SlideShare a Scribd company logo
1 of 8
Download to read offline
ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
တိန့်ရှောင်ဖိန့် (တရုပ်ခေါင်းဆောင်) လုပ်ဆောင်ချက်ကို သုံးသပ်ကြည့်ခြင်း....
သမိုင်းသင်ရတာ မအ အောင်လို့.. ဒေါက်တာသန်းထွန်း ကပြောပါတယ်။
၁၉၇၇ မှာ တရုပ်ပြည် တိန်ရှောင်ဖိန့် ခေါင်းဆောင်ပြန်ဖြစ်လာတယ်။ ၈၇ အထိ ၁၀နှစ်ကြာ ပြုပြင်ပြောင်းလဲချိန် ယခု
မြန်မာနိုင်ငံလိုပဲ ခရိုနီတွေ အကြီးအကျယ် မြူးကြွလာတယ်။ ၁၉၈၈ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံ
နှိမ်နင်းခံရပြီး၊ ၁၉၈၉ တရုပ်ပြည် အရေးအခင်းကြီးလဲ နှိမ်နင်းခံရတယ်။ ဒီတော့မှ တိန်ရှောင်ဖိန့် ကွန်မြူနစ်ပါတီ
လူသန့်စင်ရေး အောင်မြင်စွာလုပ်နိုင်ပြီး လမ်းမှန်ကို ချီတက်နိုင်ပါတယ်။
.
မြန်မာပြည်တော့ ၁၀နှစ်မကြာပါဘူး။ ၅နှစ် သမ္မတဦးသိန်းစိန်လက်ထက် ခရိုနီမြူးကြွတဲ့ခေတ်ကနေ ရုတ်တရက်
(အာဏာရှင်ဟောင်းကြီး.ဦးသန်းရွှေ မျက်ပါးစူးလို့ထင်ပါရဲ့)။ ကြံခိုင်ရေးအစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့
အင်အယ်ဒီပါတီ ကို အာဏာလွှဲပေးလိုက်ရတယ်။ မြူကြွချင်တဲ့ အင်အယ်ဒီများစွာ ရှိနေကြတယ်။
.
(ဦးမောင်မောင်စိုး) ဆောင်းပါးမှာ ၁၉၇၇ တရုပ်ခေါင်းဆောင်ကြီး မော်စီတုန်း သေဆုံးတော့ လေးဦးဂိုဏ်းက
တိန့်ရှောင်ဖိန့်ကို ရှင်းဖို့လိုက်ရှာချိန် တပ်မှုးကြီးတွေက ကာကွယ်ပေးထားကြောင်း၊ မော်စီတုန်း က
တရုပ်နိုင်ငံကြီးမှာ သူ့တပည့် အထူးသဖြင့် ဇနီးချန်ချင်းတို့ လေးဦးဂိုဏ်း တွေ လမ်းလွဲနေကြတာ သိနေသော်လဲ
ဖယ်ရှားဖို့ သူ မလုပ်နိုင်ဘူး၊ ထက်မြက်တဲ့ တိန့်ရှောင်ဖိန့်ကို ပြန်ခေါ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်
ဝန်ကြီးချုပ်ခန့်တယ်။ လေးဦးဂိုဏ်းက အပြစ်ရှာပြီး ဖြုတ်ပေမဲ့ မော်စီတုန်းက ကွန်မြူနစ်ပါတီမှာပဲ ဆက်ထားတယ်။
မော်စီတုန်းနေရာ ဆက်ခံတဲ့ ဟွကိုဖုန်း နဲ့ လေးဦးဂိုဏ်းတွေ အာဏာပြိုင်ရာမှာ တနှစ်အတွင်း လေးဦးဂိုဏ်း ဖယ်ရှား၊
ဖမ်းဆီးခံလိုက်ရတယ်။ တိန့်ရှောင်ဖိန့်က အရေးပါတဲ့ ရာထူးတွေ မယူပဲ သူ့ကိုကာကွယ်ပေးတဲ့
စစ်ခေါင်းဆောင်တွေနဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ရယူထားပါတယ်။
.
တရုတ်ကွန်မြူနစ်ပါတီ၏ အပြောင်းအလဲများကတော့ ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုတဲ့ ဟွကိုဖုန်းလည်း
နေရာဖယ်ပေး ရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့တယ်။ ပါတီစဖွဲ့ကထဲက ဥက္ကဌ စနစ်ဖြင့် ဖွဲ့စည်းခဲ့သော
တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးတဲ့စနစ်သို့ပြောင်းသွားတယ်။ ပထမဆုံးအတွင်းရေးမှူးအဖြစ်
ဟူရောက်ပန်း ဖြစ်လာခဲ့တယ်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာပြီး အာဏာဆိုတာ
သေနပ်ပြောင်းဝ ဆိုစကားကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။
.
စာရေးသူ ဘိုဘိုကျော်ငြိမ်း ကလည်း တိန့်ရှောင်ဖိန့်ကို မွေးခဲ့တာ ဥက္ကဌကြီး မော်စီတုန်းကိုယ်တိုင်ဖြစ်ကြောင်း
တရုပ်ပြည် ပြုပြင်ပြောင်းလဲမှုများအကြောင်း သုံးသပ်တင်ပြ ရေးသားထားတာ တွေ့ရပါတယ်။
.
ဗိုလ်ကျော်ဇော နဲ့သမီးဖြစ်သူ လှကျော်ဇော ရေးတဲ့ စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ ဆောင်းပါးမှာလဲ
ဦးနုခေတ်က ဆိုရှယ်လစ်များ နဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်နေ၀င်း တို့ရဲ့
အာဏာရှင်စိတ်ဓါတ်များကြောင့် စစ်ဗိုလ်ကောင်းများ တဖြေးဖြေးဖယ်ရှားခံရပြီး နောက်ဆုံး မြန်မာနိုင်ငံဟာ
ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ စတဲ့ စစ်အာဏာရှင်စနစ်ထဲ ကျရောက် ဆင်းရဲ မွဲတေ ပျက်စီးသွားခဲ့ကြောင်း
သမိုင်းအစစ်အမှန်ကို တင်ပြထားပါတယ်။
.
မြန်မာပြည်မှာတော့ စစ်ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဗိုလ်ကျော်ဇော ဆိုသူတစ်ဦး
ပေါ်ထွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး
နိုင်ငံရေးစိတ်မ၀င်စားသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက် နိုင်ငံရေးသမားများကြောင့်
စစ်ခေါင်းဆောင်ကောင်း ဗိုလ်ကျော်ဖော ပထမဆုံး ရှင်းလင်းဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်နေ၀င်း
အာဏာရလာတော့ ဒီမိုကရေစီကို ထိန်းသိမ်းချင်တဲ့ စစ်ခေါင်းဆောင်ကောင်းများ တပ်မှူးကြီးများဖြစ်ကြတဲ့
ဗိုလ်မှူးကြီးကြည်မောင်(နောက်ပိုင်း NLD-ဦးကြည်မောင်)၊ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်)
စသည်တို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကောင်း မဟုတ်ပေမဲ့ ဗိုလ်နေ၀င်းကို အတိုက်ခံလုပ်မဲ့ ဗိုလ်အောင်ကြီး လို
တပ်မှုးကြီးများ များကိုလဲ ဖယ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီး ခိုင်မြဲသွားခဲ့ပါတယ်။
.
.
လက်ရှိမြန်မာနိုင်ငံ
မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဗိုလ်သန်းရွှေ ကို (မနှိုင်းယှဉ်အပ်ပေမဲ့) မော်စီတုန်း ကဲ့သို့ သဘောထားရင်၊
ဗိုလ်သိန်းစိန်ကတော့ သူယုံကြည်စိတ်ချရသူအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့
တိန့်ရှောင်ဖိန့် ကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ တပ်မှုးကောင်းများကို ရွေးချယ်ဖို့ ၂၀၁၅
ရွေးကောက်ပွဲမှာ စစ်တပ်သန့်စင်ရေး လုပ်ပြီး ဗိုလ်ချုပ်ကြီးများစွာကို ဂရက်ဂျူတီ (အငြိမ်းစားဆုကြေး
ကျပ်သိန်းထောင်ပေါင်းများစွာပေးပြီး) ရွေးကောက်ပွဲဝင်စေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့
မြန်မာ့သမိုင်းကြီးတခုလုံးမှာ အလှည့်အပြောင်းကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အပြတ်အသတ်
အနိုင်ရရှိ၊ အာဏာလွှဲပြောင်းရယူသွားပါတယ်။ အာဏာရှင်တွေရဲ့ တပ်မတော်ကတော့ ၂၅% လွှတ်တော် နဲ့ အစိုးရရဲ့
အရေးပါဆုံး လက်နက်ကိုင်များကို အခြေခံဥပဒေနဲ့ စွဲကိုင်ထားပါတယ်။ လက်ရှိ ပကတိအခြေအနေ ဖြစ်ပါတယ်။
.
တရုပ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိန့်ရှောင့်ဖိန့်က စစ်ခေါင်းဆောင်ကောင်းများ (တပ်မှုကြီးများ) ရဲ့
ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုရရှိပြီး အောင်ပန်းဆင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက်
မြန်မာ စစ်ခေါင်းဆောင်ကောင်းများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတာလည်း အခွင့်ထူးကြီး ဖြစ်နေပါတယ်။ တားဆီးမဲ့
လူတွေကတော့ စစ်ဝါဒီ စစ်ခေါင်းဆောင်များနဲ့ အင်အယ်ဒီက စစ်ဝါဒီစတိုင် ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။
.
ဘာပဲဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ DASSK is DASSK ပါပဲ။
မနှိုင်းယှဉ်အပ်ပေမဲ့ သုံးသပ်တင်ပြရခြင်းဖြစ်လို့ နားလည်ခွင့်လွှတ်စေလိုပါတယ်။ တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံ
တူမှမတူပဲကိုး။ စာရေးသူအနေနဲ့ မြန်မာပြည်ရဲ့ တိန့်ရှောင်ဖိန့်က တော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါစေ..လို့ပဲ
ဆုတောင်း မျှော်လင့်ရနေရပါတယ် ခင်ဗျား.။
.
ဇာနီကြီး
၁၀.အောက်တိုဘာ.၂၀၁၆
.
.
........................................................
တိန့်ရှောင်ဖိန် ကိုအားကျတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
တရုပ်ပြည်ကွန်မြူနစ်စနစ်ကြောင့် အလွန်ဆင်းရဲမွဲတေသွားခဲ့သည်။ မော်စီတုန်းသေပြီးနောက် တိန့်ရှောင်ဖိန်
တက်လာသည်။ တိန့်ရှောင်ဖိန် က ပညာတတ်၊ ပြင်သစ်တွင် ကျောင်းနေလာသူ။ သူက Four Modernization
လုပ်သည်။ လေးမျိုး ခေတ်မီရေး ...
၁။ စီးပွားရေး...၊
၂။ စစ်ရေး...
၃။ သိပ္ပံနှင့်နည်းပညာ ...
၎။ စက်မှုလက်မှု..
.
ဤကိစ္စအတွက် တိန့်ရှောင်ဖိန် က ဆန့်ကျင်ဘက် အမေရိကန်တွေကို အောက်ကျနောက်ကျ ခံပြီး
ပညာသင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
.
၁၉၈၀ ခုနှစ်လောက်က စပြီး တရုပ် ပညာတော်သင်တွေ အမေရိကန်သို့ သောင်းနှင့်ချီ လွှတ်သည်။
အဆင့်မြင့်နည်းပညာများ သင်ယူစေသည်။ ၁၉၉၀ ခုနှစ်လောက်တွင် ထို အမေရိကန်ပြန် ပညာတတ်များက
တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။
.
၂၀၀၀ ခုနှစ်လောက်တွင်ကား တရုပ်တွေ အလွန်တိုးတက်သွားပါပြီ။ အထပ် ၁၀၀ တိုက်တွေတောင်
လုပ်တတ်သွားပြီ။ မြေအောက် မြစ်ကူး ဥမှင်လှိုင်ခေါင်း ကောင်းကောင်း လုပ်တတ်သွားပြီး၊ သံချပ်က ကားတွေ၊
အမြှောက်တွေ၊ ဒုံးပျံတွေ လုပ်တတ်သွားပြီ။
.
ဤသို့ဖြင့် တရုပ်ပြည်ကြီးသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သွား၏။ စီးပွားရေး Boom ဖြစ်သွားသည်။
နိုင်ငံတကာနှင့် တံခါးဖွင့်ကာ စက်ရုံတွေ တည်သည်။ Joint Venture တွေ လုပ်သည်။ အာရှတိုက်မှာ ဂျပန်၊
တောင်ကိုးရီးယား၊ အမေရိကန်နှင့်ကနေဒါ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ တို့မှ လာရောက်ပြီး Labour လုပ်အားခ
အလွန်ဈေးချို၍ စက်ရုံကြီးတွေ လာဖွင့်ကြ၊ အလုပ်ရုံကြီးတွေ လာဖွင့်ကြ၏။ တရုတ်တွေ အလွန်အာင်မြင်သွားပါပြီ။
.
.
.
မရေးဖြစ်သေးသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပြောကြားချက်များ။
.
.
လျှပ်စစ်စွမ်းအားချို့တဲ့မှုအကြောင်း
.
တကယ်တော့ လျှပ်စစ်စွမ်းအားက High Technology နိုင်ငံတကာ အကူအညီလိုသည်။ တရုတ်ကြီးကသာ
ကူနေသည်။ သို့ရာတွင် နေရာတကာ တရုတ်အားထား၍မရ။
လျှပ်စစ်စွမ်းအား မလုံလောက်သည့်အခါ ဗိုလ်ချုပ်မှုးကြီးက ....
.
..." မင်းတို့ နေ့ခင်း မီးတွေ ပိတ်ထားကွာ၊ အခန်းတွေ အကုန်လုံး တံခါးတွေဖွင့်၊ ပြတင်းပေါက်တွေ ဖွင့်ပြီး၊ အပြင်က
အလင်းရောင်နဲ့ အလုပ်လုပ်ကြ " ..ဟု ယာယီ ဖြေရှင်းနည်းကို ပြောပြ၏။
.
..." ငါ့အိမ်မှာတောင် Own Generator လုပ်ထားရတယ်" .. ဟုလည်း ပြောသေးသည်။ ကိုယ်ပိုင်မီးစက်ထားပြီး
မီးပျက်သည့်အခါ ထွန်းရအောင် လုပ်ထားခြင်း ဖြစ်သည်။
