Download free for 30 days
Sign in
Upload
Language (EN)
Support
Business
Mobile
Social Media
Marketing
Technology
Art & Photos
Career
Design
Education
Presentations & Public Speaking
Government & Nonprofit
Healthcare
Internet
Law
Leadership & Management
Automotive
Engineering
Software
Recruiting & HR
Retail
Sales
Services
Science
Small Business & Entrepreneurship
Food
Environment
Economy & Finance
Data & Analytics
Investor Relations
Sports
Spiritual
News & Politics
Travel
Self Improvement
Real Estate
Entertainment & Humor
Health & Medicine
Devices & Hardware
Lifestyle
Change Language
Language
English
Español
Português
Français
Deutsche
Cancel
Save
Submit search
EN
Uploaded by
Zarni Gyi
277 views
FDI.for.Myanmar.1.2.3.article.by.zarni gyi.2017
FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁၊ ၂၊ ၃)
Education
◦
Read more
1
Save
Share
Embed
Embed presentation
Download
Download to read offline
1
/ 13
2
/ 13
3
/ 13
4
/ 13
5
/ 13
6
/ 13
7
/ 13
8
/ 13
9
/ 13
10
/ 13
11
/ 13
12
/ 13
13
/ 13
More Related Content
PDF
Clase grupo-familiar-sin-amo-enero
by
YESENIA SANCHEZ
PPS
CJ Assignment
by
Christina Olet
PDF
Encontro de Personal Organizer Nordeste - Fortaleza
by
Kalinka Carvalho
PPTX
Projeto juventude ppt_uemg (1)
by
Maria Antonieta Teixeira
PDF
38 mg pawtun_richermethod
by
san aye
PPTX
Thyroid Swelling: A practical guide on writing and presenting a clinical case
by
Muskaan Khosla
PDF
Kriteria & fungsi umkm
by
Wahono Diphayana
PPTX
Evaluation q 1
by
10-klam
Clase grupo-familiar-sin-amo-enero
by
YESENIA SANCHEZ
CJ Assignment
by
Christina Olet
Encontro de Personal Organizer Nordeste - Fortaleza
by
Kalinka Carvalho
Projeto juventude ppt_uemg (1)
by
Maria Antonieta Teixeira
38 mg pawtun_richermethod
by
san aye
Thyroid Swelling: A practical guide on writing and presenting a clinical case
by
Muskaan Khosla
Kriteria & fungsi umkm
by
Wahono Diphayana
Evaluation q 1
by
10-klam
Viewers also liked
PPTX
Blood Component Therapy: What a clinician needs to know !
by
Muskaan Khosla
PDF
Brand awareness Case Study
by
Will Sharick
PDF
M7 Unit 4B Study Guide - Area, Surface Area, Volume
by
cssyork
PPT
Choque eletrico
by
RenataFaisca
PDF
Menumbuhan iklim usaha umkm
by
Wahono Diphayana
PPTX
Memoria Virtual
by
Danianny Verónica Senju
PDF
Pengembangan usaha umkm
by
Wahono Diphayana
PDF
Pemberdayaan umkm
by
Wahono Diphayana
Blood Component Therapy: What a clinician needs to know !
by
Muskaan Khosla
Brand awareness Case Study
by
Will Sharick
M7 Unit 4B Study Guide - Area, Surface Area, Volume
by
cssyork
Choque eletrico
by
RenataFaisca
Menumbuhan iklim usaha umkm
by
Wahono Diphayana
Memoria Virtual
by
Danianny Verónica Senju
Pengembangan usaha umkm
by
Wahono Diphayana
Pemberdayaan umkm
by
Wahono Diphayana
Similar to FDI.for.Myanmar.1.2.3.article.by.zarni gyi.2017
PDF
Burmese kyat 2011
by
Zaw Aung
PDF
Alibaba.and.myanmar.import.2014
by
Zaw Aung
PDF
Basic Financial Literacy Booklet_MM_final compressed.pdf
by
ewaymoses
PDF
Marine.engineering.dp.system.offshore.with.cover
by
Zaw Aung
PDF
Thanshwe.where.are.you.april2012
by
Zaw Aung
PDF
Zng.articles.jul.2014
by
Zarni Gyi
PDF
Vietnam
by
Zaw Aung
PDF
1.1 Basic Concept Day 1
by
Aung Lwin
PDF
Tithe.secular.and.god.principle
by
Murann Ezine
PDF
Tithe.secular.and.god.principle.rev2
by
Murann Ezine
PDF
Tithe.secular.and.god.principle
by
Zaw Aung
PDF
dialogue and Burma by Khin Ma Ma Myo
by
Burma Democratic Concern (BDC)
PDF
Singapore.entrepreneur.articles.2014
by
Zaw Aung
PDF
Rural.development.electricity.myanmar1
by
Zaw Aung
Burmese kyat 2011
by
Zaw Aung
Alibaba.and.myanmar.import.2014
by
Zaw Aung
Basic Financial Literacy Booklet_MM_final compressed.pdf
by
ewaymoses
Marine.engineering.dp.system.offshore.with.cover
by
Zaw Aung
Thanshwe.where.are.you.april2012
by
Zaw Aung
Zng.articles.jul.2014
by
Zarni Gyi
Vietnam
by
Zaw Aung
1.1 Basic Concept Day 1
by
Aung Lwin
Tithe.secular.and.god.principle
by
Murann Ezine
Tithe.secular.and.god.principle.rev2
by
Murann Ezine
Tithe.secular.and.god.principle
by
Zaw Aung
dialogue and Burma by Khin Ma Ma Myo
by
Burma Democratic Concern (BDC)
Singapore.entrepreneur.articles.2014
by
Zaw Aung
Rural.development.electricity.myanmar1
by
Zaw Aung
FDI.for.Myanmar.1.2.3.article.by.zarni gyi.2017
1.
FDI Foreign Direct
Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁၊ ၂၊ ၃) FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁) နိဒါန်း အခု ၂၀၁၇ ခုနှစ်မှာ ပြည်ပရင်းနှီးမှုငွေတွေနဲ့ပဲ မြန်မာတွေ အလုပ်ရ စားသောက်နေနိုင်လာပါပီ။ ဦးသိန်းစိန်ခေတ်မှာ ခရိုနီနဲ့ အစိုးရအရာရှိကြီး လတ် အငယ်တွေ လုပ်ပိုင်ခွင့်များနဲ့ ကောင်းစားတယ်။ လယ်သမား (မြန်မာ၇၀%) သားသမီးတွေ မြို့ပေါ်တက်လာ အလုပ်လာလုပ်တယ်။ မြို့ငယ်လေးတွေမှာလဲ ပြည်ပချေးငွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ တာဝါတိုင်ထောင်ချီပြီးတည်ဆောက်ရေး၊ လမ်းတံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ ဟိုတယ်ကြီးများစွာ၊ နိုင်ငံခြားသားများနဲ့မြန်မာသူဌေးကြီးများအတွက် အဆင့်မြင့်အိမ်ယာများ၊ ကွန်ဒိုများ၊ မော်တော်ကားအကောင်းစားများ၊ စစ်၊ရဲ၊မီးသတ် မော်တော်ကားကြီး၊ထိန်းချုပ်စနစ်များ၊ ဘဏ်များစွာရဲ့ ကွန်ပြူတာထိန်းချုပ်စနစ်များ .. စတဲ့ နိုင်ငံခြားရင်းနှီးမှုတွေ တရားဝင်ရော၊ တရားမဝင်ရော တဟုန်ထိုးဝင်လာပါတယ်။ ဒီတော့ မြို့နေလူတန်းစားတွေ အလုပ်ရကြပါတယ်။ စားနိုင်သောက်နိုင်ဖြစ်လာပါတယ်။ တချို့နိုင်ငံခြားသားများက မြန်မာများသာလုပ်ရမဲ့ စားသောက်ဆိုင်၊ ပွဲရုံ၊ ကုန်လှောင်ရုံ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ပွဲစားလုပ်ငန်းတွေအထိ ခပ်တည်တည်နေရာယူလာပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်အဆုံး နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ဝင်ပါတယ်။ အကြီးဆုံးအဆောက်အဦးကတော့ အင်းယားကန်ဘေးက ဗိယက်နမ်ရင်းနှီးမြှတ်နှံတဲ့ မြန်မာပလာဇာ ဖြစ်ပါတယ်။ ဒါတွေကြောင့် မြန်မာတွေ အလုပ်ရတယ်။ သုံးနိုင်ဖြုန်းနိုင်လာပါတယ်။ ဒါပေမဲ့ တောနေလူတန်းစားကတော့ ဆန်၊ပဲနှမ်း၊ သီးနှံ၊ သားငါးတွေ နိုင်ငံခြားတင်ပို့ရတော့ Page 1
2.
