SlideShare a Scribd company logo
1 of 86
Download to read offline
P 1 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မာယာများတဲ့ အကယ်ဒမီ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၇၊ ၂၀၁၂
၁၉၅၂ ခုနှစ်ကစတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့
နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနု ပညာရှင်များ၏ သရုပ်ဆောင်မှုအတတ်ပညာကို
အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန် ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀)
တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန် ဆုပေါင်း (၃၂၈) ဆု
ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင်
အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ်) နှင့် အမျိုးသားခေါင်း ဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင်အနုပညာရှင်များအား တလေးတစား အသိအမှတ်ပြုစွာဖြင့်
တက်ရောက်ချီးမြှင့် ခဲ့သေးသည်။
လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော
ကျွန်တော့်အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ်ရုပ်ရှင်ပိုးထသော
P 2 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
အရွယ်မှစ၍ မှတ်မိသလောက် (ဦး) ကောလိပ်ဂျင်နေဝင်း၊ (ဦး) ညွှန့်ဝင်း၊ (ဒေါ်) ကြည်ကြည်ဋ္ဌေး၊
(ဒေါ် )ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်) နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန်
သရုပ်ဆောင်ရာတွင် ထူးချွန်ထက်မြက် သော ပရိသတ်၏နှလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော
အနုပညာရှင်ကြီးများဖြစ်သည်နှင့် အလျှောက် ထူးချွန်ထက်မြတ်သော အကယ် ဒမီ
ရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော်
ထိုဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး) ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး) ကျော်ဟိန်း
မည်မျှပင်သရုပ်ကောင်းသော်ငြားလည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ
လက်ဝယ်သို့ မရောက်ရှိခဲ့ ချေ။ ဘဘ ဦးသုခဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သော “အကာက အချစ်၊
အနှစ်က မေတ္တာ” ဟူသော ဇာတ်ကားတွင် ကတောင်းမြှောင် အောင်ကြိုက်သည့်အရုပ်ဖြင့်
ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံသြစရာတစ်ခု ဖြစ်ခဲ့ရသည်။
ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။
ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေး နှစ်မျှင်”
နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ်
မတိုင်ခင်ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင်
ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့်
ရင်းနှီးခဲ့သူ တစ်ယောက် လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်စတင်ဖြစ်သည့်
အချိန်ကာလများတွင် လူငယ်သရုပ်ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊
လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ်စားဆင်ယင်မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော်
ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု
ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင် ယင်မှုများကို အလေးသာခဲ့ရသည်။
ကျွန်တော်၏ အနုပညာသက်တမ်း (၅) နှစ်တာကာလသို့ရောက်ရှိသောအခါ သဘာဝဇာတ်ရုပ်များ၊
သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထိုကာလများတွင်ရိုက်ကူးခဲ့သော
“မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိ တာအချစ်လား”၊ “ချစ်မ” စသည့်
ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့ သည်။ ထိုစဉ်အခါက
ကျွန် တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော်
P 3 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။ ထို့ကြောင့်
စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ
တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော
တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ
ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန်တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား
ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန်တော့်အနေဖြင့်
ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက် ပန်းတိုင်အား တည့်တည့်မတ်မတ် ထိရောက်အောင်
ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။
ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင်
စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကား ဖြစ်ခဲ့သည်။
ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈
ခုနှစ်များတွင် အကယ်ဒမီထူးချွန် ဆု အခမ်းအနားများ နိုင်ငံတော်အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ
သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန် ဆုပွဲနှင့်
အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ ထို့ပြင်
ကျွန်တော်ရုပ်ရှင်လောကထဲသို့ရောက်ခဲ့ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို
သက်ဆိုင် ရာအနုပညာရှင်များအားဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ
ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ယောကျာ်းဖြစ်သူ သည်
ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်လည်ကောင်း၊ ဇနီးမောင်နှံနှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း
မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင်လုပ်ကိုင်နေပါမှ
ဇနီးမောင်နှံနှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ ခုနှစ် ၌ ရုပ်ရှင်အကယ်ဒမီ
ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန်ဖိတ်ကြားသောအခါ ကျွန်တော်၏ဖခင်နှင့်မိခင်တို့သည်
နိုင်ငံရပ်ခြားသို့ ရောက် ရှိနေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီအကဲဖြတ်ဘုတ်အဖွဲ့မှ
ဖိတ်စာဖိတ်ကြားရာတွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မ နေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်”
ကုမ္ပဏီကိုယ်စားတက်ရောက်မည့်သူတစ်ဦးပါ မဖြစ်မနေတက်ရောက်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုးစားဆုံးသရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော
ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီ ဟု ယုံကြည်မိခဲ့သည်။ ကျွန်တော်၏
စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှား နေမိတော့သည်။
သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်းစူးစိုက်
ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက် တမ်း (၆) နှစ်ကြာသည် အထိ
ထူးချွန်ဆု အကယ်ဒမီဆုကိုမရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော
ချို့တဲ့သည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုး ရနိုးနှင့် ဤ အကယ်ဒမီ
ထူးချွန်ဆုကြီးကို ဤတစ်ကြိမ်တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ ကျွန်တော်၏ဇနီးဖြစ်သူ
ရွှေဇီးကွက်မှလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကို
P 4 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ်အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို
ကြေငြာလိုက်သည့်အခါ …. “ဒိုး”။ အကောင်း ဆုံးသော အထူးချွန်ဆုံးသောဒါရိုက်တာဆုကို
ကြေငြာလိုက်သည့်အခါ …. “ဒိုး” ရုပ်ရှင်ဇာတ်ကားအားရိုက်ကူးသော ဒါရိုက်တာ ကြည်စိုး ထွန်း
ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါအဝင် ရုပ်ရှင်လောကသားများမှ
ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီဖြစ်သည်။
အကောင်းဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုရရှိသည်ဖြစ်ပါက
ထိုဇာတ်ကားထဲတွင် အကောင်း ဆုံးသော သရုပ်ဆောင်ဆုတစ်ဆု
အနည်းဆုံးရသင့်သည်မဟုတ်ပါလား။ ထိုအချိန်တွင် အခမ်းအနားအစီအစဉ်ကိုကြေငြာရာတွင်
စီစဉ်တင် ဆက်သူ (အမည်မမှတ်မိ) မှ ကြေငြာရာတွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော
အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကို ရရှိ သည့် အမျိုးသားသရုပ်ဆောင်မှာ
ကိုကျော် . . ကျော် . . ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ်
ကျွန်တော်၏အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မိ အနုပညာသမားများ၊ မှတ်တမ်းတင်
ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကား
ပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင် လောက်အောင်
ကင်မရာမီးရောင်များဖြင့် ဝေဝါး၍နေတော့သည်။ သို့ရာတွင် အစီအစဉ်တင်ဆက်သူ၏
ကိုကျော်ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ
ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲကာ
မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော်
အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ် ကျေးမှုကဇာတ်ရုံ) ခန်းမ မှ ပြေး၍ထွက်ခွာသွားတော့သည်။
အမျိုးအမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာကို ရရှိခဲ့သည်။ ကြေကွဲမှု၊
ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံပေါက်ကွဲမိသည်။
အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့်နေသော ဇနီးဖြစ်သူ
ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့
ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည်
ကျောက် တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့စုဝေးရာနှင့် ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင်
ပဲ့တင်ထပ်နေမည်ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကြေငြာသူတို့၏
ကြေငြာချက် ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက် ကွဲခဲ့ရသော
ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည်ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာသက်တမ်း၏
ပထမဦးဆုံးသော အကယ် ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။
P 5 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ
ဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင်
