ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး

8,147 views
8,030 views

Published on

0 Comments
0 Likes
Statistics
Notes
  • Be the first to comment

  • Be the first to like this

No Downloads
Views
Total views
8,147
On SlideShare
0
From Embeds
0
Number of Embeds
2
Actions
Shares
0
Downloads
6
Comments
0
Likes
0
Embeds 0
No embeds

No notes for slide

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး

  1. 1. ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀) ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ၀ါရင့်နိုင်ငရေးသမားကြီးများအားံ ပူဇော်ကန်တော့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့ခွနးအပြည့်အစုံ (၂၀-၁၁-၂၀၁၀)်ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ တာဝန်ဆိုတာအမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းကလေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရှိ တာပေါ့။ တာဝန်သေးသေးဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတထဲမှာထားလို့်တာဝန်ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျ မ တာဝန်ကျေပွန်အောင်လုပ်တ့အချိန်မှာ ကျမကို ၀န်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်ဲးအကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့ တိုင်းရင်းသားတွေဟာ ကျမတို့ လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာကို ကျမတို့ကို ပြဖို့၊ တချိနလုံး တယောက်န့တယောက်ဲတဘက်နဲ့ တဘက် စကားပြောဆွေးနွေးပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင်သွားရမှာပါ။ကျမတယောက်တည်း ကျမ သဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။အခု ဒီမှာရောက်နေတာက မျိုးဆက်တွေကလည်း စုံတယ်။ လူကြီးတွေ ... ကျမတို့ အခုလာကန်တော့နေတဲ့ ဘဘတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ရဲ့ မျိုးဆက်တွေ၊ ကျမတို့ထက်ငယ်တဲ့ ၈၈မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် … ဒီမျိုးဆက်တွေမျိုးဆက်တွေဟာ ဒီတာဝန်တွေကို ဆက်ပြီးတော့ ထမ်း ဆောင်သွားရမယ်။ ဘာဖြစ်လို့လဲဆိတောု့ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့အမြင်ကို ကျမ ပြောတာ ပေါ့နော်၊ ညီလာခံတခုထက်အရေးကြီးတာက စိတ်ဓာတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ ပင်လုံစိတ်ဓာတ်ကို ဆက် ပြီးတော့ရှင်သန်နေအောင်လုပ်သွားဖို့ဟာ နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပတခုက ည်ီလာခံတခုနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုကတဲ့်ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငအတွက်ံ ရပ်တည်သွားနိုင်ဖို့ဆိုတာအားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက်တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ
  2. 2. ဆက်ပြီးတော့ လုပရမယ်။် တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပရမယ်။်အခု ကျမတို့ ဒီလိုဝါရင့်နိုင်ငံရေးသမားကြီးများကို ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစမျိုးနဲ့္စဆုံစည်းပြီးလုပ်တာ အင် မတန်မှ သင့်တော်တယ်လို့ ကျမ ထင်ပါတယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင်ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီး များ၊ ကျမတို့လူကြီးများက ကျမတို့ကို လက်ဆင့်ကမ်းပြီးတော့တာဝန်ပေးအပ်တ့သဘောပါ။ဲ အဲဒီတော့ ကျမ တို့ကလည်း အခုကတည်းကဘွတ်ကင်လုပ်ထားရမှာပေါ့ (ရယ်လျက် …)။ ကျမတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူလတ်ပိုငးကန်ေလူငယ်ပိုင်း အဆင့်ဆင့်လုပ်သွားရမှာပါ။ ဘယ်တော့မှ နိုင်ငရေးဆိုတာ ပြီးတယ်လို့ မရှိပါ ဘူး။ံနိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူန့မှလည်ဲး