SlideShare a Scribd company logo
1 of 9
Download to read offline
Saya San Toe - 2011 MCA Bangkok Sermon
နားထောာင်ခြင်းဖြင့် .. ခရစ်တော်ကိုနားလည်ခြင်း - ဆရာစံတိုး
.
ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ချီးမွမ်း၊ သက်သေခံ၊ ဆုတောင်းချက်တင် .အသင်းတော်တွေမှာ
ရှိပါတယ်။ အနည်းဆုံးတော့ ဘုရားရှိခိုးခြင်း ရှိပါတယ်။ ဘုရားရှိခိုးခြင်းဟာ ဆန်းကြယ်ပါတယ်။ ဘုရားရှိခိုးခြင်း
အမျိုးမျိုး.. ရှိပေမဲ့ အခု ကျနော်တို့ ဘုရားရှိခိုးခြင်းဟာ အသက်ရှင်လျှက်ရှိသော ဘုရားကို
ကိုးကွယ်ရှိခိုးရတဲ့အတွက် ဆန်းကြယ်ဆယ်လို့ ပြောတာပါ။ ကျွန်တော်ရှိခိုးနေတဲ့ ဘုရားက အသက်ရှင်နေတယ်။
ဒါကြောင့် ဆုတောင်းရပါတယ်။ လူဟာ တကယ်ဒုက္ခရောက်ကြည့် ..ရှိရှိမရှိရှိ အော်ရပါတယ်။ အမေ..
လို့အော်ရပါတယ်။ မကယ်နိုင်လဲ အော်ရပါတယ်။ ကျမ်းစာအုပ်ထဲမှာ ရေးထားတိုင်း ယုံရမှာလား...။
ကိုယ်တိုင်ခံစားရမှ ယုံရပါတယ်။
လောကမှာ မမြင်ပဲနဲ့ ယုံရတာတွေ အများကြီးရှိပါတယ်။ ဓါတ်လိုက်တယ် .. မမြင်ရပေမဲ့၊ လျှပ်စစ်စီးနေတာ
မမြင်ရပေမဲ့၊ တစ်ခါ ဓါတ်လိုက်ပြီးရင် ယုံသွားပါပြီ။ မမြင်ရဘူးနော်.. ဒါပေမဲ့ ထိမိရင် သိသွားမယ်။ ဘုရားသခင်
မျက်စိနဲ့မမြင်ရပါဘူး ဒါပေမဲ ထိကြည်ရင် သိသွားပါမယ်။ ကောရိန္တု၊ဒုတိယစာစောင်မှာ
ထာဝရတည်တဲ့အရာတွေဟာ မျက်စိနဲ့မမြင်ရဘူး..တဲ့။ ထာဝရမတည်တဲ့ အရာတွေဟာ မျက်စိနဲ့မြင်ရတယ်...။
ဘုရားလဲ ဒီလိုပါပဲ။ ထာဝရတည်တဲ့ ဘုရားဆိုတာ ဒီမျက်စိနဲ့ မမြင်ရပါဘူး။ ဒါပေမဲ့ စမ်းကြည့်ရင် သိရလိမ့်မယ်။
မမြင်ပဲနဲ့ စမ်းကြည့်လို့ရပါတယ်။
.
တနေ့တော့ ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်များ ဓါတ်ရောင်ခြည်သင့်နိုင်ပါသဖြင့် မဖြတ်သန်းရ ဆိုင်းဘုတ်ကို
တွေ့ရက်သားနဲ့ ဖြတ်နေတဲ့ မိန်းမတစ်ယောက်၊ ကျနော်က ဟေ့..ဆိုင်းဘုတ်ကြည့်လေ၊
ဓါတ်ရောင်ခြည်ရှိတယ်..ဆိုတော့၊ သူကတောင် ကိုယ့်ကိုပြန်ပြောပြသေးတယ်။ ဒီဆေးရုံမှာ သန့်ရှင်းရေးလုပ်တာ
နှစ်ကြာလှပြီ၊ ကိစ္စမရှိပါဘူး.. တဲ့။ တနေ့တော့ သူ့ယောင်္ကျား ဖုန်းဆက်လာတယ်။ သူ့မိန်းမ အဲဒီအမျိုးသမီး
ဆေးရုံတက်နေရလို့..တဲ့။ နေတာကလဲ ဆေးရုံမှာပဲ။ မေးကြည့်တော့ ဗိုက်ထဲက ကလေးသေသွားလို့တဲ့။
ဆရာဝန်က ပြောတယ်။ သေတာက ကြာပြီ..တဲ့။ ဓါတ်ရောင်ခြည်သင့်တဲ့နေရာ ဖြတ်ဖြတ်သွားတာကိုး။ အခုတော့
သူသိသွားပြီး၊ ကိုယ်ဝန်မရှိပေမဲ့လည်း အဲဒီနေရာကို ရှောင်သွားတယ်။
. Page 1
Saya San Toe - 2011 MCA Bangkok Sermon
.
ယေရှုခရစ်တော်ဘုရား မမြင်ရပေမဲ့ ရှိတယ်။ မယုံရင် စမ်းကြည့်ပါ။ လွယ်လွယ် ပြောရရင် ကျနော့်နာမည်က စံတိုး၊
ဒါပေမဲ့ ကျနော့်အဖေကို ခင်ဗျားတို့မတွေ့ဖူးဘူး။ မမြင်ဘူး၊ မကြားဖူး၊ မိတ်မဆက်ဖူးဘူး။ ဒါပေမဲ့ ကျနော့်မှာ
အဖေမရှိဘူးလို့ ပြောရင် လက်ခံမှာမဟုတ်ပါဘူး။ အဖေရှိတယ်လို့ပဲ ခင်ဗျားတို့ ယုံကြမှာပါ။
ခရစ်သက္ကရာဇ် ဆိုတဲ့ ပြက္ခဒိန်ရှိပါတယ်။ ခရစ်သက္ကရာဇ် ၂၀၁၁။ လူတိုင်းအသုံးပြုကြပါတယ်။ ဒါဟာ ခရစ်တော်
ကမ္ဘာကြီးဆီ ကြွလာတဲ့နှစ်ကို စပြီးရေတွက်ထားလို့၊ ခရစ်တော် တကယ်ရှိခဲ့တာတော့ သေချာပါတယ်။
.
ယေရှုခရစ် အမည်ဟာ အပြစ်ရှိသူကိုကယ်တင်သူ
ယေရှုခရစ်အမည်ဟာ အပြစ်ရှိသူကိုကယ်တင်သူ လို့အဓိပ္ပါယ်ရှိပါသည်။ အချို့သည် ဆင်းရဲသော်လည်း
မိမိကလေးမွေးလာသောအခါ သိန်းကြွယ် ဟုအမည်ပေးသည်။ အခြားတဦးက အပြိုင်အဆိုင်
သူတို့မွေးလာသောကလေးကို သန်းကြွယ် ဟု နာမည်ပေးလိုက်ပြန်သည်။ မိမိကလေးကို နာမည်ကောင်းကောင်း
ပေးကြသည်။ မည်သူမှ မိမိကလေးကု ဒုက္ခ ..ဟု အမည်မပေးကြပါ။ ပေးသည့်နာမည်က ငြိမ်းချမ်၊ သို့သော်
သောင်းကျန်းသလားမမေးနှင့် .. ဒီလိုပါပဲ၊
.
ခရစ်ယာန်များလည်း ကိုယ့်သားသမီးကို ပီတာ၊ ယာကုပ်၊ ပေါလု၏ တကယ့်အကောင်းစားနာမည်များ ပေးသည်။
မြစ်ကြီးနားထောင်သို့ ခရစ်စမတ်ပွဲတော်လုပ်ပေးသောအခါ ထောင်ကျသူ လူထောင်ကျော်ရှိသည်။ အမည် ပေါလု
လက်ထောင်ခိုင်းရာ အများကြီးထောင်ကြသည် (ရယ်သံများ)။ အမည် ပေတရု .. သာ၍များသေးသည်။
ဘာအမှုလဲ မေးသောအခါ နံပါတ်ဖိုး ဘိန်းဖြူအမှု။ ထပ်မေးသည်.. ယုဒရှကာယုတ်ပါလား ဆိုသောအခါ
တယောက်မှ လက်မထောင်ပါ။
.
ဆိုလိုသည်မှာ နာမည်တိုင်း အဓိပ္ပါယ်ရှိပါသည်။
.
ယေရှုဆိုသောနာမည်... တဖက်မှကြည့်လျှင် လူများကို အပြစ်မှကယ်မည့်သူ ..၀မ်းသာစရာကောင်းလှသည်။
ဘယ်လူမျိုးမဆို ဘယ်ဘာသာမဆို အပြစ်ရှိသူများကို သူလာကယ်ပါသည်။ သူ့ဖက်မှပြန်ကြည့်လျှင်
စိတ်ထိခိုက်စရာပင်၊ လောကလူများလုပ်သောအပြစ်ကို သူက မဆီမဆိုင် သူကခံရမည်ဖြစ်သည်။ လူသားအနေနှင့်
မဆီမဆိုင်မခံနိုင်ပါ။ ခံသင့်သောကြောင့် အပြစ်ဒဏ်ခံရသည်ကိုပင် မတရားခံရသည် ဟု ထင်သောလူများ၊
Page 2
Saya San Toe - 2011 MCA Bangkok Sermon
မဆီမဆိုင်ကိုယ်စား ခံရမည်ကို စဉ်းစား၍ပင်မရပါ။
.
သူ့နာမည်ပင် သူ့မိခင်ကြိုက်တာ မပေးနိုင်ပါ။ ယေရှုဆိုသော စကားအဓိပ္ပါယ်ကို မိခင်မာရိက သိသည်။
လောကလူများ၏ အပြစ်ကို မိမိကလေးက ခံရမည်ဟု သိသောအခါ ဘယ်မျှစိတ်ထိခိုက်မည်နည်း။ ထိုယေရှုသည်
မွေးဖွားပြီး မြေကြီးပေါ်တွင် နှစ်၃၀ အသက်ရှင်ပြီး လူသားများအပြစ်အတွက် အသေခံခဲ့ပါတယ်။
.
.
ခရစ်ယာန်မဟုတ်သူများအတွက်ရှင်းပြခြင်း
.
အပြစ်မဲ့၊ယေရှုအသေခံခြင်းအဓိပ္ပါယ်ကတော့၊ ယေရှု ဒီလောကကို ကြွလာပြီး၊ အနှစ်၃၀ကျော်
အသက်ရှင်နေထိုင်သွားပါတယ်။ အဲဒီ လူအဖြစ်၊ အသက်ရှင်နေထိုင်သွားရာမှာ စုစုပေါင်း သူလုပ်ခဲ့တဲ့
အချက်တွေကို ကြည့်ရင် အဓိကအချက်အနေနဲ့ (၃)ချက်ပဲ ရှိပါတယ်။
.
၁။ တရားဒေသနာ ဟောပြောပြပါတယ်။ တရားပြနိုင်တဲ့လူဖြစ်ပါတယ်။ ဘယ်လိုနေ၊ ဘယ်လိုသွား၊ မိဘကို ရိုသေ၊
ဘုရားတရားလိုက်စား.. စသဖြင့်ပေါ့။
.
၂။ တန်ခိုးပြပါတယ်။ ရောဂါပျောက်စေတယ်။ မျက်စိမမြင်သူကို မြင်စေတယ်၊ နားမကြားသူကို ကြားစေတယ်။
အနူရောဂါ ပျောက်စေတယ်၊ အနာငြိမ်းတယ်၊ သေတဲ့လူကို ပြန်ရှင်စေတယ်။
.
နံပါတ်တစ်၊ ယေရှု ဒီလောကို ကြွမလာခင်ကတည်းက လူ့လောကမှာ တရားပြနိုင်တဲ့လူတွေ အများကြီးရှိပါတယ်။
တန်ခိုးပြနိုင်တဲ့လူတွေတော့ နည်းသွားပါတယ်။ တရားကတော့ လူတိုင်းလောက် ပြနိုင်ပါတယ်။ မသောက်နဲ့နော်
လို့ပြောတဲ့ အရက်သမားတွေ၊ ခင်ဗျားကြတော့ ဘာလို့သောက်လဲ မေးရင်.. ငါသောက်လို့၊ ငါခံနေရလို့..မင်းကို
စေတနာနဲ့ပြောတာ... တဲ့။ ဒါလဲ သင်ခန်းစာပဲ၊ ဒါလဲ တရားပြတာပဲ။
နံပါတ်နှစ် လက်တွေ့တန်ခိုး ပြနိုင်တဲ့လူတွေကြတော့ နည်းသွားပြီ။ မိန်းမတစ်ယောက်
အိမ်သော့ပျောက်သွားတယ်။ ဘယ်ထားမိမှန်းမသိတော့ဘူး။ ဗေဒင်ဆရာသွားမေးတယ်၊ ဟိုရောက်တော့
ဘာမှမပြောရသေးဘူး၊ ဗေဒင်ဆရာကပြောတယ်.. နင်သော့ပျောက်တယ်မဟုတ်လား၊ ပန်းအိုးအောက်မှာထား
ထားတယ်လေ ..တဲ့။ အော်..မှန်တာ၊ မေးတောင်မမေးရသေးဘူး၊ ဖြေလိုက်တယ်။ ချက်ခြင်းပြန်လာပြီး
ပန်းအိုးအောက်မှာ သော့ရှိနေတယ်။ တန်ခိုးပြနိုင်တဲ့လူတွေ ရှိပါတယ်..။ ယေရှုမလာခင်ကတည်းက ဒါတွေရှိတယ်။
လာပြီးနဲ့နောက် ဒီနေ့အထိလဲရှိတယ်။ နောက်လဲ ရှိဦးမှာပါပဲ။ တစ်ချို့ မီးထဲတက်နင်းသွားတယ်၊ လျှာတွေကို
အပ်နဲ့ဖေါက်လမ်းလျှောက်တယ်။ တန်ခိုးပြနိုင်တယ်။ ကိုယ်လုပ်မလား.. သွားမလုပ်နဲ့။ ဒီကနေ့ လူတွေက
ကြိုတင်တွေ များတယ်။ ယုံကြည်ခြင်းရှိပေမဲ့ ကာကွယ်ဆေးတွေ ကြိုထိုးထားကြရတယ်။
.
Page 3
Saya San Toe - 2011 MCA Bangkok Sermon
၃၊ ယေရှုကားတိုင်ပေါ်တက်သွားခြင်း