.
နိုင်ငံကြီးများမှာတော့ လျှပ်စစ်မီးကို အနုမြူဓါတ်ပေါင်းဖိုများနှင့် ပေးနေကြသည်။ ၁၉၉၆ ခုနှစ်က ကျွန်တော်
ကူမင်းမြို့ရောက်တော့ မြို့တောင်ဖက်ရှိ တောင်ကုန်းကြီးများပေါ်တွင် ဖရဲသီးလုံးပုံသဏ္ဍာန် အလုံးစိမ်းစိမ်းကြီး
လေးငါးလုံး တွေ့ရသည်။
.
" ဒါတွေ ဘာတွေလဲဗျာ "
" အဲဒါတွေက အနုမြူဓါတ်ပေါင်းဖိုတွေ "
" ဘာလုပ်တာလဲ "
" ကူမင်းမြို့ကြီးကို လျှပ်စစ်မီးပေးတာလေ "
" သြော် "
မီးပျက်သည်မရှိ၊ လျှပ်စစ်မီးက အလျှံအပယ်ပါပဲ။
.
ထို့ကြောင့် ရယ်စရာပုံပြင်၊ အာကာသသူရဲကောင်းများက ဂြိုလ်တုပေါ်က ကမ္ဘာကို ကြည့်သောအခါ မြန်မာ နဲ့
မြောက်ကိုးရီးယားကို အလွယ်တကူ သိကြသည်ဟု ဆိုသည်။ " ညမှာ မီးမလင်းတဲ့ နေရာကွက်ကွက်လေး နှစ်ခုက
မြန်မာနဲ့မြောက်ကိုးရီးယား" ဟုဖြေဆိုကြသည် ဆို၏။
.
ဗိုလ်ချုပ်မှုးကြီး သြ၀ါဒအတိုင်း ကျွန်တော် YCDC မှာ တာဝန်ထမ်းဆောင်စဉ်ကာလ စစ်ရုံးအစည်းဝေးကြီးများ၊
ဝန်ကြီးရုံးအစည်းဝေးကြီးများ တော်တော်များများ၌ မီးတွေ ပိတ်ပြီး ပြတင်းပေါက်တွေဖွင့် အစည်းအဝေးတွေ
လုပ်ခဲ့ကြသည်ကို အကြိမ်ပေါင်းများစွာ ကြုံဆုံခဲ့ပါသည် ခင်ဗျား။
.
.
.
နိုင်ငံခြားထွက်သွားကြသူများအကြောင်း
.
၁၉၈၈ ခုနှစ် အရေးအခင်းတွင် လူတွေ ထောင်နှင့် သောင်းနှင့်ချီပြီး နိုင်ငံက တရားဝင်ထွက်သွားကြသည်။ တချို့က
လက်နက်ကိုင်တောခိုကြသည်။ ထွက်ခွာသွားသူများတွင် တရားဝင်ထက် တရားမ၀င်တွေက ပိုများသည်။
ထွက်သည့်လူဦးရေက တိုးတိုးလာနေသည်။
.
တစ်ညသ၌ စစ်ရုံး ညကျောင်းတွင် တာဝန်ရှိသူတစ်ယောက် ထိုကိစ္စကို သူ့အလှည့်တွင် ထ၍ တင်ပြသည်။ လူတွေ
နိုင်ငံပြင်ပ အမြောက်အမြား ထွက်ခွာနေကြကြောင်း။ တားမရကြောင်း ဖြစ်ပါသည်။
...ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘာပြောတယ် ထင်ပါသလဲ။
.
" တားမရလည်း၊ မတားနဲ့ပေါ့ကွာ၊ သွားပါစေ။ ဒို့အုပ်ချုပ်ရတာ လူနည်းသွားတော့ ပိုကောင်းတာပေါ့ကွာ" ... ဟု
ဆိုလေသတည်း။
.
.
.
အလုပ်မဖြစ်သည့် သကြားစက်များအကြောင်း
.
မြေလွတ်မြေရိုင်းများကို ရှင်းပြီး ကြံစိုက်ပျိုးက သကြားစက်များ တည်ပြီး သကြားကို တရုပ်ပြည်သို့ရောင်းချရန်
ခွင့်ပြုလိုက်သည်။ ရန်ကုန်၊ ပျဉ်းမနားကြားတွင် သကြားစက်များ အလျိုလျို ပေါ်လာသည်။ တရုပ် အကူညီ
သကြားစက်များ ဖြစ်သည်။
ဤတွင် ပြသနာများ ကြုံတွေ့တော့၏။
.
ပထမ ပြသနာက တရုပ်က သကြားတွေ မ၀ယ်ပါခင်ဗျား၊ Quality မမှီလို့တဲ့။ ဘယ်မီပါ့မလဲ၊ ဟိုက ပေးကတည်းက
သကြားစက်အသစ်မပေးပဲ Overhaul လုပ်ထားတဲ့ သကြားစက်အဟောင်းတွေတဲ့။ လျှော့ ဈေးနဲ့ ရောင်းတာ တဲ့။
.
..၁၉၉၇ ၀န်ကြီး ဗိုလ်ချုပ်ကြီးမြင့်အောင်ကို အနားပေးပြီးနောက် ..ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ကက်ဘိနက်မှာ
ပြောတယ်။ " ငါ့ကွာ.. ကိုမြင့်အောင် က ကြံတွေစိုက်ပြီး သကြားထုတ်ရအောင် တင်ပြတယ်။ Export Quality
ရအောင် သူလုပ်ပါမယ် ဆိုပြီး သကြားစက်တွေ တည်တာ ခွက်ခွက်လန် ရှုံးတော့တာပဲ "
" မရောင်းရဘူးကွ "
" အေး ... မင်းတို့ နောင်ဆိုရင် မသေချာတာတွေ မတင်ပြကြနဲ့ကွ၊ အလကား ပြောစရာဖြစ်မေယ်၊ နိုင်ငံတော်
ဘဏ္ဍာငွေတွေ လေလွင့်ကုန်တာပေါ့ကွာ " ... ဟု ဆိုလေသည်။
.
.
.
ကျောင်းတွေ ခဏ ခဏ ပိတ်သည့်အကြောင်း
.
၂၀၀၀ ပြည်နှစ်လောက်ကဖြစ်သည်။ ကျောင်းသားကိစ္စတစ်ခု ပေါ်လာရာ ကျောင်းသားတွေ လှုပ်လှုပ်ရွှရွှ ဖြစ်လာ၏။
ဆူစ ပူစ ဖြစ်လာ၏။
..." ကျောင်းတွေ ခဏ ပိတ်လိုက်ကွာ " ...
ဗိုလ်ချုပ်မှုးကြီး က ပြောသည်ဟု ဆို၏။
ထိုအခါ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကလေးတွေ စာသင်ပျက်သွားမည် စိုးပါသည် ..ဟု
တင်ပြလာသည်။ ဦးသန်းအောင် ဖြစ်မည် ထင်ပါ၏။
" ကလေးတွေ စာသင်ပျက်တာ အရေးမကြီးဘူး၊ တိုင်ပြည် ပျက်သွားမှာက ပိုအရေးကြီးတယ် " ဟု ပြောသည်
ဆိုပါသည်။
.
ပညာရေးက အတော်နိုမ့်ကျသွားသည်။ ဘွဲ့ရပြီးသော်လည်း အခြေခံတတ်သင့် တတ်ထိုက်တာတွေ မတတ်တော့၊
ဆရာ၊ ဆရာမတွေနှင့် တာဝန်ရှိသူတွေက ကလေးတွေကို နိုင်အောင်မထိန်းနိုင်၊ တတ်အောင် မသင်နိုင်၊
ကျောင်းမျာက ဆရာအထီးတွေ မရှိ၊ ဆရာမတွေသာ ရှိ၏။
ယခု အချိန် အင်အယ်ဒီပါတီအစိုးရ ဒါတွေကို ပြင်နိုင်လိမ့်မည် မျှော်လင့်ပါသည် ခင်ဗျား။
.
.
.
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများအကြောင်း
.
ဗိုလ်မှုးချုပ်အေးမြင့် အားကစားဝန်ကြီး ဘ၀က ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်း တို့
နိုင်ငံခြားသွားပြိုင်ရာ အမျိုးသားအသင်းက အုပ်စုတွင်းမှထွက်ရပြီး၊ အမျိုးသမီးအသင်းက ဖိုင်နယ် ရောက်သွားသည်။
ထိုအခါ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ...
.
" ဟေ့ကောင် အေးမြင့်... မင်းဘောလုံးသမားတွေ အထီးကောင်တွေ ထဘီဝတ်ပေးလိုက်၊ ကောင်မလေးတွေက
ဖိုင်နယ်ရောက်ပြီး၊ အကောင်တွေက အုပ်စုကတောင် မတက်ဘူး။ ဖွတ်ကြား ။ မင်းလဲ ဖွတ်မကြားတကြား ဖြစ်နေပြီ၊
