Download free for 30 days
Sign in
Upload
Language (EN)
Support
Business
Mobile
Social Media
Marketing
Technology
Art & Photos
Career
Design
Education
Presentations & Public Speaking
Government & Nonprofit
Healthcare
Internet
Law
Leadership & Management
Automotive
Engineering
Software
Recruiting & HR
Retail
Sales
Services
Science
Small Business & Entrepreneurship
Food
Environment
Economy & Finance
Data & Analytics
Investor Relations
Sports
Spiritual
News & Politics
Travel
Self Improvement
Real Estate
Entertainment & Humor
Health & Medicine
Devices & Hardware
Lifestyle
Change Language
Language
English
Español
Português
Français
Deutsche
Cancel
Save
Submit search
EN
Uploaded by
Than Han
184 views
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
ဤဥပဒေကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေဟု ခေါ်တွင်စေရမည်။
Food
◦
Read more
0
Save
Share
Embed
Embed presentation
Download
Download to read offline
1
/ 7
2
/ 7
3
/ 7
4
/ 7
5
/ 7
6
/ 7
7
/ 7
More Related Content
PPT
Simbolos patrios
by
rcaipoch
PAGES
Pages11
by
guest8af3d9c
XLS
Large 範例
by
5045033
PDF
Mobile Trailer Floorplan
by
C3D_Designs
TXT
ghaskw3 | ghaskw3
by
guest9eb36e9
PDF
BCBG MAX AZRIA Fall2009
by
aamiri
PDF
49
by
boblens
PDF
Flame
by
olivencialouis1
Simbolos patrios
by
rcaipoch
Pages11
by
guest8af3d9c
Large 範例
by
5045033
Mobile Trailer Floorplan
by
C3D_Designs
ghaskw3 | ghaskw3
by
guest9eb36e9
BCBG MAX AZRIA Fall2009
by
aamiri
49
by
boblens
Flame
by
olivencialouis1
Viewers also liked
PPTX
Hyvinvointikertomus kuntajohtamisen välineenä
by
THL
PDF
The Role of Foreign Direct Investment in Myanmar by Naw Eh Khu Mue+Hnin Thuza...
by
KYAW THU WIN
PPTX
Regional Security Coordination (RSCI) & ENTSO-E'S recommendations
by
ENTSO-E
PPT
strategic studies and international relations
by
Tallat Satti
PDF
Straw to Gold
by
Chrissy Harmon
PPTX
Coca Cola case study
by
Camille TAPER
PDF
Node strateginen sotenkaynti pöysti 2015 1202
by
Sosiaali- ja terveysministeriö / yleiset
PDF
eConversion Workshop España :: Edicion eShow Madrid 2016
by
Marcos Pueyrredon
PDF
Latam 2020 - Internet & Mobile Market
by
RecargaPay
DOC
FLANAGAN GP FUNCTIONAL resume
by
Rosemary Clark Flanagan
PPTX
Parcial2 claudia lopez
by
MELINSUNCHIS
ODT
Descifrar
by
TICpri
TXT
Trackerui German
by
yu13845
PDF
Pro Cell Brochure
by
StephenDawson
PPT
Disney
by
figlanch
PPT
Hola
by
juliomegia
PPTX
Presentation
by
frankljj
Hyvinvointikertomus kuntajohtamisen välineenä
by
THL
The Role of Foreign Direct Investment in Myanmar by Naw Eh Khu Mue+Hnin Thuza...
by
KYAW THU WIN
Regional Security Coordination (RSCI) & ENTSO-E'S recommendations
by
ENTSO-E
strategic studies and international relations
by
Tallat Satti
Straw to Gold
by
Chrissy Harmon
Coca Cola case study
by
Camille TAPER
Node strateginen sotenkaynti pöysti 2015 1202
by
Sosiaali- ja terveysministeriö / yleiset
eConversion Workshop España :: Edicion eShow Madrid 2016
by
Marcos Pueyrredon
Latam 2020 - Internet & Mobile Market
by
RecargaPay
FLANAGAN GP FUNCTIONAL resume
by
Rosemary Clark Flanagan
Parcial2 claudia lopez
by
MELINSUNCHIS
Descifrar
by
TICpri
Trackerui German
by
yu13845
Pro Cell Brochure
by
StephenDawson
Disney
by
figlanch
Hola
by
juliomegia
Presentation
by
frankljj
More from Than Han
PDF
Myanmar dfs-assessment-report enclude-201512
by
Than Han
PDF
ဝင်းမြင့် ရွှေsmall and constant gold price of gold calculated
by
Than Han
PDF
Company regulations 2018_myanmar
by
Than Han
PDF
Company director guide_myanmar 2017
by
Than Han
PDF
ဒေါ်လာဈေးကွက်
by
Than Han
PDF
GSP (GENERALIZED SYSTEM OF PREFERENCES)
by
Than Han
PDF
National Export Stragegy
by
Than Han
DOCX
GSP (GENERALIZED SYSTEM OF PREFERENCES)
by
Than Han
PDF
Myanmar - Interim strategy note for the period FY13-14 (English)
by
Than Han
PDF
Competition law
by
Than Han
PDF
Jica report myanmar enery(Sep,2105)
by
Than Han
PDF
Myanmar offseashore , Responses from 2013 and 2014
by
Than Han
PDF
Myanmar (Burma): Extremism & Counter-Extremism !
