SlideShare a Scribd company logo
1 of 9
Download to read offline
အမျိုးသားများ ပြုလုပ်မိတတ်ကြသော လိင်မှုဆိုင်ရာ အမှား (၆) ရပ်


အမျိုးသားများ ပြုလုပ်မိတတ်ကြသော လိင်မှုဆိုင်ရာ အမှား (၆) ရပ်
(mmDailyNews ၏ အပုဒ် ၄၀၀ ပြည့် သတင်းဆောင်းပါး)




အရွယ်ရောက်ပြီး အမျိုးသားတွေ အားလုံးဟာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ လိင်မှုကိစ္စအပေါ်
ဘယ်လောက်အထိ အမှန်သိကြပါသလဲ။ အမျိုးသားတွေ အားလုံးရဲ့ ဦးနှောက်မှတ်ဥာဏ်အသိ ထဲမှာ
ရှိတဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ လက်ဆင့်ကမ်းဗဟုသုတတွေ အယူအဆတွေဟာ အခြေခံပိုင်း
မှားယွင်းမှုတွေ လိုအပ်ချက်တွေ အများကြီး ရှိနေတယ် ဆိုတာ ကျန်းမာရေးပညာရှင်တွေ
ကောက်ယူထားတဲ့ စစ်တမ်းပေါင်းများစွာ အရ သိရပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေရဲ့ လိင်မှုရေးရာနဲ့ ခံစားချက်အပေါ်မှာပါပဲ။ ဒီအမှားတွေဟာ
အိမ်ထောင်သာယာပျော်ရွှင်ရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အမှားရလဒ်များဆီကို
ဦးတည်သွားတတ်ပါတယ်။ ဘာမှ အရမ်းကြီး သိသိသာသာ မထိခိုက်ဘူးဆိုပေမယ့် စိတ်ကျေနပ်မှု၊
အလိုပြည့်မှု၊ နောက်တစ်ကြိမ် အတွေ့အကြုံကို မျှော်လင့်လို့ ပျော်ရွှင်မှု စတဲ့ ဘ၀ရဲ့ အရည်အသွေး
(Quality of Life) တွေကို လျော့ပါးစေပါတယ်။


ဒီလိုအမှားတွေ ဘာလို့ ရှိနေကြရတာလဲ။ ရှင်းပါတယ်။ လူတွေဟာ ဘ၀မှာ လိင်မှုဆိုင်ရာ
အချက်အလက်တွေကို စုဆောင်းလာကြရာမှာ၊ အတွေ့အမြင်တွေ အာရုံခံစားမှုတွေကနေ
သင်ကြားလာကြရာမှာ ကိုယ့်အတွက်ပဲ ကိုယ်ဦးတည်လေ့လာ အသုံးချကြလို့ပါပဲ။ ကိုယ့်ကိုယ်ကို
ဗဟိုပြုခြင်း (Self-centralization) ဆိုတာလည်း လူသားတွေရဲ့ သဘာဝ လက္ခဏာတွေထဲက တစ်ခုမို့
အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် တူတူပျော်ရွှင်ခံစားရဖို့လည်း အရေးကြီးပါတယ်။


အိမ်ထောင်ရေး ဘ၀မှာ၊ လိင်မှုဘ၀မှာ တကယ်ပြီးပြည့်စုံတဲ့ သုခကို ခံစားလိုသူများဟာ ကိုယ့်ကြောင့်
သူများ ပျော်ရွှင်ခံစားရရင် ကိုယ့်ရဲ့ ကျေနပ်မှုတွေဟာ နှစ်ဆတိုးစေတယ်ဆိုတဲ့ အချက်ကို
လေးလေးနက်နက် နှလုံးသွင်း ထားသင့်ပါတယ်။




အရွယ်ရောက်ပြီး အမျိုးသားတွေဟာ အင်တာနက်၊ ဗီဒီယို၊ စာအုပ် စတဲ့ နယ်ပယ်တွေကနေ
ဗဟုသုတတွေ ယူကြပါတယ်။ ဒါတွေဟာ ဘ၀မှာ ဘယ်လောက်အထိ လက်တွေ့ကျ
မှန်ကန်သလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ကြပါဘူး။ အလွဲတွေ မလျော်ကန်တာတွေ ပါနေပါတယ်လို့
ကျန်းမာရေးပညာရှင်များက ဆိုကြပါတယ်။ အတွေ့အကြုံကသာ အမှန်အတိုင်း
လမ်းညွှန်ပေးသွားနိုင်ပါတယ်။ ဒါဆို အတွေ့အကြုံ ဆိုတာ မွေးကတည်းက ပါလာတဲ့
အရာမဟုတ်တော့ အတွေ့အကြုံ မပြည့်ဝခင် ဘယ်လို လုပ်ကြမလဲ……???


အခက်အခဲ နောက်တစ်ခုကလည်း ရှိနေပါသေးတယ်။ အမျိုးသမီးအများစုဟာ သူတို့ဘာကြိုက်တယ်၊
ဘယ်လိုကြိုက်တယ်ဆိုတာ ထုတ်ပြောဖို့ ရှက်ကြလို့ပါပဲ။ ဒီတော့ အမျိုးသားတွေဟာ မှန်ကန်တဲ့
လိင်မှုဆိုင်ရာ အသိသညာ (Sexual Concepts) တွေ ၊ တစ်နည်းပြောရရင် Sex Education ကို
အိမ်ထောင်ဖက်ဆီက ရသင့်သလောက် မရကြပါဘူး။ ဒီတော့ ဒီဆောင်းပါးကနေ အမျိုးသားတွေ
အပြုလုပ်တတ်ဆုံး လိင်မှုဆိုင်ရာ အမှား (၆)ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမှားတွေဟာ
ကမ္ဘာတစ်ဝန်း နေရာဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု မတူတဲ့ လူသန်းပေါင်းများစွာ
အပေါ်လေ့လာထားရာက တွေ့ရှိရတဲ့ အမျိုးသားတွေ အမျိုးသမီးတွေအပေါ် ပြုမူမိတတ်တဲ့ အမှားဆုံး
အမူအကျင့် (၆)ရပ် ဖြစ်ပါတယ်။




(ဒီရလဒ်တွေကို ဆွေးနွေးတင်ပြပေးတဲ့ လိင်မှုရေးရာ ကျွမ်းကျင်ပညာရှင် အမျိုးသမီး
နှစ်ယောက်ကတော့ Tristan Taormino နဲ့ Lou Paget တို့ ဖြစ်ပါတယ်။ Tristan Taormino ဟာ
ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာမ၊ ကထိကနဲ့ ဗီဒီယိုထုတ်လုပ်သူတစ်ဦး ဖြစ်ပါတယ်။
သူမနောက်ဆုံး လုပ်နေတဲ့ ပရောဂျက်ကတော့ Vivid Ed ကနေထုတ်နေတဲ့ Expert Guide ပညာပေး
ဗီဒီယိုဇာတ်လမ်းတွဲများ ဖြစ်ပါတယ်။ Lou Paget ကတော့ ကမ္ဘာတစ်ဝန်း ဆွေးနွေးပွဲတွေမှာ
ဟောပြောနေတဲ့သူ ဖြစ်ပြီး The Great Lover အပါအ၀င် အခြားစာအုပ်တွေနဲ့ အောင်မြင်နေတဲ့
ပညာရှင် တစ်ဦး ဖြစ်ပါတယ်)
အမှားနံပတ်(၁) သူမအလိုရှိတာကို သင်သိပါတယ်လို့ ထင်ခြင်း
အမျိုးသားတွေ မကြာခဏ ယူဆမိတဲ့ သဘောတရား အမှားတစ်ခုကတော့ သူတို့အရင်က တခြား
အမျိုးသမီးတွေ အပေါ် ပြုမူခဲ့တဲ့ အတိုင်း ပြုမူရင် လက်ရှိ တူတူရှိနေတဲ့ အမျိုးသမီးကလည်း
သေချာပေါက် ကြိုက်မယ် လို့ ယူဆတာပါပဲ။ အခြေခံ သဘောတရားတွေ တူကောင်းတူပေမယ့်
ကွဲလွဲချက်တွေ ရှိနိုင်ပါတယ်။ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်
ကွဲပြားခြားနားကြပါတယ်။