အားကစားဝန်ကြီးနေရာကို မင်းကို ငါကိုယ်တိုင် ရွေးထားတာ၊ ဖွတ်ကြားဖြစ်မသွားစေနဲ့...ကြားလား" .. ဟု
ဆူလေသည်။
.
ဒါသာမက မြို့တော်ဝန် ဦးကိုလေးကိုလည်း ...
..." မြို့တော်ဝန်... တခြားဟာ မအောင်မြင်ရင်နေကွာ၊ ဘောလုံးက တပြည်လုံးရဲ့ Favorite ကွာ၊ .ဘောလုံးတော့
အောင်မြင်မှရမယ်၊ ကျန်တဲ့နေရာထား၊ မင်း ရန်ကုန်မှာ ဘောလုံးကွင်း တစ်ရာပြည့်အောင် မြေရှာပြီး ကလေးတွေ
ကစားခိုင်း၊ ဘောလုံးက ကစားမှ တိုးတက်တာကွ၊ အဲဒါ လုပ်စမ်းပါ ". .
.
ဤသို့နှင့် ရန်ကုန်တစ်မြို့လုံးတွင် ဘောလုံးကွင်းတစ်ရာပြည့်အောင် ၂၀၀၂၊ ၂၀၀၃ တွင် ပေါ်ပေါက်လာခဲ့ရုံသာမက
ဘောလုံး ဥက္ကဌကိုလည်း Max Myanmar ကိုဇော်ဇော်အား တာဝန်ပေးခဲ့ရာ ကိုဇော်ဇော်က ငွေကို ရေလိုသုံးပြီး
မြန်မာဘောလုံးလောကကို မြှင့်တင်ခဲ့ပါ၏။
(မှတ်ချက်။ ၂၀၁၇ တွင် မြင်သည့်အတိုင်း မတိုးတက်ပါ)။
.
.
.
ခေါင်းဆောင်လုပ်ရတာ ငရဲကြီးသည့်အကြောင်း
ဥတို စခန်းသို့ ဗိုလ်ချုပ်မှုးကြီး စတုထ္ထမြောက် ရောက်စဉ်က ဖြစ်သည်။ မြို့တော်ဝန်အား ငါးကန်၊ ပုဇွန်ကန်၊ ၀က်၊
ကြက်၊ ဘဲ၊ ဆိတ်၊ နွားများ အကောင်ရေ ထောင်ချီ မွေးမြူရန် မှာကြားသည်။ ရန်ကုန်လူထု စားသုံးရန် Supply
လုပ်ရန် မှာကြားသည်။
.
မြို့တော်ဝန်က
..." ဗိုလ်ချုပ်မှုးကြီး ညွန်ကြားတာ ဖြစ်အောင်လုပ်ပါမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အတော်ငရဲကြီးနေပြီ၊ မြို့နေ
ပြည်သူတွေ စားဖို့ ၀က်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် နေ့တိုင်း သတ်မိန့်ပေးရတယ်။ ဒီမှာလဲ မွေးရတယ်။ ပြီးတော့
သတ်တဲ့နေရာပို့ပေးရတာ်" ...
...ထိုအခါ ဗိုလ်ချုပ်မှုးကြီးက ..
.." ဟေ့.. မြို့တော်ဝန်ရဲ့၊ ငါလည်း ဘာထူးလဲကွ၊ တိုင်းပြည်ခေါင်းဆောင်လုပ်ရတာ ဖမ်းရ၊ ဆီးရ၊ ထောင်ချရ၊ လိုရင်
သေဒဏ်ချခိုင်းရ နဲ့ ခေါင်းဆောင်လုပ်ရတာ ငရဲကြီးတာပါပဲကွာ " ..
ဟု ခေါင်းအေးအေး နှင့်ပြောလေသည်။
.
.. မြို့တော်ဝန်က ပြေရာပြေကြောင်း ပြောသောအခါ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ခေါင်းကို ယမ်းလေသည်။
.
..." မထင်ပါနဲ့ မြို့တော်ဝန်ရာ၊ ငါ ဘာလုပ်လုပ် လူတွေက အကောင်းထင်တဲ့သူ သိပ်မရှိပါဘူး။ ဘာလုပ်ပေးပေး
အကောင်းမမြင်ကြပါဘူးကွာ " .. .ဟု ပြန်ပြောလေသည်။
.
ကျွန်တော်ရေးသော ရန်ကုန်စည်ပင်သာယာ စာအုပ်များတွင် ရေးရန်ကျန်ခဲ့သော အကြောင်းများဖြစ်သည်။
.
.
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်ပတ်သက်ပြီး ပြောစရာတစ်ခု ရှိပါသေးသည်။ လူတွေက သူ့ကို အကောင်းမမြင်ကြ၊
ဘာလုပ်လုပ် အကောင်းမမြင် ဟု ဆိုကြသည်။
..." ဒါဆို ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘာမှမကောင်းဘူးပေါ့ "
..." ဟုတ်တယ်၊ အားလုံး ဘာမှမကောင်းဘူး၊ သူ့မှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူး "
.
" သြော်... ဟုတ်လား၊ ကောင်းတာလေး တစ်ခုတော့ ရှိပါတယ်"
..." ဘာလဲ ... ပြော "
..." ကံ လေဗျာ၊ ဟဲ ..ဟဲ..။ ကံကောင်းလို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာပေါ့၊ အနှစ် ၂၀ ကြီးများတောင်မှလေ၊ ကဲ
ဘာပြောကြဦးမလဲ".။
အားလုံးငြင်းမရ၍ ငြိမ်သွားကြသည်။
...စာရှုသူများ ဖတ်ရှုပြီး စဉ်းစားသုံးသပ်နိုင်ကြပါရန်။
..
သောင်းဝေဦး ရေးသော " ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ" စာအုပ် အခန်း၉ ကို တင်ပြပါသည်။
.
.
မှတ်ချက်။
ထိုစာအုပ်ကို ပြန်ဖတ်ရင်း ...
.." ၁၉၈၀ ခုနှစ်လောက်က စပြီး တရုပ် ပညာတော်သင်တွေ အမေရိကန်သို့ သောင်းနှင့်ချီ လွှတ်သည်။
အဆင့်မြင့် နည်းပညာများ သင်ယူစေသည်။ ၁၉၉၀ ခုနှစ်လောက်တွင် ထို အမေရိကန်ပြန် ပညာတတ်များက
တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။"
.. ထိုအပိုဒ်ကို ဖတ်ပြီး စဉ်းစားနေမိပါသည်။ တိုင်းပြည် ပြုပြင်ပြောင်းလဲရာတွင် လူဟောင်းတွေကို အားကိုးမရ၊
လူငယ်သွေးသစ်များကို အမြန်ဆုံး Human Development အဖြစ် ရင်းနှီးမြှတ်နှံရန် အလွန်အရေးကြီးကြောင်း
...သမ္မတဦးသိန်းစိန် လက်ထက်က ပညာသင်ဆုများ ရာဂဏန်းပင်မရှိ၊ ယခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ
လက်ထက် အစိုးရပညာတော်သင်များ ဘယ်တော့ အမြောက်အများ စေလွှတ်မည်နည်း ...ကို စဉ်းစား နေမိ
ပါသည်။ ဇာနီကြီး။
MDG Series...
သောင်းဝေဦး ရေးသော ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ စာအုပ်မှ အခန်း၁၄ ခု ပါရှိရာ၊ အခန်း(၉)
မရေးဖြစ်ခဲ့သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ပြောပြချက်များ အခန်းဖြစ်ပါသည်။ သောင်းဝေဦး သည် တပ်မတော်
အရာရှိအဖြစ်မှာ ရန်ကုန်စည်ပင်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ ၂၀၁၆ အထိ
စုစုပေါင်း စာအုပ်၈၉အုပ် ရေးသားခဲ့သည်။ အများစုမှာ တိုက်ပွဲများအကြောင်းဖြစ်ပြီး၊ အမှတ်တရမြို့တော်စည်ပင်
အတွဲ(၁)(၂)(၃)(၄)(၅) စာအုပ်များတွင် အဂတိလိုက်စားမှုများကို ဖော်ထုတ် ရေးသား ခဲ့သူဖြစ်သည်။

