SlideShare a Scribd company logo
1 of 10
Download to read offline
Service Innovation တွင် အိုင်တီ၏ အရေးပါမှု
Author: Sai Lin Naung
စကားချီး
၂၀၁၆ အလွန် မြန်မာနိုင်ငံကို မြင်ကြည့်မယ် ဆိုရင်ဖြင့် ပွင့်လင်းမြင်သာတဲ့ နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေး အရ
ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတော့မယ့် နိုင်ငံတစ်နိုင်ငံ အဖြစ် ကျွန်တော်မြင်မိပါတယ်။ သိသာမြင်သာတဲ့ ဥပမာ
တစ်ခုပြရ မယ်ဆိုရင်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်းတွေမှာ ကြည့်ရင်သိပါတယ်။ တယ်လီနော၊ အူရီဒူး၊
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဟာ ၄င်းတို့ရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု ပြိုင်ပွဲကြီးကို ၂၀၁၄ ကစခဲ့တာ
အခု ၂၀၁၆ မှာ ပြင်းပြင်းထန်ထန်ဖြစ်လာပြီး ပရိုမိုးရှင်းလို့ ခေါ်တဲ့ စားသုံးသူကိုလက်ယက်ခေါ်တဲ့
အထူးဝန်ဆောင်မှုတွေ ပေးပြီးတော့ အဟုန်ပြင်းပြင်း ပြိုင်ဆိုင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
တခြားတခြားသော Industry တွေမှာ လည်း ဒီလိုသဘောတရားမျိုးတွေ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့်တော့
ဝန်ဆောင်မှု အခြေပြုတဲ့ စီးပွားရေး လုပ်ငန်း (Service Industry) တွေ မှာ အများအားဖြင့် သတိထားမိရင်
သိနိုင်ပါတယ်။ Service Industry တွေမှာ ပြိုင်ဆိုင်မှုတွေများလာရတာကလည်း တနေ့တနေ့ ဒီ Industry
ထဲကို ၀င်လာတဲ့ စွန့်ဦးတီထွင်တွေကလည်း ထုနဲ့ ထည်းနဲ့ ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
အသေးစားအလတ်စား စီးပွားရေးလုပ်တဲ့ သူတွေ “စီးပွားရေးလုပ်ရတာ အရင်လိုမလွယ်တော့ဘူး”
ဆိုတာမျိုးတွေ ခဏခဏ ပြောတာကြားဖူးကြမှာပါ။ နောက်တခု ကျွန်တော်တို့ နိုင်ငံမှာ ထူးဆန်းတာက
စီးပွားရေးလုပ်ငန်းသစ် ပေါ်လာပြီး သိပ်မကြာပါဘူး သူလိုဆင်တူရိုးမှား စီးပွားရေးတွေက တရစပ်
2
ပေါ်လာတော့တာပါပဲ။ ဒါဟာ စိတ်ညစ်စရာတော့ မဟုတ်ပါဘူး၊ ကောင်းတဲ့လက္ခဏာပါ။ ဒါဟာ နိုင်ငံမှာ
အခွင့်အလမ်းကိုစောင့်နေတဲ့သူတွေ တော်တော်ကိုပေါတယ် ဆိုတဲ့ လက္ခဏာပါ။ ဒီလို ပြိုင်ဆိုင်မှုတွေ များတဲ့
အတွက်ကြောင့်လည်း ဟောတနေ့ ပေါ်လာပြန်ပြီ ကုမ္ဗဏီတခု ဟောပိတ်သွားပြန်ပြီ တခု။ ဟောဆိုင်တဆိုင်
ဟောပျောက်သွားပြန်ပြီ။ တကယ်တော့ ဒါဟာ အသေးစားအလတ်စား စီးပွားရေး ပြိုင်ဆိုင်မှု ဖိအား
(Competitive Pressure of SMEs) လို့ခေါ်ပါတယ်။
အသေးစားအလတ်စား စီးပွားရေး ပြိုင်ဆိုင်မှု ဖိအား (Competitive Pressure of SMEs)
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အဓိကမောင်းနှင်သူများကတော့ အသေးစားနဲ့ အလတ်စား
တပိုင်တနိုင် လုပ်ငန်းများပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ကြီးထွားမှုမှာ အရေးပါတဲ့ သူများပဲဖြစ်ပါတယ်။
နိုင်ငံမှာ အသေးစားအလတ်စား လုပ်ငန်းတွေများပြားခြင်းဟာ နိုင်ငံရဲ့ စီးပွားရေးမြင့်မားမှုကို ပြသနေခြင်းဖြစ်
သော်ငြားလည်း ထိုသို့ လုပ်ငန်းတူတွေများပြားခြင်းတို့ကြောင့် ပြိုင်ဆိုင်မှုတို့ကလည်း မြင့်မားလှပါတယ်။
အထက်ကတင်ပြထား တဲ့အတိုင်း ဒါကို အသေးစားအလတ်စား စီးပွားပြိုင်ဆိုင်မှု ဖိအား လို့ခေါ်ပါတယ်။ နိုင်ငံမှာ
အသေးစားအလတ်စား လုပ်ငန်းအရေအတွက်များလေလေ ဒီလိုပြိုင်ဆိုင်မှုတွေ များလေလေဖြစ်ပါတယ်။
အဲဒါရဲ့ ရလဒ် အနေနဲ့ တခါတလေ ကျွန်တော်တို့တတွေ မြင်တွေ့နိုင်ရတာက ဈေးကွက်တခုမှာ အပြိုင်အဆိုင်
ဈေးတွေလျှော့ချ၊ စားသုံးသူကိုစွဲဆောင်ကြနဲ့ တော်တော်ကို ဖိအားများနေတာ မြင်ရမှာ ဖြစ်ပါတယ်။ စားသုံးသူ
အတွက်ကတော့ အမြတ်ချည်း ပါဘဲ။ အောက်ဖော်ပြပါပုံမှာ အသေးစားအလတ်စား လုပ်ငန်းများရဲ့
ဖြစ်ပေါ်နေတဲ့ စီးပွားပြိုင်ဆိုင်မှု ဖိအားကို သရုပ်ပြထားခြင်းဖြစ်ပါတယ်။ လက်ရှိရပ်တည်နေတဲ့
လုပ်ငန်းအရေအတွက် ဟာ အသစ်ဖြစ်ပေါ်နှုန်း နဲ့ ပျက်စီးနှုန်း နှစ်ခုကြားမှာ ရှိပြီး ရပ်တည်နေတဲ့
လုပ်ငန်းတွေဟာ နိုင်ငံသားပိုင် လုပ်ငန်းတွေရယ်၊ နိုင်ငံခြားက ၀င်ရောက်လာတဲ့လုပ်ငန်းတွေနဲ့ပါ ပြိုင်ဆိုင်ရပ်
တည်ရပါတော့တယ်။ ပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ထုတ်ကုန်၊ ၀န်ဆောင်မှုတွေအတွက်
ဈေးနှုန်းလျော့ချခြင်း၊ စားသုံးသူ စွဲဆောင်လုယူခြင်းတို့ ဖြစ်ပေါ်လာပါတော့တယ်။
3
https://en.wikibooks.org/wiki/Small_and_Medium_Enterprises_and_ICT/SME_Adoption_of_ICT
အောက်ကပုံမှာကတော့ စံနမူနာပြ လုပ်ငန်းတစ်ခုရဲ့ စီးပွားပြိုင်ဆိုင်မှု ဖိအားကို တုန့်ပြန်တဲ့ ဖြစ်စဉ်ကို
ပြထားတာဘဲဖြစ်ပါတယ်။ ဒီလိုဈေးကွက်ရဲ့ ဖိအားကို ပုံမှန်အားဖြင့် အောက်ပါအချက်တွေနဲ့ တုန့်ပြန်
တတ်ကြပါတယ်။
• မိမိတို့ ထုတ်ကုန်၊ ၀န်ဆောင်မှုတို့ကို ပရိုမိုးရှင်းလုပ်ခြင်း
• ဈေးလျော့ချခြင်း၊ ကာလအချိန်တစ်ခု(သို့) ရာခိုင်နှုန်း အတိုင်းအတာတစ်ခု အထိ လျော့ဈေးပေးခြင်း
• ရှိပြီးသား ထုတ်ကုန်၊ ၀န်ဆောင်မှုတို့အပေါ် ဆန်းသစ်တီထွင်မှုပြုလုပ်ခြင်း
• အရောင်းဆိုင်ခွဲများ၊ ကိုယ်စားလှယ်များပေး၍ ချဲ့ထွင်ခြင်း
4
• မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရန် လုပ်ငန်းဆောင်တာများကို ဆန်းသစ်ပုံစံပြောင်း
ဆောင်ရွက်ခြင်း
https://en.wikibooks.org/wiki/Small_and_Medium_Enterprises_and_ICT/SME_Adoption_of_ICT
5
အထက်ဖော်ပြပါ အချက်တွေထဲကမှ Innovation လို့ခေါ်တဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ အသေးစားအလတ်စား
လုပ်ငန်းများကသာ ရှင်သန်ရပ်တည် ကြီးထွားသွားကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုပြိုင်ဆိုင်မှုတွေရဲ့ အဓိကသော့ချက်ကတော့ Innovation ဆန်းသစ်တီထွင်မှုပဲ ဖြစ်ပါတယ်။
ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင်ဖြင့် ၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း (Service Innovation) ပဲ
ဖြစ်ပါတယ်။ ၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း (Service Innovation) ကို အသေအချာ
လုပ်ဆောင်နိုင်သူတွေက ဈေးကွက်မှာ ကျန်ခဲ့ပြီး၊ သေချာမဖော်ဆောင် နိုင်သူတွေကတော့ ရှုံးနိမ့်ရပါတယ်။
ဆန်းသစ်တီထွင်မှု မရှိတဲ့ လုပ်ငန်းတွေဟာ ဆန်းသစ်တီထွင်မှု ရှိတဲ့လုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုကို ရေရှည်မှာ
ဘယ်လိုမှ တောင့်ခံ မထားနိုင်ပါဘူး။
အောက်ပါပုံကို ကြည့်ပါ။ Service Innovation ကို လုပ်ငန်းများမှာ အလျင်စလို လိုအပ်လာရခြင်း
အကြောင်းရင်း အဆင့်ဆင့်ကို တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။
6
Service Innovation ဟာပြိုင်ဆိုင်မှုရဲ့
အဓိကသော့ချက် ဖြစ်လာသည်
အကြံဥာဏ်ကောင်းများဟာ
အမြန်ကူးယူခံရပြီး၊ အသစ်ဖန်တီးဖို့
ဖိအား အစဉ်ဖြစ်နေသည်
ဈေးကွက်ဖြစ်ပေါ်မှုနဲ့ ပြောင်းလဲနှုန်းဟာ
ပိုပြီးလျင်မြန် လာသည်
စားသုံးသူတွေရဲ့ လိုအပ်ချက်က
ပိုမိုရှုပ်ထွေးပြီး
တောင်းဆိုမှုများပြားလာသည်
စားသုံးသူကိုသက်ရောက်မဲ့
နည်းပညာများဟာ
မြန်မြန်ထွက်ပေါ်လာရသည်
လုပ်ငန်းတူ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုပိုင်း တွေက
ကွဲပြားမှု နည်းပါးလာခြင်း၊ အားလုံးတန်းတူ လိုလို
ဖြစ်လာသည်
ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတို့ရဲ့
သက်တမ်းတိုလာပြီး အသစ်များဖြင့်
အစားထိုး ခံရလာသည်
7
Innovation နဲ့ ပတ်သက်လို့ နောက်တချက်က ဒီနေ့ခေတ်ဟာ အိုင်တီလို့ခေါ်တဲ့ သတင်းနည်းပညာခေတ်ပါ။
အိုင်တီကို ဘယ်လိုမှ မေ့ထားလို့ မရတော့တဲ့ ခေတ်ပါ။ အိုင်တီဟာ စီးပွားရေးနယ်ပယ်တော်တော်များများ ရဲ့
အခြေခံ အဆောက်အဦ ဖြစ်နေပါပြီ။ အိုင်တီကို အသုံးမပြုဘဲ မိရိုးဖလာအတိုင်း စီးပွားရှာနေမယ်ဆိုရင်
အခြားပြိုင်ဘက်တွေနဲု့ယှဉ်နိုင်ဖို့ တော်တော်ကို ကြိုးစားရပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောရရင် ဘယ်လိုမှ
မဖြစ်နိုင်ပါ။ ဈေးကွက်ထိုးဖောက်မှု အပိုင်း၊ မိမိလုပ်ငန်းကို စာရင်းဇယားများနဲ့ ပြန်လည်သုံးသပ်ခြင်း အပိုင်း
စတဲ့ စတဲ့ အပိုင်းတွေမှာ အိုင်တီ မပါလို့ ဒီခေတ်ထဲမှာ မဖြစ်တော့ပါ။
နောက်ပြီး ယနေ့ခေတ် အိုင်တီဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းကနဲ့ အရေးကြီးပုံခြင်း၊ ရပ်တည်ပုံခြင်း
အလွန်ကွာဟ ခဲ့ပါပြီ။ အိုင်တီရဲ့ အခန်းကဏ္တဟာ တဖြည်းဖြည်းချင်း ပြောင်းလဲနေပါပြီ။ အောက်ပါနှိုင်းယှဉ်
ဇယားမှာ ဖော်ပြထားပါတယ်။
လက်ရှိကျန်ရစ်နေသော အိုင်တီ ပြောင်းလဲရွေ့လျားလာသော အိုင်တီ
ယခင်တုန်းကနဲ့ လက်ရှိ ကျန်နေသေးတဲ့ အိုင်တီရဲ့
ပုံစံကတော့ အိုင်တီဟာ စီးပွားရေးလုပ်ငန်းများရဲ့
လိုအပ်ချက်ပေါ် မုတည်ပြီး လုပ်ဆောင်နေရပါတယ်။
အိုင်တီကို ထောက်ပံ့ရေး ဌာန တစ်ခု အနေနဲ့ပဲ
မြင်ကြလို့ပါ။
အိုင်တီဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့
ဦးဆောင်အဖွဲ့အစည်း အနေနဲ့ ရပ်တည်လာပြီး
ဝန်ဆောင်မှု အသစ်၊ နည်းစနစ် အသစ်တွေနဲ့
ဈေးကွက်တန်ဖိုး အသစ်တွေကို ဦးဆောင်ပြီး
ဖော်ဆောင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အိုင်တီဟာ လုပ်ငန်းပိုင်းဆိုင်ရာ စီးပွားရေးအဖွဲ့များ
(ဥပမာ- စီမံကွပ်ကဲရေးအဖွဲ့၊ မာကတ်တင်းအဖွဲ့များ၊
ရောင်းချခြင်းနှင့် ဖြန့်ချီရေးအဖွဲ့များ စသည်) ရဲ့
လိုအပ်ချက်တွေ အတိုင်းသာ တသွေမတိမ်း
လုပ်ဆောင်ကြရပါတယ်။
အိုင်တီဟာ ရှိပြီးသား ဆက်စပ်မှုတွေ၊
လုပ်ငန်းသဘာဝတွေ အပေါ် မူတည်ပြီး ၀န်ဆောင်မှု
အသစ်တွေနဲ့ ၀န်ဆောင်မှုအရ ပေးနိုင်တဲ့ အတွေ့ကြုံ
အသစ်တွေကို ဖော်ဆောင်ပြီး စားသုံးသူထံသို့
တိုက်ရိုက်တင်ဆက် ကြပါတယ်။ လုပ်ငန်း
လိုအပ်ချက်တွေ အိုင်တီ ကိုယ်တိုင်ရှာဖွေတင်ပြကြ
ပါတယ်။
အိုင်တီဟာ ထုတ်လုပ်သူ၊ ထောက်ပံ့သူ
အတွေးအခေါ် နဲ့ Systems တွေ Solutions တွေ
ကိုထုတ်လုပ် တည်ဆောက် ပါတယ်။ Requirement
လို့ခေါ်တဲ့ လိုအပ်ချက်တွေနဲ့ စီးပွားရေးအောင်မြင်မှု
တွေဟာ အိုင်တီနဲ့ မဆိုင်ပါဘူး ဆိုတဲ့ Mindset
အတွေးအခေါ်နဲ့ နေပါတယ်။
Service Logic ၀န်ဆောင်မှုဆိုင်ရာ ယုတ္တိဗေဒ
အတွေးအခေါ်ဟာ Goods Dominant ဆိုတဲ့
ထုတ်ကုန်အဓိကထား အတွေးအခေါ်မှ Service
Dominant (ထုတ်ကုန်ပေါ်မှ) ၀န်ဆောင်မှု
အဓိကထား အတွေးအခေါ် အဖြစ်ပြောင်း
လဲလာပါတယ်။ အိုင်တီနဲ့ အခြားဌာနတွေရဲ့
ဆက်စပ်မှုတွေ၊ ပူးပေါင်း ဆန်းသစ်မှုတွေဟာ
ပြောင်းလဲခဲ့ပါပြီ။ အတူတကွ လုပ်ဆောင်နေရပါပြီ။
8
အိုင်တီဟာ ကန့်လာကာ နောက်ကွယ်မှာ
တိတ်တိတ်လေးရှိခဲ့ကြတယ်။
အိုင်တီဟာ ရှေ့တန်းကို ရောက်ရှိလာပါတယ်။
ကုမ္ဗဏီတွေ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုနဲ့
ရှိရင်းစွဲတန်ဖိုးထားမှုတွေ အားလုံး ပြောင်းလဲ
သွားပါပြီ။ အိုင်တီအပေါ် အဖွဲ့အစည်းတွေရဲ့
အမြင်ဟာ အရေးပါတဲ့ ရှုထောင့် မျိုးနဲ့
ပြောင်းလဲခဲ့ပါပြီ။
အိုင်တီဟာ ယခင်က မိမိတို့ ကုမ္ဗဏီ အဖွဲ့အစည်း
အတွက်သာ လုပ်လုပ်ခဲ့ကြပါတယ်။ တနည်း
ပြောရရင် အထက်က အချက်နှစ်မှာ တင်ပြခဲ့
သလိုပါဘဲ မိမိတို့ အဖွဲ့အစည်းရဲ့ ဦးဆောင်မှု
အောက်မှာ ဘောင်ကျဉ်းကျဉ်း နဲ့
လုပ်ဆောင်ကြပါတယ်။ တချို့တွေကတော့ ဒါကို
အထက်မှအောက် (Tod Down Approach)
စီမံကွပ်ကဲနည်း အနေနဲ့ မြင်ပါတယ်။
အိုင်တီဟာ စားသုံးသူတွေအတွက် လုပ်ဆောင်
ပေးပြီး ထုတ်ကုန်တန်ဖိုးပြောင်းလဲမှု (သို့)
တန်ဖိုးကွန်ယက် (Value Chain/ Value Network)
ကို ဖော်ဆောင်ပါတယ်။ မိမိတို့
ကုမ္ဗဏီအဖွဲ့အစည်းကို ကျော်လွန်ပြီးတော့
စားသုံးသူကို ၀န်ဆောင်မှု အတွေ့အကြုံ အသစ်တွေ
တိုက်ရိုက်ပေးပါတယ်။
အိုင်တီက ကန့်သတ်ဘောင်ထဲမှာပဲ
