SlideShare a Scribd company logo
1 of 32
Download to read offline
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ပထဝီနိုင်ငံရေး
သဘောတရားနှင့် လက်တွေ့
မင်းသေ့
ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင်
ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင်
လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ်
သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက်
ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့်
အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ပထဝီနိုင်ငံရေး
သဘောတရားနှင့် လက်တွေ့
မင်းသေ့
ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင်
ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင်
လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ်
သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက်
ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့်
အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။
အယ်ဒီတာ
1
ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁)
ပထဝီနိုင်ငံရေး
သဘောတရားနှင့် လက်တွေ့
မင်းသေ့
ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင်
ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင်
လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ်
သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက်
ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့်
အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။
အယ်ဒီတာ
2
ပထဝီနိုင်ငံရေး သဘောတရားနှင့် လက်တွေ့
ပထဝီနိုင်ငံရေး၏သဘာဝ
ပထဝီနိုင်ငံရေးသည် နိုင်ငံတကာဆက်ဆံရေးပညာရပ်တွင် အဓိကအရေးပါသော ဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံ
ရေးကို နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကျင်လည် နေသည့်ပုဂ္ဂိုလ်များ အထူးပြုလေ့လာသည်။
နိုင်ငံတည်ဆောက်ရေး သမားများ၊ နိုင်ငံရေးအကြံပေး များနှင့် သံအမတ်များ၊ သံတမန်များ အထူးသဖြင့်
လေ့လာအပ်သည့် ဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး သည် သီအိုရီသဘောအရ ကျယ်ပြောသည်ဟု မဆိုနိုင်။
သို့သော် သဘောတရားအရ အလွန်ကျယ်ပြန့်သည်။ ပထဝီသဘောကို လိုက်၍ နိုင်ငံရေးအယူအဆ၊
နိုင်ငံရေးအမြင်များကို ကြည့်ရှုသုံးသပ်နိုင်သည်။
ပထဝီနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ
ပထဝီနိုင်ငံရေးရာ အချက်အလက်များသည် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အလွန်အသုံးဝင်သည်။ ထို့အပြင်
အခြားနိုင်ငံများက ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒများ၏ အနှစ်သာရကို ချည်းကပ်လေ့လာရာတွင်လည်း များစွာ
အရေးပါ၊ အရာရောက်သည်။ ထို့ကြောင့်ပင် နိုင်ငံခြားရေးမူဝါဒသည်သည် နိုင်ငံ့၏ပထဝီနှင့် ဆက်စပ်နေသည်ဟု
ဆိုခြင်းဖြစ်သည်။ နိုင်ငံ့ပထဝီဆိုသည်ကပင် ပထဝီနိုင်ငံရေးဖြစ်သည်။
- Foreign Policy related with State Geography especially Geopolitics
ပထဝီနိုင်ငံရေးကို အဓိကအားဖြင့် နက်နက်နဲနဲလေ့လာသိရှိထားသူတို့ကား နိုင်ငံခြားရေးမူဝါဒကို ချမှတ်သူများနှင့်
နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်သူများဖြစ်သည်။ အကြောင်းမှာ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရာတွင်
ပထဝီနိုင်ငံရေးသဘောသည် အဓိကပါဝင်နေသည်။ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအချင်းချင်းဆက်ဆံရာတွင်
မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကအကောင်အထည်ဖော်ရသောသဘောရှိသည်။ နိုင်ငံအကျိုးစီးပွား National
interest သည် ပထဝီရေးအရ များစွာဆက်စပ်နေသည်။ မြေကမ္ဘာပေါ်တွင် နိုင်ငံများဖြစ်ပေါ်လာသည်။
ဖြစ်ပေါ်လာသော နိုင်ငံများ၏ တည်နေရာ၊ အကျယ်အဝန်း၊ ရာသီဥတု၊ လူဦးရေ၊ မြေမျက်နှာသွင်ပြင်
အနေအထားစသည့် ပထဝီရေးရာအချက်အလက် များအပေါ်မူတည်၍ နိုင်ငံများ ပါဝါရှိခြင်း၊ မရှိခြင်း ဖြစ်လာရသည်။
ထို့ကြောင့် နိုင်ငံ၏ပါဝါသည် ပထဝီရေးရာအချက် အလက်များပေါ်တွင် များစွာမှီတည်နေသည်။
ပထဝီနိုင်ငံရေး (Geopolitics) ဟူသော ဝေါဟာရကို ဆွီဒင်နိုင်ငံရေးသိပ္ပံပညာရှင် ရူးဒေါ့ရှယ်လင် က ၁၈၉၉
ခုနှစ်တွင် စတင် သုံးစွဲခဲ့သည်။ သို့သော် ၁၉၃၀ ခုနှစ်လောက်ကျမှ ပထဝီနိုင်ငံရေးဆိုသည့်ဝေါဟာရကို
နိုင်ငံရေးနယ်ပယ်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။
3
ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီ အရောအထွေး
ပထဝီနိုင်ငံရေး (Geopolitics) ဆိုသည်မှာ ပထဝီကို အခြေပြု၍ လေ့လာသောနိုင်ငံရေးဖြစ်သည်။ ပထဝီနိုင်ငံရေးကို
လေ့ လာလျှင် များသောအားဖြင့် နိုင်ငံရေးပထဝီ (Political Geography) နှင့်ရောထွေးနိုင်စရာအကြောင်းရှိသည်။
ပထဝီနိုင်ငံ ရေးသည် ပထဝီကိုအခြေခံသောနိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးပထဝီသည် နိုင်ငံရေးကို အခြေပြု၍
လေ့လာသောပထဝီဖြစ် သည်။ ထို့ကြောင့် ပထဝီနိုင်ငံရေးသည် နိုင်ငံရေးဘာသာရပ်ဖြစ်သည်။ နိုင်ငံရေးပထဝီသည်
ပထဝီဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးကို ဗဟိုပြုပြီး ပထဝီကိုအခြေခံသော နိုင်ငံရေးဘာသာရပ်
ဟု ဆိုလျှင် ပြည့်စုံနိုင်စရာ အကြောင်းရှိသည်။ ထို့အတူ နိုင်ငံရေးပထဝီသည် ပထဝီကို ဗဟိုပြုပြီး နိုင်ငံရေးကို
အခြေခံသော ပထဝီဘာသာရပ်ဖြစ်သည်။
အခန်း (၁)
ပထဝီနိုင်ငံရေးအချက်အလက်
ပထဝီနိုင်ငံရေးဟု ဆိုလိုက်လျှင် ပထဝီနှင့်စပ်ဆိုင်သော အဓိကအချက် (၆) ချက်ကို ဗဟိုပြုရသည်။
၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေ အရွယ်အစား Size
၂။ တည်နေရာအနေအထား Location
၃။ ရာသီဥတု အခြေအနေ Climate
၎။ မြေမျက်နှာသွင်ပြင်အနေအထား Topography
၅။ လူဦးရေတည်ရှိမှုပုံစံ Demography
၆။ သဘာဝသယံဇာတခိုအောင်းမှု Natural Resources
၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေအရွယ်အစား (Size)
နိုင်ငံတစ်ခု၏ နယ်မြေအကျယ်အဝန်းသည် နိုင်ငံ၏ပါဝါကို အထောက်အကူပြုသည်။ နယ်မြေအကျယ်
အဝန်းတွင် အကြီးမားဆုံး ရုရှားနိုင်ငံနှင့် အသေးငယ်ဆုံးနိုင်ငံဖြစ်သော စင်ကာပူ၊ ဗာတီကန်စီးတီး စသည့်
နိုင်ငံများနှင့် ယှဉ်တွဲစဉ်းစား နိုင်သည်။ နယ်မြေအကျယ်အဝန်းကြီးမားခြင်းသည် နိုင်ငံပါဝါ အလိုအလျောက်
ရရှိလာခြင်း အကြောင်းလည်းဖြစ်သည်။ ဥပမာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ
စသည့် နိုင်ငံများဖြစ်သည်။ နိုင်ငံနယ်မြေ အကျယ်အဝန်းကြီးမားလျှင် ကြီးမားသလောက် ပါဝါတစ်စုံတစ်ရာကို
ရရှိပြီးဖြစ်သည်။
နိုင်ငံ၏နယ်နိမိတ်ကျယ်ဝန်းခြင်းကြောင့် အားသာချက်များ ဖြစ်လာသလို အားနည်းချက်တစ်ချို့လည်း
တွဲဖက်ပါ လာတတ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာနယ်နိမိတ်စည်းကို ကာကွယ်ရန် စစ်ရေးအင်အား တောင့်
တင်းရန်လိုသည်။ နယ်နိမိတ်ကျယ်ဝန်းသောနိုင်ငံများရှိ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်များ ထားရှိ
ရခြင်းကြောင့် စစ်ရေးအသုံးစရိတ် များစွာအသုံးပြုရသည်။ ထို့ကြောင့် စစ်ရေးအသုံးစရိတ်သည် နိုင်ငံတော်ဘဏ္ဍာမှ
ရာခိုင်နှုန်းအတော်များများ ထုတ်သုံးရသော အားနည်းချက်မျိုးရှိသည်။ ထို့အတူ နယ်စပ်ဒေသများတွင် အထူးသဖြင့်
4
နယ်မြေ မတည်ငြိမ်မှုဖြင့် ကြုံရတတ်သည်။ လူမျိုးစုသူပုန်များ၊ လက်နက်ကိုင်အင်အားစုများ ခိုအောင်းရာ
ဒေသသည် နယ်စပ်ဒေသအများစုဖြစ်သည်။ အထူးသဖြင့် လူမျိုးပေါင်းစုံတည်ရှိနေသောနိုင်ငံမျိုးတွင် ထိုသို့သော
ပြဿနာများရင်ဆိုင်ရတတ်လေ့ရှိသည်။ ဥပမာ မြန်မာနိုင်ငံ။
၂။ တည်နေရာအနေအထား (Location)
နိုင်ငံတစ်ခု၏ တည်နေရာသည် နိုင်ငံအတွက် အလွန်အရေးပါသည်။ နိုင်ငံတည်ခုအတွက် တည်နေရာသည်
သဘာဝကပေးသော ကံတရားဟု ဆိုနိုင်သည်။ တည်နေရာအနေအထားကို အကြမ်းဖြင်းအားဖြင့် အချက် (၃)
ချက်ဖြင့် ခွဲခြားကြည့်နိုင်သည်။
(က) ကုန်းတွင်းပိတ်နိုင်ငံ Close position (land lock State)
(ခ) ကမ်းရိုးတန်းရှိ နိုင်ငံ Open position
(ဂ) ကျွန်းနိုင်ငံ Island
(က) ကုန်းတွင်းပိတ်နိုင်ငံ
ကုန်းတွင်းပိတ်နိုင်ငံများ၏ အဓိကအားနည်းချက်မှာ ပင်လယ်ထွက်ပေါက်မရရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့်
မိမိဘေးပတ်လည်ရှိနိုင်ငံများနှင့် သင့်မြတ်အောင်နေထိုင်ရသည်။ ကုန်းတွင်းပိတ်နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒသည်
နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဆန့်ကျင်ဘက်ရှိ၍ မရချေ။ မိမိနိုင်ငံရှင်သန်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံများကို အမြဲမှီခိုနေရသောသဘောရှိသည်။ ပိုင်ဆိုင်သည့်ပင်လယ်မရှိ၍
ရေတပ်အင်အားကို ကောင်းစွာတည်ဆောက်ခွင့်မရ။ ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပြေလည်အောင်
အမြဲကြိုးစားအားထုတ် နေရသည်။ ပင်လယ်ထွက်ပေါက်မရှိခြင်းကြောင့် အလျော့ပေးလိုက်လျောရသောမူဝါဒများ
များစွာရှိသည်။ ထို့အတူ ပင်လယ်မှရရှိသည့် အကျိုးအမြတ်ခံစားမှုများလည်း အလိုအလျောက် ပျက်ရသည်။
ပင်လယ်အစားအစာနှင့် သယံဇာတ များကို နိုင်ငံခြားတိုင်းပြည်မှ အမြဲတမ်းတင်သွင်းနေရသည်။ နိုင်ငံအတွင်း
မြစ်ချောင်းအင်းအိုင်များ ပေါများစွာမရှိလျှင် ထိုဒုက္ခသည် ကုန်းတွင်းပိတ်တည်ရှိနေသောနိုင်ငံအဖို့ မထောင်းသာ
လှချေ။ ဥပမာ သဲကန္တာရများနှင့် ကုန်းတွင်းပိတ်ဖြစ်နေ သော အာဖရိကအလယ်ပိုင်းနိုင်ငံများဖြစ်သည်။
(ခ) ကမ်းရိုးတန်းရှိနိုင်ငံ
ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအဖို့ များစွာ အဖိုးတန်သည်။ ပင်လယ်ရေတပ်အားကို
တည်ဆောက်ရန် အခွင့်အလမ်းရှိသည်။ ပင်လယ်ရေတပ်အင်အားသာ ကြီးမားပါက ရန်သူကို အလိုအလျောက်
ကာကွယ် ပြီးသော သဘာဝအတားအဆီးဖြစ်နေသည်။ အထင်ရှားဆုံးသာဓကမှာ ဥရောပတွင် ပြင်သစ်ဧကရာဇ်
နပိုလီယံ အင်ပါယာ ချဲ့ထွင်ရာတွင် ဂရိတ်ဗြိတိန်ပါဝင်သွားခြင်း မရှိချေ။ ဗြိတိန်သည် ပင်လယ်အတားအဆီးဖြင့်
သဘာဝအကာအရံကို ရရှိထား သောကြောင့်ဖြစ်သည်။
ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံတွင် အနေအထား ၂ မျိုးကိုတွေ့ရပြန်သည်။ ကမ်းရိုးတန်းရှည်လျားစွာ
ပိုင်ဆိုင်သောနိုင်ငံနှင့် ပင်လယ်ကမ်းရိုးတန်း အနည်းငယ်သာပိုင်ဆိုင်သောနိုင်ငံဟူ၍ တွေ့ရပြန်သည်။ ပင်လယ်
ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်ခြင်းသည် ပင်လယ်ရေတပ်အင်အားကို တည်ဆောက်နိုင်ခွင့်ကိုလည်း ရရှိသည်။
5
ထို့အပြင် မိမိပိုင်ဆိုင် ထားသော ပင်လယ်ပြင်၏ မဟာဗျူဟာအချက်အခြာကျမှုသည် ပင်လယ်ကမ်းရိုးတန်းရှိ
နိုင်ငံအတွက် လွန်စွာအရေးပါ သည်။
(ဂ) ကျွန်းနိုင်ငံ
ကျွန်းနိုင်ငံတွင် အမျိုးအစား (၂) မျိုးခွဲခြားနိုင်သည်။
(က) ပင်မကျွန်းကြီးတစ်ခုတည်းသာ တည်ရှိသောနိုင်ငံ
(ခ) ကျွန်းစုများများ စုပေါင်းထားသောနိုင်ငံ ဟူ၍ ဖြစ်သည်။
မာဒါဂတ်စကားသည် ပင်မကျွန်းကြီးတစ်ခုတည်းသာရှိသောနိုင်ငံဖြစ်သည်။ ပင်မကျွန်းကြီးဆိုသည်မှာ
နိုင်ငံတွင် အဓိကပိုင်ဆိုင်ထားသော၊ တစ်ဆက်တည်းရှိ ကုန်းမြေကြီးကို ဆိုလိုသည်။ သီရိလင်္ကာနိုင်ငံသည်လည်း
ပင်မကျွန်းတစ်ခု သာရှိသောနိုင်ငံအမျိုးအစားဖြစ်သည်။ စင်္ကာပူသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ကျွန်းစုများစုပေါင်းထား သောနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့သောသောနိုင်ငံများပင်ဖြစ်သည်။ ထိုကဲ့သို့
သောနိုင်ငံများတွင် အဓိကကျွန်း ကြီးများလည်း ရှိသည်။ ကျွန်းငယ်အများအပြားလည်း ပိုင်ဆိုင်ထားသည်။
ဖိလစ်ပိုင်တွင် ကျွန်းပေါင်း ၇၀၀၀ ကျော်ခန့်ရှိ သည်။ အင်ဒိုနီးရှားတွင် ကျွန်းပေါင်း ၁၃၀၀ ရှိသည်။ ကျွန်းနိုင်ငံဖြစ်
ခြင်းပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များဖြစ် ပေါ်လာသည်။ ကျွန်းစုအများအပြား စုစည်းဖြစ်တည်
နေခြင်းသည်လည်း အားနည်းချက်ကိုယ်စီရှိနေသည်။
၃။ ရာသီဥတုအခြေအနေ (Climate)
ကမ္ဘာ့ရာသီဥတုအား အကြမ်းဖျင်းအားဖြင့် အခြေအနေ (၅) ရပ်တွင်တွေ့ရသည်။ ထိုအခြေအနေတွင်
ရှိသော ဒေသကြီး (၅) ရပ်ရှိသည်။
(၁) ပူလွန်းသော ဒေသ
(၂) အပူပိုင်းဒေသ
(၃) သမပိုင်းဒေသ
(၄) အအေးပိုင်းဒေသ
(၅) အအေးဆုံးဒေသ ဟူ၍ ဒေသကြီး (၅) ခု ပိုင်းခြားနိုင်သည်။
အီကွေတာမျဉ်းပေါ်နှင့် အီကွေတာရပ်ဝန်းဒေသသည် အပူဆုံးဒေသဖြစ်သည်။ ၎င်းသည် အပူပိုင်းဇုံနှင့်
ဆက်စပ် လျက်ရှိသည်။ ဝင်ရိုးစွန်းဒေသများသည် အအေးဆုံးဒေသများဖြစ်သည်။ ထိုဒေသများတွင်
စ်နှစ်ပတ်လုံးရေခဲနေသည်။ အီကွေတာရပ်ဝန်းဒေသသည် သဲကန္တာရများဖြင့် အတိပြီးနေသည်။ အထူးသဖြင့်
သမပိုင်းဇုံတွင်ကျရောက်သော နိုင်ငံများ သည် ရာသီဥတုအသင့်အတင့်ရရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုး
တိုးတက်လေ့ရှိသည်။ အများအားဖြင့် သမပိုင်းဇုံရှိနိုင်ငံများ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်
ဖြစ်ထွန်းလေ့ရှိသည်။
အရစ္စတိုတယ်သည် သမပိုင်းဇုံတွင်ရှိသောလူများသည် အပူပိုင်းဇုံနှင့် အအေးပိုင်းဇုံတွင်ရှိသော လူများထက်
အားသာချက်များစွာရှိသည်ဟုဆိုသည်။ အထူးသဖြင့် တွေးခေါ်မြော်မြင်စွမ်းအား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင်
များစွာ ကွာခြားသည်ဟုဆိုသည်။ ရာသီဥတုအခြေအနေသည် တိုင်းပြည်အတွင်းနေထိုင်သော လူများ၏
6
စရိုက်လက္ခဏာများ အပေါ်တွင် များစွာ လွှမ်းမိုးမှုရှိသည်။ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်စဉ်းစားနိုင်မှုနှင့်
စိတ်ဓာတ်အရည်အသွေးများသည် မိမိနေထိုင်ရာရာသီဥတုအခြေအနေနှင့် ဆက်သွယ်နေသည်။ ဂေါတမဗုဒ္ဓသည်
ဥတုသပ္ပာယမျှတခြင်းကို ဟောကြားထား ခဲ့သည်လည်းရှိသည်။ ပတိရူပအရပ်ဒေသတွင် ဥတုသပ္ပာယမျှတခြင်း
သည်လည်း အချက်တစ်ချက်ပါဝင်သည်။
ရာသီဥတုကို ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်နိုင်သည်။ နိုင်ငံတစ်ခုအနေဖြင့် ရာသီဥတုအချက်
အလက်များ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေးအတွက် များစွာ အထောက်
အကူပြုသည်။ ဂျပန်နိုင်ငံသည် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ကို အမြဲလိုလိုခံစားနေရသော နိုင်ငံဖြစ်သည်။
ငလျင်ကြောင့် ပင်လယ်မုန်တိုင်း၏ ဖျက်ဆီးမှု ဒဏ် ကို ခံစားရသည်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အနှောက်အယှက်ဖြစ်ရသည်။ ဥရောပမြောက်ပိုင်းနိုင်ငံ တော်တော်များများသည် ရာသီဥတုအေးလွန်းသောဒဏ်ကို
အန်တုနိုင်ရန် မိမိ၏အိမ်အတွင်း ဓာတ်ငွေ့ဖြင့် အမြဲတမ်းအပူ ပေးထားရသည်။ ရုရှားမှဓာတ်ငွေ့အား အမြဲတမ်း
ဝယ်ယူသုံးစွဲနေရသည့်အတွက် နိုင်ငံဝင်ငွေအား လျော့ပါးစေရသည်။ ရာသီဥတုအေးလွန်း၍ ခရီးသွားလုပ်ငန်းအား
အမြဲတမ်း မလုပ်ကိုင်နိုင်ချေ။
ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီတို့သည် ရုရှား၏အအေးဒဏ်ကြောင့် စစ်ချီ၊ စစ်တက်ခြင်း မပြုနိုင်ခဲ့ချေ။
ရုရှား နိုင်ငံ၏ မြောက်ဘက်တစ်ချမ်းလုံးသည် အမြဲအေးခဲနေသောရာသီဥတုရှိခြင်းနှင့် တောင်တန်း၊သစ်တောများ
ထူထပ်စွာ ရှိနေခြင်းကြောင့် နိုင်ငံလုံခြုံရေးအတွက် သဘာဝအတားအဆီးကို အလိုအလျောက်ရရှိထားသည်။
အေးလွန်းပူလွန်းသော နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမှုအတွက်
အခက်အခဲဖြစ်နိုင်သည်။ အထင်ရှားဆုံး ဥပမာကား အာဖရိကအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည်။
အပူပိုင်းသဲကန္တာရဒေသဖြစ်ခြင်းကြောင့် မြစ်ချောင်း အင်းအိုင်ရှားပါးသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး မဖြစ်ထွန်း။