More Related Content

What's hot

Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.Murann Ezine
 
1636050527302263
16360505273022631636050527302263
1636050527302263Minn Lwin
 
National Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma FederationNational Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma FederationUpanlay
 
Unu.utinmgwin.dawkhinkhinwin.books.for.myanmar
Unu.utinmgwin.dawkhinkhinwin.books.for.myanmarUnu.utinmgwin.dawkhinkhinwin.books.for.myanmar
Unu.utinmgwin.dawkhinkhinwin.books.for.myanmarZarni Gyi
 

What's hot (6)

Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.
 
1636050527302263
16360505273022631636050527302263
1636050527302263
 
FBF statement for Zaing Ga Naing
FBF statement for Zaing Ga NaingFBF statement for Zaing Ga Naing
FBF statement for Zaing Ga Naing
 
VOB792KK
VOB792KKVOB792KK
VOB792KK
 
National Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma FederationNational Liberation Struggle By Free Burma Federation
National Liberation Struggle By Free Burma Federation
 
Unu.utinmgwin.dawkhinkhinwin.books.for.myanmar
Unu.utinmgwin.dawkhinkhinwin.books.for.myanmarUnu.utinmgwin.dawkhinkhinwin.books.for.myanmar
Unu.utinmgwin.dawkhinkhinwin.books.for.myanmar
 

More from Zaw Aung

Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsZaw Aung
 
Islam.expending.2014.rev3
Islam.expending.2014.rev3Islam.expending.2014.rev3
Islam.expending.2014.rev3Zaw Aung
 
Tithe.secular.and.god.principle
Tithe.secular.and.god.principleTithe.secular.and.god.principle
Tithe.secular.and.god.principleZaw Aung
 
David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articlesZaw Aung
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Zaw Aung
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsZaw Aung
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingooZaw Aung
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.pppZaw Aung
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook updateZaw Aung
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Zaw Aung
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.theinZaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesZaw Aung
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmeseZaw Aung
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5Zaw Aung
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentZaw Aung
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kwZaw Aung
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinZaw Aung
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017Zaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...Zaw Aung
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)Zaw Aung
 

More from Zaw Aung (20)

Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
Islam.expending.2014.rev3
Islam.expending.2014.rev3Islam.expending.2014.rev3
Islam.expending.2014.rev3
 
Tithe.secular.and.god.principle
Tithe.secular.and.god.principleTithe.secular.and.god.principle
Tithe.secular.and.god.principle
 
David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 
ဘာသာပြန် ကွိ(မြန်မာပြန်)
ဘာသာပြန်   ကွိ(မြန်မာပြန်)ဘာသာပြန်   ကွိ(မြန်မာပြန်)
ဘာသာပြန် ကွိ(မြန်မာပြန်)
 