by
Than Han
Myanmar dfs-assessment-report enclude-201512
by
Than Han
ဝင်းမြင့် ရွှေsmall and constant gold price of gold calculated
by
Than Han
Company regulations 2018_myanmar
by
Than Han
Company director guide_myanmar 2017
by
Than Han
ဒေါ်လာဈေးကွက်
by
Than Han
GSP (GENERALIZED SYSTEM OF PREFERENCES)
by
Than Han
National Export Stragegy
by
Than Han
GSP (GENERALIZED SYSTEM OF PREFERENCES)
by
Than Han
Myanmar - Interim strategy note for the period FY13-14 (English)
by
Than Han
Competition law
by
Than Han
Jica report myanmar enery(Sep,2105)
by
Than Han
Myanmar offseashore , Responses from 2013 and 2014
by
Than Han
Myanmar (Burma): Extremism & Counter-Extremism !
by
Than Han
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
1.
1 စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄ ခုနှစ်၊
ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၀။) ၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် (၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အခန်း ( ၁ ) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက် ၁။ ဤဥပဒေကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက် ရောက်စေရမည်- (က) စားသုံးသူ ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ် မှုအတွက် မဟုတ်ဘဲ စားသောက်ခြင်း သို့မဟုတ် သုံးစွဲခြင်း ပြုသူကို ဆိုသည်။ ( ခ ) စားသုံးသူ အကာအကွယ်ပေးရေး ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှ င့်စပ်လျဉ်း၍ စားသုံးသူအားဥပဒေဆိုင်ရာ အကာအကွယ်ပေးရေး၊ ကျန်းမာရေး နှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အာမခံချက်ပေးရေးကို ဆိုသည်။ ( ဂ )ကုန်စည် ဆိုသည်မှာ လူအများအသုံးပြုနိုင်ရန်နှင့် စားသုံးရန် တို့အတွက် ထိတွေ့ နို င်သော သို့မဟုတ် အပြည့်အဝမထိတွေ့နိုင်သော၊ ရွှေ့ပြောင်းနိုင်သော သို့မ ဟုတ် မရွှေ့ပြောင်းနိုင်သော၊ စားသုံးနိုင်သော သို့မဟုတ် မစားသုံးနိုင်သော ကုန် သွယ်နိုင်သည့်အရာကို ဆိုသည်။ (ဃ) ဝန်ဆောင်မှု ဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုသည်။ ( င ) ကုန်သွယ်မှု ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တန်ဖိုး သတ်မှတ်၍ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်သော အရောင်းအဝယ် ပြုလုပ်ခြင်း ကို ဆိုသည်။ ( စ )ကြော်ငြာ ဆိုသည်မှာ တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အသင်းအဖွဲ့ တစ်ခုကဖြစ်ေ စ၊ လုပ်ငန်းတစ်ရပ်ကဖြစ်စေ ထုတ်လုပ်သော ကုန်စည်နှင့် ဆော င် ရွ က်ေ ပးေ သာ ဝ န်ေ ဆာ င် မှု ကို အ များြ ပ ည် သူ သိ ရှိ ရ န် အ သိေ ပး ထု တ်ြ ပ န်ေ သာေ ဆာ င် ရွ က် မှု ကို ဆို သ ည် ။ ယင်းစကားရပ်တွင်လူထုဆက်သွယ်ရေးနည်းလမ်းဖြင့် ဆောင်ရွက် ခြင်းလည်း ပါဝင်သည်။ (ဆ) စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပ သို့တင်ပို့ခြင်း၊ပြည်ပမှတင်သွင်းခြင်း၊ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုေ ပးခြင်းကိုဖြစ်စေ၊ေ ကြာ်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုသည်။ ( ဇ ) လိမ်လည်လှည့်ဖြားမှု ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မှားယွင်းသောေ ဖ်ာပြ မှု ကိုဖြစ်စေ၊ မမှန်ကန်သောေ ကြာ်ငြာကိုဖြစ်စေ သဘောရိုးဖြင့်ေ ဆာင်ရွက်ခြင်း မဟုတ်သည့် ပြုလုပ်မှုကိုလည်းကောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သဘာဝအရည်အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ၊ေ ဆာင်ရွက်မှု ဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသလက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားေ သာ စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ၊ အရေအတွက်ကိုဖြစ်စေ အများပြည်သူက ယုံကြည်မှုလွဲမှားစွာလက်ခံရန် မရိုးမဖြောင့်သော သဘောဖြင့် ပြုလုပ်မှုကို လည်းကောင်း ဆိုသည်။ (ဈ ) ပျက်စီးဆုံးရှုံးမှု ဆိုသည်မှာေ သဆုံးမှု၊ လူပုဂ္ဂိုလ် နစ်နာဆုံးရှုံးမှုနှင့်ေ ရွှ့ပြောင်းနိုင်ေ သာ သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းတစ်ရပ်ရပ် နစ်နာဆုံးရှုံးမှုကို ဆို သည်။ (ည) အရောင်းမြင့်တင်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စားသုံး သူက ပိုမိုကျယ်ပြန့်စွာ ဝယ်ယူရန် သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက် ခြင်းကို ဆိုသည်။ ( ဋ ) စား သုံး သူ အြ င င်း ပွား မှုေြ ဖ ရှ င်းေ ရး အ ဖွဲ့  ဆို သ ည် မှာ စီး ပွားေ ရး လု ပ် င န်း ရှ င်နှ င့် စား သုံး သူ တို့  အြ ကား ကု န် စ ည် သို့  မ ဟု တ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဖြစ်ပွားသော အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းပေးရန် ဤဥပဒေအရ ဖွဲ့စည်းသောအဖွဲ့ကို ဆို သည်။ ( ဌ ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဆိုသည်။ ( ဍ ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော စားသုံးသူအကာ အကွယ်ပေးရေး ဗဟိုကော်မတီကို ဆိုသည်။ ( ဎ ) ဦးစီးဌာန ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို ဆိုသည်။ အခန်း ( ၂ ) ရည်ရွယ်ချက်များ ၃။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ် သည်-
2.
2 (က)
စားသုံးသူတို့သည် မိမိတို့၏အခွင့်အရေးများကို သိရှိနားလည်၍ေ တာင်းဆိုရယူ နို င်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြား မှုတို့ မခံရစေရန်၊ ( ခ ) စားသုံးသူတို့၏အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်နိုင်သောစနစ် တစ် ရပ် ပေါ်ပေါက်လာစေရန်၊ ( ဂ ) စားသုံးသူအား ဥပဒေအရအကာအကွယ်ပေးခြင်း၊ မှန်ကန်ရှင်းလင်းသည့် သ တင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းတို့ ပါဝင်သော စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်း အစီအမံ ပေါ်ပေါက်လာစေရန်၊ ( ဃ ) စီး ပွားေ ရး လု ပ် င န်း ရှ င် တို့  က စား သုံး သူ အ ကာ အ ကွ ယ်ေ ပးေ ရး လု ပ် င န်း အေ ပ ၚ အေ လး ထား လို က် နာြ ခ င်းြ ဖ င့် လုပ်ငန်းများဆောင်ရွက်ရာတွင်တာဝန်ယူမှုရှိသော အပြုအမူများ ဖြစ်ပေါ်စေရန်၊ ( င ) စားသုံးသူတို့၏ေ ဘးဥပဒ်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖော်ဆောင် ဖြည့်ဆည်းပေးရန်။ အခန်း ( ၃ ) ဗဟိုကော်မတီဖွဲ့စည်းခြင်း ၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်- (က) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ သက် ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများမှအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွ မ်း ကျ င် သူ များ က အ ဖွဲ့  ဝ င် များ အြ ဖ စ် လ ည်းေ ကာ င်း ၊ ဥ က္က ဋ္ဌ က တာ ဝ န်ေ ပး အ ပ်ြ ခ င်း ခံ ရ သူ များ က အ တွ င်းေ ရး မှူးနှ င့် တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်းပါဝင်သည့် စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီကို ဖွဲ့စည်းရမည်။ ( ခ ) ပုဒ်မခွဲ(က) အရ ဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်း နိုင်သည်။ အခန်း(၄) ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ ၅။ ဗဟိုကော်မတီ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- (က) ဤဥပဒေ၏ ရည်ရွယ်ချက်များအောင်မြင်စေရန် အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ ( ခ ) စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အကြံဉာဏ်များ၊ေ ထာက်ခံချက်များနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ( ဂ ) ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးဥပဒ် အန္တရာယ်ကင်းရှင်း ရေးအတွက် ကွင်းဆင်းလေ့လာဆောင်ရွက် ခြင်း၊ ( ဃ ) အ စိုး ရ မ ဟု တ်ေ သာ စား သုံး သူ အ ကာ အ ကွ ယ်ေ ပးေ ရး ဆို င် ရာ အ ဖွဲ့  များ ဖွဲ့  စ ည်းေ ဆာ င် ရွ က်နို င်ေ ရးနှ င့် ယ င်း အ ဖွဲ့  များ ၏ လုပ်ငန်းဆောင်ရွက်မှုများဖွံ့ဖြိုးတိုးတက် ရေးအတွက် အားပေးဆောင်ရွက်ခြင်း၊ ( င ) စားသုံးသူအကျိုးစီးပွားအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် သတင်း ဖြန့်ဝေပေးခြင်းနှင့် စားသုံးသူတို့၏ သဘောထားကို ရယူခြင်း၊ ( စ ) စား သုံး သူ ထံ မှြ ဖ စ်ေ စ ၊ စား သုံး သူ အ ကာ အ ကွ ယ်ေ ပးေ ရး ဆို င် ရာ အ ဖွဲ့  အ စ ည်း များ နှ င့် အြ ခား အ ဖွဲ့  အ စ ည်း များ ထံ မှြ ဖ စ်ေ စ စားသုံးသူအကာအကွယ်ပေးရေးနှင့် စပ် လျဉ်းသည့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးခြင်း၊ (ဆ) စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး စစ်တမ်းများေ ကာက် ယူ၍ သုတေသနပြုခြင်းနှင့် ယင်းသုတေသနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုးအတွက် လိုအပ်သလို ဆောင်ရွက်ပေးခြင်း၊ ( ဇ ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက် သွယ်ဆောင်ရွက်ခြင်း၊ ( ဈ ) ဘေးဥပဒ်အန္တရာယ်ရှိသော စားသုံးရန်မသင့်သည့် ကုန်စည်နှင့် စပ်လျဉ်း၍ တားမြစ်နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားခြင်း၊ (ည) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စံချိန်စံညွှန်းကျွမ်းကျင်မှုအဖွဲ့များနှင့် ဓာတ်ခွဲ ခန်းများကို လိုအပ်ပါက သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပေးနိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ( ဋ ) စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် ယင်းတို့၏အရေးကိစ္စများကို ထိ ေ ရာက္စြာ ေ ဆာင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို ပညာပေးခြင်း၊ ( ဌ ) စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးပြစ်ဒဏ် အ ပေါ် အယူခံမှုကို အဆုံးအဖြတ်ပေးခြင်း၊ ( ဍ ) တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့်အစိုးရမဟုတ်သောစားသုံးသူအကာ အကွယ်ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
3.
3
အခန်း(၅) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ ၆။(က) စားသုံးသူ၏အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ (၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြု ထားသောတန်ဖိုး၊ စည်းကမ်းချက်များ၊ အာမခံမှုတို့နှင့်အညီရယူနိုင်ခြင်း၊ (၃) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အခြေအနေ၊ အာမခံချက်တို့နှင့် စပ် လျဉ်း သည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ရယူခွင့် ရှိခြင်း၊ (၄) စားသုံးသူ အသုံးပြုသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် အငြင်းပွားမှုအပေါ် ကြားနာဖြေရှင်းပေးရန်အရေးဆိုတိုင်တန်းနိုင် ခြင်း၊ စားသုံးသူအကာအကွယ်ပေးမှုများ ရရှိနိုင်ခြင်းနှင့် မှန်ကန်သော ဖြေရှင်းမှုရရှိနိုင်ခြင်း၊ (၅) ခွဲခြားဆက်ဆံမှုမရှိသည့် မျှတသော ဆက်ဆံမှုနှင့် ဝန်ဆောင်မှု ရရှိခြင်း။ ( ခ ) စားသုံးသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- (၁) ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ဖော်ပြထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာသတင်းအချက်အလက်နှင့်လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်ခြင်း၊ (၂) စားသုံးသူအငြင်းပွားမှုများတွင် သင့်လျော်စွာ ဖြေရှင်းပေးသည့် စားသုံး သူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း၊ (၃) စီးပွားရေးလုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ် မမှန် စွပ်စွဲပြောဆိုမှု ပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်ခြင်း၊ (၄) စားသုံးသူအငြင်းပွားမှုကိုသက်ဆိုင်ရာမှဖြေရှင်းနေစဉ် လူထုဆက်သွယ်ေ ရးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ပြောဆိုခြင်း၊ ရေးသား ခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း။ အခန်း(၆) စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့် တာဝန်များ ၇။ (က) စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးများမှာ အောက်ပါအတိုင်း ဖြစ်သည် - (၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အရောင်းအဝယ် ပြုလုပ်ရာတွင် သဘောတူညီချက်များ၊ တန်ဖိုးများနှင့်အညီ ငွေပေးချေမှု လက်ခံ ရယူခြင်း၊ (၂) စားသုံးသူအငြင်းပွားမှုတွင် ဥပဒေအရ ကာကွယ်ခုခံ ချေပခွင့် ရရှိခြင်း၊ (၃) စားသုံးသူ၏ဆုံးရှုံးနစ်နာမှုသည် မိမိ၏ကုန်စည် သို့မဟုတ် ဝန် ဆောင်မှုကြောင့် မဟုတ်ပါက နာမည်ကောင်းပြန်လည် ရရှိရေး ဆောင်ရွက်နိုင်ခြင်း၊ (၄) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် ၎င်းဝယ်ယူသော ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကြောင့် မဟုတ်ကြောင်း ဥပဒေနှင့်အညီ သက်သေပြနိုင်ပါက နာမည်ကောင်းကို ပြန်လည်ရရှိနိုင်ခြင်း။ ( ခ ) စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည်- (၁) စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ (၂) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း ၊
4.