ထို့အတူ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်ခြင်းမရှိခြင်းကြောင့် ပင်လယ်ဆိုင်ရာ စားရေရိက္ခာလည်း မရရှိချေ။
နိုင်ငံအတွင်း မြေအောက်သယံဇာတကိုသာ မှီခိုနေရသည်။ နိုင်ငံနယ်နိမိတ် အတွင်း သဘာဝသယံဇာတ
ခိုအောင်းမှုပမာဏ နည်းပါးလျှင်ကား ပိုမို၍ပင် ဆင်းရဲမွဲတေရသည်။ ရာသီဥတုဆိုသည့် ရှုထောင့်က
ကြည့်ရှုလျှင်ကား သမပိုင်းဇုံတွင် ကျရောက်နေသော နိုင်ငံများသည် အကောင်းဆုံးအနေအထားပင်ဖြစ်သည်။
၎။ မြေမျက်နှာသွင်ပြင်အနေအထား (Topography)
နိုင်ငံတစ်နိုင်ငံအတွင်းပိုင်ဆိုင်ထားသော မြေမျက်နှာပြင်အနေအထားသည် လွန်စွာအရေးပါသည်။
မြေမျက်နှာ သွင်ပြင်ကို လိုက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်းလည်း ဖြစ်လာရသည်။
မြေမျက်နှာသွင်ပြင်ကွာခြားရခြင်း၏ အားသာချက်များရှိသည်။
မြေမျက်နှာသွင်ပြင်ကို အကြမ်းဖျင်းအားဖြင့် ဒေသ (၅) မျိုးခွဲခြားနိုင်သည်။
(၁) တောင်ပေါ်ဒေသ
(၂) မြေလတ်ဒေသ
(၃) မြေပြန့်ဒေသ
7
(၄) မြစ်ဝကျွန်းပေါ်ဒေသ နှင့်
(၅) ပင်လယ်ကျွန်းဒေသ ဟု ခွဲခြားသတ်မှတ်နိုင်သည်။
၅။ လူဦးရေတည်ရှိမှုပုံစံ (Demography)
Demography သည် နိုင်ငံအတွင်း လူဦးရေပျံ့နှံ့တည်ရှိနေမှုအနေအထားကို လေ့လာသော ဘာသာရပ်ဖြစ်
သည်။ နိုင်ငံတွင်းတည်ရှိနေသော လူဦးရေအချိုးအစား၊ ကျားမ အချိုးအစားနှင့် အသက်အရွယ် ကွာခြားမှုများကို
သိပ္ပံ နည်းကျလေ့လာခြင်းဖြစ်သည်။ လူဦးရေတည်ရှိနေမှုပုံစံကို လိုက်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနေအထားကို
ကြည့်ရှုသုံး သပ်နိုင်သည်။ လူဦးရေအနေအထားကို လိုက်၍ နိုင်ငံဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်းဖြစ်လာသည်။ ထို့ကြောင့်
လူဦးရေပမာဏ၊ ထိုပမာဏအတွင်း လူတို့၏အရည်အသွေးအတိုင်းအတာကို လိုက်၍ တိုးတက်မှုများခြင်း
နည်းခြင်းများဖြစ်လာရသည်။
နိုင်ငံအတွင်း လူဦးရေပမာဏ (Population) များပြားခြင်းသည် နိုင်ငံအတွက် ပါဝါရရာရကြောင်း အကြောင်း
တစ်ခုဖြစ်လာနိုင်သလို အားနည်းချက်လည်း ဖြစ်လာနိုင်သည်။ အားနည်းချက်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုး
တိုးတက်မှုနည်းပါးနေလျှင် များပြားသောလူဦးရေသည် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်သည်။
ဆင်းရဲမွဲတေသည့်လူဦးရေများ ပြားခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးရသည်။
သို့သော်အခြားတစ်ဖက်တွင်လည်း လူဦးရေများပြားခြင်းကြောင့် ပါဝါတစ်ခုအား အလိုအလျောက်
ရရှိလာခြင်းမျိုး လည်းရှိသည်။ ဥပမာ - တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ဖြစ်သည်။ တရုတ်သည် လူဦးရေ ၁
ဒသမ ၃ ဘီလီယံရှိ သည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိသည်။ အမေရိကန်သည် လူဦးရေ သန်း
၃၅၀ ခန့်ရှိသည်။ ရှေးအခါက လူဦးရေများပြားခြင်းသည် စစ်သည်အင်အား များပြားစေခြင်း အကြောင်း
တစ်ခုဖြစ်သောကြောင့် နိုင်ငံ၏စစ်ရေးပါဝါကို အလိုအလျောက်ဖြည့်တင်းပြီးသားဖြစ်နေသည်။ လူဦးရေများ
ပြားလာစေခြင်း၏ အဓိကသာဓကတစ်ခုရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီကာလအတွင်း နာဇီဂျာမနီမှ
ဟစ်တလာသည် လူဦးရေတိုးပွားရေးစီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ မိသားစုများအား ကလေးများများ
မွေးစေရန် ချေးငွေများ၊ ထောက်ပံ့ကြေးများ ပေးသည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအင်အားကြီးမားရခြင်း၏
အကြောင်းတွင် စွမ်းရည်ရှိသောလူဦးရေများပြားစွာတည်ရှိနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
နိုင်ငံ၏လူဦးရေအရွယ်အစားနှင့် အရည်အသွေးကို ချင့်ချိန်နိုင်ရန် အဓိကသိထားရမည့်အချက်ကား
Population, Workforce နှင့် Human Resources ဟူသော ဝေါဟာရများကို ခွဲခွဲခြားခြား သိမြင်ရန်ပင်ဖြစ်သည်။
Population ဟူသည် လူဦးရေအရေအတွက်သာဖြစ်သည်။ အရည်အသွေးမဟုတ်သေးချေ။ နိုင်ငံအတွင်း
မွေးကင်းစကလေးမှအစ သေခါနီး လူကြီးများအထိ ရေတွက်ထားသော အရေအတွက်ပမာဏဖြစ်သည်။ Workforce
သည် လူဦးရေ အရေအတွက်ထဲမှ အလုပ်လုပ်နိုင်စွမ်းရှိသော လူများကို ဆိုလိုသည်။ အသက်အရွယ်အားဖြင့် ၁၆
နှစ် နှင့် ၆၅ နှစ် ကြားရှိသော လူဦးရေ ပမာဏကို ဆိုလိုသည်။ ထိုအလုပ်လုပ်နိုင်သည့် လူဦးရေထဲတွင်မှ
ပညာဖြင့်လုပ်ကိုင်သော ကော်လာဖြူလုပ်သားများကို သာ လူ့အရင်းအမြစ် Human Resource ဟု ခေါ်နိုင်သည်။
အထူးသဖြင့် Human Resource သည် ကာယလုပ်သား မဟုတ်။ ဦးနှောက်လုပ်သားဖြစ်သည်။
နိုင်ငံ့လူဦးရေအတွင်း ဦးနှောက်လုပ်သားများ များပြားလာလေလေ နိုင်ငံတိုးတက်မှု မြင့်မားလာလေလေ ဖြစ်သည်။
8
၆။ သဘာဝသယံဇာတခိုအောင်းမှု ပမာဏ
နိုင်ငံတစ်နိုင်ငံအနေနှင့် သဘာဝသယံဇာတတည်ရှိနေမှုသည် လွန်စွာအရေးပါသည်။ အကြောင်းမှ သဘာဝ
သယံဇာတသည် ဖွံ့ဖြိုးရေးဖြစ်စဉ်များနှင့် တွဲဖက်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝ
သယံဇာတ ကြွယ်ဝလျှင် ကံကပေးသော မဟာကောင်းချီးတစ်ခုဖြစ်သည်။ သယံဇာတကို အမှီပြု၍ နိုင်ငံဖွံ့ဖြိုးတိုး
တက်အောင် လုပ်ဆောင်နိုသည်။ အထူးသဖြင့် သယံဇာတသည် သူချည်းသက်သက် အဖိုးတန်သည်။ သို့သော်
နည်းပညာဖြင့် ပေါင်းစပ်၍ ထုတ်လုပ်နိုင်ပါက ပို၍ တန်ဖိုးမြင့်လာသည်။ ဤသည်ကို Value added ဟု ဆိုကြသည်။
သဘာသယံဇာတရှိခြင်းသည် ချမ်းသာသော နိုင်ငံဖြစ်စေရန် အကြောင်းဖြစ်သည်။ သို့သော် သယံဇာတ
ကြွယ်ဝတိုင်း ချမ်းသာကြွယ်ဝလိမ့်မည်ဟု တစ်ထစ်ချ တရားသေ မှတ်ယူ မထားသင့်ချေ။ သယံဇာတ ကြွယ်ဝပြီး
ဆင်းရဲသော နိုင်ငံများလည်း အများအပြားရှိသည်။ အာဖရိက နိုင်ငံတော်တော်များများသည် ထိုနည်းလည်းကောင်း
ဖြစ်သည်။ သယံဇာတများဖြစ်သာ စိန်၊ သတ္ထုနှင့် ရွှေ၊ သစ် အစရှိသည့် သဘာဝသယံဇာတများရှိသော်လည်း
ပြည်တွင်း ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။ ပြည်တွင်းစစ်များနှင့် နိုင်ငံဆင်းရဲရသည်။
နည်းပညာမရှိခြင်း၊ ပြည်တွင်းတည်ငြိမ်မှုမရှိခြင်း(တနည်း) တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် အချက်များကြောင့်
ဆင်းရဲရသည်။ စင်ကာပူနိုင်ငံသည် သယံဇာတအားဖြင့် ဘာမျှမထွက်။ သို့သော် မိမိနိုင်ငံကို ချမ်းသာကြွယ်ဝအောင်
လုပ်ဆောင်နိုင်ပေသည်။
Natural Resource + Technology + Regulation = Wealth State
Natural Resource + Technology – Regulation = Fail State
သယံဇာတရှိခြင်းကို နည်းပညာများ၊ တရားဥပဒေကောင်းများဖြင့် ပံ့ပိုးမှသာ ချမ်းသာသောနိုင်ငံတစ်ခုဖြစ်လာနိုင်
သည်။ သယံဇာတကြွယ်ဝတိုင်း ချမ်းသာသောနိုင်ငံဖြစ်ရမည်ဟု တရားသေ မမှတ်သင့်။
အခန်း (၂)
ပထဝီသဘောနှင့် မြန်မာအတွဲအဆက်
မြန်မာ့ ပထဝီနိုင်ငံရေး
မြန်မာသည် အာရှတွင်အရေးပါသောမဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ ထိုသို့ မဟာဗျူဟာ
မြောက်နိုင်ငံဖြစ်ခြင်းကားကံကပေးသောတည်နေရာကြောင့်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင်
Strategic Location ကိုအပိုင်စီးရထားသော မြန်မာဖြစ်သည်။ မြန်မာသည် အရှေ့တောင်အာရှတွင် ပါဝင်သည်။
ထို့အတူတောင်အာရှနှင့် အရှေ့တောင်အာရှတို့ ဆက်စပ်ရာနေရာမှာရှိနေသည်။ တောင်အာရှကို အိန္ဒိယက
လွှမ်းမိုးသည်။ အရှေ့တောင်အာရှကိုတရုတ်ကလွှမ်းမိုးသည်။ ထိုမဟာအင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားတွင် မြန်မာရှိ
သည်။ မြန်မာအတွက် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ အဓိကမှာ နိုင်ငံ့ခေါင်းဆောင်
များဖြစ်သည်။ အနာဂတ်တွင် မျိုးဆက်သစ် ခေါင်းဆောင်များပထဝီနိုင်ငံရေးအသိပါးနပ်ရန်လိုအပ်သည်။ သို့မဟုတ်
ကား မြန်မာအတွက် အနာဂတ်တွင် ရင်လေးစရာ။
9
အနာဂတ်ခေါင်းဆောင်နှင့် ပထဝီ၏သဘော
ထို့ကြောင့် အနာဂတ်မြန်မာ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များပထဝီနိုင်ငံရေးအသိကို ကြိုတင်လေ့လာရန်
လိုသည်။ လေ့လာရုံဖြင့် မပြီးပထဝီသဘော၏ အနက်ထဲသို့ ဝင်ရောက်ထားရမည်။ စနစ်သည် ပြောင်းသည်။
မူဝါဒသည် ပြောင်းသည်။ လူသည် ပြောင်းသည်။ မပြောင်းမလဲကျန်ရှိနေသည်ကားပထဝီပင်ဖြစ်သည်။
နိုင်ငံတစ်ခုအားမည်သို့ခါမျှ ပုံသေမတွက်ရာ။ ပုံသေတွက်သော နိုင်ငံ့ခေါင်းဆောင်သည် လှည့်ကွက်မိ၍ မရှုမလှ
ဇာတ်သိမ်းရတတ်သည်။ မြန်မာအတွက် ပထဝီသည် အရေးကြီးသည်။ ထို့နောက် အရေးလည်းပါသည်။
ပထဝီကြောင့်ပင် မြန်မာသည် သူမတူအောင် တိုးတက်နိုင်သလိုသူမတူအောင် ခံရသည်လည်း ဖြစ်နိုင်သည်။
သတိချပ်ရန်ကားပထဝီသဘောကို နိုင်ငံ့ခေါင်းဆောင်များသိနေရုံဖြင့် မပြီး ပြည်သူအများပါ မသိစိတ်တွင်
စွဲကပ်နေရန်လိုအပ်သည်။
ပထဝီနိုင်ငံရေးအား ပြည်သူပိုင်လုပ်ခြင်း
အမေရိကန်တွင် နိုင်ငံခြားရေးပေါ်လစီကို ပြည်သူပိုင်လုပ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံခြားရေး မူဝါဒ
ချမှတ်ရာတွင် အဓိကဗဟိုပြု၍ ချမှတ်ရသောအရာဖြစ်သည်။ အမေရိကန်တွင် နိုင်ငံခြားရေးမူဝါဒအား Privatization
လုပ်သည်ဆိုလျှင် မြန်မာတွင် ပထဝီနိုင်ငံရေးအား Privatization လုပ်ရန်လိုသည်။ ထိုသို့မဟုတ်ပါက မြန်မာသည်
အိန္ဒိယနှင့် တရုတ်ကြားတွင် ထန်းလျက်ခဲခွေးလျက်သကဲ့သို့ လုံးပါးပါးနိုင်ချေရှိသည်။ တရုတ်နှင့် ကုလားသည်
မြန်မာနှင့် အရောင်အသွေးချင်းအတော်အတန်ကွဲပြားနေသောအခြေအနတွင်ရှိသည်။ ပထဝီနိုင်ငံရေးတွင်
လူပါသည်။ မြေပါသည်။ ရေပါသည်။ မြေ၊ ရေ၊ လေသည် ရှင်းသည်။ မရှင်းသည်ကားလူဖြစ်သည်။
လူကိုဗဟိုပြုသောပထဝီ
ပထဝီနိုင်ငံရေးသည် နိုင်ငံရေးပထဝီမှ ဆင်းသက်လာသောဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးပထဝီဝင်
ဆိုသည့် ဘာသာရပ်များသည် လူမှုရေးပထဝီနှင့် ဆက်စပ်နေသည်။ ပထဝီနိုင်ငံရေးလေ့လာရာတွင် Political
Geography ကိုမလေ့လာ၍ မရ။ ထို့အတူ Human Geography ကိုမလေ့လာ၍ မရ။ လူမှုရေး ပထဝီဝင်
ဘာသာရပ်သည် ပထဝီနှင့် လူကိုတွဲဆက်လေ့လာသောဘာသာရပ်ဖြစ်သည်။ လူမှုရေးပထဝီသည် ပထဝီဆိုသည့်
မြေရေအပေါ်တည်ရှိနေသောလူမှုရေးဖြစ်စဉ်ကြီးအားလေ့လာခြင်းလည်းဖြစ်သည်။ အထူးသဖြင့် Social Science
ဘာသာရပ်မျိုးလည်းဖြစ်သည်။
ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်ကား နိုင်ငံရေးအသိဖြစ်သည်။ နောက်ထပ်အရေးကြီးသည်ကား ပထဝီတို့၏
သဘော ဖြစ်သည်။ ပထဝီသဘောကိုကျေညက်လျှင် နိုင်ငံရေးအသိဖြင့် ပေါင်းစပ်ရမည်။ ပထဝီအပေါင်း နိုင်ငံရေး
အသိဆိုလျှင် ပထဝီနိုင်ငံရေးအမြင်ကိုမှန်းဆနိုင်လိမ့်မည်။ ပထဝီနိုင်ငံရေးလေ့လာသူသည် ပထဝီဝင် ပညာရှင်များ
ကဲ့သို့ ပထဝီပညာရပ် ပါအချက်အလက်များအားအသေးစိတ်လေ့လာရန် မလိုအပ်ချေ။ လေ့လာနိုင်လျှင်ကား
အပြစ်မဟုတ်။ သို့သော် ပထဝီတို့ ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားကိုဗဟိုပြု၍ စနစ်တကျလေ့လာထားရန်
လိုသည်။ ပထဝီအခြေခံသော နိုင်ငံရေးအသိ ဖြင့် ပထဝီနိုင်ငံရေးအမြင်ကိုရအောင် ကြိုးစားအားထုတ်သင့်သည်။
10
အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းသူကား ကြိုးစားအားထုတ်သင့်သည်မဟုတ်၊ ကြိုးစားအားထုတ်
ရမည်ပင်ဖြစ်သည်။
မဟာဗျူဟာမှာခိုင်မာတိကျ၊ နည်းဗျူဟာမှာပျော့ပြောင်း
ပထဝီနိုင်ငံရေးသည် မြန်မာအတွက် အလွန်အရေးကြီးလာသည်။ အကြောင်းမှာအိန္ဒိယနှင့်တရုတ်တို့ မဟာအင်အား
ကြီးမှ မဟာအင်အားလွန်အဆင့်သို့ တက်လှမ်းရန် ခြေတကြွကြွဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကိုယ့်ထက်အင်အား
သာသူများအကြားခိုင်ခိုင်မာမာရပ်တည်နိုင်ရန် တောင့်တင်းရေ၍ မဖြစ်။ ပျော့ပြောင်းရမည်။ သိမ်မွေ့ရမည်။
အလှုပ်အရှားအရာတွင် ညင်သာရမည်။ ထိုအရာသည် မဟာဗျူဟာဖြစ်သည်။ သံဇောင်းထက် ရေဇောင်းထက်၏။
သို့သော် ထင်းခွဲလျှင်ကားရေဖြင့် ပက်၍ မရ။ မြန်မာသည် ရေကဲ့သို့ ကျင့်ရန်လိုသည်။ ထို့အတူ
ရေကဲ့သို့သောစွမ်းအင်မျိုးကိုလည်းပိုင်ဆိုင်ရန် သင့်သည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတွင် ရှေးပဝေသဏီတုန်းက
ကဲ့သို့ တောင့်တောင့်ကြီးရပ်နေ၍ မရတော့။ ဂလိုဘယ်ခေတ်တွင် ဤနည်းသည် ဒိတ်အောက်သွားချေပြီ။
အထူးသဖြင့် မဟာအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် သိမ်မွေ့ ရန်လိုသည်။ အကြမ်းပတမ်းမကိုင်ရ။
နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ပဲပြားပင်ကဲ့သို့ ပျော့ပြောင်းရမည်။ တစ်ခါတရံလေ ယူရာယိမ်း
တတ်ရမည်။ လေယူရာယိမ်းသည် ဆိုခြင်းကားအမြဲတမ်းယိမ်းကနေရန် ဟုဆိုခြင်းမဟုတ်။ မဟာဗျူဟာပိုင်းတွင်
ခိုင်မာ၍ နည်းဗျူဟာပိုင်းတွင် ပျော့ပြောင်းရမည်ဟုဆိုခြင်းဖြစ်သည်။
မတူရာတို့ စုဆုံလျှင် ငလျင်ဗဟိုဖြစ်တတ်သည်
အိန္ဒိယတွင် လူဦးရေးပျံ့ပွားမှုနှင့် တရုတ်လူဦးရေတိုးပွားမှုအကြား မြန်မာသည် ကျပ်ညပ်နေသည်။ အိန္ဒိယနှင့်
တရုတ်တင် မကဘင်္ဂလားဒေ့ရှ်က တစ်မှောက်ဖြစ်သည်။ လူဦးရေပေါက်ကွဲ၍ မြန်မာဘက်သို့ ရခိုင်မှ စီးဝင်လာသော
ဘင်္ဂလီအုပ်စုကားအများအပြားပင်ဖြစ်သည်။ ၂၀၁၂ တွင် စတင်၍ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများနှင့်
အရေးအခင်းဖြစ်ပွားသည်။ ဘူးသီးတောင်၊မောင်တောမြို့များမှ တဆင့် စစ်တွေသို့ ကူးစက်သွားသည် ပုဒ်မ (၁၄၄)
ထုတ်ပြန်ရသည်အထိအခြေအနေများဆိုးရွားခဲ့သည်။ ရခိုင်၊ ဘင်္ဂလားနယ်စပ်ဒေသကို Political Fault Line
ဟုခေါ်လျှင်ရနိုင်သည်။ များသောအားဖြင့် အသွင် မတူ၊ အသွေးမတူသောလူမျိုးစုများစုဆုံရာအဆက်တွင်
နိုင်ငံရေးမတည်မငြိမ်ဖြစ်တတ်လေ့ရှိခြင်းသည် သဘာဝဖြစ် သည်။ ပထဝီသဘောအရ Fault zone ဟုခေါ်သည့်
ပြတ်ရွေ့များတည်ရှိရာနေရာတွင် ငလျင်ဗဟိုချက် စတင်လေ့ရှိသည်။ ငလျင်၏ အဦးအစသည် ထို Fault line များမှ
စတင်တတ်သည်ကိုသတိပြုရန်လိုသည်။
နိုင်ငံရေးအထာနှပ်သူတို့သည် တည်ငြိမ်ရေးအားဆုပ်ကိုင်လိုလျှင် ထိုသို့သောဒေသများတွင် စတင်ခြေလှမ်း
တတ်လေ့ရှိသည်။ ပထဝီကိုအခြေပြု၍ ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်နိုင်သည်။ တည်ငြိမ်မှုကိုထိန်းကျောင်း
နိုင်သည်။ မြန်မာ့ပထဝီသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ စိန်ခေါ်မှုများတွင် အခွင့်အလမ်းများလည်း
တစ်ပါတည်းသယ်ဆောင်လာနိုင်သည်။ စိန်ခေါ်မှုကို ကြံ့ကြံ့ခံ၍ အခွင့်အလမ်းကိုဆုပ်ကိုင်နိုင်ရန်ကား မြန်မာ့
ခေါင်းဆောင်များနှင့် မပြီးချေ။ ပြည်သူတို့လက်ထဲသို့ မူဝါဒအကောင်အထည်ဖော်စေရန် ချပေးသင့်သည်။
11
အထူးသဖြင့် ပထဝီကိုအခြေပြု၍ ဖွံ့ဖြိုးရေးတိုးတက်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဩဇာဖြန့်ကျက်နိုင်ရေးကို
အစိုးရနှင့် ပြည်သူနှစ်ရပ်စလုံးအကောင်အထည် ဖော်ရန် လိုအပ်သည်။
အိမ်နီးနားချင်းကလူမျိုးရေး၊ ဘာသာရေး
မြန်မာအတွက်ကားစိုးရိမ်ဖွယ်ရာချည်းများပင်ဖြစ်သည်။ သို့သော် ဘာသာရေးဖြင့်ကား အရှေ့အလယ်ပိုင်းဒေသများ
လောက် စိုးရိပ်ဖွယ်ရာမရှိ။ နယ်နိမိတ်ချင်းထိစပ်နေသည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တွင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်နိုင်ငံသာဘာသာရေးတွင် မြန်မာအတွက် သတိထားစရာဖြစ်သည်။ အိန္ဒိယတွင် ဘာသာစုံရှိ
သည်။ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာစသည်ဖြင့် ဘာသာစုံရှိသည်။ အထူးသဖြင့်
ဟိန္ဒူဘာသာဝင်များသည် အိန္ဒိယတွင်များပြားသည်။ ဟိန္ဒူဘာသာဝင်တို့သည် လူမျိုးဇာတ်စနစ်ခွဲခြားမှုရှိ
သော်လည်း မိမိဘာသာနေတတ်သောသဘောရှိသည်။ မိမိဘာသာသို့ ဆွဲဆောင်စည်းရုံးတတ်သည့်သဘောမျိုးမရှိ။
နယ်နိမိတ်မျဉ်းအရအများဆုံးထိစပ်နေသည့် တရုတ်နှင့်လည်းဘာသာရေးအရအတိုက်အခံဖြစ်စရာအကြောင်းမရှိ။
လူမျိုးရေးအရလည်းရှမ်းလူမျိုးများသည် မြန်မာနှင့် တရုတ်လူမျိုးတို့၏ အဆက်အစပ်ကို ညင်သာစေသောကူရှင်
သဘောမျိုးရှိသည်။ ထို့ကြောင့် မြန်မာနှင့် တရုတ်သည် နယ်စပ်စည်းအရလူမျိုးရေးအခုအခံသည် ပြောသဘော
ပြင်းထန်ခြင်းမရှိချေ။ သို့သော် ပြည်တွင်းရှိ မြန်မာနိုင်ငံနွယ် ဖွားတရုတ်လူမျိုးများနှင့် အတွန်းအတိုက်