ဒါပေမဲ့ တောနေလူတန်းစားကတော့ ဆန်၊ပဲနှမ်း၊
သီးနှံ၊ သားငါးတွေ နိုင်ငံခြားတင်ပို့ရတော့ ဈေးကောင်းပိုရလာပေမဲ.. ပြသနာကြီးက ဝိသမလောဘသားများနဲ့ ဌာနဆိုင်ရာများ (အထူးသဖြင့် စိုက်ပျိုးရေးချေးငွေ၊ နဲ့ တရားဝင်၊တရားမဝင် ချေးငွေလုပ်ငန်းတွေကြောင့်ပါ။ ရသင့်သလောက် မရတဲ့အပြင် မဆင်မချင်သုံးစွဲတော့ ပိုပြီးပွဲသွား၊ လယ်ယာဆုံးရှုံးသွားသူတွေ တော်တော်များများ ရှိလာပါတယ်။ ဒါကတော့ တဖက်က နိုင်ငံခြားရင်းနှီးမှုများကြောင့် တောင်သူလယ်သမားလူတန်းစားတွေ ထိခိုက်နစ်နာနေပုံပါ။ . . ပြည်ပတိုက်ရိုက်ရင်းနှီးမြှတ်နှံမှု အလွန့်အလွန်အရေးကြီးလှပါတယ်။ လူအများက နိုင်ငံခြားငွေများများ ရောက်လာရင် ပြည်သူလူထု အကြွေးများများတင်နေမယ် ပြောကြတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ တကယ်တော့ ငွေဆိုတာ သုံးတတ်ရင် မိတ်ဆွေကောင်းဖြစ်ပြီး မသုံးတတ်ရင်တော့ ဒုက္ခရောက်ရပါတယ်။ ငွေကြေးဆိုင်ရာ မူဝါဒများမှာ ခရစ်ယာန်များက ငွေနဲ့အရာရာဟာ ဘုရားသခင်ပိုင်တယ် လို့မှတ်ယူပြီး လုပ်ကိုင်ကြလို့ တိုးတက်ကြီးပွားကြပါတယ်။ နိုင်ငံတခုက လုပ်သားပြည်သူတွေကတော့ နိုင်ငံသယံဇာတတွေအားလုံး သူတို့ပိုင်တယ်၊ ပြည်သူလူထုပိုင်တယ် လို့သိကြပါတယ်။ ဒီလိုအသိစိတ်ပေးပြီး လိမ်ညာအုပ်ချုပ်တဲ့ အာဏာရှင်အစိုးရများကြောင့် လူတစုပဲ အရမ်းချမ်းသာကြွယ်ဝပြီး၊ ပြည်သူလူထုက မွဲတေသွားကြတာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လက်တွေ့အခြေအနေပါ။ အခုရေးမဲ့ FDI အကြောင်းမှာ နိုင်ငံတနိုင်ငံ ပြန်လည်တည်ဆောက်ရာမှာ ဘယ်ဟာ အရေးကြီးဆုံးလဲ ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။ အဓိကလိုအပ်ချက်များကတော့.. ၁။ လူသားအရင်းမြစ် Man ၂။ ပစ္စည်းများ၊ ကုန်ကြမ်းများ၊ အခြားသယံဇာတများ Materials ၃။ နည်းပညာ၊ နည်းစနစ်များ၊ စက်များ Method ၄။ ငွေကြေး Money ၅။ ပတ်ဝန်ကျင်ဒေသအခြေအနေ Environment အခု FDI က နံပါတ်(၄)အဆင့်မှာ ရင်းနှီးမြှတ်နှံမှုအဖြစ် ပါဝင်ပါတယ်။ တကယ်တော့ နံပါတ်(၄) အဆင့်ဆိုပေမဲ့ နံပါတ်(၁)(၂)(၃) အားလုံးပါဝင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံရာမှာ ငွေကြေးပမာဏနဲ့ပဲ တိုင်းထွာလေ့ရှိပါတယ်။ ဥပမာ ရင်းနှီးမြှတ်နှံမှု ဒေါ်လာသန်း၂၀ လို့ဆိုရင် လာရင်းနှီးတဲ့ ကုမ္ပဏီက မြန်မာနိုင်ငံထဲကို ဒေါ်လာအားလုံး ယူပြီးမလာပါဘူး။ တချို့ငွေတွေကို နိုင်ငံခြားကလာတဲ့ ကြွမ်းကျင်သူတွေရဲ့ လစာ၊ နေစရိတ်၊ စားစရိတ်အဖြစ် သုံးရမယ်။ ငွေတချို့ကို ပစ္စည်းများ၊ ကုန်ကြမ်းများ၊ နည်းပညာ (Software & Hardware) နဲ့ စက်များကို မြန်မာပြည်သယ်လာရမယ်ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်တွင်းကြွမ်းကျင်သူများ၊ ကုန်ကြမ်းသယံဇာတများကို ကျပ်ငွေနဲ့ဝယ်သုံးရပါမယ်။ ဒါတွေအားလုံးပေါင်းမှာ FDI ဖြစ်လာပါတယ်။ . . FDI အကြောင်းကို အင်တာနက်မှလေ့လာခြင်း ဝီကီ Wikipedia စွယ်စုံကျမ်းကနေ မှီညမ်းရေးပါမယ်။ Google.com ဝက်ဆိုဒ်ထဲမှာ FDI wiki လို့ရိုက်ထည့်ရင် အင်္ဂလိပ်လို ဖတ်နိုင်ပါပြီ။ မြန်မာလိုဝီကီ ကတော့ မြန်မာစာလုံး ကွန်ပြူတာမှာ ယူနီကုတ်စနစ်ကောင်းသွားမှ ကွန်ပြူတာက ဘာသာပြန် မြန်မာဝီကီ အလွယ်လေး ပေါ်လာမယ်ဖြစ်ပါတယ်။ အခုတော့ အင်္ဂလိပ် ဝီကီကိုပဲ အားကိုး၊ အားထားရပါမယ်။ . FDI ဆိုတာဘာလဲ..? https://en.wikipedia.org/wiki/Foreign_direct_investment တကယ်တော့ FDI ဆိုတာ ဘာသာရပ်ကြီးတခုအလား အလွန်ကျယ်ပြန့်ပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်း FDI အလွန်များပြားစွာရရှိပါတယ်။ စဉ်းစားကြည့်ပါ။ ဘယ်သူမှ ကိုယ့်ပိုက်ဆံ မသေချာပဲ စီးပွားမလုပ်ကြပါဘူး။ မသေချာပဲ ကိုယ့်စက်ပစ္စည်း၊ ကိုယ့်ဝန်ထမ်းတွေကို တခြားနိုင်ငံကို မပို့ကြပါဘူး။ ဒါကြောင့် သေချာမှ ရင်းနှီးမြှတ်နှံကြပါတယ်။ အခုခေတ်မှာ မသေချာပဲ ကံကိုယုံချေးပုံနင်းသလို ငွေအမြောက်အများ မရင်းနှီးကြပါဘူး။ Page 2
3.
FDI by country
wiki ဆိုပြီး Google.com မှာရှာကြည့်ပါ။ List of countries by received FDI - Wikipedia ဆိုတာကို တွေ့ရပါမယ်။ ဒီဇယားကို ကြည့်ရင် FDI များတဲ့နိုင်ငံက တိုးတက်တယ် လို့ ယေဘူယ ပြောရပါမယ်။ အမေရိကန်နိုင်ငံက နံပါတ်(၁) စွဲပါတယ်။ ဟောင်ကောင်က နံပါတ်(၂) တရုပ်ပြည်ကိုရင်းနှီးချင်ရင် စိတ်ချရအောင် ဟောင်ကောင်ကတဆင့် သွားပါတယ်။ စင်ကာပူနိုင်ငံက သေးငယ်ပေမဲ့ နံပါတ်(၁၀) အရှေ့တောင်အာရှ ဥပမာ မြန်မာ၊လာအို၊ဗီယက်နမ် စတဲ့နိုင်ငံတွေကို ရင်းနှီးချင်ရင် စင်ကာပူကတဆင့် သွားပါတယ်။ ဒါကြောင့် တရားဝင် FDI မြန်မာနိုင်ငံကို ရင်းနှီးမြှတ်နှံမှုမှာ စင်ကာပူက ထိပ်ဆုံးရောက်မှန်းမသိ ရောက်လာခြင်းဖြစ်ပါတယ်။ သို့သော တရားမဝင်နည်းနဲ့ ရင်းနှီးမြှတ်နှံရာမှာ တရုပ်၊ ထိုင်း နိုင်ငံများက မြန်မာပြည်မှာ အမြောက်အများ ရင်းနှီးထားပြီ ဖြစ်ပါတယ်။ . နောက်တမျိုးကတော့ Google.com မှာ fdi youtube ဆိုပြီး ရိုက်နှိပ်ရှာကြည့်ပါ။ FDI အကြောင်း အင်္ဂလိပ်လို ရှင်းပြထားတာတွေ ကြည့်ရှု နားဆင်ရပါမယ်။ ဒါတွေကတော့ လူငယ်တိုးတက်နေသူများရဲ့ သိသူဖော်စား၊ မသိသူကျော်သွား နာမည်ကျော် အင်တာနက်ဝက်ဆိုက် ဂူဂယ် Google, ဝီကီပီဒီယာ Wikipedia, ယူကြု Youtube ၃ခုအားဖြင့် ဗဟုသုတ စီးပွားရေးလုပ်ခြင်းပါပဲ။ . . နောက်အပိုင်းတွေမှာ FDI များများ ရဖို့ နိုင်ငံတွေဘယ်လိုလုပ်ကိုင်နေကြသလဲဆိုတာ ရေးပါမယ်။ အခုတော့ အောက်ဖော်ပြပါ အဓိကအချက်အလက်များကိုပဲ ရေးပါမယ်။ ၁။ အစိုးရရင်းနှီးမြှတ်နှံမှုဥပဒေ ဘယ်လောက်ခိုင်မြဲသလဲ။ အလွယ်တကူပြောင်းနိုင်တဲ့ဥပဒေလား ၂။ အစိုးရအဖွဲ့ ဒီမိုကရေစီကျသလား၊ တနည်းအားဖြင့် တရားဥပဒေစိုးမိုးပါသလား ၃။ Corruption Index (Transparency) အဆင့်ကောင်းသလား၊ Ease of doing Business စီးပွားလုပ်ငန်းလုပ်ဖို့ အစိုးရဌာနများနဲ့ ကြိုးနီစနစ်တွေ (ပေးကမ်းရတာတွေ) ..စတဲ့ ပွင့်လင်းမြင်သာမှု ရှိသလား၊ ၄။ Infra Structure လို့ခေါ်တဲ့ မိုဘိုင်းဖုန်း၊အင်တာနက်လိုင်းတွေ ကောင်းသလား၊ လမ်းတံတားတွေကောင်းသလား၊ ခရီးသွားလာမှု လွယ်ကူဈေးချိုသလား၊ လျှပ်စစ်ဓါတ်အား ဈေးချို လွယ်ကူသလား၊ ဘဏ်ငွေကြေးရေးလုပ်ငန်း လျှင်မြန်သလား၊ ငွေမဲတွေနဲ့ အခွန်စနစ် တရားမျှတသလား ..စတဲ့ အခြေခံအဆောက်အဦများ ကောင်းပါသလား... အထက်ပါ (၄)ချက်ကိုကြည့်ရင် နိုင်ငံရေးတည်ငြိမ်မှု အလွန်လိုအပ်တယ်ဆိုတာ မြင်ရပါတယ်။ . . . လက်ရှိမြန်မာနိုင်ငံအခြေအနေ . မြန်မာအစိုးရသစ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၁၆ ဧပြီ-ဒီဇင်ဘာ FDI ခွင့်ပြုငွေပမာဏက ၃.၅ ဘီလျံ ဒေါ်လာကတော့ မနှစ်ကထက် ၂၈% ရော့သွားပါတယ်။ MIC လို့ခေါ်တဲ့ ရင်းနှီးမြှတ်နှံမှု ကော်မရှင်ကိုလဲ ဖြက်သိမ်းလိုက်ပြီး အစားထိုးဖွဲ့မှု မရှိသေးဘူးလို့ ကမ္ဘာ့ ငွေကြေးသတင်း www.ft.com ဇန္နဝါရီလ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။ စီးပွားရေးကျဆင်းနေတဲ့နှစ် လို့ပြောနိုင်ပါတယ်။ အခု DASSK အစိုးရတနှစ်မှာ ဟိုလူတွေ သူတို့လုပ်သွားတဲ့ ဥပဒေစုတ်တွေ အများဆိုများကြီး . . လယ်ယာမြေဥပဒေ ကအစ အခြေခံဥပဒေအဆုံး . .ပြင်နေတယ်လေ။ ဒီလူတွေ (ဝိသမလောဘသား + စစ်အာဏာရှင်ဟောင်းမိသားစု) က စစ်သားအသစ်၂၅% ကို မြှောက်ပေး support လုပ်ပီး နောက်ပြန်ဆွဲနေတုန်းပါပဲ။ တယောက်ကို ထောင်ချလိုက်ရင်. .ပျားအုံဒုတ်နဲ့ထိုးမိမှာမို့ DASSK လိမ်မာပါးနပ်စွာလုပ်တယ်. .မပြောင်းလဲသေးဘူး. .လို့ ဦးဝင်းထိန် ပြောပါတယ်။ ကာချုပ်ကိုယ်တိုင်လဲ Page 3
4.
