Germany won, Host Brazil people are happy to
သြော် .
ဂျာမဏီဗိုလ်စွဲသွားပြီ
၁၉၉၀ မာရာဒိုနာ
၂၀၁၄ မက်ဆီ
နှစ်ခါစလုံး ဂျာမဏီကို...
WC Head Coach
နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ
ကမ္ဘာ့ဖလား ဘောလုံးဖိုင်နယ်ကို ရောက်ခဲ့ပါပြီ။ ...
WC Head Coach
ဂျာမန်လက်ရွေးစင်မဖြစ် ခဲ့ပါဘူ။ အသက်၃၄နှစ်အရွယ်မှာ ဘောလုံးနည်းပြဖြစ်လာပြီး၊ ကလပ်သင်းပေါင်းများစွာ
အနှစ်၂၀ကြာေ...
WC Head Coach
ဂျာမဏီတသင်းလုံးဟာ နည်းပြချုပ် ဂျိုချင်လို ကွပ်ကဲမှုအောက်မှာ၊ နည်းစနစ်များကိုနာခံပြီး ကစားနေတာ
ထင်ရှားပါတယ်။ ဘ...
WC Head Coach
ပြီးအောင်မတက်ပဲ ကျောင်းထွက်ပြီး ဘောလုံးလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး၊ လူမှုရေးများ၊
လက်ဝဲလူငယ...
WC Head Coach
ဆုကြေးများစွာ ရဦးမှာဖြစ်ပါတယ်။ အာဂျင်တီးနား နည်းပြချုပ် ဆဘယ်လာ အဆင့်၂၂-ဒေါ်လာ၈သိန်းပဲ ဖြစ်ပါတယ်။
လစာအများဆုံ...
WC Head Coach
နိဂုံး
နည်းပြချုပ်အကြောင်းရေးရတာ၊ ဘောလုံးအသင်းမှာ သူကအဓိကကြောင်း၊ အိမ်ထောင်တစ်ခုမှာ ဖခင်ယောင်္ကျားက
အဓိက၊ ကျော...
WC - semi final 2014
ကမ္ဘာ့ဖလား၊ ဆီးမီးရောက်လာတဲ့ အသင်းကြီး(၄)သင်း
ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အချိန်ပို၊ ပင်နယ်တီပွဲတွေနဲ့ ဆီးမ...
WC - semi final 2014
ပထမပွဲ ဆွဒ်ဇာလန်အသင်းကို အချိန်ပိုကျမှ ၁းဝ နဲ့အနိုင်ရခဲ့ပါတယ်။ ဘယ်ဂျီယန်ကိုလဲ ၁းဝ နဲ့ အနိုင်ရခဲ့ပါတယ်...
WC - semi final 2014
ဘယ်လဂျီယန်တို့ဖြစ်ပါတယ်။
ဒုတိယအဆင့်ပွဲများ။ မြန်မာအမြောက်များ နေထိုင်ကြတဲ့ အမေရိကန်အသင်း၊ ဒုတိယအဆင့်မ...
WC - semi final 2014
ပြသနာတွေဖြစ်ရတယ်။ လုပ်ပွဲကစားတယ်၊ လောင်းကစားသမားတွေက ဆင်းရဲတဲ့အာဖရိကကစားသမားတွေနဲ့
လာဘ်ပေးလာဘ်ယူမှုတွေ...
WC - semi final 2014
ဂိုးသွင်းဘုရင်စာရင်း
အားကစားဖြင့် နိုင်ငံခေါင်းဆောင်များရင်းနှီးမှုရယူခြင်း ၂၀၁၂ ဓါတ်ပုံ
Page 5
WC Group finished - 2014
ကမ္ဘာဖလားဘောလုံး၊ အုပ်စုပွဲများ အောင်မြင်စွာပြီးဆုံး
မျှော်လင့်ထားတဲ့အသင်းအများစု ရှုံးထွက်ပွဲကို ၁...
WC Group finished - 2014
ဖြေဖျော်မှုပေးနိုင်ပါတယ်။ နာမည်ကျော် ဘရားဇီး-နေမာ၊ နယ်သာလန်-ပါစီနဲ့ရိုဘင်၂ဦး၊ အာဂျင်တီးနား-မက်ဆီ၊...
WC Group finished - 2014
Page 3
WC Group finished - 2014
အုပ်စု နောက်ဆုံးပွဲ(တတိယပွဲ)များ
အုပ်စုတိုင်းက ပထမ၊ ဒုတိယ ၂သင်း၊ စုစုပေါင်း ၁၆သင်း ရှုံးထွက်ပွဲကို...
WC Group finished - 2014
ဆာရက် (လစ်ဗာပူအသင်း) အီတလီကစားသမားပုခုံးကို သွားနဲ့ပေါက်အောင် ကိုက်လိုက်တဲ့ ပြသနာကြီးတစ်ခု
ဒိုင်လ...
WC Group finished - 2014
ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့ဖလားနိုင်ငံအချို့မှအမျိုးသမီးနိုင်ငံခေါင်းဆောင်များ
မှတ်မှတ်ရရ ဘရာဇီးနိုင...
WC Group finished - 2014
Leisure Time အားလပ်ချိန်၊ငွေအသုံးဆုံးဘောလုံးကစားပွဲ
ကမ္ဘာပေါ်မှာ အားလပ်ချိန်ငွေသုံး၊ဖြုန်းဆုံးကတော့...
WC Group finished - 2014
ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးငွေ ကန်ဒေါ်လာ ၃၅သန်း ရမှာဖြစ်ပါတယ်။ ဒုတိယ ၂၅သန်း၊ တတိယ ၂၂သန်း၊ စတ္တုထ
၂၀သန...
WC Group finished - 2014
အဖွဲ့ချုပ်က ကတိမတည်ဖြစ်တတ်လွန်းလို့ ကစားသမားများက သူတို့ဘဏ်စာရင်းထဲကို ငွေကြိုပြီး
ထည့်ပေးစေချင်ြ...
WC Group finished - 2014
ဒုတိယအဆင့် ပွဲစဉ်များဇယား (ပုံ)
အတိုင်းဆိုရင် ၈သင်းအုပ်စု၂ခုမှာ ၊ အများစုက မှန်းထားတဲ့အသင်းတွေ ဖြ...
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Wc.germany.2014.articles
Upcoming SlideShare
Loading in …5
×

Wc.germany.2014.articles

250 views

Published on

World Cup Football 2014 in Brazil, Myanmar

Published in: Sports
0 Comments
0 Likes
Statistics
Notes
  • Be the first to comment

  • Be the first to like this

No Downloads
Views
Total views
250
On SlideShare
0
From Embeds
0
Number of Embeds
1
Actions
Shares
0
Downloads
1
Comments
0
Likes
0
Embeds 0
No embeds

No notes for slide

Wc.germany.2014.articles

  1. 1. Germany won, Host Brazil people are happy to သြော် . ဂျာမဏီဗိုလ်စွဲသွားပြီ ၁၉၉၀ မာရာဒိုနာ ၂၀၁၄ မက်ဆီ နှစ်ခါစလုံး ဂျာမဏီကိုရှုံး နှစ်ခါစလုံး ၀း၁ နဲ့ရှုံး ဝမ်းနည်းမဆုံး အိမ်ရှင်ဘရားဇီး နှစ်သိမ့်စရာပေါ့..။ 1986 Argentina won 3:2 Germany, 1990 final Germany won by 1-0 with late penalty, 2014 lose by extra time 1 goal. Page 1
  2. 2. WC Head Coach နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ ကမ္ဘာ့ဖလား ဘောလုံးဖိုင်နယ်ကို ရောက်ခဲ့ပါပြီ။ အသင်းနည်းပြချုပ် ခေါင်းဆောင်အလွန်အရေးကြီးပါတယ်။ ဂျာမဏီနဲ့အာဂျင်တီးနား နှစ်သင်းရဲ့၊ နည်းပြချုပ်နှစ်ယောက် အားပြိုင်ခြင်းလို့ ပြောနိုင်ပါတယ်။ ဂျာမဏီကတော့ ဘရားဇီးအသင်းကို ၇း၁ နဲ့ အပြတ်သတ်အနိုင်ယူထားလို့ စိတ်ဓါတ်အင်အား၊ လူအင်အား အားကောင်းနေချိန်ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ဂျာမဏီလောက် အားမကောင်းပေမဲ့၊ အစဉ်အလာရှိတဲ့ အသင်းဖြစ်ပါတယ်။ အခု ဒီဆောင်းပါးမှာမှာတော့ ဘောလုံးသမားများ၊ နည်းဗျူဟာ၊ ကစားသမား အသွင်း/အထုတ်များ ရေးရင်၊ အများကြီးပါ။ အကျဉ်းရေးရရင် နှစ်သင်းစလုံး ဂိုးသွင်းမခံရရေးကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ စိတ်ဓါတ်အားနည်းပုံရတဲ့ ဘရားဇီးအသင်း စောစောတစ်ဂိုးအသွင်းခံရပြီး၊ ပြန်ချေပလိုအားနဲ့ကစားရာမှာ၊ ခံစစ်ပေါက်ထွက်ကုန်ပြီး ၇ဂိုးတောင် သွင်းခံလိုက်ရပါတယ်။ အာဂျင်တီးနားအသင်း ဘရာဇီးလို မဖြစ်နိုင်ပါဘူး။ မက်ဆီ၊ ဂျာမဏီက သောမတ်စ်မူလာ၊ ကလို့စ် တို့လဲ ဒီပွဲမှာဂိုးများသွင်းဖို့ အရမ်း ကြိုးစားမှာမဟုတ်ပါ။ နည်းပြချုပ် စေခိုင်းတဲ့အတိုင်း တသွေမတိမ်း ခံစစ်လုံအောင် ကြိုးစားကစားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင် အသင်းအုပ်ချုပ်သူများ၊ ဆရာဝန်၊ အနှိပ်သည်ကအစ၊ ထမင်းချက်၊ သန့်ရှင်းရေးသမားအဆုံး အိပ်မက်ထဲမှာတောင် ကမ္ဘာ့ဖလားကြီးရရှိပြီး အလွန်ပျော်နေတဲ့အိပ်မက်မျိုးပဲ ဖြစ်အောင်၊ အသင်းအုပ်ချုပ်သူများက အားပေး၊လုပ်ဆောင် စိတ်ဓါတ်မြှင့်တင် ထားကြမှာပါ။ ဒါကြောင့် အသင်းတစ်ခုလုံးအုပ်ချုပ်နေတဲ့ နည်းပြချုပ် နှစ်ဦးအကြောင်း လက်ရှိနဲ့သူတို့ နည်းပြဘဝကို အနည်းငယ်လေ့လာပါမယ်။ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်အောင်၊ ခက်ခဲစွာကြိုးစားလာခဲ့ရလို၊ အနစ်နာများစွာ ခံခဲ့ရပါတယ်။ ဂျာမဏီနည်းပြချုပ် ဂျိုချင်လို Joachim Low ကမ္ဘာ့ဖလား ၂၀၀၆ မှာ လက်ထောက်နည်းပြချုပ်၊ ၂၀၁၀၊ ၂၀၁၄ (၂)ကြိမ်ကို နည်းပြချုပ်အဖြစ် အုပ်ချုပ်သူ ဖြစ်ပါတယ်။ အသက်၅၄နှစ်အရွယ်၊ ဂျာမဏီလူမျိုးဖြစ်ပါတယ်။ ငယ်စဉ်က ဂျာမန် U21 လက်ရွေးစဉ်အဖြစ် ၄ပွဲကစားခဲ့ပါတယ်။ ဂျာမန်ဒုတိယတန်းအဆင့် ကလပ်များမှာ အလယ်တန်းလူအဖြစ် ကစားခဲ့ပြီး၊ Page 1
