SlideShare a Scribd company logo
1 of 4
tjrif “စစ်နှင့် ငြိမ်းချမ်းရေး”
မာတိကာ
လူငယ်များသည် စစ်၏
အဦးဆုံးသားကောင်များ
ဖြစ်သည်။
ငြိမ်းချမ်းမှု၏ ပေါ်ဦးပေါ်ဖျား
အသီးအပွင့်လည်း
ဖြစ်သည်။ သူတို့
အရွယ်ရောက်လာစေရန်
နှစ်ပေါင်းနှစ်ဆယ်မက
ငြိမ်းချမ်းမှု လိုအပ်သည်။
သူတို့ကို ဖျက်ဆီးရန်ကား
စက္ကန့်နှစ်ဆယ်လောက်သာ
စစ်ပွဲဖြစ်လိုက်ဖို့ လိုသည်။
ဘယ်လ်ဂျီယမ်ဘုရင်
မြန်မာလူငယ်ကွန်ရက်
အတွဲ ၁ အမှတ် ၄ သတင်းလွှာ အောက်တိုဘာလ၊ ၂၀၁၀
ကန့်သတ်
ကမ္ဘာ့ကုလသမဂ္ဂမှ အသိမှတ်ပြုထားသော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့
သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်ရာ ငြိမ်းချမ်းရေးနှင့်
ပတ်သက်သော ဟောပြောပွဲတစ်ခုကို မြန်မာလူငယ်ကွန်ရက်ကစီစဉ်ခဲ့ပြီး
စာရေးဆရာကြည်မင်းက ဟောပြောခဲ့သည်။ လူငယ်နှင့် ငြိမ်းချမ်းရေးဟူ
၍ ခေါင်းစဉ်ပေးထားသော အထူးဟောပြောပွဲကို စက်တင်ဘာလ ၃၀
ရက် ကြာသပတေးနေ့ ညနေ ၄း၃၀ နာရီမှ ၆း၃၀ နာရီထိ ကျင်းပခဲ့ပြီး
စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲ အခမ်းအနားကျင်းပရာ Count Bessie Hall သို့ လူ
ငယ်များ တက်ရောက်ခဲ့ကြရာ ငြိမ်းချမ်းရေးကို အဓိပ္ပါယ်ဖွင့်ဆိုကြပုံ၊ ငြိမ်း
ချမ်းရေး၏ အရေးပါပုံ၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်များ၏
အခန်းကဏ္ဍစသော အကြောင်းအရာများကို စာရေးဆရာ ကြည်မင်းက
တင်ပြဟောပြောခဲ့ပြီး၊ လူငယ်များက မိမိတို့သိရှိရှင်းလင်းလိုသော
အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ကြသည်။အဆိုပါအခမ်းအနား
တွင် Baldwin စာကြည့်တိုက်မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော စာအုပ်
စာတမ်းများကို ခင်းကျင်းပြသခဲ့ သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့
ကမ္ဘာ့ငြိမ်ချမ်းရေးနေ့သည်
နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်
တွင် ကျရောက်ပြီး ၂၀၀၂ ခုနှစ်မှ
ကမ္ဘာတ၀န်းတွင် စတင်ကျင်းပခဲ့
ကြခြင်းဖြစ်သည်။ ထိုနေ့ရက်အား
နိုင်ငံတကာမှ အသိမှတ်ပြုလာစေ
ရန် ရုပ်ရှင်ဒါရိုက်တာဂျာရမီဂီလီ
က စတင်လှုံ့ဆော်ကြိုးပမ်းခဲ့ပြီး စ
တင်၍ အောင်မြင်မှုများ ရရှိလာခဲ့
သည်။ကမ္ဘာနှင့်အ၀န်း ဖြစ်ပွားနေ
သော ပဋိပက္ခများ၊ စစ်ပွဲများ၊ မ
တည်ငြိမ်မှုများကို တစ်နှစ်တာ
အတွင်း အနည်းဆုံးတစ်ရက်မျှ
ရပ်တန့်ထားနိုင်ရန်အတွက် ဂျာရမီ
ဂီလီက Peace One Day အဖွဲ့ကို
ထူထောင်ခဲ့ပြီး တစ်ဖက်တစ်လမ်း
မှ ငြိမ်းချမ်းရေးကို လက်ခံလာစေ
မည့် ပညာရေးဆိုင်ရာ သင်ကြား
မှုများ၊ လှုပ်ရှားမှုများကို ဆောင်
ရွက်နေဆဲဖြစ်သည်။ သူ၏ အား
ထုတ်မှုကြောင့် အမေရိကန်နှင့်
အချို့ ဥရောပနိုင်ငံများရှိ စာ
သင်ကျောင်းများနှင့် လူငယ်ထု
(စာမျက်နှာ ၂ သို့)
စစ်ကြောင့် တိုးတက်မှုတချို့ရှိတာ မငြင်းလိုပါဘူး။ ဒါပေမယ့် စစ်ကြောင့်သာ တိုးတက်ရမယ်ဆို
ရင်တော့ မတိုးတက်ချင်ပါဘူး။ ငြိမ်းချမ်းရေးဟာ အချိန်မရွေး ပြိုကွဲနိုင်တယ်။
စာရေးဆရာ ကြည်မင်း
စာရေးဆရာ ကြည်မင်း၏
လူငယ်နှင့်ငြိမ်းချမ်းရေး
ဟောပြောပွဲ
၁
စစ်နှင့် ငြိမ်းချမ်းရေး(အမြင်) ၁
“လရောင် သံလွင်ခက် နှင်းဆီ
ငြိမ်းချမ်းရေးစာသားများ”
ခေါင်းစဉ်ဖြင့်...
၂
မြန်မာလူငယ်ကွန်ရက်မှ
လူငယ်ဆိုင်ရာခေါင်းစဉ်များဖြင့်
ဟောပြောပွဲများနှင့် Workshop
များ ပုံမှန်ကျင်းပမည်
၃
လူငယ်ဖွံ့ဖြိုးရေးနှင့်လူငယ်
စေတနာ့ဝန်ထမ်းဆောင်ရွက်မှု
ဆိုင်ရာ Workshop များ
ကျင်းပပြုလုပ်
၎
ILO မှ ကျင်းပသော Workshop
သို့ မြန်မာလူငယ်ကွန်ရက်မှ
လေ့လာသူများတက်ရောက်ခဲ့
၎
စာရေးဆရာ ကြည်မင်း၏ လူငယ်နှင့်ငြိမ်းချမ်းရေး ဟောပြောပွဲ
စာမျက်နှာ ၂ မြန်မာလူငယ်ကွန်ရက်သတင်းလွှာ
ကန့်သတ်
လူငယ်များအား ဆရာကြည်မင်းဟောပြောနေစဉ်
များကြား ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုများနှင့်
စိတ်ဝင်စားမှုများ တိုးပွားလာစေခဲ့ သည်။ အကြမ်းဖက်မှုများ၊
ရာသီဥတုဖောက်ပြန်မှုများ၊ ခွဲခြားဆက်ဆံမှု များ၊ ဒေသတွင်း
ပဋိပက္ခများ၊သဘာဝဘေးအန္တရာယ်များ၊စီးပွားရေး ပြဿနာ
များဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကမ္ဘာတွင်
ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေးသည် လူငယ်များအတွက်
အရေးပါသော အကြောင်းအရာ တစ်ရပ်အဖြစ်
တည်ရှိနေသည်။
ထို့ကြောင့် လူငယ်များအကြား ငြိမ်းချမ်းရေးကို
ပိုမို မြတ်နိုးလာစေရန် ရည်ရွယ်၍ မြန်မာလူငယ်ကွန်ရက်က
