1. 1 | P a g e F i n a l J u d g e m e n t D a y s
၁၉၄၀ နောက်ပိုင်းဖြစ်လာတဲ့ နိမိတ်လက္ခဏာ(၄၀)၊ သတိနဲ့အသင့်ရှိကြပါ။
နောက်ဆုံး သောကာလ၊ ယေရှု ဆိုတဲ့ ကယ်တင်ရှင်မေရှိယ ဂတိတော်အတိုင်း ပြန်လာ
ချိန် အလွန်နီးနေပြီး ဆိုတာ အောက်ဖော်ပြပါ နမိတ်ကြီး (၄၀) နဲ့ ပြနေပါတယ်။
ကျမ်းစာ ထဲမှာ ရေးထားတာတွေ တကယ်ဖြစ်နေပါပြီ။ ပထမအကြိမ် ကြွလာတုန်းက
လူအများမသိကြသလို ဒုတိယအကြိမ်ကြွလာချိန်လည်း သတိမမူဖြစ်ကြမှာပါ။
နိမိတ်လက္ခဏာ ၄၀ ကို ဆင်ခြင်၊ ဖတ်ရှုခြင်းအားဖြင့် ကျွင်္နုပ်တို့ နှလုံးသားမှ အသင့်
သတိရှိပါစေ။
40 SIGNS OF CHRIST’S RETURN FULFILLED SINCE 1940
by Christine Darg
၁။ False religions and deceivers shall increase.
မိစ္ဆာပရောဖက်၊ လွဲမှားသောဆရာများစွာ ပေါ်လာပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့
ဟောပြော ကြပါမယ် (မသဲ ၂၄း၃၃)။ အခုခေတ်မှာ နာမည်ကျော် ဘုရားမဲ့ဝါဒီ မီဒီယာ
စကားပြောကောင်းသူများပေါ်လာပြီး၊ ဘုရားသခင်နဲ့ကျမ်းစာနဲ့ ဝေးစေအောင်
ဆွဲဆောင် ပြောကြပါတယ်။ ဘာသာရေးခေါင်းဆောင်များက ဘာမှပြန်မပြောပဲ
နေကြပါမယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့ ငြိမ်နေမယ်မဟုတ်ပါဘူး။