SlideShare a Scribd company logo
1 of 3
Download to read offline
1
“လေ့လာစရာ  ဒေါ်လာရေစီးကြောင်းနှင့်  လတ်တလောဒေါ်လာဈေးကွက်”  
၁။  "ဒေါ်လာလဲနှုန်း  ဘာလဲ  ဘယ်လဲ"  
၂ဝ၁၆ခုနှစ်   ဘဏ္ဍာရေးနှစ်စ   ပထမလဖြစ်သော   ဧပြီလတွင်အမေရိကန်ဒေါ်လာ   ၏ေ ငွလဲလှယ်နှုန်း   အတော်ကကျေဆင်းလာသည်။   အဘယ့်ကြောင့်  
မြန်မာငွေ   တန်ဖိုး   တက်လာသလဲဟု   သိလိုသူများကမေးကြသည်။မီဒီယာများက   ဖုန်းနှင့်ဗျူးသည်။   လူတွေလာဗျူးသည်။ငွေလဲလှယ်နှုန်းနှင့်  
အမေရိကန်ဒေါ်လာငွေလဲနှုန်းအတက်အကျအကြောင်းေ ဆာင်းပါးပေါင်း   ၁ဝ   ပုဒ်ခန့်ရေးခဲ့ပြီးထူးခြားတိုင်း   အဗျူးခံရသော   စာရေးသူဖြစ်၍  
ယခုလည်းထူးသည်နှင့်  ဗျူးလာကြသည်။  
ဖုန်းဖြင့်  မေး၊  လူတွေ့မေးခံရာတွင်  အချိန်၏  ကန့်သတ်ချက်ရှိ၍ပြည့်ပြည့်စုံစုံ  မဖြေဖြစ်၊  အမေး  အဖြေသဘောမို့  မေးသည်ကိုသာဖြေရသ ည်။  အားမရလှ။  1
ထို့ကြောင့်  အမေးခံရပြီးတိုင်း  ဆောင်းပါးများ  ရေးဖြစ်ခဲ့သည်။  ဆောင်းပါး  တစ်ပုဒ်၏  စာမျက်နှာ  ကလည်း  များများမပေးနိုင်သဖြင့်  နှစ်ပုဒ်  သုံးပုဒ်ဆက်ရေးပြီး  
ပေါင်းဖတ်ပါမှ  အတန်ငယ်  လိပ်ပတ်လည်သည်။  
ယခုလည်း  အနည်းငယ်  လိပ်ပတ်လည်အောင်ရေးလို၍စကားချီးတွေ၊  နိဒါန်းတွေ  သိပ်မပျိုးလိုပြီ။    
အနည်းငယ်  အစမှပြန်ကောက်  ကြည့်သော်  မြန်မာနိုင်ငံတွင်အမေရိကန်  တစ်ဒေါ်လာ၏  ငွေလဲနှုန်းအမြင့်ဆုံးကျပ်  ၁၄ဝဝ  အထိခဏလေး  တက်ခဲ့ဖူး  သည်။  
၂ဝဝ၇ခုနှစ်ေ ရွှဝါရောင်တော်လှန်ရေးကို   တစ်ကမ္ဘာလုံး   အင်တာနက်မှ   ကြည့်မြင်သူတို့   တုန်လှုချောက်ချားသွားအောင်   ရုပ်ပျက်ဆင်းပျက်  
ဖြိုခွဲနှိမ်နင်းအပြီးစက်တင်ဘာ   ၂၅ရက်ကဖြစ်သည်။   ထိုစဉ်ကေ မှာင်ခို   အရောင်းအဝယ်ဈေးကိုြေ ပာခြင်းဖြစ်သည်။   ၂ဝဝ၇   ခုနှစ်   စက်တင်ဘာလကုန်   အထိ  
သွားရောင်းရာ  တစ်ဒေါ်လာ  ကျပ်  ၁၃၃ဝ  ရရှိသည်။  
ထိုစဉ်က   ထိုအခြေအနေအရေ ငွလဲနှုန်းတစ်ဒေါ်လာတွင်   ကျပ်အများ   ဆုံးြ မင့်တက်ခဲ့သည်။   ယခု   အရပ်သားဒီမိုကရေအစိုးရခေတ်တွင်ဖြစ်ပေါ်သော  
ဒေါ်လာငွေလဲနှုန်းကြည့်ပါက   သမ္မတဦးသိန်းစိန်အစိုးရတက်ခါစ   ၂ဝ၁၁   ခုနှစ်ဧပြီလတွင်   တစ်ဒေါ်လာလျှင်   ကျပ်   ၁ဝ၅ဝခန့်ရှိ   သည်။  
တရားမဝင်မှောင်ခိုပေါက်ဈေးဖြစ်သည်။   တရားဝင်အစိုးရငွေလဲနှုန်းမှာ   ၁၉၈၈   ခုနှစ်   စစ်အစိုးရတက်ပြီးသည်မှ   အရပ်သား   အစိုးရကိုလွှဲပြောင်းပေးသည်အထိ  
တစ်  ဒေါ်လာ  ၅  ဒသမ  ၈ကျပ်မှခြောက်ကျပ်အတွင်း  ပုံမှန်ရှိခဲ့သည်။  
တရားဝင်  ငွေလဲလှယ်နှုန်းက  ခြောက်ကျပ်ဝန်းကျင်သာရှိခဲ့ပြီး  စစ်အစိုးရလက်ထက်တစ်လျှောက်လုံး  မှောင်ခိုပြင်ပငွေလဲနှုန်းက  တစ်ဒေါ်လာလျှင်  ပျမ်းမျှ  ၅၉၂  
ကျပ်နှုန်းသာရှိခဲ့သည်။    
၁၉၈၉ခုနှစ်မှ   ၂ဝ၁၁   ခုနှစ်အထိ   ၂၂နှစ်အတွင်း  နှ စ်အလိုက်ပေါက်ဈေးကို   ပျမ်းမျှတွက်ထားခြင်းြ ဖစ်သည်။   ၁၉၈၉   ခုနှစ်ေ ဈးကွက်စီးပွားရေးစတင်၍  
ပြည်ပပို့ကုန်မှ   ပုဂ္ဂလိကလုပ်ငန်း   ရှင်များေ ဒ်ါလာ   စတင်ရရှိချိန်မှ   ၂ဝ၁၁ခုနှစ်   မတ်လ   ကုန်အထိ   တစ်ဒေါ်လာငွေလဲနှုန်းများကို   ပျမ်းမျှတွက်ချက်ထားခြင်း  
ဖြစ်သည်။  ၁၉၈၉  ခုနှစ်တွင်  တစ်ဒေါ်လာလျှင်  ၆၃ကျပ်နှင့်လဲလှယ်ခဲ့သည်။  
Export  Earning  ခေါ်  ပြည်ပ  ပို့ကုန်မှရရှိသော  ဝင်ငွေများဖြင့်  သွင်းကုန်များ  ပြည်ပမှတင်သွင်းရန်  ဒေါ်လာလိုသည့်  လုပ်ငန်းရှင်များကို  Account  Transfer  
ဘဏ်တွင်ေ ငွစာရင်းပြောင်းပေးရန်ေ ရာင်းချလျှင်   ရရှိသည့်ြ ပင်ပပေါက်ဈေးဖြစ်သည်။   အချို့   သွင်းကုန်လုပ်ငန်းရှင်များက   သင်္ဘောသားနှင့်  
နိုင်ငံခြားသံရုံးဝန်ထမ်းများထံမှ  မှောင်ခိုဝယ်ယူကြသည်။  သို့ဖြင့်  ဒေါ်လာလိုအပ်ချက်  အဝယ်လိုက်ကာ  ဈေးတက်လာခဲ့သည်။  
-­  ၁၉၉၆  ခုနှစ်မှ  ၁၉၉၇  ခုနှစ်အ  တွင်း  ဒေါ်လာအတက်ကြမ်း၍  ၂၂၄ကျပ်  အထိဖြစ်ခဲ့သည်။    
-­  ၂ဝဝ၁ခုနှစ်  S(2)  ရဟတ်  ယာဉ်ပျက်ကျပြီးထပ်မံ  အတက်ကြမ်း၍  ၃၃၅  ကျပ်ဖြစ်ခဲ့သည်။    
-­ ၂ဝဝ၃ခုနှစ်ဖေဖော်ဝါရီလ   ဘဏ်များြ ပဿနာဖြစ်စဉ်   ထပ်မံ   အတက်ကြမ်း၍   ကျပ်   ၁၁ဝဝ   အထိဖြစ်ခဲ့သည်။   ထိုနှစ်တွင်   ဒီပဲယင်းလုပ်ကြံမှုကြီးကြောင့်  
နိုင်ငံရေး  အကြီးအကျယ်မငြိမ်မသက်  ဖြစ်ကာ  ဒေါ်လာဈေး  ကျပ်  ၁၂ဝဝ  ဝန်းကျင်  အထိ  တက်နေခဲ့သည်။    
-­    တဖြည်းဖြည်း  ပြန်ကျခဲ့သော်လည်း  ၂ဝဝ၇  ခုနှစ်  ရွှေဝါရောင်  အရေး  အခင်းကြောင့်  သမိုင်းတွင်  အမြင့်ဆုံး  ကျပ်၁၃ဝဝ၊  ၁၄ဝဝ  အထိ  ဖြစ်ခဲ့သည်။  
***ေ ငွလဲနှုန်းသည်  နို င်ငံရေးမငြိမ်မသက်၊   မရေမရာဖြစ်မှုအပေါ်   မူတည်၍ြ မန်မာငွေတန်ဖိုးကျပြီး   အမေရိကန်ဒေါ်လာေ ဈးတက်လေ့ရှိသည့်ပုံစံ   ကို  
တွေ့နိုင်မည်  ဖြစ်သည်။  ဤကောက်ချက်သည်  မြန်မာပြည်တွင်းအခြေအနေအပေါ်သာ  မူတည်၍  သုံးသပ်ခြင်းဖြစ်သည်။  
***   အမေရိကန်ဒေါ်   လာဈေးသည်   ကမ္ဘာ့ဈေးကွက်တွင်လည်း   အတက်အကျရှိသည်။   ထိုကမ္ဘာ့ဈေးကွက်   အခြေအနေနှင့်ြ ပည်တွင်း   အခြေအနေ  
နှစ်ရပ်ပေါင်းပြီး  မြန်မာပြည်ရှိ  ဒေါ်လာဈေး  အတက်  အကျ  ဖြစ်သည်။  
ဤနေရာ၌ြ မန်မာနိုင်ငံတွင်ေ ဒ်ါလာဈေးနှုန်းမှာ   တရားဝင်ဈေးနှုန်းနှင့်   တ   ရားမဝင်ဈေးနှုန်း   များစွာ   ကွာဟသောကြောင့်ြ ပဿနာကြီးငယ်ရှိခဲ့သည်ကို  
