိုင်း ဖော်ပြထားတယ်။ Two Creation Accounts လို့ အများက ခေါ်ကြတယ်။ အဲဒီ ဖော်ပြထားချက်တွေကို အခုခေတ် တိုးတက်လာတဲ့ သိပ္ပံ အမြင် နဲ့ ပြန်လည် ရုပ်လုံးဖော်ထားတာပါ။ Big Bang ကနေ ကမ္ဘာကြီးမှာ သက်ရှိတွေ ဖြစ်လာတဲ့ အထိကို အခု ကျွန်တော်တို့လို သိပ္ပံခေတ်လူသား တွေ နားလည် သဘောပေါက်အောင် ပီပီပြင်ပြင် သရုပ်ဖော်ထားတယ်။ ကျမ်းစာက သိပ္ပံ စာအုပ် မဟုတ်ပါဘူး။ ဒါကြောင့် သိပ္ပံနဲ့ မဆိုင်ဘူးလို့ ပြောလို့ရပါတယ်။ ” ”ဒါပေမဲ့ သိပ္ပံနဲ့ ကင်းလို့ မရခဲ့တာမျိုးလည်း ရှိခဲ့တယ်။ ကမ္ဘာကြီးကို ပြားတယ်လို့ ရှေးက လူတွေက ကျမ်းစာကို ညွှန်းပြီး ပြောကြတယ်။ အဲဒီအခါမှာ သိပ္ပံက ကမ္ဘာကြီးဟာ လုံးပါတယ်လို့ ဆိုလိုက်ရော ပြဿနာတွေဖြစ်ကြရောဗျ အစ်ကိုရ။ အမှန်က ကျမ်းစာမှာ ကမ္ဘာကြီးက ပြားတယ်လို့ ဘယ်နေရာမှ မဆိုဘူးဗျ။ ဒီလို မဆိုတဲ့အပြင် လုံးတယ်လို့တောင် ပြောထားသေးသဗျာ။(ဟေရှာရ ၄၀း၂၂) ကြည့်ရင် လုံးတယ်လို့
  • 14. ကိုထူးဆန်းမှတ်တမ်းများ Page: 14 ဆိုထားကြောင်း သိနိုင်ပါသေးတယ်။ ဒါ့အပြင်၊ နေက ကမ္ဘာကို ပတ်တာတို့၊ ကမ္ဘာက စကြာဝဠာ ရဲ့ ဗဟိုဖြစ်တာတို့ ဆိုတဲ့ အချက်တွေဟာ ရှေးရှေးတုန်းက ကျမ်းစာဟာ သိပ္ပံနဲ့ မပတ်သက်လို့ကို မရပဲ ဖြစ်ခဲ့တယ်။ ဒီစာရေးဆရာက ကျမ်းစာပါ အချက်အလက်များကို သိပ္ပံနည်းကျ ပြန်လည် သုတေသနပြု ဖော်ပြထားတာပါ။” (မှတ်ချက်။ ထိုစာအုပ်ကို ကိုထူးဆန်းဆီမှ စာရေးသူ ငှါးယူလာခဲ့ပါသည်။ သိပ္ပံ ၀ါသနာပါသူများ စာရေးသူထံ ဆက်သွယ်၍ လာရောက် ဖတ်ရှု နိုင်ပါကြောင်း ပြောကြားလိုပါသည်။) ”အင်း..ကျမ်းစာကလဲ တော်တော်ထူးဆန်းတာပဲနော် ။ ခုထက်ထိကို လူတွေ ပစ်ပယ်လို့ မရသေးဘူး။ တစ်ချို့ စာအုပ်များဆို ဒီလောက်အထိ ဘယ်ခံပါ့မလဲ။ ဒါနဲ့ ငါ့ညီ။ အစ်ကို ကျမ်းစာကို ကြိုးစားဖတ်တာ သိပ်နားမလည်ဘူး။ ငါ့ညီ အကြံလေးဘာလေး ရှိရင်ပေးပါဦး။” ”ဒီလိုရှိတယ် အစ်ကိုရ။ ပန်းချီဆရာ တစ်ယောက်ဟာ ပန်းချီစဆွဲတော့မယ် ဆိုရင် ဘယ်တော့မှ ဆွဲမယ့်ပုံထဲက အပိုင်း တစ်ခုခုကို အသေးစိတ် စမဆွဲဘူး။ အရင်ဆုံး ဆွဲချင်တဲ့ပုံကို ကောက်ကြောင်းလေးနဲ့ ပုံဖော်တယ်။ ခွေးပုံဆွဲရင် ခွေးလေးရဲ့ ကောက်ကြောင်းပုံ၊ ကြောင်ပုံဆွဲရင် ကြောင်လေးရဲ့ ကောက်ကြောင်းပုံ ပေါ့အစ်ကိုရာ။ ဘေးလူတစ်ယောက်က ပန်းချီဆရာ ဘာပုံဆွဲနေလဲ ဆိုတာ ကောက်ကြောင်းကို ကြည့်ပြီးသိတယ်။ ခွေးပုံလေးပါလား၊ ကြောင်ပုံလေးပါလေးပါလား ပေါ့။ ပြီးတော့မှ ပန်းချီဆရာက အသေးစိတ်တစ်ခုခြင်းဆီကို ပြန်လည်ချယ်မှုန်းပြီး အရောင်တင်တော့တာပဲ။ နားရွက်ကလေးတွေ၊ အမြီးကလေးတွေ၊ အမွှေးလေးတွေက အစ အသေးစိတ်ပေါ့ဗျာ။ အသေးစိတ်တွေကို စီချယ်ပြီးမှ ပြီးပြည်စုံတဲ့ ပန်းချီကားကို ပြည့်ပြည့်စုံစုံ ခံစားနိုင်တော့တာပါပဲ။ ကျမ်းစာ လေ့လာတဲ့နေရာမှာလဲ ကျွန်တော်ဒီလိုပဲ ကျင့်သုံးတယ်။ ကျမ်းစာရဲ့ အကြမ်းဖျင်း ကောက်ကြောင်းလေးတွေကို အရင်ရအောင်စုတယ်။ ရထားပေါ်မှာတုန်းက ကျမ်းစာကို အပိုင်းငယ်လေးတွေ ခွဲတာ ကောက်ကြောင်းလေးတစ်ခုပေါ့ဗျာ။ ” ထိုသို့ ဆိုပြီး ကိုထူးဆန်းသည် ရေနွေးကြမ်းနှင့် လက်ဘက်ကို စားလိုက်လေသည်။ ပြီးမှ ”ကျန်တဲ့ ကောက်ကြောင်းလေးတွေကိုပြောရရင် ကျမ်းစာဟာ အခန်းကြီးပေါင်း ၁၁၈၉ ခုနဲ့ ဖွဲ့စည်းထားတယ်။ ဓမ္မဟောင်းမှာ အခန်းကြီးအရေအတွက် ၉၂၉ ခုနဲ့၊ ဓမ္မသစ်မှာ အခန်းကြီးအရေအတွက် ၂၆၀ ပေါ့အစ်ကိုရာ။ ဒီအထဲမှာ ဆာလံ ၁၁၉ ကတော့ အရှည်ဆုံးပဲ အစ်ကိုရေ။ အတိုဆုံးကတော့ ဆာလံ ၁၁၇ ၊ အဲဒီ ဆာလံ(၁၁၇)မှာ အခန်းငယ် တစ်ခုပဲ ပါသဗျ။ ကျမ်းစာကို ရေးခဲ့တဲ့ စာရေးသူပေါင်း ၄၀ ကျော်ရှိတယ်။ ရေးတဲ့သူတွေကလဲ သက်မွေးဝမ်းကြောင်း အမျိုးမျိုးပြုတဲ့ လူတွေ အစ်ကိုရ။ ဒီရေးတဲ့လူတွေကလဲ အများအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် မသိကြတဲ့အပြင် ခေတ်တစ်ခုတည်းမှာ ရေးကြတာမဟုတ်ပဲ ခေတ်အဆက်ဆက် (Generations ၄၀ အတွင်း) ရေးခဲ့ကြတာ။ နှစ်နဲ့တွက်မယ်ဆိုရင် ဘီစီ ၁၄၀၀ ကနေ အေဒီ ၁၀၀ ဆိုတော့ နှစ်ပေါင်း ၁၅၀၀ လောက် ကြာတယ်အစ်ကိုရ။ စာရေးတဲ့ သူတွေ သုံးတဲ့ မူရင်း ဘာသာရပ် ကတော့ အများအားဖြင့် ဟီဘရူး(Hebrew) နဲ့ ဂရိ(Greek) ဘာသာတွေ ပေါ့။ ဓမ္မဟောင်းကို ဟီဘရူး(Hebrew) နဲ့ ရေးခဲ့ပြီး၊ ဓမ္မသစ်ကို ဂရိ(Greek) နဲ့ ရေးခဲ့တယ်လို့ အကြမ်းဖြင်းမှတ်ယူလို့ ရတယ်။ နောက်ပိုင်းမှ အစ်ကိုတို့ ကျွန်တော်တို့ သုံးတဲ့ ဘာသာတွေကို ဖြည်းဖြည်းချင်း ပြန်ယူခဲ့ကြတာ။ မြန်မာကျမ်းစာကိုတော့ ဆရာကြီး ယုဒဿန်က ပြန်ဆိုခဲ့တာပေါ့ အစ်ကိုရာ။” ခေတ္တခန့်မျှ ကိုထူးဆန်းသည် အနားယူပြီး စားသောက်လိုက်ပြန်သည်။ ပြီးမှ ဆက်၍