ရှိနေကောင်းရှိနေနိုင်သည်။ သို့သော် အရမ်းကာရောစိုးရိမ်ဖွယ် မရှိချေ။ တရုတ် နှင့် ထိုင်းတို့နှင့်ကား
ဘာသာရေးအသွင်ကွဲမှု အကြီးအကျယ်ရှိနေစရာအကြောင်းမရှိ။ ထေရဝါဒ၊ မဟာယာနနှင့် ကွန်ဖျူးရှပ်
အတွေးအခေါ်တို့သည် လုံးလုံးလျားလျားအတွန်းအတိုက် ဖြစ်ဖွယ်ရာမရှိ။
မြန်မာသည် ဘင်္ဂလားဒေ့ရှ်နှင့် လူမျိုးရေးသတိရှိသင့်သည်။ ဘာသာရေးသတိလည်းရှိသင့်သည်။ တရုတ်နှင့်
ဆက်ဆံရာတွင် လူဝင်မှုပြဿနာရှိသည်။ လူဝင်မှုပြဿနာသည် လက်ရှိရှိရင်းစွဲလူမျိုး၏ အရောင်အသွေးကို
ဖျော့တော့စေသည်။ ထိုကိစ္စသည်လည်းသတိထားဖွယ်ရာဖြစ်သည်။ ပြည်တွင်းရှိ အိန္ဒိယအနွယ်ဝင်များဖြင့်ကား
ဘာသာရေးစည်းခြားနေခြင်းကြောင့် လူမျိုး၏အရောင်အသွေးဖျော့စရာအကြောင်းမရှိချေ။ တရုတ်တို့နှင့်ကား
သတိထားဖွယ်ဖြစ်သည်။ တရုတ်တို့၏ ပုရိဿပဓာနဝါဒသည် မြန်မာ့လူမျိုးအတွက် သတိထားဖွယ်ရာဖြစ်သည်။
အထူးသဖြင့် တရုတ်တို့၏အမျိုးသမီးလိုအပ်ချက် အား မြန်မာဖြင့်ဖြည့်လာလျှင် ဒုက္ခဟု ကြည့်တတ်ရန်လိုသည်။
နိုင်ငံရေးစနစ်၏ ကြားခံဇုံ
မြန်မာသည် နိုင်ငံကြီးနှစ်နိုင်ငံအကြား နိုင်ငံရေးစနစ်အရ ကြားခံဇုံသဖွယ်လည်း ဖြစ်နေသည်။ အထူးသဖြင့်
ဈေးကွက်ကိုတွင်တွင်ကျယ်ကျယ် သုံးနေသောကွန်မြူနစ်တရုတ်နှင့် ဒီမိုကရေစီအသားကျလာသောအိန္ဒိယအကြား
Buffer Zone ဖြစ်နေသည်။ မြန်မာသည် ဒီမိုကရေစီကိုသွားသည်။ အိန္ဒိယသည် ဒီမိုကရေစီဖြစ်ပြီးသွားပြီ။
တရုတ်သည် အိုင်ဒီအိုလိုဂျီကိုကွန်မြူနစ်၊ စီးပွားရေးကိုဈေးကွက်၊ ဘာသာရေးကိုကွန်ဖြူးရှပ်ဖြင့် အတွဲအဆက်မိမိ
သွားနေသည်။ မြန်မာသည် ဒီမိုကရက်တိုက်ဇေးရှင်းကိုတည်တည်ငြိမ်ငြိမ်ဖြင့် ခြေတိုးစမ်းလှမ်းနေရသည်။ အိန္ဒိယနှင့်
တရုတ်အကြားအိုင်ဒီအိုလိုဂျီအရညင်သာပျော့ပြောင်းအောင် မြန်မာစွမ်းနိုင်ခဲ့သည်။ ဒီမိုကရေစီကိုမျက်နှာသာ
ပေးလာသော မြန်မာအဖို့ အိန္ဒိယကိုပါစားပေးသည်ဟုဆိုလျှင်ကားမရနိုင်ချေ။ မြန်မာ၏ ဒီမိုကရေစီသည်
12
အိန္ဒိယပုံစံမဟုတ်၍ ရဲရဲဝံ့ဝံ့ ဆိုနိုင်သည်။ မြန်မာကိုများများကြည့်လျှင် များများ မြင်နိုင်သည်။ အဓိက
သတိချပ်ဖွယ်ကားထောင့်စုံစံမှ ကြည့်လာနိုင်လေလေ မြန်မာအတွက် အခွင့်အလမ်းကောင်းများကို များများမြင်လာ
နိုင်လေလေဟုဆိုရမည်ပင် ဖြစ်သည်။
အခန်း(၃)
စွမ်းအင်နိုင်ငံရေး (သို့) ရေနံနိုင်ငံရေး (Oil Politics)
စက်မှုလုပ်ငန်းတွင် စွမ်းအင်လိုအပ်သည်။ လူနေမှုဘဝတွင် စွမ်းအင်လိုအပ်သည်။ သယ်ယူပို့ဆောင်ရေး၊
သွားလာလှုပ်ရှားရေးတွင် စွမ်းအင်လိုအပ်သည်။ လူတွင် ဇီဝကမ္မစွမ်းအင်ရှိသည်။ သဘာဝတွင် စွမ်းအင်များခိုအောင်း
နေသည်။ ကမ္ဘာကြီးတွင် စွမ်းအင်များတည်ရှိနေသည်။ စွမ်းအင်ဟူသည်ကား ပုံသဏ္ဍာန်အမျိုးမျိုး၊ အသွင်
အမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ ၎င်းစွမ်းအင်များသည် အခြေအနေသက်ရောက်မှုကို လိုက်၍ ပြောင်းလဲ
ဖြစ်တည်နေသည်။ ဖြစ်တည် ပြောင်းလဲမှုများပြားသော၊ အဆင့်ဆင့်အသွင်ပေါင်းစုံတည်ရှိနေသော စွမ်းအင်တွင်
ဂုဏ်ဒြပ်များစွာရှိသည်။ ဂုဏ်သတ္တိများ စွာ ကိန်းအောင်းနေသည်။ စွမ်းရည်များစွာ ခိုအောင်းနေသည်။ ထိုသို့သော
အကြောင်းအချက်များကို လူသားတို့ သိရှိလာကြသောအခါ တိမ်မြုပ်နေသော စွမ်းအင်အမျိုးမျိုးကို ထုတ်ယူ
လာကြသည်။ ထုတ်ယူမှုအစွမ်းမြင့်မားစေရန်လည်း အသစ် အသစ်သော နည်းနာများကို ရှာကျန်လာကြသည်။
စွမ်းအင်အမျိုးမျိုးရှိသည်။ ယင်းစွမ်းအင်များတွင် ရုပ်ကြွင်းလောင်စာမှ ရရှိသောစွမ်းအင်ရှိသည်။
လျှပ်စစ်စွမ်းအင် ရှိသည်။ နျူကလီးယားစွမ်းအင်ရှိသည်။ ရုပ်ကြွင်းလောင်စာစွမ်းအင်သည် ရေနံ၊ သဘာဝ
ဓာတ်ငွေ့နှင့် ကျောက်မီးသွေး စသည့် အရင်းအမြစ်များမှရရှိသည်။ လျှပ်စစ်စွမ်းအင်ကို ရေစွမ်းအင်၊ နေစွမ်းအင်၊
လေစွမ်းအင်၊ ဇီဝစွမ်းအင် စသည့် အရင်းအမြစ်များမှ အသွင်ပြောင်းထုတ်ယူသည်။ နျူကလီးယားစွမ်းအင်ကို
ယူရေနီယံဓာတ်သတ္ထုမှ ဖြိုခွဲသန့်စင်၍ ထုတ်ယူရရှိသည်။ ရရှိလာသောစွမ်းအင်အမျိုးမျိုးကို အဆင့်ဆင့် အသုံးချခြင်း
ဖြင့် လူမှုဖွံ့ဖြိုးရေးသို့ရောက်ရှိလာခဲ့ကြသည်။ ဤသို့သောအခြင်းအရာများကို ထောက်ရှု၍ စွမ်းအင်သည်
လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို ပုံဖော်ထူဆစ်သည် ပန်းပုသမားကြီးဖြစ်ကြောင်းတွေ့နိုင်သည်။
ယခုအခြေအနေအချိန်အခါအထိ စွမ်းအင်ကိုအကြမ်းဖျင်းအားဖြင့် အခြေခံမူကွဲကြီး (၃) ခုသာပိုင်းခြား
နိုင်သည်။ ၎င်းအခြေခံမူကွဲကြီး (၃)မှာ - (၁) ရုပ်ကြွင်းလောင်စာစွမ်းအင်၊ (၂) လျှပ်စစ်စွမ်းအင် နှင့် (၃)
နျူကလီးယားစွမ်းအင် ဟူ၍ စွမ်းအင်အမျိုးအစား(၃) မျိုးသာဖြစ်သည်။ အခြားအခြားသောစွမ်းအင်သဏ္ဍာန်များသည်
၎င်းစွမ်းအင်အရင်းအမြစ်ကြီး (၃) ခုကို အခြေခံ၍သာ ပေါ်ပေါက်လာကြသည်။
ထုဆစ်ရေးသမားကြီး ရေနံ
ရုပ်ကြွင်းလောင်စာများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေးတို့သည် စက်မှုခေတ်၏
အဦးဆုံး ပဲ့ကိုင်ရှင်များဖြစ်သည်။ ကျောက်မီးသွေးကို အသုံးပြု၍ ရေနွေးငွေ့အင်ဂျင်များကို လည်ပတ်စေ၍
လူသားတို့၏ ကမ္ဘာမြေပြင်ဧရိယာခြေဆန့်မှုကို တိုးမြှင့်ပေးနိုင်ခဲ့သည်။ ရေနွေးငွေ့တာဘိုင်များအသုံးပြု၍
လျှပ်စစ်စွမ်းအင်ထုတ်ယူ၍ လူသားတို့၏ ယဉ်ကျေးမှုကို တစ်ဆင့်မကမြှင့်တင်ပေးခဲ့သည်။ စက်မှုထုတ်ကုန်များ
13
အတွက် ကျောက်မီးသွေးသုံးရေနွေး ငွေ့တာဘိုင်များဖြင့်လျှပ်စစ်ပေးပို့က နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို
တိုးတက်စေခဲ့သည်။ လူသားတို့အတွက် သွားလာလှုပ်ရှားရေးကိရိယာများဖြစ်သော မော်တော်ကား၊ ဆိုင်ကယ်၊
လေယာဉ်၊ မီးရထား စသည်တို့သည် ရေနံမှရသော လောင်စာများဖြင့် လှုပ်ရှားအသက်ဝင်လာကြသည်။
ရုပ်ကြွင်းလောင်စာမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ စသည့် လောင်စာများသာမက ပလတ်စတစ်၊ ဖယောင်း၊
အရက်၊ ရေနံချေး၊ ကတ္တရာပါ မကျန် ထုတ်ယူရရှိခဲ့သည်။ ထို့အပြင် နိုင်ငံ့ စီးပွားရေးမောင်းနှင်အားကြီးသည်
ရေနံပင်ဖြစ်လာခဲ့သည်။ ရေနံသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဖွားတော် ဖက်ဖြစ်လာခဲ့သည်။
ညီတော်နည်းပညာကြီး ကြီးထွားသန်မာလာသကဲ့သို့ နောင်တော်ရေနံ၏ အခန်းကဏ္ဍသည်လည်း မြင့်သထက်မြင့်
တင့်သထက်တင့်လာခဲ့သည်။
စစ်ပွဲများ၏ တရားခံလော…..
ထိုသို့သောအခြေအနေသို့ ရောက်ရှိလာသောကာလတွင် ကမ္ဘာကြီး၏ရေနံအရင်းအမြစ်ပမာဏ တော်တော်
များများကို လက်ဝယ်ဆုပ်ကိုင်ထားနိုင်သောနိုင်ငံများသည် ကမ္ဘာဇာတ်ခုံပေါ်တွင် ဇာတ်ပို့ဇာတ်ရန်နေရာမှ
အဓိကဇာတ် ကောင်နေရာသို့ အလျင်အမြန်ရောက်လာခဲ့သည်။ ထို့သို့ရေနံနိုင်ငံများသည် ဇာတ်ခုံပေါ်သို့
ရောက်လာရုံသာမက ဇာတ်ညွှန်းကိုပါရေးသားလာချင်ကြသည်။ သို့သော် ကမ္ဘာကြီးကို မိမိလိုရာအတိုင်း
ကစေနိုင်ရန် မဟာအင်အားကြီးနိုင်ငံ များက လက်ခံနိုင်၊ မနှစ်မြို့နိုင်ချေ။ ထို့အခါ စစ်ပွဲများဖြစ်လာသည်။
ပဋိပက္ခများဖြစ်လာသည်။ အရှေ့အလယ်ပိုင်းတွင် ဖြစ် ပွားခဲ့သောစစ်ပွဲများသည် အကြောင်းအမျိုးမျိုး
ရှိနိုင်သော်လည်း အဓိကအကြောင်းအရင်းမှာ ရေနံအရင်းအမြစ်ကို အကြောင်းပြု၍ ဖြစ်ပွားသော စစ်ပွဲများပင်
ဖြစ်သည်။
ကမ္ဘာတွင် မဟာအင်အားကြီးနိုင်ငံဖြစ်လာခြင်း၊ စူပါပါဝါအဆင့်သို့ရောက်ရှိလာခြင်းသည် စီးပွားရေးအင်အား
ကြီးထွားလာခြင်းကြောင့်ဖြစ်သည်။ စီးပွားရေးအင်အားကြီးထွားခြင်းကို အကြီးမားဆုံး အထောက်အပံ့ပေးသောအရာ
သည် စွမ်းအင်ပင်ဖြစ်သည်။ စီးပွားရေးအကောင်အထည်ကြီးမားလျှင် ကြီးမားသလောက် စွမ်းအင်ကို ပိုမို
သုံးစွဲလာရသည်။ မိမိနိုင်ငံအတွင်းမှ စွမ်းအင်အရင်းအမြစ်များကို သုံးစွဲ၍ မလုံလောက်သောအခါ အခြားနိုင်ငံများမှ
စွမ်းအင်ကို တင်သွင်းရ သည်။ စွမ်းအင်တင်သွင်းခြင်း ပုံစံ အမျိုးမျိုးရှိသည်။ ရေနံကို သင်္ဘောများဖြင့်တင်သွင်းသည်။
ပိုက်လိုင်းများဖြင့်လည်း တင်သွင်းသည်။ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းများဖြင့် တင်သွင်းသည်။ လျှပ်စစ်စွမ်းအင်ကို
အိမ်နီးချင်းနိုင်ငံများမှ မဟာဓာတ်အားလိုင်းကြီးများသွယ်တန်း၍ တင်သွင်းကြသည်။ ကျောက်မီးသွေးကို
သင်္ဘောများ၊ ရထားများဖြင့် တင်သွင်းသည်။
စွမ်းအင်ရရှိရေး မဟာဗျူဟာ
စီးပွားရေးအင်အားကြီးမားလာလေလေ စွမ်းအင်ကို ပိုမိုလိုအပ်လာလေလေဖြစ်သည်။ စွမ်းအင်ကို
ပိုမိုလိုအပ်လာ လေလေ စွမ်းအင်ရရှိရေးအတွက် အားထုတ်လာရလေလေဖြစ်လာသည်။ စွမ်းအင်ရရှိရေး
အားထုတ်မှုသည် နိုင်ငံအချင်းချင်း အပေးအယူဖြစ်စဉ်များကို ဖန်တီးခဲ့သည်။ အပေးအယူဖြစ်စဉ်များဖြင့် ညှိနှိုင်း၍
မရပါက ပဋိပက္ခအသွင်သို့ရောက်ရှိ လာကြသည်။ ပဋိပက္ခမှသည် စစ်ပွဲများဆီသို့တိုင် ရောက်လာခဲ့ရသည်။
စွမ်းအင်အရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုများသည် မြေပိုင်နက်၊ ရေပိုင်နက်များနှင့် နွှယ်ဆက်၍ ပါလာပြန်သည်။
14
တောင်တရုတ်ပင်လယ်တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများ၏ ပင်လယ်ပြင်ကျွန်းများပိုင်ဆိုင်ရေး
အငြင်းပွားမှုသည် ရေအောက်သယံဇာတနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့အရင်း အမြစ်ပိုင်ဆိုင်မှု အငြင်းပွားမှုများ
ပင်ဖြစ်သည်။ ထို့အပြင် တရုတ်၊ ဗီယက်နမ်၊ ဘရုနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံများ၏ ပင်လယ်ပြင်
ကျွန်းအရေးအခင်းများသည် ရေနံအတွက်၊ သယံဇာတပိုင်ဆိုင်မှုအတွက် ဖြစ်ပွားသော ရေပိုင်နက်အငြင်းပွား
မှုများဖြစ်သည်။
ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ပွဲများသည် အမေရိကန်
ဦး ဆောင်သော အနောက်နိုင်ငံများအုပ်စု၏ ရေနံရရှိရေးစစ်ပွဲများဖြစ်ခဲ့သည်။ အရှေ့အလယ်ပိုင်းအတွင်းရှိသော
အီရတ်နိုင်ငံ သည် တတိယမြောက်ကမ္ဘာ့ရေနံခိုအောင်းမှုပမာဏကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ မက်ကင်ဒါ၏
နှလုံးသားနယ်မြေ သီအိုရီသည် ယူရေးရှားနယ်မြေမှ အရှေ့အလယ်ပိုင်းသို့ အသွင်ပြောင်းရောက်ရှိလာခြင်းလော ဟု
သံသယဖြစ်စရာရှိ သည်။ အရှေ့အလယ်ပိုင်းကို ပိုင်ဆိုင်သောနိုင်ငံသည် ကမ္ဘာကြီးကို ပိုင်စိုးနိုင်ခြင်း ဖြစ်လာနိုင်
သည်။
အသွင်ပြောင်းသွားသောနှလုံးသားနယ်မြေ
အီရတ်နိုင်ငံသည် ဒုတိယမြောက်နှလုံးသားနယ်မြေ၏ ဗဟိုချက်ဟု ဆိုလျှင် ဆာဟန်ဖို့မက်ကင်ဒါ၏
နှလုံးသား နယ်မြေ သဘောတရားကို သိရှိရန်လိုလာသည်။ ၎င်းမှာ -
Sir Halford Mankinder (1869-1947) ၏ Heartland Theory (နှလုံးသားနယ်မြေသဘောတရား) သို့မဟုတ်
(ဗဟိုချက်နယ်မြေသဘောတရား) မှာ
Heartland Pivot Area = Central Europe, Ukraine, Western Russia
နှလုံးသားနယ်မြေ အလယ်ဥရောပ၊ ယူကရိန်း၊ အနောက်ရုရှား
- Who rules East Europe commands
Heartland;
- Who rules Heartland commands
World Island;
- Who rules World Island
commands the World.
- အရှေ့ဥရောပကို ပိုင်စိုးသောသူသည်
နှလုံးသားနယ်မြေကို လွှမ်းမိုးနိုင်၏။
- နှလုံးသားနယ်မြေကို ပိုင်စိုးသောသူသည်
ကမ္ဘာ့ကျွန်းကြီးကို လွှမ်းမိုးနိုင်၏။
- ကမ္ဘာ့ကျွန်းကြီးကို ပိုင်စိုးသောသူသည်
ကမ္ဘာကြီးကို လွှမ်းမိုးနိုင်၏။
Eurasia = Europe + Asia
The World Island = Eurasia + Africa
Heartland = The World Island
The World Island = World
15
ယူရေးရှားဆိုသည်မှာ ဥရောပနှင့် အာရှဖြစ်သည်။ ကမ္ဘာ့ကျွန်းကြီးဆိုသည်မှာယူရေးရှားနှင့်အာဖရိက ဖြစ်သည်။
နှလုံးသားနယ်မြေဆိုသည်မှာ ယရေးရှားနယ်မြေကို ဆိုလိုသည်။ ကမ္ဘာ့ကျွန်းကြီးသည် ကမ္ဘာကြီးဖြစ်သည်။
မက်ကင်ဒါ၏ နှလုံးသားနယ်မြေတွင် ရုရှားနယ်မြေများ သာမက တရုတ်ပြည်အနောက်ပိုင်း၊ မွန်ဂိုလီးယား၊
အာဖဂန်နစ္စတန်နှင့် အီရန်၊ အီရတ်၊ ပါကစ္စတန် အချို့အပိုင်းများ ပါဝင်သည်။ နှလုံးသားနယ်မြေသည် ဗောလတစ်
ပင်လယ်နက် ကျွန်းဆက်မှ အရှေ့ဘက်မိုင် ၂၅၀၀ ခန့်အကွာရှိ ယယ်နီဆေ မြစ်အထိ ကျယ်ပြန့်ပြီး ရေခဲပြင်
အာတိတ် သမုဒ္ဒရာ ကမ်းရိုးတန်းမှ တောင်ဘက်ရှိ တောင်တန်းများ (တူရကီ မှ မွန်ဂိုလီးယား) အထိ ကျယ်ပြန့်သည်။
နှလုံးသားနယ်မြေကို ပိုင်စိုးသောနိုင်ငံသည် စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပစ္စည်း
အင်အားကို အသုံးချနိုင်စွမ်းရှိသည်။
မက်ကင်ဒါသည် နှလုံးသားနယ်မြေ၏ အားသာချက်များ ကို ထုတ်ဖော်ခဲ့သည်။
- ဗဟိုချက်နယ်မြေ၏ မြောက်ဘက်တွင် တစ်နှစ် ပတ်လုံး ရေခဲနေသော အာတိတ်သမုဒ္ဒရာရှိ သည်။
- တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြင့်မားသော တောင်တန်းများရှိသည်။
- အရှေ့ဘက်တွင် မြေမျက်နှာပြင်ရော ရာသီဥတုပါ ကြမ်းတမ်းသော သဘောရှိသည်။
- ထို့သဘာဝအတားအဆီးများကြောင့် ရန်သူ များဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မပြုနိုင်။
- မြေပေါ်မြေအောက် သယံဖာတ ပစ္စည်းများ လည်း ကြွယ်ဝသည်။
- ထိုကဲ့သို့ ပစ္စည်းအင်အားကြွယ်ဝပြီး သဘာဝအတားအဆီးများကြောင့် လုံခြုံမှုရှိသောဒေသတွင် အင်အား
ကြီး နိုင်ငံပေါ်ထွန်းလာနိုင်သည်။
16
(၁) ယူရေးရှားမှ အီရတ်သို့
ယခုရေနံအရင်းအမြစ်ကို ပိုင်ဆိုင်သော အီရတ်နိုင်ငံသည် မက်ကင်ဒါ၏ ဒုတိယမြောက် နှလုံးသား
နယ်မြေဖြစ်လာသလားဆိုသည့်မေးခွန်းသည် သံသယဖြစ်စရာ ရှိလာသည်။ ဒုတိယမြောက် နှလုံးသား နယ်မြေ
သဘောတရားသည် ဤသို့ ဖြစ်လာဖွယ်ရာရှိသည်။
- အီရတ်ကို ပိုင်စိုးသောသူသည် အရှေ့အလယ်ပိုင်းကို လွှမ်းမိုးနိုင်၏။
- အရှေ့အလယ်ပိုင်းကို ပိုင်စိုးသောသူသည် နှလုံးသားနယ်မြေကို လွှမ်းမိုးနိုင်၏။
- နှလုံးသားနယ်မြေကို ပိုင်စိုးသောသူသည် ကမ္ဘာ့ကြီးကို လွှမ်းမိုးနိုင်၏။
ဆိုသည့် နိယာမပင်ဖြစ်လာနိုင်သလောဟု ထင်မှတ်မှားစရာရှိလာသည်။
အရှေ့အလယ်ပိုင်းအတွက် အီရတ်နိုင်ငံသည် မဟာဗျူဟာမြောက်နယ်မြေဒေသဖြစ်သည် ဆိုလျှင်
အီရတ်နိုင်ငံကို ခြေကုတ်ယူရန်ကြိုးပမ်းလာသောနိုင်ငံကြီးများသည် ကမ္ဘာကြီးကို လွှမ်းမိုးရန် ရည်ရွယ်ချက်
ရှိလာနိုင်ပေသည်။ အီရတ်သည် ကမ္ဘာ့ရေနံအရင်းအမြစ်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ရုံမက အရှေ့အလယ်ပိုင်း
တစ်ခုလုံး၏ ရေအရင်းအမြစ်ကို ချုပ်ကိုင်နိုင်သော ပထဝီဒေသအမျိုးအစားကို ပိုင်ဆိုင်ထားခြင်းကြောင့်
လည်းဖြစ်သည်။ ထိုသို့ဆိုလျှင် အရှေ့အလယ်ပိုင်း ဒေသသည် နှလုံးသားနယ်မြေအဖြစ်သတ်မှတ်နိုင်သော
အရည်အသွေးများ ရှိရမည်။ ထိုအရည်အသွေးများကို ဖော်ပြလျှင် အရှေ့အလယ်ပိုင်း၏ မဟာဗျူဟာ
အရည်အသွေးများကို ထောက်ဆဝေဖန်ရန် ချင့်ချိန်နိုင်မည်ဖြစ်သည်။ မက်ကင်ဒါ၏ အချက်အလက်များအရ
မက်ကင်ဒါ၏နှလုံးသားနယ်မြေသည် ရုရှားနယ်မြေများကို အဓိက ဗဟိုပြုထားကြောင်းတွေ့ရသည်။ ဒုတိယ
နှလုံးသားနယ်မြေသည် အီရတ်ကို ဗဟိုပြု၍ အရှေ့အလယ်ပိုင်းကို ဖြန့်ကျက်ခြင်း ဖြစ်လာနိုင်သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊
ယီမင်၊ အိုမန်၊ ကွာတာ၊ ဂျော်ဒန်၊ ဆီးရီးယား၊ တူရကီ၊ ကူဝိတ်၊ အစ္စရေး၊ ဆိုက်ပရပ်၊ လက်ဘနွန်နှင့် ဘာရိန်း
စသည့်နိုင်ငံများ ပါဝင်သည်။
အရှေ့အလယ်ပိုင်းဒေသ၏ အားသာချက်များ
- ကမ္ဘာ့ရေနံအရင်းအမြစ်ကြီး ခိုအောင်းနေခြင်း
- ကမ္ဘာ့ကုန်သွယ်ရေးအဓိကလမ်းကြောင်းကြီးဖြစ်သော စူးအက်တူးမြောင်းနှင့် အနီးကပ်ရှိနေခြင်း
- စူးအက်တူးမြောင်းမှကုန်သွယ်ရေးသင်္ဘောများ သွားလာရာ ပင်လယ်နီကြီးရှိနေခြင်း
- ဥရောပ၊ အာရှ၊ အာဖရိကတိုက်ကြီးများ၏ ဗဟိုအချက်အချာဖြစ်နေခြင်း
- ကမ္ဘာ့သမုဒ္ဒရာကြီး (၂)စင်းဖြစ်သော အတ္တလန်တိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့နှင့်ထိစပ်နေခြင်း
- ပင်လယ် (၇) ခုဖြစ်သော ကက်စပီရန်ပင်လယ်၊ ပင်လယ်နက်၊ မြေထဲပင်လယ်၊ ပင်လယ်နီ၊ အဒန်ပင်လယ်၊
အာရေးဗီးယန်းပင်လယ်၊ ပါရှန်ပင်လယ်တို့နှင့် ထိစပ်နေခြင်း
- ကမ္ဘာ့ဘာသာကြီး (၄) ခုထဲမှ အစ္စလာမ်ဘာသာကြီး ထွန်းကားရာဒေသကြီးဖြစ်ခြင်း
- အာရပ်လူမျိုးစုကြီး အခြေပြုရာဒေသကြီးဖြစ်ခြင်း
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy
Jss (letter 4) - copy