နံပါတ်သုံး၊ နောက်ဆုံတစ်ချက်ကတော့ ထူးခြားတယ်။ မြေကြီးပေါ်မှာ ယေရှုတစ်ပါးထဲပဲ လုပ်နိုင်ပါတယ်။
ယေရှုကားတိုင်ပေါ်တက်ပြီး အသေခံသွားခြင်းဖြစ်ပါတယ်။ ယေရှုရဲ့ လက်နှစ်ဖက်မှာ သံနဲ့ရိုက်ထားတယ်။
ခြေထောက်မှာလဲ သံရိုက်တယ်။ ခေါင်းမှာ ဆူးရစ်သရဖူးဆောင်းထားတယ်။ သွေးကျနယ်။ ယေရှုရဲ့ နှလုံးကို
လှံနဲ့ထိုးတယ်။ သွေးနဲ့ရေ ကျတယ်။ ယေရှုခရစ်တော်ဘုရား ဝေဒနာများစွာနဲ့ ကားတိုင်ပေါ်ကို တက်ရတယ်။
.
ဘကြောင့် ယေရှုဒီလိုတက်ရသလဲ၊ တစ်ချိုက ပြောမှားဆိုမှားဖြစ်လို့ ပြောကြတယ်။ လုကာ၂၃း၎ မှာ အဲဒီအချိန်က
ယေရှုအမှုကို စစ်ဆေးရတဲ့ တရာသူကြီးချုပ် ဗိလပ်မင်းကိုယ်တိုင်က ယေရှုကိုတရားစွဲဆိုသူများကို
အတိအလင်းပြောထားတယ်။ "ထိုသူ၌ အဘယ်အပြစ်ကိုမျှ ရှာမတွေ့" ..တဲ့။ အပြစ်ရှာလို့ လုံးဝမတွေ့ပါဘူး။
အပြစ်လုံးဝမရှိတဲ့ယေရှု ကားတိုင်ပေါ်မှာ ဘာကြောင့်သေရသလဲ။ ကားတိုင်ပေါ်တက်တဲ့အခါ ဟေရှာယ ၅၃း၆
မှာပြောတယ်၊ အဲဒီယေရှုခရစ်တော်အပေါ်မှာ မိတ်ဆွေနဲ့ ကျနော်တို့အပြစ်အားလုံးကို ဘုရားက တင်လိုက်ပြီ။
ဟာလေလုယ ..။
(ဟာလေလုယ = ဘုရားကိုချီးမွမ်းခြင်း Praise Lord ဟု အဓိပ္ပါယ်ဖြစ်သည်။)
.
ယေရှုဟာ တရားပြရုံသက်သက် လာတာမဟုတ်ဘူး၊ တန်ခိုးပြရုံသက်သက် လာတာမဟုတ်ဘူး။
မိတ်ဆွေနဲ့ကျနော်တို့ အပယ်ငရဲသွားမဲ့အပြစ်ကို ကားတိုင်မှာ လာပေးဆပ်တာဖြစ်တယ်။
ကျွန်တော်တို့အပြစ်တွေကို သူ့အပေါ်တင်လိုက်လို့ ကျနော်တို့မှာ အပြစ်မရှိတော့ဘူး။ ကျနော်တို့ရဲ့
အပြစ်များကြောင့် ယေရှုခရစ်တော် ကားတိုင်ပေါ်မှာ အသေခံခြင်းဖြစ်တယ်။ သူ့အသွေးနဲ့ ကျနော်တို့အပြစ်ကို
ဆေးကြောတယ်။
.
သဂြိုလ်ပြီး သုံးရက်မြောက်နေ့မှာ သေခြင်းက ရှင်ပြန်ထမြောက်တဲ့ ဘုရားဖြစ်တယ်။ ဟာလေလုယ..။ သေခြင်းကို
အောင်မြင်တာဖြစ်ပါတယ်။ ယေရှုခရစ်တော် တစ်ပါးထဲ သေခြင်းကို အောင်နိုင်တာဖြစ်တယ်။
.
Page 4
Saya San Toe - 2011 MCA Bangkok Sermon
.
.
ခရစ်ယာန်(ယုံကြည်သူ)များအတွက်ရှင်းပြခြင်း
.
ကောင်းကင်အောက်၊ မြေကြီးမျာ သေခြင်းကို အောင်တဲ့လူ ၊ ယေရှုကလွဲပြီး တစ်ယောက်မှ မရှိဘူး မိတ်ဆွေ။
ယခင်က မရှိဘူး၊ ယခုလဲမရှိဘူး။ နောင်လဲ ရှိမှာမဟုတ်ဘူး၊ ဟာလေလုယ.. ။ သေခြင်းကို အောင်နိုင်တာနဲ့၊
သေခြင်းက ပြန်ရှင်တာ မတူဘူးနော်။ သေခြင်းကိုအောင်နိုင်တာ ငါတို့ရွာမှာလဲ ရှိတာပဲလို့ ထင်နေမယ်။
သေပြီးပြန်ရှင်တာတွေ ရှိတယ်။ နောက်ပြန်မသေတော့ဘူး။ ယေရှုခရစ်တော်က သေခြင်းကပြန်ရှင်တဲ့ ဘုရားက
ထာဝရ၊ ဘယ်တော့မှ မသေတော့ဘူး။
.
သေခြင်းက ပြန်ရှင်တဲ့ ဘုရားက ပြောတယ်။ ဝန်လေး၍ပင်ပမ်းသောသူများ ငါ့ထံလာကြလော့၊
ငါသည်ချမ်းသာပေးမည် ..။ လူတိုင်းလူတိုင်းမှာ ဝန်ရှိတယ်နော်၊ ကြိုက်တဲ့ဘာသာ ကိုကြည့်ပါ။ ဘာသာတရားတိုင်း
ကောင်းတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အဲဒီ ဘာသာ တရားအတိုင်း နေနိုင်သလား။ ဘာသာတွေ
ကောင်းတယ်၊ တရားတွေ ကောင်းတယ်။ ကျနော်တို့ အဲဒီအတိုင်းနေနိုင်သလား၊ ကျနော်တို့ ကိုယ့်ကိုယ်ကို
ဆန်းစစ်ကြည့်။ ဥပမာ ၂ခုပြောမယ်။ ကြိုက်တဲ့ဘာသာကို ကြည့်ပါ၊ ပထမအချက် - လောဘမကြီးနဲ့။
ဘယ်ဘာသာမဆို လောဘမကြီးဖို့ ပြောပါတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
လောဘမကြီးဘူးလား၊ လောဘ မကြီးပဲ ထိုင်းနိုင်ငံကို ရောက်လာသလား။ စဉ်းစားကြည့်ပါ။ လောဘမကြီးတဲ့လူ
တစ်ယောက်မှမရှိဘူး။ ဒုတိယအချက်-ဒေါသမကြီးရဘူး။ ဘယ်ဘာသာမဆို လေ့လာပါ။ ဒေါသမထွက်ပဲ
ဘယ်သူမှမနေနိုင်ပါဘူး။
.
ဒေါသမထွက်ရဘူးလို့ ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာ ကျနော်ကတရားဟောတော့ ခေါင်းဖြူနေတဲ့၊
အဖိုးကြီးတစ်ယောက်က ငါအသက်ကြီးပြီမို့ ဒေါသထိမ်းနိုင်တယ်။ မင်းတို့နဲ့မတူဘူး လို့ပြန်ပြောပါတယ်။
ကျနော်က မထိန်းနိုင်ဘူးလို့ ပြန်ပြေတယ်။ သူက ထိန်းနိုင်တယ်။ ကျနော်လဲ မထိန်းနိုင်ဘူး..လို့..
ပြောရင်ပြောရင်း သူဒေါသထွက်လာတယ်(ရယ်သံများ)။ .. အဲဒါနဲ့ ဘယ်လိုလဲ၊ ဦးလေး.. အခုဒေါသထွက်လာပြီ၊
Page 5
Saya San Toe - 2011 MCA Bangkok Sermon
ဘယ်လိုလဲ.. အဘပြောတော့ ထိန်းနိုင်တယ်ဆို .. လို့မေးတော့၊ ..အေးလေ၊ ထိန်းနိုင်တာပဲ၊ မင်းက
ထွက်အောင်လုပ်တာကိုး...လို့ပြန်ပြောပါတယ်။ အဘထဲမှာ ဒေါသ ရှိနေသေးလို့ ထွက်လာတာပေါ့။ ငါ
..ဒီနေ့ကနေစပြီး ထိန်းသိမ်းတော့မယ်..တဲ့ (ရယ်သံများ)။
.
ဘယ်သာတရားမှ ကိုယ်လုပ်နိုင်သလား ဆန်းစစ်ကြည့်ပါ။ ကျနော်လည်း အရင်က မယုံကြည်သူပဲ။ စာလဲ
ကျက်လိုက်တာ အများကြီးပဲ။ ရွတ်လိုက်တာလဲ အများကြီးပဲ။ တကယ်တမ်းတော့ ကိုယ့်ပါးစပ်က ရွတ်တဲ့အတိုင်း
မနေနိုင်ပါဘူး။ ခရစ်ယာန်များလဲ ရွတ်ကြတာပဲ မဟုတ်လား။ ပညတ်တော် ဆယ်ပါး၊ ငါမှတစ်ပါး အခြားသောဘုရား
မကိုးကွယ်ရ.. စသဖြင့်၊ စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိ၏.. ကိုယ်က သူများကိုပဲ ပြောရတာ။
တရားတွေ ကောင်းပါတယ်... ကိုယ်မှမလုပ်နိုင်တာ။ မလုပ်နိုင်ရင် ဘယ်မှာဆုံးသလဲ ဆိုတော့၊ အပယ်ငရဲမှာ
ဆုံးရပါတယ်။ ဒါကြောင့် ဘာသာတရား ဆိုတာ တရားတယ်..တဲ့။ ဘာသာဆိုတာ တရားနဲ့တွဲတာပါ။
.
.
ကယ်တင်ရှင်လိုအပ်ပြီ
.
ဘာသာတရားဆိုတာ ကိုယ်လုပ်မှ ရမှာ၊ ကိုယ်က မကျင့်နိုင်တော့ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့
မတတ်နိုင်တဲ့အတွက်၊ ကယ်တင်ဖို့ရာ ယေရှုခရစ် လောကကို ကြွလာပါတယ်။ ဟာလေလုယ။ အဲဒီ ယေရှု
အပြစ်ရှိတဲ့လူကို ကယ်တင်ဖို့လာတာ။ ယေရှုခရစ် မြေကြီးပေါ်မျာ အသက်၃၀ကျော် သက်တော်ထင်ရှားပြိးပြီ။
မိတ်ဆွေနဲ့ ကျနော်အပြစ်ကို လက်ဝါးကပ်တိုင်ပေါ်မျာ ပေးဆပ်ပြီးပြီ။ ယုံလိုက်၊ မယုံလိုက် .. ခဏခဏ
ပေးဆပ်နေတာ မဟုတ်ပါဘူး။ တကြိမ်တစ်ခါထဲနဲ့ မိတ်ဆွေနဲ့ကျနော်တို့အပြစ်ကို ပေးဆပ်သွားပြီးပြီ။ အဲဒီ
ယေရှုက ယော၃း၁၆မှာ ပြောသွားပါတယ်။ ငါပေးဆပ်ပြီးသွားပြီဆိုတာ ယုံကြည်လက်ခံတဲ့လူ
ထာဝရအသက်ကိုရမယ်။ (အပယ်ငရဲမသွားရဘူး)။ မယုံဘူးဆိုရင်တော့ အပြစ်စီရင်ခြင်းခံရမယ်။ ငရဲသွားရမယ်။
.
မိတ်တွေနဲ့ကျနော်တို့ရဲ့ အပြစ်ကို ခရစ်တော် ကားတိုင်မှာ အသေခံ ပေးဆပ်သွားပြီး ဆိုတာ ယုံကြည်ရပါမယ်။
မယုံဘူး ဆိုရင်တော့ ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ခံရမယ်။ ကိုယ့်အပြစ်ကို ယေရှုပေးဆပ်သွားတာ သင်ယုံကြည်ရင်
သင်အခုချက်ခြင်း ထာဝရအသက်ကို ရမယ်။ ကယ်တင်ခြင်းခံရမယ်။ ဟာလေလုယ။
.
မိတ်ဆွေ မယုံဘူးဆိုရင် အချိန်ပေးမယ်။ ကျနော်လည်း မယုံလို့ ခေါ်ကြည့်ဖူးပါတယ်။ မြန်မာစကား
ခလုပ်ထိမှအမိတ.. ဆိုသလို ကျနော်လည်း ဒုက္ခရောက်တဲ့အခါ ဘယ်လိုမှမလုပ်နိုင်တော့၊ ယေရှုကို
ခေါ်ကြည့်တယ်။ ကယ်ပါလို့ ခေါ်တယ်။ ရပါတယ်။ ဒါပေမဲ တိုက်ဆိုင်လို့ ရတာပဲဖြစ်မှာဆိုပြီး မယုံသေးပါဘူး။
မေ့မေ့ပြောက်ပြောက် ထားလိုက်တယ်။ နောက်တခါ ပြသနာအခက်ခဲကြီး ကြုံတွေ့လာရပြန်တယ်။ အဲဒီအခါလည်း
ဘယ်လိုမှ မလုပ်နိုင်တော့တဲ့အချိန် ယေရှုခရစ်ကို သတိရပြီး ကယ်ပါ..လို့ ခေါ်ကြည့်ပြန်တယ်။ ဒိလို အကြိမ်ကြိမ်း
၃ကြိမ်ထိအောင် ကယ်ပါလို့ ခေါ်တဲ့အခါ၊ ကယ်တင်ရှင်ကို လာပါတယ်။
.
မိတ်ဆွေနဲ့ကျနော် မီးဇာကုန်တော့မယ်ဖြစ်ပါတယ်။ သေခြင်းတရား ဆိုတာ ကလေးဖြစ်လို့ မညှာပါဘူး။
Page 6
Saya San Toe - 2011 MCA Bangkok Sermon
နာမည်က မောင်သက်ရှည် ဆိုပေမဲ့ ၆လနဲ့ သေသွားတာမျိုး ရှိပါတယ်။ အဖိုးကြီး သေမလိုနဲ့ မသေပဲ လူနာစောင့်
