SlideShare a Scribd company logo
1 of 11
Download to read offline
ဗို လ် မိုး ကြိုး အပြန် နောက်ေ ကြာင်း လှ န် လို က် သ ည့်  ဗို လ်ေ အာင် ဆ န်း မိ န့်  ခွ န်း

ဗိုလ်မှူးကြီး စူဇူကီး ခေါ် ဗိုလ်မိုးကြိုး (ရှေ့ဆုံးတန်းမှ မြန်မာ့ ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့်
ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့။

"ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း" ကို ၁၉၈၅ ခု၊
ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့

'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့က (၂၉၊ ၁၁၊ ၁၈၈၅)
မြန်မာနိုင်ငံတော်ရော မြန်မာလူမျိုး တရပ်လုံး၏ အမွန်အမြတ်ဆုံး လွတ်လပ်မှု အားလုံးကိုပါ ဆုံးရှုံး
ပျက်ပြား ခဲ့ကြရပြီး နိုင်ငံခြားသား လူမျိုးများအောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့်

လွတ်လပ်ရေး ပြန်လည် ကြေညာ နိုင်ကြရအောင် မြန်မာ လူမျိုးတရပ် အရပ်အနား မရှိ မနားမနေ ကြံစည်
အားထုတ် ကြိုးစားလာ ခဲ့ကြရလေသည်။မြန်မာတို့၏ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို လိမ်လည်
လှည့်ဖြား၍ ဖမ်းယူ သွားကြသည့် အခါက မြန်မာ့ နယ်မြေ တရပ်လုံး တောင်ပေါ် မြေပြန့်ရှိ လူမျိုးစု
အားလုံးပင် ရရှိကြရာ လက်နက်များဖြင့် ဥရောပတိုက်သား ဖောက်ပြန်သည့် အင်္ဂလိပ် အစိုးရ၏
လက်နက်ကိုင် တပ်များကို ဆယ်နှစ်ကျော်မျှ အနိုင်မခံ အရှုံး မပေးကြသေးသော စိတ်နေ စိတ်ထားများ
အရ ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြပေသေးသည်။

ထို့ကြောင့် ဖောက်ပြန်သော အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများသည် မြန်မာတို့ သက်ဦးဆံပိုင်
သီပေါဘုရင် မင်းမြတ်ကို အနိုင့်အထက်ရော လိမ်လည် လှည့်ဖြား၍ပါ ဖမ်းယူ သွားကြပြီးနောက်
မြန်မာလူမျိုး တရပ်လုံး အပေါ် သတ်မှတ်ချက် စည်းမျဉ်းအရ အုပ်ချုပ်ကြခြင်း မပြုလုပ် နိုင်ကြသေးဘဲ

လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီးထားကြသည့် စစ်အုပ်ချုပ်ရေးဖြင့် ရက်စက် ကြမ်းတမ်းစွာ ဖိနှိပ် အုပ်ချုပ်
နေကြရပေသေးသည်။
လက်နက်စွဲကိုင် ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြသော မြန်မာ အင်အားစုများသည် တိုးတက်
ထွန်းကားကြခြင်း မရှိကြသေးသည့် အလျောက် လက်နက် အစွမ်း အင်အား လူအင်အား မမျှတကြပဲ ခုခံ
မောင်းနှင် နေကြရသောကြောင့် ဆုတ်ယုတ် လျော့ကျမှုဘက်သို့ ရောက်ရှိ သွားကြရလေရာ နောက်ဆုံး
လူတယောက် လက်နက် တခုမျှ ကျန်ရှိကြရသော အခြေအနေ အရ အားမတန် မာန်လျှော့ ချလိုက်ကြ
ရတော့သည်။
ဤကဲ့သို့သော အဖြစ်အပျက် အခြေအနေသို့ ဆိုက်ရောက် သွားကြရသည့် အခါ ဖောက်ပြန်သော

အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားတို့ တပါးက္ဆွန်များသည် လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီး ကြိုးကိုင်
ထားကြသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း လိုက်ကြပြီး စစ်ဝတ်စစ်စား ဘောင်းဘီများချွတ် အရပ်ဝတ်
အရပ်သား ဝတ်ဆင်ကြကာ အုပ်ချုပ်ရေး စည်းမျဉ်းအရ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ အုပ်ချုပ်
လိုက်ကြတော့သည်။

ဖော်ပြခဲ့သည့် အတိုင်း အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ လိုက်ကြသော အခါ မြန်မာ
နိုင်ငံတော်ရောက် အုပ်ချုပ်ရေးဘက် ဆိုင်ရာ တာဝန်ခံများသည် ဖိနှိပ် အုပ်ချုပ်မှု လွယ်ကူကြရ စေရန်
ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဖွား မြန်မာ လူမျိုးများကို အုပ်ချုပ်ရေး အတွင်း သွတ်သွင်း အသုံးပြု
လိုကြသည့် အတိုင်း စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလိုက်ကြလေသည်။

ထိုကဲ့သို့ ကျောင်းများ ဖွင့်လှစ် သင်ကြား ပြသ ပေးလိုက်ကြရ၊ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာများ ပြောဆို
ရေးသား တတ်မြောက် လာခဲ့ကြသော မြန်မာ လူငယ်ကလေးများသည် မြန်မာနိုင်ငံတော်
လွတ်မြောက်ရေး အတွက် အသင်းအဖွဲ့ အစည်းအရုံးများ တည်ထောင် ဖွဲ့စည်း လာကြကာ မြန်မာလူမျိုး
တရပ်လုံး သွေးစည်း ညီညွတ်ရေး ရရှိကြရအောင် စည်းရုံး လှုပ်ရှားလာ ခဲ့ကြရာ အနောက်ဘက်
ဥရောပတိုက် အတွင်း၌ နှစ်ကြိမ်မြောက် ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွား ပေါ်ပေါက်
လာခဲ့လေသည်။
ဥရောပတိုက် အတွင်း၌ ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွားလာသည့် အချိန် မြန်မာ နိုင်ငံတော်၏
လွတ်လပ်ရေး အတွက် စည်းရုံး လှုပ်ရှားမှု အရှိန် အမြင့်မားဆုံးသို့ ရောက်ရှိနေသည့် အတိုင်း
မြန်မာ့အသင်း အဖွဲ့ အစည်းအရုံးတို့တွင် တို့ဗမာ အစည်းအရုံးသည် အမြင့်ဆုံး အဆင့်ဖြင့် ထိပ်တန်း
ရောက်ရှိ နေပေရာ မြန်မာ့ လွတ်လပ်ရေး ကြေညာနိုင်ကြဖို့ ဆိုလျှင် လက်နက်ကိုင် တိုက်ပွဲ အရသာ
တလမ်းတည်းဟု တွက်ဆ ယုံကြည် ယူဆကြကာ လက်တွေ့ လမ်းစဉ် လုပ်ငန်းများ
ဖော်ထုတ်နိုင်ကြအောင် သိပ်သိပ်သည်းသည်း စီစဉ် စိုင်းပြင်း လာခဲ့ကြ ရတော့သည်။
ထို့ကြောင့် သခင်များ ရှေ့ဆောင် ဦးစီး နေကြသော တို့ဗမာ အစည်းအရုံး နှစ်ပိုင်းလုံး အတွင်းရှိ
ခေါင်းဆောင်များသည် မြန်မာ နိုင်ငံတော်ကို စိုးမိုး အုပ်ချုပ် နေကြသော ဖောက်ပြန်သည့် အင်္ဂလိပ်
အရင်းရှင် နယ်ချဲ့သမားများ ရပ်တည် မနေနိုင်ကြအောင် မြန်မာ့ လူထု စည်းရုံးရေး အရင်းခံသည့်

လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲကြရင် တိုးတက်သော အင်အား ရှိနေကြသည့် နိုင်ငံရပ်ခြား အကူအညီများ
မရရှိကြဘဲ လက်တွေ့ တိုက်ပွဲများ ဖြစ်ပေါ် မလာနိုင်ကြဟု ယူဆ ယုံကြည် ခဲ့ကြသည်။
ဤကဲ့သို့ ယူဆ ယုံကြည် လိုက်ကြသည့် အတိုင်း သခင် ကိုယ်တော်မှိုင်း အုပ်စုဘက်ရှိ တို့ဗမာ

အစည်းအရုံး ခေါင်းဆောင်များသည် လက်နက်ကိုင် တိုက်ပွဲအရ စစ်ဆင်ရေး အတွက် စစ်လက်နက်
စစ်အသုံးအဆောင်များ ရရှိနိုင်ကြရန် နယ်မြေ တစပ်တည်း အနီးရှိ တရုတ်နိုင်ငံ ဘက်သို့ ဦးတည်၍
သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့ နှစ်ယောက် ပင်လယ် လမ်းကြောင်းဖြင့် သင်္ဘေစီး၍ ထွက်ခွာ
လာခဲ့ကြလေသည်။

ထိုနည်းအတူပင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးစီး ရှေ့ဆောင် နေကြသော တို့ဗမာ အစည်းအရုံး
အတွင်းရှိ ခေါင်းဆောင်တို့ကလည်း လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲ ကြရမည် ဆိုလျှင် နိုင်ငံရပ်ခြား
အကူအညီ မရရှိကြဘဲ မဖြစ်နိုင်ကြဟု တွေးဆ လက်ခံ ခဲ့ကြသည့် အတိုင်း စစ်အတတ်များရော
စစ်လက်နက် အသုံးအဆောင်များပါ အပြည့်အစုံ ရရှိနိုင်ကြရန် အရှေ့ အာရှဘက်ရှိ အတိုးတက်

အမြင့်မားဆုံးသို့ ရှေ့တန်း တနေရာယူ ရောက်ရှိနေသော ဂျပန်နိုင်ငံဘက် ထွက်ခွာ လာခဲ့ကြလေသည်။
ဤသို့သော နည်းအားဖြင့် သခင်များ ခေါင်းဆောင် နေကြသော တို့ဗမာ အစည်းအရုံးဝင်
ခေါင်းဆောင်များသည် ကိုယ်စီကိုယ်စီ တသီးတခြား ယူဆ ယုံကြည်ချက်များ အတိုင်း နိုင်ငံရပ်ခြား
ဝေးမြေများသို့ တကွဲတပြားစီ ထွက်ခွာ လာခဲ့ကြသော်လည်း အယူအဆချင်းတူ အတွေးအခေါ်ချင်း

တိုက်ဆိုင် လာခဲ့ကြရလေရာ အကြောင်းအား လျော်စွာ ဂျပန် နိုင်ငံအတွင်း သွားရောက် ပေါင်းစပ်မိကြကာ
မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော် ဖွဲ့စည်း တည်ထောင် မိခဲ့ကြသည့် အဆင့်တွင် ပေါင်းဆုံ
သွားမိ ခဲ့ကြလေသည်။
ထိုကဲ့သို့သော နည်းမျိုးအရ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့ လွတ်လပ်ရေး တပ်မတော်
တည်ထောင် ဖွဲ့စည်းမိခဲ့ကြပြီး မြန်မာနိုင်ငံတော် နယ်မြေအတွင်း အရောက် ချီတက် တိုက်ခိုက်

လာနိုင်ကြအောင် စစ်ကြောင်းများ ခွဲ၍ တပ်ထွက်ကြရန် စနစ်တကျ ဖွဲ့စည်း လိုက်ကြသည့် အခါ မြန်မာ့
လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး အဖြစ် ဗိုလ်မှူးကြီး စူဇူကီးကို မြန်မာအမည် ဗိုလ်မိုးကြိုးဟု
မှည့်ခေါ် သုံးနှုန်းကြကာ ကွပ်ကဲ အုပ်ချုပ် ဦးစီး ခဲ့ကြလေသည်။

ဗိုလ်မိုးကြိုး ဦးစီး ကွပ်ကဲ အုပ်ချုပ်လာခဲ့သော မြန်မာ့ လွတ်လပ်ရေး တပ်မတော်ရော ဂျပန် လက်နက်ကိုင်
တပ်ဖွဲ့များပါ ပူးပေါင်း စစ်ဆင် တိုက်ပွဲဝင်လာ ခဲ့ကြရသောကြောင့် ခြောက်လခန့်မျှဖြင့် မြန်မာနိုင်ငံတော်
နယ်မြေ အားလုံးအပေါ် တပ်စွဲ အုပ်စိုး၍ ကောင်းမွန် ငြိမ်းချမ်းစွာ ရပ်တည် နေနိုင် ခဲ့ကြလေသည်။
မြန်မာနိုင်ငံတော် အတွင်းသို့ စစ်ဆင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကြရန် ရည်ရွယ် ပြင်ဆင် ခဲ့ကြစဉ်
အခါက သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့ ဂျပန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးငယ်များ

မြန်မာနိုင်ငံတော် အရေး ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံတော် အောက်ပိုင်း နယ်မြေရှိ ရေး၊ မြိတ်၊ ထားဝယ်၊
မော်လမြိုင် စသည့် မြို့ကြီးများကို လက်ရ သိမ်းပိုက်မိပြီး ကြရင် မြန်မာ အစိုးရအဖွဲ့ တည်ထောင်၍ မြန်မာ့
လွတ်လပ်ရေး ကြေညာနိုင်ကြခွင့် ရရှိကြ ရမည်ဟု နှစ်ဦး နှစ်ဖက် ဆွေးနွေး လက်ခံခဲ့ကြခြင်း အရ ကျေနပ်
သတ်မှတ်ထား ခဲ့ကြသည်။
ဤကဲ့သို့ လက်ခံကျေနပ် သတ်မှတ်ထား ခဲ့ကြသော်လည်း မြန်မာနိုင်ငံတော်ထက် အောက်နယ်မြေ
အားလုံး အပေါ် တပ်များ အတည်တကျ စခန်းချ တပ်စွဲ ထားနိုင်ခဲ့ကြသည့် တိုင်အောင် မြန်မာ့

