ဒီထဲမှာဆို ၂ မျိုးတွေ့ရတယ်။ ပထမက Trend ကိုလိုက်ပြီး motivation letter, words , Business အစရှိတာတွေ ပြောပြီးတော့ ဒုတိယက စိတ်ခွန်အားနဲ့ ပတ်သက်တဲ့ စာမျိုး၊ လက်တွေ့မှာ တကယ်ဖြစ်ပျက်နေတဲ့ story ကို အခြေခံပြီးပြောတဲ့ စာများကို အများဆုံးဖတ်ပြီး အားပေးကြတယ်။ ဆရာမ မေသင်္ကြန်ဟိန်ရဲ့ မိသားစုနဲ့ပတ်သက်တဲ့စာများ၊ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့စာများကို လူလတ်ပိုင်းများ၊ အမျိုးသမီးအများစုက စိတ်ဝင်စားကြတယ်။ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတချို့ကတော့ business, marketing, digital marketing, motivation အစရှိတဲ့ စာတွေနောက်ကို လိုက်တာ များလာကြတယ်။ စာတွေတင်မဟုတ်ပဲ short videos လေးတွေကိုလည်း လူတွေ စိတ်ဝင်စားလာကြတယ်။