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပ
ခဲ့ခြင်းဖြစ်သည်။
ဆရာကြည်မင်းနှင့် လူငယ်ရေးရာ
ဟောပြောသူ စာရေးဆရာကြည်မင်းသည် ၁၉၆၈
ခုနှစ်မှ စတင်၍ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးသိပ္ပံဘာသာ
ရပ်ကို လေ့လာခဲ့ပြီး အငြိမ်းစားပါမောက္ခတစ်ဦးလည်း ဖြစ်
သည်။ ထို့ပြင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအခြေပြု စာအုပ် နှစ်
အုပ်နှင့် ၀တ္ထုတိုများအပါအ၀င် စာအုပ်ပေါင်း ၄၀ ကျော်တို့ကို
ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွက် ဘာသာပြန်
စာပေဆုကို ရရှိခဲ့သော ဆရာကြည်မင်းသည် လူငယ်များ၏
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးတို့အတွက် တစိုက်မတ်မတ်
ရေးသားပြုစု ဟောပြောဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်
သည်။
လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဟောပြောရာ
တွင် ဆရာကြည်မင်းက ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်
ရန်အတွက် လူတစ်ဦးချင်းစီတွင် ငြိမ်းချမ်းမှုရှိဖို့လိုအပ်ပုံ၊ လူ
တစ်ဦးချင်းစီတွင်လည်း အပေါ်ယံငြိမ်းချမ်းမှု ရှိရုံနှင့်
မလုံလောက်ဘဲ အတွင်းအဇ္ဈတတွင်ပါ ငြိမ်းချမ်းရန် လိုအပ်ပုံ၊
ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အားအင် စွမ်းရည်ပြည့်ဝ
လျက်ရှိသော လူငယ်များပိုမိုစွမ်းနိုင်ကြပုံ၊ ကမ္ဘာ့ငြိမ်းချမ်းရေး
ကို တည်ဆောက်လိုသော လူငယ်များသည် မိမိတို့၏ပညာ
ရှာဖွေမှုအတွက် စာဖတ်ခြင်း၊ စဉ်ဆက်မပြတ် သင်ယူ
ဆည်းပူးခြင်းများဖြင့် အတတ်နိုင်ဆုံး ပြည့်ဝအောင် ဖြည့်
ဆည်းသင့်ပုံ စသဖြင့် ပါဝင်ခဲ့သည်။ မတရားနှိပ်စက်ညှင်း
ပန်းမှုများ၊ တရားမမျှတမှု၊ အခွင့်အရေး မညီမျှမှု၊ ခြစားမှု၊
ဥပဒေမဲ့ ဆောင်ရွက်မှုစသည်တို့ ရှိမနေမှ မိမိတို့ ၀န်းကျင်၌
ငြိမ်းချမ်းရေးတည်ဆောက်ယူနိုင်မည် ဖြစ်ပြီး၊ ထိုသို့သော
အရာများ ပေါ်ပေါက်မလာစေရန် လူငယ်များသည် အသိ
ပညာ၊ အတတ်ပညာ၊ သတ္တိ၊ ဗျတ္တိတို့နှင့် ပြည့်စုံအောင် မိမိ
ကိုယ်ကို ဆောက်တည်ရမည်ဟု ပြောဆိုခဲ့သည်။
နောက်ဆုံးအစီအစဉ်အဖြစ် ဧည့်ခံကျွေးမွေးနေ စဉ်
အတွင်း တက်ရောက်လာသူများအကြား အပြန်အလှန်
စကားပြောဆိုခဲ့ကြပြီး ညနေ ၆း၃၀ တွင် အခမ်းအနားပြီးဆုံး
ခဲ့သည်။
မြတ်ထွန်းဦး
စာမျက်နှာ ၃အတွဲ ၁ အမှတ် ၎
ကန့်သတ်
မြန်မာလူငယ်ကွန်ရက်သည် `လူငယ်တို့ကို ခေတ်အတွေးအမြင်များ ခံစားသိမြင်နိုင်ရန် ပညာပေးလျက်၊ ငြိမ်းချမ်းမှု၊ တရား
မျှတမှု၊ ညီညွတ်မှုနှင့် မေတ္တာတရားတို့ကိုအခြေ ခံ၍ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်စေမည်ဟူသည့် မျှော်မှန်းချက်အတိုင်း
လူငယ်များ၏ အသိပညာနှင့် အတွေးအခေါ်တို့ ကမ္ဘာနှင့်ရင်ဘောင်တန်း တိုးတက်လာနိုင်ရန် ရည်ရွယ်၍ လူငယ်
ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောပွဲများ၊ Workshop များကို ပုံမှန်ကျင်းပသွားမည်ဖြစ်သည်။
ဟောပြောပွဲများအနေဖြင့် ယခုထိ လူငယ်နှင့်ဂီတဟူသောခေါင်းစဉ်ဖြင့် တေးရေး/ဆို စာရေးဆရာ အရိုးက လည်းကောင်း၊
လူငယ်နှင့် ငြိမ်းချမ်းရေးဟူသောခေါင်းစဉ်ဖြင့် စာရေးဆရာကြည်မင်းမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီးဖြစ်သည်။ Work-
shop များအနေဖြင့် Inter-Group Relationship, Youth Development, Youth Volunteerism တို့ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ စိတ်ပါ
ဝင်စားသူများသည် ဟောပြောပွဲနှင့် workshop ဆိုင်ရာ အချက်အလက်များကို မြန်မာလူငယ်ကွန်ရက်၏ Facebook စာမျက်နှာတွင်
ကြိုတင်ရယူထားနိုင်ကြောင်း သိရှိရသည်။
စောခူးဂလယ်
မြန်မာလူငယ်ကွန်ရက်မှ လူငယ်ဆိုင်ရာခေါင်းစဉ်များဖြင့် ဟောပြောပွဲများနှင့် Workshop များ ပုံမှန်ကျင်းပမည်
“လရောင် သံလွင်ခက် နှင်းဆီ ငြိမ်းချမ်းရေးစာသားများ” ခေါင်းစဉ်ဖြင့်
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ စုစည်းတင်ဆက်
နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်တွင် ကျရောက်
သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ
လူငယ်ကွန်ရက်က “လရောင် သံလွင်ခက် နှင်းဆီ
ငြိမ်းချမ်းရေးစာသားများ” ခေါင်းစဉ်ဖြင့် စာစောင်ငယ်တစ်ခု
ကို ပြုစုထုတ်ဝေခဲ့သည်။
အဆိုပါစာစောင်ငယ်တွင် ကဗျာများ၊ ဆောင်းပါး
များ၊ အက်ဆေးများ ပါဝင်ပြီး ပြည်တွင်း၌ ထုတ်ဝေပြီးသော