More Related Content

What's hot

สงครามโลกครั้งที่1
สงครามโลกครั้งที่1สงครามโลกครั้งที่1
สงครามโลกครั้งที่1supasit2702
 
เศรษฐกิจระหว่างประเทศ
เศรษฐกิจระหว่างประเทศเศรษฐกิจระหว่างประเทศ
เศรษฐกิจระหว่างประเทศthnaporn999
 
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯ
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯการวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯ
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯนันทนา วงศ์สมิตกุล
 
Globalization1
Globalization1Globalization1
Globalization1Teeranan
 
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กร
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กรบทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กร
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กรSanyawadee
 
15การเปลี่ยนแปลงการปกครอง2475
15การเปลี่ยนแปลงการปกครอง247515การเปลี่ยนแปลงการปกครอง2475
15การเปลี่ยนแปลงการปกครอง2475JulPcc CR
 
วารสารประดิพัทธ์ ฉบับที่ 47
วารสารประดิพัทธ์ ฉบับที่ 47วารสารประดิพัทธ์ ฉบับที่ 47
วารสารประดิพัทธ์ ฉบับที่ 47Somdetpittayakom Spk
 
ปัญหาสิ่งแวดล้อม
ปัญหาสิ่งแวดล้อมปัญหาสิ่งแวดล้อม
ปัญหาสิ่งแวดล้อมTangkwa Pawarisa
 
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019Kasem Boonlaor
 
Wpกำหนดการสอน is1 พ.ค
Wpกำหนดการสอน is1 พ.คWpกำหนดการสอน is1 พ.ค
Wpกำหนดการสอน is1 พ.คkrupornpana55
 
ชุดที่4 การเรียนการสอนรูปแบบmiap
ชุดที่4 การเรียนการสอนรูปแบบmiapชุดที่4 การเรียนการสอนรูปแบบmiap
ชุดที่4 การเรียนการสอนรูปแบบmiapPanita Wannapiroon Kmutnb
 
การวิเคราะห์เว็บไซต์และการศึกษาทฤษฎี
การวิเคราะห์เว็บไซต์และการศึกษาทฤษฎีการวิเคราะห์เว็บไซต์และการศึกษาทฤษฎี
การวิเคราะห์เว็บไซต์และการศึกษาทฤษฎีบอง สลัน เนียง
 
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวีนายจักราวุธ คำทวี
 
กระบวนการงบประมาณ
กระบวนการงบประมาณกระบวนการงบประมาณ
กระบวนการงบประมาณAreeluk Ngankoh
 
การแบ่งภูมิภาคทวีปยุโรป2.1
การแบ่งภูมิภาคทวีปยุโรป2.1การแบ่งภูมิภาคทวีปยุโรป2.1
การแบ่งภูมิภาคทวีปยุโรป2.1Princess Chulabhorn's College, Chiang Rai Thailand
 
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)การรังวัดด้วยภาพดิจิทัล (Digital photogrammetry)
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)CUPress
 
บริหารราชการไทย 4
บริหารราชการไทย 4บริหารราชการไทย 4
บริหารราชการไทย 4Saiiew
 
อช31001
อช31001อช31001
อช31001patara4
 
การบริหารสถานศึกษาเชิงกลยุทธ์.pptx
การบริหารสถานศึกษาเชิงกลยุทธ์.pptxการบริหารสถานศึกษาเชิงกลยุทธ์.pptx
การบริหารสถานศึกษาเชิงกลยุทธ์.pptxKanyarat Sirimathep
 

What's hot (20)

สงครามโลกครั้งที่1
สงครามโลกครั้งที่1สงครามโลกครั้งที่1
สงครามโลกครั้งที่1
 
เศรษฐกิจระหว่างประเทศ
เศรษฐกิจระหว่างประเทศเศรษฐกิจระหว่างประเทศ
เศรษฐกิจระหว่างประเทศ
 
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯ
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯการวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯ
การวิเคราะห์มาตรฐานและตัวชี้วัดสาระหน้าที่ฯ
 
