SlideShare a Scribd company logo
1 of 11
Download to read offline
Service Innovation နိဒါန်း
Author: Sai Lin Naung (Co-Founder of IdeaEX)
Service Innovation အကြောင်းမပြောခင် ကျွန်တော်တို့ ကွဲကွဲပြားပြား သိထားဖို့လိုတာက Innovation
(ဆန်းသစ်တီထွင်မှု) နဲ့ Invention (အသစ်တီထွင်မှု) ဘယ်လိုကွာခြားလဲ ဆိုတာပါဘဲ။ နှစ်ခုလုံးကတော့
ဆင်တူသလိုလိုနဲ့ သိပ်မသဲကွဲတတ်ကြပါဘူး။ ပြီးတော့ (ထုတ်ကုန်ကို ဈေးကွက်အတွင်း ဖြန့်ချီပြီး)
ဘယ်အချိန်မှာ Innovation လုပ်ရပြီး၊ Invention ကို ဘယ်အချိန် လုပ်ရမယ်။ Innovation နဲ့ Invention မှာ
ဘယ်ဟာက အကုန်အကျပိုများလဲ၊ ဈေးကွက်အတွင်းဝင်ရောက်ဖို့ တည်ဆောက်မှုအပိုင်း ဘယ်သူက
ပိုကြာနိုင်လဲ စသည်တွေကို နှိုင်းယှဉ်နိုင်အောင် ၄င်းတို့ရဲ့ သဘာဝကို အရင်လေ့လာကြပါဦးစို့။
တကယ်တော့ Invention ရော Innovation ရော Creativity လို့ ခေါ်တဲ့ အသစ်အသစ်တွေကို စိတ်ကူး ဖန်တီး
နိုင်တဲ့ စိတ်ရဲ့ အစွမ်းအစက ပေါက်ပွားလာတာပါ။ ရှိပြီးသားတွေနဲ့ အသစ်ကိုဖန်တီးရင် Innovation လို့ အကြမ်း
ဖျင်း သတ်မှတ်လို့ရပါတယ်။ ရုပ်ဝတ္တုအရ အသစ်ဖြစ်တည်မှုကိုတော့ Invention လို့ အကြမ်းဖျင်း မှတ်ယူလို့
ရပါတယ်။ ဥပမာ တင်ပြရရင် အဖွဲ့တစ်ဖွဲ့က -ဆိုကြပါစို့ အခမ်းအနားပြင်ဆင်တဲ့အဖွဲ့ပေါ့၊ သူတို့က
သူတို့အရင်က ပြင်ဆင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို အခြေပြုပြီး အရင်ကနဲ့ မတူအောင်
ပြင်ဆင်နေကြတယ်ဆိုရင် ဒါဟာ Innovation သက်သက်ပါ။ ဒါဟာ ပိုမိုကောင်းမွန်တဲ့၊ ပိုမိုသက်သာတဲ့၊
ပိုမိုအသုံးကျတဲ့ ရလဒ်တွေကို လိုချင်တဲ့ အခါ Innovation လုပ်ကြပါတယ်။ Invention လုပ်တဲ့ အဖွဲ့ကြတော့
2
ဒီအခန်းနားပြင်တဲ့ အခါမှာပိုမိုလွယ်ကူလာအောင် လိုတဲ့ ကရိယာတွေကို ဘယ်လိုဖန်တီးရင် ကောင်းမလဲဆိုတဲ့
မေးခွန်းကနေ စ စဉ်းစားကြပါတယ်။
Invention တို့ Innovation တို့ ဆိုတဲ့ Creativity အကြောင်းကိုပြောရင် Experimentation (စမ်းသပ်စူးစမ်းမှု)
ကို မေ့ထားလို့မရပါဘူး။ Experimentation ဆိုတာက ပြုလုပ်သူက ထွက်လာမဲ့ ရလဒ်ကို မသိပါဘဲ တမျိုးပြီး
တမျိုးစမ်းသပ်ရတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ သူ့ကို Invention ရော Innovation မှာပါတွေ့မြင်ရပြီး
များသောအားဖြင့်တော့ Invention မှာ အသုံးများကြပါတယ်။
အဲဒီတော့ မိမိတို့ အဖွဲ့အစည်းကလိုအပ်တာ တီထွင်မှုလား၊ ဆန်းသစ်မှုလား ဆိုတာကို ပြန်လည်မေးခွန်းထုတ်
စမ်းစစ်ရမှာ ဖြစ်ပါတယ်။ တီထွင်မှုဆိုရင်တော့ စမ်းသပ်မှုတွေ မြောက်မြားစွာပြုလုပ်ပြီးမှ အကောင်းဆုံးရလဒ်
ကိုရမှာ ဖြစ်ပါတယ်။ ဒါကို Tried-and-true လို့ခေါ်တယ်။ ကျွန်တော်ကတော့ “ကြိုးစားရင်းတည့်မတ်သည်” လို့
ဘာသာပြန်လိုက်ပါရစေ။ အချိန်နဲ့ ရင်းနှီးမှုလိုတဲ့ Method (ပြုမူချက်) ပါ။
အဓိပ္ဗါယ်ဖွင့်ဆိုချက်ပေးပါဆိုရင်တော့ Innovation ဆိုတာ Invention အတွဲလိုက်စဉ်ဆက်ဖြစ်စဉ်တွေ
ပေါင်းစပ်ပြီး စားသုံးသူ၊ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေး ခြင်းပဲ ဖြစ်ပါတယ် လို့ ကျွန်တော်
ပြောပါရစေ။ “Innovation is the series of invention that may be already exist or newly found – that
meets the customer needs.” အောက်ပုံကို ကြည့်ပါ။
ကဲ ကျွန်တော်တို့ Invention နဲ့ Innovation တို့ရဲ့ သဘာဝတွေကို ဆက်လက်လေ့လာကြည့်ကြရအောင်။
3
Invention Vs. Innovation
Invention (အသစ်တီထွင်မှု)
• သုတေသန၊ လက်တွေ့စမ်းသပ်မှုတွေကို
ဦးစွာပြုလုပ်ရသည်။ ထို့နောက်
တည်ဆောက်မှု၊ ထုတ်လုပ်မှု နှင့် ဈေးကွက်
ထိုးဖောက်မှု မားကတ်တင်းတို့ နောက်က
လုပ်ဆောင်ရသည်။ အသစ်တီထွင်မှုတိုင်း
၏ နောက်ကွယ်တွင် မြင့်မားသော
သုတေသန စရိတ် အမြဲရှိသည်။
• သူ့ကို ကျွန်တော်တို့က Linear Model
တဖြောင့်သွားစံ အနေနှင့် မြင်ကြသည်။
အကြောင်းမူ Invention တစ်ခုတွင်
အသေးစား Innovation ဆန်းသစ်မှု
ဖြစ်စဉ်လေးများ မြောက်မြားစွာ အစဉ်လိုက်
တဖြောင့်တည်း ဖြစ်ပေါ်နေခြင်း ကြောင့်
ဖြစ်သည်။
• Invention ၏အသက်သွေးကြော မှာ
သုတေသနပင်ဖြစ်သည်။ သုတေသနသည်
အသစ်တီထွင်မှုမှာ ဆန်းသစ်မှုပင်ရင်းပင်
ဖြစ်ပါတော့သည်။
• ရံဖန်ရံခါမှာတော့R&Dဆိုတဲ့ သုတေသနနှင့်
ဖွံ့ဖြိုးရေးကိုပဲ အာရုံထားတဲ့ ပေါ်လစီတွေ
ကြောင့် ကုမ္ဗဏီတွေမှာ နစ်နာ ဆုံးရှုံးမှုတွေ
ဖြစ်ကြပါတယ်။ အဘယ်ကြောင့် ဆိုသော်
ကုန်ကျစရိတ် မြင့်မားပြီး ပြန်ရလာမဲ့
ရလဒ်က ငွေကြေးအရ မသေချာလို့ ပါဘဲ။
Innovation (ဆန်းသစ်တီထွင်မှု)
