Nagis E-edition

3,190 views
3,068 views

Published on

Poems, articles, essays, short stories and photo-essay dedicated to second anniversary of Cyclone Nagis are organized as a Special Collection by Myanmar Youth Network.

0 Comments
0 Likes
Statistics
Notes
  • Be the first to comment

  • Be the first to like this

No Downloads
Views
Total views
3,190
On SlideShare
0
From Embeds
0
Number of Embeds
5
Actions
Shares
0
Downloads
7
Comments
0
Likes
0
Embeds 0
No embeds

No notes for slide

Nagis E-edition

  1. 1. ဆိုင်ကလုန်းနာဂစ် (၂) နှစ်ပြည့် အထိမ်းအမှတ် စာစုများ မြန်မာလူငယ်ကွန်ရက်မှ စီစဉ်သည်။ မြန်မာလူငယ်ကွန်ရက် ကန့်သတ်
  2. 2. မာတိကာ ကဗျာများ ၃ အက်ဆေးများ ၁၇ ဆောင်းပါးများ ၃၁ ၀တ္ထုတိုများ ၄၅
  3. 3. ကဗျာများ ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ သူရနီ စာမျက်နှာ ၄ လပွတ္တာ အောင်ပိုင်စိုး စာမျက်နှာ ၇ ကြမ္မာအရိုင်း လှိုင်းပုတ်တဲ့ မေ သင်းရီ စာမျက်နှာ ၈ ဧရာဝတီ... မေ... ဖိုးဘီးယား ခေမင်းဇုံ စာမျက်နှာ ၁၃ မကလက်တဲ့ အက မြတ်ခိုင်ဦး စာမျက်နှာ ၁၆
  4. 4. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ...အေးမိစံ သူရနီ ကျွန်မ ပြန်လာခဲ့မယ်ပြောပြီး သူရောက်မလာတော့ ငါအရမ်းစိတ်ပူနေတယ်ကွာ... မူလတန်းကျောင်းလေးနဲ့ ကလေးတွေက ညှိုးငယ်စွာဖြင့် ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့.. ဟေ့ရောင် နာဂစ်ဆိုတာ အစွန်းရောက် အနက်ရောင်ကုန်သည်ကြီးတစ်ဦးဘဲ မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ် ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမ၀မ်းကွဲလေးလည်း လိုက်ပါသွားတယ် ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့ သူငယ်ချင်း-အသိမိတ်ဆွေတွေကိုလည်း အဲဒီ ကုန်သည်ကြီးက တသီကြီး ဆွဲခေါ်သွားလေရဲ့... ကျော်သူ ငါတို့ရဲ့ အိမ်ခေါင်းရင်းက ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား ၎
  5. 5. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ အခု ငါ့ရဲ့ဆံပင်တွေကနေ မီးခိုးတွေ အရမ်းထွက်နေတယ် သူသိထားတဲ့ကျေးဇူးတရားတွေက သူပျံသန်းမယ့် အတောင်ပံတွေကို ရေဆွတ်ပေးလိုက်တာလေ သူပြောပြောနေတဲ့ ငါ့ရဲ့ ရည်းစားဦးဟာ သူဖြစ်ပြီး သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ စိတ်ချ၊ နင့်ကိုငါဘယ်တော့မှမမေ့ပါဘူး... အေးမိစံ... ဘယ်တော့မှ မမေ့ပါဘူး... နွေးနွေး ဘာလေးမွေးတယ်ဆိုတာလည်း သူမသိသားရှာဘူွး (သူပြန်လာမယ်ပေါ့) ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ ငါးရက် အလိုလောက်က ဖုန်းထဲမှာ ပြောသွားတဲ့ ငါ့ကို ပြောစရာစကားတွေရှိသေးတယ်ဆိုတာ ဘာလည်းမသိဘူးကွာ ၀ဋ်ကြွေးပြေဘုရားဆီ ငါ နောက်တစ်ခေါက်သွားတော့လည်း နေညိုချိန်အထိ သူရောက်မလာခဲ့ဘူးလေ ငါ့ရဲ့တစ်သက် အဲဒီ ဘုရားမြေဟာ ဘ၀ရဲ့ လွမ်းစရာ့အကောင်းဆုံး ဇုန်ပေပဲ သူ့အပေါ်ထားတဲ့ ငါ့၏ချစ်ခြင်းများဖြင့် သူမတစ်ယောက် ကောင်းရာသုဂတိလားပါစေ... ............................................လားပါစေ... ပိတောက်တွေ တစ်ကြော့ပြန်ပွင့်လို့ 'ဆရာမလေးကော' လို့မေးလာခဲ့ရင် ငါဘယ်လို ပြန်ဖြေရမလဲ... ကျော်သူ ငါ အရမ်းလွမ်းတယ်ကွာ... ၅
  6. 6. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လာမယ့် ဆောင်းဦးပေါက် ကောက်ရိတ်သိမ်းပွဲတော် အပြီး တို့နှစ်ဦးမင်္ဂလာပွဲကို သူတစ်ကယ် မတက်ရောက်နိုင်တော့ဘူးပေါ့... ................မတက်ရောက်နိုင်တော့ဘူးပေါ့... ဒါဝင်ကို သတိရရင်တောင် ၀က်စမင်စတာ ဘုရားကျောင်းထဲက သူ့အုတ်ဂူဆီသားလို့ရတယ်ွ မော်ဒယ် 'အန်နာနစ်ကိုလ်စမစ်' ကို လွမ်းတဲ့အခါလည်း ဘဟားမားကျွန်းပေါ်က သူမရဲ့ အုတ်ဂူလေးဆီသွားလို့ရတယ် အခု သူ့ကို ငါလွမ်းနေပြီလေ ဘယ်မလဲ... သူမရဲ့အုတ်ဂူ... ဘယ်မလဲ... သူမရဲ့အရိုးအိုး... ငါမတရားမပြောပါဘူး တို့နှစ်ယောက် ပြီးမှသာ ရှိတ်စပီးယားပြဇာတ်ထဲက ကောင်လေးနဲ့ကောင်မလေးက ဒုတိယ ကံအဆိုးဆုံးပါ ကျော်သူ... ပွတ်ရှကင်တော့ နောက်ထပ် သေနတ်မှန်ခံရပြန်ပြီ... ။ ။ သူရနီ ၂၀၀၉၊ မဟေသီ ၆
  7. 7. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လပွတ္တာ အောင်ပိုင်စိုး ရွေးမြစ်ထဲ စီးဆင်းနေတဲ့ရေအလျဉ်မှာ ငါတို့ရဲ့ မျက်ရည်တွေ ရောပါနေသလို ဆွေးဆွေးမြေ့မြေ့ငေးနေတဲ့ အကြည့်တွေတိုင်းမှာ မျက်ရည်တံတိုင်းတွေ ကာရံထားတယ်။ သတင်းဆိုးက မနက်ခင်းနဲ့အတူလှုပ်ရှားနိုးထလို့ ဆက်သွယ်မှုဧရိယာပြင်ပမှာ ကမ္ဘာဟာ အော်လို့မကြား၊ ခေါ်လို့မရ မြင်ကွင်းတစ်လျှောက်လုံး ခြောက်ခြားသွေ့ခြောက် တိတ်ဆိတ်လို့ ...။ ငါတို့ရဲ့  စင်ကြယ်ခိုင်မာတဲ့ မနက်ဖြန်တိုင်း ရှေ့ ဆက်လျှောက်လှမ်းရမယ့် အသက်ရှင်နေထိုင်ခြင်း ခြေလှမ်းတိုင်းမှာ ကမ္ဘာအရပ်ရပ်က စေတနာမေတ္တာတွေနြဲ့ ဖည့်မှ ပြည့်မယ့် ကွက်လပ်တွေအများကြီးနဲ့ နောက်ကျောမလုံတဲ့ မုန်တိုင်းမျက်နှာစာဟာ လပွတ္တာပေါ့။ အောင်ပိုင်စိုး ၇
  8. 8. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ကြမ္မာအရိုင်း လှိုင်းပုတ်တဲ့ မေ သင်းရီ မငိုတတ်တော့တဲ့ လူသာစစ်စစ်တွေရဲ့ မျက်နှာတွေ ငုတ်တုတ်မေ့နေတဲ့ အုန်းပင်တွေ မြင်ဖူးကြရဲ့လားမသိ။ ကျုပ်ဖြင့် အခုတော့ မြင်ဖူးခြင်းမက မြင်ဖူးခဲ့ရပါရဲ့။ အုန်းပင်အုန်းလက်ဆိုတာ လေပြည်အေးတစ်ချက် သုတ်ခနဲဆို ယိမ်းပျော်ပျော်ကသလို ဟို ဒီ တဖျပ်ဖျပ် နွဲ့တတ် သွ့တတ် ပျော့ပြောင်းတတ်စွဲာ အဲဒီအုန်းပင်တွေဟာလေ အရုပ်တွေလို ခြစ်ရာတစ်ခုနဲ့ ထစ်အသွားတဲ့ စီဒီပြားတစ်ချပ်လို ၈