Globalization1
Globalization1Globalization1
Globalization1
 
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กร
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กรบทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กร
บทที่5 ระบบข้อมูลข่าวสารในยุคไอทีและผลกระทบต่อองค์กร
 
15การเปลี่ยนแปลงการปกครอง2475
15การเปลี่ยนแปลงการปกครอง247515การเปลี่ยนแปลงการปกครอง2475
15การเปลี่ยนแปลงการปกครอง2475
 
Pptลิลิตตะเลงพ่าย
Pptลิลิตตะเลงพ่ายPptลิลิตตะเลงพ่าย
Pptลิลิตตะเลงพ่าย
 
วารสารประดิพัทธ์ ฉบับที่ 47
วารสารประดิพัทธ์ ฉบับที่ 47วารสารประดิพัทธ์ ฉบับที่ 47
วารสารประดิพัทธ์ ฉบับที่ 47
 
ปัญหาสิ่งแวดล้อม
ปัญหาสิ่งแวดล้อมปัญหาสิ่งแวดล้อม
ปัญหาสิ่งแวดล้อม
 
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019
สมุดบันทึกกิจกรรมการเรียนรู้ชุดวิชาการเรียนรู้สู้ภัยธรรมชาติ 2 สค22019
 
Wpกำหนดการสอน is1 พ.ค
Wpกำหนดการสอน is1 พ.คWpกำหนดการสอน is1 พ.ค
Wpกำหนดการสอน is1 พ.ค
 
ชุดที่4 การเรียนการสอนรูปแบบmiap
ชุดที่4 การเรียนการสอนรูปแบบmiapชุดที่4 การเรียนการสอนรูปแบบmiap
ชุดที่4 การเรียนการสอนรูปแบบmiap
 
การวิเคราะห์เว็บไซต์และการศึกษาทฤษฎี
การวิเคราะห์เว็บไซต์และการศึกษาทฤษฎีการวิเคราะห์เว็บไซต์และการศึกษาทฤษฎี
การวิเคราะห์เว็บไซต์และการศึกษาทฤษฎี
 
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี
๒.๓ แนวข้อสอบสมรรถนะผู้บริหารสถานศึกษา จักราวุธ คำทวี
 
กระบวนการงบประมาณ
กระบวนการงบประมาณกระบวนการงบประมาณ
กระบวนการงบประมาณ
 
การแบ่งภูมิภาคทวีปยุโรป2.1
การแบ่งภูมิภาคทวีปยุโรป2.1การแบ่งภูมิภาคทวีปยุโรป2.1
การแบ่งภูมิภาคทวีปยุโรป2.1
 
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)การรังวัดด้วยภาพดิจิทัล (Digital photogrammetry)
การรังวัดด้วยภาพดิจิทัล (Digital photogrammetry)
 
บริหารราชการไทย 4
บริหารราชการไทย 4บริหารราชการไทย 4
บริหารราชการไทย 4
 
อช31001
อช31001อช31001
อช31001
 
การบริหารสถานศึกษาเชิงกลยุทธ์.pptx
การบริหารสถานศึกษาเชิงกลยุทธ์.pptxการบริหารสถานศึกษาเชิงกลยุทธ์.pptx
การบริหารสถานศึกษาเชิงกลยุทธ์.pptx
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Nationalism
NationalismNationalism
Nationalismaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)Member of Parliment for Burma Representative (Burmese)
Member of Parliment for Burma Representative (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 

