More Related Content
More from Murann Ezine (20)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
- 1. ၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
ကမ္ဘာပေါ်တွင်ပြက္ခဒိန်အမျိုးမျိုးရှိပါသည်။ ဂရယ်ဂိုရီရယ် (Gregorian) တနည်းအားဖြင့်အနောက်တိုင်းပြက္ခဒိန်
သည်လူမှုအဖွဲ့အစည်းအများစုမှအသုံးပြုနေသောပြက္ခဒိန်ဖြစ်သည်။ ဂျုးလူမျိုးများ၏ပြက္ခဒိန် တနည်းအားဖြင့်
ဟေဗြဲပြက္ခဒိန်သည် သမ္မာကျမ်းစာကိုအခြေခံရေတွက်ထားသောပြက္ခဒိန်ဖြစ်ပါသည်။ အနောက်တိုင်းပြက္ခဒိန်
သည် နေကိုကြည့်ပြီးရေတွက်ပြီး၊ အစ္စလာမ်ပြက္ခဒိန်သည် လကိုကြည့်ပြီးရေတွက်ထားပါသည်။ ဟေဗြဲပြက္ခဒိန်
သည်နေနှင့်လကိုအခြေခံရေတွက်ထား၏။ ကမ္ဘာဦးကျမ်း ၁း၁၄ တွင်ဘုရားသခင်သည် နေ့ရက်၊အချိန်များကို
သိစေရန် နေနှင့်လအပါအ၀င်ကြယ်များကို မိုးကောင်းကင်တွင်ခန့်ထား၏။ ထို့ကြောင့် သခင်ယေရှုလူဇာတိခံ
ယူလျှက် အစ္စရေးနိုင်ငံဗက်လင်မြို့တွင်မွေးဖွါးသောအခါ မာကုပညာရှိများသည် ကြယ်ကိုကြည့်လျှက်ယေရှုထံ
သို့အရောက်လာနိုင်ခဲ့သလို ကြယ်များကိုကြည့်ပြီး မေရှိယဆိုသောကယ်တင်ရှင်မွေးဖွါးလာမည်ကိုကြိုတင်တွက်
နိုင်၏။ ထို့ကြောင့် မိုးကောင်းကင်ရှိ နေ၊လ နှင့်ကြယ်များသည် လက်ရှိနှင့်အနာဂတ်များတွင်ဖြစ်ပျက်လာမည့်
အရာများကိုဖေါ်ပြလျှက်ရှိပါသည်။ သို့သော်ဗေဒင်အတတ်ပညာသည်အကောင်းထက် ဆိုးကျိုးများသော
ကြောင့်အသုံးမပြုရန်၊ မလိုက်စားရန် ဘုရားသခင်တားမြစ်ထား၏။ ဤဆောင်းပါးတွင်ဗေဒင်ပညာမပါဝင်သလို
စာရေးသူသည်လည်းဗေဒင်ပညာမတတ်ကျွမ်းပါ။ ဘုရားသခင်မှကြိုတင်ပေးထားသော နိမိတ်များဖြစ်သည့်
သူပြန်လာမည့်အချိန်၊ ကမ္ဘာကြီးအဆုံးခန်းဖြစ်ပျက်လာမည့်နိမ်တ်လက္ခဏာများကို သမ္မာကျမ်းစာထဲမှဖေါ်ပြ
ချက်များကို ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့်အရာများနှင့်ယှဉ်တွဲဖေါ်ပြထားသောဆောင်းပါးသာဖြစ်သည်။
၂၀၁၂ မရောက်ခင် ၎င်းနှစ်နှင့်ပတ်သက်သည့်ဟောကိန်းများစွာထွက်ခဲ့သော်လည်းမဖြစ်ပေါ်လာပါ။ သို့သော်
စာရေးသူသတိထားမိသည်မှာ ၎င်းဟောကိန်များသည် မိုင်ရာပြက္ခဒိန် (Mayan Calendar) နှင့် သိပ္ပံပညာကိုး
ကားချက်တွင်မူတည်၏။ ဤဆောင်းပါးသည် ဟောကိန်းမဟုတ်၊ သမ္မာကျမ်းစာဖေါ်ပြချက်များကို ကမ္ဘာဖြစ်
စဉ်များ နှင့်ယှဉ်တွဲဖေါ်ပြချက်ဖြစ်ပြီး ဆုံးဖြတ်ရွေးချယ်မှုသည် စာဖတ်သူအပိုင်းဖြစ်၏။
