More Related Content More from Ethical Sector (20) Mining SWIA presentation2. Founders:
Current core funders:
• UK DFID
• DANIDA
• Norway
• Switzerland
• Netherlands
• Ireland
www.myanmar-responsiblebusiness.org
and www.mcrb.org.mm
No. 6.A Shin Saw Pu Road, Sanchaung, Yangon
Tel/Fax: 01 01-512613
MCRB Objective
To provide an effective and legitimate platform for
the creation of knowledge, capacity and dialogue
concerning responsible business in Myanmar, based
on local needs and international standards, that
results in more responsible business practices.
ပို၍တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အကျင့်များ
ဖြစ်ထွန်းလာစေရန်၊ နိုင်ငံတကာအဆင့်အတန်းများ၊
ဒေသလိုအပ်ချက်များ အပေါ်မူတည်၍ မြန်မာနိုင်ငံ၌
တာဝန်ယူမှုရှိသော အသိပညာ၊ စွမ်းဆောင်ရည်နှင့်
စကားဝိုင်းများ ဖြစ်ပေါ်လာစေရန်အတွက် ထိရောက်သော
တရားဝင် အခင်းအကျဉ်းတစ်ခု ပံ့ပိုးပေးရန်။
myanmar.responsible.business
5. SWIA သုတေသန ဆိုင်ရာနောက်ခံ အကြောင်းအချက်အလက်များ
၂၀၁၅-ခုနှစ်ကုန်ပိုင်းမှစ၍ ထုံးကျောက်၊ ရွှေ၊ ခဲမဖြူ/အဖြိုက်နက်တို့ကို
ကွင်းဆင်းသုတေသနပြုလုပ်ခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခု
စီမံကိန်း လုပ်ကွက် ၄၁ ခု
တွေ့ဆုံခဲ့သူ ၁၃၇၈ ဦး (အုပ်စုလိုက် ၁၄၂ ကြိမ်+ တစ်ဦးချင်း ၄၈၅ ကြိမ်)
၂၀၁၆ အောက်တိုဘာလတွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ၂ ကြိမ်
၂၀၁၆ အောက်တိုဘာ (၁၀) ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီးအား
SWIA ၏ တွေ့ရှိချက်များကို တင်ပြခဲ့
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇-၂၈) တွင် MONREC ၏ တာဝန်ရှိသူများအား
Update များပြုလုပ်ခဲ့
အပြီးသတ်အစီရင်ခံစာအား ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထုတ်ဝေခဲ့
၂၀၁၆-၂၀၁၈ ခုနှစ်အတွင်း အလုပ်ရုံဆွေးနွေးပွဲများ၌ Presentation များစွာပေးခဲ့
6. SWIA တွေ့ရှိချက်များ – အဓိက စိန်ခေါ်မှု ၅ ရပ်
မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော သတ္ထုတူးဖော်ရေးလုပ်ငန်းများ ဖြစ်လာရန်အတွက် အဓိက စိန်ခေါ်မှု ငါးရပ်-
၁။ သတ္ထုတွင်းလုပ်ငန်းနှင့်ဆက်နွယ်သည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများမှာ ရှင်းလင်းမှု မရှိခြင်းနှင့်
တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာစေရန် အဟန့်အတားများ ရှိနေခြင်း။
၂ ။ သတ္ထုတွင်းလုပ်ငန်းမှ သဘာဝပတ်ဝန်းကျင်၊လူမှုရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ သက်ရောက်မှုများ