  • 15. ကိုထူးဆန်းမှတ်တမ်းများ Page: 15 ” အခုပြောတဲ့ကောက်ကြောင်းတွေကတော့ နည်းနည်းပဲရှိသေးတယ် အစ်ကိုရ။ ကောက်ကြောင်းများများ လိုချင်ရင်တော့ အစ်ကို့ကို စာအုပ်တအုပ်ဖတ်ဖို့ ကျွန်တော်ညွှန်းလိုက်ပါမယ်။ အစ်ကို စိတ်ဝင်စားမယ်ဆိုရင်ပေါ့လေ။” ”ဟာ စိတ်ဝင်စားတာပေါ့ ငါ့ညီရာ။ လုပ်စမ်းပါဦး ဘယ်စာအုပ်ကို ဖတ်ရမှာလဲ” ကိုထူးဆန်းသည် ဘော(လ်)ပင်နှင့် စာရွက်ဖြတ်ပိုင်းလေးတစ်ခုကို ရှာဖွေလာပြီး အောက်ပါအတိုင်း စာအုပ် အမည်နှင့် စာရေးဆရာအမည်ကို ရေးခြစ်လိုက်လေသည်။ The Bible by Karen Armstrong ” ဒီစာအုပ်ကို ၀ယ်ရင် ပိုက်ဆံကုန်ပါတယ်။ စင်္ကာပူ စာကြည့်တိုက်မှ ငှါးလို့ရပါတယ်။ အစ်ကို ငှါးဖတ်ပေါ့။” ”ကျေးဇူးကြီးလှပါတယ် မောင်မင်းကြီးရယ်။ ကဲ ဆက်ပါဦး။ ကောက်ကြောင်းလေးတွေ ရပြီဆိုပါတော့ အစ်ကို ဘာဆက်လုပ်ရမတုန်း။” ”အဲ.. ဒီလို ရပြီဆိုရင်တော့ ကျမ်းစာကို အသေးစိတ် ဖတ်ရမှာပေါ့ အစ်ကိုရာ။ ကျမ်းစာမဖတ်ခင် အရေးကြီးဆုံး အလုပ်တစ်ခုကို အစ်ကို လုပ်ရမယ်။ အဲဒါက ဘာလဲဆိုတော့ မာနကို ချပြီး၊ နားလည်နိုင်တဲ့ အခွင့်ကို ဘုရားထံမှာ ဆုတောင်းရမယ်။ ဒီအချက်ဟာ အရေးကြီးတယ်။ ဒီအချက်ဟာ ဘယ်လောက်အရေးကြီးသလဲဆိုရင် ဒီအချက်ကို မလုပ်ရင် ကျမ်းစာကို ဖတ်ကိုမဖတ်နဲ့လို ကျွန်တော်ပြောချင်တယ်။ အိမ်ခန်းတစ်ခုထဲဝင်ချင်ရင် တံခါးကိုဖွင့်ရတယ် အစ်ကိုရ။ တံခါးမဖွင့်ရင် အိမ်ခန်းထဲကို ဘယ်လိုမှဝင်လို့မရဘူး။ ကျမ်းစာမဖတ်ခင် ဆုတောင်းချင်းဟာ လဲ တံခါးဖွင့်တာပါပဲ။ တံခါးပွင့်မှ နက်နဲတဲ့ကျမ်းစာကို နားလည်နိုင်တာ။ နောက်တစ်ခုရှိသေးတယ်။ ကျမ်းစာဖတ်နေစဉ်မှာ ကျမ်းစာပါ အကြောင်းအရာတွေကို Facts တွေမှ ဟုတ်ရဲ့လားလို့ မဆန်းစစ်နဲ့ဗျ။ ကျွန်တော်ဆိုလိုတာက ကျမ်းစာမဖတ်တဲ့ တခြားအချိန်တွေမှာ ကျမ်းစာပါ အချက်အလက်တွေကို သမိုင်းအရ၊ ရှေးဟောင်း သုတေသနပညာအရ လေ့လာနိုင်ပါတယ်။ ဒါပေမယ့် ကျမ်းစာဖတ်နေစဉ်အတွင်းမှာတော့ ဒါတွေကို မေ့ထားရမယ်။ ပြီးမှ ကျမ်းစာပါ အနက်တွေကိုပဲ အနုလုံ ပဋ္ဋိလုံ စိတ်ထဲမှာ စဉ်းစားရမယ်။”