သို့သော်လည်းဘုရားသခင်ဒုတိကြိမ်ကြွလာမည့်နေ့ရက်ကိုမည်သူမျှမသိ၊ ကောင်းကင်တမန်ပင်မသိကြောင်း
သမ္မာကျမ်းစာဖေါ်ပြချက်ကိုသတိရစေလိုပါသည်။ ဘုရားသခင်သည် သန့်ရှင်းခြင်း၊ တရားမျှတခြင်းနှင့်ပြည့်စုံ
သည့်အလျှောက် သူလာမည့်အချိန်နှင့်ဆိုးဝါးသည့်ကမ္ဘာ့ဖြစ်စဉ်များတွက် ကြိုတင်နိမိတ်လက္ခဏာများပေးထား
သည်မှာ တရားမျှတသော ဘုရားသခင်၏သဘောသဘာဝဖြစ်သည်။ သူအလိုရှိသည်မှာ သူချစ်သောလောက
သားများအားလုံး အဆင်သင့်ရှိနေစေရန်ဖြစ်၏။
နောက်ဆုံးသောနိမိတ်လက္ခဏာများထဲမှ ၂ခုဖြစ်သော သွေးရောင်လ (Blood moon) နှင့်နေကြတ်ခြင်းများ
ဆက်တိုက်ဖြစ်ပေါ်နေမှုများသည် နှစ် ၂၀၀၀ အတွင်လုံးဝမဖြစ်ခဲ့လူးသောအရာများဖြစ်နေ၏။အကြောင်းမှာ
သွေးလ ၄ကြိမ်ဆက်တိုက်ဖြစ်စဉ်ထဲတွင်နေကြတ်ခြင်း ၂ကြိမ်ပါဝင်ပြီး ထိုဖြစ်စဉ်များအားလုံးသည် သမ္မာကျမ်း
စာ၏ နေ့ထူးနေ့မြတ်၌ကျရောက်နေပြန်၏။
- 2. ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း
သွေးဖြစ်လိမ့်မည်။ တမန်တော် ၂း၂၀
၇နှစ်တစ်ကြိမ်နှင့်၇ကြိမ် (Shemitah and Jubilee)
ထာဝရဘုရားသည် သိနတောင်တွင်မောရှေအား သူ၏လူမျိုးတော်ကိုခါနန်ပြည်မ၀င်ခင်မှာကြားသည်မှာ-
“ခြောက်နှစ်ပတ်လုံး လယ်လုပ်၍ အသီးကိုသိမ်းရမည်။ ၁၁ သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထား
ရမည်။ထွက်မြောက်ရာ၂၃း၁၀-၁၁”
ဤသဘောတရားသည် ကမ္ဘာဦးကတည်းကရှိခဲ့၏။ ထာဝရဘုရားသည် စကြ၀ဏာဖန်ဆင်းခြင်းကို ၆ရက်ပြု
လုပ်ခဲ့ပြီး ၇ရက်မြောက်နေ့တွင်ငြိမ်ဝပ်စွာနေလျှက် ထိုနေ့ကိုကောင်းကြီးပေးတော်မူ၏။ ထိုနည်းတူ ဣသရေလ
အမျိုးသားများအဲဂုတုပြည်မှထွက်ခွါပြီးသိနတောင်မရောက်ခင်တွင် ဥပုသ်နေ့စည်းမျဉ်းစည်းကမ်းကိုပြဌန်းခဲ့ပြီး
ရက်သတ္တတစ်ပတ်တွင် ၆ရက်အလုပ်လုပ်ပြီး ၇ရက်မြောက်နေ့တွင် အလုပ်မလုပ်ရဘဲနားနေသောဓလေ့စတင်
ဖြစ်ပေါ်လာခဲ့သည်။ ၇နှစ်တာဆိုသောအချိန်ပိုင်းခြားကို ဟေဗြဲဘာသာဖြင့် ရှီမီတာ (Shimatah) ဟုခေါ်ပြီး ၇
ကြိမ်မြောက်ရှီမီတာအပြီးတွင် နှစ် ၅၀ မြောက်ယုဘိလပွဲ (Jubilee) ပွဲကိုဆင်နွဲရန် ထာဝရဘုရားမှ ညွန်ကြား
ထားပါသည်။ နှစ်၅၀ယုဘိလပွဲနှင့်ပတ်သက်ပြီးဘုရားသခင်ပြောထားသည်မှာ-
ခုနှစ်နှစ်တခါ လွှတ်ခြင်းကိုပြုရမည်။ လွှတ်ခြင်းတရားဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင်သော သူအား ဥစ္စာကို ချေးငှား
သော ကြွေးရှင်မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်းကာလ ဖြစ်သောကြောင့်၊ ထို
ကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ၊ တကျွန်းတနိုင်ငံသား၌ တောင်းရသော အခွင့်ရှိ၏။ ညီအစ်ကို၌
ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲလွှတ်ရမည်။ တရားသောရာကျမ်း ၁၅း၁-၃
နှစ်၅၀ယုဘိလပွဲအရ လွှတ်ခြင်းထဲတွင် ကျွန်များကိုလွှတ်လပ်သောလူအဖြင့်သတ်မှတ်ခြင်း၊ အကြွေးများကို
လျှော်ပစ်ခြင်း၊ ပေါင်နှံထားသောပစ္စည်းများ၊ ပေါင်ခံထားသောမြေများကိုလျှော်ပစ်ပြီးမူလပိုင်ရှင်သို့ပြန်လည်ပေး
အပ်ခြင်းများပါဝင်သည်။
ပသခါပွဲ (Passover)
- 3. ဣသရေလလူမျိုးများ (ဂျုး) အီဂျစ်နိုင်ငံ၏ကျွန်ဘ၀မှကယ်တင်ရာတွင်မောရှည်ကိုဦးဆောင်စေပြီး အံ့ဖွယ်အမှု
၁၀ခု ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးအံ့ဖွယ်မှုဖြစ်သော သားဦးသတ်ခြင်းတွင် ဣသရေလလူမျိုးများမထိရန်တွက်
အခါမလည်အနာအဆာမရှိသော ဆိတ်သို့မဟုတ်သိုးသငယ်ကိုသတ်ပြီး၊ ဘုရားသခင်မှပေးသောလွှတ်မြှောက်
ခြင်းကိုလက်ခံရယူကြောင်းအထိမ်းမှတ်သက်သေလက္ခဏာဖြင့် တခါးတိုင်တွင် ၎င်းဆိတ် သို့မဟုတ် သိုး၏သွေး
ကိုသုတ်ထားပါသည်။ ထို့နောက် ၎င်းဆိတ်သို့မဟုတ်သိုးကိုမီးကင်ပြီး တဆေးမပါသောမုန့်ဖြင့်စားရန်ထာဝရဘု
ရားမှစေခိုင်းခဲ့ပါသည်။ ထိုနေ့သည် ပထမလ ၁၀ရက်ဖြစ်ပြီး ပဿခါပွဲစတင်သောနေ့ဖြစ်ပါသည်။ လူသားအား
လုံး၏အပြစ်များကို သခင်ယေရှုမှခံယူပြီး လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်းကိုလည်း ပသခါနေ့တွင်ခံယူ
ခဲ့ပြီးထိုနေ့၌လည်းနေကြတ်ခဲ့ပါသည်။
တံပိုးမှုတ်ပွဲတော် (Feast of Trumpet)
တံပိုးမှုတ်ပွဲတော်ကို ၇လပထမရက် (1st
day of Tishri) တွင်ကျင်းပလေ့ရှိ၏။ ကျမ်းညွန်းများမှာ
ဝတ်ပြုရာကျမ်း ၂၃း၂၄-၂၅၊ တောလည်ရာကျမ်း ၂၉း၁၊
သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြ
မည်။ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်
မူ၏။ ၀တ်ပြုရာကျမ်း ၂၃း၂၄-၂၅
တံပိုးမှုတ်ခြင်းကို ဣသရေလလူမျိုးများသည်နောင်တ တရားရပြီးဘုရားသခင်၏တရားစီရင်ခြင်းအတွက် အဆင်
သင့်ဖြစ်စေလိုအသောအထိမ်းအမှတ်ဖြင့်ကျင်းပကြပါသည်။ ထိုလ၁၀ရက်နေ့တွင်မူအပြစ်ဖြေရာယဇ်ပူဇော်
သောနေ့ (Atonement day) ဖြစ်ပါသည်။
အပြစ်ဖြေရာနေ့ (Day of Atonement)
သင်တို့သည် အစဉ်စောင့်ရသောပညတ်တော် ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော
တပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာကျင့် လျက်နေရကြ မည်။
အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့
ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ၊ အပြစ်ဖြေခြင်း ကိုပြုရမည်။ ထိုနေ့ရက်သည် ထာဝရ
ပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသော နေ့ဖြစ်သတည်း။
ဝတ်ပြုရာကျမ်း ၂၃း၂၉-၃၁
- 4. အပြစ်ဖြေရာယဇ်ကို တစ်နှစ်တစ်ခါပြုလုပ်ရန်ထာဝရဘုရားစေခိုင်းထားပြီးထိုနေ့တွင် အလုပ်မလုပ်ဘဲ ဂျုးလူမျိုး
များသည်အစာရှောင်ဆုတောင်းခြင်းကိုယနေ့တိုင်စောင့်ထိမ်းလျှက်ရှိပါသည်။ ကျင်းပသောရက်မှာ ပထမလ ၁၀
ရက်နေ့ဖြစ်ပြီး အနောက်တိုင်းပြက္ခဒိန်တွင် ၂၀၁၄၌အောက်တိုဘာလေးရက်တွင်ကျရောက်ပြီး ၂၀၁၅ အတွက်
စက်တင်ဘာ၂၃တွင်ကျရောက်ပါသည်။ ၎င်းယဇ်ကိုယဇ်ပုရောဟိတ်သာဆောင်ရွက်ခွင့်ရှိပြီးရှေးဦးစွာ ယဇ်ပရော
ဟိတ်နှင့်သူမိသားစုအပြစ်ဖြေရန် နွားထီးပြိုကို မီးရှို့ပူဇော်ရ၏။ ထို့နောက်တိုင်းပြည်နှင့်လူမျိုးအပြစ်ဖြေရန်ဆိတ်
သငယ်၂ကောင်ဖြင့်အပြစ်ဖြေရ၏။ ဆိတ်သငယ်ကို တဲတော်ရှေ့ခေါ်လာပြီး ၎င်းဆိတ်၂ကောင်ကိုထာဝရဘုရား
တွက်၁ကောင်နှင့်ဘေးမဲ့လွှတ်ရန်၁ကောင်တွက် မဲချ (စာရေး တံချ) ရွေးချယ်ရပါသည်။ ထာဝရဘုရားတွက်မဲ
ပေါက်သောဆိတ်ကိုယဇ်ပူဇော်ပြီး ဘေးမဲ့လွှတ်ရန်မဲပေါက်သောဆိတ်ခေါင်းပေါ်သို့ယဇ်ပရောဟိတ်လက်ကိုတင်
ပြီး တိုင်းပြည်နှင့်လူမျိုးများ၏အပြစ်ကိုရေရွတ်လျှက် အပြစ်ဖြေခြင်းကိုပြုပြီးတောထဲသို့ဘေးမဲ့လွှတ်ရပါသည်။
သခင်ယေရှုသည်ပသခါတွင်အသတ်ခံရသောသိုးသငယ်ဖြစ်သလို လူသားတစ်မျိုးနွယ်လုံးတွက် အပြစ်ဖြေရာ
ယဇ်ကောင်အဖြင့်သန့်ရှင်းခြင်းအမှုကိုပါတစ်ခါတည်း ဆောင်ရွက်ခဲ့ပါသည်။ ပိလမင်းရှေ့နှင့်ပရိတ်သပ်အားလုံး
ရှေ့မှာ ဘာမျှမပြောတော့ဘဲ သိုးသငယ်လိုတိတ်ဆိတ် ညိမ်သက်လျှက်ရှိနေခဲ့၏။ ထို့နောက်ယဇ်ကောင်တစ်
ကိုသတ်ပြီးတစ်ကောင်ကိုလွှတ်ခဲ့ရသော ဓမ္မဟောင်းကျမ်း ကိုပြည့်စုံစေခြင်းဌာ အကျဉ်းသားဗာရဗ္ဗကို လွှတ်
ငြိမ်းချမ်းသာပေးခဲ့၏။ ဤသည်မှာ ယေရှုသည်လူသားများအတွက်အပြစ်ဖြေရာယဇ်ကိုတစ်ခါတည်းဖြင့် ထာဝရ
ပြီးပြည့်စုံအောင်ဆောင်ရွက်ခဲ့ပါသည်။
သကေနေပွဲ
- 5. ၃၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ။
၃၄ သင်တို့သည် သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။
ဝတ်ပြုရာကျမ်း ၂၃း၃၃-၃၄
သကေနေပွဲဆိုသည်မှာ ဣသရေလလူမျိုးများ နှစ် ၄၀ တောတွင်းနေထိုင်ခဲ့သော တဲပုံစံကိုဆောက်လုပ်ပြီး
