Download free for 30 days
Sign in
Upload
Language (EN)
Support
Business
Mobile
Social Media
Marketing
Technology
Art & Photos
Career
Design
Education
Presentations & Public Speaking
Government & Nonprofit
Healthcare
Internet
Law
Leadership & Management
Automotive
Engineering
Software
Recruiting & HR
Retail
Sales
Services
Science
Small Business & Entrepreneurship
Food
Environment
Economy & Finance
Data & Analytics
Investor Relations
Sports
Spiritual
News & Politics
Travel
Self Improvement
Real Estate
Entertainment & Humor
Health & Medicine
Devices & Hardware
Lifestyle
Change Language
Language
English
Español
Português
Français
Deutsche
Cancel
Save
EN
LN
Uploaded by
Leo (Aung Nyein)
215 views
အသိပညာရည် နည်းပါးသော ပြည်သူလူထုကို အသုံးချနေသလား။
Read more
0
Save
Share
Embed
Embed presentation
Download
Download to read offline
1
/ 3
2
/ 3
3
/ 3
More Related Content
PDF
Evaluatie van Sportevenementen
by
Egbert Oldenboom
DOCX
remon rezek c.v
by
remon rezek
PPTX
Las 7 maravillas del mundo.pps
by
Jerson Saritama Bsc
PPT
Rockiin uskomme
by
jukkahaarma
DOCX
Om0017 advanced production and planning control
by
consult4solutions
DOCX
Mu0018 change management
by
consult4solutions
PDF
MSU申请材料-Yingyue Liu-RESUME
by
Yingyue 刘映月
DOCX
Pm0011 project planning and scheduling
by
consult4solutions
Evaluatie van Sportevenementen
by
Egbert Oldenboom
remon rezek c.v
by
remon rezek
Las 7 maravillas del mundo.pps
by
Jerson Saritama Bsc
Rockiin uskomme
by
jukkahaarma
Om0017 advanced production and planning control
by
consult4solutions
Mu0018 change management
by
consult4solutions
MSU申请材料-Yingyue Liu-RESUME
by
Yingyue 刘映月
Pm0011 project planning and scheduling
by
consult4solutions
Viewers also liked
PPTX
Researchers’ perceptions of DH trends and topics
by
Uned Laboratorio de Innovación en Humanidades
PDF
İnovatif Kimya Dergisi Sayı-4
by
İnovatif Kimya Dergisi
PDF
Team1FinalPresentation
by
Michele Van
DOCX
Mk0017 e-marketing
by
consult4solutions
PDF
Roaddistance.in
by
roaddistancein
DOCX
Mi0034 database management system
by
consult4solutions
PPTX
Презентация о фонде
by
Yelnur Shalkibayev
PPTX
Роль школьной среды в формировании у учеников здорового образа жизни
by
blackcat
PPTX
trabajo jose rossana
by
Luiz Casanova
PDF
Final PPP SlideShow
by
Scott Fisher
PDF
Observaciones finales sobre el segundo informe periódico de honduras
by
MULTIMEDIA-RP
Researchers’ perceptions of DH trends and topics
by
Uned Laboratorio de Innovación en Humanidades
İnovatif Kimya Dergisi Sayı-4
by
İnovatif Kimya Dergisi
Team1FinalPresentation
by
Michele Van
Mk0017 e-marketing
by
consult4solutions
Roaddistance.in
by
roaddistancein
Mi0034 database management system
by
consult4solutions
Презентация о фонде
by
Yelnur Shalkibayev
Роль школьной среды в формировании у учеников здорового образа жизни
by
blackcat
trabajo jose rossana
by
Luiz Casanova
Final PPP SlideShow
by
Scott Fisher
Observaciones finales sobre el segundo informe periódico de honduras
by
MULTIMEDIA-RP
အသိပညာရည် နည်းပါးသော ပြည်သူလူထုကို အသုံးချနေသလား။
1.