Jss (letter 4) - copy

  • 1. 1 ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ပထဝီနိုင်ငံရေး သဘောတရားနှင့် လက်တွေ့ မင်းသေ့ ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင် ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင် လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ် သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက် ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့် အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။ အယ်ဒီတာ 1 ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ပထဝီနိုင်ငံရေး သဘောတရားနှင့် လက်တွေ့ မင်းသေ့ ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင် ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင် လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ် သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက် ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့် အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။ အယ်ဒီတာ 1 ဖေဖော်ဝါရီ ၂၀၁၅ / အတွဲ(၁) အမှတ် (၁) ပထဝီနိုင်ငံရေး သဘောတရားနှင့် လက်တွေ့ မင်းသေ့ ဤစာတမ်းသည် ပထဝီနိုင်ငံရေး သဘောတရားများ၏ လိုရင်းအယူအဆများကို တင်ပြထားသည်။ ထို့အပြင် ပထဝီနိုင်ငံရေးအယူအဆများကို လက်တွေ့ကျင့်သုံးရာတွင်လည်းကောင်း၊ လက်တွေ့ရှုမြင်သုံးသပ်ရာတွင် လည်းကောင်း၊ မြင်ပုံ ရှုပုံ ယူဆပုံ စသည်တို့ကို အပြန့်ကျယ်ကျယ်ရေးသားထားသည့် စာတမ်းတစ်စောင်ဖြစ် သည်။ မြန်မာနိုင်ငံတွင် ပထဝီနိုင်ငံရေးနှင့် ပက်သက်သည့် စာအုပ်များ ၃၊ ၄ အုပ်ခန့်သာရှိသည့်အတွက် ဤစာတမ်းသည် မြန်မာနိုင်ငံ၏ စာပေနယ်ပယ်ကို တစ်ထောင့်တစ်နေရာ ဖြည့်ဆည်းပေးသည့် စာတမ်းဖြစ်သည့် အပြင် ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်လည်းဖြစ်သည်။ အယ်ဒီတာ
  • 2. 2 ပထဝီနိုင်ငံရေး သဘောတရားနှင့် လက်တွေ့ ပထဝီနိုင်ငံရေး၏သဘာဝ ပထဝီနိုင်ငံရေးသည် နိုင်ငံတကာဆက်ဆံရေးပညာရပ်တွင် အဓိကအရေးပါသော ဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံ ရေးကို နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ကျင်လည် နေသည့်ပုဂ္ဂိုလ်များ အထူးပြုလေ့လာသည်။ နိုင်ငံတည်ဆောက်ရေး သမားများ၊ နိုင်ငံရေးအကြံပေး များနှင့် သံအမတ်များ၊ သံတမန်များ အထူးသဖြင့် လေ့လာအပ်သည့် ဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး သည် သီအိုရီသဘောအရ ကျယ်ပြောသည်ဟု မဆိုနိုင်။ သို့သော် သဘောတရားအရ အလွန်ကျယ်ပြန့်သည်။ ပထဝီသဘောကို လိုက်၍ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးအမြင်များကို ကြည့်ရှုသုံးသပ်နိုင်သည်။ ပထဝီနိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ပထဝီနိုင်ငံရေးရာ အချက်အလက်များသည် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အလွန်အသုံးဝင်သည်။ ထို့အပြင် အခြားနိုင်ငံများက ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒများ၏ အနှစ်သာရကို ချည်းကပ်လေ့လာရာတွင်လည်း များစွာ အရေးပါ၊ အရာရောက်သည်။ ထို့ကြောင့်ပင် နိုင်ငံခြားရေးမူဝါဒသည်သည် နိုင်ငံ့၏ပထဝီနှင့် ဆက်စပ်နေသည်ဟု ဆိုခြင်းဖြစ်သည်။ နိုင်ငံ့ပထဝီဆိုသည်ကပင် ပထဝီနိုင်ငံရေးဖြစ်သည်။ - Foreign Policy related with State Geography especially Geopolitics ပထဝီနိုင်ငံရေးကို အဓိကအားဖြင့် နက်နက်နဲနဲလေ့လာသိရှိထားသူတို့ကား နိုင်ငံခြားရေးမူဝါဒကို ချမှတ်သူများနှင့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်သူများဖြစ်သည်။ အကြောင်းမှာ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ရာတွင် ပထဝီနိုင်ငံရေးသဘောသည် အဓိကပါဝင်နေသည်။ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအချင်းချင်းဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိကအကောင်အထည်ဖော်ရသောသဘောရှိသည်။ နိုင်ငံအကျိုးစီးပွား National interest သည် ပထဝီရေးအရ များစွာဆက်စပ်နေသည်။ မြေကမ္ဘာပေါ်တွင် နိုင်ငံများဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသော နိုင်ငံများ၏ တည်နေရာ၊ အကျယ်အဝန်း၊ ရာသီဥတု၊ လူဦးရေ၊ မြေမျက်နှာသွင်ပြင် အနေအထားစသည့် ပထဝီရေးရာအချက်အလက် များအပေါ်မူတည်၍ နိုင်ငံများ ပါဝါရှိခြင်း၊ မရှိခြင်း ဖြစ်လာရသည်။ ထို့ကြောင့် နိုင်ငံ၏ပါဝါသည် ပထဝီရေးရာအချက် အလက်များပေါ်တွင် များစွာမှီတည်နေသည်။ ပထဝီနိုင်ငံရေး (Geopolitics) ဟူသော ဝေါဟာရကို ဆွီဒင်နိုင်ငံရေးသိပ္ပံပညာရှင် ရူးဒေါ့ရှယ်လင် က ၁၈၉၉ ခုနှစ်တွင် စတင် သုံးစွဲခဲ့သည်။ သို့သော် ၁၉၃၀ ခုနှစ်လောက်ကျမှ ပထဝီနိုင်ငံရေးဆိုသည့်ဝေါဟာရကို နိုင်ငံရေးနယ်ပယ်တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။
  • 3. 3 ပထဝီနိုင်ငံရေးနှင့် နိုင်ငံရေးပထဝီ အရောအထွေး ပထဝီနိုင်ငံရေး (Geopolitics) ဆိုသည်မှာ ပထဝီကို အခြေပြု၍ လေ့လာသောနိုင်ငံရေးဖြစ်သည်။ ပထဝီနိုင်ငံရေးကို လေ့ လာလျှင် များသောအားဖြင့် နိုင်ငံရေးပထဝီ (Political Geography) နှင့်ရောထွေးနိုင်စရာအကြောင်းရှိသည်။ ပထဝီနိုင်ငံ ရေးသည် ပထဝီကိုအခြေခံသောနိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးပထဝီသည် နိုင်ငံရေးကို အခြေပြု၍ လေ့လာသောပထဝီဖြစ် သည်။ ထို့ကြောင့် ပထဝီနိုင်ငံရေးသည် နိုင်ငံရေးဘာသာရပ်ဖြစ်သည်။ နိုင်ငံရေးပထဝီသည် ပထဝီဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးကို ဗဟိုပြုပြီး ပထဝီကိုအခြေခံသော နိုင်ငံရေးဘာသာရပ် ဟု ဆိုလျှင် ပြည့်စုံနိုင်စရာ အကြောင်းရှိသည်။ ထို့အတူ နိုင်ငံရေးပထဝီသည် ပထဝီကို ဗဟိုပြုပြီး နိုင်ငံရေးကို အခြေခံသော ပထဝီဘာသာရပ်ဖြစ်သည်။ အခန်း (၁) ပထဝီနိုင်ငံရေးအချက်အလက် ပထဝီနိုင်ငံရေးဟု ဆိုလိုက်လျှင် ပထဝီနှင့်စပ်ဆိုင်သော အဓိကအချက် (၆) ချက်ကို ဗဟိုပြုရသည်။ ၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေ အရွယ်အစား Size ၂။ တည်နေရာအနေအထား Location ၃။ ရာသီဥတု အခြေအနေ Climate ၄။ မြေမျက်နှာသွင်ပြင်အနေအထား Topography ၅။ လူဦးရေတည်ရှိမှုပုံစံ Demography ၆။ သဘာဝသယံဇာတခိုအောင်းမှု Natural Resources ၁။ နယ်မြေအကျယ်အဝန်း၊ နယ်မြေအရွယ်အစား (Size) နိုင်ငံတစ်ခု၏ နယ်မြေအကျယ်အဝန်းသည် နိုင်ငံ၏ပါဝါကို အထောက်အကူပြုသည်။ နယ်မြေအကျယ် အဝန်းတွင် အကြီးမားဆုံး ရုရှားနိုင်ငံနှင့် အသေးငယ်ဆုံးနိုင်ငံဖြစ်သော စင်ကာပူ၊ ဗာတီကန်စီးတီး စသည့် နိုင်ငံများနှင့် ယှဉ်တွဲစဉ်းစား နိုင်သည်။ နယ်မြေအကျယ်အဝန်းကြီးမားခြင်းသည် နိုင်ငံပါဝါ အလိုအလျောက် ရရှိလာခြင်း အကြောင်းလည်းဖြစ်သည်။ ဥပမာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်၊ ဩစတေးလျ၊ ကနေဒါ စသည့် နိုင်ငံများဖြစ်သည်။ နိုင်ငံနယ်မြေ အကျယ်အဝန်းကြီးမားလျှင် ကြီးမားသလောက် ပါဝါတစ်စုံတစ်ရာကို ရရှိပြီးဖြစ်သည်။ နိုင်ငံ၏နယ်နိမိတ်ကျယ်ဝန်းခြင်းကြောင့် အားသာချက်များ ဖြစ်လာသလို အားနည်းချက်တစ်ချို့လည်း တွဲဖက်ပါ လာတတ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာနယ်နိမိတ်စည်းကို ကာကွယ်ရန် စစ်ရေးအင်အား တောင့် တင်းရန်လိုသည်။ နယ်နိမိတ်ကျယ်ဝန်းသောနိုင်ငံများရှိ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်များ ထားရှိ ရခြင်းကြောင့် စစ်ရေးအသုံးစရိတ် များစွာအသုံးပြုရသည်။ ထို့ကြောင့် စစ်ရေးအသုံးစရိတ်သည် နိုင်ငံတော်ဘဏ္ဍာမှ ရာခိုင်နှုန်းအတော်များများ ထုတ်သုံးရသော အားနည်းချက်မျိုးရှိသည်။ ထို့အတူ နယ်စပ်ဒေသများတွင် အထူးသဖြင့်
  • 4. 4 နယ်မြေ မတည်ငြိမ်မှုဖြင့် ကြုံရတတ်သည်။ လူမျိုးစုသူပုန်များ၊ လက်နက်ကိုင်အင်အားစုများ ခိုအောင်းရာ ဒေသသည် နယ်စပ်ဒေသအများစုဖြစ်သည်။ အထူးသဖြင့် လူမျိုးပေါင်းစုံတည်ရှိနေသောနိုင်ငံမျိုးတွင် ထိုသို့သော ပြဿနာများရင်ဆိုင်ရတတ်လေ့ရှိသည်။ ဥပမာ မြန်မာနိုင်ငံ။ ၂။ တည်နေရာအနေအထား (Location) နိုင်ငံတစ်ခု၏ တည်နေရာသည် နိုင်ငံအတွက် အလွန်အရေးပါသည်။ နိုင်ငံတည်ခုအတွက် တည်နေရာသည် သဘာဝကပေးသော ကံတရားဟု ဆိုနိုင်သည်။ တည်နေရာအနေအထားကို အကြမ်းဖြင်းအားဖြင့် အချက် (၃) ချက်ဖြင့် ခွဲခြားကြည့်နိုင်သည်။ (က) ကုန်းတွင်းပိတ်နိုင်ငံ Close position (land lock State) (ခ) ကမ်းရိုးတန်းရှိ နိုင်ငံ Open position (ဂ) ကျွန်းနိုင်ငံ Island (က) ကုန်းတွင်းပိတ်နိုင်ငံ ကုန်းတွင်းပိတ်နိုင်ငံများ၏ အဓိကအားနည်းချက်မှာ ပင်လယ်ထွက်ပေါက်မရရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မိမိဘေးပတ်လည်ရှိနိုင်ငံများနှင့် သင့်မြတ်အောင်နေထိုင်ရသည်။ ကုန်းတွင်းပိတ်နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒသည် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ဆန့်ကျင်ဘက်ရှိ၍ မရချေ။ မိမိနိုင်ငံရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံများကို အမြဲမှီခိုနေရသောသဘောရှိသည်။ ပိုင်ဆိုင်သည့်ပင်လယ်မရှိ၍ ရေတပ်အင်အားကို ကောင်းစွာတည်ဆောက်ခွင့်မရ။ ထို့နောက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပြေလည်အောင် အမြဲကြိုးစားအားထုတ် နေရသည်။ ပင်လယ်ထွက်ပေါက်မရှိခြင်းကြောင့် အလျော့ပေးလိုက်လျောရသောမူဝါဒများ များစွာရှိသည်။ ထို့အတူ ပင်လယ်မှရရှိသည့် အကျိုးအမြတ်ခံစားမှုများလည်း အလိုအလျောက် ပျက်ရသည်။ ပင်လယ်အစားအစာနှင့် သယံဇာတ များကို နိုင်ငံခြားတိုင်းပြည်မှ အမြဲတမ်းတင်သွင်းနေရသည်။ နိုင်ငံအတွင်း မြစ်ချောင်းအင်းအိုင်များ ပေါများစွာမရှိလျှင် ထိုဒုက္ခသည် ကုန်းတွင်းပိတ်တည်ရှိနေသောနိုင်ငံအဖို့ မထောင်းသာ လှချေ။ ဥပမာ သဲကန္တာရများနှင့် ကုန်းတွင်းပိတ်ဖြစ်နေ သော အာဖရိကအလယ်ပိုင်းနိုင်ငံများဖြစ်သည်။ (ခ) ကမ်းရိုးတန်းရှိနိုင်ငံ ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအဖို့ များစွာ အဖိုးတန်သည်။ ပင်လယ်ရေတပ်အားကို တည်ဆောက်ရန် အခွင့်အလမ်းရှိသည်။ ပင်လယ်ရေတပ်အင်အားသာ ကြီးမားပါက ရန်သူကို အလိုအလျောက် ကာကွယ် ပြီးသော သဘာဝအတားအဆီးဖြစ်နေသည်။ အထင်ရှားဆုံးသာဓကမှာ ဥရောပတွင် ပြင်သစ်ဧကရာဇ် နပိုလီယံ အင်ပါယာ ချဲ့ထွင်ရာတွင် ဂရိတ်ဗြိတိန်ပါဝင်သွားခြင်း မရှိချေ။ ဗြိတိန်သည် ပင်လယ်အတားအဆီးဖြင့် သဘာဝအကာအရံကို ရရှိထား သောကြောင့်ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းရှိသောနိုင်ငံတွင် အနေအထား ၂ မျိုးကိုတွေ့ရပြန်သည်။ ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်သောနိုင်ငံနှင့် ပင်လယ်ကမ်းရိုးတန်း အနည်းငယ်သာပိုင်ဆိုင်သောနိုင်ငံဟူ၍ တွေ့ရပြန်သည်။ ပင်လယ် ကမ်းရိုးတန်းရှည်လျားစွာ ပိုင်ဆိုင်ခြင်းသည် ပင်လယ်ရေတပ်အင်အားကို တည်ဆောက်နိုင်ခွင့်ကိုလည်း ရရှိသည်။
  • 5. 5 ထို့အပြင် မိမိပိုင်ဆိုင် ထားသော ပင်လယ်ပြင်၏ မဟာဗျူဟာအချက်အခြာကျမှုသည် ပင်လယ်ကမ်းရိုးတန်းရှိ နိုင်ငံအတွက် လွန်စွာအရေးပါ သည်။ (ဂ) ကျွန်းနိုင်ငံ ကျွန်းနိုင်ငံတွင် အမျိုးအစား (၂) မျိုးခွဲခြားနိုင်သည်။ (က) ပင်မကျွန်းကြီးတစ်ခုတည်းသာ တည်ရှိသောနိုင်ငံ (ခ) ကျွန်းစုများများ စုပေါင်းထားသောနိုင်ငံ ဟူ၍ ဖြစ်သည်။ မာဒါဂတ်စကားသည် ပင်မကျွန်းကြီးတစ်ခုတည်းသာရှိသောနိုင်ငံဖြစ်သည်။ ပင်မကျွန်းကြီးဆိုသည်မှာ နိုင်ငံတွင် အဓိကပိုင်ဆိုင်ထားသော၊ တစ်ဆက်တည်းရှိ ကုန်းမြေကြီးကို ဆိုလိုသည်။ သီရိလင်္ကာနိုင်ငံသည်လည်း ပင်မကျွန်းတစ်ခု သာရှိသောနိုင်ငံအမျိုးအစားဖြစ်သည်။ စင်္ကာပူသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကျွန်းစုများစုပေါင်းထား သောနိုင်ငံသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့သောသောနိုင်ငံများပင်ဖြစ်သည်။ ထိုကဲ့သို့ သောနိုင်ငံများတွင် အဓိကကျွန်း ကြီးများလည်း ရှိသည်။ ကျွန်းငယ်အများအပြားလည်း ပိုင်ဆိုင်ထားသည်။ ဖိလစ်ပိုင်တွင် ကျွန်းပေါင်း ၇၀၀၀ ကျော်ခန့်ရှိ သည်။ အင်ဒိုနီးရှားတွင် ကျွန်းပေါင်း ၁၃၀၀ ရှိသည်။ ကျွန်းနိုင်ငံဖြစ် ခြင်းပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များဖြစ် ပေါ်လာသည်။ ကျွန်းစုအများအပြား စုစည်းဖြစ်တည် နေခြင်းသည်လည်း အားနည်းချက်ကိုယ်စီရှိနေသည်။ ၃။ ရာသီဥတုအခြေအနေ (Climate) ကမ္ဘာ့ရာသီဥတုအား အကြမ်းဖျင်းအားဖြင့် အခြေအနေ (၅) ရပ်တွင်တွေ့ရသည်။ ထိုအခြေအနေတွင် ရှိသော ဒေသကြီး (၅) ရပ်ရှိသည်။ (၁) ပူလွန်းသော ဒေသ (၂) အပူပိုင်းဒေသ (၃) သမပိုင်းဒေသ (၄) အအေးပိုင်းဒေသ (၅) အအေးဆုံးဒေသ ဟူ၍ ဒေသကြီး (၅) ခု ပိုင်းခြားနိုင်သည်။ အီကွေတာမျဉ်းပေါ်နှင့် အီကွေတာရပ်ဝန်းဒေသသည် အပူဆုံးဒေသဖြစ်သည်။ ၎င်းသည် အပူပိုင်းဇုံနှင့် ဆက်စပ် လျက်ရှိသည်။ ဝင်ရိုးစွန်းဒေသများသည် အအေးဆုံးဒေသများဖြစ်သည်။ ထိုဒေသများတွင် စ်နှစ်ပတ်လုံးရေခဲနေသည်။ အီကွေတာရပ်ဝန်းဒေသသည် သဲကန္တာရများဖြင့် အတိပြီးနေသည်။ အထူးသဖြင့် သမပိုင်းဇုံတွင်ကျရောက်သော နိုင်ငံများ သည် ရာသီဥတုအသင့်အတင့်ရရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လေ့ရှိသည်။ အများအားဖြင့် သမပိုင်းဇုံရှိနိုင်ငံများ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင် ဖြစ်ထွန်းလေ့ရှိသည်။ အရစ္စတိုတယ်သည် သမပိုင်းဇုံတွင်ရှိသောလူများသည် အပူပိုင်းဇုံနှင့် အအေးပိုင်းဇုံတွင်ရှိသော လူများထက် အားသာချက်များစွာရှိသည်ဟုဆိုသည်။ အထူးသဖြင့် တွေးခေါ်မြော်မြင်စွမ်းအား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင် များစွာ ကွာခြားသည်ဟုဆိုသည်။ ရာသီဥတုအခြေအနေသည် တိုင်းပြည်အတွင်းနေထိုင်သော လူများ၏
  • 6. 6 စရိုက်လက္ခဏာများ အပေါ်တွင် များစွာ လွှမ်းမိုးမှုရှိသည်။ ဦးနှောက်ဖွံ့ဖြိုးမှု၊ တွေးခေါ်စဉ်းစားနိုင်မှုနှင့် စိတ်ဓာတ်အရည်အသွေးများသည် မိမိနေထိုင်ရာရာသီဥတုအခြေအနေနှင့် ဆက်သွယ်နေသည်။ ဂေါတမဗုဒ္ဓသည် ဥတုသပ္ပာယမျှတခြင်းကို ဟောကြားထား ခဲ့သည်လည်းရှိသည်။ ပတိရူပအရပ်ဒေသတွင် ဥတုသပ္ပာယမျှတခြင်း သည်လည်း အချက်တစ်ချက်ပါဝင်သည်။ ရာသီဥတုကို ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ ကြည့်နိုင်သည်။ နိုင်ငံတစ်ခုအနေဖြင့် ရာသီဥတုအချက် အလက်များ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေးအတွက် များစွာ အထောက် အကူပြုသည်။ ဂျပန်နိုင်ငံသည် မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ကို အမြဲလိုလိုခံစားနေရသော နိုင်ငံဖြစ်သည်။ ငလျင်ကြောင့် ပင်လယ်မုန်တိုင်း၏ ဖျက်ဆီးမှု ဒဏ် ကို ခံစားရသည်။ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ဖြစ်ရသည်။ ဥရောပမြောက်ပိုင်းနိုင်ငံ တော်တော်များများသည် ရာသီဥတုအေးလွန်းသောဒဏ်ကို အန်တုနိုင်ရန် မိမိ၏အိမ်အတွင်း ဓာတ်ငွေ့ဖြင့် အမြဲတမ်းအပူ ပေးထားရသည်။ ရုရှားမှဓာတ်ငွေ့အား အမြဲတမ်း ဝယ်ယူသုံးစွဲနေရသည့်အတွက် နိုင်ငံဝင်ငွေအား လျော့ပါးစေရသည်။ ရာသီဥတုအေးလွန်း၍ ခရီးသွားလုပ်ငန်းအား အမြဲတမ်း မလုပ်ကိုင်နိုင်ချေ။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမနီတို့သည် ရုရှား၏အအေးဒဏ်ကြောင့် စစ်ချီ၊ စစ်တက်ခြင်း မပြုနိုင်ခဲ့ချေ။ ရုရှား နိုင်ငံ၏ မြောက်ဘက်တစ်ချမ်းလုံးသည် အမြဲအေးခဲနေသောရာသီဥတုရှိခြင်းနှင့် တောင်တန်း၊သစ်တောများ ထူထပ်စွာ ရှိနေခြင်းကြောင့် နိုင်ငံလုံခြုံရေးအတွက် သဘာဝအတားအဆီးကို အလိုအလျောက်ရရှိထားသည်။ အေးလွန်းပူလွန်းသော နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမဖြစ်ထွန်း၍ စားနပ်ရိက္ခာဖူလုံမှုအတွက် အခက်အခဲဖြစ်နိုင်သည်။ အထင်ရှားဆုံး ဥပမာကား အာဖရိကအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည်။ အပူပိုင်းသဲကန္တာရဒေသဖြစ်ခြင်းကြောင့် မြစ်ချောင်း အင်းအိုင်ရှားပါးသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး မဖြစ်ထွန်း။ ထို့အတူ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်ခြင်းမရှိခြင်းကြောင့် ပင်လယ်ဆိုင်ရာ စားရေရိက္ခာလည်း မရရှိချေ။ နိုင်ငံအတွင်း မြေအောက်သယံဇာတကိုသာ မှီခိုနေရသည်။ နိုင်ငံနယ်နိမိတ် အတွင်း သဘာဝသယံဇာတ ခိုအောင်းမှုပမာဏ နည်းပါးလျှင်ကား ပိုမို၍ပင် ဆင်းရဲမွဲတေရသည်။ ရာသီဥတုဆိုသည့် ရှုထောင့်က ကြည့်ရှုလျှင်ကား သမပိုင်းဇုံတွင် ကျရောက်နေသော နိုင်ငံများသည် အကောင်းဆုံးအနေအထားပင်ဖြစ်သည်။ ၄။ မြေမျက်နှာသွင်ပြင်အနေအထား (Topography) နိုင်ငံတစ်နိုင်ငံအတွင်းပိုင်ဆိုင်ထားသော မြေမျက်နှာပြင်အနေအထားသည် လွန်စွာအရေးပါသည်။ မြေမျက်နှာ သွင်ပြင်ကို လိုက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်းလည်း ဖြစ်လာရသည်။ မြေမျက်နှာသွင်ပြင်ကွာခြားရခြင်း၏ အားသာချက်များရှိသည်။ မြေမျက်နှာသွင်ပြင်ကို အကြမ်းဖျင်းအားဖြင့် ဒေသ (၅) မျိုးခွဲခြားနိုင်သည်။ (၁) တောင်ပေါ်ဒေသ (၂) မြေလတ်ဒေသ (၃) မြေပြန့်ဒေသ