  9. 9. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ဦးနှောက်သွေးကြောပြတ်သွားတဲ့ အတ္တဘော ခန္ဓာကိုယ်တစ်ခုလို ကကြိုးပျောက်သွားတဲ့ ရုပ်သေးရုပ်လို တကယ့်ကိုမှ ငုတ်တုတ် မလှုပ်မယှက် ငြိမ်သက်တစ်မိနစ်မက လူသားပေါင်းများစွာရဲ့အသက် ဘ၀ပေါင်းအနန္တကိုတမ်းတ ၀မ်းနည်းခြင်းအထိမ်းအမှတ် တွေတွေကြီးတွေရပ်ပြီး အုန်းတောကြီးတွေ ရပ်နေလိုက်ပုံများလေ အဲဒါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ကျုပ်တို့ မြန်မာပြည်မှာ ကျုပ်တို့ရဲ့ မြန်မာပြည်မှာပါ။ မအော်တတ် မခေါ်တတ်တော့တဲ့ အဲဒီ လူသားစစ်စစ်တွေဆီ ကူညီဖို့လက်တစ်ဖက် ရက်ရောစွာကမ်းရမယ့် အဖြစ်ပါ။ သေလိုက်ကြပုံများလေ အဖေသေတာ မငိုတတ် အမေသေတာ မငိုတတ် လင်သေတာ မငိုတတ် သားသမီးလေးတွေသေတာ မငိုတတ်တော့တဲ့ မိန်းမတစ်ယောက်က ကျွန်မ ကံမကောင်းလို့ အသက်ရှင်ကျန်ခဲ့ရတာပါတဲ့။ အဖေလည်းဆုံး အမေလည်းဆုံး လင်ဆုံး သားသမီးဆုံး လုံးလုံးမရှိတော့တဲ့ ဘ၀မှာ ၉
  10. 10. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ဘာများကျန်ခဲ့သေးသလဲဆိုတော့ စပါးပုတ်လည်း ရေမြုပ် မိဘလက်ငုတ် လယ်ကလေးတွေလည်း ရေငန်ဝင် သားလေးရှင်ပြုဖို့ ငွေစလေးတွေလည်း လှိုင်းထဲ လေထဲ သားလေးနဲ့အတူ စုံးစုံးငုပ်သွားခဲ့ပြီ။ မိုးအရွာ နေအပူ အတူတူ အရိပ်ခိုခဲ့ကြ အိမ်ကလေးလည်း ဘယ်ကမ်း ဘယ်သောင် ဘယ်ထိအောင် မျောခဲ့ပြီမသိ ဖြန့်ကြည့်တော့ လက်ဖ၀ါးချည်းပဲ ကျန်တာလေ ဆုပ်ကြည့်တော့လည်း ရေငံတွေ အလွန်အကျွံဝင်ထားတဲ့ လယ်တွေက ဆုပ်မရ ကိုင်မရ ထွန်ရေးစဖို့ နွား ကျွဲတွေဆိုတာ လတာပြင်အစပ်မှာ ခြေထောက် လက်ထောက်တွေ မိုးမျှော်လို့ ပေါလောကြီးတွေ ပေါ်နေလိုက်ကြတာ။ အို ... ဘာများတတ်နိုင်ဦးမှာလဲ ရွာဝက ရိုးထဲမှာ လှေလှော်စရာ လမ်းတောင်မပေါက်အောင် တောက်လျှောက်ကြီး ဖောင်ဖွ့နေလိုက်တဲ့ ရုပ်ပျက်ဆင်းပျက် လူသေအလောင်းတွေဟာ ဘယ်က လာသည်လည်း မသိ ဘယ်ဆီ မျောမည်လည်း မဆိုနိုင် သူတို့ရဲ့ ပိုင်ရှင်ဟာ သူလား ... ငါလား ... ဘယ်သူလဲ ၁၀
  11. 11. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ သဲကွဲစွာ မှန်းနိုင်ဖို့ ခက်လောက်အောင် တင်းကြမ်းကို ပြည့်လို့ ... ။ အရင်က ... လတ်ဆတ်ခဲ့ဖူးတဲ့ ဟောဒီပင်လယ်လေထဲ ကျပ် ခဲ ၀ဲလှည့်မွှေ အပုပ်နံ့တွေ ထောင်းထောင်းထ လေသန့်လေးတစ်စ အိပ်မက်တောင် မရနိုင်တော့ ...။ ညညဆို ... တဝေါဝေါ တ၀ုန်းဝုန်း လှိုင်းလုံးကြီးတွေ ပုတ်တ့အသဲံ လေသံ မိုးသံ မုန်တိုင်းအရိုင်းသံ အမေရေ ... အဖေရေ ... သားလေးရေ ... သမီးလေးရေ ... ခေါ်လေဝေးလေနဲ့ ဝေးကွာသွားကြတဲ့ အသံတွေ ... အဲဒီမှောင်ကြီးမည်းမည်းထဲမှာ ကြားနေခဲ့ရတဲ့ အသံတွေ ခုလည်း ကြားနေရတုန်း ဘယ်အခါအထိလည်း ကြားနေမိဦးမည်မသိ ... ။ မျက်ရည်မရှိတော့လို့ မဟုတ်လည်း မငိုတတ်တော့ ... နှလုံးသားမရှိတော့လို့ မဟုတ်လည်း ရင်မခုန်တတ်တော့ ... ဦးနှောက်မရှိတော့လို့ မဟုတ်လည်း ဘာကိုမျှ မတွေးတတ်တော့ ... ခြေလက်တွေ ရှိနေသေးမင့်လည်း ဘာမှ ကောက်ကိုင်စရာ မရှိတော့လို့ ဘာမျှ မလုပ်တတ်တော့ ... ။ ၁၁
  12. 12. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လာပေးသည့် ထမင်းထုပ်ကလေး တစ်လုတ်တစ်ဆုပ် ဖြေစားရင်း မြင်ကွင်းတွေကို ဘာမျှ မမြင်ရတော့သလို မျက်လုံးအသေတွေနဲ့ စူးစိုက်ကြည့်နေလိုက်ကြလို့ သူတို့တွေ ... မြစ်ဝကျွန်းပေါ်သားတွေ ... ကျုပ်တို့ မြန်မာပြည်သားတွေ ... အဲ့ဒါ ကျုပ်တို့ရဲ့ သွေးရင်းသားရင်း ညီရင်းအစ်ကို မောင်နှမတွေပါလေ ... ။ သင်းရီ ၂၀၀၈။ 7 Day News ၁၂
  13. 13. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ဧရာဝတီ ... မေ ... ဖိုးဘီးယား ခေမင်းဇုံ မပြောကြေး၊ မေအကြောင်း မပြောကြေး ဖြစ်ရမယ်လေ၊ ဧပြီပြီးတော့ မေပေါ့။ အိုကွယ့် မကြားချင်စရာ၊ မမြင်ချင်စရာ မေ့ရဲ့ ရက်စက်မှု၊ မေ့ရဲ့ နှိပ်ကွပ်မှု မေ့ရဲ့ ကြမ်းတမ်းမှု၊ မေ့ရဲ့ ပုတ်ခတ်မှု မေ့ရဲ့ ဆွဲချမှု၊ မေ့ရဲ့ နှစ်မြှုပ်မှု မေ့ရဲ့ မစာနာမှု၊ မေ့ရဲ့ မျက်ကွယ်ပြုမှု သတီစရာထဲက မသတီစရာ ဖြစ်လာတဲ့မေ၊ ဒါပေမယ့် မသတီစရာထဲက သတီစရာ ဖြစ်လာတဲ့မေ၊ ဒါပေမယ့် မေဟာ တရားခံမဟုတ်ဘူး မေဟာ ရာဇ၀တ်ကောင် မဟုတ်ဘူး မေဟာ အဖျက်အမှောင့် မဟုတ်ဘူး သင်းကြောင့် မေဟာ အားမလိုအားမရ ရတက်ပွေရတယ် သင်းကြောင့် မေဟာ ဘ၀အဆုံးအရှုံးတွေ ခံရတယ် သင်းကြောင့် မေဟာ တံတွေးခွက်ထဲကို မျောခဲ့ရတယ် စစ်မကြေညာ၊ သေနတ်တစ်ချက် မဖောက် ကြားခုလပ်က ရည်စူးကျူးကျော်ပစ်လိုက်တာ သင်းက ဗြိတိသျှ ဘုရင်ခံချုပ်ထက် ဆိုးတယ် သင်းက ဟစ်တလာ၊ မူဆိုလိုနီတို့ထက် ဆိုးတယ် ၁၃
  14. 14. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ သင်း အရိုင်းအစိုင်း သမုတ်တော့ နာဂစ် ... နာဂစ် ... နာဂစ် စစ်သွေးကြွအစ္စလာမ္မစ်တို့ထက် နာဂစ်က ကိုင်လှုပ်ပစ်နိုင်သတဲ့ မမြင်ဘူး မူးမြစ်၊ မယုံဖူး ကြုံဖူးမှသိ သိလိုက်တာက ပေါလောတွေချည်း “ကလေးသုံးယောက် တစ်ယောက်မှ မကျန်ဘူး” “ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်ကလေးများအား ရည်စူး၍” “ဟင့်အင်း၊ အမေရော အဖေရော နှစ်ယောက်စလုံး” “ဒီနှစ် လယ်လေးအားထားနေတာ” “သောက်ရေကန် ဆားငန်ဝင်လို့ ပြန်ဖော်ရမယ်” “အညာမှ ကျွဲတွေ၊ နွားတွေ မြစ်ဝကျွန်းပေါ်ဆီသို့” “ငါးမရ ရေနစ်ပြန်၊ ၀က်ကယ်လို့ လူပါဆုံး” သင်းက ဟီရိုရှိးမား၊ နာဂါဆကီး အဏုမြူမြို့တော်လောက်တော့ အသာလေးဆိုဆို သင်းက ဒဘယ်လျူတီစီ စင်တာ အဆောက်အဦကြီး ပြိုကျတာလောက်တော့ အသာလေး ဆိုဆို