  3. 3. WC Head Coach ဂျာမန်လက်ရွေးစင်မဖြစ် ခဲ့ပါဘူ။ အသက်၃၄နှစ်အရွယ်မှာ ဘောလုံးနည်းပြဖြစ်လာပြီး၊ ကလပ်သင်းပေါင်းများစွာ အနှစ်၂၀ကြာအောင် နည်းပြချုပ်လုပ်ခဲ့ပါတယ်။ ယခု - ကမ္ဘာ့ဖလားအုပ်စုပြိုင်ဖက် အမေရိကန်အသင်း နည်းပြချုပ် ကလင်စမန်၊ ၂၀၀၄မှာ ဂျာမဏီအသင်းရဲ့ နည်းပြချုပ် ဘဝတုန်းက ဂျိုချင်လို ကို သူ့ရဲ့လက်ထောက်နည်းပြဆရာအဖြစ်ရွေးချယ်ခဲ့ပါတယ်။ နာမည်မရှိတဲ့ လူတစ်ယောက်ကို ကလင်စမန်က လက်ထောက်အဖြစ် ရွေးချယ်ခြင်းအကြောင်းက အလွန်တော်တဲ့ နောက်ခံကစားကွက်များကို သူမှာရှိတယ်လို့ ကလင်စမန်က ပြောပါတယ်။ ဂျာမဏီနိုင်ငံအိမ်ရှင်ဖြစ်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကလင်စမန်နဲ့ဂျိုချင်လို နှစ်ဦးပေါင်းပြီး နည်းစနစ်အသစ်များနဲ့ အနိုင်ပွဲများစွာ အစွမ်းပြခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ အီတလီအသင်းကို ၀း၂ နဲ့ ရှုံးပြီး၊ တတိယလုပွဲမှာ ပေါ်တူဂီကို အနိုင်ရခဲ့ပါတယ်။ နောက် ၂နှစ် အကြာ Euro 2006 ပွဲမှာ ဂျာမဏီအသင်း အုပ်စုကထွက်ရပြီး၊ ကလင်စမန် နည်းပြချုပ်ဆက်မလုပ် လိုတော့တဲ့အတွက်၊ ဂျိုချင်လို နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ ၂၀၀၈ Euro 2008 မှာ နည်းပြချုပ်ရာထူးအပြည့်ဝနဲ့ ဂျာမဏီအနိုင်ရဗိုလ်စွဲဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်လာခဲ့ပေမဲ့ ခြေစွမ်းတက်လာတဲ့ စပိန်အသင်းကို ၀း၁ တစ်ဂိုးနဲ့ကပ်ရှုံးပြီး ဒုတိယပဲ ရခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာတော့ လူငယ်ဘောလုံးသမားများစွာကို ဂျိုချင်လို ပွဲထုတ်ခဲ့ပါတယ်။ ကွားတာဖိုင်နယ်မှာ အာဂျင်တီးနားကို ၂၀၀၆ကတည်းက ဂျာမဏီအသင်း နည်းပြချုပ်အဖြစ် ၈နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ ဇနီး၊ မိသားစုဟာ ဂျာမန်မြို့လေးတစ်ခုမှာ သိုသိပ်စွာနေထိုင်ပါတယ်။ အခမ်းနားတွေမှာ မတွေ့ရသလို ကိုယ်ရေးကိစ္စတွေလဲ မဖော်ထုတ်ပါဘူး။ ဘောလုံးအနိုင်ကစားဖို့ ၂၀၁၄ ကမ္ဘာ့ဖလားရဖို့ပဲ စည်းကမ်းကြီးစွာနဲ့ အသင်းကိုအုပ်ချုပ်ပါတယ်။ "Mr. Nice Guy" လို့ အမည်ပေးခံရပေမဲ့ Euro2008 ပွဲအုပ်ချုပ်သူများကို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုတဲ့အတွက်၊ ဘောလုံးတပွဲ ကွင်းပိတ်ပင်ခံရပါတယ်။ ဒါကြောင့် ကွားတားဖိုငနယ် ဂျာမန်အသင်း ပေါ်တူဂီကို အနိုင်ရတဲ့ပွဲ မှန်လုံအိမ်ထဲမှ ကြည့်ခဲ့ရပါတယ်။ သူအသင်းကက်ပတိန် Michael Ballack နဲ့ အကြီးကျယ်၊ အချေတင်စကားပြောခဲ့ပြီး နောက်ဆုံး ကက်ပတိန်က ဝန်ချတောင်းပန်ရပါတယ်။ နာမည်ကျော်တိုက်စစ်မှုး Kevin Kuranyi အထင်မှား၊ဒေါသထွက်လို့၊ ပထမပိုင်းအပြီး ဒုတိယပိုင်း ပြန်လာမကစားတာကြောင့် သူ့ကိုနောက်ပွဲတွေ လုံးဝမသုံးတော့ပါဘူး။ ဖြစ်လေ့ရှိပါတယ်။ ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့လဲ ကမ္ဘာ့ဖလားပွဲမတိုင်မီ ဆက်ဆံရေးမပြေမလည်ဖြစ်ပေမဲ့ အဖွဲချုပ်ဥက္ကဌက " အားလုံးအချိန်မရွေးလူစားလဲနိုင်တယ်။ ဒါပေမဲ့ ဂျိုချင်လို ကိုတော့ ကမ္ဘာ့ဖလားပြီးတဲ့အထိ လူစားလဲလို့မရဘူး.." လို့ပြောပြီး ကာကွယ်ပေးထားပါတယ်။ စည်းကမ်းကြီးပြီး၊ ဘောလုံးပဲ တစိုက်မတ်မတ် အုပ်ချုပ်တဲ့ ဂျာမန်အသင်း မန်နေဂျာဖြစ်ပါတယ်။ လူရွေးချယ်မှုမှာ ဘေယန်မြူးနစ် Bayern Munich အသင်းက ၇ယောက်ပါဝင်ပါတယ်။ ဒေါမန့် Borussia Dortmund အသင်းက ၄ယောက်ရွေးခံရပါတယ်။ ဒါကြောင့် ဘေယံမြူးနစ်အများစု ဂျာမဏီအသင်းဖြစ်ပါတယ်။ ၂၀၁၄ ဂျာမန်အသင်း၊ အုပ်စုပွဲစဉ်များကတည်းက ခံစစ်လုံးစွာနဲ့ကစားပြီး၊ ထိုက်တန်စွာ ဗိုလ်လုပွဲကို တက်လာခဲ့ပါတယ်။ မမျှောလင့်ပဲ ဘရားဇီးကို ၇ဂိုးသွင်းနိုင်တာ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်လောက်အောင် အလွန်ကစားကွက်ကောင်းလှပါတယ်။ ဂျာမဏီဟာ အာဖရိကအသင်းများနဲ့ ခက်ခဲစွာကစားခဲ့ရပါတယ်။ အုပ်စုပွဲမှာ ဂါနာကို ၂း၂ သရေ၊ ဒုတိယအဆင့်မှာ အယ်ဂျီးယားကို အချိန်ပိုကစားပြီးမှ ၂း၁ နိုင်ခဲ့ပါတယ်။ အသင်းစိတ်ဓါတ်ကတော့ ပွဲပြီးသည်အထိ အစွမ်းကုန်၊ မီးကုန်ရမ်းကုန် ကစားပြီး၊ အုပ်ချုပ်သူနည်းပြချုပ်ရဲ့ အမိန့်နာခံမှုကောင်းပါတယ်။ Page 2
  4. 4. WC Head Coach ဂျာမဏီတသင်းလုံးဟာ နည်းပြချုပ် ဂျိုချင်လို ကွပ်ကဲမှုအောက်မှာ၊ နည်းစနစ်များကိုနာခံပြီး ကစားနေတာ ထင်ရှားပါတယ်။ ဘရားဇီးနဲ့ပွဲတွေမှာ ဂျာမန်အသင်းလိုက်၊ ဘရားဇီးဂိုးရှေ့မှာ ကိုယ်ရကိုယ်သွင်း၊ ဂိုးမသွင်းပဲ သေချာတဲ့လူကို ထိုးပေးပြီး အပေးအယူများဟာ အသင်းလိုက်ညီညွတ်မှုကို ပြသခဲ့ပါတယ်။ (Nesha Starcevic, AP Sports Writer) အာဂျင်တီးနားနည်းပြချုပ် ဆာဘယ်လာ Alejandro Sabella ရှေ့တန်းကစားသမားအဖြစ် ၁၉၇၄မှာ အာဂျင်တီးနား ရေးဘာဘလိတ် နဲ့စတင်ပြီး၊ အင်္ဂလိပ် ရှဖီးယူနိုက်တက်၊ လိယူနိုက်တက်များမှာလဲ ကစားခဲ့ပါတယ်။ နောက်ပိုင်း အာဂျင်တီးနားကလပ်အသင်းတွေမှာ ပြန်လာခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အဖြစ် တစ်နှစ် (၈ပွဲ) ကစားခဲ့ဖူးပါတယ်။ ကစားသမားဘဝက အနားယူပြီး၊ နည်းပြဖြစ်လာတဲ့အချိန် အာဂျင်တီနား နည်းပြချုပ် Daniel Passarella ရဲ့လက်အောက်မှာပဲ လက်ထောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်၊ အတွေ့ကြုံယူခဲ့ပါတယ်။ သူတို့နှစ်ယောက်အတွဲဟာ အာဂျင်တီးနားနိုင်ငံအသင်း၊ အီတလီ ပါမားအသင်း၊ ဥရုဂွေးနိုင်ငံအသင်း၊ မက်စီကို မွန်တီရေးအသင်း၊ ဘရားဇီး ကောရိန္တုအသင်းများကို အုပ်ချုပ်ခဲ့ပြီး၊ ၂၀၀၆မှာ အာဂျင်တီးနား-ရေဗားပလိတ်အသင်းကို ပြန်ရောက်လာပါတယ်။ ၂၀၁၁ အာဂျင်တီးနားအသင်း ကိုပါအမေရိကားပြိုင်ပွဲမှ ရှုံးနိုမ့်ထွက်ခွာပြီး၊ ဆဘဲလာကို အာဂျင်တီးနားနိုင်ငံအသင်း နည်းပြချုပ်အဖြစ် ခန့်ထားခံရပါတယ်။ ၂၀၁၄ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၈သင်းပတ်လည် တစ်ပွဲမှမရှုံးပဲ၊ အုပ်စုဗိုလ်အဖြစ် အောင်မြင်ခဲ့ပါတယ်။ ယခုကမ္ဘာ့ဖလားပွဲမှာလဲ ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ပါတယ်။ နည်းပြချုပ်အဖြစ် တာဝန်စချိန် ၂၀၁၁ ကတည်းက နာမည်ကျော်တိုက်စစ်မှုး Carlos Tevez ကို ခေါ်မသုံးတော့ပါဘူး။ ကလပ်အသင်းက ငွေကြေးဦးစားပေးပေမဲ့၊ နိုင်ငံအသင်းက ဂုဏ်သိက္ခာကို ပိုအလေးပေးပါတယ်။ Carlos Tevez ဟာ အလွန်တော်တဲ့ တိုက်စစ်မှုးဖြစ်ပြီး၊ မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ် စတဲ့ အင်္ဂလိပ်၊အီတလီ ကလပ်သင်းကြီးတွေမှာ ခြေစွမ်းပြ၊ ဂိုးများသွင်းနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအုပ်ချုပ်သူများနဲ့ ပြသနာဖြစ်လေ့ရှိတတ်ပါတယ်။ အသင်းညီညွတ်မှုကို ထိခိုက်နိုင် မခေါ်တာလို့ယူဆကြပါတယ်။ လူတွေကတော့ ဘောလုံးသမားကောင်းကို မခေါ်ခြင်းအတွက် ဆာဘယ်လာ ကို ပြစ်တင်ဝေဖန်ကြပါတယ်။ အသင်းကက်ပတိန်အဖြစ် မက်ဆီကို ရွေးချယ်ထားပါတယ်။ ကလပ်သင်းစုံလင်ပါတယ်။ အင်နာနေရှင်နယ် ၃ဦး၊ မန်စီးတီး ၃ဦး၊ နာပိုလီ ၃ဦး၊ ဘာစီလိုနာ ၂ဦး၊ ဘိုကာဂျူနီယာ ၂ဦး စသဖြင့် အီတလီအခြေပြု ဘောလုံးသမား ၇ဦးနဲ့ ရွေးချယ်ခဲ့ပါတယ်။ ဘောလုံးသမားများ ပြောစကား၊ အုပ်ချုပ်သူများပြောစကားကို အမြဲဂရုတစိုက်နားထောင်တတ်သူဖြစ်လို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်မချနိုင်ဘူးလို့..