အားစောင့်ကြည့်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသည့်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏
စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိနေခြင်း။
၃။ ဓါတ်သတ္ထုလုပ်ငန်းကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ
ထိခိုက်မူများ ဒေသခံများအပါ် သက်ရောက်ခြင်း။
၎။ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သတ္ထုလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်မှာ လွန်စွာ ပြဿနာ ရှိနေခြင်း။
၅။ သတ္ထုတွင်းလုပ်ငန်းကဏ္ဍတွင် တရားမဝင်တူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းအား ကိုင်တွယ်ဖြေ
ရှင်းရန် လိုအပ်နေခြင်း။
7. ကဏ္ဍအဆင့်-စီးပွားရေး
အခွန်အခနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခြင်း
အခွန်ဘဏ္ဍာများ၊ သုံးစွဲမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုအားနည်းခြင်း။
ပြည်နယ်နှင့်၊ တိုင်းဒေသကြီးသို့ ခွဲဝေပေးမှု အချိုးအစားမညီမျှခြင်း။
လက်နက်ကိုင်အဖွဲ့အစည်းများပါဝင် ပတ်သက်နေခြင်းနှင့် တရားမဝင်ငွေပေးချေခြင်း။
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း
တိုင်းရင်းသားဒေသများတွင် ပို၍နည်းပါးခြင်း။
ဒေသနှင့်ကိုက်ညီသည့် မူဝါဒများ မရှိခြင်း။
တပိုင်တနိုင် သတ္တုတူးဖော်ခြင်းသည် အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သည်။
အခွန်ဘဏ္ဍာငွေ ခွဲဝေခြင်း
ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးနှင့် ဒေသအဆင့်တို့ကြား စနစ်ကျသော အခွန်ဘဏ္ဍာငွေ
ခွဲဝေသည့် စနစ်မရှိခြင်း။
8. ကဏ္ဍအဆင့်-စီမံအုပ်ချုပ်မှု
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ(SOEs) မှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်း (ထုတ်လုပ်မှု၊ လိုင်စင်၊ အခွန်ဘဏ္ဍာငွေ၊ သုံးစွဲမှု)
ဥပဒေများအား လေးစားလိုက်နာမှုအားနည်းခြင်း။
စည်းကမ်းတကျမဟုတ်ဘဲ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် တရားမဝင် သတ္တုတူးဖော်နေခြင်း။
စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လုပ်ဆောင်ရာတွင် လူအင်အားနည်းပါးခြင်း။ (သတ္တုတွင်းလုပ်ကွက်များကို
စစ်ဆေးခြင်း၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်)
အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်း (MoNREC အောက်ရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ(SOEs) မှာ စောင့်ကြည့်စစ်ဆေးမှု
တာဝန်ကိုလည်း ထမ်းဆောင်ခြင်း )
လိုင်စင် စနစ် (ဥပဒေများ မရှင်းလင်းခြင်း/လုပ်ထုံးလုပ်နည်းများ ဝန်လေးခြင်း)
လိုင်စင်များ ချပေးရာတွင် ပွင့်လင်းမြင်သာမှုအားနည်းခြင်း။