လွတ်လပ်ရေး ကြေညာခွင့် မရရှိခဲ့ကြသည့် အပြင် မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော်ကိုပင်
အပြီးအပိုင် ရုပ်သိမ်း ဖျက်ပစ် လိုက်ကြဖို့ လက်တွေ့ စီစဉ် လိုက်ကြတော့သည်။
ထိုကဲ့သို့သော အဖြစ်အပျက် အခြေအနေများ ဖြစ်ပွား ပေါ်ပေါက်လာသည့် အခါ ဂျပန် လက်နက်ကိုင်

တပ်ဖွဲ့များ အတွင်းရော မြန်မာ့ လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းပါ ဆန့်ကျင် အငြင်းပွားမှုများ လှုပ်ရှား
ပြန့်ပွား ပြင်းထန် မြင့်မား လာခဲ့ကြရလေရာ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ခေါ် ဘီအိုင်အေ
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဘက်က ရပ်တည်လျက် ရှိနေ
ပေတော့သည်။

ဗိုလ်မိုးကြိုး မြန်မာတို့ဘက်က ရပ်တည် အရေးဆို လာသော အခါ မြန်မာ နိုင်ငံတော် နယ်မြေပေါ်ရှိ ဂျပန်
စစ်ဗိုလ်ချုပ်ကြီးများ အတွင်း ဝင်ရောက် မွှေနှောက်လိုက်ရာ ငြိမ်ဆိမ် တိတ်ဆိတ် မနေသာတော့ဘဲ
ဂျပန်နိုင်ငံရှိ ဗဟို စစ်ဦးစီးချုပ်သို့ တိုင်အောင်ကို အရှုပ်အထွေး ရောက်ရှိ သွားသောကြောင့် မြန်မာ့
လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို ဂျပန်နိုင်ငံ ဗဟို စစ်ဦးစီးချုပ် အရောက် ပြန်လည်
ခေါ်ယူ လိုက်ကြလေသည်။

ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို လက်ရှိ စစ်တာဝန်ရပ်များ
ရုပ်သိမ်းလိုက်ကြပြီး ဂျပန်နိုင်ငံသို့ အရောက် ပြန်လည် ခေါ်ယူ လိုက်ကြလေရာ ဗဟို စစ်ဦးစီး အမိန့်
အပေါ် လေးစား လိုက်နာကြရသော ထုံးတမ်းစဉ်လာ အရ ဂျပန်နိုင်ငံ အရောက် ပြန်လည်
သွားရတော့မည် ဖြစ်လေသည်။

ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ ပြန်သွားရတော့မည့် ရက် အချိန် မတိုင်မီ မြန်မာ့ လွတ်လပ်ရေး
တပ်မတော် ဦးစီး ခေါင်းဆောင်ပိုင်းရှိ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် စစ်ဗိုလ်များက ကြီးမှူး စီစဉ်၍ ၁၃ဝ၎
ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် တနင်းလာနေ့ (၁၃၊ ၇၊ ၄၂) နေ့လည် တနာရီ အချိန် ရန်ကုန်မြို့ အလံပြ
ဘုရားလမ်း ဘီအိုင်အေ ခေါ် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ် အဖြစ် ထားရှိသည့်

တီဘွန်တုတ် အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း ချီးကျူး နှုတ်ဆက်ပွဲ တရပ် ကျင်းပ
ပြုလုပ်ခဲ့ကြလေသည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် လေးစားကြသော အားဖြင့် ချီးကျူး နှုတ်ဆက်ပွဲ ကျင်းပ

ပြုလုပ်ခဲ့ရာ ခန်းမဆောင် အခမ်းအနားသို့ မြန်မာ နယ်မြေရောက် ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ၂၆
ယောက်၊ ဂျပန် ရဲဘော် သုံးကျိပ်ဝင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ဗိုလ် ၂၁ ယောက်၊ ပေါင်း ၄၇
ယောက်သာ တက်ရောက် ရရှိ ကြုံကြိုက် ခဲ့ကြရလေသည်။
၁။ မိနာမိ ခေါ် ဗိုလ်မိုးကြိုး
၂။ ကာဝါရှီးမား
၃။ ယာမာမိုတို
၎။ ကီကာဂျီမား
၅။ အီဇူမိယား
၆။ ဒိုးဘီ

၇။ တေရာ
၈။ အေအိုကီး
၉။ ကီဇာကိုး
၁ဝ။ ဇေအီဗန်
၁၁။ ကီမူရာ
၁၂။ နိုးဆီး
၁၃။ ဒိုးအီ
၁၄။ တာယာ
၁၅။ ဆာတို

၁၆။ မာတူစီးတား
၁၇။ ရာဆူဒါး
၁၈။ ယိုကိုတာ

၁၉။ ဒေါက်တာ ဆူဇူကီး
၂ဝ။ တီဂူချီး
၂၁။ မူလာကာမီး
၂၂။ အိုဆူဆိုး
၂၃။ ဘီမူရား
၂၄။ ကိုမိုတို
၂၅။ အိုဟင်ဂျီနာဂေး
၂၆။ မီနာမီး
မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဘက် ဆိုင်ရာ စစ်ဗိုလ်များ
၁။ ဗိုလ်တေဇ ၂။ ဗိုလ်လက်ျာ

၃။ ဗိုလ်ဇေယျ ၄။ ဗိုလ်ရန်အောင်
၅။ ဗိုလ်ကျော်ဇော ၆။ ဗိုလ်လရောင်
၇။ ဗိုလ်စကြာ ၈။ ဗိုလ်နေဝင်း
၉။ ဗိုလ်မင်းခေါင် ၁ဝ။ ဗိုလ်လင်းယုန်
၁၁။ ဗိုလ်ဗလ ၁၂။ ဗိုလ်အောင်

၁၃။ ဗိုလ်ဇင်ယော် ၁၄။ ဗိုလ်မင်းရောင်
၁၅။ ဗိုလ်မိုးညို ၁၆။ ဗိုလ်မြင့်အောင်
၁၇။ ဗိုလ်တောက်ထိန် ၁၈။ ဗိုလ်တာရာ
၁၉။ ဗိုလ်စောနောင် ၂ဝ။ ဗိုလ်ရဲထွတ်
၂၁။ ဗိုလ်မင်းရေ
အထက်ပါ ချီးကျူး နှုတ်ဆက်ပွဲသို့ တက်ရောက်လာကြမည့် ဂျပန် မြန်မာ စစ်ဗိုလ်များ နေထိုင်ကြရန်
အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း အရှေ့ဘက်ထိပ်က စားပွဲရှည်ကြီး တချပ်
ခင်းထားပြီး ထိုစားပွဲရှည်ကြီးကို ကန့်လန့် ထိပ်တိုက် စားပွဲအရှည် သုံးချပ် ငါးပေခန့်စီ ကွာခြား၍
ခင်းထားလိုက်ရာ အင်္ဂလိပ်စာလုံး အီးစာလုံးကဲ့သို့ ဖြစ်နေ ပေတော့သည်။

ဤကဲ့သို့ ခင်းကျင်း ပြင်ဆင်ထားသော အရှေ့ဘက် ထိပ်ဆုံးရှိ စားပွဲရှည်ကြီး အလယ်၌ မြန်မာ့
လွတ်လပ်ရေး ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇတို့ နှစ်ယောက် အတူယှဉ်ထိုင်ကြပြီး
ဘေးတဖက်တချက်က ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ ထိုင်ကြရာ ဗိုလ်တေဇဘေးက
ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇဘေးက ကာဝါရှီးမားတို့ နေရာ ယူထားကြလေသည်။

ကျန်အခြား မြန်မာ စစ်ဗိုလ် ဂျပန် စစ်ဗိုလ်များသည် အရှေ့ဘက် စားပွဲကြီးသို့ ထိပ်တိုက် ခင်းထားသော
စားပွဲသုံးလုံး၌ ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ အတူယှဉ်တွဲ နေရာယူ ထိုင်ကြသည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ချီးကျူး နှုတ်ဆက်ပွဲ ဖတ်ကြားသည့် ချီးကျူး သြဘာစာတမ်း
ဗမာ လူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ဝဝ ကျော်က စ၍ မြို့တော် အသီးသီးတွင် ရွှေထီး ရွှေနန်း
ရွှေကြငှန်း စိုက်ထူကြကာ မင်းအဆက်ဆက်တို့ဖြင့် အုပ်ချုပ် စိုးမိုးခဲ့ကြ၍ လွတ်လပ် ယဉ်ကျေးသည့် သခင်
လူမျိုးများ ဖြစ်ခဲ့ကြပါသည်။ ဤကဲ့သို့ ယဉ်ကျေးသည့် သခင် လူမျိုးများ ဖြစ်ခဲ့ကြသော်လည်း လွန်ခဲ့သည့်
နှစ်ပေါင်း တရာကျော်လောက်က အင်္ဂလိပ်တို့ လက်အောက် ကျရောက် က္ဆွန်သားပေါက် အဖြစ်သို့
ရောက်ရှိ လာခဲ့ကြရသည်။
ဤသို့ အင်္ဂလိပ်တို့ လက်အောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် မြန်မာ လူမျိုးတို့၏

ယဉ်ကျေးမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သာသနာရေး စသည်တို့ နာလန် မထူနိုင်ကြအောင်
ဖိနှိပ် ချုပ်ချယ် ဖျက်ဆီးခြင်း ခံခဲ့ကြရသောကြောင့် လူမျိုး မပျောက်ကြရ ရုံသာ ကျန်ရှိ နေခဲ့ကြ
ရတော့သည်။
အင်္ဂလိပ်တို့ ရက်စက် ပြင်းထန်သော ဖိနှိပ် ချုပ်ချယ်မှုအောက် ပြားပြားမှောက် ကျရောက် နေခဲ့ကြရာ

အားကိုးရာ မမြင် တွယ်ရာမဲ့ ဖြစ်နေကြရသည့် အခိုက် လွန်ခဲ့သည့် ၃၇ နှစ်က ဂျပန်တို့သည် စစ်အင်အား
ဗိုလ်ပါများစွာ ကြီးမားလှသော ရုရှားတို့ကို တိုက်ခိုက် အောင်မြင် ခဲ့ကြလေရာ အာရှတိုက်သားတို့ စိတ်အား
တက်ွ့က လာခဲ့ကြ ရလေသည်။
ထို့နောက် ဂျပန် လူမျိုးတို့သည် ကြီးကျယ် ဖွံ့ဖြိုး တိုးတက် လာခဲ့ကြသည့် အလျှောက် ကမ္ဘာ့ထိပ်တန်း
နိုင်ငံအဆင့်သို့ တဟုန်ထိုး မြင့်မား တက်ွ့က လာခဲ့ကြရာ ဥရောပ ဒုတိယ ကမ္ဘာ့စစ်ကြီး ဖြစ်ပွားလာခဲ့

သဖြင့် အင်္ဂလိပ် အမေရိကန် မဟာမိတ် နိုင်ငံများ အပေါ် စစ်ကြေညာ၍ အရှေ့ အာရှဘက် မင်းမူလျက်
ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို မောင်းနှင် တိုက်ထုတ် ဖြိုခွင်း နိုင်ခဲ့ကြလေသည်။
အရှေ့အာရှဘက် ပစိဖိတ် ရေပြင်အတွင်းရှိ က္ဆွန်းငယ် နိုင်ငံကလေးများအပေါ် ဗိုလ်ချဲ့ အုပ်စိုးကြလျက်
ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို ချေမှုန်း တိုက်ခိုက် မောင်းနှင် လိုက်ကြပြီးနောက် က္ဆွန်ုပ်တို့
ဗမာပြည်၏ လွတ်လပ်ရေး ခေတ်သစ် ထူထောင်ရေး တို့ကိုလည်း စွမ်းစွမ်းတမန် ဆောင်ရွက်နိုင်ကြရန်
မိနာမိ အမည်ရှိသော ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ထမြောက်
အောင်မြင်အောင် ဖွဲ့စည်း ပေးလိုက်လေသည်။
ဤကဲ့သို့ ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်တေဇ အမည်ခံ သခင်အောင်ဆန်း အမှူး ရှိသော
အာဇာနည် ယောက်ျား မြန်မာ လူငယ်များ၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးကို

ကြီးမှူး ဦးဆောင်ကာ ဂျပန်ဘုရင် တပ်မတော်များနှင့် အတူ မြန်မာပြည် အတွင်းရှိ အမေရိကန် အင်္ဂလိပ်
တရုတ် စစ်သည်များကို ထုံးလိုမွှေ ရေလိုနှောက်ကြပြီး တိုက်ခိုက် နှိမ်နင်း ခဲ့ကြလေသည်။
မောင်းနှင် တိုက်ခိုက်ကြပြီးနောက်ွ့ကင်းကျန်နေသော မိစ္စာကောင်များကိုလည်း မြန်မာပြည်မှ အပသို့
ရက်ပေါင်း ၇ဝ အတွင်း ခါးဝတ် ဘောင်းဘီကိုမျှ အစိုးမရကြစေပဲ အတင်းတရကြမ်း မောင်းနှင်