အပြောခံရပါတယ်။ လက်တွေ့တော့ သူ့ဘောလုံးသမားအားလုံး သူ့စကားကို နားထောင်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ဒုတိယအဆင့်ပွဲတွေမှာ အသင်းကပ္ပတိန်ဖြစ်တဲ့ တိုက်စစ်မှုး မက်ဆီ်၊ သူကစားနေကျ ရှေ့တန်းနေရာမနေရပဲ တကွင်းလုံးပြေးလွှားကစားရခြင်းဟာ ဆာဘယ်လာရဲ့ နည်းဗျူဟာဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးသင်းဟာ ဆာဘယ်လာ အုပ်ချုပ်မှုအောက်မှာ နာခံမှုနဲ့ ကစားနေပါတယ်။ ဆာဘယ်လာ ဘဝဟာ ပွင့်လင်းစွာပဲနေထိုင်သူဖြစ်ပါတယ်။ ငယ်စဉ်က ဗျုနိုအေရိမြို့တော် ချမ်းသာကြွယ်ဝတဲ့ဖခင်နဲ့ ပညာတတ်အသိုင်းဝိုင်းမှာ ကြီးပြင်းလာခဲ့ပါတယ်။ ဗျူနိုအေရီတက္ကသိုလ်မှာ ဥပဒေပညာသင်ကြားခဲ့ပါတယ်။ Page 3
  5. 5. WC Head Coach ပြီးအောင်မတက်ပဲ ကျောင်းထွက်ပြီး ဘောလုံးလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး၊ လူမှုရေးများ၊ လက်ဝဲလူငယ်အဖွဲ့စည်းနဲ့ ဆင်းရဲသားများအရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုနည်းပါးတဲ့ လူအဖွဲ့အစည်းကို စိတ်ဝင်စားပါတယ်။ ဆာဘယ်လာက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးရင် မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ နည်းပြချုပ်ရာထူး ဆက်မလုပ်တော့ဘူး အတည်ပြုပြောကြားခဲ့ပါတယ်။ (Neil Clack - independent.co.uk) ဗိုလ်လုပွဲတက်လာခဲ့တဲ့ ဘောပွဲရလဒ်များ ဗိုလ်လုမဲ့အသင်း၂သင်း၊ အုပ်စုပွဲ၊ ဒုတိယအဆင့်ပွဲများကို အနိုင်ကစားခဲ့တဲ့ ရလဒ်များကို အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားစရာကတော့ အာဖရိကအသင်း နိုင်ဂျီးရီးယားနဲ့ ဂါနာ တို့က ၂ဂိုးပြန်သွင်းနိုင်ခြင်းပါ။ အာဂျင်တီးနားနဲ့ဂျာမဏီ နှစ်သင်းစလုံး ဂိုးသွင်းခံရမှု နည်းတဲ့အတွက် ခံစစ်ဦးစားပေး ကစားမှာပါ။ လစာငွေနှင့်ဆုကြေး နည်းပြချုပ်များရဲ့ လစာငွေလည်း အရမ်းများလာပါတယ်။ Fobes Magazine ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၃၂သင်းရဲ့ လစာအချက်အလက်များ ဖော်ပြထားပါတယ်။ ရုရှားအသင်း နည်းပြချုပ်က တစ်နှစ် ကန်ဒေါ်လာ ၁၁သန်း၂သိန်း နဲ့ ပထမအဆင့်ကို အပြတ် နေရာယူထားပြီး၊ အင်္ဂလန်၊ အီတလီအသင်း နည်းပြချုပ်များက ဒေါ်လ ၅.၈သန်း၊ ၄.၃သန်းနဲ့ ဒုတိယ၊ တတိယ အများဆုံး လစာငွေရရှိပါတယ်။ ဆုကြေးများက သီးသန့်ပေးရပါတယ်။ အဲဒီ ငွေအများဆုံးရတဲ့ ရုရှား၊ အင်္ဂလန်၊ အီတလီ အသင်းတွေ အုပ်စုပွဲမှာပဲ ရှုံးပြီးထွက်သွားရပါတယ်။ ဘရားဇီးနဲ့ဂျာမဏီ မန်နေဂျာတွေလည်း လစာအများကြီးရကြပါတယ်။ အဆင့်၎-ဘရာဇီးနည်းပြချုပ် (ဒေါ်လာ ၃.၉သန်း)၊ အဆင့်၆-ဂျာမဏီနည်းပြချုပ် (ဒေါ်လာ ၃.၆သန်း) တို့ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံများလို့သတ်မှတ်ထားတဲ့ ဥရောပ၊ ဘော့စနီးယား၊ ခရိုရီးရှား၊ အလယ်ပိုင်းအမေရိကနိုင်ငံများနဲ့ အာဖရိကနိုင်ငံများရဲ့ နည်းပြချုပ်များကတော့ ဒေါ်လာ၂သိန်းကနေ ၅သိန်းအကြားပဲ လစာရရှိပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အနိုင်ရရှိတဲ့အသင်းကို ဒေါ်လာ၃၅သန်း၊ ဒုတိယဆု ဒေါ်လာ၂၅သန်း ဆုကြေးရမယ်ဖြစ်တဲ့အတွက် နည်းပြချုပ်အုပ်ချုပ်သူများကလဲ Page 4
  6. 6. WC Head Coach ဆုကြေးများစွာ ရဦးမှာဖြစ်ပါတယ်။ အာဂျင်တီးနား နည်းပြချုပ် ဆဘယ်လာ အဆင့်၂၂-ဒေါ်လာ၈သိန်းပဲ ဖြစ်ပါတယ်။ လစာအများဆုံးရတဲ့ နည်းပြချုပ်၁၀ဦးစာရင်း... 1. Fabio Capello, Russia — $11,235,210 2. Roy Hodgson, England — $5,874,570 3. Cesare Prandelli, Italy — $4,322,010 4. Luiz Felipe Scolari, Brazil — $3,973,730 (ဘရာဇီး) 5. Ottmar Hitzfeld, Switzerland — $3,745,130 6. Joachim Löw, Germany — $3,602,460 (ဂျာမဏီ) 7. Vicente del Bosque, Spain — $3,386,270 8. Louis van Gaal, Netherlands — $2,738,060 9. Alberto Zaccheroni, Japan — $2,727,480 10. Jurgen Klinsmann, United States — $2,621,740 ကမ္ဘာ့ဖလားနည်းပြချုပ်များနှင့်မြန်မာနိုင်ငံ အကောင်းဆုံးဘောလုံးသင်း နည်းပြချုပ်ကို ဗိုလ်စွဲတဲ့အသင်းကိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ အခုချိန်ထိ တစ်ပွဲမှမရှုံးပဲ ပင်နယ်တီနဲ့ထွက်သွားရတဲ့ နယ်သာလန်(ဗန်ဂေါလ်) နဲ့ကိုစတာရီကာ(ဂျော့လူးဝစ်ပင်တို)၊ ပြီးတော့ အိမ်ရှင်ဘရာဇီး (စကိုလာရီ) စတဲ့ အသင်းနည်းပြချုပ်များကို ထိပ်တန်း စာရင်းသွင်းရမှာဖြစ်ပါတယ်။ နည်းပြချုပ်ဗန်ဂေါလ်ရဲ့ နယ်သာလန်အသင်း တတိယလုပွဲမှာ စိကုလာရီ ရဲ့ ဘရာဇီးအသင်းကို ၃းဝ နဲ့နိုင်သွားပါတယ်။ အိမ်ရှင်ဘရားဇီးစိတ်ဓါတ်ကို စကိုလာရီ ဆက်မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ မြန်မာဘောလုံးအသင်းမန်နေဂျာ(နည်းပြချုပ်) နိုင်ငံခြားသားတွေကို ခန့်ထားရင် အများအားဖြင့် ဂျာမန်၊ ယူဂိုဆလားဗီးယား(ဆားဗီးယား) နည်းပြများ ဖြစ်လေ့ရှိပါတယ်။ မြန်မာတွေ ဂျာမန်ကို တော်တော်ကြိုက်ပါတယ်။ ၁၉၉၃ အရှေ့တောင်အာရှ ဗိုလ်လုပွဲတက်တုန်းက ဂျာမန်နည်းပြ ဂါးဘလောက် ဆိုသူကို အလွန်အမှတ်ရပါတယ်။ တစ်ဦးချင်း ခြေစွမ်းမရှိပေမဲ့ အသင်းလိုက်၊ သက်လုံအားကို သုံးပြီး၊ ဗိုလ်လုပွဲရောက်ခဲ့တယ်။ ထိုင်းနိုင်ငံကို အချိန်ပိုမှာ ၃း၎ နဲ့ ရှုံးပြီး ဒုတိယရခဲ့ပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့အတွက် မြန်မာပရိတ်သတ်များစွာ လာအားပေးရင်း ဂျာမန်ကြီး ဂါးဘလောက် ထပြိး၊ အော်ဟစ်နေတာကို အလွန်အားရခဲ့ပါတယ်။ အရှေ့တောင်အာရှ မြန်မာနောက်ဆုံး ဗိုလ်စွဲခဲ့တာက ၁၉၇၃ ဖြစ်ပါတယ်။ နှစ်၄၀အကြာ မြန်မာပြည်မှာလုပ်တဲ့ ၂၀၁၃ အရှေ့တောင်အာရှအားကစားပွဲမှာ ဘောလုံးဗိုလ်စွဲမယ်မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စုတောင်မတက်နိုင်ဖြစ်ရပါတယ်။ တောင်ကိုးရီးယားဘောလုံးအဖွဲ့ချုပ်က အကူညီပေးတဲ့၊ အခပေးစရာမလိုတဲ့ တောင်ကိုးရီးယားနည်းပြချုပ် ပတ်ဆောင်ဟွာ Park_Sung-wha - အမှတ်ရမိပါတယ်။ မြန်မာအသင်းညံ့လို့ အရှေ့တောင်အာရှ ဘောလုံးပွဲ အုပ်စုမှာပဲ ရှုံးပြီး၊ ထွက်ခဲ့ရပါတယ်။ အားလုံးကည်းပြချုပ်ကို ဝိုင်းဝန်အပြစ်တင်ပြီး ချက်ချင်းရာထူးက ထုတ်ခံရပါတယ်။ သူခမြာ မြန်မာပြည်က အပြေးလေးထွက်ခွာသွားရ ရှာပါတယ်။ ပတ်ဆောင်ဟွာ နေရာကို ယခင်စင်ကာပူအသင်း အောင်မြင်မှုရစေခဲ့တဲ့ အဗရာမိုဗစ်ခ်ျ Avramovi ကိုပဲ နည်းပြချုပ်အဖြစ် ခန့်ထားပါတယ်။ Page 5