မဂ္ဂဇင်းများတွင် ဖော်ပြပြီး စာမူအချို့ ပြန်လည်ပါဝင်သည်။
၄၄ မျက်နှာပါ စာစောင်ငယ်တွင် ငြိမ်းချမ်းရေးကို ဦးတည်ရှေး
ရှုသော အရေးအသားများကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်း
စာစောင်တွင် ကဗျာ ၈ ပုဒ်၊ အက်ဆေး ၆ ပုဒ်နှင့် ဆောင်းပါး
၃ ပုဒ်တို့ ပါဝင်သည်။
`ငြိမ်းချမ်းရေးအတွက် ကဗျာများ´ ကဏ္ဍတွင် ငြိမ်း
သစ်၊ အောင်ဘညို၊ ညီမင်းညို၊ Aမွန်၊ ခေးလု၊ မြတ်မင်းခန့်၊
သီဟသူ၊ ရွှန်းလဲ့ တို့၏ ကဗျာများကိုလည်းကောင်း၊ `ငြိမ်း
ချမ်းရေးအတွက် အက်ဆေးများ´ကဏ္ဍတွင် မောင်စိမ်းနီ၊
မင်းကိုခါး (ကွမ်းခြံကုန်း)၊ ဘုန်းဦးမော်၊ ဇော်မိုးလွင်၊ ရိုးယံနှိုင်း၊
သန်းထိုက်စိုးတို့၏ အက်ဆေးများကို လည်းကောင်း၊ `ငြိမ်း
ချမ်းရေးအတွက် ဆောင်းပါးများ´ကဏ္ဍတွင် သန်းစိုးနိုင်၊
ဧမင်းယဉ်၊ တည်လင်းခန့်တို့၏ ဆောင်းပါးများကို
လည်းကောင်းတွေ့ ရှိရသည်။
စာစောင်ကို မြန်မာလူငယ်ကွန်ရက်၏ Facebook
အင်တာနက်စာမျက်နှာတွင်Download ပြုလုပ်နိုင်ပြီး၊ မြန်မာ
လူငယ်ကွန်ရက်၏ fan များအတွက် ကန့်သတ်၍ Online မှ
ထုတ်ဝေခြင်း ဖြစ်သည်။
စောခူးဂလယ်
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်တွင် International
Labor Organization (ILO) က မြန်မာနိုင်ငံတွင် ILO မှ ဆောင်ရွက်နေသော လုပ်ငန်း
များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁
ရက်နေ့တွင် ကျင်းပခဲ့သည်။ ILO မှ လူထုဆက်ဆံရေးအရာရှိက အရွယ်မတိုင်မီ စစ်မှု
ထမ်းစေခြင်းများ၊ အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် လူကုန်ကူးမှုများအား ကာကွယ်တား
ဆီးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ILO တို့ ပူးပေါင်းဆောင်ရွက်နေမှုများကို အကျယ်တ၀င့်
ရှင်းလင်း ဟောပြောခဲ့သည်။ အဆိုပါပွဲသို့ Myanmar Youth Networkမှ လေ့လာသူများက
လူငယ်များအကြား အဆိုပါ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်
သွားရောက်လေ့လာခဲ့ကြသည်။
အေးမင်းမင်း
စာမျက်နှာ ၄ မြန်မာလူငယ်ကွန်ရက်သတင်းလွှာ
ကန့်သတ်
မြန်မာလူငယ်ကွန်ရက်
အမှတ် ၁၃၆/၁၃၇၊ ဓမ္မာရုံလမ်း၊ ပုသိမ်မြေရပ်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်း။
+၉၅ (ဝ)၉ ၅ဝ၈၇၂၃၄၊ ၅၀၄၄၁၂၀
info@myanmaryouthnetwork.org
http://www.facebook.com/MyanmarYouthNetwork
နိုင်ငံတကာအလုပ်သမားများအဖွဲ့မှ ကျင်းပသော Workshopသို့
မြန်မာလူငယ်ကွန်ရက်မှ လေ့လာသူများတက်ရောက်ခဲ့
လူငယ်တွေရဲ့အခန်းကဏ္ဍဟာတနေ့တခြားအရေး
ပါမှုဟာ ရှောင်လွဲလို့မရတာအမှန်ပါ။လူငယ့်စွမ်းရည် မြှင့်တင်
ဖို့အတွက် Myanmar Youth Network ကYouth Develop-
ment Workshop ကို သြဂုတ်လ ၁၅ ရက်၊ British Coun-
cilတွင် ပြုလုပ်ခဲ့ပါတယ်။ နယ်ပယ်အသီးသီးကလူငယ် (၂ဝ)
ဦးတက်ရောက်ခဲ့ပါတယ်။ ခေတ်လူငယ်တွေရဲ့ ဘဝနေထိုင်မှု
အခြေအနေ၊ အထောက်အပံ့ရရှိသည့်နည်းလမ်း၊ လူငယ်
တစ်ဦးရဲ့ အဓိကလိုအပ်ချက်များ၊ အခွင့်အရေး အခွင့်အလမ်း
ရရှိမှုတွေ ဆွေးနွေးခဲ့ကြပါတယ်။
လူငယ်တွေရဲ့ တိုးတက်မှုလမ်းကြောင်းကို ပိတ်
ဆို့နေတဲ့ အဟန့်အတား၊ အတားအဆီးတွေကို ဆွေးနွေး
ရှာဖွေခဲ့ကြတယ်။ ဒီအတားအဆီးတွေကို ဖြေရှင်းသည့် နည်း
လမ်းများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို
ဝိုင်းဝန်း အဖြေရှာခဲ့ကြပါတယ်။ ဂိမ်းတွေ ကစားခြင်းအားဖြင့်
လူငယ်အချင်းချင်း ပိုမိုရင်းနှီးမှုရစေတယ်၊ ယုံကြည်မှုတွေ ပို၍
ခိုင်မြဲစေပါတယ်။
နောက်တစ်ချက်ကတော့ လူငယ်တွေဟာမိမိနဲ့
နီးစပ်ရာပတ်ဝန်းကျင်တွေမှာ စေတနာ့ဝန်ထမ်း (Volunteer)
လုပ်ကိုင်နေကြပါတယ်။ Volunteer လုပ်ရတဲ့အကြောင်း
အရင်း ဂဃနဏသိတဲ့လူငယ်တွေ နည်းပါတယ်။ ဒါကြောင့်
Youth Volunteerism Workshop ကို စက်တင်ဘာလ (၅)
ရက်၊ British Council တွင် ပြုလုပ်ရတာဖြစ်ပါတယ်။ Volun-
teer လုပ်ရတဲ့ အကြောင်းအရင်းကို ပို၍သဘောပေါက် နား
လည်စေပါတယ်။ Volunteer လုပ်ခြင်းအားဖြင့် မိမိအတွက်၊
အဖွဲ့အစည်းအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူး
များစွာရရှိကြောင်းကို သိရှိစေပါတယ်။ တက်ရောက်လာတဲ့
လူငယ်တွေက သူတို့ရဲ့ Volunteer အတွေ့အကြုံတွေ
ဖလှယ်ကြ၊ တိုင်ပင်ဆွေးနွေးကြ၊ တစ်ဦးနဲ့တစ်ဦး အကြုံပြုကြ
ရင်း ဝပ်ရှော့ကို အဆုံးသတ်ခဲ့ရပါတယ်။
ဆလိုင်းဂျင်မီရီဇာဘွေး
လူငယ်ဖွံ့ဖြိုးရေးနှင့် လူငယ်စေတနာ့ဝန်ထမ်းဆောင်ရွက်မှုဆိုင်ရာ Workshop များ ကျင်းပပြုလုပ်