“သင်ဟာ အရွယ်ရောက် အတွေ့အကြုံ ရင့်ကျက်ပြီးသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အရင်ကြုံဖူးခဲ့တဲ့ အသုံးဝင်မှုတွေဟာ ဒီတစ်ယောက်အပေါ်မှာတော့ အကုန်အသုံးဝင်မယ်၊
သူ့ကို အပြည့်အ၀ စွဲဆောင် ပျော်ရွှင်စေနိုင်မယ်လို့တော့ မထင်စေချင်ပါဘူး။ အများအားဖြင့်
အမျိုးသားတွေဟာ ဦးဆောင်သူတွေ ဖြစ်တဲ့ အတွက် ကိုယ့်စိတ်ထဲ အသေစွဲမှတ်ထားတဲ့ အတိုင်း
ပြုမူမယ့်အစား တစ်ဖက်သားရဲ့ တိမ်းညွှတ်ရာကို သိမ်မွေ့စွာ သိနားလည်အောင် ကြိုးစားပြီး
အလိုက်အထိုက် ပြောင်းလဲ ပြုမူမယ်ဆိုရင် အိမ်ထောင်သာယာပျော်ရွှင်ရေးကို သာမက
ချစ်ခြင်းမေတ္တာ ရစ်ပတ်ချည်နှောင်မှုကိုပါ တိုးတက်မြဲမြံစေမှာ ဖြစ်ပါတယ်” လို့ သုတေသီ Taormino
က ရှင်းပြခဲ့ပါတယ်။


အမှားနံပတ်(၂) သူမလိုချင်တာ မှန်သမျှ သင့်မှာ ရှိပါတယ် လို့ထင်ခြင်း
အမျိုးသမီးတွေဟာ သဘာဝအရ အထွတ်အထိပ်ကျေနပ်မှု (Orgasm) ကို မိနစ်ပိုင်းအတွင်း
မရတတ်ပါဘူး။ အမျိုးသားတွေက ပန်းတိုင်ရောက်သွားရင် သူတို့က ကျန်ခဲ့တတ်ပါတယ်။ ဒါကို
ညှိနှိုင်းတွဲခေါ်သင့်ပါတယ်။


နောက်တစ်ချက်က အချို့အမျိုးသမီးတွေဟာ မွေးရာပါ အာရုံကြော တည်ဆောက်ပုံ ပုံမှန်မဟုတ်လို့
အရမ်းကြာတတ်၊ ခက်ခဲတတ်ပါတယ်။ ဒါကို ရမ္မက်ကြီးတယ်၊ အပေါစားဆန်တယ်လို့
အထင်မလွဲသင့်ပါဘူး။ အာရုံကြောတည်ဆောက်ပုံ ချို့ယွင်းချက် လိုအပ်ချက်ရှိနေတာဟာ
ရောဂါအခြေအနေတစ်မျိုး ဖြစ်ပြီး ဒါကို ဆရာဝန်တောင် ချက်ချင်း မသိနိုင်ပါဘူး။ ဒီလိုအခြေအနေတွေ
ရှိနေပေမယ့်လဲ ကျန်တဲ့ အာရုံကြော ဦးနှောက်ပိုင်းဆိုင်ရာတွေကလည်း normal ပဲ
ဖြစ်နေတတ်ပါတယ်။ အပြင်ပန်း ဘာမှ မသိသာပါဘူး။


နောက်ပြီး ဒီလို ဖြစ်နေလား မဖြစ်နေလားဆိုတာကလည်း အတွေ့အကြုံ ရပြီးမှပဲ သိရတာ ဆိုတော့
အပျိုစင်ဘ၀မှာ မသိခဲ့ကြသလို အရှက်၊ အကြောက်၊ သိက္ခာ၊ စောင့်စည်းမှု စတာတွေနဲ့ အုတ်မြစ်ချ
တည်ဆောက်ထားတဲ့ မြန်မာ့လူ့ဘောင်မှာ ထုတ်ဖော်ပြောပြဖို့၊ စမ်းသပ်စစ်ဆေးတွေ့ရှိဖို့ တော်တော်
မဖြစ်နိုင်သေးတဲ့ ကိစ္စသာလျှင် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအိမ်ထောင်ဖက်ရဲ့
ပျော်ရွှင်ကျေနပ်မှုအတွက် အမျိုးသားတွေအပေါ်မှာ အဓိက တာဝန်ရှိပါတယ်။




ဒီလို အမျိုးသမီးတွေဟာ Vibrator လိုမျိုး accessory တွေ လိုအပ်တယ်လို့ ပညာရှင်များက
ရှာဖွေတွေ့ရှိထားပါတယ်။ (အာရုံကြော နဲ့ ဦးနှောက် အစိတ်အပိုင်း ချို့ယွင်းချက် ရှိတဲ့
အမျိုးသမီးတွေဟာ အမြင့်ဆုံး ခံစားပြီးဆုံးနိုင်ဖို့ ထိတွေ့လှုံ့ဆော်မှု တစ်မိနစ်မှာ အကြိမ် ၃၀၀၀
လောက်အထိ လိုအပ်ပါသတဲ့။ ဒီလောက် တုန်ခါမှု ကြိမ်နှုန်းမျိုးကို လူသားရဲ့ လက်ချောင်းတို့
လျှာတို့ကနေ ထုတ်မပေးနိုင်ပါဘူး။ ဒါကိုမသိတဲ့ ဒီလို sex accessory တွေသုံးတဲ့ အမျိုးသမီးတွေကို
အမျိုးမျိုး အထင်လွဲပါတယ်။


(ကြားဖြတ် ပြောရရင် ဒါတွေဟာ အနောက်တိုင်းနဲ့ ပြည်ပနိုင်ငံတွေမှာ လုံးဝမထူးဆန်းတဲ့ ကိစ္စ
ဖြစ်ပေမယ့် ဒီမှာတော့ အများစုအတွက် အဆန်းတကြယ် ဖြစ်နေတယ် ထင်ရပါတယ်။ ဒီကိစ္စကို
ဒီဆောင်းပါးမှာ ဆွေးနွေးရတဲ့ အတွက် ဆန်းနေကောင်း ဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို
ပစ္စည်းတွေ အမျိုးမျိုးကို ဆေးကုမ္ပဏီကြီး တစ်ခုက ပြည်တွင်းမှာ တရားဝင် တင်သွင်း
ရောင်းချခွင့်ရနေတာ ကြာပါပြီလို့ ကြားသိရပါတယ်)


“အိမ်ထောင်ဖက်နဲ့ မဟုတ်ဘဲ vibrator နဲ့မှ ကျေနပ်မှု အပြည့်ရတဲ့ အမျိုးသမီးတွေဟာ လူစဉ်မမီတာ
မဟုတ်ပါဘူး။ ဒီပစ္စည်းမျိုးကို သင့်နေရာ အစားထိုးယူ သွားတာလို့ မယူဆပဲ
အထောက်အကူပြုတယ်လို့ အမျိုးသားတွေက ယူဆပေးသင့်ပါတယ်။ သုံးတဲ့ စုံတွဲတွေဟာ ကျေနပ်မှု
တစ်စုံတစ်ရာ ပိုမို ရရှိကြပြီး အမျိုးသမီးဘက်က ချို့ယွင်းချက် ရှိနေတယ်လို့ ယူဆရင်
သုံးကြည့်သင့်ပါတယ်” လို့ Taormino က အကြံပြု ပြောဆိုပါတယ်။
အမှားနံပတ်(၃) သင်နဲ့ သူမ ခံစားချက်တွေ ထပ်တူကျနေတယ်လို့ ထင်ခြင်း
သာယာမှုကို ခံစားတဲ့ နေရာမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကြားမှာ တော်တော်ကြီးတဲ့
ကွာဟလွဲချော်မှု ရှိနေပါတယ်လို့ Paget က ဆိုပါတယ်။