လိုင်စင်လျှောက်ထားရသည့် လုပ်ငန်းစဉ်များ(Licensing process) မှာ တနိုင်တပိုင် သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း။
9. ကဏ္ဍအဆင့်- သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး
(E(S)IAs) နှင့် (E(S)MPs) များပေါ် စစ်ဆေးကြည့်ရှုရန်အတွက် အစိုးရတွင် စွမ်းဆောင်ရည်များ အားနည်းနေခြင်း
ဒေသအဆင့်တွင် သက်ရောက်မှုများအား စီမံခန့်ခွဲခြင်း နှင့် စောင့်ကြည့်စစ်ဆေးခြင်း
၂၀၁၂-ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ဒေသဆိုင်ရာ ကော်မတီစတင်ဖွဲ့စည်းမှု မပြည့်စုံသေးခြင်း။
အပြုသဘောဆောင်သော သင်္ကေတများ (ခွင့်ပြုမိန့်အသစ် ထုတ်ပေးခြင်းမပြုမီ ပတ်ဝန်းကျင်ဆိုင်ရာ
မှတ်တမ်းမှတ်ရာများအား စစ်ဆေးသုံးသပ်ခြင်း)။
ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စနစ်တကျ အစီအစဉ်ရေးဆွဲထားမှု၊ လေ့လာတွက်ချက်ထားမှု၊
ရလဒ်အပေါ် မျှော်လင့်ထားမှုများ ရှင်းလင်းမှုမရှိခြင်း။
သတ္တုတွင်းလုပ်ငန်းများ ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းအများအတွက် တာဝန်ယူမှုနည်းပါးခြင်း။
11. သဘာဝပတ်ဝန်းကျင်
EIA အား စနစ်တကျလုပ်ဆောင်မှုမရှိခြင်း၊ အလေးအနက်မရှိခြင်းနှင့် နားလည်မှုနည်းပါးခြင်း
လေထုညစ်ညမ်းမှု
ထုံးကျောက်နှင့် ရွှေတူးဖော် ထုတ်လုပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖုန်မှုန့်များ
သီးနှံများ အထွက်နှုန်းနှင့်အရည်အသွေး ကျဆင်းခြင်း
သတ္တုတွင်းလုပ်ငန်းအနီးတွင်နေထိုင်ကြသည့် ဒေသခံများအတွက်မီးခိုးငွေ့များနှင့် အနံ့ဆိုးများမှာ စိုးရိမ်နေရခြင်း
ရေညစ်ညမ်းမှု
ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် မြစ်ချောင်းနှင့် မြေအောက်ရေအား ညစ်ညမ်းမှုဖြစ်စေခြင်း
ရေစီးလမ်းကြောင်းနှင့်နီးသည့်နေရာများတွင် သတ္တုတူးဖော်ခြင်း
ထုတ်လုပ်ရာမှ အနည်များကို စွန့်ပစ်ခြင်းကြောင့် ရေစီးကြောင်းတွင် နုန်းအနည်များဖြစ်ပေါ်လာခြင်း
အများပြည်သူ အသုံးပြုသည့် ရေကို ခွဲဝေသုံးစွဲရန် အသိမပေးခြင်း။ ရေသုံးစွဲမှုအတွက် အခွန်မပေးဆောင်ခြင်း
သစ်တောပြုန်းတီးမှု
သတ္တုတွင်းလုပ်ငန်းများ ပြီးဆုံးသွားချိန်တွင် ပြုပြင်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ သတ္တုတွင်းပိတ်သိမ်းခြင်း အစီအစဉ်များ မရှိခြင်း
13. မြေယာ
မြေယာများသိမ်းဆည်းခြင်း
ဒေသခံများနေထိုင်ရာနေရာများ၊ စိုက်ပျိုးရေးမြေနေရာများအား ချန်ထားခဲ့ရပြီး တရားဝင်မြေပိုင်ဆိုင်မှုများအတွက်
အကာအကွယ်ပေးနိုင်မှုအနည်းငယ်သာရရှိခြင်း
မြေယာများဝယ်ယူခြင်းနှင့် နေရာပြန်လည်ချထားခြင်းအတွက် နစ်နာကြေးများပေးရာတွင် အစီအစဉ်စနစ်တကျ
လုပ်ဆောင်မှုမရှိဘဲ ပေးချေခြင်း