More Related Content

What's hot

General.thanshwe.and.myanmar.2017
General.thanshwe.and.myanmar.2017General.thanshwe.and.myanmar.2017
General.thanshwe.and.myanmar.2017Zarni Gyi
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copyaungkokotoe
 
Jss (letter 8) - copy
Jss (letter 8) - copyJss (letter 8) - copy
Jss (letter 8) - copyaungkokotoe
 
Jss (letter 7) - copy
Jss (letter 7) - copyJss (letter 7) - copy
Jss (letter 7) - copyaungkokotoe
 
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်းဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်းဆရာ ဟိန်းတင့်ဇော်
 
Who's who 2015
Who's who 2015Who's who 2015
Who's who 2015Zaw Aung
 

What's hot (6)

General.thanshwe.and.myanmar.2017
General.thanshwe.and.myanmar.2017General.thanshwe.and.myanmar.2017
General.thanshwe.and.myanmar.2017
 
Jss (letter 15) - copy
Jss (letter   15) - copyJss (letter   15) - copy
Jss (letter 15) - copy
 
Jss (letter 8) - copy
Jss (letter 8) - copyJss (letter 8) - copy
Jss (letter 8) - copy
 
Jss (letter 7) - copy
Jss (letter 7) - copyJss (letter 7) - copy
Jss (letter 7) - copy
 
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်းဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း
ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်းမိန့်ခွန်း
 
Who's who 2015
Who's who 2015Who's who 2015
Who's who 2015
 

Viewers also liked

12.5 Maximize Employee Performance
12.5 Maximize Employee Performance12.5 Maximize Employee Performance
12.5 Maximize Employee PerformanceNCVPS
 
Medindo Conversão Com o Google Analytics
Medindo Conversão Com o Google AnalyticsMedindo Conversão Com o Google Analytics
Medindo Conversão Com o Google AnalyticsSearch Labs
 
Pay Homage to Dr. Bhupen Hazarika Till all over
Pay Homage to Dr. Bhupen Hazarika Till all overPay Homage to Dr. Bhupen Hazarika Till all over
Pay Homage to Dr. Bhupen Hazarika Till all overPKDC
 
Pengenalaninternet
PengenalaninternetPengenalaninternet
PengenalaninternetFrance Lynn
 
SEO Para o CEO: Construindo Um Negócio de Search Marketing
SEO Para o CEO: Construindo Um Negócio de Search MarketingSEO Para o CEO: Construindo Um Negócio de Search Marketing
SEO Para o CEO: Construindo Um Negócio de Search MarketingSearch Labs
 
RepShield- Total Reputation Management
RepShield- Total Reputation ManagementRepShield- Total Reputation Management
RepShield- Total Reputation ManagementStanley Gauss
 
SEO: Fases de Uma Metodologia Funcional
SEO: Fases de Uma Metodologia FuncionalSEO: Fases de Uma Metodologia Funcional
SEO: Fases de Uma Metodologia FuncionalSearch Labs
 