• Innovation ကြတော့ Invention နဲ့
မတူတာက သူက လက်ရှိ ရှိပြီးသား
အသိပညာတွေရယ်၊ သယံဇာတ
အရင်းအမြစ်တွေရယ်၊ လူအင်အား
တွေရယ် ကိုအခြေခံပေါင်းဆပ် တီထွင်ပြီး
စီးပွားရေးအရ အကျိုးအမြတ် ရအောင်
ဆန်းသစ်မှုပြုလုပ်ရခြင်း ဖြစ်သည်။
• သိပ္ဗံဆန်တဲ့ သုတေသနမှုတွေ သိပ်မပါဘဲ
သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို
မှီငြမ်းပြီးမှ ဆန်းသစ်မှုပြုလုပ်ခြင်း ဟာ
အလွန်အရေးကြီးတဲ့ ပင်မ Innovation
ဖြစ်လာသည်။ ပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊
သုံးစွဲခြင်း၊ ထုတ်လုပ်သူနှင့် သုံးစွဲသူတို့
အပြန်အလှန် ပြုမူဆောင်ရွက်ခြင်း တို့မှ
သင်ယူရင်း ဆန်းသစ်မှု ပြုလုပ်ကြသည်။
• Process လို့ခေါ်တဲ့ ဖြစ်စဉ်တိုင်းမှာ
ကြိမ်ဖန်များစွာ အထက်အောက်၊
အတွင်းအပြင် အပြန်ပြန် အလှန်လှန်
ဆွေးနွေး ဖလှယ်ရင်း ပြုလုပ်ရသော
အလုပ်ဖြစ်သည်။
စီးပွားရေးအရ တွက်ချေကိုက်မှု ဖြစ်အောင် မြန်မြန်ပုံဖော်ရာမှာ Invention ထက် Innovation ကတာ
တော်တော်သွားကြောင်းနဲ့ ROI လို့ခေါ်တဲ့ ရင်းနှီးမှုအပေါ်မှာ ပြန်ရတဲ့အမြတ်က ပိုမိုသေချာနိုင်ကြောင်း
သိသာထင်ရှားပါတယ်။ ဒါကြောင့် ကော်ပိုရေးရှင်းတော်တော်များများဟာ (နည်းပညာအသစ်များကို
ဦးဆောင်နေသော ကုမ္ဗဏီအနည်းငယ်ကို မဆိုလိုပါ။) Innovation ကိုသာ ပိုမိုအရေးပေး
လုပ်ဆောင်ကြပါတယ်။ အထူးသဖြင့် Service Innovation ၀န်ဆောင်မှုဗဟိုပြု ဆန်းသစ်တီထွင်မှုကို
ပါ။
နောက်တစ်ခုက innovation ကိုလေ့လာမယ်ဆိုရင် ပရော်ဖက်ဆာ ဟင်နရီ ချက်စဘရိုး(Henry
Chesbrough) ရဲ့ Open Innovation ကို မဖြစ်မနေလေ့လာသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။
အောက်မှပုံမှာ ပရော်ဖက်ဆာ ဟင်နရီ ချက်စဘရိုး(Henry Chesbrough) ရဲ့ Open Innovation
စာအုပ်ကာဗာဖြစ်ပါတယ်။ အကျဉ်းချုံး ဆက်လက်ပြီး တင်ပြပေးလိုပါတယ်ခင်ဗျာ။
5
Closed Innovation (စည်းဘောင်အတွင်းမှလုပ်ဆောင်သော ဆန်းသစ်တီထွင်မှု)
အကျဉ်းအားဖြင့် တင်ပြရလျင် Closed Innovation ဆိုသည်မှာ ဆန်းသစ်တီထွင်မှု လုပ်ရာတွင်
သုတေသနစီမံကိန်းများကို မိမိတို့ အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များကို သာအသုံးပြုပြီး ဈေးကွက်
ဖော်ဆောင်မှုတွေလုပ်ဆောင်ကြခြင်း ပင်ဖြစ်ပါတယ်။ ထိုသို့ အတွေးအခေါ်ရှိသည့် အတွက်ကြောင့်
ကွင်းဆက်အနေနှင့် ကုန်ကျစရိတ်မြင့်မားမှုများ ခံစားကြရပြီး စီမံကိန်း အောင်မြင်မှုမှာလည်း
သိပ်မသေချာလှပါ။ ဒီ Closed Innovation ရဲ့ သွယ်ဝိုက်တဲ့ ယုံကြည်ချက် တစ်ခုကတော့ မိမိ
အဖွဲ့အစည်းထဲမှာ သက်ဆိုင်ရာပညာရပ်ရဲ့ အကျွမ်းကျင်ဆုံးသော ပုဂ္ဂိုလ်လူ့ အရင်းအမြစ်တွေ
ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် လိုအပ်တဲ့ အရည်အသွေးရှိသူတွေကို ၀န်ထမ်းခန့်ယူ ရွေးချယ်ရခြင်းက
လည်း လုပ်တစ်လုပ်ပါ။ အားသာချက်က စီမံကိန်းရဲ့ လျို့ဝှက်မှုပါဘဲ။ မိမိခန့်ထားတဲ့
ဝန်ထမ်းများကလွဲလို့ စီမံကိန်း အကြောင်း ပြင်ပမှ မသိနိုင်ပါ။
6
Open Innovation (ပွင့်လင်းသော ဆန်းသစ်တီထွင်မှု)
Open Innovation ပွင့်လင်းသော ဆန်းသစ်တီထွင်မှုသည် မိမိတို့အဖွဲ့စည်းမှ ဘာသာရပ်
ကျွမ်းကျင်သူများအပြင် ပြင်ပမှ စားသုံးသူ၊ ကျွမ်းကျင်ပညာရှင် နှင့် အခြားအခြားသော နေရာများမှ
ရသမျှ အိုင်ဒီယာများကို ရယူပေါင်းစပ်ကာ စီမံကိန်းများကို ပြုလုပ်ကြပါတယ်။ ထိုစီမံကိန်းများ
ပြီးမြောက်သော အခါ မိမိတို့ ရည်ရွယ်ထားတဲ့ စားသုံးသူဈေးကွက် ရချင်ရနိုင်သလို၊ ဈေးကွက်သစ်များ
လည်းဖော်ဆောင်နိုင်လာသည်။ သို့မဟုတ် စီမံကိန်းများမှ သုတေသနရလဒ်များကို အခြားအခြားသော
အဖွဲ့အစည်းများသို့ ရောင်းချခြင်း (သို့) လိုင်စင် လုပ်ခြင်း၊ ပေတန့် (Patent) လုပ်ခြင်းများဖြင့်
မိမိတို့လုပ်ငန်းရဲ့ သဘာဝနဲ့ မကိုက်ညီသော်လည်း အကျိုးအမြတ် ရှာဖွေနိုင်ပါတယ်။ ဒီ Open
Innovation မှာ အဖွဲ့အစည်းရဲ့ ဘောင်တွေ၊ စည်းမျဉ်းတွေက အဓိက မကျပါဘူး။ စီမံကိန်း ပြီးမြောက်
အောင်မြင်ပြီး အိုင်ဒီယာ ထုတ်လုပ်ခြင်း (Ideation or Idea Generation) နှင့် စားသုံးသူလက်ထဲ
ရောက်ရှိရေးသာ အဓိကဖြစ်လာသည်။
7
Open Innovation နှင့် Closed Innovation တို့၏ အမြင်များ နှိုင်းယှဉ်ချက်
Closed Innovation Open Innovation
Closed Innovation သမားများက သူတို့ ကုမ္ဗဏီ
အဖွဲ့အစည်းမှာရှိတဲ့ လူတော်များ၊ ကျွမ်းကျင်သူများ
က သူတို့အဖွဲ့အစည်း အတွက် အလုပ်လုပ်ပေးမည်
ဟုယုံကြည်ကြသည်။
လူတော်အားလုံးက အဖွဲ့အစည်းထဲမှာ ရှိချင်မှ ရှိမည်