ကမ္ဘာ့ဘဏ်အုပ်စု၊   အာရှဖွံ့ဖြိုးရေးဘဏ်နှင့်  နို င်ငံတကာေ ငွကြေးရန်ပုံငွေ   အဖွဲ့တို့က   ခဏ   ခဏထောက်ပြခဲ့သည်။   အဆိုးဆုံးမှာြ ပည်ပ   ပို့ကုန်မှရရှိသော  
ဒေါ်လာဝင်ငွေကိုြ မန်မာ   အစိုးရက   တရားဝင်နှုန်းြေ ခာက်ကျပ်ဝန်းကျင်နှင့်   ဝင်ငွေတွက်ချက်ပြသခဲ့ရာ   ဘတ်ဂျက်ဝင်ငွေ   (အစိုးရဘဏ္ဍာငွေ   အရပိုင်း)သည်  
မတရားနည်းလွန်းခဲ့သည်။  
ဥပမာ-­   ၂ဝဝ၈   ခုနှစ်ကြ မန်မာ   အစိုးရသည်   သဘာဝဓာတ်ငွေ့   အမေရိကန်ေ ဒ်ါလာ   ၂ဒသမ၅ဘီလီယံဖိုးရောင်း၍   ရရှိသည်။   ဤ၂ဒသမ၅ဘီလီယံ   ကို  
တစ်ဒေါ်လာခြောက်ကျပ်နှင့်တွက်ပါက  ကျပ်  ၁၅  ဘီလီယံသာ  ဘတ်ဂျက်ဝင်ငွေရရှိပေမည်။    
အကယ်၍   ထိုစဉ်ကေ မှာင်ခိုဈေးတစ်ဒေါ်လာကျပ်   ၁၂ဝဝ  နှ င့်တွက်ပါကေ ဒ်ါလာ   ၂ဒသမ၅ဘီလီယံသည်   ကျပ်ဘီလီယံ   ၃ဝဝဝ   ပင်ရရှိလေသည်။  
တရားဝင်လဲနှုန်းနှင့်  တွက်သည့်စာရင်းအရ  ကျပ်၂၉၈၅  ဘီလီယံကွာခြားလျော့နည်းခဲ့သည်။  
အကယ်၍   ထိုစဉ်က   ရရှိသော   သဘာဝဓာတ်ငွေ့ရောင်းရသောေ ဒ်ါလာ   ၂   ဒသမ   ၅   ဘီလီယံအပါအဝင်   ပို့ကုန်ဝင်ေ ငွအားလုံးကိုြ ပင်ပပေါက်ဈေးနှင့်  
ရောင်းချပြီး   အစိုးရဘဏ္ဍာငွေထဲထည့်ခဲ့ပါလျှင်   ဘတ်ဂျက်ပိုငွေြ ပနိုင်လေသည်။   ဤသို့ြ မန်မာ   အစိုးရမှ   ရရှိငွေများေ လျာ့နည်းပျောက်ဆုံးခြင်း   မဖြစ်အောင်  
IMF   စသည်တို့က   အစိုးရတရားဝင်ငွေလဲနှုန်းနှင့်ြ ပင်ပပေါက်ဈေး   မတရားကွာဟချက်ကြီးကို   Unification   တစ်နေရာ၌ေ ပါင်းစပ်ပေးသင့်ကြောင်း  
တဖွဖွအကြံပေးခဲ့ခြင်း  ဖြစ်သည်။  
၂ဝ၁၁   ခုနှစ်   ဒီမိုကရေစီအစိုးရ   တက်မှ   Unified   လုပ်ဖြစ်သည်။   IMF   တို့   က   တစ်ဒေါ်လာကျပ်   ၅ဝဝနှင့်   သတ်မှတ်ေ ပါင်းစပ်ရန်အဆိုပြုသည်ကို  
ပေါက်ကြားခဲ့သည်။   ထိုအခါ   ထိုစဉ်ကေ ဒ်ါလာများလက်ဝယ်ရှိသော   ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ေ ဒ်ါလာရထားသူများ   မျက်လုံးပြူးကြရသည်။  
2
လက်ထဲရှိနေသော  ဒေါ်လာများ  ရာခိုင်နှုန်း  ၅ဝ  ကျော်  တန်ဖိုးလျော့သွားမည်စိုး၍  အမြန်ထုတ်ရောင်းကြသည်။  သို့ဖြင့်  တစ်လ  အတွင်း  တစ်ဒေါ်လာလျှင်  ကျပ်  
၁၁ဝဝမှ  ၇၅ဝ  အထိ  ထိုးကျသွားသည်။  
ပြင်ပပို့ကုန်လုပ်ငန်းရှင်အချို့   (အထူးသဖြင့်ေ ရထွက်လုပ်ငန်းရှင်များ)ကေ ဒ်ါလာတန်ဖိုးကျသွားလျှင်   ပို့ကုန်မှဝင်ငွေလျော့သွားမည်။   ငါးပုစွန်များ  
ဈေးချပြီးဝယ်ရတော့မည်ဖြစ်၍ြ ပည်တွင်းရေထွက်ပစ္စည်းလုပ်ကိုင်သူများ   အခက်ကြုံမည်ဟု   တက်လာခါစေ ခါင်းဆောင်များကို   နားသွင်းကြလေသည်။  
ဝါနုသေးသော  ခေါင်းဆောင်များ  လည်း  ဒေါ်လာဟူသည်  ပို့ကုန်၊  သွင်းကုန်  နှစ်လမ်းသွားဖြစ်သည်ကို  မသိသေး၍  လုပ်ငန်းရှင်များစကားကို  ယုံကြည်ကာ  တစ်  
ဒေါ်လာကျပ်  ၈ဝဝ  နှင့်  ပေါင်းစပ်ဖြစ်လေသည်။    
နိုင်ငံတကာမှ   ကျွမ်းကျင်ပညာရှင်များ၏အကြံပြုချက်   ကျပ်၅ဝဝ   မဖြစ်တော့။   ကျပ်   ၈ဝဝ   ပင်နည်းသေးသည်ဆိုကာ   ကျပ်   ၁ဝဝဝ   အထိဆွဲတင်ပေးနိုင်ရေး  
နည်းလမ်းေ ပးသမျှလုပ်ပေးရန်   ကြိုးစားရင်းြ ပည်ပမှ   ကားများတင်သွင်းနိုင်အောင်   ကားဟောင်း   အပ်သူများကို   ကားပါမစ်   ထုတ်ပေးသည့်   စနစ်  
ကောက်လုပ်ဖြစ်သည်။  ကားပါမစ်ရသူများ  ဒေါ်လာ  ဝယ်၍  ကားတင်သွင်းရမည်  ဖြစ်ရာ  ဒေါ်လာဈေး  တက်ရလေတော့သည်။  
တစ်ဒေါ်လာကျပ်   ၈ဝဝ   ဝန်းကျင်မှ   စခဲ့သော   ဦးသိန်းစိန်အစိုးရလက်ထက်သည်   ၂ဝ၁၄ခုနှစ်   ဇန်နဝါရီလတွင်   ၉၈၂   ကျပ်ြ ဖစ်လာသည်။   ကားတွေဖိသွင်း၍  
ဒေါ်လာတွေဖိလိုသည်။  ဓာတ်ဆီတွေပိုသွင်း၍  ဒေါ်လာတွေပို၍လိုသည်။  ကားအပိုပစ္စည်းတွေ  တိုးဝယ်၍  ဒေါ်လာတွေတိုးကာလိုအပ်သည်။  ဒီကြားထဲ  အူရီဒူး  
(အော်ရီဒူးဟုအသံ   မထွက်   မယုံလျှင်   အူရီဒူးကြော်ငြာနှင့်   သီချင်းသံကို   သတိပြုနားဆင်ကြည့်)နှင့်   တယ်   လီနောတို့ကို   လက်ကိုင်ဖုန်းဆင်းမ်ကတ်  
လုပ်ခွင့်ပြုပြီး   MPT   က   အပြိုင်ကျဲလာသောအခါ   တစ်နှစ်ကျော်အတွင်း   ဆင်းမ်ကတ်နှင့်   ဟန်းဆက်   သန်း၂ဝကျော်ြ ပည်ပမှဝယ်ယူရန်ေ ဒ်ါလာ  
အမြောက်အမြားလိုလေသည်။  
သို့ဖြင့်  မြန်မာနိုင်ငံတွင်  ဒေါ်လာဈေးခေါင်ခိုက်အောင်  တက်ရလေသည်။  ဒီကြားထဲ  ၂ဝ၁၄ခုနှစ်  နှစ်လယ်မှစ၍  ကမ္ဘာ့  ရေနံစိမ်းဈေးနှုန်း  ထိုးကျသည်။    
***  ရေနံဈေး  ကျတိုင်း  အမေရိကန်ဒေါ်လာ  ဈေးတက်သည်။    
ဒီကြားထဲ   ဆီးရီးယားနှင့်အီရတ်တွင်   IS   ဟူသော   အစွန်းရောက်ဘာသာရေး   အဖွဲ့   ထသောင်းကျန်း၍   အာရပ်နိုင်ငံများစုပေါင်း  နှိ မ်နင်းရာတွင်  
အမေရိကန်နှင့်အောင်မြင်   စွာ   ပူးပေါင်းဖြစ်သည်။   အမေရိကန်တို့   အခန်းကဏ္ဍမြင့်တက်ပြီး   စစ်လက်နက်ပစ္စည်း   အရောင်းတွင်ကျယ်သောအခါ   အမေရိကန်  
ဒေါ်လာဈေးတက်လေ၏။  ဤသို့သောဖြစ်  စဉ်များကြောင့်  ဒေါ်  လာဈေးသည်  မြန်မာ  နိုင်ငံတွင်  အတက်ကြီးတက်လေတော့သည်။  
ဤကြားထဲ   ၂ဝ၁၅   ခုနှစ်သည်ြ မန်မာနိုင်ငံတွင်   အထွေထွေရွေးကောက်ပွဲ   ကြီးရှိသည်။  နို င်ငံရေးအခြေအနေမှာ   လုံးဝ   ခန့်မှန်းရခက်၍   တစ်ကမ္ဘာလုံး  
