Food အနေနဲ့ ပြောရရင် Night Market, BKK Night Market, Signature Market, တိုင်းရင်းစားရိုးရာညဈေး စသဖြင့် အများအပြားရှိလာကြတာ တွေ့ရတယ်။ ချဉ်ချဉ်စပ်စပ် ပင်လယ်စာထောင်းတွေ၊ အထောင်းမျိုးစုံတွေ အကြိုက်များလာကြတာ တွေ့ရတယ်။ ဟော့ပေါ့၊ မာလာရှမ်းကော၊ ဝက်သားတုတ်ထိုး၊ မုန့်ဟင်းခါး၊ ဒူးရင်းသီး အစရှိတာတွေကတော့ လူတွေ အကြိုက်များပြီး၊ Trend ဖြစ်တဲ့ အစားအစာတွေလို့ ပြောလို့ရတယ်။ နောက်ပိုင်း BBQ ဆိုင်သစ်လေးတွေ များလာတာ တွေ့ရတယ်။ ဈေးလည်း တန်ပြီး အရသာလည်းမဆိုးဘူးဆိုတော့ လူငယ်တွေ အထိုင်များတာပေါ့။