SlideShare a Scribd company logo
1 of 9
Download to read offline
WWW.YOMALAND.COM
YOMA LAND
jrefrmEdkifiHom;rsm; vlaerIyHkpHudk ajymif;vJjcif;
၂၀၁၈ ခုနှစ်တွင် Yoma Strategic Holdings (YSH) နှင့် First Myanmar Investment Co., Ltd (FMI) တို့မှ အိမ်ရာဖော်ထုတ်
တည်ဆောက်ရေး လုပ်ငန်းများအားလုံးကို စုပေါင်း၍ Yoma Land ဟု သတ်မှတ်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှစ၍ Serge Pun
and Associates (SPA) နှင့် YSH, FMI ကုမ္ပဏီများသည် မြန်မာပြည်တွင် အောင်မြင်ကျော်ကြားသော အိမ်ရာဖော်ထုတ်
တည်ထောင်သူအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Yoma Land တည်ထောင်ခဲ့ခြင်းသည် YSH နှင့် FMI တို့၏ လုပ်ဆောင်ချက်များကို
ပေါင်းစည်းပြီး အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍတစ်ခုလုံး တိုးတက်လာစေရန်နှင့် Yoma Land ၏ သုံးစွဲသူ
ပြည်သူများ၊ ၀န်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားအတွက် ထိရောက်ကောင်းမွန်မှု ရှိစေရန် ရည်ရွယ်ပါသည်။
မြို့နယ်တစ်ခုနှင့်တူသော အိမ်ရာစီမံကိန်းများကို အာရုံစိုက်လုပ်ဆောင်ပြီး အနာဂတ်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော
လူမှုဝန်းကျင်အား တည်ဆောက်ခြင်းဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် Yoma Land သည် မြန်မာနိုင်ငံ၏
ထိပ်တန်းအိမ်ရာ ဖော်ထုတ်တည်ဆောက်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်
Yoma Land မှ မြို့ ပြအိမ်ရာ ဖော်ထုတ် တည်ဆောက်ရေးအပြင် နိုင်ငံခြားအိမ်ရာ ဖော်ထုတ် တည်ထောင်သူများနှင့်
ပူးပေါင်းပြီး ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေရန် ဆက်လက်ကြိုးစားသွားမည်။ လက်ရှိ အချိန်တွင် Yoma Land
သည် အိမ်ရာစီမံကိန်း၊ ဟိုတယ်၊ ရုံး၊ ကျောင်း၊ စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါသည်။
OUR VALUES (t"du tjrKawwefzdk;)
Yoma Land သည် စားသုံးသူပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူ
များ အကျိုးစီးပွားအတွက် ရေရှည်ရပ်တည် နေသော
မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ရာ ဖော်ထုတ် တည်ဆောက်
သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့တန်ဖိုး
ထားသော အဓိကအမြုတေ တန်ဖိုး(၄)ခုမှာ သမာဓိရှိမှု၊
ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ကြံဆမှုနှင့် ရိုသေလေးစားမှုတို့
ဖြစ်ပါသည်။ ကျွန်တော်တို့ လုပ်ဆောင်ချက်တိုင်းသည်
ရင်းနှီးမြှုပ်နှံသူများအတွက် ရလဒ်ကောင်းများ ရရှိရန်
ရည်ရွယ်ပြီး စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်၊
လူမှုဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင်
ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ဟူသော ဆောင်ပုဒ်များ
ဖြင့် လုပ်ဆောင်နေပါသည်။
OUR ADVANTAGE (tm;omcsuf)
မြန်မာနိုင်ငံတွင် ကုမ္ပဏီ တည်ထောင်ခဲ့သည်မှာ၂၅နှစ်
ကျော် သက်တမ်းရှိပြီ ဖြစ်သောကြောင့် ကျွန်တော်တို့၏
ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်မှာ စီးပွားရေး၊ နိုင်ငံရေး၊
လူမှုပတ်ဝန်းကျင် အစရှိသည့် ကဏ္ဍများတွင် ကျွမ်းကျင်
နှံ့စပ်နေပြီဖြစ်သည်။ ပြည်တွင်းမှ အတွေ့အကြုံရှိ ကျွမ်းကျင်
ဝန်ထမ်းများသာမက ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ အတွေ့
အကြုံရှိသော ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်ပြီး နိုင်ငံ
တကာအဆင့်မီအောင် ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။
စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ပိုမိုကောင်းမွန်
သော စံသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ကုမ္ပဏီ
တိုးတက်စေရန် ကြိုးစား လုပ်ဆောင်နေပါသည်။
SUSTAINABILITY (a&&SnfzGHUNzdK;wdk;wufa&;)
ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ Yoma Land ၏
မဟာဗျူဟာ ဖြစ်ပါသည်။ ကုမ္ပဏီမှာ ထိုအဓိက မဏ္ဍိုင်သုံးခု
ကို စီးပွားရေး လုပ်ငန်းစဉ်ကောင်းအဖြစ် အသုံးပြုပြီး
အနာဂတ်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွား တိုးတက်
ရေးကို ရှေးရှု့လုပ်ဆောင် နေပါသည်။
စီးပွားရေး ရေရှည်တည်တံ့ ခိုင်မြဲစေရန် ကျွန်တော်တို့သည်
အမြတ်အစွန်းရရှိရေး၊ လုပ်ငန်းဆောင်တာများ ထိရောက်
မှုရှိရေး၊ လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းတွင် တန်ဖိုးများကို
ဖန်တီးရေး၊ ကုမ္ပဏီတိုးတက်ရေးအတွက် ရှင်းလင်းပြတ်သား