  7. 7. WC Head Coach နိဂုံး နည်းပြချုပ်အကြောင်းရေးရတာ၊ ဘောလုံးအသင်းမှာ သူကအဓိကကြောင်း၊ အိမ်ထောင်တစ်ခုမှာ ဖခင်ယောင်္ကျားက အဓိက၊ ကျောင်းမှာ ကျောင်းအုပ်ကြီး၊ နိုင်ငံတော်မှာ အကြီးအကဲအဓိက ဖြစ်ကြောင်း တင်ပြလိုခြင်းပါ။ လာမဲ့ဗိုလ်လုပွဲမှာတော့ တင်းကျပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ ဂျာမဏီ ဂျိုချီလို နဲ့ လွတ်လပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ အာဂျင်တီးနား ဆာဘယ်လာ တို့ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရုံးရည်(ခြေစွမ်း) နဲ့ နှလုံးရည် (နည်းပညာ) ပြိုင်ပွဲဖြစ်ပါတယ်။ သေချာတာကတော့ ကမ္ဘာ့ဖလား ၃၂သင်းစလုံးရဲ့ အုပ်ချုပ်သူ နည်းပြချုပ်အားလုံးဟာ ထူးချွန်တဲ့၊ လူတော်လူကောင်းများ ဖြစ်ပါတယ်။ ညစ်ပတ်ကစားဖို့ အားပေးတဲ့အုပ်ချုပ်သူ ရှိကောင်းရှိနိုင်ပေမဲ့၊ အခုအသင်း အုပ်ချုပ်သူတွေဟာ နာမည်ကောင်းရှိသူများဖြစ်ပါတယ်။ ဂျာမဏီ-အာဂျင်တီးနား မကြာခဏ ကမ္ဘာ့ဖလားပွဲမှာ တွေ့ဆုံကြဖူးပါတယ်။ ၂၀၀၆ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဂျာမဏီနိုင်ပါတယ်။ ၂၀၁၀ကမ္ဘာ့ဖလား ကွားတားဖိုင်နယ်မှလဲ ဂျာမဏီ နိုင်ပြန်ပါတယ်။ မက္ကဆီကို ၁၉၉၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမဏီ ၁းဝ နိုင်ပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနှစ် ၂၀၁၄ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာလဲ နိုင်ဦးမှာပဲ ပြောကြတယ်။ အာဂျင်တီးနားရဲ့ ဘောလုံးမျက်လှည့်ဆရာ မက်ဆီ ကိုပဲ တကိုယ်တော် အစွမ်းပြခိုင်းပြီး အနိုင်ယူမလား လို့မျှော်လင့်သူများစွာ ရှိပါတယ်။ တကယ်ကစားမဲ့အချိန်မှာတော့ နှစ်သင်းရဲ့ စိတ်ဓါတ်တွေကို နည်းပြချုပ်နှစ်ဦးက ဘယ်လိုဦးဆောင်သွားမလဲဆိုတာ စောင့်ကြည့်ကြပါစို့။ မောင်သာမန် Page 6
  8. 8. WC - semi final 2014 ကမ္ဘာ့ဖလား၊ ဆီးမီးရောက်လာတဲ့ အသင်းကြီး(၄)သင်း ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အချိန်ပို၊ ပင်နယ်တီပွဲတွေနဲ့ ဆီးမီးဖိုင်နယ်ကိုရောက်လာပါပြီ။ အသင်းကြီး၎ခုပဲ ဘရားဇီး၊ ဂျာမဏီ နဲ့ အာဂျင်တီးနာ၊ နယ်သလန် တို့ပဲခန့်မှန်းထားတဲ့အတိုင်း တက်လာခဲ့တယ်။ ခက်ခဲစွာ အနိုင်ယူခဲ့ရပါတယ်။ အချိန်ပိုမိနစ်၃၀ နဲ့ ပင်နယ်တီ၅လုံးကန်ပြီး ဆုံးဖြတ်ရတာတွေ အများကြီးဖြစ်လာပါတယ်။ ဘရားဇီး။ ဗိုလ်စွဲဖို့မှန်းထားတဲ့ အိမ်ရှင်ဘရာဇိး ကံကြမ္မာကြောင့်ပဲ ပထမပွဲမှာ ချီလီအသင်းကို ပင်နယ်တီကန်ပြီး သဲထိတ်ရင်ဖိုနဲ့ နိုင်ခဲ့ပါတယ်။ ၁း၁ အချိန်ပိုအထိ သရေကျနေလို့၊ ပင်နယ်တီကန်တော့လဲ ဂိုးသမားဖမ်းပြတာတွေ၊ ဘောလုံးချော်သွားတာတွေနဲ့ နောက်ဆုံးတော့ ကံကောင်းတဲ့ဘရားဇီး အနိုင်ရသွားလို့ သက်ပြင်းချကြပါတယ်။ နောက်တစ်ပွဲလဲ အသင်းကောင်း ကိုလံဘီယာကို အကြိတ်အနယ်ကစားပြီး၊ ၂း၁ နဲ့အနိုင်ရခဲ့ပါတယ်။ ၂ပွဲစလုံး တောင်အမေရိကအသင်းတွေနဲ့ပဲ အကြိတ်အနယ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ဥရောပအသင်း၊ ဂျာမဏီနဲ့ ကစားရပါမယ်။ သတင်းဆိုးကတော့ တိုက်စစ်မှုး နေမာ နောက်ဆုံးပွဲမှာ ထိခိုက်ဒဏ်ရာရသွားပြီး၊ ထမ်းထုတ်ခံရပါတယ်။ အရိုးကျိုးသွားလို့ နောက်ပွဲအားလုံးမကစားနိုင်တော့ပါဘူး။ နေမာလည်း ရှုံးထွက်၂ပွဲစလုံး ဂိုးမသွင်းနိုင်တော့ပါဘူး။ နေမာမပါတဲ့ ဘရားဇီးအသင်း၊ အားလျှော့စရာဖြစ်သွားပါတယ်။ ဂျာမဏီ။ အာဖရိကအသင်း၊ အယ်ဂျီးယားကို မိနစ်၉၀မှာ ဂိုးမရှိသရေကျနေပြီး၊ အချိန်ပိုမိနစ်၃၀ကျမှ ၂း၁ နဲ့အနိုင်ရရှိသွားပါတယ်။ နောက်တစ်ပွဲမှာ ဥရောပပြိုင်ဖက် ပြင်သစ်အသင်းကို ၁းဝ နဲ့ အနိုင်ယူပြီး၊ ဆီးမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ ခြေစွမ်းပြနိုင်ပြီး၊ အစွမ်းထက်တဲ့ ဘောလုံးသမားများ၊ အသင်းလိုက်ညီညွတ်မှုများနဲ့ ဗိုလ်စွဲဖို့ အလာလာ ကောင်းနေပါတယ်။ ဆီးမီးဖိုင်နယ်မှာ အိမ်ရှင်ဘရားဇီးနဲ့ ကန်ရပါမယ်။ အာဂျင်တီးနား။ ဥရောပအသင်းကြီးတွေ ဆွဒ်ဇာလန်နဲ့ ဘယ်ဂျီယန်တို့ကို အနိုင်ယူပြီး ခက်ခဲစွာကစားခဲ့ရပါတယ်။ Page 1
  9. 9. WC - semi final 2014 ပထမပွဲ ဆွဒ်ဇာလန်အသင်းကို အချိန်ပိုကျမှ ၁းဝ နဲ့အနိုင်ရခဲ့ပါတယ်။ ဘယ်ဂျီယန်ကိုလဲ ၁းဝ နဲ့ အနိုင်ရခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ ဂိုးဆက်မသွင်းတော့ပါဘူး။ ကွင်းလယ်ထိ ဆင်းပြီး၊ အသင်းကိုဦးဆောင်ကစားနေလို့ နာမည်ကျော် မာရာဒိုနာခေတ်က အာဂျင်တီးနားအသင်းလို ဖြစ်နေပါတယ်။ မက်ဆီကို အားကိုးသလောက် အစွမ်းပြနိုင်ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ပြိုင်ဖက်ဟောင်း၊ နယ်သာလန်နဲ့ ကစားရပါမယ်။ နယ်သာလန်။ တခြားအသင်းကြီး သုံးသင်းကတော့ အကြိမ်များစွာ ဗိုလ်စွဲကြပါတယ်။ နယ်သာလန်အသင်းကတော့ ကမ္ဘာ့ဖလား အစဉ်လာကြီးခဲ့ပြီး၊ ဗိုလ်လုပွဲအထိ ၂ကြိမ်ရောက်ခဲ့ပေမဲ့၊ တစ်ခါမှ ဗိုလ်မစွဲဖူးပါဘူး။ ပထမပွဲမှာ မက္ကဆီကိုအသင်းကို ၂း၁ နဲ့ အကြိတ်အနယ်ကစားရပါတယ်။ ဒုတိယပွဲမှာတော့ ပိုပြီးအကြိတ်အနယ်ကစားရင်း ကိုစတာရီကာအသင်းကို ၀းဝ သရေကျနေလို့၊ ပင်နယ်တီအဆုံးဖြတ် ၄း၃ နဲ့အနိုင်ရသွားပါတယ်။ အမေရိကတိုက်အသင်း၂သင်းနဲ့ ရှုံးထွက်အနိုင်ကစားခဲ့ပြီး၊ အခု ဆီးမီးဖိုင်နယ်မှာလဲ တောင်အမေရိကတိုက် အာဂျင်တီးနားနဲ့ကစားရပါမယ်။ တိုက်စစ်မှုး ရိုဘင်နဲ့ပါစီတို့လည်း ဂိုးဆက်မသွင်းနိုင်တော့ပေမဲ့ အသင်းလိုက်ကတော့ အခြေအနေကောင်းနေပါတယ်။ ဒုတိယအဆင့်မှာထွက်သွားတဲ့အသင်းများ ကွားတားဖိုင်နယ်။ ပင်နယ်တီနဲ့ရှုံးရတဲ့ ကော်စတာရီကာကို ပရိတ်သတ်ကြိုက်နှစ်သက်ကြပါတယ်။ ဘရာဇီးကို ရှုံးသွားတဲ့ ကိုလံဗီယာအသင်း၊ ဂျာမဏီကို ရှုံးသွားတဲ့ ပြင်သစ်၊ အာဂျင်တီးနားကို ရှုံးသွားတဲ့ Page 2
  10. 10. WC - semi final 2014 ဘယ်လဂျီယန်တို့ဖြစ်ပါတယ်။ ဒုတိယအဆင့်ပွဲများ။ မြန်မာအမြောက်များ နေထိုင်ကြတဲ့ အမေရိကန်အသင်း၊ ဒုတိယအဆင့်မှာ ဘယ်ဂျီယန်ကို ၁းဝ နဲ့ ကပ်ရှုံးသွားရပါတယ်။ ချီလီအသင်း ဘရားဇီးကို ပင်နယ်တီနဲ့ရှုံးချက်ကတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဥရောပ ဂရိအသင်း ကိုစတာရီကာကို ပင်နယ်တီနဲ့ရှုံး။ နောက် ဥရောပတသင်း ဆွဒ်ဇာလန်လည်း အာဂျင်တီးနားကို အချိန်ပိုမှာရှုံး။ အာဖရိက အယ်ဂျီးယားကတော့ ဂျာမဏီကို အချိန်ပိုကစားပြီး ရှုံး။ မက္ကဆီကို၊ အာဖရိက နိုင်ဂျီးရီးယားကတော့ ပြင်သစ်ကို ၂းဝနဲ့ရှုံး။ ကိုက်မှုဖြစ်တဲ့ ဆူရက်ဇ်မပါတဲ့ ဥရုဂွေး၊ ကိုလံဗီယာကို ၂းဝနဲ့ရှုံး။ အသင်း၈သင်းမှာ ချီလီအသင်း ဘရားဇီးကိုနိုင်သွားရင် အိမ်ရှင်ပရိတ်သတ်ကြီး၊ အကြီးကျယ်စိတ်ပျက်စရာဖြစ်သွားမှာပါ။ ဂိုးများမသွင်းနိုင်ကြတော့ပါ။ ဂိုးသွင်းဘုရင် တိုက်စစ်မှုးတွေလည်း ဒုတိယအဆင့်ပွဲတွေမှာ ဆက်ပြီးမသွင်းနိုင်တော့ပါဘူ။ ခံစစ်လုံအောင်၊ တိုက်စစ်ကိုလျှော့လိုက်လို့လာ အသင်းတွေလည်း ဂိုးမသွင်းနိုင်တော့ပဲ၊ အချိန်ပိုမိနစ်၃၀ပွဲတွေ များလာပါတယ်။ လက်ရှိအချိန်မျာတော့ ဆီးမီးမှာရှုံးထွက်သွားတဲ့ ကိုလံဗီယာက ရိုဒရီဂုစ်ကပဲ ၆ဂိုးသွင်းပြီး အများဆုံးဖြစ်နေပါတယ်။ ကျန်တဲ့တိုက်စစ်မှုးတွေလဲ ဂိုးဆက်မသွင်းနိုင်ကြတော့ပါဘူး။ ဒုတိယအဆင့်ပွဲတွေ ပင်နယ်တီနဲ့ အဆုံးဖြတ်ခံရပါတယ်။ အခမဲ့ဘော်လုံးပွဲများ မြန်မာပြည်မှာတော့ နောက်ဆုံး ဆီးမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို မြန်မာ့အစိုးရက အခမဲ့တီဗွီလွှင့်ပေးမယ်လို့မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ လက်ဘက်ရည်ဆိုင်၊ အဖွဲ့အစည်းတွေမှာ တီဗွီ၊ ပိတ်ကားကြီးတွေနဲ့ စုပေါင်းကြည့်ကြပါတယ်။ အင်တာနက်လိုင်း အလွယ်တကူရတဲ့ နိုင်ငံရပ်ခြားနေတဲ့ မြန်မာများကတော့ အခမဲ့အင်တာနက်လိုင်းတွေကနေ တယ်လီဖုန်း၊ တီဗွီများနဲ့ ညသန်းကောင်အချိန် အိမ်နေရင်း၊ အလုပ်လုပ်ရင်း ကြည့်လို့ရပါတယ်။ တကယ်တော့ နိုင်ငံခြားရောက် မြန်မာများထက် ပြည်တွင်းမြန်မာများက လွတ်လပ်တဲ့မီးဒီယာကြောင့် အရာရာ ပိုပြီးသိနေကြပါတယ်။ အရေးထဲ ဟိုချီမင်းမြို့မှာကစားတဲ့ ဘောလုံးပွဲ ဗီယက်နမ်အသင်းက မြန်မာလက်ရွေးစင်အသင်းကို ၆းဝ နဲ့နိုင်သွားတဲ့ သတင်းကြောင့် စိတ်အနှောက်အရှက် ဖြစ်ကြရတယ်။ ဘယ်သူဗိုလ်စွဲမလဲ၊ ဘရားဇီးပဲလား အကောင်းဆုံးနဲ့၊ ပရိတ်သတ်စွဲမက်စရာ ကစားသွားသူကတော့ ကိုစတာရီကာ ဖြစ်ပါတယ်။ပထမပွဲမှာ ဂရိအသင်းနဲ့ ၁း၁ သရေကျလို့၊ ပင်နယ်တီမှာအနိုင်ရပေမဲ့။ နောက်တစ်ပွဲ နယ်သာလန်းနဲ့ ဂိုးမရှိသရေကျတဲ့အခါ ပင်နယ်တီနဲ့ရှုံးသွားပါတယ်။ အသင်းငယ်လေးတစ်ခု ကမ္ဘာ့ဖလားမှာ အလွန်ခြေစွမ်းပြနိုင်ပြီး ကွားတားဖိုင်နယ်ထိရောက်လာတာပါ။ အာဖရိကစားသမားများလဲ ဆုကြေးရဖို့ သူတို့ဘောလုံးအဖွဲ့ချုပ်နဲ့ Page 3
  11. 11. WC - semi final 2014 ပြသနာတွေဖြစ်ရတယ်။ လုပ်ပွဲကစားတယ်၊ လောင်းကစားသမားတွေက ဆင်းရဲတဲ့အာဖရိကကစားသမားတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေလဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးနေတဲ့ ပြသနာတွေရှိပါတယ်။ ထုံးစံအတိုင်း လက်မှတ်မှောင်ခိုမှု ၁၀ဆကျော် ဈေးကြီးနေတာတွေရှိပါတယ်။ ခြုံကြည့်လိုက်ရင် အခြေအနေကောင်းပါတယ်။ Governance ဆိုတဲ့စာလုံးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် fifa.com ဝက်ဆိုဒ်မှာ တွေ့ရပါတယ်။ ကမ္ဘာ့ဘောလုံးပရိတ်သတ်ကြီးက လာဘ်စား၊ မတရားလုပ်၊ ငွေ/အာဏာနဲ့အနိုင်ကျင့်မှုတွေ ကင်းရှင်းအောင် အထူးကြိုးစားပါတယ်။ တရားမျှတမှုရှိဖို့ မတရားမှုတွေကို အရေးယူဖော်ထုတ်ပါတယ်။ ရွေးကောက်ပွဲ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များဟာ အလွန်အရေးကြီးပါတယ်။ လုံခြုံရေး၊ လာဘ်စားမှုမရှိရေး၊ လုပ်ပွဲမရှိရေး၊ လက်မှတ်မှောင်ခိုမရှိရေး၊ တားမြစ်ဆေးမသုံးရေး၊ ဒိုင်လူကြီးနဲ့ဘောပွဲဥပဒေစိုးမိုးရေး၊ အငြင်းပွားမှု၊ပြသနာဖြေရှင်းရေး၊ အသားရောင်(လူမျိုးရေး)ခွဲခြားမှုမရှိရေး၊ စတဲ့ တရားမျှတမှုတွေအတွက် ဖြစ်ပါတယ်။ ဒါမှလဲ ကမ္ဘာ့ဖလား နိုင်ငံ ၂၀၆နိုင်ငံပါတဲ့၊ ဘောလုံးပြိုင်ပွဲဟာ လူထုကိုတကယ်ဖြေဖျော်ပြီး၊ အားကစားစိတ်ဓါတ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်ဖြစ်ပါတယ်။ ဘောလုံးပွဲ၊ အားကစားပွဲကြည့်ရင်း နိုင်ငံခေါင်းဆောင်များ ယုံကြည်မှုတည်ဆောက်နိုင်မယ်ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့မြန်မာဘောလုံးအဖွဲ့ချုပ်က ခေါင်းဆောင်များလည်း တရားမျှတမှုကိုနှစ်သက်ကြပါတယ်။ ထိပ်တန်းအသင်းကြီး လေးသင်းထဲက ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အရင်ကခန့်မှန်းထားတာတော့ ဘရာဇီး၊ အာဂျင်တီးနား ဗိုလ်လုပွဲတက်ပြီး ၊ ဘရာဇီးနိုင်မယ် ပြောကြပါတယ်။ အခုတော့ ဂျာမဏီ ပိုရေပန်းစားလာပါတယ်။ နယ်သာလန်နဲ့အာဂျင်တီးနားလည်း လျှော့မတွက်နိုင်ပါဘူး။ စောင့်မျှော်ကြည့်ကြပါစို့။ မိုးမခ အားကစား Page 4
  12. 12. WC - semi final 2014 ဂိုးသွင်းဘုရင်စာရင်း အားကစားဖြင့် နိုင်ငံခေါင်းဆောင်များရင်းနှီးမှုရယူခြင်း ၂၀၁၂ ဓါတ်ပုံ Page 5
  13. 13. WC Group finished - 2014 ကမ္ဘာဖလားဘောလုံး၊ အုပ်စုပွဲများ အောင်မြင်စွာပြီးဆုံး မျှော်လင့်ထားတဲ့အသင်းအများစု ရှုံးထွက်ပွဲကို ၁၆သင်းတက်သွားကြပါပြီ။ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့၊ အကြိုက်ဆုံးပွဲကတော့ အုပ်စုဂျီ Group G ဂျာမဏီနဲ့အမေရိကန် အုပ်စုနောက်ဆုံးပွဲဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ ကမ္ဘာ့ဆင်းရဲနိုင်ငံတိုင်း မလွဲမသွေကြုံရတဲ့၊ လာဘ်စားမှု၊ အခွန်ရှောင်မှု၊ ဘတ်ဂျတ်အလွဲသုံးမှု စသဖြင့် ရတဲ့အခွင့်အရေးကိုသုံးပြီး၊ မိမိကြီးပွားချမ်းသာရေးလုပ်ဆောင်နေချိန်၊ လာလ်စားမှုမရှိသလောက်နည်းပါးပြီး၊ ကမ္ဘာ့အကောင်းဆုံးအစိုးရလဲဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတတ်ပညာ အရာရာမှာ စံနမူနာ ထိပ်တန်းရောက်နေတဲ့ အမေရိကန်နဲ့ဂျာမဏီ နှစ်နိုင်ငံ၊ အုပ်စုနောက်ဆုံးပွဲက တကမ္ဘာလုံး ဘောလုံးဝါသနာရှင်များ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ တသင်းသင်း ဂိုးပြတ်ရှုံးသွားရင် ရှုံးတဲ့အသင်း အုပ်စုကထွက်သွားနိုင်ပါတယ်။ သရေကျရင်တော့ ၂သင်းစလုံး နောက်တဆင့်ကိုတက်သွားနိုင်မှာမို့ ၊ ထုံးစံအတိုင်း သရေလုပ်ပွဲကစားသွားမယ် ခန့်မှန်းကြပါတယ်။ အသင်း၂သင်းစလုံး ချစ်ကြည်ရင်းနှီးတဲ့အခြေနေမှာရှိပြီး၊ အထူးသဖြင့် အမေရိကန်အသင်းနည်းပြက ဂျာမန်လူမျိုး ကရင်စမန် ဖြစ်နေပါတယ်။ ဂျာမန်လူမျိုး ဘောသမားများလည်း အမေရိကန်အသင်းမှာ ပါဝင်နေပါတယ်။ ဒါကြောင့် သရေပဲကန်မယ် သေချာပေါက်ပြောကြပေမဲ့၊ တကယ်တန်းကန်တော့ ခြေစွမ်းထက်မြတ်တဲ့ ဂျာမဏီအသင်းက ၁းဝ နဲ့ အနိုင်ရရှိသွားပါတယ်။ ဘခြားစားမှု၊ လာဘ်စားမှု မရှိတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲ နောက်ဆုံးအရေးကြီးပွဲကို ဝမ်းမြောက်စွာကြည့်ရှုရလို့ ပျော်စရာကောင်းပါတယ်။ အမေရိကန်အသင်း ဂိုးပြက်မရှုံးပေမဲ့ အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တူဂီက အာဖရိကအသင်း ဂါနာကို ၂း၁ ဂိုးမပြတ်ပဲနိုင်ခဲ့လို့၊ အမေရိကန်-ပေါ်တူဂီ အမှတ်တူပေမဲ့ အမေရိကန်အသင်း ဂိုးကွာခြားမှုနဲ့ နောက်တဆင့်တက်သွားပါတယ်။ ဂိုးသွင်းမှကြည့်ရတာပျော်တယ် လူတွေမျှော်လင့်၊ အားထားရတဲ့အတိုင်း ဝမ်းမြောက်ပျော်ရွှင်၊ စိတ်လှုပ်ရှားပြီး ကြည့်ရတဲ့ အုပ်စုတွေကတော့ ဘရားဇီးအုပ်စု၊ နယ်သာလန်အုပ်စု နဲ့ အာဂျင်တီးနားအုပ်စု တွေပဲဖြစ်ပါတယ်။ အဲဒီအသင်းကြီး၃သင်း ခြေစွမ်းတွေပြနိုင်ပြီး၊ ဂိုးတွေလည်း တော်တော်သွင်းနိုင်ကြပါတယ်။ ပရိတ်သတ်ကို ကောင်းကောင်း Page 1