တိုက်ခိုက်ကြသည်ကို တကမ္ဘာလုံး သိရှိကြပြီး ဖြစ်ခဲ့ကြသည့် အတိုင်း ဗမာ့ လွတ်လပ်ရေး ရာဇဝင် အတွင်း
မော်ကွန်း တင်သွင်းရမည် ဖြစ်သော အကြောင်းကြီး တရပ် ဖြစ်ပေသည်။
ထို့ပြင်တဝ အဘဖြစ်သူသည် မိမိ၏ ရင်နှစ် သားချစ်၊ သမီးချစ်တို့ကို မကောင်းမြစ်တာ ကောင်းရာညွှန်ပြ
ဆုံးမ သွန်သင်ကာ စောင့်ထိမ်း အုပ်ချုပ်ဘိ သကဲ့သို့ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည်လည်း ဗမာ့

လွတ်လပ်ရေး တပ်မတော်သားများ အပေါ် ထူးကဲ မွန်မြတ်သော စေတနာ ထား၍ ဆုံးမသွန်သင်
ပဲ့ပြင်လျှက် အုပ်ထိမ်း စောင့်ရှောက် ခဲ့သည်ကိုလည်း ဗမာ ပြည်သူပြည်သား အပေါင်းတို့သည်
မည်သည့်အခါမျှ မေ့ပျောက် နိုင်ကြမည် မဟုတ်ကြပေ။
ထိုမှတပါး ကမ္ဘာပေါ်တွင် မြန်မာနိုင်တည်း ဟူသော လွတ်လပ်သော နိုင်ငံတခု အဖြစ်ဖြင့် တည်တံ့
ခိုင်မြဲနိုင်ရေး မျှော်တွေးလျှက် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ကဲ့သို့သော ကုန်းတပ်ကြီး

တခုတည်းဖြင့် တောင့်တင်း ခိုင်လုံပြီဟု စိတ်ချရသည် မဟုတ်သောကြောင့် ဗမာ့ လွတ်လပ်ရေး
ရေတပ်မတော်ကြီးကိုလည်း မကြာမီကပင် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက စတင် တည်ထောင် ဖွဲ့စည်း
ပေးခဲ့လေသည်။

ဤသို့လျှင် ဗမာပြည်၏ အကျိုးစီးပွားများကို အားကြိုး မာန်တက် ဆောင်ရွက် သည်ပိုး ခဲ့ပေသော
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မကြာမီ ဂျပန်ပြည်သို့ ပြန်လည်ရတော့မည် ဖြစ်ရာ ဗမာ့ လွတ်လပ်ရေး
တပ်မတော်ကြီး၏ မိဘ အသွင် ကျေးဇူးရှင် ဗိုလ်ချုပ်ကြီးအား က္ဆွန်ုပ်တို့သည် အမြဲအစဉ် သတိရကြမည်
ဖြစ်သည့်အပြင် ဗမာပြည် အတွက် ဗိုလ်ချုပ်ကြီး ဆောင်ရွက် ခဲ့သမျှသော အကျိုးကျေးဇူး တရားတို့သည်
ကမ္ဘာကြေသော်လည်း ဥဒါန်း ကြေတော့မည် မဟုတ်တော့ပေ။

ဂျပန်ပြည်သို့ ဗိုလ်ချုပ်ကြီး ပြန်လည် ဆိုက်ရောက်သည့် အခါ၌လည်း က္ဆွန်ုပ်တို့ ဗမာ လူမျိုး အပေါင်းတို့၏
ဧည့်ဝတ် ကြွေ့ပန်မှု၊ သစ္စာရှိမှု၊ သူရသတ္တိ ပြည့်စုံမှု ဂျပန် စစ်သည်တော်များကို အားပေး ကူညီမှု ဂျပန်များ
အပေါ် ဗမာလူမျိုးတို့ ချစ်ခင် ရင်းနှီး ပေါင်းသင်း ဆက်ဆံမှုတို့ကို ဗိုလ်ချုပ်ကြီး မြင်တွေ့ခဲ့ရသည့် အတိုင်း
ဂျပန် ဘုရင်မင်းမြတ်နှင့် တကွ နန်းရင်း ဝန်ကြီး တိုဂျို စသော ထိပ်တန်း စစ်ခေါင်းဆောင်များ ဂျပန်

အမျိုးသား အမျိုးသမီးများသို့ တဆင့် စကား ပြောကြားကာ ဗမာပြည်၏ လွတ်လပ်ရေးကို မနှေးအမြန်
ရရှိစေရန် အတွက်။
(က) ဗိုလ်ချုပ်ကြီး ဦးစီး တည်ထောင်ခဲ့သော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးလည်း ယခုထက်
လက်နက် အင်အား ပြည့်စုံ တောင့်တင်း လာစေရန်။
(ခ) ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်ကြီးလည်း တည်ထောင် ဖွဲ့စည်းပေးရန် စစ်သင်္ဘော
ကြီးငယ်တို့ဖြင့် တင့်တယ် ခန့်ငြားစွာ မားမားမတ်မတ် ရပ်တည် နေနိုင်ရန်။

(ဂ) မကြာမီအတွင်း ဗမာ့ လွတ်လပ်ရေး လေတပ်မတော်ကြီး တည်ထောင် ဖွဲ့စည်း ပေးစေရန် ကြံဆောင်
ကြိုးစား လိမ့်မည်ဟု က္ဆွန်ုပ်တို့ အထူးမျှော်လင့် ယုံကြည်လျှက် ရှိနေကြပါကြောင်း ထပ်လောင်း၍ မျှော်လင့်
တောင်းတ ကြပါကြောင်း။

ဤချီးကျူး သြဘာ စာတမ်းကို ဖတ်ကြားပြီးနောက် အင်္ဂလိပ် မြန်မာ နှစ်မျိုး ရေးသား ရိုက်နှိပ်ထားသော
ထိုစာတမ်း ၂ စောင်ကို ကောင်းမွန် သပ်ယပ် လှပ တင့်တယ်စွာ ပြုလုပ်ထားသော ငွေကြုပ်အတွင်း
ထည့်သွင်း၍ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးလက်သို့ လေးစားစွာ ဆက်သ လိုက်ကြပေသည်။
ဤကဲ့သို့သော ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ချီးကျူး သြဘာစာတမ်း ဖတ်ကြား ပြီးနောက်
ဗမာ့လွတ်လပ်ရေး တပ်မတော်၏ တာဝန်ရပ်များ ရုပ်သိမ်း၍ ဂျပန်ပြည်သို့ ပြန်လည် ထွက်ခွာ

သွားရတော့မည့် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးနေရာ ဆက်ခံရမည့် သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇသည်
နှုတ်ခွန်းဆက် စကား ပြောကြားသွား လေသည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဧည့်ခံ နှုတ်ဆက်ပွဲ၌ ဗိုလ်တေဇ ပြောစကား
က္ဆွန်တော် ဂျပန်ပြည်ကို ရောက်စက က္ဆွန်တော်တို့ရဲ့ အကြံအစည်များကို အောင်မြင်အောင် ကြိုးစား
ခဲ့ပါတယ်၊ ကြိုးစား ခဲ့သော်လည်း ပထမ ဂျပန်ဘုရင်က က္ဆွန်တော်ရဲ့ အကြံအစည်ကို သဘောမတူ

အသိအမှတ် မပြုခဲ့ပါဘူး၊ က္ဆွန်တော်တို့ဟာ ဂျပန်ပြည်မှာ သောင်မတင် ရေမကျ အခြေဆိုက်တော့မလို
ဖြစ်ခဲ့ပါတယ်၊ သို့သော်လဲ နောက်ဆုံး မိနာမိ ခေါ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးရဲ့ ဆောင်ရွက်
စေ့စပ်ချက်ကြောင့် က္ဆွန်တော်ရဲ့ အကြံအစည်များကို အသိအမှတ်ပြုကာ က္ဆွန်တော်တို့အား
လိုလေသေးမရှိ ကူညီခဲ့ပါတယ်။

ဟိုတုန်းက အကြံအစည်ဟာ ဘာလဲဆိုရင် ဗမာပြည်တွင်းက သူပုန်ထပြီး က္ဆွန်တော်တို့က ဗမာပြည်ကို
လွတ်လပ်ရေး ရအောင် ဝင်တိုက်ဖို့ပါပဲ၊ ဒါကို ဗိုလ်မိုးကြိုးအား ရှင်းပြပြီး သူက တဖန် စေ့စပ်ပေးသည့်
အတွက် ဒီလို အခြေ ရောက်ခဲ့ပါတယ်။ ဒီအချိန် အခါမှာ အင်္ဂလိပ် အမေရိကန်တို့နှင့် ဂျပန်ဟာ စစ်ရေး
မစရသေးပါ၊ တိုင်းပြည် အားလုံး အေးအေးဆေးဆေး နေတဲ့အခါ ဖြစ်ပါတယ်၊ ဒီတော့ က္ဆွန်တော်တို့ရဲ့

အကြံဟာလဲ ပျက်ရတော့မလို ဖြစ်နေတဲ့ အတောအတွင်း ဗိုလ်မိုးကြိုးရဲ့ ကျေးဇူးကြောင့် ဒီအခြေအနေ
ရောက်ခဲ့ရပါတယ်။
ဒီအပြင် ဗိုလ်မိုးကြိုးနဲ့ ဂျပန်ပြည်ရှိ ဂျပန်များ အားလုံးဟာ က္ဆွန်တော်တို့ကို သားအရင်းပမာ ပြုစု
စောင့်ရှောက် ခဲ့ကြပါတယ်။ ဒီနောက် ဗိုလ်မိုးကြိုး ခေါင်းဆောင်ပြီး ယိုးဒယားမှာ လူအနည်းငယ်နှင့်
ဘီအိုင်အေ စတင် ဖွဲ့စည်းကာ တောတောင်တို့ကို ဖြတ်ကျော်ပြီး များစွာ အပင်ပန်းခံရ ဆင်းဆင်းရဲရဲနှင့်
ထမင်းအငတ်ငတ်၊ မစားရတနပ်၊ စားရတနပ်နဲ့ ထမင်းတွေ့လဲ ထမင်းချည်းပဲ စားရပြီး ဒုက္ခကြီးစွာ
ခံခဲ့ရပါတယ်။
ရှေးတုန်းက အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ဘုရင့်နောင် စတဲ့ ရှေးမြန်မာ ဘုရင်တွေဟာ ယိုးဒယားကို
စစ်ချီတက်တာကို စာမှာ တွေ့ရတော့ ဒီလောက် ဒုက္ခရောက်မယ် မထင်ခဲ့မိဘူး၊ အခုလို ကိုယ်တိုင်
တောတောင်များကို ဖြတ်ကျော်ခဲ့ရတော့ တတောင် တက်မိတိုင်း ရှေးမြန်မာ ဘုရင်တွေရဲ့ ဇွဲသတ္တိ၊
စစ်သည်များရဲ့ စွမ်းရည်များကို ချီးကျူးမိပါတယ်။

ဒီလိုအခါမှာ လမ်းတလျှောက်လုံး က္ဆွန်တော်နဲ့ ပါလာခဲ့ကြတဲ့ ရဲဘော်တွေဟာ အချို့လည်း ဖျားသူဖျား၊
သေသူသေ၊ ဖျားတဲ့ လူကိုလဲ ပြုစုစရာ ဘာမျှမပါ၊ ဆေးရုံမရှိ ဘာမရှိနဲ့ ဒီလို ဖျားခဲ့ကြတော့ လမ်းမှာပဲ
ပစ်တန် ပစ်ခဲ့ရတယ်၊ အချို့လဲ ရန်သူတွေနဲ့ တွေ့ကြရပြီး အသတ်ခံ ခဲ့ကြရတယ်၊ အချို့လဲ ဗမာပြည်တွင်း
သတင်းယူ သတင်းပို့ကြတဲ့ ရဲဘော်တွေလဲ ရန်သူ ဖမ်းမိပြီး အသတ်ခံ ခဲ့ကြရတယ်။

သို့သော်လဲ က္ဆွန်တော် တခု မြင်ရတာတော့ ခေါင်းပေါင်းစ ထောင်ပြီး ရာထူးရဖို့ အရေး အတွက် ကြိုးစား
နေကြတာ တွေ့မြင်ရတယ်၊ အချို့ လူကြီး လူကောင်းတွေက ဘီအိုင်အေကို တို့မီး ရှို့မီး လုပ်တာ
တွေတွေ့ရ၊ ဟိုရှုပ် ဒီရှုပ် လုပ်ကြတာတွေ မြင်ရကြားရတော့ အများကြီး ဝမ်းနည်းမိတယ်၊ ဒီလို
လူမျိုးတွေသာ များနေရင် ဗမာပြည်ဟာ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။

အခုလို မကြုံစဖူးအောင် ပေါ်ပေါက် လာခဲ့ရတဲ့ အခါ အခွင့်ကောင်း အချိန်ကြီးမှာ လူကြီးတွေဟာ ဒီလို
လိုက်ပြီး ရှုပ်နေကြမဲ့ အစား ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် လွတ်လပ်ရေး အတွက် စုပေါင်းပြီး
ဆောင်ရွက်ကြဖို့ကို က္ဆွန်တော် တိုက်တွန်း လိုပါတယ်။

ဗမာပြည် ခေါင်းဆောင်ကြီးများဟာလဲ ဗမာပြည် လွတ်လပ်ရေး အတွက် မိမိတို့ တာဝန်ကို ကြိုးစားကြပြီး
ဆောင်ရွက် သင့်ပါတယ်။ ဗမာတွေ အရင်က စိတ်မျိုး မထားကြဘဲ အားလုံး စုပေါင်းကြပြီး
ညီညီညွတ်ညွတ် ဆောင်ရွက်ကြပါ၊ ညီညွတ်ဖို့ဟာ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်၊ စစ်ဘက်
တာဝန်ကတော့ မလစ်ဟင်းရအောင် က္ဆွန်တော် ဆောင်ရွက်ပါမယ်၊ က္ဆွန်တော်ဟာ ဗမာပြည်ကြီးကို

ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး၊ နိုင်ငံရေးဘက်က ဆိုရင် တိုင်းပြည် ခေါင်းဆောင် လူကြီးတွေရဲ့
တာဝန်ပဲ၊ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်သွားကြဖို့ ပါပဲ။
က္ဆွန်တော်တို့ ဘီအိုင်အေ ထဲမှာလဲ ဝင်လာကတည်းက ဗိုလ်ချုပ် ဖြစ်ချင်တဲ့ လူတွေ တွေ့ရတယ်၊
က္ဆွန်တော်တို့ ဗမာတွေဟာ အင်္ဂလိပ် လက်ထက်က ဆိုရင် အင်္ဂလိပ်အတု အတော် ခိုးခဲ့ကြတယ်၊ အခု ဒီ

အင်္ဂလိပ် အတွေး အင်္ဂလိပ် အယူ မကုန်ကြသေးတဲ့ အတွက် ဒီလို စိတ်တွေ များနေတာကို တွေ့ရတယ်၊
အချို့ တပ်မတော်သားတွေနဲ့ ဗိုလ်တွေကလဲ ဟိုက မော်တော်များ သိမ်း ဒီမှာ သွားရောင်းနဲ့ ရှုပ်ကြ
ပွေကြတာတွေ အားလုံးကို က္ဆွန်တော် သိပါတယ်၊ ဒီလူတွေ ၁၄-၅ ယောက် အပြစ်ကို ကြည့်ပြီး
က္ဆွန်တော်တို့ ဂျပန်ပြည်က စပြီး အနစ်နာ ခံခဲ့တာတွေကို မထောက်ထားကြဘဲ တပ်မတော်ကြီး တခုလုံးကို
ပုံပြီး အပြစ် ပြောကြတာတွေ၊ အကြည်ညို ပျက်အောင် လုပ်တာတွေကို ကြားရတော့ အများကြီး
ဝမ်းနည်းမိပါတယ်။
အရင်က လူကြီးတွေကိုသာ အထင်အမြင် သေးခဲ့ပေမယ့် အခု လူငယ်တွေကိုလဲ အထင်အမြင်
မကြီးတော့ဘူး၊ စစ်ထဲ ဝင်လာကြပြီး ရှုပ်နေတာကိုလဲ ဒီကနေ့က စပြီး ရှင်းလင်း ပစ်လိုက်ပါမယ်။
ဘီအိုင်အေကိုလဲ အသစ် ပြန်လည် ဖွဲ့စည်း တည်ထောင်ဖို့ဟာ စီစဉ်ပြီး ဖြစ်ပါတယ်။ ခင်ဗျားတို့ကလဲ
က္ဆွန်တော်တို့ရဲ့ စစ်တပ်ကို ဗမာပြည်ကြီး လွတ်လပ်ရေး အတွက် ဆောင်ရွက် နေတဲ့တပ် (သို့)

အမျိုးအတွက် တည်ထောင်ထားတဲ့ တပ်တို့နဲ့ ဆိုင်တဲ့ တပ်လို့သာ အောက်မေ့ ထားကြပါ၊ အခြား ဟိုတွေး
ဒီတွေး အထင်မှား မနေကြပါနဲ့ ဒီစစ်တပ်ဟာ ဗမာပြည်ကြီးရဲ့ လွတ်လပ်ရေးနဲ့ ကာကွယ်ရေး အတွက်
တည်ထားတဲ့ တပ်ဖြစ်ကြောင်း လေးလေးနက်နက်ကြီး သိထားကြဖို့ပါပဲ။
ယခု က္ဆွန်တော်လဲ ဗမာပြည်မှာရှိတဲ့ ဂျပန်ဘုရင် တပ်မတော်ရဲ့ စစ်ဗိုလ်ချုပ်ကြီးနဲ့ ဘီအိုင်အေ အတွက်

ရှေ့ကို ဘယ်လို စခန်းသွားကြမယ် ဆိုတာကို တိုင်ပင် ဆွေးနွေး နေပါတယ်။ အမှန်တော့ က္ဆွန်တော်တို့
တပ်မတော်ကြီးဟာ ဂျပန် တပ်မတော်ကြီးရဲ့ ညီရင်းသဖွယ် ဖြစ်ရမယ်၊ ညီ ဆိုတာတောင် အားမကိုးရတဲ့
ကလေးသူငယ်လို မဟုတ်ဘဲ အားကိုးလောက်တဲ့ ညီ ဖြစ်ရမယ်။ သူတို့နဲ့ ရင်ဘောင်တန်း တိုက်ပေးရမယ့်
ညီ ဖြစ်ရမယ်၊ ဂျပန်ဟာ က္ဆွန်တော်တို့ရဲ့ ကျေးဇူးရှင် ဖြစ်တယ်။ ကျေးဇူး သိတတ်တဲ့ အနေနဲ့ သူတို့ကို

တိုက်ရာ လိုက်တိုက် ပေးရမယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲမှာ အားကိုးလောက်တဲ့ ညီရယ်လို့ ထင်မှတ်မယ်။
ဂျပန်ပြည်မှာ ရာထူးကြီးသည် ငယ်သည်မဟုတ် ဥပဒေအတိုင်း စစ်ထဲ မဝင်မနေရ လိုက်ကြရတယ်။
က္ဆွန်တော်တို့ ဗမာတွေဟာ ဂျပန်တွေရဲ့ ဝီရိယ ရှိကြပုံ၊ လုပ်ကြပုံ၊ ကိုင်ကြပုံ တွေကို နည်းယူဖို့
ကောင်းတယ်။ စင်စစ်အားဖြင့် အင်္ဂလိပ်နဲ့ အမေရိကန်ဟာ လက်နက်အား လူအား ဂျပန်ထက် သာပေမယ့်
စိတ်ဓာတ်၊ ဝီရိယ သတ္တိတို့မှာ ကွာခြားသွားတော့ အပြတ်အသတ် ရှုံးကြရတာပဲ၊ ဂျပန်တွေဟာ

ဖြစ်သလိုနေ၊ ဖြစ်သလိုထိုင်၊ ဖြစ်သလို စားကြပြီး တွေ့ကြုံ ကြရတဲ့ အခက်အခဲ ဟူသမျှ ကြိုးစား
ကျော်လွန်နိုင်ကြအောင် အလုပ်လုပ် ခဲ့ကြတယ်။ သူတို့တတွေ လုပ်ကြပုံ၊ ကိုင်ကြပုံများကို များများကြီး
အတုခိုးဖို့ ကောင်းတယ်။

ဗမာပြည်မှာ ပြုပြင်ကြဖို့ အချက်တွေ အများကြီး ရှိသေးတယ်။ ဒါတွေဟာ သူတို့ကို နည်းယူကြပြီး
ပြုပေမယ့် ဘုရင်ရှေ့တော်မှောက် ကျရင် ဒါတွေအကုန် ပျောက်ကြပြီး ပြန်လည် တည့်ကြရတယ်။
ဒါလောက်အထိ သူတို့ဟာ တိုင်းပြည်နဲ့ ရှင်ဘုရင်ကို သစ္စာ စောင့်ကြတယ် ဆိုတာ သိကြရမယ်။
က္ဆွန်တော်တို့ဟာ ဒီလို တိုးတက် ကြီးပွားနေတဲ့ ဂျပန်ပြည်ကြီးရဲ့ နည်းစနစ် အမျိုးမျိုးကို နည်းယူ

အတုခိုးကြပြီး ဗမာပြည်ကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းများကို ဆောင်ရွက် သင့်ကြပါတယ်။
ကဲ - ဒီတော့ကာ က္ဆွန်တော် တွေ့ကြုံ သိရှိခဲ့ရတဲ့ ဂျပန် လူမျိုးတွေ အကြောင်းများရော ဂျပန်တွေ
အဖက်ဖက်က တိုးတက် ကြီးပွားလာ ခဲ့ကြတဲ့ အကြောင်း၊ စစ်ရေးအရ အောင်မြင်စွာ အနိုင် ရရှိလာကြတဲ့
အကြောင်းများရော ခင်ဗျားတို့ တတွေ ကောင်းကောင်းသိရှိ ကြရပြီး မဟုတ်လား။

အဲဒီလို သိရှိကြရ ပြီးတော့ကာ က္ဆွန်တော်တို့ ဗမာ လူမျိုးတွေဟာ အလွန်တိုးတက် ထွန်းကား ကြီးပွားလာ
ခဲ့ကြတဲ့ အကြောင်း၊ ကမ္ဘာ့ စစ်ရေးအရ နေရာတကာ အောင်မြင် နေကြတာများကို အားကျ အတုယူကြပြီး
က္ဆွန်တော်တို့ ဗမာပြည်ကြီးတွင် လွတ်လပ်ရေး ရရှိအောင် အထူး ကြိုးစား၍ တကယ် ကြီးပွား
တိုးတက်အောင် အားထုတ်ကြပါလို့ က္ဆွန်တော် တိုက်တွန်းရင်း နိဂုံး ချုပ်ခဲ့ပါတယ်။

သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇ ချီးကျူး နှုတ်ဆက်ပွဲ စကား ပြောကြားပြီးနောက် ဗိုလ်ချုပ်ကြီး
ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဂျပန်ပြန် ရဲဘော် သုံးကျိပ်တို့ သီးသန့်
ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်လေသည်။
မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း

More Related Content

Viewers also liked

Licencia creative-commons
Licencia creative-commonsLicencia creative-commons
Licencia creative-commonsIrene08031995
 
Visual studioによるビルドプロセスの自動化
Visual studioによるビルドプロセスの自動化Visual studioによるビルドプロセスの自動化
Visual studioによるビルドプロセスの自動化TATSUYA HAYAMIZU
 
Licencia creative-commons-1223385176605964-9
Licencia creative-commons-1223385176605964-9Licencia creative-commons-1223385176605964-9
Licencia creative-commons-1223385176605964-9vcorzod
 
Visita al Castañar Gallego de Hervás
Visita al Castañar Gallego de HervásVisita al Castañar Gallego de Hervás
Visita al Castañar Gallego de Hervásiesildefserrano
 
Conductividad 130426022246-phpapp01
Conductividad 130426022246-phpapp01Conductividad 130426022246-phpapp01
Conductividad 130426022246-phpapp01Carlos Ruiz
 
Preguntas
PreguntasPreguntas
Preguntasbelenhh
 
Algunas otras enfermedades que afectan la voz y
Algunas otras enfermedades que afectan la voz yAlgunas otras enfermedades que afectan la voz y
Algunas otras enfermedades que afectan la voz y5432154
 
tutorial CMAPS
tutorial CMAPStutorial CMAPS
tutorial CMAPSsoledg
 
N02馬可福音
N02馬可福音N02馬可福音
N02馬可福音chuliou
 
Las Tics y el nuevo paradigma pedagógico
Las Tics y el nuevo paradigma pedagógicoLas Tics y el nuevo paradigma pedagógico
Las Tics y el nuevo paradigma pedagógicoHenry Cisneros
 
Viklund Tobias Sonic 2 2003
Viklund Tobias Sonic 2 2003Viklund Tobias Sonic 2 2003
Viklund Tobias Sonic 2 2003intro2gamedesign
 
Avvisi villa d'adige 11 17.2.2013
Avvisi villa d'adige 11 17.2.2013Avvisi villa d'adige 11 17.2.2013
Avvisi villa d'adige 11 17.2.2013Parrocchia Menà
 
Plantilla aicle world population
Plantilla aicle world populationPlantilla aicle world population
Plantilla aicle world populationAzucenaBa
 

Viewers also liked (20)

Producto 6 y 7
Producto 6  y 7Producto 6  y 7
Producto 6 y 7
 
Licencia creative-commons
Licencia creative-commonsLicencia creative-commons
Licencia creative-commons
 
Visual studioによるビルドプロセスの自動化
Visual studioによるビルドプロセスの自動化Visual studioによるビルドプロセスの自動化
Visual studioによるビルドプロセスの自動化
 
Licencia creative-commons-1223385176605964-9
Licencia creative-commons-1223385176605964-9Licencia creative-commons-1223385176605964-9
Licencia creative-commons-1223385176605964-9
 
Visita al Castañar Gallego de Hervás
Visita al Castañar Gallego de HervásVisita al Castañar Gallego de Hervás
Visita al Castañar Gallego de Hervás
 
Patma i.e. 2013
Patma i.e. 2013Patma i.e. 2013
Patma i.e. 2013
 
Conductividad 130426022246-phpapp01
Conductividad 130426022246-phpapp01Conductividad 130426022246-phpapp01
Conductividad 130426022246-phpapp01
 
Preguntas
PreguntasPreguntas
Preguntas
 
Algunas otras enfermedades que afectan la voz y
Algunas otras enfermedades que afectan la voz yAlgunas otras enfermedades que afectan la voz y
Algunas otras enfermedades que afectan la voz y
 
tutorial CMAPS
tutorial CMAPStutorial CMAPS
tutorial CMAPS
 
N02馬可福音
N02馬可福音N02馬可福音
N02馬可福音
 
4 May 2014 [Newsletter]
4 May 2014 [Newsletter]4 May 2014 [Newsletter]
4 May 2014 [Newsletter]
 
Deber de computación
Deber de computaciónDeber de computación
Deber de computación
 