“အမျိုးသား တစ်ဦးဟာ အမျိုးသမီးတစ်ယောက်နဲ့ အတူနေနေတဲ့ အချိန်မှာ ကိုယ့်ခံစားချက်ကိုပဲ
အတည်ယူပြီး သူမလဲ ဒီလိုပဲ ထပ်တူခံစား နှစ်ခြိုက်နေမယ်လို့ လွဲမှား ယူဆတတ်ပါတယ်။ အမျိုးသမီး
အင်္ဂါရဲ့ အတွင်းဆုံးပိုင်း (သားအိမ်ခေါင်းနား) ဟာ အပြင်ဘက်ပိုင်း (လမ်းကြောင်း) မှာလောက်
အာရုံခံစားမှု မရှိကြပါဘူး။ အာရုံကြော အနေအထားကြောင့် ဖြစ်ပါတယ်။ ဆိုလိုချင်တာက အဓိက
အာရုံခံစားမှု အများစုဟာ အပြင်ဘက်ပိုင်း လမ်းကြောင်းမှာပဲ ဖြစ်ပေါ်တာ ဖြစ်ပြီး အတွင်းဆုံးပိုင်းအထိ
ထိတွေ့အောင် ပြုလုပ်တာ မသင့်ပါဘူး။


ဒါကြောင့် ပြီးဆုံးသွားတဲ့ အချိန်မှာ အဆုံးအထိ အားနဲ့ဝင်ရောက်မှုနဲ့ အဆုံးသတ်ခြင်းဟာ
အမျိုးသမီးတွေအတွက် သာယာစေတယ်လို့ ထင်ရင် မှားပါတယ်။ နောက်ပိုင်း သိပ်မရောက်ရင်
ခံစားမှု ပိုမြင့်စေပါတယ်။ အကယ်၍ အမျိုးသားရဲ့ အင်္ဂါဟာ အရမ်း အလျားရှည်နေရင်
အမျိုးသမီးအတွက် နာကျင်မှုတောင် ခံစားရစေပါတယ်။ အရမ်းဆိုးရင် အစာအိမ်အထိ နာကျင်မှုက
ပျံ့သွားတတ်ပြီး အော်ကလီဆန်စေတတ်ပါတယ်။ အမျိုးသမီးဘက်က အကြောင်း အမျိုးမျိုးကြောင့်
ဖွင့်မပြောပေမယ့် ခဏခဏ ဒီလို ဖြစ်နေရင် နှစ်ဦးစလုံးအတွက် ထိခိုက်စေမှာ သေချာပါတယ်။


အမှားနံပတ်(၄) အမျိုးသမီးရဲ့ ခန္ဓာဗေဒ ခံစားချက်နဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ မမေးခြင်း
ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပမာ ပြောရရင် အမျိုးသားတိုင်းဟာ အမျိုးသမီး လိင်စေ့ (Clitoris)
ဟာဘာလဲ၊ ဘယ်နေရာမှာ ရှိသလဲ ဆိုတာ ယေဘုယျ သိကြပေမယ့် အပြည့်အ၀ နားလည်ကြတယ်
မဆိုလိုနိုင်ပါဘူး။ တခြား ဘယ်နေရာက ဘယ်လို ပိုခံစားရတယ်၊ လျော့ခံစားရတယ်ဆိုတဲ့ အချက်ကို
ပွင့်လင်းစွာ မေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်ဘယ်လို ထိတွေ့ရင် ဘယ်နေရာက
ဘယ်လိုခံစားရတယ်ဆိုတဲ့ အချက်ကို မေးကြည့်ပြီး ညှိနှိုင်းတတ်တဲ့ အမျိုးသားတွေဟာ ပိုမို
ပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြရပါတယ်။ (အမျိုးသမီးတွေဘက်ကလဲ ပွင့်လင်းစွာ
ထုတ်ဖော်ဖို့လဲ လိုတယ်ပေါ့လေ)


အမှားနံပတ်(၅) စိုစွတ်မှု ရှိလာမှ စိတ်ပါတယ်၊ အဆင်ပြေတယ်လို့ ထင်ခြင်း
အချို့အမျိုးသားတွေ ကျတော့လဲ အမျိုးသမီးဖက်က စိုစွတ်မှု သိပ်မရှိသေးရင် မရသေးဘူး ဆိုပြီး
စိတ်တိုတတ်ပါတယ်။ တချို့ကျတော့လဲ သူ့အပေါ် စိတ်ပါဝင်စားမှု ကျဆင်းသွားပြီး
ရင်မခုန်တော့ဘူးလို့ စိတ်မကောင်း ဖြစ်တတ်ကြပါတယ်။ ဒီလို မပူကြပါနဲ့။


“အမျိုးသမီးတစ်ယောက်ဟာ စိတ်ပါလက်ပါ ရှိတယ်ဆိုရင် စိုစွတ်မှု ရှိကိုရှိလာရမယ် ဆိုတဲ့
အယူအဆဟာ မှားယွင်းတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့
တစ်ယောက်လဲ မတူသလို တစ်ယောက်ထဲမှာတောင် ရာသီစက်ဝန်း (Menstrual Cycle)
လည်ပတ်မှုအရ တစ်ရက်နဲ့ တစ်ရက် စိုစွတ်မှု အနည်းအများ ကွာတတ်ပါတယ်။ ဒါဟာ စိတ်ပါမှု
အနည်းအများအပေါ် တိုက်ရိုက် မဆက်ဆိုင်ပါဘူး။ တချို့ဆေးတွေ၊ စိတ်ဖိစီးမှု သောကတွေကြောင့်
နည်းတတ်တာမျိုးလဲ ရှိပါတယ်” လို့ Taormino က ရှင်းပြပါတယ်။


အမှားနံပတ်(၆) တိတ်တိတ်နေခြင်းသည် ထောင်တန်၏ ဟု ထင်ခြင်း
တချို့ အမျိုးသားတွေက တူတူနေတဲ့အချိန်မှာ စကား မပြောတတ်ကြပါဘူး။ ပြောရင်
အနှောင့်အယှက် ဖြစ်တယ်လို့ ထင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် “ဘယ်လိုကို
ကိုယ်တော့ ဘယ်လောက် ကြိုက်ပါတယ်” ဆိုတဲ့ စကားလေး တစ်ခွန်းက နှစ်ယောက်သားအတွက်
အရမ်းကို ကောင်းမွန်ုပြီး အကျိုးပြု တယ်ဆိုတာ သိတဲ့သူတော့ နည်းကြပါတယ်။


ဒီလိုဆိုရင် သင့်အိမ်ထောင်ဖက် အပေါ်ကို မြတ်နိုးကြင်နာမှု ပြရာရောက်ပြီး အမှားနံပတ်(၄)
မဖြစ်အောင် ပွင့်လင်းစွာ မေးရာမှာ အဆင်ပြေလွယ်ကူလာစေပါတယ်။ သူမလဲ ဘယ်လိုကို
အရမ်းခံစားရကြောင်း အလွယ်တကူတောင် ပြောထွက်လာပါဦးမယ်။
ကျွန်တော် ဒီဆောင်းပါးကို ဘာသာပြန်ပြီး mmDailyNews ပရိသတ်များအတွက်
တင်ဆက်ပေးရခြင်းဟာ ဟီရိ၊သြတပ္ပ တရားတို့မှ ကင်းလွတ်ခြင်း သဘောမဆောင်ဘဲ စာဖတ်သူများ
အကျိုးရှိအောင် မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်း (Sex Education) ဖြစ်တယ်ဆိုတာ
သဘောပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ကမ္ဘာကြီးပေါ်မှာ လူတွေရှိနေသမျှ ကာလပတ်လုံး
လူတွေနဲ့အတူ ထာဝရရှိနေမယ့် ကိစ္စအတွက် လမ်းညွှန်ပေးခြင်းမို့ မရှိမဖြစ် ကျန်းမာရေးကဏ္ဍ တစ်ခု
ဖြစ်တယ်ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ မသိနားမလည်လို့ အလွဲအချော်တွေ ဖြစ်ခဲ့ရင်
ဆိုးကျိုးအမျိုးမျိုး ရရှိနိုင်ပြီး ကောင်းကျိုးတွေ လက်လွတ် သွားနိုင်ပါတယ်။