အရင်သေသွားတာမျိုး ရှိပါတယ်။ အများကြီးရှိပါတယ်။ မီးဇာမကုန်ခင် - မသေခင်လေးမှာ ယေရှုခရစ်တော်၊
ကယ်တင်ရှင်ကို ယုံကြည်လက်ခံဖို့ပါ။
.
.
ယုံကြည်လက်ခံပြီးတဲ့နောက်
.
ယုံကြည်လက်ခံပြီးတဲ့နောက်မှာ ခရစ်ယန်အသက်တာ ဆိုတာရှိပါတယ်။ တကယ်ယုံကြည်ပြီးတဲ့အခါ ဘုရားသခင်
သွန်သင်နေတဲ့ အရာရှိပါတယ်။ ကျမ်းစာထဲမှာ ပေတရု၊ တစ်ညလုံး ငါးဖမ်းတယ်။ တစ်ကောင်မှမရဘူး။
.
စိတ်ပူနေရင် အဲယားကွန်းအောက်မှာ ချွေးပြန်နေတဲ့လူ ရှိသလို၊ အဆင်ပြေနေရင် နေပူထဲမှာလေချွန်နေတဲ့လူ
ရှိပါတယ်။ ဒီလိုရှိတယ်..။
.
ခရစ်တော်ရောက်လာပြီး၊ လှေငှါးတယ်၊ ပြီးတော့ လူပါငှားတယ်။ နောက် ကမ်းနဲ့ခွာပြီး၊ နှုတ်ကပတ်တော်
ဝေငှပါတယ်။ ငါးမရတဲ့လူ နှုတ်ကပတ်တော် စိတ်မဝင်စားပါဘူး။ နောက် ရေနက်ရာ လှေကိုရွှေ့ခိုင်းတယ်။
သခင်ယေရှုက တဖြေးဖြေး၊ တဆင့်ပြီးတဆင့် သွန်သင်ပါတယ်။ ပေတရုကလဲ နားမလည်ပေမဲ့ သခင်ယေရှု
ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ပိုက်ကို ချတော့ ဆိုတော့ ပိုတောင်နားမလည်သေး၊ တစ်ညလုံး ငါးဖမ်းတာတောင်
တစ်ကောင်မှမရတာ။ သူများ ပိုက်မချတဲ့အချိန် ကိုယ်ပိုက်ချပြီး၊ ငါးလဲမရတာ သူများမြင်သွားရင် ကဲ့ရဲ့ခံရမယ်။
လှေပေါ်က သခင်ယေရှုက တငါသည်လား.. စဉ်းစားစရာတွေ အများကြီးရှိပါတယ်။
.
ဒါပေမဲ့ ပေတရု က ကိုယ်တော်၊ တစ်ညလုံး ပိုက်ချတာမရဘူး။ ဒါပေမဲ့ ကိုယ်တော် ခိုင်းတဲ့အတိုင်း နာခံပါမယ်
လို့ပြောပြီး၊ ပိုက်ချတဲ့အချိန် လှေနှစ်စီး မြုတ်လုမတတ် ငါးတွေရခဲ့ပါတယ်။ နောက်ဆုံး ပေတရု နားလည်သွားပြီး၊
လှေနဲ့ပိုက်ကွန်စွန့်ပြီး ယေရှုနောက်ကို လိုက်သွားတယ်။ ဒီလိုပဲ ဘဝမှာ နားမလည်နိုင်တာတွေ
အများကြီးရှိပါတယ်။ နားမလည်ရင် အားပေးချင်ပါတယ်။ ပေတရုက နားထောင်ပြီးမှ နားလည်လာပါလိမ့်မယ်။
ဘုရားသခင်က နားထောင်ကြည့်ပါ.. နားလည်လာမည် လို့သွန်သင်ပါတယ်။
.
.
Page 7
Saya San Toe - 2011 MCA Bangkok Sermon
နားထောာင်ခြင်းဖြင့် .. ခရစ်တော်၏တပည့်တော်ဖြစ်သင်တန်း
.
ခရစ်တော်အကြောင်း နားလည်ဖို့ ကြိုးစားလေလေ ခက်လေလေပဲ။ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားရင် မရပါဘူး။
နားထောင်ပေးရပါတယ်။ နားမလည်ပေမဲ့၊ နားထောင်ပေးရတယ်။ နာကျင်မှုများ၊ အဆင်မပြေမှု၊ ပြသနာများ၊
အခက်အခဲများ ရှိနေရင် ခရစ်တော်အကြောင်း နားထောင်ပေးရပါတယ်။ နားထောင်ရင်း နာကျင်မှု၊အခက်အခဲ၊
ပြသနာ၊ အဆင်မပြေမှုများဟာ ပြေလည်သွားလေ့ရှိပါတယ်။ နားထောင်ပါ။ နားလည်လာပါလိမ့်မယ်..။
.
ဆရာစံတိုးတို့ ၁၉၉၅လောက်က ခရစ်တော်၏တပည့်တော်ဖြစ်မိတ်သဟာရ (Fellowship) ရဲ့ ၃လသင်တန်းကို
မြစ်ကြီးနားမှာလုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ ဒေါက်တာသိန်းဌေး၊ ဆရာဆယ်မြူရယ်သိန်း၊ ဆရာပေါလ်ကေချိုင်း တို့ကို
ဖိတ်ခေါ်ပြီး သင်တန်းကျင်းပတော့ ညတိုင်း လူတွေအများကြီးလာရောက် နားထောင်၊ အားပေးကြတယ်။
လူတွေတစုတရုံးနဲ့ဆိုတော့ ဘေးက တိုင်တောမှုတွေကြောင့် သက်ဆိုင်ရာက လာပြီး ပိတ်ဖို့ပြောတယ်။
ငါးယောက်ထက် ပိုမစုရ ဆိုတဲ့ ဥပဒေကလည်း ရှိနေတယ်လေ။ ဟုတ်ကဲ့ပါ ..ပြောပြီး ညမှာဆက်လုပ်ဇြစ်တေယ်။
နောက်နေ့ လာပြောပြန်တယ်။ ဟုတ်ကဲ့ပါ ..ပြောပြီး ဆက်လုပ်ဖြစ်ပြန်တယ်။ နောက်ဆုံး အကြီးဆုံး
ပုဂ္ဂိုလ်ကြီးကိုယ်တိုင်ရောက်လာတော့ ပိတ်လိုက်ရတယ်။
.
အဲဒီအကြီးဆုံး ပုဂ္ဂိုလ်ကိုယ်တိုင် လာတဲ့အချိန်မှာ (၃)လသင်တန်းအတွက် ညစဉ် မီးစက်ငှားစရိတ်၊ ဆီစရိတ်၊
ဆရာများကို ဖိတ်ခေါ်ရတယ်။ စားစရိတ်မရှိ၊ ဆရာများကို အလှုငွေပေးဖို့လဲ မရှိဆိုတော့ ဒီစားရိတ်များအတွက်
ဆုတောင်းနေတုန်းမှာပဲ လူကြီးရောက်လာပြီး၊ ပိတ်လိုက်ရတယ်။
.
ရုံးခေါ်ဖိတ်ခံရပြီး ဘာကြောင့် ပါမစ်မပါပဲလုပ်ရသလဲ မေးတာကို ဖြေရတယ်။ ဘုရားတရားပဲဖြစ်စေ ပါမစ်မရှိရင်
မလုပ်ရဘူးဆိုတာ မသိဘူးလား မေးရင်း၊ လူကြီးရဲ့စာနာမှုကြောင့် ပါမစ်လျှောက်ပါလား ..လို့ ပြောတယ်။
ဘယ်လိုလျှောက်ရမှာလဲ ..ဆိုတော့ အသင်းတော်တခုအမည်နဲ့ဆို ရပါတယ်..ပြောတယ်။ ဟာ... ကျွန်တော်တို့က
အသင်းတော်လဲမလုပ်ချင်ဘူး။ တနင်္ဂနွေနေ့တိုင်းလဲ မလုပ်နိုင်ဘူး..ဆိုတော့ လူကြီးက မေးတယ်။
ခင်ဗျားတို့အဖွဲ့အမည်က ဘာလဲမေးလို့ ခရစ်တော်၏တပည့်တော်ဖြစ်မိတ်သဟာရ (Fellowship) ပါလို့ဖြေတယ်။
Fellowship အစား အသင်းတော် Church လို့ လုပ်လိုက်ပါ။ (၃)ပြည့်ပြီး သင်တန်းပြီးသွားရင်
အသင်းတော်ဖျက်လိုက်တာပေါ့ ..လို့ အကြံပေးပြီး၊ ပါမစ်လျှောက်ပေးလိုက်တယ်။ ပါမစ်ရပြီး
သင်တန်းဆက်လုပ်ဖြစ်ပါတယ်။
Page 8
Saya San Toe - 2011 MCA Bangkok Sermon
.
သင်တန်းလာနားထောင်တဲ့ လူတဦးက ခင်ဗျားတို့ ဒီလို တိုင်းမှုးရဲ့ ပါမစ်ရထားတယ်ဆိုရင်
ဆီပါမစ်လျှောက်လွှာတင်ပါ။ ဆီထုတ်ပေးနိုင်ပါတယ် ဆိုလာလို့ မလျှောက်တတ်ဘူးပြောရတယ်။
ဘယ်လိုလျှောက်ရတယ်..ပြောပြတော့ ဘယ်သူ့ဆီကိုလျှောက်ရမလဲ မေးတယ်။ ငါ့ဆီကိုပဲ လာလျှောက်ပေါ့..ဆိုလို့
ခင်ဗျားပဲ ရေးပြီးလျှောက်ပေးပါတော့ဗျာ.. ဆိုတာကြောင့် နောက်နေ့ ဆီပါမစ် ရလာတယ်။ ဆီတစ်ပေပါ ရပေမဲ့
ဆီထုတ်ဖို့ ပီပါ မရှိဘူး။ ပလတ်စတစ် ဂါလံပုံးနဲ့ လှီပြီး ထုတ်သုံးရတယ်။
.
သင်တန်းမှာ နောက်ကျမှ ရောက်လာ နားထောင်တဲ့ အစ်မကြီးတယောက်က သင်တန်းနောက်ဖက်က မီးစက်အသံ
ဆူလို့ ကောင်းကောင်းမကြားရဘူး ..ဆိုတော့ ရှေ့မှာနေရာရအောင် စောစောလာ၊ နေရာယူဖို့ ပြောရတယ်။ ငါ့ဖို့
နေရာဦးထားပေးပါလား..ဆိုတော့ ဦး မပေးနိုင်ဘူး။ ဦးရာလူ ရှေ့မှာနေရာရတော့ စောစောလာ..လို့ ပြောရတယ်။
ငါတို့က နင်တို့လို အားတာမဟုတ်ဘူး။ အလုပ်လုပ်ရသေးတယ် ..ဆိုလာတယ်။ ပြီးတော့ အကြံပေးလိုက်ပြန်တယ်။
နင်တို့ ..သင်တန်းက ညမှာပဲလုပ်တယ်ဆိုတော့ ပါမစ်လည်းရထားပြီးပြီဆိုတော့ လမ်းမီးတိုင်က ချိတ်သုံးရအောင်
လျှောက်ရင်ရတယ် ..ဆိုလာတယ်။ ဘယ်လိုလျှောက်ရမလဲ ..ဆိုတော့ ဒီလိုဒီလို လျှောက်ရတယ် ပြောတယ်။
အစ်မကြီးဌာနက ဆိုတော့ အစ်မကြီးပဲ လျှောက်ပေးပါတော့ဗျာ ..ဆိုပြီး စာရွက်အလွတ်မှာ
လက်မှတ်ထိုးပေးလိုက်တယ်။ နောက်နေ့ လမ်းမီးတိုင်က မီးလာချိတ်ပေးသွားတော့ ဆီထုတ်၊ မီးစက်မောင်းစရာ
မလိုတော့ဘူး။ (၃)သင်တန်းပြီးတော့ ချိတ်ထားတာ ဖြုတ်ဖို့ မေ့သွားတာကြောင့် (၉)လကြာတောင် ကြာသွားတယ်။
(ရယ်သံများ)..။
.
ဒါနဲ့ ဆီထုတ်ပေးတဲ့ ဌာနက ဘာလို့ ဆီလာမထုတ်တာလဲ မေးတော့၊ လမ်းမီးချိတ်သုံးခွင့်ရလို့
ထုတ်စရာမလိုတော့တဲ့အတွက် မထုတ်တော့ကြောင်း ပြောပြလိုက်တယ်။ ပါမစ်ရထားပြီးသားဆိုတော့
မထုတ်လို့ကို မရဘူး။ ပြောလာတယ်။ ဒါနဲ့ သူကပဲ ရောင်းစားပါလားပြောပြီး .. နောက်နေ့ ကုလားကိုခေါ်ပြီး
ပါမစ်ရတဲ့ဆီတွေကို ထုတ်ရောင်းပေးလိုက်တယ်။
.
နောက်ဆုံးတော့ စရိတ်တွေ။ ဆရာအလှုငွေတွေ အားလုံး အဆင်ပြေသွားပါတယ်။
.
အဆုံးသပ်အနေနဲ ထပ်ပြောရရင်....
ခရစ်တော်အကြောင်း နားလည်ဖို့ ကြိုးစားလေလေ ခက်လေလေပဲ။ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားရင် မရပါဘူး။
နားထောင်ပေးရပါတယ်။ နားမလည်ပေမဲ့၊ နားထောင်ပေးရတယ်။ နာကျင်မှုများ၊ အဆင်မပြေမှု၊ ပြသနာများ၊
အခက်အခဲများ ရှိနေရင် ခရစ်တော်အကြောင်း နားထောင်ပေးရပါတယ်။ နားထောင်ရင်း နာကျင်မှု၊အခက်အခဲ၊
ပြသနာ၊ အဆင်မပြေမှုများဟာ ပြေလည်သွားလေ့ရှိပါတယ်။ နားထောင်ပါ။ နားလည်လာပါလိမ့်မယ်..။
.
MCA Bangkok အသင်းတော် 26.Oct.2011 တွင် ဆရာစံတိုး၏ ဒေသနာ။
ဒေသနာ..သက်သေခံခြင်းဖြစ်သည်။
Page 9