ဆူနာမိမထိတထိနဲ့ ဒုတိယကမ္ဘာစစ်မီသူဖြစ်ဖြစ်၊ မမီသူဖြစ်ဖြစ် သင်းနဲ့ကျမှ ဗမာ့အသက်အိုးအိမ်တွေ မြစ်မြစ်ပြုန်း သင်းနောက်က ကောက်ကောက်ပါ စီးချွမ်း ခုပဲကြည့် ဟေတီပြီးတော့ ချီလီ သိမ့သိမ့်တုန်ရိုက်ဟည်း ဒီတစ်ခေါက် တတိယကမ္ဘာစစ်ကြီးက လူတွေနဲ့ သင်းတို့လား? ဟိုတုန်းက ကျွဲညီနောင်က မြင်မြင်ရာ ထင်ရာစိုင်း ဗုံးကျဲတယ် ခုတော့ဖြင့် ကယ်ဆယ်ရေး ရိက္ခာအပြည့် သယ်ဆောင်လာတယ်။ နာဂစ်သက်သက် အလောင်းအတွက်၊ နာဂစ် ပစ်တဲ့ မိဘမဲ့အတွက် နာဂစ်ဖြိုတဲ့ အိုးအိမ်အတွက်၊ နာဂစ်ဖျက်တဲ့ လယ်ယာအတွက် နာဂစ်ချွတ်တဲ့ အ၀တ်အထည်အတွက်၊ နာဂစ်ခွဲတဲ့ ထမင်းအိုးအတွက် အတွက်၊ အတွက်တွေ အတွက်၊ နိုင်ငံတကာကပါတယ်၊ အောက်ပြည်ကပါတယ်။ အထက်ဗမာပြည်က ပါတယ်။ တိုင်းရင်းသားတွေဆီက ပါတယ်။ ဆန်အိုးကြီးအတွက် ဆန်တွေ၊ ဆီတွေ၊ ဆားတွေ၊ ဆေးတွေ ... ဧရာဝတီအတွက် အထုပ်တွေ၊ အပိုးတွေ၊ အမိုးတွေ၊ အကာတွေ ဒါတွေသာမက ရန်ကုန်ပါ နှီးကြောသပ်၊ အဖြူအမည်းလက်တွေ ၁၄
  15. 15. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ကုသိုလ်ပြုရတယ်။ ကိုယ့်လက်က ထိကမ်းပြီး၊ သူ့လက်က လှမ်းထိတ့အရသဲာ ရုပ်ဝတ္ထုအရသာ၊ ကံအရသာ၊ မနောအရသာ သာဓုကွယ်၊ သာဓု . . သာဓု၊ ယုတ်စွအဆုံး မျက်ရည်နီ မုန်တိုင်းနီတော့ မျက်ရည်တွေ နီရပြီ ... သူ့မျက်ရည်က သူ့ဇာတိပေါ်ကျတော့ သူ့မြေပါ နီခြဲ့ ပန်ပြီ။ တရားနဲ့ မဖြေ၊ အများနဲသာ ပြေရတဲ့ ကျော့တစိမ့်စိမ့် အကြောက်တရားတွေ့  နေရင်းထိုင်ရင်း ... လေလေးနည်းနည်းကြမ်းရင်လည်း ကြောက်နေရ လုပ်ရင်းကိုင်ရင်း ... ကောင်းကင်ကြီး နီမြန်းနေရင်လည်း ကြောက်နေရ သွားရင်းလာရင်း ... စကားနိမိတ်သံကြားရင်လည်း ကြောက်နေရ အိုကွယ် နာဂစ်က့သောသူ၊ အရိုင်းအစိုင်းမဲူ အိုကွယ် မေဖိုးဘီးယား အိုကွယ် သူ့လိုခေါ်လိမ့်ဦးမလား။ ခေမင်းဇုံ (နာဂစ် ၂ နှစ်ပြည့် ရှုမြင်ကွင်းနောက်ကွယ်မှ) ၁၅
  16. 16. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ မ ကလက်တဲ့ အက မြတ်ခိုင်ဦး ရက်ရက်စက်စက်ရေစီးတွေကို ရင်စီးခံမှာလား သတင်းတစ်ပုဒ်ရဖို့ စစ်မြေပြင်အထိသွားနိုင်မှ ကဗျာတစ်ပုဒ်ဖတ်ရဖို့ စာသားထဲဝင်ရောက်နိုင်မှ ထမင်းတစ်လုတ်သို့၊ သီချင်းတစ်ပုဒ်မှ ။ ပြော ပြော ဖြည်းဖြည်းပြော ဒေါသဇောနဲ့ မြေမြင့်ရာ လှံစိုက်ရမလား ပြော ပြော ဖြည်းဖြည်းပြော ရင်ခုန်ပြီးပြော ယုံယုံကြည်ကြည် ပြော အခိုက်ဓာတ်ကို ဆိုက်အောင်ပြော ။ ညရှစ်နာရီခွဲမှာ ရုပ်မြင်သံကြားဖွင့်လျက် ညဆယ်နာရီမှာ ကဗျာစာအုပ်ဖွင့်လျက် ညဆယ့်နှစ်နာရီတိတိမှာ ရောက်လာမယ့်နေ့ကြီးကိုဖွင့်လျက် ရောက်လာမယ့် ပုံသဏ္ဌာန်နဲ့ ရောက်လာမယ့် မနက်ဖြန်တို့ ရောမွှေထားတဲ့အနံ့ရဖူးလား ဒီဝါကျတွေက ညှီလား ဒီစာသားတွေက နံလား ဂရုတစိုက်နဲ့ ပြောလိုက်တဲ့ စကား ကြားလား ။ ။ မြတ်ခိုင်ဦး ၁၆
  17. 17. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ အက်ဆေးများ မိသားစုသစ်ပင် ဇော်လူစိမ်း စာမျက်နှာ ၁၈ ဖွင့်ကြည့်တော့ မျက်ဝန်းရိပ်မှာ သွေးရိပ်ထင် လင်းထိပ်သျှင် စာမျက်နှာ ၂၄ ဖတ်စာ ရေ၀တီ စာမျက်နှာ ၂၇ ၁၇
  18. 18. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ကံကောင်းထောက်မစွာနဲ့ နာရီများစွာ သူရဲ့စိတ်ကို နှိုးဆွပြီးတဲ့နောက်မှာ သူ့ရဲ့မျက်ရည်တွေ ဒလဟော ပြန်လည်ရရှိ လိုက်တယ်။ ဒါပေမယ့် သူရဲ့မူရင်းအခြေနေမှန်ဆီ ပြန်ရောက်ဖို့ .... မိသားစုသစ်ပင် ဇော်လူစိမ်း ၁၈
  19. 19. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လူက သစ်ပင်မှ အသွင်ပြောင်းဆင်းသက်လာခဲ့တယ်လို့ ရှေးစကားတွေထဲမှာ ကျွန်တော် ကြားခဲ့ဖူးတယ်။ နောက်ပြီး ဆင့်ကဲဖြစ်စဉ်အရ လူဟာသစ်ပင်တွေပေါ်ကနေ မြေပြင်ပေါ်ကို ဆင်း လာခဲ့ပြီး လူ့ယဉ်ကျေးမှုကို ထူထောင်ခ့တယ်ဆိုတာလည်း ကျွန်တော်တို့ သိခဲ့လေ့လာခဲ့ရပါတယ်။ဲ ကမ္ဘာဦးမှာရော ဘုရားသခင်ဟာ တောတောင်သစ်ပင်ဝန်းကျင်နဲ့ လူသားကို ဘယ်လိုတွဲယှက် ဖန်ဆင်းခဲ့ပါသလဲ။ ဘယ်လိုပုံ ဘယ်လိုအယူအဆတွေ ရှိနေကြပါစေ၊ ပြတင်းပေါက်က ကြည့်လိုက်လို့ သစ်ပင်သစ်ခက် မမြင်ရတဲ့နေရာ၊ ရထားစီးသွားလို့မှ သစ်ရိပ်တောရိပ် ငေးမောလို့မရတဲ့အရပ်၊ အဲသလိုနေရာမျိုးတွေမှာ ကျွန်တော်တို့ လူ့သဘာဝဟာလည်း ပျောက်ဆုံးနေမှာ အမှန်ပါပဲ။ သစ်ပင်နဲ့ လူဟာ ခွဲခြားမရတဲ့ အတူတွဲလျက်ရှင်သန်နေတဲ့ ဖြစ်တည်မှုတစ်ခုပါ။ ဒီတော့ ကျွန်တော်တို့ လူနဲ့ သစ်ပင်ကို ဘယ်လိုစာလုံးပေါင်းမလဲ။ ပင်စည်၊ အကိုင်း၊ အခက်အလက်၊ အဘိုးအဘွား၊ အမိအဘ၊ သားမြေးမြစ်၊ သစ်ပင်ကို မိသားစုတစ်ခုလို ပျိုးကြတဲ့အခါ မိသားစုတွေဟာ စိမ်းလန်းသော သစ်ပင်ဖြစ်ခြဲ့ ကတယ်။ ဒါပေမယ့် အဲဒီသစ်ပင်တွေဟာ အလူးလူးအလဲလဲ ဖြစ်လာတဲ့အခါ ... ကျွန်တော်တို့ ခံစားခဲ့ရတယ်။ မိမိမြင်ကွင်းနဲ့ မိမိရဲ့ ရှုထောင့်ပတ်ဝန်းကျင် အသီးသီးကနေ ကျွန်တော်တို့ တစ်မျိုးစီ တစ်မျိုးစီ ပါဝင်ခံစားခဲ့ရတယ်။ အလွမ်းဇာတ်တွေပေါ်မှာ ၀မ်းနည်းမှု မိုးတိမ်တွေ ပြိုကျပြီးရင်း ပြိုကျခဲ့ရတယ်။ စစ်ပွဲတွေမရှိရင်၊ လူမျိုးဖြုတ်သတ်ဖြတ်မှုတွေ မရှိရင်၊ အကြမ်းဖက်မှုတွေ မရှိရင် ကမ္ဘာကြီး ငြိမ်းချမ်းနေတယ်လို့ထင်မိလင့်ကစား မမျှော်လင့်တဲ့ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ မမြင်ကြည့်ဝံ့တဲ့ အနိဋ္ဌာရုံတွေ၊ မကြားဝံ့မနာသာ ခြောက်ခြောက်ခြားခြား အသံတွေဟာ ကျွန်တော့်ဆီကို အခြားတစ်ဖက်က ဆောင့်ဆောင့်ထိုးလာတဲ့ ဓားချက်တွေပါပဲ။ ကျွန်တော့်မှာ ညတစ်ညရှိခဲ့တယ်။ တကယ်တော့ အဲဒီညဟာ စိတ်အေးလက်အေးစာအုပ် တစ်အုပ်ဖတ်ချင်စရာညတစ်ညပါ။ ဖြတ်သန်းခဲ့ရတဲ့ကာလတွေထဲမှာ သိပ်မထူးခြားတဲ့တံခါးရွက်တွေ ဆွံ့အာနေတဲ့ သာမန်ညတစ်ညပါပဲ။ ကျွန်တော်တို့နဲ့ အဆောင်အတူနေသူတစ်ဦးဟာ အသံကွဲကြီးနဲ့ သူဆိုနေကျသီချင်းကို သူဆိုနေကျ မပြည့်မစုံစာသားအပျက်နဲ့ ဘေးဘက်ခန်းကနေ သီဆိုနေတဲ့ ည တစ်ညပါ။ တစ်ဖက်ခပ်လှမ်းလှမ်းက ဘိုကလေးသားတစ်ယောက်ရဲ့ ကွမ်းဝါးနေရင်း ဆိုလိုက်တဲ့ အသံကြီးကလည်း ဒီဘက်ကျွန်တော့်အခန်းထိအောင် ရောက်ရောက်လာတဲ့ ညတစ်ညပါ ... ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး ... ။ ဒီဘက် ကျွန်တော်နဲ့ ကပ်လျက်ဘက်ကလည်း သူတို့အသံတွေ ကြားတဲ့အခါ နေ့စဉ်ရက်ဆက် ကြိမ်းနေကျ အတိုင်းပဲ အပေါက်ဝကို ထွက်ကြိမ်းနေတဲ့ ညတစ်ည။ “အလိုက်ကန်းဆိုး မသိတ့ကောင်တွေ။ဲ သူများတကာ ဘုရားဝတ်ပြုချိန်လား ဘာလားမသိ။ အသံတွေကိုက ကြွက်စုတ်ရေနစ်ပြီး အအေး ပတ်တ့အသံ” ပြီးတဲ့နောက် သူဟာ အခန်းထဲလှည့်ပတ်ပြီး ဘုရားစာအကျယ်ကြီး ရွတ်နေပြန်တ့ည။ဲ ဘာပဲဖြစ်ဖြစ် ဒီပတ်ဝန်းကျင်မှာတော့ သာမန်ညတစ်ညပဲ ဖြစ်ပါတယ်။ ခါတိုင်းညတွေလိုပဲ အိုက်စပ် စပ် ဖြစ်နေတယ်။ လေပြည်လေညင်းတွေကရော ခါတိုင်းထက် ငြိမ်သက်နေမယ်လို့ ကျွန်တော် တွေးဖြစ် ၁၉
  20. 20. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လိုက်ရ့လား။ အခုရေးဖြစ်နေတာတွေရော ရေးဖြစ်မယ်လို့ ဘုရားသခင်တောင် သိမယ်လို့ မထင်ပါဘူး။ဲ သာမန်အတိုင်းပဲ စာအုပ်လေးဘေးချပြီး၊ ဆေးလိပ်ကလေး နည်းနည်းဖွာချင်မိတာနဲ့ ထထိုင်လိုက်မိတဲ့ ငြီးငွေ့ဖွယ်ရာ ညတစ်ညပါ။ ကျွန်တော်တို့ရဲ့ အဆောင်က ခြံစောင့်ဦးကြီးက လက်နှိပ်ဓာတ်မီး တစ်ဖက်နဲ့ ဆေးလိပ်မးတစ်ဖက်နဲ့ ခါတိုင်းလိုပဲ အခန်းတွေနား မလှမ်းမကမ်းကနေ “စားပြီးကြပြီလားကွ”ီ လို့ လှမ်းအော်နေကျ ညတစ်ညပါပဲ။ ငြီးငွေ့လာတာနဲ့အမျှ ခပ်လှမ်းလှမ်းက အမေဇုန် တုံးခေါက် သံသဲ့သ့ကို အိပ်ရာဝင်ဂီတအဖြစ် နားစိုက်နေမိတဲ့ ရိုးရှင်းလွယ်ကူတဲ့ ညတစ်ညဖြစ်ပါတယ်။ ဒါဟဲာ ခါတိုင်းလိုပဲ ညထူထူအမ်းအမ်းကြီးမှာ ၀စ္စနှစ်လုံးပေါက်ထည့်ပြီး ထူးမလာတဲ့ သာမန်ည တစ်ည ဖြစ်ပါတယ်။ ညဟာ လုံးလုံးချည်း အိပ်မောမကျသေးဘူး။ ဒါပေမဲ့ ညဟာ တစပြင်တစ်ခုကို တိတ်ဆိတ်နေတယ်လို့ ဘယ်သူတွေ သတိပြုခဲ့ပါသလဲ။ ကျွန်တော်ကိုယ်တိုင်တောင် အမှောင်ရဲ့ထောင့်ကျဉ်း ထဲက အမှုန်အမွှားတစ်ခုသာ ဖြစ်ပါတယ်။ မျက်နှာကျက်က အိမ်မြောင်တစ်ကောင် ပြုတ်ကျသံဟာ ကျွန်တော့်အခန်းမည်းလေးကို တွန့်ခါသွားစေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အမှောင်ရ့ထောင့်ဲ ကျဉ်းထဲက အမှုန်းအမွှား၊ တိတ်ဆိတ်မှုက အမှောင်ထဲကနေ ကုန်းရုန်းထလာနေတယ်။ ကျွန်တော် က အိပ်မက်ထဲမှာ မြူတွေလို ၀ဲလွင့်နေတယ်။ ကျွန်တော့်အိပ်မက်အဝေးကနေ တိတ်ဆိတ်ခြင်းရဲ့ တိတ်ဆိတ်ခြင်းဟာ နီးသထက် နီးလာပြီး ကျွန်တော့်အခန်းတံခါးကို တွန်းဖွင့်နေမှ၊ ကျွန်တော့် နံရံတွေကိုဆုတ်ဖြဲနေတော့မှ ကျွန်တော်အိပ်မက်ထဲကနေ ကျွန်တော်ကိုယ်တိုင် ၀ုန်းခနဲပေါက်ကွဲ သွားတော့တယ်။ ကျွန်တော့် အမှောင်ထောင့်ကျဉ်းထဲမှာ ကျွန်တော်ဟာ ၀ိညာဉ်တစ်ခုလို ထထိုင်နေ လိုက်မိတယ်။ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် အပြင်မှာ ကြမ်းတမ်းနေပါပြီ။ လက်တွေက တံခါး တန်းတွေကိုဆုပ်ကိုင်မိလျက်သား တင်းတောင့်သွားတယ်။ ကျွန်တော်ရှေ့ကအမှောင်ထဲမှာ ပြေးလွှား လွင့်စဉ်နေတာ ဘယ်လိုအရာတွေလဲ ကျွန်တော်မသိလိုက်ခင်မှာပဲ အခန်းတံခါးနဲ့ နံရံတွေဆီ ၀င်ဆောင့်လာတဲ့ သစ်ကိုင်းကျိုးတွေ၊ အခြားအရာတွေ၊ အဆောာင်အအုံစည်းရိုးရဲ့ ဟိုမှာဘက်က စိတ်ခြောက်ခြားစရာ အလင်းသဲ့သဲ့ရဲ့ ကောင်းကင်နောက်ခံမှာ ကြီးမားအုံ့ဆိုင်းနေတဲ့ ကုက္ကိုပင်ကြီးဟာ တစ်စစီ၊ တစ်စစီ ပြုတ်ထွက်နေတယ်။ ဒါမှမဟုတ်လည်း တောင့်မထားနိုင်တဲ့ သူ့ကိုယ်လက် အင်္ဂါတွေကို ဖြုတ်ဖြုတ်ပေးနေရသလိုမျိုးနဲ့ အဲဒီအပင်ကြီးဟာ သေးကျုံ့လာနေတယ်။ အဲ့ဒီဟာနဲ့ တစ်ပြိုင်နက် အဆောင်ခြံအုတ်ရိုးနဲ့ လေနဲ့ ငြိနေတဲ့အသံကို ဂီတသံလို ခံစားမိရင်း ကြောက်စရာ ကြက်သီးထစရာ မြည်ဟည်းနေတဲ့ မရဏဂီတသံပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ရက်စက်တဲ့ အမှောင်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ရာဖွေနေမိသလား။ှ ကျွန်တော့်မျက်နှာကို ပြန်စမ်းကြည့်မိတယ်။ ကျွန်တော့်ရဲ့ ရင်ဘတ်က အသံကို ပြန်နားထောင်နေ မိတယ်။ ဒါဆိုကျန်တဲ့ အတူနေအဆောင်သားတွေကရော ဘယ်မှာလဲ။ ကျွန်တော်နားစွင့်နေတယ်။ ဒီအမှောင်ဟာ ကျွန်တော့်တစ်ဦးတည်းကို ကိုင်လှုပ်နေတဲ့အမှောင်လား။ သူတို့တွေ ဘယ်မှာလဲ။ အခြားတစ်ဖက်က အသံတွေ ဘယ်ရောက်နေကြသလဲ။ အသံတွေကို မျက်စိနဲ့ မြင်လို့ရသလား။ ကျွန်တော် နံရံတွေဆီ ထွင်းဖောက်ကြည့်မိတယ်။ ကျွန်တော်ဟာ အိမ်မက်ထဲမှာပဲလား။ ကျွန်တော့် ကိုယ်ကျွန်တော် မသဲကွဲပြန်ဘူး။ အသံစစ်စစ်တစ်ခု လည်ချောင်းထဲကထွက်လာဖို့ ကျွန်တော် အားထုတ်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်။ နားနဲ့မကြားရတဲ့ အသံတစ်ခု ထွက်လာပါတယ်။ ကျွန်တော်ဟာ အသံတွေအားလုံးနဲ့ အသားကျလာတော့မှ အခြားဘက်က အသံတွေ လက်ခံမိလာ ၂၀