နောက်ပြီး ဒီကိစ္စကို အင်္ဂလိပ်ဘာသာမှာ LOVE MAKING “ချစ်ခြင်းမေတ္တာကို
ပုံဖော်တည်ဆောက်ခြင်း” လို့ ဝေါဟာရပြုထားတဲ့အတွက် သင့်ရဲ့ ဘ၀မှာ အရမ်း အရေးကြီးတဲ့
အစိတ်အပိုင်း ဖြစ်တယ် ဆိုတာ သေချာလှပါတယ်။
ချစ်သော ပရိသတ်များ အတွက် mmDailyNews မှ မေတ္တာဖြင့် ကူညီသည့် သဘောဖြင့် ကျန်းမာရေး
စောင့်ရှောက်မှုလေး တစ်ခု ပြုလုပ်ပေးလိုပါသည်။ ကျန်းမာရေးနှင့် စပ်လျဉ်းသော မည်သည့် ကိစ္စမဆို
မေးမြန်း ဆွေးနွေး တိုင်ပင်လိုပါက thihathit.um2@mutdfan.com သို့ တိုက်ရိုက်မေးလ်ပို့၍
မေးမြန်းဆွေးနွေးနိုင်ပါသည်။ အဖြေများကို ရက်ပိုင်းအတွင်း အမြန်ဆုံး ပြန်ကြားပေးနိုင်ရန်
ကြိုးစားပါမည်။ ခက်ခဲနက်နဲသော ကိစ္စများအတွက် ဒေါက်တာသီဟသစ်မှ သက်ဆိုင်ရာ
အထူးကုများနှင့် လိုအပ်သလို မေးမြန်း အကြံဥာဏ် တောင်းခံပေးပြီး ပြန်ကြားပေးပါမည်။


MMdalynews

More Related Content

Viewers also liked

နတ်မိချောင်း
နတ်မိချောင်းနတ်မိချောင်း
နတ်မိချောင်းbabycandy007
 
မပိုင်သည့်ပန်း
မပိုင်သည့်ပန်းမပိုင်သည့်ပန်း
မပိုင်သည့်ပန်းbabycandy007
 
အပြာရင့်ရင့်ရက်စွဲများ
အပြာရင့်ရင့်ရက်စွဲများအပြာရင့်ရင့်ရက်စွဲများ
အပြာရင့်ရင့်ရက်စွဲများbabycandy007
 
အချစ်ဆုံးသူငယ်ချင်းများ
အချစ်ဆုံးသူငယ်ချင်းများအချစ်ဆုံးသူငယ်ချင်းများ
အချစ်ဆုံးသူငယ်ချင်းများbabycandy007
 
မမသွယ်
မမသွယ်မမသွယ်
မမသွယ်babycandy007
 
အချစ်မိုး
အချစ်မိုးအချစ်မိုး
အချစ်မိုးbabycandy007
 
လူနာကုတင် ၃၁
လူနာကုတင် ၃၁လူနာကုတင် ၃၁
လူနာကုတင် ၃၁babycandy007
 
မြွေပွေးမ
မြွေပွေးမမြွေပွေးမ
မြွေပွေးမbabycandy007
 
အကြံကြီးသူ
အကြံကြီးသူအကြံကြီးသူ
အကြံကြီးသူbabycandy007
 
ထွက်တော့မယ်လေ ကိုင်ထား
ထွက်တော့မယ်လေ ကိုင်ထားထွက်တော့မယ်လေ ကိုင်ထား
ထွက်တော့မယ်လေ ကိုင်ထားbabycandy007
 
ချစ်ခြင်းဖွဲ့သံစဉ်
ချစ်ခြင်းဖွဲ့သံစဉ်ချစ်ခြင်းဖွဲ့သံစဉ်
ချစ်ခြင်းဖွဲ့သံစဉ်koluzoe
 
253 အချစ်ကြိမ်လုံး
253 အချစ်ကြိမ်လုံး253 အချစ်ကြိမ်လုံး
253 အချစ်ကြိမ်လုံးmyoman
 
တပင်တိုင်ကကြိုး
တပင်တိုင်ကကြိုးတပင်တိုင်ကကြိုး
တပင်တိုင်ကကြိုးbabycandy007
 
ပန်းဦး
ပန်းဦးပန်းဦး
ပန်းဦးbabycandy007
 
နွေအိပ်မက်
နွေအိပ်မက်နွေအိပ်မက်
နွေအိပ်မက်babycandy007
 
ဘူးသီးဇာတ်လမ်း
ဘူးသီးဇာတ်လမ်းဘူးသီးဇာတ်လမ်း
ဘူးသီးဇာတ်လမ်းbabycandy007
 
အန်တီမမများ
အန်တီမမများအန်တီမမများ
အန်တီမမများbabycandy007
 
Ayemmcybermedia 110124113635-phpapp01
Ayemmcybermedia 110124113635-phpapp01Ayemmcybermedia 110124113635-phpapp01
Ayemmcybermedia 110124113635-phpapp01babycandy007
 
ဆွဲအားကောင်းတဲ့အချစ်
ဆွဲအားကောင်းတဲ့အချစ်ဆွဲအားကောင်းတဲ့အချစ်
ဆွဲအားကောင်းတဲ့အချစ်babycandy007
 
သံယောဇဉ်မလေးကြောင့်
သံယောဇဉ်မလေးကြောင့်သံယောဇဉ်မလေးကြောင့်
သံယောဇဉ်မလေးကြောင့်koluzoe
 

Viewers also liked (20)

နတ်မိချောင်း
နတ်မိချောင်းနတ်မိချောင်း
နတ်မိချောင်း
 
မပိုင်သည့်ပန်း
မပိုင်သည့်ပန်းမပိုင်သည့်ပန်း
မပိုင်သည့်ပန်း
 
အပြာရင့်ရင့်ရက်စွဲများ
အပြာရင့်ရင့်ရက်စွဲများအပြာရင့်ရင့်ရက်စွဲများ
အပြာရင့်ရင့်ရက်စွဲများ
 
အချစ်ဆုံးသူငယ်ချင်းများ
အချစ်ဆုံးသူငယ်ချင်းများအချစ်ဆုံးသူငယ်ချင်းများ
အချစ်ဆုံးသူငယ်ချင်းများ
 
မမသွယ်
မမသွယ်မမသွယ်
မမသွယ်
 
အချစ်မိုး
အချစ်မိုးအချစ်မိုး
အချစ်မိုး
 
လူနာကုတင် ၃၁
လူနာကုတင် ၃၁လူနာကုတင် ၃၁
လူနာကုတင် ၃၁
 
မြွေပွေးမ
မြွေပွေးမမြွေပွေးမ
မြွေပွေးမ
 
အကြံကြီးသူ
အကြံကြီးသူအကြံကြီးသူ
အကြံကြီးသူ
 
ထွက်တော့မယ်လေ ကိုင်ထား
ထွက်တော့မယ်လေ ကိုင်ထားထွက်တော့မယ်လေ ကိုင်ထား
ထွက်တော့မယ်လေ ကိုင်ထား
 