Attract moneynow book-pdf-final
Attract moneynow book-pdf-finalAttract moneynow book-pdf-final
Attract moneynow book-pdf-finalSayak Boral
 
Espectropia - Construção de um espectometro caseiro
Espectropia - Construção de um espectometro caseiroEspectropia - Construção de um espectometro caseiro
Espectropia - Construção de um espectometro caseiroFABEJA
 
13.1 Ethical Behavior
13.1 Ethical Behavior13.1 Ethical Behavior
13.1 Ethical BehaviorNCVPS
 

Viewers also liked (18)

MYN Newsletter Vol. 1, No. 1
MYN Newsletter Vol. 1, No. 1MYN Newsletter Vol. 1, No. 1
MYN Newsletter Vol. 1, No. 1
 
12.5 Maximize Employee Performance
12.5 Maximize Employee Performance12.5 Maximize Employee Performance
12.5 Maximize Employee Performance
 
MYN Newsletter Vol. 1 No. 5
MYN Newsletter Vol. 1 No. 5MYN Newsletter Vol. 1 No. 5
MYN Newsletter Vol. 1 No. 5
 
Medindo Conversão Com o Google Analytics
Medindo Conversão Com o Google AnalyticsMedindo Conversão Com o Google Analytics
Medindo Conversão Com o Google Analytics
 
Pay Homage to Dr. Bhupen Hazarika Till all over
Pay Homage to Dr. Bhupen Hazarika Till all overPay Homage to Dr. Bhupen Hazarika Till all over
Pay Homage to Dr. Bhupen Hazarika Till all over
 
Nagis E-edition
Nagis E-editionNagis E-edition
Nagis E-edition
 
Myanmar Youth Network
Myanmar Youth NetworkMyanmar Youth Network
Myanmar Youth Network
 
Myanmar (Burma)
Myanmar (Burma)Myanmar (Burma)
Myanmar (Burma)
 
Pengenalaninternet
PengenalaninternetPengenalaninternet
Pengenalaninternet
 
MYN Newsletter Vol. 1, No. 2
MYN Newsletter Vol. 1, No. 2MYN Newsletter Vol. 1, No. 2
MYN Newsletter Vol. 1, No. 2
 
SEO Para o CEO: Construindo Um Negócio de Search Marketing
SEO Para o CEO: Construindo Um Negócio de Search MarketingSEO Para o CEO: Construindo Um Negócio de Search Marketing
SEO Para o CEO: Construindo Um Negócio de Search Marketing
 
RepShield- Total Reputation Management
RepShield- Total Reputation ManagementRepShield- Total Reputation Management
RepShield- Total Reputation Management
 
SEO: Fases de Uma Metodologia Funcional
SEO: Fases de Uma Metodologia FuncionalSEO: Fases de Uma Metodologia Funcional
SEO: Fases de Uma Metodologia Funcional
 
MYN Newsletter Vol. 1, No. 3
MYN Newsletter Vol. 1, No. 3MYN Newsletter Vol. 1, No. 3
MYN Newsletter Vol. 1, No. 3
 
Attract moneynow book-pdf-final
Attract moneynow book-pdf-finalAttract moneynow book-pdf-final
Attract moneynow book-pdf-final
 
Calligraphy as a hobby
Calligraphy as a hobbyCalligraphy as a hobby
Calligraphy as a hobby
 
Espectropia - Construção de um espectometro caseiro
Espectropia - Construção de um espectometro caseiroEspectropia - Construção de um espectometro caseiro
Espectropia - Construção de um espectometro caseiro
 