  14. 14. WC Group finished - 2014 ဖြေဖျော်မှုပေးနိုင်ပါတယ်။ နာမည်ကျော် ဘရားဇီး-နေမာ၊ နယ်သာလန်-ပါစီနဲ့ရိုဘင်၂ဦး၊ အာဂျင်တီးနား-မက်ဆီ၊ ဂျာမဏီ-မူလာ၊ ပြင်သစ်-ဘင်ဇီမာ၊ ကိုလံဘီယာ-ရိုဒရီဂရုစ်၊ ဆွဒ်ဇာလန်-ရှာကွီရီ စတဲ့ ဂိုးသွင်းတိုက်စစ်မှုးများ နာမည်ကျော်လာပါတယ်။ ဂိုးသွင်းမှာ လူကြိုက်များခြင်း ဖြစ်ပေမဲ့ ကျင်းပရေးကော်မတီက ဆုအမျိုးမျိုးပေးပါတယ်။ အကောင်းဆုံးနောက်ခံလူ၊ အလယ်တန်းလူ၊ အကောင်းဆုံးဂိုးသမား၊ အကောင်းဆုံးမန်နေဂျာ အပြင်၊ အကောင်းဆုံးအားပေးပရိတ်သတ်အဖြစ်လည်း ကိုယ့်အမှိုက်ကိုယ်ရှင်းသွားတဲ့၊ ဂျပန်အားပေးပရိတ်သတ်များကို အထူးအလေးပေးဖေါ်ပြကြပါတယ်။ ဂိုးအများဆုံးသွင်းမဲ့လူအဖြစ် ဘရာဇီး-နေမာ၊ အာဂျင်တီးနား-မက်ဆီ တို့ကို မျော်လင့်၊ ခန့်မှန်းထားသူများစွာရှိပါတယ်။ ဒုတိယအုပ်စု ဇယားအရ ပွဲတိုင်းနိုင်မယ်ဆိုရင် ဘရားဇီးနဲ့အာဂျင်တီးနား ဗိုလ်လုပွဲတက်လာနိုင်လို့ နေမာ၊ မက်ဆီ ၂ယောက်ကို အသားပေးကြတာပါ။ လက်ရှိလဲ သူတို့၂ယောက် နဲ့ ဂျာမဏီက မူလာတို့ တစ်ဦးကို ၄ဂိုးစီသွင်းပြီး ထိပ်ဆုံးမှာရှိနေကြပါတယ်။ ဂိုးသွင်းဖို့ တည်ပေးနိုင်သူများကိုလည်း နာမည်မထွက်ပဲ ပံ့ပိုးပေးနိုင်သူအဖြစ် သတ်မှတ်ပါတယ်။ ကိုလံဗီယာ ဂျိမ်းစ်ရိုဒရီဂုစ်ဟာ ၃ဂိုးသွင်းပြီး၊ ၂ဂိုး တည်ဘောပေးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်-ဘင်ဇီမာ ၃ဂိုးသွင်းပြီး၊ ၂ဂိုး မတည်ဘောပေးခဲ့သူဖြစ်ပါတယ်။ ဆွဒ်ဇာလန်က ရီကာဒိုရိုဒရီဂုစ် ၂ကြိမ် မတည်ဘောပေးခဲ့ပါတယ်။ အုပ်စုပွဲပြီးချိန် အများဆုံး မတည်ဘောဖန်တီးပေးသူများမှာ ၃ဂိုး မတည်ပေးသူ၂ဦးရှိပါတယ်။ နယ်သာလန် နောက်ခံဘယ်ဝန်းကစားသမား ဘလိုင်း နဲ့၊ ကိုလံဘီယာ နောက်ခံ၊အလယ်တန်းလူ ဂါဒရာဒိုဖြစ်ပါတယ်။ ဂါဒရာဒိုဟာ ပယ်နယ်တီတစ်ဂိုး ဂျပန်ကို ၄း၁ အနိုင်ယူတဲ့ပွဲမှာ သွင်းနိုင်ခဲ့ပါတယ်။ အုပ်စုပွဲအားလုံး ၂၄ပွဲ ကစားပြီးချိန်မှာ ဂိုးပေါင်းများစွာ၊ စိတ်လှုပ်ရှား၊ ဆွဲဆောင်မှုများနဲ့ သွင်းနိုင်ခဲ့ပါတယ်။ အရင်၎နှစ်က တစ်ပွဲ ပျှမ်းမျှ ၂.၃ ဂိုးသာ သွင်းနိုင်ပေမဲ့၊ အခုပွဲမှာ ၂.၈ ဂိုး သွင်းနိုင်ပါတယ်။ ၀းဝ သရေကျတဲ့ ၄ပွဲပဲ ရှိပါတယ်။ ၇ဂိုးသွင်းတဲ့ ပြင်သစ်-ဆွဒ်ဇာလန် ၅း၂ ၊ နယ်သာလန်-စပိန် ၅း၁၊ အယ်ဂျီးယား-ကိုးရီးယာ ၄း၂၊ ဘရာဇီး- ကင်မရွန်း ၄း၁၊ နယ်သာလန်-သြစတြေးလျား ၃း၂၊ ခရိုရှား-ဂျပန် ၄း၁၊ အာဂျင်တီးနား-နိုင်ဂျီးယား ၃း၂ စတဲ့ အပြန်အလှန်ဂိုးသွင်းပွဲများစွာ ကြည့်ရတဲ့အတွက် ခြေရည်သိပ်မကွာတာကို မြင်ရပါတယ်။ Page 2
  15. 15. WC Group finished - 2014 Page 3
  16. 16. WC Group finished - 2014 အုပ်စု နောက်ဆုံးပွဲ(တတိယပွဲ)များ အုပ်စုတိုင်းက ပထမ၊ ဒုတိယ ၂သင်း၊ စုစုပေါင်း ၁၆သင်း ရှုံးထွက်ပွဲကို တက်ရမှာဖြစ်ပါတယ်။ ၂ပွဲစီ ကစားပြီးတဲ့အချိန်မှာ အများစုက နောက်တဆင့်တက်ဖို့သေချာပေမဲ့၊ ဂရိ၊ ဥရုဂွေး၊ ဆွဒ်ဇာလန်၊ နိုင်ဂျီးယား၊ အယ်ဂျီးယာ ၅သင်းကတော့ နောက်ဆုံးပွဲတွေပြီးမှာ အုပ်စုဒုတိယရပြီး၊ အိုကေသွားပါတယ်။ ခန့်မှန်းထားတဲ့ အကြပ်ဆုံးအုပ်စု၃ခု (ဘီ၊ ဒီ၊ အက်ဖ်) Group B, D, F ဖြစ်ပါတယ်။ အဆိုးဆုံးတွေကတော့ အုပ်စုဘီက လက်ရှိကမ္ဘာ့ချန်ပီယံ နဲ့ ဥရောပချန်ပီယံ၂ခါဆက်တိုက်ရတဲ့ စပိန်အသင်း ပွဲဦးထွက်၂ပွဲစလုံးရှုံးပြီး၊ နောက်ဆုံးတပွဲကျန်ချိန် အုပ်စုကထွက်ခွာရပါတယ်။ ပွဲဦးထွက်မှာ နယ်သာလန်ကို ၁း၅ နဲ့ အပြက်သတ်ရှုံးရခြင်းဟာ ရှက်စရာဖြစ်ပါတယ်။ ဖြစ်ခဲလှပေမဲ့ ဖြစ်သွားတာကို မျက်ဝါးထင်ထင်တွေ့ပါတယ်။ နောက်ဆုံးပွဲကိုတော့ အာရှအသင်း သြစတြေလျားကို ၃းဝ နိုင်ပြီး အဖတ်ဆယ်သွားခဲ့ပါတယ်။ အုပ်စုဘီ Group B အကြောင်း အထက်မှာရေးခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၁ စပိန်အသင်း မရှုမလှ အုပ်စုကထွက်ရပါတယ်။ သြစတြေးလျားကတော့ ထင်တဲ့အတိုင်း ပွဲတိုင်းရှုံးပေမဲ့၊ ရှုံးချက်မနာပါဘူး။ အသင်းကြီးများကို အကြိတ်အနယ်ကစား၊ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အုပ်စုကထွက်ရဖို့များတဲ့ ချီလီအသင်းက ပထမ၂ပွဲ ဆက်တိုက်နိုင်ပြီး လူကြိုက်များတဲ့အသင်း ဖြစ်လာပါတယ်။ အသင်းလိုက်၊ တစ်ဦးချင်း ကစားပုံများ လှပတဲ့ တောင်အမေရိကအသင်း ခြေစွမ်းပြခဲ့ပါတယ်။ နောက်တသင်းကတော့ အုပ်စုဒီ Group D ကမ္ဘာ့ဖလား ၄ကြိမ်ဗိုလ်စွဲဖူးတဲ့ အီတလီအသင်း၊ ၁ကြိမ်ဗိုလ်စွဲဖူးတဲ့ အင်္ဂလန်အသင်း ထွက်ခွာရခြင်းဖြစ်ပါတယ်။ ကော့စတာရီကာအသင်း ခြေစွမ်းပြပြီး အုပ်စုပထမ ရရှိသွားပါတယ်။ ပထမ၂ပွဲစလုံး ရှုံးသွားတဲ့ အင်္ဂလန်အသင်း နောက်ဆုံးပွဲမကစားခင်ကတည်းက ထွက်ရပါပြီ၊ အင်္ဂလန်ကို သံယောဇဉ်ရှိတဲ့ မြန်မာပရိတ်သတ်များ စိတ်ပျက်စရာဖြစ်သွားပါတယ်။ နောက်ဆုံးပွဲတော့ ကော့စတာရီကာကို သရေကစားပြီး၊ သိက္ခာဆယ်နိုင်ခဲ့ပါတယ်။ အီတလီအသင်းကတော့ နောက်ဆုံးပွဲမှာ ဥရုဂွေးကို ၁းဝ နောက်ဆုံးမိနစ်၉၀မှာ ရှုံးသွားလို့ ဆင်ပြောင်ကြီးအမြှီးတစ် ဖြစ်သွားရှာပါတယ်။ သရေကျရင်တောင် အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ရမှာ ပွဲပြီးခါနီးမှ ဂိုးသွင်းခံလိုက်ရလို့ ကံကြမ္မာကိုပဲ ပုံချဖို့ရှိပါတော့တယ်။ ဒီအုပ်စုဒီ အလွန်ကျပ်တဲ့အုပ်စုဖြစ်ပြီး၊ ကမ္ဘာ့ချန်ပီယံဟောင်း ၃သင်းနဲ့ အစဉ်လာမရှိပေမဲ့၊ ခြေစွမ်းထက်တဲ့ ကိုစတာရီကာတို့ ပြိုင်ကြတာ၊ စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါတယ်။ အီတလီမန်နေဂျာကတော့ အုပ်စုကထွက်ရပြီးတဲ့နောက် သူ့မှာတာဝန်ရှိတယ်ပြောပြီး အလုပ်ကထွက်စာတင်လိုက်ပါတော့တယ်။ အင်္ဂလန်မန်နေဂျာကြီးကတော့ ခပ်တည်တည်ပဲ၊ အလုပ်ကမထွက်ဖူးလို့ ကြေညာပါတယ်။ ထုံးစံအတိုင်းဆိုရင် ကမ္ဘာ့ဖလားရှုံးသွားတဲ့အသင်းမန်နေဂျာများ တာဝန်ယူတဲ့အနေနဲ့ ထွက်စာတင်လေ့ရှိပါတယ်။ လစာလည်း အလွန်ကောင်းတော့ ငွေကြေး၊ ဆုကြေးတွေအပြင်၊ ငါ့ကြောင့်မဟုတ်ဘူးဆိုပြီး အင်္ဂလန်မန်နေဂျာက မထွက်ပါဘူး။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့လည်း အဆင်ပြေတာ အဓိကဖြစ်မယ် မျှော်လင့်ပါတယ်။ အမှန်တော့ အင်္ဂလန်မန်နေဂျာကြီး တာဝန်ယူပြီးထွက်စာ တင်သင့်ပါတယ်။ အုပ်စု အက်ဖ် Group F ကတော့ အုပ်စုပထမ၊ ဒုတိယ ရပြီးနောက်တဆင့်တက်ဖို့ ရေပန်းစားနေတဲ့ နာမည်ကြီး အင်္ဂလန်၊ အီတလီအသင်း၂သင်း အုပ်စုက ထွက်သွားရပါတယ်။ ကိုစတာရီကာနဲ့ ဥရုဂွေးတို့ နောက်တဆင့် တက်သွားပါတယ်။ အီတလီကို နောက်ဆုံးပွဲ၊ နောက်ဆုံးမိနစ်မှာ ၁းဝ နိုင်သွားတဲ့ ဥရုဂွေးက နာမည်ကျော်တိုက်စစ်မှုး Page 4