ချစ်ခြင်းဖွဲ့သံစဉ်
ချစ်ခြင်းဖွဲ့သံစဉ်ချစ်ခြင်းဖွဲ့သံစဉ်
ချစ်ခြင်းဖွဲ့သံစဉ်
 
253 အချစ်ကြိမ်လုံး
253 အချစ်ကြိမ်လုံး253 အချစ်ကြိမ်လုံး
253 အချစ်ကြိမ်လုံး
 
တပင်တိုင်ကကြိုး
တပင်တိုင်ကကြိုးတပင်တိုင်ကကြိုး
တပင်တိုင်ကကြိုး
 
ပန်းဦး
ပန်းဦးပန်းဦး
ပန်းဦး
 
နွေအိပ်မက်
နွေအိပ်မက်နွေအိပ်မက်
နွေအိပ်မက်
 
ဘူးသီးဇာတ်လမ်း
ဘူးသီးဇာတ်လမ်းဘူးသီးဇာတ်လမ်း
ဘူးသီးဇာတ်လမ်း
 
အန်တီမမများ
အန်တီမမများအန်တီမမများ
အန်တီမမများ
 
Ayemmcybermedia 110124113635-phpapp01
Ayemmcybermedia 110124113635-phpapp01Ayemmcybermedia 110124113635-phpapp01
Ayemmcybermedia 110124113635-phpapp01
 
ဆွဲအားကောင်းတဲ့အချစ်
ဆွဲအားကောင်းတဲ့အချစ်ဆွဲအားကောင်းတဲ့အချစ်
ဆွဲအားကောင်းတဲ့အချစ်
 
သံယောဇဉ်မလေးကြောင့်
သံယောဇဉ်မလေးကြောင့်သံယောဇဉ်မလေးကြောင့်
သံယောဇဉ်မလေးကြောင့်
 

More from babycandy007

ဆရာမလေးရယ်၊ တပည့်မလေးရယ်
ဆရာမလေးရယ်၊ တပည့်မလေးရယ်ဆရာမလေးရယ်၊ တပည့်မလေးရယ်
ဆရာမလေးရယ်၊ တပည့်မလေးရယ်babycandy007
 
ဇာတ်ကြမ်း
ဇာတ်ကြမ်းဇာတ်ကြမ်း
ဇာတ်ကြမ်းbabycandy007
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်babycandy007
 
အသစ်လေးနှစ်ယောက်
အသစ်လေးနှစ်ယောက်အသစ်လေးနှစ်ယောက်
အသစ်လေးနှစ်ယောက်babycandy007
 
အလွယ်ဆုံးနောက်ပေါက်
အလွယ်ဆုံးနောက်ပေါက်အလွယ်ဆုံးနောက်ပေါက်
အလွယ်ဆုံးနောက်ပေါက်babycandy007
 
ပိုင်စိုးမှု ဧကရီ
ပိုင်စိုးမှု ဧကရီပိုင်စိုးမှု ဧကရီ
ပိုင်စိုးမှု ဧကရီbabycandy007
 
ရင်ခုန်သံအစစ်
ရင်ခုန်သံအစစ်ရင်ခုန်သံအစစ်
ရင်ခုန်သံအစစ်babycandy007
 
နေရာဟောင်း
နေရာဟောင်းနေရာဟောင်း
နေရာဟောင်းbabycandy007
 
မောင်လှ ဇာတ်လမ်း ၁
မောင်လှ ဇာတ်လမ်း ၁မောင်လှ ဇာတ်လမ်း ၁
မောင်လှ ဇာတ်လမ်း ၁babycandy007
 
မပိုင်သည့်ပန်း
မပိုင်သည့်ပန်းမပိုင်သည့်ပန်း
မပိုင်သည့်ပန်းbabycandy007
 

More from babycandy007 (10)

ဆရာမလေးရယ်၊ တပည့်မလေးရယ်
ဆရာမလေးရယ်၊ တပည့်မလေးရယ်ဆရာမလေးရယ်၊ တပည့်မလေးရယ်
ဆရာမလေးရယ်၊ တပည့်မလေးရယ်
 