ထာဝရဘုရား၏အကွယ်အကာနှင့်ကျေးဇူးတော်ကိုပြန်လည်ရေတွက်သည့် အောက်မေ့ဖွယ်နှင့် ချီးမွမ်းခြင်းအစီ
စဉ်ဖြစ် သည်။ သကေနေတဲငယ်ကိုသစ်ကိုင်းများဖြင့်တည်ဆောက်ပြီး အမိုးကိုလည်းသစ်ကိုင်းသစ်ရွက်များဖြင့်
ဆောက်ရပါသည်။ မိုးရွာလျှင်မိုးစိုပြီးညဖက်တွင် ကြယ်လများကိုတွေ့မြင်ရပါသည်။ အီဂျစ်လက်အောက်ကျွန်
ဘ၀မှ လွတ်မြောက်ပြီးတောထဲတွင်နေခဲ့ရသောသမိုင်းကိုသတိရသောအနေဖြင့် ဂျုးလူမျိုးများယနေ့တိုင်ကျင်း
ပလျှက်ရှိနေပါ သည်။ ၂၀၁၅ သကေနပွဲသည် စက်တင်ဘာ ၂၇ တနင်္ဂနွေညနေမှ အောက်တိုဘာလ ၄ရက်
တနင်္ဂနွေညနေထိ ဖြစ်သည်။
သမ္မာကျမ်းစာပြက္ခဒိန် သို့မဟုတ် ဣသရေလ (အစ္စရေး)ပြက္ခဒိန်အရ ယခုလက်ရှိအချိန် (၂၀၁၅) သည်၇ကြိမ်
မြောက် ရှီမီတာနှစ်နှင့်အတူ နှစ် ၅၀ယုဘိလနှစ်သို့ကျရောတ်တော့မည်ဖြစ်သည်။ ၇ကြိမ်မြောက်ရှီမီတာနှစ်
သည် ၂၅ စက်တင်ဘာ၂၀၁၄ မှ ၁၃ စက်တင်ဘာ ၂၀၁၅ ဖြစ်ပါသည်။
ဤနှစ်ကာလအပိုင်းခြားတွင်ထူခြားမှုများစုနေပါသည်။ ၂၀၁၄ ရှီမီတာနှစ်မ၀င်ခင် ပဿခါပွဲနေ့ (April 2014)
တွင် လသည်သွေးနှင့်ပြည့်နေသောအရောင် (Blood moon) ဖြစ်ခဲ့ပြီး ဤရှီမီတာနှစ်အထွက် ယုဘိလနှစ်
အတွင်းရှိသော သကေနေပွဲနေ့ (Sukkot)တွင် သွေးနှင့်ပြည့်သောလဖြစ်ပေါ်မည်။ ဒိပြင်၇ကြိမ်မြောက် ရှီမီတာ
နှစ်အတွင်း သကေနေပွဲ ကျရောက်သောနေ့နှင့် ပဿခါနေ့တွင် သွေးဖြင့် ပြည့်သောလ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး
ဖြစ်သည်။ ဤကဲ့သို့သွေးလ ၄ခါဆက်တိုက်တွင် နေ၂ခါကြတ်သောဖြစ်စဉ်တွင် နှစ် ၂၀၀၀ တွင်းမရှိခဲ့။ ယခုစာ
ရေးနေသည့်ချိန်ထိ သွေးလ ၃ကြိမ်နှင့် နေကြတ်ခြင်းတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက်ထပ်နေကြတ်ခြင်း ၁ကြိမ်နှင့်
သွေးလ ၁ကြိမ် ၂၀၁၅ စက်တင်ဘာမကုန်ခင်ဖြစ်ပေါ်ရန်ရှိနေပါသည်။
- 6. ကမ္ဘာ့သမိုင်း၊ မြန်မာသမိုင်းမှတ်တမ်းများကို သမ္မာကျမ်းစာထဲမှ ရှီမီတာနှစ်များနှင့် ယှဉ်ကြည့်သော် ထူးခြားဖြစ်
စဉ်များစွာတွေ့ရ၏။ အောက်တွင်ဖေါ်ပြထားသောအချက်အလက်များကိုလေ့လာကြည့်ပါ။ တိုက်ဆိုင်မှုဟုတ်မ
ဟုတ်စာဖတ်သူဘဲဆုံးဖြတ်ပါ။
ရှီမီတာနှစ် ထူးခြားဖြစ်စဉ်များ
1916-1917 ပထမကမ္ဘာစစ်ဖြစ်၊ နှစ်ဖက်စစ်သည်ပေါင်း ၉သန်းကျော်နှင့်အရပ်သား၇သန်းကျော်သေဆုံးခဲ့။
ဂျာမဏီ၊ရုရှား၊အောတိုမန်၊အော်စထရို-ဟန်ဂေရီအင်ပါယာရှုံးနိမ့်
1923-1924 အော်တိုမန်အင်ပါယာလုံးဝကျဆုံးပြီး တူရကီနိုင်ငံဖြစ်ပေါ်လာ။
တိုကျို၊ ယိုကိုဟားမားတွင် ၇.၉ ပြင်းအားငလျှင်လှုပ်၊ လူ၁၄၂ ၀၀၀ သေဆုံး။