လိမ်မာပါးနပ်စွာလုပ်တယ်. .မပြောင်းလဲသေးဘူး. .လို့
ဦးဝင်းထိန် ပြောပါတယ်။ ကာချုပ်ကိုယ်တိုင်လဲ မတိုးတက်ဘူးလို့ ဝန်ခံစကားပြောတယ်။ . ရလဒ် တနှစ်ရလဒ်က DASSK အာဏာဆုပ်ကိုစပြုလာနိုင်ပါတယ်။ ဦးသန်းရွှေ ကိုလဲ စစ်အုပ်စုထဲကပဲ အသေသတ်ချင်သူတွေ အများကြီးရှိတယ်။ DASSK ပဲ ကာကွယ်ပေးနိုင်တယ်။ .၂၀၁၇ နှစ်ကုန်ဆို လယ်ယာအလုပ်တွေ အထွက်တိုး ကွာလတီကောင်းလာမယ်။ ခရိုနီတွေရဲ့ ၁၀၀ဘီလျံ usd100 billion စင်ကာပူကနေ မြန်မာပြည်ထဲ ပြန်ဝင်လာဖို့ national plan လုပ်နေပါတယ်။ မလွယ်လှပါ။ ခပ်ရှင်းရှင်းပြောရရင် လူပျင်းတွေများတဲ့ မြန်မာနိုင်ငံ . .ပျင်းအောင် ကြောက်အောင် ငပိရည်တို့စရာနဲ့ဆန်ကြမ်းစားပြီးကြေနပ်နေတဲ့ စိတ်ဓါတ်တွေ . .တနည်း ဘုရားကောင်းကြီးကို ထိုင်စောင်ုညစ်ပတ်နေတဲ့ လူတွေ နိုးထအောင် အစိုးရသစ်က လုပ်နေပါတယ်။ အလုပ် လူတွေ အလုပ်လုပ်ချင်အောင် မှိုစိုက်နည်းကအစ တနိုင်အလုပ်တွေ လုပ်သူများ အသားဟင်း တနေ့၃ခါ စားနိုင်နေတဲ့ခေတ်ပါ။ အရင်အစိုးရတုန်းက အမှိုက်များ တဖြေးဖြေး ရှင်းထုတ်ရပါမယ်။ လုပ်ပြီးရတဲ့ငွေကို စားသောက်ဖုန်းမပြောဖြစ်အောင် saving system (eg. Singapore CPF, USA social security system) လုပ်နေပါပီ။ နှေးတယ်။ မြန်မာ ဆိုတဲ့အတိုင်း မြန်လာဖို့ မျှော်လင့်နေပါတယ်။ . . လမ်းမှန်တော့ရောက်နေပါပြီ။ . ဒါပေမဲ့ ဒါက အစခရီးပဲရှိပါသေးတယ်။ အစိုးရဆိုတဲ့ ဌာနဆိုင်ရာများက ရှုပ်အောင်လုပ်နေဆဲ၊ တနည်းအားဖြင့် နှုတ်မိန့်နဲ့လုပ်နေတဲ့ စနစ်ကနေ တက်မလာသေးပါဘူး။ တရားဥပဒေစိုးမိုးအောင် ဒေါ်အောင်ဆန်းစုကြည်က လိမ်မာပါးနပ်စွာ ကြိုးစားပေမဲ့ အဂတိလိုက်စားမှုများက ရှိနေဆဲဖြစ်ပါတယ်။ FDI နဲ့ပတ်သက်ပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေ ၊ ကုမ္ပဏီအသေးတွေ အပါအဝင် ကမ္ဘာ့လူလည်များစွာလဲ မြန်မာပြည်ကို ငွေထုပ်ကြီး၊ သေး ပိုက်ပြီး လာရောက်လုပ်ကိုင်နေပါတယ်။ FDI ဥပဒေကို ကြည့်ရင် ဒေါ်လာတသိန်း နဲ့လဲ ရင်းနှီးလို့ရတော့ များများလာလေလော ကောင်းလေလေ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ပြည်တွင်းက အသေးစား၊ အလတ်စား ကုမ္ပဏီများကို ပြည်ပကုမ္ပဏီများက ငွေအာဏာနဲ့ အနိုင်ကျင့်ခံနေရတာတွေက လွတ်မြောက်ဖို့၊ တရားမျှတတဲ့ စီးပွားစနစ်က မဖြစ်နိုင်ပေမဲ့ တယ်လီဖုန်းအော်ပရေတာများကို အထင်ကြီးတဲ့ တာဝါတိုင်ထောင်တဲ့ မြန်မာကုမ္ပဏီလေးများက ငွေစိုက်ပြီး အလုပ်လုပ်ခိုင်းခံရတယ်၊ ၁နှစ်၊ ၂နှစ်ကြာမှ လုပ်အားခ ဈေးနှုန်းလျှော့ပေးတာမျိုးတွေ အနိုင်ကျင့်မှုမျိုးတွေ နောက်နောင်မပေါ်ဖို့ပါ။ ဇာနီကြီး ၇-မတ်-၂၀၁၇ . PDF icon -၂၀၁၆ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု.pdf https://goo.gl/7zDIwF publication_date Monday, October 24, 2016 ..အပိုင်း(၂)တွင် ပေါ်ပင် FDI များ ဖြစ်ကြတဲ့ ကြေးနီ၊ ရွှေ၊ သတ္တုတွင်းများ၊ ကျောက်စိမ်း၊ မြစ်ဆုံရေအားနှင့်အခြားရေအားလျှပ်စစ်များ၊ ရန်ကုန်မြို့ကိုလျှပ်စစ်ထုတ်ရောင်းပေးတဲ့ ပြည်ပကုမ္ပဏီများ၊ မြန်မာတွေသောက်ဖို့ အရက်၊ ဘီယာ၊ စီးကရက် (ဆေးလိပ်) စက်ရုံများစွာ၊ ရန်ကုန်မြို့တွင်း အစိုးရပိုင် အိမ်ခြံမြေများ ကို ဟိုတယ်၊ ကွန်ဒို၊ ရှော့ပင်စင်တာကြီးများ ဆောက်လုပ်ခြင်းဖြင့် မြေဈေး ကမ္ဘာ့ ဈေးအကြီးဆုံးစာရင်းဝင်အောင် လုပ်လိုက်ကြပုံများ သိသမျှ တထွာဥာဏ်နဲ့ အနည်းငယ်ရေးချင်ပါသေးတယ်။ Page 4
5.