ကျွန်တော်ဝါသနာပါသော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန်အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့
ချေ။ ယင်းဇာတ်ကားတွင် ကျွန်တော်သည် ဇာတ်ကောင်တို့၏ စရိုက်များအားပေါ်လွင်ရန်
ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ် (ဒ်) အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့်
ရုပ်ရှင်ကြည့်ပရိတ်သတ်များ အထူးနှစ်သက်ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ် ခဲ့သည်။ ယင်း
၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ
ကလင့်အိစ်စ၀ုစ်(တ်) ရိုက်ကူးသော Untouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက်
ဓါတ်ပုံဆုကို Filter ချပ်များ အသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။
ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter အသုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း
သိရှိခဲ့ရတော့သည်။
နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို
နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင်
ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌
ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့်
ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ”
ဇာတ်ကားနှင့် အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနု တစ်ဦးသာ ရရှိခဲ့ပြန်သည်။
“မူပိုင်ချစ်သူ” ဇာတ်ကားတွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်
P 6 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ကွက်များအား ပြသရာတွင် ကျွန်တော် ၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို
တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက်
အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု တစ်ဆုမျှပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ်တွင်
အမျိုးသားသရုပ်ဆောင်တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း
ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော်
ဒုတိယအကြိမ်မြောက် အိနြေ္ဒမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင်
ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို
ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီးဦးဇော်လင်းနှင့်
အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကိုခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍
ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို
ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။
နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင်
ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ်အင်္ကျီ အပေါ်ကြယ်သီးအား
ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီသင်ခန်းစာအား
ရရှိခဲ့ပြန်သည်။
၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍စေ့စပ်ခြင်းကိုခံခဲ့ရသည်။ ထိုနှစ်တွင်
အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန် တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း
ယမကာမှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။
အခမ်းအနားသို့တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော်ငြင်းဆန်ခဲ့၍
ဖခင်ဖြစ်သူ စိတ်မကောင်း စွာဖြင့် ကျွန်တော်၏အိမ်မှထွက်ခွာသွားသည်။ ထိုနှစ်သည်
အကယ်ဒမီဆုပေးပွဲ သမိုင်းကာလတစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော အများပြည်သူ ကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော
အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစားကွင်းတွင် ပြည်သူလူထုအား
လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေ သော
အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အားရရှိစေလိုသောဆန္ဒများ ပြည့်ဝနေတော့သည်။
ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရသည်ဟု
သိရှိရသည်။ ပွဲအစီအစဉ်စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီး တစ်ဦးက
ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ဖခင်နှင့်
ကျွန်တော့်ကို သွားရောက် ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက်
အတင်းအကျပ်ခေါ်ဆောင်သွားတော့သည်။ ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့်တွေ့ရာ
လုံချည်တို့အားဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှအသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ်
ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော်
P 7 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ခုန်ဆင်းမှာကိုစိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော
ကားပေါ်မှဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ်
ဆက်ခဲ့သည်။ ပွဲခင်းထဲတွင် ကျွန်တော်ထိုင်စရာနေရာမရှိ၍ ဖျော်ဖြေရေးတီးဝိုင်းဘေးရှိခုံတွင်သာ
ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ကြေငြာသောအခါ ဒါရိုက်တာ
ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူ မရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူဟူ၍
ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့်
မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော
အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အား လေထဲသို့ မြှောက်တင်အားပေးကြသည်။
ထိုအချိန်တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေး
ပြောကြားခဲ့သောစကားသံ ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီ ဖြစ်သည်။
အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ
အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍မရနိုင်ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခုပေးပို့သော စာပါ
အနုပညာရှင်ကိုပြောချင်တာကတော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။”
ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာနှစ်သည်လည်း
အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူ ဆန္ဒအတိုင်း
ပြည့်ဝခဲ့ရသည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။
ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ
ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏စကားအတိုင်း
အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွား တော့သည်။
ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့်
ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကိုအသုံးချကာ
အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆုဆိုသော ရူးသွပ်မှု
ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။ ၂၀၀၃ ခုနှစ်တွင်
ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို
ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင်
ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည်
ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့်
လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ
ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂၀၀၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး”
P 8 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊
ကင်မရာရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင်မင်းသမီး ထွန်း အိန္ဒြာဗိုလ်၊
အဓိကဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံးအကြိမ်
ကျွန်တော်ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ
အကယ်ဒမီထူးချွန် ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍
မြန်မာ့ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင်
မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။
ယခု ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော
အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်ဟူ၍ ထူးခြားအံသြစွာဖြင့်
ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့ သည်။
“လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင်ဒါရိုက်တာတစ်ဦးကို
ဘာကြောင့်ဖိတ်ကြားရတာလဲ” ဟူ၍မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ
“အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြောကြားသည်။ ထပ်မံ၍ ကျွန် တော်က
“အရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ
နှစ်ယောက်စလုံးကိုဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားပြီ
ဒါကြောင့် မူလည်းပြောင်းသွားပြီ” ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန် တော့်အား
“ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦး စင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက်
ကြေငြာခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။
ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း
ကျွန်တော်ကျော်သူအတွက်တော့ ဘာမူမှမပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင်
ဒါရိုက်တာကျော်သူဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူဘဝသို့ တစ်နည်းအားဖြင့်
ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြားရေးဋ္ဌာနမှ ကျွန်တော့်အား
ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ပြောင်းလဲပေးခြင်း (တရားဝင်)
မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊
P 9 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ်။ မာယာများတဲ့
ရွှေစင်ရုပ်တုရယ်ဟုသာ ပြောကြားလိုက်ရပါတော့သည်။
ရှင်ကြီး ကျားထက်ဆိုး
ကျော်သူ
မတ်လ ၁၆၊ ၂၀၁၂
ကျွန်တော်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ
ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုး လေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ်
မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား”
ရုပ်ရှင်ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃
ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကိုရရှိခဲ့ကာ ယင်းဇာတ်
ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော
သူတစ်ယောက်လည်းဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ
နိုင်ငံတော်အကျိုးပြုဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေ သာကပွဲများ၊
P 10 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊
ဗီဒီယိုဇာတ်လမ်း များကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ
(ရွှေဝါရောင်တော်လှန်ရေး) မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ
အနုပညာလုပ်ခွင့်များကိုပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်သည်
ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊
အနုပညာလောကအတွင်းဖြစ်ပေါ်နေသောပြဿနာများကို အတွင်းကျကျသိ ရှိနေသူဖြစ်သည်။
အနုပညာလောက တွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊
ဒါရိုက်တာများနှင့် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍
ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်
တစ်ဖတ်တစ်လမ်းမှပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေး
ဆပ်ခဲ့သည့်အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို
မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန် တော်လုပ်ကိုင်ပေးဆပ်နေသောလုပ်ငန်းသည်
လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့်အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည် သို့ဖြစ်စေ
ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအားတိုက်ဖျက်ကာ
မိမိ၏ခံယူချက်၊ ဘဘ ဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ
အများပြည်သူတို့အတွက်ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။
ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား
နာရေးကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏
မဖြစ်မနေကြုံတွေ့ရမည့်အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ
အခက်အခဲများနှင့် ရန်သူမျိုးငါးပါးဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို
ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။
ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏
ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက် လိုခြင်း၊
အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ်
စည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်ဖြစ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကျွန်
တော်သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား
အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ်
မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည်
ရုပ်ရှင်ရိုက်ခွင့်မရရှိသေး သော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား
တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊
P 11 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ
ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။
ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ်
ပညာရှင်တစ်ဦးအား မိမိ၏ကိုယ်စားလှယ် အဖြစ်လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍
မြန်မာ့ရုပ်ရှင်အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား
တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊
ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်နေ၍
ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း ၀၀) နာရီခန့်တွင်
ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ “ကိုယ်တိုင်လာမယူ၍
မပေးနိုင်ကြောင်း” ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များကပြောကြားကြောင်း
အကြောင်းကြားခဲ့သည်။
ဤတွင် ကျွန်တော်မှ ပြန်လည်၍မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။
● ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား
ကိုယ်တိုင်ကိုယ်ကျလာယူမှပေးမည်ဟု ပြောခဲ့သော် လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား
တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ?
● နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း
အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ?
ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော
အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) အပြီး
ကျွန်တော်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင် တစ်ဦး၏
ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲလုပ်တာကိုး” ဟု
ဆရာကြီးပုံစံနဲ့ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦးပါဝင်နေခြင်းနှင့်
ဗိုလ်ချုပ်ခင်ညွှန့်အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော
အနုပညာ သမားများထဲမှ “ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ်”
ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြား သူအားအပုပ်ချခဲ့သော
ခွက်ပုံးအနုပညာသမားပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတောစဉ်းစားမိတော့သည်။ ယခု
မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်သော
ရုပ်ရှင်အနုပညာသည်များပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမ များအား
စည်းလုံးညီညွှတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို
ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍
P 12 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ
ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်မှ
အရေးယူပိတ်ပင်ခံထားရသော အနု ပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ
ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့
စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို
စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ပိတ်ပင်ခံထားရသောအနုပညာသမားများ ပြန်လည်၍
အနုပညာလောကတွင် သက်ဝင်လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။ သို့သော် ၂၀၀၇
ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများအပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ကိစ္စရပ်အား
မည်သည့် အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတို့မှ
နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြ စဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။
မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့်ပိတ်ပင်ခံရသူ အနုပညာ
ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေလိမ့်မည်။
သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင် လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော
လူမှုရေးလုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့်
မြန်မာ့ရုပ်ရှင်လောကတွင်ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊
ဇာတ်ပို့/ရံများ၊ လူကြမ်းသရုပ်ဆောင် များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်
ပြန်ကြားရေးဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊
ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော်
ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက်
ကျွန်တော်၏ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ်ထိတွေ့
ပေးဆပ်နေရမှုကို ကျေနပ်ပီတိဖြစ်ခဲ့ပါသည်။
ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဆောက်အဦးသို့ ဝင်ရောက်ပို့ ဆောင်ခဲ့ပါသည်။
ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ
ကားပေါ်မှဆင်း ချိန်တွင် မော်တော်ယာဉ်အနီးတွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍
လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား
အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာတစ်ဦးရောက်လာကာ “ဟေ့လူ …
ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကိုခံခဲ့ရသည်။
ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများ တွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို
ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန်နေရာပင်မဟုတ်ပါလား။ ကျွန်တော် သည်
မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ
လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ
P 13 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
လက်ထက်ရှိပြန်ကြားရေးဋ္ဌာနမှပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရ မည်ဖြစ်
သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊
ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက် ပွဲကော်မတီတွင်ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ
ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာ သမားများ
လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။
မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး
ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊
မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို
သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော်
မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ
စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ်
မြန်မာ့ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာ အောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို
မောင်နှမသဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့်ရည် ရွယ်ချက်များဖြင့်
ပြန်လည်၍ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း
တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့်
စိတ်ဓါတ်ကအရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ် တည်နေသောသူများအတွက်
“ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဟူ၍ မဖြစ်အောင်
အထူးသတိပြုစေလိုတော့သည်။