သတင်းအချက်အလက်များနှင့် မှတ်တမ်းမှတ်ရာများ အားနည်းခြင်း
အတင်းမောင်းထုတ်ခြင်း၊ ရပိုင်ခွင့်ရှိသူများ(rights-holders)ကို ခြိမ်းခြောက်မှုများဖြစ်စေခြင်း နှင့် ဖိအားဖြစ်စေခြင်း
ပြန်လည်အစားထိုးချထားသောနေရာများတွင် သင့်တင့်လျောက်ပတ်မှုမရှိခြင်း
အသက်မွေးဝမ်းကြောင်းများ ပျောက်ဆုံးခြင်း (ရွှေ့ပြောင်းလုပ်သားများနှင့် လယ်သမားများမှာ နေ့စားအလုပ်သမားများ
ဖြစ်လာခြင်း)
15. အလုပ်သမား
တရားဝင်လုပ်ငန်း တရားမ၀င်လုပ်ငန်း
သင်တန်းများနှင့် လုပ်ထုံးလုပ်နည်းများအားနည်းခြင်း
လုပ်ငန်းခွင် အန္တရာယ်ကာကွယ်ရေးဝတ်စုံများ ပံ့ပိုးပေးမှု
များရှိသည် (အမြဲတမ်းဝတ်ဆင်မှုမရှိ)
မတော်တဆထိခိုက်မှု မှတ်တမ်းများ မရှိခြင်း၊ လျော်ကြေး
ပေးသည့် လုပ်ငန်းစဉ်များ ရှင်းလင်းမှုမရှိခြင်း
အလုပ်သမား စာချုပ်များချုပ်ဆိုထားမှု/စာချုပ်မိတ္တုများမရှိခြင်း
အလုပ်သမား ကိုယ်စားလှယ်များ (အဖွဲ့) မရှိခြင်း
နစ်နာမှုများကိုတိုင်ကြားနိုင်သည့် ယန္တရားစနစ်များမရှိခြင်း
အလုပ်ချိန်များခြင်း၊ အခြေခံလုပ်ခလစာထက်နည်းပါးခြင်း
အလုပ်သမားအများစုမှာ နေ့စားအလုပ်သမားများဖြစ်ခြင်း၊
လုပ်ငန်းခွင်နှင့် နေထိုင်မှုအခြေအနေ မကောင်းမွန်ခြင်း
သင်တန်းများနှင့် လုပ်ထုံးလုပ်နည်းများ အားနည်းခြင်း
အန္တရာယ်ကာကွယ်ရေးဝတ်စုံများ ပံ့ပိုးပေးမှုမရှိ
ပြဒါးကို အိမ်တွင်းတွင် မီးဖုတ်ခြင်း နှင့်
အကာအကွယ်ပစ္စည်းများမရှိဘဲ အသုံးပြုခြင်း။
မကြာခဏ မတော်တဆထိခိုက်မှုများဖြစ်ပွားခြင်း
(မြေပြိုခြင်း)
ခေါင်းမူး၊ ယားယံ၊ ထိခိုက်ခြင်း၊ အရေပြားနှင့်
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း
ကျန်းမာရေးစောင့်ရှောက်မှုအထောက်အပံ့ မရှိခြင်း
သတ္တုတွင်းပိုင်ရှင်(pit owner ) များနှင့်
နှုတ်ဖြင့် သဘော တူညီချက်များ
ထုတ်လုပ်မှုအပေါ်မူတည်၍ ငွေပေးချေခြင်း
စွန့်ပစ်ပစ္စည်း(Waste) ကောက်ယူသူများမှ တွင်းပိုင်ရှင်
အား အခကြေးငွေပေးရခြင်း
17. ဒေသခံများအပေါ်သက်ရောက်မှုများနှင့် ဖွံ့ဖြိုးရေး
အဆောက်အဦများ အက်ကွဲခြင်း (ယမ်းဖြင့်ဖောက်ခွဲမှုနှင့် ဆက်စပ်သော မတော်တဆထိခိုက်မှုများ)
သံသယရှိသော ကျန်းမာရေးသက်ရောက်မှုများ (ရေနှင့် လေ ညစ်ညမ်းမှု)
လူနေမှုပုံစံပြောင်းလဲလာခြင်း ( မူးယစ်ဆေးဝါးများ ဝယ်ယူရရှိရန် လွယ်ကူခြင်း၊ စီးပွားဖြစ်ရောင်းချခြင်း)
အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် ဒေသထုတ်ပစ္စည်းအနည်းငယ်သာ အသုံးပြုခြင်း
အစီအစဉ်စနစ်တကျမဟုတ်ဘဲ လုပ်ဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ
အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုများ ( စိုက်ပျိုးရေး၊ ငါးဖမ်းခြင်း)
အခြားဒေသမှ ပြောင်းရွှေ့လာသူများ ၀င်ရောက်နေထိုင်လာခြင်းကြောင့် ၀န်ဆောင်မှုများ အတွက် ကန့်သတ်မှုများ