လှုပ်ရှားခဲ့ကြတယ်။ တနည်းပြောရရင် ကုမ္ဗဏီနဲ့ သူ့ရဲ့
ဝန်ထမ်းများသာ သက်ရောက် ပါဝင်ခဲ့ကြတယ်။
Web 2.0 တို့၊ Cloud Services တို့၊ Open
Innovation စတဲ့ လူတိုင်းပါဝင်လို့ရတဲ့ Platform
များ ပေါ်ပေါက်လာခြင်းဟာ အိုင်တီမှာ Service
Dominant Logic ဖြစ်ထွန်းလာမှုကို ပြပါတယ်။
သူက မည်သူမဆို စိတ်ဝင်စားတဲ့သူတိုင်
ပါဝင်လို့ရတဲ့ ပလက်ဖောင်းတွေပါ။ ဒါ့ကြောင့်
Enterprise Boundaries ဆိုတဲ့ အဖွဲ့အစည်းရဲ့
ဘောင်ဟာ ရွေလျားခဲ့ပါပြီ။
မှတ်ချက်။ ။ Service Dominant Logic (SDL) အကြောင်းကို နောက်အခန်းများတွင်ရှင်းလင်းတင်ပြထားပါသည်။
ICT နည်းပညာအသုံးပြု SME များ၏ အားသာချက်များ
လက်ရှိ နှစ်အနည်းငယ် အတွင်းမှာပင် ကျွန်တော်တို့နိုင်ငံမှာ နည်းပညာတိုးတက်မှု၊ Mobile Penetration
(မိုဘိုင်းဖုန်းတို့ရဲ့ ဈေးကွက်အတွင်း ထိုးနှက်ဝင်ရောက်လာမှု)၊ လူဦးရေ တော်တော်များများ Facebook ၊
Twitter စတဲ့လူမှုကွန်ယက်များကို အသုံးပြုမှု မြင့်တက်လာမှုများမှာ ICT ၏ အခန်းကဏ္ဋကို
ဖော်ဆောင်နေခြင်းပင်ဖြစ်ပါတော့သည်။ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ Singapore ၊Vietnam ၊
Malaysia တို့ကို လေ့လာကြည့်မယ် ဆိုရင်လည်း ဒီနိုင်ငံတွေရဲ့ တိုးတက်မှုဟာ ICT အပေါ်မှာ အများကြီး
9
အခြေပြုထားတာကိုတွေ့ရပါလိမ့်မယ်။ Singapore နိုင်ငံမှာ ဆိုရင် ၁၉၇၀ လောက်ကစပြီး အစိုးရကိုယ်တိုင်
ကမကထပြုပြီး ICT အခြေပြု eGovermant ဖော်ဆောင်မှုတွေကို ၁၀ စုနှစ် မဟာဗျူဟာ
စီမံကိန်းတွေချမှတ်ခဲ့တာ လက်ရှိမှာဆို Collaboration မဟာဗျူဟာကို ကျင့်သုံးပြီး Smart City ဆိုတဲ့
နည်းပညာမြင့် မြို့တော် ရည်ရွယ်ချက်နဲ့ လှမ်းတက်နေပြီဖြစ်ပါတယ်။
ကဲ … ကျွန်တော်တို့တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘယ်လိုရင်ပေါင်တန်းကြမလဲ…။
SME (သို့) အသေးစားအလတ်စား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အနေနဲ့ မိမိလုပ်ငန်းမှာ ICT ကိုစတင်
အခြေခံ အုတ်မြစ်ချတော့မယ်ဆိုရင် … များသောအားဖြင့် ဖြစ်တတ် ကြတာက … ဟိုလူက ဟိုလိုအကြံပေးလို့
ဟို Software ၀ယ်သုံးလိုက်တယ် အဆင်မပြေဘူး၊ ဒီအဖွဲ့က ဒီလိုလုပ်ဖို့ ပြောပြီး သူတို့
လုပ်သလိုလုပ်လိုက်တယ် လုပ်ငန်းအတွက် ထူးထူးခြားခြား ဘာမှ ပြောင်းလဲ သွားခြင်းမရှိနဲ့ ဖြစ်တတ်
ကြပါတယ်။
ဒီတော့ ဒီမှာ ကျွန်တော်တင်ပြချင်တာက မိမိလုပ်ငန်းကို ICT နဲ့ မပြောင်းလဲခင် ပြောင်းလဲရမဲ့၊ သတိထားရမဲ့
အချက်လေးတွေတင်ပြလိုပါတယ် ခင်ဗျာ။
• Process Listing လုပ်ငန်းဆောင်တာများ စာရင်းပြုခြင်း။ ။ပထမဆုံး လုပ်ဆောင်ရမယ့် နံပါတ်တစ်
အချက်ကတော့ မိမိ လုပ်ငန်းရဲ့ Process လို့ခေါ်တဲ့ လုပ်ငန်းဆောင်တာ အဆင့်များကို
စာရင်းပြုလိုက်ပါ။
• Process Categorization လုပ်ငန်းဆောင်တာများ အပိုင်းလိုက်ခွဲခြင်း။ ။အထက် ဖော်ပြပါ အချက်က
ရလာတဲ့ လုပ်ငန်းဆောင်တာများကို တူညီတဲ့ အမျိုးအစားအလိုက် ခွဲဝေလိုက်ပါ။
• Data Analysis အချက်အလက် သုံးသပ်ခြင်း။ ။အဆင့် ၃ အနေနဲ့ ရလာတဲ့ လုပ်ငန်းဆောင်တာ
အမျိုးအစား အလိုက် အဲ့ဒီ Process Category မှာ သုံးတဲ့ စာရွက်စာတန်းများ၊ စာပေးစာယူစနစ်များမှာ
သုံးတဲ့ ဖောင်ပုံစံများ၊ စာဝင်စာထွက်များ၊ စသည်များ ထဲမှာပါတဲ့ အချက်အလက်ဖြန့်ဝေမှု
ပုံစံကိုလေ့လာ စာရင်းပြုပါ။ အချက်အလက်တွေပြည့်စုံ မှုမရှိသေးရင် ပြန်လည်ဆန်းစစ်ပါ။ (အကယ်၍
မိမိ လုပ်ငန်းက ရုံးလုပ်ငန်းပုံစံ သိပ်မဆန်တဲ့ အတွက် စာပေးစာယူစနစ် မရှိလည်း ဒီအဆင့်တွေကို
လုပ်ဆောင်လို့ရပါတယ်။ မိမိ Process မှာ ဘာတွေပါတယ်၊ ဘယ်အချက်တွေက
ဘယ်သူ့ဆီကနေလာပြီး ဘယ်သူ့ဆီကိုသွားတယ် ဆိုတာသိရင် ရပါပြီ။ ဥပမာ-စားသောက်ဆိုင်မှာ
10
စားပွဲထိုးက အစားအသောက်မှာတဲ့ အော်ဒါများကို ငွေစားရင်းရှင်းဆီ ပြောပြတာမျိုး၊ နောက်
စားဖိုဆောင်ကို အော်ဒါလှမ်းမှာတာမျိုး။)
• Filing ဖိုင်တွဲခြင်း၊ စာရင်း ထိမ်းသိမ်းခြင်း။ ။အထက်က အချက်အလက်တွေ သုံးသပ်လို့ ထွက်လာတဲ့
စာရင်းတွေ၊ စာဝင်စာထွက်ပုံစံတွေ ဘယ်လိုဖိုင်တွဲလည်း ကိုလေ့လာမှာဖြစ်ပါတယ်။ ဖိုင်တွဲခြင်း
စနစ်မရှိရင် စတင်ပြီးလုပ် ဆောင်နိုင်ပါတယ်။
• ဘယ် Process ကို IT ပြောင်းချင်တာလဲ၊ ပြောင်းမှာလဲ။ ။ HR process လား၊ Purchasing process
လား၊ Payroll process လား၊ Retail process လား၊ Reporting process လား၊ Operation process
လား၊ Finance process လား၊ စသည် စသည်လားပေါင်းများစွာ ကိုစဉ်းစားရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် အကြံပြုလို တာကတော့ တတ်သိ ပညာရှင် Business - IT Process
Consultancy စီးပွားနဲ့နည်းပညာ အကြံပေးများနဲ့ တိုင်ပင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
မဟုတ်ရင် မိမိ လုပ်ငန်းကို Website လုပ်ရုံ၊ Facebook Page လုပ်ရုံ လောက်နဲ့ ICT အသုံးချမှုက
ရပ်တန့် သွားပါလိမ့်မယ်။
• နောက်ဆုံး တစ်ခုကတော့ IT Solution Purchasing ပါ။ မိမိလုပ်ငန်းနဲ့ ကိုက်မဲ့ ICT အသုံးပြုမှု စနစ်ကို
ဝယ်ယူခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း သတိပေးလိုတာက မိမိနဲ့ တကယ်ကိုက်မှ
ဝယ်ယူရန်ဖြစ်ပါတယ်။
အထက်တင်ပြပါ အချက်တွေကို လေ့လာပြီးဆောင်ရွက်မယ် ဆိုရင်တော့ ကျွန်တော်တို့တွေရဲ့ လုပ်ငန်းတွေဟာ
ICT အရ အဆင့်မှီ စနစ်ကျတဲ့ အခြေခံအဆောင်အဦကို ရရှိမှာ ဖြစ်ပါတယ်။
ဒီလို အဆင့်မြှင့်တင်ပြီးသား လုပ်ငန်းတွေဆိုရင်တော့ အခြားသောပြိုင်ဘက်လုပ်ငန်းများနဲ့ Service
Innovation ၀န်ဆောင်မှု ဆန်းသစ်တီထွင်တဲ့ အပိုင်းမှာ သူနိုင်ကိုယ်နိုင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မှာပဲ
ဖြစ်ပါကြောင်း ဒီအခန်းရဲ့ နိဂုံး အနေနဲ့ ပြောကြားလိုပါတယ်။