13.1 Ethical Behavior
13.1 Ethical Behavior13.1 Ethical Behavior
13.1 Ethical Behavior
 

MYN Newsletter Vol. 1 No. 4

  • 1. tjrif “စစ်နှင့် ငြိမ်းချမ်းရေး” မာတိကာ လူငယ်များသည် စစ်၏ အဦးဆုံးသားကောင်များ ဖြစ်သည်။ ငြိမ်းချမ်းမှု၏ ပေါ်ဦးပေါ်ဖျား အသီးအပွင့်လည်း ဖြစ်သည်။ သူတို့ အရွယ်ရောက်လာစေရန် နှစ်ပေါင်းနှစ်ဆယ်မက ငြိမ်းချမ်းမှု လိုအပ်သည်။ သူတို့ကို ဖျက်ဆီးရန်ကား စက္ကန့်နှစ်ဆယ်လောက်သာ စစ်ပွဲဖြစ်လိုက်ဖို့ လိုသည်။ ဘယ်လ်ဂျီယမ်ဘုရင် မြန်မာလူငယ်ကွန်ရက် အတွဲ ၁ အမှတ် ၄ သတင်းလွှာ အောက်တိုဘာလ၊ ၂၀၁၀ ကန့်သတ် ကမ္ဘာ့ကုလသမဂ္ဂမှ အသိမှတ်ပြုထားသော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်ရာ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဟောပြောပွဲတစ်ခုကို မြန်မာလူငယ်ကွန်ရက်ကစီစဉ်ခဲ့ပြီး စာရေးဆရာကြည်မင်းက ဟောပြောခဲ့သည်။ လူငယ်နှင့် ငြိမ်းချမ်းရေးဟူ ၍ ခေါင်းစဉ်ပေးထားသော အထူးဟောပြောပွဲကို စက်တင်ဘာလ ၃၀ ရက် ကြာသပတေးနေ့ ညနေ ၄း၃၀ နာရီမှ ၆း၃၀ နာရီထိ ကျင်းပခဲ့ပြီး စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲ အခမ်းအနားကျင်းပရာ Count Bessie Hall သို့ လူ ငယ်များ တက်ရောက်ခဲ့ကြရာ ငြိမ်းချမ်းရေးကို အဓိပ္ပါယ်ဖွင့်ဆိုကြပုံ၊ ငြိမ်း ချမ်းရေး၏ အရေးပါပုံ၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍစသော အကြောင်းအရာများကို စာရေးဆရာ ကြည်မင်းက တင်ပြဟောပြောခဲ့ပြီး၊ လူငယ်များက မိမိတို့သိရှိရှင်းလင်းလိုသော အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ကြသည်။အဆိုပါအခမ်းအနား တွင် Baldwin စာကြည့်တိုက်မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော စာအုပ် စာတမ်းများကို ခင်းကျင်းပြသခဲ့ သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ကမ္ဘာ့ငြိမ်ချမ်းရေးနေ့သည် နှစ်စဉ် စက်တင်ဘာလ ၂၁ ရက် တွင် ကျရောက်ပြီး ၂၀၀၂ ခုနှစ်မှ ကမ္ဘာတ၀န်းတွင် စတင်ကျင်းပခဲ့ ကြခြင်းဖြစ်သည်။ ထိုနေ့ရက်အား နိုင်ငံတကာမှ အသိမှတ်ပြုလာစေ ရန် ရုပ်ရှင်ဒါရိုက်တာဂျာရမီဂီလီ က စတင်လှုံ့ဆော်ကြိုးပမ်းခဲ့ပြီး စ တင်၍ အောင်မြင်မှုများ ရရှိလာခဲ့ သည်။ကမ္ဘာနှင့်အ၀န်း ဖြစ်ပွားနေ သော ပဋိပက္ခများ၊ စစ်ပွဲများ၊ မ တည်ငြိမ်မှုများကို တစ်နှစ်တာ အတွင်း အနည်းဆုံးတစ်ရက်မျှ ရပ်တန့်ထားနိုင်ရန်အတွက် ဂျာရမီ ဂီလီက Peace One Day အဖွဲ့ကို ထူထောင်ခဲ့ပြီး တစ်ဖက်တစ်လမ်း မှ ငြိမ်းချမ်းရေးကို လက်ခံလာစေ မည့် ပညာရေးဆိုင်ရာ သင်ကြား မှုများ၊ လှုပ်ရှားမှုများကို ဆောင် ရွက်နေဆဲဖြစ်သည်။ သူ၏ အား ထုတ်မှုကြောင့် အမေရိကန်နှင့် အချို့ ဥရောပနိုင်ငံများရှိ စာ သင်ကျောင်းများနှင့် လူငယ်ထု (စာမျက်နှာ ၂ သို့) စစ်ကြောင့် တိုးတက်မှုတချို့ရှိတာ မငြင်းလိုပါဘူး။ ဒါပေမယ့် စစ်ကြောင့်သာ တိုးတက်ရမယ်ဆို ရင်တော့ မတိုးတက်ချင်ပါဘူး။ ငြိမ်းချမ်းရေးဟာ အချိန်မရွေး ပြိုကွဲနိုင်တယ်။ စာရေးဆရာ ကြည်မင်း စာရေးဆရာ ကြည်မင်း၏ လူငယ်နှင့်ငြိမ်းချမ်းရေး ဟောပြောပွဲ ၁ စစ်နှင့် ငြိမ်းချမ်းရေး(အမြင်) ၁ “လရောင် သံလွင်ခက် နှင်းဆီ ငြိမ်းချမ်းရေးစာသားများ” ခေါင်းစဉ်ဖြင့်... ၂ မြန်မာလူငယ်ကွန်ရက်မှ လူငယ်ဆိုင်ရာခေါင်းစဉ်များဖြင့် ဟောပြောပွဲများနှင့် Workshop များ ပုံမှန်ကျင်းပမည် ၃ လူငယ်ဖွံ့ဖြိုးရေးနှင့်လူငယ် စေတနာ့ဝန်ထမ်းဆောင်ရွက်မှု ဆိုင်ရာ Workshop များ ကျင်းပပြုလုပ် ၄ ILO မှ ကျင်းပသော Workshop သို့ မြန်မာလူငယ်ကွန်ရက်မှ လေ့လာသူများတက်ရောက်ခဲ့ ၄ စာရေးဆရာ ကြည်မင်း၏ လူငယ်နှင့်ငြိမ်းချမ်းရေး ဟောပြောပွဲ
  • 2. စာမျက်နှာ ၂ မြန်မာလူငယ်ကွန်ရက်သတင်းလွှာ ကန့်သတ် လူငယ်များအား ဆရာကြည်မင်းဟောပြောနေစဉ် များကြား ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုများနှင့် စိတ်ဝင်စားမှုများ တိုးပွားလာစေခဲ့ သည်။ အကြမ်းဖက်မှုများ၊ ရာသီဥတုဖောက်ပြန်မှုများ၊ ခွဲခြားဆက်ဆံမှု များ၊ ဒေသတွင်း ပဋိပက္ခများ၊သဘာဝဘေးအန္တရာယ်များ၊စီးပွားရေး ပြဿနာ များဖြင့် ကြုံတွေ့နေရသော မျက်မှောက်ကမ္ဘာတွင် ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေးသည် လူငယ်များအတွက် အရေးပါသော အကြောင်းအရာ တစ်ရပ်အဖြစ် တည်ရှိနေသည်။ ထို့ကြောင့် လူငယ်များအကြား ငြိမ်းချမ်းရေးကို ပိုမို မြတ်နိုးလာစေရန် ရည်ရွယ်၍ မြန်မာလူငယ်ကွန်ရက်က ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ဆရာကြည်မင်းနှင့် လူငယ်ရေးရာ ဟောပြောသူ စာရေးဆရာကြည်မင်းသည် ၁၉၆၈ ခုနှစ်မှ စတင်၍ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးသိပ္ပံဘာသာ ရပ်ကို လေ့လာခဲ့ပြီး အငြိမ်းစားပါမောက္ခတစ်ဦးလည်း ဖြစ် သည်။ ထို့ပြင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအခြေပြု စာအုပ် နှစ် အုပ်နှင့် ၀တ္ထုတိုများအပါအ၀င် စာအုပ်ပေါင်း ၄၀ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွက် ဘာသာပြန် စာပေဆုကို ရရှိခဲ့သော ဆရာကြည်မင်းသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးတို့အတွက် တစိုက်မတ်မတ် ရေးသားပြုစု ဟောပြောဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ် သည်။ လူငယ်နှင့်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဟောပြောရာ တွင် ဆရာကြည်မင်းက ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက် ရန်အတွက် လူတစ်ဦးချင်းစီတွင် ငြိမ်းချမ်းမှုရှိဖို့လိုအပ်ပုံ၊ လူ တစ်ဦးချင်းစီတွင်လည်း အပေါ်ယံငြိမ်းချမ်းမှု ရှိရုံနှင့် မလုံလောက်ဘဲ အတွင်းအဇ္ဈတတွင်ပါ ငြိမ်းချမ်းရန် လိုအပ်ပုံ၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အားအင် စွမ်းရည်ပြည့်ဝ လျက်ရှိသော လူငယ်များပိုမိုစွမ်းနိုင်ကြပုံ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကို တည်ဆောက်လိုသော လူငယ်များသည် မိမိတို့၏ပညာ ရှာဖွေမှုအတွက် စာဖတ်ခြင်း၊ စဉ်ဆက်မပြတ် သင်ယူ ဆည်းပူးခြင်းများဖြင့် အတတ်နိုင်ဆုံး ပြည့်ဝအောင် ဖြည့် ဆည်းသင့်ပုံ စသဖြင့် ပါဝင်ခဲ့သည်။ မတရားနှိပ်စက်ညှင်း ပန်းမှုများ၊ တရားမမျှတမှု၊ အခွင့်အရေး မညီမျှမှု၊ ခြစားမှု၊ ဥပဒေမဲ့ ဆောင်ရွက်မှုစသည်တို့ ရှိမနေမှ မိမိတို့ ၀န်းကျင်၌ ငြိမ်းချမ်းရေးတည်ဆောက်ယူနိုင်မည် ဖြစ်ပြီး၊ ထိုသို့သော အရာများ ပေါ်ပေါက်မလာစေရန် လူငယ်များသည် အသိ ပညာ၊ အတတ်ပညာ၊ သတ္တိ၊ ဗျတ္တိတို့နှင့် ပြည့်စုံအောင် မိမိ ကိုယ်ကို ဆောက်တည်ရမည်ဟု ပြောဆိုခဲ့သည်။ နောက်ဆုံးအစီအစဉ်အဖြစ် ဧည့်ခံကျွေးမွေးနေ စဉ် အတွင်း တက်ရောက်လာသူများအကြား အပြန်အလှန် စကားပြောဆိုခဲ့ကြပြီး ညနေ ၆း၃၀ တွင် အခမ်းအနားပြီးဆုံး ခဲ့သည်။ မြတ်ထွန်းဦး
  • 3. စာမျက်နှာ ၃အတွဲ ၁ အမှတ် ၄ ကန့်သတ် မြန်မာလူငယ်ကွန်ရက်သည် `လူငယ်တို့ကို ခေတ်အတွေးအမြင်များ ခံစားသိမြင်နိုင်ရန် ပညာပေးလျက်၊ ငြိမ်းချမ်းမှု၊ တရား မျှတမှု၊ ညီညွတ်မှုနှင့် မေတ္တာတရားတို့ကိုအခြေ ခံ၍ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်စေမည်ဟူသည့် မျှော်မှန်းချက်အတိုင်း လူငယ်များ၏ အသိပညာနှင့် အတွေးအခေါ်တို့ ကမ္ဘာနှင့်ရင်ဘောင်တန်း တိုးတက်လာနိုင်ရန် ရည်ရွယ်၍ လူငယ် ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောပွဲများ၊ Workshop များကို ပုံမှန်ကျင်းပသွားမည်ဖြစ်သည်။ ဟောပြောပွဲများအနေဖြင့် ယခုထိ လူငယ်နှင့်ဂီတဟူသောခေါင်းစဉ်ဖြင့် တေးရေး/ဆို စာရေးဆရာ အရိုးက လည်းကောင်း၊ လူငယ်နှင့် ငြိမ်းချမ်းရေးဟူသောခေါင်းစဉ်ဖြင့် စာရေးဆရာကြည်မင်းမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီးဖြစ်သည်။ Work- shop များအနေဖြင့် Inter-Group Relationship, Youth Development, Youth Volunteerism တို့ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ စိတ်ပါ ၀င်စားသူများသည် ဟောပြောပွဲနှင့် workshop ဆိုင်ရာ အချက်အလက်များကို မြန်မာလူငယ်ကွန်ရက်၏ Facebook စာမျက်နှာတွင် ကြိုတင်ရယူထားနိုင်ကြောင်း သိရှိရသည်။ စောခူးဂလယ် မြန်မာလူငယ်ကွန်ရက်မှ လူငယ်ဆိုင်ရာခေါင်းစဉ်များဖြင့် ဟောပြောပွဲများနှင့် Workshop များ ပုံမှန်ကျင်းပမည် “လရောင် သံလွင်ခက် နှင်းဆီ ငြိမ်းချမ်းရေးစာသားများ” ခေါင်းစဉ်ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ စုစည်းတင်ဆက် နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်တွင် ကျရောက် သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ လူငယ်ကွန်ရက်က “လရောင် သံလွင်ခက် နှင်းဆီ ငြိမ်းချမ်းရေးစာသားများ” ခေါင်းစဉ်ဖြင့် စာစောင်ငယ်တစ်ခု ကို ပြုစုထုတ်ဝေခဲ့သည်။ အဆိုပါစာစောင်ငယ်တွင် ကဗျာများ၊ ဆောင်းပါး များ၊ အက်ဆေးများ ပါဝင်ပြီး ပြည်တွင်း၌ ထုတ်ဝေပြီးသော မဂ္ဂဇင်းများတွင် ဖော်ပြပြီး