  • 16. ကိုထူးဆန်းမှတ်တမ်းများ Page: 16 ကိုထူးဆန်းသည် ခေတ္တ ခန့် ပြောဆိုခြင်းကို ရပ်နားလိုက်သည်။ အတန်ငယ်ကြာအောင် စဉ်းစားခြင်း အမှုကို ပြုပြီးမှ ” St. Augustine အကြောင်းကို အစ်ကို ကြားဖူးလား မသိဘူး။” ”မကြားဘူးပါဘူး ငါ့ညီရာ။ သူက ဘယ်သူတုန်း” ကိုထူးဆန်းသည် အနည်းငယ်ပြုံးလေသည်။ ဘာမှ မသိသည့် ကလေးသူငယ်တစ်ယောက်အား ဂရုဏာသက်သည့် အပြုံးမျိုး ဖြစ်သည်။ ”St. Augustine ဆိုတာ ရောမလူမျိုး၊ ကျမ်းတတ် ဖီလိုဆိုဖာ တစ်ယောက် အစ်ကိုရေ။ သူငယ်ငယ်တုံးက ခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့ မယုံကြည်သူ တစ်ယောက်ပေါ့ဗျာ။ အဖေဖြစ်သူက pagan ဘာသာဝင်။ အမေ ကတော့ ခရစ်ယာန်ပေါ့ဗျာ။ အမေဖြစ်သူက သားကို ခရစ်ယာန် ဖြစ်စေချင်တယ်။ နားကောက်တဲ့ Augustine ဟာ အမေရဲ့ ဆန္ဒကို မလိုက်နာဘူး အစ်ကိုရ။ တခြားဘာသာတွေနောက်ကို လိုက်တယ်။ ပညာ လည်း ပညာတတ်။ အဲ တစ်နေ့တော့ ပန်းခြံတစ်ခုမှာထိုင်နေတုန်း မနီးမဝေး အိမ်ကနေ ကလေးလေးတစ်ယောက်ရဲ့ သီချင်းဆိုသံကို ကြားတယ်။ tolle, lege ဆိုပြီး သီချင်းလိုလို ဆိုသံကို ကြားရတယ်။ အဓိပ္ပါယ် ကတော့ ”ဖွင့်ပါ၊ ဖတ်ပါ” ပေါ့ဗျာ။ ဒီကလေးက ဒီသီချင်း နဲ့ ဒီစာသားကို ဘာကြောင့် ဆိုရသလဲ တစ်ခုခုတော့ တစ်ခုခုပဲလို့ စဉ်းစားမိပြီး၊ ပန်းခြံကနေ ချက်ချင်း အိမ်ကို ပြန်တော့ တာပါပဲ။ အိမ်ရောက် တော့ ရှင်ပေါလု ရေးတဲ့ ရောမသြ၀ါဒ စာကို တွေ့ တာ နဲ့ ဖွင့်ဖတ်လိုက်တာ အခုလို ရေးထားတာကို တွေ့တော့တာပဲဗျို့ ။ ”ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်း၊ မတရားသောမေထုံ၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အ ချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ ၁၄သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တက်မက်ခြင်းအလို့ငှါ မကြံစည်ကြနှင့်။” ရောမသြ၀ါဒစာ ၁၃း၁၃-၁၄