P 14 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၅၊ ၂၀၁၂
မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က
တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော်
ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊
ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက်
အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့်အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ
နားရက်မရှိ လုပ်ကိုင် ပေးဆပ်နေရ၍ ဖြစ်တော့သည်။
မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နားသော
ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို
အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏မိန့်ခွန်းအပြည့်အစုံကို ပြည် သူလူထု
တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။
P 15 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
● နိုင်ငံရေး
နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။
ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ – ကျွန်တော်လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင်
ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌
နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို
အင်းစိန်ထောင်ထဲသို့ မတရားထည့်သွင်းခံရခြင်းတို့ပင်ဖြစ်သည်။ ထို့နောက် ၇-တန်း ၈-
တန်းအရွယ်တွင် နိုင်ငံတော်၏အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ
အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက်
ကျွန်တော် ၏ အဖိုးနှင့်ဖခင်တို့ကို မတရားဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို
ဖိနှိပ် ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ)တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈
အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ်
ရူပဗေဒနှင့် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်စဉ်ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊
မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင်
ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေး ကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍
ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊
ရဟန်သံဃာများ များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏ တပည့် ဖြစ်သူ ကရင်အမျိုးသားလေး
“အဘီး” တစ်ယောက်လည်း အသက်ဆုံးခဲ့ရသည်။ ယင်းနောက် န.ဝ.တ စစ်အာဏာရှင်တို့၏
စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ကျောင်းသားပြည်သူများ အကျဉ်းကျ ခံခဲ့ရသည်။
သို့သော် ကျွန်တော်သည်နိုင်ငံရေးကို နားမလည်၊ မတရားမှုကိုသာ သိရှိခဲ့ရသည်။ ယင်းနောက်
ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်ရင်းနှင့် “အဖြူရောင်ကမ်ပိန်း” ဟုခေါ်သော အကျဉ်းကျ
ကျောင်းသားများ၏ မိသားစုဝင်တို့အား လိုက်လံအားပေးနှစ်သိမ့်ကျသော လှုပ်ရှားမှုတွင်
ကျွန်တော်ပါဝင် ခဲ့သည်။ ၈၈ ကျောင်းသားများ၏ ဆွမ်းကျွေးပွဲ၊ မင်္ဂလာပွဲတို့ကို
ကျွန်တော်တက်ရောက်ခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်။ လူသားခြင်း
စာနာထောက်ထားသော စိတ်ဓါတ်နှင့်သာ လုပ်ဆောင်ခဲ့ သည်ဟု ခံယူခဲ့သည်။ ထို့နောက် ၂၀၀၇
ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပေါ် လာခဲ့သော သံဃာ့အရေးအခင်း
(ရွှေဝါရောင်တော်လှန်ရေး)တွင် သံဃာတော်များ နေပူမိုးရွာမရှောင် ဖိနပ် မပါပဲ
ဆုတောင်းမေတ္တာပို့မှုတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု
များပြုလုပ်ခဲ့သည်။ ယင်းအတွက် န.အ.ဖ အာဏာရှင်တို့မှ ဖမ်းဆီးကာ စစ်ကြောရေးစခန်းသို့ (၈)
ရက် တိုင်တိုင် ရောက်ခဲ့ရပြန်သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်သေး။
ဘာသာတရားကို ကြည် ညိုမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက်
ပေးဆပ်ခဲ့မှု၏ရလဒ်ကား အနု ပညာလောကထဲမှ ထုတ်ပယ်ခံရခြင်းပင် ဖြစ်တော့သည်။
အချုပ်ဆိုသော် . . . ကျွန်တော်သည် နိုင်ငံရေး ကိုမသိ။ နိုင်ငံရေးကို နားမလည်၊ မယုံကြည်၊ မနှစ်မြို့၊
ရွံရှာခဲ့သည်။ ရွံ့မုန်းမိတော့သည်။
P 16 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ယခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တစ်နှစ်ပြည့်သောနေ့တွင် အများပြည်သူတို့ ယုံယုံကြည်
ကြည်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို အပ်နှင်းခံထားရသည့်အတွက် မိဘပြည်သူများကို
ဦးထိပ် ထားပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။
ယခုအစိုးရသည် နောက်နှစ်ပေါင်းများစွာအတွက် အလှည့်အပြောင်းဖြစ်သလို
အနာဂတ်သားစဉ်မျိုးဆက်များအတွက်လည်း သမိုင်းတွင်စေမည့် စတင်ခြင်းအသစ်ဖြစ်ကြောင်း၊
မိဘပြည်သူများအတွက် ယခုကဲ့သို့ ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ၊ စံနမူနာ သာဓကပြုဖွယ်ရာ
အောင်မြင်တဲ့ကူးပြောင်းမှုကြီးကို ဆောင်ရွက်ခဲ့ခြင်းသည် အစိုးရချည်း သက်သက်မဟုတ်ကြောင်း
နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊
တိုင်းရင်းသားခေါင်းဆောင်များ၊ တရားစီရင်ရေးမဏ္ဍိုင်များ၊ မီဒီယာများ စသည်တို့အားလုံးတို့က
စည်းလုံးညီညွှတ်စွာ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊
နိုင်ငံသားများအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းကြပြီး မတူညီတာတွေကိုဖယ်
တူညီတာတွေကို ပူးပေါင်း လုပ်ကိုင်သွားကြမည်ဆိုပါက ဒီမိုကရေစီသည် ခိုင်မာသည်ထက်
ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ်
ခိုင်မာရင့်သန်လာစေရန် ခိုင်မာတောင့်တင်းသော နိုင်ငံရေးမျိုး ဆက်သစ်များလိုအပ်ကြောင်း၊
မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ စုပေါင်းစွမ်းအားနှင့် နိုင်ငံ တည်ဆောက် သွားနိုင်ရေးသည်
ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း
ပြောကြားခဲ့ သည့်အတွက် ကျွန်တော်သည် နိုင်ငံရေးအပေါ် သမ္မတကြီးမှ ယခုကဲ့သို့ ပြောကြားသော
စကားလုံးများကြောင့် ကျေနပ်မိတော့သည်။ ဝမ်းမြောက်မိတော့သည်။ နိုင်ငံရေး ကောင်းခြင်း
ဆိုးခြင်းတို့သည် နိုင်ငံတော်ကို အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်များပေါ်တွင်သာ တည်
တော့သည်ဟူ၍ နားလည် သွားတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . . နိုင်ငံရေး။
● စီးပွားရေး
ကျွန်တော်စီးပွားရေးကို နားမလည်။ မကျွမ်းကျင်။ အဆုံးစွန်ဆုံးပြောရသော် ရုပ်ရှင်လောကတွင်
သရုပ်ဆောင်အဖြစ် ကျင်လည်စဉ် ကာလများ၌ ကျွန်တော့်အား ထုတ်လုပ်သူမှ
သရုပ်ဆောင်ကြေးငွေများပေးသော် ကျွန်တော်ပိုက်ဆံ မရေတွက်တတ်။ ငွေကြေးကို မကိုင်
ဆောင်တတ်။ ဇနီးဖြစ်သူအား အိမ်သို့ရောက်လျှင် ထိုငွေကြေးတို့ကို ထိုးအပ်၊
ငွေကြေးကွာဟမှုများဖြစ်သည့်အခါ ကွာဟ၊ လိုသည့်အခါ တွင် လို၊ ထုတ်လုပ်သူကို ပြန်ပြော၊
ပြန်တောင်းနှင့် သံသရာလည်နေခဲ့သူတစ်ယောက်ဖြစ်သည်။ အနုပညာမှလွဲ၍ မည်သည့် စီးပွားရေးမှ
မလုပ်တတ်။ လုပ်ခဲ့ရင်လည်း မအောင်မြင်ခဲ့။ ဤမျှလောက်ကို စီးပွားရေးကျွမ်းကျင်သူ
တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကို ကျွန်တော်ရွံမုန်းခဲ့သည်။
သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ သွင်းကုန်ပို့ကုန်
လိုင်စင်များ၊ ပို့ကုန်နှင့်ပတ်သက်သော အခွန်အခများကို လျှော့ချဖယ်ရှားပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ
P 17 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
လဲလှယ်မှု နှုန်းထားများ ပြောင်းလဲပေးခြင်း၊ ဆန်စပါးတင်ပို့ခွင့်များ ဖန်တီးပေးခြင်း၊ စက်သုံးဆီ၊
တယ်လီဖုန်း၊ မော် တော်ကားဈေးနှုန်းများကို ကျဆင်းလာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊
အများပိုင်ကုမ္ပဏီများ တိုးပွားရှင်သန် စေခြင်း၊ စက်မှုလုပ်ငန်းများတိုးမြင့်ပေးခဲ့ခြင်း၊
ပြည်တွင်း/ပတတ်သိပညာရှင်များ၏ တန်ဖိုးကြီးမားသော အကြံဉာဏ်များကို အလေးအနက် ထားပြီး
ပြည်သူလူထုတို့၏ စီးပွားရေးကိုမြှင့်တင်ပေးခြင်း၊ ယခင် မ.ဆ.လခေတ်က ပုဂ္ဂလိကပိုင်
စက်ရုံ/အလုပ်ရုံများကို အစိုးရပိုင်အဖြစ်သိမ်းပိုက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ
အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမှုကို လူတစ်စု
လက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမှုများ မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို
အဟန့်အတားမဖြစ်စေ ရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်နေကြောင်းများကို ကြားသိရ၍
စီးပွားရေးကို ကျွန်တော် ကျေနပ်မိ ပြန်တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည်. . . စီးပွားရေး။
● ပညာရေး
ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော် နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင်
ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင်
တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံ လူသားတစ်ဦးဖြစ်ခဲ့ရသည်။
ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။
ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရော ပေါ့။ ပညာရေးကို
အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်။
သို့သော် ယခုသမ္မတကြီး၏ မိန့်ခွန်းမှာ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး
ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊
ပြုပြင်ပြောင်းလဲ ရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်
ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့်
တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့
အင်တာနက်ချိတ်ဆက် မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို
လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက်
များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော
စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့်
ကျေနပ်မိပါတော့သည် . . . ပညာရေး။
● ကျန်းမာရေး
ကျန်းမာရေးနှင့်ပတ်သက်၍ ကျွန်တော် မကောင်းမွန်လှ။ နေ့တစ်မျိုး ညတစ်မျိုးဖြစ်နေသည်။
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013
Kyawthu2013