စာမူအချို့ ပြန်လည်ပါဝင်သည်။ ၄၄ မျက်နှာပါ စာစောင်ငယ်တွင် ငြိမ်းချမ်းရေးကို ဦးတည်ရှေး ရှုသော အရေးအသားများကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်း စာစောင်တွင် ကဗျာ ၈ ပုဒ်၊ အက်ဆေး ၆ ပုဒ်နှင့် ဆောင်းပါး ၃ ပုဒ်တို့ ပါဝင်သည်။ `ငြိမ်းချမ်းရေးအတွက် ကဗျာများ´ ကဏ္ဍတွင် ငြိမ်း သစ်၊ အောင်ဘညို၊ ညီမင်းညို၊ Aမွန်၊ ခေးလု၊ မြတ်မင်းခန့်၊ သီဟသူ၊ ရွှန်းလဲ့ တို့၏ ကဗျာများကိုလည်းကောင်း၊ `ငြိမ်း ချမ်းရေးအတွက် အက်ဆေးများ´ကဏ္ဍတွင် မောင်စိမ်းနီ၊ မင်းကိုခါး (ကွမ်းခြံကုန်း)၊ ဘုန်းဦးမော်၊ ဇော်မိုးလွင်၊ ရိုးယံနှိုင်း၊ သန်းထိုက်စိုးတို့၏ အက်ဆေးများကို လည်းကောင်း၊ `ငြိမ်း ချမ်းရေးအတွက် ဆောင်းပါးများ´ကဏ္ဍတွင် သန်းစိုးနိုင်၊ ဧမင်းယဉ်၊ တည်လင်းခန့်တို့၏ ဆောင်းပါးများကို လည်းကောင်းတွေ့ ရှိရသည်။ စာစောင်ကို မြန်မာလူငယ်ကွန်ရက်၏ Facebook အင်တာနက်စာမျက်နှာတွင်Download ပြုလုပ်နိုင်ပြီး၊ မြန်မာ လူငယ်ကွန်ရက်၏ fan များအတွက် ကန့်သတ်၍ Online မှ ထုတ်ဝေခြင်း ဖြစ်သည်။ စောခူးဂလယ်
  • 4. ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်တွင် International Labor Organization (ILO) က မြန်မာနိုင်ငံတွင် ILO မှ ဆောင်ရွက်နေသော လုပ်ငန်း များနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ ILO မှ လူထုဆက်ဆံရေးအရာရှိက အရွယ်မတိုင်မီ စစ်မှု ထမ်းစေခြင်းများ၊ အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် လူကုန်ကူးမှုများအား ကာကွယ်တား ဆီးနိုင်ရန် နိုင်ငံတော်အစိုးရနှင့် ILO တို့ ပူးပေါင်းဆောင်ရွက်နေမှုများကို အကျယ်တ၀င့် ရှင်းလင်း ဟောပြောခဲ့သည်။ အဆိုပါပွဲသို့ Myanmar Youth Networkမှ လေ့လာသူများက လူငယ်များအကြား အဆိုပါ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် သွားရောက်လေ့လာခဲ့ကြသည်။ အေးမင်းမင်း စာမျက်နှာ ၄ မြန်မာလူငယ်ကွန်ရက်သတင်းလွှာ ကန့်သတ် မြန်မာလူငယ်ကွန်ရက် အမှတ် ၁၃၆/၁၃၇၊ ဓမ္မာရုံလမ်း၊ ပုသိမ်မြေရပ်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်း။ +၉၅ (ဝ)၉ ၅ဝ၈၇၂၃၄၊ ၅၀၄၄၁၂၀ info@myanmaryouthnetwork.org http://www.facebook.com/MyanmarYouthNetwork နိုင်ငံတကာအလုပ်သမားများအဖွဲ့မှ ကျင်းပသော Workshopသို့ မြန်မာလူငယ်ကွန်ရက်မှ လေ့လာသူများတက်ရောက်ခဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍဟာတနေ့တခြားအရေး ပါမှုဟာ ရှောင်လွဲလို့မရတာအမှန်ပါ။လူငယ့်စွမ်းရည် မြှင့်တင် ဖို့အတွက် Myanmar Youth Network ကYouth Develop- ment Workshop ကို သြဂုတ်လ ၁၅ ရက်၊ British Coun- cilတွင် ပြုလုပ်ခဲ့ပါတယ်။ နယ်ပယ်အသီးသီးကလူငယ် (၂ဝ) ဦးတက်ရောက်ခဲ့ပါတယ်။ ခေတ်လူငယ်တွေရဲ့ ဘဝနေထိုင်မှု အခြေအနေ၊ အထောက်အပံ့ရရှိသည့်နည်းလမ်း၊ လူငယ် တစ်ဦးရဲ့ အဓိကလိုအပ်ချက်များ၊ အခွင့်အရေး အခွင့်အလမ်း ရရှိမှုတွေ ဆွေးနွေးခဲ့ကြပါတယ်။ လူငယ်တွေရဲ့ တိုးတက်မှုလမ်းကြောင်းကို ပိတ် ဆို့နေတဲ့ အဟန့်အတား၊ အတားအဆီးတွေကို ဆွေးနွေး ရှာဖွေခဲ့ကြတယ်။ ဒီအတားအဆီးတွေကို ဖြေရှင်းသည့် နည်း လမ်းများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ဝိုင်းဝန်း အဖြေရှာခဲ့ကြပါတယ်။ ဂိမ်းတွေ ကစားခြင်းအားဖြင့် လူငယ်အချင်းချင်း ပိုမိုရင်းနှီးမှုရစေတယ်၊ ယုံကြည်မှုတွေ ပို၍ ခိုင်မြဲစေပါတယ်။ နောက်တစ်ချက်ကတော့ လူငယ်တွေဟာမိမိနဲ့ နီးစပ်ရာပတ်ဝန်းကျင်တွေမှာ စေတနာ့ဝန်ထမ်း (Volunteer) လုပ်ကိုင်နေကြပါတယ်။ Volunteer လုပ်ရတဲ့အကြောင်း အရင်း ဂဃနဏသိတဲ့လူငယ်တွေ နည်းပါတယ်။ ဒါကြောင့် Youth Volunteerism Workshop ကို စက်တင်ဘာလ (၅) ရက်၊ British Council တွင် ပြုလုပ်ရတာဖြစ်ပါတယ်။ Volun- teer လုပ်ရတဲ့ အကြောင်းအရင်းကို ပို၍သဘောပေါက် နား လည်စေပါတယ်။ Volunteer လုပ်ခြင်းအားဖြင့် မိမိအတွက်၊ အဖွဲ့အစည်းအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူး များစွာရရှိကြောင်းကို သိရှိစေပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေက သူတို့ရဲ့ Volunteer အတွေ့အကြုံတွေ ဖလှယ်ကြ၊ တိုင်ပင်ဆွေးနွေးကြ၊ တစ်ဦးနဲ့တစ်ဦး အကြုံပြုကြ ရင်း ဝပ်ရှော့ကို အဆုံးသတ်ခဲ့ရပါတယ်။ ဆလိုင်းဂျင်မီရီဇာဘွေး လူငယ်ဖွံ့ဖြိုးရေးနှင့် လူငယ်စေတနာ့ဝန်ထမ်းဆောင်ရွက်မှုဆိုင်ရာ Workshop များ ကျင်းပပြုလုပ်