FDI Foreign Direct
Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၂) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ် ၂၀၀၄ ခုနှစ်က ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးပရိုဂျက်များမှာ ခြစားမှုမရှိဖို့ သတိပေးလိုက်ပြီး၊ ဘတ်ဂျတ်တွေ ချပြတဲ့အထဲ လျှပ်စစ်မီးလင်းစေဖို့စတင်ပါတယ်။ ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ သက်သေသာဓကတွေ့ရှိတာနဲ့ ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည်လာမှ နိုင်ငံတကာက လာဖို့ စောင့်ကြည့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ အမေရိကန်ခရီးစဉ်မှာ သမ္မတအိုဘားမားအစိုးရက မြန်မာပြည်စစ်အာဏာရှင်များ၊ သူဌေးကြီးများကို ပိတ်ဆို့တားမြစ်စရင်းကနေ ပယ်ဖျက်ပေးလိုက်ပါပြီ။ စပယ်ရှယ်စစ်ဗိုလ်ဟောင်းများ တရုပ်နိုင်ငံစီးပွား ရေးသမားများ၊ မတရားစာချုပ်များနဲ့ အခွန်လွတ်၊ သွင်း/ထုတ် ပါမစ်များ စသဖြင့် သယံဇာတများ၊ ဝန်ဆောင်မှု၊ တီဗွီ၊ မိုဘိုင်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းများနဲ့ အပြင်းအထန်စီးပွားရှာမှုတွေ ခေတ္တရပ်ဆိုင်းနေချိန အင်အယ်ဒီ ဒေါ်အောင်ဆန်းစုကြည် အစိုးရကာလ ဖြစ်ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာက ရင်းနှီးမြှတ်နှံမဲ့ ငွေလုံး၊ ငွေခဲကို အကျင့်ပျက်အစိုးရဝန်ထမ်းများနဲ့ ပူးပေါင်းခြင်းများကို ကမ္ဘာ့ဘဏ်က သတိပေးခြင်းဖြစ်ပါတယ်။ . . ကမ္ဘာ့ဘဏ် လျှပ်စစ်မီး ရရှိရေးအတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာ (RERED) Rural Electrification and Renewable Energy Development Project ၂၀၀၂ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမအဆင့် ၂၀၀၂- ၂၀၁၂ ၁၀နှစ်တိုင် နေရောင်ခြည်စွမ်းအားနဲ့ အိမ်ပေါင်း ၂သန်းကို လျှပ်စစ်မီးလင်းအောင် လုပ်ပေးနိုင်ခဲ့တာ၊ ဒေါ်လာ သန်းပေါင်း ၄၃၃သန်း ကုန်ကျခဲ့ပါတယ်။ အိမ်ခေါင်မိုးမှာ ဆိုလာပြားထောင်တဲ့ 100W , 200W စတဲ့ Solar Home Systems SHS တွေကို အဆင့်မြင့်တဲ့၊ စက်တွေ အကြွေးနဲ့ရောင်းပေးပြီး လစဉ်ငွေပြန်ကောက်ပါတယ်။ Solar Mini Grid များကို တည်ဆောက်ပြီး၊ ဓါတ်ကြိုးနဲ့အိမ်များကို လျှပ်စစ်မီးပေးပါတယ်။ တွက်ချက်မှုများအရ မီး၅လုံးလောက် ညပိုင်းပဲထွန်းရင် တစ်လကို ၆ဒေါ်လာ (တစ်ယူနစ် ကျပ်တစ်ရာနှုန်း) ဆိုရင် ၃နှစ်လောက် လျှပ်စစ်မီးထွန်းပြီး၊ ဆိုလာအရင်းကြေပါတယ်။ ရေရှည်ခံမဲ့ CFL မီးလုံးကို ရောင်းချပေးပြီး၊ Partner Organizations များနဲ့ လုပ်ဆောင်စေပါတယ်။ ဒါလောက် လုပ်ပေးတာတောင် တစ်ဦးချင်းနဲ့အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ပြီး အကျင့်ပျက်၊ ဆင်းရဲမွဲတေသူများကိုတောင် အမြတ်ထုတ်စားရက်သူများ ဘင်္ဂလားဒေ့ခ်ျမှာ ရှိလို့ စီမံကိန်းတစ်ချို့ကို ရပ်ဆိုင်းပစ်ရပါတယ်။ ဒီလိုလုပ်ငန်းမျိုး မိမိရွာမှာ လုပ်မယ်ဆိုရင် အိမ်၁၀၀လောက်နဲ့ စနိုင်ပေမဲ့၊ မြန်မာပြည်က ဆိုလာဓါတ်အားပေးစက်များဟာ ဈေးကြီးနေခြင်းဟာ ပြသနာကြီးတစ်ခုပါ။ တရုပ်၊ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးမှာ Import for Rural & Agriculture Development ပစ္စည်းများကို အခွန်မကောက်တဲ့အပြင် ဗဟိုနဲ့ဒေသ အစိုးရ၂ခုစလုံးကပါ Page 5
6.
Agriculture Development ပစ္စည်းများကို
အခွန်မကောက်တဲ့အပြင် ဗဟိုနဲ့ဒေသ အစိုးရ၂ခုစလုံးကပါ Subsidize ပံ့ပိုးမှုပေးကြပါတယ်။ World Bank ကပဲ import လုပ်ရင် အခွန်လွတ်၊ လွယ်ကူပါမယ်။ ဒါမျိုးတွေ အကျင့်ပျက်မှု (Corruption & Nepotism) တွေကြောင့် တရုပ်ပြည် ၁၉၈၉ တပြည်လုံးအုံကြွ ဆန္ဒပြခဲ့ပြီးနောက် တရုပ်အစိုးရက အကျင့်ပျက်တိုက်ဖျက်ရေးကို SEZ အထူးစီးပွားဇုံ စနစ်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီ စီးပွားဇုံအတွင်းမှာ အကျင့်ပျက်ခြစားမှု မရှိမဲ့ ပြည်ပပို့ကုန်လုပ်ငန်းများကို ၊ ထူထောင်ပေးခြင်း၊ မြန်မာအစိုးရကလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ သို့သော် အကျင့်ပျက်မှုများကို အရေးမယူပဲ တရားရေးမဏ္ဍိုင်က မတိုးတက်မှုကြောင့် သတိပေးရခြင်းဖြစ်ပါတယ်။ . . ● နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ တရာမျှတတဲ့ ရင်းနှီးမြှတ်နှံမှု ဆိုတာ ရေရှည်အကျိုးစီးပွားဖြစ်ပါတယ်။ အခွန်မပေးပဲ၊ ဓါတ်ဆီတင်သွင်းရောင်းချခြင်၊ သံယံဇာတပြည်ပပို့ခြင်း များက တစ်ချက်ထဲနဲ့ တစ်သက်စားမကုန်အောင် ရတာမျိုး၊ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေကျပါ။ စီးပွားရေးအဆင်ပြေသူ (တနည်းအားဖ္တြင့် မိသားစု မပူပင်ရသူများ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့လိုပါတယ်။ အာဏာရှိသူများ မပူပင်ရတဲ့ ငွေရရှိပြီး၊ စာရိတ္တကောင်းအောင် သမ္မတဦးသိန်းစိန် အစိုးရက လုပ်ပေးနေသော်လည်း ရလဒ်က ထင်သလိုမကောင်းပါ။ သမတဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့ ၂၀၁၆ နောက်ပိုင်းမှာ ရောင့်ရဲ၊ ချွေတာ၊ စုဆောင်းတဲ့ အစိုးရဖြစ်လာမှ ရင်းနှီးမြှတ်နှံသူများလဲ စိတ်ချ၊ ပြည်သူလူထုလဲ ချွေတာစုဆောင်း ရောင့်ရဲပြီး၊ စည်ပင်သာယာမယ် ဖြစ်ပါတယ်။ အမေရိကန် ပိတ်ဆို့မှု ပယ်ဖျက်ပြီး ပက်စီကိုလာ၊ ကိုကာကိုလာ၊ ကေအက်စီ စသဖြင့် အစားသောက်ကုမဏီကြီးများ ဝင်ရောက်လာကြပါပြီ။ လက်ရှိ မြန်မာပြည်ကို ရဲဝံ့စွာ ရင်းနှီးမြှတ်နှံသူများမှာ တရုပ်နိုင်ငံ၊ ကုမ္ပဏီများပဲ စိတ်ချစွာ လုပ်ကိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဥပဒေစာချုပ်များကို ခိုင်မာစွာချုပ်ဆိုထားခြင်းကြောင့် ဖြစ်ပါတယ်။ ဗဟိုအစိုးရက သဘောတူတဲ့ ရင်းနှီးမြှတ်နှံမှုကော်မတီ လက်မှတ်ထိုး၊ ခွင့်ပြုပြီးရင် တရုပ်ဘဏ်များက ငွေချေးဖို့ အာမခံစာချုပ်ပဲ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံကလည်း ပုဂ္ဂိုလ်ရေးနဲ့ ဥပဒေ ၂မျိုး ခိုင်မာအောာင် ကြိုးစားပြီး၊ ရင်းနှီးမြှတ်နှံလျှက်ရှိပါတယ်။ အခု မြန်မာပြည်မှာ ဗဟိုအစိုးရနဲ့စာချုပ်ပြီး ရင်းနှီးမြှတ်နှံကြတဲ့အထဲ အထင်ရှားဆုံးကတော့ ဆက်သွယ်ရေး ကုမ္ပဏီ Telenor & Ooredoo နှစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်စစ်တပ်ရဲ့ မိုဘိုင်းဖုန်း Viettel ကလည်း ဝင်လာပြီး အစိုးရ MPT ကိုလည်း ဂျပန်ဆူမစ်တိုမို မိုဘိုင်းဖုန်းက ရင်းနှီးမြှတ်နှံထားပါပြီ။ ယခင်က မြန်မာ့ဆက်သွယ်ရေးရဲ့၊ ခရိုနီများနဲ့ပေါင်း အမြတ်ထုတ်ပြီး၊ နိုင်ငံတော်လဲ အခွန်ငွေမရတာထက် ပိုပြီး ပွင့်လင်းမြင်သာလာပါတယ်။ . . ကျော်မျိုးထွန်း ပြုစုတဲ့ Page 6
7.