More Related Content

More from Murann Ezine

Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismRev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismMurann Ezine
 
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)Murann Ezine
 
Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.Murann Ezine
 
Dead.in.human.history
Dead.in.human.historyDead.in.human.history
Dead.in.human.historyMurann Ezine
 
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...Murann Ezine
 
Rogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverRogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverMurann Ezine
 
Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Murann Ezine
 
Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Murann Ezine
 
Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Murann Ezine
 
Khin.swe.than.testimony.from.usa.2009
Khin.swe.than.testimony.from.usa.2009Khin.swe.than.testimony.from.usa.2009
Khin.swe.than.testimony.from.usa.2009Murann Ezine
 
Za.murann.articles.2014
Za.murann.articles.2014Za.murann.articles.2014
Za.murann.articles.2014Murann Ezine
 
Boss.4.types.difficult
Boss.4.types.difficultBoss.4.types.difficult
Boss.4.types.difficultMurann Ezine
 
Jbc.ezine.2010.all
Jbc.ezine.2010.allJbc.ezine.2010.all
Jbc.ezine.2010.allMurann Ezine
 
City.harvest.and.money
City.harvest.and.moneyCity.harvest.and.money
City.harvest.and.moneyMurann Ezine
 
Ch livinglessons.2014
Ch livinglessons.2014Ch livinglessons.2014
Ch livinglessons.2014Murann Ezine
 

More from Murann Ezine (20)

Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalismRev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
Rev.u.thein.nyunt.ph.d.myanmar.culture.for.evagalism
 
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
၇နှစ်ကာလအပိုင်းခြားသို့မဟုတ်ရှီမီတာ (Shemitah)
 
Murann.view.20.9.2015.
Murann.view.20.9.2015.Murann.view.20.9.2015.
Murann.view.20.9.2015.
 