More Related Content

Featured

Product Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsProduct Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsPixeldarts
 
How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthThinkNow
 
AI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfAI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfmarketingartwork
 
PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024Neil Kimberley
 
Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)contently
 
How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024Albert Qian
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsKurio // The Social Media Age(ncy)
 
Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Search Engine Journal
 
5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summarySpeakerHub
 
ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd Clark Boyd
 
Getting into the tech field. what next
Getting into the tech field. what next Getting into the tech field. what next
Getting into the tech field. what next Tessa Mero
 
Google's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentGoogle's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentLily Ray
 
Time Management & Productivity - Best Practices
Time Management & Productivity -  Best PracticesTime Management & Productivity -  Best Practices
Time Management & Productivity - Best PracticesVit Horky
 
The six step guide to practical project management
The six step guide to practical project managementThe six step guide to practical project management
The six step guide to practical project managementMindGenius
 
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...RachelPearson36
 
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...Applitools
 
12 Ways to Increase Your Influence at Work
12 Ways to Increase Your Influence at Work12 Ways to Increase Your Influence at Work
12 Ways to Increase Your Influence at WorkGetSmarter
 

Featured (20)

Product Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage EngineeringsProduct Design Trends in 2024 | Teenage Engineerings
Product Design Trends in 2024 | Teenage Engineerings
 
How Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental HealthHow Race, Age and Gender Shape Attitudes Towards Mental Health
How Race, Age and Gender Shape Attitudes Towards Mental Health
 
AI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdfAI Trends in Creative Operations 2024 by Artwork Flow.pdf
AI Trends in Creative Operations 2024 by Artwork Flow.pdf
 
Skeleton Culture Code
Skeleton Culture CodeSkeleton Culture Code
Skeleton Culture Code
 
PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024PEPSICO Presentation to CAGNY Conference Feb 2024
PEPSICO Presentation to CAGNY Conference Feb 2024
 
Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)Content Methodology: A Best Practices Report (Webinar)
Content Methodology: A Best Practices Report (Webinar)
 
How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024How to Prepare For a Successful Job Search for 2024
How to Prepare For a Successful Job Search for 2024
 
Social Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie InsightsSocial Media Marketing Trends 2024 // The Global Indie Insights
Social Media Marketing Trends 2024 // The Global Indie Insights
 
Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024Trends In Paid Search: Navigating The Digital Landscape In 2024
Trends In Paid Search: Navigating The Digital Landscape In 2024
 
5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary5 Public speaking tips from TED - Visualized summary
5 Public speaking tips from TED - Visualized summary
 
ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd ChatGPT and the Future of Work - Clark Boyd
ChatGPT and the Future of Work - Clark Boyd
 
Getting into the tech field. what next
Getting into the tech field. what next Getting into the tech field. what next
Getting into the tech field. what next
 
Google's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search IntentGoogle's Just Not That Into You: Understanding Core Updates & Search Intent
Google's Just Not That Into You: Understanding Core Updates & Search Intent
 
How to have difficult conversations
How to have difficult conversations How to have difficult conversations
How to have difficult conversations
 
Introduction to Data Science
Introduction to Data ScienceIntroduction to Data Science
Introduction to Data Science
 
Time Management & Productivity - Best Practices
Time Management & Productivity -  Best PracticesTime Management & Productivity -  Best Practices
Time Management & Productivity - Best Practices
 
The six step guide to practical project management
The six step guide to practical project managementThe six step guide to practical project management
The six step guide to practical project management
 
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
Beginners Guide to TikTok for Search - Rachel Pearson - We are Tilt __ Bright...
 
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...
Unlocking the Power of ChatGPT and AI in Testing - A Real-World Look, present...
 
12 Ways to Increase Your Influence at Work
12 Ways to Increase Your Influence at Work12 Ways to Increase Your Influence at Work
12 Ways to Increase Your Influence at Work
 