Clase 1
Clase 1Clase 1
Clase 1
 
Las Tics y el nuevo paradigma pedagógico
Las Tics y el nuevo paradigma pedagógicoLas Tics y el nuevo paradigma pedagógico
Las Tics y el nuevo paradigma pedagógico
 
Viklund Tobias Sonic 2 2003
Viklund Tobias Sonic 2 2003Viklund Tobias Sonic 2 2003
Viklund Tobias Sonic 2 2003
 
10 August 2014 [Newsletter]
10 August 2014 [Newsletter]10 August 2014 [Newsletter]
10 August 2014 [Newsletter]
 
Clifford geertz
Clifford geertzClifford geertz
Clifford geertz
 
Avvisi villa d'adige 11 17.2.2013
Avvisi villa d'adige 11 17.2.2013Avvisi villa d'adige 11 17.2.2013
Avvisi villa d'adige 11 17.2.2013
 
Plantilla aicle world population
Plantilla aicle world populationPlantilla aicle world population
Plantilla aicle world population
 

More from ဆရာ ဟိန်းတင့်ဇော်

သမိုင်း ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...
သမိုင်း   ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...သမိုင်း   ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...
သမိုင်း ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...ဆရာ ဟိန်းတင့်ဇော်
 
ဝဏ္ဏသီရိ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)
ဝဏ္ဏသီရိ   ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)ဝဏ္ဏသီရိ   ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)
ဝဏ္ဏသီရိ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)ဆရာ ဟိန်းတင့်ဇော်
 
လူထုဦးလှ လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦး
လူထုဦးလှ   လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦးလူထုဦးလှ   လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦး
လူထုဦးလှ လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦးဆရာ ဟိန်းတင့်ဇော်
 
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုး
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုးလူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုး
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုးဆရာ ဟိန်းတင့်ဇော်
 
လူထုစိန်ဝင်း အစိုးရကမိဘလား ပြည်သူက မိဘလား
လူထုစိန်ဝင်း   အစိုးရကမိဘလား ပြည်သူက မိဘလားလူထုစိန်ဝင်း   အစိုးရကမိဘလား ပြည်သူက မိဘလား
လူထုစိန်ဝင်း အစိုးရကမိဘလား ပြည်သူက မိဘလားဆရာ ဟိန်းတင့်ဇော်
 
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...ဆရာ ဟိန်းတင့်ဇော်
 
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆရာ ဟိန်းတင့်ဇော်
 
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာမြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာမြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ (ဂါမဏိ ဘာသာပြန်သည်)
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ  (ဂါမဏိ ဘာသာပြန်သည်)မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ  (ဂါမဏိ ဘာသာပြန်သည်)
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ (ဂါမဏိ ဘာသာပြန်သည်)ဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...ဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)ဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်းဆရာ ဟိန်းတင့်ဇော်
 
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများဆရာ ဟိန်းတင့်ဇော်
 
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...ဆရာ ဟိန်းတင့်ဇော်
 
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်း
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်းပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်း
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်းဆရာ ဟိန်းတင့်ဇော်
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆရာ ဟိန်းတင့်ဇော်
 
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်း
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်းပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်း
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်းဆရာ ဟိန်းတင့်ဇော်
 

More from ဆရာ ဟိန်းတင့်ဇော် (20)

သမိုင်း ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...
သမိုင်း   ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...သမိုင်း   ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...
သမိုင်း ၁၉၄၅ -ခု မြန်မာနိုင်ငံ ဖက်စစ်တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်) -...
 
ဝဏ္ဏသီရိ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)
ဝဏ္ဏသီရိ   ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)ဝဏ္ဏသီရိ   ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)
ဝဏ္ဏသီရိ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒု)
 
လူထုဦးလှ လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦး
လူထုဦးလှ   လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦးလူထုဦးလှ   လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦး
လူထုဦးလှ လုပ်ကြံမှု့ကြီးတွင်ပါဝင်သူတစ်ဦး
 
လူထုဦးလှ စစ်အချုပ်နှင့်ထောင်
လူထုဦးလှ   စစ်အချုပ်နှင့်ထောင်လူထုဦးလှ   စစ်အချုပ်နှင့်ထောင်
လူထုဦးလှ စစ်အချုပ်နှင့်ထောင်
 
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုး
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုးလူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုး
လူထုတိုက်ပွဲ မြေအောက်လက်စွဲ – မိုးသီးဇွန် – နစ်နေမန်း – ခင်မမမျိုး
 
လူထုစိန်ဝင်း အစိုးရကမိဘလား ပြည်သူက မိဘလား
လူထုစိန်ဝင်း   အစိုးရကမိဘလား ပြည်သူက မိဘလားလူထုစိန်ဝင်း   အစိုးရကမိဘလား ပြည်သူက မိဘလား
လူထုစိန်ဝင်း အစိုးရကမိဘလား ပြည်သူက မိဘလား
 
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...
ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်လာကြသော ဘင်္ဂါလီ မူဆလင်များနှင့် ပတ်သက်သည့်လေ့လ...
 
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရခိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
 
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာမြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ
မြန်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ
 
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာမြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ
 
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ (ဂါမဏိ ဘာသာပြန်သည်)
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ  (ဂါမဏိ ဘာသာပြန်သည်)မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ  (ဂါမဏိ ဘာသာပြန်သည်)
မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ (ဂါမဏိ ဘာသာပြန်သည်)
 
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ – အောင...
 
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)
မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ဝေး)
 
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်၏ နိုင်ငံရေး သုံးသပ်ချက် စာတမ်း
 
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အခြားနည်းလမ်းများ
 
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...
မြန်မာ့မင်းခမ်းတော်များနှင့်အမျိုးသားပြတိုက်တွင် ပြသထားသော နန်းတွင်းသုံး ရွှေထ...
 
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်း
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်းပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်း
ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း – တက္ကသိုလ်နေ၀င်း
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
 
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ
 
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်း
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်းပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်း
ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင် ရဲဘော်ကျော်သန်း
 

ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း

  • 1. ဗို လ် မိုး ကြိုး အပြန် နောက်ေ ကြာင်း လှ န် လို က် သ ည့်  ဗို လ်ေ အာင် ဆ န်း မိ န့်  ခွ န်း ဗိုလ်မှူးကြီး စူဇူကီး ခေါ် ဗိုလ်မိုးကြိုး (ရှေ့ဆုံးတန်းမှ မြန်မာ့ ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့် ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့။ "ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း" ကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့က (၂၉၊ ၁၁၊ ၁၈၈၅) မြန်မာနိုင်ငံတော်ရော မြန်မာလူမျိုး တရပ်လုံး၏ အမွန်အမြတ်ဆုံး လွတ်လပ်မှု အားလုံးကိုပါ ဆုံးရှုံး ပျက်ပြား ခဲ့ကြရပြီး နိုင်ငံခြားသား လူမျိုးများအောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် လွတ်လပ်ရေး ပြန်လည် ကြေညာ နိုင်ကြရအောင် မြန်မာ လူမျိုးတရပ် အရပ်အနား မရှိ မနားမနေ ကြံစည် အားထုတ် ကြိုးစားလာ ခဲ့ကြရလေသည်။မြန်မာတို့၏ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို လိမ်လည်
  • 2. လှည့်ဖြား၍ ဖမ်းယူ သွားကြသည့် အခါက မြန်မာ့ နယ်မြေ တရပ်လုံး တောင်ပေါ် မြေပြန့်ရှိ လူမျိုးစု အားလုံးပင် ရရှိကြရာ လက်နက်များဖြင့် ဥရောပတိုက်သား ဖောက်ပြန်သည့် အင်္ဂလိပ် အစိုးရ၏ လက်နက်ကိုင် တပ်များကို ဆယ်နှစ်ကျော်မျှ အနိုင်မခံ အရှုံး မပေးကြသေးသော စိတ်နေ စိတ်ထားများ အရ ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြပေသေးသည်။ ထို့ကြောင့် ဖောက်ပြန်သော အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများသည် မြန်မာတို့ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို အနိုင့်အထက်ရော လိမ်လည် လှည့်ဖြား၍ပါ ဖမ်းယူ သွားကြပြီးနောက် မြန်မာလူမျိုး တရပ်လုံး အပေါ် သတ်မှတ်ချက် စည်းမျဉ်းအရ အုပ်ချုပ်ကြခြင်း မပြုလုပ် နိုင်ကြသေးဘဲ လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီးထားကြသည့် စစ်အုပ်ချုပ်ရေးဖြင့် ရက်စက် ကြမ်းတမ်းစွာ ဖိနှိပ် အုပ်ချုပ် နေကြရပေသေးသည်။ လက်နက်စွဲကိုင် ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြသော မြန်မာ အင်အားစုများသည် တိုးတက် ထွန်းကားကြခြင်း မရှိကြသေးသည့် အလျောက် လက်နက် အစွမ်း အင်အား လူအင်အား မမျှတကြပဲ ခုခံ မောင်းနှင် နေကြရသောကြောင့် ဆုတ်ယုတ် လျော့ကျမှုဘက်သို့ ရောက်ရှိ သွားကြရလေရာ နောက်ဆုံး လူတယောက် လက်နက် တခုမျှ ကျန်ရှိကြရသော အခြေအနေ အရ အားမတန် မာန်လျှော့ ချလိုက်ကြ ရတော့သည်။ ဤကဲ့သို့သော အဖြစ်အပျက် အခြေအနေသို့ ဆိုက်ရောက် သွားကြရသည့် အခါ ဖောက်ပြန်သော အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားတို့ တပါးက္ဆွန်များသည် လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီး ကြိုးကိုင် ထားကြသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း လိုက်ကြပြီး စစ်ဝတ်စစ်စား ဘောင်းဘီများချွတ် အရပ်ဝတ် အရပ်သား ဝတ်ဆင်ကြကာ အုပ်ချုပ်ရေး စည်းမျဉ်းအရ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ အုပ်ချုပ် လိုက်ကြတော့သည်။ ဖော်ပြခဲ့သည့် အတိုင်း အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ လိုက်ကြသော အခါ မြန်မာ နိုင်ငံတော်ရောက် အုပ်ချုပ်ရေးဘက် ဆိုင်ရာ တာဝန်ခံများသည် ဖိနှိပ် အုပ်ချုပ်မှု လွယ်ကူကြရ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဖွား မြန်မာ လူမျိုးများကို အုပ်ချုပ်ရေး အတွင်း သွတ်သွင်း အသုံးပြု လိုကြသည့် အတိုင်း စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလိုက်ကြလေသည်။ ထိုကဲ့သို့ ကျောင်းများ ဖွင့်လှစ် သင်ကြား ပြသ ပေးလိုက်ကြရ၊ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာများ ပြောဆို ရေးသား တတ်မြောက် လာခဲ့ကြသော မြန်မာ လူငယ်ကလေးများသည် မြန်မာနိုင်ငံတော် လွတ်မြောက်ရေး အတွက် အသင်းအဖွဲ့ အစည်းအရုံးများ တည်ထောင် ဖွဲ့စည်း လာကြကာ မြန်မာလူမျိုး တရပ်လုံး သွေးစည်း ညီညွတ်ရေး ရရှိကြရအောင် စည်းရုံး လှုပ်ရှားလာ ခဲ့ကြရာ အနောက်ဘက် ဥရောပတိုက် အတွင်း၌ နှစ်ကြိမ်မြောက် ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွား ပေါ်ပေါက် လာခဲ့လေသည်။ ဥရောပတိုက် အတွင်း၌ ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွားလာသည့် အချိန် မြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး အတွက် စည်းရုံး လှုပ်ရှားမှု အရှိန် အမြင့်မားဆုံးသို့ ရောက်ရှိနေသည့် အတိုင်း မြန်မာ့အသင်း အဖွဲ့ အစည်းအရုံးတို့တွင် တို့ဗမာ အစည်းအရုံးသည် အမြင့်ဆုံး အဆင့်ဖြင့် ထိပ်တန်း ရောက်ရှိ နေပေရာ မြန်မာ့ လွတ်လပ်ရေး ကြေညာနိုင်ကြဖို့ ဆိုလျှင် လက်နက်ကိုင် တိုက်ပွဲ အရသာ တလမ်းတည်းဟု တွက်ဆ ယုံကြည် ယူဆကြကာ လက်တွေ့ လမ်းစဉ် လုပ်ငန်းများ
  • 3. ဖော်ထုတ်နိုင်ကြအောင် သိပ်သိပ်သည်းသည်း စီစဉ် စိုင်းပြင်း လာခဲ့ကြ ရတော့သည်။ ထို့ကြောင့် သခင်များ ရှေ့ဆောင် ဦးစီး နေကြသော တို့ဗမာ အစည်းအရုံး နှစ်ပိုင်းလုံး အတွင်းရှိ ခေါင်းဆောင်များသည် မြန်မာ နိုင်ငံတော်ကို စိုးမိုး အုပ်ချုပ် နေကြသော ဖောက်ပြန်သည့် အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများ ရပ်တည် မနေနိုင်ကြအောင် မြန်မာ့ လူထု စည်းရုံးရေး အရင်းခံသည့် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲကြရင် တိုးတက်သော အင်အား ရှိနေကြသည့် နိုင်ငံရပ်ခြား အကူအညီများ မရရှိကြဘဲ လက်တွေ့ တိုက်ပွဲများ ဖြစ်ပေါ် မလာနိုင်ကြဟု ယူဆ ယုံကြည် ခဲ့ကြသည်။ ဤကဲ့သို့ ယူဆ ယုံကြည် လိုက်ကြသည့် အတိုင်း သခင် ကိုယ်တော်မှိုင်း အုပ်စုဘက်ရှိ တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များသည် လက်နက်ကိုင် တိုက်ပွဲအရ စစ်ဆင်ရေး အတွက် စစ်လက်နက် စစ်အသုံးအဆောင်များ ရရှိနိုင်ကြရန် နယ်မြေ တစပ်တည်း အနီးရှိ တရုတ်နိုင်ငံ ဘက်သို့ ဦးတည်၍ သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့ နှစ်ယောက် ပင်လယ် လမ်းကြောင်းဖြင့် သင်္ဘေစီး၍ ထွက်ခွာ လာခဲ့ကြလေသည်။ ထိုနည်းအတူပင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးစီး ရှေ့ဆောင် နေကြသော တို့ဗမာ အစည်းအရုံး အတွင်းရှိ ခေါင်းဆောင်တို့ကလည်း လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲ ကြရမည် ဆိုလျှင် နိုင်ငံရပ်ခြား အကူအညီ မရရှိကြဘဲ မဖြစ်နိုင်ကြဟု တွေးဆ လက်ခံ ခဲ့ကြသည့် အတိုင်း စစ်အတတ်များရော စစ်လက်နက် အသုံးအဆောင်များပါ အပြည့်အစုံ ရရှိနိုင်ကြရန် အရှေ့ အာရှဘက်ရှိ အတိုးတက် အမြင့်မားဆုံးသို့ ရှေ့တန်း တနေရာယူ ရောက်ရှိနေသော ဂျပန်နိုင်ငံဘက် ထွက်ခွာ လာခဲ့ကြလေသည်။ ဤသို့သော နည်းအားဖြင့် သခင်များ ခေါင်းဆောင် နေကြသော တို့ဗမာ အစည်းအရုံးဝင် ခေါင်းဆောင်များသည် ကိုယ်စီကိုယ်စီ တသီးတခြား ယူဆ ယုံကြည်ချက်များ အတိုင်း နိုင်ငံရပ်ခြား ဝေးမြေများသို့ တကွဲတပြားစီ ထွက်ခွာ လာခဲ့ကြသော်လည်း အယူအဆချင်းတူ အတွေးအခေါ်ချင်း တိုက်ဆိုင် လာခဲ့ကြရလေရာ အကြောင်းအား လျော်စွာ ဂျပန် နိုင်ငံအတွင်း သွားရောက် ပေါင်းစပ်မိကြကာ မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော် ဖွဲ့စည်း တည်ထောင် မိခဲ့ကြသည့် အဆင့်တွင် ပေါင်းဆုံ သွားမိ ခဲ့ကြလေသည်။ ထိုကဲ့သို့သော နည်းမျိုးအရ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့ လွတ်လပ်ရေး တပ်မတော် တည်ထောင် ဖွဲ့စည်းမိခဲ့ကြပြီး မြန်မာနိုင်ငံတော် နယ်မြေအတွင်း အရောက် ချီတက် တိုက်ခိုက် လာနိုင်ကြအောင် စစ်ကြောင်းများ ခွဲ၍ တပ်ထွက်ကြရန် စနစ်တကျ ဖွဲ့စည်း လိုက်ကြသည့် အခါ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး အဖြစ် ဗိုလ်မှူးကြီး စူဇူကီးကို မြန်မာအမည် ဗိုလ်မိုးကြိုးဟု မှည့်ခေါ် သုံးနှုန်းကြကာ ကွပ်ကဲ အုပ်ချုပ် ဦးစီး ခဲ့ကြလေသည်။ ဗိုလ်မိုးကြိုး ဦးစီး ကွပ်ကဲ အုပ်ချုပ်လာခဲ့သော မြန်မာ့ လွတ်လပ်ရေး တပ်မတော်ရော ဂျပန် လက်နက်ကိုင် တပ်ဖွဲ့များပါ ပူးပေါင်း စစ်ဆင် တိုက်ပွဲဝင်လာ ခဲ့ကြရသောကြောင့် ခြောက်လခန့်မျှဖြင့် မြန်မာနိုင်ငံတော် နယ်မြေ အားလုံးအပေါ် တပ်စွဲ အုပ်စိုး၍ ကောင်းမွန် ငြိမ်းချမ်းစွာ ရပ်တည် နေနိုင် ခဲ့ကြလေသည်။ မြန်မာနိုင်ငံတော် အတွင်းသို့ စစ်ဆင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကြရန် ရည်ရွယ် ပြင်ဆင် ခဲ့ကြစဉ် အခါက သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့ ဂျပန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးငယ်များ မြန်မာနိုင်ငံတော် အရေး ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံတော် အောက်ပိုင်း နယ်မြေရှိ ရေး၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင် စသည့် မြို့ကြီးများကို လက်ရ သိမ်းပိုက်မိပြီး ကြရင် မြန်မာ အစိုးရအဖွဲ့ တည်ထောင်၍ မြန်မာ့