Dead.in.human.history
Dead.in.human.historyDead.in.human.history
Dead.in.human.history
 
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
The billionaire-who-wasn-t-how-chuck-feeney-made-and-gave-away-a-fortune-with...
 
U kyaw win
U kyaw winU kyaw win
U kyaw win
 
Rogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.coverRogma international bible course lesson 1 36.with.cover
Rogma international bible course lesson 1 36.with.cover
 
Little.myanmar.fellowship.2015
Little.myanmar.fellowship.2015Little.myanmar.fellowship.2015
Little.myanmar.fellowship.2015
 
Murann.4
Murann.4Murann.4
Murann.4
 
Murann.3
Murann.3Murann.3
Murann.3
 
Murann.2
Murann.2Murann.2
Murann.2
 
Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2Life.and.bible.saya.awnal.nyo2
Life.and.bible.saya.awnal.nyo2
 
Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014Rogman.01 36.lesson.11nov2014
Rogman.01 36.lesson.11nov2014
 
Khin.swe.than.testimony.from.usa.2009
Khin.swe.than.testimony.from.usa.2009Khin.swe.than.testimony.from.usa.2009
Khin.swe.than.testimony.from.usa.2009
 
Za.murann.articles.2014
Za.murann.articles.2014Za.murann.articles.2014
Za.murann.articles.2014
 
Fasting
FastingFasting
Fasting
 
Boss.4.types.difficult
Boss.4.types.difficultBoss.4.types.difficult
Boss.4.types.difficult
 
Jbc.ezine.2010.all
Jbc.ezine.2010.allJbc.ezine.2010.all
Jbc.ezine.2010.all
 
City.harvest.and.money
City.harvest.and.moneyCity.harvest.and.money
City.harvest.and.money
 
Ch livinglessons.2014
Ch livinglessons.2014Ch livinglessons.2014
Ch livinglessons.2014
 