  • 17. ကိုထူးဆန်းမှတ်တမ်းများ Page: 17 ”အဲဒီစာသားက ဒီပုဂ္ဂိုလ်ကြီးကို တိုက်ရိုက်ထိမှန်တော့တာပဲ ဗျို့ ။ ဘာကြောင့်လဲဆိုတော့ သူဟာ လက်မထပ်ပဲ မိန်းမ ယူဘူးတယ်ဗျ။ မတရားသောမေထုန်ပေါ့ အစ်ကိုရာ။ အမှောင်ထဲမှာလည်း ကျင်လည် ခဲ့ဘူးတယ်။ ဒီစာကြောင်းလေးကို ဖတ်လိုက်တာနဲ့ သတိတရားနဲ့ အလင်းကို ချက်ချင်းရသွားတော့တာပဲ။ အဲဒီ နောက်ပိုင်းမှာ ခရစ်ယာန်တစ်ယောက် ဖြစ်သွားပြီး ကြီးကြီးကျယ်ကျယ်ဖြစ်သွားလိုက်တာ ခုထက်ထိ လူသိနေသေးတဲ့ နာမည်ကျော် ဘုန်းကြီး တစ်ပါး ဖြစ်သွားတာပေါ့ဗျာ။ အစ်ကို သိအောင်လို့သာ သူ့ အကြောင်းကို ပြောပြတာပါ။ ကျွန်တော်ပြောချင်တာက သူ့အကြောင်းမဟုတ်ဘူး။ သူရဲ့ ကျမ်းစာ ဖတ်နည်း အကြောင်းပဲ။ သူက ဘာပြောသလဲဆိုတော့ ကျမ်းစာဟာ ယုံကြည်မှုနဲ့သာ ဆိုင်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် အချက်အလက်တွေဟာ မှန်တယ်၊မှားတယ်ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘုရားက ကျွန်တော်တို့ လူသားတွေကို ကယ်တင်ခြင်းအကြောင်းကိုသာ သိစေချင်တဲ့ အချက်ပဲ။ ဒီအချက်နဲ့ ပတ်သက်ပြီး သူအင်္ဂလိပ်နဲ့ ရေးထားတဲ့ အချက်ကို ကျွန်တော်ပြမယ်။” ကိုထူးဆန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ၄င်း၏ စာအုပ်ဗီရိုများဆီသို့ သွားကာ စာအုပ်တအုပ်ကို ထုတ်ယူလိုက်လေသည်။ စာအုပ်မှာ St.Augustine ၏ de genesi ad litteram ဖြစ်ပေသည်။ ကိုထူဆန်းသည် စာအုပ်ကို လှန်လှောရှာဖွေလိုက်ပြီး အောက်ပါ အင်္ဂလိပ်ဘာသာဖြင့် စာပိုဒ်ကို ပြလေသည်။ With the scriptures it is a matter of treating about the faith. For that reason, as I have noted repeatedly, if anyone, not understanding the mode of divine eloquence, should find something about these matters [about the physical universe] in our books, or hear of the same from those books, of such a kind that it seems to be at variance with the perceptions of his own rational faculties, let him believe that these other things are in no way necessary to the admonitions or accounts or predictions of the scriptures. In short, it must be said that our authors knew the truth about the nature of the skies, but it was not the intention of