ကစောင့်ကြည့်ေ နသည်။  နို င်ငံခြားရင်းနှီးမြှုပ်နှံမှုများ   တိုး   တက်ရန်   ရည်မှန်းထားသလောက်   မတက်   ဘဲဖြစ်ခဲ့သည်။  ေ ရြးေကာက္ပြဲဆိုင္ရာ  ေ ကာ  
လာဟလသတင်းများကြောင့်   ၂ဝ၁၅ခုနှစ်ေ ရွးကောက်ပွဲနီးလေေ ဒ်ါလာဈေး   တက်ေ လနှင့်ေ အာက်တိုဘာလကုန်တွင်   တစ်ေ ဒ်ါလာ   ၁၂၇၁   ကျပ်ဖြစ်  
လာသည်။  
နိုဝင်ဘာ၈ရက်တွင်ေ ရွးကောက်   ပွဲကြီးေ အာင်မြင်ချောမောစွာ   ပြီးမြောက်   ခဲ့သည်။   အာဏာရပါတီကြီးမျှော်မှန်းထား   သကဲ့သို့   မှန်းချက်နှင့်နှမ်းထွက်  
တက်တက်  စင်လွဲခဲ့သည်။  NLD  ပါတီကို  ပြည်သူတို့က  တစ်ခဲနက်မဲပေး၍  အပြတ်အသတ်အောင်  နိုင်ခဲ့သည်။  အာဏာလွှဲပေးပါ့မလား၊  လွှဲ  ပေးမည်  ဆိုတာ  
ယုံရမည်လားနှင့်  ကမ္ဘာက  တအုံနွေးနွေး  ရင်တမမစောင့်ကြည့်  ခဲ့သည်။  ထို့ကြောင့်  ဒေါ်လာဈေးက  မကျသေး။  ၁၂၉၇  ကျပ်နှင့်  တက်လို့ပင်  လာလိုက်သေး  
သည်။  ဒီဇင်ဘာလကုန်သော်  ကျပ်  ၁၃၁ဝ  အထိ  တစ်ရက်  ထတက်သွားသည်။  ဘာ  ဖြစ်တာလဲ၊  ဘယ်လိုဖြစ်တာလဲ  မေးကြ၊  ပြော  ကြ၊  အံ့သြကြကုန်သည်။  
ဇန်နဝါရီလကုန်   အထိေ ဒ်ါလာဈေးက   မကျသေး။   ၁၂၉၉   ကျပ်ြ ဖစ်ဆဲ။ေ စာင့်ကြည့်မျှော်မှန်းသူတို့ေ တွးရခက်ကြီးပါ   ဟု   ထအော်ရမလိုဖြစ်   ကုန်  
ကြလေသည်။  
စာရေးသူအနေဖြင့်မူ  ယခုနှစ်  ဧပြီလတွင်  အမေရိကန်ဒေါ်လာ  ဈေးကျ  လာခြင်းအပေါ်  တွေးရခက်ကြီးပါဟု  မတွေး  ထင်မိ။  ရိုးရိုးလေးတွေးကြည့်ရုံနှင့်  သိနိုင်  
သောအချက်များရှိ၍  ဖြစ်ပါသည်။  ပထမ  ဆုံး  ကမ္ဘာ့ငွေလဲလှယ်ရေးဈေး  ကွက်  တွင်  အ  မေရိကန်ဒေါ်လာကျရိပ်ပြလာခြင်းနှင့်  ပုံ  မှန်ဖြစ်နေကျကဲ့သို့    
***  အမေရိကန်တွင်  သမ္မတ  ရွေးကောက်ပွဲ  ကျင်းပသည့်နှစ်  ဆိုလျှင်  ဒေါ်လာဈေး  ကျလေ့ရှိသည့်  ဖြစ်စဉ်အတိုင်း  ယခုလည်း  ဈေးစကျခြင်းဖြစ်သည်။  
ဒုတိယမှာ    
***  မြန်မာနိုင်ငံတွင်  နှစ်  စဉ်နှစ်တိုင်း  ဒေါ်လာဈေးသည်  ဧပြီလတွင်  အနိမ့်ဆုံးသို့ဆင်းလေ့ရှိသည်။  အကြောင်း  မှာ  ဘိန်းထွက်ရှိမှုနှင့်  မူးယစ်ဆေးဝါးရောင်း  
ရမှုမှ  အမေရိကန်ဒေါ်လာ  အများဆုံးဝင်  ငွေ  ရသောကြောင့်ဖြစ်သည်။  ဒေါ်လာအဝင်  များလျှင်  ဈေးကျရိုးထုံးစံ  အတိုင်းဖြစ်သည်။  
တတိယမှာ  ၂ဝ၁၄  ခုနှစ်မှစ၍  ကမ္ဘာ့ဒေါ်လာဈေးတက်ခဲ့ရာမှ  ၂ဝ၁၅ခုနှစ်  တွင်  မြန်မာပြည်၌  ပြည်ပကုန်သွယ်ရေး  ချိန်စက်မှု၌  (Balance  of  Trade)အရှုံးများ  
စွာပေါ်ခဲ့ပြီး  နို င်ငံခြားငွေပေးငွေယူလက်ကျန်ရှင်းတမ်း   (Balance   of   Payment)ကြီးစွာရှုံးခဲ့သောကြောင့်ေ ဒ်ါလာအထွက်   များပြီး   Supplyေ ရာင်းလိုအားက  
Demand  ဝယ်လိုအားကိုမမီဘဲ  ဈေးတက်  ခဲ့ခြင်းဖြစ်  သည်။    
ထို့ပြင်  အစိုးရဘတ်ဂျက်ကို  ပုံအော  ၍  ကြီးစွာလိုငွေပြခဲ့သည်  မှာ  ဝန်ထမ်းလစာ  တိုးပေးသည့်အတွက်လည်းပါသည်။    
၂ဝ၁၅   ခုနှစ်   တွင်ေ ရွးကောက်ပွဲအတွက်ပါ   အသုံးစရိတ်   လွန်စွာ   ကြီးမားခဲ့သည်။   ထို့ကြောင့်ေ ငွကြေးဖောင်းပွပြီးေ ဒ်ါလာဈေးမြင့်ကာ  
မြန်မာကျပ်ငွေတန်ဖိုးကျခဲ့ခြင်းဖြစ်သည်။  
၂ဝ၁၅   ခုနှစ်  နို ဝင်ဘာရွေးကောက်   ပွဲတွင်   အတိုက်အခံပါတီကြီးက   မဲအပြတ်   အသတ်နိုင်ခဲ့သည်။   ဤတွင်ေ ငွကြေးအလုံး   အရင်းကြီးစွာကိုင်ထားသူ  
များဖြစ်သည့်ေ ငွ   အချောင်ရထားသူများက   ထိုငွေများဖြင့်  ေ ဒၚလာ   ကို  ေ အာတိုက်   ဝယ်လိုက်သောေ ကြာင့်ေ ဒ်ါလာဈေး   ခုန်တက်သည်မှာ   ၂ဝ၁၅  
ဒီဇင်ဘာလတွင်   တစ်ဒေါ်လာကျပ်   ၁၃၁ဝသို့မြင့်တက်ခဲ့သည်။   အိမ်ခြံမြေဈေး   ကွက်လည်း   ပျက်ခဲ့၍ေ ဒ်ါလာဘက်   အြ ပတ်လှည့်   ကာေ နာက်ဆုံးပိတ်  
အိတ်နှင့်  လွယ်ပစ်ခဲ့သည်။  
စတုတ္ထ   -­      ထိုသို့ေ ဒ်ါလာဝယ်နိုင်   သူများက   ဖိဝယ်ခဲ့ကြပြီးနောက်   ဆက်မဝယ်ေ တာ့သောအခါေ ဒ်ါလာဈေးြ ပန်ကျလာ   သည်။  ေ ဒၚလာအစား  
စတော့ရှယ်ယာဘက်  ဦးလှည့်လာသောကြောင့်  ဒေါ်လာဈေးကျ  လာသည်။    
အစိုးရသစ်က  ငွေကြေးချွေတာ  မှုကို  စတင်ပြုလုပ်လာသည်။  အသုံးစရိတ်  လျှော့ချရန်  ဝန်ကြီးဌာနဦးရေနှင့်  ဝန်ကြီး  အရေအတွက်များ  လျှော့ချသည့်  သတင်း  
ကောင်းကြောင့်ြ မန်မာငွေကြေးတန်ဖိုးပြန်   တက်လာသည်။   တစ်ဖက်တွင်လည်း   ပို့ကုန်ြ မှင့်တင်၍   သွင်းကုန်လျှော့   ချသောကြောင့်ေ ဒ်ါလာဝယ်လိုအား  
Demand  လျော့ကျ  ကာ  တန်ဖိုးပါ  ကျဆင်းခဲ့သည်။  
3
ထို့ပြင်  နှစ်စဉ်ဖြစ်နေကျ  ဧပြီလတွင်  မူးယစ်ဆေးဝါးမှ  ဝင်ငွေများများ  ဝင်  လာသောကြောင့်  ဒေါ်လာ  Supply  ရောင်း  လိုအားတက်လာပြီး  တန်ဖိုးကျခြင်းဖြစ်  ပါ  
တော့သည်။   အကယ်၍   အစိုးရသစ်သည်   ယခင်အစိုးရအဆက်ဆက်ကလိုေ ခါင်းဆောင်များ၊   ဝန်ကြီးများ   ခရီးတွေဖိထွက်ကာ   အသုံး   စရိတ်ဖိသုံးခဲ့လျှင်မူ  
အသုံးစရိတ်မလျော့   ဘဲေ ငွကြေးဖောင်း   ပွပြီးေ ဒ်ါလာဈေးပြန်   တက်ပေမည်။   အစိုးရသစ်က   စိုက်ပျိုးစရိတ်   ထုတ်ချေးရန်   ကျပ်ဘီလီယံ   ၅ဝဝကိုငွေစက္ကူ  
ရိုက်ထုတ်ပါက  ငွေကြေးဖောင်းပွကာ  ဒေါ်  လာဈေးတက်မည်။  
*  အကယ်၍  အစိုးရသစ်သည်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို  ပီပြင်အောင်  ဆောင်ရွက်နိုင်ပြီး  ၂၁  ရာစုပင်လုံညီလာခံ  သစ်ကြီးကျင်းပ၍  ငြိမ်းချမ်းရေးနှင့်  ရင်  