သော စနစ်တကျ အစီအစဉ်ရှိရေး အစရှိသည်တို့ကို လုပ်
ဆောင်သွားမည် ဖြစ်ပါသည်။ကျွန်တော်တို့သည်သမာဓိရှိပြီး
ကိုယ်ကျင့်တရားနှင့်ပြည့်စုံအောင်လုပ်ဆောင်နေပြီးSGX-ST
Listing Manual တွင်ပြဋ္ဌာန်းထားသော Code of Corporate
Governance 2012 အတိုင်းလိုက်နာကျင့်သုံးနေပါသည်။
ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲစေရန် ကျွန်တော်တို့သည်
ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်
တကျစွန့်ပစ်ရေး၊ ရေဆိုးရေညစ် စနစ်တကျစွန့်ပစ်ရေး
အစရှိသည့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်
ဆောင်နေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန် သစ်ပင်
ပန်းမန်များစိုက်ပျိုးခြင်း၊ ကာဗွန်လျှော့ချနိုင်သော ပတ်ဝန်း
ကျင်အသိုက်အ၀န်း ဖြစ်လာစေရန်ကြိုးပမ်းခြင်း၊ စွမ်းအင်
ချွေတာသော ထုတ်ကုန်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန် အား
ပေးခြင်း အစရှိသည်တို့ကို အနာဂတ် သဘာဝပတ်ဝန်း
ကျင် တည်တံ့ခိုင်မြဲရေး လုပ်ဆောင်ချက်များအဖြစ် လုပ်
ဆောင်လျက် ရှိပါသည်။
လူမှုဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲစေရန် ကျွန်တော်တို့သည်
လူအားလုံး၏ မတူကွဲပြားမှုများကို လက်ခံပြီး ၀န်ထမ်းများကို
ညီတူညီမျှဆက်ဆံပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်
သော အခွင့်အလမ်းများ ဖန်တီးပေးထားပါသည်။ ကျွန်တော်
တို့သည် လူမှုအသိုက်အ၀န်းကို အထောက်အကူပြုစေရန်
ရည်ရွယ်၍ Step-In Step-Up program ကို တည်ထောင်ပြီး
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ လုပ်ငန်းခွင်
သင်တန်းပို့ချခြင်း၊ ရန်ပုံငွေရှာခြင်း အစရှိသည်တို့ကို ပြုလုပ်
နေလျက်ရှိပါသည်။
WWW.YOMALAND.COM
jynfolrsm;twGuf ydkrdkaumif;rGefaom jrefrmEdkifiHawmf wnfaqmuf&ef
YOMA CENTRAL
HEART OF DOWNTOWN YANGON
Yoma Central သည် ယခုအချိန်တွင် တည်ဆောက်ဆဲ
ဖြစ်ပြီး ရန်ကုန်မြို့လယ်ခေါင်ရှိ မြေ(၁၀)ဧကပေါ်တွင်
တည်ဆောက်သွားမည် ဖြစ်သည်။ ယခင် မြန်မာ့မီးရထား
မြေနေရာတွင် တည်ဆောက်ခြင်းဖြစ်ပြီး ထိုစီမံကိန်းပြီးစီး
သွားချိန်တွင် ရန်ကုန်မြို့၏ နာမည်ကြီးနေရာတစ်ခု ဖြစ်လာ
မည်ဟု မျှော်လင့်ထားသည်။ ယင်း စီမံကိန်းတွင် Grade A
အဆင့်ရှိ ရုံးခန်းများနှင့် လက်လီအရောင်းဆိုင်ခန်းတွဲ တစ်ခု
နှင့် ဆက်စပ်ပေါင်းကူး ထားမည် ဖြစ်သည်။
WESTIN YANGON
SIX PILLARS OF WELL-BEING
Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော
(၂၆)ထပ်မြင့်သည့် ဟိုတယ်တစ်ခုလည်း ပါဝင်မည် ဖြစ်ပြီး
နာမည်ကျော် ဗိသုကာပညာရှင် ‘Cecil Balmond OBE’ မှ
ဒီဇိုင်းရေးဆွဲထားသည်။ ဤစီမံကိန်းနေရာရှိ မီးရထား
ရုံးချုပ်အဟောင်းကို ခေတ်မီ ဇိမ်ခံဟိုတယ်အဖြစ်
တည်ဆောက်ထားသောကြောင့်၂၀၂၁စီမံကိန်းပြီးစီးသွားချိန်
တွင် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များနှင့် ခေတ်မီ
အစိတ်အပိုင်းများကို မျှတစွာ ပေါင်းစပ်ထားသောကြောင့်
ရန်ကုန်မြို့၏ နာမည်ကြီးနေရာတစ်ခု ဖြစ်လာမည်ဟု
မျှော်လင့်သည်။
THE PENINSULA RESIDENCES YANGON
Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော
ဇိမ်ခံလူနေအိမ်ခန်းများကို Peninsula အမှတ်တံဆိပ်၏
နာမည်ကျော် နည်းပညာနှင့် ခံ့ညားထည်ဝါမှုများဖြင့်
ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များနှင့် ခေတ်မီ အစိတ်
အပိုင်းများကို မျှတစွာ ပေါင်းစပ်ပြီး တည်ဆောက်သွားမည်
ဖြစ်သည်။ ထိုဇိမ်ခံလူနေအိမ်ခန်းများတွင် အိပ်ခန်း(၂)ခန်း
နှင့် ဖွဲ့စည်းထားသော အိမ်ခန်း၊ အိပ်ခန်း(၃)ခန်းနှင့် ဖွဲ့စည်း
ထားသော အိမ်ခန်း၊ ၀န်ဆောင်မှုများ ပါဝင်သော အခန်း
စသည်ဖြင့် (၁၁၂)ခန်းဖြင့် ဖွဲ့စည်းထားပြီး (၂၆)ထပ်မြင့်ကာ
ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်သည်။
WWW.YOMALAND.COM
STARCITY - THE STAR OF YANGON
Starcityအိမ်ရာသည် ပဲခူးမြစ်ကမ်းတွင် တည်ရှိပြီး သန်လျင်
မြို့၏ မြေဧက(၅၀၀)ပေါ်တွင် တည်ရှိသည့် သီလ၀ါ အထူး
စီးပွားရေးဇုန် အနီးအနားရှိ တစ်ခုတည်းသော အကြီးဆုံး
အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါသည်။ ၂၀၁၃ တွင် စတင်
တည်ထောင်ပြီး အိမ်ခန်းပေါင်း (၂၃၀၀) ပါဝင်ကာ မြန်မာနိုင်ငံ
၏ အကောင်းဆုံး ဂေါက်ကွင်းတစ်ခုဖြစ်သော Star City Links
ဂေါက်ကွင်းရှိခြင်း၊ Dulwich International School၊
ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်း၊ ဘဏ်၊
စားသောက်ဆိုင်များ၊ ဈေးဆိုင်များ တည်ရှိခြင်းကြောင့်လည်း
လူကြိုက်များ လှပါသည်။ စီမံကိန်းဖွံ့ဖြိုးမှု ကာလမှာ (၁၅)နှစ်