the Spirit of God, who spoke through them, to teach men anything that would not be of use to them for their salvation. – De Genesi ad literam, 2:9 "ဒီလို အင်္ဂလိုဖတ်လိုက်တော့ အစ်ကို ပိုနားလည် သွားမယ်လို့ ထင်တယ်” ”အင်း အခုမှပဲ သဘောပေါက်တော့တယ် ငါညီ။ အစ်ကို ငါ့ညီဆီ အလည် မလာခင်တုန်းက ဗဟုသုတ သက်သက်အတွက်ပဲ လာခဲ့တာပါ။ အခုတော့ ၀ိညာဉ် ခွန်အားပါ အများကြီးရတယ်။ ငါ့ညီနဲ့ စကားပြောရ တာ တစ်ခေါက်ဆို တစ်ခေါက်အတိုင်း တန်ဖိုး ရှိလှပါပေတယ်။ မောင်မင်းကြီးသားကို ဘုရား ဆထက်တန်ဖိုး ကောင်းချီးပေးပါစေ” ကိုထူးဆန်းသည် စာရေးသူ၏ ရင်ထဲမှ လာသော ဆုတောင်းကောင်းချီးပေးခြင်းကို ငြိမ်သက်စွာ ခံယူလေသည်။ တဒင်္ဂမျှ တိတ်ဆိတ်မှုသည် လွှမ်းမိုးသွားတော့သည်။ ထိုအခိုက်မှာပင် စာရေးသူ၏ လက်ကိုင်ဖုန်းသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဇနီးသည်ထံမှ ဖြစ်ပြီး အကြောင်းမကြားဘာမကြား ပျောက်နေသောကြောင့် ဆူပူခြင်းအမှုကို ပြုလေသောကြောင့် သည်းခံကာ နားထောင်ရလေသည်။ ပြီးမှ အိမ်သို့ ပြန်လာရန် ရာဇသံ ပေးတော့လေရာ အရေးကောင်းချိန်မှ ဒိန်းဒေါင်း ဖျက်ချေပြီ။ ကိုထူးဆန်းသည် ကျွန်ုပ် နှင့် ဇနီးသည်တို့ အချီအချ ပြောနေသည်ကို နားထောင်ပြီး
  • 18. ကိုထူးဆန်းမှတ်တမ်းများ Page: 18 ”အစ်ကိုရဲ့ ဇနီးသည်က အိမ်ပြန်လာဖို့ ပြောပြီနဲ့တူတယ်။ ဇနီးမယားက ပိုပြီး ဦးစားပေးရတယ် အစ်ကိုရေ။” ”အေးကွာ ငါ့ညီရာ။ စကားကောင်းတုံး အဖျက်က လာတော့တာပဲ။ ကဲ အစ်ကို့ကို ခွင့်ပြုပါဦး။ မိန်းမနား ပြန်ကပ်ရဦးမယ်။” ”ပြန်သာ ပြန်ပါ အစ်ကိုရာ။ နောက်လဲလာလယ်လို့ ရတာပဲ။ အစ်ကို ကျွန်တော်နဲ့ ဆွေးနွေးချင်ရင် ကျွန်တော့်ကိုသာ ဖုန်းခေါ်လိုက်။ ကျွန်တော့ လက်ကိုင်ဖုန်းနံပါတ်ကတော့ -------- ။” စာရေးသူသည် ကိုထူးဆန်း၏ ဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီး ၄င်းကို နူတ်ဆက်ကာ လာလမ်းအတိုင်း ပြန်ခဲ့လေသည်။ စိတ်ထဲမှာတော့ ၀မ်းမြောက်ခြင်းနှင့် ကျေနပ်ခြင်းတို့သည် ဒွန်တွဲ ဖြစ်ပေါ်နေသည်။ အိမ်ရောက်လျှင် အိမ်သူသက်ထား ဇနီး မယားအား ပြန်လည် ဝေငှပြောကြားရန် စိတ်ကူးရင်း...... (ဤဆောင်းပါး၌ ဖေါ်ပြထားသော အတွေးအမြင်တို့သည် ကိုထူးဆန်း၏ အတွေးအမြင်များသာ ဖြစ်ပါသည်။ စာရေးသူ၏ အတွေးအမြင်များ မဟုတ်ပါ။ မေးခွန်းများရှိပါက ကိုထူးဆန်းကိုသာ ဆက်သွယ်မေးမြန်းကြပါကုန်) နာမတော်မြတ်၌ လှမင်းသူ ကိုထူးဆန်း နှင့် ဒုက္ခဆင်းရဲများအကြောင်း Thursday, 13 May 2010 08:50 လှမင်းသူ ဂေါက်ရောဂါ .... Gout ဟု အင်္ဂလိပ်လို အမည်တွင်လေသော အနှီရောဂါသည် စာရေးသူ၏ ဘ၀ထဲသို့ မမျှော်လင့်ပဲ တိတ်ဆိတ်စွာ အစပြု ၀င်ရောက်ခဲ့သည်။ အစဦးပိုင်း၌ စာရေးသူထံသို့ တစ်လှမ်း၊ နှစ်လမ်း အစမ်းသဘောဖြင့် မသိမသာ ခြေဖျားထောက်ဝင်ရောက်ခဲ့ပြီး အခြေခိုင်မည်ဟု ထင်သောအခါ ခြေစုံပစ်၍ ၀င်လာတော့သည်။ ဖြစ်စက စစ်ကနဲ့ စစ်ကနဲ နာကျင်မှု ဖြစ်ရုံမျှသာဖြစ်ပြီး ဖြစ်သည့် နှုန်းမှာလည်း နှစ်ချီ၍ ခြားတတ်ပေသည်။ တစတစ နှင့် ၄င်းရောဂါသည် အရှိန်ရလာပြီး တစ်နှစ်လျှင် နှစ်ခါ သုံးခါ ဖြစ်ရာမှ ယခုတလော နှစ်များအတွင်း ၆ ကြိမ်ထက် မနည်း အတင့်ရဲကာ ကျူးကျော်တိုက်ခိုက်လာတော့သည်။ ထိုမျှသာမက နာကျင်မှုဝေဒနာ ပြင်းအားသည်လည်း တိုး၍ တိုး၍ ပြင်းထန်လာသည်။ ရောဂါအစပိုင်းတုန်းက ထော့နဲ့ထောနဲ့ နှင့် သွားလာနိုင်သော်လည်း၊ ပိုမိုပြင်းထန်လာချိန်၌ ကားယားကားယားနှင့် ခြေကို ဒရွတ်တိုက်ဆွဲ သွားလာရပြီး၊ အပြင်းထန်ဆုံး အချိန်၌မူ လမ်းလျှောက်၍ မရအောင်ပင် နာကျင်လှသဖြင့် အိပ်ရာထဲမှာပင် ဘုံးဘုံးလဲရသည်အထိ ဖြစ်ရလေသည်။ ၄င်းရောဂါ ဖြစ်ရခြင်းအကြောင်း အရင်းမှန်မှာ ခန္ဓာကိုယ်အတွင်းတွင် ယူရစ်ဟုခေါ်သော အက်စစ်တစ်မျိုးသည် လွန်ကျူးစွာ များပြားနေခြင်းကြောင့် ဖြစ်သည်။ များပြားလှသော ထိုအက်စစ်သည် သွေးများအတွင်း လှည့်ပတ်နေရာမှ ပြစ်လွန်းလှသဖြင့် ပုံဆောင်ခဲလေးများ အသွင်ဆောင်ကာ ခန္ဓာကိုယ်၏ အဆစ်လေးများတွင် အနယ်ကျ စုပုံလေတော့သည်။ ခန္ဓာကိုယ်က ထိုပုံဆောင်ခဲလေးများကို ကျူးကျော်ဝင်ရောက်လာသော