1930-1931 တူရကီ-ဂရိချစ်ကြည်ရေးလက်မှတ်ရေးထိုး။Bank of United State အမေရိကဘဏ်ငွေကြေး
ဆုံးရှုံးမှုကြောင့်ပိတ်လိုက်ရ၊ဝေါစထရိစတော့ဈေးကွက်ပြိုကျ(၁၉၂၉ အောက်တိုဘာ)
နယူးဇီလန်၊ နီဂါရာဂွာငလျှင်၊ဂျပန်တပ်မန်ချုးရီးရားတောင်ပိုင်းကို သိမ်းပိုက်။
1937-1938 အမေရိကန်နိုင်ငံစီးပွါးရေးကျ၊ ဂျုးလူမျိုးနှိပ်ကွပ်ရေးဥပဒေအီတလီ တွင်ပြဌန်း၊
အာရှနှင့်ပစိဖိတ်ကိုလွှမ်းမိုးရန်ဂျပန်ကြိုးပမ်း၊ ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊
1944-1945 ဂျပန်အနူမြူဗုံးကျဲခံရပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံး။ မြန်မာနိုင်ငံဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရ။
1951-1952 ကိုရီးယားစစ်ပွဲ(၁၉၅၀-၁၉၅၃)၊ နိုင်ငံပေါင်း၄၈နိုင်ငံနှင့်ဂျပန်ငြိမ်းချမ်းရေးလက်မှတ်ထိုး။
1958-1959 ဖဆပလပြိုကွဲခြင်းကြောင့်ဝန်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်နေ၀င်းအားတိုင်းပြည်ခေတ္တထိမ်းရန်
လွှဲပြောင်းပေး။ ဆိုဗီယက်ပြည်ထောင်စုမှနျှူကလီးယားလက်နက်ပိုင်ဆိုင်လာ။
1965-1966 အမေရိကန်အကြွေးဝယ်စနစ်ပြဿနာ၊ငွေတန်ဖိုးကျပြီးစီးပွါးရေးထိုးကျ။
1972-1973 သန္ဓေသား/ကိုယ်ဝန်ဖျက်ချခြင်းကိုအမေရိကန်မှာတရားဝင်ခွင့်ပြု၊ ဗီယက်နမ်ကိုစစ်ရှုံး။ ကမ္ဘာ
ငွေကြေးပြဿနာဖြစ်။
1979-1980 အမေရိကန်ငွေစုငွေချေးပြသာနာစတင်-၁၀နှစ်ကြာခဲ့။
- 7. 1986-1887 ဆိုဗီယက်ပြည်ထောင်စုချာနိုလိုင်းနျူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲ၊
စတော့ရှယ်ယာဈေးကွက်ထိုးကျ။မြန်မာနိုင်ငံငွေကြေးပြဿာနာ၊ စက်တင်ဘာ ၅ ရက်တွင် ၂၅
ကျပ်တန်သိမ်း၊ နိုင်ငံရေးပြဿနာဆက်တိုက်ဖြစ် ၈၈ အရေးခင်းဆက်ဖြစ်။
1993-1994 မက္ကစီကိုငွေကြေးပြဿနာ၊
2000-2001 အမေရိကန်ဝေါထရိတ်စင်တာတိုက်ခိုက်ခံပြီးပြိုကျ၊ စတော့ရှယ်ယာအဆိုးဝါးဆုံးထိုးကျ၊
အမေရိကန်နှင့်တာလီဘန်စစ်ဖြစ်။
2007-2008 ကမ္ဘာငွေကြေးပြဿနာဖြစ်၊ စီးပွါးကျ၊ မြန်မာနိုင်ငံသို့နာဂစ်မုန်တိုင်းဝင်ခဲ့။
2014-2015 လိင်တူထိမ်းမြားခွင့်ကိုအမေရိကန်တွင်တရားဝင်ခွင့်ပြု။
ဘာသာရေးအစွန်းရောက်အကြမ်းဖက်လူသတ်ပွဲများဖြစ်လျှက်ရှိ၊ ဆီးရီးယားပြည်တွင်းစစ်၊
အီရတ်စစ်ပွဲ၊ ISIS၊ အီရန်နျူကလီးယားအရေး၊နိုင်ငံများစွာမှပြည်တွင်း နိုင်ငံရေးပြဿနာများ၊
သဘာဝဘေးအန္တာရယ်များ၊ ရသီဥတုအ ပြောင်းအလဲများ။ ???