ရှိလာခြင်းနှင့် ဈေးကြီးမြင့်လာခြင်း
ဘာသာရေးဆိုင်ရာနေရာများ ထိခိုက်ပျက်စီးခြင်း
သစ်တောများပြုန်းတီးခြင်းကြောင့် ဆေးဖက်ဝင်အပင်များ ရှားပါးလာခြင်း
19. သတ္တုတွင်းကုမ္ပဏီများသည် အဓိပ္ဗါယ်ရှိသော ဆွေးနွေးပွဲများမပြုလုပ်လိုကြခြင်း၊ ဒေသခံများထံမှ အကြံဥာဏ်များ
တောင်းခံရာတွင် စနစ်မကျခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း။
လိုင်စင်များလျှောက်ထားခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွေးချယ်ထားသောသူများနှင့်သာ စနစ်တကျ
စီစဉ်မှုမရှိဘဲ ကြုံသလို ဆွေးနွေးပွဲများပြုလုပ်ခြင်း။
EIA ဆွေးနွေးပွဲများတွင် တင်ပြသော သတင်းအချက်အလက်များမှာ နည်းပညာအရမ်းဆန်ခြင်း၊ အချိန်နည်းပါး
ခြင်း၊ ဒေသခံဘာသာစကားများ အသုံးမပြုခြင်း သို့မဟုတ် နားလည်ရန် ခက်ခဲသည့် သဘာသာစကားဖြင့်
သုံးစွဲခြင်း။
ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စီမံကိန်းများကြောင့် ဖြစ်ပေါ်နိုင်သော ကိစ္စရပ်များဆွေးနွေးခြင်းထက်
အလှူအတန်းများအတွက်သာ ဦးစားပေးဆွေးနွေးခြင်း။
စီမံကိန်းအဆင့် နစ်နာမှုများတိုင်ကြားနိုင်သည့် ယန္တရားစနစ်မရှိခြင်းနှင့် ပါဝင်ပတ်သက်သူများမှ ထိုယန္တရားစနစ်
အကြောင်း သိရှိမှုနည်းပါးခြင်း။
ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မကျေနပ်မှုများ၊
နစ်နာမှုများအား တိုင်ကြားနိုင်သည့်စနစ်
21. ကလေးများအပေါ် သက်ရောက်မှုများ
တပိုင်တနိုင်သတ္တုထုတ်လုပ်သည့်နေရာများတွင် အန္တရာယ်ရှိသောအလုပ်များကို လုပ်ကိုင်နေကြခြင်း
အချို့တရားဝင်သတ္တု လုပ်ငန်းများတွင်လည်း လုပ်ကိုင်မှုရှိနေခြင်း
သဘာဝပတ်ဝန်းကျင်အရည်အသွေးနိမ့်ကျလာခြင်း၏ အကျိုးဆက် ဆိုးကျိုးများ
သတ္တုတွင်းလုပ်ငန်းများ၏ အနီးတ၀ိုက်တွင် မတော်တဆ ထိခိုက်ဒါဏ်ရာရရှိခြင်း
အန္တရာယ်ရှိသည့် ပြဒါး ၊ ဆာရာနိုက် (Cyanide) များအသုံးပြုခြင်း သို့မဟုတ် အနီးနားတွင်ရှိနေခြင်း
မိသားစု၏ မြေယာများဆုံးရှုံးသွားသောအခါ ကလေးများ၏ ပညာရေးတွင် သက်ရောက်မှုများရှိခြင်း
သတ္တုတွင်းစီမံကိန်းများကြောင့် ကျောင်းသွားသည့်လမ်းများ အဟန့်အတားရှိခြင်းနှင့် မတော်တဆ ထိခိုက်ဒါဏ်ရာ
ရရှိခြင်း
23. အမျိုးသမီးများအပေါ် သက်ရောက်မှုများ
အမျိုးသမီးများ မြေအောက်သတ္တုတွင်းများတွင် လုပ်ကိုင်ခွင့်မရှိခြင်း
အမျိုးသမီးများနှင့် အမျိုးသားများ၏ လုပ်ကိုင်ရသည့် အလုပ်များသည် သတ္တုတွင်းလုပ်ငန်းများတွင်
ကွဲပြားမှုရှိခြင်းကြောင့် အခကြေးငွေရရှိမှုမတူညီခြင်း
အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း ( အများစုမှာ တရားမဝင်သတ္တုတွင်းများတွင်
နေ့စားအလုပ်သမားများအဖြစ်လုပ်ကိုင်နေခြင်း)