Than shwe.book.by.thaung.wai.oo

  • 1. ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ တိန့်ရှောင်ဖိန့် (တရုပ်ခေါင်းဆောင်) လုပ်ဆောင်ချက်ကို သုံးသပ်ကြည့်ခြင်း.... သမိုင်းသင်ရတာ မအ အောင်လို့.. ဒေါက်တာသန်းထွန်း ကပြောပါတယ်။ ၁၉၇၇ မှာ တရုပ်ပြည် တိန်ရှောင်ဖိန့် ခေါင်းဆောင်ပြန်ဖြစ်လာတယ်။ ၈၇ အထိ ၁၀နှစ်ကြာ ပြုပြင်ပြောင်းလဲချိန် ယခု မြန်မာနိုင်ငံလိုပဲ ခရိုနီတွေ အကြီးအကျယ် မြူးကြွလာတယ်။ ၁၉၈၈ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရပြီး၊ ၁၉၈၉ တရုပ်ပြည် အရေးအခင်းကြီးလဲ နှိမ်နင်းခံရတယ်။ ဒီတော့မှ တိန်ရှောင်ဖိန့် ကွန်မြူနစ်ပါတီ လူသန့်စင်ရေး အောင်မြင်စွာလုပ်နိုင်ပြီး လမ်းမှန်ကို ချီတက်နိုင်ပါတယ်။ . မြန်မာပြည်တော့ ၁၀နှစ်မကြာပါဘူး။ ၅နှစ် သမ္မတဦးသိန်းစိန်လက်ထက် ခရိုနီမြူးကြွတဲ့ခေတ်ကနေ ရုတ်တရက် (အာဏာရှင်ဟောင်းကြီး.ဦးသန်းရွှေ မျက်ပါးစူးလို့ထင်ပါရဲ့)။ ကြံခိုင်ရေးအစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ ကို အာဏာလွှဲပေးလိုက်ရတယ်။ မြူကြွချင်တဲ့ အင်အယ်ဒီများစွာ ရှိနေကြတယ်။ . (ဦးမောင်မောင်စိုး) ဆောင်းပါးမှာ ၁၉၇၇ တရုပ်ခေါင်းဆောင်ကြီး မော်စီတုန်း သေဆုံးတော့ လေးဦးဂိုဏ်းက တိန့်ရှောင်ဖိန့်ကို ရှင်းဖို့လိုက်ရှာချိန် တပ်မှုးကြီးတွေက ကာကွယ်ပေးထားကြောင်း၊ မော်စီတုန်း က တရုပ်နိုင်ငံကြီးမှာ သူ့တပည့် အထူးသဖြင့် ဇနီးချန်ချင်းတို့ လေးဦးဂိုဏ်း တွေ လမ်းလွဲနေကြတာ သိနေသော်လဲ ဖယ်ရှားဖို့ သူ မလုပ်နိုင်ဘူး၊ ထက်မြက်တဲ့ တိန့်ရှောင်ဖိန့်ကို ပြန်ခေါ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ခန့်တယ်။ လေးဦးဂိုဏ်းက အပြစ်ရှာပြီး ဖြုတ်ပေမဲ့ မော်စီတုန်းက ကွန်မြူနစ်ပါတီမှာပဲ ဆက်ထားတယ်။ မော်စီတုန်းနေရာ ဆက်ခံတဲ့ ဟွကိုဖုန်း နဲ့ လေးဦးဂိုဏ်းတွေ အာဏာပြိုင်ရာမှာ တနှစ်အတွင်း လေးဦးဂိုဏ်း ဖယ်ရှား၊ ဖမ်းဆီးခံလိုက်ရတယ်။ တိန့်ရှောင်ဖိန့်က အရေးပါတဲ့ ရာထူးတွေ မယူပဲ သူ့ကိုကာကွယ်ပေးတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ရယူထားပါတယ်။ . တရုတ်ကွန်မြူနစ်ပါတီ၏ အပြောင်းအလဲများကတော့ ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုတဲ့ ဟွကိုဖုန်းလည်း နေရာဖယ်ပေး ရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့တယ်။ ပါတီစဖွဲ့ကထဲက ဥက္ကဌ စနစ်ဖြင့် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးတဲ့စနစ်သို့ပြောင်းသွားတယ်။ ပထမဆုံးအတွင်းရေးမှူးအဖြစ် ဟူရောက်ပန်း ဖြစ်လာခဲ့တယ်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာပြီး အာဏာဆိုတာ
  • 2. သေနပ်ပြောင်းဝ ဆိုစကားကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ . စာရေးသူ ဘိုဘိုကျော်ငြိမ်း ကလည်း တိန့်ရှောင်ဖိန့်ကို မွေးခဲ့တာ ဥက္ကဌကြီး မော်စီတုန်းကိုယ်တိုင်ဖြစ်ကြောင်း တရုပ်ပြည် ပြုပြင်ပြောင်းလဲမှုများအကြောင်း သုံးသပ်တင်ပြ ရေးသားထားတာ တွေ့ရပါတယ်။ . ဗိုလ်ကျော်ဇော နဲ့သမီးဖြစ်သူ လှကျော်ဇော ရေးတဲ့ စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ ဆောင်းပါးမှာလဲ ဦးနုခေတ်က ဆိုရှယ်လစ်များ နဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်နေ၀င်း တို့ရဲ့ အာဏာရှင်စိတ်ဓါတ်များကြောင့် စစ်ဗိုလ်ကောင်းများ တဖြေးဖြေးဖယ်ရှားခံရပြီး နောက်ဆုံး မြန်မာနိုင်ငံဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ စတဲ့ စစ်အာဏာရှင်စနစ်ထဲ ကျရောက် ဆင်းရဲ မွဲတေ ပျက်စီးသွားခဲ့ကြောင်း သမိုင်းအစစ်အမှန်ကို တင်ပြထားပါတယ်။ . မြန်မာပြည်မှာတော့ စစ်ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဗိုလ်ကျော်ဇော ဆိုသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး နိုင်ငံရေးစိတ်မ၀င်စားသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက် နိုင်ငံရေးသမားများကြောင့် စစ်ခေါင်းဆောင်ကောင်း ဗိုလ်ကျော်ဖော ပထမဆုံး ရှင်းလင်းဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်နေ၀င်း အာဏာရလာတော့ ဒီမိုကရေစီကို ထိန်းသိမ်းချင်တဲ့ စစ်ခေါင်းဆောင်ကောင်းများ တပ်မှူးကြီးများဖြစ်ကြတဲ့ ဗိုလ်မှူးကြီးကြည်မောင်(နောက်ပိုင်း NLD-ဦးကြည်မောင်)၊ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) စသည်တို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကောင်း မဟုတ်ပေမဲ့ ဗိုလ်နေ၀င်းကို အတိုက်ခံလုပ်မဲ့ ဗိုလ်အောင်ကြီး လို တပ်မှုးကြီးများ များကိုလဲ ဖယ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီး ခိုင်မြဲသွားခဲ့ပါတယ်။ . . လက်ရှိမြန်မာနိုင်ငံ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဗိုလ်သန်းရွှေ ကို (မနှိုင်းယှဉ်အပ်ပေမဲ့) မော်စီတုန်း ကဲ့သို့ သဘောထားရင်၊ ဗိုလ်သိန်းစိန်ကတော့ သူယုံကြည်စိတ်ချရသူအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တိန့်ရှောင်ဖိန့် ကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ တပ်မှုးကောင်းများကို ရွေးချယ်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်သန့်စင်ရေး လုပ်ပြီး ဗိုလ်ချုပ်ကြီးများစွာကို ဂရက်ဂျူတီ (အငြိမ်းစားဆုကြေး ကျပ်သိန်းထောင်ပေါင်းများစွာပေးပြီး) ရွေးကောက်ပွဲဝင်စေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ မြန်မာ့သမိုင်းကြီးတခုလုံးမှာ အလှည့်အပြောင်းကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိ၊ အာဏာလွှဲပြောင်းရယူသွားပါတယ်။ အာဏာရှင်တွေရဲ့ တပ်မတော်ကတော့ ၂၅% လွှတ်တော် နဲ့ အစိုးရရဲ့ အရေးပါဆုံး လက်နက်ကိုင်များကို အခြေခံဥပဒေနဲ့ စွဲကိုင်ထားပါတယ်။ လက်ရှိ ပကတိအခြေအနေ ဖြစ်ပါတယ်။ . တရုပ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိန့်ရှောင့်ဖိန့်က စစ်ခေါင်းဆောင်ကောင်းများ (တပ်မှုကြီးများ) ရဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုရရှိပြီး အောင်ပန်းဆင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာ စစ်ခေါင်းဆောင်ကောင်းများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတာလည်း အခွင့်ထူးကြီး ဖြစ်နေပါတယ်။ တားဆီးမဲ့ လူတွေကတော့ စစ်ဝါဒီ စစ်ခေါင်းဆောင်များနဲ့ အင်အယ်ဒီက စစ်ဝါဒီစတိုင် ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ .
  • 3. ဘာပဲဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ DASSK is DASSK ပါပဲ။ မနှိုင်းယှဉ်အပ်ပေမဲ့ သုံးသပ်တင်ပြရခြင်းဖြစ်လို့ နားလည်ခွင့်လွှတ်စေလိုပါတယ်။ တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံ တူမှမတူပဲကိုး။ စာရေးသူအနေနဲ့ မြန်မာပြည်ရဲ့ တိန့်ရှောင်ဖိန့်က တော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါစေ..လို့ပဲ ဆုတောင်း မျှော်လင့်ရနေရပါတယ် ခင်ဗျား.။ . ဇာနီကြီး ၁၀.အောက်တိုဘာ.၂၀၁၆ . . ........................................................ တိန့်ရှောင်ဖိန် ကိုအားကျတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တရုပ်ပြည်ကွန်မြူနစ်စနစ်ကြောင့် အလွန်ဆင်းရဲမွဲတေသွားခဲ့သည်။ မော်စီတုန်းသေပြီးနောက် တိန့်ရှောင်ဖိန် တက်လာသည်။ တိန့်ရှောင်ဖိန် က ပညာတတ်၊ ပြင်သစ်တွင် ကျောင်းနေလာသူ။ သူက Four Modernization လုပ်သည်။ လေးမျိုး ခေတ်မီရေး ... ၁။ စီးပွားရေး...၊ ၂။ စစ်ရေး... ၃။ သိပ္ပံနှင့်နည်းပညာ ... ၄။ စက်မှုလက်မှု.. . ဤကိစ္စအတွက် တိန့်ရှောင်ဖိန် က ဆန့်ကျင်ဘက် အမေရိကန်တွေကို အောက်ကျနောက်ကျ ခံပြီး ပညာသင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ . ၁၉၈၀ ခုနှစ်လောက်က စပြီး တရုပ် ပညာတော်သင်တွေ အမေရိကန်သို့ သောင်းနှင့်ချီ လွှတ်သည်။ အဆင့်မြင့်နည်းပညာများ သင်ယူစေသည်။ ၁၉၉၀ ခုနှစ်လောက်တွင် ထို အမေရိကန်ပြန် ပညာတတ်များက တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။ . ၂၀၀၀ ခုနှစ်လောက်တွင်ကား တရုပ်တွေ အလွန်တိုးတက်သွားပါပြီ။ အထပ် ၁၀၀ တိုက်တွေတောင် လုပ်တတ်သွားပြီ။ မြေအောက် မြစ်ကူး ဥမှင်လှိုင်ခေါင်း ကောင်းကောင်း လုပ်တတ်သွားပြီး၊ သံချပ်က ကားတွေ၊ အမြှောက်တွေ၊ ဒုံးပျံတွေ လုပ်တတ်သွားပြီ။ . ဤသို့ဖြင့် တရုပ်ပြည်ကြီးသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သွား၏။ စီးပွားရေး Boom ဖြစ်သွားသည်။ နိုင်ငံတကာနှင့် တံခါးဖွင့်ကာ စက်ရုံတွေ တည်သည်။ Joint Venture တွေ လုပ်သည်။ အာရှတိုက်မှာ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်နှင့်ကနေဒါ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ တို့မှ လာရောက်ပြီး Labour လုပ်အားခ အလွန်ဈေးချို၍ စက်ရုံကြီးတွေ လာဖွင့်ကြ၊ အလုပ်ရုံကြီးတွေ လာဖွင့်ကြ၏။ တရုတ်တွေ အလွန်အာင်မြင်သွားပါပြီ။ . . .
  • 4. မရေးဖြစ်သေးသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပြောကြားချက်များ။ . . လျှပ်စစ်စွမ်းအားချို့တဲ့မှုအကြောင်း . တကယ်တော့ လျှပ်စစ်စွမ်းအားက High Technology နိုင်ငံတကာ အကူအညီလိုသည်။ တရုတ်ကြီးကသာ ကူနေသည်။ သို့ရာတွင် နေရာတကာ တရုတ်အားထား၍မရ။ လျှပ်စစ်စွမ်းအား မလုံလောက်သည့်အခါ ဗိုလ်ချုပ်မှုးကြီးက .... . ..." မင်းတို့ နေ့ခင်း မီးတွေ ပိတ်ထားကွာ၊ အခန်းတွေ အကုန်လုံး တံခါးတွေဖွင့်၊ ပြတင်းပေါက်တွေ ဖွင့်ပြီး၊ အပြင်က အလင်းရောင်နဲ့ အလုပ်လုပ်ကြ " ..ဟု ယာယီ ဖြေရှင်းနည်းကို ပြောပြ၏။ . ..." ငါ့အိမ်မှာတောင် Own Generator လုပ်ထားရတယ်" .. ဟုလည်း ပြောသေးသည်။ ကိုယ်ပိုင်မီးစက်ထားပြီး မီးပျက်သည့်အခါ ထွန်းရအောင် လုပ်ထားခြင်း ဖြစ်သည်။ . နိုင်ငံကြီးများမှာတော့ လျှပ်စစ်မီးကို အနုမြူဓါတ်ပေါင်းဖိုများနှင့် ပေးနေကြသည်။ ၁၉၉၆ ခုနှစ်က ကျွန်တော် ကူမင်းမြို့ရောက်တော့ မြို့တောင်ဖက်ရှိ တောင်ကုန်းကြီးများပေါ်တွင် ဖရဲသီးလုံးပုံသဏ္ဍာန် အလုံးစိမ်းစိမ်းကြီး လေးငါးလုံး တွေ့ရသည်။ . " ဒါတွေ ဘာတွေလဲဗျာ " " အဲဒါတွေက အနုမြူဓါတ်ပေါင်းဖိုတွေ " " ဘာလုပ်တာလဲ " " ကူမင်းမြို့ကြီးကို လျှပ်စစ်မီးပေးတာလေ " " သြော် " မီးပျက်သည်မရှိ၊ လျှပ်စစ်မီးက အလျှံအပယ်ပါပဲ။ . ထို့ကြောင့် ရယ်စရာပုံပြင်၊ အာကာသသူရဲကောင်းများက ဂြိုလ်တုပေါ်က ကမ္ဘာကို ကြည့်သောအခါ မြန်မာ နဲ့ မြောက်ကိုးရီးယားကို အလွယ်တကူ သိကြသည်ဟု ဆိုသည်။ " ညမှာ မီးမလင်းတဲ့ နေရာကွက်ကွက်လေး နှစ်ခုက မြန်မာနဲ့မြောက်ကိုးရီးယား" ဟုဖြေဆိုကြသည် ဆို၏။ . ဗိုလ်ချုပ်မှုးကြီး သြ၀ါဒအတိုင်း ကျွန်တော် YCDC မှာ တာဝန်ထမ်းဆောင်စဉ်ကာလ စစ်ရုံးအစည်းဝေးကြီးများ၊ ၀န်ကြီးရုံးအစည်းဝေးကြီးများ တော်တော်များများ၌ မီးတွေ ပိတ်ပြီး ပြတင်းပေါက်တွေဖွင့် အစည်းအဝေးတွေ လုပ်ခဲ့ကြသည်ကို အကြိမ်ပေါင်းများစွာ ကြုံဆုံခဲ့ပါသည် ခင်ဗျား။ . . . နိုင်ငံခြားထွက်သွားကြသူများအကြောင်း
  • 5. . ၁၉၈၈ ခုနှစ် အရေးအခင်းတွင် လူတွေ ထောင်နှင့် သောင်းနှင့်ချီပြီး နိုင်ငံက တရားဝင်ထွက်သွားကြသည်။ တချို့က လက်နက်ကိုင်တောခိုကြသည်။ ထွက်ခွာသွားသူများတွင် တရားဝင်ထက် တရားမ၀င်တွေက ပိုများသည်။ ထွက်သည့်လူဦးရေက တိုးတိုးလာနေသည်။ . တစ်ညသ၌ စစ်ရုံး ညကျောင်းတွင် တာဝန်ရှိသူတစ်ယောက် ထိုကိစ္စကို သူ့အလှည့်တွင် ထ၍ တင်ပြသည်။ လူတွေ နိုင်ငံပြင်ပ အမြောက်အမြား ထွက်ခွာနေကြကြောင်း။ တားမရကြောင်း ဖြစ်ပါသည်။ ...ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘာပြောတယ် ထင်ပါသလဲ။ . " တားမရလည်း၊ မတားနဲ့ပေါ့ကွာ၊ သွားပါစေ။ ဒို့အုပ်ချုပ်ရတာ လူနည်းသွားတော့ ပိုကောင်းတာပေါ့ကွာ" ... ဟု ဆိုလေသတည်း။ . . . အလုပ်မဖြစ်သည့် သကြားစက်များအကြောင်း . မြေလွတ်မြေရိုင်းများကို ရှင်းပြီး ကြံစိုက်ပျိုးက သကြားစက်များ တည်ပြီး သကြားကို တရုပ်ပြည်သို့ရောင်းချရန် ခွင့်ပြုလိုက်သည်။ ရန်ကုန်၊ ပျဉ်းမနားကြားတွင် သကြားစက်များ အလျိုလျို ပေါ်လာသည်။ တရုပ် အကူညီ သကြားစက်များ ဖြစ်သည်။ ဤတွင် ပြသနာများ ကြုံတွေ့တော့၏။ . ပထမ ပြသနာက တရုပ်က သကြားတွေ မ၀ယ်ပါခင်ဗျား၊ Quality မမှီလို့တဲ့။ ဘယ်မီပါ့မလဲ၊ ဟိုက ပေးကတည်းက သကြားစက်အသစ်မပေးပဲ Overhaul လုပ်ထားတဲ့ သကြားစက်အဟောင်းတွေတဲ့။ လျှော့ ဈေးနဲ့ ရောင်းတာ တဲ့။ . ..၁၉၉၇ ၀န်ကြီး ဗိုလ်ချုပ်ကြီးမြင့်အောင်ကို အနားပေးပြီးနောက် ..ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ကက်ဘိနက်မှာ ပြောတယ်။ " ငါ့ကွာ.. ကိုမြင့်အောင် က ကြံတွေစိုက်ပြီး သကြားထုတ်ရအောင် တင်ပြတယ်။ Export Quality ရအောင် သူလုပ်ပါမယ် ဆိုပြီး သကြားစက်တွေ တည်တာ ခွက်ခွက်လန် ရှုံးတော့တာပဲ " " မရောင်းရဘူးကွ " " အေး ... မင်းတို့ နောင်ဆိုရင် မသေချာတာတွေ မတင်ပြကြနဲ့ကွ၊ အလကား ပြောစရာဖြစ်မေယ်၊ နိုင်ငံတော် ဘဏ္ဍာငွေတွေ လေလွင့်ကုန်တာပေါ့ကွာ " ... ဟု ဆိုလေသည်။ . . . ကျောင်းတွေ ခဏ ခဏ ပိတ်သည့်အကြောင်း . ၂၀၀၀ ပြည်နှစ်လောက်ကဖြစ်သည်။ ကျောင်းသားကိစ္စတစ်ခု ပေါ်လာရာ ကျောင်းသားတွေ လှုပ်လှုပ်ရွှရွှ ဖြစ်လာ၏။ ဆူစ ပူစ ဖြစ်လာ၏။