ဖြစ်ပြီး ဇိမ်ခံလူနေအိမ်ခန်းများ၊ အလယ်တန်းလွှာ လူနေ
အိမ်ခန်းများ၊ မိမိစိတ်ကြိုက် အိမ်ခန်းပြင်ဆင်လိုသူများ
အတွက် လူနေအိမ်ခန်းများစသဖြင့် လူနေအိမ်ခန်းပေါင်း
(၄၀၀၀၀) တည်ဆောက်ပြီး မြို့နယ်တစ်ခုနှင့်တူသော အိမ်ရာ
စီမံကိန်းဖြစ်စေရန် ဖြစ်ပါသည်။
PUN HLAING ESTATE - AN OASIS
ပန်းလှိုင်အိမ်ရာသည် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်ကမ်းတွင် တည်
ရှိကာ လှပသော ရှုခင်းများနှင့် ပြည့်စုံသော အိုအေစစ်
တစ်ခုဖြစ်ပြီး ခေတ်မီဆန်းသစ်သော Villa, Serviced Apart-
ment များအပြင် မြန်မာပြည်၏ အကောင်းဆုံး ဂေါက်ကွင်း
ဖြစ်သော ပန်းလှိုင်ဂေါက်ကွင်း၊ ရေကူးကန်၊ Gym၊ တင်းနစ်
ကွင်း၊ Day Spa အစရှိသည်တို့ ပါဝင်သော Country
Club၊ ၀ါရင့်ကျွမ်းကျင် စားဖိုမှူးများ ချက်ပြုတ်သော အနောက်
တိုင်းနှင့် အာရှအစားအစာတို့ ရရှိနိုင်သော Horizons
Restaurant နှင့် Oasis Bistro၊ ဂေါက်ကွင်း၏ရှု့ခင်း
ကို အပြည့်အ၀ ခံစားနိုင်မည့် Awei Metta ဟိုတယ်၊
British International School ဖြစ်သော Dulwich College၊
ပန်းလှိုင်စီလုံဆေးရုံ အစရှိသည့် ၀န်ဆောင်မှုများ ပါဝင်သော
ပန်းလှိုင်အိမ်ရာသည် မြို့နယ်တစ်ခုအလား တည်ရှိပါသည်။
ပန်းလှိုင်အိမ်ရာအတွင်းရှိ ဖော်ထုတ်ရန် ကျန်ရှိသောမြေကွက်
များကို ဆက်လက်ဖော်ထုတ်ပြီး ဇိမ်ခံလူနေတိုက်တာ အ
ဆောက်အဦများအဖြစ် တည်ဆောက်ပြီး ရောင်းချရန်နှင့်
ဌားရမ်းရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
WWW.YOMALAND.COM
CITY LOFT - ASPIRATIONAL LIVING
City Loft သည် ခေတ်မီသော တန်ဖိုးသင့်အိမ်ရာ စီမံကိန်း
တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ တက်ကြွသော၊ ကိုယ်ပိုင်ဝင်ငွေ
ရှိသော လူငယ်များ အိမ်ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ပါသည်။
City Loft၏ လူကြိုက်များသော အချက်မှာ (၂၅)နှစ်အထိ
အိမ်ရာချေးငွေ ရယူနိုင်သော ငွေပေးချေမှုပုံစံကြောင့်ဖြစ်ပြီး
ဝန်ဆောင်မှုကောင်းများ ထည့်သွင်းရန် စဉ်းစားထားသော
ကြောင့်ဖြစ်သည်။ တည်ဆောက်မှု ပထမအဆင့်မှာ
ဆောက်လုပ်ဆဲဖြစ်ပါသည်။
Awards Winning
Real Estate Developer
•	 2019 Asia Pacific Golf Summit - Best Course in Myanmar (Pun Hlaing Golf Club) 
•	 2019 Myanmar National Real Estate Awards - Best Resort Hotel Development (Awei Metta)
•	 2019 Myanmar National Real Estate Awards - Best Educational Development (Dulwich College) 
•	 2017 Property Guru Awards - Best Housing Development (Lotus Hill)
•	 2017 Myanmar Property Awards - Best Landscape Design
•	 2015 South East Asia Property Awards - Best Developer
•	 2015 South East Asia Property Awards - Best Landscape Architectural Design
•	 2015 Myanmar Property Awards - Best Residential Interior Design
•	 2015 Myanmar Property Awards - Best Condo Development
•	 2015 Myanmar Property Awards - Best Landscape Architecture Design
•	 2015 Myanmar Property Awards - Best Housing Development (Lotus Canal View Villas)
•	 2015 Myanmar Property Awards - Best Housing Development (Lotus Garden)
•	 2015 Property Guru Awards - Best Developer in Myanmar
WWW.YOMALAND.COM
WWW.YOMALAND.COM
WWW.YOMALAND.COM
SERGE PUN @ THEIM WAI
Executive Chairman
TUN TUN
Executive Director
First Myanmar Investment
STEPHEN PURVIS
Head of Yoma Land
MELVYN PUN
CEO and Executive Director
JR CHING
Chief Financial Officer
MEET THE TEAM
The Leaders
WWW.YOMALAND.COM
DANIEL WEST
Managing Director of SPA DPS
LE LE WIN
General Manager of Pun Hlaing Estate
JONATHAN HEGARTY
General Manager of Pun Hlaing Estate
MATTHEW HILL
Project Director​ of Pun Hlaing Estate
TIN WINN NGE
General Manager of Star City
NATHAN HARRISON
Project Director​ of Star City
IAIN FAIRBAIRN
Project Director of Yoma Central
NWE NWE TUN
Project Director of City Loft
ASSETS & PROJECTS CORPORATE
MEET THE TEAM
YAMIN DUTTA
Finance Controller
PAUL ANSLOW
Head of Investment Management
AYE AYE MON
Senior Manager of Property Affairs
KENNETH SEE
Managing Counsel
WWW.YOMALAND.COM
jynfolrsm;twGuf ydkrdkaumif;rGefaom
jrefrmEdkifiHwnfaqmuf&ef