More Related Content

Viewers also liked

Dimensional Design Hospitality Deck
Dimensional Design Hospitality DeckDimensional Design Hospitality Deck
Dimensional Design Hospitality Deck
Dimensional Design
 
Muerte en el priorato
Muerte en el prioratoMuerte en el priorato
Muerte en el priorato
ingridpardo
 
Augalai ir vanduo
Augalai ir vanduoAugalai ir vanduo
Augalai ir vanduo
makonf2013
 
Dimensional Design Graphics Deck
Dimensional Design Graphics DeckDimensional Design Graphics Deck
Dimensional Design Graphics Deck
Dimensional Design
 
Dimensional Design Retail Deck
Dimensional Design Retail DeckDimensional Design Retail Deck
Dimensional Design Retail Deck
Dimensional Design
 
P diagnostico matematicas_08_07_los_regalos
P diagnostico matematicas_08_07_los_regalosP diagnostico matematicas_08_07_los_regalos
P diagnostico matematicas_08_07_los_regalos
Asun Vidal
 

Viewers also liked (17)

Top 14 facilities interview tips
Top 14 facilities interview tipsTop 14 facilities interview tips
Top 14 facilities interview tips
 
Etude de Rémunérations Informatique 2013-2014
Etude de Rémunérations Informatique 2013-2014Etude de Rémunérations Informatique 2013-2014
Etude de Rémunérations Informatique 2013-2014
 
2013 bw social strategyworksheet
2013 bw social strategyworksheet2013 bw social strategyworksheet
2013 bw social strategyworksheet
 
Office 2013 reference card
Office 2013 reference cardOffice 2013 reference card
Office 2013 reference card
 
Dimensional Design Hospitality Deck
Dimensional Design Hospitality DeckDimensional Design Hospitality Deck
Dimensional Design Hospitality Deck
 
Muerte en el priorato
Muerte en el prioratoMuerte en el priorato
Muerte en el priorato
 
Etude de Rémunérations Immobilier & Construction 2013-2014
Etude de Rémunérations Immobilier & Construction 2013-2014Etude de Rémunérations Immobilier & Construction 2013-2014
Etude de Rémunérations Immobilier & Construction 2013-2014
 
Augalai ir vanduo
Augalai ir vanduoAugalai ir vanduo
Augalai ir vanduo
 
Past tenses (Minulé časy)
Past tenses (Minulé časy) Past tenses (Minulé časy)
Past tenses (Minulé časy)
 
Dimensional Design Graphics Deck
Dimensional Design Graphics DeckDimensional Design Graphics Deck
Dimensional Design Graphics Deck
 
Etude de Rémunérations Ingénieurs & Techniciens 2013-2014
Etude de Rémunérations Ingénieurs & Techniciens 2013-2014Etude de Rémunérations Ingénieurs & Techniciens 2013-2014
Etude de Rémunérations Ingénieurs & Techniciens 2013-2014
 
Etude de Rémunérations Juridique & Fiscal 2013-2014
Etude de Rémunérations Juridique & Fiscal 2013-2014Etude de Rémunérations Juridique & Fiscal 2013-2014
Etude de Rémunérations Juridique & Fiscal 2013-2014
 
Etude de Rémunérations Ressources Humaines 2013-2014
Etude de Rémunérations Ressources Humaines 2013-2014Etude de Rémunérations Ressources Humaines 2013-2014
Etude de Rémunérations Ressources Humaines 2013-2014
 
Dimensional Design Retail Deck
Dimensional Design Retail DeckDimensional Design Retail Deck
Dimensional Design Retail Deck
 
Arduino vs S4A
Arduino vs S4AArduino vs S4A
Arduino vs S4A
 
sexe
sexesexe
sexe
 
P diagnostico matematicas_08_07_los_regalos
P diagnostico matematicas_08_07_los_regalosP diagnostico matematicas_08_07_los_regalos
P diagnostico matematicas_08_07_los_regalos
 

More from Zaw Aung

David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
Zaw Aung
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
Zaw Aung
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
Zaw Aung
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
Zaw Aung
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
Zaw Aung
 

More from Zaw Aung (20)

Heart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcsHeart.sayaboat.jan2011.jbcs
Heart.sayaboat.jan2011.jbcs
 
Islam.expending.2014.rev3
Islam.expending.2014.rev3Islam.expending.2014.rev3
Islam.expending.2014.rev3
 
Tithe.secular.and.god.principle
Tithe.secular.and.god.principleTithe.secular.and.god.principle
Tithe.secular.and.god.principle
 
David lah.2014., sermon articles
David lah.2014., sermon articlesDavid lah.2014., sermon articles
David lah.2014., sermon articles
 
Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018Clean coal technologies in japan.and.myanmar.electricity.2018
Clean coal technologies in japan.and.myanmar.electricity.2018
 
Clean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plantsClean Coal Technology & Haing oo.coal.fire.power.plants
Clean Coal Technology & Haing oo.coal.fire.power.plants
 
Coal.power.hlaingoo
Coal.power.hlaingooCoal.power.hlaingoo
Coal.power.hlaingoo
 
Electricity.2018.and.ppp
Electricity.2018.and.pppElectricity.2018.and.ppp
Electricity.2018.and.ppp
 
M zaw aung business post collection from facebook update
M zaw aung business post collection from facebook updateM zaw aung business post collection from facebook update
M zaw aung business post collection from facebook update
 
Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018Yangon.new.city.and.hdb.2018
Yangon.new.city.and.hdb.2018
 
Isreal.certificate.by.thein.thein
Isreal.certificate.by.thein.theinIsreal.certificate.by.thein.thein
Isreal.certificate.by.thein.thein
 
Electricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pagesElectricity.myanmar.rev5.oct2017.total 105pages
Electricity.myanmar.rev5.oct2017.total 105pages
 
Tour.oversea.burmese
Tour.oversea.burmeseTour.oversea.burmese
Tour.oversea.burmese
 
Than shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.ooThan shwe.book.by.thaung.wai.oo
Than shwe.book.by.thaung.wai.oo
 
Chinese100.burmese5
Chinese100.burmese5Chinese100.burmese5
Chinese100.burmese5
 
Electricity.myanmar.2016.by.government
Electricity.myanmar.2016.by.governmentElectricity.myanmar.2016.by.government
Electricity.myanmar.2016.by.government
 
Peter drucker-kw
Peter drucker-kwPeter drucker-kw
Peter drucker-kw
 
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung KhinUtmw ဦးတင်မောင်ဝင်း၊ by U Aung Khin
Utmw ဦးတင်မောင်ဝင်း၊ by U Aung Khin
 
Global myanmar youth conference 2017
Global myanmar youth conference 2017Global myanmar youth conference 2017
Global myanmar youth conference 2017
 
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
ှSEZ်for Myanmar to learn, VSIP.industrial.park.by.singapore.government.semb...
 