Ch1 role of IT in service innovation sector

  • 1. Service Innovation တွင် အိုင်တီ၏ အရေးပါမှု Author: Sai Lin Naung စကားချီး ၂၀၁၆ အလွန် မြန်မာနိုင်ငံကို မြင်ကြည့်မယ် ဆိုရင်ဖြင့် ပွင့်လင်းမြင်သာတဲ့ နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေး အရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတော့မယ့် နိုင်ငံတစ်နိုင်ငံ အဖြစ် ကျွန်တော်မြင်မိပါတယ်။ သိသာမြင်သာတဲ့ ဥပမာ တစ်ခုပြရ မယ်ဆိုရင်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းပိုင်းတွေမှာ ကြည့်ရင်သိပါတယ်။ တယ်လီနော၊ အူရီဒူး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဟာ ၄င်းတို့ရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု ပြိုင်ပွဲကြီးကို ၂၀၁၄ ကစခဲ့တာ အခု ၂၀၁၆ မှာ ပြင်းပြင်းထန်ထန်ဖြစ်လာပြီး ပရိုမိုးရှင်းလို့ ခေါ်တဲ့ စားသုံးသူကိုလက်ယက်ခေါ်တဲ့ အထူးဝန်ဆောင်မှုတွေ ပေးပြီးတော့ အဟုန်ပြင်းပြင်း ပြိုင်ဆိုင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တခြားတခြားသော Industry တွေမှာ လည်း ဒီလိုသဘောတရားမျိုးတွေ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့်တော့ ၀န်ဆောင်မှု အခြေပြုတဲ့ စီးပွားရေး လုပ်ငန်း (Service Industry) တွေ မှာ အများအားဖြင့် သတိထားမိရင် သိနိုင်ပါတယ်။ Service Industry တွေမှာ ပြိုင်ဆိုင်မှုတွေများလာရတာကလည်း တနေ့တနေ့ ဒီ Industry ထဲကို ၀င်လာတဲ့ စွန့်ဦးတီထွင်တွေကလည်း ထုနဲ့ ထည်းနဲ့ ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသေးစားအလတ်စား စီးပွားရေးလုပ်တဲ့ သူတွေ “စီးပွားရေးလုပ်ရတာ အရင်လိုမလွယ်တော့ဘူး” ဆိုတာမျိုးတွေ ခဏခဏ ပြောတာကြားဖူးကြမှာပါ။ နောက်တခု ကျွန်တော်တို့ နိုင်ငံမှာ ထူးဆန်းတာက စီးပွားရေးလုပ်ငန်းသစ် ပေါ်လာပြီး သိပ်မကြာပါဘူး သူလိုဆင်တူရိုးမှား စီးပွားရေးတွေက တရစပ်
  • 2. 2 ပေါ်လာတော့တာပါပဲ။ ဒါဟာ စိတ်ညစ်စရာတော့ မဟုတ်ပါဘူး၊ ကောင်းတဲ့လက္ခဏာပါ။ ဒါဟာ နိုင်ငံမှာ အခွင့်အလမ်းကိုစောင့်နေတဲ့သူတွေ တော်တော်ကိုပေါတယ် ဆိုတဲ့ လက္ခဏာပါ။ ဒီလို ပြိုင်ဆိုင်မှုတွေ များတဲ့ အတွက်ကြောင့်လည်း ဟောတနေ့ ပေါ်လာပြန်ပြီ ကုမ္ဗဏီတခု ဟောပိတ်သွားပြန်ပြီ တခု။ ဟောဆိုင်တဆိုင် ဟောပျောက်သွားပြန်ပြီ။ တကယ်တော့ ဒါဟာ အသေးစားအလတ်စား စီးပွားရေး ပြိုင်ဆိုင်မှု ဖိအား (Competitive Pressure of SMEs) လို့ခေါ်ပါတယ်။ အသေးစားအလတ်စား စီးပွားရေး ပြိုင်ဆိုင်မှု ဖိအား (Competitive Pressure of SMEs) ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အဓိကမောင်းနှင်သူများကတော့ အသေးစားနဲ့ အလတ်စား တပိုင်တနိုင် လုပ်ငန်းများပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ကြီးထွားမှုမှာ အရေးပါတဲ့ သူများပဲဖြစ်ပါတယ်။ နိုင်ငံမှာ အသေးစားအလတ်စား လုပ်ငန်းတွေများပြားခြင်းဟာ နိုင်ငံရဲ့ စီးပွားရေးမြင့်မားမှုကို ပြသနေခြင်းဖြစ် သော်ငြားလည်း ထိုသို့ လုပ်ငန်းတူတွေများပြားခြင်းတို့ကြောင့် ပြိုင်ဆိုင်မှုတို့ကလည်း မြင့်မားလှပါတယ်။ အထက်ကတင်ပြထား တဲ့အတိုင်း ဒါကို အသေးစားအလတ်စား စီးပွားပြိုင်ဆိုင်မှု ဖိအား လို့ခေါ်ပါတယ်။ နိုင်ငံမှာ အသေးစားအလတ်စား လုပ်ငန်းအရေအတွက်များလေလေ ဒီလိုပြိုင်ဆိုင်မှုတွေ များလေလေဖြစ်ပါတယ်။ အဲဒါရဲ့ ရလဒ် အနေနဲ့ တခါတလေ ကျွန်တော်တို့တတွေ မြင်တွေ့နိုင်ရတာက ဈေးကွက်တခုမှာ အပြိုင်အဆိုင် ဈေးတွေလျှော့ချ၊ စားသုံးသူကိုစွဲဆောင်ကြနဲ့ တော်တော်ကို ဖိအားများနေတာ မြင်ရမှာ ဖြစ်ပါတယ်။ စားသုံးသူ အတွက်ကတော့ အမြတ်ချည်း ပါဘဲ။ အောက်ဖော်ပြပါပုံမှာ အသေးစားအလတ်စား လုပ်ငန်းများရဲ့ ဖြစ်ပေါ်နေတဲ့ စီးပွားပြိုင်ဆိုင်မှု ဖိအားကို သရုပ်ပြထားခြင်းဖြစ်ပါတယ်။ လက်ရှိရပ်တည်နေတဲ့ လုပ်ငန်းအရေအတွက် ဟာ အသစ်ဖြစ်ပေါ်နှုန်း နဲ့ ပျက်စီးနှုန်း နှစ်ခုကြားမှာ ရှိပြီး ရပ်တည်နေတဲ့ လုပ်ငန်းတွေဟာ နိုင်ငံသားပိုင် လုပ်ငန်းတွေရယ်၊ နိုင်ငံခြားက ၀င်ရောက်လာတဲ့လုပ်ငန်းတွေနဲ့ပါ ပြိုင်ဆိုင်ရပ် တည်ရပါတော့တယ်။ ပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ထုတ်ကုန်၊ ၀န်ဆောင်မှုတွေအတွက် ဈေးနှုန်းလျော့ချခြင်း၊ စားသုံးသူ စွဲဆောင်လုယူခြင်းတို့ ဖြစ်ပေါ်လာပါတော့တယ်။
  • 3. 3 https://en.wikibooks.org/wiki/Small_and_Medium_Enterprises_and_ICT/SME_Adoption_of_ICT အောက်ကပုံမှာကတော့ စံနမူနာပြ လုပ်ငန်းတစ်ခုရဲ့ စီးပွားပြိုင်ဆိုင်မှု ဖိအားကို တုန့်ပြန်တဲ့ ဖြစ်စဉ်ကို ပြထားတာဘဲဖြစ်ပါတယ်။ ဒီလိုဈေးကွက်ရဲ့ ဖိအားကို ပုံမှန်အားဖြင့် အောက်ပါအချက်တွေနဲ့ တုန့်ပြန် တတ်ကြပါတယ်။ • မိမိတို့ ထုတ်ကုန်၊ ၀န်ဆောင်မှုတို့ကို ပရိုမိုးရှင်းလုပ်ခြင်း • ဈေးလျော့ချခြင်း၊ ကာလအချိန်တစ်ခု(သို့) ရာခိုင်နှုန်း အတိုင်းအတာတစ်ခု အထိ လျော့ဈေးပေးခြင်း • ရှိပြီးသား ထုတ်ကုန်၊ ၀န်ဆောင်မှုတို့အပေါ် ဆန်းသစ်တီထွင်မှုပြုလုပ်ခြင်း • အရောင်းဆိုင်ခွဲများ၊ ကိုယ်စားလှယ်များပေး၍ ချဲ့ထွင်ခြင်း
  • 4. 4 • မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရန် လုပ်ငန်းဆောင်တာများကို ဆန်းသစ်ပုံစံပြောင်း ဆောင်ရွက်ခြင်း https://en.wikibooks.org/wiki/Small_and_Medium_Enterprises_and_ICT/SME_Adoption_of_ICT