More Related Content

Similar to Yoma Land Corporate Brochure (Myanmar language)

【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)
【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)
【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)IMJ Corporation
 
シェアコト会社概要_120309
シェアコト会社概要_120309シェアコト会社概要_120309
シェアコト会社概要_120309孝治 田中
 
ほんわかLineチャットボット
ほんわかLineチャットボットほんわかLineチャットボット
ほんわかLineチャットボットGo Suzuki
 
【女性限定】カンタンでキレイなエクセルのつくりかた
【女性限定】カンタンでキレイなエクセルのつくりかた【女性限定】カンタンでキレイなエクセルのつくりかた
【女性限定】カンタンでキレイなエクセルのつくりかたHitoshi Kumano
 
B 6-1 sl summit catalyst
B 6-1 sl summit catalystB 6-1 sl summit catalyst
B 6-1 sl summit catalystchenree3
 
B 6-1 sl summit catalyst
B 6-1 sl summit catalystB 6-1 sl summit catalyst
B 6-1 sl summit catalystsoftlayerjp
 
ミラロボ(RPA Community)
ミラロボ(RPA Community)ミラロボ(RPA Community)
ミラロボ(RPA Community)Hideki Hayashi
 
Inside Sales Seminar_ビズリーチ/RevComm共催セミナー
Inside Sales Seminar_ビズリーチ/RevComm共催セミナーInside Sales Seminar_ビズリーチ/RevComm共催セミナー
Inside Sales Seminar_ビズリーチ/RevComm共催セミナーTakeshi Aida
 
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係未来教育会議
 

Similar to Yoma Land Corporate Brochure (Myanmar language) (12)

リーンスタートアップ時代の事業計画とサービス開発、資金調達のあり方
リーンスタートアップ時代の事業計画とサービス開発、資金調達のあり方リーンスタートアップ時代の事業計画とサービス開発、資金調達のあり方
リーンスタートアップ時代の事業計画とサービス開発、資金調達のあり方
 
【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)
【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)
【IMJ】オウンドメディアマーケティングの現在と未来 江端浩人(I・CON2014)
 
シェアコト会社概要_120309
シェアコト会社概要_120309シェアコト会社概要_120309
シェアコト会社概要_120309
 
ほんわかLineチャットボット
ほんわかLineチャットボットほんわかLineチャットボット
ほんわかLineチャットボット
 
【女性限定】カンタンでキレイなエクセルのつくりかた
【女性限定】カンタンでキレイなエクセルのつくりかた【女性限定】カンタンでキレイなエクセルのつくりかた
【女性限定】カンタンでキレイなエクセルのつくりかた
 
B 6-1 sl summit catalyst
B 6-1 sl summit catalystB 6-1 sl summit catalyst
B 6-1 sl summit catalyst
 
B 6-1 sl summit catalyst
B 6-1 sl summit catalystB 6-1 sl summit catalyst
B 6-1 sl summit catalyst
 
ミラロボ(RPA Community)
ミラロボ(RPA Community)ミラロボ(RPA Community)
ミラロボ(RPA Community)
 
Everydaycreativelife
EverydaycreativelifeEverydaycreativelife
Everydaycreativelife
 
【エージェント部門】G-net様
【エージェント部門】G-net様【エージェント部門】G-net様
【エージェント部門】G-net様
 
Inside Sales Seminar_ビズリーチ/RevComm共催セミナー
Inside Sales Seminar_ビズリーチ/RevComm共催セミナーInside Sales Seminar_ビズリーチ/RevComm共催セミナー
Inside Sales Seminar_ビズリーチ/RevComm共催セミナー
 
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係
未来教育会議とは|時代が求める教育、日本の教育、そして社会と教育の関係
 

More from Yoma Land

Leasing Presentation
Leasing PresentationLeasing Presentation
Leasing PresentationYoma Land
 
City Loft Aspirational Living
City Loft Aspirational LivingCity Loft Aspirational Living
City Loft Aspirational LivingYoma Land
 
Pun Hlaing Lifestyle
Pun Hlaing LifestylePun Hlaing Lifestyle
Pun Hlaing LifestyleYoma Land
 
Residents' Handbook
Residents' HandbookResidents' Handbook
Residents' HandbookYoma Land
 