ကြားစေ့ရေးအတွက်   အကောင်အထည်ဖော်   မှု   စတင်နိုင်ခဲ့လျှင်ေ ကာင်းသောပြယုဂ်၊   ထူးသောပုံရိပ်   များကြောင့်  နို င်ငံရေးပြုပြင်ြေ ပာင်းလဲမှု   တိုးတက်  
တည်ငြိမ်လာမည်။  နို င်ငံ   တကာ   မှ   ကူညီထောက်ပံ့မှုများနှင့်   ရင်း  နှီြး မှုပ်နှံမှုများ   ပို၍ဝင်   လာပြီးြ မန်မာငွေေ ကြး   ပို၍ခိုင်မာ   တန်ဖိုးတက်လာခြင်းဖြင့်  
အမေရိကန်ဒေါ်လာတန်ဖိုး  ကျသွားမည်  ဖြစ်လေသည်။  *  
စိုက်စရိတ်ချေးငွေပေးရန်  ကျပ်  ဘီလီယံ  ၅ဝဝငွေစက္ကူရိုက်ထုတ်မည်  ဟူ  သောဂယက်ကြောင့်  ဒေါ်လာဈေးအနည်း  ငယ်ခုန်တက်ခဲ့သည်မှန်၏။  သို့သော်  တာ  
ဝ န် ရှိ သူ တို့  က   ထိုေ ငွ များ ကို ချ က် ချ င်း အ လုံး   အ ရ င်းနှ င့် ထု တ်ေ ပး   မ ည် မ ဟု တ် ဘဲ   တ စ် ရ စ်   ချ င်း ထု တ်ေ ချး သွား မ ည် ဟု   အ ချိ န် မီ တွ က် ၍  
အသိပေးလာကြောင်းတွေ့ရသည်။    
ကျပ်ဘီလီယံ၅ဝဝကို   ယခု   ဘဏ္ဍာနှစ်အတွက်   ရုတ်တရက်ထုတ်သုံး   မည်ဆိုသော   ဂယက်ကိုသာ   ထ၍လန့်နေ   ကြသည်။   ယခင်အစိုးရလက်ထက်က   ဝန်  
ထမ်းနှင့်  လွှတ်တော်ကိုယ်စားလှယ်ကြီးများ  ကို  လစာတိုးပေးရန်  ရုတ်တရက်ထကြေညာ  လုပ်ဆောင်စဉ်က  တစ်လလျှင်  ကျပ်ဘီလီ  ယံ  ၁၅ဝ  ပိုမိုလိုအပ်ပြီး  
တစ်နှစ်လျှင်  ကျပ်  ဘီလီယံ  ၁၈ဝဝကြီးများထပ်၍  လိုအပ်စွာ  ဖြင့်  ဘတ်ဂျက်သုံးစွဲရသည်ကို  မသိကြ၍  သာဖြစ်သည်။    
တစ်ဒေါ်လာလျှင်  မကြုံစဖူး  ဒီမိုကရေစီအစိုးရလက်ထက်၌  ၁၃ဝ၅  ကျပ်  အထိ  ထဖြစ်ခဲ့ခြင်းတွင်  ထိုသို့ရုတ်တရက်  ထပေါက်ခဲ့သော  လုပ်ရပ်များကြောင့်  ဖြစ်  
သည်။   ယခု   ရုတ်တရက်ထလုပ်သည့်   စိုက်   စရိတ်   ကျပ်ဘီလီယံ၅ဝဝသည်  နို င်ငံတော်ရှိေ ကျးလက်ဒေသမှ  ေ တာင္သူဦးႀကီး   လူဦး  ေ ရအများဆုံးတို့ကို  
ပံ့ပိုးထောက်ပံ့ခြင်းဖြစ်  ၍  အရင်းအနှီး  စိုက်ထုတ်ရကျိုးနပ်လောက်  အောင်  ပြည်သူတို့ကို  အကျိုးပေးသည့်  ကိစ္စ  ဖြသည်။  
ယခုအတိုင်းဆို  တစ်ဒေါ်လာ  ကျပ်  ၁၅ဝဝအထိတက်တော့မှာပဲဟု  အချို့  ကမှတ်ချက်ပေးနေချိန်မှာပင်  ကမ္ဘာ့ရေနံ  စိမ်းဈေးနှုန်းက  တစ်လ  အတွင်း  နှစ်ဆနီးပါး  
ခုန်တက်သွားသည်။ေ ရနံဈေးတက်ပါက   အမေရိကန်ဒေါ်လာေ ဈးလျော့ကျပေဦးေ တာ့မည်။   ဤအချက်ကြောင့်ြ မန်မာနိုင်ငံ   တွင်ေ ဒ်ါလာဈေး  
အတက်ကြမ်းမည့်အခြေ  အနေမှ  အားပျော့သွားနိုင်သည်။  
ဤမျှဆို  ဒေါ်လာငွေ၏လဲလှယ်  နှုန်းဘာဖြစ်နေသလဲ၊  ဘယ်သို့ဖြစ်ဦးမည်  လဲဆိုသည်ကို  စိတ်ဝင်စားသူတို့ခန့်မှန်းနိုင်  မည်ဟု  ယူဆမိလေတော့သည်။  
(အောင်ချိန်ဘွား)  
***  
၂။  "ပြင်ပဈေးကွက်တွင်  တစ်ဒေါ်လာလဲနှုန်း  ၁၁၆၆  ကျပ်  ၀န်းကျင်  အထိ  ဆက်တိုက်ကျဆင်းလာ"  
ဇူလိုင်ပထမပတ်အတွင်းြ ပင်ပဈေး   ကွက်၌   တစ်ဒေါ်လာလဲနှုန်း   ၁၁၆၆   ကျပ်   ၀န်းကျင်အထိ   ဆက်တိုက်   ကျဆင်းလာကြောင်း  နို င်ငံခြားငွေကြေး  
ရောင်းဝယ်ရေးဈေးကွက်  အသိုင်းအ၀ိုင်းထံမှ  သိရသည်။  
"ဈေးကွက်ရဲ့ဝယ်လိုအားနဲ့ေ ရာင်းလို   အားပေါ်မူတည်ပြီးေ ဈးနှုန်းကြ ဖစ်တာပါ။ြ ပည်တွင်းဈေးကွက်က   စီးပွားရေးအခြေအနေ၊  နို င်ငံရေးအခြေအနေ  
နှစ်ခုစလုံးပေါ်မူ   တည်ပြီးဖြစ်တာပါ။   အခုေ ဒ်ါလာဝယ်လိုအား   နည်းလာလို့ေ ဈးကျတာလည်းြ ဖစ်ကောင်းြ ဖစ်နိုင်သလို   အခြားသော   Factorေ တွလည်း  
ရှိကောင်းရှိနိုင်သလိုေ လာလောဆယ်တော့ေ ဒ်ါလာပေါ်မှာ   ၀ယ်လိုအားနည်းလာတဲ့   အဓိပ္ပာယ်ပဲြ ဖစ်မှာပေါ့။ေ ဈးကွက်ရဲ့   သဘောသဘာဝက   ဒီလိုပါပဲ၊  
အမြဲတမ်း   တစ်သမတ်တည်း   တက်တာ   ကျတာ   မရှိပါဘူး။ေ ရာင်းလိုအားနဲ့   ၀ယ်လိုအားြ ဖစ်စေတဲ့   အကြောင်းရင်းတော့   ရှိမှာပေါ့။ေ ရာင်းလိုအားကို  
မြင့်တက်စေတဲ့   အကြောင်းရင်းတွေ၊   ၀ယ်လိုအားကိုြ မင့်တက်စေတဲ့   အကြောင်းအရင်းတွေ   ရှိမှာပါ။   အဲဒါတွေကြောင့်ြ ဖစ်တယ်လို့   ထင်ပါတယ်"   ဟု  
ဒေါက်တာအောင်ကိုကို  (စီးပွားရေးပေါ်လစီ)  က  ပြောကြားသည်။  
ပြင်ပဈေးကွက်ရှိ  ဒေါ်လာလဲနှုန်းသည်  ဇူလိုင်  ၁  ရက်တွင်  တစ်ဒေါ်လာလဲနှုန်း  ၁၁၇၅  ကျပ်ဝန်းကျင်မှ  ဇူလိုင်  ၄  ရက်တွင်  တစ်  ဒေါ်လာလျှင်  ၁၁၆၆     ကျပ်  
ဝန်းကျင်သို့  သုံး  ရက်အတွင်း  ကိုးကျပ်ဝန်းကျင်  ကျဆင်းခဲ့ဖြစ်သည်။  
ဗဟိုဘဏ်အနေဖြင့်  ဇူလိုင်  ၁  ရက်တွင်  တစ်ဒေါ်လာ  သတ်မှတ်နှုန်း  ၁၁၇၉  ကျပ်မှ  ဇူလိုင်  ၄  ရက်တွင်  တစ်  ဒေါ်လာသတ်မှတ်နှုန်း  ပြောင်းလဲခြင်းမရှိဘဲ  ဇူလိုင်  
၁ရက်သတ်မှတ်  နှုန်းအတိုင်း  ဆက်လက်  သတ်မှတ်ထားသည်။  
(အောင်မြတ်ကို)  
credit  -­  Flower  News  Journal  /  Eleven  Media  Group  
*****  
။

More Related Content

More from Than Han

More from Than Han (7)

Company regulations 2018_myanmar
Company regulations 2018_myanmarCompany regulations 2018_myanmar
Company regulations 2018_myanmar
 
Company director guide_myanmar 2017
Company director guide_myanmar 2017Company director guide_myanmar 2017
Company director guide_myanmar 2017
 
Myanmar (Burma): Extremism & Counter-Extremism !
Myanmar (Burma): Extremism & Counter-Extremism !Myanmar (Burma): Extremism & Counter-Extremism !