  • 5. 5 အထက်ဖော်ပြပါ အချက်တွေထဲကမှ Innovation လို့ခေါ်တဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ အသေးစားအလတ်စား လုပ်ငန်းများကသာ ရှင်သန်ရပ်တည် ကြီးထွားသွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြိုင်ဆိုင်မှုတွေရဲ့ အဓိကသော့ချက်ကတော့ Innovation ဆန်းသစ်တီထွင်မှုပဲ ဖြစ်ပါတယ်။ ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင်ဖြင့် ၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း (Service Innovation) ပဲ ဖြစ်ပါတယ်။ ၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း (Service Innovation) ကို အသေအချာ လုပ်ဆောင်နိုင်သူတွေက ဈေးကွက်မှာ ကျန်ခဲ့ပြီး၊ သေချာမဖော်ဆောင် နိုင်သူတွေကတော့ ရှုံးနိမ့်ရပါတယ်။ ဆန်းသစ်တီထွင်မှု မရှိတဲ့ လုပ်ငန်းတွေဟာ ဆန်းသစ်တီထွင်မှု ရှိတဲ့လုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုကို ရေရှည်မှာ ဘယ်လိုမှ တောင့်ခံ မထားနိုင်ပါဘူး။ အောက်ပါပုံကို ကြည့်ပါ။ Service Innovation ကို လုပ်ငန်းများမှာ အလျင်စလို လိုအပ်လာရခြင်း အကြောင်းရင်း အဆင့်ဆင့်ကို တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။
  • 6. 6 Service Innovation ဟာပြိုင်ဆိုင်မှုရဲ့ အဓိကသော့ချက် ဖြစ်လာသည် အကြံဥာဏ်ကောင်းများဟာ အမြန်ကူးယူခံရပြီး၊ အသစ်ဖန်တီးဖို့ ဖိအား အစဉ်ဖြစ်နေသည် ဈေးကွက်ဖြစ်ပေါ်မှုနဲ့ ပြောင်းလဲနှုန်းဟာ ပိုပြီးလျင်မြန် လာသည် စားသုံးသူတွေရဲ့ လိုအပ်ချက်က ပိုမိုရှုပ်ထွေးပြီး တောင်းဆိုမှုများပြားလာသည် စားသုံးသူကိုသက်ရောက်မဲ့ နည်းပညာများဟာ မြန်မြန်ထွက်ပေါ်လာရသည် လုပ်ငန်းတူ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုပိုင်း တွေက ကွဲပြားမှု နည်းပါးလာခြင်း၊ အားလုံးတန်းတူ လိုလို ဖြစ်လာသည် ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတို့ရဲ့ သက်တမ်းတိုလာပြီး အသစ်များဖြင့် အစားထိုး ခံရလာသည်
  • 7. 7 Innovation နဲ့ ပတ်သက်လို့ နောက်တချက်က ဒီနေ့ခေတ်ဟာ အိုင်တီလို့ခေါ်တဲ့ သတင်းနည်းပညာခေတ်ပါ။ အိုင်တီကို ဘယ်လိုမှ မေ့ထားလို့ မရတော့တဲ့ ခေတ်ပါ။ အိုင်တီဟာ စီးပွားရေးနယ်ပယ်တော်တော်များများ ရဲ့ အခြေခံ အဆောက်အဦ ဖြစ်နေပါပြီ။ အိုင်တီကို အသုံးမပြုဘဲ မိရိုးဖလာအတိုင်း စီးပွားရှာနေမယ်ဆိုရင် အခြားပြိုင်ဘက်တွေနဲု့ယှဉ်နိုင်ဖို့ တော်တော်ကို ကြိုးစားရပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောရရင် ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဈေးကွက်ထိုးဖောက်မှု အပိုင်း၊ မိမိလုပ်ငန်းကို စာရင်းဇယားများနဲ့ ပြန်လည်သုံးသပ်ခြင်း အပိုင်း စတဲ့ စတဲ့ အပိုင်းတွေမှာ အိုင်တီ မပါလို့ ဒီခေတ်ထဲမှာ မဖြစ်တော့ပါ။ နောက်ပြီး ယနေ့ခေတ် အိုင်တီဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းကနဲ့ အရေးကြီးပုံခြင်း၊ ရပ်တည်ပုံခြင်း အလွန်ကွာဟ ခဲ့ပါပြီ။ အိုင်တီရဲ့ အခန်းကဏ္တဟာ တဖြည်းဖြည်းချင်း ပြောင်းလဲနေပါပြီ။ အောက်ပါနှိုင်းယှဉ် ဇယားမှာ ဖော်ပြထားပါတယ်။ လက်ရှိကျန်ရစ်နေသော အိုင်တီ ပြောင်းလဲရွေ့လျားလာသော အိုင်တီ ယခင်တုန်းကနဲ့ လက်ရှိ ကျန်နေသေးတဲ့ အိုင်တီရဲ့ ပုံစံကတော့ အိုင်တီဟာ စီးပွားရေးလုပ်ငန်းများရဲ့ လိုအပ်ချက်ပေါ် မုတည်ပြီး လုပ်ဆောင်နေရပါတယ်။ အိုင်တီကို ထောက်ပံ့ရေး ဌာန တစ်ခု အနေနဲ့ပဲ မြင်ကြလို့ပါ။ အိုင်တီဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ဦးဆောင်အဖွဲ့အစည်း အနေနဲ့ ရပ်တည်လာပြီး ၀န်ဆောင်မှု အသစ်၊ နည်းစနစ် အသစ်တွေနဲ့ ဈေးကွက်တန်ဖိုး အသစ်တွေကို ဦးဆောင်ပြီး ဖော်ဆောင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အိုင်တီဟာ လုပ်ငန်းပိုင်းဆိုင်ရာ စီးပွားရေးအဖွဲ့များ (ဥပမာ- စီမံကွပ်ကဲရေးအဖွဲ့၊ မာကတ်တင်းအဖွဲ့များ၊ ရောင်းချခြင်းနှင့် ဖြန့်ချီရေးအဖွဲ့များ စသည်) ရဲ့ လိုအပ်ချက်တွေ အတိုင်းသာ တသွေမတိမ်း လုပ်ဆောင်ကြရပါတယ်။ အိုင်တီဟာ ရှိပြီးသား ဆက်စပ်မှုတွေ၊ လုပ်ငန်းသဘာဝတွေ အပေါ် မူတည်ပြီး ၀န်ဆောင်မှု အသစ်တွေနဲ့ ၀န်ဆောင်မှုအရ ပေးနိုင်တဲ့ အတွေ့ကြုံ အသစ်တွေကို ဖော်ဆောင်ပြီး စားသုံးသူထံသို့ တိုက်ရိုက်တင်ဆက် ကြပါတယ်။ လုပ်ငန်း လိုအပ်ချက်တွေ အိုင်တီ ကိုယ်တိုင်ရှာဖွေတင်ပြကြ ပါတယ်။ အိုင်တီဟာ ထုတ်လုပ်သူ၊ ထောက်ပံ့သူ အတွေးအခေါ် နဲ့ Systems တွေ Solutions တွေ ကိုထုတ်လုပ် တည်ဆောက် ပါတယ်။ Requirement လို့ခေါ်တဲ့ လိုအပ်ချက်တွေနဲ့ စီးပွားရေးအောင်မြင်မှု တွေဟာ အိုင်တီနဲ့ မဆိုင်ပါဘူး ဆိုတဲ့ Mindset အတွေးအခေါ်နဲ့ နေပါတယ်။ Service Logic ၀န်ဆောင်မှုဆိုင်ရာ ယုတ္တိဗေဒ အတွေးအခေါ်ဟာ Goods Dominant ဆိုတဲ့ ထုတ်ကုန်အဓိကထား အတွေးအခေါ်မှ Service Dominant (ထုတ်ကုန်ပေါ်မှ) ၀န်ဆောင်မှု အဓိကထား အတွေးအခေါ် အဖြစ်ပြောင်း လဲလာပါတယ်။ အိုင်တီနဲ့ အခြားဌာနတွေရဲ့ ဆက်စပ်မှုတွေ၊ ပူးပေါင်း ဆန်းသစ်မှုတွေဟာ ပြောင်းလဲခဲ့ပါပြီ။ အတူတကွ လုပ်ဆောင်နေရပါပြီ။
  • 8. 8 အိုင်တီဟာ ကန့်လာကာ နောက်ကွယ်မှာ တိတ်တိတ်လေးရှိခဲ့ကြတယ်။ အိုင်တီဟာ ရှေ့တန်းကို ရောက်ရှိလာပါတယ်။ ကုမ္ဗဏီတွေ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုနဲ့ ရှိရင်းစွဲတန်ဖိုးထားမှုတွေ အားလုံး ပြောင်းလဲ သွားပါပြီ။ အိုင်တီအပေါ် အဖွဲ့အစည်းတွေရဲ့ အမြင်ဟာ အရေးပါတဲ့ ရှုထောင့် မျိုးနဲ့ ပြောင်းလဲခဲ့ပါပြီ။ အိုင်တီဟာ ယခင်က မိမိတို့ ကုမ္ဗဏီ အဖွဲ့အစည်း အတွက်သာ လုပ်လုပ်ခဲ့ကြပါတယ်။ တနည်း ပြောရရင် အထက်က အချက်နှစ်မှာ တင်ပြခဲ့ သလိုပါဘဲ မိမိတို့ အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ဘောင်ကျဉ်းကျဉ်း နဲ့ လုပ်ဆောင်ကြပါတယ်။ တချို့တွေကတော့ ဒါကို အထက်မှအောက် (Tod Down Approach) စီမံကွပ်ကဲနည်း အနေနဲ့ မြင်ပါတယ်။ အိုင်တီဟာ စားသုံးသူတွေအတွက် လုပ်ဆောင် ပေးပြီး ထုတ်ကုန်တန်ဖိုးပြောင်းလဲမှု (သို့) တန်ဖိုးကွန်ယက် (Value Chain/ Value Network) ကို ဖော်ဆောင်ပါတယ်။ မိမိတို့ ကုမ္ဗဏီအဖွဲ့အစည်းကို ကျော်လွန်ပြီးတော့ စားသုံးသူကို ၀န်ဆောင်မှု အတွေ့အကြုံ အသစ်တွေ တိုက်ရိုက်ပေးပါတယ်။ အိုင်တီက