(သို့) အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးချင်မှ
လုပ်ပေးမည်။ ထို့အတွက် အဖွဲ့အစည်းမှ လူတော်၊
ကျွမ်းကျင်သူများ ပြင်ပမှဖြစ်စေ၊ အဖွဲ့အတွင်းမှ
ဖြစ်စေ ပူးပေါင်းစွဲဆောင် လုပ်ဆောင်ကြရမည်။
R & D သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်
တည်ဆောက်ရေးမှ အမြတ်ရရန် ရှာဖွေမှု၊
တည်ဆောက်မှုနှင့် ဈေးကွက်ဖြန့်ချီမှုတို့သည်
အဖွဲ့အစည်း တစ်ခုတည်းမှ လုပ်ဆောင်ကြသည်။
ပြင်ပမှ R&D ရလဒ်များသည် အဖိုးမဖြတ်နိုင်သော
အားသာချက်ဖြစ်သည်။ အဖွဲ့အစည်းအတွင်း မှ R&D
သည် အဖွဲ့အစည်းအတွက် ထိုအားသာချက်၏
အစိတ်အပိုင်းအနေနှင့်သာ ရှုမြင်သည်။
နယ်ပယ်အလိုက် Innovation ကို ပထမဦးစွာ
ဈေးကွက်ကို ထွင်းဖောက် တင်ပြနိုင်သော
ကုမ္ဗဏီသည် ဈေးကွက်တွင် အနိုင်ရရှိမည်
ဖြစ်သည်။
ပိုမိုကောင်းမွန်တဲ့ Business Model စီးပွားရှာစံ
ကိုဆောက်တည်ခြင်းသည် ဈေးကွက်တွင်
ဦးစွာထွင်းဖောက်ခြင်းထက် ပို၍ အရေးကြီးသည်။
နယ်ပယ် Industry အလိုက် အဖွဲ့အစည်းအတွင်းမှ
အကောင်းဆုံးဖြစ်သော အိုင်ဒီယာများကို ထုတ်ယူ
ချပြ ဖန်တီး နိုင်လျင် ဈေးကွက်တွင် အနိုင်ရရှိမည်
ဖြစ်သည်။
အဖွဲ့အစည်းပြင်ပ နှင့် အတွင်းမှ အိုင်ဒီယာများကို
ကောင်းစွာ အသုံးချနိုင်လျင် ဈေးကွက်တွင်
အနိုင်ရရှိမည် ဖြစ်သည်။
Closed Innovation သမားတို့သည် Intellectual
Property ခေါ် အသိပညာဆိုင်ရာ မူပိုင်ခွင့်တို့ကို
ပိုင်ဆိုင်ထိမ်းချုပ် နိုင်ရန် ကြိုးစားကြသည်။ ၄င်းတို့၏
သဘောထားမှာ ထိုကဲ့သို့ ထိမ်းသိမ်းထားခြင်းဖြင့်
သူတို့၏ ပြိုင်ဘက် အဖွဲ့အစည်းများမှ ထိုအိုင်ဒီယာကို
အသုံးချ၍ အမြတ်အစွန်းရရှိခြင်းမှ ကာကွယ်ရန်
ဖြစ်သည်။ အိုင်ဒီယာကို မိမိတို့ တစ်ဦးတည်းမှ
သုံးရန် ရည်ရွယ်သည်။
Open Innovation သမားတို့ကမူ အသိပညာဆိုင်ရာ
မူပိုင်ခွင့်တို့ကို လိုင်စင်လုပ်ငန်းအသွင်ပြောင်း၍
အခြားသော ပြိုင်ဘက်များကိုပါ ဝေငှသည်။၎င်းကို
License Out လိုင်စင်ပေး၍ လုပ်စေခြင်းဟု
ခေါ်သည်။ မိမိတို့ အကျိုးစီးပွားဖြစ်မည် ဆိုလျင်
မိမိတို့၏ အိုင်ဒီယာများကို အခြားသူများကို
ပေးသုံးစေသည်။ ထိမ်းချုပ်ရန် မကြိုးစားပါ။
တက္ကသိုလ်များနဲ့ ချုပ်ဆိုထားသော စာချုပ်များတွင်
မိမိတို့မှ ဆပွန်စာပေးထားသည့် အတွက်
သုတေသန ရလဒ်အားလုံးကို မိမိတို့မှ ပိုင်ဆိုင်သည်။
ဗဟုသုတ ကြွယ်ဝတိုးတက်စေခြင်း အကျိုးငှာ
တက္ကသိုလ်များ နှင့်ပူးပေါင်းမိတ်ဖွဲ့ထားပြီး
ရလဒ်များကို မိမိတို့၏ နယ်ပယ်ပြင်ပများတွင်ပါ
အသုံးချခွင့် ပေးထားသည်။
8
User-Driven Innovation (စားသုံးသူ မောင်းနှင်သော ဆန်းသစ်တီထွင်မှု)
Innovation နဲ့ ပတ်သက်လို့ နောက်ထပ် မိတ်ဆက်ပေးချင်တာက MIT Sloan စီမံခန့်ခွဲရေးကျောင်းမှ
ပရော်ဖက်ဆာ Eric von Hippel ရဲ့ Democratizing Innovation စာအုပ်မှာ ဖော်ပြထားတဲ့ User-
Driven Innovation စားသုံးသူ မောင်းနှင်သော ဆန်းသစ်တီထွင်မှု အကြောင်းပဲဖြစ်ပါတယ်။
သူပြောတာက “စားသုံးသူများရဲ့ ဆန်းသစ်တီထွင်နိုင်မှု အားဟာ လျင်မြန်စွာ တိုးတက်လာပါပြီ။
အဲဒါဟာ ကွန်ပြူတာ software နဲ့ hardware များရဲ့ အရည်အသွေးတိုးတက်လာခြင်း၊ Innovation
အတွက် အလွယ်တကူ အသုံးချနိုင်တဲ့ ကိရိယာ အသုံးအဆောင်များ ရရှိရန် လွယ်ကူလာခြင်း၊
Innovation ပိုမိုပြီး ကြွယ်ဝတဲ့ အခြေခံများကို သိနားလည်ရန်နှင့် ရရှိရန် လွယ်ကူလာခြင်း
တို့ကြောင့်ဖြစ်သည်။” ဒီ “စားသုံးသူက မောင်းနှင်တဲ့ (တနည်း) စားသုံးသူ စိတ်တိုင်းကျ လုပ်ဆောင်တဲ့
User-Driven Innovation သည် Customer Satisfactions လို့ခေါ်တဲ့ စားသုံးသူ
စိတ်ကျေနပ်မှုရရှိနိုင်တဲ့ ဆန်းသစ်မှုတွေကို လုပ်ဆောင်နိုင်မှာ အမှန်ဘဲ ဖြစ်ပါတယ်။ အောက်ပုံမှာ
ပရော်ဖက်ဆာ် Eric von Hippel နဲ့ သူရဲ့ Democratizing Innovation စာအုပ်ပဲ ဖြစ်ပါတယ်။
စားသုံးသူမောင်းနှင်သော ဆန်းသစ်မှုမှာ အဓိကအားဖြင့် ၃ပိုင်းပါ ရှိပါသည်။
၁။ Customer Focus
(စားသုံးသူ ပဓာန)
ပုံမှန်အားဖြင့် စားသုံးသူ ပဓာန ဆိုတဲ့ စကားရပ်ဟာ စားသုံးသူ လိုအပ်ချက်နှင့် စားသုံးမှု
အတွေ့အကြုံ တွေပေါ်မူတည်ပြီး ထုတ်ကုန် ထုတ်လုပ်နိုင်စွမ်းတဲ့ ကုမ္ဗဏီရဲ့
9
အရည်အသွေး ဆိုပြီး နားလည်ထားကြပါတယ်။ ကုမ္ဗဏီ အများစုကတော့ စားသုံးသူနဲ့
ပတ်သက်ပြီး ပဓာနထားဖြစ်ကြတာက ၄င်းတို့ရဲ့ Sales & Marketing ရောင်းချခြင်းနှင့်
မားကတ်တင်း အပိုင်းသာဖြစ်နေတတ်ကြပါတယ်။ ဒီနေရာမှာ စားသုံးသူ ပဓာန ဆိုတာ
စားသုံးသူရဲ့ အမှန်တကယ်လိုအပ်ချက်ရယ်၊ အမှန်တကယ် စားသုံးမှုမှ ရလာတဲ့