Myanmar (Burma): Extremism & Counter-Extremism !
 
Jica report myanmar enery(Sep,2105)
Jica report myanmar enery(Sep,2105)Jica report myanmar enery(Sep,2105)
Jica report myanmar enery(Sep,2105)
 
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ
 
Myanmar offseashore , Responses from 2013 and 2014
Myanmar offseashore , Responses from 2013 and 2014 Myanmar offseashore , Responses from 2013 and 2014
Myanmar offseashore , Responses from 2013 and 2014
 
Myanmar - Interim strategy note for the period FY13-14 (English)
Myanmar - Interim strategy note for the period FY13-14 (English)Myanmar - Interim strategy note for the period FY13-14 (English)
Myanmar - Interim strategy note for the period FY13-14 (English)
 

ဒေါ်လာဈေးကွက်

  • 1. 1 “လေ့လာစရာ  ဒေါ်လာရေစီးကြောင်းနှင့်  လတ်တလောဒေါ်လာဈေးကွက်”   ၁။  "ဒေါ်လာလဲနှုန်း  ဘာလဲ  ဘယ်လဲ"   ၂ဝ၁၆ခုနှစ်   ဘဏ္ဍာရေးနှစ်စ   ပထမလဖြစ်သော   ဧပြီလတွင်အမေရိကန်ဒေါ်လာ   ၏ေ ငွလဲလှယ်နှုန်း   အတော်ကကျေဆင်းလာသည်။   အဘယ့်ကြောင့်   မြန်မာငွေ   တန်ဖိုး   တက်လာသလဲဟု   သိလိုသူများကမေးကြသည်။မီဒီယာများက   ဖုန်းနှင့်ဗျူးသည်။   လူတွေလာဗျူးသည်။ငွေလဲလှယ်နှုန်းနှင့်   အမေရိကန်ဒေါ်လာငွေလဲနှုန်းအတက်အကျအကြောင်းေ ဆာင်းပါးပေါင်း   ၁ဝ   ပုဒ်ခန့်ရေးခဲ့ပြီးထူးခြားတိုင်း   အဗျူးခံရသော   စာရေးသူဖြစ်၍   ယခုလည်းထူးသည်နှင့်  ဗျူးလာကြသည်။   ဖုန်းဖြင့်  မေး၊  လူတွေ့မေးခံရာတွင်  အချိန်၏  ကန့်သတ်ချက်ရှိ၍ပြည့်ပြည့်စုံစုံ  မဖြေဖြစ်၊  အမေး  အဖြေသဘောမို့  မေးသည်ကိုသာဖြေရသ ည်။  အားမရလှ။  1 ထို့ကြောင့်  အမေးခံရပြီးတိုင်း  ဆောင်းပါးများ  ရေးဖြစ်ခဲ့သည်။  ဆောင်းပါး  တစ်ပုဒ်၏  စာမျက်နှာ  ကလည်း  များများမပေးနိုင်သဖြင့်  နှစ်ပုဒ်  သုံးပုဒ်ဆက်ရေးပြီး   ပေါင်းဖတ်ပါမှ  အတန်ငယ်  လိပ်ပတ်လည်သည်။   ယခုလည်း  အနည်းငယ်  လိပ်ပတ်လည်အောင်ရေးလို၍စကားချီးတွေ၊  နိဒါန်းတွေ  သိပ်မပျိုးလိုပြီ။     အနည်းငယ်  အစမှပြန်ကောက်  ကြည့်သော်  မြန်မာနိုင်ငံတွင်အမေရိကန်  တစ်ဒေါ်လာ၏  ငွေလဲနှုန်းအမြင့်ဆုံးကျပ်  ၁၄ဝဝ  အထိခဏလေး  တက်ခဲ့ဖူး  သည်။   ၂ဝဝ၇ခုနှစ်ေ ရွှဝါရောင်တော်လှန်ရေးကို   တစ်ကမ္ဘာလုံး   အင်တာနက်မှ   ကြည့်မြင်သူတို့   တုန်လှုချောက်ချားသွားအောင်   ရုပ်ပျက်ဆင်းပျက်   ဖြိုခွဲနှိမ်နင်းအပြီးစက်တင်ဘာ   ၂၅ရက်ကဖြစ်သည်။   ထိုစဉ်ကေ မှာင်ခို   အရောင်းအဝယ်ဈေးကိုြေ ပာခြင်းဖြစ်သည်။   ၂ဝဝ၇   ခုနှစ်   စက်တင်ဘာလကုန်   အထိ   သွားရောင်းရာ  တစ်ဒေါ်လာ  ကျပ်  ၁၃၃ဝ  ရရှိသည်။   ထိုစဉ်က   ထိုအခြေအနေအရေ ငွလဲနှုန်းတစ်ဒေါ်လာတွင်   ကျပ်အများ   ဆုံးြ မင့်တက်ခဲ့သည်။   ယခု   အရပ်သားဒီမိုကရေအစိုးရခေတ်တွင်ဖြစ်ပေါ်သော   ဒေါ်လာငွေလဲနှုန်းကြည့်ပါက   သမ္မတဦးသိန်းစိန်အစိုးရတက်ခါစ   ၂ဝ၁၁   ခုနှစ်ဧပြီလတွင်   တစ်ဒေါ်လာလျှင်   ကျပ်   ၁ဝ၅ဝခန့်ရှိ   သည်။   တရားမဝင်မှောင်ခိုပေါက်ဈေးဖြစ်သည်။   တရားဝင်အစိုးရငွေလဲနှုန်းမှာ   ၁၉၈၈   ခုနှစ်   စစ်အစိုးရတက်ပြီးသည်မှ   အရပ်သား   အစိုးရကိုလွှဲပြောင်းပေးသည်အထိ   တစ်  ဒေါ်လာ  ၅  ဒသမ  ၈ကျပ်မှခြောက်ကျပ်အတွင်း  ပုံမှန်ရှိခဲ့သည်။   တရားဝင်  ငွေလဲလှယ်နှုန်းက  ခြောက်ကျပ်ဝန်းကျင်သာရှိခဲ့ပြီး  စစ်အစိုးရလက်ထက်တစ်လျှောက်လုံး  မှောင်ခိုပြင်ပငွေလဲနှုန်းက  တစ်ဒေါ်လာလျှင်  ပျမ်းမျှ  ၅၉၂   ကျပ်နှုန်းသာရှိခဲ့သည်။     ၁၉၈၉ခုနှစ်မှ   ၂ဝ၁၁   ခုနှစ်အထိ   ၂၂နှစ်အတွင်း  နှ စ်အလိုက်ပေါက်ဈေးကို   ပျမ်းမျှတွက်ထားခြင်းြ ဖစ်သည်။   ၁၉၈၉   ခုနှစ်ေ ဈးကွက်စီးပွားရေးစတင်၍   ပြည်ပပို့ကုန်မှ   ပုဂ္ဂလိကလုပ်ငန်း   ရှင်များေ ဒ်ါလာ   စတင်ရရှိချိန်မှ   ၂ဝ၁၁ခုနှစ်   မတ်လ   ကုန်အထိ   တစ်ဒေါ်လာငွေလဲနှုန်းများကို   ပျမ်းမျှတွက်ချက်ထားခြင်း   ဖြစ်သည်။  ၁၉၈၉  ခုနှစ်တွင်  တစ်ဒေါ်လာလျှင်  ၆၃ကျပ်နှင့်လဲလှယ်ခဲ့သည်။   Export  Earning  ခေါ်  ပြည်ပ  ပို့ကုန်မှရရှိသော  ဝင်ငွေများဖြင့်  သွင်းကုန်များ  ပြည်ပမှတင်သွင်းရန်  ဒေါ်လာလိုသည့်  လုပ်ငန်းရှင်များကို  Account  Transfer   ဘဏ်တွင်ေ ငွစာရင်းပြောင်းပေးရန်ေ ရာင်းချလျှင်   ရရှိသည့်ြ ပင်ပပေါက်ဈေးဖြစ်သည်။   အချို့   သွင်းကုန်လုပ်ငန်းရှင်များက   သင်္ဘောသားနှင့်   နိုင်ငံခြားသံရုံးဝန်ထမ်းများထံမှ  မှောင်ခိုဝယ်ယူကြသည်။  သို့ဖြင့်  ဒေါ်လာလိုအပ်ချက်  အဝယ်လိုက်ကာ  ဈေးတက်လာခဲ့သည်။   -­  ၁၉၉၆  ခုနှစ်မှ  ၁၉၉၇  ခုနှစ်အ  တွင်း  ဒေါ်လာအတက်ကြမ်း၍  ၂၂၄ကျပ်  အထိဖြစ်ခဲ့သည်။     -­  ၂ဝဝ၁ခုနှစ်  S(2)  ရဟတ်  ယာဉ်ပျက်ကျပြီးထပ်မံ  အတက်ကြမ်း၍  ၃၃၅  ကျပ်ဖြစ်ခဲ့သည်။     -­ ၂ဝဝ၃ခုနှစ်ဖေဖော်ဝါရီလ   ဘဏ်များြ ပဿနာဖြစ်စဉ်   ထပ်မံ   အတက်ကြမ်း၍   ကျပ်   ၁၁ဝဝ   အထိဖြစ်ခဲ့သည်။   ထိုနှစ်တွင်   ဒီပဲယင်းလုပ်ကြံမှုကြီးကြောင့်   နိုင်ငံရေး  အကြီးအကျယ်မငြိမ်မသက်  ဖြစ်ကာ  ဒေါ်လာဈေး  ကျပ်  ၁၂ဝဝ  ဝန်းကျင်  အထိ  တက်နေခဲ့သည်။     -­    တဖြည်းဖြည်း  ပြန်ကျခဲ့သော်လည်း  ၂ဝဝ၇  ခုနှစ်  ရွှေဝါရောင်  အရေး  အခင်းကြောင့်  သမိုင်းတွင်  အမြင့်ဆုံး  ကျပ်၁၃ဝဝ၊  ၁၄ဝဝ  အထိ  ဖြစ်ခဲ့သည်။   ***ေ ငွလဲနှုန်းသည်  နို င်ငံရေးမငြိမ်မသက်၊   မရေမရာဖြစ်မှုအပေါ်   မူတည်၍ြ မန်မာငွေတန်ဖိုးကျပြီး   အမေရိကန်ဒေါ်လာေ ဈးတက်လေ့ရှိသည့်ပုံစံ   ကို   တွေ့နိုင်မည်  ဖြစ်သည်။  ဤကောက်ချက်သည်  မြန်မာပြည်တွင်းအခြေအနေအပေါ်သာ  မူတည်၍  သုံးသပ်ခြင်းဖြစ်သည်။   ***   အမေရိကန်ဒေါ်   လာဈေးသည်   ကမ္ဘာ့ဈေးကွက်တွင်လည်း   အတက်အကျရှိသည်။   ထိုကမ္ဘာ့ဈေးကွက်   အခြေအနေနှင့်ြ ပည်တွင်း   အခြေအနေ   နှစ်ရပ်ပေါင်းပြီး  မြန်မာပြည်ရှိ  ဒေါ်လာဈေး  အတက်  အကျ  ဖြစ်သည်။   ဤနေရာ၌ြ မန်မာနိုင်ငံတွင်ေ ဒ်ါလာဈေးနှုန်းမှာ   တရားဝင်ဈေးနှုန်းနှင့်   တ   ရားမဝင်ဈေးနှုန်း   များစွာ   ကွာဟသောကြောင့်ြ ပဿနာကြီးငယ်ရှိခဲ့သည်ကို   ကမ္ဘာ့ဘဏ်အုပ်စု၊   အာရှဖွံ့ဖြိုးရေးဘဏ်နှင့်  နို င်ငံတကာေ ငွကြေးရန်ပုံငွေ   အဖွဲ့တို့က   ခဏ   ခဏထောက်ပြခဲ့သည်။   အဆိုးဆုံးမှာြ ပည်ပ   ပို့ကုန်မှရရှိသော   ဒေါ်လာဝင်ငွေကိုြ မန်မာ   အစိုးရက   တရားဝင်နှုန်းြေ ခာက်ကျပ်ဝန်းကျင်နှင့်   ဝင်ငွေတွက်ချက်ပြသခဲ့ရာ   ဘတ်ဂျက်ဝင်ငွေ   (အစိုးရဘဏ္ဍာငွေ   အရပိုင်း)သည်   မတရားနည်းလွန်းခဲ့သည်။   ဥပမာ-­   ၂ဝဝ၈   ခုနှစ်ကြ မန်မာ   အစိုးရသည်   သဘာဝဓာတ်ငွေ့   အမေရိကန်ေ ဒ်ါလာ   ၂ဒသမ၅ဘီလီယံဖိုးရောင်း၍   ရရှိသည်။   ဤ၂ဒသမ၅ဘီလီယံ   ကို   တစ်ဒေါ်လာခြောက်ကျပ်နှင့်တွက်ပါက  ကျပ်  ၁၅  ဘီလီယံသာ  ဘတ်ဂျက်ဝင်ငွေရရှိပေမည်။     အကယ်၍   ထိုစဉ်ကေ မှာင်ခိုဈေးတစ်ဒေါ်လာကျပ်   ၁၂ဝဝ  နှ င့်တွက်ပါကေ ဒ်ါလာ   ၂ဒသမ၅ဘီလီယံသည်   ကျပ်ဘီလီယံ   ၃ဝဝဝ   ပင်ရရှိလေသည်။   တရားဝင်လဲနှုန်းနှင့်  တွက်သည့်စာရင်းအရ  ကျပ်၂၉၈၅  ဘီလီယံကွာခြားလျော့နည်းခဲ့သည်။   အကယ်၍   ထိုစဉ်က   ရရှိသော   သဘာဝဓာတ်ငွေ့ရောင်းရသောေ ဒ်ါလာ   ၂   ဒသမ   ၅   ဘီလီယံအပါအဝင်   ပို့ကုန်ဝင်ေ ငွအားလုံးကိုြ ပင်ပပေါက်ဈေးနှင့်   ရောင်းချပြီး   အစိုးရဘဏ္ဍာငွေထဲထည့်ခဲ့ပါလျှင်   ဘတ်ဂျက်ပိုငွေြ ပနိုင်လေသည်။   ဤသို့ြ မန်မာ   အစိုးရမှ   ရရှိငွေများေ လျာ့နည်းပျောက်ဆုံးခြင်း   မဖြစ်အောင်   IMF   စသည်တို့က   အစိုးရတရားဝင်ငွေလဲနှုန်းနှင့်ြ ပင်ပပေါက်ဈေး   မတရားကွာဟချက်ကြီးကို   Unification   တစ်နေရာ၌ေ ပါင်းစပ်ပေးသင့်ကြောင်း   တဖွဖွအကြံပေးခဲ့ခြင်း  ဖြစ်သည်။   ၂ဝ၁၁   ခုနှစ်   ဒီမိုကရေစီအစိုးရ   တက်မှ   Unified   လုပ်ဖြစ်သည်။   IMF   တို့   က   တစ်ဒေါ်လာကျပ်   ၅ဝဝနှင့်   သတ်မှတ်ေ ပါင်းစပ်ရန်အဆိုပြုသည်ကို   ပေါက်ကြားခဲ့သည်။   ထိုအခါ   ထိုစဉ်ကေ ဒ်ါလာများလက်ဝယ်ရှိသော   ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ေ ဒ်ါလာရထားသူများ   မျက်လုံးပြူးကြရသည်။  
  • 2. 2 လက်ထဲရှိနေသော  ဒေါ်လာများ  ရာခိုင်နှုန်း  ၅ဝ  ကျော်  တန်ဖိုးလျော့သွားမည်စိုး၍  အမြန်ထုတ်ရောင်းကြသည်။  သို့ဖြင့်  တစ်လ  အတွင်း  တစ်ဒေါ်လာလျှင်  ကျပ်   ၁၁ဝဝမှ  ၇၅ဝ  အထိ  ထိုးကျသွားသည်။   ပြင်ပပို့ကုန်လုပ်ငန်းရှင်အချို့   (အထူးသဖြင့်ေ ရထွက်လုပ်ငန်းရှင်များ)ကေ ဒ်ါလာတန်ဖိုးကျသွားလျှင်   ပို့ကုန်မှဝင်ငွေလျော့သွားမည်။   ငါးပုစွန်များ   ဈေးချပြီးဝယ်ရတော့မည်ဖြစ်၍ြ ပည်တွင်းရေထွက်ပစ္စည်းလုပ်ကိုင်သူများ   အခက်ကြုံမည်ဟု   တက်လာခါစေ ခါင်းဆောင်များကို   နားသွင်းကြလေသည်။   ဝါနုသေးသော  ခေါင်းဆောင်များ  လည်း  ဒေါ်လာဟူသည်  ပို့ကုန်၊  သွင်းကုန်  နှစ်လမ်းသွားဖြစ်သည်ကို  မသိသေး၍  လုပ်ငန်းရှင်များစကားကို  ယုံကြည်ကာ  တစ်   ဒေါ်လာကျပ်  ၈ဝဝ  နှင့်  ပေါင်းစပ်ဖြစ်လေသည်။     နိုင်ငံတကာမှ   ကျွမ်းကျင်ပညာရှင်များ၏အကြံပြုချက်   ကျပ်၅ဝဝ   မဖြစ်တော့။   ကျပ်   ၈ဝဝ   ပင်နည်းသေးသည်ဆိုကာ   ကျပ်   ၁ဝဝဝ   အထိဆွဲတင်ပေးနိုင်ရေး   နည်းလမ်းေ ပးသမျှလုပ်ပေးရန်   ကြိုးစားရင်းြ ပည်ပမှ   ကားများတင်သွင်းနိုင်အောင်   ကားဟောင်း   အပ်သူများကို   ကားပါမစ်   ထုတ်ပေးသည့်   စနစ်   ကောက်လုပ်ဖြစ်သည်။  ကားပါမစ်ရသူများ  ဒေါ်လာ  ဝယ်၍  ကားတင်သွင်းရမည်  ဖြစ်ရာ  ဒေါ်လာဈေး  တက်ရလေတော့သည်။   တစ်ဒေါ်လာကျပ်   ၈ဝဝ   ဝန်းကျင်မှ   စခဲ့သော   ဦးသိန်းစိန်အစိုးရလက်ထက်သည်   ၂ဝ၁၄ခုနှစ်   ဇန်နဝါရီလတွင်   ၉၈၂   ကျပ်ြ ဖစ်လာသည်။   ကားတွေဖိသွင်း၍   ဒေါ်လာတွေဖိလိုသည်။  ဓာတ်ဆီတွေပိုသွင်း၍  ဒေါ်လာတွေပို၍လိုသည်။  ကားအပိုပစ္စည်းတွေ  တိုးဝယ်၍  ဒေါ်လာတွေတိုးကာလိုအပ်သည်။  ဒီကြားထဲ  အူရီဒူး   (အော်ရီဒူးဟုအသံ   မထွက်   မယုံလျှင်   အူရီဒူးကြော်ငြာနှင့်   သီချင်းသံကို   သတိပြုနားဆင်ကြည့်)နှင့်   တယ်   လီနောတို့ကို   လက်ကိုင်ဖုန်းဆင်းမ်ကတ်   လုပ်ခွင့်ပြုပြီး   MPT   က   အပြိုင်ကျဲလာသောအခါ   တစ်နှစ်ကျော်အတွင်း   ဆင်းမ်ကတ်နှင့်   ဟန်းဆက်   သန်း၂ဝကျော်ြ ပည်ပမှဝယ်ယူရန်ေ ဒ်ါလာ   အမြောက်အမြားလိုလေသည်။   သို့ဖြင့်  မြန်မာနိုင်ငံတွင်  ဒေါ်လာဈေးခေါင်ခိုက်အောင်  တက်ရလေသည်။  ဒီကြားထဲ  ၂ဝ၁၄ခုနှစ်  နှစ်လယ်မှစ၍  ကမ္ဘာ့  ရေနံစိမ်းဈေးနှုန်း  ထိုးကျသည်။     ***  ရေနံဈေး  ကျတိုင်း  အမေရိကန်ဒေါ်လာ  