  • 4. လွတ်လပ်ရေး ကြေညာနိုင်ကြခွင့် ရရှိကြ ရမည်ဟု နှစ်ဦး နှစ်ဖက် ဆွေးနွေး လက်ခံခဲ့ကြခြင်း အရ ကျေနပ် သတ်မှတ်ထား ခဲ့ကြသည်။ ဤကဲ့သို့ လက်ခံကျေနပ် သတ်မှတ်ထား ခဲ့ကြသော်လည်း မြန်မာနိုင်ငံတော်ထက် အောက်နယ်မြေ အားလုံး အပေါ် တပ်များ အတည်တကျ စခန်းချ တပ်စွဲ ထားနိုင်ခဲ့ကြသည့် တိုင်အောင် မြန်မာ့ လွတ်လပ်ရေး ကြေညာခွင့် မရရှိခဲ့ကြသည့် အပြင် မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော်ကိုပင် အပြီးအပိုင် ရုပ်သိမ်း ဖျက်ပစ် လိုက်ကြဖို့ လက်တွေ့ စီစဉ် လိုက်ကြတော့သည်။ ထိုကဲ့သို့သော အဖြစ်အပျက် အခြေအနေများ ဖြစ်ပွား ပေါ်ပေါက်လာသည့် အခါ ဂျပန် လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းရော မြန်မာ့ လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းပါ ဆန့်ကျင် အငြင်းပွားမှုများ လှုပ်ရှား ပြန့်ပွား ပြင်းထန် မြင့်မား လာခဲ့ကြရလေရာ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ခေါ် ဘီအိုင်အေ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဘက်က ရပ်တည်လျက် ရှိနေ ပေတော့သည်။ ဗိုလ်မိုးကြိုး မြန်မာတို့ဘက်က ရပ်တည် အရေးဆို လာသော အခါ မြန်မာ နိုင်ငံတော် နယ်မြေပေါ်ရှိ ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ အတွင်း ဝင်ရောက် မွှေနှောက်လိုက်ရာ ငြိမ်ဆိမ် တိတ်ဆိတ် မနေသာတော့ဘဲ ဂျပန်နိုင်ငံရှိ ဗဟို စစ်ဦးစီးချုပ်သို့ တိုင်အောင်ကို အရှုပ်အထွေး ရောက်ရှိ သွားသောကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို ဂျပန်နိုင်ငံ ဗဟို စစ်ဦးစီးချုပ် အရောက် ပြန်လည် ခေါ်ယူ လိုက်ကြလေသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို လက်ရှိ စစ်တာဝန်ရပ်များ ရုပ်သိမ်းလိုက်ကြပြီး ဂျပန်နိုင်ငံသို့ အရောက် ပြန်လည် ခေါ်ယူ လိုက်ကြလေရာ ဗဟို စစ်ဦးစီး အမိန့် အပေါ် လေးစား လိုက်နာကြရသော ထုံးတမ်းစဉ်လာ အရ ဂျပန်နိုင်ငံ အရောက် ပြန်လည် သွားရတော့မည် ဖြစ်လေသည်။ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ ပြန်သွားရတော့မည့် ရက် အချိန် မတိုင်မီ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဦးစီး ခေါင်းဆောင်ပိုင်းရှိ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် စစ်ဗိုလ်များက ကြီးမှူး စီစဉ်၍ ၁၃ဝ၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် တနင်းလာနေ့ (၁၃၊ ၇၊ ၄၂) နေ့လည် တနာရီ အချိန် ရန်ကုန်မြို့ အလံပြ ဘုရားလမ်း ဘီအိုင်အေ ခေါ် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ် အဖြစ် ထားရှိသည့် တီဘွန်တုတ် အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း ချီးကျူး နှုတ်ဆက်ပွဲ တရပ် ကျင်းပ ပြုလုပ်ခဲ့ကြလေသည်။ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် လေးစားကြသော အားဖြင့် ချီးကျူး နှုတ်ဆက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ခန်းမဆောင် အခမ်းအနားသို့ မြန်မာ နယ်မြေရောက် ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ၂၆ ယောက်၊ ဂျပန် ရဲဘော် သုံးကျိပ်ဝင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ဗိုလ် ၂၁ ယောက်၊ ပေါင်း ၄၇ ယောက်သာ တက်ရောက် ရရှိ ကြုံကြိုက် ခဲ့ကြရလေသည်။ ၁။ မိနာမိ ခေါ် ဗိုလ်မိုးကြိုး ၂။ ကာဝါရှီးမား ၃။ ယာမာမိုတို
  • 5. ၄။ ကီကာဂျီမား ၅။ အီဇူမိယား ၆။ ဒိုးဘီ ၇။ တေရာ ၈။ အေအိုကီး ၉။ ကီဇာကိုး ၁ဝ။ ဇေအီဗန် ၁၁။ ကီမူရာ ၁၂။ နိုးဆီး ၁၃။ ဒိုးအီ ၁၄။ တာယာ ၁၅။ ဆာတို ၁၆။ မာတူစီးတား ၁၇။ ရာဆူဒါး ၁၈။ ယိုကိုတာ ၁၉။ ဒေါက်တာ ဆူဇူကီး ၂ဝ။ တီဂူချီး ၂၁။ မူလာကာမီး ၂၂။ အိုဆူဆိုး ၂၃။ ဘီမူရား ၂၄။ ကိုမိုတို ၂၅။ အိုဟင်ဂျီနာဂေး ၂၆။ မီနာမီး မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဘက် ဆိုင်ရာ စစ်ဗိုလ်များ ၁။ ဗိုလ်တေဇ ၂။ ဗိုလ်လက်ျာ ၃။ ဗိုလ်ဇေယျ ၄။ ဗိုလ်ရန်အောင် ၅။ ဗိုလ်ကျော်ဇော ၆။ ဗိုလ်လရောင် ၇။ ဗိုလ်စကြာ ၈။ ဗိုလ်နေဝင်း ၉။ ဗိုလ်မင်းခေါင် ၁ဝ။ ဗိုလ်လင်းယုန် ၁၁။ ဗိုလ်ဗလ ၁၂။ ဗိုလ်အောင် ၁၃။ ဗိုလ်ဇင်ယော် ၁၄။ ဗိုလ်မင်းရောင် ၁၅။ ဗိုလ်မိုးညို ၁၆။ ဗိုလ်မြင့်အောင်
  • 6. ၁၇။ ဗိုလ်တောက်ထိန် ၁၈။ ဗိုလ်တာရာ ၁၉။ ဗိုလ်စောနောင် ၂ဝ။ ဗိုလ်ရဲထွတ် ၂၁။ ဗိုလ်မင်းရေ အထက်ပါ ချီးကျူး နှုတ်ဆက်ပွဲသို့ တက်ရောက်လာကြမည့် ဂျပန် မြန်မာ စစ်ဗိုလ်များ နေထိုင်ကြရန် အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း အရှေ့ဘက်ထိပ်က စားပွဲရှည်ကြီး တချပ် ခင်းထားပြီး ထိုစားပွဲရှည်ကြီးကို ကန့်လန့် ထိပ်တိုက် စားပွဲအရှည် သုံးချပ် ငါးပေခန့်စီ ကွာခြား၍ ခင်းထားလိုက်ရာ အင်္ဂလိပ်စာလုံး အီးစာလုံးကဲ့သို့ ဖြစ်နေ ပေတော့သည်။ ဤကဲ့သို့ ခင်းကျင်း ပြင်ဆင်ထားသော အရှေ့ဘက် ထိပ်ဆုံးရှိ စားပွဲရှည်ကြီး အလယ်၌ မြန်မာ့ လွတ်လပ်ရေး ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇတို့ နှစ်ယောက် အတူယှဉ်ထိုင်ကြပြီး ဘေးတဖက်တချက်က ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ ထိုင်ကြရာ ဗိုလ်တေဇဘေးက ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇဘေးက ကာဝါရှီးမားတို့ နေရာ ယူထားကြလေသည်။ ကျန်အခြား မြန်မာ စစ်ဗိုလ် ဂျပန် စစ်ဗိုလ်များသည် အရှေ့ဘက် စားပွဲကြီးသို့ ထိပ်တိုက် ခင်းထားသော စားပွဲသုံးလုံး၌ ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ အတူယှဉ်တွဲ နေရာယူ ထိုင်ကြသည်။ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ချီးကျူး နှုတ်ဆက်ပွဲ ဖတ်ကြားသည့် ချီးကျူး သြဘာစာတမ်း ဗမာ လူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ဝဝ ကျော်က စ၍ မြို့တော် အသီးသီးတွင် ရွှေထီး ရွှေနန်း ရွှေကြငှန်း စိုက်ထူကြကာ မင်းအဆက်ဆက်တို့ဖြင့် အုပ်ချုပ် စိုးမိုးခဲ့ကြ၍ လွတ်လပ် ယဉ်ကျေးသည့် သခင် လူမျိုးများ ဖြစ်ခဲ့ကြပါသည်။ ဤကဲ့သို့ ယဉ်ကျေးသည့် သခင် လူမျိုးများ ဖြစ်ခဲ့ကြသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း တရာကျော်လောက်က အင်္ဂလိပ်တို့ လက်အောက် ကျရောက် က္ဆွန်သားပေါက် အဖြစ်သို့ ရောက်ရှိ လာခဲ့ကြရသည်။ ဤသို့ အင်္ဂလိပ်တို့ လက်အောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သာသနာရေး စသည်တို့ နာလန် မထူနိုင်ကြအောင် ဖိနှိပ် ချုပ်ချယ် ဖျက်ဆီးခြင်း ခံခဲ့ကြရသောကြောင့် လူမျိုး မပျောက်ကြရ ရုံသာ ကျန်ရှိ နေခဲ့ကြ ရတော့သည်။ အင်္ဂလိပ်တို့ ရက်စက် ပြင်းထန်သော ဖိနှိပ် ချုပ်ချယ်မှုအောက် ပြားပြားမှောက် ကျရောက် နေခဲ့ကြရာ အားကိုးရာ မမြင် တွယ်ရာမဲ့ ဖြစ်နေကြရသည့် အခိုက် လွန်ခဲ့သည့် ၃၇ နှစ်က ဂျပန်တို့သည် စစ်အင်အား ဗိုလ်ပါများစွာ ကြီးမားလှသော ရုရှားတို့ကို တိုက်ခိုက် အောင်မြင် ခဲ့ကြလေရာ အာရှတိုက်သားတို့ စိတ်အား တက်ွ့က လာခဲ့ကြ ရလေသည်။ ထို့နောက် ဂျပန် လူမျိုးတို့သည် ကြီးကျယ် ဖွံ့ဖြိုး တိုးတက် လာခဲ့ကြသည့် အလျှောက် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဆင့်သို့ တဟုန်ထိုး မြင့်မား တက်ွ့က လာခဲ့ကြရာ ဥရောပ ဒုတိယ ကမ္ဘာ့စစ်ကြီး ဖြစ်ပွားလာခဲ့ သဖြင့် အင်္ဂလိပ် အမေရိကန် မဟာမိတ် နိုင်ငံများ အပေါ် စစ်ကြေညာ၍ အရှေ့ အာရှဘက် မင်းမူလျက် ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို မောင်းနှင် တိုက်ထုတ် ဖြိုခွင်း နိုင်ခဲ့ကြလေသည်။
  • 7. အရှေ့အာရှဘက် ပစိဖိတ် ရေပြင်အတွင်းရှိ က္ဆွန်းငယ် နိုင်ငံကလေးများအပေါ် ဗိုလ်ချဲ့ အုပ်စိုးကြလျက် ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို ချေမှုန်း တိုက်ခိုက် မောင်းနှင် လိုက်ကြပြီးနောက် က္ဆွန်ုပ်တို့ ဗမာပြည်၏ လွတ်လပ်ရေး ခေတ်သစ် ထူထောင်ရေး တို့ကိုလည်း စွမ်းစွမ်းတမန် ဆောင်ရွက်နိုင်ကြရန် မိနာမိ အမည်ရှိသော ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ထမြောက် အောင်မြင်အောင် ဖွဲ့စည်း ပေးလိုက်လေသည်။ ဤကဲ့သို့ ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်တေဇ အမည်ခံ သခင်အောင်ဆန်း အမှူး ရှိသော အာဇာနည် ယောက်ျား မြန်မာ လူငယ်များ၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးကို ကြီးမှူး ဦးဆောင်ကာ ဂျပန်ဘုရင် တပ်မတော်များနှင့် အတူ မြန်မာပြည် အတွင်းရှိ အမေရိကန် အင်္ဂလိပ် တရုတ် စစ်သည်များကို ထုံးလိုမွှေ ရေလိုနှောက်ကြပြီး တိုက်ခိုက် နှိမ်နင်း ခဲ့ကြလေသည်။ မောင်းနှင် တိုက်ခိုက်ကြပြီးနောက်ွ့ကင်းကျန်နေသော မိစ္စာကောင်များကိုလည်း မြန်မာပြည်မှ အပသို့ ရက်ပေါင်း ၇ဝ အတွင်း ခါးဝတ် ဘောင်းဘီကိုမျှ အစိုးမရကြစေပဲ အတင်းတရကြမ်း မောင်းနှင် တိုက်ခိုက်ကြသည်ကို တကမ္ဘာလုံး သိရှိကြပြီး ဖြစ်ခဲ့ကြသည့် အတိုင်း ဗမာ့ လွတ်လပ်ရေး ရာဇဝင် အတွင်း မော်ကွန်း တင်သွင်းရမည် ဖြစ်သော အကြောင်းကြီး တရပ် ဖြစ်ပေသည်။ ထို့ပြင်တဝ အဘဖြစ်သူသည် မိမိ၏ ရင်နှစ် သားချစ်၊ သမီးချစ်တို့ကို မကောင်းမြစ်တာ ကောင်းရာညွှန်ပြ ဆုံးမ သွန်သင်ကာ စောင့်ထိမ်း အုပ်ချုပ်ဘိ သကဲ့သို့ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည်လည်း ဗမာ့ လွတ်လပ်ရေး တပ်မတော်သားများ အပေါ် ထူးကဲ မွန်မြတ်သော စေတနာ ထား၍ ဆုံးမသွန်သင် ပဲ့ပြင်လျှက် အုပ်ထိမ်း စောင့်ရှောက် ခဲ့သည်ကိုလည်း ဗမာ ပြည်သူပြည်သား အပေါင်းတို့သည် မည်သည့်အခါမျှ မေ့ပျောက် နိုင်ကြမည် မဟုတ်ကြပေ။ ထိုမှတပါး ကမ္ဘာပေါ်တွင် မြန်မာနိုင်တည်း ဟူသော လွတ်လပ်သော နိုင်ငံတခု အဖြစ်ဖြင့် တည်တံ့ ခိုင်မြဲနိုင်ရေး မျှော်တွေးလျှက် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ကဲ့သို့သော ကုန်းတပ်ကြီး တခုတည်းဖြင့် တောင့်တင်း ခိုင်လုံပြီဟု စိတ်ချရသည် မဟုတ်သောကြောင့် ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်ကြီးကိုလည်း မကြာမီကပင် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက စတင် တည်ထောင် ဖွဲ့စည်း ပေးခဲ့လေသည်။ ဤသို့လျှင် ဗမာပြည်၏ အကျိုးစီးပွားများကို အားကြိုး မာန်တက် ဆောင်ရွက် သည်ပိုး ခဲ့ပေသော ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မကြာမီ ဂျပန်ပြည်သို့ ပြန်လည်ရတော့မည် ဖြစ်ရာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး၏ မိဘ အသွင် ကျေးဇူးရှင် ဗိုလ်ချုပ်ကြီးအား က္ဆွန်ုပ်တို့သည် အမြဲအစဉ် သတိရကြမည် ဖြစ်သည့်အပြင် ဗမာပြည် အတွက် ဗိုလ်ချုပ်ကြီး ဆောင်ရွက် ခဲ့သမျှသော အကျိုးကျေးဇူး တရားတို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်း ကြေတော့မည် မဟုတ်တော့ပေ။ ဂျပန်ပြည်သို့ ဗိုလ်ချုပ်ကြီး ပြန်လည် ဆိုက်ရောက်သည့် အခါ၌လည်း က္ဆွန်ုပ်တို့ ဗမာ လူမျိုး အပေါင်းတို့၏ ဧည့်ဝတ် ကြွေ့ပန်မှု၊ သစ္စာရှိမှု၊ သူရသတ္တိ ပြည့်စုံမှု ဂျပန် စစ်သည်တော်များကို အားပေး ကူညီမှု ဂျပန်များ အပေါ် ဗမာလူမျိုးတို့ ချစ်ခင် ရင်းနှီး ပေါင်းသင်း ဆက်ဆံမှုတို့ကို ဗိုလ်ချုပ်ကြီး မြင်တွေ့ခဲ့ရသည့် အတိုင်း ဂျပန် ဘုရင်မင်းမြတ်နှင့် တကွ နန်းရင်း ဝန်ကြီး တိုဂျို စသော ထိပ်တန်း စစ်ခေါင်းဆောင်များ ဂျပန် အမျိုးသား အမျိုးသမီးများသို့ တဆင့် စကား ပြောကြားကာ ဗမာပြည်၏ လွတ်လပ်ရေးကို မနှေးအမြန် ရရှိစေရန် အတွက်။