ကျော်မျိုးထွန်း ပြုစုတဲ့ အကြီးစားစက်မှုစီမံကိန်းများအတွက် အရင်းနှီးရှာခြင်း
စာအုပ်ငယ်မှာ နိုင်ငံခြားကုမ္ပဏီများ သူတို့ပိုက်ဆံကို အာမခံရနိုင်မှ မြန်မာနိုင်ငံမှာ လာကြမယ်လို့ ရေးထားပါတယ်။ ကျော်မျိုးထွန်းရဲ့ စာအုပ်မှာ MIGA Multilateral Investment Guarantee Agency (ဥပမာ World Bank) ကဲ့သို့ ဘဏ်အဖွဲ့အစည်းများမှာ အဖွဲ့ဝင်ဖြစ်ရပါတယ်။ မြန်မာနိုင်ငံလဲ အဖွဲ့ဝင်ဖြစ်နေပါပြီ။ မြန်မာလို နိုင်ငံရေးမတည်ငြိမ်တဲ့၊ မငြိမ်သက်မှုကြောင့် ရင်းနှီးမြှတ်နှံသူများ ငွေဆုံးရှုံးမသွာအောင် ကာကွယ်ပေးပါတယ်။ New York Convention, Panama Convention ကဲ့သို့ နိုင်ငံအစိုးရများက စာချုပ်ဖောက်ဖျက်၊ စီမံကိန်းဖျက်သိမ်းရင် အဲဒီနိုင်ငံကို တရားစွဲ၊ လျှော်ကြေးပြန်ရအောင်လုပ်ပေးမဲ့ အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ မြန်မာအစိုးရ ၂၀၁၃ ဧပြီလမှာ New York Convention မှာပါဝင် လက်မှတ်ထိုးထားပြီ ဖြစ်ပါတယ်။ . လျှပ်စစ်လုပ်ငန်းကိုလည်း IPP ပုဂ္ဂလိကကို ၁၀၀% ပေးပြီး အပြိုင်ဆိုင် လုပ်ခိုင်းရင် အနည်းဆုံး ဗီယက်နမ်၊ ထိုင်း အဆင့်တော့ လျှပ်စစ်ဈေးချိုလာမှာ ဖြစ်ပါတယ်။ မီးထွန်းဖို့လျှပ်စစ်ကိုတော့ ဈေးနှုန်းချိုရပါမယ်။ အဲယားကွန်းလျှပ်စစ်ကိုတော့ ဈေးနှုန်းကြီးပေးရပါတယ်။ ကမ္ဘာ့လျှပ်စစ်ဈေးအကြီးဆုံး စင်ကာပူမှာတောင် ဒီနည်းနဲ့ လျှပ်စစ်ငွေတောင်းခံပါတယ်။ လျှစ်စစ်ရင်းနှီးမြှတ်နှံခြင်းမှဲာ့ မြစ်ဆုံရေအားလျှပ်စစ်တရုပ်နိုင်ငံရင်းနှီးမြှတ်နှံမှုကန်ဒေါ်လာ ဘီလျှံပေါင်းများစွာနဲ့ ထုတ်သမျှလျှပ်စစ်အားလုံး တရုပ်ပြည်ယူနန်ပြည်နယ်က ယူသွားမယ်။ အိမ်ရှင် မြန်မာလူမျိုးများ ဘာမှမရတဲ့ ရေအားလျှပ်စစ်စက်ရုံများစွာ ဧရာဝတီမြစ်ကို ဖြတ်ပြီး တည်ဆောက်နေဆဲ မြန်မာနိုင်ငံအတွက် အကျိုးမရှိလို့ လူထုကန့်ကွက်မှုနဲ့ ဆိုင်းငံ့ထားပါတယ်။ ရန်ကုန်မြို့ကြီးကလည်း မြန်မာတနိုင်ငံလုံး စီးပွားရေးရဲ့ ၇၀% ရှိနေတော့ လျှပ်စစ်အလွန်ဆာလောင်မွတ်သိတ်နေပါတယ်။ ဒါကြောင့် နိုင်ငံခြားကုမ္ပဏီများစွာ ထုတ်လုပ်ပြီး ရန်ကုန်တိုင်းအစိုးရကို ဈေးကြီးစွာနဲ့ ပြန်ရောင်းစားနေကြပါတယ်။ တယူနစ် တယူနစ် ၃၅ကျပ်နဲ့ ရောင်းချတိုင်း ၂၃ကျပ် ရှုံးနေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ နိုင်ငံခြားကုမ္ပဏီများပဲ အားကိုးနေရင် မကြာခင် သြစတြေးလျား၊ ဖိလစ်ပိုင် တို့လို တယူနစ် ကျပ်၃၀၀ အထက် ဈေးမြှင့်တင်တောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကြီးစားလျှပ်စစ် တာဘိုင်စက်ကြီးများ တပ်ဆင်ဖို့ချေးငွေများနဲံ့ ဓါတ်အားပေးရုံများ အမြန်လုပ်နိုင်မှ လက်ရှိ ညံ့ဖျင်းတဲ့တရုပ်ဓါတ်အားစက်များကို အစားထိုးနိုင်ပါမယ်။ . . ● ဒေါ်လာသန်းချီတဲ့အရင်းနှီးဖို့ ပရိုဂျက်အကြီးတွေကို လုပ်ဖို့ ချေးငွေနဲ့ပဲ လုပ်ရပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲခါစ အမေရိကန်သမ္မတနစ်ဆင်ကို တရုပ်ပြည် အလည်ဖိတ်ခေါ်ရပါတယ်။ အပြန်လှန် လည်ပတ်သွားရောက်ပြီး ညှိနှိုင်းရင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေထဲ တရုပ်ပြည် ပါဝင်လာပါတယ်။ ဒီတော့မှ နိုင်ငံခြား၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများ တရုပ်ပြည်ကို ဝင်လာမှ တခြားနိုင်ငံငယ်များကလည်း စုပြုံ ရင်းနှီးမြှတ်နှံကြပါတယ်။ စစ်အင်အားကြီးမားခြင်းဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတိုင်း စစ်သုံးစရိတ် ဘတ်ဂျတ်ဟာ အလွန်ကြီးမားပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားကို တရုပ်ပြည်က လေးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီများကို မတရာမလုပ်ရဲပါဘူး။ ဒါကြောင့် အမေရိကန်ဝင်လာရင် တိုင်းပြည်စီးပွားတက်လာလေ့ ရှိပါတယ်။ မြန်မာနိုင်ငံကိုလည်း ကုမ္ပဏီများဟာ World Bank, ADB, IMF, UNIDO, UNICEF စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများနောက်က ခိုပြီးလိုက်လာပါတယ်။ သေချာပြီဆိုမှ (အာမခံနဲ့စာရင်းစစ်) စိတ်ချလောက်မှ ကုမ္ပဏီများ ရင်းနှီးငွေ ဝင်လာမှာဖြစ်ပါတယ်။ . . ● တရုပ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်း တရုပ်စီးပွားရေးလုပ်ငန်းရှင် များစွာ ပြည်တွင်းက အာဏာပိုင်များနဲ့ပူးပေါင်းပြီး၊ ပါမစ်၊ လိုင်စင်တွေယူပြီး၊ အကြီးအကျယ် ကြီးပွားနေတာ ဘယ်လိုမှ မတားနိုင်ပါဘူး။ ဥပဒေကို နားလည်သူများနဲ့ တဖတ်သတ် စာချုပ်များကြောင့် ဘာမှမတတ်နိုင်ပဲ၊ ကြည့်နေရပါတယ်။ တရုပ်စီးပွားရေးနဲ့ တရုပ်စစ်ရေးလွှမ်းမိုးမှုကို မကြေနပ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တစ်ဦး (ဗိုလ်မြင့်အောင်) ကို အစိုးရသစ်လက်ထက်မှာ အနားယူ၊ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။ တရုပ်ပြည် ၁၉၈၉ အရေးအခင်းမှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ တရုပ်စစ်တပ် စစ်ဗိုလ်ချုပ်ကြီး ၅ဦးကိုလည်း ထိမ်းသိမ်းခံရသလိုပါ။ တင်းမာလွန်းတဲ့ Page 7
8.
ရပ်တည်တဲ့ တရုပ်စစ်တပ် စစ်ဗိုလ်ချုပ်ကြီး
၅ဦးကိုလည်း ထိမ်းသိမ်းခံရသလိုပါ။ တင်းမာလွန်းတဲ့ စစ်ဗိုလ်ချုပ်တွေကို ချန်ရစ်ရသလို၊ အမေရိကန်အားပေး၊ တရုပ်ရှုံ့ချ လုပ်သူများကိုတော့ ချန်ရစ်တာထက် ဆိုးတဲ့ ထိမ်းသိမ်းတာမျိုး လုပ်ခံရပါတယ်။ ကချင်၊ ဝ လက်နက်ကိုင်များက တရုပ်ကို အပြစ်မတင်ပဲ ကျေးဇူးတင်ကြပါတယ်။ ကရင်လက်နက်ကိုင်များက အမေရိကန်ကို အပြစ်ဖို့ဝေးစွ၊ ကျေးဇူးပဲ တင်ကြပါတယ်။ ရှမ်းလက်နက်ကိုင်များကတော့ တရုပ်နဲ့အမေရိကန်ကြားမှာနေရပါတယ်။ နိုင်ငံရေးနည်းတဲ့ ဂျပန်၊ကိုးရီးယားနဲ့ အီယူနိုင်ငံများရဲ့ ရင်းနှီးမြှတ်နှံမှုကို စောင့်ပေမဲ့၊ တရုပ်ရင်းနှီးမှုတွေပဲ ဆက်လက်လာနေမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရင်းနှီးမှုမျိုး ဖြစ်ဖို့၊ ပုဂ္ဂလိက အဖွဲ့အစည်းများ တွန်းအားပေး၊ စာရင်းစစ်၊ အာမခံပေးဖို့ လိုပါတယ်။ လက်ဝါးကြီးအုပ်လိုမှု စီးပွားရေးတွေ ကြီးထွားလာပါတယ်။ ဒါကြောင့် လုပ်ငန်းများအဆင်မပြေမှု (ease of doing business 2014) မှာလည်း ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၂ ဖြစ်နေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ငွေ၊ အာဏာရှိသူများက လုပ်ငန်းအပိုင်စီး၊ ပျက်ပြားအောင် မလုပ်ရန်၊ ကမ္ဘာ့ဘဏ်က အကာကွယ်ပေး၊ အာမခံပေးခြင်းကို လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံလုပ်ငန်းရှင်များ Political Risk စိုးရိမ်ပါက ကမ္ဘာ့ဘဏ် အေးဂျင့် Multilateral Investment Guarantee Agency ကို ဆက်သွယ်ပါလို့ ဆိုပါတယ်။ တရုပ်ပြည်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းများ ကို တရားမျှတမှုရှိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အကျင့်ပျက်ခြစားတဲ့ အစိုးရခေါင်းဆောင် အဆင့်မြင့်အရာရှိကြီးများကို ထောက်လှမ်းရေးလို အဖွဲ့မျိုးနဲ့ တင်းကျပ်စွာ စောင့်ကြည့်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အစိုးရ အရာရှိကြီး၊ ပါတီအကြီးကဲများရဲ့ ပိုင်ဆိုင်မှုကို စောင့်ကြည့်အဖွဲ့တွေ ရှိပါတယ်။ ငွေပမဏ ဒေါ်လာသန်းပေါင်းများစွာ လည်ပတ်နေတဲ့ လုပ်ငန်းများကို စာရင်းစစ်နဲ့အာမခံလုပ်ငန်းများ ပုဂ္ဂလိက Institution အဖွဲ့များနဲ့ လုပ်ဆောင်စေဖို့ ဖြစ်ပါတယ်။ . . ● ရင်းနှီးမြှတ်နှံခြင်များးမှ နိုင်ငံအကျိုးရှိရန် နိုင်ငံတိုင်းမှာ ပြည်ပအရင်းနှီးနဲ့ လုပ်ငန်းများလည်ပတ်ပြီး၊ ၅နှစ်၊ ၁၀နှစ်ကျော်လာရင် ပြည်တွင်းကုမ္ပဏီများပဲ ကြီးပွားလာပါတယ်။ နိုင်ငံခြားကုမ္ပဏီကတော့ တစ်နှစ်ကို အမြတ်ငွေ ၁၅%လောက် ရရင်ပဲ ကျေနပ်လှပါပြီ။ သူတို့ မူရင်းနိုင်ငံတွေမှာ လုပ်ငန်းတန်ဖိုးရဲ့ ၅% အခွန်ကောက်ခြင်း၊ လုပ်ငန်းအမြတ်ငွေကို အခွန် ၄၀%လောက် ကောက်ခံတာကြောင့် အခွန်ရှောင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာရောက်ရင်းနှီးကြပါတယ်။ ထုံးစံအတိုင်း အကျင့်ပျက်ခြစားမှုများကို အာမခံဖို့ အမေရိကန်ဝင်လာမှုဟာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာ နာမည်ကျော်တဲ့ ရွှေဓါတ်ငွေတွေ့ရှိတဲ့ ဒေဝူးကုမ္ပဏီ၊ ဂျပန်တို့ရဲ့ သီလဝါစက်မှုဇုံမှာ ပါဝင်ကြတဲ့ ဂျပန်၊ ကိုးရီးယား ကမ္ပဏီများလည်း အမေရိကန်နဲ့ဥရောပ ငွေအရင်းနှီးမတည်မှုနဲ့ စတင်ပါတယ်။ နောက် ၅နှစ်၊ ၁၀နှစ်ကြာချိန် ကိုယ့်လူမျိုးတွေပဲ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် တိုးတက်သွားကြပါတယ်။ ထားဝယ်စက်မှုဇုံ စာချုပ်ချုပ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အီတာလျှံ-ထိုင်း Italian-Thai ကမ္ပဏီရဲ့ ရာဇဝင်ကို ကြည့်ရင် လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်က အီတာလျှံရင်းနှီးငွေနဲ့ စတင်ခဲ့ပေမဲ၊ အခု ထိုင်းလူမျိုးပိုင်ဖြစ်နေပြီး နိုင်ငံတကာမှာ စက်မှုဇုံတွေ လိုက်ဆောက်နေပါတယ်။ မြန်မာပြည် Dawai Project ကိုလုပ်ပေမဲ့ မအောင်မြင်ပါဘူး။ တနင်္သာရီတိုင်းဒေသအစိုးရ ဝန်ကြီးချုပ် ထိုင်းရေနက်ဆိပ်ကမ်းများကို လိုက်လံလေ့လာတဲ့အခါ ဂျပန်နိုင်ငံက ၇၀ - ၉၀% ရင်းနှီးမြှတ်နှံထားကြတာကို တအံ့တသြတွေ့ရတယ် ဆိုပါတယ်။ ဒါကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ဂျပန်ကုမ္ပဏီကို ရင်းနှီးမြှတ်နှံဖို့ အပ်နှံထားပါတယ်။ တရားဥပဒေမဲ့ နိုင်ငံခြားက မှန်ကန်တဲ့ ရင်းနှီးမြှတ်နှံမှုတွေ မလာပဲ၊ တရုပ်ကုမ္ပဏီကြီးများနဲ့ပဲ လုပ်နေရခြင်းကို အဆုံးသပ် နေပါပြီ။ . . နိဂုံး (သုံးသပ်ချက်) မည်သို့ပင်ဖြစ်စေ အထက်ပါအချက်များကို မြန်မာအစိုးရလူကြီးမင်းများနဲ့ နားမျက်စိဖွင့်ထားသူ လူကြီး၊လူငယ်အားလုံး သိပြီးသားဖြစ်ပါတယ်။ လက်တွေ့မှာ အကောင်ထည်ဖေါ်ဖို့ အလွန်ခက်ပါတယ်။ အဓိကတော့ စာရိတ္တ ဖြစ်ပါတယ်။ မိမိကိုယ်ကို စာရိတ္တ မဆိုးဘူးလို့ ခံယူနေသူ များပါတယ်။ လူငယ်လူရွယ်များဟာ စာရိတ္တ မှန်ကန်စွာ ကျေးလက်ဖွံ့ဖြိုးရေးသာမက၊ မြို့ပြ၊ စက်မှု ဖွံ့ဖြိုးရေးကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်သူများဖြစ်ပါတယ်။ စာရိတ္တပညာကို အစိုးရ စာသင်ကျောင်းများနဲ့ ဘုန်းကြီးကျောင်းများမှသာ ထိရောက်စွာ သင်ကြားနိုင်ပါတယ်။ IFI Watch (88 generation) လို အဖွဲ့ များစွာလည်း ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ အစိုးရအရာရှိကြီးများ ပေါ်လစီများ၊ ငွေများ ထုတ်သုံး၊ ဆုချ နေသည်ထက် စာရိတ္တ စံနမူနာ ခေါင်းဆောင်များ ဖြစ်ခြင်းဟာ ဆင်းရဲမွဲတေမှုကို အောင်နိုင်တဲ့ Page 8
9.
ဆုချ နေသည်ထက် စာရိတ္တ
စံနမူနာ ခေါင်းဆောင်များ ဖြစ်ခြင်းဟာ ဆင်းရဲမွဲတေမှုကို အောင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၃) အာရှတိုက်မှ စင်ကာပူနဲ့တောင်ကိုးရီးယားတို့စံနမူနာယူခြင်း စင်ကာပူ Economic Development Board EDB အကြောင်း နဲ့ တောင်ကိုးရီးယား Korea Development Institute (KDI) တို့အကြောင်း ရေးထားတဲ့ ကိုသန်းလွင် နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဆောင်းပါး၂ပုဒ်ကို ကိုးကားမှာ ဖြစ်ပါတယ်။ အဲဒီ ၂နိုင်ငံဟာ စနစ်သစ်တခုကို အောင်မြင်စွာအကောင်အထည်ဖေါ်ရင်းကနေ ကမ္ဘာ့  ထိတ်တန်း စီးပွားရေးနိုင်ငံအဖြစ် နှစ်၃၀အတွင်း ထိုးဖေါက်ရောက်ရှိသွားကြပါတယ်။ ဘယ်လို လူသားအရင်းအမြစ်များကို အစိုးရက ကိုင်တွယ်အသုံးချသွားသလဲဆိုတဲ့အကြောင်း လေ့လာခြင်းပါ။ . . ၁။ တောင်ကိုးရီးယား Korea Development Institute (KDI) ကျွန်တော်နဲ့ ဆိုးလ်မြို့ ဆောင်းပါးမှာ သမတဦးသိန်းစိန်အစိုးရလက်ထက် ဒေါက်တာအောင်ထွန်းသက်နဲ့အဖွဲ့ တောင်ကိုးရီးယားလေ့လာရေး ခရီးစဉ်ကို အခြေပြု ရေးသားထားပါတယ်။ ဒေါက်တာအောင်ထွန်းသက်ဟာ အမေရိကန်နိုင်ငံက Ph.D ရရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ အကြီးတမ်းအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အသက်ရွယ်ကြီးချိန်မှာ အေးဆေးစွာအနားမယူပဲ မြန်မာနိုင်ငံအတွက် ပြန်လာလုပ်ကိုင်နေသူဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးသင်တန်းများစွာကို ပို့ချနေဆဲပါ။သမတဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့ပြီး တောင်ကိုးရီးယား KDI ပုံစံ မြန်မာ MDI ကိုစတင်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်အစိုးရမှာတော့ ဘယ်လိုဖြစ်မယ်မသိနိုင်သေးပါဘူး။ . . ကောက်နုတ်ချက်များ. တောင်ကိုရီးယား နိုင်ငံဟာ ဖွံ့ဖြိုးမှု စီးပွားရေးပညာရှုထောင့်က သုံးသပ်ရင် အလွန်ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမှန်စင်စစ် တစ်ကမ္ဘာလုံးမှာ သူတို့တစ်နိုင်ငံတည်းရှိတယ်လို့ ပြော လို့ရပါတယ်။ Page 9
10.
နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမှန်စင်စစ် တစ်ကမ္ဘာလုံးမှာ
သူတို့တစ်နိုင်ငံတည်းရှိတယ်လို့ ပြော လို့ရပါတယ်။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပြီးခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ကိုရီးယားနိုင်ငံတစ်နိုင်ငံ လုံးဟာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီအဖြစ် နှစ်ပေါင်းရာကျော် အုပ်ချုပ်ခြင်းခံခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန် နိုင်ငံရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားက သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းမှာတော့ အမေရိကန်က အုပ်ချုပ်ခဲ့ပါတယ်။ အခုလို နိုင်ငံနှစ်ခြမ်းဖြစ်ပြီး မြောက်နဲ့ တောင် စစ်ဖြစ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြီး အကျယ် တိုက်ခိုက်ခဲ့ကြပြီး အဆုံးအရှုံးတွေ ရင်ဆိုင် ခဲ့ကြတယ်။ ထူးဆန်းတာက အမေရိကန်က ဒီစစ်ပွဲကို ကုလသမဂ္ဂလက်အောက်ကနေ ပါဝင်ဆင်နွှဲခဲ့တဲ့ဖြစ်ရပ်ပဲ ဖြစ်တယ်။ ကိုရီးယားနိုင်ငံသားတွေကတော့ ၁၉၆ဝ ကျော်က စစ်အစိုးရဦးစီးသူ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီးကြောင့်လို့ လက်ခံကြတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး တည်ထောင်ခဲ့တဲ့ (Korea Development Institute- KDI) ကိုရီးယားဖွံ့ဖြိုးရေး အဖွဲ့အစည်းကြောင့်လို့ လက်ခံကြတယ်။ . KDI ကို တည်ထောင်ရာမှာ နိုင်ငံခြားအထူးသဖြင့် အမေရိကန်နိုင်ငံမှာ နာမည်ရနေတဲ့ ကိုရီးယားစီးပွားရေး ပညာရှင် ၁၂ ဦးကို နိုင်ငံကိုပြန်ခေါ်ယူပြီး KDI ကို စတင်ခဲ့တယ်။ KDI ရဲ့ ထူးခြားချက်က နိုင်ငံသမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ် နေတဲ့ အကြံပေးအဖွဲ့တစ်ခုဖြစ်နေတာ။ ကိုရီးယားနိုင်ငံ မှာလည်း အခုဆိုရင် Think-tank တွေအများကြီး ရှိကြပါတယ်။ ဒါပေမယ့် KDI လို သမ္မတကြီးနဲ့ တိုက်ရိုက် ဆက်သွယ်မှုတော့ မရှိကြဘူး။ KDI ဟာ အခုလိုသမ္မတကြီးကို အကြံပေးတဲ့နေရာ မှာ အဓိကအားသာချက်ကတော့ စနစ်တကျဆောင်ရွက် ခဲ့တဲ့ သုတေသနလုပ်ငန်းတွေဖြစ်တယ်။ KDI ကို စတင်တည်ထောင်ခဲ့စဉ် ရွေးချယ်ခန့်ထားခဲ့တဲ့ ပညာရှင် ၁၂ ဦးဟာ ထူးချွန် ပြောင်မြောက်သူတွေဖြစ်ခဲ့တယ်။ နိုင်ငံခြားတက္ကသိုလ် တွေမှာ သုတေသနလုပ်ငန်း အကျွမ်းတဝင်ရှိသူတွေ၊ စာသင်ကြားခဲ့သူတွေ၊ စာအုပ်စာတမ်းတွေပြုစုတဲ့ သူတွေဖြစ်တယ်။ . ဂျာမနီနိုင်ငံက ငွေချေးဖို့ဆွေးနွေးတဲ့အခါ ဂျာမနီနိုင်ငံမှာအလုပ်လုပ်နေတဲ့ စက်မှုလက်မှုလုပ်သားတွေ၊ သူနာပြုတွေကို အပေါင်ခံတဲ့သဘောနဲ့ ဆောင် ရွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အကြီးစားစက်မှုလုပ်ငန်းဖြစ်တဲ့ သံမဏိလုပ်ငန်း သင်္ဘောတည်ဆောက်မှုလုပ်ငန်းတွေဘက် ဦးလှည့်ခဲ့ပါ တယ်။ ကမ္ဘာကျော် Samsung တို့၊ LG တို့ဟာ ဒီဖွံ့ဖြိုးမှုစီမံချက်ကပေါက်ဖွားလာခဲ့တဲ့ လုပ်ငန်းကြီးများဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ . Internet နဲ့ ပတ်သက်ပြီး ဆက်သွယ်မှုအကြီးမားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ကျွန်တော့်ကိုယ် တွေ့ပါ အင်တာနက်နှုန်းဟာ အလွန်မြန်လှပါတယ်။ . စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်မှာ Lee Kuan Yew School of Public Policy ဆိုတဲ့နာမည်ကြီး ဘွဲ့လွန်သင်တန်းကျောင်းရှိ သလို အမေရိကန်ပြည်ထောင်စုမှာလည်း Harvard တက္ကသိုလ်မှာKennedy School ofGovernment ဆိုပြီး ဘွဲ့လွန်သင်တန်းကျောင်း ရှိပါတယ်။KDI မှာတော့ Public Policy and Management ဘွဲ့လွန်သင်တန်းတွေအပြင် ပါရဂူသင်တန်းတွေလည်း ဖွင့်လှစ်ထားတာတွေ့ရပါတယ။ KDI School ရဲ့ စာကြည့်တိုက်ကိုလိုက်ပြတဲ့အခါ IT ပညာတိုးတက်မှုကို ထူးခြားစရာ တွေ့မြင်ခဲ့ရပါတယ်။ ဆိုး(လ်) ခရီးကတစ်ဆင့် ကျွန်တော်တို့နိုင်ငံမှာ ဖွင့်လှစ်မယ့် MDI နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို စဉ်းစားခွင့်ရခဲ့ပါတယ်။ . . . ၂။ စင်ကာပူ Economic Development Board EDB စာရေးပြုစုသူ ဦးသန်းလွင် ၊ စင်ကာပူအခြေချ မြန်မာလုပ်ငန်းရှင်ဖြစ်ပြီး အင်ဂျင်နီယာတဦးအဖြစ် အသက်မွေးခဲ့ပါတယ်။ စင်ကာပူ ပင်နီစူလာပလာစာ ဒုတိယထပ်မှာ မြသရဖူစတိုးဆိုင် လုပ်ငန်းလုပ်ရင်း စာပေးဝါသနာရှင်ဖြစ်ပါတယ်။ ငယ်စဉ်က လူရည်ချွန်ဆုများရရှိခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၇၇ အီလက်ထရွန်းနစ်အင်ဂျင်နီယာ BE Electronic 1977 ရရှိကာ မြန်မာ့ရေနံလုပ်ငန်းမှာ ပြန်ထမ်းဝန်အရာရှိအဖြစ် နှစ်အတန်ကြာလုပ်ဆောင်ခဲ့ပါတယ်။ ရေနံကုမဏီကြီး ဆလပ်ဘာဂျာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး၊ ပင်စင်ယူခဲ့ပါတယ်။ အခါအားလျှော်စာ မိုးမခ နဲ့ မြန်မာသတင်းစာ၊ စာစောင်များမှာ ဆောင်းပါးများရေးသားနေပါတယ်။ စင်ကာပူ မှာ နှစ်ပေါင်းများစွာ နေထိုင်စီးပွားလုပ်ကိုင်သူအဖြစ် စင်ကာပူ EDB Page 10
11.
ဆောင်းပါးများရေးသားနေပါတယ်။ စင်ကာပူ မှာ
နှစ်ပေါင်းများစွာ နေထိုင်စီးပွားလုပ်ကိုင်သူအဖြစ် စင်ကာပူ EDB ဆောင်းပါးကို ရေးသားပါတယ်။ . ကောက်နုတ်ချက်။ ခေါင်းဆောင်ကြီး လီကွမ်းယူး ဦးဆောင်မှုဖြင့် ဤမျှ တိုးတက်ရသည်ဟုဆိုလျင် မှားမည်မထင်ပါ။ သူတစ်ယောက်တည်းနှင့် အခုလိုဖြစ်ရသည်တော့ မဟုတ်။ သို့ပါသော်လည်း သူမပါဘဲတော့လည်း စင်္ကာပူသည် အခုမြင်နေရသည့် အခြေအနေသို့မရောက်နိုင်ပါ။ သက်သေပြချက် ကတော့ ကျွန်တော် တို့ မြန်မာပြည်ကြီးကိုဘဲပြရလိမ့်မည်။ ခေါင်းဆောင်မှု ညံ့ဖျင်းပြီး စေတနာ မမှန်ပါသော် ဘာတွေ ဖြစ်မည်ဆိုသည်ကို ဥဒဟုန်ဆောင်စရာ ကိစ္စတွေ မြန်မာပြည်မှာ တွေ့နိုင်ပါသည်။ . စတင် အကြံ ဥာဏ်ပေးသူမှာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Dutch လူမျိုး Mr Winsenmius ဆိုသူဖြစ်ပါ သည်။ သူကရင်းနှီး မြှုပ်နှံဖို့ ရောက်လာသူတစ်ဦးကို အစိုးရ၀န်ကြီး ဋ္ဌာနပေါင်းစုံ ဖြင့် ဆက်ဆံရန်မလို ဘဲ နေရာတစ်ခုတည်းတွင် သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည့် ဌာနတစ်ခု ရှိရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။ ပထမဆုံးသော အီး၊ဒီ၊ဘီ ဥက္ကဌက နိုင်ငံတွင်းမှ ပညာတော်ပေ့ ဆိုသူများကို စုစည်းယူပါသည်။ အမေရိကန်၊ သြစတြေးလျ၊ ဥရောပ၊ နယူးဇီလန် စသည်ဖြင့် အကောင်းဆုံး တက္ကသိုလ်များ မှ ဘွဲ့ရပြီးသူများကို လခ အကောင်းဆုံးပေး၍ အီး၊ဒီ၊ဘီ အရာရှိအဖြစ် တာဝန်ပေးသည်။ ထို အီး၊ဒီ။ဘီ အရာရှိများထဲ မှ နောက်ပိုင်းတွင် အစိုးရ ၀န်ကြီး ၃ ယောက် နှင့် အတွင်းရေး အတွင်းဝန်များ အမြောက်အများ ပေါ်ထွက်လာပါသည်၊ . အီး၊ဒီ။ဘီ သည် နိုင်ငံ ၏ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော Infrastructure များကို တည် ဆောက် ပေးရန် တာဝန်ယူရသည်။ ပထမဆုံး တည်ဆောက်သော သူတို့ ပရောဂျက် မှာ Jurong Industrial Estate ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံ အနောက်ဘက်အပိုင်းရှိ ဂျူရောင်း ဆိုသော ရပ်ကွက် တွင် ဧက ၉၀၀၀ ကျော်ခန့် ရှိသော မြေနေရာကွက်တွင် လိုအပ်သော လမ်း၊ လျှပ်စစ်မီး၊ ရေတို့ကို အလုံအလောက် အသုံးပြုနိုင်ရေး နှင့် ရေဆိုးထွက်ပေါက်များအပြင် လိုအပ်သော အဆောက်အဦး များကို အစိုးရက တည်ဆောက်ပေးသည်။ .