ရွှေကျင်ခြင်းနှင့် ရွှေထုတ်ခြင်းလုပ်ငန်းများတွင် ပါဝင်ခြင်း (ပြဒါးနှင့် အခြားသော ဓာတုပစ္စည်းများ အသုံးပြုခြင်း)
ဒေသအတွင်း ခေါင်းဆောင်မှုဖွဲစည်းတည်ဆောက်ပုံများတွင် ပါဝင်မှုမရှိခြင်း၊ ထို့ကြောင့် ဆွေးနွေးပွဲများတွင်
မပါဝင်ခြင်း
ဒေသတွင်းအမျိုးသမီးများအတွက် လုံခြုံရေးအရ စိုးရိမ်မှုများရှိခြင်း
25. ပဋိပက္ခ နှင့် လုံခြုံရေး
သတ္တုတွင်းလုပ်ကိုင်သည့်နေရာများတွင် ဒေသခံများ လုံခြုံမှုမရှိခြင်း (မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဒေသခံများနှင့်
ရွှေ့ပြောင်းလုပ်သားများအကြား ဆက်ဆံရေးတင်းမာခြင်း)
ကုမ္ဗဏီနှင့် ဒေသခံများအကြား ဆက်ဆံရေးတင်းမာခြင်း
စစ်တပ်ပိုင် ကုမ္ဗဏီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်စပ်သည့် ကုမ္ပဏီများအား ဒေသခံများမှ
ကြောက်ရွံ့ထိတ်လန့်ခြင်း
ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် လုပ်ကိုင်နေသည့် သတ္တုတွင်းလုပ်ငန်းများ တရားမဝင်အခွန်များ
ပေးဆောင်နေရခြင်း နှင့် တရားမဝင် သတ္တုများ ကုန်သွယ်မှုများရှိနေခြင်း
လက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့နယ်မြေရှိ သတ္တုတွင်းလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲမှုမရှိခြင်း
27. နိုင်ငံတော်ပိုင်လုပ်ငန်းများ (SOEs) နှင့် ၎င်းတို့၏ တာဝန်များ
သတ္တုတွင်းလုပ်ငန်းများ (SOE) အပ်နှင်းထားသည့် တာဝန်များ
သတ္တုတွင်းဦးစီးဌာန ဓာတ်သတ္တု ဆိုင်ရာမူဝါဒချမှတ်ခြင်း၊ ကြီးကြပ်ခြင်း၊ အခွန်အခများ
ကောက်ခံခြင်း
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး
ဦးစီးဌာန
ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း
အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ကတ်ဒမီယမ်၊ ကိုဘော့၊ ကြေးနီ၊ ခနောက်စိမ်း၊ ခရိုမီယမ်၊ခဲ၊ငွေ၊
တယ်လူရီယမ်၊ နီကယ်၊ ပြဒါး၊ သံ၊ သွပ်၊ အလူမီနီယမ်၊ အာဆင်းနစ်၊
ကျောက်ဂွမ်း၊ ကျောက်မီးသွေး၊ ဂရပ်ဖိုက်၊ ဖန်ချက်သဲ၊ ထုံးကျောက်၊
ဘရိုက်တီး၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနီးစ်ဒိုင်အောက်ဆိုက်၊ အလှဆင်ကျောက်
အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ခဲမဖြူ၊ တိုင်တေနီယမ်၊ ရှားပါးသတ္တုများ၊ မြေရှားဒြပ်စင်၊ မိုလစ်ဒီနမ်၊
ရေဒီယိုဓါတ်ကြွ၊ တွင်းထွက်၊ ရွှေ၊ ရွှေဖြူ၊ အဖြိုက်နက်၊
အလေးစီးတွင်းထွက်
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး ကျောက်မျက်၊ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ
မြန်မာ့ပုလဲလုပ်ငန်း ပုလဲနှင့် မုတ်ခွန်
28. ၂၀၁၈ မြန်မာ့သတ္တုတွင်း နည်းဥပဒေသစ်
၂၀၁၅ ခုန◌ှစ် ဒီဇင�ာလ�တင် ထုတ်◌ပြ��့ ◌ဲ◌ပြီး နည်◌းဥပေဒများကို ၂၀၁၈ ခုန◌ှစ်ေ◌ဖေဖာ◌်ဝါရီ လ�တင် ◌ပြည်ေ◌ထာင�ု