  • 8. (က) ဗိုလ်ချုပ်ကြီး ဦးစီး တည်ထောင်ခဲ့သော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးလည်း ယခုထက် လက်နက် အင်အား ပြည့်စုံ တောင့်တင်း လာစေရန်။ (ခ) ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်ကြီးလည်း တည်ထောင် ဖွဲ့စည်းပေးရန် စစ်သင်္ဘော ကြီးငယ်တို့ဖြင့် တင့်တယ် ခန့်ငြားစွာ မားမားမတ်မတ် ရပ်တည် နေနိုင်ရန်။ (ဂ) မကြာမီအတွင်း ဗမာ့ လွတ်လပ်ရေး လေတပ်မတော်ကြီး တည်ထောင် ဖွဲ့စည်း ပေးစေရန် ကြံဆောင် ကြိုးစား လိမ့်မည်ဟု က္ဆွန်ုပ်တို့ အထူးမျှော်လင့် ယုံကြည်လျှက် ရှိနေကြပါကြောင်း ထပ်လောင်း၍ မျှော်လင့် တောင်းတ ကြပါကြောင်း။ ဤချီးကျူး သြဘာ စာတမ်းကို ဖတ်ကြားပြီးနောက် အင်္ဂလိပ် မြန်မာ နှစ်မျိုး ရေးသား ရိုက်နှိပ်ထားသော ထိုစာတမ်း ၂ စောင်ကို ကောင်းမွန် သပ်ယပ် လှပ တင့်တယ်စွာ ပြုလုပ်ထားသော ငွေကြုပ်အတွင်း ထည့်သွင်း၍ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးလက်သို့ လေးစားစွာ ဆက်သ လိုက်ကြပေသည်။ ဤကဲ့သို့သော ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ချီးကျူး သြဘာစာတမ်း ဖတ်ကြား ပြီးနောက် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ တာဝန်ရပ်များ ရုပ်သိမ်း၍ ဂျပန်ပြည်သို့ ပြန်လည် ထွက်ခွာ သွားရတော့မည့် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးနေရာ ဆက်ခံရမည့် သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇသည် နှုတ်ခွန်းဆက် စကား ပြောကြားသွား လေသည်။ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဧည့်ခံ နှုတ်ဆက်ပွဲ၌ ဗိုလ်တေဇ ပြောစကား က္ဆွန်တော် ဂျပန်ပြည်ကို ရောက်စက က္ဆွန်တော်တို့ရဲ့ အကြံအစည်များကို အောင်မြင်အောင် ကြိုးစား ခဲ့ပါတယ်၊ ကြိုးစား ခဲ့သော်လည်း ပထမ ဂျပန်ဘုရင်က က္ဆွန်တော်ရဲ့ အကြံအစည်ကို သဘောမတူ အသိအမှတ် မပြုခဲ့ပါဘူး၊ က္ဆွန်တော်တို့ဟာ ဂျပန်ပြည်မှာ သောင်မတင် ရေမကျ အခြေဆိုက်တော့မလို ဖြစ်ခဲ့ပါတယ်၊ သို့သော်လဲ နောက်ဆုံး မိနာမိ ခေါ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးရဲ့ ဆောင်ရွက် စေ့စပ်ချက်ကြောင့် က္ဆွန်တော်ရဲ့ အကြံအစည်များကို အသိအမှတ်ပြုကာ က္ဆွန်တော်တို့အား လိုလေသေးမရှိ ကူညီခဲ့ပါတယ်။ ဟိုတုန်းက အကြံအစည်ဟာ ဘာလဲဆိုရင် ဗမာပြည်တွင်းက သူပုန်ထပြီး က္ဆွန်တော်တို့က ဗမာပြည်ကို လွတ်လပ်ရေး ရအောင် ဝင်တိုက်ဖို့ပါပဲ၊ ဒါကို ဗိုလ်မိုးကြိုးအား ရှင်းပြပြီး သူက တဖန် စေ့စပ်ပေးသည့် အတွက် ဒီလို အခြေ ရောက်ခဲ့ပါတယ်။ ဒီအချိန် အခါမှာ အင်္ဂလိပ် အမေရိကန်တို့နှင့် ဂျပန်ဟာ စစ်ရေး မစရသေးပါ၊ တိုင်းပြည် အားလုံး အေးအေးဆေးဆေး နေတဲ့အခါ ဖြစ်ပါတယ်၊ ဒီတော့ က္ဆွန်တော်တို့ရဲ့ အကြံဟာလဲ ပျက်ရတော့မလို ဖြစ်နေတဲ့ အတောအတွင်း ဗိုလ်မိုးကြိုးရဲ့ ကျေးဇူးကြောင့် ဒီအခြေအနေ ရောက်ခဲ့ရပါတယ်။ ဒီအပြင် ဗိုလ်မိုးကြိုးနဲ့ ဂျပန်ပြည်ရှိ ဂျပန်များ အားလုံးဟာ က္ဆွန်တော်တို့ကို သားအရင်းပမာ ပြုစု စောင့်ရှောက် ခဲ့ကြပါတယ်။ ဒီနောက် ဗိုလ်မိုးကြိုး ခေါင်းဆောင်ပြီး ယိုးဒယားမှာ လူအနည်းငယ်နှင့် ဘီအိုင်အေ စတင် ဖွဲ့စည်းကာ တောတောင်တို့ကို ဖြတ်ကျော်ပြီး များစွာ အပင်ပန်းခံရ ဆင်းဆင်းရဲရဲနှင့် ထမင်းအငတ်ငတ်၊ မစားရတနပ်၊ စားရတနပ်နဲ့ ထမင်းတွေ့လဲ ထမင်းချည်းပဲ စားရပြီး ဒုက္ခကြီးစွာ ခံခဲ့ရပါတယ်။
  • 9. ရှေးတုန်းက အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ဘုရင့်နောင် စတဲ့ ရှေးမြန်မာ ဘုရင်တွေဟာ ယိုးဒယားကို စစ်ချီတက်တာကို စာမှာ တွေ့ရတော့ ဒီလောက် ဒုက္ခရောက်မယ် မထင်ခဲ့မိဘူး၊ အခုလို ကိုယ်တိုင် တောတောင်များကို ဖြတ်ကျော်ခဲ့ရတော့ တတောင် တက်မိတိုင်း ရှေးမြန်မာ ဘုရင်တွေရဲ့ ဇွဲသတ္တိ၊ စစ်သည်များရဲ့ စွမ်းရည်များကို ချီးကျူးမိပါတယ်။ ဒီလိုအခါမှာ လမ်းတလျှောက်လုံး က္ဆွန်တော်နဲ့ ပါလာခဲ့ကြတဲ့ ရဲဘော်တွေဟာ အချို့လည်း ဖျားသူဖျား၊ သေသူသေ၊ ဖျားတဲ့ လူကိုလဲ ပြုစုစရာ ဘာမျှမပါ၊ ဆေးရုံမရှိ ဘာမရှိနဲ့ ဒီလို ဖျားခဲ့ကြတော့ လမ်းမှာပဲ ပစ်တန် ပစ်ခဲ့ရတယ်၊ အချို့လဲ ရန်သူတွေနဲ့ တွေ့ကြရပြီး အသတ်ခံ ခဲ့ကြရတယ်၊ အချို့လဲ ဗမာပြည်တွင်း သတင်းယူ သတင်းပို့ကြတဲ့ ရဲဘော်တွေလဲ ရန်သူ ဖမ်းမိပြီး အသတ်ခံ ခဲ့ကြရတယ်။ သို့သော်လဲ က္ဆွန်တော် တခု မြင်ရတာတော့ ခေါင်းပေါင်းစ ထောင်ပြီး ရာထူးရဖို့ အရေး အတွက် ကြိုးစား နေကြတာ တွေ့မြင်ရတယ်၊ အချို့ လူကြီး လူကောင်းတွေက ဘီအိုင်အေကို တို့မီး ရှို့မီး လုပ်တာ တွေတွေ့ရ၊ ဟိုရှုပ် ဒီရှုပ် လုပ်ကြတာတွေ မြင်ရကြားရတော့ အများကြီး ဝမ်းနည်းမိတယ်၊ ဒီလို လူမျိုးတွေသာ များနေရင် ဗမာပြည်ဟာ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ အခုလို မကြုံစဖူးအောင် ပေါ်ပေါက် လာခဲ့ရတဲ့ အခါ အခွင့်ကောင်း အချိန်ကြီးမှာ လူကြီးတွေဟာ ဒီလို လိုက်ပြီး ရှုပ်နေကြမဲ့ အစား ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် လွတ်လပ်ရေး အတွက် စုပေါင်းပြီး ဆောင်ရွက်ကြဖို့ကို က္ဆွန်တော် တိုက်တွန်း လိုပါတယ်။ ဗမာပြည် ခေါင်းဆောင်ကြီးများဟာလဲ ဗမာပြည် လွတ်လပ်ရေး အတွက် မိမိတို့ တာဝန်ကို ကြိုးစားကြပြီး ဆောင်ရွက် သင့်ပါတယ်။ ဗမာတွေ အရင်က စိတ်မျိုး မထားကြဘဲ အားလုံး စုပေါင်းကြပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ကြပါ၊ ညီညွတ်ဖို့ဟာ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်၊ စစ်ဘက် တာဝန်ကတော့ မလစ်ဟင်းရအောင် က္ဆွန်တော် ဆောင်ရွက်ပါမယ်၊ က္ဆွန်တော်ဟာ ဗမာပြည်ကြီးကို ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး၊ နိုင်ငံရေးဘက်က ဆိုရင် တိုင်းပြည် ခေါင်းဆောင် လူကြီးတွေရဲ့ တာဝန်ပဲ၊ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်သွားကြဖို့ ပါပဲ။ က္ဆွန်တော်တို့ ဘီအိုင်အေ ထဲမှာလဲ ဝင်လာကတည်းက ဗိုလ်ချုပ် ဖြစ်ချင်တဲ့ လူတွေ တွေ့ရတယ်၊ က္ဆွန်တော်တို့ ဗမာတွေဟာ အင်္ဂလိပ် လက်ထက်က ဆိုရင် အင်္ဂလိပ်အတု အတော် ခိုးခဲ့ကြတယ်၊ အခု ဒီ အင်္ဂလိပ် အတွေး အင်္ဂလိပ် အယူ မကုန်ကြသေးတဲ့ အတွက် ဒီလို စိတ်တွေ များနေတာကို တွေ့ရတယ်၊ အချို့ တပ်မတော်သားတွေနဲ့ ဗိုလ်တွေကလဲ ဟိုက မော်တော်များ သိမ်း ဒီမှာ သွားရောင်းနဲ့ ရှုပ်ကြ ပွေကြတာတွေ အားလုံးကို က္ဆွန်တော် သိပါတယ်၊ ဒီလူတွေ ၁၄-၅ ယောက် အပြစ်ကို ကြည့်ပြီး က္ဆွန်တော်တို့ ဂျပန်ပြည်က စပြီး အနစ်နာ ခံခဲ့တာတွေကို မထောက်ထားကြဘဲ တပ်မတော်ကြီး တခုလုံးကို ပုံပြီး အပြစ် ပြောကြတာတွေ၊ အကြည်ညို ပျက်အောင် လုပ်တာတွေကို ကြားရတော့ အများကြီး ဝမ်းနည်းမိပါတယ်။ အရင်က လူကြီးတွေကိုသာ အထင်အမြင် သေးခဲ့ပေမယ့် အခု လူငယ်တွေကိုလဲ အထင်အမြင် မကြီးတော့ဘူး၊ စစ်ထဲ ဝင်လာကြပြီး ရှုပ်နေတာကိုလဲ ဒီကနေ့က စပြီး ရှင်းလင်း ပစ်လိုက်ပါမယ်။ ဘီအိုင်အေကိုလဲ အသစ် ပြန်လည် ဖွဲ့စည်း တည်ထောင်ဖို့ဟာ စီစဉ်ပြီး ဖြစ်ပါတယ်။ ခင်ဗျားတို့ကလဲ က္ဆွန်တော်တို့ရဲ့ စစ်တပ်ကို ဗမာပြည်ကြီး လွတ်လပ်ရေး အတွက် ဆောင်ရွက် နေတဲ့တပ် (သို့) အမျိုးအတွက် တည်ထောင်ထားတဲ့ တပ်တို့နဲ့ ဆိုင်တဲ့ တပ်လို့သာ အောက်မေ့ ထားကြပါ၊ အခြား ဟိုတွေး
  • 10. ဒီတွေး အထင်မှား မနေကြပါနဲ့ ဒီစစ်တပ်ဟာ ဗမာပြည်ကြီးရဲ့ လွတ်လပ်ရေးနဲ့ ကာကွယ်ရေး အတွက် တည်ထားတဲ့ တပ်ဖြစ်ကြောင်း လေးလေးနက်နက်ကြီး သိထားကြဖို့ပါပဲ။ ယခု က္ဆွန်တော်လဲ ဗမာပြည်မှာရှိတဲ့ ဂျပန်ဘုရင် တပ်မတော်ရဲ့ စစ်ဗိုလ်ချုပ်ကြီးနဲ့ ဘီအိုင်အေ အတွက် ရှေ့ကို ဘယ်လို စခန်းသွားကြမယ် ဆိုတာကို တိုင်ပင် ဆွေးနွေး နေပါတယ်။ အမှန်တော့ က္ဆွန်တော်တို့ တပ်မတော်ကြီးဟာ ဂျပန် တပ်မတော်ကြီးရဲ့ ညီရင်းသဖွယ် ဖြစ်ရမယ်၊ ညီ ဆိုတာတောင် အားမကိုးရတဲ့ ကလေးသူငယ်လို မဟုတ်ဘဲ အားကိုးလောက်တဲ့ ညီ ဖြစ်ရမယ်။ သူတို့နဲ့ ရင်ဘောင်တန်း တိုက်ပေးရမယ့် ညီ ဖြစ်ရမယ်၊ ဂျပန်ဟာ က္ဆွန်တော်တို့ရဲ့ ကျေးဇူးရှင် ဖြစ်တယ်။ ကျေးဇူး သိတတ်တဲ့ အနေနဲ့ သူတို့ကို တိုက်ရာ လိုက်တိုက် ပေးရမယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲမှာ အားကိုးလောက်တဲ့ ညီရယ်လို့ ထင်မှတ်မယ်။ ဂျပန်ပြည်မှာ ရာထူးကြီးသည် ငယ်သည်မဟုတ် ဥပဒေအတိုင်း စစ်ထဲ မဝင်မနေရ လိုက်ကြရတယ်။ က္ဆွန်တော်တို့ ဗမာတွေဟာ ဂျပန်တွေရဲ့ ဝီရိယ ရှိကြပုံ၊ လုပ်ကြပုံ၊ ကိုင်ကြပုံ တွေကို နည်းယူဖို့ ကောင်းတယ်။ စင်စစ်အားဖြင့် အင်္ဂလိပ်နဲ့ အမေရိကန်ဟာ လက်နက်အား လူအား ဂျပန်ထက် သာပေမယ့် စိတ်ဓာတ်၊ ဝီရိယ သတ္တိတို့မှာ ကွာခြားသွားတော့ အပြတ်အသတ် ရှုံးကြရတာပဲ၊ ဂျပန်တွေဟာ ဖြစ်သလိုနေ၊ ဖြစ်သလိုထိုင်၊ ဖြစ်သလို စားကြပြီး တွေ့ကြုံ ကြရတဲ့ အခက်အခဲ ဟူသမျှ ကြိုးစား ကျော်လွန်နိုင်ကြအောင် အလုပ်လုပ် ခဲ့ကြတယ်။ သူတို့တတွေ လုပ်ကြပုံ၊ ကိုင်ကြပုံများကို များများကြီး အတုခိုးဖို့ ကောင်းတယ်။ ဗမာပြည်မှာ ပြုပြင်ကြဖို့ အချက်တွေ အများကြီး ရှိသေးတယ်။ ဒါတွေဟာ သူတို့ကို နည်းယူကြပြီး ပြုပေမယ့် ဘုရင်ရှေ့တော်မှောက် ကျရင် ဒါတွေအကုန် ပျောက်ကြပြီး ပြန်လည် တည့်ကြရတယ်။ ဒါလောက်အထိ သူတို့ဟာ တိုင်းပြည်နဲ့ ရှင်ဘုရင်ကို သစ္စာ စောင့်ကြတယ် ဆိုတာ သိကြရမယ်။ က္ဆွန်တော်တို့ဟာ ဒီလို တိုးတက် ကြီးပွားနေတဲ့ ဂျပန်ပြည်ကြီးရဲ့ နည်းစနစ် အမျိုးမျိုးကို နည်းယူ အတုခိုးကြပြီး ဗမာပြည်ကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းများကို ဆောင်ရွက် သင့်ကြပါတယ်။ ကဲ - ဒီတော့ကာ က္ဆွန်တော် တွေ့ကြုံ သိရှိခဲ့ရတဲ့ ဂျပန် လူမျိုးတွေ အကြောင်းများရော ဂျပန်တွေ အဖက်ဖက်က တိုးတက် ကြီးပွားလာ ခဲ့ကြတဲ့ အကြောင်း၊ စစ်ရေးအရ အောင်မြင်စွာ အနိုင် ရရှိလာကြတဲ့ အကြောင်းများရော ခင်ဗျားတို့ တတွေ ကောင်းကောင်းသိရှိ ကြရပြီး မဟုတ်လား။ အဲဒီလို သိရှိကြရ ပြီးတော့ကာ က္ဆွန်တော်တို့ ဗမာ လူမျိုးတွေဟာ အလွန်တိုးတက် ထွန်းကား ကြီးပွားလာ ခဲ့ကြတဲ့ အကြောင်း၊ ကမ္ဘာ့ စစ်ရေးအရ နေရာတကာ အောင်မြင် နေကြတာများကို အားကျ အတုယူကြပြီး က္ဆွန်တော်တို့ ဗမာပြည်ကြီးတွင် လွတ်လပ်ရေး ရရှိအောင် အထူး ကြိုးစား၍ တကယ် ကြီးပွား တိုးတက်အောင် အားထုတ်ကြပါလို့ က္ဆွန်တော် တိုက်တွန်းရင်း နိဂုံး ချုပ်ခဲ့ပါတယ်။ သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇ ချီးကျူး နှုတ်ဆက်ပွဲ စကား ပြောကြားပြီးနောက် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဂျပန်ပြန် ရဲဘော် သုံးကျိပ်တို့ သီးသန့် ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်လေသည်။ မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက် စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်