Saya san toe 2011 mca bangkok

  • 1. Saya San Toe - 2011 MCA Bangkok Sermon နားထောာင်ခြင်းဖြင့် .. ခရစ်တော်ကိုနားလည်ခြင်း - ဆရာစံတိုး . ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ချီးမွမ်း၊ သက်သေခံ၊ ဆုတောင်းချက်တင် .အသင်းတော်တွေမှာ ရှိပါတယ်။ အနည်းဆုံးတော့ ဘုရားရှိခိုးခြင်း ရှိပါတယ်။ ဘုရားရှိခိုးခြင်းဟာ ဆန်းကြယ်ပါတယ်။ ဘုရားရှိခိုးခြင်း အမျိုးမျိုး.. ရှိပေမဲ့ အခု ကျနော်တို့ ဘုရားရှိခိုးခြင်းဟာ အသက်ရှင်လျှက်ရှိသော ဘုရားကို ကိုးကွယ်ရှိခိုးရတဲ့အတွက် ဆန်းကြယ်ဆယ်လို့ ပြောတာပါ။ ကျွန်တော်ရှိခိုးနေတဲ့ ဘုရားက အသက်ရှင်နေတယ်။ ဒါကြောင့် ဆုတောင်းရပါတယ်။ လူဟာ တကယ်ဒုက္ခရောက်ကြည့် ..ရှိရှိမရှိရှိ အော်ရပါတယ်။ အမေ.. လို့အော်ရပါတယ်။ မကယ်နိုင်လဲ အော်ရပါတယ်။ ကျမ်းစာအုပ်ထဲမှာ ရေးထားတိုင်း ယုံရမှာလား...။ ကိုယ်တိုင်ခံစားရမှ ယုံရပါတယ်။ လောကမှာ မမြင်ပဲနဲ့ ယုံရတာတွေ အများကြီးရှိပါတယ်။ ဓါတ်လိုက်တယ် .. မမြင်ရပေမဲ့၊ လျှပ်စစ်စီးနေတာ မမြင်ရပေမဲ့၊ တစ်ခါ ဓါတ်လိုက်ပြီးရင် ယုံသွားပါပြီ။ မမြင်ရဘူးနော်.. ဒါပေမဲ့ ထိမိရင် သိသွားမယ်။ ဘုရားသခင် မျက်စိနဲ့မမြင်ရပါဘူး ဒါပေမဲ ထိကြည်ရင် သိသွားပါမယ်။ ကောရိန္တု၊ဒုတိယစာစောင်မှာ ထာဝရတည်တဲ့အရာတွေဟာ မျက်စိနဲ့မမြင်ရဘူး..တဲ့။ ထာဝရမတည်တဲ့ အရာတွေဟာ မျက်စိနဲ့မြင်ရတယ်...။ ဘုရားလဲ ဒီလိုပါပဲ။ ထာဝရတည်တဲ့ ဘုရားဆိုတာ ဒီမျက်စိနဲ့ မမြင်ရပါဘူး။ ဒါပေမဲ့ စမ်းကြည့်ရင် သိရလိမ့်မယ်။ မမြင်ပဲနဲ့ စမ်းကြည့်လို့ရပါတယ်။ . တနေ့တော့ ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်များ ဓါတ်ရောင်ခြည်သင့်နိုင်ပါသဖြင့် မဖြတ်သန်းရ ဆိုင်းဘုတ်ကို တွေ့ရက်သားနဲ့ ဖြတ်နေတဲ့ မိန်းမတစ်ယောက်၊ ကျနော်က ဟေ့..ဆိုင်းဘုတ်ကြည့်လေ၊ ဓါတ်ရောင်ခြည်ရှိတယ်..ဆိုတော့၊ သူကတောင် ကိုယ့်ကိုပြန်ပြောပြသေးတယ်။ ဒီဆေးရုံမှာ သန့်ရှင်းရေးလုပ်တာ နှစ်ကြာလှပြီ၊ ကိစ္စမရှိပါဘူး.. တဲ့။ တနေ့တော့ သူ့ယောင်္ကျား ဖုန်းဆက်လာတယ်။ သူ့မိန်းမ အဲဒီအမျိုးသမီး ဆေးရုံတက်နေရလို့..တဲ့။ နေတာကလဲ ဆေးရုံမှာပဲ။ မေးကြည့်တော့ ဗိုက်ထဲက ကလေးသေသွားလို့တဲ့။ ဆရာဝန်က ပြောတယ်။ သေတာက ကြာပြီ..တဲ့။ ဓါတ်ရောင်ခြည်သင့်တဲ့နေရာ ဖြတ်ဖြတ်သွားတာကိုး။ အခုတော့ သူသိသွားပြီး၊ ကိုယ်ဝန်မရှိပေမဲ့လည်း အဲဒီနေရာကို ရှောင်သွားတယ်။ . Page 1
  • 2. Saya San Toe - 2011 MCA Bangkok Sermon . ယေရှုခရစ်တော်ဘုရား မမြင်ရပေမဲ့ ရှိတယ်။ မယုံရင် စမ်းကြည့်ပါ။ လွယ်လွယ် ပြောရရင် ကျနော့်နာမည်က စံတိုး၊ ဒါပေမဲ့ ကျနော့်အဖေကို ခင်ဗျားတို့မတွေ့ဖူးဘူး။ မမြင်ဘူး၊ မကြားဖူး၊ မိတ်မဆက်ဖူးဘူး။ ဒါပေမဲ့ ကျနော့်မှာ အဖေမရှိဘူးလို့ ပြောရင် လက်ခံမှာမဟုတ်ပါဘူး။ အဖေရှိတယ်လို့ပဲ ခင်ဗျားတို့ ယုံကြမှာပါ။ ခရစ်သက္ကရာဇ် ဆိုတဲ့ ပြက္ခဒိန်ရှိပါတယ်။ ခရစ်သက္ကရာဇ် ၂၀၁၁။ လူတိုင်းအသုံးပြုကြပါတယ်။ ဒါဟာ ခရစ်တော် ကမ္ဘာကြီးဆီ ကြွလာတဲ့နှစ်ကို စပြီးရေတွက်ထားလို့၊ ခရစ်တော် တကယ်ရှိခဲ့တာတော့ သေချာပါတယ်။ . ယေရှုခရစ် အမည်ဟာ အပြစ်ရှိသူကိုကယ်တင်သူ ယေရှုခရစ်အမည်ဟာ အပြစ်ရှိသူကိုကယ်တင်သူ လို့အဓိပ္ပါယ်ရှိပါသည်။ အချို့သည် ဆင်းရဲသော်လည်း မိမိကလေးမွေးလာသောအခါ သိန်းကြွယ် ဟုအမည်ပေးသည်။ အခြားတဦးက အပြိုင်အဆိုင် သူတို့မွေးလာသောကလေးကို သန်းကြွယ် ဟု နာမည်ပေးလိုက်ပြန်သည်။ မိမိကလေးကို နာမည်ကောင်းကောင်း ပေးကြသည်။ မည်သူမှ မိမိကလေးကု ဒုက္ခ ..ဟု အမည်မပေးကြပါ။ ပေးသည့်နာမည်က ငြိမ်းချမ်၊ သို့သော် သောင်းကျန်းသလားမမေးနှင့် .. ဒီလိုပါပဲ၊ . ခရစ်ယာန်များလည်း ကိုယ့်သားသမီးကို ပီတာ၊ ယာကုပ်၊ ပေါလု၏ တကယ့်အကောင်းစားနာမည်များ ပေးသည်။ မြစ်ကြီးနားထောင်သို့ ခရစ်စမတ်ပွဲတော်လုပ်ပေးသောအခါ ထောင်ကျသူ လူထောင်ကျော်ရှိသည်။ အမည် ပေါလု လက်ထောင်ခိုင်းရာ အများကြီးထောင်ကြသည် (ရယ်သံများ)။ အမည် ပေတရု .. သာ၍များသေးသည်။ ဘာအမှုလဲ မေးသောအခါ နံပါတ်ဖိုး ဘိန်းဖြူအမှု။ ထပ်မေးသည်.. ယုဒရှကာယုတ်ပါလား ဆိုသောအခါ တယောက်မှ လက်မထောင်ပါ။ . ဆိုလိုသည်မှာ နာမည်တိုင်း အဓိပ္ပါယ်ရှိပါသည်။ . ယေရှုဆိုသောနာမည်... တဖက်မှကြည့်လျှင် လူများကို အပြစ်မှကယ်မည့်သူ ..၀မ်းသာစရာကောင်းလှသည်။ ဘယ်လူမျိုးမဆို ဘယ်ဘာသာမဆို အပြစ်ရှိသူများကို သူလာကယ်ပါသည်။ သူ့ဖက်မှပြန်ကြည့်လျှင် စိတ်ထိခိုက်စရာပင်၊ လောကလူများလုပ်သောအပြစ်ကို သူက မဆီမဆိုင် သူကခံရမည်ဖြစ်သည်။ လူသားအနေနှင့် မဆီမဆိုင်မခံနိုင်ပါ။ ခံသင့်သောကြောင့် အပြစ်ဒဏ်ခံရသည်ကိုပင် မတရားခံရသည် ဟု ထင်သောလူများ၊ Page 2
  • 3. Saya San Toe - 2011 MCA Bangkok Sermon မဆီမဆိုင်ကိုယ်စား ခံရမည်ကို စဉ်းစား၍ပင်မရပါ။ . သူ့နာမည်ပင် သူ့မိခင်ကြိုက်တာ မပေးနိုင်ပါ။ ယေရှုဆိုသော စကားအဓိပ္ပါယ်ကို မိခင်မာရိက သိသည်။ လောကလူများ၏ အပြစ်ကို မိမိကလေးက ခံရမည်ဟု သိသောအခါ ဘယ်မျှစိတ်ထိခိုက်မည်နည်း။ ထိုယေရှုသည် မွေးဖွားပြီး မြေကြီးပေါ်တွင် နှစ်၃၀ အသက်ရှင်ပြီး လူသားများအပြစ်အတွက် အသေခံခဲ့ပါတယ်။ . . ခရစ်ယာန်မဟုတ်သူများအတွက်ရှင်းပြခြင်း . အပြစ်မဲ့၊ယေရှုအသေခံခြင်းအဓိပ္ပါယ်ကတော့၊ ယေရှု ဒီလောကကို ကြွလာပြီး၊ အနှစ်၃၀ကျော် အသက်ရှင်နေထိုင်သွားပါတယ်။ အဲဒီ လူအဖြစ်၊ အသက်ရှင်နေထိုင်သွားရာမှာ စုစုပေါင်း သူလုပ်ခဲ့တဲ့ အချက်တွေကို ကြည့်ရင် အဓိကအချက်အနေနဲ့ (၃)ချက်ပဲ ရှိပါတယ်။ . ၁။ တရားဒေသနာ ဟောပြောပြပါတယ်။ တရားပြနိုင်တဲ့လူဖြစ်ပါတယ်။ ဘယ်လိုနေ၊ ဘယ်လိုသွား၊ မိဘကို ရိုသေ၊ ဘုရားတရားလိုက်စား.. စသဖြင့်ပေါ့။ . ၂။ တန်ခိုးပြပါတယ်။ ရောဂါပျောက်စေတယ်။ မျက်စိမမြင်သူကို မြင်စေတယ်၊ နားမကြားသူကို ကြားစေတယ်။ အနူရောဂါ ပျောက်စေတယ်၊ အနာငြိမ်းတယ်၊ သေတဲ့လူကို ပြန်ရှင်စေတယ်။ . နံပါတ်တစ်၊ ယေရှု ဒီလောကို ကြွမလာခင်ကတည်းက လူ့လောကမှာ တရားပြနိုင်တဲ့လူတွေ အများကြီးရှိပါတယ်။ တန်ခိုးပြနိုင်တဲ့လူတွေတော့ နည်းသွားပါတယ်။ တရားကတော့ လူတိုင်းလောက် ပြနိုင်ပါတယ်။ မသောက်နဲ့နော် လို့ပြောတဲ့ အရက်သမားတွေ၊ ခင်ဗျားကြတော့ ဘာလို့သောက်လဲ မေးရင်.. ငါသောက်လို့၊ ငါခံနေရလို့..မင်းကို စေတနာနဲ့ပြောတာ... တဲ့။ ဒါလဲ သင်ခန်းစာပဲ၊ ဒါလဲ တရားပြတာပဲ။ နံပါတ်နှစ် လက်တွေ့တန်ခိုး ပြနိုင်တဲ့လူတွေကြတော့ နည်းသွားပြီ။ မိန်းမတစ်ယောက် အိမ်သော့ပျောက်သွားတယ်။ ဘယ်ထားမိမှန်းမသိတော့ဘူး။ ဗေဒင်ဆရာသွားမေးတယ်၊ ဟိုရောက်တော့ ဘာမှမပြောရသေးဘူး၊ ဗေဒင်ဆရာကပြောတယ်.. နင်သော့ပျောက်တယ်မဟုတ်လား၊ ပန်းအိုးအောက်မှာထား ထားတယ်လေ ..တဲ့။ အော်..မှန်တာ၊ မေးတောင်မမေးရသေးဘူး၊ ဖြေလိုက်တယ်။ ချက်ခြင်းပြန်လာပြီး ပန်းအိုးအောက်မှာ သော့ရှိနေတယ်။ တန်ခိုးပြနိုင်တဲ့လူတွေ ရှိပါတယ်..။ ယေရှုမလာခင်ကတည်းက ဒါတွေရှိတယ်။ လာပြီးနဲ့နောက် ဒီနေ့အထိလဲရှိတယ်။ နောက်လဲ ရှိဦးမှာပါပဲ။ တစ်ချို့ မီးထဲတက်နင်းသွားတယ်၊ လျှာတွေကို အပ်နဲ့ဖေါက်လမ်းလျှောက်တယ်။ တန်ခိုးပြနိုင်တယ်။ ကိုယ်လုပ်မလား.. သွားမလုပ်နဲ့။ ဒီကနေ့ လူတွေက ကြိုတင်တွေ များတယ်။ ယုံကြည်ခြင်းရှိပေမဲ့ ကာကွယ်ဆေးတွေ ကြိုထိုးထားကြရတယ်။ . Page 3