  • 6. ..." ကျောင်းတွေ ခဏ ပိတ်လိုက်ကွာ " ... ဗိုလ်ချုပ်မှုးကြီး က ပြောသည်ဟု ဆို၏။ ထိုအခါ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကလေးတွေ စာသင်ပျက်သွားမည် စိုးပါသည် ..ဟု တင်ပြလာသည်။ ဦးသန်းအောင် ဖြစ်မည် ထင်ပါ၏။ " ကလေးတွေ စာသင်ပျက်တာ အရေးမကြီးဘူး၊ တိုင်ပြည် ပျက်သွားမှာက ပိုအရေးကြီးတယ် " ဟု ပြောသည် ဆိုပါသည်။ . ပညာရေးက အတော်နိုမ့်ကျသွားသည်။ ဘွဲ့ရပြီးသော်လည်း အခြေခံတတ်သင့် တတ်ထိုက်တာတွေ မတတ်တော့၊ ဆရာ၊ ဆရာမတွေနှင့် တာဝန်ရှိသူတွေက ကလေးတွေကို နိုင်အောင်မထိန်းနိုင်၊ တတ်အောင် မသင်နိုင်၊ ကျောင်းမျာက ဆရာအထီးတွေ မရှိ၊ ဆရာမတွေသာ ရှိ၏။ ယခု အချိန် အင်အယ်ဒီပါတီအစိုးရ ဒါတွေကို ပြင်နိုင်လိမ့်မည် မျှော်လင့်ပါသည် ခင်ဗျား။ . . . မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများအကြောင်း . ဗိုလ်မှုးချုပ်အေးမြင့် အားကစားဝန်ကြီး ဘ၀က ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်း တို့ နိုင်ငံခြားသွားပြိုင်ရာ အမျိုးသားအသင်းက အုပ်စုတွင်းမှထွက်ရပြီး၊ အမျိုးသမီးအသင်းက ဖိုင်နယ် ရောက်သွားသည်။ ထိုအခါ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ... . " ဟေ့ကောင် အေးမြင့်... မင်းဘောလုံးသမားတွေ အထီးကောင်တွေ ထဘီဝတ်ပေးလိုက်၊ ကောင်မလေးတွေက ဖိုင်နယ်ရောက်ပြီး၊ အကောင်တွေက အုပ်စုကတောင် မတက်ဘူး။ ဖွတ်ကြား ။ မင်းလဲ ဖွတ်မကြားတကြား ဖြစ်နေပြီ၊ အားကစားဝန်ကြီးနေရာကို မင်းကို ငါကိုယ်တိုင် ရွေးထားတာ၊ ဖွတ်ကြားဖြစ်မသွားစေနဲ့...ကြားလား" .. ဟု ဆူလေသည်။ . ဒါသာမက မြို့တော်ဝန် ဦးကိုလေးကိုလည်း ... ..." မြို့တော်ဝန်... တခြားဟာ မအောင်မြင်ရင်နေကွာ၊ ဘောလုံးက တပြည်လုံးရဲ့ Favorite ကွာ၊ .ဘောလုံးတော့ အောင်မြင်မှရမယ်၊ ကျန်တဲ့နေရာထား၊ မင်း ရန်ကုန်မှာ ဘောလုံးကွင်း တစ်ရာပြည့်အောင် မြေရှာပြီး ကလေးတွေ ကစားခိုင်း၊ ဘောလုံးက ကစားမှ တိုးတက်တာကွ၊ အဲဒါ လုပ်စမ်းပါ ". . . ဤသို့နှင့် ရန်ကုန်တစ်မြို့လုံးတွင် ဘောလုံးကွင်းတစ်ရာပြည့်အောင် ၂၀၀၂၊ ၂၀၀၃ တွင် ပေါ်ပေါက်လာခဲ့ရုံသာမက ဘောလုံး ဥက္ကဌကိုလည်း Max Myanmar ကိုဇော်ဇော်အား တာဝန်ပေးခဲ့ရာ ကိုဇော်ဇော်က ငွေကို ရေလိုသုံးပြီး မြန်မာဘောလုံးလောကကို မြှင့်တင်ခဲ့ပါ၏။ (မှတ်ချက်။ ၂၀၁၇ တွင် မြင်သည့်အတိုင်း မတိုးတက်ပါ)။ . . .
  • 7. ခေါင်းဆောင်လုပ်ရတာ ငရဲကြီးသည့်အကြောင်း ဥတို စခန်းသို့ ဗိုလ်ချုပ်မှုးကြီး စတုထ္ထမြောက် ရောက်စဉ်က ဖြစ်သည်။ မြို့တော်ဝန်အား ငါးကန်၊ ပုဇွန်ကန်၊ ၀က်၊ ကြက်၊ ဘဲ၊ ဆိတ်၊ နွားများ အကောင်ရေ ထောင်ချီ မွေးမြူရန် မှာကြားသည်။ ရန်ကုန်လူထု စားသုံးရန် Supply လုပ်ရန် မှာကြားသည်။ . မြို့တော်ဝန်က ..." ဗိုလ်ချုပ်မှုးကြီး ညွန်ကြားတာ ဖြစ်အောင်လုပ်ပါမယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အတော်ငရဲကြီးနေပြီ၊ မြို့နေ ပြည်သူတွေ စားဖို့ ၀က်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် နေ့တိုင်း သတ်မိန့်ပေးရတယ်။ ဒီမှာလဲ မွေးရတယ်။ ပြီးတော့ သတ်တဲ့နေရာပို့ပေးရတာ်" ... ...ထိုအခါ ဗိုလ်ချုပ်မှုးကြီးက .. .." ဟေ့.. မြို့တော်ဝန်ရဲ့၊ ငါလည်း ဘာထူးလဲကွ၊ တိုင်းပြည်ခေါင်းဆောင်လုပ်ရတာ ဖမ်းရ၊ ဆီးရ၊ ထောင်ချရ၊ လိုရင် သေဒဏ်ချခိုင်းရ နဲ့ ခေါင်းဆောင်လုပ်ရတာ ငရဲကြီးတာပါပဲကွာ " .. ဟု ခေါင်းအေးအေး နှင့်ပြောလေသည်။ . .. မြို့တော်ဝန်က ပြေရာပြေကြောင်း ပြောသောအခါ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ခေါင်းကို ယမ်းလေသည်။ . ..." မထင်ပါနဲ့ မြို့တော်ဝန်ရာ၊ ငါ ဘာလုပ်လုပ် လူတွေက အကောင်းထင်တဲ့သူ သိပ်မရှိပါဘူး။ ဘာလုပ်ပေးပေး အကောင်းမမြင်ကြပါဘူးကွာ " .. .ဟု ပြန်ပြောလေသည်။ . ကျွန်တော်ရေးသော ရန်ကုန်စည်ပင်သာယာ စာအုပ်များတွင် ရေးရန်ကျန်ခဲ့သော အကြောင်းများဖြစ်သည်။ . . ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်ပတ်သက်ပြီး ပြောစရာတစ်ခု ရှိပါသေးသည်။ လူတွေက သူ့ကို အကောင်းမမြင်ကြ၊ ဘာလုပ်လုပ် အကောင်းမမြင် ဟု ဆိုကြသည်။ ..." ဒါဆို ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘာမှမကောင်းဘူးပေါ့ " ..." ဟုတ်တယ်၊ အားလုံး ဘာမှမကောင်းဘူး၊ သူ့မှာ ကောင်းတာ ဘာတစ်ခုမှ မရှိဘူး " . " သြော်... ဟုတ်လား၊ ကောင်းတာလေး တစ်ခုတော့ ရှိပါတယ်" ..." ဘာလဲ ... ပြော " ..." ကံ လေဗျာ၊ ဟဲ ..ဟဲ..။ ကံကောင်းလို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရတာပေါ့၊ အနှစ် ၂၀ ကြီးများတောင်မှလေ၊ ကဲ ဘာပြောကြဦးမလဲ".။ အားလုံးငြင်းမရ၍ ငြိမ်သွားကြသည်။ ...စာရှုသူများ ဖတ်ရှုပြီး စဉ်းစားသုံးသပ်နိုင်ကြပါရန်။ .. သောင်းဝေဦး ရေးသော " ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ" စာအုပ် အခန်း၉ ကို တင်ပြပါသည်။ . .
  • 8. မှတ်ချက်။ ထိုစာအုပ်ကို ပြန်ဖတ်ရင်း ... .." ၁၉၈၀ ခုနှစ်လောက်က စပြီး တရုပ် ပညာတော်သင်တွေ အမေရိကန်သို့ သောင်းနှင့်ချီ လွှတ်သည်။ အဆင့်မြင့် နည်းပညာများ သင်ယူစေသည်။ ၁၉၉၀ ခုနှစ်လောက်တွင် ထို အမေရိကန်ပြန် ပညာတတ်များက တရုပ်ပြည်ကြီးကို ဆွဲတင်ကြသည်။" .. ထိုအပိုဒ်ကို ဖတ်ပြီး စဉ်းစားနေမိပါသည်။ တိုင်းပြည် ပြုပြင်ပြောင်းလဲရာတွင် လူဟောင်းတွေကို အားကိုးမရ၊ လူငယ်သွေးသစ်များကို အမြန်ဆုံး Human Development အဖြစ် ရင်းနှီးမြှတ်နှံရန် အလွန်အရေးကြီးကြောင်း ...သမ္မတဦးသိန်းစိန် လက်ထက်က ပညာသင်ဆုများ ရာဂဏန်းပင်မရှိ၊ ယခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက် အစိုးရပညာတော်သင်များ ဘယ်တော့ အမြောက်အများ စေလွှတ်မည်နည်း ...ကို စဉ်းစား နေမိ ပါသည်။ ဇာနီကြီး။ MDG Series... သောင်းဝေဦး ရေးသော ကျွန်တော်သိသော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ စာအုပ်မှ အခန်း၁၄ ခု ပါရှိရာ၊ အခန်း(၉) မရေးဖြစ်ခဲ့သော ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ပြောပြချက်များ အခန်းဖြစ်ပါသည်။ သောင်းဝေဦး သည် တပ်မတော် အရာရှိအဖြစ်မှာ ရန်ကုန်စည်ပင်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ ၂၀၁၆ အထိ စုစုပေါင်း စာအုပ်၈၉အုပ် ရေးသားခဲ့သည်။ အများစုမှာ တိုက်ပွဲများအကြောင်းဖြစ်ပြီး၊ အမှတ်တရမြို့တော်စည်ပင် အတွဲ(၁)(၂)(၃)(၄)(၅) စာအုပ်များတွင် အဂတိလိုက်စားမှုများကို ဖော်ထုတ် ရေးသား ခဲ့သူဖြစ်သည်။