ဇာတ်ကြမ်း
ဇာတ်ကြမ်းဇာတ်ကြမ်း
ဇာတ်ကြမ်း
 
လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်
 
အသစ်လေးနှစ်ယောက်
အသစ်လေးနှစ်ယောက်အသစ်လေးနှစ်ယောက်
အသစ်လေးနှစ်ယောက်
 
အလွယ်ဆုံးနောက်ပေါက်
အလွယ်ဆုံးနောက်ပေါက်အလွယ်ဆုံးနောက်ပေါက်
အလွယ်ဆုံးနောက်ပေါက်
 
ပိုင်စိုးမှု ဧကရီ
ပိုင်စိုးမှု ဧကရီပိုင်စိုးမှု ဧကရီ
ပိုင်စိုးမှု ဧကရီ
 
ရင်ခုန်သံအစစ်
ရင်ခုန်သံအစစ်ရင်ခုန်သံအစစ်
ရင်ခုန်သံအစစ်
 
နေရာဟောင်း
နေရာဟောင်းနေရာဟောင်း
နေရာဟောင်း
 
မောင်လှ ဇာတ်လမ်း ၁
မောင်လှ ဇာတ်လမ်း ၁မောင်လှ ဇာတ်လမ်း ၁
မောင်လှ ဇာတ်လမ်း ၁
 
မပိုင်သည့်ပန်း
မပိုင်သည့်ပန်းမပိုင်သည့်ပန်း
မပိုင်သည့်ပန်း
 

အမျိုးသားများ မှားတတ်တဲ့ အမှား ၆ ခု

  • 1. အမျိုးသားများ ပြုလုပ်မိတတ်ကြသော လိင်မှုဆိုင်ရာ အမှား (၆) ရပ် အမျိုးသားများ ပြုလုပ်မိတတ်ကြသော လိင်မှုဆိုင်ရာ အမှား (၆) ရပ် (mmDailyNews ၏ အပုဒ် ၄၀၀ ပြည့် သတင်းဆောင်းပါး) အရွယ်ရောက်ပြီး အမျိုးသားတွေ အားလုံးဟာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ လိင်မှုကိစ္စအပေါ် ဘယ်လောက်အထိ အမှန်သိကြပါသလဲ။ အမျိုးသားတွေ အားလုံးရဲ့ ဦးနှောက်မှတ်ဥာဏ်အသိ ထဲမှာ ရှိတဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ လက်ဆင့်ကမ်းဗဟုသုတတွေ အယူအဆတွေဟာ အခြေခံပိုင်း မှားယွင်းမှုတွေ လိုအပ်ချက်တွေ အများကြီး ရှိနေတယ် ဆိုတာ ကျန်းမာရေးပညာရှင်တွေ ကောက်ယူထားတဲ့ စစ်တမ်းပေါင်းများစွာ အရ သိရပါတယ်။
  • 2. အထူးသဖြင့် အမျိုးသမီးတွေရဲ့ လိင်မှုရေးရာနဲ့ ခံစားချက်အပေါ်မှာပါပဲ။ ဒီအမှားတွေဟာ အိမ်ထောင်သာယာပျော်ရွှင်ရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အမှားရလဒ်များဆီကို ဦးတည်သွားတတ်ပါတယ်။ ဘာမှ အရမ်းကြီး သိသိသာသာ မထိခိုက်ဘူးဆိုပေမယ့် စိတ်ကျေနပ်မှု၊ အလိုပြည့်မှု၊ နောက်တစ်ကြိမ် အတွေ့အကြုံကို မျှော်လင့်လို့ ပျော်ရွှင်မှု စတဲ့ ဘ၀ရဲ့ အရည်အသွေး (Quality of Life) တွေကို လျော့ပါးစေပါတယ်။ ဒီလိုအမှားတွေ ဘာလို့ ရှိနေကြရတာလဲ။ ရှင်းပါတယ်။ လူတွေဟာ ဘ၀မှာ လိင်မှုဆိုင်ရာ အချက်အလက်တွေကို စုဆောင်းလာကြရာမှာ၊ အတွေ့အမြင်တွေ အာရုံခံစားမှုတွေကနေ သင်ကြားလာကြရာမှာ ကိုယ့်အတွက်ပဲ ကိုယ်ဦးတည်လေ့လာ အသုံးချကြလို့ပါပဲ။ ကိုယ့်ကိုယ်ကို ဗဟိုပြုခြင်း (Self-centralization) ဆိုတာလည်း လူသားတွေရဲ့ သဘာဝ လက္ခဏာတွေထဲက တစ်ခုမို့ အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် တူတူပျော်ရွှင်ခံစားရဖို့လည်း အရေးကြီးပါတယ်။ အိမ်ထောင်ရေး ဘ၀မှာ၊ လိင်မှုဘ၀မှာ တကယ်ပြီးပြည့်စုံတဲ့ သုခကို ခံစားလိုသူများဟာ ကိုယ့်ကြောင့် သူများ ပျော်ရွှင်ခံစားရရင် ကိုယ့်ရဲ့ ကျေနပ်မှုတွေဟာ နှစ်ဆတိုးစေတယ်ဆိုတဲ့ အချက်ကို လေးလေးနက်နက် နှလုံးသွင်း ထားသင့်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတွေဟာ အင်တာနက်၊ ဗီဒီယို၊ စာအုပ် စတဲ့ နယ်ပယ်တွေကနေ ဗဟုသုတတွေ ယူကြပါတယ်။ ဒါတွေဟာ ဘ၀မှာ ဘယ်လောက်အထိ လက်တွေ့ကျ မှန်ကန်သလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ကြပါဘူး။ အလွဲတွေ မလျော်ကန်တာတွေ ပါနေပါတယ်လို့ ကျန်းမာရေးပညာရှင်များက ဆိုကြပါတယ်။ အတွေ့အကြုံကသာ အမှန်အတိုင်း လမ်းညွှန်ပေးသွားနိုင်ပါတယ်။ ဒါဆို အတွေ့အကြုံ ဆိုတာ မွေးကတည်းက ပါလာတဲ့ အရာမဟုတ်တော့ အတွေ့အကြုံ မပြည့်ဝခင် ဘယ်လို လုပ်ကြမလဲ……??? အခက်အခဲ နောက်တစ်ခုကလည်း ရှိနေပါသေးတယ်။ အမျိုးသမီးအများစုဟာ သူတို့ဘာကြိုက်တယ်၊
  • 3. ဘယ်လိုကြိုက်တယ်ဆိုတာ ထုတ်ပြောဖို့ ရှက်ကြလို့ပါပဲ။ ဒီတော့ အမျိုးသားတွေဟာ မှန်ကန်တဲ့ လိင်မှုဆိုင်ရာ အသိသညာ (Sexual Concepts) တွေ ၊ တစ်နည်းပြောရရင် Sex Education ကို အိမ်ထောင်ဖက်ဆီက ရသင့်သလောက် မရကြပါဘူး။ ဒီတော့ ဒီဆောင်းပါးကနေ အမျိုးသားတွေ အပြုလုပ်တတ်ဆုံး လိင်မှုဆိုင်ရာ အမှား (၆)ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမှားတွေဟာ ကမ္ဘာတစ်ဝန်း နေရာဒေသ၊ လူမျိုး၊ ယဉ်ကျေးမှု မတူတဲ့ လူသန်းပေါင်းများစွာ အပေါ်လေ့လာထားရာက တွေ့ရှိရတဲ့ အမျိုးသားတွေ အမျိုးသမီးတွေအပေါ် ပြုမူမိတတ်တဲ့ အမှားဆုံး အမူအကျင့် (၆)ရပ် ဖြစ်ပါတယ်။ (ဒီရလဒ်တွေကို ဆွေးနွေးတင်ပြပေးတဲ့ လိင်မှုရေးရာ ကျွမ်းကျင်ပညာရှင် အမျိုးသမီး နှစ်ယောက်ကတော့ Tristan Taormino နဲ့ Lou Paget တို့ ဖြစ်ပါတယ်။ Tristan Taormino ဟာ ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာမ၊ ကထိကနဲ့ ဗီဒီယိုထုတ်လုပ်သူတစ်ဦး ဖြစ်ပါတယ်။ သူမနောက်ဆုံး လုပ်နေတဲ့ ပရောဂျက်ကတော့ Vivid Ed ကနေထုတ်နေတဲ့ Expert Guide ပညာပေး ဗီဒီယိုဇာတ်လမ်းတွဲများ ဖြစ်ပါတယ်။ Lou Paget ကတော့ ကမ္ဘာတစ်ဝန်း ဆွေးနွေးပွဲတွေမှာ ဟောပြောနေတဲ့သူ ဖြစ်ပြီး The Great Lover အပါအ၀င် အခြားစာအုပ်တွေနဲ့ အောင်မြင်နေတဲ့ ပညာရှင် တစ်ဦး ဖြစ်ပါတယ်)