The Residence
The ResidenceThe Residence
The ResidenceYoma Land
 
Pun Hlaing Golf Club
Pun Hlaing Golf ClubPun Hlaing Golf Club
Pun Hlaing Golf ClubYoma Land
 
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)Pun Hlaing Estate | Lotus Hill For Rent (Unfurnished)
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)Yoma Land
 
Yoma Land | Corporate Factsheet
Yoma Land | Corporate FactsheetYoma Land | Corporate Factsheet
Yoma Land | Corporate FactsheetYoma Land
 
The Peninsula Residences Yangon Brochure
The Peninsula Residences Yangon BrochureThe Peninsula Residences Yangon Brochure
The Peninsula Residences Yangon BrochureYoma Land
 
Design Sketches by Daniel West
Design Sketches by Daniel WestDesign Sketches by Daniel West
Design Sketches by Daniel WestYoma Land
 
Pun Hlaing Estate | Villa for Rent Listing
Pun Hlaing Estate | Villa for Rent ListingPun Hlaing Estate | Villa for Rent Listing
Pun Hlaing Estate | Villa for Rent ListingYoma Land
 
莲花台 (Lotus Terrace)
莲花台 (Lotus Terrace)莲花台 (Lotus Terrace)
莲花台 (Lotus Terrace)Yoma Land
 
莲花苑 (Lotus Place)
莲花苑 (Lotus Place)莲花苑 (Lotus Place)
莲花苑 (Lotus Place)Yoma Land
 
Pun Hlaing Estate | Lotus Place
Pun Hlaing Estate | Lotus PlacePun Hlaing Estate | Lotus Place
Pun Hlaing Estate | Lotus PlaceYoma Land
 
Pun Hlaing Estate | Lotus Terrace
Pun Hlaing Estate | Lotus TerracePun Hlaing Estate | Lotus Terrace
Pun Hlaing Estate | Lotus TerraceYoma Land
 
Pun Hlaing Estate | Lotus Hill
Pun Hlaing Estate | Lotus HillPun Hlaing Estate | Lotus Hill
Pun Hlaing Estate | Lotus HillYoma Land
 
Pun Hlaing Estate | Lotus Garden
Pun Hlaing Estate | Lotus GardenPun Hlaing Estate | Lotus Garden
Pun Hlaing Estate | Lotus GardenYoma Land
 
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019Yoma Land
 

More from Yoma Land (20)

Leasing Presentation
Leasing PresentationLeasing Presentation
Leasing Presentation
 
City Loft Aspirational Living
City Loft Aspirational LivingCity Loft Aspirational Living
City Loft Aspirational Living
 
Pun Hlaing Lifestyle
Pun Hlaing LifestylePun Hlaing Lifestyle
Pun Hlaing Lifestyle
 
Residents' Handbook
Residents' HandbookResidents' Handbook
Residents' Handbook
 
The Residence
The ResidenceThe Residence
The Residence
 
Pun Hlaing Golf Club
Pun Hlaing Golf ClubPun Hlaing Golf Club
Pun Hlaing Golf Club
 
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)Pun Hlaing Estate | Lotus Hill For Rent (Unfurnished)
Pun Hlaing Estate | Lotus Hill For Rent (Unfurnished)
 
Yoma Land | Corporate Factsheet
Yoma Land | Corporate FactsheetYoma Land | Corporate Factsheet
Yoma Land | Corporate Factsheet
 
The Peninsula Residences Yangon Brochure
The Peninsula Residences Yangon BrochureThe Peninsula Residences Yangon Brochure
The Peninsula Residences Yangon Brochure
 
Design Sketches by Daniel West
Design Sketches by Daniel WestDesign Sketches by Daniel West
Design Sketches by Daniel West
 
Pun Hlaing Estate | Villa for Rent Listing
Pun Hlaing Estate | Villa for Rent ListingPun Hlaing Estate | Villa for Rent Listing
Pun Hlaing Estate | Villa for Rent Listing
 
莲花台 (Lotus Terrace)
莲花台 (Lotus Terrace)莲花台 (Lotus Terrace)
莲花台 (Lotus Terrace)
 
莲花苑 (Lotus Place)
莲花苑 (Lotus Place)莲花苑 (Lotus Place)
莲花苑 (Lotus Place)
 
莲花山
莲花山莲花山
莲花山
 
莲花园l
莲花园l莲花园l
莲花园l
 
Pun Hlaing Estate | Lotus Place
Pun Hlaing Estate | Lotus PlacePun Hlaing Estate | Lotus Place
Pun Hlaing Estate | Lotus Place
 
Pun Hlaing Estate | Lotus Terrace
Pun Hlaing Estate | Lotus TerracePun Hlaing Estate | Lotus Terrace
Pun Hlaing Estate | Lotus Terrace
 
Pun Hlaing Estate | Lotus Hill
Pun Hlaing Estate | Lotus HillPun Hlaing Estate | Lotus Hill
Pun Hlaing Estate | Lotus Hill
 
Pun Hlaing Estate | Lotus Garden
Pun Hlaing Estate | Lotus GardenPun Hlaing Estate | Lotus Garden
Pun Hlaing Estate | Lotus Garden
 
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019
Yoma Strategic Holdings | Nurturing a Culture of Excellence | Annual Report 2019
 

Yoma Land Corporate Brochure (Myanmar language)