  21. 21. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ တယ်။ အခြားဘက်တွေက ဆက်သွယ်ချက်တွေ ရလာတယ်။ ဒါပေမဲ့ ဘယ်လိုသက်ရှိတစ်ကောင်ရဲ့ အသံမှ မဟုတ်ဘူး။ အခန်းနံရံတွေကို တစ်ဒေါက်ဒေါက်နဲ့ခေါက်ပြီး အသိပေးတဲ့ အသံတွေပဲ။ ကျွန်တော်လည်း အဲသလို ဆက်သွယ်မှု လမ်းကြောင်းပေါ် လိုက်ရတယ်။ ကျွန်တော်တို့ အားလုံး ဟာ ကျောက်ခေတ်ရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာ။ ပိုမိုပြင်းထန်တဲ့လေ၊ ပိုမိုအားကောင်းတဲ့ မိုးနဲ့အတူဖရိုဖရဲအလင်းတွေ ရောက်လာတဲ့အခါ မှာတော့ ဟာလာဟင်းလင်းဖြစ်မှု၊ မြင်နေရသေးတဲ့ အရာတွေမှန်သမျှ ရောက်နေတဲ့နေရာကနေ အငမ်းမရ ကုပ်တွယ်နေကြတယ်။ ကြည့်နေရင်းမှာပဲ ဘယ်အချိန်က ပျောက်ကွယ်သွားမှန်း မသိလိုက်ရတဲ့ အုတ်စည်းရိုးဟိုဘက်က ကိုက္ကိုပင်ကြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြုတ်ပေးလိုက် ရပြီ။ တစ်မနက်လုံး ကျွန်တော်တို့ အခန်းပေါ်က အမိုးပြားတွေ လွင့်ပျံနေတယ်။ ကျွန်တော့် အခန်းလေးဟာ မြုပ်စပြုနေပြီဖြစ်တဲ့ သင်္ဘောတစ်စင်းလို၊ ပြေးစရာမြေကဘယ်မှာလဲ။ တွေ့နေရတာ ကတော့ ပေါလောမျောနေတဲ့ အပျက်အစီးတွေ၊ ဘယ်ကလာမှန်းမသိရတဲ့ အုန်းသီး တချို့ကလည်း ရေထဲမှာ လေနဲ့အတူ ၀ဲလည်မျောပါနေတယ်။ ကျွန်တော့် အခန်းတံခါးရွက်နားက အမိုးသွပ်ပြားတစ်ခုကတော့ လွင့်ပါမသွားဖို့ သူ့ဘာသာသူ ကုတ်ကတ်ရုန်းကန်နေရှာတယ်။ အချိန်တွေလည်း လေနဲ့အတူ လွင့်နေကြတယ်။ အခန်းဝကိုတောင် ခြေချဖို့ လုံးဝမဖြစ်နိုင် ဘူး ဖြစ်နေတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှလည်း ဖြတ်သွားဖြတ်လာ မလုပနိုင်ကြဘူး။် ကျွန်တော်တို့ နေ့လည်စာကိုတော့ အကောင်းဆုံး ဖြေရှင်းလိုက်ကြတယ်။ လက်ကျန် ဘီစကွတ် မုန့်လေးတွေ စုထုပ်လိုက်ပြီး ဟိုဘက်ဒီဘက်ကို အပြန်အလှန်ပစ်လို့ ဝေငှစားလိုက်ကြတာပါ။ ဒီတုန်း ကျွန်တော်တို့ ခြံဝန်းရဲ့ ဟိုဘက်ခပ်လှမ်းလှမ်းမှာ မီးခိုးတွေအူပြီး တလိပ်လိပ်တက်လာနေတယ်။ ကျွန်တော်တို့အထင်နေတာမှ အဲဒီမြင်ကွင်းဟာ မှောင်နေပြီး အုံ့ဆိုင်းနေတယ်။ အဲ့ဒီအချိန် ဟာ နေ့လည်ခင်းဖြစ်နေပြီ။ လေတွေကလည်း မောပန်းကြီးစွာ အိပ်စက်အနားယူသွားပြီ။ အဲဒီဘက်ပိုင်းက အသံဗလံတွေသာ နားစွင့်နေလိုက်ကြပေမဲ့ ဘာသံတွေရယ်လို့ မသဲကွဲဘူး။ ဘာဖြစ်နေတာရယ်လို့ မသေချာဘူး။ ကျွန်တော်တို့နေရာမှာလည်း ကိုယ့်အဖြစ်အပျက်နဲ့ကိုယ် မဟုတ်လား။ အဲဒီစိတ္တဇနေ့ကို ရေတွက်လာပြီးတဲ့ ရက်သတ္တပတ်တွေအလွန်မှာ ကျွန်တော်တို့ အတော်များများဟာ ကိုယ့်မိသားစုတွေဆီ ရောက်သွားခဲ့ကြတယ်။ ကိုယ့်သောက၊ သူများဒုက္ခ၊ မိသားစုတွေဟာ သစ်ပင်တွေလို အမျိုးမျိုး ယိမ်းခါကျိုးပဲ့ကုန်ကြပုံတွေနဲ့ ကျွန်တော်တို့ဟာ ကိုယ့် အဆောင်လေးဆီ ပြန်ရောက်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မိတိုင်း အပြန်အလှန် နှစ်သိမ့်နိုင်ခဲ့ကြတယ်။ ထပ်ထပ်ပြီး မိသားစုဇာတ်လမ်းတွေ ပြောမဆုံးပေါင် တော သုံးထောင်တွေလည်း ကြားနေပြန်တာပေါ့။ တဖြည်းဖြည်းနဲ့ အဲဒါတွေကို ကျွန်တော်တို့ မကြား ရဲတော့ဘူး။ ကျွန်တော်တို့ အဆောင်မှာကို မိသားစုနဲ့ မဆုံနိုင်သေးတဲ့သူတွေ ရှိနေသေးတယ်။ ဆက်သွယ်ရေး လမ်းကြောင်းက ပြတ်နေတယ်။ သူတို့ဟာ တခြားသူတွေ ပြောနေတာကို တိတ်တဆိတ်ပဲ နားစွင့်နေကြတယ်။ သူတို့ဆီ တည့်တည့်ရောက်လာနိုင်တဲ့ ကံကြမ္မာကို ကားမှတ်တိုင်မှာ ကားရပ်စောင့်နေရသလိုမျိုး စောင့်နေကြရတယ်။ ဟုတ်ပါတယ်။ ရက်သတ္တပတ် သုံးပတ်မြောက်တ့နေ့ဟဲာ ကားမှတ်တိုင်ကို ၀န်အပြည့်နဲ့ ကားတစ်စီး ထိုးစိုက်လိုက်သလို မျိုး မောကြီးပန်းကြီး ရောက်လာခဲ့တယ်။ မနက်နေမမြင့်မီမှာ ဘိုကလေးသား အခန်းထဲက ထွက်လာတယ်။ သူ့မျက်နှာမှာ ဘာမှန်း ၂၁
  22. 22. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ မသိတဲ့ အရိပ်အရောင်တွေ ဖြတ်ပြေးနေတယ်။ သူ့အမျိုးသမီးနဲ့ အဆက်သွယ်ရလို့တ့။ ပြီးတောဲ့ သူထွက်သွားတယ်။ ကျွန်တော်တို့လည်း ၀မ်းသားခြင်းတစ်ဝက်နဲ့ ၀မ်းနည်းရမလို၊ ဘာမှန်းမသိတဲ့ ခံစားမှုနဲ့ကျန်ခဲ့တယ်။ နောက်တော့ သူပြန်ရောက်လာခဲ့ပါတယ်။ သူကျွန်တော်တို့ရှေ့က ဖြတ်သားတုန်ွး လှမ်းနှုတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် သူကမကြားဘူး။ ရှေ့ကို မမှိတ်မသုန် စိုက်ကြည့်နေရင်းနဲ့ သူ့အခန်းလေးဘက်ကို ဆက်လက်ထွက်ခွာနေတယ်။ သူ့နောက်ဘက်မှာ ကျွန်တော်တို့ဟာ မသဲမကွဲ ဝေေ၀၀ါးဝါး ကျန်နေရစ်ခ့တယ်။ဲ တကယ်တော့ အဲဒီနေ့ကမှ သူ့ကိုမိုးကြိုးပစ်လိုက် တဲ့နေ့ ဖြစ်နေတယ်။ သူဟာ အခန်းထဲမှာ အသံမထွက်ဘဲ ပေါက်ကွဲလွင့်ထင်နေခဲ့တယ်။ မျက်ရည် မကျဘဲ တစ်ကိုယ်လုံး အရည်ပျော်ကျနေခဲ့တယ်။ ကျွန်တော်တို့ သိလိုက်ရပြီး သူ့အခန်းရောက်သား တွဲ့ အချိန်ကျတော့ သူဟာ တည်းတည်းလေးပဲ ကျန်တော့တယ်။ ကျွန်တော်တို့အားလုံး သူအတွက် ပျာဟာခတ် သွားခဲ့ရတယ်။ တကယ်တော့ ကျွန်တော်တို့ အရင်ဦးဆုံး သူ့ကို တောင်းဆိုလိုက်ရတာ က “သီဟ … ငိုလိုက် …. ငိုလိုက်-ငိုလိုက်စမ်းပါကွား” လို့။ ကျွန်တော်တို့ သူမျက်ရည်တွေ ကို တောင်းဆိုနေလိုက်မိတယ်။ ကျွန်တော်တို့ လုပ်နိုင်ခဲ့တာ တစ်ခုတည်းသော နည်းလမ်းကတော့ အဲဒါပဲ။မျက်ရည်ကသူ့ရ့ပကတိအရှိတရားဆီဲ ပြန်လည်သယ်ဆောင်ပေးနိုင်မယ်လု့ယုံကြည်မိကြလို့ပါ။ိ ကံကြမ္မာက သူတို့ဆီ တစ်နည်းတစ်ဖုံ ဆိုက်ရောက်ခဲ့တယ်လေ။ လေပြင်းကျတဲ့ညမှာ သူ့အမျိုးသမီးဟာ သူနဲ့ဆုံတွေ့ဖို့ ဘိုကလေးနာက ရွာကလေးမှာနေတဲ့ အဘိုးအဘွားတွေဆီမှာ အပ်ထားရစ်ခဲ့တယ်။ အဲဒီညမှာ သူ့အမျိုးသမီးကတော့ ရေတွေလေတွေထဲ ပါမသွားခဲ့ပေမဲ့ ဘိုကလေးမှာရှိနေခဲ့ကြတဲ့ နှစ်ဖက်သောမိဘမောင်နှမတွေ အမျိုးအဆွေတွေအားလုံးဟာ မျောပါ ပျောက်ကွယ်ကုန်ကြတယ်။ သူတို့ရ့ မျိုးဆက်သားလေးအပါအ၀င် အကုန်လုံး ရေလှိုင်းတွေရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်။ဲ ပိုင်ဆိုင်ထားသမျှ ဥစ္စာစီးပွားမှန်သမျှလည်း ဘာမှကို မကျန်ရစ်ခဲ့ဘူး။ သူ့ဆီကို သူ့အမျိုးအမီး လာခဲ့ပြန်တော့လည်း အရူးမီးဝိုင်းခံရတဲ့ အခြေအနေလေးကနေ လင်ယောက်ျားရဲ့ စိတ်နဲ့ ကုန်းရုန်းထလာခဲ့ရတယ်။ သီဟ ဘယ်လိုဖြေမလဲ။ ကံကောင်းထောက်မစွာ နဲ့နာရီများစွာ သူရ့စိတ်ကိဲု နှိုးဆွပြီးတဲ့နောက်မှာ သူ့ရဲ့မျက်ရည်တွေ ဒလဟော ပြန်လည်ရရှိ လိုက်တယ်။ ဒါပေမယ့် သူရဲ့ မှုရင်း အခြေနေမှန်ဆီပြန်ရောက်ဖို့ ကျွန်တော်တို့ဘယ်လောက်အထိ အချိန်ယူဖို့ လိုပါသလဲ။ ကျွန်တော်တို့လို မိတ်ဆွေအနေ နဲ့ပဲဘယ်လိုဘယ်ပုံ ဖေးမ စောင့်ရှောက်ပေးနိုင်ပါသလဲ။ သူ့ရ့ပင်စည် အကိုင်းအခတ်ဲ အရွက်အလက် သူရဲ့မိသားစုသစ်ပင်ကြီးသာ လုံးဝကို ကျိုးပဲ့လွင့်စဉ်ပြီး ဗုန်းဗုန်းလဲသွားခံရပါပြီ။ ကျွန်တော်တို့ အဆောင်ဝင်းရဲ့ ခြံစောင့်ကြီးကတော့ တစ်လလောက်အကြာ မှာ ပြန်ရောက်လာခဲပါတယ်။အမျိုးမိသားစုတစ်စုဟာပင်လယ်အောက်ဘက်က ပြင်စလူရွာမှာ နေကြ့  တာပါ။ အဲဒီကို သူရောက်သွားပြီတော့ အဲ့ဒီမိသားစုကို ခေါ်ယူလာနိုင်ခဲ့တယ်။ ဘယ်လို့ကြောင့် များ ခေါ်လာနိုင်လာခဲ့ပါလိမ့်လို့ ကျွန်တော်တို့ အတော်လေး စိတ်ဝင်စားခဲ့ကြ တယ်။ လေပြင်းတွေ ရေလှိုင်းတွေ တက်လာတော့ အဲဒီမိသားစုဟာ သစ်ပင်တစ်ပင်ပေါ်မှာ ရှိနေခဲ့ တယ်။ ပျော့ပျောင်းပြီး ခိုင်ခန့်တဲ့ အဲဒီသစ်ပင်ဟာ အဲဒီမိသားစုနဲ့အတူ ရှင်သန်နိုင်ခဲ့ တယ်။ ရေလှိုင်းတွေ တရိပ်ရိပ်လာလေ မိသားစုဟာ အပင်မြင့်ကို တစ်ဆင့်ပြီးတစ်ဆင့်တိုးတိုးပြီး တက်နေလိုက်ကြတယ်။ အချိန်တွေ ဘယ်လောက်ထိ ရှည်ကြာခဲပါသလဲလို့  သူတို့မသိဘူး။ သူတို့အရေပြားတွေ စုတ်ပြဲ ဖွာလန်ကြဲနေတဲ့အထိ ကုပ်တွယ်ထားခဲ့ကြတယ်။ ရေတွေ တဖြည်းဖြည်း ပြန်ကျသွားတဲ့အခါ သူတို့ဟာ ကြေကွဲဖွယ်ဒုက္ခထဲက ပြန်ထလာနိုင်ခဲ့ကြတယ်။ သူတို့မိသားစု ငါးယောက်ဟာ မယုံနိုင်စရာ သစ်ပင်ကြီးတစ်ပင်ပဲ ဖြစ်ခဲ့ကြပါတယ်။ ၂၂
  23. 23. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ နောက်ပိုင်းမှာတော့ ကျွန်တော်ဟာ သစ်ပင်တွေအကြောင်းကို တွေးနေမိခဲ့တယ်။ ရှင်သန်ခဲ့တဲ့ အပင်တွေအကြောင်း၊ ပျောက်ကွယ်သွားခဲ့တဲ့ အပင်တွေအကြောင်း၊ မျိုးဆက်ပြန့် ပွား နေထိုင်ခြဲ့ ကတဲ့ အပင်တွေအကြောင်း၊ မုန်တိုင်းထဲက ထွက်လာခဲ့တဲ့ မြို့တွေရွာတွေမှာ လဲနေခဲ့တဲ့ သစ်ပင်တွေ၊ ဖြတ်တောက်ရှင်းလင်းထားတဲ့ သစ်ပင်အပိုင်းအစတွေ၊ ကြီးမားခိုင်ခံ့တယ်လို့ မြင်တာနဲ့ သိနိုင်ပြီး အမှိုက်ပုံက အမှိုက်စတွေလို စွန့်ပစ်ထားခံရတဲ့ သစ်မြစ်ဆုံကြီးတွေ၊ အခုကျွန်တော်ကိုယ်တိုင် အကိုင်းအခက်တစ်ခုပဲ ဖြစ်ချင်ဖြစ်မယ်။ နောက် ကျွန်တော်ဟာ ပင်စည်တစ်ခု ဖြစ်လာချင်တယ်။ ကျွန်တော်တို့ကိုယတိုင်ဟာ် သစ်ပင်တွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ မြေကြီးကို ကုပ်တွယ်ထားတဲ့ ကိုင်းခြောက်သစ်ပင်တွေလား၊ စက္ကူပေါ်က စိမ်းလန်းတဲ့ သစ်ပင်တွေလား၊ ခိုင်ခံ့နိုင်ဖို့တော့ လိုပါလိမ့်မယ်။ ဇော်လူစိမ်း ၂၃
  24. 24. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ မြစ်ပြင်ကျယ်ဝယ် မိစ္ဆာတစ်ကောင်ရဲ့ ကြုံးဝါးသံ ပဲ့တင်ညံလို့ အဲဒီနေ့ရက်မှာ...။ ဖွင့်ကြည့်တော့ မျက်ဝန်းရိပ်မှာ သွေးရိပ်ထင် လင်းထိပ်သျှင် ၂၄
  25. 25. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ နာဂစ်တဲ့ . . . ။ ၀ဲလှည့်ဗေဒါတဲ့ . . . ။ မေ (၂) တဲ့ . . . ။ အနက်ရောက် ပေါက်ကွဲသံတစ်ခု . . . ။ စူးစူးဝါးဝါးအော်သံများ . . . ။ လူးလူးလွန့်လွန့်တက်ခေါက်သံများ . . . ။ ငါ ပြန်မကြားချင်တော့ဘူး။ ငါ ပြန်မမြင်တွေ့လိုချင်တော့ဘူး။ ငါ ပြန်မခံစားချင်တော့ ဘူး။ နွေးထွေးတဲ့အပြုံးတွေ လွှမ်းခြုံထားရာ မေတ္တာရိပ်မြုံလေးဆီကိုသာ ငါတခုတ်တရ ကြင်နာ ယုယစွာ ဖက်တွယ်ထားချင်တော့တယ်။ ရင့်ရော်နေတဲ့ နာကျင်မှုတွေပြည့်နှက်ရာ အတိတ်ကို ငါပြန်တမ်းတ လွမ်းချင်တော့ဘူး။ အသက်ပေါင်းများစွား နှစ်မြုပ်ပျောက်ဆုံးသွားတဲ့ မုန်တိုင်းနီမည် ရာနေ့ရက်ကို ငါထာဝရ မမေ့ရက်နိုင်ပေမယ့် ငါပြန်မခံစားချင်တော့ဘူး။ ငါသိပ်ချစ်တဲ့ ဗေဒါလေး ငါ့အနားမှ ရှိနေပါသေးရဲ့။ ငါတို့ စိတ်နှလုံးသားမှာ စွဲထင်ကျန်နေတာ ဒဏ်ရာလား၊ အနာလား၊ အမာရွတ်လား။ တို့တစ်တွေခုထက်ထိ မခွဲတတ်တုန်းပဲမဟုတ်လား၊ အဖြူရောင်မျက်ရည်စက်တွေနဲ့ အမှောင်ကမ္ဘာမှာ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို ငတ်မွတ်ခြဲ့ ကတာ ငါတို့တစ်တွေ လွမ်းမိပါရဲ့။ ခိုကိုးရာမဲ့ဘ၀မှာဘယ်သူလာ နွေးနွေးထွေးထွေး ကမ်းလင့်လာမှာလဲဆိုတဲ့ အတွေးလေးတွေ အုပ်ဖွဲ့ကိုယ်စီရှိခဲ့ကြတာကလည်း တကယ့်ကို အောက်မေ့ဖွယ်ရာပါပဲ။ ဒါပေမဲ့ မိစ္ဆာ တောအုပ်န့တွေဟဲာ သားညှီနံ့သင်းနေတဲ့ ဧရာဝတီရင်အုံကို လွှမ်းမိုးခဲ့တာတော့ ငါတို့တစ်တွေ သက်ဆုံးတိုင် မေ့ဖျောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ အဲဒနေ့ရက်ကနေ ကျော်လွန်ခ့သည့်တိုင် ရာသီစက်ဝန်း အလှည့်အပြောင်းမှီာဲ ခုလိုပြန်ရောက်ရှိလာတော့ ငါတို့ဟာမချိတင်ကဲ ရင်ထဲ မှာ ဝေဒနာမီး တောက်လောင်ငြီးနေတုန်းပဲလေ။ သက်မ့အသက်တွေရေဲာ သက်ရှိအသက်တွေပါ ရင်းနှီးမြှုပ်နှံခ့ရတဲ့ အဲဒီကမ်းပါးကျွံကျမှုကို အသိတရားကင်းမဲ့သူတချို့တွေက သဘာဝကပ်ဘေးကြီး မို့ ဘာတတ်နိုင်မှာလဲလို့ ပြောကြသလို လူသေတာဘာဆန်းလဲ၊ ကျန်တဲ့ အသားစ အရိုးတွေ ငါးပူတင်းစာ ဖြစ်သွားမှာပဲလို့ ဆိုကြတော့ ငါတို့ဘ၀တွေ ရေနစ်သူဝါးနဲ့ထိုးနှစ်သတ်ခဲ့ကြပုံကတော့ ကမ္ဘာမကျေစရာပဲ။ အမှန်တရားဆိုတာ ငါတို့တစ်တွေဆီ အမှန်တကယ် ဆိုက်ရောက်ခဲ့ပါပြီ။ အမှောင်ထုနက်နက်ကို ဖြိုခွဲခဲ့တဲ့ ၂၅