  • 4. Saya San Toe - 2011 MCA Bangkok Sermon ၃၊ ယေရှုကားတိုင်ပေါ်တက်သွားခြင်း နံပါတ်သုံး၊ နောက်ဆုံတစ်ချက်ကတော့ ထူးခြားတယ်။ မြေကြီးပေါ်မှာ ယေရှုတစ်ပါးထဲပဲ လုပ်နိုင်ပါတယ်။ ယေရှုကားတိုင်ပေါ်တက်ပြီး အသေခံသွားခြင်းဖြစ်ပါတယ်။ ယေရှုရဲ့ လက်နှစ်ဖက်မှာ သံနဲ့ရိုက်ထားတယ်။ ခြေထောက်မှာလဲ သံရိုက်တယ်။ ခေါင်းမှာ ဆူးရစ်သရဖူးဆောင်းထားတယ်။ သွေးကျနယ်။ ယေရှုရဲ့ နှလုံးကို လှံနဲ့ထိုးတယ်။ သွေးနဲ့ရေ ကျတယ်။ ယေရှုခရစ်တော်ဘုရား ဝေဒနာများစွာနဲ့ ကားတိုင်ပေါ်ကို တက်ရတယ်။ . ဘကြောင့် ယေရှုဒီလိုတက်ရသလဲ၊ တစ်ချိုက ပြောမှားဆိုမှားဖြစ်လို့ ပြောကြတယ်။ လုကာ၂၃း၎ မှာ အဲဒီအချိန်က ယေရှုအမှုကို စစ်ဆေးရတဲ့ တရာသူကြီးချုပ် ဗိလပ်မင်းကိုယ်တိုင်က ယေရှုကိုတရားစွဲဆိုသူများကို အတိအလင်းပြောထားတယ်။ "ထိုသူ၌ အဘယ်အပြစ်ကိုမျှ ရှာမတွေ့" ..တဲ့။ အပြစ်ရှာလို့ လုံးဝမတွေ့ပါဘူး။ အပြစ်လုံးဝမရှိတဲ့ယေရှု ကားတိုင်ပေါ်မှာ ဘာကြောင့်သေရသလဲ။ ကားတိုင်ပေါ်တက်တဲ့အခါ ဟေရှာယ ၅၃း၆ မှာပြောတယ်၊ အဲဒီယေရှုခရစ်တော်အပေါ်မှာ မိတ်ဆွေနဲ့ ကျနော်တို့အပြစ်အားလုံးကို ဘုရားက တင်လိုက်ပြီ။ ဟာလေလုယ ..။ (ဟာလေလုယ = ဘုရားကိုချီးမွမ်းခြင်း Praise Lord ဟု အဓိပ္ပါယ်ဖြစ်သည်။) . ယေရှုဟာ တရားပြရုံသက်သက် လာတာမဟုတ်ဘူး၊ တန်ခိုးပြရုံသက်သက် လာတာမဟုတ်ဘူး။ မိတ်ဆွေနဲ့ကျနော်တို့ အပယ်ငရဲသွားမဲ့အပြစ်ကို ကားတိုင်မှာ လာပေးဆပ်တာဖြစ်တယ်။ ကျွန်တော်တို့အပြစ်တွေကို သူ့အပေါ်တင်လိုက်လို့ ကျနော်တို့မှာ အပြစ်မရှိတော့ဘူး။ ကျနော်တို့ရဲ့ အပြစ်များကြောင့် ယေရှုခရစ်တော် ကားတိုင်ပေါ်မှာ အသေခံခြင်းဖြစ်တယ်။ သူ့အသွေးနဲ့ ကျနော်တို့အပြစ်ကို ဆေးကြောတယ်။ . သဂြိုလ်ပြီး သုံးရက်မြောက်နေ့မှာ သေခြင်းက ရှင်ပြန်ထမြောက်တဲ့ ဘုရားဖြစ်တယ်။ ဟာလေလုယ..။ သေခြင်းကို အောင်မြင်တာဖြစ်ပါတယ်။ ယေရှုခရစ်တော် တစ်ပါးထဲ သေခြင်းကို အောင်နိုင်တာဖြစ်တယ်။ . Page 4
  • 5. Saya San Toe - 2011 MCA Bangkok Sermon . . ခရစ်ယာန်(ယုံကြည်သူ)များအတွက်ရှင်းပြခြင်း . ကောင်းကင်အောက်၊ မြေကြီးမျာ သေခြင်းကို အောင်တဲ့လူ ၊ ယေရှုကလွဲပြီး တစ်ယောက်မှ မရှိဘူး မိတ်ဆွေ။ ယခင်က မရှိဘူး၊ ယခုလဲမရှိဘူး။ နောင်လဲ ရှိမှာမဟုတ်ဘူး၊ ဟာလေလုယ.. ။ သေခြင်းကို အောင်နိုင်တာနဲ့၊ သေခြင်းက ပြန်ရှင်တာ မတူဘူးနော်။ သေခြင်းကိုအောင်နိုင်တာ ငါတို့ရွာမှာလဲ ရှိတာပဲလို့ ထင်နေမယ်။ သေပြီးပြန်ရှင်တာတွေ ရှိတယ်။ နောက်ပြန်မသေတော့ဘူး။ ယေရှုခရစ်တော်က သေခြင်းကပြန်ရှင်တဲ့ ဘုရားက ထာဝရ၊ ဘယ်တော့မှ မသေတော့ဘူး။ . သေခြင်းက ပြန်ရှင်တဲ့ ဘုရားက ပြောတယ်။ ဝန်လေး၍ပင်ပမ်းသောသူများ ငါ့ထံလာကြလော့၊ ငါသည်ချမ်းသာပေးမည် ..။ လူတိုင်းလူတိုင်းမှာ ဝန်ရှိတယ်နော်၊ ကြိုက်တဲ့ဘာသာ ကိုကြည့်ပါ။ ဘာသာတရားတိုင်း ကောင်းတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အဲဒီ ဘာသာ တရားအတိုင်း နေနိုင်သလား။ ဘာသာတွေ ကောင်းတယ်၊ တရားတွေ ကောင်းတယ်။ ကျနော်တို့ အဲဒီအတိုင်းနေနိုင်သလား၊ ကျနော်တို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်။ ဥပမာ ၂ခုပြောမယ်။ ကြိုက်တဲ့ဘာသာကို ကြည့်ပါ၊ ပထမအချက် - လောဘမကြီးနဲ့။ ဘယ်ဘာသာမဆို လောဘမကြီးဖို့ ပြောပါတယ်။ ဒီမှာရှိတဲ့ မိတ်ဆွေများ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ လောဘမကြီးဘူးလား၊ လောဘ မကြီးပဲ ထိုင်းနိုင်ငံကို ရောက်လာသလား။ စဉ်းစားကြည့်ပါ။ လောဘမကြီးတဲ့လူ တစ်ယောက်မှမရှိဘူး။ ဒုတိယအချက်-ဒေါသမကြီးရဘူး။ ဘယ်ဘာသာမဆို လေ့လာပါ။ ဒေါသမထွက်ပဲ ဘယ်သူမှမနေနိုင်ပါဘူး။ . ဒေါသမထွက်ရဘူးလို့ ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာ ကျနော်ကတရားဟောတော့ ခေါင်းဖြူနေတဲ့၊ အဖိုးကြီးတစ်ယောက်က ငါအသက်ကြီးပြီမို့ ဒေါသထိမ်းနိုင်တယ်။ မင်းတို့နဲ့မတူဘူး လို့ပြန်ပြောပါတယ်။ ကျနော်က မထိန်းနိုင်ဘူးလို့ ပြန်ပြေတယ်။ သူက ထိန်းနိုင်တယ်။ ကျနော်လဲ မထိန်းနိုင်ဘူး..လို့.. ပြောရင်ပြောရင်း သူဒေါသထွက်လာတယ်(ရယ်သံများ)။ .. အဲဒါနဲ့ ဘယ်လိုလဲ၊ ဦးလေး.. အခုဒေါသထွက်လာပြီ၊ Page 5
  • 6. Saya San Toe - 2011 MCA Bangkok Sermon ဘယ်လိုလဲ.. အဘပြောတော့ ထိန်းနိုင်တယ်ဆို .. လို့မေးတော့၊ ..အေးလေ၊ ထိန်းနိုင်တာပဲ၊ မင်းက ထွက်အောင်လုပ်တာကိုး...လို့ပြန်ပြောပါတယ်။ အဘထဲမှာ ဒေါသ ရှိနေသေးလို့ ထွက်လာတာပေါ့။ ငါ ..ဒီနေ့ကနေစပြီး ထိန်းသိမ်းတော့မယ်..တဲ့ (ရယ်သံများ)။ . ဘယ်သာတရားမှ ကိုယ်လုပ်နိုင်သလား ဆန်းစစ်ကြည့်ပါ။ ကျနော်လည်း အရင်က မယုံကြည်သူပဲ။ စာလဲ ကျက်လိုက်တာ အများကြီးပဲ။ ရွတ်လိုက်တာလဲ အများကြီးပဲ။ တကယ်တမ်းတော့ ကိုယ့်ပါးစပ်က ရွတ်တဲ့အတိုင်း မနေနိုင်ပါဘူး။ ခရစ်ယာန်များလဲ ရွတ်ကြတာပဲ မဟုတ်လား။ ပညတ်တော် ဆယ်ပါး၊ ငါမှတစ်ပါး အခြားသောဘုရား မကိုးကွယ်ရ.. စသဖြင့်၊ စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိ၏.. ကိုယ်က သူများကိုပဲ ပြောရတာ။ တရားတွေ ကောင်းပါတယ်... ကိုယ်မှမလုပ်နိုင်တာ။ မလုပ်နိုင်ရင် ဘယ်မှာဆုံးသလဲ ဆိုတော့၊ အပယ်ငရဲမှာ ဆုံးရပါတယ်။ ဒါကြောင့် ဘာသာတရား ဆိုတာ တရားတယ်..တဲ့။ ဘာသာဆိုတာ တရားနဲ့တွဲတာပါ။ . . ကယ်တင်ရှင်လိုအပ်ပြီ . ဘာသာတရားဆိုတာ ကိုယ်လုပ်မှ ရမှာ၊ ကိုယ်က မကျင့်နိုင်တော့ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ မတတ်နိုင်တဲ့အတွက်၊ ကယ်တင်ဖို့ရာ ယေရှုခရစ် လောကကို ကြွလာပါတယ်။ ဟာလေလုယ။ အဲဒီ ယေရှု အပြစ်ရှိတဲ့လူကို ကယ်တင်ဖို့လာတာ။ ယေရှုခရစ် မြေကြီးပေါ်မျာ အသက်၃၀ကျော် သက်တော်ထင်ရှားပြိးပြီ။ မိတ်ဆွေနဲ့ ကျနော်အပြစ်ကို လက်ဝါးကပ်တိုင်ပေါ်မျာ ပေးဆပ်ပြီးပြီ။ ယုံလိုက်၊ မယုံလိုက် .. ခဏခဏ ပေးဆပ်နေတာ မဟုတ်ပါဘူး။ တကြိမ်တစ်ခါထဲနဲ့ မိတ်ဆွေနဲ့ကျနော်တို့အပြစ်ကို ပေးဆပ်သွားပြီးပြီ။ အဲဒီ ယေရှုက ယော၃း၁၆မှာ ပြောသွားပါတယ်။ ငါပေးဆပ်ပြီးသွားပြီဆိုတာ ယုံကြည်လက်ခံတဲ့လူ ထာဝရအသက်ကိုရမယ်။ (အပယ်ငရဲမသွားရဘူး)။ မယုံဘူးဆိုရင်တော့ အပြစ်စီရင်ခြင်းခံရမယ်။ ငရဲသွားရမယ်။ . မိတ်တွေနဲ့ကျနော်တို့ရဲ့ အပြစ်ကို ခရစ်တော် ကားတိုင်မှာ အသေခံ ပေးဆပ်သွားပြီး ဆိုတာ ယုံကြည်ရပါမယ်။ မယုံဘူး ဆိုရင်တော့ ကိုယ်လုပ်တဲ့အတိုင်း ကိုယ်ခံရမယ်။ ကိုယ့်အပြစ်ကို ယေရှုပေးဆပ်သွားတာ သင်ယုံကြည်ရင် သင်အခုချက်ခြင်း ထာဝရအသက်ကို ရမယ်။ ကယ်တင်ခြင်းခံရမယ်။ ဟာလေလုယ။ . မိတ်ဆွေ မယုံဘူးဆိုရင် အချိန်ပေးမယ်။ ကျနော်လည်း မယုံလို့ ခေါ်ကြည့်ဖူးပါတယ်။ မြန်မာစကား ခလုပ်ထိမှအမိတ.. ဆိုသလို ကျနော်လည်း ဒုက္ခရောက်တဲ့အခါ ဘယ်လိုမှမလုပ်နိုင်တော့၊ ယေရှုကို ခေါ်ကြည့်တယ်။ ကယ်ပါလို့ ခေါ်တယ်။ ရပါတယ်။ ဒါပေမဲ တိုက်ဆိုင်လို့ ရတာပဲဖြစ်မှာဆိုပြီး မယုံသေးပါဘူး။ မေ့မေ့ပြောက်ပြောက် ထားလိုက်တယ်။ နောက်တခါ ပြသနာအခက်ခဲကြီး ကြုံတွေ့လာရပြန်တယ်။ အဲဒီအခါလည်း ဘယ်လိုမှ မလုပ်နိုင်တော့တဲ့အချိန် ယေရှုခရစ်ကို သတိရပြီး ကယ်ပါ..လို့ ခေါ်ကြည့်ပြန်တယ်။ ဒိလို အကြိမ်ကြိမ်း ၃ကြိမ်ထိအောင် ကယ်ပါလို့ ခေါ်တဲ့အခါ၊ ကယ်တင်ရှင်ကို လာပါတယ်။ . မိတ်ဆွေနဲ့ကျနော် မီးဇာကုန်တော့မယ်ဖြစ်ပါတယ်။ သေခြင်းတရား ဆိုတာ ကလေးဖြစ်လို့ မညှာပါဘူး။ Page 6