  • 7. 7 (၄) မြစ်ဝကျွန်းပေါ်ဒေသ နှင့် (၅) ပင်လယ်ကျွန်းဒေသ ဟု ခွဲခြားသတ်မှတ်နိုင်သည်။ ၅။ လူဦးရေတည်ရှိမှုပုံစံ (Demography) Demography သည် နိုင်ငံအတွင်း လူဦးရေပျံ့နှံ့တည်ရှိနေမှုအနေအထားကို လေ့လာသော ဘာသာရပ်ဖြစ် သည်။ နိုင်ငံတွင်းတည်ရှိနေသော လူဦးရေအချိုးအစား၊ ကျားမ အချိုးအစားနှင့် အသက်အရွယ် ကွာခြားမှုများကို သိပ္ပံ နည်းကျလေ့လာခြင်းဖြစ်သည်။ လူဦးရေတည်ရှိနေမှုပုံစံကို လိုက်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနေအထားကို ကြည့်ရှုသုံး သပ်နိုင်သည်။ လူဦးရေအနေအထားကို လိုက်၍ နိုင်ငံဖွံ့ဖြိုးခြင်း မဖွံ့ဖြိုးခြင်းဖြစ်လာသည်။ ထို့ကြောင့် လူဦးရေပမာဏ၊ ထိုပမာဏအတွင်း လူတို့၏အရည်အသွေးအတိုင်းအတာကို လိုက်၍ တိုးတက်မှုများခြင်း နည်းခြင်းများဖြစ်လာရသည်။ နိုင်ငံအတွင်း လူဦးရေပမာဏ (Population) များပြားခြင်းသည် နိုင်ငံအတွက် ပါဝါရရာရကြောင်း အကြောင်း တစ်ခုဖြစ်လာနိုင်သလို အားနည်းချက်လည်း ဖြစ်လာနိုင်သည်။ အားနည်းချက်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနည်းပါးနေလျှင် များပြားသောလူဦးရေသည် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်သည်။ ဆင်းရဲမွဲတေသည့်လူဦးရေများ ပြားခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးရသည်။ သို့သော်အခြားတစ်ဖက်တွင်လည်း လူဦးရေများပြားခြင်းကြောင့် ပါဝါတစ်ခုအား အလိုအလျောက် ရရှိလာခြင်းမျိုး လည်းရှိသည်။ ဥပမာ - တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ဖြစ်သည်။ တရုတ်သည် လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိ သည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိသည်။ အမေရိကန်သည် လူဦးရေ သန်း ၃၅၀ ခန့်ရှိသည်။ ရှေးအခါက လူဦးရေများပြားခြင်းသည် စစ်သည်အင်အား များပြားစေခြင်း အကြောင်း တစ်ခုဖြစ်သောကြောင့် နိုင်ငံ၏စစ်ရေးပါဝါကို အလိုအလျောက်ဖြည့်တင်းပြီးသားဖြစ်နေသည်။ လူဦးရေများ ပြားလာစေခြင်း၏ အဓိကသာဓကတစ်ခုရှိသည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီကာလအတွင်း နာဇီဂျာမနီမှ ဟစ်တလာသည် လူဦးရေတိုးပွားရေးစီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ မိသားစုများအား ကလေးများများ မွေးစေရန် ချေးငွေများ၊ ထောက်ပံ့ကြေးများ ပေးသည့် အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအင်အားကြီးမားရခြင်း၏ အကြောင်းတွင် စွမ်းရည်ရှိသောလူဦးရေများပြားစွာတည်ရှိနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံ၏လူဦးရေအရွယ်အစားနှင့် အရည်အသွေးကို ချင့်ချိန်နိုင်ရန် အဓိကသိထားရမည့်အချက်ကား Population, Workforce နှင့် Human Resources ဟူသော ဝေါဟာရများကို ခွဲခွဲခြားခြား သိမြင်ရန်ပင်ဖြစ်သည်။ Population ဟူသည် လူဦးရေအရေအတွက်သာဖြစ်သည်။ အရည်အသွေးမဟုတ်သေးချေ။ နိုင်ငံအတွင်း မွေးကင်းစကလေးမှအစ သေခါနီး လူကြီးများအထိ ရေတွက်ထားသော အရေအတွက်ပမာဏဖြစ်သည်။ Workforce သည် လူဦးရေ အရေအတွက်ထဲမှ အလုပ်လုပ်နိုင်စွမ်းရှိသော လူများကို ဆိုလိုသည်။ အသက်အရွယ်အားဖြင့် ၁၆ နှစ် နှင့် ၆၅ နှစ် ကြားရှိသော လူဦးရေ ပမာဏကို ဆိုလိုသည်။ ထိုအလုပ်လုပ်နိုင်သည့် လူဦးရေထဲတွင်မှ ပညာဖြင့်လုပ်ကိုင်သော ကော်လာဖြူလုပ်သားများကို သာ လူ့အရင်းအမြစ် Human Resource ဟု ခေါ်နိုင်သည်။ အထူးသဖြင့် Human Resource သည် ကာယလုပ်သား မဟုတ်။ ဦးနှောက်လုပ်သားဖြစ်သည်။ နိုင်ငံ့လူဦးရေအတွင်း ဦးနှောက်လုပ်သားများ များပြားလာလေလေ နိုင်ငံတိုးတက်မှု မြင့်မားလာလေလေ ဖြစ်သည်။
  • 8. 8 ၆။ သဘာဝသယံဇာတခိုအောင်းမှု ပမာဏ နိုင်ငံတစ်နိုင်ငံအနေနှင့် သဘာဝသယံဇာတတည်ရှိနေမှုသည် လွန်စွာအရေးပါသည်။ အကြောင်းမှ သဘာဝ သယံဇာတသည် ဖွံ့ဖြိုးရေးဖြစ်စဉ်များနှင့် တွဲဖက်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝ သယံဇာတ ကြွယ်ဝလျှင် ကံကပေးသော မဟာကောင်းချီးတစ်ခုဖြစ်သည်။ သယံဇာတကို အမှီပြု၍ နိုင်ငံဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်နိုသည်။ အထူးသဖြင့် သယံဇာတသည် သူချည်းသက်သက် အဖိုးတန်သည်။ သို့သော် နည်းပညာဖြင့် ပေါင်းစပ်၍ ထုတ်လုပ်နိုင်ပါက ပို၍ တန်ဖိုးမြင့်လာသည်။ ဤသည်ကို Value added ဟု ဆိုကြသည်။ သဘာသယံဇာတရှိခြင်းသည် ချမ်းသာသော နိုင်ငံဖြစ်စေရန် အကြောင်းဖြစ်သည်။ သို့သော် သယံဇာတ ကြွယ်ဝတိုင်း ချမ်းသာကြွယ်ဝလိမ့်မည်ဟု တစ်ထစ်ချ တရားသေ မှတ်ယူ မထားသင့်ချေ။ သယံဇာတ ကြွယ်ဝပြီး ဆင်းရဲသော နိုင်ငံများလည်း အများအပြားရှိသည်။ အာဖရိက နိုင်ငံတော်တော်များများသည် ထိုနည်းလည်းကောင်း ဖြစ်သည်။ သယံဇာတများဖြစ်သာ စိန်၊ သတ္ထုနှင့် ရွှေ၊ သစ် အစရှိသည့် သဘာဝသယံဇာတများရှိသော်လည်း ပြည်တွင်း ပဋိပက္ခများနှင့် ပြည့်နှက်နေသည်။ ပြည်တွင်းစစ်များနှင့် နိုင်ငံဆင်းရဲရသည်။ နည်းပညာမရှိခြင်း၊ ပြည်တွင်းတည်ငြိမ်မှုမရှိခြင်း(တနည်း) တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် အချက်များကြောင့် ဆင်းရဲရသည်။ စင်ကာပူနိုင်ငံသည် သယံဇာတအားဖြင့် ဘာမျှမထွက်။ သို့သော် မိမိနိုင်ငံကို ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်နိုင်ပေသည်။ Natural Resource + Technology + Regulation = Wealth State Natural Resource + Technology – Regulation = Fail State သယံဇာတရှိခြင်းကို နည်းပညာများ၊ တရားဥပဒေကောင်းများဖြင့် ပံ့ပိုးမှသာ ချမ်းသာသောနိုင်ငံတစ်ခုဖြစ်လာနိုင် သည်။ သယံဇာတကြွယ်ဝတိုင်း ချမ်းသာသောနိုင်ငံဖြစ်ရမည်ဟု တရားသေ မမှတ်သင့်။ အခန်း (၂) ပထဝီသဘောနှင့် မြန်မာအတွဲအဆက် မြန်မာ့ ပထဝီနိုင်ငံရေး မြန်မာသည် အာရှတွင်အရေးပါသောမဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ ထိုသို့ မဟာဗျူဟာ မြောက်နိုင်ငံဖြစ်ခြင်းကားကံကပေးသောတည်နေရာကြောင့်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် Strategic Location ကိုအပိုင်စီးရထားသော မြန်မာဖြစ်သည်။ မြန်မာသည် အရှေ့တောင်အာရှတွင် ပါဝင်သည်။ ထို့အတူတောင်အာရှနှင့် အရှေ့တောင်အာရှတို့ ဆက်စပ်ရာနေရာမှာရှိနေသည်။ တောင်အာရှကို အိန္ဒိယက လွှမ်းမိုးသည်။ အရှေ့တောင်အာရှကိုတရုတ်ကလွှမ်းမိုးသည်။ ထိုမဟာအင်အားကြီးနိုင်ငံနှစ်နိုင်ငံကြားတွင် မြန်မာရှိ သည်။ မြန်မာအတွက် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဖြစ်သည်။ အဓိကမှာ နိုင်ငံ့ခေါင်းဆောင် များဖြစ်သည်။ အနာဂတ်တွင် မျိုးဆက်သစ် ခေါင်းဆောင်များပထဝီနိုင်ငံရေးအသိပါးနပ်ရန်လိုအပ်သည်။ သို့မဟုတ် ကား မြန်မာအတွက် အနာဂတ်တွင် ရင်လေးစရာ။
  • 9. 9 အနာဂတ်ခေါင်းဆောင်နှင့် ပထဝီ၏သဘော ထို့ကြောင့် အနာဂတ်မြန်မာ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များပထဝီနိုင်ငံရေးအသိကို ကြိုတင်လေ့လာရန် လိုသည်။ လေ့လာရုံဖြင့် မပြီးပထဝီသဘော၏ အနက်ထဲသို့ ဝင်ရောက်ထားရမည်။ စနစ်သည် ပြောင်းသည်။ မူဝါဒသည် ပြောင်းသည်။ လူသည် ပြောင်းသည်။ မပြောင်းမလဲကျန်ရှိနေသည်ကားပထဝီပင်ဖြစ်သည်။ နိုင်ငံတစ်ခုအားမည်သို့ခါမျှ ပုံသေမတွက်ရာ။ ပုံသေတွက်သော နိုင်ငံ့ခေါင်းဆောင်သည် လှည့်ကွက်မိ၍ မရှုမလှ ဇာတ်သိမ်းရတတ်သည်။ မြန်မာအတွက် ပထဝီသည် အရေးကြီးသည်။ ထို့နောက် အရေးလည်းပါသည်။ ပထဝီကြောင့်ပင် မြန်မာသည် သူမတူအောင် တိုးတက်နိုင်သလိုသူမတူအောင် ခံရသည်လည်း ဖြစ်နိုင်သည်။ သတိချပ်ရန်ကားပထဝီသဘောကို နိုင်ငံ့ခေါင်းဆောင်များသိနေရုံဖြင့် မပြီး ပြည်သူအများပါ မသိစိတ်တွင် စွဲကပ်နေရန်လိုအပ်သည်။ ပထဝီနိုင်ငံရေးအား ပြည်သူပိုင်လုပ်ခြင်း အမေရိကန်တွင် နိုင်ငံခြားရေးပေါ်လစီကို ပြည်သူပိုင်လုပ်သည်။ ပထဝီနိုင်ငံရေးသည် နိုင်ငံခြားရေး မူဝါဒ ချမှတ်ရာတွင် အဓိကဗဟိုပြု၍ ချမှတ်ရသောအရာဖြစ်သည်။ အမေရိကန်တွင် နိုင်ငံခြားရေးမူဝါဒအား Privatization လုပ်သည်ဆိုလျှင် မြန်မာတွင် ပထဝီနိုင်ငံရေးအား Privatization လုပ်ရန်လိုသည်။ ထိုသို့မဟုတ်ပါက မြန်မာသည် အိန္ဒိယနှင့် တရုတ်ကြားတွင် ထန်းလျက်ခဲခွေးလျက်သကဲ့သို့ လုံးပါးပါးနိုင်ချေရှိသည်။ တရုတ်နှင့် ကုလားသည် မြန်မာနှင့် အရောင်အသွေးချင်းအတော်အတန်ကွဲပြားနေသောအခြေအနတွင်ရှိသည်။ ပထဝီနိုင်ငံရေးတွင် လူပါသည်။ မြေပါသည်။ ရေပါသည်။ မြေ၊ ရေ၊ လေသည် ရှင်းသည်။ မရှင်းသည်ကားလူဖြစ်သည်။ လူကိုဗဟိုပြုသောပထဝီ ပထဝီနိုင်ငံရေးသည် နိုင်ငံရေးပထဝီမှ ဆင်းသက်လာသောဘာသာရပ်ဖြစ်သည်။ ပထဝီနိုင်ငံရေး၊ နိုင်ငံရေးပထဝီဝင် ဆိုသည့် ဘာသာရပ်များသည် လူမှုရေးပထဝီနှင့် ဆက်စပ်နေသည်။ ပထဝီနိုင်ငံရေးလေ့လာရာတွင် Political Geography ကိုမလေ့လာ၍ မရ။ ထို့အတူ Human Geography ကိုမလေ့လာ၍ မရ။ လူမှုရေး ပထဝီဝင် ဘာသာရပ်သည် ပထဝီနှင့် လူကိုတွဲဆက်လေ့လာသောဘာသာရပ်ဖြစ်သည်။ လူမှုရေးပထဝီသည် ပထဝီဆိုသည့် မြေရေအပေါ်တည်ရှိနေသောလူမှုရေးဖြစ်စဉ်ကြီးအားလေ့လာခြင်းလည်းဖြစ်သည်။ အထူးသဖြင့် Social Science ဘာသာရပ်မျိုးလည်းဖြစ်သည်။ ပထဝီနိုင်ငံရေးတွင် အရေးကြီးသည်ကား နိုင်ငံရေးအသိဖြစ်သည်။ နောက်ထပ်အရေးကြီးသည်ကား ပထဝီတို့၏ သဘော ဖြစ်သည်။ ပထဝီသဘောကိုကျေညက်လျှင် နိုင်ငံရေးအသိဖြင့် ပေါင်းစပ်ရမည်။ ပထဝီအပေါင်း နိုင်ငံရေး အသိဆိုလျှင် ပထဝီနိုင်ငံရေးအမြင်ကိုမှန်းဆနိုင်လိမ့်မည်။ ပထဝီနိုင်ငံရေးလေ့လာသူသည် ပထဝီဝင် ပညာရှင်များ ကဲ့သို့ ပထဝီပညာရပ် ပါအချက်အလက်များအားအသေးစိတ်လေ့လာရန် မလိုအပ်ချေ။ လေ့လာနိုင်လျှင်ကား အပြစ်မဟုတ်။ သို့သော် ပထဝီတို့ ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားကိုဗဟိုပြု၍ စနစ်တကျလေ့လာထားရန် လိုသည်။ ပထဝီအခြေခံသော နိုင်ငံရေးအသိ ဖြင့် ပထဝီနိုင်ငံရေးအမြင်ကိုရအောင် ကြိုးစားအားထုတ်သင့်သည်။
  • 10. 10 အနာဂတ်အတွက် ခေါင်းဆောင်ဖြစ်ရန် ရည်မှန်းသူကား ကြိုးစားအားထုတ်သင့်သည်မဟုတ်၊ ကြိုးစားအားထုတ် ရမည်ပင်ဖြစ်သည်။ မဟာဗျူဟာမှာခိုင်မာတိကျ၊ နည်းဗျူဟာမှာပျော့ပြောင်း ပထဝီနိုင်ငံရေးသည် မြန်မာအတွက် အလွန်အရေးကြီးလာသည်။ အကြောင်းမှာအိန္ဒိယနှင့်တရုတ်တို့ မဟာအင်အား ကြီးမှ မဟာအင်အားလွန်အဆင့်သို့ တက်လှမ်းရန် ခြေတကြွကြွဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ကိုယ့်ထက်အင်အား သာသူများအကြားခိုင်ခိုင်မာမာရပ်တည်နိုင်ရန် တောင့်တင်းရေ၍ မဖြစ်။ ပျော့ပြောင်းရမည်။ သိမ်မွေ့ရမည်။ အလှုပ်အရှားအရာတွင် ညင်သာရမည်။ ထိုအရာသည် မဟာဗျူဟာဖြစ်သည်။ သံဇောင်းထက် ရေဇောင်းထက်၏။ သို့သော် ထင်းခွဲလျှင်ကားရေဖြင့် ပက်၍ မရ။ မြန်မာသည် ရေကဲ့သို့ ကျင့်ရန်လိုသည်။ ထို့အတူ ရေကဲ့သို့သောစွမ်းအင်မျိုးကိုလည်းပိုင်ဆိုင်ရန် သင့်သည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတွင် ရှေးပဝေသဏီတုန်းက ကဲ့သို့ တောင့်တောင့်ကြီးရပ်နေ၍ မရတော့။ ဂလိုဘယ်ခေတ်တွင် ဤနည်းသည် ဒိတ်အောက်သွားချေပြီ။ အထူးသဖြင့် မဟာအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတွင် သိမ်မွေ့ ရန်လိုသည်။ အကြမ်းပတမ်းမကိုင်ရ။ နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ပဲပြားပင်ကဲ့သို့ ပျော့ပြောင်းရမည်။ တစ်ခါတရံလေ ယူရာယိမ်း တတ်ရမည်။ လေယူရာယိမ်းသည် ဆိုခြင်းကားအမြဲတမ်းယိမ်းကနေရန် ဟုဆိုခြင်းမဟုတ်။ မဟာဗျူဟာပိုင်းတွင် ခိုင်မာ၍ နည်းဗျူဟာပိုင်းတွင် ပျော့ပြောင်းရမည်ဟုဆိုခြင်းဖြစ်သည်။ မတူရာတို့ စုဆုံလျှင် ငလျင်ဗဟိုဖြစ်တတ်သည် အိန္ဒိယတွင် လူဦးရေးပျံ့ပွားမှုနှင့် တရုတ်လူဦးရေတိုးပွားမှုအကြား မြန်မာသည် ကျပ်ညပ်နေသည်။ အိန္ဒိယနှင့် တရုတ်တင် မကဘင်္ဂလားဒေ့ရှ်က တစ်မှောက်ဖြစ်သည်။ လူဦးရေပေါက်ကွဲ၍ မြန်မာဘက်သို့ ရခိုင်မှ စီးဝင်လာသော ဘင်္ဂလီအုပ်စုကားအများအပြားပင်ဖြစ်သည်။ ၂၀၁၂ တွင် စတင်၍ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများနှင့် အရေးအခင်းဖြစ်ပွားသည်။ ဘူးသီးတောင်၊မောင်တောမြို့များမှ တဆင့် စစ်တွေသို့ ကူးစက်သွားသည် ပုဒ်မ (၁၄၄) ထုတ်ပြန်ရသည်အထိအခြေအနေများဆိုးရွားခဲ့သည်။ ရခိုင်၊ ဘင်္ဂလားနယ်စပ်ဒေသကို Political Fault Line ဟုခေါ်လျှင်ရနိုင်သည်။ များသောအားဖြင့် အသွင် မတူ၊ အသွေးမတူသောလူမျိုးစုများစုဆုံရာအဆက်တွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်တတ်လေ့ရှိခြင်းသည် သဘာဝဖြစ် သည်။ ပထဝီသဘောအရ Fault zone ဟုခေါ်သည့် ပြတ်ရွေ့များတည်ရှိရာနေရာတွင် ငလျင်ဗဟိုချက် စတင်လေ့ရှိသည်။ ငလျင်၏ အဦးအစသည် ထို Fault line များမှ စတင်တတ်သည်ကိုသတိပြုရန်လိုသည်။ နိုင်ငံရေးအထာနှပ်သူတို့သည် တည်ငြိမ်ရေးအားဆုပ်ကိုင်လိုလျှင် ထိုသို့သောဒေသများတွင် စတင်ခြေလှမ်း တတ်လေ့ရှိသည်။ ပထဝီကိုအခြေပြု၍ ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်နိုင်သည်။ တည်ငြိမ်မှုကိုထိန်းကျောင်း နိုင်သည်။ မြန်မာ့ပထဝီသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ စိန်ခေါ်မှုများတွင် အခွင့်အလမ်းများလည်း တစ်ပါတည်းသယ်ဆောင်လာနိုင်သည်။ စိန်ခေါ်မှုကို ကြံ့ကြံ့ခံ၍ အခွင့်အလမ်းကိုဆုပ်ကိုင်နိုင်ရန်ကား မြန်မာ့ ခေါင်းဆောင်များနှင့် မပြီးချေ။ ပြည်သူတို့လက်ထဲသို့ မူဝါဒအကောင်အထည်ဖော်စေရန် ချပေးသင့်သည်။