4
(၃) စားသုံးသူများကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံ ခြင်း၊ (၄) ရောင်းဝယ်သော သို့မဟုတ် ထုတ်လုပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုသတ်မှတ်ထားသော စံချိန်စံညွှန်း၊ အရည်အသွေး များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ (၅) အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူခြင်းမပြုမီ စားသုံးသူများအား စမ်းသပ် နို င်သည့်အခွင့်အရေးပေးခြင်း၊ (၆) အာမခံပေးထားသည့် ကာလအတွင်း ကုန်စည်ကို စားသုံးခြင်း သို့မဟုတ် ဝန်ဆောင်မှုကို သုံးစွဲခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးအပ်ထားသည့်အတိုင်း တာ ဝန်ယူဆောင်ရွက်ပေးခြင်း၊ (၇) စားသုံးသူကလက်ခံရရှိထားသော သို့မဟုတ် အသုံးပြုထားသော ကုန်စည်သည်သဘောတူညီချက်နှင့်ကိုက်ညီမှုမရှိပါက သဘော တူညီထားသည့် စည်းကမ်းအတိုင်း တာဝန်ယူဆောင်ရွက်ပေး ခြင်း၊ (၈) ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရာတွင် သဘောတူညီထားေ သာသဘောတူညီချက် သို့မဟုတ် စာချုပ်ပါဝန်ခံကတိအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခြင်း၊ (၉) စားသုံးသူအငြင်းပွားမှုကို သက်ဆိုင်ရာမှေ ဖြရှင်းနေစဉ် လူထု ဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့် ဖြစ်စေ သက်ဆိုင်ရာစားသုံးသူအပေါ်ထိခိုက်နစ်နာစေရန်ပြောဆို ခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း။ အခန်း (၇) စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်များ ၈။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါတို့ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ဆောင်ရွက် ခြင်း မပြုရ- (က) သက်ဆိုင်ရာကုန်စည်၏ သတင်းအချက်အလက် သို့မဟုတ် တံဆိပ် အမှတ်အသားပေါ်တွင်ဖော်ပြထားသောအခြေအနေ၊အာမခံချက်၊ ထူးခြား ချက်၊ အကျိုးသက်ရောက်မှု၊ အသားတင်အလေးချိန်၊ အသားတင်ထု ထည်၊ စုစုပေါင်းပမာဏ၊ အရည်အသွေး၊ အဆင့်အတန်း၊ ဖွဲ့စည်းပုံ၊ ပြု လုပ်ပုံနည်းလမ်း၊ ပုံစံတို့နှင့်ကိုက်ညီမှု မရှိသော ကုန်စည်၊ ( ခ ) တံဆိပ်အမှတ်အသားပါအချက်အလက် သို့မဟုတ် ကြော်ငြာနှင့်အရောင်း မြှင့်တင်ရေးတို့တွင်ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှု မရှိသော ကုန် စည်၊ ( ဂ ) အမည်၊ အရွယ်အစား၊ အသားတင် အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ညွှ န်ကြားချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ထုတ်လုပ်သည့်အမှတ်စဉ်၊ နောက်ဆုံးသုံးစွဲရမည့်ရက်စွဲ၊ေ ဘးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းေ ဖ်ာပြချက်၊ ထုတ်လုပ်သည့်ကုမ္ပဏီအမည်နှင့်လိပ်စာ၊ေ ရာင်းချဖြန့်ဖြူး သူအမည်၊ အမှတ်တံဆိပ်၊ သတင်းအချက်အလက်နှင့် ကြိုတင်သတိပေး ချက်တို့မပါရှိသော ကုန်စည်၊ (ဃ) သုံးစွဲပုံနှင့် ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှ န်ကြား ချက်များကို ဗဟိုကော်မတီက သတ်မှတ်ထားသောေ န့ရက်မှစ၍ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြထား ခြင်းမရှိသော ကုန်စည်၊ ( င ) မူလထွက်ရှိသည့်နေရာ သို့မဟုတ် ထုတ်လုပ်သည့်နေရာနှင့် စပ်လျဉ်း၍ မမှန်မကန် ဖော်ပြထားသည့် ကုန်စည်၊ (စ ) ပြည်တွင်းပြည်ပ အသိအမှတ်ပြုဌာန သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ေ ထာက်ခံချက်အရဖြစ်စေ၊ သတ်မှတ်ထားသောစံသတ်မှတ်ချက်များ အရ ဖြစ်စေ ကိုက်ညီမှုမရှိသော ကုန်စည်၊ (ဆ) သက်ဆိုင်ရာအဖွဲ့အစည်းကသိပ္ပံနည်းကျသုတေသနပြုဆောင်ရွက်ချက်၊ တွေ့ရှိချက် အထောက်အထားများမရှိဘဲ ကျန်းမာရေး နှင့် အာဟာရဆိုင် ရာ အာမခံချက်များ ဖော်ပြထားသည့် ကုန်စည်၊ (ဇ ) သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည်၊ (ဈ) သက်ဆိုင်ရာ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် တွင်ေ ဖ်ာပြထားသောအခြေအနေ၊ အာမခံချက်၊ထူးခြားချက်၊ ကာလသတ်မှတ် ချက်၊ အကျိုးသက်ရောက်မှုတို့နှင့် ကိုက်ညီမှုမရှိသော ဝန်ဆောင်မှု၊ (ည) ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှု မရှိသောဝန်ဆောင်မှု။ ၉။ စီးပွားရေးလုပ်ငန်းရှင်သည်ေ အာက်ပါအခြေအနေများတွင် ဝယ်ယူသူ သို့မဟုတ် အသုံး ပြုသူအားထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်၍ ရောင်းချရန်ကမ်းလှမ်းခြင်းသော်လည်း ကောင်း၊ အရောင်းမြှင့်တင်ခြင်း သော်လည်းကောင်း၊ ကြော်ငြာခြင်း သော်လည်းကောင်း မပြု လုပ်ရ-
5.