ကမ္ဘာ့သမိုင်းဖြစ်စဉ်နှင့်လက်ရှိကမ္ဘာ့ဖြစ်ရပ်များသည် သမ္မာကျမ်းစာထဲတွင်နှစ်ပေါင်းများစွာမှကြိုတင်ရေးသား
ထားသည်မှာ အသက်ရှင်နေသောနှုတ်ကပတ်တော်၏သက်သေဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင်ဖေါ်ပြထားသော
ပထမ တံပိုးမှုတ်ခြင်းသည်ပထမကမ္ဘာစစ်၊ ဒုတိယတံပိုးသည် ဒုတိယကမ္ဘာစစ်၊ တတိယတံပိုးသည်
ယခင်ဆိုဗီယက်ပြည်ထောင်စုရှိ ချာနိုလိုင်းနျူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲခြင်း၊ စတုထ္ထတံပိုးမှုတ်ခြင်းသည်
ပင်နာတူပိုမီးတောင်ပေါက်ကွဲခြင်းဖြစ်၊ ပဉ္စမတံပိုးသည် ပင်လယ်ကွေ့ စစ်ပွဲနှင့်ဆဒ္ဒဟူစိန်ကျဆုံးခန်းဖြစ်၏။ ISIS
အကြမ်းဖက်အဖွဲ့၊ အရှေ့လယ်ပိုင်းပြဿနာဖြစ်သော ဆီရီးယား၊ အီရတ်၊ အီရန်နျူကလီးယားနှင့်နိုင်ငံရေး ခြေ
လှမ်း၊ တူရကီနိုင်ငံရေးခြေလှမ်းများ၊ ISIS အကြမ်းဖက်အဖွဲ့၊ အခြား သောအကြမ်းဖက်များ အဖွဲ့၏လုပ်ရပ်များ
သည် ဆဌမတံပိုး ဖေါ်ပြခြင်းများအတိုင်းဖြစ်နေ၏။ ဒိပြင်အခြားနိုင်ငံ ကြီးများ၏နိုင်ငံရေးခြေလှမ်းနှင့် စစ်ရေး
တည်ဆောက်မှုများသည် နောက်ဆုံးစစ်ပွဲဖြစ်သော အာမေဂဒုံစစ်ပွဲတွက် အဆင်သင့်ဖြစ်လျှက်ရှိကြောင်း သက်
သေပြနေ၏။
မေးခွန်းတစ်ခုမှာ ဤအဖြစ်အပျက်များကို သမ္မာကျမ်းစာထဲတွင် နှစ်ပေါင်းထောင်ချီကြိုတင်ရေးထားသည့်
ဘုရားသခင်၏ရည်ရွယ်ချက်က အဘယ်ကြောင့်နည်း။ အဖြေမှာ ဘုရားသခင်သည် တရားမျှတသောဘုရား၊
သန့်ရှင်းသောဘုရားဖြစ်သည့်အားလျှော်စွာ သူလာမည့်အချိန်တွင် သူ့သားသမီးများအဆင်သင့်ဖြစ်နေစေရန်
ရည်ရွယ်ထား၏။ လူသားများ၏ရွေးချယ်ခွင့်သည် လူ့လောကအသက်ရှင်စဉ်ကာလ နှင့် ဘုရားသခင်မလာခင်
အချိန်များတွင်သာရှိသည်။ ထိုအချိန်နောက်တွင်လူသားများရွေးချယ်ခွင့်မရှိတော့။ အဘယ်ကြောင့်ဆိုသော
ထိုဘုရားသည် ဘုရားတကာဘုရား (ဒံယေလ ၂း၄၇)၊ ဘုရင်တကာဘုရင်၊အရှင်တကာအရှင် (ဗျာဒိတ်