အတွေ့အကြုံရယ်ကို ပဓာနထား လေ့လာခြင်းကို ဆိုလိုပါတယ်။
၂။ Skills for analyzing and assessing customer needs
(စားသုံးသူ လိုအပ်ချက်ကို တွေ့ရှိ စူးစမ်းနိုင်တဲ့ ၀န်ထမ်းများရဲ့ အရည်အသွေး)
စားသုံးသူပဓာနထားတဲ့ အချက်ကိုတော့ လက်ခံပြီ။ ဒါပေမယ့် ဒါကိုကျင့်သုံးယုံနဲ့
လုံလောက်မှုမရှိနိုင်ပါ။ ကုမ္ဗဏီမှာ စားသုံးသူရဲ့ အမှန်တကယ်လိုအပ်ချက်ကို သိနိုင်
မြင်နိုင်တဲ့ ၀န်ထမ်းများ (သို့) ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ
ဆွေးနွေးလုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
၃။ Methods applied in conducting user surveys
(စားသုံးသူ အကြံပြုချက်ကောက်ယူသည့် ပုံစံ (သို့) လုပ်ဆောင်ချက်)
ကျွန်တော်တို့ အကြံပြုချက်ကောက်ယူပုံ အမျိုးမျိုးကို ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြ
ပါတယ်။ ပုံစံမျိုးစုံရှိကြပါတယ်။ စားသုံးသူကို အင်တာဗျူးမယ်၊
ဈေးကွက်စစ်တမ်းကောက်မယ်၊ အကြံပြုဖောင်တွေ ဖြည့်ခိုင်းမယ်၊ သိပ္ဗံနည်းကျ စူးစမ်း
ထားတဲ့ မှတ်တမ်းဝင် စားသုံးသူ လိုအပ်ချက်ရော၊ မှတ်တမ်းမ၀င်သော စားသုံးသူ
လိုအပ်ချက် (သွယ်ဝိုက်သော စားသုံးသူ လိုအပ်ချက်) ကို ပါ ရယူဆောင်ရွက်ရပါတယ်။
အသေးစိတ်ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာဖတ်ရှုစေလိုပါတယ်။ ဒီအခန်းမှာတော့ မိတ်ဆက်အနေ
နဲ့ တင်ပြရတာမို့ ဒီလောက်နဲ့ဘဲ ကျေနပ်ပါလို့ တောင်းပန်စကားထပ်လောင်းဆို လိုက်ပါရစေ။
ကဲ ကျွန်တော်တို့ရဲ့ Service Innovation လေးစကြဦးစို့ရဲ့ ။
10
Service Innovation (၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း)
Service Innovation ကိုအဓိပ္ဗါယ်ဖွင့်ဆိုရလျင် Service Innovation ဆိုသည်မှာ Service
Organization ၀န်ဆောင်မှုပေးသော အဖွဲ့အစည်းအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော
ဝန်ဆောင်မှုကိစ္စ (service function) များကို ဦးဆောင်ဖြစ်ပေါ်စေသည့် အသစ်ဖြစ်သော (သို့)
သိသိသာသာ ပြောင်းလဲလုပ်ဆောင်သော ၀န်ဆောင်မှု ကို ဆိုလိုသည်။
ဥပမာပေးရလျင် - မြို့တွင်းတွင် ခရီးတိုပြေးဆွဲသော ၀န်ဆောင်မှု - အငှားယာဉ် ၀န်ဆောင်မှု
လုပ်ငန်းတွင် တခါတရံ အခက်အခဲရှိတတ်သည်မှာ ခရီးသည်နှင့် အငှားယာဉ် မတွေ့သည့်
ဖြစ်ရပ်ဖြစ်သည်။ ခရီးသည်က တက္ကစီငှားလိုသည်။ ကားကမလာ သို့မဟုတ် လာတဲ့ကားက ခရီးသည်
သွားလိုသည့်နေရာ သို့ မပို့နိုင် နှင့် ခရီးသည်ကို အချိန်ကုန်စေသည်။ ထို့အတူ အဲဒီ ခရီးသည်နှင့်
နောက်တစ်လမ်းတွင် တက္ကစီမောင်းသူက ထိုခရီးသည်သွားလိုသော နေရာနှင့် လမ်းကြောသင့်သည်။
သို့သော် သူသွားနေတဲ့ လမ်းမှာ ကားငှားမည့်သူမရှိ။ ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် ၀န်ဆောင်မှု အခွင့်အလမ်း
ဆုံးရှုံးမှုတွေ (ထိုအခိုက်အတန့်တွင်ဖြစ်သော Opportunity Lost အခွင့်ရေးဆုံးရှုံးမှုကိုသာ
ဆိုလိုသည်။) ဖြစ်ပေါ် နေသည်မှာ ရန်ကုန်တစ်မြို့ထဲတွင်ပင် မနည်းလှပါ။ ယခုဆိုလျင် ထိုပြဿနာကို
ဖြေရှင်းရန် Oway Ride တို့ Hello Cab တို့က မိုဘိုင်းလ်ဖုန်း အသုံးချ application များဖန်တီးပြီး
ခရီးသည်နှင့် တက္ကစီသမားတို့ကို ချိတ်ဆက်လုပ်ဆောင်ပေးသည့် ၀န်ဆောင်မှု အသစ်တစ်ခု
ထွက်ပေါ်လာပါပြီ။ ဒါဟာ ရှိပြီးသား နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ အငှားယာဉ်
ဝန်ဆောင်မှုကို အသုံးချပြီး ၀န်ဆောင်မှုအသစ် တစ်ခုထွက်လာခြင်းပါ။ ဒါဟာ Service Innovation ပါ။
Service Innovation လုပ်ဖို့အတွက် (သို့) စီးပွားရှာဖို့အတွက် Service Opportunities (၀န်ဆောင်မှု
အခွင့်အလမ်း) တွေကို မြင်တတ်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ ၀န်ဆောင်မှုအခွင့်အလမ်းကို
မြင်တတ်ဖို့ Service ဆိုတဲ့ ၀န်ဆောင်မှုဟာ ဘာလဲ ဆိုတာကို အရင်နားလည်အောင် ကြည့်ကြရပါမည်။
အောက်ပါ Service ပတ်သက်တဲ့ အချက်များကို Service Innovation သမားတိုင်း
သိနားလည်ထားရန်လိုပါတယ်။ ၄င်းတို့ကို နောက်တစ်ခန်းမှာ တစ်ဆင့်ချင်းစီ ရှင်းလင်းပြသထားမှာ
ဖြစ်ပါတယ်။
• Service Logic (၀န်ဆောင်မှု ယုတ္တိဗေဒ)
11
• 8 Mindset Shift from Good Dominant Logic to Service Dominant Logic (ထုတ်ကုန်ဓိက
မှ ၀န်ဆောင်မှုဓိက ယုတ္တိဗေဒ သို့ ပြောင်းလဲသော အတွေးမြင် ၈မျိုး)
• Service Co-production & Value Co-creation (၀န်ဆောင်မှု ပူးပေါင်းထုတ်လုပ်ခြင်း နှင့်
တန်ဖိုး ပူးပေါင်းဖန်တီးခြင်း)
• Service value (၀န်ဆောင်မှု တန်ဖိုး)