  26. 26. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ အလင်းစက်မှုန်လေးရော ငါ့စိတ်နှလုံးသားထဲမှာပါ ဗေဒါလေးဟာ ကဗျာတစ်ပုဒ်ဖြစ်နေသလို ဧရာဝတီကလည်း နိမိတ်ပုံ သင်္ကေတဖြစ်နေမှန်း ခုမှ ငါသိရတော့တယ်။ ဗေဒါနဲ့ငါ သေကွဲမကွဲ ရှင်ကွဲခွဲခဲ့ အဲဒီနေ့ရက်မှာ . . . ။ မြစ်ပြင်ကျယ်ဝယ် မိစ္ဆာတစ်ကောင်ရဲ့ ကြုံးဝါးသံ ပဲ့တင်ညံလို့ အဲဒီနေ့ရက်မှာ . . . ။ ရေဆန်လည်း မတက်နိုင် ရေစုန်လည်း မမျောနိုင် လောကဓံတရားရဲ့ သင်္ခါရအနက်အဓိပ္ပါယ် အကျယ်ဖွင့်ဆိုခဲ့လေပြီ။ ငါ့မှာ ခုချိန်ဝယ် ဗေဒါလေးနဲ့အတူ မြစ်ပြင်ကျယ်ကျယ်မှာ လှိုင်းကလေးတွေရဲ့ လေချွန်သံ ပြန်လည်ကာ ပန်ဆင်ချင်မိရဲ့ . . . ။ ကမ်းပါးတွေဆီမှာ ဆည်းဆာတစ်ခုရဲ့ အားမာန်ကကြိုး ပြန်လည်ကာ တိတ်တခိုးကြည့်ချင်မိရဲ့ . . . ။ ပျောက်ဆုံး . . . နာကျည်း . . . မြင်ကွင်းစိမ်း . . . ၀တ်ရုံနက် . . . အလွမ်းဟာ ဒဏ်ရာ အတိတ်ဟာ အနာ ဘ၀ဟာ အမာရွတ် အနာဂတ်ဟာ မြေပုံပျက် . . . ။ ဗေဒါလေးရယ် . . . အကောင်းဟန်ဆင်ဖွဲ့သဏ္ဌာန် သရုပ်သကန်ဖွင့်ဆို မြကျွန်းညို၊ ရွှန်းစို ဥသြပြိုဆင်းလာမည့် နွေးဦးစစ်စစ်ကို ငါတို့တစ်တွေ လက်ကမ်းဆင့်ကြိုဆို ပါစို့လားကွယ်။ လင်းထိပ်သျှင် ၂၆
  27. 27. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ဒီဖတ်စာက အတန်းအဆင့် ကန့်သတ်ချက်တွေ မရှိခ့ပါဘူး။ဲ ဖတ်စာ ရေ၀တီ ၂၇
  28. 28. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လဲပြိုနေတဲ့ သစ်ပင်တွေ၊ ဆိုင်းဘုတ်ကြီးကြီးတွေ၊ ဓာတ်တိုင်တွေ၊ မှန်ကွဲစတွေ၊ သွပ်ချပ်တွေ၊ နိမ့်တဲ့နေရာမှာ ၀ပ်နေတဲ့ ရေတွေ… ။ အားလုံးက မနက်ခင်း အလင်းရောင်ထဲမှာ အတုန်းအရုန်းပဲ။ လေထုထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေတယ်။တယ်လီဖုန်းလိုင်းတွေက ပြတ်တောက်သွား တယ်။ အိမ်ကျွန်တော်ထက်လာခဲ့ပြီွး သူငယ်ချင်းအိမ်မှာ ကပ်နေရင်း၊ မိဘဆီက ပိုက်ဆံကို လက်ဖြန့်မတောင်းတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးတဲ့ကျွန်တော် သိပ်ကိုအားငယ်နေခဲ့တယ်။ အလုပ် တစ်ခုမရှိသေးတဲ့ ကျွန်တော်၊ ကျောင်းမပြီးသေးတဲ့ ကျွန်တော်၊ ၀တ်စရာအင်္ကျီရှိတော့လို့ နယ်ကို ခဏပြန်သွားတဲ့သူငယ်ချင်းရဲ့ဂျင်းဘောင်းဘီအပြာရောင်ကိုယူဝတ်ရတဲ့ကျွန်တော်။ ဟောလိဝုဒ်မင်းသား ၀ီလ်စမစ်သ်ရဲ့ I a m L e g e n d ဇာတ်လမ်းထဲက မြို့ပျက်ကြီးထဲ ထွက်လာရသလို ကျွန်တော် သူငယ်ချင်းတွေနဲ့ ကမာရွတ် (၁) ရပ်ကွက်ရဲ့ တိုက်ခန်းတစ်ခုထဲက ထွက်လာခဲ့တယ်။ လက်ထဲမှာ ပိုက်ဆံ မရှိဘူး။ အိမ်ကို ဖုန်းပြန်ခေါ်ချင်တောင် ခေါ်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ၀ီလ်စမစ်သ်လို ဒဏ္ဍာရီဟီးရိုးတစ်ယောက် မဟုတ်ခဲ့ဘူး။ ကျွန်တော့် အသက် ၂၂ နှစ်ပြည့်ပြီး နှစ်ပတ်လောက်အကြာမှာ ကျွန်တော်ဟာ ဖတ်စာအသစ်တစ်ခုကို ဖတ်လိုက်ရသလို။ ဒါပေမယ့် ဖတ်စာရဲ့ နိဒါန်းအစဟာ သာယာကြည်နူးမှုတွေနဲ့ မစတင်ဘူး။ သတ္တိခွန်အားတွေနဲ့ မစတင်ဘူး။ ဖတ်စာရဲ့အစမှာ ကျွန်တော်ဟာ သိပ်ကိုအားငယ်နေခဲ့တယ်။ အင်းစိန်လမ်းမကြီးပေါ်ကို ရောက်လာတော့ ဗိုက်က အတော်ဆာလောင်နေပြီ။ တကယ့် ကို ဆာပြီး လောင်နေတာ။ သူငယ်ချင်းတွေရဲ့ အိပ်ကပ်ထဲမှာရှိတဲ့ ပိုက်ဆံကလေးနည်းနည်းကို အားကိုးရင်း ကျွန်တော်တို့ ဘယ်ဆိုင်ဖွင့်သလဲလို့ လိုက်ရှာတယ်။ လှည်းတန်းလမ်းပေါ်က နာမည် ကြီးမုန့်ဟင်းခါးဆိုင်တစ်ခုတော့ ဖွင့်ထားတယ်။ ဟင်းရည်တွေက အေးစက်နေတယ်။ အကြော် မရှိတော့ဘူး။ ဆာဆာနဲ့မို့ မုန့်နှစ်ပွဲစီ စားကြပြီးတော့ ကျန်တ့ပိုက်ဆံကို စစ်ရပြန်တယ်။ ဗိုက်ထဲကိဲု အစာနည်းနည်းရောက်ပြီဆိုတော့ ကိုယ့်အကြောင်းကို ခဏထားပြီး ပတ်ဝန်းကျင်ကလူတွေ အကြောင်းစပ်စုကြတယ်။လူတွေသေကြတယ်တဲ့… ။ဒါလောက်ပဲကြားရတယ်။ အရေအတွက်တွေက မတိကျဘူး။ ဟိုမှာတစ်မျိုး၊ ဒီမှာတစ်မျိုး… ။ ညနေစောင်းတော့ ရေဒီယိုကိုအားကိုးရတယ်။ ဘာတွေ ဖြစ်နေကြလဲ။ ကျွန်တော်တင်မက လူတိုင်းလိုလိုက သတင်းတွေကို နားစွင့်နေကြတယ်။ သတင်းတွေကလည်း ရဖို့ခက်တယ်နဲ့ တူပါတယ်။ သတင်းကလေး နည်းနည်းကိုပဲ အပ်ကြောင်း ထပ်အောင် လွှင့်နေတယ်။ ထပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိချင်မိပေမယ့် ဘာမှ ရေရေရာရာ မသိရဘူး။ ဖတ်စာဟာ အစပိုင်းမှာ အတော်ကို ၀ိုးတ၀ါးနိုင်ခဲ့တယ်။ နောက်ထပ် တစ်ရက် နှစ်ရက်၊ တစ်ပတ် နှစ်ပတ်၊ ဒီလိုနဲ့ တစ်လပြည့်သားတယ်။ နယ်ကွ သတင်းတွေကိုပိုပြီးကြားရလာပြီ။ သေကြသတဲ့။ ပျောက်ကြသတဲ့။ တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ကြ သတဲ့။ မုန်တိုင်းအောက်မှာ ပြိုကျခဲ့ရတဲ့ လူတွေရဲ့ ပိုင်ဆိုင်မှုတွေန့အတဲူ လူတွေရဲ့ မာန် မာနတွေကပါ ပြန်လည်နာလန်မထူသေးဘူး။ ကျွန်တော့် မိတ်ဆွေတွေက မြစ်ဝကျွန်းပေါ်ဘက် သွားရအောင်လို့ ခေါ်တယ်။ သွေးလေလည်ပတ်စီးဆင်းစပြုနေတဲ့ ရန်ကုန်ရဲ့ စီးကြောင်းထဲကနေ ကျွန်တော် မြစ်ဝကျွန်းပေါ်ဘက်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ခဲ့ရတယ်။ ဖတ်စာဟာ တစ်စ တစ်စနဲ့ ရုပ်လုံးပေါ်လာတယ်။ ဒါပေမယ့် ဖတ်စာက ခက်ခဲတယ်။ xxx ၂၈
  29. 29. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ Light Truck ကားတစ်စီးနဲ့ စားစရာတွေ၊ ၀တ်စရာတွေ၊ အသုံးဝင်မယ့် အတိုအထွာ ပစ္စည်းလေးတွေ တစ်စီးတိုက်။ ပြီးတော့ Light Ace ကားလေးတစ်စီးနဲ့ လူက ၁၀ ဦးလောက်။ ရန်ကုန်ကို နောက်မှာချန်ရစ်လို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို တစ်ရွေ့ရွေ့ ချဉ်းကပ်သွားတယ်။ လမ်းမှာ ကျွန်တော်တို့လို ခရီးထွက်လာသူတွေကို တွေ့ရတယ်။ ဆိုင်ကလုန်းနာဂစ် လို့ခေါ်တဲ့ မုန်တိုင်းကြီးပြီးလို့ ပူပူနွေးနွေးအချိန်တုန်းကဆိုရင် လမ်းတွေနံဘေးမှာထောက်ပံ့ရေးကားတွေဆီက. .