အစိုးရအ�ဖဲ့မှ အတည်◌ပြုခ့◌ဲသည်။
• သတ္တုတွင်းလိုင်စင် ထုတ်ပေးခြင်းမူဘောင်
• MONREC မှ ပြည်ထောင်စုနှင့်တိုင်း/ပြည်နယ်အဆင့် သက်ဆိုင်ရာအခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများ
• ငွေကြေးဆိုင်ရာ စည်းကမ်းချက်များနှင့် တွင်းထွက်ပစ္စည်းများအတွက် ဓာတ်သတ္တုအခွန် နှုန်းထားများ
• သတ္တုတွင်းစစ်ဆေးခြင်း၏ရည်ရွယ်ချက်များနှင့် သတ္တုတွင်းဥပဒေနှင့်အညီ လိုက်နာမှု မရှိလျင်
အပြစ်ဒဏ်ချမှတ်ခြင်းစသည်တို့ပါဝင်သည်။
ပုဒ်မ ၁၃ (င) ၁ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုများကို ထည့်သွင်းထားသည်။
ပုဒ်မ ၁၃ (င) ၂ တွင် ပြန်လည်ထူထောင်ရေးနှင့်သတ္တုတွင်းပိတ်သိမ်းခြင်းရန်ပုံငွေ
လက်လုပ်လက်စားသတ္တုတူးဖော်ခြင်းကို နည်းဥပဒေ ၉၇ အရသတ်မှတ်ထား။
• ရွှေနှင့်အခြားတန်ဖိုးရှိသော သတ္တုအတွက် (၁) ဧက (ရွှေလုပ်ကွက်ဖြစ်ပါက မိသားစုတစ်ခုလျင် လုပ်ကွက်တစ်ခု)၊
အခြားသတ္တု များအတွက် ၃ ဧက၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့်ကျောက်အတွက် ၅ ဧက
29. ၂၀၁၈ မြန်မာ့သတ္တုတွင်း နည်းဥပဒေသစ်
၂၀၁၅ ခုနှစ် ပြင်ဆင်ထားပြီးသော မြန်မာ့သတ္တုတွင်းဥပဒေသည် နိုင်ငံခြားရင်းနှီးမြှပ်မှုကို ကန့်သတ်ထားပြီး အ
ကြီးစားဓာတ်သတ္တုလုပ်ငန်းများအတွက်သာ ခွင့်ပြုမိန့်ပေးမည်။
၂၀၁၆ ခုနှစ် ရင်းနှီးမြှပ်နှံမှု ဥပဒေ တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများသည် နိုင်ငံခြားရင်းနှီးမြှပ်မှုအတွက်
တားမြစ်ထားပြီး မြန်မာနိုင်ငံ ကုမ္ပဏီများသာ ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရှိသည်။
အသေးစားနှင့် လက်လုပ်လက်စား တူးဖော်မှုများအတွက် ခွင့်ပြုမိန့်များထုတ်ပေးခြင်းကို တိုင်းနှင့်ပြည်နယ်
အစိုးရများသို့ အာဏာအပ်နှင်းလွှဲအပ် ထားပါသည်။ (လုပ်ကွက်စိစစ်ရေးနှင့်ခွင့်ပြုမိန့်ထုတ်ပေးရေးအဖွဲ့)
၎င်းအဖွဲ့များသည် ခွင့်ပြုမိန့်လျှောက်ထားမှုများကို စီစစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနမှ
သဘောထားမှတ်ချက်ရပြီးလျင်-
• ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း၊ အသေးစား သို့မဟုတ် လက်လုပ်လက်စား
ထုတ်လုပ်မှု၊ ဆင့်တက်သန့်စင်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း ခွင့်ပြုမိန့်များကို သက်ဆိုင်ရာ တိုင်း သို့မဟုတ်
ပြည် နယ်များတွင် ထုတ်ပေးနိုင်သည်။
30. ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးနှင့်ထုတ်လုပ်ရေး
ခွင့်ပြုမိန့်အမျိုးအစားများ
ခွင့်ပြုမိန့်အမျိုးအစား အများဆုံး အရွယ်အစား
(နည်းဥပဒေ-၁၂)
လိုင်စင်သက်တမ်း (သက်တမ်းတိုးခြင်း)
အကြီးစား (၁၅
နှစ်နှင့်အထက်၊
နှစ် ၅၀ အထိ )