ကန့်သတ်ဘောင်ထဲမှာပဲ လှုပ်ရှားခဲ့ကြတယ်။ တနည်းပြောရရင် ကုမ္ဗဏီနဲ့ သူ့ရဲ့ ၀န်ထမ်းများသာ သက်ရောက် ပါဝင်ခဲ့ကြတယ်။ Web 2.0 တို့၊ Cloud Services တို့၊ Open Innovation စတဲ့ လူတိုင်းပါဝင်လို့ရတဲ့ Platform များ ပေါ်ပေါက်လာခြင်းဟာ အိုင်တီမှာ Service Dominant Logic ဖြစ်ထွန်းလာမှုကို ပြပါတယ်။ သူက မည်သူမဆို စိတ်ဝင်စားတဲ့သူတိုင် ပါဝင်လို့ရတဲ့ ပလက်ဖောင်းတွေပါ။ ဒါ့ကြောင့် Enterprise Boundaries ဆိုတဲ့ အဖွဲ့အစည်းရဲ့ ဘောင်ဟာ ရွေလျားခဲ့ပါပြီ။ မှတ်ချက်။ ။ Service Dominant Logic (SDL) အကြောင်းကို နောက်အခန်းများတွင်ရှင်းလင်းတင်ပြထားပါသည်။ ICT နည်းပညာအသုံးပြု SME များ၏ အားသာချက်များ လက်ရှိ နှစ်အနည်းငယ် အတွင်းမှာပင် ကျွန်တော်တို့နိုင်ငံမှာ နည်းပညာတိုးတက်မှု၊ Mobile Penetration (မိုဘိုင်းဖုန်းတို့ရဲ့ ဈေးကွက်အတွင်း ထိုးနှက်ဝင်ရောက်လာမှု)၊ လူဦးရေ တော်တော်များများ Facebook ၊ Twitter စတဲ့လူမှုကွန်ယက်များကို အသုံးပြုမှု မြင့်တက်လာမှုများမှာ ICT ၏ အခန်းကဏ္ဋကို ဖော်ဆောင်နေခြင်းပင်ဖြစ်ပါတော့သည်။ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ Singapore ၊Vietnam ၊ Malaysia တို့ကို လေ့လာကြည့်မယ် ဆိုရင်လည်း ဒီနိုင်ငံတွေရဲ့ တိုးတက်မှုဟာ ICT အပေါ်မှာ အများကြီး
  • 9. 9 အခြေပြုထားတာကိုတွေ့ရပါလိမ့်မယ်။ Singapore နိုင်ငံမှာ ဆိုရင် ၁၉၇၀ လောက်ကစပြီး အစိုးရကိုယ်တိုင် ကမကထပြုပြီး ICT အခြေပြု eGovermant ဖော်ဆောင်မှုတွေကို ၁၀ စုနှစ် မဟာဗျူဟာ စီမံကိန်းတွေချမှတ်ခဲ့တာ လက်ရှိမှာဆို Collaboration မဟာဗျူဟာကို ကျင့်သုံးပြီး Smart City ဆိုတဲ့ နည်းပညာမြင့် မြို့တော် ရည်ရွယ်ချက်နဲ့ လှမ်းတက်နေပြီဖြစ်ပါတယ်။ ကဲ … ကျွန်တော်တို့တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘယ်လိုရင်ပေါင်တန်းကြမလဲ…။ SME (သို့) အသေးစားအလတ်စား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အနေနဲ့ မိမိလုပ်ငန်းမှာ ICT ကိုစတင် အခြေခံ အုတ်မြစ်ချတော့မယ်ဆိုရင် … များသောအားဖြင့် ဖြစ်တတ် ကြတာက … ဟိုလူက ဟိုလိုအကြံပေးလို့ ဟို Software ၀ယ်သုံးလိုက်တယ် အဆင်မပြေဘူး၊ ဒီအဖွဲ့က ဒီလိုလုပ်ဖို့ ပြောပြီး သူတို့ လုပ်သလိုလုပ်လိုက်တယ် လုပ်ငန်းအတွက် ထူးထူးခြားခြား ဘာမှ ပြောင်းလဲ သွားခြင်းမရှိနဲ့ ဖြစ်တတ် ကြပါတယ်။ ဒီတော့ ဒီမှာ ကျွန်တော်တင်ပြချင်တာက မိမိလုပ်ငန်းကို ICT နဲ့ မပြောင်းလဲခင် ပြောင်းလဲရမဲ့၊ သတိထားရမဲ့ အချက်လေးတွေတင်ပြလိုပါတယ် ခင်ဗျာ။ • Process Listing လုပ်ငန်းဆောင်တာများ စာရင်းပြုခြင်း။ ။ပထမဆုံး လုပ်ဆောင်ရမယ့် နံပါတ်တစ် အချက်ကတော့ မိမိ လုပ်ငန်းရဲ့ Process လို့ခေါ်တဲ့ လုပ်ငန်းဆောင်တာ အဆင့်များကို စာရင်းပြုလိုက်ပါ။ • Process Categorization လုပ်ငန်းဆောင်တာများ အပိုင်းလိုက်ခွဲခြင်း။ ။အထက် ဖော်ပြပါ အချက်က ရလာတဲ့ လုပ်ငန်းဆောင်တာများကို တူညီတဲ့ အမျိုးအစားအလိုက် ခွဲဝေလိုက်ပါ။ • Data Analysis အချက်အလက် သုံးသပ်ခြင်း။ ။အဆင့် ၃ အနေနဲ့ ရလာတဲ့ လုပ်ငန်းဆောင်တာ အမျိုးအစား အလိုက် အဲ့ဒီ Process Category မှာ သုံးတဲ့ စာရွက်စာတန်းများ၊ စာပေးစာယူစနစ်များမှာ သုံးတဲ့ ဖောင်ပုံစံများ၊ စာဝင်စာထွက်များ၊ စသည်များ ထဲမှာပါတဲ့ အချက်အလက်ဖြန့်ဝေမှု ပုံစံကိုလေ့လာ စာရင်းပြုပါ။ အချက်အလက်တွေပြည့်စုံ မှုမရှိသေးရင် ပြန်လည်ဆန်းစစ်ပါ။ (အကယ်၍ မိမိ လုပ်ငန်းက ရုံးလုပ်ငန်းပုံစံ သိပ်မဆန်တဲ့ အတွက် စာပေးစာယူစနစ် မရှိလည်း ဒီအဆင့်တွေကို လုပ်ဆောင်လို့ရပါတယ်။ မိမိ Process မှာ ဘာတွေပါတယ်၊ ဘယ်အချက်တွေက ဘယ်သူ့ဆီကနေလာပြီး ဘယ်သူ့ဆီကိုသွားတယ် ဆိုတာသိရင် ရပါပြီ။ ဥပမာ-စားသောက်ဆိုင်မှာ
  • 10. 10 စားပွဲထိုးက အစားအသောက်မှာတဲ့ အော်ဒါများကို ငွေစားရင်းရှင်းဆီ ပြောပြတာမျိုး၊ နောက် စားဖိုဆောင်ကို အော်ဒါလှမ်းမှာတာမျိုး။) • Filing ဖိုင်တွဲခြင်း၊ စာရင်း ထိမ်းသိမ်းခြင်း။ ။အထက်က အချက်အလက်တွေ သုံးသပ်လို့ ထွက်လာတဲ့ စာရင်းတွေ၊ စာဝင်စာထွက်ပုံစံတွေ ဘယ်လိုဖိုင်တွဲလည်း ကိုလေ့လာမှာဖြစ်ပါတယ်။ ဖိုင်တွဲခြင်း စနစ်မရှိရင် စတင်ပြီးလုပ် ဆောင်နိုင်ပါတယ်။ • ဘယ် Process ကို IT ပြောင်းချင်တာလဲ၊ ပြောင်းမှာလဲ။ ။ HR process လား၊ Purchasing process လား၊ Payroll process လား၊ Retail process လား၊ Reporting process လား၊ Operation process လား၊ Finance process လား၊ စသည် စသည်လားပေါင်းများစွာ ကိုစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် အကြံပြုလို တာကတော့ တတ်သိ ပညာရှင် Business - IT Process Consultancy စီးပွားနဲ့နည်းပညာ အကြံပေးများနဲ့ တိုင်ပင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် မိမိ လုပ်ငန်းကို Website လုပ်ရုံ၊ Facebook Page လုပ်ရုံ လောက်နဲ့ ICT အသုံးချမှုက ရပ်တန့် သွားပါလိမ့်မယ်။ • နောက်ဆုံး တစ်ခုကတော့ IT Solution Purchasing ပါ။ မိမိလုပ်ငန်းနဲ့ ကိုက်မဲ့ ICT အသုံးပြုမှု စနစ်ကို ၀ယ်ယူခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း သတိပေးလိုတာက မိမိနဲ့ တကယ်ကိုက်မှ ၀ယ်ယူရန်ဖြစ်ပါတယ်။ အထက်တင်ပြပါ အချက်တွေကို လေ့လာပြီးဆောင်ရွက်မယ် ဆိုရင်တော့ ကျွန်တော်တို့တွေရဲ့ လုပ်ငန်းတွေဟာ ICT အရ အဆင့်မှီ စနစ်ကျတဲ့ အခြေခံအဆောင်အဦကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်မြှင့်တင်ပြီးသား လုပ်ငန်းတွေဆိုရင်တော့ အခြားသောပြိုင်ဘက်လုပ်ငန်းများနဲ့ Service Innovation ၀န်ဆောင်မှု ဆန်းသစ်တီထွင်တဲ့ အပိုင်းမှာ သူနိုင်ကိုယ်နိုင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မှာပဲ ဖြစ်ပါကြောင်း ဒီအခန်းရဲ့ နိဂုံး အနေနဲ့ ပြောကြားလိုပါတယ်။