တောင်းယူကြတာတွေ ရှိတယ်လို့ ကြားရပေမယ့် ကျွန်တော်တို့ ခရီးမှာတော့ အဲဒီမြင်ကွင်းတွေကို မမြင်ရတော့ပါဘူး။ မနက် ၇း၀၀ လောက်မှာ ရန်ကုန်ကထွက်ခဲ့ကြပြီး၊ နေ့လည်ခင်းမှာပဲ ပုသိမ်ကို ရောက်ကြတယ်။ ပုသိမ်ကလည်း မုန်တိုင်းဒဏ်ကို သိပ်မခံစားခဲ့ရပါဘူး။ ဒီတော့ ပုသိမ် တစ်ထောက်နားပြီး၊ အောက်ဘက် မြစ်ဝကျွန်းတွေဆီက ရွာတွေဆီကို ခရီးဆက်ကြဖို့ စက်လှေငှား ကြရတယ်။ စက်လှေငှားလို့မရခင်တော့ ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ အရှေ့မိုးကောင်ကင် စာပေမှာ ကျွန်တော်တို့ နားကြတယ်။ ဆရာမောင်အောင်ပွင့်၊ ဆရာကတော်၊ ဆရာ့သမီး၊ ဆရာ့မြေးကလေး၊ အားလုံးက ဖော်ရွေကြတယ်။ ဆရာ့ ယုံကြည်မှုတွေနဲ့ အတိတ်နေ့ရက်တွေကို ကျွန်တော်တို့ စပ်စုကြရင်း ဆရာတို့မိသားစုတင်မက င၀န်မြစ်ရဲ့ ရေစီးသံတွေ၊ ဧရာဝတီရဲ့ ရေစီးသံတွေ၊ ကျွန်တော်တို့ တစ်နိုင်ငံလုံးဟာ ကောင်းမွန်စွာစီးဆင်းနေတဲ့ မြစ်ကြီးတစ်စင်းပဲ။ တစ်နိုင်ငံလုံးကအကူအညီ အထောက်အပံ့တွေဟာ နာဂစ်မုန်တိုင်းကဆုန်စိုင်းခဲ့တ့၊ဲ သွေးဆိုးထိုးနှက်ခဲ့တဲ့ နေရာတွေကို စီးဆင်းရောက်ရှိလာပြီ။ လူသားချင်းစာနာမှုဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ် တဲ့ သွေးထဲကအရာ။ ဖတ်စာဟာ သွေးကြောတွေထဲမှာ တစ်သွေးတစ်သား တည်းဖြစ်မှုကို ယူဆောင်လာတယ်။ ညနေမှောင်ရီရီမှာ စက်လှေပေါ် ပစ္စည်းတွေ တင်ပြီးနေပြီ။ ရေကူးတတ်တ့သူတောဲ့ တစ်ယောက်မှ မပါဘူး။ လှေဝမ်းထဲမှာပဲ ညစာကိုဝိုင်းဖွ့စားကြတယ်။နက်မှောင်နေတဲ့ ရေပြင်ကြီးထဲ ကြယ်ပွင့်ကလေးတွေကို အားကိုးပြီး ရေပြင်ကြီးပေါ်မှာ ကျွန်တော်တို့ စုန်ဆင်းလာကြတယ်။ ပင်ပန်းပြီဖြစ်ပေမယ့် အိပ်လို့မရတဲ့အတွက် ပဲ့ပိုင်းက စက်ဆရာနားမှာ ရပ်ပြီးစကားစမြည်ပြော၊ ပန်ကာဒလက်က စင်ထွက်လာတဲ့ ရေစက်ကလေးတွေကို ခံစားပြီး ကျွန်တော် ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီးသီချင်းကို သတိရတယ်။ ကျွန်တော် သတို့သမီးကြီးကို တွေ့မိသလိုပဲ။ ဒီ သတို့သမီးကြီးဟာ ကျွန်တော်တို့ရဲ့ မိခင်ကြီး။ သူကကျွေးတဲ့ ဆန်၊ ဆားနဲ့ ငါးပိက ကျွန်တော်တို့ အတွက် အာဟာရတဲ့။ကျွန်တော်လူငယ်တစ်ယောက်အဖြစ်ကိတ်မုန့် ပေါင်မုန့်တွေ၊ ရေခဲစိမ်ဘီယာနဲ့ အကင်တွေ၊ ဒိန်ခဲ၊ ထောပတ်နဲ့ နိုင်ငံတကာက အစားအစာတွေကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဒီအရွယ်ရောက်တဲ့အထိ ဇီဝဓာတ်လောင်ကျွမ်းအသက် ဆက်စေခဲ့တာက ထမင်းနဲ့ ဟင်း၊ ပြီးတော့ ငါးပိ၊ တို့စရာ… ။ ဖတ်စာဟာ အစပ်အဆက်တွေ အများကြီးကို ထည့်သွင်းထားတယ်။ မနက် ၃း၀၀ လောက်မှာ အထက်ပြွန်ဆိုတဲ့ ရွာထိပ်ရေဆိပ်မှာ ကျွန်တော်တို့ စက်လှေကလေးရပ်တယ်။ ကျွန်တော်တို့လည်း လှေဝမ်းထဲဝင်ပြီး အိပ်ပျော်သွားလိုက်ကြတာ ၅း၀၀ နာရီလောက်ကျမှ ပြန်နိုးလာခဲ့တယ်။ ရွာ့ထိပ်ကလက်ဖက်ရည်ဆိုင်ကလေးမှာ ကော်ဖီမစ်ပလိန်းဟာ ကျွန်တော်တို့ကို စောင့်ကြိုနေတယ်။ ကျွန်တော်တို့ရှေ့ဆက်ရမယ့် ခရီးကြောကို မေးမြန်း၊ လွန်ခ့တဲ့ တစ်လအတွင်းအခြေအနေတွေကို လက်ဖက်ရည်ဆိုင်က လူတွေက ပြောပြကြ… ။ ရွာကလေးထဲ လိုက်ပြကြသေး တယ်။ ဒီလိုနဲ့ တစ်ရွာပြီးတစ်ရွာ… ။ ပင်လယ်ဝနဲ့ နီးလာတဲ့အထိ စက်လှေကလေးနဲ့ ၂၉
  30. 30. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ လူ၁၀ ယောက် လှေဦးကိုတည့်တည့်၊ စောင်းရွှေရွှေနဲ့ လှေနံကို ဘေးတိုက်ဝင်ဝင်တိုက်တတ်တဲ့ မြစ်ဝ လှိုင်းတွေကြားမှာ သဘာဝရဲ့ ရိုလာကိုစတာကို ကျွန်တော်တို့ စီးခဲ့ကြတယ်လေ။ ကျွန်တော်ဟာ ဒီခရီးကို လစာရိက္ခာရလို့ လိုက်လာခဲ့ရတဲ့ ၀န်ထမ်းတစ်ဦးမဟုတ်ဘူး။ စေတနာ့ဝန်ထမ်းတစ်ဦး အဖြစ်သာ လိုက်ပါခဲ့တယ်ဆိုတာကိုတောင် ကျွန်တော် မေ့လျှော့နေတတ်ခြဲ့ ပီ။ ဒီလိုပဲ စေတနာ့ဝန်ထမ်း အဖြစ် လာခဲ့ကြတဲ့ လူငယ်တွေ တွေ့ခ့ရတယ်။ဲ မကွေးဆေးတက္ကသိုလ်က သူငယ်ချင်းရဲ့ ညီတစ်ယောက်က သူ့အိမ်က ခွင့်မပြုတဲ့ကြားက ဧရာဝတီမှာ တစ်နှစ် ကြာအောင် စေတနာ့ဝန်ထမ်း လုပ်ပေးခဲ့တယ်။ စာမေးပွဲတွေ၊ အတန်းချိန်တွေကို တစ်နှစ်ကြာအောင် သူမေ့ထားပစ်ခဲ့တယ်။ သူလိုပဲ တခြားလူငယ်တွေ အများကြီး အများကြီး။ ဒီဖတ်စာက အတန်းအဆင့် ကန့်သတ်ချက်တွေ မရှိခ့ပါဘူး။ဲ ကျွန်တော့်အတွက် အတွေးတွေအများကြီးကို ဒီဖတ်စာက ပေးခဲ့တယ်။ ဖတ်စာက နက် သထက် နက်ရှိုင်းခဲ့တယ်။ ဖတ်စာအတွက် လိုအပ်တ့သင်ထောက်ကူတွေကိုတောဲ့ အင်တာနက် ထဲမှာလူငယ်တွေကပို့ပေးခဲ့ကြတယ်။ ခေတ်ရဲ့အဆင်တန်ဆာနည်းပညာတွေဟာ မြစ်ဝကျွန်းပေါ်က လျှပ်စစ်မီးမရှိတဲ့ ရွာကလေးတွေအထိ ပြန့်နှံ့ ရောက်ရှိခြဲ့ ကတယ်။ နိုင်ငံတကာက စာနာမှု အကူ အညီတွေဟာ ငါးပိကိုစား အားရှိပါ၏ဆိုတဲ့ ရွာငယ်လေးတွေအထိ အကြားအလပ်မရှိ ထိုးဖောက် ၀င်ရောက်ခဲ့ကြတယ်။ မြို့ပြမှာ လပ်လျားလပ်လျားဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ချို့ ကတော့ ငါတို့နိုင်ငံကလူတွေအတွက် ငါတို့အများကြီးလုပ်ပေးရဦးမှာပဲဆိုတဲ့ စကားတွေကို သူတို့ နုတ်ခမ်းက ရိုးရိုးသားသား ပြောလာခဲ့ကြတယ်။ "လူငယ်တွေ၊ လူငယ်တွေ" အဲဒီစကားလုံးတွေကို ရွတ်ဆို တိုင်းမှာ "ခွန်အားတွေ၊ ခွန်အားတွေ" ဆိုတ့အဓိပ္ပါယ်ကိဲု ကြားရတယ်။ ကျွန်တော်တို့ ဖတ်စာ ကို ကြေကြေညက်ညက် ဖတ်ဖြစ်ခဲ့ကြပါတယ်။ xxx ကျွန်တော်တို့ အတွက် ဖတ်စာတွေအများကြီး ရှိသေးတယ်။ ဖတ်စာတွေ… ဖတ်စာတွေ… ။ ဖတ်ဖြစ်ဖို့ မဖြစ်မနေလိုအပ်နေတဲ့ ဖတ်စာတွေ။ ကျွန်တော် ရန်ကုန်ပြန်ခဲ့တယ်။ ဒါပေမယ့် ဖတ်စာတွေဖတ်ရမှာ ကျွန်တော် မပျင်းတော့ဘူး။ ရေ၀တီ ၃၀
  31. 31. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ ဆောင်းပါးများ နာဂစ်နှင့် ပေးလက်၊ ယူလက်၊ ၀ှက်လက်များ ကိုအောင်နိုင် စာမျက်နှာ ၃၂ ရှေ့ခရီး ဘယ်နည်းနဲ့ဆက်ကြမယ် ရွှန်းလဲ့ စာမျက်နှာ ၃၈ ၃၁
  32. 32. ဆိုင်ကလုန်းနာဂစ် နှစ်နှစ်ပြည့် စာစုများ နာဂစ်နှင့် ပေးလက်၊ယူလက်၊၀ှက်လက်များ ကိုအောင်နိုင် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အက

×