More Related Content

Viewers also liked

Introducción a los salmos melodias en los salmos
Introducción a los salmos melodias en los salmosIntroducción a los salmos melodias en los salmos
Introducción a los salmos melodias en los salmosIBE Callao
 
Los derechos humanos
Los derechos humanosLos derechos humanos
Los derechos humanosReliaras Club
 
Craig Onodera Thesis Final 2012
Craig Onodera Thesis Final 2012Craig Onodera Thesis Final 2012
Craig Onodera Thesis Final 2012Craig Onodera
 
7 สามัญ สังคม
7 สามัญ สังคม7 สามัญ สังคม
7 สามัญ สังคมnoeiinoii
 
экскурсия на студию мультфильмов «поиск»
экскурсия на студию мультфильмов «поиск»экскурсия на студию мультфильмов «поиск»
экскурсия на студию мультфильмов «поиск»Надежда Аникина
 
Fenómenos atmosféricos josé angel, javier
Fenómenos atmosféricos josé angel, javierFenómenos atmosféricos josé angel, javier
Fenómenos atmosféricos josé angel, javierPepa Pepa
 
Indonesia OneSearch: Empowering Discovery and Innovation
Indonesia OneSearch: Empowering Discovery and InnovationIndonesia OneSearch: Empowering Discovery and Innovation
Indonesia OneSearch: Empowering Discovery and InnovationIsmail Fahmi
 

Viewers also liked (9)

Introducción a los salmos melodias en los salmos
Introducción a los salmos melodias en los salmosIntroducción a los salmos melodias en los salmos
Introducción a los salmos melodias en los salmos
 
Los derechos humanos
Los derechos humanosLos derechos humanos
Los derechos humanos
 
Craig Onodera Thesis Final 2012
Craig Onodera Thesis Final 2012Craig Onodera Thesis Final 2012
Craig Onodera Thesis Final 2012
 
Laplantas
LaplantasLaplantas
Laplantas
 
7 สามัญ สังคม
7 สามัญ สังคม7 สามัญ สังคม
7 สามัญ สังคม
 
SAR Manual de Organización 2016_F
SAR Manual de Organización 2016_FSAR Manual de Organización 2016_F
SAR Manual de Organización 2016_F
 
экскурсия на студию мультфильмов «поиск»
экскурсия на студию мультфильмов «поиск»экскурсия на студию мультфильмов «поиск»
экскурсия на студию мультфильмов «поиск»
 
Fenómenos atmosféricos josé angel, javier
Fenómenos atmosféricos josé angel, javierFenómenos atmosféricos josé angel, javier
Fenómenos atmosféricos josé angel, javier
 
Indonesia OneSearch: Empowering Discovery and Innovation
Indonesia OneSearch: Empowering Discovery and InnovationIndonesia OneSearch: Empowering Discovery and Innovation
Indonesia OneSearch: Empowering Discovery and Innovation
 