ကင်းတယ်လို့မရှိဘူး။ ဘယ်တော့မလညှ်းပြီးဆုံးသွားတယ် လို့မရှိဘူး။အဲဒီတော့ ကျမတို့ ဒုတိယပင်လံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁ ရာစုနှစ်ပင်လံလို့ ပြောချင်တာကု၂၁ ရာစု အမြင်တွေန့လည်း ကိုကအောင် ၂၁ ရာစုနှစမှာ ကျမတို့ရမယ့် အခွင့်အရေးတွေဲ်လုပ်ပုံလုပ်နည်းပေါ့နော် … လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျမက သုံးလိုကတာပါ။်လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆို တဲ့ စကားကို ဖယ်ရားတဲ့သဘောလညှ်း မဟုတ်ပါဘူး။ထပ်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမ မြင် စေချင်ပါတယ်။ ကျမတို့နိုင်ငဟာံတကယ့်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ဟာ လူတိုင်းရဲ့တာဝန်ဖြစ်တယ်။အဲဒီမှာတော့ ကျမတော့ ပြောရမှာပဲ။ ကျမတို့ ... ကျမက ဗမာဆိုတော့ ဒီလိုအခြေအနေမှာပြောလို့လည်း ကောင်းပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။ ဟို ...ငါတို့က လူများစုဆိုတာ အခွင့် အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ကိုယ့်မှာ အင်အားပိုပြီးတော့များလို့ရှိရင် တာ ၀န်ပိုပြီးတော့ ယူရမယ်။ အခွင့အရေးကိုလျှော့ပြီးတော့ ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့ ညီညွတ်တယ်။ ဒါမှ ကျမ တို့နိုငငံအတွက်ကောင်းတဲ့အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ ကျမ ဟို ... ဘဘဦးတင်ဦးလို စီကာပတ်ကုံးမပြောတတ်ဘူး (ရယ်လျက် ...)။ အဲဒီတော့ တိုတိပဲပြောပါရစေ။ုကျမတို့ တော်လှန်ရေးဆိုတဲ့ … တော်လှနရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ကျမ ခေါ်ဆိုတ့အခါမှာ်ဲတခါလည်း ပြောဖူးပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ဆိုတဲ့ကဗျာပေါ်ကို အခြေခံပြီးကျမ ပြောလေ့ရှိပါတယ်။ တော်လှန်းရေးသမားရဲ့ စိတဓာတ်ဆိုတာ် နောက်ဆုံးတိုင် ...နောက်ဆုံးဆုံးတိုင် … အဲဒီကဗျာကို မှတ်မိတဲ့ ဖတ်ဖူးတဲ့သူတွေ မှတ်မိတ့သူတွေဆို သိပါလိမ့မယ်။ဲ်ဒီတော်လှန်ရေးသမားလေးဟာ တော်လှနရေးမပြီးခင် ကျဆုံးသွားတဲ့အခါကျတော့ သူကတောင်းပန်သွားတယ်။ အားနာပါတယ်ပေါ့နော်။ နောက်ဆုံးအချိန်ထိ မနေ ခဲတာပေါ့နော်။့ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိတာကို ပြောမယ့်အစား ကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို မကျေနပ်နိုင်ပါဘူး။ မလုပပေးနိုငလို့်တောင်းပန်ပါတယ်ဆိုတဲ့ စိတ် ဓာတ် ကျမတို့ အားလုံးမှာရှိရမယ်။ အဲဒလိုစတ်ဓာတ်နဲီိ့
  3. 3. လုပ်သွားမယ်ဆိုလို့ရှိရင် … တကယ်တော့ နိုင်ငံတနိုင် ငံရဲ့ တော်လှန်ရေးဆိုတာ ... အခုဆိုရင်ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆံးတော်လှန်ရေးကို IT တော်လှန် ရေးပေါ့နော်။ ဒီလိုသူတို့ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့နော်။ အရင်တုန်းက စက်မှုတော်လှနရေး လည်းရှိခ့တယ်။ဲ တကယ့် ပြင်သစ်တော်လှန်ရေး… တော်လှန်ရေးဆိုတာ အမျိုးမျိုးပေါ့။တော်လှန်ရေးဆိုတာ ဟာ အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။အဲဒီလိုအပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီးတည်သရွေ့ ဒီလို အပြောင်းအလဲတွေကရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ်ဆိုတာ အဲဒါကိုပြောတာ။ ခေတ်န့အညီဲ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး တော့ထမ်းဆောင်သွားချင်တဲ့ စိတ်။အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီ ဒီပြည်ထောင်စုစိတ်ဓာတ်တွေကို ဘယ်တော့မဆိုခိုင်မြဲသထက် ပို ပြီးတော့ ခိုင်မြဲအောင် လုပသွားရမှာက အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ်အဆုံးရှိမှာမဟုတ်ဘူး။ ဒီ ... ပင် လုံညီလာခံ ဒုတိယပင်လုံညလာခံခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာလည်ီးမဟုတ်ဘူး။ ပင်လုံညီလာခံက ဆုံးဖြတ် ချက်တွေကို အကောင်အထည်ဖော်ရမယ်။ဆက်ပြီးဆက်ပြီးတော့ ဒီပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုငမာ် အောင်လို့ ပိုပြီးတော့ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်။ အဲဒီတော့ ကျမဒီမှာ ခပ်တိုတိုန့ပဲပြောပါရစေ။ဲ ပေးအပ်ခဲ့တဲ့ … အခုပေးတဲ့ တာဝန်တွေကို ကျေပွနအောင်လို့်ကျမကြိုးစားပါ့မယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ ၀ိုငးပြီးတော့ ကူညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။်သဘောမတူရင်လည်း သဘောမတူ ဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့သဘောမတူတာလဲ။ ကျမ လုပ်ပုံကိုင်ပုံကို သဘောမတူလို့ဆို ရင် ဘာဖြစ်လို့သဘောမတူတာလဲဆိုတာကို ပြောကြပါ။ကျမက အဲဒီဘာဖြစ်လို့ဆိုတ့ဟာ ... မေခွန်းက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ဲမကြိုက်ဘူးလို့ ပြောရုံန့မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ အကြောင်းအချက်ဲခိုင်ခိုင်မာမာ ရှိရမယ်။ အဲ ဒီတော့မှလည်း တဘက်က နားလည်နိုင်မယ်။ ဘယ်လိုပြုပြင်ရမလဲ၊ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာကို သ ဘောပေါက်မယ်။ အဲဒတောီ့ဒီတာဝန်ထမ်းဆောင်ဖို့အတွက် ကျမတို့ ၀ါရင့်နိင်ငံရေးသမားကြီးများဖြစ်ကြတဲု့ လူကြီးများ၊ကျမတို့ရဲ့ အသက်အရွယ် ကျမနဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်လို့ပဲဆိပါတောု့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စဖြစ်တဲ့လူငယ်ပိုင်းတွေ ဟာ အားလုံးဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြပါ။အားလုံးရဲ့တာဝန်ဟာ တယောက်ချင်း တယောက်ချင်းရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကိုထားစေချင်တယ်။ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုငးနဲ့ဆိငတယ်။်ုအောင်မြင်မှုဟာ လည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ကို ထားချင်ပါတယ်။ တချို့ကျတော့
  4. 4. အားနည်းချက်ဆိုရင်တော့ ငါနဲ့ မ ဆိုင်ဘူး။ အောင်မြင်မှုဆိုတော့ ဒို့ပဲ ... ဒို့ပဲဆိုတာ အဲဒါကြီးကတော့မဖြစ်ဘူးနော်။ အဲဒစိတဓာတ်ကိုတောီ့် ကျ မတို့ ဖယ်ရှားရမယ်။ ဒါဟာပုဂ္ဂိုလ်တဦးတယောက်ချင်းဟာလည်း ဒီလိုစိတ်ဓာတ်ထားရမယ်။ အဖွ့အစည်းတ ခုချင်းကလည်ဲးအဲလိုစိတ်ဓာတ်ထားရမယ်။ အဲတော့ ကျမတို့ လုပ်တာအောင်မြင်ရင် ဒို့ အန်အယ်လ်ဒကွလိုီ့အဲလိုပြောတာဟာ အင်မတန်မှ မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီ နိုင်ငံရေးနဲ့ပတ်သက် လို့ လုပ်တာတွေဟာ သိပ်အားမရဘူးဆိုရင် အဲဒါ အန်အယ်လ်ဒီပဲဆိုပြီးတော့လက်ညိုးထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ ကျမတို့ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပချင်တယ်ဆိုရင်အားနည်းချက်တွေကိုလည်း အားလုံးနဲဆိုင်တယ့်  ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားရ မယ်။ ဒါဟာတကယ့်ကို ညီညွတ်ရေးရဲ့အခြေခံပါပဲ။ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့တိုင်းရင်းသားအားလုံး ... ကျမတိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့ တိုင်းရင်းသားဆိုတာဒါပြောစရာမလိုဘူး။ ကျမတို့လည်း တိုင်းရင်းသားလူမျိုးပဲ။ ဒီထဲက တိုင်းရင်းသားတစုပဲ။ အဲဒီတော့ကျမတို့ တိုင်းရင်းသားအားလုံးရဲ့ လုပ်ဆောင် ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ကျမတို့ရှေ့ရှုပြီးတော့ ကြိုးစားသွားပါ့မယ်လို့ … ကျမ … ကတိပြု တယ်ပဲပြောပါရစေ။ ကျမ … ကျမကတိသိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင် တယ်ဆိုတ့ဟာကို အာမခံချက်ရိမှ။ှဲအဲဒီတော့ ကျမ လုပ်နိုင်သလောက်လုပ်သွားပါ့မယ်။ ကျမ တတ်နိင်သ လောက် ဒီတာဝန်ကိုကျေပွန်အောင်လုပ်သွားပါ့မယ်လို့ပဲ ပြောပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။(လက်ခုပ်သံများ ....)မှတ်ချက် - အသံကူးယူမှု ချွတ်ယွင်းချက်ကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင်အကျအပေါက်တချို့ ကျန်ရှိနိုင်ပါတယ်။

×