ဈေးတက်သည်။     ဒီကြားထဲ   ဆီးရီးယားနှင့်အီရတ်တွင်   IS   ဟူသော   အစွန်းရောက်ဘာသာရေး   အဖွဲ့   ထသောင်းကျန်း၍   အာရပ်နိုင်ငံများစုပေါင်း  နှိ မ်နင်းရာတွင်   အမေရိကန်နှင့်အောင်မြင်   စွာ   ပူးပေါင်းဖြစ်သည်။   အမေရိကန်တို့   အခန်းကဏ္ဍမြင့်တက်ပြီး   စစ်လက်နက်ပစ္စည်း   အရောင်းတွင်ကျယ်သောအခါ   အမေရိကန်   ဒေါ်လာဈေးတက်လေ၏။  ဤသို့သောဖြစ်  စဉ်များကြောင့်  ဒေါ်  လာဈေးသည်  မြန်မာ  နိုင်ငံတွင်  အတက်ကြီးတက်လေတော့သည်။   ဤကြားထဲ   ၂ဝ၁၅   ခုနှစ်သည်ြ မန်မာနိုင်ငံတွင်   အထွေထွေရွေးကောက်ပွဲ   ကြီးရှိသည်။  နို င်ငံရေးအခြေအနေမှာ   လုံးဝ   ခန့်မှန်းရခက်၍   တစ်ကမ္ဘာလုံး   ကစောင့်ကြည့်ေ နသည်။  နို င်ငံခြားရင်းနှီးမြှုပ်နှံမှုများ   တိုး   တက်ရန်   ရည်မှန်းထားသလောက်   မတက်   ဘဲဖြစ်ခဲ့သည်။ေ ရွးကောက်ပွဲဆိုင်ရာေ ကာ   လာဟလသတင်းများကြောင့်   ၂ဝ၁၅ခုနှစ်ေ ရွးကောက်ပွဲနီးလေေ ဒ်ါလာဈေး   တက်ေ လနှင့်ေ အာက်တိုဘာလကုန်တွင်   တစ်ေ ဒ်ါလာ   ၁၂၇၁   ကျပ်ဖြစ်   လာသည်။   နိုဝင်ဘာ၈ရက်တွင်ေ ရွးကောက်   ပွဲကြီးေ အာင်မြင်ချောမောစွာ   ပြီးမြောက်   ခဲ့သည်။   အာဏာရပါတီကြီးမျှော်မှန်းထား   သကဲ့သို့   မှန်းချက်နှင့်နှမ်းထွက်   တက်တက်  စင်လွဲခဲ့သည်။  NLD  ပါတီကို  ပြည်သူတို့က  တစ်ခဲနက်မဲပေး၍  အပြတ်အသတ်အောင်  နိုင်ခဲ့သည်။  အာဏာလွှဲပေးပါ့မလား၊  လွှဲ  ပေးမည်  ဆိုတာ   ယုံရမည်လားနှင့်  ကမ္ဘာက  တအုံနွေးနွေး  ရင်တမမစောင့်ကြည့်  ခဲ့သည်။  ထို့ကြောင့်  ဒေါ်လာဈေးက  မကျသေး။  ၁၂၉၇  ကျပ်နှင့်  တက်လို့ပင်  လာလိုက်သေး   သည်။  ဒီဇင်ဘာလကုန်သော်  ကျပ်  ၁၃၁ဝ  အထိ  တစ်ရက်  ထတက်သွားသည်။  ဘာ  ဖြစ်တာလဲ၊  ဘယ်လိုဖြစ်တာလဲ  မေးကြ၊  ပြော  ကြ၊  အံ့သြကြကုန်သည်။   ဇန်နဝါရီလကုန်   အထိေ ဒ်ါလာဈေးက   မကျသေး။   ၁၂၉၉   ကျပ်ြ ဖစ်ဆဲ။ေ စာင့်ကြည့်မျှော်မှန်းသူတို့ေ တွးရခက်ကြီးပါ   ဟု   ထအော်ရမလိုဖြစ်   ကုန်   ကြလေသည်။   စာရေးသူအနေဖြင့်မူ  ယခုနှစ်  ဧပြီလတွင်  အမေရိကန်ဒေါ်လာ  ဈေးကျ  လာခြင်းအပေါ်  တွေးရခက်ကြီးပါဟု  မတွေး  ထင်မိ။  ရိုးရိုးလေးတွေးကြည့်ရုံနှင့်  သိနိုင်   သောအချက်များရှိ၍  ဖြစ်ပါသည်။  ပထမ  ဆုံး  ကမ္ဘာ့ငွေလဲလှယ်ရေးဈေး  ကွက်  တွင်  အ  မေရိကန်ဒေါ်လာကျရိပ်ပြလာခြင်းနှင့်  ပုံ  မှန်ဖြစ်နေကျကဲ့သို့     ***  အမေရိကန်တွင်  သမ္မတ  ရွေးကောက်ပွဲ  ကျင်းပသည့်နှစ်  ဆိုလျှင်  ဒေါ်လာဈေး  ကျလေ့ရှိသည့်  ဖြစ်စဉ်အတိုင်း  ယခုလည်း  ဈေးစကျခြင်းဖြစ်သည်။   ဒုတိယမှာ     ***  မြန်မာနိုင်ငံတွင်  နှစ်  စဉ်နှစ်တိုင်း  ဒေါ်လာဈေးသည်  ဧပြီလတွင်  အနိမ့်ဆုံးသို့ဆင်းလေ့ရှိသည်။  အကြောင်း  မှာ  ဘိန်းထွက်ရှိမှုနှင့်  မူးယစ်ဆေးဝါးရောင်း   ရမှုမှ  အမေရိကန်ဒေါ်လာ  အများဆုံးဝင်  ငွေ  ရသောကြောင့်ဖြစ်သည်။  ဒေါ်လာအဝင်  များလျှင်  ဈေးကျရိုးထုံးစံ  အတိုင်းဖြစ်သည်။   တတိယမှာ  ၂ဝ၁၄  ခုနှစ်မှစ၍  ကမ္ဘာ့ဒေါ်လာဈေးတက်ခဲ့ရာမှ  ၂ဝ၁၅ခုနှစ်  တွင်  မြန်မာပြည်၌  ပြည်ပကုန်သွယ်ရေး  ချိန်စက်မှု၌  (Balance  of  Trade)အရှုံးများ   စွာပေါ်ခဲ့ပြီး  နို င်ငံခြားငွေပေးငွေယူလက်ကျန်ရှင်းတမ်း   (Balance   of   Payment)ကြီးစွာရှုံးခဲ့သောကြောင့်ေ ဒ်ါလာအထွက်   များပြီး   Supplyေ ရာင်းလိုအားက   Demand  ဝယ်လိုအားကိုမမီဘဲ  ဈေးတက်  ခဲ့ခြင်းဖြစ်  သည်။     ထို့ပြင်  အစိုးရဘတ်ဂျက်ကို  ပုံအော  ၍  ကြီးစွာလိုငွေပြခဲ့သည်  မှာ  ဝန်ထမ်းလစာ  တိုးပေးသည့်အတွက်လည်းပါသည်။     ၂ဝ၁၅   ခုနှစ်   တွင်ေ ရွးကောက်ပွဲအတွက်ပါ   အသုံးစရိတ်   လွန်စွာ   ကြီးမားခဲ့သည်။   ထို့ကြောင့်ေ ငွကြေးဖောင်းပွပြီးေ ဒ်ါလာဈေးမြင့်ကာ   မြန်မာကျပ်ငွေတန်ဖိုးကျခဲ့ခြင်းဖြစ်သည်။   ၂ဝ၁၅   ခုနှစ်  နို ဝင်ဘာရွေးကောက်   ပွဲတွင်   အတိုက်အခံပါတီကြီးက   မဲအပြတ်   အသတ်နိုင်ခဲ့သည်။   ဤတွင်ေ ငွကြေးအလုံး   အရင်းကြီးစွာကိုင်ထားသူ   များဖြစ်သည့်ေ ငွ   အချောင်ရထားသူများက   ထိုငွေများဖြင့်  ေ ဒၚလာ   ကို  ေ အာတိုက်   ဝယ်လိုက်သောေ ကြာင့်ေ ဒ်ါလာဈေး   ခုန်တက်သည်မှာ   ၂ဝ၁၅   ဒီဇင်ဘာလတွင်   တစ်ဒေါ်လာကျပ်   ၁၃၁ဝသို့မြင့်တက်ခဲ့သည်။   အိမ်ခြံမြေဈေး   ကွက်လည်း   ပျက်ခဲ့၍ေ ဒ်ါလာဘက်   အြ ပတ်လှည့်   ကာေ နာက်ဆုံးပိတ်   အိတ်နှင့်  လွယ်ပစ်ခဲ့သည်။   စတုတ္ထ   -­     ထိုသို့ေ ဒ်ါလာဝယ်နိုင်   သူများက   ဖိဝယ်ခဲ့ကြပြီးနောက်   ဆက်မဝယ်ေ တာ့သောအခါေ ဒ်ါလာဈေးြ ပန်ကျလာ   သည်။ေ ဒ်ါလာအစား   စတော့ရှယ်ယာဘက်  ဦးလှည့်လာသောကြောင့်  ဒေါ်လာဈေးကျ  လာသည်။     အစိုးရသစ်က  ငွေကြေးချွေတာ  မှုကို  စတင်ပြုလုပ်လာသည်။  အသုံးစရိတ်  လျှော့ချရန်  ဝန်ကြီးဌာနဦးရေနှင့်  ဝန်ကြီး  အရေအတွက်များ  လျှော့ချသည့်  သတင်း   ကောင်းကြောင့်ြ မန်မာငွေကြေးတန်ဖိုးပြန်   တက်လာသည်။   တစ်ဖက်တွင်လည်း   ပို့ကုန်ြ မှင့်တင်၍   သွင်းကုန်လျှော့   ချသောကြောင့်ေ ဒ်ါလာဝယ်လိုအား   Demand  လျော့ကျ  ကာ  တန်ဖိုးပါ  ကျဆင်းခဲ့သည်။  