Kyawthu2013

  • 1. P 1 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မာယာများတဲ့ အကယ်ဒမီ ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဖေဖော်ဝါရီ ၇၊ ၂၀၁၂ ၁၉၅၂ ခုနှစ်ကစတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနု ပညာရှင်များ၏ သရုပ်ဆောင်မှုအတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန် ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန် ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ်) နှင့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင်အနုပညာရှင်များအား တလေးတစား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့် ခဲ့သေးသည်။ လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့်အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ်ရုပ်ရှင်ပိုးထသော
  • 2. P 2 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) အရွယ်မှစ၍ မှတ်မိသလောက် (ဦး) ကောလိပ်ဂျင်နေဝင်း၊ (ဦး) ညွှန့်ဝင်း၊ (ဒေါ်) ကြည်ကြည်ဋ္ဌေး၊ (ဒေါ် )ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်) နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန် သရုပ်ဆောင်ရာတွင် ထူးချွန်ထက်မြက် သော ပရိသတ်၏နှလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီးများဖြစ်သည်နှင့် အလျှောက် ထူးချွန်ထက်မြတ်သော အကယ် ဒမီ ရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော် ထိုဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး) ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး) ကျော်ဟိန်း မည်မျှပင်သရုပ်ကောင်းသော်ငြားလည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ လက်ဝယ်သို့ မရောက်ရှိခဲ့ ချေ။ ဘဘ ဦးသုခဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သော “အကာက အချစ်၊ အနှစ်က မေတ္တာ” ဟူသော ဇာတ်ကားတွင် ကတောင်းမြှောင် အောင်ကြိုက်သည့်အရုပ်ဖြင့် ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံသြစရာတစ်ခု ဖြစ်ခဲ့ရသည်။ ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။ ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေး နှစ်မျှင်” နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ် မတိုင်ခင်ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့် ရင်းနှီးခဲ့သူ တစ်ယောက် လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ်သရုပ်ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊ လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ်စားဆင်ယင်မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင် ယင်မှုများကို အလေးသာခဲ့ရသည်။ ကျွန်တော်၏ အနုပညာသက်တမ်း (၅) နှစ်တာကာလသို့ရောက်ရှိသောအခါ သဘာဝဇာတ်ရုပ်များ၊ သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထိုကာလများတွင်ရိုက်ကူးခဲ့သော “မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိ တာအချစ်လား”၊ “ချစ်မ” စသည့် ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့ သည်။ ထိုစဉ်အခါက ကျွန် တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော်
  • 3. P 3 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။ ထို့ကြောင့် စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန်တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက် ပန်းတိုင်အား တည့်တည့်မတ်မတ် ထိရောက်အောင် ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကား ဖြစ်ခဲ့သည်။ ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ်များတွင် အကယ်ဒမီထူးချွန် ဆု အခမ်းအနားများ နိုင်ငံတော်အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန် ဆုပွဲနှင့် အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ ထို့ပြင် ကျွန်တော်ရုပ်ရှင်လောကထဲသို့ရောက်ခဲ့ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို သက်ဆိုင် ရာအနုပညာရှင်များအားဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ယောကျာ်းဖြစ်သူ သည် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်လည်ကောင်း၊ ဇနီးမောင်နှံနှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင်လုပ်ကိုင်နေပါမှ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ ခုနှစ် ၌ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန်ဖိတ်ကြားသောအခါ ကျွန်တော်၏ဖခင်နှင့်မိခင်တို့သည် နိုင်ငံရပ်ခြားသို့ ရောက် ရှိနေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီအကဲဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာတွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မ နေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်” ကုမ္ပဏီကိုယ်စားတက်ရောက်မည့်သူတစ်ဦးပါ မဖြစ်မနေတက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုးစားဆုံးသရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီ ဟု ယုံကြည်မိခဲ့သည်။ ကျွန်တော်၏ စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှား နေမိတော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်းစူးစိုက် ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက် တမ်း (၆) နှစ်ကြာသည် အထိ ထူးချွန်ဆု အကယ်ဒမီဆုကိုမရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုး ရနိုးနှင့် ဤ အကယ်ဒမီ ထူးချွန်ဆုကြီးကို ဤတစ်ကြိမ်တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ ကျွန်တော်၏ဇနီးဖြစ်သူ ရွှေဇီးကွက်မှလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကို
  • 4. P 4 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ်အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး”။ အကောင်း ဆုံးသော အထူးချွန်ဆုံးသောဒါရိုက်တာဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး” ရုပ်ရှင်ဇာတ်ကားအားရိုက်ကူးသော ဒါရိုက်တာ ကြည်စိုး ထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါအဝင် ရုပ်ရှင်လောကသားများမှ ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီဖြစ်သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုရရှိသည်ဖြစ်ပါက ထိုဇာတ်ကားထဲတွင် အကောင်း ဆုံးသော သရုပ်ဆောင်ဆုတစ်ဆု အနည်းဆုံးရသင့်သည်မဟုတ်ပါလား။ ထိုအချိန်တွင် အခမ်းအနားအစီအစဉ်ကိုကြေငြာရာတွင် စီစဉ်တင် ဆက်သူ (အမည်မမှတ်မိ) မှ ကြေငြာရာတွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကို ရရှိ သည့် အမျိုးသားသရုပ်ဆောင်မှာ ကိုကျော် . . ကျော် . . ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ် ကျွန်တော်၏အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မိ အနုပညာသမားများ၊ မှတ်တမ်းတင် ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကား ပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင် လောက်အောင် ကင်မရာမီးရောင်များဖြင့် ဝေဝါး၍နေတော့သည်။ သို့ရာတွင် အစီအစဉ်တင်ဆက်သူ၏ ကိုကျော်ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲကာ မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ် ကျေးမှုကဇာတ်ရုံ) ခန်းမ မှ ပြေး၍ထွက်ခွာသွားတော့သည်။ အမျိုးအမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာကို ရရှိခဲ့သည်။ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံပေါက်ကွဲမိသည်။ အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့်နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည် ကျောက် တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့စုဝေးရာနှင့် ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည်ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကြေငြာသူတို့၏ ကြေငြာချက် ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက် ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည်ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာသက်တမ်း၏ ပထမဦးဆုံးသော အကယ် ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။
  • 5. P 5 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ ဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင် ကျွန်တော်ဝါသနာပါသော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန်အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့ ချေ။ ယင်းဇာတ်ကားတွင် ကျွန်တော်သည် ဇာတ်ကောင်တို့၏ စရိုက်များအားပေါ်လွင်ရန် ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ် (ဒ်) အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့် ရုပ်ရှင်ကြည့်ပရိတ်သတ်များ အထူးနှစ်သက်ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ် ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ ကလင့်အိစ်စ၀ုစ်(တ်) ရိုက်ကူးသော Untouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက် ဓါတ်ပုံဆုကို Filter ချပ်များ အသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter အသုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း သိရှိခဲ့ရတော့သည်။ နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင် ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားနှင့် အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနု တစ်ဦးသာ ရရှိခဲ့ပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်