  • 1. WWW.YOMALAND.COM YOMA LAND jrefrmEdkifiHom;rsm; vlaerIyHkpHudk ajymif;vJjcif; ၂၀၁၈ ခုနှစ်တွင် Yoma Strategic Holdings (YSH) နှင့် First Myanmar Investment Co., Ltd (FMI) တို့မှ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး လုပ်ငန်းများအားလုံးကို စုပေါင်း၍ Yoma Land ဟု သတ်မှတ်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှစ၍ Serge Pun and Associates (SPA) နှင့် YSH, FMI ကုမ္ပဏီများသည် မြန်မာပြည်တွင် အောင်မြင်ကျော်ကြားသော အိမ်ရာဖော်ထုတ် တည်ထောင်သူအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Yoma Land တည်ထောင်ခဲ့ခြင်းသည် YSH နှင့် FMI တို့၏ လုပ်ဆောင်ချက်များကို ပေါင်းစည်းပြီး အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍတစ်ခုလုံး တိုးတက်လာစေရန်နှင့် Yoma Land ၏ သုံးစွဲသူ ပြည်သူများ၊ ၀န်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားအတွက် ထိရောက်ကောင်းမွန်မှု ရှိစေရန် ရည်ရွယ်ပါသည်။ မြို့နယ်တစ်ခုနှင့်တူသော အိမ်ရာစီမံကိန်းများကို အာရုံစိုက်လုပ်ဆောင်ပြီး အနာဂတ်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူမှုဝန်းကျင်အား တည်ဆောက်ခြင်းဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် Yoma Land သည် မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ရာ ဖော်ထုတ်တည်ဆောက်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် Yoma Land မှ မြို့ ပြအိမ်ရာ ဖော်ထုတ် တည်ဆောက်ရေးအပြင် နိုင်ငံခြားအိမ်ရာ ဖော်ထုတ် တည်ထောင်သူများနှင့် ပူးပေါင်းပြီး ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေရန် ဆက်လက်ကြိုးစားသွားမည်။ လက်ရှိ အချိန်တွင် Yoma Land သည် အိမ်ရာစီမံကိန်း၊ ဟိုတယ်၊ ရုံး၊ ကျောင်း၊ စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပါသည်။
  • 2. OUR VALUES (t"du tjrKawwefzdk;) Yoma Land သည် စားသုံးသူပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူ များ အကျိုးစီးပွားအတွက် ရေရှည်ရပ်တည် နေသော မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ရာ ဖော်ထုတ် တည်ဆောက် သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့တန်ဖိုး ထားသော အဓိကအမြုတေ တန်ဖိုး(၄)ခုမှာ သမာဓိရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ကြံဆမှုနှင့် ရိုသေလေးစားမှုတို့ ဖြစ်ပါသည်။ ကျွန်တော်တို့ လုပ်ဆောင်ချက်တိုင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် ရလဒ်ကောင်းများ ရရှိရန် ရည်ရွယ်ပြီး စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် ဟူသော ဆောင်ပုဒ်များ ဖြင့် လုပ်ဆောင်နေပါသည်။ OUR ADVANTAGE (tm;omcsuf) မြန်မာနိုင်ငံတွင် ကုမ္ပဏီ တည်ထောင်ခဲ့သည်မှာ၂၅နှစ် ကျော် သက်တမ်းရှိပြီ ဖြစ်သောကြောင့် ကျွန်တော်တို့၏ ၀န်ထမ်းပေါင်း ၂၀၀၀ ကျော်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုပတ်ဝန်းကျင် အစရှိသည့် ကဏ္ဍများတွင် ကျွမ်းကျင် နှံ့စပ်နေပြီဖြစ်သည်။ ပြည်တွင်းမှ အတွေ့အကြုံရှိ ကျွမ်းကျင် ၀န်ထမ်းများသာမက ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ အတွေ့ အကြုံရှိသော ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်ပြီး နိုင်ငံ တကာအဆင့်မီအောင် ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ပိုမိုကောင်းမွန် သော စံသတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ကုမ္ပဏီ တိုးတက်စေရန် ကြိုးစား လုပ်ဆောင်နေပါသည်။ SUSTAINABILITY (a&&SnfzGHUNzdK;wdk;wufa&;) ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ Yoma Land ၏ မဟာဗျူဟာ ဖြစ်ပါသည်။ ကုမ္ပဏီမှာ ထိုအဓိက မဏ္ဍိုင်သုံးခု ကို စီးပွားရေး လုပ်ငန်းစဉ်ကောင်းအဖြစ် အသုံးပြုပြီး အနာဂတ်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွား တိုးတက် ရေးကို ရှေးရှု့လုပ်ဆောင် နေပါသည်။ စီးပွားရေး ရေရှည်တည်တံ့ ခိုင်မြဲစေရန် ကျွန်တော်တို့သည် အမြတ်အစွန်းရရှိရေး၊ လုပ်ငန်းဆောင်တာများ ထိရောက် မှုရှိရေး၊ လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်းတွင် တန်ဖိုးများကို ဖန်တီးရေး၊ ကုမ္ပဏီတိုးတက်ရေးအတွက် ရှင်းလင်းပြတ်သား သော စနစ်တကျ အစီအစဉ်ရှိရေး အစရှိသည်တို့ကို လုပ် ဆောင်သွားမည် ဖြစ်ပါသည်။ကျွန်တော်တို့သည်သမာဓိရှိပြီး