၁၉၆၁ ခုနှစ်တွင် နိုင်ငံခြားပိုင် စက်ရုံ ၁၉ ရုံသာရှိခဲ့ပြီး ၁၉ရ၀ ခုနှစ်တွင် စက်မှု လုပ်ငန်း ၃၉၀ အထိ တိုးမြင့် လာခဲ့ပါသည်။ ၁၉၆၈ ခုနှစ်တွင် Texas Instrument ရောက်လာပြီး သဘောတူ စာချုပ် ချုပ် အပြီး ရက်ပေါင်း ၅၀ အတွင်း production စနိုင်ခဲ့သည်။ သူတို့ နောက် National Semiconductor ရောက်လာခဲ့ပါသည်၊ HP မှ Mr Hewlett က အထောက်တော် မြောက်များစွာ လွှတ်ပြီး သေချာမှ သူကိုယ်တိုင် လာကြည့်ပါသည်။ . ကျွန်တော့်ကို အခန်း ၂၀၀၊ ၃၀၀ ပါဝင်သော ဟော်တယ်ကြီးတစ်ခု မြန်မာနိုင်ငံတွင် ဆောက်လို ပါသည် ဟု နိုင်ငံခြားသား တစ်ယောက်က မေးပြီဟုဆိုပါစို့။ ကျွန်တော့်တွင် လမ်းညွှန်ပေး နိုင်သော အရည်အချင်း မရှိပါ။ ဘယ်သူ့ဆီကိုသွားပြီး ဘယ်သူ့ကိုမေးပါဟု ကျွန်တော့်တွင် ပြောပြနိုင်သော အချက်အလက်မရှိပါ၊နိုင်ငံတကာ ကုမ္ပဏီကြီးများက ဤကဲ့သို့မရေမရာ အခြေအနေကို လက်ခံလိမ့် မည်မဟုတ်။ Mr Hewlett လိုပုဂ္ဂိုလ်များမှာ ကိုယ်တိုင် မလာမှီ အထောက်တော် ပေါင်းများစွာဦးစွာ လွှတ်ပြီးမှ လာသင့်၊ မလာသင့် ဆုံးဖြတ်ကြသည်။ . စင်္ကာပူတွင် ပြည်ပနိုင်ငံမှ တင်ပို့ လိုက်သော ကုန်ပစ္စည်းသည် လေယာဉ် နှင့် ဆိုက်ရောက် လာပါ လျင် ၄-၅ နာရီအတွင်း ပိုင်ရှင်က မိမိကားပေါ်တွင်တင်ခါ မောင်းထွက် သွားနိုင်ကြပါသည်။ သင်္ဘော နှင့် ရောက်လာလျင် ၃ ရက်အတွင်း ပိုင်ရှင် က ထုတ်ယူနိုင်ပါပြီ။ ကျွန်တော်တို့ တခါက ကြုံရဘူးသည် မှာ တင်ပို့ လိုက်သော ပစ္စည်းထုပ်သည် ယခုနှစ် ဧပြီ ၅ ရက်နေ့က ရန်ကုန်ဆိပ်ကမ်း သို့ရောက် ပါသည်။ သင်္ကြန်ပိတ်ရက်ကြောင့်ဆိုကာ ဧပြီ ၂၅ ရက် မိုးကြီးချုပ်မှ ကျွန်တော်တို့ နေရာသို့ ပစ္စည်း ထုပ် ရောက်ပါသည်။ . အကောက်ခွန် ကောက်ရာတွင် စင်္ကာပူနိုင်ငံတွင် ယနေ့ (၇) ရာခိုင်နှုန်း ကောက်ခံပါသည်၊ ဤသို့ မြှင့်တင်ရန် ချက်ခြင်း။ဆုံးဖြတ်ကြသည် မဟုတ်ပါ။ ၃%၊ ၅ % စသည်ဖြင့် အချိန် ၁၀ နှစ်မျှ ယူပြီး တဖြည်းဖြည်း မြှင့် တင်ယူပါသည်။ အကယ်၍ အခွန်ပေးဆောင်ပြီး ပစ္စည်းကို စင်္ကာပူနိုင်ငံ တွင်းတွင် မသုံးဘဲ ပြည်ပသို့ ထုတ်ယူပါက ကောက်ခံပြီး အခွန် ကို ပြန်ပေးပါ သည်။ . စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ အခြေအနေ မတူ၊ ကွဲ ပြားခြားနားမှု မြောက်များစွာရှိပါသည်။ မြန်မာနိုင်ငံက Page 11
12.
စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှာ အခြေအနေ
မတူ၊ ကွဲ ပြားခြားနားမှု မြောက်များစွာရှိပါသည်။ မြန်မာနိုင်ငံက ဧရိယာ ကြီးမား ကျယ်ပြန့်ပြီး သယံဇာတ ပေါကြွယ်ဝပါသည်။ ပုံတူကူးချရန် မလိုပါ။ တရုတ်နိုင်ငံ သမ္မတဟောင်း Jiang Zemin မှာ သမ္မတ မဖြစ်မှီက စင်္ကာပူကို အီး၊ဒီ၊ဘီ အဖွဲ့ အကြောင်း လေ့လာရန် လာပြီး ရက်သတ္တ ၂ပါတ်ကြာနေ သွားဘူးပါသည်။ အပြန်မှာ Fujian နှင့် Guangdong Special Economic Zone ၂ခု ကိုထူထောင်ရန် တာဝန် ပေးခြင်း ခံရပါသည်။ တရုတ်ပြည်ကပင် နည်းယူရသည် ဆိုလျင် မြန်မာတို့ အဖို့နည်းယူရန် ၀န်မလေးသင့်ပါ။ . စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများမှာ အောင်မြင်သော ပုံစံ (model) တခုသာဖြစ်ပါသည။၊ သူတို့အတွေ့ အကြုံများမှာ မှတ်တမ်းတင်ပြီးရှိနေရာ ၄င်းတို့မှ တန်ဖိုးရှိသော သင်္ခန်းစာတွေ ရနိုင် ကြပါသည်။ ကျွန်တော်တို့နိုင်ငံ အခြေအနေနှင့် လိုက်ဖက်တာကိုယူပြီး မလိုတာတွေ ပယ်ကြရုံသာ ရှိပါသည်၊ . . . နိဂုံး (သုံးသပ်ချက်) . တောင်ကိုးရီးယား ပုံစံသည် မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ်သည်။ လူဦးရေ၊ နိုင်ငံကျယ်ဝန်းမှု နှင့် ငြိမ်းချမ်းရေး (မြောက်ကိုးရီးယားခြိမ်းခြောက်မှု) သည် မြန်မာနိုင်ငံနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုပ်၊ထိုင်း နယ်စပ်များမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ ခြိမ်းခြောက်မှုကို ငြိမ်းချမ်းရန်လိုသည်။ ၂နိုင်ငံစလုံး ယခုအချိန်ထိ ထိုငြိမ်းချမ်းရေး မရရှိသေးပါ။ . စင်္ကာပူနိုင်ငံ၏ အောင်မြင်မှုများမှာ အောင်မြင်သော ပုံစံ (model) တခုသာဖြစ်ပါသည။၊ စင်ပကာပူပုံစံမှာ မြန်မာနိုင်ငံအတွက် မသင့်လျှော်ခြင်းမှာ စင်ကာပူသည် အလွန်သေးငယ်သော ကျွန်းကလေးတခု လူဦးရေ ၄သန်းကျော်မြို့ပြနိုင်ငံလေးတခုသာ ဖြစ်သောကြောင့် ပေတည်း ရန်ကုန်ကို စင်္ကာပူလိုဇြစ်အောင်လုပ်မယ် ..ဟူသော စကားလုံးဖြင့် ရန်ကုန်တမြို့တည်းကို စင်ကာပူလို တိုးတက်အောင်လုပ်နိုင်ပါသည်။ အဘယ့်ကြောင့် ရန်ကုန်ကိုစင်ကာပူနီးပါး လုပ်ပချင်ပါသနည်း ဟုဆိုသော် မြန်မာပညာရှင်သိန်းနှင့်ချီပြီး စင်ကာပူတွင် လုပ်ကိုင်နေဆဲ ဖြစ်သည်။ ထိုပညာရှင်များစွာ မြန်မာပြည်သို့ ပြန်လာပြီး စီးပွားလုပ်ကိုင်နေကြပါသည်။ ထိုအချက်သည် အလွန်ထူးခြားချက်ဖြစ်သည်။ သူတို့အတွေ့ အကြုံများမှာ မှတ်တမ်းတင်ပြီးရှိနေရာ ၄င်းတို့မှ တန်ဖိုးရှိသော သင်္ခန်းစာတွေ ရနိုင် ကြပါသည်။ . တရုပ်နိုင်ငံ တဟုန်ထိုး တိုးတက်သွားခြင်းမှာ ဟောင်ကောင်ကို အခြေပြုပြီး နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများကို ရယူခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသား ဆိုလျှင် ဘယ်နိုင်ငံကမှ မယုံကြပါ။ ဆင်းရဲမွဲတေသောကြောင့်ဖြစ်သည်။ နိုင်ငံတကာကို ပေါက်ရောက်အောင်လုပ်လိုပါက ယုံကြည်မှုရအောင် လုပ်ရမည်။ ထိုသို့လုပ်ရာတွင် မြန်မာနိုင်ငံသားများကသာ လုပ်ရပါမည်။ ကမ္ဘာ့ ယုံကြည်ချက် ရအောင် နိုင်ငံတကာအသိအမှတ်ပြု မြန်မာများ ဥပမာလူ့မှာအမျိုး ကြက်မှာအရိုး ဆိုစကားအတိုင်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ နောက်ကြောင်းရာဇဝင်ကောင်းသူများစွာ နိုင်ငံခြား (အထူးသဖြင့် စင်ကာပူ) မှ ပြန်လာနေကြသည်။ ထိုသူများနှင့် ပြည်တွင်းမှာ ပညာရှင်၊ စိတ်ထားမြင့်မြတ်သူများ ဦးဆောင်ပါမှ FDI များများ ဝင်လာပါမည်။ ထို ဝင်လာသောနိုင်ငံခြားရင်းနှီးမှု FDI များနှင့် ချေးငွေများကို ပညာရှင်၊ အဂတိနည်းပါးသူ များက စီမံအုပ်ချုပ်မည့်အချိန် မဝေးတော့ကြောင်း မျှော်လင့်ရပါသည်။ . ဇာနီကြီး ၁၆.မတ်.၂၀၁၇ . . . ကိုးကား ၁။ ကျွန်တော်နဲ့ ဆိုးလ်မြို့ Korea Development Institute (KDI) - ဒေါက်တာအောင်ထွန်းသက် http://engrmyanmar.blogspot.com/…/korea-development-institu… Page 12
13.
http://engrmyanmar.blogspot.com/…/korea-development-institu… . ၂။ စင်္ကာပူအိပ်မက် (EDB
အကြောင်း) နှင့် အင်ဂျင်နီယာ၊စင်ကာပူဆောင်းပါးများ - ကိုသန်းလွင် http://engrmyanmar.blogspot.com/2017/02/edb.html ၃။ ဥပဒေများ 44.လျှပ်စစ်ဥပဒေ.pdf publication_date Wednesday, November 5, 2014 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ.pdf publication_date Friday, September 13, 2013 Page 13
Download