၁၉း၁၆)ဖြစ် သောကမ္ဘာပေါ်ရှိလူမျိုးတိုင်း၏ဘုရားဖြစ်၏။ အသက်ရှင်သောဘုရားလည်းဖြစ်သောကြောင့် သူ့ကို
ခေါ်သောသူတိုင်းကို ထူးလေ့ရှိ၏။ ထိုအသက်ရှင်သောဘုရားသည် ခရစ်ယာန်များနှင့်သာဆိုင်သော ဘုရား
မဟုတ်။ လူမျိုး တိုင်းနှင့်ဆိုင်သောဘုရားဖြစ်၏။ ထိုအသက်ရှင်သောဘုရားကိုလူတိုင်းစမ်းသပ်နိုင်၏။
မိတ်ဆွေ ဆိုးယုတ်သောနောက်ဆုံးသောအချိန်ကာလတွက်အဆင်သင့်ဖြစ်ပြီလား။ ခရစ်တော်၏ဒုတိယကြိမ်
ပြန်လာခြင်းသည် ခရစ်ယာန်များကိုလာခေါ်ခြင်းမဟုတ်ပါ။ ဒုတိယကြိမ်ကြွလာခြင်းသည် ဘုရားသခင်သည်
- 8. သူ၏သားသမီးများကိုလာရောက်သိမ်းယူခြင်းဖြစ်သည်။ ခရစ်တော်၏သားသမီးများကို မည်သို့သတ်မှတ်နိုင်သ
နည်း။ ရောမ ၈း၁၀ အရ “ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။ ” ခရစ်တော်၏
ဝိညာဉ်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်သင့်အထဲတွင်ရှိရန်လိုပါသည်။ ယေရှုသည် သင့်နှလုံးသားတံခါးကို
နေ့စဉ်ခေါက်လျှက်ရှိနေပါသည်။ ပထမတဆင့်အနေဖြင့် သူ့ကိုလက်ခံနေရာပေးရန်လို၏။ ဒုတိယအဆင့်အနေ
ဖြင့် မိမိ၏စိတ်ဝိညာဉ်ကို သူ့စိတ်တိုင်းကျပြုပြင်သန့်ရှင်းစေပြီး အပြည့်အ၀အုပ်စိုးခွင့်ပေးမှ ထိုအသက်ရှင်သော
ဘုရား၏စိတ်ဝိညာဉ်သည် သင့်အထဲတွင်ပြည့်ဝစွာလှုပ်ရှားနိုင်၏။ ကြမ်းတမ်းဆိုးယုတ်လှသော ဤနောက်ဆုံး
သောအချိန်ကာလကို သင့်ခွန်အားဖြင့်ကျော်ဖြတ်ပါကမဖြစ်နိုင်ပါ။ ယေရှုနှင့်ကျော်ဖြတ်မှသေချာ၏။ ရှင်မဿဲ
၂၅ ထဲတွင်ဖေါ်ပြထားသော သတို့သမီး ၁၀ယောက်သည် ခရစ်ယာန်များကိုပြောထားသောကျမ်းညွန်းဖြစ်၏။
ဆီမရှိသောသတို့သမီး ၅ယောက်သည် ယေရှု၏ညင်းပယ်ခြင်းကိုခံရပြီးကျန်ရစ်ခဲ့၏။ ဆီသည်သန့်ရှင်းသော
ဝိညာဉ်တော်ကိုပုံဆောင်၏။ မိတ်ဆွေ…သန့်ရှင်းသောဝိညာဉ်တော်ကိုမညင်းပယ်မိပါစေနှင့်။
ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးအားလုံးကို သိရှိရယူနိုင်ပါစေ။ အာမင်။
မေတ္တာဖြင့်
ကိုဒီးဒီ
၂၅ ဂျုလိုင် ၂၀၁၅