Ch2 service innovation intro

  • 1. Service Innovation နိဒါန်း Author: Sai Lin Naung (Co-Founder of IdeaEX) Service Innovation အကြောင်းမပြောခင် ကျွန်တော်တို့ ကွဲကွဲပြားပြား သိထားဖို့လိုတာက Innovation (ဆန်းသစ်တီထွင်မှု) နဲ့ Invention (အသစ်တီထွင်မှု) ဘယ်လိုကွာခြားလဲ ဆိုတာပါဘဲ။ နှစ်ခုလုံးကတော့ ဆင်တူသလိုလိုနဲ့ သိပ်မသဲကွဲတတ်ကြပါဘူး။ ပြီးတော့ (ထုတ်ကုန်ကို ဈေးကွက်အတွင်း ဖြန့်ချီပြီး) ဘယ်အချိန်မှာ Innovation လုပ်ရပြီး၊ Invention ကို ဘယ်အချိန် လုပ်ရမယ်။ Innovation နဲ့ Invention မှာ ဘယ်ဟာက အကုန်အကျပိုများလဲ၊ ဈေးကွက်အတွင်းဝင်ရောက်ဖို့ တည်ဆောက်မှုအပိုင်း ဘယ်သူက ပိုကြာနိုင်လဲ စသည်တွေကို နှိုင်းယှဉ်နိုင်အောင် ၄င်းတို့ရဲ့ သဘာဝကို အရင်လေ့လာကြပါဦးစို့။ တကယ်တော့ Invention ရော Innovation ရော Creativity လို့ ခေါ်တဲ့ အသစ်အသစ်တွေကို စိတ်ကူး ဖန်တီး နိုင်တဲ့ စိတ်ရဲ့ အစွမ်းအစက ပေါက်ပွားလာတာပါ။ ရှိပြီးသားတွေနဲ့ အသစ်ကိုဖန်တီးရင် Innovation လို့ အကြမ်း ဖျင်း သတ်မှတ်လို့ရပါတယ်။ ရုပ်ဝတ္တုအရ အသစ်ဖြစ်တည်မှုကိုတော့ Invention လို့ အကြမ်းဖျင်း မှတ်ယူလို့ ရပါတယ်။ ဥပမာ တင်ပြရရင် အဖွဲ့တစ်ဖွဲ့က -ဆိုကြပါစို့ အခမ်းအနားပြင်ဆင်တဲ့အဖွဲ့ပေါ့၊ သူတို့က သူတို့အရင်က ပြင်ဆင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို အခြေပြုပြီး အရင်ကနဲ့ မတူအောင် ပြင်ဆင်နေကြတယ်ဆိုရင် ဒါဟာ Innovation သက်သက်ပါ။ ဒါဟာ ပိုမိုကောင်းမွန်တဲ့၊ ပိုမိုသက်သာတဲ့၊ ပိုမိုအသုံးကျတဲ့ ရလဒ်တွေကို လိုချင်တဲ့ အခါ Innovation လုပ်ကြပါတယ်။ Invention လုပ်တဲ့ အဖွဲ့ကြတော့
  • 2. 2 ဒီအခန်းနားပြင်တဲ့ အခါမှာပိုမိုလွယ်ကူလာအောင် လိုတဲ့ ကရိယာတွေကို ဘယ်လိုဖန်တီးရင် ကောင်းမလဲဆိုတဲ့ မေးခွန်းကနေ စ စဉ်းစားကြပါတယ်။ Invention တို့ Innovation တို့ ဆိုတဲ့ Creativity အကြောင်းကိုပြောရင် Experimentation (စမ်းသပ်စူးစမ်းမှု) ကို မေ့ထားလို့မရပါဘူး။ Experimentation ဆိုတာက ပြုလုပ်သူက ထွက်လာမဲ့ ရလဒ်ကို မသိပါဘဲ တမျိုးပြီး တမျိုးစမ်းသပ်ရတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ သူ့ကို Invention ရော Innovation မှာပါတွေ့မြင်ရပြီး များသောအားဖြင့်တော့ Invention မှာ အသုံးများကြပါတယ်။ အဲဒီတော့ မိမိတို့ အဖွဲ့အစည်းကလိုအပ်တာ တီထွင်မှုလား၊ ဆန်းသစ်မှုလား ဆိုတာကို ပြန်လည်မေးခွန်းထုတ် စမ်းစစ်ရမှာ ဖြစ်ပါတယ်။ တီထွင်မှုဆိုရင်တော့ စမ်းသပ်မှုတွေ မြောက်မြားစွာပြုလုပ်ပြီးမှ အကောင်းဆုံးရလဒ် ကိုရမှာ ဖြစ်ပါတယ်။ ဒါကို Tried-and-true လို့ခေါ်တယ်။ ကျွန်တော်ကတော့ “ကြိုးစားရင်းတည့်မတ်သည်” လို့ ဘာသာပြန်လိုက်ပါရစေ။ အချိန်နဲ့ ရင်းနှီးမှုလိုတဲ့ Method (ပြုမူချက်) ပါ။ အဓိပ္ဗါယ်ဖွင့်ဆိုချက်ပေးပါဆိုရင်တော့ Innovation ဆိုတာ Invention အတွဲလိုက်စဉ်ဆက်ဖြစ်စဉ်တွေ ပေါင်းစပ်ပြီး စားသုံးသူ၊ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေး ခြင်းပဲ ဖြစ်ပါတယ် လို့ ကျွန်တော် ပြောပါရစေ။ “Innovation is the series of invention that may be already exist or newly found – that meets the customer needs.” အောက်ပုံကို ကြည့်ပါ။ ကဲ ကျွန်တော်တို့ Invention နဲ့ Innovation တို့ရဲ့ သဘာဝတွေကို ဆက်လက်လေ့လာကြည့်ကြရအောင်။
  • 3. 3 Invention Vs. Innovation Invention (အသစ်တီထွင်မှု) • သုတေသန၊ လက်တွေ့စမ်းသပ်မှုတွေကို ဦးစွာပြုလုပ်ရသည်။ ထို့နောက် တည်ဆောက်မှု၊ ထုတ်လုပ်မှု နှင့် ဈေးကွက် ထိုးဖောက်မှု မားကတ်တင်းတို့ နောက်က လုပ်ဆောင်ရသည်။ အသစ်တီထွင်မှုတိုင်း ၏ နောက်ကွယ်တွင် မြင့်မားသော သုတေသန စရိတ် အမြဲရှိသည်။ • သူ့ကို ကျွန်တော်တို့က Linear Model တဖြောင့်သွားစံ အနေနှင့် မြင်ကြသည်။ အကြောင်းမူ Invention တစ်ခုတွင် အသေးစား Innovation ဆန်းသစ်မှု ဖြစ်စဉ်လေးများ မြောက်မြားစွာ အစဉ်လိုက် တဖြောင့်တည်း ဖြစ်ပေါ်နေခြင်း ကြောင့် ဖြစ်သည်။ • Invention ၏အသက်သွေးကြော မှာ သုတေသနပင်ဖြစ်သည်။ သုတေသနသည် အသစ်တီထွင်မှုမှာ ဆန်းသစ်မှုပင်ရင်းပင် ဖြစ်ပါတော့သည်။ • ရံဖန်ရံခါမှာတော့R&Dဆိုတဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးကိုပဲ အာရုံထားတဲ့ ပေါ်လစီတွေ ကြောင့် ကုမ္ဗဏီတွေမှာ နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ကြပါတယ်။ အဘယ်ကြောင့် ဆိုသော် ကုန်ကျစရိတ် မြင့်မားပြီး ပြန်ရလာမဲ့ ရလဒ်က ငွေကြေးအရ မသေချာလို့ ပါဘဲ။ Innovation (ဆန်းသစ်တီထွင်မှု) • Innovation ကြတော့ Invention နဲ့ မတူတာက သူက လက်ရှိ ရှိပြီးသား အသိပညာတွေရယ်၊ သယံဇာတ အရင်းအမြစ်တွေရယ်၊ လူအင်အား တွေရယ် ကိုအခြေခံပေါင်းဆပ် တီထွင်ပြီး စီးပွားရေးအရ အကျိုးအမြတ် ရအောင် ဆန်းသစ်မှုပြုလုပ်ရခြင်း ဖြစ်သည်။ • သိပ္ဗံဆန်တဲ့ သုတေသနမှုတွေ သိပ်မပါဘဲ သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို မှီငြမ်းပြီးမှ ဆန်းသစ်မှုပြုလုပ်ခြင်း ဟာ အလွန်အရေးကြီးတဲ့ ပင်မ Innovation ဖြစ်လာသည်။ ပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ထုတ်လုပ်သူနှင့် သုံးစွဲသူတို့ အပြန်အလှန် ပြုမူဆောင်ရွက်ခြင်း တို့မှ သင်ယူရင်း ဆန်းသစ်မှု ပြုလုပ်ကြသည်။ • Process လို့ခေါ်တဲ့ ဖြစ်စဉ်တိုင်းမှာ ကြိမ်ဖန်များစွာ အထက်အောက်၊ အတွင်းအပြင် အပြန်ပြန် အလှန်လှန် ဆွေးနွေး ဖလှယ်ရင်း ပြုလုပ်ရသော အလုပ်ဖြစ်သည်။
  • 4. စီးပွားရေးအရ တွက်ချေကိုက်မှု ဖြစ်အောင် မြန်မြန်ပုံဖော်ရာမှာ Invention ထက် Innovation ကတာ တော်တော်သွားကြောင်းနဲ့ ROI လို့ခေါ်တဲ့ ရင်းနှီးမှုအပေါ်မှာ ပြန်ရတဲ့အမြတ်က ပိုမိုသေချာနိုင်ကြောင်း သိသာထင်ရှားပါတယ်။ ဒါကြောင့် ကော်ပိုရေးရှင်းတော်တော်များများဟာ (နည်းပညာအသစ်များကို ဦးဆောင်နေသော ကုမ္ဗဏီအနည်းငယ်ကို မဆိုလိုပါ။) Innovation ကိုသာ ပိုမိုအရေးပေး လုပ်ဆောင်ကြပါတယ်။ အထူးသဖြင့် Service Innovation ၀န်ဆောင်မှုဗဟိုပြု ဆန်းသစ်တီထွင်မှုကို ပါ။ နောက်တစ်ခုက innovation ကိုလေ့လာမယ်ဆိုရင် ပရော်ဖက်ဆာ ဟင်နရီ ချက်စဘရိုး(Henry Chesbrough) ရဲ့ Open Innovation ကို မဖြစ်မနေလေ့လာသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။ အောက်မှပုံမှာ ပရော်ဖက်ဆာ ဟင်နရီ ချက်စဘရိုး(Henry Chesbrough) ရဲ့ Open Innovation စာအုပ်ကာဗာဖြစ်ပါတယ်။ အကျဉ်းချုံး ဆက်လက်ပြီး တင်ပြပေးလိုပါတယ်ခင်ဗျာ။