5 (က) ထုတ်ဖော်ညွှန်းဆိုထားသော
အရည်အသွေးစံချိန်စံညွှန်း၊ ပုံစံ သို့မဟုတ် နည်းလမ်း၊ ထူးခြားသော လက္ခဏာ၊ အသုံးပြုမှုတို့နှင့် ကိုက်ညီမှု မရှိသည့် ဈေးနှုန်းလျှော့ပေးထားသော ကုန်စည် သို့မဟုတ် အထူးဈေးနှုန်း သတ် မှတ်ထားသော ကုန်စည်ဖြစ်ခြင်း၊ ( ခ ) သစ်လွင်ကောင်းမွန်သော အခြေအနေတွင် မရှိသော ကုန်စည်ဖြစ်ခြင်း၊ ( ဂ ) အခြားကုမ္ပဏီ တစ်ခုခု၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ခိုင်မာသော ထောက်ပံ့မှုနှင့် အာမခံမှုပြုခြင်း၊ (ဃ) အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သောကုန်စည် သို့မဟုတ် ဝန် ဆောင်မှုဖြစ်ခြင်း၊ ( င ) အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (စ) အခြားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ်ဖော်ပြခြင်း၊ (ဆ) သတင်းအချက်အလက်အပြည့်အစုံ ခိုင်မာမှုမရှိသော ချဲ့ကားဖော်ပြမှုများ ကိုအသုံးပြုခြင်း၊ (ဇ ) မသေချာ မရေရာသော ကတိကဝတ်ပြုမှုများဖြင့် ကမ်းလှမ်း၍ ရောင်းချ သော သို့မဟုတ် ပေးအပ်သောကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖြစ်ခြင်း။ ၁၀။ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအား အောက်ပါ အခြေအနေတစ်ခုခုဖြင့် လိမ်လည် လှည့်ဖြားမှုမပြုရ - (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည် သတ်မှတ်စံချိန်စံညွှန်း၊ အရည် အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန် ဖော်ပြခြင်း၊ ( ခ ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ချွတ်ယွင်းချက်ကို ဖုံးကွယ်ဖော်ပြခြင်း၊ (ဂ ) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည်ကို အစားထိုး ရောင်းချခြင်း၊ (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအား အရောင်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်မီ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ဈေနှုန်းများကို တိုးမြှင့်ခြင်း၊ ( င ) နောက်ဆုံးသုံးစွဲရမည့် ရက်စွဲကျော်လွန်နေသောကုန်စည်ကို ပြုပြင်မွမ်းမံ ၍ ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊ ( စ ) အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်ကို ရောနှော ရောင်းချ ခြင်း။ ၁၁။ စီးပွားရေးလုပ်ငန်းရှင်သည် မူလကကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ် ထားသော ကာလအတွင်းေ ရာင်းချရန် သို့မဟုတ် ကမ်းလှမ်းထားသော၊ အရောင်းမြှင့်တင် ထားသော၊ေ ကြညာထားသော ပမာဏ အရေအတွက်အတိုင်းေ ရာင်းချရန် အစီအစဉ်မရှိဘဲ ယင်းတို့ကိုအချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန်ကမ်းလှမ်းခြင်း၊ အရောင်း မြှင့်တင်ခြင်းနှင့် ကြေညာခြင်းတို့ မပြုရ။ ၁၂။ စီးပွားရေးလုပ်ငန်းရှင်သည် အခြားကုန်စည်ကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ် ပေးအပ်နိုင်ခြင်း မရှိပါက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန် ကမ်းလှမ်းခြင်း၊ အရောင်းမြှင့်တင်ခြင်း သို့မဟုတ် ကြေညာခြင်း မပြုရ။ ၁၃။ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကို ဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းတစ်ခုခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အား ရောင်းချရန် ကမ်းလှမ်းခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။ ၁၄။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါကြော်ငြာ အမျိုးအစားများကို ကြော်ငြာခြင်း မပြုလုပ်ရ - (က) ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ကုန်စည်တွင်ပါဝင်သောပစ္စည်း များ၊ ကုန်စည်အားအသုံးပြုပုံ၊ ကုန်စည်၏ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထား နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့နှင့် စပ်လျဉ်း၍ စားသုံးသူများအား လိမ်လည် ထားသော ကြော်ငြာများ၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည် ထားသော ကြော်ငြာများ၊ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍မဟုတ်မမှန်သော သတင်း အချက်အလက်များ ပါဝင်သည့် ကြော်ငြာများ၊ (ဃ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ (င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရရှိဘဲတစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက် တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊ ( စ) ဥပဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာ များ။ ၁၅။ စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် ကြော်ငြာလုပ်ငန်း ဆောင်ရွက်သူတို့သည် မိမိတို့ ကြော်ငြာ၏ အကျိုးဆက်များကို တာဝန်ယူရမည်။ အခန်း (၈) စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၁၆။ ဗဟိုကော်မတီသည် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ စနစ်တကျေ ဆာင် ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ဖွဲ့စည်းရမည်။ ၁၇။ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ် သည်-
6.