အသိပညာရည် နည်းပါးသော ပြည်သူလူထုကို
အသုံးချနေသလား။ အဘက်ဘက်မှ ဖွံ့ဖြိုးမှုနှုန်းနောက်ကျ မြန်မာနိုင်ငံတွင်းရှိ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ဆင်းရဲသော ပြည်နယ်သုံးခုတွင် ရခိုင်ပြည်နယ်ပါဝင်သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်လူဦးရေသန်းခေါင်စာရင်း ထုတ်ပြန်မှု အရ ရခိုင်လူထု၏ ပညာရေးဆိုင်ရာအချက်အလက်များတွင် အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုမှာ ရာခိုင်နှုန်းအားဖြင့် အားကောင်းသော်လည်း လက်တွေ့တွင် အသိပညာဗဟုသုတနည်းပါးနေသေးသည်ကို တွေ့မြင်နိုင်ပါသည်။ အသက်(၅)နှစ်နှင့်အထက်စုစုပေါင်း လူဦးရေ(၁,၉၁၉,၇၂၀ ဦး)အနက် အများအားဖြင့် အတန်းမရှိလူဦးရေ (၃၁၉,၂၃၁ ဦး) ရှိပြီး မူလတန်းပညာကို (၉၈၄,၁၄၈ ဦး) လက်လှမ်းမီကြသော်လည်း အလယ်တန်းပညာထိ (၃၈၂,၆၉၅ဦး) ဆက်လက်တက်ရောက်ကြောင်း သန်းခေါင်စာရင်းရလဒ်က ဖော်ပြနေပြီး အထက်တန်းကို(၁၄၂,၀၃၁ဦး) နှင့် တက္ကသိုလ်ကို(၇၆,၉၀၃ဦး)ထိ ဆက်တက်သည်ဟု ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် ပညာတတ်လူဦးရေ ရာခိုင်နှုန်းမှာ အလွန်နည်းပါးနေသည်ကို တွေ့ရပါသည်။ ပြည်မမှာနေသော လူများနှင့် နှိုင်းယှဉ်လျှင် ဒီပလိုမာ၊ မဟာဘွဲ့လွန်များ ဆက်လက် တက်ရောက်နိုင်သူများ ရှားပါးသည်ကို လက်တွေ့တွေ့မြင်နိုင်သည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးသုံးစွဲရသည့် ရာခိုင်နှုန်းမှာ အလင်းရောင်အတွက် ၁၂.၈ ရာခိုင်နှုန်းဖြစ်ပြီး အစားအသောက်ချက်ပြုရန်အတွက် ၁.၄ ရာခိုင်နှုန်းသာ ရှိပါသည်။ သဘာဝဓာတ်ငွေ့များပေါကြွယ်ဝသော်လည်း ဒေသခံများအနေဖြင့် ၀.၁ ရာခိုင်နှုန်းသာ သုံးစွဲခွင့်ရ ပါသည်။ ငါးနှစ်တာအပြောင်းအလဲ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီ အစိုးရအသစ်တက်လာသော်လည်း အထက်တွင် ဖော်ပြ ထားသည့်အတိုင်းပင် ရခိုင်ပြည်နယ်၏ လူမှုရေး၊ ပညာရေး၊ စီးပွားရေး နှင့် လမ်းပန်းဆက်သွယ်ရေးမှာ ဖွံ့ဖြိုး တိုးတက်လာခြင်းမှာ အတော်ပင်နှေးကွေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(၃၈.၃၀ ရာခိုင်နှုန်း) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ (၂၉.၇၉ ရာခိုင်နှုန်း) မှ ကိုယ်စားလှယ်များကို ရခိုင်ပြည်သူလူထုများက မဲပေးခဲ့ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရရှိခဲ့ပါသည်။ သို့သော်လည်း ပြည်သူများ မျှော်မှန်းခဲ့သလောက် ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထိုကဲ့သို့ အဘက်ဘက်မှ မဖွံ့ဖြိုးခဲ့သည့် အပြင် လူမျိုးရေးအဓိကရုဏ်းများနှင့် ပြည်တွင်းစစ်များပင် ဖြစ်ပွားခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေးကို ကြည့်မည်ဆိုပါက ၂၀၁၅ ခုနှစ်၊မတ်လခန့်တွင် သင်္ဘောအိုများကို ဆက်လက်သုံးစွဲခြင်းကြောင့် အောင်တံခွန်-၃ သင်္ဘော တိမ်းမှောက်ခဲ့သောကြောင့် ပြည်သူများ အသက်နှင့်ပစ္စည်းများ ဆုံးရှုံးခဲ့ရဖူးသည်။ ၂၀၁၅
2.
ခုနှစ်နှစ်လယ်လောက်တွင် လမ်းပန်းဆက်သွယ်ရေး (အထူးသဖြင့်လမ်းများ)၊ ဆက်သွယ်ရေးကိရိယာသုံးစွဲမှုများနှင့်
လျှပ်စစ်မီးရရှိရေးတို့ မဆို့မဖို့သာရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ နှစ်ပါတီပူးပေါင်း အထက်ပါဖော်ပြသကဲ့သို့ပင် အဘက်ဘက်မှာ ဖွံ့ဖြိုးမှုနှုန်းနောက်ကျနေသော ရခိုင်ပြည်အတွက် ၂၀၁၄ ခုနှစ် တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တို့သည် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ တိုက်တွန်းမှုကြောင့် နှစ်ပါတီပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ဟူသော နာမည် ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ကြသည်။ ပူးပေါင်းဖွဲ့စည်းခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များတွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ၃၂ ဦးပါဝင်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ၇ ဦးပါဝင်ခဲ့ရာ စုစုပေါင်း ၃၉ ဦးဖြစ်သည်။ ပြည်သူလူထုများအနေဖြင့်လည်း ထိုပေါင်းစပ်မှုအတွက် အားရကျေနပ်ကာ ၀မ်းသာဂုဏ်ယူ ခဲ့ကြဖူးသည်။ ထိုကဲ့သို့ စည်းလုံးညီညွတ်မှုကို ဖော်ပြကာ နှစ်ပါတီပူးပေါင်းဖွဲ့စည်းခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီမှ မဲအများဆုံး အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ ရခိုင်အမျိုးသားပါတီကို မဲပေးရခြင်းမှာ ရခိုင် ပြည် ဖွံ့ဖြိုးတိုးတက်မှုကို အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ အမီလိုက်နိုင်ရန်အလို့ငှာ (သို့မဟုတ်) စီးပွားရေး၊ လူမှုရေး နှင့် ငြိမ်းချမ်းရေးများကို ရခိုင်အမျိုးသားပါတီမှ အနိုင်ရကိုယ်စားလှယ်များက ယခင်ထက် ပိုမို လုပ် ဆောင်နိုင်တော့မည်ဟု ယုံကြည်အားကိုးနေခြင်းကြောင့် ဖြစ်သည်။ ပါတီတွင်း သဘောထားကွဲလွဲမှုများ ရခိုင်ပြည်သူလူထုများက ရခိုင်အမျိုးသားပါတီအပေါ်တွင် အများကြီးမျှော်လင့်ထားသော်လည်း ၂၀၁၆ ခုနှစ် အစတွင် ပါတီနှစ်ခုကြား အားပြိုင်မှု နှင့် မူဝါဒကွဲလွဲမှုများ လူသိရှင်ကြားဖြစ်လာပါသည်။ ရခိုင်အမျိုးသား ပါတီအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရပါက အတိုက်အခံပါတီအဖြစ် ရပ်တည်သွား မည်ဟူသော သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းမီဒီယာများတွင်လည်း ဟိုးလေးတကျော် ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မဟာမိတ်အ ဖြစ်မှ ရပ်စဲကြောင်းကိုလည်း သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ သဘောထားထုတ်ပြန်ချက်များနှင့် စပ်လျဉ်းပြီးမှ ဗဟိုအလုပ်အမှုဆောင် ၆ ဦး (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟောင်း)တို့က ၄င်းတို့နှင့် မသက်ဆိုင် ကြောင်း၊ မသိ ကြောင်းကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ထိုပါတီဝင် ၆ ဦးကို ရခိုင်အမျိုးသားပါတီမှ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပါသည်။ ယင်းဖြစ်စဉ်ကို ကြည့် ခြင်းအားဖြင့် ပါတီနှစ်ခုမှာ နှစ်ခြမ်းကွဲသည့် သဘောကို ဆောင်နေပါသည်။ ပြည်သူများအသုံးချခံနေရခြင်းလား
3.
ထို့ကြောင့် ရခိုင်ပြည်သူတစ်ဦးအနေဖြင့် သုံးသပ်ရပါက
ရွေးကောက်ပွဲမတိုင်မီက ပါတီနှစ်ခုပေါင်းစပ်ခြင်း ကို စည်းလုံးညီညွတ်ကြလေပြီ၊ ငါတို့ရခိုင်ပြည်ကြီးပြောင်းလဲတော့မည်ဟု တွေးထားသောအတွေးများသည် တက်တက်စင်လွဲနေပြီးဟု သိလိုက်ရပါသည်။ ထိုကဲ့သို့ပင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့်ကျောက်ဖြူခရိုင်မှ တစ်ချို့မဲဆန္ဒနယ်များမှ ရခိုင်ပြည်သူများဟာ ယခုကဲ့သို့ ပါတီတွင်း မစည်းလုံးမှုကို ကြိုတင်သိမြင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်ကို မဲမပေးဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို မဲပေးခဲ့ခြင်းလေလားဟု စဉ်းစားမိပါသည်။ တစ်သီး ပုဂ္ဂလဆန္ဒဖြင့် ရခိုင်အမျိုးသားပါတီကို ထုတ်ချင်သည့် မေးခွန်းမှာ ယခုကဲ့သို့ ပါတီနှစ်ခု အားပြိုင်နေ မည့်အစား ၄င်းတို့ကို မဲပေးခဲ့သည့် ရခိုင်ပြည်သူများကို လှည့်စားခဲ့ခြင်းလေလား (သို့မဟုတ်) အသုံးချခဲ့ခြင်းလေလား။ အသိပညာမကြွယ်ဝသော ပြည်သူလူထုကို ပြည်လည်ညှာတာ ထောက်ထားခြင်း၊ လေးစားခြင်းမရှိခဲ့သကဲ့သို့ ဖြစ်နေပါသည်။ လက်ရှိဦးဆောင်နေသော ခေါင်းဆောင်များအနေဖြင့် နေရာရယူမှုကိုသာ ဦးစားပေးပြီး ပြည်နယ်တိုးတက်ရေး နှင့် ပြည်သူ ကောင်းစားရေး ကို လျစ်လျှူ မရှုသင့်ကြောင်း၊ ဆက်လက်ပြီး ပါတီနှစ်ခု အားပြိုင်ကာ ပါတီနှစ်ခြမ်း အတိ အလင်းကွဲသွားပါက ပညာရည်နည်းပါးသော ရခိုင်ပြည်သူများမှာ မျောက်သစ်ကိုင်းလွတ်သကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ရခိုင်ပြည်အနာဂတ်မှာလည်း မပီပြင်ဝိုးတ၀ါးဖြင့် ဆက်လက် မှုန်ဝါးနေ ဆဲပင်ဖြစ်နေမည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ၁၈၊ မတ်လ၊ ၂၀၁၆
Download