  • 19. ကိုထူးဆန်းမှတ်တမ်းများ Page: 19 ရန်သူများအထင်ဖြင့် တိုက်ခိုက်ကြလေရာ ထိုသို့တိုက်ခိုက်ခြင်း၏ အကျိုးဆက် အနေဖြင့် ရောင်ရမ်းခြင်းသည် ဖြစ်ပေါ်လာရသည်။ ထိုရောဂါကိုကာကွယ်ရန် ယူရစ်အက်စစ်များသော အစာများဖြစ်သည့် နီသောအသားများ၊ ပဲအမျိုးမျိုး၊ မျစ်ချဉ်၊ စသည့် အစာများကို ရှောင်ကျဉ်ရပေသည်။ အစားမရှောင်နိုင်၍ ဖြစ်ပြီဟေ့ဆိုလျင် ယူရစ်အက်စစ်ပုံဆောင်ခဲလေးများကို တတ်နိုင်သမျှ ပြန်၍ ဖျော်ပစ်ရသည်။ ရေများများသောက်၍ ဆီးများများသွားခြင်း အမှုကို ပြုနိုင်လျှင် ပုံဆောင်ခဲလေးများ ပျော်ဝင်သွားကြပြီး ဆီးနှင့်အတူပါသွားနိုင်သဖြင့် သက်သာပျောက်ကင်း နိုင်ပေသည်။ စာဖတ်သူတို့အတွက် ဗဟုသုတ အလို့ငှာ ဂေါက်ဖြစ်စေသည့် ပုံဆောင်ခဲကလေးများကို ဖော်ပြလိုက်ပါသည်။ အပ်ကလေးများသဏ္ဍာန် ယူရစ်အက်စစ် ပုံဆောင်ခဲလေးများ တစ်ညသ၌ အနှီဂေါက်သည် အကြောင်းကြားခြင်းမရှိပဲ ကောက်ခါငင်ကာ ဖြင့် စာရေးသူအား တိုက်ခိုက်လေတော့သည်။ နံနက်လင်း၍ ထသောအခါ ခြေကျင်းဝတ်မှာ ယောင်ကိုင်းနေပြီး လမ်းလျှောက်၍ မရတော့။ တခါတရံ၌ အပ်အစင်းပေါင်းများစွာ ခြေကျင်းဝတ်ကို စူးဝင်နေသကဲ့သို့သော နာကျင်မှုဒဏ်ကို ခံစားရပြီး တခါတရံ၌မူ အရိုးများ အက်ကွဲသကဲ့သို့ နာကျင်မှုမျိုးကို ခံရ၏။ ”အစ်မလေး၊အဘလေး” ညည်းညူအော်ဟစ်နေရကာ နာကျင်မှုကြောင့် ယောက်ျားတန်မဲ့ မျက်ရည်ကျရသည်။ မိမိအိပ်သည့် အိပ်ရာမှ ဘယ်မှ မထနိုင်သဖြင့် ဇနီးသည်မှ စာရေးသူအတွက် ၀တ်ကြီးဝတ်ငယ် အဖွယ်ဖွယ်ကို ပြုရသည်။ ဒင်း(ဂေါက်ရောဂါ) ပြုသမျှကို နှစ်ရက်ဆက်တိုက်လည်စင်း၍ ခံပြီးသောအခါမှ စာရေးသူမှာ သက်သာခြင်းသို့ ရောက်ရတော့သည်။ သက်သာသည်ဟုဆိုသော်လည်း အရှင်းပျောက်ခြင်းကား မရှိသေးပေ။ နာလန်ထလာခါစအချိန်မှာပင် အိမ်သူသက်ထား ဇနီးမယားမှ ဟင်းချက်ရင်းတန်းလန်း ဆီပြတ်သွားသဖြင့် ဆီအ၀ယ်ထွက်ပါဦးဟု မညှာမတာခိုင်းတော့လေရာ မည်သို့မှ ခွန်းတုံ့ မပြန်တော့ပဲ အနီးအနားရှိ Ang Mo Kio Hub ဈေးသစ်ကြီးဆီသို့ ဆီအ၀ယ်တော် ထွက်ရလေတော့သည်။ နာကျင်ခြင်းကို ကျိတ်မှိတ်ပြီး ထော့နဲ့ ထော့နဲ့နှင့် အချိန်အတော်ကြာအောင် ကြိုးစားသွားလာတော့မှ ဈေးဆီသို့ ရောက်တော့သည်။ ဆီကို ၀ယ်အပြီး ဆိုင်မှ အထွက်တွင်မူ အကင်းမသေသေးပဲ လမ်းလျှောက်ခြင်းကြောင့်၎င်း၊ သယ်ယူရသော ဆီပုံးအလေးကြောင့်၎င်း( သာမန် အခြေအနေ၌ ဆီပုံးအလေးသည် ဘာမှ မပြောပါလောက်သော်လည်း ခြေထောက်မှ ဒဏ်ကြောင့်