6 (က) စားသုံးသူအငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းပေးခြင်း၊
ဖြေရှင်းပေးခြင်း၊ (ခ) စားသုံးသူအကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသော အသိပညာဗဟုသုတများ ကို စားသုံးသူအား ဖြန့်ဖြူးပေးခြင်း၊ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏စာဖြင့် သော်လည်း ကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း တိုင်ကြားမှုကိုလက်ခံစစ်ဆေးခြင်း၊ (ဃ) ဗဟိုကော်မတီက အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက် ခြင်း။ အခန်း (၉) စားသုံးသူအငြင်းပွားမှုအား ဖြေရှင်းခြင်း ၁၈။ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် စားသုံးသူ အငြင်းပွားမှုများကို ဖြေရှင်းရာ တွင် အောက်ပါတို့ကို ဆောင်ရွက်ရမည်- (က) ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲခံရသော စီးပွားရေးလုပ်ငန်းရှင်ကို ခေါ်ယူ စစ်ဆေးခြင်း၊ (ခ) စားသုံးသူအငြင်းပွားမှုကို သိရှိသော ပုဂ္ဂိုလ်၊ မျက်မြင်သက်သေများနှင့်ကျွမ်းကျင် သူတို့ကို ခေါ်ယူစစ်ဆေးခြင်း၊ (ဂ) စုံစမ်းစစ်ဆေးရာ၌လိုအပ်သော စာရွက်စာတမ်းများနှင့် အခြားသက်သေခံပစ္စည်း များကို စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ (ဃ) စားသုံးသူဘက်မှ ဆုံးရှုံးမှုရှိ မရှိ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊ (င) စားသုံးသူအငြင်းပွားမှုတွင် ကျူးလွန်ဖောက်ဖျက်သော စီးပွားရေးလုပ်ငန်းရှင်ကို စားသုံးသူ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်ကို အသိပေး အကြောင်းကြား ခြင်း၊ (စ) ပုဒ်မ ၈ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခြင်း။ အခန်း (၁၀) စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အရေးယူပိုင်ခွင့် ၁၉။ စားသုံးသူအငြင်းပွားမှုေ ဖြရှင်းရေးအဖွဲ့သည် စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ)တွင်ေ ဖ်ာပြထားသည့် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၈ တွင်ေ ဖ်ာပြထားသည့် တားမြစ်ချက်တစ်ရပ်ရပ်ကိုေ ဖာက်ဖျက်ကြောင်း စစ်ဆေးတွေ့ ရှိပါကေ အာက်ပါအရေးယူမှု တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ် ထက်ပိုသော အရေးယူမှုများကို ဖြစ်စေ ဆုံးဖြတ်ဆောင်ရွက်နိုင်သည်- (က) သတိပေးခြင်း၊ (ခ ) ပြင်းထန်စွာသတိပေးခြင်း၊ (ဂ) လျော်ကြေးပေးစေခြင်း၊ (ဃ) အငြင်းပွားလျက်ရှိသော ကုန်စည်ကို ရောင်းချဖြန့်ဖြူးခြင်းအား ကာလ အကန့် အသတ်ဖြင့် တားမြစ်ခြင်း၊ (င) ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း၊ (စ) စားသုံးသူတို့အား ဘေးဥပဒ်အန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များကို ဖျက်ဆီး စေခြင်း၊ (ဆ) လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခြင်း သို့မဟုတ် အမြဲတမ်းပိတ်သိမ်းခြင်းတို့ကိုေ ဆာင်ရွက်ရန် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ခြင်း။ ၂၀။ ပုဒ်မ ၁၉ ပါ အရေးယူဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ချမှတ်သည့် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက် ချမှတ်သည့်နေ့ မှ ရက်ပေါင်း ၆၀ အတွင်း ဗဟို ကော်မတီသို့ အယူခံ ဝင်နိုင်သည်။ ၂၁။ ဗဟိုကော်မတီသည် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ချမှတ်သော ဆုံးဖြတ် ချက်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ဗဟိုကော် မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ ၂၂။ ဦးစီးဌာနသည် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ချမှတ်ထားသော အမိန့်အရေ လျာ်ကြေးပေးဆောင်ရန် ပျက်ကွက်သူအပေါ် ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရ ကောက်ခံခွင့်ရှိသည်။ ထိုသို့ကောက်ခံရာတွင်သင့်လျော်သော အရာရှိတစ်ဦးဦးကို ကော်လိတ်တော်အရာရှိအဖြစ် ခန့်အပ်တာဝန် ပေးနိုင်သည်။ အခန်း (၁၁) ပြစ်မှုနှင့်ပြစ်ဒဏ်များ ၂၃။ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၉၊ ပုဒ်မ ၁၀၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင် ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသောေ ထာင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ငါးဆယ် ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခြင်းခံရမည်။ ၂၄။ ပုဒ်မ ၂၃ အရ ပြစ်ဒဏ်ကျခံစေရကာမူ စားသုံးသူသည် မိမိ၏ နစ်နာမှုအတွက် တရားမ ကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။
7.