  • 4. အမှားနံပတ်(၁) သူမအလိုရှိတာကို သင်သိပါတယ်လို့ ထင်ခြင်း အမျိုးသားတွေ မကြာခဏ ယူဆမိတဲ့ သဘောတရား အမှားတစ်ခုကတော့ သူတို့အရင်က တခြား အမျိုးသမီးတွေ အပေါ် ပြုမူခဲ့တဲ့ အတိုင်း ပြုမူရင် လက်ရှိ တူတူရှိနေတဲ့ အမျိုးသမီးကလည်း သေချာပေါက် ကြိုက်မယ် လို့ ယူဆတာပါပဲ။ အခြေခံ သဘောတရားတွေ တူကောင်းတူပေမယ့် ကွဲလွဲချက်တွေ ရှိနိုင်ပါတယ်။ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားကြပါတယ်။ “သင်ဟာ အရွယ်ရောက် အတွေ့အကြုံ ရင့်ကျက်ပြီးသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရင်ကြုံဖူးခဲ့တဲ့ အသုံးဝင်မှုတွေဟာ ဒီတစ်ယောက်အပေါ်မှာတော့ အကုန်အသုံးဝင်မယ်၊ သူ့ကို အပြည့်အ၀ စွဲဆောင် ပျော်ရွှင်စေနိုင်မယ်လို့တော့ မထင်စေချင်ပါဘူး။ အများအားဖြင့် အမျိုးသားတွေဟာ ဦးဆောင်သူတွေ ဖြစ်တဲ့ အတွက် ကိုယ့်စိတ်ထဲ အသေစွဲမှတ်ထားတဲ့ အတိုင်း ပြုမူမယ့်အစား တစ်ဖက်သားရဲ့ တိမ်းညွှတ်ရာကို သိမ်မွေ့စွာ သိနားလည်အောင် ကြိုးစားပြီး အလိုက်အထိုက် ပြောင်းလဲ ပြုမူမယ်ဆိုရင် အိမ်ထောင်သာယာပျော်ရွှင်ရေးကို သာမက ချစ်ခြင်းမေတ္တာ ရစ်ပတ်ချည်နှောင်မှုကိုပါ တိုးတက်မြဲမြံစေမှာ ဖြစ်ပါတယ်” လို့ သုတေသီ Taormino က ရှင်းပြခဲ့ပါတယ်။ အမှားနံပတ်(၂) သူမလိုချင်တာ မှန်သမျှ သင့်မှာ ရှိပါတယ် လို့ထင်ခြင်း အမျိုးသမီးတွေဟာ သဘာဝအရ အထွတ်အထိပ်ကျေနပ်မှု (Orgasm) ကို မိနစ်ပိုင်းအတွင်း မရတတ်ပါဘူး။ အမျိုးသားတွေက ပန်းတိုင်ရောက်သွားရင် သူတို့က ကျန်ခဲ့တတ်ပါတယ်။ ဒါကို ညှိနှိုင်းတွဲခေါ်သင့်ပါတယ်။ နောက်တစ်ချက်က အချို့အမျိုးသမီးတွေဟာ မွေးရာပါ အာရုံကြော တည်ဆောက်ပုံ ပုံမှန်မဟုတ်လို့ အရမ်းကြာတတ်၊ ခက်ခဲတတ်ပါတယ်။ ဒါကို ရမ္မက်ကြီးတယ်၊ အပေါစားဆန်တယ်လို့ အထင်မလွဲသင့်ပါဘူး။ အာရုံကြောတည်ဆောက်ပုံ ချို့ယွင်းချက် လိုအပ်ချက်ရှိနေတာဟာ ရောဂါအခြေအနေတစ်မျိုး ဖြစ်ပြီး ဒါကို ဆရာဝန်တောင် ချက်ချင်း မသိနိုင်ပါဘူး။ ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လဲ ကျန်တဲ့ အာရုံကြော ဦးနှောက်ပိုင်းဆိုင်ရာတွေကလည်း normal ပဲ ဖြစ်နေတတ်ပါတယ်။ အပြင်ပန်း ဘာမှ မသိသာပါဘူး။ နောက်ပြီး ဒီလို ဖြစ်နေလား မဖြစ်နေလားဆိုတာကလည်း အတွေ့အကြုံ ရပြီးမှပဲ သိရတာ ဆိုတော့ အပျိုစင်ဘ၀မှာ မသိခဲ့ကြသလို အရှက်၊ အကြောက်၊ သိက္ခာ၊ စောင့်စည်းမှု စတာတွေနဲ့ အုတ်မြစ်ချ တည်ဆောက်ထားတဲ့ မြန်မာ့လူ့ဘောင်မှာ ထုတ်ဖော်ပြောပြဖို့၊ စမ်းသပ်စစ်ဆေးတွေ့ရှိဖို့ တော်တော်
  • 5. မဖြစ်နိုင်သေးတဲ့ ကိစ္စသာလျှင် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအိမ်ထောင်ဖက်ရဲ့ ပျော်ရွှင်ကျေနပ်မှုအတွက် အမျိုးသားတွေအပေါ်မှာ အဓိက တာဝန်ရှိပါတယ်။ ဒီလို အမျိုးသမီးတွေဟာ Vibrator လိုမျိုး accessory တွေ လိုအပ်တယ်လို့ ပညာရှင်များက ရှာဖွေတွေ့ရှိထားပါတယ်။ (အာရုံကြော နဲ့ ဦးနှောက် အစိတ်အပိုင်း ချို့ယွင်းချက် ရှိတဲ့ အမျိုးသမီးတွေဟာ အမြင့်ဆုံး ခံစားပြီးဆုံးနိုင်ဖို့ ထိတွေ့လှုံ့ဆော်မှု တစ်မိနစ်မှာ အကြိမ် ၃၀၀၀ လောက်အထိ လိုအပ်ပါသတဲ့။ ဒီလောက် တုန်ခါမှု ကြိမ်နှုန်းမျိုးကို လူသားရဲ့ လက်ချောင်းတို့ လျှာတို့ကနေ ထုတ်မပေးနိုင်ပါဘူး။ ဒါကိုမသိတဲ့ ဒီလို sex accessory တွေသုံးတဲ့ အမျိုးသမီးတွေကို အမျိုးမျိုး အထင်လွဲပါတယ်။ (ကြားဖြတ် ပြောရရင် ဒါတွေဟာ အနောက်တိုင်းနဲ့ ပြည်ပနိုင်ငံတွေမှာ လုံးဝမထူးဆန်းတဲ့ ကိစ္စ ဖြစ်ပေမယ့် ဒီမှာတော့ အများစုအတွက် အဆန်းတကြယ် ဖြစ်နေတယ် ထင်ရပါတယ်။ ဒီကိစ္စကို ဒီဆောင်းပါးမှာ ဆွေးနွေးရတဲ့ အတွက် ဆန်းနေကောင်း ဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပစ္စည်းတွေ အမျိုးမျိုးကို ဆေးကုမ္ပဏီကြီး တစ်ခုက ပြည်တွင်းမှာ တရားဝင် တင်သွင်း ရောင်းချခွင့်ရနေတာ ကြာပါပြီလို့ ကြားသိရပါတယ်) “အိမ်ထောင်ဖက်နဲ့ မဟုတ်ဘဲ vibrator နဲ့မှ ကျေနပ်မှု အပြည့်ရတဲ့ အမျိုးသမီးတွေဟာ လူစဉ်မမီတာ မဟုတ်ပါဘူး။ ဒီပစ္စည်းမျိုးကို သင့်နေရာ အစားထိုးယူ သွားတာလို့ မယူဆပဲ အထောက်အကူပြုတယ်လို့ အမျိုးသားတွေက ယူဆပေးသင့်ပါတယ်။ သုံးတဲ့ စုံတွဲတွေဟာ ကျေနပ်မှု တစ်စုံတစ်ရာ ပိုမို ရရှိကြပြီး အမျိုးသမီးဘက်က ချို့ယွင်းချက် ရှိနေတယ်လို့ ယူဆရင် သုံးကြည့်သင့်ပါတယ်” လို့ Taormino က အကြံပြု ပြောဆိုပါတယ်။
  • 6. အမှားနံပတ်(၃) သင်နဲ့ သူမ ခံစားချက်တွေ ထပ်တူကျနေတယ်လို့ ထင်ခြင်း သာယာမှုကို ခံစားတဲ့ နေရာမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကြားမှာ တော်တော်ကြီးတဲ့ ကွာဟလွဲချော်မှု ရှိနေပါတယ်လို့ Paget က ဆိုပါတယ်။ “အမျိုးသား တစ်ဦးဟာ အမျိုးသမီးတစ်ယောက်နဲ့ အတူနေနေတဲ့ အချိန်မှာ ကိုယ့်ခံစားချက်ကိုပဲ အတည်ယူပြီး သူမလဲ ဒီလိုပဲ ထပ်တူခံစား နှစ်ခြိုက်နေမယ်လို့ လွဲမှား ယူဆတတ်ပါတယ်။ အမျိုးသမီး အင်္ဂါရဲ့ အတွင်းဆုံးပိုင်း (သားအိမ်ခေါင်းနား) ဟာ အပြင်ဘက်ပိုင်း (လမ်းကြောင်း) မှာလောက် အာရုံခံစားမှု မရှိကြပါဘူး။ အာရုံကြော အနေအထားကြောင့် ဖြစ်ပါတယ်။ ဆိုလိုချင်တာက အဓိက အာရုံခံစားမှု အများစုဟာ အပြင်ဘက်ပိုင်း လမ်းကြောင်းမှာပဲ ဖြစ်ပေါ်တာ ဖြစ်ပြီး