  • 3. 3 ထို့ပြင်  နှစ်စဉ်ဖြစ်နေကျ  ဧပြီလတွင်  မူးယစ်ဆေးဝါးမှ  ဝင်ငွေများများ  ဝင်  လာသောကြောင့်  ဒေါ်လာ  Supply  ရောင်း  လိုအားတက်လာပြီး  တန်ဖိုးကျခြင်းဖြစ်  ပါ   တော့သည်။   အကယ်၍   အစိုးရသစ်သည်   ယခင်အစိုးရအဆက်ဆက်ကလိုေ ခါင်းဆောင်များ၊   ဝန်ကြီးများ   ခရီးတွေဖိထွက်ကာ   အသုံး   စရိတ်ဖိသုံးခဲ့လျှင်မူ   အသုံးစရိတ်မလျော့   ဘဲေ ငွကြေးဖောင်း   ပွပြီးေ ဒ်ါလာဈေးပြန်   တက်ပေမည်။   အစိုးရသစ်က   စိုက်ပျိုးစရိတ်   ထုတ်ချေးရန်   ကျပ်ဘီလီယံ   ၅ဝဝကိုငွေစက္ကူ   ရိုက်ထုတ်ပါက  ငွေကြေးဖောင်းပွကာ  ဒေါ်  လာဈေးတက်မည်။   *  အကယ်၍  အစိုးရသစ်သည်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို  ပီပြင်အောင်  ဆောင်ရွက်နိုင်ပြီး  ၂၁  ရာစုပင်လုံညီလာခံ  သစ်ကြီးကျင်းပ၍  ငြိမ်းချမ်းရေးနှင့်  ရင်   ကြားစေ့ရေးအတွက်   အကောင်အထည်ဖော်   မှု   စတင်နိုင်ခဲ့လျှင်ေ ကာင်းသောပြယုဂ်၊   ထူးသောပုံရိပ်   များကြောင့်  နို င်ငံရေးပြုပြင်ြေ ပာင်းလဲမှု   တိုးတက်   တည်ငြိမ်လာမည်။  နို င်ငံ   တကာ   မှ   ကူညီထောက်ပံ့မှုများနှင့်   ရင်း  နှီြး မှုပ်နှံမှုများ   ပို၍ဝင်   လာပြီးြ မန်မာငွေေ ကြး   ပို၍ခိုင်မာ   တန်ဖိုးတက်လာခြင်းဖြင့်   အမေရိကန်ဒေါ်လာတန်ဖိုး  ကျသွားမည်  ဖြစ်လေသည်။  *   စိုက်စရိတ်ချေးငွေပေးရန်  ကျပ်  ဘီလီယံ  ၅ဝဝငွေစက္ကူရိုက်ထုတ်မည်  ဟူ  သောဂယက်ကြောင့်  ဒေါ်လာဈေးအနည်း  ငယ်ခုန်တက်ခဲ့သည်မှန်၏။  သို့သော်  တာ   ဝ န် ရှိ သူ တို့  က   ထိုေ ငွ များ ကို ချ က် ချ င်း အ လုံး   အ ရ င်းနှ င့် ထု တ်ေ ပး   မ ည် မ ဟု တ် ဘဲ   တ စ် ရ စ်   ချ င်း ထု တ်ေ ချး သွား မ ည် ဟု   အ ချိ န် မီ တွ က် ၍   အသိပေးလာကြောင်းတွေ့ရသည်။     ကျပ်ဘီလီယံ၅ဝဝကို   ယခု   ဘဏ္ဍာနှစ်အတွက်   ရုတ်တရက်ထုတ်သုံး   မည်ဆိုသော   ဂယက်ကိုသာ   ထ၍လန့်နေ   ကြသည်။   ယခင်အစိုးရလက်ထက်က   ဝန်   ထမ်းနှင့်  လွှတ်တော်ကိုယ်စားလှယ်ကြီးများ  ကို  လစာတိုးပေးရန်  ရုတ်တရက်ထကြေညာ  လုပ်ဆောင်စဉ်က  တစ်လလျှင်  ကျပ်ဘီလီ  ယံ  ၁၅ဝ  ပိုမိုလိုအပ်ပြီး   တစ်နှစ်လျှင်  ကျပ်  ဘီလီယံ  ၁၈ဝဝကြီးများထပ်၍  လိုအပ်စွာ  ဖြင့်  ဘတ်ဂျက်သုံးစွဲရသည်ကို  မသိကြ၍  သာဖြစ်သည်။     တစ်ဒေါ်လာလျှင်  မကြုံစဖူး  ဒီမိုကရေစီအစိုးရလက်ထက်၌  ၁၃ဝ၅  ကျပ်  အထိ  ထဖြစ်ခဲ့ခြင်းတွင်  ထိုသို့ရုတ်တရက်  ထပေါက်ခဲ့သော  လုပ်ရပ်များကြောင့်  ဖြစ်   သည်။   ယခု   ရုတ်တရက်ထလုပ်သည့်   စိုက်   စရိတ်   ကျပ်ဘီလီယံ၅ဝဝသည်  နို င်ငံတော်ရှိေ ကျးလက်ဒေသမှ  ေ တာင္သူဦးႀကီး   လူဦး  ေ ရအများဆုံးတို့ကို   ပံ့ပိုးထောက်ပံ့ခြင်းဖြစ်  ၍  အရင်းအနှီး  စိုက်ထုတ်ရကျိုးနပ်လောက်  အောင်  ပြည်သူတို့ကို  အကျိုးပေးသည့်  ကိစ္စ  ဖြသည်။   ယခုအတိုင်းဆို  တစ်ဒေါ်လာ  ကျပ်  ၁၅ဝဝအထိတက်တော့မှာပဲဟု  အချို့  ကမှတ်ချက်ပေးနေချိန်မှာပင်  ကမ္ဘာ့ရေနံ  စိမ်းဈေးနှုန်းက  တစ်လ  အတွင်း  နှစ်ဆနီးပါး   ခုန်တက်သွားသည်။ေ ရနံဈေးတက်ပါက   အမေရိကန်ဒေါ်လာေ ဈးလျော့ကျပေဦးေ တာ့မည်။   ဤအချက်ကြောင့်ြ မန်မာနိုင်ငံ   တွင်ေ ဒ်ါလာဈေး   အတက်ကြမ်းမည့်အခြေ  အနေမှ  အားပျော့သွားနိုင်သည်။   ဤမျှဆို  ဒေါ်လာငွေ၏လဲလှယ်  နှုန်းဘာဖြစ်နေသလဲ၊  ဘယ်သို့ဖြစ်ဦးမည်  လဲဆိုသည်ကို  စိတ်ဝင်စားသူတို့ခန့်မှန်းနိုင်  မည်ဟု  ယူဆမိလေတော့သည်။   (အောင်ချိန်ဘွား)   ***   ၂။  "ပြင်ပဈေးကွက်တွင်  တစ်ဒေါ်လာလဲနှုန်း  ၁၁၆၆  ကျပ်  ၀န်းကျင်  အထိ  ဆက်တိုက်ကျဆင်းလာ"   ဇူလိုင်ပထမပတ်အတွင်းြ ပင်ပဈေး   ကွက်၌   တစ်ဒေါ်လာလဲနှုန်း   ၁၁၆၆   ကျပ်   ၀န်းကျင်အထိ   ဆက်တိုက်   ကျဆင်းလာကြောင်း  နို င်ငံခြားငွေကြေး   ရောင်းဝယ်ရေးဈေးကွက်  အသိုင်းအ၀ိုင်းထံမှ  သိရသည်။   "ဈေးကွက်ရဲ့ဝယ်လိုအားနဲ့ေ ရာင်းလို   အားပေါ်မူတည်ပြီးေ ဈးနှုန်းကြ ဖစ်တာပါ။ြ ပည်တွင်းဈေးကွက်က   စီးပွားရေးအခြေအနေ၊  နို င်ငံရေးအခြေအနေ   နှစ်ခုစလုံးပေါ်မူ   တည်ပြီးဖြစ်တာပါ။   အခုေ ဒ်ါလာဝယ်လိုအား   နည်းလာလို့ေ ဈးကျတာလည်းြ ဖစ်ကောင်းြ ဖစ်နိုင်သလို   အခြားသော   Factorေ တွလည်း   ရှိကောင်းရှိနိုင်သလိုေ လာလောဆယ်တော့ေ ဒ်ါလာပေါ်မှာ   ၀ယ်လိုအားနည်းလာတဲ့   အဓိပ္ပာယ်ပဲြ ဖစ်မှာပေါ့။ေ ဈးကွက်ရဲ့   သဘောသဘာဝက   ဒီလိုပါပဲ၊   အမြဲတမ်း   တစ်သမတ်တည်း   တက်တာ   ကျတာ   မရှိပါဘူး။ေ ရာင်းလိုအားနဲ့   ၀ယ်လိုအားြ ဖစ်စေတဲ့   အကြောင်းရင်းတော့   ရှိမှာပေါ့။ေ ရာင်းလိုအားကို   မြင့်တက်စေတဲ့   အကြောင်းရင်းတွေ၊   ၀ယ်လိုအားကိုြ မင့်တက်စေတဲ့   အကြောင်းအရင်းတွေ   ရှိမှာပါ။   အဲဒါတွေကြောင့်ြ ဖစ်တယ်လို့   ထင်ပါတယ်"   ဟု   ဒေါက်တာအောင်ကိုကို  (စီးပွားရေးပေါ်လစီ)  က  ပြောကြားသည်။   ပြင်ပဈေးကွက်ရှိ  ဒေါ်လာလဲနှုန်းသည်  ဇူလိုင်  ၁  ရက်တွင်  တစ်ဒေါ်လာလဲနှုန်း  ၁၁၇၅  ကျပ်ဝန်းကျင်မှ  ဇူလိုင်  ၄  ရက်တွင်  တစ်  ဒေါ်လာလျှင်  ၁၁၆၆    ကျပ်   ၀န်းကျင်သို့  သုံး  ရက်အတွင်း  ကိုးကျပ်ဝန်းကျင်  ကျဆင်းခဲ့ဖြစ်သည်။   ဗဟိုဘဏ်အနေဖြင့်  ဇူလိုင်  ၁  ရက်တွင်  တစ်ဒေါ်လာ  သတ်မှတ်နှုန်း  ၁၁၇၉  ကျပ်မှ  ဇူလိုင်  ၄  ရက်တွင်  တစ်  ဒေါ်လာသတ်မှတ်နှုန်း  ပြောင်းလဲခြင်းမရှိဘဲ  ဇူလိုင်   ၁ရက်သတ်မှတ်  နှုန်းအတိုင်း  ဆက်လက်  သတ်မှတ်ထားသည်။   (အောင်မြတ်ကို)   credit  -­  Flower  News  Journal  /  Eleven  Media  Group   *****   ။