  17. 17. WC Group finished - 2014 ဆာရက် (လစ်ဗာပူအသင်း) အီတလီကစားသမားပုခုံးကို သွားနဲ့ပေါက်အောင် ကိုက်လိုက်တဲ့ ပြသနာကြီးတစ်ခု ဒိုင်လူကြီးမမြင်လိုက်ပါဘူး။ အဲဒါဖြစ်ပြီးမှ ဥရုဂွေး တစ်ဂိုးသွင်းပြီး အီတလီကို အနိုင်ယူ၊ အုပ်စုဒုတိယရသွားပါတယ်။ အီတလီအသင်းတော့ သရေကျရင်တောင် အုပ်စုက တက်နိုင်မဲ့အရေး၊ တိရိစ္ဆာန်လို ကိုက်တတ်တဲ့ ဥရုဂွေးတိုက်စစ်မှုးကို ဒိုင်လူကြီးမမြင်လို့ ပြစ်ဒဏ်မပေး၊ တော်တော်အရုပ်ဆိုးသွားပါတယ်။ နောက်တစ်နေ့မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒါမျိုးအကျင့်ပျက်၊ အားကစားသမားမပီသတဲ့ တိုက်စစ်မှုး ရှာရက်ကို ကမ္ဘာ့ဖလားပွဲက ထုတ်ပယ်လိုက်ပါတယ်။ ၄လ ကွင်းထဲလာခွင့်မပြု၊ ပွဲ၁၂ပွဲ ကစားခွင့်ပိတ်လိုက်ပါတယ်။ အလွန်ပြင်းထန်လို့ ဥရုဂွေးတစ်နိုင်ငံလို့က အသင်းငယ်လေးကို ပြစ်ဒဏ်ကြီးပေးတယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။ ၁၉၅၀ ကမ္ဘာ့ဖလားပွဲတုန်းက ဘရားဇီးကို အနိုင်ဂိုးသွင်းသွားသူ ဥရုဂွေးတိုက်စစ်မှုကြီးကတော့ ဒီပြစ်ဒဏ် တရာမျှတတယ်လို့ မှတ်ချက်ချပါတယ်။ မျှော်လင့်ချက်နည်းတဲ့အသင်းများ ဂရိအသင်းက ထွက်ရပြီအောက်မေ့ပေမဲ့၊ နောက်ဆုံးပွဲမှာ အာဖရိက အလွန်ကောင်းတဲ့ အိုင်ဗရီကိုစ်အသင်းကို ၂း၁ အနိုင်ကစားလိုက်လို့ အုပ်စုဒုတိယရပြီး၊ ဒုတိယအဆင့် တက်လှမ်းသွားပါတယ်။ အာဖရိကအသင်းတိုက် ခြေစွမ်းပြနိုင်ပါတယ်။ ကမ္ဘာ့ကလပ်အသင်းကြီးများမှာ ဈေးကြီးပေးတဲ့ ဘောသမားကောင်း များစွာလည်း ပါဝင်ကစားကြပါတယ်။ အာဖရိကအသင်းအားလုံး ဒုတိယအဆင့်ကို တက်လှမ်းနိုင်ပေမဲ့ နိုင်ဂျီးယား၊ အယ်ဂျီးယား ၂သင်းပဲ အုပ်စုဒုတိယနဲ့ ခက်ခက်ခဲခဲ ကစားပြီး တက်သွားပါတယ်။ ဂါနာ၊ အိုင်ဗရီကို့စ် ၂သင်းကတော့ အုပ်စုတတိယပဲရပြီး ထွက်ရပါတယ်။ အထူးသဖြင့် ဂါနာအသင်းဟာ ဂျာမဏီအသင်းကြီးကို ၂း၂ သရေကျအောင် အပြန်လှန် ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အလားတူ အိုင်ဗရီကို့စ်အသင်းလည်း ဂျပန်တစ်ခုပဲ ၂း၁ အနိုင်ရပြီး၊ ကျန်တဲ့ပွဲ အထူးသဖြင့် နောက်ဆုံးပွဲမှာ သရေကျရင်တောင် အုပ်စုတက်မဲ့ပွဲမှာ ဂရိကို ၂း၁ နဲ့ရှုံးသွားလို့ အုပ်စုကထွက်ရပါတယ်။ အာဖရိကအသင်း၂ခုကတော့ ဒုတိယအဆင့်မှာ ပြင်သစ်-နိုင်ဂျီးယား၊ ဂျာမဏီ-အယ်ဂျီးယား တွေ့ကြမယ်ဖြစ်ပါတယ်။ အာရှတိုက်အသင်းများကတော့ နဂိုကတည်းက အုပ်စုတက်ဖို့အလွန်ခဲယဉ်မယ် သတ်မှတ်ထားပါတယ်။ တကယ်လဲ တောင်ကိုးရီးယား၊ ဂျပန်၊ အီရန်၊ သြစတြေးလျား ၄သင်းစလုံး အုပ်စု ဘိတ်ချီးဘဝနဲ့ ထွက်ခွာရပါတယ်။ အုပ်စုထဲမှာ နောက်ဘိတ်ဆုံး ဆိုပေမဲ့ သြစတြေးလျားတစ်သင်းပဲ အုပ်စုကြပ်ထဲကျပြီး ပွဲတိုင်း ရှုံးသွားရပါတယ်။ ကျန်တဲ့ တောင်ကိုးရီးယား၊ ဂျပန်၊ အီရန်တို့ တစ်ပွဲတော့ သရေကစားနိုင်ပါတယ်။ ခြေမသာပေမဲ့ အသင်းလိုက်၊ စည်းကမ်းနဲ့ အပြန်အလှန်ကစားနိုင်ပါတယ်။ ပွဲတိုင်းနီးပါးလည်း ပြိုင်ဖက်များကို ဂိုးပြန်သွင်းနိုင်ပါတယ်။ အဆင့်အတန်းရှိရှိ ၊ သိက္ခာရှိစွာနဲ့ ရှုံးရခြင်းဖြစ်ပါတယ်။ အုပ်စုပွဲမှာ ၃ပွဲစလုံး၊ ပွဲတိုင်းကိုအနိုင်ရပြီး၊ ၉မှတ်အပြည့်ရတဲ့ အသင်းများကတော့ နယ်သာလန်၊ ကိုလံဗီယာ၊ အာဂျင်တီးနား၊ ဘယ်လဂျီယံတို့ဖြစ်ပါတယ်။ ဘရာဇီး၊ ဂျာမဏီ၊ ပြင်သစ်၊ ကိုစတာရီကာ တို့လည်း ၂ပွဲနိုင်၊တစ်ပွဲသရေနဲ့ အုပ်စုပထမရပါတယ်။ အဲဒီ အုပ်စုပထမရတဲ့ ၈သင်းထဲကပဲ ဆက်လက်နိုင်ပွဲဆက်မယ်လို့ မျှော်လင့်ပေမဲ့၊ ဥရောပအသင်း ဆွဒ်ဇာလန်၊ ဂရိ၊ အမေရိကတိုက်က မက္ကဆီကို၊ ချီလီ၊ အမေရိကန်၊ ဥရုဂွေးအသင်းများလည်း အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ပါတယ်။ အာဖရိကအသင်း၂သင်း အယ်ဂျီးယာ၊ နိုင်ဂျိးယား မှာလည်း ဘောသမားတဦးချင်းထူးချွန်သူ များစွာ ပါဝင်ပြီး၊ အသင်းလိုက်ညီညွတ်လာရင် မထင်မှတ်တာတွေ Page 5
  18. 18. WC Group finished - 2014 ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ဖလားနိုင်ငံအချို့မှအမျိုးသမီးနိုင်ငံခေါင်းဆောင်များ မှတ်မှတ်ရရ ဘရာဇီးနိုင်ငံရဲ့ သမ္မတရွေးပွဲ ၂၀၁၄မှာ အမျိုးသမီးသမ္မတတက်လာပါတယ်။ Dilma Rousseff ဆိုတဲ့ အမျိုးသမီးကြီး၊ နိုင်ငံသမ္မတဖြစ်လာပြီး၊ လက်ရှိကမ္ဘာ့ဖလားပွဲကို သူပဲဖွင့်လှစ်ပေးခဲ့ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများမညီညွတ်ဖြစ်နေချိန်မှာ အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင်များဖြစ်လာလေ့ရှိပါတယ်။ အမျိုးသားခေါင်းဆောင်များ အခက်ခဲဖြစ်နေချိန် အမျိုးသမီးကိုခေါင်းဆောင်တင်ပေးလိုက်ရင်၊ ကြားခံဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ တောင်ကိုးရီးယားသမ္မတလည်း အမျိုးသမီး Park Geun Hye ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး ဂျာမဏီနိုင်ငံခေါင်းဆောင် နန်းရင်းဝန် Angela Merkel ဖြစ်ပါတယ်။ ဂျာမန်ဘောလုံးအသင်းကန်တဲ့တိုင်းပြည်ကို အဲဒီအမျိုးသမီးကြီး ရောက်လာပြီး အားပေးလေ့ရှိပါတယ်။ အာဂျင်တီးနားသမ္မတ Christian ဆိုတဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။ ချီလီသမ္မတလည်း အမျိုးသမီး Michelle Bachelet၊ ဆွဒ်ဇာလန်ဦးရှောင်အဖွဲ့ဝင်အမျိုးသမီးကြီး Simonetta Sommaruga ၊ ကောစတာရီကာသမ္မတ Laura Chinchilla တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်ကတော့ အမျိုးသမီးဖြစ်ဖို့ခဲယဉ်ပါတယ်။ လောလောဆယ်တော့ အမျိုးသမီး ဝန်ကြီးရယ်လို့တောင် ၃၂ပါးမှာ တစ်ယောက်မှမရှိသေးပါဘူး။ သူများနိုင်ငံမှာ အမျိုးသမီးများကို ဦးစားပေးနေတဲ့ သာယာဝပြောသောနိုင်ငံအချို့က အမျိုးသမီးခေါင်းဆောင်များဖြစ်ပါတယ်။ အမျိုးသမီးနိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့ ဂျမဏီခေါင်းဆောင်အမျိုးသမီးကြီးလဲ ဘရာဇီးနိုင်ငံအထိ သွားရောက်အားပေးနေတာကို တီဗွီမှာတွေ့ရပါတယ်။ ဘောလုံးထိပ်သီး အာဂျင်တီးနားနိုင်ငံရဲ့ အကြီးအကဲလဲ အမျိုးသမီးကြီးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံအကြီးအကဲ အုပ်ချုပ်သူလဲ အမျိုးသမီးကြီးပဲ ဖြစ်နေပြန်ပါတယ်။ (ပုံ) Page 6
  19. 19. WC Group finished - 2014 Leisure Time အားလပ်ချိန်၊ငွေအသုံးဆုံးဘောလုံးကစားပွဲ ကမ္ဘာပေါ်မှာ အားလပ်ချိန်ငွေသုံး၊ဖြုန်းဆုံးကတော့ အားကစားပဲဖြစ်ပါတယ်။ ဂီတ၊ရုပ်ရှင်၊ခရီးသွား၊ စာအုပ် စသဖြင့် ဘယ်လိုပဲ တရားမျှတမှုကို ကြိုးစားပေမဲ့၊ ဘောလုံးလောက် ငွေမသုံးကြပါဘူး။ လူလည်း စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ အခုနောက်ပိုင်း မိန်းကလေး ဘောလုံးပွဲများတောင် ကစားလာတဲ့အတွက် ဘောလုံးပွဲဟာ လူကြိုက်အများဆုံး၊ တီဗွီပိုက်ဆံအရဆုံး ဖြစ်နေဆဲပါပဲ။ ဇီဖာ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ၁၉၀၄မှာ စတင်ပြီး ဌာနချုပ်က ဆွဒ်ဇာလန်နိုင်ငံမှာ ရှိပြီး၊ အခု နိုင်ငံပေါင်း ၂၀၉နိုင်ငံ အဖွဲ့ဝင်ထားပါတယ်။ ထုံးစံအတိုင်း လုပ်ပွဲများ၊ ဒိုင်လူကြီးဖက်လိုက်မှု၊ အိမ်ရှင်အသင်းကို အသားပေးမှု၊ ဒိုင်လူကြီး စိတ်လိုက်မာန်မာ ပင်နယ်တီပေးခြင်း၊ ကစားသမားဒေါသ၊ ဒိုင်လူကြီးဒေါသ၊ ပရိတ်သတ်ဒေါသ ..စတဲ့ လောဘ၊ ဒေါသ၊ မောဟ များကြောင့် မမျှတမှုများကို တွေ့မြင်နေရဦးမယ်ဖြစ်ပါတယ်။ အခုချိန်ထိတော့ အသင်းများ၊ ကစားသမားများ၊ ဒိုင်လူကြီးများ၊ ပရိတ်သတ်များ၊ အုပ်ချုပ်သူများ ..အားလုံးအခြေအနေကောင်းလျှက် ရှိနေဆဲ ဖြစ်ပါတယ်။ နည်းပညာနဲ့ကာကွယ်ထားတဲ့အတွက် Drug စိတ်ကြွဆေးစားသုံးမှု၊ ဂိုးဝင်/မဝင် ဆုံးဖြတ်မှု၊ ကြမ်းရမ်းအနီကဒ်ကစားသမားလည်း နည်းပါတယ်။ ယခင်ကတော့ အမေရိကန်နိုင်ငံမှာ ဘော့စ်ဘော၊ ဘတ်စကက်ဘော၊ ဂေါက်သီး၊ တင်းနစ် စတဲ့ အားကစားပွဲတွေပဲ လူတွေကစား၊ တီဗွီပွဲကြည့်ကြပါတယ်။ အမေရိကန်ရောက် အာရှ၊ ဥရောပတိုက်သားများကတော့ ဘောလုံးပွဲကို အထူးစိတ်ဝင်တစား၊ ကြည့်ရှုကြပေမဲ့ အမေရိကန်ဘိုးဘွားအဆက်ဆက် နေထိုင်လာသူများကတော့ ဘေ့စ်ဘော၊ ဘတ်စကတ်ဘောပဲ ဦးစားပေးနေဆဲဖြစ်မှာပါ။ လော့အိန်ဂျယ် ကမ္ဘာ့အိုလံပစ်ပွဲ ဘောလုံးပွဲတွေမှာ အမေရိကန်အစိုးရက အားပေး၊ မြှင့်တင်မှုတွေကြောင့် ဘောလုံးကစားနည်း ခေတ်စားလာခဲ့ပါတယ်။ အခုဆို အမေရိကန်ဘောလုံးအသင်းဟာ ၄နှစ်တခါ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဆက်တိုက်အောင်မြင်လာပါတယ်။ အခု ဘရာဇီးပွဲမှာလည်း အုပ်စုအဆင့်ကနေ ကျော်လွန်ပြီး ဒုတိယအဆင့်ကို တက်သွားပါတယ်။ Page 7