၁ မှ ၂၁၀၀ စတုရန်း ကီလိုမီတာ ရှာဖွေခြင်း (နည်းဥပဒေ ၁၀ + ၁၇ (ခ) ၁ +၁
စမ်းသပ်တိုင်းတာခြင်း (နည်းဥပဒေ ၂၆ + ၃၂ (ခ) ၃ + ၁ + ၁
ထုတ်လုပ်မှု (နည်းဥပဒေ ၅၂ + ၅၈) ၁၅ မှ ၅၀ ထိ၊ + ၅
အလတ်စား (၁၀+၂+၁
နှစ်)
၁ စတုရန်းကီလိုမီတာ အထိ ရှာဖွေခြင်း (နည်းဥပဒေ ၁၀ + ၁၇ (ခ) ၁ +၁
စမ်းသပ်တိုင်းတာခြင်း(နည်းဥပဒေ ၂၆ က၊ခ + ၃၂ ၊ ၃ + ၁ + ၁
ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း(နည်းဥပဒေ ၃၈၊ ၄၄ က၊ခ) ၁+၁+၁
ထုတ်လုပ်မှု (နည်းဥပဒေ ၆၈ + ၇၄) ၁၀ မှ ၁၅ ထိ၊ +၂
အသေးစား (၅+၂+၁ နှစ်)
စက်မှုကုန်ကြမ်းပစ္စည်းများ
သို့မဟုတ် ကျောက်
<၀.၀၈ စတုရန်းကီလို မိတာ (ဧက ၂၀) ရှာဖွေခြင်း (နည်းဥပဒေ ၁၁ + ၁၇ (ဂ) ၁ + ၁
စမ်းသပ်တိုင်းတာခြင်း (နည်းဥပဒေ ၂၇ + ၃၂ (ဂ) ၁ + ၁ + ၁
ထုတ်လုပ်မှု (နည်းဥပဒေ ၈၆ + ၉၂) ၅ မှ ၁၀ ထိ၊ + ၂ရွှေမှလွဲ၍ သတ္တုနှင့်
အခြားအဖိုးတန် သတ္တုများ
<၀.၀၄ စတုရန်းကီလို မိတာ (ဧက ၁၀)
ရွှေ <၀.၀၁၆ စတုရန်းကီလို မိတာ (ဧက ၄)
31. လုပ်ငန်းအဆင့် တစ်ခုချင်းစီအလိုက် EIA ၊ IEE ၊ EMP
ဆောင်ရွက်ရမည့် သတ်မှတ်ချက်များ
အဆင့် နည်းဥပဒေ ၂၀၁၈ ခုနှစ် သတ္တုတွင်း နည်းဥပ ဒေ အရ
လုပ်ဆောင်ရမည့် EMP/ IEE/EIA
ရှာဖွေခြင်း ၈ (င) ဆန်းစစ်ခြင်း (စီမံကိန်းအဆိုပြုချက်ကို တင်ပြရမည်)
စမ်းသပ်တိုင်းတာခြင်း ၂၄ (စ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)
ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း ၃၇ (င) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)
အကြီးစားထုတ်လုပ်ခြင်း ၄၈ (စ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP)
အလတ်စားထုတ်လုပ်ခြင်း ၆၄ (ဆ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE),
ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ခြင်း (EIA)
အသေးစားထုတ်လုပ်ခြင်း ၈၂ (စ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)
လက်လုပ်လက်စား ၉၇ (ဂ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)
32. အရပ်ဖက်အဖွဲ့အစည်းများသို့ အကြံပြုချက်များ
၁။ သတ္ထုတွင်းလုပ်ငန်းများကြောင့် ဆိုးကျိုးသက်ရောက်မှုများခံကြရသော ဒေသခံများအတွက် ကြိုတင်
ကာကွယ်ပေးခြင်း၊လျော့ချခြင်းနှင့်ကုစားခြင်းများ ရရှိစေရေး အထောက်အပံ့ပေးရန်။
၂။ ဆက်စပ်သော ဥပဒေရေးရာနှင့် မူဝါဒများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် အတွက်
တိုက်တွန်းအားပေးရန်။
၃။ ပါတ်သက်ဆက်နွယ်သူအားလုံး ပါဝင်သော ကနဦးဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း
နှင့် ၎င်းတို့၏ အချက်အလက်များကို အသုံးပြုရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ အတွက် ကမ်းလှမ်းသည့်
အခွင့်အရေးများတွင် ပါဝင်ရန်။