Facebook Chat History Manger
ကျနော်အခု ရေးမယ့် ပို့စ်ကတော့ လူတိုင်း သိပြီးသားဆိုရင်လည်း မဖတ်နဲ့တော့ပေါ့။ မသိရသေးဘူး ဆိုရင်လည်း ဖတ်လိုက်ပါခင်ဗျ။ Facebook မှာ သူငယ်ချင်းတွေနဲ့ ပြောခဲ့တာတွေကို မှတ်ထားပေးမယ့် နည်းလမ်းလေးတစ်ခု စမ်းသပ်လို့ရလို့ Share လုပ်ပေးတာပါ။ ကဲကဲ စလိုက်ကြရအောင်။
ပထမဆုံး Facebook acc: Login ဝင်ထားလိုက်ပါ။ ပြီးရင် https://addons.mozilla.org/en-US/firefox/addon/facebook-chat-history-manager/ ၎င်းလင့်ကို ကော်ပီကူးပြီး Add to firefox ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Pop up window တစ်ခုပေါ်လာပါမယ်။ Install ကိုနှိပ်လိုက်ပါ။ ပြီးလျှင် Mozilla firefox restart လုပ်လိုက်ပါ။
ပြန်ပွင့်လာလျှင် Menu – Tools – Facebook Chat History – Create account - ကိုနှိပ်လိုက်ပါ။
နောက်ထပ်  Pop up window တစ်ခုပေါ်လာပါမယ်။ ပေါ်လာလျှင် Close Login Window ဆိုတာကို နှိပ်လိုက်ပါ။ နောက်ထပ် Pop up window တစ်ခုသေးသေးပေါ်လာပါမယ်။ အဲ့ဒီအထဲမှာ  Facebook ID ××××××××× နံပါတ်ပေါ်လာမယ်။ Username ပေးလိုက်ပါ။ Password ကိုတော့ လေးလုံးပဲ ပေးလို့ရပါမယ်။ ပြီးရင် Create ကိုနှိပ်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါပြီ။ ပြီးလျှင် Menu – Tools – Facebook Chat History – View Chat History ဆိုတာကို နှိပ်လိုက်ပါ။ Username & Password ကိုရိုက်ထည့်လိုက်ပါ။ ဒါပေမယ့် အရင်က ပြောခဲ့တာတွေတော့ မတွေ့ရပါဘူး။ ဒါဆိုရင် စမ်းသပ်လို့ရနိုင်ပါပြီ။
သူငယ်ချင်းများ၊ ချစ်သူ၊ ရည်းစားများ ပြောခဲ့တာတွေကို အားလုံး ပြန်လည် တမ်းတလို့ရနိုင်ပါပြီခင်ဗျာ…..။

Facebook chat history manager

• 1.
Facebook Chat HistoryManger