  20. 20. WC Group finished - 2014 ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးငွေ ကန်ဒေါ်လာ ၃၅သန်း ရမှာဖြစ်ပါတယ်။ ဒုတိယ ၂၅သန်း၊ တတိယ ၂၂သန်း၊ စတ္တုထ ၂၀သန်း၊ ကွားတားဖိုင်နယ်တက်လာရင် ၁၄သန်း၊ အုပ်စုအဆင့်ကျော်လာရင် ၉သန်း၊ အုပ်စုပြိုင်ပွဲဝင်တဲ့အသင်းတိုင်းကို ကန်ဒေါ်လာ၈သန်း ဆုကြေးပေးမယ်ဖြစ်ပါတယ်။ အသင်းတိုင်း ပြင်ဆင်စရိတ် ဒေါ်လာ၁.၅သန်း ပေးမယ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် FIFAက စုစုပေါင်း ဆုကြေးငွေ ဒေါ်လာသန်းပေါင်း ၅၇၆သန်း သုံးစွဲမယ်ဖြစ်ပါတယ်။ လာဘ်စားမှု၊ အာဏာအလွဲသုံးမှုအနည်းငယ် ဆုကြေးတွေလည်း များစွာပေးမယ်ဖြစ်ပါတယ်။ အလွန်သြဇာကြီးလှတဲ့၊ ငွေကြေးချမ်းသာလှတဲ့၊ ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌနေရာ ၁၆နှစ်ကျော် (၃ကြိမ်) ရွေးချယ်ခံရထားတဲ့ ဆွဒ်ဇာလန်နိုင်ငံသား ဆက်ဘလိတ်တာ (၇၈နှစ်) Sepp Blatter ကို ဖယ်ပေးဖို့ တောင်းဆိုလာပါတယ်။ ဖီဖာဥက္ကဌဖြစ်ဖို့ ငွေချမ်းသာဖို့မလိုပါဘူး။ သြဇာကြီးဖို့၊ တရားမျှတသူဖြစ်ဖို့ပဲ အထူးလိုအပ်ပါတယ်။ သူ့ကို ယုံကြည်မှုပျက်ပြားခြင်း ဖြစ်ပုံက ၂၀၁၈ ကမ္ဘာ့ဖလားပွဲကို အာရပ်သူဌေးနိုင်ငံ ကာတာ ကျင့်ပခွင့်ရသွားတဲ့ ကိစ္စဖြစ်ပါတယ်။ ရွေးချယ်ရေးအတွက် မဲပေးအာဏာရှိသူများ တစ်ယောက်စီကို ဒေါ်လာ၂သန်းကျော် လာဘ်ထိုးတဲ့ကိစ္စ ပေါ်လာလို့ဖြစ်ပါတယ်။ ကာတာ တာဝန်ရှိသူများက လာဘ်မဟုတ်ပါ၊ လက်ဆောင်၊ ဂုဏ်ပြုငွေ လိုလို ဆိုကြပေမဲ့ လက်ရှိဥက္ကဌကတော့ နောက်ထပ်ရွေးကောက်ပွဲမှာ ဝင်ဦးမယ်လို့ ဆိုပါတယ်။ ပိုက်ဆံရှိပေမဲ့ နာမည်လိုချင်၊ အာဏာလိုချင်တော့ ထိုင်ခုံဖယ်မပေးချင်တာ မဆန်းပါဘူး။ စောင့်ကြည့်ရပါမယ်။ မြန်မာပြည်မှာလည်း လာဘ်နဲ့လက်ဆောင် အတူတူပဲ သဘောထားနေကြချိန်မှာ တရားမျှတပါတယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာတောင် ငွေကြေးဟာ အခန်းကဏ္ဍတစ်ခုက ကြီးများစွာ ပါဝင်နေတာကို တွေ့ရပါတယ်။ ကိုယ်တိုင် ပိုက်ဆံမယူ၊ လာဘ်မစားပေမဲ့ Corruption & Nepotism ဆိုတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ လောကနိယာမအရဆိုရင် ဆင်းရဲတဲ့နိုင်ငံများမှာ အာဏာ၊ငွေ ရှိသူက အကျင့်ပျက်လေ့ရှိပါတယ်။ မြန်မာလိခ် ဖေဖေါ်ဝါရီ-၂၀၁၄ အောင်ဆန်းကွင်းမှာ ဇွဲကပင်အသင်းပိုင်ရှင် သူဌေးကြီးက သူ့အသင်း ရတနာပုံကို ရှုံးလို့ ပွဲကစားပြီးချိန် ကွင်းလည်ဒိုင်လူကြီးကို လူပုံအလယ်မှာပါးရိုက် ဆုံးမလိုက်တယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ကလဲ ဘာမှမပြော၊ ဒိုင်လူကြီးကလဲ ပါးရိုက်ခံ၊ ပြန်မတိုင်ဘူး၊ သူဌေးကလဲ ဒေါသနဲဆဲဆိုကြိမ်းမောင်းပြီး ပြန်သွားတယ်။ သူဌေးဆိုတော့ အတိုင်းတာတစ်ခုထိ အာဏာ၊သြဇာရှိပါတယ်။ နိုင်ငံတကာမှာတော့ ဒါမျိုးလုပ်ခွင့်မပါဘူး။ မြန်မာပြည်မှာလည်း အုပ်ချုပ်သူအာဏာပိုင်များက တိုးတက်၊ ပြုပြင်ပြောင်းလဲလာမယ်မျှော်လင့်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံများ အထူးသဖြင့် အာဖရိကတိုက်ဘောလုံးသမားများ အမြဲတမ်း ဆုကြေးငွေပြသနာတက်ကြပါတယ်။ သူတို့နိုင်ငံဘောလုံးအဖွဲ့ချုပ်က လူကြီးတွေ အသုံးစရိတ်များသွားလို့ တကယ်ကန်တဲ့ဘောသမားတွေ ဆုကြေးမရဖြစ်သွားလေ့ရှိပါတယ်။ အုပ်စုပွဲ ၃ပွဲကန်ပြီးအုပ်စုကထွက်ရင် အသင်းတိုင်း ကန်ဒေါ်လာ၈သန်း ဆုကြေးနဲ့ ပြင်ဆင်စရိတ် ဒေါ်လာ၁.၅သန်း၊ စုစုပေါင်း ဒေါ်လာ၉.၅သန်း အနည်း ဖီဖာက ပွဲပြီးတာနဲ့ ချက်ခြင်းပေးပါတယ်။ ဒါပေမဲ့ အာဖရိကအသင်းအုပ်ချုပ်သူတွေက နည်းမျိုးစုံနဲ့ငွေတွေကြိုသုံးမိလို့ ဘတ်ဂျတ်အသုံးမတတ်ခြင်း၊ စာရင်းစစ်မရှိခြင်း စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဖြစ်လေ့ရှိတဲ့အတိုင်း ငွေနဲ့ပတ်သက်လာရင် ပြသနာဖြစ်လာပါတယ်။ နောက်ဆုံးတော့ ဘောလုံးသမားတွေ ရသင့်တာမရဖြစ်သွားလေ့ရှိပါတယ်။ တခြားနိုင်ငံတွေမှာ ဖြစ်လေ့မရှိပါဘူး။ ဒီနှစ်မှာတော့ အကြိတ်အနယ်ကစားပေးသွားတဲ့ ဂါနာဘောလုံးသမားတွေက ခါတိုင်းလိုမဖြစ်အောင် ကြိုတင်ညီညွတ်စွာ တောင်းဆိုကြပါတယ်။ ဂါနာဘောလုံးအဖွဲ့ချုပ်က သူတို့နိုင်ငံရတဲ့ ဒေါ်လာ၉.၅သန်းကို ဘောလုံးသမား ၂၂ယောက်၊ တစ်ယောက်ကို ဒေါ်လာ၇၅၀၀၀ နဲ့ ၁၀၀၀၀၀ (၇သောင်းခွဲနဲ့တစ်သိန်းကြား) ပေးမယ်လို့ ကတိထားပါတယ်။ Page 8
  21. 21. WC Group finished - 2014 အဖွဲ့ချုပ်က ကတိမတည်ဖြစ်တတ်လွန်းလို့ ကစားသမားများက သူတို့ဘဏ်စာရင်းထဲကို ငွေကြိုပြီး ထည့်ပေးစေချင်ကြပါတယ်။ မထည့်ပေးရင် ဘရာဇီးကိုမသွားဖူးလို့ ဂါနာ၊ ကင်မရွန်းအသင်းတွေက ဆန္ဒပြပါတယ်။ ဂါနာနိုင်ငံက သမ္မတကိုယ်တိုင် ဝင်ဖြေရှင်းပေးရပါတယ်။ ဆုကြေးငွေ ဒေါ်လာ၈သန်းမှာ ဂါနာဘောလုံးသမားများ ၁.၇ - ၂.၃သန်း လောက်ဆုကြေးရမယ်ဖြစ်ပါတယ်။ နောက်ဆုံးပွဲ ဂါနာ-ပေါ်တူဂီ မကစားခင် ဂါနာအစိုးရက ဒေါ်လာ၃သန်း လေယဉ်နဲ့တင်ပြီး ဘရာဇီးအသင်းကို သွားပေးလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ ဖီဖာကလည်း ပွဲပြီးမှ ဒေါ်လာ၈သန်း၊ ပေးမှာဖြစ်လို့၊ ဘောလုံးသမားများလဲ ပွဲအားလုံးပြီးမှ ပိုက်ဆံရမှာဖြစ်ပါတယ်။ ဒုတိယအဆင့် တက်သွားတဲ့အသင်းတွေလည်း ထုံးစံကတော့ တဆင့်ပြီးရင်၊ ဆုကြေးငွေ ချက်ခြင်းသူတို့ ဘဏ်ထဲထည့်ပေးလေ့ရှိပါတယ်။ ပိုက်ဆံနဲ့ပတ်သက်ပြီး ဘောလုံးသမားတွေ စိတ်အနှောက်ယှက်မဖြစ်စေလိုခြင်းပါ။ နိုင်ဂျီးယားအသင်းလဲ အုပ်စုအဆင့်ကို ကျော်ရင် ဆုကြေး ဒေါ်လာ၃သောင်း ရမယ်ဆိုပါတယ်။ မနှစ်ကအတွေ့အကြုံကြောင့် ဒုတိယအဆင့်မှာ ပြင်သစ်နဲ့ကစားရမဲ့ ဘောလုံးသမားများက လေ့ကျင့်ခဏ်မဆင်းပဲ သပိတ်မှောက်ပါတယ်။ အသင်းကလည်း ဖီဖာ FIFA ဆုကြေးမရသေးခင် ဘောသမားများကိုပေးဖို့ ခက်ခဲနေပါတယ်။ နိုင်ဂျီးယားသမ္မတက ကြားဝင်ပြီး အာမခံပေးရပါတယ်။ မြန်မာနိုင်ငံကတော့ အောင်ပွဲရအားကစားသမားများကို ဆုတံဆိပ်သာမက၊ ငွေကြေးနဲ့ပါ ဂုဏ်ပြုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ အရှေ့တောင်အားကစားပြိုင်ပွဲ ရွှေငွေကြေး ဆုရသူများကို၊ ငွေကြေးအားဖြင့်လည်း ကျပ်သိန်းပေါင်းများစွာ ဆုချခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့အားကစား အုပ်ချုပ်သူများဟာ အာဖရိကဘောလုံးအသင်းများထက် သာပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲများမှာတော့ အုပ်စုပွဲတွေအထိ တရားမျှတမှုရှိတယ်လို့ ဆိုရပါမယ်။ Page 9
  22. 22. WC Group finished - 2014 ဒုတိယအဆင့် ပွဲစဉ်များဇယား (ပုံ) အတိုင်းဆိုရင် ၈သင်းအုပ်စု၂ခုမှာ ၊ အများစုက မှန်းထားတဲ့အသင်းတွေ ဖြစ်နေပါး

×