  • 11. 11 အထူးသဖြင့် ပထဝီကိုအခြေပြု၍ ဖွံ့ဖြိုးရေးတိုးတက်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဩဇာဖြန့်ကျက်နိုင်ရေးကို အစိုးရနှင့် ပြည်သူနှစ်ရပ်စလုံးအကောင်အထည် ဖော်ရန် လိုအပ်သည်။ အိမ်နီးနားချင်းကလူမျိုးရေး၊ ဘာသာရေး မြန်မာအတွက်ကားစိုးရိမ်ဖွယ်ရာချည်းများပင်ဖြစ်သည်။ သို့သော် ဘာသာရေးဖြင့်ကား အရှေ့အလယ်ပိုင်းဒေသများ လောက် စိုးရိပ်ဖွယ်ရာမရှိ။ နယ်နိမိတ်ချင်းထိစပ်နေသည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်နိုင်ငံသာဘာသာရေးတွင် မြန်မာအတွက် သတိထားစရာဖြစ်သည်။ အိန္ဒိယတွင် ဘာသာစုံရှိ သည်။ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာစသည်ဖြင့် ဘာသာစုံရှိသည်။ အထူးသဖြင့် ဟိန္ဒူဘာသာဝင်များသည် အိန္ဒိယတွင်များပြားသည်။ ဟိန္ဒူဘာသာဝင်တို့သည် လူမျိုးဇာတ်စနစ်ခွဲခြားမှုရှိ သော်လည်း မိမိဘာသာနေတတ်သောသဘောရှိသည်။ မိမိဘာသာသို့ ဆွဲဆောင်စည်းရုံးတတ်သည့်သဘောမျိုးမရှိ။ နယ်နိမိတ်မျဉ်းအရအများဆုံးထိစပ်နေသည့် တရုတ်နှင့်လည်းဘာသာရေးအရအတိုက်အခံဖြစ်စရာအကြောင်းမရှိ။ လူမျိုးရေးအရလည်းရှမ်းလူမျိုးများသည် မြန်မာနှင့် တရုတ်လူမျိုးတို့၏ အဆက်အစပ်ကို ညင်သာစေသောကူရှင် သဘောမျိုးရှိသည်။ ထို့ကြောင့် မြန်မာနှင့် တရုတ်သည် နယ်စပ်စည်းအရလူမျိုးရေးအခုအခံသည် ပြောသဘော ပြင်းထန်ခြင်းမရှိချေ။ သို့သော် ပြည်တွင်းရှိ မြန်မာနိုင်ငံနွယ် ဖွားတရုတ်လူမျိုးများနှင့် အတွန်းအတိုက် ရှိနေကောင်းရှိနေနိုင်သည်။ သို့သော် အရမ်းကာရောစိုးရိမ်ဖွယ် မရှိချေ။ တရုတ် နှင့် ထိုင်းတို့နှင့်ကား ဘာသာရေးအသွင်ကွဲမှု အကြီးအကျယ်ရှိနေစရာအကြောင်းမရှိ။ ထေရဝါဒ၊ မဟာယာနနှင့် ကွန်ဖျူးရှပ် အတွေးအခေါ်တို့သည် လုံးလုံးလျားလျားအတွန်းအတိုက် ဖြစ်ဖွယ်ရာမရှိ။ မြန်မာသည် ဘင်္ဂလားဒေ့ရှ်နှင့် လူမျိုးရေးသတိရှိသင့်သည်။ ဘာသာရေးသတိလည်းရှိသင့်သည်။ တရုတ်နှင့် ဆက်ဆံရာတွင် လူဝင်မှုပြဿနာရှိသည်။ လူဝင်မှုပြဿနာသည် လက်ရှိရှိရင်းစွဲလူမျိုး၏ အရောင်အသွေးကို ဖျော့တော့စေသည်။ ထိုကိစ္စသည်လည်းသတိထားဖွယ်ရာဖြစ်သည်။ ပြည်တွင်းရှိ အိန္ဒိယအနွယ်ဝင်များဖြင့်ကား ဘာသာရေးစည်းခြားနေခြင်းကြောင့် လူမျိုး၏အရောင်အသွေးဖျော့စရာအကြောင်းမရှိချေ။ တရုတ်တို့နှင့်ကား သတိထားဖွယ်ဖြစ်သည်။ တရုတ်တို့၏ ပုရိဿပဓာနဝါဒသည် မြန်မာ့လူမျိုးအတွက် သတိထားဖွယ်ရာဖြစ်သည်။ အထူးသဖြင့် တရုတ်တို့၏အမျိုးသမီးလိုအပ်ချက် အား မြန်မာဖြင့်ဖြည့်လာလျှင် ဒုက္ခဟု ကြည့်တတ်ရန်လိုသည်။ နိုင်ငံရေးစနစ်၏ ကြားခံဇုံ မြန်မာသည် နိုင်ငံကြီးနှစ်နိုင်ငံအကြား နိုင်ငံရေးစနစ်အရ ကြားခံဇုံသဖွယ်လည်း ဖြစ်နေသည်။ အထူးသဖြင့် ဈေးကွက်ကိုတွင်တွင်ကျယ်ကျယ် သုံးနေသောကွန်မြူနစ်တရုတ်နှင့် ဒီမိုကရေစီအသားကျလာသောအိန္ဒိယအကြား Buffer Zone ဖြစ်နေသည်။ မြန်မာသည် ဒီမိုကရေစီကိုသွားသည်။ အိန္ဒိယသည် ဒီမိုကရေစီဖြစ်ပြီးသွားပြီ။ တရုတ်သည် အိုင်ဒီအိုလိုဂျီကိုကွန်မြူနစ်၊ စီးပွားရေးကိုဈေးကွက်၊ ဘာသာရေးကိုကွန်ဖြူးရှပ်ဖြင့် အတွဲအဆက်မိမိ သွားနေသည်။ မြန်မာသည် ဒီမိုကရက်တိုက်ဇေးရှင်းကိုတည်တည်ငြိမ်ငြိမ်ဖြင့် ခြေတိုးစမ်းလှမ်းနေရသည်။ အိန္ဒိယနှင့် တရုတ်အကြားအိုင်ဒီအိုလိုဂျီအရညင်သာပျော့ပြောင်းအောင် မြန်မာစွမ်းနိုင်ခဲ့သည်။ ဒီမိုကရေစီကိုမျက်နှာသာ ပေးလာသော မြန်မာအဖို့ အိန္ဒိယကိုပါစားပေးသည်ဟုဆိုလျှင်ကားမရနိုင်ချေ။ မြန်မာ၏ ဒီမိုကရေစီသည်
  • 12. 12 အိန္ဒိယပုံစံမဟုတ်၍ ရဲရဲဝံ့ဝံ့ ဆိုနိုင်သည်။ မြန်မာကိုများများကြည့်လျှင် များများ မြင်နိုင်သည်။ အဓိက သတိချပ်ဖွယ်ကားထောင့်စုံစံမှ ကြည့်လာနိုင်လေလေ မြန်မာအတွက် အခွင့်အလမ်းကောင်းများကို များများမြင်လာ နိုင်လေလေဟုဆိုရမည်ပင် ဖြစ်သည်။ အခန်း(၃) စွမ်းအင်နိုင်ငံရေး (သို့) ရေနံနိုင်ငံရေး (Oil Politics) စက်မှုလုပ်ငန်းတွင် စွမ်းအင်လိုအပ်သည်။ လူနေမှုဘဝတွင် စွမ်းအင်လိုအပ်သည်။ သယ်ယူပို့ဆောင်ရေး၊ သွားလာလှုပ်ရှားရေးတွင် စွမ်းအင်လိုအပ်သည်။ လူတွင် ဇီဝကမ္မစွမ်းအင်ရှိသည်။ သဘာဝတွင် စွမ်းအင်များခိုအောင်း နေသည်။ ကမ္ဘာကြီးတွင် စွမ်းအင်များတည်ရှိနေသည်။ စွမ်းအင်ဟူသည်ကား ပုံသဏ္ဍာန်အမျိုးမျိုး၊ အသွင် အမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ ၎င်းစွမ်းအင်များသည် အခြေအနေသက်ရောက်မှုကို လိုက်၍ ပြောင်းလဲ ဖြစ်တည်နေသည်။ ဖြစ်တည် ပြောင်းလဲမှုများပြားသော၊ အဆင့်ဆင့်အသွင်ပေါင်းစုံတည်ရှိနေသော စွမ်းအင်တွင် ဂုဏ်ဒြပ်များစွာရှိသည်။ ဂုဏ်သတ္တိများ စွာ ကိန်းအောင်းနေသည်။ စွမ်းရည်များစွာ ခိုအောင်းနေသည်။ ထိုသို့သော အကြောင်းအချက်များကို လူသားတို့ သိရှိလာကြသောအခါ တိမ်မြုပ်နေသော စွမ်းအင်အမျိုးမျိုးကို ထုတ်ယူ လာကြသည်။ ထုတ်ယူမှုအစွမ်းမြင့်မားစေရန်လည်း အသစ် အသစ်သော နည်းနာများကို ရှာကျန်လာကြသည်။ စွမ်းအင်အမျိုးမျိုးရှိသည်။ ယင်းစွမ်းအင်များတွင် ရုပ်ကြွင်းလောင်စာမှ ရရှိသောစွမ်းအင်ရှိသည်။ လျှပ်စစ်စွမ်းအင် ရှိသည်။ နျူကလီးယားစွမ်းအင်ရှိသည်။ ရုပ်ကြွင်းလောင်စာစွမ်းအင်သည် ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး စသည့် အရင်းအမြစ်များမှရရှိသည်။ လျှပ်စစ်စွမ်းအင်ကို ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင် စသည့် အရင်းအမြစ်များမှ အသွင်ပြောင်းထုတ်ယူသည်။ နျူကလီးယားစွမ်းအင်ကို ယူရေနီယံဓာတ်သတ္ထုမှ ဖြိုခွဲသန့်စင်၍ ထုတ်ယူရရှိသည်။ ရရှိလာသောစွမ်းအင်အမျိုးမျိုးကို အဆင့်ဆင့် အသုံးချခြင်း ဖြင့် လူမှုဖွံ့ဖြိုးရေးသို့ရောက်ရှိလာခဲ့ကြသည်။ ဤသို့သောအခြင်းအရာများကို ထောက်ရှု၍ စွမ်းအင်သည် လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို ပုံဖော်ထူဆစ်သည် ပန်းပုသမားကြီးဖြစ်ကြောင်းတွေ့နိုင်သည်။ ယခုအခြေအနေအချိန်အခါအထိ စွမ်းအင်ကိုအကြမ်းဖျင်းအားဖြင့် အခြေခံမူကွဲကြီး (၃) ခုသာပိုင်းခြား နိုင်သည်။ ၎င်းအခြေခံမူကွဲကြီး (၃)မှာ - (၁) ရုပ်ကြွင်းလောင်စာစွမ်းအင်၊ (၂) လျှပ်စစ်စွမ်းအင် နှင့် (၃) နျူကလီးယားစွမ်းအင် ဟူ၍ စွမ်းအင်အမျိုးအစား(၃) မျိုးသာဖြစ်သည်။ အခြားအခြားသောစွမ်းအင်သဏ္ဍာန်များသည် ၎င်းစွမ်းအင်အရင်းအမြစ်ကြီး (၃) ခုကို အခြေခံ၍သာ ပေါ်ပေါက်လာကြသည်။ ထုဆစ်ရေးသမားကြီး ရေနံ ရုပ်ကြွင်းလောင်စာများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ကျောက်မီးသွေးတို့သည် စက်မှုခေတ်၏ အဦးဆုံး ပဲ့ကိုင်ရှင်များဖြစ်သည်။ ကျောက်မီးသွေးကို အသုံးပြု၍ ရေနွေးငွေ့အင်ဂျင်များကို လည်ပတ်စေ၍ လူသားတို့၏ ကမ္ဘာမြေပြင်ဧရိယာခြေဆန့်မှုကို တိုးမြှင့်ပေးနိုင်ခဲ့သည်။ ရေနွေးငွေ့တာဘိုင်များအသုံးပြု၍ လျှပ်စစ်စွမ်းအင်ထုတ်ယူ၍ လူသားတို့၏ ယဉ်ကျေးမှုကို တစ်ဆင့်မကမြှင့်တင်ပေးခဲ့သည်။ စက်မှုထုတ်ကုန်များ
  • 13. 13 အတွက် ကျောက်မီးသွေးသုံးရေနွေး ငွေ့တာဘိုင်များဖြင့်လျှပ်စစ်ပေးပို့က နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်စေခဲ့သည်။ လူသားတို့အတွက် သွားလာလှုပ်ရှားရေးကိရိယာများဖြစ်သော မော်တော်ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ မီးရထား စသည်တို့သည် ရေနံမှရသော လောင်စာများဖြင့် လှုပ်ရှားအသက်ဝင်လာကြသည်။ ရုပ်ကြွင်းလောင်စာမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ စသည့် လောင်စာများသာမက ပလတ်စတစ်၊ ဖယောင်း၊ အရက်၊ ရေနံချေး၊ ကတ္တရာပါ မကျန် ထုတ်ယူရရှိခဲ့သည်။ ထို့အပြင် နိုင်ငံ့ စီးပွားရေးမောင်းနှင်အားကြီးသည် ရေနံပင်ဖြစ်လာခဲ့သည်။ ရေနံသည် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဖွားတော် ဖက်ဖြစ်လာခဲ့သည်။ ညီတော်နည်းပညာကြီး ကြီးထွားသန်မာလာသကဲ့သို့ နောင်တော်ရေနံ၏ အခန်းကဏ္ဍသည်လည်း မြင့်သထက်မြင့် တင့်သထက်တင့်လာခဲ့သည်။ စစ်ပွဲများ၏ တရားခံလော….. ထိုသို့သောအခြေအနေသို့ ရောက်ရှိလာသောကာလတွင် ကမ္ဘာကြီး၏ရေနံအရင်းအမြစ်ပမာဏ တော်တော် များများကို လက်ဝယ်ဆုပ်ကိုင်ထားနိုင်သောနိုင်ငံများသည် ကမ္ဘာဇာတ်ခုံပေါ်တွင် ဇာတ်ပို့ဇာတ်ရန်နေရာမှ အဓိကဇာတ် ကောင်နေရာသို့ အလျင်အမြန်ရောက်လာခဲ့သည်။ ထို့သို့ရေနံနိုင်ငံများသည် ဇာတ်ခုံပေါ်သို့ ရောက်လာရုံသာမက ဇာတ်ညွှန်းကိုပါရေးသားလာချင်ကြသည်။ သို့သော် ကမ္ဘာကြီးကို မိမိလိုရာအတိုင်း ကစေနိုင်ရန် မဟာအင်အားကြီးနိုင်ငံ များက လက်ခံနိုင်၊ မနှစ်မြို့နိုင်ချေ။ ထို့အခါ စစ်ပွဲများဖြစ်လာသည်။ ပဋိပက္ခများဖြစ်လာသည်။ အရှေ့အလယ်ပိုင်းတွင် ဖြစ် ပွားခဲ့သောစစ်ပွဲများသည် အကြောင်းအမျိုးမျိုး ရှိနိုင်သော်လည်း အဓိကအကြောင်းအရင်းမှာ ရေနံအရင်းအမြစ်ကို အကြောင်းပြု၍ ဖြစ်ပွားသော စစ်ပွဲများပင် ဖြစ်သည်။ ကမ္ဘာတွင် မဟာအင်အားကြီးနိုင်ငံဖြစ်လာခြင်း၊ စူပါပါဝါအဆင့်သို့ရောက်ရှိလာခြင်းသည် စီးပွားရေးအင်အား ကြီးထွားလာခြင်းကြောင့်ဖြစ်သည်။ စီးပွားရေးအင်အားကြီးထွားခြင်းကို အကြီးမားဆုံး အထောက်အပံ့ပေးသောအရာ သည် စွမ်းအင်ပင်ဖြစ်သည်။ စီးပွားရေးအကောင်အထည်ကြီးမားလျှင် ကြီးမားသလောက် စွမ်းအင်ကို ပိုမို သုံးစွဲလာရသည်။ မိမိနိုင်ငံအတွင်းမှ စွမ်းအင်အရင်းအမြစ်များကို သုံးစွဲ၍ မလုံလောက်သောအခါ အခြားနိုင်ငံများမှ စွမ်းအင်ကို တင်သွင်းရ သည်။ စွမ်းအင်တင်သွင်းခြင်း ပုံစံ အမျိုးမျိုးရှိသည်။ ရေနံကို သင်္ဘောများဖြင့်တင်သွင်းသည်။ ပိုက်လိုင်းများဖြင့်လည်း တင်သွင်းသည်။ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းများဖြင့် တင်သွင်းသည်။ လျှပ်စစ်စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံများမှ မဟာဓာတ်အားလိုင်းကြီးများသွယ်တန်း၍ တင်သွင်းကြသည်။ ကျောက်မီးသွေးကို သင်္ဘောများ၊ ရထားများဖြင့် တင်သွင်းသည်။ စွမ်းအင်ရရှိရေး မဟာဗျူဟာ စီးပွားရေးအင်အားကြီးမားလာလေလေ စွမ်းအင်ကို ပိုမိုလိုအပ်လာလေလေဖြစ်သည်။ စွမ်းအင်ကို ပိုမိုလိုအပ်လာ လေလေ စွမ်းအင်ရရှိရေးအတွက် အားထုတ်လာရလေလေဖြစ်လာသည်။ စွမ်းအင်ရရှိရေး အားထုတ်မှုသည် နိုင်ငံအချင်းချင်း အပေးအယူဖြစ်စဉ်များကို ဖန်တီးခဲ့သည်။ အပေးအယူဖြစ်စဉ်များဖြင့် ညှိနှိုင်း၍ မရပါက ပဋိပက္ခအသွင်သို့ရောက်ရှိ လာကြသည်။ ပဋိပက္ခမှသည် စစ်ပွဲများဆီသို့တိုင် ရောက်လာခဲ့ရသည်။ စွမ်းအင်အရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုများသည် မြေပိုင်နက်၊ ရေပိုင်နက်များနှင့် နွှယ်ဆက်၍ ပါလာပြန်သည်။
  • 14. 14 တောင်တရုတ်ပင်လယ်တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများ၏ ပင်လယ်ပြင်ကျွန်းများပိုင်ဆိုင်ရေး အငြင်းပွားမှုသည် ရေအောက်သယံဇာတနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့အရင်း အမြစ်ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပင်ဖြစ်သည်။ ထို့အပြင် တရုတ်၊ ဗီယက်နမ်၊ ဘရုနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံများ၏ ပင်လယ်ပြင် ကျွန်းအရေးအခင်းများသည် ရေနံအတွက်၊ သယံဇာတပိုင်ဆိုင်မှုအတွက် ဖြစ်ပွားသော ရေပိုင်နက်အငြင်းပွား မှုများဖြစ်သည်။ ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့သည့်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ပွဲများသည် အမေရိကန် ဦး ဆောင်သော အနောက်နိုင်ငံများအုပ်စု၏ ရေနံရရှိရေးစစ်ပွဲများဖြစ်ခဲ့သည်။ အရှေ့အလယ်ပိုင်းအတွင်းရှိသော အီရတ်နိုင်ငံ သည် တတိယမြောက်ကမ္ဘာ့ရေနံခိုအောင်းမှုပမာဏကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ မက်ကင်ဒါ၏ နှလုံးသားနယ်မြေ သီအိုရီသည် ယူရေးရှားနယ်မြေမှ အရှေ့အလယ်ပိုင်းသို့ အသွင်ပြောင်းရောက်ရှိလာခြင်းလော ဟု သံသယဖြစ်စရာရှိ သည်။ အရှေ့အလယ်ပိုင်းကို ပိုင်ဆိုင်သောနိုင်ငံသည် ကမ္ဘာကြီးကို ပိုင်စိုးနိုင်ခြင်း ဖြစ်လာနိုင် သည်။ အသွင်ပြောင်းသွားသောနှလုံးသားနယ်မြေ အီရတ်နိုင်ငံသည် ဒုတိယမြောက်နှလုံးသားနယ်မြေ၏ ဗဟိုချက်ဟု ဆိုလျှင် ဆာဟန်ဖို့မက်ကင်ဒါ၏ နှလုံးသား နယ်မြေ သဘောတရားကို သိရှိရန်လိုလာသည်။ ၎င်းမှာ - Sir Halford Mankinder (1869-1947) ၏ Heartland Theory (နှလုံးသားနယ်မြေသဘောတရား) သို့မဟုတ် (ဗဟိုချက်နယ်မြေသဘောတရား) မှာ Heartland Pivot Area = Central Europe, Ukraine, Western Russia နှလုံးသားနယ်မြေ အလယ်ဥရောပ၊ ယူကရိန်း၊ အနောက်ရုရှား - Who rules East Europe commands Heartland; - Who rules Heartland commands World Island; - Who rules World Island commands the World. - အရှေ့ဥရောပကို ပိုင်စိုးသောသူသည် နှလုံးသားနယ်မြေကို လွှမ်းမိုးနိုင်၏။ - နှလုံးသားနယ်မြေကို ပိုင်စိုးသောသူသည် ကမ္ဘာ့ကျွန်းကြီးကို လွှမ်းမိုးနိုင်၏။ - ကမ္ဘာ့ကျွန်းကြီးကို ပိုင်စိုးသောသူသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်၏။ Eurasia = Europe + Asia The World Island = Eurasia + Africa Heartland = The World Island The World Island = World
  • 15. 15 ယူရေးရှားဆိုသည်မှာ ဥရောပနှင့် အာရှဖြစ်သည်။ ကမ္ဘာ့ကျွန်းကြီးဆိုသည်မှာယူရေးရှားနှင့်အာဖရိက ဖြစ်သည်။ နှလုံးသားနယ်မြေဆိုသည်မှာ ယရေးရှားနယ်မြေကို ဆိုလိုသည်။ ကမ္ဘာ့ကျွန်းကြီးသည် ကမ္ဘာကြီးဖြစ်သည်။ မက်ကင်ဒါ၏ နှလုံးသားနယ်မြေတွင် ရုရှားနယ်မြေများ သာမက တရုတ်ပြည်အနောက်ပိုင်း၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်နှင့် အီရန်၊ အီရတ်၊ ပါကစ္စတန် အချို့အပိုင်းများ ပါဝင်သည်။ နှလုံးသားနယ်မြေသည် ဗောလတစ် ပင်လယ်နက် ကျွန်းဆက်မှ အရှေ့ဘက်မိုင် ၂၅၀၀ ခန့်အကွာရှိ ယယ်နီဆေ မြစ်အထိ ကျယ်ပြန့်ပြီး ရေခဲပြင် အာတိတ် သမုဒ္ဒရာ ကမ်းရိုးတန်းမှ တောင်ဘက်ရှိ တောင်တန်းများ (တူရကီ မှ မွန်ဂိုလီးယား) အထိ ကျယ်ပြန့်သည်။ နှလုံးသားနယ်မြေကို ပိုင်စိုးသောနိုင်ငံသည် စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပစ္စည်း အင်အားကို အသုံးချနိုင်စွမ်းရှိသည်။ မက်ကင်ဒါသည် နှလုံးသားနယ်မြေ၏ အားသာချက်များ ကို ထုတ်ဖော်ခဲ့သည်။ - ဗဟိုချက်နယ်မြေ၏ မြောက်ဘက်တွင် တစ်နှစ် ပတ်လုံး ရေခဲနေသော အာတိတ်သမုဒ္ဒရာရှိ သည်။ - တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြင့်မားသော တောင်တန်းများရှိသည်။ - အရှေ့ဘက်တွင် မြေမျက်နှာပြင်ရော ရာသီဥတုပါ ကြမ်းတမ်းသော သဘောရှိသည်။ - ထို့သဘာဝအတားအဆီးများကြောင့် ရန်သူ များဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မပြုနိုင်။ - မြေပေါ်မြေအောက် သယံဖာတ ပစ္စည်းများ လည်း ကြွယ်ဝသည်။ - ထိုကဲ့သို့ ပစ္စည်းအင်အားကြွယ်ဝပြီး သဘာဝအတားအဆီးများကြောင့် လုံခြုံမှုရှိသောဒေသတွင် အင်အား ကြီး နိုင်ငံပေါ်ထွန်းလာနိုင်သည်။
  • 16. 16 (၁) ယူရေးရှားမှ အီရတ်သို့ ယခုရေနံအရင်းအမြစ်ကို ပိုင်ဆိုင်သော အီရတ်နိုင်ငံသည် မက်ကင်ဒါ၏ ဒုတိယမြောက် နှလုံးသား နယ်မြေဖြစ်လာသလားဆိုသည့်မေးခွန်းသည် သံသယဖြစ်စရာ ရှိလာသည်။ ဒုတိယမြောက် နှလုံးသား နယ်မြေ သဘောတရားသည် ဤသို့ ဖြစ်လာဖွယ်ရာရှိသည်။ - အီရတ်ကို ပိုင်စိုးသောသူသည် အရှေ့အလယ်ပိုင်းကို လွှမ်းမိုးနိုင်၏။ - အရှေ့အလယ်ပိုင်းကို ပိုင်စိုးသောသူသည် နှလုံးသားနယ်မြေကို လွှမ်းမိုးနိုင်၏။ - နှလုံးသားနယ်မြေကို ပိုင်စိုးသောသူသည် ကမ္ဘာ့ကြီးကို လွှမ်းမိုးနိုင်၏။ ဆိုသည့် နိယာမပင်ဖြစ်လာနိုင်သလောဟု ထင်မှတ်မှားစရာရှိလာသည်။ အရှေ့အလယ်ပိုင်းအတွက် အီရတ်နိုင်ငံသည် မဟာဗျူဟာမြောက်နယ်မြေဒေသဖြစ်သည် ဆိုလျှင် အီရတ်နိုင်ငံကို ခြေကုတ်ယူရန်ကြိုးပမ်းလာသောနိုင်ငံကြီးများသည် ကမ္ဘာကြီးကို လွှမ်းမိုးရန် ရည်ရွယ်ချက် ရှိလာနိုင်ပေသည်။ အီရတ်သည် ကမ္ဘာ့ရေနံအရင်းအမြစ်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ရုံမက အရှေ့အလယ်ပိုင်း တစ်ခုလုံး၏ ရေအရင်းအမြစ်ကို ချုပ်ကိုင်နိုင်သော ပထဝီဒေသအမျိုးအစားကို ပိုင်ဆိုင်ထားခြင်းကြောင့် လည်းဖြစ်သည်။ ထိုသို့ဆိုလျှင် အရှေ့အလယ်ပိုင်း ဒေသသည် နှလုံးသားနယ်မြေအဖြစ်သတ်မှတ်နိုင်သော အရည်အသွေးများ ရှိရမည်။ ထိုအရည်အသွေးများကို ဖော်ပြလျှင် အရှေ့အလယ်ပိုင်း၏ မဟာဗျူဟာ အရည်အသွေးများကို ထောက်ဆဝေဖန်ရန် ချင့်ချိန်နိုင်မည်ဖြစ်သည်။ မက်ကင်ဒါ၏ အချက်အလက်များအရ မက်ကင်ဒါ၏နှလုံးသားနယ်မြေသည် ရုရှားနယ်မြေများကို အဓိက ဗဟိုပြုထားကြောင်းတွေ့ရသည်။ ဒုတိယ နှလုံးသားနယ်မြေသည် အီရတ်ကို ဗဟိုပြု၍ အရှေ့အလယ်ပိုင်းကို ဖြန့်ကျက်ခြင်း ဖြစ်လာနိုင်သည်။ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ယီမင်၊ အိုမန်၊ ကွာတာ၊ ဂျော်ဒန်၊ ဆီးရီးယား၊ တူရကီ၊ ကူဝိတ်၊ အစ္စရေး၊ ဆိုက်ပရပ်၊ လက်ဘနွန်နှင့် ဘာရိန်း စသည့်နိုင်ငံများ ပါဝင်သည်။ အရှေ့အလယ်ပိုင်းဒေသ၏ အားသာချက်များ - ကမ္ဘာ့ရေနံအရင်းအမြစ်ကြီး ခိုအောင်းနေခြင်း - ကမ္ဘာ့ကုန်သွယ်ရေးအဓိကလမ်းကြောင်းကြီးဖြစ်သော စူးအက်တူးမြောင်းနှင့် အနီးကပ်ရှိနေခြင်း - စူးအက်တူးမြောင်းမှကုန်သွယ်ရေးသင်္ဘောများ သွားလာရာ ပင်လယ်နီကြီးရှိနေခြင်း - ဥရောပ၊ အာရှ၊ အာဖရိကတိုက်ကြီးများ၏ ဗဟိုအချက်အချာဖြစ်နေခြင်း - ကမ္ဘာ့သမုဒ္ဒရာကြီး (၂)စင်းဖြစ်သော အတ္တလန်တိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့နှင့်ထိစပ်နေခြင်း - ပင်လယ် (၇) ခုဖြစ်သော ကက်စပီရန်ပင်လယ်၊ ပင်လယ်နက်၊ မြေထဲပင်လယ်၊ ပင်လယ်နီ၊ အဒန်ပင်လယ်၊ အာရေးဗီးယန်းပင်လယ်၊ ပါရှန်ပင်လယ်တို့နှင့် ထိစပ်နေခြင်း - ကမ္ဘာ့ဘာသာကြီး (၄) ခုထဲမှ အစ္စလာမ်ဘာသာကြီး ထွန်းကားရာဒေသကြီးဖြစ်ခြင်း - အာရပ်လူမျိုးစုကြီး အခြေပြုရာဒေသကြီးဖြစ်ခြင်း