  • 5. 5 Closed Innovation (စည်းဘောင်အတွင်းမှလုပ်ဆောင်သော ဆန်းသစ်တီထွင်မှု) အကျဉ်းအားဖြင့် တင်ပြရလျင် Closed Innovation ဆိုသည်မှာ ဆန်းသစ်တီထွင်မှု လုပ်ရာတွင် သုတေသနစီမံကိန်းများကို မိမိတို့ အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များကို သာအသုံးပြုပြီး ဈေးကွက် ဖော်ဆောင်မှုတွေလုပ်ဆောင်ကြခြင်း ပင်ဖြစ်ပါတယ်။ ထိုသို့ အတွေးအခေါ်ရှိသည့် အတွက်ကြောင့် ကွင်းဆက်အနေနှင့် ကုန်ကျစရိတ်မြင့်မားမှုများ ခံစားကြရပြီး စီမံကိန်း အောင်မြင်မှုမှာလည်း သိပ်မသေချာလှပါ။ ဒီ Closed Innovation ရဲ့ သွယ်ဝိုက်တဲ့ ယုံကြည်ချက် တစ်ခုကတော့ မိမိ အဖွဲ့အစည်းထဲမှာ သက်ဆိုင်ရာပညာရပ်ရဲ့ အကျွမ်းကျင်ဆုံးသော ပုဂ္ဂိုလ်လူ့ အရင်းအမြစ်တွေ ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် လိုအပ်တဲ့ အရည်အသွေးရှိသူတွေကို ၀န်ထမ်းခန့်ယူ ရွေးချယ်ရခြင်းက လည်း လုပ်တစ်လုပ်ပါ။ အားသာချက်က စီမံကိန်းရဲ့ လျို့ဝှက်မှုပါဘဲ။ မိမိခန့်ထားတဲ့ ၀န်ထမ်းများကလွဲလို့ စီမံကိန်း အကြောင်း ပြင်ပမှ မသိနိုင်ပါ။
  • 6. 6 Open Innovation (ပွင့်လင်းသော ဆန်းသစ်တီထွင်မှု) Open Innovation ပွင့်လင်းသော ဆန်းသစ်တီထွင်မှုသည် မိမိတို့အဖွဲ့စည်းမှ ဘာသာရပ် ကျွမ်းကျင်သူများအပြင် ပြင်ပမှ စားသုံးသူ၊ ကျွမ်းကျင်ပညာရှင် နှင့် အခြားအခြားသော နေရာများမှ ရသမျှ အိုင်ဒီယာများကို ရယူပေါင်းစပ်ကာ စီမံကိန်းများကို ပြုလုပ်ကြပါတယ်။ ထိုစီမံကိန်းများ ပြီးမြောက်သော အခါ မိမိတို့ ရည်ရွယ်ထားတဲ့ စားသုံးသူဈေးကွက် ရချင်ရနိုင်သလို၊ ဈေးကွက်သစ်များ လည်းဖော်ဆောင်နိုင်လာသည်။ သို့မဟုတ် စီမံကိန်းများမှ သုတေသနရလဒ်များကို အခြားအခြားသော အဖွဲ့အစည်းများသို့ ရောင်းချခြင်း (သို့) လိုင်စင် လုပ်ခြင်း၊ ပေတန့် (Patent) လုပ်ခြင်းများဖြင့် မိမိတို့လုပ်ငန်းရဲ့ သဘာဝနဲ့ မကိုက်ညီသော်လည်း အကျိုးအမြတ် ရှာဖွေနိုင်ပါတယ်။ ဒီ Open Innovation မှာ အဖွဲ့အစည်းရဲ့ ဘောင်တွေ၊ စည်းမျဉ်းတွေက အဓိက မကျပါဘူး။ စီမံကိန်း ပြီးမြောက် အောင်မြင်ပြီး အိုင်ဒီယာ ထုတ်လုပ်ခြင်း (Ideation or Idea Generation) နှင့် စားသုံးသူလက်ထဲ ရောက်ရှိရေးသာ အဓိကဖြစ်လာသည်။
  • 7. 7 Open Innovation နှင့် Closed Innovation တို့၏ အမြင်များ နှိုင်းယှဉ်ချက် Closed Innovation Open Innovation Closed Innovation သမားများက သူတို့ ကုမ္ဗဏီ အဖွဲ့အစည်းမှာရှိတဲ့ လူတော်များ၊ ကျွမ်းကျင်သူများ က သူတို့အဖွဲ့အစည်း အတွက် အလုပ်လုပ်ပေးမည် ဟုယုံကြည်ကြသည်။ လူတော်အားလုံးက အဖွဲ့အစည်းထဲမှာ ရှိချင်မှ ရှိမည် (သို့) အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးချင်မှ လုပ်ပေးမည်။ ထို့အတွက် အဖွဲ့အစည်းမှ လူတော်၊ ကျွမ်းကျင်သူများ ပြင်ပမှဖြစ်စေ၊ အဖွဲ့အတွင်းမှ ဖြစ်စေ ပူးပေါင်းစွဲဆောင် လုပ်ဆောင်ကြရမည်။ R & D သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် တည်ဆောက်ရေးမှ အမြတ်ရရန် ရှာဖွေမှု၊ တည်ဆောက်မှုနှင့် ဈေးကွက်ဖြန့်ချီမှုတို့သည် အဖွဲ့အစည်း တစ်ခုတည်းမှ လုပ်ဆောင်ကြသည်။ ပြင်ပမှ R&D ရလဒ်များသည် အဖိုးမဖြတ်နိုင်သော အားသာချက်ဖြစ်သည်။ အဖွဲ့အစည်းအတွင်း မှ R&D သည် အဖွဲ့အစည်းအတွက် ထိုအားသာချက်၏ အစိတ်အပိုင်းအနေနှင့်သာ ရှုမြင်သည်။ နယ်ပယ်အလိုက် Innovation ကို ပထမဦးစွာ ဈေးကွက်ကို ထွင်းဖောက် တင်ပြနိုင်သော ကုမ္ဗဏီသည် ဈေးကွက်တွင် အနိုင်ရရှိမည် ဖြစ်သည်။ ပိုမိုကောင်းမွန်တဲ့ Business Model စီးပွားရှာစံ ကိုဆောက်တည်ခြင်းသည် ဈေးကွက်တွင် ဦးစွာထွင်းဖောက်ခြင်းထက် ပို၍ အရေးကြီးသည်။ နယ်ပယ် Industry အလိုက် အဖွဲ့အစည်းအတွင်းမှ အကောင်းဆုံးဖြစ်သော အိုင်ဒီယာများကို ထုတ်ယူ ချပြ ဖန်တီး နိုင်လျင် ဈေးကွက်တွင် အနိုင်ရရှိမည် ဖြစ်သည်။ အဖွဲ့အစည်းပြင်ပ နှင့် အတွင်းမှ အိုင်ဒီယာများကို ကောင်းစွာ အသုံးချနိုင်လျင် ဈေးကွက်တွင် အနိုင်ရရှိမည် ဖြစ်သည်။ Closed Innovation သမားတို့သည် Intellectual Property ခေါ် အသိပညာဆိုင်ရာ မူပိုင်ခွင့်တို့ကို ပိုင်ဆိုင်ထိမ်းချုပ် နိုင်ရန် ကြိုးစားကြသည်။ ၄င်းတို့၏ သဘောထားမှာ ထိုကဲ့သို့ ထိမ်းသိမ်းထားခြင်းဖြင့် သူတို့၏ ပြိုင်ဘက် အဖွဲ့အစည်းများမှ ထိုအိုင်ဒီယာကို အသုံးချ၍ အမြတ်အစွန်းရရှိခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အိုင်ဒီယာကို မိမိတို့ တစ်ဦးတည်းမှ သုံးရန် ရည်ရွယ်သည်။ Open Innovation သမားတို့ကမူ အသိပညာဆိုင်ရာ မူပိုင်ခွင့်တို့ကို လိုင်စင်လုပ်ငန်းအသွင်ပြောင်း၍ အခြားသော ပြိုင်ဘက်များကိုပါ ဝေငှသည်။၎င်းကို License Out လိုင်စင်ပေး၍ လုပ်စေခြင်းဟု ခေါ်သည်။ မိမိတို့ အကျိုးစီးပွားဖြစ်မည် ဆိုလျင် မိမိတို့၏ အိုင်ဒီယာများကို အခြားသူများကို ပေးသုံးစေသည်။ ထိမ်းချုပ်ရန် မကြိုးစားပါ။ တက္ကသိုလ်များနဲ့ ချုပ်ဆိုထားသော စာချုပ်များတွင် မိမိတို့မှ ဆပွန်စာပေးထားသည့် အတွက် သုတေသန ရလဒ်အားလုံးကို မိမိတို့မှ ပိုင်ဆိုင်သည်။ ဗဟုသုတ ကြွယ်ဝတိုးတက်စေခြင်း အကျိုးငှာ တက္ကသိုလ်များ နှင့်ပူးပေါင်းမိတ်ဖွဲ့ထားပြီး ရလဒ်များကို မိမိတို့၏ နယ်ပယ်ပြင်ပများတွင်ပါ အသုံးချခွင့် ပေးထားသည်။