  • 7. Saya San Toe - 2011 MCA Bangkok Sermon နာမည်က မောင်သက်ရှည် ဆိုပေမဲ့ ၆လနဲ့ သေသွားတာမျိုး ရှိပါတယ်။ အဖိုးကြီး သေမလိုနဲ့ မသေပဲ လူနာစောင့် အရင်သေသွားတာမျိုး ရှိပါတယ်။ အများကြီးရှိပါတယ်။ မီးဇာမကုန်ခင် - မသေခင်လေးမှာ ယေရှုခရစ်တော်၊ ကယ်တင်ရှင်ကို ယုံကြည်လက်ခံဖို့ပါ။ . . ယုံကြည်လက်ခံပြီးတဲ့နောက် . ယုံကြည်လက်ခံပြီးတဲ့နောက်မှာ ခရစ်ယန်အသက်တာ ဆိုတာရှိပါတယ်။ တကယ်ယုံကြည်ပြီးတဲ့အခါ ဘုရားသခင် သွန်သင်နေတဲ့ အရာရှိပါတယ်။ ကျမ်းစာထဲမှာ ပေတရု၊ တစ်ညလုံး ငါးဖမ်းတယ်။ တစ်ကောင်မှမရဘူး။ . စိတ်ပူနေရင် အဲယားကွန်းအောက်မှာ ချွေးပြန်နေတဲ့လူ ရှိသလို၊ အဆင်ပြေနေရင် နေပူထဲမှာလေချွန်နေတဲ့လူ ရှိပါတယ်။ ဒီလိုရှိတယ်..။ . ခရစ်တော်ရောက်လာပြီး၊ လှေငှါးတယ်၊ ပြီးတော့ လူပါငှားတယ်။ နောက် ကမ်းနဲ့ခွာပြီး၊ နှုတ်ကပတ်တော် ဝေငှပါတယ်။ ငါးမရတဲ့လူ နှုတ်ကပတ်တော် စိတ်မဝင်စားပါဘူး။ နောက် ရေနက်ရာ လှေကိုရွှေ့ခိုင်းတယ်။ သခင်ယေရှုက တဖြေးဖြေး၊ တဆင့်ပြီးတဆင့် သွန်သင်ပါတယ်။ ပေတရုကလဲ နားမလည်ပေမဲ့ သခင်ယေရှု ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ပိုက်ကို ချတော့ ဆိုတော့ ပိုတောင်နားမလည်သေး၊ တစ်ညလုံး ငါးဖမ်းတာတောင် တစ်ကောင်မှမရတာ။ သူများ ပိုက်မချတဲ့အချိန် ကိုယ်ပိုက်ချပြီး၊ ငါးလဲမရတာ သူများမြင်သွားရင် ကဲ့ရဲ့ခံရမယ်။ လှေပေါ်က သခင်ယေရှုက တငါသည်လား.. စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ . ဒါပေမဲ့ ပေတရု က ကိုယ်တော်၊ တစ်ညလုံး ပိုက်ချတာမရဘူး။ ဒါပေမဲ့ ကိုယ်တော် ခိုင်းတဲ့အတိုင်း နာခံပါမယ် လို့ပြောပြီး၊ ပိုက်ချတဲ့အချိန် လှေနှစ်စီး မြုတ်လုမတတ် ငါးတွေရခဲ့ပါတယ်။ နောက်ဆုံး ပေတရု နားလည်သွားပြီး၊ လှေနဲ့ပိုက်ကွန်စွန့်ပြီး ယေရှုနောက်ကို လိုက်သွားတယ်။ ဒီလိုပဲ ဘဝမှာ နားမလည်နိုင်တာတွေ အများကြီးရှိပါတယ်။ နားမလည်ရင် အားပေးချင်ပါတယ်။ ပေတရုက နားထောင်ပြီးမှ နားလည်လာပါလိမ့်မယ်။ ဘုရားသခင်က နားထောင်ကြည့်ပါ.. နားလည်လာမည် လို့သွန်သင်ပါတယ်။ . . Page 7
  • 8. Saya San Toe - 2011 MCA Bangkok Sermon နားထောာင်ခြင်းဖြင့် .. ခရစ်တော်၏တပည့်တော်ဖြစ်သင်တန်း . ခရစ်တော်အကြောင်း နားလည်ဖို့ ကြိုးစားလေလေ ခက်လေလေပဲ။ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားရင် မရပါဘူး။ နားထောင်ပေးရပါတယ်။ နားမလည်ပေမဲ့၊ နားထောင်ပေးရတယ်။ နာကျင်မှုများ၊ အဆင်မပြေမှု၊ ပြသနာများ၊ အခက်အခဲများ ရှိနေရင် ခရစ်တော်အကြောင်း နားထောင်ပေးရပါတယ်။ နားထောင်ရင်း နာကျင်မှု၊အခက်အခဲ၊ ပြသနာ၊ အဆင်မပြေမှုများဟာ ပြေလည်သွားလေ့ရှိပါတယ်။ နားထောင်ပါ။ နားလည်လာပါလိမ့်မယ်..။ . ဆရာစံတိုးတို့ ၁၉၉၅လောက်က ခရစ်တော်၏တပည့်တော်ဖြစ်မိတ်သဟာရ (Fellowship) ရဲ့ ၃လသင်တန်းကို မြစ်ကြီးနားမှာလုပ်ဖြစ်ခဲ့ပါတယ်။ ဆရာ ဒေါက်တာသိန်းဌေး၊ ဆရာဆယ်မြူရယ်သိန်း၊ ဆရာပေါလ်ကေချိုင်း တို့ကို ဖိတ်ခေါ်ပြီး သင်တန်းကျင်းပတော့ ညတိုင်း လူတွေအများကြီးလာရောက် နားထောင်၊ အားပေးကြတယ်။ လူတွေတစုတရုံးနဲ့ဆိုတော့ ဘေးက တိုင်တောမှုတွေကြောင့် သက်ဆိုင်ရာက လာပြီး ပိတ်ဖို့ပြောတယ်။ ငါးယောက်ထက် ပိုမစုရ ဆိုတဲ့ ဥပဒေကလည်း ရှိနေတယ်လေ။ ဟုတ်ကဲ့ပါ ..ပြောပြီး ညမှာဆက်လုပ်ဇြစ်တေယ်။ နောက်နေ့ လာပြောပြန်တယ်။ ဟုတ်ကဲ့ပါ ..ပြောပြီး ဆက်လုပ်ဖြစ်ပြန်တယ်။ နောက်ဆုံး အကြီးဆုံး ပုဂ္ဂိုလ်ကြီးကိုယ်တိုင်ရောက်လာတော့ ပိတ်လိုက်ရတယ်။ . အဲဒီအကြီးဆုံး ပုဂ္ဂိုလ်ကိုယ်တိုင် လာတဲ့အချိန်မှာ (၃)လသင်တန်းအတွက် ညစဉ် မီးစက်ငှားစရိတ်၊ ဆီစရိတ်၊ ဆရာများကို ဖိတ်ခေါ်ရတယ်။ စားစရိတ်မရှိ၊ ဆရာများကို အလှုငွေပေးဖို့လဲ မရှိဆိုတော့ ဒီစားရိတ်များအတွက် ဆုတောင်းနေတုန်းမှာပဲ လူကြီးရောက်လာပြီး၊ ပိတ်လိုက်ရတယ်။ . ရုံးခေါ်ဖိတ်ခံရပြီး ဘာကြောင့် ပါမစ်မပါပဲလုပ်ရသလဲ မေးတာကို ဖြေရတယ်။ ဘုရားတရားပဲဖြစ်စေ ပါမစ်မရှိရင် မလုပ်ရဘူးဆိုတာ မသိဘူးလား မေးရင်း၊ လူကြီးရဲ့စာနာမှုကြောင့် ပါမစ်လျှောက်ပါလား ..လို့ ပြောတယ်။ ဘယ်လိုလျှောက်ရမှာလဲ ..ဆိုတော့ အသင်းတော်တခုအမည်နဲ့ဆို ရပါတယ်..ပြောတယ်။ ဟာ... ကျွန်တော်တို့က အသင်းတော်လဲမလုပ်ချင်ဘူး။ တနင်္ဂနွေနေ့တိုင်းလဲ မလုပ်နိုင်ဘူး..ဆိုတော့ လူကြီးက မေးတယ်။ ခင်ဗျားတို့အဖွဲ့အမည်က ဘာလဲမေးလို့ ခရစ်တော်၏တပည့်တော်ဖြစ်မိတ်သဟာရ (Fellowship) ပါလို့ဖြေတယ်။ Fellowship အစား အသင်းတော် Church လို့ လုပ်လိုက်ပါ။ (၃)ပြည့်ပြီး သင်တန်းပြီးသွားရင် အသင်းတော်ဖျက်လိုက်တာပေါ့ ..လို့ အကြံပေးပြီး၊ ပါမစ်လျှောက်ပေးလိုက်တယ်။ ပါမစ်ရပြီး သင်တန်းဆက်လုပ်ဖြစ်ပါတယ်။ Page 8
  • 9. Saya San Toe - 2011 MCA Bangkok Sermon . သင်တန်းလာနားထောင်တဲ့ လူတဦးက ခင်ဗျားတို့ ဒီလို တိုင်းမှုးရဲ့ ပါမစ်ရထားတယ်ဆိုရင် ဆီပါမစ်လျှောက်လွှာတင်ပါ။ ဆီထုတ်ပေးနိုင်ပါတယ် ဆိုလာလို့ မလျှောက်တတ်ဘူးပြောရတယ်။ ဘယ်လိုလျှောက်ရတယ်..ပြောပြတော့ ဘယ်သူ့ဆီကိုလျှောက်ရမလဲ မေးတယ်။ ငါ့ဆီကိုပဲ လာလျှောက်ပေါ့..ဆိုလို့ ခင်ဗျားပဲ ရေးပြီးလျှောက်ပေးပါတော့ဗျာ.. ဆိုတာကြောင့် နောက်နေ့ ဆီပါမစ် ရလာတယ်။ ဆီတစ်ပေပါ ရပေမဲ့ ဆီထုတ်ဖို့ ပီပါ မရှိဘူး။ ပလတ်စတစ် ဂါလံပုံးနဲ့ လှီပြီး ထုတ်သုံးရတယ်။ . သင်တန်းမှာ နောက်ကျမှ ရောက်လာ နားထောင်တဲ့ အစ်မကြီးတယောက်က သင်တန်းနောက်ဖက်က မီးစက်အသံ ဆူလို့ ကောင်းကောင်းမကြားရဘူး ..ဆိုတော့ ရှေ့မှာနေရာရအောင် စောစောလာ၊ နေရာယူဖို့ ပြောရတယ်။ ငါ့ဖို့ နေရာဦးထားပေးပါလား..ဆိုတော့ ဦး မပေးနိုင်ဘူး။ ဦးရာလူ ရှေ့မှာနေရာရတော့ စောစောလာ..လို့ ပြောရတယ်။ ငါတို့က နင်တို့လို အားတာမဟုတ်ဘူး။ အလုပ်လုပ်ရသေးတယ် ..ဆိုလာတယ်။ ပြီးတော့ အကြံပေးလိုက်ပြန်တယ်။ နင်တို့ ..သင်တန်းက ညမှာပဲလုပ်တယ်ဆိုတော့ ပါမစ်လည်းရထားပြီးပြီဆိုတော့ လမ်းမီးတိုင်က ချိတ်သုံးရအောင် လျှောက်ရင်ရတယ် ..ဆိုလာတယ်။ ဘယ်လိုလျှောက်ရမလဲ ..ဆိုတော့ ဒီလိုဒီလို လျှောက်ရတယ် ပြောတယ်။ အစ်မကြီးဌာနက ဆိုတော့ အစ်မကြီးပဲ လျှောက်ပေးပါတော့ဗျာ ..ဆိုပြီး စာရွက်အလွတ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။ နောက်နေ့ လမ်းမီးတိုင်က မီးလာချိတ်ပေးသွားတော့ ဆီထုတ်၊ မီးစက်မောင်းစရာ မလိုတော့ဘူး။ (၃)သင်တန်းပြီးတော့ ချိတ်ထားတာ ဖြုတ်ဖို့ မေ့သွားတာကြောင့် (၉)လကြာတောင် ကြာသွားတယ်။ (ရယ်သံများ)..။ . ဒါနဲ့ ဆီထုတ်ပေးတဲ့ ဌာနက ဘာလို့ ဆီလာမထုတ်တာလဲ မေးတော့၊ လမ်းမီးချိတ်သုံးခွင့်ရလို့ ထုတ်စရာမလိုတော့တဲ့အတွက် မထုတ်တော့ကြောင်း ပြောပြလိုက်တယ်။ ပါမစ်ရထားပြီးသားဆိုတော့ မထုတ်လို့ကို မရဘူး။ ပြောလာတယ်။ ဒါနဲ့ သူကပဲ ရောင်းစားပါလားပြောပြီး .. နောက်နေ့ ကုလားကိုခေါ်ပြီး ပါမစ်ရတဲ့ဆီတွေကို ထုတ်ရောင်းပေးလိုက်တယ်။ . နောက်ဆုံးတော့ စရိတ်တွေ။ ဆရာအလှုငွေတွေ အားလုံး အဆင်ပြေသွားပါတယ်။ . အဆုံးသပ်အနေနဲ ထပ်ပြောရရင်.... ခရစ်တော်အကြောင်း နားလည်ဖို့ ကြိုးစားလေလေ ခက်လေလေပဲ။ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားရင် မရပါဘူး။ နားထောင်ပေးရပါတယ်။ နားမလည်ပေမဲ့၊ နားထောင်ပေးရတယ်။ နာကျင်မှုများ၊ အဆင်မပြေမှု၊ ပြသနာများ၊ အခက်အခဲများ ရှိနေရင် ခရစ်တော်အကြောင်း နားထောင်ပေးရပါတယ်။ နားထောင်ရင်း နာကျင်မှု၊အခက်အခဲ၊ ပြသနာ၊ အဆင်မပြေမှုများဟာ ပြေလည်သွားလေ့ရှိပါတယ်။ နားထောင်ပါ။ နားလည်လာပါလိမ့်မယ်..။ . MCA Bangkok အသင်းတော် 26.Oct.2011 တွင် ဆရာစံတိုး၏ ဒေသနာ။ ဒေသနာ..သက်သေခံခြင်းဖြစ်သည်။ Page 9