Beauty ကိုလေ့လာကြည့်ရရင် ပိုပြီးခေတ်စားလာတာက ပွဲတက်မိတ်ကပ် တွေ အတွေ့များတယ်။ ပွဲတွေတက်လာကြတာများတော့ မနက်ဆို ဘယ်လိုလိမ်းချယ်မယ်၊ party look ကို ဘယ်လိုလိမ်းမယ် စသဖြင့်။ ထပ်ပြီး အခုနွေရာသီ၊ သင်္ကြန်လည်းရောက်တော့မယ်ဆိုတော့ ပူပြင်းတဲ့ရာသီမှာ လိမ်းသင့်တဲ့ makeup look, သက်ြန်မှာ မိတ်ကပ်ကို ဘယ်လိုလိမ်းသင့်တယ်ဆိုတဲ့ makeup look တွေ တွေ့ရတယ်။ နောက်တစ်ခုက မိတ်ကပ်လိမ်းဖို့ထက် skin care ကို ဦးစားပေးပြီး တင်တဲ့ post တွေလည်း စိတ်ဝင်စားလာကြတယ်။ ဆိုင်မှာ မျက်နှာပေါင်းတင်ဖို့၊ အသားအရည်ကို တကူးတက အချိန်မပေးနိုင်တဲ့သူတွေ အတွက် အိမ်မှာနေပြီး (DIY) ကိုယ်တိုင်လုပ်ဖို့ လွယ်ကူပြီး ရိုးရှင်းတဲ့ ပေါင်းတင်နည်းလေးတွေ လူငယ်အများစု စိတ်ဝင်စားကြတယ်။ Makeup Brand အနေနဲ့ကတော့ အများကြီးရှိကြပေမယ့် လူငယ်တွေကြားမှာ အသုံးများတာကတော့ Mabelline, Loreal, Bella, Hearty Heart စတာတွေ ပိုတွေ့ရတယ်။ Makeup သင်တန်းတွေ ပိုများလာတာတွေ့ရတယ်။