  • 8. 8 User-Driven Innovation (စားသုံးသူ မောင်းနှင်သော ဆန်းသစ်တီထွင်မှု) Innovation နဲ့ ပတ်သက်လို့ နောက်ထပ် မိတ်ဆက်ပေးချင်တာက MIT Sloan စီမံခန့်ခွဲရေးကျောင်းမှ ပရော်ဖက်ဆာ Eric von Hippel ရဲ့ Democratizing Innovation စာအုပ်မှာ ဖော်ပြထားတဲ့ User- Driven Innovation စားသုံးသူ မောင်းနှင်သော ဆန်းသစ်တီထွင်မှု အကြောင်းပဲဖြစ်ပါတယ်။ သူပြောတာက “စားသုံးသူများရဲ့ ဆန်းသစ်တီထွင်နိုင်မှု အားဟာ လျင်မြန်စွာ တိုးတက်လာပါပြီ။ အဲဒါဟာ ကွန်ပြူတာ software နဲ့ hardware များရဲ့ အရည်အသွေးတိုးတက်လာခြင်း၊ Innovation အတွက် အလွယ်တကူ အသုံးချနိုင်တဲ့ ကိရိယာ အသုံးအဆောင်များ ရရှိရန် လွယ်ကူလာခြင်း၊ Innovation ပိုမိုပြီး ကြွယ်ဝတဲ့ အခြေခံများကို သိနားလည်ရန်နှင့် ရရှိရန် လွယ်ကူလာခြင်း တို့ကြောင့်ဖြစ်သည်။” ဒီ “စားသုံးသူက မောင်းနှင်တဲ့ (တနည်း) စားသုံးသူ စိတ်တိုင်းကျ လုပ်ဆောင်တဲ့ User-Driven Innovation သည် Customer Satisfactions လို့ခေါ်တဲ့ စားသုံးသူ စိတ်ကျေနပ်မှုရရှိနိုင်တဲ့ ဆန်းသစ်မှုတွေကို လုပ်ဆောင်နိုင်မှာ အမှန်ဘဲ ဖြစ်ပါတယ်။ အောက်ပုံမှာ ပရော်ဖက်ဆာ် Eric von Hippel နဲ့ သူရဲ့ Democratizing Innovation စာအုပ်ပဲ ဖြစ်ပါတယ်။ စားသုံးသူမောင်းနှင်သော ဆန်းသစ်မှုမှာ အဓိကအားဖြင့် ၃ပိုင်းပါ ရှိပါသည်။ ၁။ Customer Focus (စားသုံးသူ ပဓာန) ပုံမှန်အားဖြင့် စားသုံးသူ ပဓာန ဆိုတဲ့ စကားရပ်ဟာ စားသုံးသူ လိုအပ်ချက်နှင့် စားသုံးမှု အတွေ့အကြုံ တွေပေါ်မူတည်ပြီး ထုတ်ကုန် ထုတ်လုပ်နိုင်စွမ်းတဲ့ ကုမ္ဗဏီရဲ့
  • 9. 9 အရည်အသွေး ဆိုပြီး နားလည်ထားကြပါတယ်။ ကုမ္ဗဏီ အများစုကတော့ စားသုံးသူနဲ့ ပတ်သက်ပြီး ပဓာနထားဖြစ်ကြတာက ၄င်းတို့ရဲ့ Sales & Marketing ရောင်းချခြင်းနှင့် မားကတ်တင်း အပိုင်းသာဖြစ်နေတတ်ကြပါတယ်။ ဒီနေရာမှာ စားသုံးသူ ပဓာန ဆိုတာ စားသုံးသူရဲ့ အမှန်တကယ်လိုအပ်ချက်ရယ်၊ အမှန်တကယ် စားသုံးမှုမှ ရလာတဲ့ အတွေ့အကြုံရယ်ကို ပဓာနထား လေ့လာခြင်းကို ဆိုလိုပါတယ်။ ၂။ Skills for analyzing and assessing customer needs (စားသုံးသူ လိုအပ်ချက်ကို တွေ့ရှိ စူးစမ်းနိုင်တဲ့ ၀န်ထမ်းများရဲ့ အရည်အသွေး) စားသုံးသူပဓာနထားတဲ့ အချက်ကိုတော့ လက်ခံပြီ။ ဒါပေမယ့် ဒါကိုကျင့်သုံးယုံနဲ့ လုံလောက်မှုမရှိနိုင်ပါ။ ကုမ္ဗဏီမှာ စားသုံးသူရဲ့ အမှန်တကယ်လိုအပ်ချက်ကို သိနိုင် မြင်နိုင်တဲ့ ၀န်ထမ်းများ (သို့) ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူ ဆွေးနွေးလုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ၃။ Methods applied in conducting user surveys (စားသုံးသူ အကြံပြုချက်ကောက်ယူသည့် ပုံစံ (သို့) လုပ်ဆောင်ချက်) ကျွန်တော်တို့ အကြံပြုချက်ကောက်ယူပုံ အမျိုးမျိုးကို ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြ ပါတယ်။ ပုံစံမျိုးစုံရှိကြပါတယ်။ စားသုံးသူကို အင်တာဗျူးမယ်၊ ဈေးကွက်စစ်တမ်းကောက်မယ်၊ အကြံပြုဖောင်တွေ ဖြည့်ခိုင်းမယ်၊ သိပ္ဗံနည်းကျ စူးစမ်း ထားတဲ့ မှတ်တမ်းဝင် စားသုံးသူ လိုအပ်ချက်ရော၊ မှတ်တမ်းမ၀င်သော စားသုံးသူ လိုအပ်ချက် (သွယ်ဝိုက်သော စားသုံးသူ လိုအပ်ချက်) ကို ပါ ရယူဆောင်ရွက်ရပါတယ်။ အသေးစိတ်ကိုတော့ မိမိတို့ ကိုယ်တိုင် လေ့လာဖတ်ရှုစေလိုပါတယ်။ ဒီအခန်းမှာတော့ မိတ်ဆက်အနေ နဲ့ တင်ပြရတာမို့ ဒီလောက်နဲ့ဘဲ ကျေနပ်ပါလို့ တောင်းပန်စကားထပ်လောင်းဆို လိုက်ပါရစေ။ ကဲ ကျွန်တော်တို့ရဲ့ Service Innovation လေးစကြဦးစို့ရဲ့ ။
  • 10. 10 Service Innovation (၀န်ဆောင်မှု ဆန်းသစ်တီထွင်ခြင်း) Service Innovation ကိုအဓိပ္ဗါယ်ဖွင့်ဆိုရလျင် Service Innovation ဆိုသည်မှာ Service Organization ၀န်ဆောင်မှုပေးသော အဖွဲ့အစည်းအတွင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ၀န်ဆောင်မှုကိစ္စ (service function) များကို ဦးဆောင်ဖြစ်ပေါ်စေသည့် အသစ်ဖြစ်သော (သို့) သိသိသာသာ ပြောင်းလဲလုပ်ဆောင်သော ၀န်ဆောင်မှု ကို ဆိုလိုသည်။ ဥပမာပေးရလျင် - မြို့တွင်းတွင် ခရီးတိုပြေးဆွဲသော ၀န်ဆောင်မှု - အငှားယာဉ် ၀န်ဆောင်မှု လုပ်ငန်းတွင် တခါတရံ အခက်အခဲရှိတတ်သည်မှာ ခရီးသည်နှင့် အငှားယာဉ် မတွေ့သည့် ဖြစ်ရပ်ဖြစ်သည်။ ခရီးသည်က တက္ကစီငှားလိုသည်။ ကားကမလာ သို့မဟုတ် လာတဲ့ကားက ခရီးသည် သွားလိုသည့်နေရာ သို့ မပို့နိုင် နှင့် ခရီးသည်ကို အချိန်ကုန်စေသည်။ ထို့အတူ အဲဒီ ခရီးသည်နှင့် နောက်တစ်လမ်းတွင် တက္ကစီမောင်းသူက ထိုခရီးသည်သွားလိုသော နေရာနှင့် လမ်းကြောသင့်သည်။ သို့သော် သူသွားနေတဲ့ လမ်းမှာ ကားငှားမည့်သူမရှိ။ ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် ၀န်ဆောင်မှု အခွင့်အလမ်း ဆုံးရှုံးမှုတွေ (ထိုအခိုက်အတန့်တွင်ဖြစ်သော Opportunity Lost အခွင့်ရေးဆုံးရှုံးမှုကိုသာ ဆိုလိုသည်။) ဖြစ်ပေါ် နေသည်မှာ ရန်ကုန်တစ်မြို့ထဲတွင်ပင် မနည်းလှပါ။ ယခုဆိုလျင် ထိုပြဿနာကို ဖြေရှင်းရန် Oway Ride တို့ Hello Cab တို့က မိုဘိုင်းလ်ဖုန်း အသုံးချ application များဖန်တီးပြီး ခရီးသည်နှင့် တက္ကစီသမားတို့ကို ချိတ်ဆက်လုပ်ဆောင်ပေးသည့် ၀န်ဆောင်မှု အသစ်တစ်ခု ထွက်ပေါ်လာပါပြီ။ ဒါဟာ ရှိပြီးသား နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ အငှားယာဉ် ၀န်ဆောင်မှုကို အသုံးချပြီး ၀န်ဆောင်မှုအသစ် တစ်ခုထွက်လာခြင်းပါ။ ဒါဟာ Service Innovation ပါ။ Service Innovation လုပ်ဖို့အတွက် (သို့) စီးပွားရှာဖို့အတွက် Service Opportunities (၀န်ဆောင်မှု အခွင့်အလမ်း) တွေကို မြင်တတ်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ ၀န်ဆောင်မှုအခွင့်အလမ်းကို မြင်တတ်ဖို့ Service ဆိုတဲ့ ၀န်ဆောင်မှုဟာ ဘာလဲ ဆိုတာကို အရင်နားလည်အောင် ကြည့်ကြရပါမည်။ အောက်ပါ Service ပတ်သက်တဲ့ အချက်များကို Service Innovation သမားတိုင်း သိနားလည်ထားရန်လိုပါတယ်။ ၄င်းတို့ကို နောက်တစ်ခန်းမှာ တစ်ဆင့်ချင်းစီ ရှင်းလင်းပြသထားမှာ ဖြစ်ပါတယ်။ • Service Logic (၀န်ဆောင်မှု ယုတ္တိဗေဒ)
  • 11. 11 • 8 Mindset Shift from Good Dominant Logic to Service Dominant Logic (ထုတ်ကုန်ဓိက မှ ၀န်ဆောင်မှုဓိက ယုတ္တိဗေဒ သို့ ပြောင်းလဲသော အတွေးမြင် ၈မျိုး) • Service Co-production & Value Co-creation (၀န်ဆောင်မှု ပူးပေါင်းထုတ်လုပ်ခြင်း နှင့် တန်ဖိုး ပူးပေါင်းဖန်တီးခြင်း) • Service value (၀န်ဆောင်မှု တန်ဖိုး)