  • 6. P 6 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ကွက်များအား ပြသရာတွင် ကျွန်တော် ၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု တစ်ဆုမျှပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ်တွင် အမျိုးသားသရုပ်ဆောင်တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယအကြိမ်မြောက် အိနြေ္ဒမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီးဦးဇော်လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကိုခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ်အင်္ကျီ အပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီသင်ခန်းစာအား ရရှိခဲ့ပြန်သည်။ ၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍စေ့စပ်ခြင်းကိုခံခဲ့ရသည်။ ထိုနှစ်တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန် တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း ယမကာမှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။ အခမ်းအနားသို့တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော်ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မကောင်း စွာဖြင့် ကျွန်တော်၏အိမ်မှထွက်ခွာသွားသည်။ ထိုနှစ်သည် အကယ်ဒမီဆုပေးပွဲ သမိုင်းကာလတစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အများပြည်သူ ကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစားကွင်းတွင် ပြည်သူလူထုအား လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေ သော အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အားရရှိစေလိုသောဆန္ဒများ ပြည့်ဝနေတော့သည်။ ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရသည်ဟု သိရှိရသည်။ ပွဲအစီအစဉ်စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီး တစ်ဦးက ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ဖခင်နှင့် ကျွန်တော့်ကို သွားရောက် ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက် အတင်းအကျပ်ခေါ်ဆောင်သွားတော့သည်။ ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့်တွေ့ရာ လုံချည်တို့အားဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှအသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ် ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော်
  • 7. P 7 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ခုန်ဆင်းမှာကိုစိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော ကားပေါ်မှဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ် ဆက်ခဲ့သည်။ ပွဲခင်းထဲတွင် ကျွန်တော်ထိုင်စရာနေရာမရှိ၍ ဖျော်ဖြေရေးတီးဝိုင်းဘေးရှိခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ကြေငြာသောအခါ ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူ မရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူဟူ၍ ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့် မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အား လေထဲသို့ မြှောက်တင်အားပေးကြသည်။ ထိုအချိန်တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေး ပြောကြားခဲ့သောစကားသံ ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍မရနိုင်ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခုပေးပို့သော စာပါ အနုပညာရှင်ကိုပြောချင်တာကတော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာနှစ်သည်လည်း အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူ ဆန္ဒအတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။ ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွား တော့သည်။ ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့် ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကိုအသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆုဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။ ၂၀၀၃ ခုနှစ်တွင် ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည် ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂၀၀၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး”
  • 8. P 8 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင်မင်းသမီး ထွန်း အိန္ဒြာဗိုလ်၊ အဓိကဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံးအကြိမ် ကျွန်တော်ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီထူးချွန် ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ မြန်မာ့ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။ ယခု ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်ဟူ၍ ထူးခြားအံသြစွာဖြင့် ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့ သည်။ “လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင်ဒါရိုက်တာတစ်ဦးကို ဘာကြောင့်ဖိတ်ကြားရတာလဲ” ဟူ၍မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြောကြားသည်။ ထပ်မံ၍ ကျွန် တော်က “အရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံးကိုဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားပြီ ဒါကြောင့် မူလည်းပြောင်းသွားပြီ” ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန် တော့်အား “ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦး စင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက် ကြေငြာခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။ ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူအတွက်တော့ ဘာမူမှမပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြားရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ပြောင်းလဲပေးခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊
  • 9. P 9 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ်။ မာယာများတဲ့ ရွှေစင်ရုပ်တုရယ်ဟုသာ ပြောကြားလိုက်ရပါတော့သည်။ ရှင်ကြီး ကျားထက်ဆိုး ကျော်သူ မတ်လ ၁၆၊ ၂၀၁၂ ကျွန်တော်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုး လေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကိုရရှိခဲ့ကာ ယင်းဇာတ် ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော သူတစ်ယောက်လည်းဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြုဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေ သာကပွဲများ၊
  • 10. P 10 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်း များကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကိုပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်သည် ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်းဖြစ်ပေါ်နေသောပြဿနာများကို အတွင်းကျကျသိ ရှိနေသူဖြစ်သည်။ အနုပညာလောက တွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေး ဆပ်ခဲ့သည့်အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန် တော်လုပ်ကိုင်ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့်အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည် သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူဝါဒများအားတိုက်ဖျက်ကာ မိမိ၏ခံယူချက်၊ ဘဘ ဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည်သူတို့အတွက်ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။ ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား နာရေးကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေကြုံတွေ့ရမည့်အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါးဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။ ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက် လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်ဖြစ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကျွန် တော်သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်မရရှိသေး သော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊
  • 11. P 11 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။ ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ကိုယ်စားလှယ် အဖြစ်လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင်အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း ၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ “ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များကပြောကြားကြောင်း အကြောင်းကြားခဲ့သည်။ ဤတွင် ကျွန်တော်မှ ပြန်လည်၍မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။ ● ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျလာယူမှပေးမည်ဟု ပြောခဲ့သော် လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ? ● နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ? ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကျွန်တော်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင် တစ်ဦး၏ ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲလုပ်တာကိုး” ဟု ဆရာကြီးပုံစံနဲ့ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦးပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့်အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော အနုပညာ သမားများထဲမှ “ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ်” ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြား သူအားအပုပ်ချခဲ့သော ခွက်ပုံးအနုပညာသမားပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတောစဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်သော ရုပ်ရှင်အနုပညာသည်များပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမ များအား စည်းလုံးညီညွှတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍
  • 12. P 12 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်မှ အရေးယူပိတ်ပင်ခံထားရသော အနု ပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ပိတ်ပင်ခံထားရသောအနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင်လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။ သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများအပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ကိစ္စရပ်အား မည်သည့် အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတို့မှ နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြ စဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်မှ အနုပညာလုပ်ခွင့်ပိတ်ပင်ခံရသူ အနုပညာ ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင် လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေးလုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင်ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်းသရုပ်ဆောင် များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော်၏ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ်ထိတွေ့ ပေးဆပ်နေရမှုကို ကျေနပ်ပီတိဖြစ်ခဲ့ပါသည်။ ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဆောက်အဦးသို့ ဝင်ရောက်ပို့ ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ ကားပေါ်မှဆင်း ချိန်တွင် မော်တော်ယာဉ်အနီးတွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာတစ်ဦးရောက်လာကာ “ဟေ့လူ … ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကိုခံခဲ့ရသည်။ ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများ တွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန်နေရာပင်မဟုတ်ပါလား။ ကျွန်တော် သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ
  • 13. P 13 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) လက်ထက်ရှိပြန်ကြားရေးဋ္ဌာနမှပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရ မည်ဖြစ် သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက် ပွဲကော်မတီတွင်ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာ သမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။ မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာ အောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမသဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့်ရည် ရွယ်ချက်များဖြင့် ပြန်လည်၍ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်ကအရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ် တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူးသတိပြုစေလိုတော့သည်။
  • 14. P 14 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၅၊ ၂၀၁၂ မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့်အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင် ပေးဆပ်နေရ၍ ဖြစ်တော့သည်။ မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နားသော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏မိန့်ခွန်းအပြည့်အစုံကို ပြည် သူလူထု တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။
  • 15. P 15 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ● နိုင်ငံရေး နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။ ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ – ကျွန်တော်လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင် ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌ နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို အင်းစိန်ထောင်ထဲသို့ မတရားထည့်သွင်းခံရခြင်းတို့ပင်ဖြစ်သည်။ ထို့နောက် ၇-တန်း ၈- တန်းအရွယ်တွင် နိုင်ငံတော်၏အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက် ကျွန်တော် ၏ အဖိုးနှင့်ဖခင်တို့ကို မတရားဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဖိနှိပ် ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ)တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈ အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ် ရူပဗေဒနှင့် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်စဉ်ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊ မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေး ကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍ ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊ ရဟန်သံဃာများ များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏ တပည့် ဖြစ်သူ ကရင်အမျိုးသားလေး “အဘီး” တစ်ယောက်လည်း အသက်ဆုံးခဲ့ရသည်။ ယင်းနောက် န.ဝ.တ စစ်အာဏာရှင်တို့၏ စစ်ဆေးမေးမြန်းခြင်းကို ကျွန်တော်ခံခဲ့ရသည်။ ကျောင်းသားပြည်သူများ အကျဉ်းကျ ခံခဲ့ရသည်။ သို့သော် ကျွန်တော်သည်နိုင်ငံရေးကို နားမလည်၊ မတရားမှုကိုသာ သိရှိခဲ့ရသည်။ ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် လုပ်ကိုင်ရင်းနှင့် “အဖြူရောင်ကမ်ပိန်း” ဟုခေါ်သော အကျဉ်းကျ ကျောင်းသားများ၏ မိသားစုဝင်တို့အား လိုက်လံအားပေးနှစ်သိမ့်ကျသော လှုပ်ရှားမှုတွင် ကျွန်တော်ပါဝင် ခဲ့သည်။ ၈၈ ကျောင်းသားများ၏ ဆွမ်းကျွေးပွဲ၊ မင်္ဂလာပွဲတို့ကို ကျွန်တော်တက်ရောက်ခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်။ လူသားခြင်း စာနာထောက်ထားသော စိတ်ဓါတ်နှင့်သာ လုပ်ဆောင်ခဲ့ သည်ဟု ခံယူခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပေါ် လာခဲ့သော သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး)တွင် သံဃာတော်များ နေပူမိုးရွာမရှောင် ဖိနပ် မပါပဲ ဆုတောင်းမေတ္တာပို့မှုတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းမှု များပြုလုပ်ခဲ့သည်။ ယင်းအတွက် န.အ.ဖ အာဏာရှင်တို့မှ ဖမ်းဆီးကာ စစ်ကြောရေးစခန်းသို့ (၈) ရက် တိုင်တိုင် ရောက်ခဲ့ရပြန်သည်။ သို့သော် ကျွန်တော်နိုင်ငံရေးကို နားမလည်သေး။ ဘာသာတရားကို ကြည် ညိုမှုဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမျိုးဘာသာ သာသနာအတွက် ပေးဆပ်ခဲ့မှု၏ရလဒ်ကား အနု ပညာလောကထဲမှ ထုတ်ပယ်ခံရခြင်းပင် ဖြစ်တော့သည်။ အချုပ်ဆိုသော် . . . ကျွန်တော်သည် နိုင်ငံရေး ကိုမသိ။ နိုင်ငံရေးကို နားမလည်၊ မယုံကြည်၊ မနှစ်မြို့၊ ရွံရှာခဲ့သည်။ ရွံ့မုန်းမိတော့သည်။
  • 16. P 16 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ယခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ တစ်နှစ်ပြည့်သောနေ့တွင် အများပြည်သူတို့ ယုံယုံကြည် ကြည်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို အပ်နှင်းခံထားရသည့်အတွက် မိဘပြည်သူများကို ဦးထိပ် ထားပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမည်ဟု ပြောကြားခဲ့သည်။ ယခုအစိုးရသည် နောက်နှစ်ပေါင်းများစွာအတွက် အလှည့်အပြောင်းဖြစ်သလို အနာဂတ်သားစဉ်မျိုးဆက်များအတွက်လည်း သမိုင်းတွင်စေမည့် စတင်ခြင်းအသစ်ဖြစ်ကြောင်း၊ မိဘပြည်သူများအတွက် ယခုကဲ့သို့ ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာ၊ စံနမူနာ သာဓကပြုဖွယ်ရာ အောင်မြင်တဲ့ကူးပြောင်းမှုကြီးကို ဆောင်ရွက်ခဲ့ခြင်းသည် အစိုးရချည်း သက်သက်မဟုတ်ကြောင်း နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တရားစီရင်ရေးမဏ္ဍိုင်များ၊ မီဒီယာများ စသည်တို့အားလုံးတို့က စည်းလုံးညီညွှတ်စွာ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါကြောင်း၊ နိုင်ငံသားများအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းကြပြီး မတူညီတာတွေကိုဖယ် တူညီတာတွေကို ပူးပေါင်း လုပ်ကိုင်သွားကြမည်ဆိုပါက ဒီမိုကရေစီသည် ခိုင်မာသည်ထက် ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာရင့်သန်လာစေရန် ခိုင်မာတောင့်တင်းသော နိုင်ငံရေးမျိုး ဆက်သစ်များလိုအပ်ကြောင်း၊ မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ စုပေါင်းစွမ်းအားနှင့် နိုင်ငံ တည်ဆောက် သွားနိုင်ရေးသည် ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးရဲ့ အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း ပြောကြားခဲ့ သည့်အတွက် ကျွန်တော်သည် နိုင်ငံရေးအပေါ် သမ္မတကြီးမှ ယခုကဲ့သို့ ပြောကြားသော စကားလုံးများကြောင့် ကျေနပ်မိတော့သည်။ ဝမ်းမြောက်မိတော့သည်။ နိုင်ငံရေး ကောင်းခြင်း ဆိုးခြင်းတို့သည် နိုင်ငံတော်ကို အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်များပေါ်တွင်သာ တည် တော့သည်ဟူ၍ နားလည် သွားတော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . . နိုင်ငံရေး။ ● စီးပွားရေး ကျွန်တော်စီးပွားရေးကို နားမလည်။ မကျွမ်းကျင်။ အဆုံးစွန်ဆုံးပြောရသော် ရုပ်ရှင်လောကတွင် သရုပ်ဆောင်အဖြစ် ကျင်လည်စဉ် ကာလများ၌ ကျွန်တော့်အား ထုတ်လုပ်သူမှ သရုပ်ဆောင်ကြေးငွေများပေးသော် ကျွန်တော်ပိုက်ဆံ မရေတွက်တတ်။ ငွေကြေးကို မကိုင် ဆောင်တတ်။ ဇနီးဖြစ်သူအား အိမ်သို့ရောက်လျှင် ထိုငွေကြေးတို့ကို ထိုးအပ်၊ ငွေကြေးကွာဟမှုများဖြစ်သည့်အခါ ကွာဟ၊ လိုသည့်အခါ တွင် လို၊ ထုတ်လုပ်သူကို ပြန်ပြော၊ ပြန်တောင်းနှင့် သံသရာလည်နေခဲ့သူတစ်ယောက်ဖြစ်သည်။ အနုပညာမှလွဲ၍ မည်သည့် စီးပွားရေးမှ မလုပ်တတ်။ လုပ်ခဲ့ရင်လည်း မအောင်မြင်ခဲ့။ ဤမျှလောက်ကို စီးပွားရေးကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးကို ကျွန်တော်ရွံမုန်းခဲ့သည်။ သို့သော် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲတွင် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ သွင်းကုန်ပို့ကုန် လိုင်စင်များ၊ ပို့ကုန်နှင့်ပတ်သက်သော အခွန်အခများကို လျှော့ချဖယ်ရှားပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ
  • 17. P 17 ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) လဲလှယ်မှု နှုန်းထားများ ပြောင်းလဲပေးခြင်း၊ ဆန်စပါးတင်ပို့ခွင့်များ ဖန်တီးပေးခြင်း၊ စက်သုံးဆီ၊ တယ်လီဖုန်း၊ မော် တော်ကားဈေးနှုန်းများကို ကျဆင်းလာအောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ အများပိုင်ကုမ္ပဏီများ တိုးပွားရှင်သန် စေခြင်း၊ စက်မှုလုပ်ငန်းများတိုးမြင့်ပေးခဲ့ခြင်း၊ ပြည်တွင်း/ပတတ်သိပညာရှင်များ၏ တန်ဖိုးကြီးမားသော အကြံဉာဏ်များကို အလေးအနက် ထားပြီး ပြည်သူလူထုတို့၏ စီးပွားရေးကိုမြှင့်တင်ပေးခြင်း၊ ယခင် မ.ဆ.လခေတ်က ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံများကို အစိုးရပိုင်အဖြစ်သိမ်းပိုက်ခဲ့သော်လည်း ယခု ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမှုကို လူတစ်စု လက်ဝယ်သို့ မရောက်ရှိစေရန်၊ မညီမှုများ မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတားမဖြစ်စေ ရန် အဘက်ဘက်မှ သုံးသပ်ဆောင်ရွက်နေကြောင်းများကို ကြားသိရ၍ စီးပွားရေးကို ကျွန်တော် ကျေနပ်မိ ပြန်တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည်. . . စီးပွားရေး။ ● ပညာရေး ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော် နားမလည်။ မတတ်ကျွမ်း။ မ.ဆ.လခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံ လူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်။ သို့သော် ယခုသမ္မတကြီး၏ မိန့်ခွန်းမှာ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲ ရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ် ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားသော အွန်လိုင်း စာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက်ချိတ်ဆက် မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ်ကိုင်သော လက် များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းစကားအရ ပညာရေးဟူသော စကားလုံးအား ကျွန်တော်ချစ်ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့် ကျေနပ်မိပါတော့သည် . . . ပညာရေး။ ● ကျန်းမာရေး ကျန်းမာရေးနှင့်ပတ်သက်၍ ကျွန်တော် မကောင်းမွန်လှ။ နေ့တစ်မျိုး ညတစ်မျိုးဖြစ်နေသည်။