အတွင်းဆုံးပိုင်းအထိ ထိတွေ့အောင် ပြုလုပ်တာ မသင့်ပါဘူး။ ဒါကြောင့် ပြီးဆုံးသွားတဲ့ အချိန်မှာ အဆုံးအထိ အားနဲ့ဝင်ရောက်မှုနဲ့ အဆုံးသတ်ခြင်းဟာ အမျိုးသမီးတွေအတွက် သာယာစေတယ်လို့ ထင်ရင် မှားပါတယ်။ နောက်ပိုင်း သိပ်မရောက်ရင် ခံစားမှု ပိုမြင့်စေပါတယ်။ အကယ်၍ အမျိုးသားရဲ့ အင်္ဂါဟာ အရမ်း အလျားရှည်နေရင် အမျိုးသမီးအတွက် နာကျင်မှုတောင် ခံစားရစေပါတယ်။ အရမ်းဆိုးရင် အစာအိမ်အထိ နာကျင်မှုက ပျံ့သွားတတ်ပြီး အော်ကလီဆန်စေတတ်ပါတယ်။ အမျိုးသမီးဘက်က အကြောင်း အမျိုးမျိုးကြောင့် ဖွင့်မပြောပေမယ့် ခဏခဏ ဒီလို ဖြစ်နေရင် နှစ်ဦးစလုံးအတွက် ထိခိုက်စေမှာ သေချာပါတယ်။ အမှားနံပတ်(၄) အမျိုးသမီးရဲ့ ခန္ဓာဗေဒ ခံစားချက်နဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ မမေးခြင်း
  • 7. ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပမာ ပြောရရင် အမျိုးသားတိုင်းဟာ အမျိုးသမီး လိင်စေ့ (Clitoris) ဟာဘာလဲ၊ ဘယ်နေရာမှာ ရှိသလဲ ဆိုတာ ယေဘုယျ သိကြပေမယ့် အပြည့်အ၀ နားလည်ကြတယ် မဆိုလိုနိုင်ပါဘူး။ တခြား ဘယ်နေရာက ဘယ်လို ပိုခံစားရတယ်၊ လျော့ခံစားရတယ်ဆိုတဲ့ အချက်ကို ပွင့်လင်းစွာ မေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်ဘယ်လို ထိတွေ့ရင် ဘယ်နေရာက ဘယ်လိုခံစားရတယ်ဆိုတဲ့ အချက်ကို မေးကြည့်ပြီး ညှိနှိုင်းတတ်တဲ့ အမျိုးသားတွေဟာ ပိုမို ပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြရပါတယ်။ (အမျိုးသမီးတွေဘက်ကလဲ ပွင့်လင်းစွာ ထုတ်ဖော်ဖို့လဲ လိုတယ်ပေါ့လေ) အမှားနံပတ်(၅) စိုစွတ်မှု ရှိလာမှ စိတ်ပါတယ်၊ အဆင်ပြေတယ်လို့ ထင်ခြင်း အချို့အမျိုးသားတွေ ကျတော့လဲ အမျိုးသမီးဖက်က စိုစွတ်မှု သိပ်မရှိသေးရင် မရသေးဘူး ဆိုပြီး စိတ်တိုတတ်ပါတယ်။ တချို့ကျတော့လဲ သူ့အပေါ် စိတ်ပါဝင်စားမှု ကျဆင်းသွားပြီး ရင်မခုန်တော့ဘူးလို့ စိတ်မကောင်း ဖြစ်တတ်ကြပါတယ်။ ဒီလို မပူကြပါနဲ့။ “အမျိုးသမီးတစ်ယောက်ဟာ စိတ်ပါလက်ပါ ရှိတယ်ဆိုရင် စိုစွတ်မှု ရှိကိုရှိလာရမယ် ဆိုတဲ့ အယူအဆဟာ မှားယွင်းတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လဲ မတူသလို တစ်ယောက်ထဲမှာတောင် ရာသီစက်ဝန်း (Menstrual Cycle) လည်ပတ်မှုအရ တစ်ရက်နဲ့ တစ်ရက် စိုစွတ်မှု အနည်းအများ ကွာတတ်ပါတယ်။ ဒါဟာ စိတ်ပါမှု အနည်းအများအပေါ် တိုက်ရိုက် မဆက်ဆိုင်ပါဘူး။ တချို့ဆေးတွေ၊ စိတ်ဖိစီးမှု သောကတွေကြောင့် နည်းတတ်တာမျိုးလဲ ရှိပါတယ်” လို့ Taormino က ရှင်းပြပါတယ်။ အမှားနံပတ်(၆) တိတ်တိတ်နေခြင်းသည် ထောင်တန်၏ ဟု ထင်ခြင်း တချို့ အမျိုးသားတွေက တူတူနေတဲ့အချိန်မှာ စကား မပြောတတ်ကြပါဘူး။ ပြောရင် အနှောင့်အယှက် ဖြစ်တယ်လို့ ထင်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် “ဘယ်လိုကို ကိုယ်တော့ ဘယ်လောက် ကြိုက်ပါတယ်” ဆိုတဲ့ စကားလေး တစ်ခွန်းက နှစ်ယောက်သားအတွက် အရမ်းကို ကောင်းမွန်ုပြီး အကျိုးပြု တယ်ဆိုတာ သိတဲ့သူတော့ နည်းကြပါတယ်။ ဒီလိုဆိုရင် သင့်အိမ်ထောင်ဖက် အပေါ်ကို မြတ်နိုးကြင်နာမှု ပြရာရောက်ပြီး အမှားနံပတ်(၄) မဖြစ်အောင် ပွင့်လင်းစွာ မေးရာမှာ အဆင်ပြေလွယ်ကူလာစေပါတယ်။ သူမလဲ ဘယ်လိုကို အရမ်းခံစားရကြောင်း အလွယ်တကူတောင် ပြောထွက်လာပါဦးမယ်။
  • 8. ကျွန်တော် ဒီဆောင်းပါးကို ဘာသာပြန်ပြီး mmDailyNews ပရိသတ်များအတွက် တင်ဆက်ပေးရခြင်းဟာ ဟီရိ၊သြတပ္ပ တရားတို့မှ ကင်းလွတ်ခြင်း သဘောမဆောင်ဘဲ စာဖတ်သူများ အကျိုးရှိအောင် မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်း (Sex Education) ဖြစ်တယ်ဆိုတာ သဘောပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ကမ္ဘာကြီးပေါ်မှာ လူတွေရှိနေသမျှ ကာလပတ်လုံး လူတွေနဲ့အတူ ထာဝရရှိနေမယ့် ကိစ္စအတွက် လမ်းညွှန်ပေးခြင်းမို့ မရှိမဖြစ် ကျန်းမာရေးကဏ္ဍ တစ်ခု ဖြစ်တယ်ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ မသိနားမလည်လို့ အလွဲအချော်တွေ ဖြစ်ခဲ့ရင် ဆိုးကျိုးအမျိုးမျိုး ရရှိနိုင်ပြီး ကောင်းကျိုးတွေ လက်လွတ် သွားနိုင်ပါတယ်။ နောက်ပြီး ဒီကိစ္စကို အင်္ဂလိပ်ဘာသာမှာ LOVE MAKING “ချစ်ခြင်းမေတ္တာကို ပုံဖော်တည်ဆောက်ခြင်း” လို့ ဝေါဟာရပြုထားတဲ့အတွက် သင့်ရဲ့ ဘ၀မှာ အရမ်း အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုတာ သေချာလှပါတယ်။
  • 9. ချစ်သော ပရိသတ်များ အတွက် mmDailyNews မှ မေတ္တာဖြင့် ကူညီသည့် သဘောဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလေး တစ်ခု ပြုလုပ်ပေးလိုပါသည်။ ကျန်းမာရေးနှင့် စပ်လျဉ်းသော မည်သည့် ကိစ္စမဆို မေးမြန်း ဆွေးနွေး တိုင်ပင်လိုပါက thihathit.um2@mutdfan.com သို့ တိုက်ရိုက်မေးလ်ပို့၍ မေးမြန်းဆွေးနွေးနိုင်ပါသည်။ အဖြေများကို ရက်ပိုင်းအတွင်း အမြန်ဆုံး ပြန်ကြားပေးနိုင်ရန် ကြိုးစားပါမည်။ ခက်ခဲနက်နဲသော ကိစ္စများအတွက် ဒေါက်တာသီဟသစ်မှ သက်ဆိုင်ရာ အထူးကုများနှင့် လိုအပ်သလို မေးမြန်း အကြံဥာဏ် တောင်းခံပေးပြီး ပြန်ကြားပေးပါမည်။ MMdalynews