7 အခန်း(၁၂) အထွေထွေ ၂၅။
ကုန်စည်ရောင်းချသူသည် ဝယ်ယူသည့် ကုန်စည်အတွက် ဝယ်ယူသူအား ေ ၿပစာ ေ ပးအပ္ရမည္။ ေ ပြစာတွင် ဝယ်ယူသူလိပ်စာ၊ အမည်၊ ဝယ်ယူသည့်နေ့စွဲ၊ ဝယ်ယူသည့် ပစ္စည်း အမျိုးအမည်၊ အရေအတွက်၊ ပစ္စည်းတစ်ခုချင်းအတွက် ကျသင့်ငွေ ပမာဏ၊ အခွန်ကဲ့သို့သော သီးခြားဖော်ပြချက် အပါအဝင် စုစုပေါင်း ကျသင့်ငွေ ပမာဏ၊ ကုန်စည်မော်ဒယ်နံပါတ်၊ ထုတ် လုပ်သည့် နေရာဒေသနှင့် သက်ဆိုင်ရာက သတ်မှတ်ထားသော အခြားအချက် အလက်များ ပါဝင်ရမည်။ ၂၆။ စီးပွားရေးလုပ်ငန်းရှင်သည် ပုဒ်မ ၉ ပါ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက် မရှိ ကြောင်း သက်သေပြရန် တာဝန်ရှိသည်။ ၂၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့် အညီသာလျှင် ဆောင်ရွက်ရမည်။ ၂၈။ ဗဟိုကော်မတီသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ေ ဆာင်ရွက် ရာတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် စံချိန်စံညွှန်းများကို သီးခြားကျွမ်းကျင်မှု အဖွဲ့များဖွဲ့စည်း၍ ဖြစ်စေ၊ သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ ခန့်အပ်တာဝန် ေ ပးထား ေ သာ စစ်ဆေးရေးအဖွဲ့အစည်းများ၊ ဖွဲ့စည်းတည်ထောင်ထားသော ဓာတ်ခွဲခန်းများအား ရွေး ချယ်သတ်မှတ်၍ဖြစ်စေ ဆောင်ရွက်နိုင်သည်။ ၂၉။(က) ဗဟိုကော်မတီသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့် ဌာနနှင့် အဖွဲ့ အစည်းများကို အသိအမှတ်ပြုနိုင်သည်။ (ခ ) ပုဒ်မခွဲ (က) အရ ဗဟိုကော်မတီက အသိအမှတ်ပြုသောဌာနနှင့် အဖွဲ့အစည်း တစ်ခုခု၏ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်သည် အပြီးသတ်သက်သေခံချက် ဖြစ်စေရမည်။ ၃ ၀ ။ စား သုံး သူ အြ င င်း ပွား မှုေြ ဖ ရှ င်းေ ရး အ ဖွဲ့  သ ည် စား သုံး သူ အြ င င်း ပွား မှု များ ကို ဆုံးြ ဖ တ်ေြ ဖ ရှ င်းေ ဆာ င် ရွ က် ရာ တွ င် လို အ ပ် ပါ က တည်ဆဲဥပဒေနှင့်အညီဖွဲ့စည်းထားသောအစိုးရ မဟုတ်ေ သာ စားသုံးသူအကာအကွယ်ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အကြံဉာဏ်များကို ရယူဆောင်ရွက်နိုင်သည်။ ၃၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် - (က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ ) ဝန်ကြီးဌာနနှင့် ဗဟိုကော်မတီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှ န်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဦးစီးဌာနသည် အမိန့် နှင့်ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Download