ကိုယ်ကျင့်တရားနှင့်ပြည့်စုံအောင်လုပ်ဆောင်နေပြီးSGX-ST Listing Manual တွင်ပြဋ္ဌာန်းထားသော Code of Corporate Governance 2012 အတိုင်းလိုက်နာကျင့်သုံးနေပါသည်။ ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲစေရန် ကျွန်တော်တို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေး၊ စွန့်ပစ်ပစ္စည်းများ စနစ် တကျစွန့်ပစ်ရေး၊ ရေဆိုးရေညစ် စနစ်တကျစွန့်ပစ်ရေး အစရှိသည့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ် ဆောင်နေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန် သစ်ပင် ပန်းမန်များစိုက်ပျိုးခြင်း၊ ကာဗွန်လျှော့ချနိုင်သော ပတ်ဝန်း ကျင်အသိုက်အ၀န်း ဖြစ်လာစေရန်ကြိုးပမ်းခြင်း၊ စွမ်းအင် ချွေတာသော ထုတ်ကုန်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန် အား ပေးခြင်း အစရှိသည်တို့ကို အနာဂတ် သဘာဝပတ်ဝန်း ကျင် တည်တံ့ခိုင်မြဲရေး လုပ်ဆောင်ချက်များအဖြစ် လုပ် ဆောင်လျက် ရှိပါသည်။ လူမှုဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲစေရန် ကျွန်တော်တို့သည် လူအားလုံး၏ မတူကွဲပြားမှုများကို လက်ခံပြီး ၀န်ထမ်းများကို ညီတူညီမျှဆက်ဆံပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင် သော အခွင့်အလမ်းများ ဖန်တီးပေးထားပါသည်။ ကျွန်တော် တို့သည် လူမှုအသိုက်အ၀န်းကို အထောက်အကူပြုစေရန် ရည်ရွယ်၍ Step-In Step-Up program ကို တည်ထောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ လုပ်ငန်းခွင် သင်တန်းပို့ချခြင်း၊ ရန်ပုံငွေရှာခြင်း အစရှိသည်တို့ကို ပြုလုပ် နေလျက်ရှိပါသည်။ WWW.YOMALAND.COM jynfolrsm;twGuf ydkrdkaumif;rGefaom jrefrmEdkifiHawmf wnfaqmuf&ef
  • 3. YOMA CENTRAL HEART OF DOWNTOWN YANGON Yoma Central သည် ယခုအချိန်တွင် တည်ဆောက်ဆဲ ဖြစ်ပြီး ရန်ကုန်မြို့လယ်ခေါင်ရှိ မြေ(၁၀)ဧကပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။ ယခင် မြန်မာ့မီးရထား မြေနေရာတွင် တည်ဆောက်ခြင်းဖြစ်ပြီး ထိုစီမံကိန်းပြီးစီး သွားချိန်တွင် ရန်ကုန်မြို့၏ နာမည်ကြီးနေရာတစ်ခု ဖြစ်လာ မည်ဟု မျှော်လင့်ထားသည်။ ယင်း စီမံကိန်းတွင် Grade A အဆင့်ရှိ ရုံးခန်းများနှင့် လက်လီအရောင်းဆိုင်ခန်းတွဲ တစ်ခု နှင့် ဆက်စပ်ပေါင်းကူး ထားမည် ဖြစ်သည်။ WESTIN YANGON SIX PILLARS OF WELL-BEING Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော (၂၆)ထပ်မြင့်သည့် ဟိုတယ်တစ်ခုလည်း ပါဝင်မည် ဖြစ်ပြီး နာမည်ကျော် ဗိသုကာပညာရှင် ‘Cecil Balmond OBE’ မှ ဒီဇိုင်းရေးဆွဲထားသည်။ ဤစီမံကိန်းနေရာရှိ မီးရထား ရုံးချုပ်အဟောင်းကို ခေတ်မီ ဇိမ်ခံဟိုတယ်အဖြစ် တည်ဆောက်ထားသောကြောင့်၂၀၂၁စီမံကိန်းပြီးစီးသွားချိန် တွင် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များနှင့် ခေတ်မီ အစိတ်အပိုင်းများကို မျှတစွာ ပေါင်းစပ်ထားသောကြောင့် ရန်ကုန်မြို့၏ နာမည်ကြီးနေရာတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်သည်။ THE PENINSULA RESIDENCES YANGON Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဇိမ်ခံလူနေအိမ်ခန်းများကို Peninsula အမှတ်တံဆိပ်၏ နာမည်ကျော် နည်းပညာနှင့် ခံ့ညားထည်ဝါမှုများဖြင့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များနှင့် ခေတ်မီ အစိတ် အပိုင်းများကို မျှတစွာ ပေါင်းစပ်ပြီး တည်ဆောက်သွားမည် ဖြစ်သည်။ ထိုဇိမ်ခံလူနေအိမ်ခန်းများတွင် အိပ်ခန်း(၂)ခန်း နှင့် ဖွဲ့စည်းထားသော အိမ်ခန်း၊ အိပ်ခန်း(၃)ခန်းနှင့် ဖွဲ့စည်း ထားသော အိမ်ခန်း၊ ၀န်ဆောင်မှုများ ပါဝင်သော အခန်း စသည်ဖြင့် (၁၁၂)ခန်းဖြင့် ဖွဲ့စည်းထားပြီး (၂၆)ထပ်မြင့်ကာ ၀န်ဆောင်မှုများ ပါဝင်မည်ဖြစ်သည်။ WWW.YOMALAND.COM
  • 4. STARCITY - THE STAR OF YANGON Starcityအိမ်ရာသည် ပဲခူးမြစ်ကမ်းတွင် တည်ရှိပြီး သန်လျင် မြို့၏ မြေဧက(၅၀၀)ပေါ်တွင် တည်ရှိသည့် သီလ၀ါ အထူး စီးပွားရေးဇုန် အနီးအနားရှိ တစ်ခုတည်းသော အကြီးဆုံး အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါသည်။ ၂၀၁၃ တွင် စတင် တည်ထောင်ပြီး အိမ်ခန်းပေါင်း (၂၃၀၀) ပါဝင်ကာ မြန်မာနိုင်ငံ ၏ အကောင်းဆုံး ဂေါက်ကွင်းတစ်ခုဖြစ်သော Star City Links ဂေါက်ကွင်းရှိခြင်း၊ Dulwich International School၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်း၊ ဘဏ်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ တည်ရှိခြင်းကြောင့်လည်း လူကြိုက်များ လှပါသည်။ စီမံကိန်းဖွံ့ဖြိုးမှု ကာလမှာ (၁၅)နှစ် ဖြစ်ပြီး ဇိမ်ခံလူနေအိမ်ခန်းများ၊ အလယ်တန်းလွှာ လူနေ အိမ်ခန်းများ၊ မိမိစိတ်ကြိုက် အိမ်ခန်းပြင်ဆင်လိုသူများ အတွက် လူနေအိမ်ခန်းများစသဖြင့် လူနေအိမ်ခန်းပေါင်း (၄၀၀၀၀) တည်ဆောက်ပြီး မြို့နယ်တစ်ခုနှင့်တူသော အိမ်ရာ စီမံကိန်းဖြစ်စေရန် ဖြစ်ပါသည်။ PUN HLAING ESTATE - AN OASIS ပန်းလှိုင်အိမ်ရာသည် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်ကမ်းတွင် တည် ရှိကာ လှပသော ရှုခင်းများနှင့် ပြည့်စုံသော အိုအေစစ် တစ်ခုဖြစ်ပြီး ခေတ်မီဆန်းသစ်သော Villa, Serviced Apart- ment များအပြင် မြန်မာပြည်၏ အကောင်းဆုံး ဂေါက်ကွင်း ဖြစ်သော ပန်းလှိုင်ဂေါက်ကွင်း၊ ရေကူးကန်၊ Gym၊ တင်းနစ် ကွင်း၊ Day Spa အစရှိသည်တို့ ပါဝင်သော Country Club၊ ၀ါရင့်ကျွမ်းကျင် စားဖိုမှူးများ ချက်ပြုတ်သော အနောက် တိုင်းနှင့် အာရှအစားအစာတို့ ရရှိနိုင်သော Horizons Restaurant နှင့် Oasis Bistro၊ ဂေါက်ကွင်း၏ရှု့ခင်း ကို အပြည့်အ၀ ခံစားနိုင်မည့် Awei Metta ဟိုတယ်၊ British International School ဖြစ်သော Dulwich College၊ ပန်းလှိုင်စီလုံဆေးရုံ အစရှိသည့် ၀န်ဆောင်မှုများ ပါဝင်သော ပန်းလှိုင်အိမ်ရာသည် မြို့နယ်တစ်ခုအလား တည်ရှိပါသည်။ ပန်းလှိုင်အိမ်ရာအတွင်းရှိ ဖော်ထုတ်ရန် ကျန်ရှိသောမြေကွက် များကို ဆက်လက်ဖော်ထုတ်ပြီး ဇိမ်ခံလူနေတိုက်တာ အ ဆောက်အဦများအဖြစ် တည်ဆောက်ပြီး ရောင်းချရန်နှင့် ဌားရမ်းရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ WWW.YOMALAND.COM
  • 5. CITY LOFT - ASPIRATIONAL LIVING City Loft သည် ခေတ်မီသော တန်ဖိုးသင့်အိမ်ရာ စီမံကိန်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ တက်ကြွသော၊ ကိုယ်ပိုင်ဝင်ငွေ ရှိသော လူငယ်များ အိမ်ပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ပါသည်။ City Loft၏ လူကြိုက်များသော အချက်မှာ (၂၅)နှစ်အထိ အိမ်ရာချေးငွေ ရယူနိုင်သော ငွေပေးချေမှုပုံစံကြောင့်ဖြစ်ပြီး ၀န်ဆောင်မှုကောင်းများ ထည့်သွင်းရန် စဉ်းစားထားသော ကြောင့်ဖြစ်သည်။ တည်ဆောက်မှု ပထမအဆင့်မှာ ဆောက်လုပ်ဆဲဖြစ်ပါသည်။ Awards Winning Real Estate Developer • 2019 Asia Pacific Golf Summit - Best Course in Myanmar (Pun Hlaing Golf Club)  • 2019 Myanmar National Real Estate Awards - Best Resort Hotel Development (Awei Metta) • 2019 Myanmar National Real Estate Awards - Best Educational Development (Dulwich College)  • 2017 Property Guru Awards - Best Housing Development (Lotus Hill) • 2017 Myanmar Property Awards - Best Landscape Design • 2015 South East Asia Property Awards - Best Developer • 2015 South East Asia Property Awards - Best Landscape Architectural Design • 2015 Myanmar Property Awards - Best Residential Interior Design • 2015 Myanmar Property Awards - Best Condo Development • 2015 Myanmar Property Awards - Best Landscape Architecture Design • 2015 Myanmar Property Awards - Best Housing Development (Lotus Canal View Villas) • 2015 Myanmar Property Awards - Best Housing Development (Lotus Garden) • 2015 Property Guru Awards - Best Developer in Myanmar WWW.YOMALAND.COM
  • 7. WWW.YOMALAND.COM SERGE PUN @ THEIM WAI Executive Chairman TUN TUN Executive Director First Myanmar Investment STEPHEN PURVIS Head of Yoma Land MELVYN PUN CEO and Executive Director JR CHING Chief Financial Officer MEET THE TEAM The Leaders
  • 8. WWW.YOMALAND.COM DANIEL WEST Managing Director of SPA DPS LE LE WIN General Manager of Pun Hlaing Estate JONATHAN HEGARTY General Manager of Pun Hlaing Estate MATTHEW HILL Project Director​ of Pun Hlaing Estate TIN WINN NGE General Manager of Star City NATHAN HARRISON Project Director​ of Star City IAIN FAIRBAIRN Project Director of Yoma Central NWE NWE TUN Project Director of City Loft ASSETS & PROJECTS CORPORATE MEET THE TEAM YAMIN DUTTA Finance Controller PAUL ANSLOW Head of Investment Management AYE AYE MON Senior Manager of Property Affairs KENNETH SEE Managing Counsel